အယောင်ဆောင်ခေါင်းဆောင်ကို ကာကွယ်ပေးခြင်း၏ အကျိုးဆက်

12.03.2023

လီရန် တရုတ်နိုင်ငံ

၂၀၂၀၊ အောက်တိုဘာလကုန်ခါနီးမှာပေါ့။ ကျွန်မက လက်တွေ့အလုပ်မလုပ်တဲ့အတွက် ခေါင်းဆောင်ရာထူးကနေ အထုတ်ခံရတယ်။ ကျွန်မရဲ့ နယ်ခံအသင်းတော်ဆီ ပြန်သွားတာပေါ့။ ကျွန်မအိမ်က သိပ်မလုံခြုံတဲ့ ပြဿနာရှိနေတယ်။ အဲဒါနဲ့ စုဝေးပွဲတွေကို ခဏလောက် မတက်နိုင်ခဲ့ဘူး။ ကျွန်မ တော်တော်အပျက်သဘောဆောင်ပြီး အားနည်းလာတယ်။ ကျွန်မရွာမှာနေတဲ့ လီယန်ဆိုတဲ့ အစ်မက တခြားအသင်းတော်မှာ ခေါင်းဆောင်တစ်ယောက်ပဲ။ ကျွန်မက သူကြီးကြပ်တဲ့ အသင်းတော်မှာ အဖွဲ့ဝင်မဟုတ်ပေမဲ့ ကျွန်မတို့တွေ့တိုင်းမှာ သူက ကျွန်မအခြေအနေကို မေးပြီး ကျွန်မကို ကူညီဖို့ ဘုရားနှုတ်ကပတ်တော်တွေ ဖတ်တယ်။ ကျွန်မက အယောင်ဆောင်ခေါင်းဆောင်အဖြစ် အထုတ်ခံရတဲ့အတွက် ကျွန်မကို အထင်မသေးဘဲနဲ့ ကူတောင်ကူညီပေးတဲ့အတွက် သူ့ကို တော်တော်ကျေးဇူးတင်မိတယ်။ ကျွန်မ စဉ်းစားတယ်။ “သူက နောက်ပိုင်းမှာ ပြဿနာတစ်ခုခုရှိရင် ငါ သူ့ကို အတတ်နိုင်ဆုံး ကူညီမယ် ပေါ့။”

သုံးလေးလကြာတော့ ကျွန်မက အသင်းတော်မှာ ရှင်းလင်းရေးအလုပ်ကို တာဝန်ယူရပြီး လီရန်နဲ့အတူ တော်တော်လုပ်ရတယ်။ သူက ပုဂ္ဂိုလ်ရေးကိစ္စတွေကြောင့် စုဝေးပွဲတွေမှာ ခဏခဏနောက်ကျပြီး စုဝေးပွဲလုပ်နေတုန်းမှာ သူက ဝတ်ကျေတန်းကျေပဲလုပ်ပြီး ဘုရားနှုတ်ကပတ်တော်ကို သိပ် မိတ်သဟာယမဖွဲ့တာကို ကျွန်မ သတိထားမိတယ်။ ညီအစ်ကိုမောင်နှမတွေက မယုံကြည်သူတွေ၊ အန္တိခရစ်တွေ၊ မကောင်းမှုပြုသူတွေကို မရိပ်စားမိနိုင်တဲ့အခါမှာ သူက သမ္မာတရားစည်းမျဉ်းတွေကို သူတို့နဲ့ မိတ်သဟာယမဖွဲ့ဘူး။ အဲဒီအချိန်တုန်းက ကျွန်မက သင်းထောက်တစ်ယောက်ဆီကနေ ကြားရတယ်။ သူက အသေးဆုံးကိစ္စတွေမှာ သူ့တွဲဖက်နဲ့ ခဏခဏ စကားများတယ်။ ဒါကြောင့် စုဝေးပွဲက ပုံမှန်အတိုင်း ဆက်မလုပ်နိုင်ဘူး တဲ့။ ဒါကို ကြားရတော့ ကျွန်မ တော်တော် စိတ်ဆိုးသွားတယ်။ ခေါင်းဆောင်တစ်ယောက်အနေနဲ့ လီရန်က လက်တွေ့အလုပ် လုပ်ဖို့ ပျက်ကွက်ရုံတင်မကဘူး။ အသင်းတော်အသက်တာကိုလည်း နှောင့််ယှက်နေခဲ့တယ်။ ဒါကြောင့် တခြားလူတွေရဲ့ အသက်ဝင်ရောက်မှုနဲ့ အသင်းတော်အလုပ်က နှောင့်နှေးသွားမှာပဲ။ ကျွန်မ သူနဲ့ မိတ်သဟာယဖွဲ့ပြီး သူက လက်တွေ့အလုပ်မလုပ်နေဘူးဆိုတာ ထောက်ပြဖို့ သူ့ဆီ ဆက်သွယ်ခဲ့တယ်။ သူ ဒီလိုဆက်လုပ်နေရင် အယောင်ဆောင်ခေါင်းဆောင်ဖြစ်လာမယ်လို့လဲ ကျွန်မ သူ့ကို သတိပေးခဲ့ပါတယ်။ ဒါပေမဲ့ သူက လုံးဝ ဂရုစိုက်ပုံမရဘူး။ သူကပြောတယ်။ “ဒါဆိုလည်း ပြီးရော။ ကျွန်မက အယောင်ဆောင်ခေါင်းဆောင်ပေါ့။ ကျွန်မက သူတို့နဲ့ သမ္မာတရားကို မိတ်သဟာယမဖွဲ့ဘူးဆိုတော့ အစ်မလုပ်လိုက်ပါလား” တဲ့။ အဲဒီနောက်တော့ အသင်းသားတချို့က အပျက်သဘောတွေကို ဖြန့်ပြီး အသင်းတော်အသက်တာကို တော်တော်နှောင့်ယှက်နေတာကို ကျွန်မ သတိထားမိတယ်။ သူတို့တွေက မယုံကြည်သူတွေဖြစ်ပြီး ဖယ်ထုတ်ပစ်သင့်လားဆိုတာ ကြည့်ဖို့ သူတို့အပေါ် လူတိုင်းရဲ့ အကဲဖြတ်ချက်ကို သိအောင်လုပ်ဖို့ လီယန်ကို ကျွန်မ ခိုင်းလိုက်တယ်။ ဒါပေမဲ့ သူက အလုပ်ရှုပ်နေတယ်လို့ ဆင်ခြေပေးပြီး အချိန်ရွှေ့နေတယ်။ ဒါကြောင့် အဲဒီအသင်းသားတွေက အသင်းတော်အသက်တာကို ဆက်ပြီး နှောင့််ယှက်ခွင့်ရနေတာပေါ့။ အသင်းတော်အလုပ်အပေါ် သူ့မှာရှိတဲ့ သဘောထားက ဘယ်လောက်ပေါ့ဆသလဲဆိုတာ ကျွန်မ မြင်ပြီး သူ့ပြဿနာတွေကို ကျွန်မ ထပ်ပြီး ထောက်ပြတယ်။ ဒါပေမဲ့ သူက ပြန်ငြင်းနေတုန်းပဲ။ လီရန်က လက်တွေ့အလုပ်လုပ်ဖို့ ဆက်တိုက်ပျက်ကွက်တယ်၊ မှတ်ချက်ပေးတာတွေကို လက်မခံဘူး၊ အသင်းတော်အလုပ်ကို နှောင့်နှေးအောင်လုပ်နေပြီဆိုတာ ကျွန်မ သတိထားမိတယ်။ စည်းမျဉ်းတွေအရ အကဲဖြတ်ရရင် သူက အယောင်ဆောင်ခေါင်းဆောင်ဖြစ်ဖို့ တော်တော်ဖြစ်နိုင်ခြေရှိတယ်လို့ တွေးမိတယ်။ အဲဒါနဲ့ ကျွန်မ သူ့အခြေအနေကို အထက်ခေါင်းဆောင်ဆီ တင်ပြချင်တာပေါ့။ ဒါပေမဲ့ နောက်တော့ ကျွန်မ စဉ်းစားတယ်။ “အရင်က ငါ အပျက်သဘောဆောင်နေတုန်းက ငါ့ကို သူ ကူညီခဲ့ပြီး အရမ်းကို ကောင်းကောင်း ဆက်ဆံခဲ့တယ်။ ငါက သူ့ကို အထက်ခေါင်းဆောင်ဆီ တိုင်လိုက်တာကို သူ သိသွားရင် ငါ့ကို အမြင်စောင်းသွားမှာလား။ ဒီဟာကြောင့် သူက အထုတ်ခံရရင် ငါက အသိတရားမရှိဘူးလို့ သူ ပြောမှာလား။ ငါ သူ့ကို အခု မတိုင်သေးဘဲ နည်းနည်းလောက်ပိုပြီး မိတ်သဟာယဖွဲ့လိုက်ရင် သူ ပြောင်းလဲချင် ပြောင်းလဲမှာပဲ” ပေါ့။ အဲဒီနောက်တော့ အသင်းတော်ရဲ့ ရှင်းလင်းရေးအလုပ်ရဲ့ အရေးပါမှုနဲ့ သူ့တာဝန်ကို ဘယ်လိုချဉ်းကပ်သင့်တယ်ဆိုတာကိုပါ ကျွန်မ သူနဲ့ ဆွေးနွေးတယ်။ ဒါပေမဲ့ အချိန်နည်းနည်းကြာတဲ့အထိ လီရန်က လက်တွေ့အလုပ်မလုပ်သေးဘူး။ ပြီးတော့ အဲဒီအသင်းသားတွေရဲ့ အကဲဖြတ်ချက်တွေကို မရသေးဘူး။ လီရန်က သူ့အလုပ်မှာ တာဝန်မသိတတ်ဘူး၊ အသင်းတော်မှာ အရင်းအမြစ် စီမံခန့်ခွဲရေးကို ကြီးကြပ်ဖို့ ပျက်ကွက်ခဲ့တယ်၊ ဒါကြောင့် ပစ္စည်းတော်တော်များများ ထိခိုက်သွားပြီး အသင်းတော်က ဘဏ္ဍာရေး တော်တော်ထိခိုက်သွားတယ်ဆိုတာကိုလည်း ကျွန်မ ကြားရတယ်။ အဲဒီနောက်တော့ သူက ကိုယ့်ကိုယ်ကိုယ် ပြန်မဆင်ခြင်ဘူး။ တခြားလူတွေက ပစ္စည်းတွေကို ကောင်းကောင်း မသိမ်းဆည်းဘူးလို့ သူက ပြောပြီး အပြစ်ကို လွှဲချဖို့တောင် ကြိုးစားတယ်။ သူက လက်တွေ့အလုပ် ဘာမှ မလုပ်တာကို ကျွန်မ တွေ့ခဲ့တယ်။ အသင်းတော် ပရောဂျက်တွေအပေါ်မှာ သူ့သဘောထားက ပေါ့ဆပြီး ဝေဖန်တာကို လက်မခံဘူး။ အသင်းတော်အလုပ်မှာ အတားအဆီးတွေရှိပြီး အသင်းတော်ပိုင်ဆိုင်တဲ့ ပစ္စည်းတွေ ထိခိုက်တဲ့အခါမှာ သူက နည်းနည်းလေးမှ အပြစ်ရှိသလို မခံစားရဘူး။ ဒါက အယောင်ဆောင်ခေါင်းဆောင်ရဲ့ လက္ခဏာတွေမဟုတ်ဘူးလား။ ဒါပေမဲ့ ကျွန်မက သူ့ပြဿနာတွေကို အချိန်မီ မတင်ပြခဲ့ဘူး။ ဒါကို သဘောပေါက်တော့ ကျွန်မ တော်တော်လိပ်ပြာမလုံဖြစ်မိတယ်။ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ကျွန်မ တွေ့မိတယ်။ “သင်တို့အားလုံးက ဘုရားသခင်၏ ဝန်ထုပ်ဝန်ပိုးကို အရေးထားကာ၊ အသင်းတော်၏ သက်သေခံချက်ကို ကာကွယ်ပြောဆိုမည်ဟု ပြောကြသော်လည်း၊ သင်တို့ထဲမှ မည်သူသည် ဘုရားသခင်၏ ဝန်ထုပ်ဝန်ပိုးကို အမှန်တကယ် အရေးထားခဲ့ကြပြီနည်း။ သင့်ကိုယ်သင် မေးလော့- သင်သည် ဘုရားသခင်၏ ဝန်ထုပ် ဝန်ပိုးကို ထည့်သွင်းစဉ်းစားမှု ပြသပြီးသော သူတစ်စုံတစ်ဦးလော။ ဘုရားသခင်အတွက် ဖြောင့်မတ်ခြင်းတရားကို သင်လက်တွေ့ လုပ်ဆောင်နိုင်သလော။ ငါ့အတွက် သင်ထရပ်ကာ ပြောဆိုနိုင်သလော။ သင်သည် သမ္မာတရားကို တည်ကြည်ခိုင်မာစွာ လက်တွေ့လုပ်ဆောင် နိုင်သလော။ စာတန်၏ လုပ်ရပ်အားလုံးကို ဆန့်ကျင်တိုက်ခိုက်ရလောက်အောင် သင်သည် ရဲရင့်သလော။ သင်သည် သင်၏ စိတ်ခံစားမှုများကို ဘေးဖယ်ကာ ငါ၏ သမ္မာတရားအတွက် စာတန်ကို ဖော်ထုတ်ပေးနိုင်မည်လော။ သင့်အထဲတွင် ငါ၏ ရည်ရွယ်ချက်များ ပြည့်စုံစေခွင့် သင် ပေးနိုင်သလော။ အရေးအပါဆုံးသော အခိုက်အတန့်များတွင် သင်၏နှလုံးသားကို သင် ဆက်ကပ်ပြီးပြီလော။ သင်သည် ငါ၏အလိုကို လုပ်ဆောင်သောသူ တစ်စုံတစ်ဦးလော။ ဤမေးခွန်းများကို သင့်ကိုယ်သင် မေးပြီး ၎င်းတို့နှင့်ပတ်သက်၍ မကြာခဏ စဉ်းစားလော့။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ၊ အခန်း (၁၃)) ဘုရားနှုတ်ကပတ်တော်တွေက ကျွန်မကို ဖြေရှင်းခိုင်းဖို့ ခေါ်နေသလို ခံစားမိတယ်။ အထူးသဖြင့် ဒီလိုပြောထားတဲ့ အပိုင်းကို ကျွန်မ မြင်တဲ့အခါမှာပေါ့။ “သင်သည် ဘုရားသခင်၏ ဝန်ထုပ် ဝန်ပိုးကို ထည့်သွင်းစဉ်းစားမှု ပြသပြီးသော သူတစ်စုံတစ်ဦးလော။ ဘုရားသခင်အတွက် ဖြောင့်မတ်ခြင်းတရားကို သင်လက်တွေ့ လုပ်ဆောင်နိုင်သလော။” “စာတန်၏ လုပ်ရပ်အားလုံးကို ဆန့်ကျင်တိုက်ခိုက်ရလောက်အောင် သင်သည် ရဲရင့်သလော။” ကျွန်မ တော်တော်လေး ရှက်ပြီး လိပ်ပြာမလုံဖြစ်တယ်။ အသင်းတော် အကျိုးစီးပွားတွေကို ကာကွယ်ဖို့အတွက် ဘုရားအလိုတော်ကို ကျွန်မတို့ အလေးထားပြီး အသင်းတော်အလုပ်ကို နှောင့်ယှက်တဲ့သူတွေကို ဖော်ထုတ်ပြီး တားဆီးဖို့အတွက် အမြန် ရပ်တည်ဖို့ ဘုရားသခင်က မျှော်လင့်ပါတယ်။ ဒါပေမဲ့ ကျွန်မကကျတော့ လီရန်ကို သိတာ တော်တော်ကြာပြီ။ သူက လက်တွေ့အလုပ်မလုပ်တာ၊ ဝေဖန်တာကို လက်မခံတာတွေကို မြင်ပြီးပြီ။ သူ့ကို မထုတ်ရင် အသင်းတော်အလုပ်နဲ့ ညီအစ်ကိုမောင်နှမတွေရဲ့ အသက်ဝင်ရောက်မှုနှစ်ခုလုံး ထိခိုက်မယ်ဆိုတာ ကျွန်မ ကောင်းကောင်းသိတယ်။ ဒါပေမဲ့ ကျွန်မက သူ ကျွန်မကို ကူညီခဲ့တာတွေကို တွေးတယ်။ ကျွန်မ သူ့ကို တိုင်လိုက်တာကို သူသိသွားတာနဲ့ ကျွန်မကို မုန်းပြီး ကျွန်မက အသိတရားမရှိဘူးလို့ ပြောမှာကို စိုးရိမ်ခဲ့တယ်။ ဒါကြောင့် ကျွန်မတို့ ဆက်ဆံရေးကို ကာကွယ်ဖို့အတွက် သူ့ပြဿနာတွေကို မတင်ပြချင်ခဲ့ဘူး။ သူက လက်တွေ့အလုပ်လုပ်ဖို့ ပျက်ကွက်တာကြောင့် မယုံကြည်သူတချို့ကို အသင်းတော်ကနေ ချက်ချင်းဖယ်ထုတ်မပစ်ရဘဲ အသင်းတော်အသက်တာကို ဆက်နှောင့်ယှက်နေကြတယ်ဆိုတာ ကျွန်မ ရှင်းရှင်းလင်းလင်း မြင်တဲ့အခါမှာတောင်ပေါ့။ ကျွန်မက အရမ်းတစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်စရာကောင်းပါတယ်။ သမ္မာတရားစည်းမျဉ်းတွေကို ချိုးဖောက်တာကြောင့် အယောင်ဆောင်ခေါင်းဆောင်ကို အားပေးကူညီပြီး ကာကွယ်ပေးပြီး အသင်းတော်အသက်တာကို နှောင့်ယှက်ခွင့်ပေးတာကြောင့် ကျွန်မက ဒီအယောင်ဆောင်ခေါင်းဆောင်ရဲ့ လက်ပါးစေဖြစ်ပြီး သူမကောင်းမှုလုပ်တာတွေမှာ ဝင်ပါနေတာမဟုတ်ဘူးလား။ ဒါကို သဘောပေါက်သွားပြီး လီရန်ကို ကျွန်မ အချိန်မီ မတိုင်ခဲ့တာကြောင့် ကိုယ့်ကိုယ်ကိုယ် မုန်းပြီး သူ့ပြဿနာကို ခေါင်းဆောင်နဲ့ ချက်ချင်း ဆွေးနွေးဖို့ ဆုံးဖြတ်လိုက်တယ်။

အဲဒီနောက်တော့ အထက်ခေါင်းဆောင်က ကျွန်မကို လီရန်အပေါ် ညီအစ်ကိုမောင်နှမတွေရဲ့ အကဲဖြတ်ချက်တွေကို စုခိုင်းတယ်။ ပြီးရင် သူ ဆက်တိုက်လုပ်ကိုင်လာတာတွေကို အခြေခံပြီး သူ့ကို ထုတ်သင့်သလားဆိုတာ ဆုံးဖြတ်လို့ရတယ်လေ။ သူက အယောင်ဆောင်ခေါင်းဆောင်ဖြစ်တယ်လို့ သတ်မှတ်ခံရရင် ကျွန်မက သူလုပ်တာကို လက်ခံပြီး လီရန်ကို ထုတ်ဖို့ပေါ့။ အထက်ခေါင်းဆောင်က ဒီလိုပြောတော့ ကျွန်မ နည်းနည်းတုံ့ဆိုင်းသွားပြီး စဉ်းစားမိတယ်။ “အရင်တုန်းက ငါအထုတ်ခံရပြီးတဲ့နောက်မှာ လီရန်က ငါ့ကို အများကြီး ကူညီပေးခဲ့တယ်။ ငါက သူ့ကို ဖော်ထုတ်ပြီး သူ့အကြောင်းသိအောင် သူများတွေကို ကူညီပေးရင် ငါက အသိတရားမရှိဘူးလို့ သူ ပြောမှာပဲ” ပေါ့။ ကျွန်မ တော်တော်စိတ်ထိခိုက်ပြီး သူ့ကို မဖော်ထုတ်ချင်ဘူး။ ကျွန်မ အခြေအနေက မှားနေတယ်ဆိုတာ သတိထားမိခဲ့တယ်။ အဲဒါနဲ့ ဘုရားကို ဆုတောင်းပြီး ကျွန်မရဲ့ စိုးရိမ်မှုတွေကို ဖြေရှင်းဖို့ ရှာဖွေခဲ့တယ်။ ဒီဘုရားနှုတ်ကပတ်တော်အပိုဒ်ကို ကျွန်မ တွေ့မိတယ်။ “ဘုရားသခင်၌ မယုံကြည်သည့် ခုခံသူများ မဟုတ်ပါက၊ မည်သူသည် စာတန်ဖြစ်သနည်း၊ မည်သူတို့မှာ မကောင်းဆိုးဝါးများ ဖြစ်ပြီး၊ မည်သူတို့မှာ ဘုရားသခင်၏ ရန်သူများ ဖြစ်သနည်း။ ၎င်းတို့သည် ဘုရားသခင်ကို မနာခံသောသူများ ဖြစ်ကြသည် မဟုတ်လော။ ၎င်းတို့သည် ယုံကြည်ခြင်း ရှိသည်ဟု အခိုင်အမာ ပြောဆိုသော်လည်း သမ္မာတရား ကင်းမဲ့သောသူများ မဟုတ်လော။ ၎င်းတို့သည် ကောင်းချီးမင်္ဂလာများ ရရန်မျှ ကြိုးစားကြသော်လည်း၊ ဘုရားသခင်အတွက် သက်သေမခံနိုင်သူများ ဖြစ်ကြသည် မဟုတ်လော။ သင်သည် ယနေ့ ထိုမကောင်းဆိုးဝါးများနှင့် ရောနှောဆဲဖြစ်ပြီး ၎င်းတို့အပေါ် အသိတရားနှင့် ချစ်ခြင်းမေတ္တာ ထားရှိနေနိုင်ဆဲ ဖြစ်သည်၊ သို့သော် ဤကိစ္စတွင် သင်သည် စာတန်အပေါ် ကောင်းသော ရည်ရွယ်ချက်များကို လက်ကမ်း ပေးနေခြင်း မဟုတ်လော။ သင်သည် မကောင်းဆိုးဝါးများနှင့် တစ်တန်းတစ်စားတည်း မဟုတ်လော။ အကယ်၍ ဤနေ့ရက်များတွင် လူတို့သည် အကောင်းနှင့်အဆိုးကို ခွဲခြားနိုင်ခြင်း မရှိသေးသကဲ့သို့၊ ဘုရားသခင်၏အလိုကို ရှာဖွေရန် မည်သည့်ရည်ရွယ်ချက်မျှ မရှိဘဲ သို့မဟုတ် ဘုရားသခင်၏ ရည်ရွယ်ချက်များကို မိမိတို့ကိုယ်ပိုင်အဖြစ် မည်သည့်နည်းနှင့်မျှ လက်သင့်ခံနိုင်ခြင်း မရှိဘဲ၊ ဆက်လက်၍ ကျိုးကြောင်းမမြင်ဘဲ ချစ်တတ်ပြီး သနားကရုဏာစိတ်ရှိနေပါက၊ ၎င်းတို့၏ အဆုံးသတ်များသည် ပို၍ပင် စုတ်ချာလိမ့်မည်။ လူ့ဇာတိ၌ ရှိသော ဘုရားသခင်ကို မယုံကြည်သောသူ မည်သူမဆိုသည် ဘုရားသခင်၏ ရန်သူ ဖြစ်သည်။ သင်သည် ရန်သူအပေါ် အသိစိတ်နှင့် ချစ်ခြင်းမေတ္တာ ထားရှိနိုင်ပါက၊ သင်၌ ဖြောင့်မတ်ခြင်းသဘော ကင်းမဲ့သည် မဟုတ်လော။ ငါ စက်ဆုပ်ရွံရှာပြီး ငါ သဘောမတွေ့သော သူတို့နှင့် သင်သည် သဟဇာတ ဖြစ်ပြီး၊ ၎င်းတို့အပေါ် ချစ်ခြင်းမေတ္တာ သို့မဟုတ် ပုဂ္ဂိုလ်ရေး ခံစားချက်များ ထားရှိနေသေးပါက၊ သင်သည် မနာခံသောသူဖြစ်သည် မဟုတ်လော။ သင်သည် တမင်တကာ ဘုရားသခင်ကို ဆန့်ကျင်နေခြင်း မဟုတ်လော။ ထိုသို့သော လူတစ်ဦးသည် သမ္မာတရားကို ပိုင်ဆိုင်သလော။ လူတို့သည် ရန်သူများအပေါ် အသိစိတ်၊ မကောင်းဆိုးဝါးများအတွက် ချစ်ခြင်းမေတ္တာနှင့် စာတန်အတွက် သနားကရုဏာ ထားရှိပါက၊ ၎င်းတို့သည် ဘုရားသခင်၏အမှုကို တမင်တကာ နှောင့်ယှက်နေကြသည် မဟုတ်လော။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်နှင့် လူသားသည် ငြိမ်သက်ခြင်းချမ်းသာထဲသို့ အတူတကွ ဝင်ရောက်ကြလိမ့်မည်) ဘုရားနှုတ်ကပတ်တော်တွေက ကျွန်မကို တကယ် ထိပါတယ်။ သမ္မာတရားကို ရှာဖွေပြီး အသင်းတော်အလုပ်ကို ထိန်းသိမ်းတဲ့သူတွေကို ချစ်ခြင်းနဲ့ ဆက်ဆံသင့်တယ်၊ သမ္မာတရားကို မုန်းတီးပြီး အသင်းတော်အလုပ်ကို နှောင့််ယှက်သူတွေကိုတော့ ရွံရှာမုန်းတီးပြီး စွန့်ပစ်သင့်တယ်လို့ ဒီအပိုဒ်က ရှင်းရှင်းလင်းလင်း ဖော်ပြထားတယ်။ ဒါပေမဲ့ လီရန်က လက်တွေ့အလုပ်မလုပ်ဘူး၊ အသင်းတော်အလုပ်ကို နှောင့်ယှက်နေတယ်ဆိုတာ ကျွန်မ ရှင်းရှင်းလင်းလင်း မြင်ပေမဲ့ ကျွန်မက သူ့ကို ကြင်နာခြင်းပြပြီး ချက်ချင်းမတိုင်ခဲ့ဘူး။ ပြီးတော့ သူ့ကို ဖော်ထုတ်ပြီး သူများတွေကို အသိအမြင်ရပြီး သင်ခန်းစာတွေရအောင် ကူညီပေးဖို့အချိန်ရောက်တော့ ကျွန်မက စိုးရိမ်မှုတွေ ပြည့်နေတယ်။ သူက ကျွန်မကို မုန်းပြီး ကျွန်မက ကျေးဇူးမသိတတ်တဲ့ သစ္စာဖောက်လို့ပြောမှာကို စိတ်ပူနေခဲ့တယ်။ အဲဒါနဲ့ ကျွန်မ အသိတရားကို သစ္စာဖောက်ပြီး သူ့ကို ကာကွယ်ပေးပြီး လက်သင့်ခံပေးထားတယ်။ ကျွန်မက တကယ်ကို လူ့သဘာဝကင်းမဲ့ပါတယ်။ ဘုရားအပေါ် ကျွန်မရဲ့ သစ္စာရှိမှုက ဘယ်မှာလဲ။ ကျွန်မက စာတန်ရဲ့ လက်ပါးစေတစ်ယောက် ဖြစ်မသွားဘူးလား။ ဘုရားသခင်ရဲ့ အာဟာရတွေအများကြီးကို ခံစားနေရင်းနဲ့တောင် ကျွန်မ သူ့ကို သစ္စာဖောက်နေတုန်းပဲ။ ကျွန်မက ကိုယ့်အကျိုးစီးပွားတွေ အကာအကွယ်ရှိနေသရွေ့ အသင်းတော်အလုပ်နဲ့ ညီအစ်ကိုမောင်နှမတွေရဲ့ အသက်ဝင်ရောက်မှုကို ထိခိုက်နေလည်း ကိစ္စမရှိဘူး။ ကျွန်မက အသိတရားနဲ့ လူ့သဘာဝ တော်တော်ကင်းမဲ့တာပါ။ ကျွန်မက နောင်တရပြီး သမ္မာတရားကို လက်တွေ့လုပ်ဖို့ ဆက်ပြီး ပျက်ကွက်နေရင် ဘုရားသခင်က နောက်ဆုံးကျရင် ကျွန်မကို စိတ်ကုန်ပြီး စွန့်ပစ်မှာပဲ။

အဲဒီနောက်တော့ နောက်ထပ် ဘုရားနှုတ်ကပတ်တော်အပိုဒ်တချို့ကို ကျွန်မ ဖတ်တယ်။ “ဘုရားသခင်က သင့်ကို ကယ်တင်ချင်ပါက ယင်းကို ပြီးမြောက်ရန် မည်သူ၏ အစေခံမှုများကို သူ အသုံးပြုသည်ဖြစ်စေ ပထမဦးစွာ ဘုရားသခင်ကို သင် ကျေးဇူးတင်ပြီး ယင်းကို ဘုရားသခင်ထံမှ လက်ခံသင့်ပေသည်။ ကျေးဇူးတင်စိတ်ဖြင့် တစ်စုံတစ်ဦးထံ မိမိ၏ ဘဝကို ပေးအပ်ဖို့ မဆိုထားနှင့်၊ သင်၏ ကျေးဇူးတင်စိတ်ကို လူတို့ထံ အဓိက မရှေးရှုထားသင့်ပေ။ ဤသည်မှာ ကြီးလေးသော အမှားတစ်ခု ဖြစ်သည်။ အရေးကြီးသည့်အရာမှာ သင်၏ စိတ်နှလုံးသည် ဘုရားသခင်ကို ကျေးဇူးတင်ရှိပြီး ယင်းကို ဘုရားသခင်ထံမှ သင် လက်ခံခြင်း ဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရားကို လိုက်စားခြင်းဆိုသည်မှာ (၇)) “သင့်လျော်သည့် အချိန်နှင့် နေရာတွင် လိုအပ်သောသူတစ်ဦးကို ကူညီခြင်းသည် အလွန် ပုံမှန်ဖြစ်သည့် ဖြစ်ရပ်တစ်ခု ဖြစ်သည်။ ယင်းမှာ လူသားမျိုးနွယ်ဝင်တိုင်း၏ တာဝန်လည်း ဖြစ်သည်။ ဤသည်မှာ တာဝန်နှင့် ဝတ္တရားမျိုးတစ်ခု သက်သက် ဖြစ်သည်။ ဘုရားသခင်သည် လူတို့ကို ဖန်ဆင်းခဲ့ချိန်တွင် ဤဗီဇကို ပေးခဲ့သည်။...လူတို့ကို ကူညီခြင်းနှင့် ၎င်းတို့အပေါ် ကြင်နာတတ်ခြင်းသည် လူသားတို့အတွက် အားထုတ်စရာ မလိုသလောက်ပင် ဖြစ်သည်၊ ယင်းသည် လူသား ဗီဇ၏ တစ်စိတ်တစ်ပိုင်းဖြစ်ပြီး လူတို့ လုံးဝ ပြီးမြောက်နိုင်စွမ်းရှိသည့် အရာတစ်ခု ဖြစ်သည်။ ယင်းကို ကျေးဇူးတော်လောက် မြင့်မြင့်မားမား အဆင့်သတ်မှတ်ဖို့ မလိုအပ်ပေ။ သို့ရာတွင် လူများစွာက ဤအရာကို ကျေးဇူးတော်နှင့် တန်းတူထားကြပြီး၊ ထိုအကြောင်း အမြဲ ပြောကာ ပြန်မပေးဆပ်ပါက ၎င်းတို့ အသိစိတ်မရှိဟု တွေးထင်လျက်၊ ယင်းကို စဉ်ဆက်မပြတ် ပြန်ပေးဆပ်ကြသည်။ ၎င်းတို့သည် လူမှုအဖွဲ့အစည်း၏ အပြစ်ဖော်ဆုံးမခြင်း ခံရမည်ဟုပင် စိုးရိမ်လျက် မိမိတို့ကိုယ်ကို အထင်သေးပြီး စက်ဆုပ်ကြသည်။ ဤအရာများနှင့် ပတ်သက်၍ စိုးရိမ်ပူပန်စရာ လိုအပ်ပါသလော။ (မလိုအပ်ပါ။) ဤအရာကို မရိပ်စားမိသည့် လူများစွာရှိပြီး ဤကိစ္စအားဖြင့် စဉ်ဆက်မပြတ် ဘောင်ခတ်ခြင်းခံရကြသည်။ သမ္မာတရား စည်းမျဉ်းများကို နားမလည်ခြင်း ဟူသည်မှာ ဤအရာပင် ဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရားကို လိုက်စားခြင်းဆိုသည်မှာ (၇)) ဟုတ်တယ်။ ဘုရားသခင်က ဖန်ဆင်းခြင်းသခင်ပါ။ သူက အကြီးမြတ်ဆုံးဖြစ်ပြီး အရာအားလုံးကို စီစဉ်ညွှန်ကြားပါတယ်။ ကျွန်မ အားအနည်းဆုံး၊ အပျက်သဘောအဆောင်ဆုံး အချိန်မှာ လီရန်က သူ့ရဲ့အကူအညီတွေ၊ မိတ်သဟာယတွေနဲ့ ကျွန်မကို ကောင်းကောင်းဆက်ဆံနေတဲ့ ပုံစံရှိနိုင်ပါတယ်။ ဒါပေမဲ့ တကယ်တမ်းမှာတော့ ဒါတွေအားလုံးက ဘုရားရဲ့ အုပ်စိုးမှုနဲ့ အစီအစဉ်တွေပါပဲ။ ကျွန်မအတွက် သူက ဂရုစိုက်တာမဟုတ်ပါဘူး။ ဒါကို သူလုပ်တာလို့ မှတ်ယူမယ့်အစား ဘုရားဆီကလာတယ်လို့ မှတ်ယူပြီး ဘုရားကို ကျေးဇူးတင်သင့်တယ်။ ပြီးတော့လည်း လီရန်က အသင်းတော်ခေါင်းဆောင်လည်းဖြစ်တော့ ညီအစ်ကိုမောင်နှမတွေကို ပံ့ပိုးပေးပြီး သူတို့အသက်ဝင်ရောက်မှုက ဘယ်ပြဿနာကိုမဆိုဖြေရှင်းဖို့က တကယ်တမ်း သူ့တာဝန်ပဲ။ လီရန်က ကျွန်မကို ပံ့ပိုးပြီး ကျွန်မနဲ့ ဘုရားနှုတ်ကပတ်တော်ကို ဝေမျှတဲ့အခါမှာ သူက သူ့တာဝန်ကို ဖြည့်ဆည်းနေတာ သက်သက်ပဲ။ ပြီးတော့လည်း ညီအစ်ကိုမောင်နှမတွေကို ချစ်ခြင်းနဲ့ ဆက်ဆံတာ၊ အချင်းချင်း ကူညီပံ့ပိုးတာက ဘုရားရွေးချယ်ထားတဲ့သူတွေအပေါ် ဘုရားရဲ့ တောင်းဆိုမှုတစ်ခုပဲ။ လီရန်က ပံ့ပိုးတာကို ဘုရားဆီက လာတယ်လို့ မှတ်ယူပြီး ဘုရားကို ကျေးဇူးတင်ခဲ့သင့်တာပါ။ အဲဒီအစား ကျွန်မကို သူဂရုစိုက်တာလို့ မှားပြီးတော့ မှတ်ယူပြီး သူက တကယ်ကို ကောင်းတဲ့သူတစ်ယောက်လို့ ထင်ခဲ့တယ်။ ကျွန်မရဲ့ ပုဂ္ဂိုလ်ရေး ခင်တွယ်မှုကြောင့် ကျွန်မ သူ့ကို ထပ်ခါထပ်ခါ ကာကွယ်ပေးခဲ့တယ်။ သူက အယောင်ဆောင်ခေါင်းဆောင်ဖြစ်တယ်ဆိုတာ ကျွန်မ ရှင်းရှင်းလင်းလင်း သိတယ်။ ဒါပေမဲ့ သူ့ကို တိုင်ပြီး ဖော်ထုတ်ဖို့ မရပ်တည်ခဲ့ဘူး။ ကျွန်မက အရမ်းကို စိတ်ရှုပ်ထွေးနေခဲ့တာပေါ့။ ဘုရားအလိုတော်ကို အလေးထားခဲ့သင့်တယ်။ စည်းမျဉ်းတွေကို ကိုင်စွဲပြီး အသင်းတော်အလုပ်ကို ကာကွယ်ပေးဖို့အတွက် အယောင်ဆောင်ခေါင်းဆောင်ကို ဖော်ထုတ်ခဲ့သင့်တယ်။ ဒါကသာ အသိစိတ်နဲ့ လူ့သဘာဝကို ပြတာ ဖြစ်မှာပဲ။ လီရန်က သမ္မာတရားကို လက်ခံတဲ့သူတစ်ယောက်ဖြစ်ရင် ကိုင်တွယ်ဖြေရှင်းပြီး ဖော်ထုတ်တာခံရတဲ့အချိန်မှာ သူ့ကိုယ်သူ ပြန်သုံးသပ်ပြီး သိလာမှာပဲ။ သူ့ရဲ့ ကိုယ်ပိုင်ဖောက်ပြန်ပျက်စီးမှုနဲ့ အားနည်းချက်တွေကို မြင်ပြီး နောင်တရပြီး ပြောင်းလဲမှုရှိလာမှာပဲ။ ဒါက သူ့အတွက်လည်း အကျိုးရှိမှာပဲ။ သူက သမ္မာတရားကို လက်ခံတဲ့သူတစ်ယောက်မဟုတ်ရင် ကိုင်တွယ်ဖြေရှင်းခံရတဲ့အခါမှာ နောင်တမရရင် သူက သမ္မာတရားကို မရှာဖွေခဲ့ဘူးဆိုတဲ့အချက်ပေါ်လွင်မှာဖြစ်ပြီး ထုတ်ပစ်သင့်တယ်။ ဒါက အသင်းတော်အလုပ်နဲ့ တခြားလူတွေရဲ့ အသက်ဝင်ရောက်မှုနှစ်ခုလုံးအတွက် အထောက်အကူဖြစ်မယ်။ ကျွန်မက အကြောင်းအရာတွေကို နားလည်ပုံက အဓိပ္ပာယ်မရှိဘူး။ လူတွေကို ကိုင်တွယ်ဖြေရှင်းပြီး ဖော်ထုတ်တာက သူတို့ကို အရှက်ခွဲပြီး ထိခိုက်နေတာပဲလို့ အမြဲတမ်း ယုံကြည်ခဲ့တယ်။ အရမ်းကို အပြုသဘောဆောင်တဲ့အရာကို အပျက်သဘောအဖြစ် ကျွန်မက မှတ်ယူနေခဲ့တာပေါ့။ ရလဒ်အနေနဲ့ ကျွန်မက ဒီမှားယွင်းတဲ့အယူကြောင့် ဆက်တိုက် ချုပ်ချယ်ခံရပြီး လီရန်ရဲ့ ပြဿနာတွေကို မဖော်ထုတ်ရဲခဲ့ဘူး။ ကျွန်မက သမ္မာတရားကို နားမလည်တာပါ။ တကယ်ကို သနားစရာပဲ။ ဒါတွေအားလုံးကို ကျွန်မ သဘောပေါက်သွားပြီး စိတ်သက်သာသွားပြီးတော့ ကျွန်မတာဝန်ကိုရှောင်တာတွေ မလုပ်တော့ဘူး။ နောက်ပိုင်းမှာ လီရန်ရဲ့ အဘက်ဘက်က လုပ်ကိုင်ပုံတွေကို အကဲဖြတ်ပြီးတော့ သူက အယောင်ဆောင်ခေါင်းဆောင်ဖြစ်တယ်ဆိုတာ တွေ့သွားပြီး ထုတ်လိုက်တယ်။ သူက ကိုယ့်ကိုယ်ကိုယ် သုံးသပ်မကြည့်ဘူး၊ သူ့ကိုယ်သူ လုံးဝ မသိဘူး။ မတရားခံရတယ်လို့တောင် စောဒကတက်သေးတယ်။ သူက ခေါင်းဆောင်ဖြစ်တာ နှစ်ချီနေပြီ၊ လောကီမှာ ပိုက်ဆံရှာဖို့ သူ့အခွင့်အရေးကို စွန့်လွှတ်ခဲ့တယ်၊ မရေမတွက်နိုင်တဲ့ ဆင်းရဲဒုက္ခတွေကို ခံခဲ့တယ် ဒါကြောင့် အသင်းတော်က သူ့ကို မမျှမတဆက်ဆံနေတယ်လို့ ခံစားရတယ်လို့ ငြင်းတယ်။ အဲဒီနောက်တော့ သူက ချမ်းသာဖို့ကို စိတ်စွဲပြီး ပိုက်ဆံရှာဖို့ အလုပ်တစ်ခုလုပ်တယ်။ စုဝေးပွဲတွေကို ပုံမှန်တက်နေတာကို ရပ်လိုက်တယ်။ သူ့ကို ထုတ်ပြီးတော့ အသင်းတော်က ခေါင်းဆောင်အသစ်ရွေးဖို့ ရွေးကောက်ပွဲတစ်ခု ကျင်းပတယ်။ မယုံကြည်သူတွေကို ဖယ်ထုတ်ပစ်လိုက်တယ်။ အသင်းတော်အသက်တာက အနှောင့်အယှက်တွေ မခံရတော့ဘူး။ အသင်းတော်ရဲ့ ပရောဂျက်အမျိုးမျိုးက ချောချောမွေ့မွေ့နဲ့ ရှေ့ဆက်နိုင်တယ်။ ဒါတွေအားလုံးကို မြင်ရပြီး ကျွန်မ ပိုပြီးတော့ စိတ်အေးသွားတယ်။ ဒီအခြေအနေမှာ သမ္မာတရားကို ကျွန်မ ရှာနိုင်ခဲ့တာ၊ ကျွန်မပြဿနာကို အချိန်မီ ဖော်ထုတ်ပြီး တာဝန်ကို ဖြည့်ဆည်းနိုင်ခဲ့တာကို တော်တော်ပျော်တယ်။

နောက်ပိုင်းမှာ လီရန်နဲ့ ကျွန်မ ကြုံမိတော့ သူက ကျွန်မကို ပေါက်ကွဲပြပြီး ပြောတယ်။ “ငါ နင့်မျက်နှာကို မမြင်ချင်ဘူး။ အခု ငါက အယောင်ဆောင်ခေါင်းဆောင်ဆိုပြီး လူတိုင်းက ပြောနေကြတယ်။ သူတို့ကို အဲဒီလိုပြောလိုက်တာ နင်ပဲ။ ငါ နင့်ကို မုန်းတယ်” တဲ့။ သူ ဒီလိုပြောတာကို ကြားရတော့ ကျွန်မ တော်တော်စိတ်မကောင်းဖြစ်တယ်။ ဒါပေမဲ့ အထက်ခေါင်းဆောင်ဆီကို ကျွန်မ တင်ပြတာအကုန်လုံးက အဖြစ်မှန်ပဲဆိုတာ ကျွန်မ သိတယ်။ သူက အယောင်ဆောင်ခေါင်းဆောင်ဖြစ်တယ်။ ဖော်ထုတ်ပြီး တိုင်ကြားသင့်တယ်လေ။ ဒါက ဘုရားအလိုတော်ကို လုံးဝ ထိန်းသိမ်းတာပဲ။ ဒါပေမဲ့ သူက ကျွန်မကို မုန်းတယ်လို့ပြောတာကိုကြားတော့ ဘာလို့ ကျွန်မက အရမ်းစိတ်ထိခိုက်ရတာလဲ။ နောက်ပိုင်းမှာ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ကျွန်မဖတ်ပြီး ပြဿနာရဲ့ အရင်းအမြစ်ကို နားလည်သွားတယ်။ ဘုရားသခင်၏ နှုတ်ကပတ်တော်၌ ပြောထားသည်- “လူတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို နေ့တိုင်း စားသောက်ပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မကြာခဏ ဆုတောင်းဖတ်ရှုကာ မကြာခဏ ချင့်ချိန်စဉ်းစားကောင်း စဉ်းစားနိုင်မည်ဖြစ်သော်လည်း လူများနှင့် အမှုအရာများကို ၎င်းတို့ ရှုမြင်ပုံ၊ ၎င်းတို့ ပြုမူဆောင်ရွက်ပုံနှင့် ကိစ္စရပ်များကို ကိုင်တွယ်ပုံတို့အား အခြေခံသည့် အခြေခံအမြင်များ၊ စည်းမျဉ်းများနှင့် နည်းစနစ်များသည် ရိုးရာယဉ်ကျေးမှုနှင့်အညီ ဖြစ်နေဆဲ ဖြစ်သည်။ ထို့ကြောင့် လူတစ်ဦး၏နေ့စဉ်ဘဝတွင် ရိုးရာယဉ်ကျေးမှု၏ ကြိုးကိုင်ခြယ်လှယ်ခြင်း၊ စီစဉ်ညွှန်ကြားခြင်းများနှင့် ထိန်းချုပ်မှုတို့ကိုခံရဆဲဖြစ်စေခြင်းသည် ၎င်းအပေါ် ရိုးရာယဉ်ကျေးမှု၏ အကျိုးသက်ရောက်မှုဖြစ်သည်။ ယင်းမှာ လူတစ်ဦးက မဖယ်ရှားနိုင်သကဲ့သို့ မလွတ်ကင်းနိုင်သည့် အရိပ်တစ်ခုကဲ့သို့ ဖြစ်သည်။ ဤသည်မှာ အဘယ်ကြောင့်နည်း။ အဘယ်ကြောင့်ဆိုသော် လူတို့သည် ရိုးရာယဉ်ကျေးမှုနှင့် စာတန်က လူ၏ စိတ်အတွင်းနက်နက် သွတ်သွင်းထားပြီးဖြစ်သည့် အမျိုးမျိုးသော စိတ်ကူးများနှင့် အမြင်များကို မဖွင့်ထုတ်၊ မစိတ်ဖြာမလေ့လာနိုင်၊ သို့မဟုတ် မဖော်ထုတ်နိုင်သောကြောင့် ဖြစ်သည်။ ၎င်းတို့သည် ဤအရာများကို သတိပြုမိနိုင်၊ မရိပ်စားမိနိုင်၊ မပုန်ကန်နိုင်၊ သို့မဟုတ် မစွန့်ပစ်နိုင်ပေ။ ၎င်းတို့သည် လူတို့ကို ဘုရားသခင် ပြောသည့် နည်းလမ်းဖြင့်၊ သို့မဟုတ် ဘုရားသခင်က သွန်သင်ပြီး ရှင်းပြသည့် နည်းလမ်းဖြင့် လူများနှင့် အမှုအရာများကို မမြင်နိုင်၊ မပြုမူမလုပ်ဆောင်နိုင်၊ သို့မဟုတ် ကိစ္စရပ်များကို မကိုင်တွယ်နိုင်ကြချေ။ ဤအရာကြောင့် လူအများစုသည် မည်သည့် အကျပ်အတည်းမျိုးဖြင့် အသက်ရှင်ကြဆဲ ဖြစ်သနည်း။ ယင်းမှာ ဘုရားသခင်၏ အလိုတော်ကို ကျောမခိုင်း၊ သို့မဟုတ် သမ္မာတရားကို မဆန့်ကျင်ဘဲ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့်အညီ လူများနှင့် အမှုအရာများကို ရှုမြင်ရန်၊ ပြုမူနေထိုင်ပြီး ကိစ္စရပ်များကို ကိုင်တွယ်ရန် မိမိတို့ စိတ်နှလုံးတွင် ဆန္ဒ နက်နက်တစ်ခု ရှိခြင်း ဖြစ်သည်။ သို့သော် ထိန်းထားနိုင်ခြင်းမရှိသကဲ့သို့ မရည်ရွယ်ဘဲနှင့် ၎င်းတို့သည် စာတန် သွန်သင်သည့် နည်းစနစ်များအတိုင်း လူတို့နှင့် ဆက်ဆံကြဆဲဖြစ်သည်၊ ပြုမူနေထိုင်ပြီး ကိစ္စရပ်များကို ကိုင်တွယ်ကြဆဲ ဖြစ်သည်။ လူတို့သည် သမ္မာတရားကို ဆာငတ်သည့် စိတ်နှလုံး ရှိလျှင်ပင်၊ ဘုရားသခင်အတွက် အားကောင်းသော စိတ်ဆန္ဒတစ်ခု ရှိချင်လျှင်ပင်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များအတိုင်း လူများနှင့် အမှုအရာများကို ရှုမြင်၊ ပြုမူနေထိုင်ပြီး၊ ကိစ္စရပ်များကို ကိုင်တွယ်ချင်လျှင်ပင်၊ သမ္မာတရား၏ စည်းမျဉ်းများကို မဆန့်ကျင်လျှင်ပင် အမှုအရာများက မိမိတို့ ဆန္ဒများနှင့် ဆန့်ကျင်လျက် အမြဲ အဆုံးသတ်လေသည်။ မိမိတို့၏ အားထုတ်မှုများကို နှစ်ဆဖြစ်စေပြီးသည့်နောက်တွင်ပင် အဆုံးသတ်ရလဒ်သည် မိမိတို့ ဆန္ဒရှိသည့်အတိုင်း မဖြစ်သေးချေ။ လူတို့သည် မည်သို့ ရုန်းကန်သည်ဖြစ်စေ၊ အားထုတ်မှု မည်မျှ ထည့်သည်ဖြစ်စေ၊ အပြုသဘောဆောင်သော အရာများကို ချစ်ခြင်းရရှိဖို့ ၎င်းတို့ မည်မျှ ဆုံးဖြတ်ပြီး ဆန္ဒရှိသည်ဖြစ်စေ အဆုံးတွင် တကယ့်ဘဝတွင် ၎င်းတို့ လက်တွေ့လုပ်ဆောင်နိုင်သည့် သမ္မာတရားနှင့် ၎င်းတို့ စွဲကိုင်နိုင်သည့် သမ္မာတရား၏ စည်းမျဉ်းများမှာ အခါကျဲ၍ အလာနည်းလေသည်။ ဤသည်မှာ လူတို့ စိတ်နှလုံး နက်နက်တွင် စိတ်ပျက်စရာ အကောင်းဆုံး ဖြစ်သည်။ ဤအရာအတွက် အကြောင်းရင်းမှာ အဘယ်နည်း။ အကြောင်းရင်း၏ တစ်စိတ်တစ်ပိုင်းမှာ လူတို့ကို ရိုးရာယဉ်ကျေးမှုက သွန်သင်သည့် အမျိုးမျိုးသော စိတ်ကူးများနှင့် အမြင်များက ၎င်းတို့၏ စိတ်နှလုံးကို စိုးမိုးဆဲ ၎င်းတို့၏ စကားများ၊ လုပ်ရပ်များ၊ စိတ်ကူးများ၊ ပြီးလျှင် ၎င်းတို့ ပြုမူနေထိုင်ပြီး ကိစ္စရပ်များကို ကိုင်တွယ်ဖို့ နည်းနိဿယများနှင့် နည်းလမ်းတို့အား ထိန်းချုပ်ထားဆဲ ဖြစ်သောကြာင့်သာ ဖြစ်သည်။ ထို့ကြောင့် ရိုးရာယဉ်ကျေးမှုကို သတိပြုခြင်း၊ ရိုးရာယဉ်ကျေးမှုကို စိတ်ဖြာလေ့လာပြီး ဖော်ထုတ်ခြင်း၊ ရိုးရာယဉ်ကျေးမှုကို သိမြင်ကာ ရိပ်စားမိခြင်းနှင့် နောက်ဆုံးတွင် ထာဝရ စွန့်ပစ်ခြင်းတို့သည် ဖြစ်စဉ်တစ်ခုကို ဖြတ်သန်းဖို့ လိုပေသည်။ ဤသည်မှာ အလွန် အရေးကြီး၏။ သင်ပြုလိုက ပြုပြီး မပြုလိုက မပြုနိုင်သည့် အရာမဟုတ်။ အကြောင်းမှာ လူတို့အနေဖြင့် မိမိတို့ဘဝများတွင်လည်းကောင်း၊ ပြုမူပုံတွင်လည်းကောင်း၊ ကိစ္စရပ်များကို ကိုင်တွယ်ပုံတွင်လည်းကောင်း သမ္မာတရားကို ကျောမခိုင်းဘဲ မနေနိုင်ဖို့အလို့ငှာ၊ ယနေ့ချိန်ထိတိုင် ရိုးရာယဉ်ကျေးမှု၏ ထိန်းချုပ်ခြင်းနှင့် လွှမ်းမိုးခြင်းကို မခံရဘဲ မနေနိုင်ဖို့အလို့ငှာ ရိုးရာယဉ်ကျေးမှုက လူတို့၏ စိတ်နှလုံး အတွင်းနက်နက်တွင် စိုးမိုးထားပြီး လူတို့ကို လုံးလုံးလျားလျားပင် စိုးမိုးပြီးသားဖြစ်သောကြောင့် ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ လူတို့သည် အဘယ်ကြောင့် သမ္မာတရားကို လိုက်စားရမည်နည်း) ဘုရားနှုတ်ကပတ်တော်ကို ဆင်ခြင်ပြီးတဲ့နောက်မှာ ကျွန်မက ရိုးရာယဉ်ကျေးမှုတန်ဖိုးတွေနဲ့ ညောင်စေ့လောက် ကျေးဇူးပြုခံရရင်၊ ညောင်ပင်ကြီးလောက် ပြန်ဆပ်ပါ ဆိုတာမျိုး “ဆိုးယုတ်တဲ့ အတွေးအခေါ်တွေကို အခြေခံပြီး အသက်ရှင်နေတယ်” ဆိုတာ သဘောပေါက်သွားတယ်။ ဒီစိတ်ကူးတွေကို ကျွန်မရဲ့ လမ်းပြစည်းမျဉ်းတွေအဖြစ် မှတ်ယူခဲ့တယ်။ ကျွန်မအပေါ်ကို ကြင်နာပြီး ကောင်းတာတွေလုပ်ပေးခဲ့တဲ့သူတွေကို သူတို့က လူဆိုးဖြစ်စေ၊ လူကောင်းဖြစ်စေ၊ သမ္မာတရားစည်းမျဉ်းတွေနဲ့အညီ ပြုမူသည်ဖြစ်စေ၊ မပြုမူသည်ဖြစ်စေ ကာကွယ်ပြီး ပြန်ပေးဆပ်ဖို့ အကောင်းဆုံးလုပ်သင့်တယ်လို့ ကျွန်မ ယုံကြည်ခဲ့တယ်။ သူတို့က မကောင်းမှုလုပ်ပြီး အသင်းတော်အလုပ်ကို နှောင့်ယှက်ရင်တောင် ကျွန်မက သူတို့အတွက် ကာကွယ်ပေးသင့်တယ်ပေါ့။ မဟုတ်ရင် ကျွန်မက အသိတရားနဲ့ လူ့သဘာဝ ကင်းမဲ့နေမှာပဲ ပေါ့။ ဒီဆိုးယုတ်တဲ့ အတွေးအခေါ်တွေက ကန့်သတ်တာကို ခံရတာကြောင့် လီရန်က လက်တွေ့အလုပ်မလုပ်ဘူး၊ အယောင်ဆောင်ခေါင်းဆောင်ဖြစ်တယ်ဆိုတာ ရှင်းရှင်းလင်းလင်း မြင်ပေမဲ့ အရင်က ကျွန်မကို သူက ကူညီခဲ့တာကြောင့် သူ့ကို ဖော်ထုတ်ပြီး တိုင်ဖို့ကို နှောင့်နှေးနေခဲ့တာပေါ့။ ကျွန်မက အမြဲတမ်း သူ့ကို နောက်ထပ် အခွင့်အရေးပေးပြီး သက်ညှာပေးချင်တယ်။ သူ့အပေါ်ကြင်နာချစ်ခင်ချင်တယ်။ အသင်းတော်အလုပ်နဲ့ ညီအစ်ကိုမောင်နှမတွေရဲ့ အသက်ဝင်ရောက်မှုက ထိခိုက်သလားဆိုတာကို ထည့်မစဉ်းစားဘူး။ ကျွန်မက အယောင်ဆောင်ခေါင်းဆောင်ရဲ့ မကောင်းမှုကို လိုက်လျောနေပြီး စာတန်ဘက်ကနေ ရပ်တည်နေတာပဲ။ ဘုရားကို ပုန်ကန်ပြီး အာခံနေတာပဲ။ အနှစ်သာရမှာ ဒီရိုးရာတန်ဖိုးတွေအားလုံးက လူတွေကို လှည့်စားပြီး ဖျက်ဆီးဖို့အတွက် စာတန်အသုံးပြုတဲ့ မုသားတွေ၊ အတွေးမှားတွေဆိုတာ ကျွန်မ မြင်ခဲ့တယ်။ အဲဒါတွေက ကျွန်မတို့ အသက်ရှင်သင့်တဲ့ စည်းမျဉ်းတွေမဟုတ်ဘူး။ ဒီလိုအယူအဆတွေနဲ့ အသက်ရှင်ရင် ကျွန်မက ပိုပြီးတော့ ရယ်စရာဖြစ်ပြီး အဓိပ္ပာယ်မရှိဖြစ်မှာပဲ။ ကျွန်မ အတွေးတွေက ပိုပိုပြီး ရှုပ်ထွေးလာပြီး ကောင်းမှုနဲ့ မကောင်းမှုကို ခွဲခြားမသိနိုင်ခဲ့ဘူး။ သမ္မာတရားကိုချိုးဖောက်ပြီး ဘုရားကိုပဲ အာခံမိခဲ့တယ်။

နောက်ထပ် ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်က အခုလိုပြောထားတာကို ကျွန်မ တွေ့တယ်။ “တစ်ခါတစ်ရံ အသိစိတ်၏ လုပ်ငန်းဆောင်တာသည် ခံစားချက်များ၏ ဘောင်ခတ်ပြီး စိုးမိုးခြယ်လှယ်ခြင်း ခံရသောကြောင့် ငါတို့၏ ဆုံးဖြတ်ချက်များသည် သမ္မာတရား၏ စည်းမျဉ်းများနှင့် သဘောကွဲလွဲတတ်သည်။ သို့ဖြစ်၍ အမှန်တရားတစ်ခုကို ငါတို့ ရှင်းရှင်းလင်းလင်း မြင်နိုင်သည်။ ယင်းမှာ အသိစိတ်၏ လုပ်ငန်းဆောင်တာသည် သမ္မာတရား၏ စံနှုန်းများထက် နိမ့်ကျပြီး တစ်ခါတစ်ရံ မိမိအသိစိတ်ဖြင့် ဆောင်ရွက်ခြင်းသည် သမ္မာတရားကို ချိုးဖောက်ခြင်း ဖြစ်နိုင်သည်ဟူသည့် အချက်ပင်။ ဘုရားသခင်ကို သင်ယုံကြည်သော်လည်း သမ္မာတရားအတိုင်း အသက်မရှင်သကဲ့သို့ ထိုအစား မိမိအသိစိတ်အတိုင်း ဆောင်ရွက်ပါက သင်သည် နောက်ဆုံးတွင် မကောင်းမှုကို လုပ်ဆောင်ပြီး ဘုရားကို အတိုက်အခံလုပ်နိုင်သလော။ အချို့သောအရာများသည် အမှန်တကယ် မကောင်းမှုများ ဖြစ်သည်။ မိမိအသိစိတ်ဖြင့် ဆောင်ရွက်ခြင်းသည် မည်သည့်အခါမျှ အမှားတစ်ခုမဖြစ်ဟု သင် လုံးဝ ဆို၍မရနိုင်ပေ။ ဤအရာက ဘုရားသခင်ကို သင် စိတ်ကျေနပ်စေပြီး သူ၏ အလိုတော်ကို လိုက်နာချင်ပါက မိမိအသိစိတ်တစ်ခုတည်းဖြင့် ဆောင်ရွက်ရုံမျှသည် လုံးဝ လုံလောက်မည်မဟုတ်သည်ကို ပြပေသည်။ ဘုရားသခင်၏ တောင်းဆိုချက်များ ပြည့်မီဖို့ သမ္မာတရားအတိုင်း သင် ဆောင်ရွက်ရမည်။” (နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရားကို လိုက်စားခြင်းဆိုသည်မှာ (၂)) ဟုတ်တယ်။ ကျွန်မတို့အားလုံးက အသိတရားရှိသင့်တယ်။ ဒါပေမဲ့ ဒါက သမ္မာတရားမဟုတ်ဘူး။ ဒါကို အစားမထိုးနိုင်ဘူး။ ကျွန်မတို့က သမ္မာတရားနောက်ကို လိုက်ရမယ့်အစား ကျွန်မတို့ အသိတရားအတိုင်းပဲ ဆောင်ရွက်ပြုမူရင် သမ္မာတရားကို ဆန့်ကျင်ပြီး ဘုရားကို အာခံနိုင်ခြေရှိလိမ့်မယ်။ ဘုရားသခင်က ကျွန်မတို့ကို သူချစ်တာကို ချစ်ဖို့၊ သူမုန်းတာကို မုန်းဖို့ တောင်းဆိုပါတယ်။ ဒါက သူများတွေအပေါ် ကျွန်မတို့ အသုံးချသင့်တဲ့ စည်းမျဉ်းပဲ။ ညီအစ်ကိုမောင်နှမတစ်ယောက်က သမ္မာတရားရှာဖွေသူဆိုရင် သူက ကျွန်မကို ကြင်နာခြင်း ပြသည်ဖြစ်စေ၊ မပြသည်ဖြစ်စေ ပြဿနာတွေကို သူကြုံရတဲ့အခါမှာ သူ့ကို ချစ်ခြင်းနဲ့ ကူညီသင့်တယ်။ သူက မကောင်းမှုတွေကို ကျူးလွန်ရင် အယောင်ဆောင်ခေါင်းဆောင်၊ မကောင်းမှုပြုသူ၊ အန္တိခရစ်ဖြစ်ရင် သူက ကျွန်မအပေါ်မှာ သဘောထားကြီးရင်တောင် ကျွန်မက သူ့ကို စည်းမျဉ်းတွေနဲ့အညီ ဆက်ဆံသင့်တယ်။ ဖော်ထုတ်ပြီး တိုင်ကြားသင့်ပါတယ်။ ဒါကြောင့် လီရန်က အသင်းတော်အလုပ်ကို နှောင့်ယှက်ပြီး သမ္မာတရားကို လုံးဝ လက်မခံတဲ့အခါမှာ ကျွန်မတို့ ဘယ်လောက်ပဲ မိတ်သဟာယဖွဲ့ပြီး သူ့ကို ကူညီပါစေ နောင်တရပြီး ပြောင်းလဲဖို့ မလုပ်တဲ့အခါ ကျွန်မရဲ့ “အသိတရား”ဆိုတာကို ထိန်းသိမ်းပြီး သူ့ကို ကာကွယ်မပေးသင့်ဘူး။ အဲဒီအစား စည်းမျဉ်းတွေနဲ့အညီ သူ့ကို ဖော်ထုတ်ပြီး တိုင်ကြားသင့်တယ်။ ဒီလိုမလုပ်တော့ ကျွန်မက ညီအစ်ကိုမောင်နှမတွေကိုပဲ ထိခိုက်နေပြီး ထပ်ပြီးတော့ အသင်းတော်အလုပ်ကို ထိခိုက်စေတာပဲ။ ဒါကို သဘောပေါက်သွားတော့ ဉာဏ်အလင်းပွင့်သွားတယ်။ သူများတွေကို ကျွန်မ ဆက်ဆံရာမှာ အသုံးပြုဖို့ လက်တွေ့လုပ်ဆောင်မှုလမ်းကြောင်းနဲ့ စည်းမျဉ်းတွေ ကျွန်မမှာ ရှိတယ်လို့ ခံစားမိတယ်။ နောက်ပိုင်းမှာ လီရန်က အထုတ်ခံရတာကို အရမ်းစိတ်မကျေမနပ်ဖြစ်ပြီး ချမ်းသာခြင်းနောက်ကိုလိုက်ပြီး စုဝေးပွဲတွေမတက်ရုံမကဘူး။ သူများတွေကြားမှာ အပျက်သဘောတွေ ဖြန့်တယ်။ ဆက်ပြီးတော့ နှောင့်ယှက်တယ်။ မိတ်သဟာယနဲ့ ဝေဖန်မှုတွေကို လက်ခံဖို့ ခဏခဏ ငြင်းဆန်တယ်။ စည်းမျဉ်းတွေအရ သူ့ကို ဖယ်ထုတ်ပစ်သင့်တယ်။ အဲဒီတစ်ခါတော့ ကျွန်မက သူ့ကို ထပ်ပြီး ကာကွယ်ပေးဖို့ မကြိုးစားတော့ဘူး။ အဲဒီအစား သူ့အပေါ် ညီအစ်ကိုမောင်နှမတွေရဲ့ အကဲဖြတ်ချက်တွေကို ခေါင်းဆောင်တွေက စုဆောင်းတာကိုကူညီပေးလိုက်တယ်။ ညီအစ်ကိုမောင်နှမတွေရဲ့ ၈၀ ရာခိုင်နှုန်းကျော် အတည်ပြုချက်နဲ့ လီရန်ကို အသင်းတော်ကနေ ထုတ်လိုက်တယ်။

စာတန်ရဲ့ အတွေးအခေါ်နဲ့ အသက်ရှင်တာက သမ္မာတရားကို လက်တွေ့လုပ်တာကိုပဲ တားဆီးပြီး အသင်းတော်အလုပ်ကိုတောင် ဝင်စွက်ဖက်တယ်ဆိုတာ ဒါတွေအားလုံးကို ကြုံတွေ့ပြီးမှ ကျွန်မ သဘောပေါက်သွားတယ်။ ဘယ်လိုပြုမူတယ်၊ အကြောင်းကိစ္စတွေကို မြင်တယ်ဆိုတဲ့နေရာမှာ ဘုရားနှုတ်ကပတ်တော်အတိုင်းသွားတဲ့သူတွေကပဲ တကယ် လူ့သဘာဝရှိပြီး အသင်းတော်ကို ကာကွယ်နိုင်ပြီး ဘုရားအလိုတော်ကို ကျေနပ်စေနိုင်ပါတယ်။ ကျွန်မရဲ့ မှားယွင်းနေတဲ့ ယုံကြည်မှုတွေကို ဘုရားနှုတ်ကပတ်တော်က ပြုပြင်ပေးတယ်။ သူများတွေကို ဘယ်လိုဆက်ဆံရမယ်ဆိုတဲ့ စည်းမျဉ်းတွေကို နားလည်အောင် ကူညီပေးပါတယ်။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

ခက်ခဲသော ပတ်ဝန်းကျင်၏ စမ်းသပ်မှု

ဂျူနီယာ အာဖရိကတိုက် ကျွန်တော် ငယ်ငယ်ကတည်းက လူ့အဖွဲ့အစည်းရဲ့ လွှမ်းမိုးမှု အမြဲခံခဲ့ရတယ်။ လုပ်သမျှမှာ သူများတွေလို လိုက်လုပ်ရတာကို ကျွန်တော်...

ကြမ်းတမ်းသောလမ်း ခေါင်းဆောင်အတုအယောင်တစ်ယောက်ကို တိုင်ကြားခြင်း

လီမင် အမေရိကန်နိုင်ငံ ၂၀၁၉ ဇူလှိုင်လမှာ ကျွန်မကို ညီအစ်ကိုမောင်နှမတွေက အသင်းတော်ခေါင်းဆောင်အဖြစ် ရွေးချယ်ကြတယ်။ ကျွန်မနဲ့အတူ တွဲလုပ်မယ့်သူက...

ကျွန်တော်၏ ဘုရားသခင်ကို ချီးမြှောက်ခြင်း၊ သက်သေခံခြင်းနှင့်ဆိုင်သော လက်တွေ့လုပ်ဆောင်မှုက အလွန်အဓိပ္ပါယ်မဲ့လှသည်

ကျန်းချင်၊ ရှန်ဒုံစီရင်စု အသင်းတော်ထဲက ခေါင်းဆောင်များနှင့် လုပ်ဖော်ကိုင်ဖက်အချို့တို့သည် အစဉ်အမြဲ မိမိတို့ကိုယ်ကိုယ် သက်သေခံကြပြီး...

ဘုရားသခင်၏ နှုတ်ကပတ်တော်က ကျွန်မ၏ ခုခံပြောဆိုမှုနှင့် အထင်လွဲမှုများကို ဖယ်ရှားခဲ့သည်

လီကျင့် တရုတ်နိုင်ငံ ကျွန်မ အသင်းတော် ခေါင်းဆောင်ဖြစ်ခဲ့တဲ့ ၂၀၁၄ ခုနှစ်မှာ၊ ကျွန်မက ကိုယ့်တာဝန်မှာ အတော်အတန် ထိရောက်ခဲ့ပြီး...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။