သူတစ်ပါးကို ပျိုးထောင်ပေးခြင်းက ကျွန်ုပ်ကို ထုတ်ဖော်လိုက်သည်
ဂျိုးဇက်၊ တောင်ကိုရီးယားကျွန်တော်က အသင်းတော်မှာ ဗီဒီယိုလုပ်တဲ့တာဝန်ကို ထမ်းဆောင်ပါတယ်။ အလုပ်တွေများလာတော့ ညီအစ်ကိုမောင်နှမအသစ်တချို့...
ဘုရား၏ ပေါ်ထွန်းခြင်းကို တောင့်တသည့် ရှာဖွေသူများအားလုံးကို ကျွန်ုပ်တို့ကြိုဆိုပါသည်။
၂၀၂၀ ပြည့်နှစ်၊ မေလတုန်းက ကျွန်မက အသင်းတော်မှာ ခေါင်းဆောင်တစ်ယောက် ဖြစ်ခဲ့တယ်။ ညီအစ်မချန်တန်နဲ့ ကျွန်မ တွဲဖက်ပြီး အသင်းတော်အလုပ်တွေကို တာဝန်ယူခဲ့ကြတယ်။ အလုပ်ကို နောက်ဆက်တွဲလုပ်တဲ့နေရာမှာ အဆင်ပြေအောင်လို့ ကျွန်မတို့နှစ်ယောက်က တာဝန်ခွဲဝေပြီး အတူတူလုပ်ခဲ့ကြတယ်။ ကျွန်မက ဧဝံဂေလိအလုပ်ကို တာဝန်ယူပြီး ချန်တန်ကတော့ ရေလောင်းခြင်းအလုပ်နဲ့ သန့်စင်ခြင်းအလုပ်ကို တာဝန်ယူခဲ့တယ်။ အဲဒီအချိန်မှာ အလုပ်လိုအပ်ချက်အရ ကျွန်မတို့က ဧဝံဂေလိအမှုဆောင်တွေနဲ့ ရေလောင်းသူတွေ ထပ်ရှာခဲ့ရတယ်။ ချန်တန်နဲ့ ကျွန်မ တိုင်ပင်လိုက်တယ်၊ ပြီးမှ သီးခြားစီ လူသွားရှာပြီး အလုပ်စီစဉ်ခဲ့ကြတယ်။ ရက်နည်းနည်းကြာတော့ ချန်တန်က စုဝေးပွဲကနေ ပြန်လာပြီး အစွမ်းအစ အတော်အတန်ကောင်းတဲ့ ညီအစ်ကိုမောင်နှမတချို့ကို လူသစ်တွေ ရေလောင်းဖို့ စီစဉ်ခဲ့တယ်ဆိုတာကို တော်တော်လေး တက်တက်ကြွကြွနဲ့ ပြောပြတယ်။ အဲဒါကို ကြားကြားချင်း ကျွန်မ စိတ်ပူသွားတယ်။ ကျွန်မ တွေးမိတာက “သူတို့တွေအကုန်လုံးကို လူသစ်တွေ ရေသွားလောင်းဖို့ ရှင်စီစဉ်လိုက်ရင် ငါက ဘယ်လိုလုပ်မလဲ။ ငါ့ဆီက ဧဝံဂေလိအလုပ်မှာ လူလိုနေတုန်းပဲလေ။ နောက်ပိုင်းကျရင် ရှင့်အလုပ်တွေက အကုန်စီစဉ်ပြီးသွားပြီး ငါ့အလုပ်ကတော့ နောက်ကျကျန်ခဲ့မှာ မဟုတ်ဘူးလား။ ကြည့်ရတာ ငါလည်း ဧဝံဂေလိအမှုဆောင်တွေကို အမြန်ရှာပြီး ဧဝံဂေလိအလုပ်ကို စီစဉ်မှ ဖြစ်တော့မယ်။ အဲဒါမှမဟုတ်ရင် ငါ့အလုပ် ကောင်းကောင်းမပြီးပြတ်ရင် အထက်ခေါင်းဆောင်တွေနဲ့ ညီအစ်ကိုမောင်နှမတွေက ငါ့ကို ဘယ်လိုမြင်ကြမလဲ။ ငါက တကယ့်အလုပ် လုပ်မနေဘူးလို့ သူတို့ ပြောကြမလား” ပေါ့။ ဒါကြောင့် နောက်ပိုင်းမှာ ညီအစ်ကိုမောင်နှမတွေနဲ့ စုဝေးတဲ့အခါ ကျွန်မက ဧဝံဂေလိအလုပ်အကြောင်းပဲ သက်သက် ပြောခဲ့တယ်။ ရေလောင်းခြင်းအလုပ်နဲ့ပတ်သက်ပြီး မိတ်သဟာယဖွဲ့ဖို့ ကျွန်မ အာရုံမစိုက်ခဲ့ဘူး။ စုဝေးပွဲ ပြီးခါနီးမှပဲ စိတ်မပါဘဲ ခပ်ပါးပါးလေး ပြောပြခဲ့တယ်။ ရေလောင်းခြင်းအလုပ်မှာ အခက်အခဲတချို့ ကြုံနေရတယ်လို့ ညီအစ်ကိုမောင်နှမတွေ ပြောတာကို ကြားတာတောင်မှ မကြားချင်ယောင်ဆောင်ပြီး အဲဒီပြဿနာတွေကို ဖြေရှင်းဖို့ ကျွန်မ မိတ်သဟာယမဖွဲ့ပေးခဲ့ဘူး။ ကိုယ့်ဘာသာကိုယ် တွေးမိတာက “ရေလောင်းခြင်းအလုပ်က ချန်တန်ရဲ့ တာဝန်ပဲ။ ဒီပြဿနာတွေကို သူပဲ ဖြေရှင်းသင့်တာ။ ငါ တာဝန်ယူထားတဲ့အလုပ်ကို ငါလုပ်ပြီး ကောင်းကောင်းလုပ်ရင် ရပြီပဲ။ တခြားဘာကိုမှ သိပ်ပူပန်နေလို့မဖြစ်ဘူး” လို့ပေါ့။ အလုပ်တင်ပြတဲ့အခါ ချန်တန် ရှာထားတဲ့ ရေလောင်းသူတွေက အစွမ်းအစ အတော်အတန်ကောင်းကြပြီး ကျွန်မရဲ့ ဧဝံဂေလိအမှုဆောင်တွေကျတော့ အစွမ်းအစ သာမန်ပဲရှိတာကို တွေ့လိုက်ရတယ်။ ကျွန်မ စိတ်ထဲ နည်းနည်း အတိုက်အခံဖြစ်သွားပြီး “အစွမ်းအစကောင်းတဲ့ အမှုဆောင်တွေကျတော့ လူသစ်တွေ ရေလောင်းဖို့ တာဝန်ချပေးခံရပြီး ငါ့ဆီက အမှုဆောင်တွေကျတော့ အကုန်လုံး သာမန်တွေပါလား။ ငါ့အလုပ်ရဲ့ ရလဒ်တွေ သေချာပေါက် ထိခိုက်တော့မယ်။ နောက်ပိုင်းကျရင် ရေလောင်းခြင်းအလုပ်ရဲ့ ရလဒ်တွေက ဧဝံဂေလိအလုပ်ရလဒ်တွေထက် ပိုကောင်းနေရင် ငါက ချန်တန်လောက် မတော်တဲ့ပုံဖြစ်မသွားဘူးလား။ ခေါင်းဆောင်တွေက ငါ့ကို ဘယ်လိုထင်မလဲ” လို့ တွေးမိတယ်။ အဲဒါကို တွေးမိတော့ ကျွန်မ အရမ်းစိတ်ပူလာပြီး ဧဝံဂေလိဟောဖို့အတွက် တာဝန်ထမ်းဆောင်ရာမှာ ဝန်တာထားတဲ့စိတ်ရှိပြီး အစွမ်းအစကောင်းတဲ့ ညီအစ်ကိုမောင်နှမတချို့ကို ထပ်ရှာချင်လာတယ်။ လူသစ်တွေကို ရေလောင်းနေခဲ့တဲ့ ညီအစ်မနှစ်ယောက်ကို ကျွန်မ သတိရလိုက်တယ်။ အရင်တုန်းကတော့ သူတို့က တာဝန်ထမ်းဆောင်ရာမှာ ဝန်တာထားတဲ့စိတ်မရှိလို့ နေရာပြောင်းခံခဲ့ရပြီး လောလောဆယ်တော့ အိမ်မှာပဲ ဝိညာဉ်ရေးရာ ဝတ်ပြုခြင်းနဲ့ ကိုယ့်ကိုယ်ကိုယ် ပြန်လည်သုံးသပ်ခြင်း လုပ်နေကြတာပေါ့။ ပြီးတော့ အရင်က ဖြုတ်ချခံထားရတဲ့ တရားဟောဆရာမတစ်ယောက်လည်း ရှိသေးတယ်။ အခုတော့ သူတို့အားလုံး ကိုယ့်ကိုယ်ကိုယ် နားလည်မှုတချို့ ရရှိထားကြပြီး တာဝန်ထမ်းဆောင်ချင်စိတ်လည်း ရှိကြတယ်ဆိုတော့ သူတို့ကို ဧဝံဂေလိသွားဟောဖို့ ကျွန်မ စီစဉ်ပေးလို့ ရတာပေါ့။ ပြီးတော့မှပဲ အခုတလော အသင်းတော်ထဲကို လူသစ်တွေ အများကြီး ဝင်လာကြလို့ ရေလောင်းသူတွေ လိုအပ်ချက်ရှိနေတာကို ကျွန်မ သတိရလိုက်တယ်။ အသင်းတော်တချို့မှာ လူသစ်တွေကို ရေလောင်းပေးနိုင်တဲ့သူ မရှိကြဘူး၊ ဒါကြောင့် သူတို့ကို လူသစ်တွေ ရေလောင်းဖို့ စီစဉ်ပေးတာက ပိုသင့်တော်တယ်။ ဒါပေမဲ့ ပြန်စဉ်းစားကြည့်ပြန်တော့ “သူတို့အားလုံးသာ လူသစ်တွေ ရေသွားလောင်းကြရင် ငါ့ရဲ့ ဧဝံဂေလိအလုပ်အတွက် လူလိုနေဦးမှာပဲ။ နောက်ပိုင်းကျရင် ငါ့အလုပ် ရလဒ်တွေ မတိုးတက်လာရင် ငါက အလုပ်လုပ်နိုင်စွမ်း မရှိတဲ့ပုံပေါ်မှာ မဟုတ်ဘူးလား။ အထက်ခေါင်းဆောင်တွေက ငါ့ကို ဘယ်လိုထင်ကြမလဲ။ ဒါ့အပြင် အခုချိန်မှာ ဧဝံဂေလိဟောဖို့ကလည်း အရမ်းအရေးကြီးတယ်။ ဧဝံဂေလိဟောဖို့ လူမလောက်ရင်လည်း ဖြစ်မှာမဟုတ်ဘူး” လို့ တွေးမိတယ်။ အဲဒါနဲ့ ကျွန်မလည်း အဲဒီညီအစ်မသုံးယောက်ကို ဧဝံဂေလိဟောဖို့ အလျင်အမြန် ချက်ချင်း စီစဉ်ပေးလိုက်တော့တယ်။ နောက်ပိုင်းမှာ ရေလောင်းသူ မလုံလောက်တဲ့အတွက် လူသစ်တချို့ အချိန်မီ ရေလောင်းမခံရဘဲ လူသစ်ဆယ်ယောက်ကျော်လောက် အသင်းတော်ကနေ ထွက်သွားကြတယ်။ ချန်တန်က အဲဒါကြောင့် စိတ်ပူပြီး စိုးရိမ်နေခဲ့တယ်၊ နောက်ပြီး သူ့အခြေအနေက တော်တော်လေး စိတ်မချမ်းမသာဖြစ်နေခဲ့တယ်။ ကျွန်မလည်း စိတ်ထဲမှာ ကိုယ့်ကိုယ်ကိုယ် အပြစ်တင်မိတယ်။ အလုပ်နဲ့ပတ်သက်ပြီး ကျွန်မ တာဝန်မဲ့ခဲ့တယ်၊ ချန်တန်အပေါ် ဘာမေတ္တာမှ မပြခဲ့ဘူးလို့ ခံစားရတယ်။ ချန်တန်နဲ့ ကျွန်မသာ တစ်စိတ်တစ်ဝမ်းတည်း လူတွေကို တာဝန်တွေပေးပြီး ပူးပေါင်းလုပ်နိုင်ခဲ့ရင် လူသစ်တွေ အချိန်မီ ရေလောင်းမခံရလို့ ထွက်သွားကြမှာ မဟုတ်သလို ချန်တန်လည်း ဒီလောက်ထိ စိတ်မချမ်းမသာဖြစ်သွားမှာ မဟုတ်ဘူးလေ။ ဒါပေမဲ့ နောက်တော့ “ရေလောင်းခြင်းအလုပ်က ချန်တန်ရဲ့ တာဝန်ပဲ၊ ကျွန်မရဲ့ အဓိကတာဝန် မဟုတ်ပါဘူး။ ကျွန်မတာဝန်ယူထားတဲ့အလုပ်ကို ကျွန်မလုပ်ရင် ရပြီပဲ” လို့ပေါ့။ ဒီလိုနဲ့ ရေလောင်းခြင်းအလုပ်မှာ ဖြစ်ပျက်ခဲ့တဲ့ ပြဿနာတွေအတွက် ကျွန်မ စိတ်မပူသလို စိုးရိမ်တာလည်း မရှိခဲ့ဘူး။
တစ်နေ့မှာ အသင်းတော်ရဲ့ သန့်စင်ခြင်းအလုပ်ကို တိုးတက်အောင်လုပ်ဖို့ တိုက်တွန်းထားတဲ့ စာတစ်စောင် အထက်ခေါင်းဆောင်တွေဆီကနေ ရောက်လာတယ်။ ချန်တန်က ကျန်းမာရေး မကောင်းတဲ့အပြင် တခြားအလုပ်တွေနဲ့ အလုပ်ရှုပ်နေတာကြောင့် သန့်စင်ခြင်းအလုပ်ကို ဘယ်တုန်းကမှ နောက်ဆက်တွဲ လိုက်မလုပ်နိုင်ဘူး၊ အကောင်အထည်မဖော်နိုင်ဘူးဆိုတာ ကျွန်မ တွေ့နိုင်တယ်လေ။ “ဒီအလုပ်ကို ချက်ချင်း အကောင်အထည်မဖော်ရင် ကြန့်ကြာသွားမှာ မဟုတ်ဘူးလား။ ငါပဲ နောက်ဆက်တွဲလုပ်ပြီး အကောင်အထည်ဖော်သင့်တယ်ထင်တယ်” ဆိုပြီး ကိုယ့်ဘာသာကိုယ် တွေးမိတယ်။ ဒါပေမဲ့ ချက်ချင်းပဲ စိတ်ပြောင်းသွားပြီး “သန့်စင်ခြင်းအလုပ်က ချန်တန်ရဲ့ တာဝန်ပဲ။ ငါ ကောင်းကောင်းလုပ်နိုင်ရင်တောင် ငါ့ရဲ့ ဆောင်ရွက်မှုဆိုပြီး အသိအမှတ်ပြုခံရမှာ မဟုတ်ဘူး။ ပြီးတော့ အခုချိန်မှာ ဧဝံဂေလိအလုပ်က အရမ်းများနေတာ။ ငါသာ သန့်စင်ခြင်းအလုပ်ကို သွားပြီး နောက်ဆက်တွဲလုပ်ရင် ဧဝံဂေလိအလုပ် ကြန့်ကြာသွားပြီး အထက်ခေါင်းဆောင်တွေက ငါ့ကို ပြုပြင်ရင် ဘယ်လိုလုပ်မလဲ” လို့ တွေးမိတယ်။ အဲဒါကို စဉ်းစားမိတော့ ကျွန်မ မသွားချင်တော့ဘူး။ အဲဒီညမှာ ကျွန်မခေါင်းက ရုတ်တရက် ကွဲထွက်မတတ် ကိုက်လာတယ်။ ကျွန်မ အရမ်းတစ်ကိုယ်ကောင်းဆန်ပြီး သန့်စင်ခြင်းအလုပ်ကို ဝင်မပါချင်ခဲ့လို့ ဒါက ကျွန်မအပေါ် ဘုရားသခင်ရဲ့ ဆုံးမပဲ့ပြင်ခြင်းဖြစ်နိုင်တယ်လို့ ကျွန်မ သဘောပေါက်လိုက်တယ်။ ကျွန်မ နောင်တရပြီး ဘုရားသခင်ကို အမြန်ဆုတောင်းလိုက်တယ်။ “ချစ်ရပါသော ဘုရားသခင်၊ သန့်စင်ခြင်းအလုပ်က နှောင့်နှေးလို့မဖြစ်ဘူးဆိုတာ သမီး သိပါတယ်၊ ဒါပေမဲ့ ဒီအလုပ်က ချန်တန်ရဲ့ တာဝန်ဖြစ်နေလို့ သမီး ဝင်မပါချင်ခဲ့ပါဘူး။ သမီး တကယ်ကို တစ်ကိုယ်ကောင်းဆန်ပြီး ယုတ်ညံ့လွန်းပါတယ်။ သန့်စင်ခြင်းအလုပ်ကို အမြန်ဆုံး နောက်ဆက်တွဲလုပ်ပြီး အကောင်အထည်ဖော်ဖို့အတွက် သမီးရဲ့ ဇာတိပကတိကို ပုန်ကန်ဖို့ ဆန္ဒရှိပါတယ်” ဆိုပြီးတော့ပေါ့။
နောက်တစ်နေ့ မနက်ရောက်တော့ ကျွန်မခေါင်းက အရမ်းကိုက်နေတုန်းပဲ။ ကိုယ့်ကိုယ်ကိုယ် အတင်းတွန်းအားပေးပြီး သန့်စင်ခြင်းအလုပ်ကို အကောင်အထည်ဖော်ပြီးအောင် လုပ်ပြီးသွားတော့ ခေါင်းကိုက်တာ တဖြည်းဖြည်း သက်သာသွားတယ်။ ပြန်ရောက်တဲ့အခါ ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်သုံးသပ်မိတယ်။ ဒီဘုရားနှုတ်ကပတ်တော်တွေကို ကျွန်မ ဖတ်တယ်။ “ဘုရားသခင်၏အိမ်တော်၌ သမ္မာတရားကို လိုက်စားသူအားလုံးသည် ဘုရားရှေ့တွင် ပေါင်းစည်းကြသည်။ ကွဲပြားခြင်းမရှိပေ။ ၎င်းတို့အားလုံးသည် တူညီသောပန်းတိုင်ဆီသို့ဦးတည်ပြီး အလုပ်လုပ်ကြကာ ၎င်းတို့တာဝန်ကို ထမ်းဆောင်သည်။ ၎င်းတို့အပေါ် ကျရောက်သော အလုပ်ကို လုပ်သည်။ သမ္မာတရားစည်းမျဉ်းများနှင့်အညီ ပြုမူဆောင်ရွက်သည်။ ဘုရားသခင် တောင်းဆိုသည့်အတိုင်း လုပ်ဆောင်ပြီး သူ၏ ရည်ရွယ်ချက်များကို အထမြောက်အောင် လုပ်ဆောင်သည်။ သင်၏ ပန်းတိုင်သည် ဤအတွက်မဟုတ်ဘဲ သင်ကိုယ်တိုင်အတွက်ဖြစ်လျှင်၊ သင်၏ တစ်ကိုယ်ကောင်းဆန်သော ဆန္ဒများကို ဖြည့်ဆည်းရန်အတွက်ဖြစ်လျှင် ဤသည်မှာ ဖောက်ပြန်ပျက်စီးသော စာတန်ဆန်သည့် စိတ်သဘောထားကို ထုတ်ဖော်ခြင်းဖြစ်သည်။ ဘုရားအိမ်တော်တွင် တာဝန်များကို သမ္မာတရားစည်းမျဉ်းများနှင့်အညီ လုပ်ဆောင်ပြီး ဘာသာတရားမရှိသူများ၏ လုပ်ရပ်များမှာမူ ၎င်းတို့၏ ဆိုးယုတ်သော စိတ်သဘောထားများက ချုပ်ကိုင်သည်။ ဤသည်တို့မှာ အလွန်ကွဲပြားခြားနားသည့် လမ်းကြောင်းနှစ်ခုဖြစ်၏။ ဘာသာတရားမရှိသူများသည် ၎င်းတို့ကိုယ်တိုင်၏ အကြံအစည်များကို သိုထားသည်၊ ၎င်းတို့ထဲမှ အသီးသီး၌ မိမိတို့၏ ကိုယ်ပိုင် ရည်မှန်းချက်များနှင့် အစီအစဉ်များရှိပြီး လူတိုင်းသည် မိမိတို့၏ကိုယ်ပိုင် အကျိုးစီးပွားများအတွက် ရှင်သန်ကြသည်။ ထိုအတွက်ကြောင့် ၎င်းတို့အားလုံးသည် မိမိတို့အကျိုးအမြတ်အတွက် အလုအယက်ကြိုးပမ်းကြပြီး ၎င်းတို့ရရှိသည့်အရာကို စိုးစဉ်းမျှ စွန့်လွှတ်လိုစိတ်မရှိခြင်းဖြစ်သည်။ ၎င်းတို့သည် ကွဲပြားနေကြသည်။ စည်းလုံးခြင်းမရှိပေ။ အကြောင်းမှာ ၎င်းတို့သည် တူညီသောပန်းတိုင်အတွက် လုပ်ဆောင်နေကြခြင်းမဟုတ်သောကြောင့် ဖြစ်သည်။ ၎င်းတို့လုပ်ဆောင်သည့်အရာနောက်ကွယ်ရှိ ရည်ရွယ်ချက်နှင့် သဘောသဘာဝသည် တူညီသည်။ မိမိတို့ကိုယ်ကိုအတွက်သာ လုပ်ဆောင်နေကြခြင်းဖြစ်သည်။ ယင်းတွင် စိုးမိုးသော သမ္မာတရားမရှိပေ။ ယင်းတွင် စိုးမိုးပြီး ဦးဆောင်သည့်အရာသည် ဖောက်ပြန်ပျက်စီးသော ဆိုးယုတ်သည့် စိတ်သဘောထားဖြစ်သည်။ ၎င်းတို့သည် ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော ဆိုးယုတ်သည့် စိတ်သဘောထား၏ ထိန်းချုပ်ခြင်းကို ခံရပြီး မိမိတို့ကိုယ်ကို မထိန်းနိုင်ကြပေ။ ထို့ကြောင့် အပြစ်ထဲသို့ ပိုပို၍ နက်ရှိုင်းစွာ ကျရောက်ကြသည်။ ဘုရားအိမ်တော်တွင် သင်တို့ လုပ်ရပ်များ၏ စည်းမျဉ်းများ၊ နည်းလမ်းများ၊ အရင်းခံအကြောင်းနှင့် စမှတ်တို့သည် ဘာသာတရားမရှိသူများနှင့် ခြားနားခြင်းမရှိလျှင်လည်းကောင်း၊ သင်တို့သည် ဖောက်ပြန်ပျက်စီးသော ဆိုးယုတ်သည့် စိတ်သဘောထား၏ ခြယ်လှယ်ခြင်း၊ ထိန်းချုပ်ခြင်း၊ ကြိုးကိုင်ညွှန်ကြားခြင်းကိုလည်း ခံရလျှင်လည်းကောင်း၊ သင်တို့ လုပ်ရပ်များ၏ စမှတ်သည် သင်တို့၏ကိုယ်ပိုင် အကျိုးစီးပွား၊ ဂုဏ်သတင်း၊ ဝင့်ဝါမှု၊ အဆင့်အတန်းတို့ဖြစ်လျှင်လည်းကောင်း သင်တို့သည် ဘာသာတရားမရှိသူများက အမှုအရာများကို လုပ်ဆောင်သည့်နည်းလမ်းနှင့် ကွာခြားခြင်းမရှိဘဲ သင်တို့၏တာဝန်ကို ထမ်းဆောင်ကြလိမ့်မည်။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ အပိုင်း သုံး) ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကနေတစ်ဆင့် ဘုရားသခင်ကို အမှန်တကယ် ယုံကြည်ပြီး သမ္မာတရားကို လိုက်စားတဲ့လူတွေဟာ သမ္မာတရားကို ရှာဖွေနိုင်ပြီး စည်းမျဉ်းတွေအတိုင်း ပြုမူနိုင်ကြတယ်ဆိုတာ ကျွန်မ နားလည်လိုက်တယ်။ တခြားလူတွေနဲ့ တွဲဖက်ပြီး တာဝန်ထမ်းဆောင်တဲ့အခါ သူတို့မှာ ကိုယ်ပိုင် တစ်ကိုယ်ကောင်းဆန်မှုတွေ၊ လိုအင်ဆန္ဒတွေ တစ်စက်မှ မရှိကြဘူး။ သူတို့လုပ်သမျှ အရာအားလုံးက ကိုယ့်တာဝန်ကို ကောင်းကောင်းထမ်းဆောင်ဖို့နဲ့ ဘုရားသခင် ကျေနပ်ဖို့အတွက်ပဲ ဖြစ်တယ်။ ဆန့်ကျင်ဘက်အနေနဲ့ ဘာသာတရား မရှိသူတွေကတော့ သူတို့ရဲ့ စာတန်ဆန်တဲ့ စိတ်သဘောထားအတိုင်း အသက်ရှင်ကြတယ်။ သူတို့က ကိုယ်ပိုင် အကျိုးစီးပွားကို ကာကွယ်ဖို့သက်သက် အလုပ်လုပ်ကြပြီး တခြားလူတွေနဲ့ အလုပ်လုပ်တဲ့အခါ ကိုယ်ပိုင် အကြံအစည်တွေ ထားရှိတတ်ကြတယ်။ သူတို့က ကျော်ကြားမှုနဲ့ အကျိုးအမြတ်အတွက် ပြိုင်ဆိုင်ကြတယ်၊ မနာလိုဝန်တိုတာတွေ၊ ရန်ဖြစ်တာတွေ လုပ်ကြတယ်။ သူတို့ရဲ့ ကိုယ်ပိုင်ရည်မှန်းချက်တွေ ရရှိဖို့အတွက် မသမာတဲ့နည်းလမ်းတွေ သုံးပြီး အချင်းချင်း ခေါင်းပုံဖြတ် လှည့်စားကြတယ်။ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို ကျွန်မရဲ့ ကိုယ်ပိုင်အခြေအနေနဲ့ ချိန်ထိုးကြည့်လိုက်တယ်။ ရေလောင်းသူ မလုံလောက်တာ၊ လူသစ်တချို့ကို ရေလောင်းပေးမယ့်သူ မရှိတာကို ကျွန်မ ကောင်းကောင်းကြီး သိနေခဲ့သလို အဲဒါကြောင့် ချန်တန်က စိတ်ပူပြီး စိုးရိမ်နေရတာကိုလည်း ကောင်းကောင်းကြီး သိနေခဲ့တယ်။ ဒါပေမဲ့ ကျွန်မရဲ့ ကိုယ်ပိုင် ဂုဏ်သတင်းနဲ့ အဆင့်အတန်းကို ကာကွယ်ဖို့အတွက် လူသစ်တွေကို ရေလောင်းရာမှာ တော်တဲ့လူတွေကို ဧဝံဂေလိသွားဟောဖို့ ကျွန်မ အတင်းအကြပ် စီစဉ်ခဲ့တယ်။ ဒါကြောင့် လူသစ်တချို့ အချိန်မီ ရေလောင်းတာမခံရလို့ ထွက်သွားကြပြီး ဒါကြောင့် ရေလောင်းခြင်းအလုပ် ထိခိုက်သွားခဲ့တယ်။ ချန်တန် ကျန်းမာရေးမကောင်းလို့ သန့်စင်ခြင်းအလုပ်ကို ချက်ချင်း နောက်ဆက်တွဲလုပ်တာ၊ အကောင်အထည်ဖော်တာတွေ မလုပ်ခဲ့တာနဲ့ ဒီအလုပ်ကို ကျွန်မကပဲ အမြန်ဆုံး အကောင်အထည်ဖော်သင့်တယ်ဆိုတာ ကျွန်မ ရှင်းရှင်းလင်းလင်း သိခဲ့တယ်။ ဒါပေမဲ့ ဒီအလုပ်ပေါ်မှာ အာရုံစိုက်ပြီး စဉ်းစားလိုက်ရင် ဧဝံဂေလိအလုပ်ကို နှောင့်နှေးစေမှာ၊ ပြီးတော့ နောက်ပိုင်းကျရင် ဧဝံဂေလိအလုပ်ရဲ့ ရလဒ်တွေ ဆိုးရွားသွားရင် ကျွန်မ နာမည်ပျက်မှာကို ကြောက်ခဲ့တယ်။ ဒါကြောင့် သန့်စင်ခြင်းအလုပ် ကြန့်ကြာနေတာကို ဝင်မပါဘဲ ဒီတိုင်းပဲ ကြည့်နေခဲ့တယ်။ ကျွန်မရဲ့ လုပ်ရပ်တွေကို ပြန်ကြည့်လိုက်တော့ ဘာသာတရား မရှိသူတွေရဲ့ လုပ်ရပ်တွေနဲ့ တကယ်ကို ဘာမှမခြားနားပါဘူး။ ဘာသာတရား မရှိသူတွေက စာတန်ရဲ့ လောကီဆိုင်ရာ ဆက်ဆံမှုတွေအတွက် အတွေးအခေါ်အတိုင်း လုံးဝ ပြုမူကြတယ်။ သူတို့က အရမ်းကို တစ်ကိုယ်ကောင်းဆန်ပြီး ယုတ်ညံ့ကြတယ်။ သူတို့ရဲ့ ကိုယ်ပိုင် အကျိုးစီးပွားအတွက်ပဲ ပူပန်ကြပြီး တခြားလူတွေ သေသည်ဖြစ်စေ၊ ရှင်သည်ဖြစ်စေ လုံးဝ ဂရုမစိုက်ကြဘူးလေ။ ကျွန်မက ပြောရရင် ယုံကြည်သူတစ်ယောက်ဖြစ်ပေမဲ့ ကျွန်မရဲ့ ပြောဆိုပြုမူပုံတွေက ဘာသာတရား မရှိသူတစ်ယောက်နဲ့ တစ်ပုံစံတည်း ဖြစ်နေခဲ့တယ်။ ကျွန်မလုပ်သမျှ အရာအားလုံးက ကိုယ့်အကျိုးစီးပွားအတွက် ကြံစည်ဖို့ချည်းပဲ။ ကျွန်မရဲ့ ကိုယ်ပိုင် ဂုဏ်သတင်းနဲ့ အဆင့်အတန်းကို ကာကွယ်ဖို့လောက်ပဲ ဂရုစိုက်ခဲ့တယ်။ တခြားအလုပ်တွေကို လုံးဝ အာရုံမစိုက်ဘဲ ကျွန်မတာဝန်ယူထားတဲ့ အလုပ်ကိုပဲ ကြည့်ခဲ့သလို အသင်းတော်ရဲ့ အလုပ်တစ်ခုလုံးကို လုံးဝ ထည့်မစဉ်းစားခဲ့ဘူး။ အသင်းတော်အလုပ် ထိခိုက်နစ်နာတာကို ဘာမှမခံစားရဘဲ ဒီတိုင်းပဲ လက်ပိုက်ကြည့်နေခဲ့တယ်။ ကျွန်မ တကယ်ကို အရမ်းတစ်ကိုယ်ကောင်းဆန်ပြီး ယုတ်ညံ့လွန်းပါတယ်။ ဒီကိစ္စတွေအားလုံးမှာ ကျွန်မက လူ့သဘာဝ၊ ဒါမှမဟုတ် ဆင်ခြင်တုံတရား အရိပ်အယောင်လေးတောင် ပြမိခဲ့ရဲ့လား။ ဒီလိုမျိုး တာဝန်ထမ်းဆောင်တာက ဘုရားသခင်ရဲ့ ရည်ရွယ်ချက်နဲ့ ညီရဲ့လား။
နောက်ပိုင်းမှာ ကျွန်မရဲ့ အခြေအနေကို ဖြေရှင်းဖို့အတွက် ဆက်စပ်မှုရှိတဲ့ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို စားသောက်ခဲ့တယ်။ ဒီ ဘုရားနှုတ်ကပတ်တော်တွေကို ကျွန်မ ဖတ်တယ်။ “အန္တိခရစ်များသည် အသိစိတ်၊ ဆင်ခြင်တုံတရား၊ သို့မဟုတ် လူ့သဘာဝမရှိပေ။ ၎င်းတို့သည် အရှက်တရားကင်းမဲ့ရုံမျှ မကဘဲ အခြားလက္ခဏာတစ်ခုလည်းရှိသည်။ ၎င်းတို့သည် သာမန်ထက်ပို၍ တစ်ကိုယ်ကောင်းဆန်ပြီး ယုတ်မာသည်။ ၎င်းတို့၏ ‘တစ်ကိုယ်ကောင်းဆန်ခြင်းနှင့် ယုတ်မာခြင်း’၏ တိုက်ရိုက်အဓိပ္ပာယ်သည် နားလည်သဘောပေါက်ရန် မခက်ပေ။ ၎င်းတို့သည် ၎င်းတို့ကိုယ်တိုင်၏ အကျိုးစီးပွားများမှလွဲ၍ မည်သည့်အရာကိုမျှ မမြင်ပေ။ ၎င်းတို့၏အကျိုးစီးပွားနှင့် သက်ဆိုင်သည့် မည်သည့်အရာမဆို ၎င်းတို့၏အာရုံစိုက်ခြင်းကို အပြည့်အဝ ရလေသည်။ ၎င်းတို့သည် ယင်းအတွက် ဒုက္ခခံလိမ့်မည်၊ အဖိုးအခပေးဆပ်လိမ့်မည်၊ ယင်း၌ အာရုံနစ်မွန်းနေလိမ့်မည်၊ ပြီးလျှင် ယင်း၌ မိမိတို့ကိုယ်ကို ဆက်ကပ်အပ်နှံထားလိမ့်မည်။ ၎င်းတို့၏ ကိုယ်ပိုင် အကျိုးစီးပွားတို့နှင့်မသက်ဆိုင်သည့် မည်သည့်အရာကိုမဆို ၎င်းတို့က လျစ်လျူရှုပြီး အရေးလုပ်မည် မဟုတ်ချေ။ အခြားသူများက မိမိတို့သဘောရှိ လုပ်ဆောင်နိုင်သည်။ တစ်စုံတစ်ဦးက အနှောင့်အယှက်လုပ်ခြင်း သို့မဟုတ် အဖျက်အမှောင့်လုပ်ခြင်း ဖြစ်စေခြင်းကို အန္တိခရစ်တို့က ဂရုမစိုက်ကြဘဲ ၎င်းတို့အဖို့မူ ဤအရာသည် ၎င်းတို့နှင့် မည်သို့မျှ မသက်ဆိုင်ပေ။ ပါးနပ်စွာဆိုရလျှင်၊ ၎င်းတို့သည် မိမိတို့၏ကိုယ်ပိုင် ကိစ္စကိုသာ စိတ်ဝင်စားသည်။ သို့ရာတွင် ဤလူစားမျိုးသည် ယုတ်မာသည်၊ ယုတ်ညံ့ပြီး ရွံစရာကောင်းသည်ဟုဆိုလျှင် သာ၍ မှန်ကန်တိကျပေသည်။ ၎င်းတို့ကို ‘တစ်ကိုယ်ကောင်းဆန်ပြီး ယုတ်မာသည်’ဟု ငါတို့ သတ်မှတ်ကြသည်။...၎င်းတို့မည်သည့်အလုပ်ကို တာဝန်ယူဆောင်ရွက်ပါစေ၊ အန္တိခရစ်များသည် ဘုရားအိမ်တော်၏ အကျိုးစီးပွားကို မည်သည့်အခါမျှ ထည့်တွက်စဉ်းစားခြင်း မရှိပေ။ ၎င်းတို့၏ကိုယ်ပိုင် အကျိုးစီးပွားများ ထိခိုက်ခြင်း ရှိမည် မရှိမည်ကိုသာ ၎င်းတို့ ဆင်ခြင်တွေးတောသည်၊ ၎င်းတို့ကို အကျိုးပြုသည့် ၎င်းတို့ရှေ့တွင်ရှိသော အလုပ်အနည်းငယ်ကိုသာ စဉ်းစားသည်။ ၎င်းတို့အတွက် အသင်းတော်၏ အဓိကအလုပ်သည် ၎င်းတို့အချိန်ပိုတွင် လုပ်သောအရာတစ်ခုဖြစ်သည်။ ၎င်းတို့သည် လုံးဝ အလေးအနက်မထားပေ။ ၎င်းတို့သည် လုပ်ဆောင်ရန် တိုက်တွန်းခြင်း ခံရသောအခါမှသာ လှုပ်ရှားသည်။ ၎င်းတို့ လုပ်လိုသည့်အရာကိုသာ လုပ်ဆောင်ကြသည်။ ၎င်းတို့၏ ကိုယ်ပိုင်အဆင့်အတန်းနှင့် အာဏာကို ထိန်းသိမ်းဖို့အတွက် ဖြစ်သည့်အလုပ်ကိုသာ လုပ်ကြသည်။ ၎င်းတို့၏ အမြင်တွင်၊ ဘုရားအိမ်တော်မှ စီစဉ်သည့် မည်သည့်အလုပ်မဆို၊ ဧဝံဂေလိဖြန့်ဝေသည့် အလုပ်နှင့် ဘုရားသခင်ရွေးချယ်သော လူတို့၏ အသက်ဝင်ရောက်မှုတို့သည် အရေးမကြီးပေ။ အခြားလူများသည် မိမိတို့၏အလုပ်၌ မည်သည့်အခက်အခဲများ ရှိပါစေ၊ ၎င်းတို့ မည်သည့်ပြဿနာများကို ဖော်ထုတ်ပြီးဖြစ်ကာ ယင်းတို့ကို တိုင်ကြားပြီးဖြစ်ပါစေ၊ ၎င်းတို့၏စကားများ မည်မျှ ရိုးသားစစ်မှန်ပါစေ အန္တိခရစ်တို့သည် အရေးမထားကြပေ၊ ၎င်းတို့ ပါဝင်ပတ်သက်ခြင်း မရှိပေ၊ ဤအရာက ၎င်းတို့နှင့် မည်သို့မျှ မသက်ဆိုင်သည့်အလားပင် ဖြစ်သည်။ အသင်းတော်အလုပ်တွင် ဖြစ်ပေါ်သော ပြဿနာများက မည်မျှကြီးမားပါစေ ၎င်းတို့သည် လုံးလုံး စိတ်မဝင်စားပေ။ ပြဿနာတစ်ခုက ၎င်းတို့၏ ရှေ့တည့်တည့်တွင် ရှိလျှင်ပင် ၎င်းတို့က ယင်းကို ဝတ်ကျေတမ်းကျေသာ ကိုင်တွယ်လေသည်။ အထက်က တိုက်ရိုက်ပြုပြင်ခြင်းကို ခံရပြီး ပြဿနာကို ဖြေရှင်းဖို့ အမိန့်ပေးခံရသည့်အခါမှသာလျှင် ၎င်းတို့က တကယ့်အလုပ်အနည်းငယ်ကို ဆောင့်ကြီးအောင့်ကြီးလုပ်မည် ဖြစ်ပြီး အထက်ကမြင်ဖို့အတွက် တစ်ခုခုကို ပေးလိမ့်မည်။ မကြာမီတွင် ၎င်းတို့က မိမိတို့၏ကိုယ်ပိုင် လုပ်ငန်းကို ဆက်လက် လုပ်ကိုင်ကြလိမ့်မည်။ အသင်းတော်၏အလုပ်နှင့် ပတ်သက်လာပါက၊ ပို၍ကျယ်ပြန့်သော အခြေအနေ၏ အရေးပါသော အရာများနှင့်ပတ်သက်လာပါက ၎င်းတို့သည် ဤအရာများကို စိတ်မဝင်စားဘဲ လျစ်လျူရှုကြသည်။ ၎င်းတို့ ရှာဖွေတွေ့ရှိသည့် ပြဿနာများကိုပင် လျစ်လျူရှုကြသည်။ ပြီးလျှင် ပြဿနာများအကြောင်းကို မေးသောအခါတွင် ဝတ်ကျေတမ်းကျေ အဖြေများကိုပေးကြသည်၊ သို့မဟုတ် တောင်စဉ်ရေမရ ပြောကြသည်။ အလွန်အမင်း တွန့်ဆုတ်စွာဖြင့်သာ ထိုပြဿနာများကို ကိုင်တွယ်ကြသည်။ ဤသည်မှာ တစ်ကိုယ်ကောင်းဆန်ခြင်းနှင့် ယုတ်မာခြင်းတို့၏ သရုပ်သကန် ဖြစ်သည် မဟုတ်လော။ ထို့အပြင် အန္တိခရစ်တို့သည် မည်သည့်တာဝန်ကို ထမ်းဆောင်နေပါစေ၊ ၎င်းတို့တွေးနိုင်သည့်အရာမှာ ထိုတာဝန်က ၎င်းတို့အား ထင်ပေါ်စေမည် ဟုတ်မဟုတ်ကိုသာ ဖြစ်သည်။ ယင်းက ၎င်းတို့၏ နာမည်ဂုဏ်သတင်းကို မြှင့်တင်ပေးနိုင်သရွေ့ ၎င်းတို့က ယင်းကို လုပ်ဆောင်သည့်နည်းအား သင်ယူဖို့၊ ယင်းကို ဆောင်ရွက်ဖို့ နည်းလမ်းကို အကြံထုတ်ရာတွင် ဦးနှောက်ခြောက်ခံ စဉ်းစားကြသည်။ ယင်းက ၎င်းတို့အား ထင်ပေါ်စေမည် ဟုတ်မဟုတ်ကိုသာ ၎င်းတို့ ဂရုစိုက်သည်။ ၎င်းတို့ မည်သည့်အရာကို လုပ်ဆောင်ပါစေ၊ သို့မဟုတ် တွေးတောပါစေ၊ ၎င်းတို့သည် ၎င်းတို့၏ ကိုယ်ပိုင်ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် အဆင့်အတန်းကိုသာ အရေးစိုက်ကြသည်။ ၎င်းတို့က မည်သည့်တာဝန်ကို ထမ်းဆောင်နေပါစေ၊ မည်သူက မြင့်မားသည်၊ သို့မဟုတ် နိမ့်ကျသည်၊ မည်သူကနိုင်ပြီး၊ မည်သူက ရှုံးသည်၊ မည်သူ၌ ပို၍ ကြီးမားသော နာမည်ဂုဏ်သတင်း ရှိသည်တို့နှင့်ပတ်သက်၍သာ ယှဉ်ပြိုင်ကြသည်။ လူမည်မျှက ၎င်းတို့ကို ကိုးကွယ်ပြီး အထင်ကြီးသည်၊ လူမည်မျှက ၎င်းတို့ကို နာခံသည်၊ ပြီးလျှင် ၎င်းတို့၌ နောက်လိုက်မည်မျှရှိသည်တို့ကိုသာ ၎င်းတို့ ဂရုစိုက်ကြသည်။ ၎င်းတို့သည် သမ္မာတရားကို မည်သည့်အခါမျှ မိတ်သဟာယမပြုပေ၊ သို့မဟုတ် တကယ့်ပြဿနာများကို မည်သည့်အခါမျှ မဖြေရှင်းပေ။ ၎င်းတို့သည် မိမိတို့၏ တာဝန်ကို ထမ်းဆောင်သည့်အခါတွင် အမှုကိစ္စများကို စည်းမျဉ်းနှင့်အညီ မည်သို့လုပ်ဆောင်ရမည်ကို မည်သည့်အခါမျှ ဆင်ခြင်စဉ်းစားခြင်းမရှိသကဲ့သို့ ဘုရားသခင် တောင်းဆိုသည့်အရာနှင့် ဘုရားသခင်၏ ရည်ရွယ်ချက်များကို ဆင်ခြင်စဉ်းစားရန် မဆိုထားနှင့်၊ ၎င်းတို့ သစ္စာစောင့်သိနေခဲ့ခြင်း ရှိမရှိ၊ မိမိတို့၏ တာဝန်များကို ကောင်းမွန်စွာ ဖြည့်ဆည်းပြီးခြင်း ရှိမရှိ၊ ၎င်းတို့၏ အလုပ်တွင် လမ်းလွဲနေခဲ့ခြင်းများ သို့မဟုတ် သတိမမူမိနေခဲ့ခြင်းများ ရှိမရှိ သို့မဟုတ် ပြဿနာတစ်ခုတလေ တည်ရှိခြင်း ရှိမရှိဟူသည်ကို ပြန်လည်သုံးသပ်ခြင်း မရှိကြ။ ဤအရာများအားလုံးကို ၎င်းတို့ တစ်စက်မျှ အာရုံမစိုက်ပေ။ ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် အဆင့်အတန်း၊ ၎င်းတို့၏ကိုယ်ပိုင် ရည်မှန်းချက်များနှင့် လိုအင်ဆန္ဒများကို ဖြည့်ဆည်းဖို့တို့အတွက်သာ ၎င်းတို့သည် ကြိုးစားအားထုတ်ပြီး အမှုကိစ္စများကို လုပ်ဆောင်သည်။ ဤသည်မှာ တစ်ကိုယ်ကောင်းဆန်ခြင်းနှင့် ယုတ်မာခြင်းတို့၏ သရုပ်သကန် ဖြစ်သည် မဟုတ်လော။ ဤသည်မှာ ၎င်းတို့၏ စိတ်နှလုံးများသည် ၎င်းတို့၏ကိုယ်ပိုင် ရည်မှန်းချက်များ၊ လိုအင်ဆန္ဒများနှင့် ယုတ္တိမရှိသော တောင်းဆိုမှုများဖြင့် ပြည့်လျှံနေပုံကို အပြည့်အဝ ဖော်ထုတ်လေသည်။ ၎င်းတို့ လုပ်ဆောင်သမျှကို ၎င်းတို့၏ ရည်မှန်းချက်များနှင့် လိုအင်ဆန္ဒများဖြင့် အုပ်စိုးထားသည်။ ၎င်းတို့ မည်သည့်အရာကို လုပ်ဆောင်ပါစေ၊ အရင်းခံအကြောင်းနှင့် အရင်းအမြစ်တို့မှာ ၎င်းတို့၏ကိုယ်ပိုင် ရည်မှန်းချက်များ၊ လိုအင်ဆန္ဒများနှင့် ယုတ္တိမရှိသော တောင်းဆိုမှုများသာ ဖြစ်သည်။ ဤသည်မှာ တစ်ကိုယ်ကောင်းဆန်ခြင်းနှင့် ယုတ်မာခြင်းတို့၏ စံပြုလောက်သော သရုပ်သကန်ဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ နောက်ဆက်တွဲ ၄- အန္တိခရစ်များ၏ ကိုယ်ကျင့်စရိုက်နှင့် ၎င်းတို့၏ စိတ်သဘောထား အနှစ်သာရတို့ကို အနှစ်ချုပ်ခြင်း (အပိုင်း ၁)) အန္တိခရစ်တွေဟာ တစ်ကိုယ်ကောင်းဆန်ပြီး ယုတ်ညံ့ကြတယ်၊ အသိစိတ်နဲ့ ဆင်ခြင်တုံတရား ကင်းမဲ့ကြတယ်ဆိုတာ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို ဖတ်ပြီးတဲ့နောက်မှာ ကျွန်မ သဘောပေါက်သွားတယ်။ ဘုရားသခင်ကို ယုံကြည်ပြီး တာဝန်ထမ်းဆောင်ရာမှာ သူတို့ ဘယ်လောက်ပဲ အနစ်နာခံပြီး ကိုယ့်ကိုယ်ကိုယ် အသုံးခံပါစေ၊ သူတို့ရဲ့ ဂုဏ်သတင်းနဲ့ အဆင့်အတန်းအတွက်ပဲ အဖိုးအခပေးကြတာဖြစ်ပြီး အသင်းတော်အလုပ်ကို လုံးဝ မကာကွယ်ကြဘူး။ ကျွန်မရဲ့ ကိုယ်ပိုင် အပြုအမူတွေကို ပြန်စဉ်းစားကြည့်လိုက်တော့ အန္တိခရစ်တွေရဲ့ အပြုအမူတွေနဲ့ အတူတူပဲ မဟုတ်ဘူးလား။ ခေါင်းဆောင်တွေရဲ့ အထင်ကြီးလေးစားမှုကို ရဖို့အတွက် ကျွန်မက အမြဲတမ်းလိုလို ကိုယ့်တာဝန်ရဲ့ ရလဒ်တွေနဲ့ ချန်တန်ရဲ့ ရလဒ်တွေကို နှိုင်းယှဉ်ခဲ့တယ်။ ကျွန်မအလုပ်ရဲ့ ရလဒ်တွေ တိုးတက်ဖို့နဲ့ ကိုယ့်ဂုဏ်သတင်း၊ အဆင့်အတန်းကို ကာကွယ်ဖို့အတွက် ရေလောင်းသူ မလုံလောက်မှန်း ကောင်းကောင်းကြီး သိနေတာတောင်မှ ကျွန်မရဲ့ အသိစိတ်ကို မျက်ကွယ်ပြုပြီး စည်းမျဉ်းတွေနဲ့ ဆန့်ကျင်ကာ လူသစ်တွေကို ရေလောင်းရာမှာ တော်တဲ့လူတွေဆီကို သွားပြီး ဧဝံဂေလိတရားဟောဖို့ စီစဉ်ခဲ့တယ်။ လူတွေက ကျွန်မရဲ့ ဂုဏ်သတင်းနဲ့ အဆင့်အတန်းအတွက် အလုပ်လုပ်ပေးနိုင်အောင်လို့ သူတို့ကို ကျွန်မရဲ့ အာဏာအောက်မှာ ချုပ်နှောင်ထားခဲ့ပြီး အသင်းတော်ရဲ့ အလုပ်တစ်ခုလုံးကို လုံးဝ အလေးမထားခဲ့ဘူး။ အဲဒါကြောင့် လူသစ်တချို့ အချိန်မီ ရေလောင်းမခံရလို့ ထွက်သွားကြတာပေါ့။ ဒါ့အပြင် အသင်းတော်ရဲ့ သန့်စင်ခြင်းအလုပ်ကို လိုက်လံလုပ်ဆောင်တာ၊ အကောင်အထည်ဖော်တာ မရှိဘဲ ဒီတိုင်း ပစ်ထားတာကို အကြာကြီး ကြည့်နေခဲ့ပြီး အဲဒါနဲ့ပတ်သက်လို့ မေးမြန်းဖို့ နည်းနည်းလေးတောင် အရေးစိုက်ဖို့ မလိုလားခဲ့ဘူး။ ကျွန်မဟာ တကယ်ကို တစ်ကိုယ်ကောင်းဆန်တယ်၊ လောဘကြီးတယ်၊ ယုတ်မာတယ်၊ မလိုမုန်းထားပြီး အသိစိတ်၊ ဆင်ခြင်တုံတရားဆိုတာ အနည်းငယ်လေးတောင် မရှိခဲ့ပါဘူး။ ညီအစ်ကိုမောင်နှမတွေက ကျွန်မကို ခေါင်းဆောင်အနေနဲ့ ရွေးချယ်တင်မြှောက်ထားတာဆိုတော့ ကျွန်မက ဘုရားသခင်ရဲ့ ရည်ရွယ်ချက်တွေကို အလေးထားသင့်တယ်၊ ညီအစ်ကိုမောင်နှမတွေနဲ့ တစ်စိတ်တစ်ဝမ်းတည်းရှိပြီး အသင်းတော်အလုပ်ကို ကာကွယ်သင့်တယ်။ ပြီးတော့ ဘုရားသခင်ရဲ့ ကယ်တင်ခြင်းကို လက်ခံဖို့အတွက် လူတွေအများကြီးကို ဘုရားအိမ်တော်ထဲ ခေါ်ဆောင်လာနိုင်အောင် ဒါပေမဲ့ ကျွန်မကတော့ အမြဲတမ်းလိုလို စာတန်ရဲ့ လောကီဆိုင်ရာ ဆက်ဆံမှုများအတွက် အတွေးအခေါ်အတိုင်း အသက်ရှင်နေထိုင်ပြီး “ကိုယ့်အတွက်ပဲ ကိုယ်ကြည့်။ ဘယ်သူသေသေ ငတေမာပြီးရော” ဆိုတာနဲ့ “ထူးချွန်ထက်မြက်ပြီး ထင်ပေါ်ကျော်ကြားဖို့ ရည်မှန်းပါ” ဆိုတာမျိုးတွေလို အဆိပ်အတောက်တွေကို လိုက်နာခဲ့တယ်။ ကျွန်မလုပ်သမျှ အရာအားလုံးမှာ ကျွန်မရဲ့ စည်းမျဉ်းက ကိုယ့်အတွက်၊ ကိုယ့်အကျိုးစီးပွားအတွက် လုပ်ဖို့ပဲ ဖြစ်တယ်။ ကျွန်မလုပ်သမျှက ကိုယ့်အကျိုးစီးပွားအတွက် ကြံစည်ပြီး ကိုယ့်ဂုဏ်သတင်းနဲ့ အဆင့်အတန်းကို ကာကွယ်ဖို့ချည်းပဲ။ လူသစ်တွေ ထွက်သွားတာ၊ အသင်းတော်အလုပ် ထိခိုက်နစ်နာလာတာနဲ့ ကျွန်မတွဲဖက် ညီအစ်မ ချန်တန်ရဲ့ အပျက်သဘောဆောင်တဲ့ အခြေအနေကို မြင်နေရတာတောင်မှ ကျွန်မ မတုန်လှုပ်ခဲ့ဘူး။ ကျွန်မက တော်တော်ကို သွေးအေးပြီး အကြင်နာမဲ့ခဲ့တာပဲ။ ကျွန်မရဲ့ အပြုအမူတွေက အန္တိခရစ်ရဲ့ စိတ်သဘောထားကို ထုတ်ဖော်နေတာကို ကြည့်လိုက်တော့ ကျွန်မဟာ တကယ်ကို အန္တိခရစ်တစ်ယောက်ရဲ့ လမ်းကြောင်းကို လျှောက်လှမ်းနေမှန်း မြင်လိုက်ရတယ်။ အဲဒါကို နားလည်လိုက်တဲ့အချိန်မှာ လူက နောင်တတွေနဲ့ ပြည့်သွားပြီး ကိုယ့်ကိုယ်ကိုယ် မုန်းတီးမိတယ်။ ကျွန်မ ဘုရားသခင်ဆီကို နောင်တနဲ့ ဆုတောင်းခဲ့ပြီး ကျွန်မရဲ့ ကိုယ်ပိုင်ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားကို ဖြေရှင်းဖို့ သမ္မာတရားကို ရှာဖွေဖို့ လိုလားခဲ့တယ်။
ကျွန်မ ဘုရားဝတ်ပြုတဲ့အချိန်မှာ ဒီ ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်တယ်။ “ဘုရားသခင်သည် သမ္မာတရားကို ဖော်ပြခြင်း၊ လူတို့ကို ကယ်တင်ခြင်းနှင့်ဆိုင်သည့် အင်မတန် ကြီးမားသော အလုပ်တစ်ခုကို လုပ်ဆောင်ပြီးဖြစ်ကာ ထိုအတွက် သူ၏ ကြီးမားသည့်အဖိုးအခများ ပြုပြီးဖြစ်သည်။ ဘုရားသခင်သည် ဤတရားအမျှတဆုံးသော လုပ်ငန်းကြီးကို အလွန် အလေးအနက်ထားသည်။ သူ၏ ကြီးမားသည့်အဖိုးအခများ အားလုံးကို သူ ကယ်တင်လိုသည့် ဤလူများအတွက် အသုံးပြုထားပြီးဖြစ်သည်။ သူ၏ မျှော်လင့်ချက်အားလုံးကိုလည်း ဤလူများအပေါ် ထားရှိကာ သူ၏ အနှစ် ၆၀၀၀ စီမံခန့်ခွဲမှု အစီအစဉ်မှ သူ ရရှိလိုသည့် နောက်ဆုံး ရလဒ်များနှင့် ဘုန်းအသရေတို့သည် ဤလူများအပေါ်တွင် ပြည့်မြောက်လိမ့်မည်ဖြစ်သည်။ တစ်စုံတစ်ဦးသည် ဘုရားသခင်နှင့် တုပဖက်ပြိုင်လျှင်၊ ဤအကြောင်းတရား၏ ရလဒ်ကို ဆန့်ကျင်၊ နှောင့်ယှက် သို့မဟုတ် ဖျက်ဆီးလျှင် ဘုရားသခင်က ၎င်းကို ခွင့်လွှတ်လိမ့်မည်လော။ (ခွင့်လွှတ်လိမ့်မည် မဟုတ်ပါ။) ဤအရာက ဘုရားသခင်၏ စိတ်သဘောထားကို ပုန်ကန်ပြစ်မှားသလော။ သင်သည် ဘုရားသခင်နောက်လိုက်သည်၊ ကယ်တင်ခြင်း လိုက်စားသည်၊ ဘုရားသခင်၏ စိစစ်မှုနှင့် လမ်းပြမှုတို့ကို လက်ခံပြီး ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမမှုတို့ကို လက်ခံကာ ကျိုးနွံနာခံသည်ဟု ဆက်ပြောနေသော်လည်း ဤစကားလုံးများကို သင် ပြောနေစဉ်တစ်လျှောက်လုံး အသင်းတော်၏ အလုပ်အမျိုးမျိုးကို သင် နှောင့်ယှက်၊ အဖျက်အမှောင့်လုပ်ကာ ဖျက်ဆီးနေပြီး သင်၏ အဖျက်အမှောင့်လုပ်ခြင်း၊ နှောင့်ယှက်ခြင်းနှင့် ဖျက်ဆီးခြင်းတို့ကြောင့်၊ သင်၏ ပေါ့ဆမှု သို့မဟုတ် တာဝန်ကို တမင်ပျက်ကွက်ခြင်းကြောင့် သို့မဟုတ် သင်၏ တစ်ကိုယ်ကောင်းဆန်သော လိုအင်ဆန္ဒများကြောင့်၊ ပြီးလျှင် သင်၏ ကိုယ်ကျိုးစီးပွားများကို လိုက်စားခြင်းအတွက် ဘုရားအိမ်တော်၏ အကျိုးစီးပွားများ၊ အသင်းတော်၏ အကျိုးစီးပွားများနှင့် အခြားကဏ္ဍ အမြောက်အမြား ထိခိုက်ခံရပြီးဖြစ်လျှင် ဘုရားအိမ်တော်၏ အလုပ်က ဆိုးရွားစွာ အဖျက်အမှောင့်လုပ်ခြင်းခံရကာ နှောင့်ယှက်ခံရပြီးသည်အထိပင် ဖြစ်လျှင် ဘုရားသခင်သည် သင်၏ အသက်စာစောင်ရှိ သင်၏ အဆုံးသတ်ကို မည်သို့ ချိန်ဆသင့်သနည်း။ သင့်ကို မည်သို့ သတ်မှတ်သင့်သနည်း။ တရားမျှတစွာ ပြောရလျှင် သင် အပြစ်ဒဏ်ခံထိုက်ခြင်းပင် ဖြစ်သည်။ ဤအရာကို သင်၏ ပြစ်ဒဏ်နှင့် ထိုက်တန်ခြင်းဟု ခေါ်သည်။ ယခုတွင် မည်သည့်အရာကို သင်တို့ နားလည်သနည်း။ လူတို့၏ အကျိုးစီးပွားများမှာ အဘယ်နည်း။ (၎င်းတို့ ကောက်ကျစ်ဆိုးယုတ်ကြသည်။) လူတို့၏ အကျိုးစီးပွားများသည် အမှန်တွင် ၎င်းတို့၏ လွန်ကဲသော လိုအင်ဆန္ဒများသာ ဖြစ်သည်။ တဲ့တိုးပြောရလျှင် ယင်းတို့သည် စုံစမ်းသွေးဆောင်မှုများသာဖြစ်သည်။ မုသားများသာဖြစ်ပြီး လူတို့ကို စုံစမ်းသွေးဆောင်ရန် စာတန် အသုံးပြုသည့် ငါးစာသာ ဖြစ်သည်။ ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် အဆင့်အတန်းကို လိုက်စားခြင်းနှင့် မိမိကိုယ်ကျိုးစီးပွားများကို လိုက်စားခြင်းဟူသည်မှာ မကောင်းမှုပြုရာတွင် စာတန်နှင့် ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ပြီး ဘုရားသခင်ကို ဆန့်ကျင်ခြင်း ဖြစ်သည်။ ဘုရားသခင်၏ အမှုတော်ကို ဟန့်တားရန်အလို့ငှာ စာတန်သည် လူတို့ကို စုံစမ်းသွေးဆောင်ဖို့၊ အဖျက်အမှောင့်လုပ်ပြီး အထင်အမြင်မှားစေဖို့နှင့် လူတို့ကို ဘုရားသခင်နောက်လိုက်ခြင်းမှ တားဆီးဖို့၊ ပြီးလျှင် ဘုရားသခင်ကို ကျိုးနွံနာခံနိုင်ခြင်းမှ တားဆီးဖို့ အမျိုးမျိုးသော ပတ်ဝန်းကျင်များကို ဖြစ်ပေါ်စေသည်။ ထိုအစား ၎င်းတို့သည် ဘုရားသခင်၏ အမှုတော်ကို အဖျက်အမှောင့်လုပ်ကာ ဖျက်ဆီးရန် တမင် ထကြွလျက် စာတန်နှင့် ပူးပေါင်းဆောင်ရွက်ပြီး စာတန်နောက်လိုက်ကြသည်။ ဘုရားသခင်က သမ္မာတရားနှင့်ပတ်သက်၍ မည်မျှ မိတ်သဟာယပြုသည်ဖြစ်စေ ၎င်းတို့ အသိဝင်လာကြခြင်း မရှိသေးချေ။ ဘုရားအိမ်တော်က ၎င်းတို့ကိုမည်မျှ ပြုပြင်သည်ဖြစ်စေ သမ္မာတရားကို လက်မခံကြသေးချေ။ ၎င်းတို့သည် ဘုရားသခင်ကို လုံးဝ ကျိုးနွံနာခံကြခြင်းမရှိ။ ထိုအစား အမှုအရာများကို မိမိတို့ သဘောအတိုင်း မရမကလုပ်ကာ မိမိတို့ နှစ်သက်သည့်အတိုင်း မရမက လုပ်ဆောင်နေကြသည်။ အကျိုးဆက်အနေဖြင့် ၎င်းတို့သည် အသင်းတော်၏ အလုပ်ကို အဖျက်အမှောင့်လုပ်ကာ ဖျက်ဆီးကြသည်။ အသင်းတော်၏ အမျိုးမျိုးသော အလုပ်၏ တိုးတက်မှုကို ဆိုးရွားစွာ ထိခိုက်စေပြီး ဘုရားသခင် ရွေးချယ်ထားသော လူတို့၏ အသက်ဝင်ရောက်မှုကို အလွန်ကြီးမားသော ထိခိုက်နစ်နာမှု ဖြစ်စေကြသည်။ ဤအပြစ်သည် အလွန်ကြီးပြီး ထိုသို့သော လူများသည် ဘုရားသခင်၏ အပြစ်ဒဏ်ပေးခြင်းကို မုချ ခံရလိမ့်မည်။” (နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၉ (အပိုင်း ၁)) ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို ဖတ်ပြီးတဲ့နောက်မှာ ဘုရားသခင်ရဲ့ စိတ်သဘောထားက လူတွေရဲ့ ပုန်ကန်ပြစ်မှားမှုကို သည်းမခံဘူးလို့ ကျွန်မ ခံစားလိုက်ရတယ်။ ဘုရားသခင်က လူတစ်စုကို ကယ်တင်ဖို့နဲ့ ရရှိဖို့အတွက် အပင်ပန်းခံရတဲ့ အားထုတ်မှုတွေ အားလုံး စိုက်ထုတ်ခဲ့တယ်။ ကျွန်မတို့က ကိုယ်ပိုင် အကျိုးစီးပွားကို ထိန်းသိမ်းဖို့အတွက် တာဝန်ထမ်းဆောင်ပြီး ဒီလိုလုပ်တဲ့အတွက် အသင်းတော်အလုပ် ထိခိုက်ရင် ဒါဟာ ဖျက်ဆီးဖို့နဲ့ ဖြိုခွဲဖို့အတွက် စာတန်ရဲ့ အစေခံအနေနဲ့ ပြုမူနေတာပါပဲ။ ဒါဟာ မကောင်းမှုပြုတာနဲ့ ဘုရားသခင်ကို အာခံတာပဲ ဖြစ်တယ်။ ဒီလိုလူမျိုးဟာ ဘုရားသခင်ရဲ့ ရှုတ်ချတာနဲ့ အပြစ်ဒဏ်ပေးတာကို ခံရမှာပဲ။ တာဝန်ထမ်းဆောင်ရာမှာ ကျွန်မ ဘယ်လိုအခန်းကဏ္ဍကနေ ပါဝင်ခဲ့သလဲလို့ တွေးမိတယ်။ အသင်းတော်ခေါင်းဆောင်တစ်ယောက်အနေနဲ့ အသင်းတော်အလုပ်ကို ဦးဆောင်ကာကွယ်ဖို့ ပျက်ကွက်ခဲ့ရုံသာမကဘဲ တာဝန်ထမ်းဆောင်ရတဲ့ အခွင့်အရေးကို အခွင့်ကောင်းယူပြီး ဂုဏ်သတင်းနဲ့ အဆင့်အတန်းကို ရှာဖွေခဲ့တယ်၊ ဂုဏ်သတင်းနဲ့ အကျိုးအမြတ်အတွက် လူတွေနဲ့ ပြိုင်ဆိုင်ခဲ့တယ်။ ဒါက အသင်းတော်အလုပ်ကို အဖျက်အမှောင့်လုပ်ပြီး နှောင့်ယှက်ခဲ့တာပဲ ဖြစ်တယ်။ ချန်တန်နဲ့ ကျွန်မက အသင်းတော်အလုပ်ကို လုပ်ဖို့အတွက် တွဲဖက်ထားတာလေ။ အသင်းတော်အလုပ် ချောချောမွေ့မွေ့ တိုးတက်ဖို့အတွက် အသင်းတော်ရဲ့ အလုပ်တာဝန် အကုန်လုံးကို ကျွန်မ စောင့်ကြည့်ပြီး ကာကွယ်သင့်တာပေါ့။ ဒါတွေက ကျွန်မရဲ့ အခန်းကဏ္ဍမှာ ပါဝင်တဲ့ တာဝန်တွေဖြစ်ပြီး ကျွန်မအနေနဲ့ ကျင့်ဝတ်အရ ခေါင်းရှောင်လို့မရတဲ့ တာဝန်တစ်ခုလည်း ဖြစ်တယ်။ ကျွန်မတို့ရဲ့ အလုပ်ထိရောက်မှု တိုးတက်ဖို့နဲ့ ပိုကောင်းကောင်း လုပ်ဖို့အတွက် တာဝန်ခွဲဝေခဲ့ကြပေမဲ့ ဒါက ညီအစ်မ တာဝန်ယူထားတဲ့ အလုပ်အတွက် ကျွန်မမှာ တာဝန်မရှိဘူးလို့ ဆိုလိုတာ မဟုတ်ပါဘူး။ အသင်းတော်ရဲ့ ဘယ်တာဝန်မှာမဆို ပြဿနာတွေ ဖြစ်လာရင် ကျွန်မက တာဝန်ကနေ ခေါင်းရှောင်လို့မရပါဘူး။ ဒါပေမဲ့ ကျွန်မက တစ်ကိုယ်ကောင်းဆန်ပြီး လောဘကြီးခဲ့တယ်။ တာဝန်ခွဲဝေတဲ့အခါ ညီအစ်မနဲ့ အသင်းအဖွဲ့တစ်ခုအနေနဲ့ မလုပ်ခဲ့ဘူး။ ကျွန်မရဲ့ ကိုယ်ပိုင် ဂုဏ်သတင်းနဲ့ အဆင့်အတန်းကို ကာကွယ်ဖို့အတွက် လူတွေရဲ့ တာဝန်တွေကို စည်းမျဉ်းတွေနဲ့ ဆန့်ကျင်တဲ့ ပုံစံနဲ့ စီစဉ်ခဲ့တယ်။ ဒါကြောင့် ရေလောင်းမှု အားနည်းပြီး လူသစ်တွေ ထွက်သွားကြရတဲ့အပြင် အသင်းတော်အလုပ်ကိုလည်း အကြီးအကျယ် ထိခိုက်နစ်နာစေခဲ့တယ်။ နောက်ပြီးတော့ ဖယ်ရှားတဲ့အလုပ်ကို အမြန်ဆုံး ပြီးစီးအောင်လုပ်ဖို့၊ မယုံကြည်သူတွေ၊ ဆိုးယုတ်သူတွေနဲ့ အန္တိခရစ်တွေကို အသင်းတော်ကနေ ရှင်းလင်းပစ်ဖို့နဲ့ နှင်ထုတ်ဖို့အတွက်ဘုရားအိမ်တော်က ထပ်ခါတလဲလဲ တောင်းဆိုထားတယ်။ ဒီလိုဆိုရင် ဘုရားသခင် ရွေးချယ်ထားတဲ့ လူတွေက ကောင်းမွန်တဲ့ အသင်းတော်အသက်တာကို ခံစားရပြီး အသက်ကြီးထွားမှု မြန်ဆန်နိုင်တယ်။ ဒါပေမဲ့ သန့်စင်ခြင်းအလုပ်ကို နောက်ဆက်တွဲလိုက်လုပ်တာ၊ အကောင်အထည်ဖော်တာ မရှိဘူးဆိုတာ မြင်နေရတာတောင်မှ ကျွန်မ ဝင်ပါဖို့ မလိုလားခဲ့ဘူး။ ဒီလိုလုပ်ရပ်တွေရဲ့ သဘာဝက ဆိုးယုတ်တဲ့လူတွေနဲ့ အန္တိခရစ်တွေကို အသင်းတော်ထဲမှာ ဆက်နေခွင့်ပေးပြီး မကောင်းမှုတွေ ဆက်လုပ်တဲ့အပြင် နှောင့်ယှက်မှုတွေ ဖြစ်အောင်လုပ်တာ မဟုတ်ဘူးလား။ ကျွန်မ ထုတ်ဖော်ခဲ့တဲ့ အတွေးတွေနဲ့ ကျွန်မ လုပ်ခဲ့သမျှ အရာအားလုံးကို ဆင်ခြင်သုံးသပ်ကြည့်လိုက်တော့ ဒီထဲက ဘယ်အရာကမှ အသင်းတော်အလုပ်ကို ကာကွယ်ဖို့၊ ဒါမှမဟုတ် ဘုရားသခင် ကျေနပ်ဖို့အတွက် မဟုတ်ခဲ့ပါဘူး။ ဒါတွေအားလုံးက ဘုရားသခင်ကို ပုန်ကန်ပြီး ဘုရားသခင်ကို အာခံနေတာချည်းပါပဲ။ ဒါတွေအားလုံးက အသင်းတော်အလုပ်အတွက် အဖျက်အမှောင့်လုပ်ခြင်းနဲ့ နှောင့်ယှက်ခြင်းကိုပဲ ယူဆောင်လာခဲ့တယ်။ ကျွန်မက အသင်းတော်အလုပ်ကို နှောင့်ယှက်ပြီး ဖြိုခွဲရာမှာ စာတန်ရဲ့ အခန်းကဏ္ဍကနေ ပါဝင်နေခဲ့တာပါ။ ကျွန်မက ဘုရားသခင်ကို ဆန့်ကျင်ဘက်ပြုနေခဲ့တာပဲ။ ဘုရားသခင်ရဲ့ စိတ်သဘောထားက လူတွေရဲ့ ပုန်ကန်ပြစ်မှားမှုကို သည်းမခံပါဘူး။ ကျွန်မသာ နောင်တမရဘဲ မပြောင်းလဲရင် နောက်ဆုံးမှာ ဘုရားသခင်ရဲ့ ရှုတ်ချတာနဲ့ အပြစ်ဒဏ်ပေးတာကို ခံရမှာပဲ။ အဲဒါကို တွေးမိတော့ ကျွန်မ လုပ်ခဲ့တာတွေအတွက် ကြောက်ရွံ့မိပြီး ဘုရားသခင်ဆီကို နောင်တရစွာနဲ့ ဆုတောင်းခဲ့တယ် “ချစ်ရတဲ့ ဘုရားသခင်၊ တာဝန်ထမ်းဆောင်ရာမှာ သမီးရဲ့ ကိုယ်ပိုင် ဂုဏ်သတင်းနဲ့ အဆင့်အတန်းကိုပဲ ကာကွယ်ခဲ့ပြီး အသင်းတော်အလုပ်ကို နှောင့်ယှက်ခဲ့ပါတယ်။ ဒါက ကိုယ်တော့်ရဲ့ စက်ဆုပ်ရွံရှာမှုနဲ့ မုန်းတီးမှုကို တကယ်ပဲ ခံရစေပါတယ်။ ဘုရားသခင်၊ သမီး နောင်တရဖို့ ဆန္ဒရှိပါတယ်။ ပြီးတော့ တာဝန်တွေကို တစ်စိတ်တစ်ဝမ်းတည်း ကောင်းကောင်းလုပ်ဖို့ ချန်တန်နဲ့ သဟဇာတရှိရှိ ပူးပေါင်းလုပ်ဆောင်သွားပါမယ်” ပေါ့။
နောက်ပိုင်းမှာ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို ကျွန်မ ထပ်ဖတ်ခဲ့တယ်။ “သင်၏အကျိုးအတွက်သာ အစဉ်မလုပ်ဆောင်နှင့်၊ ပြီးလျှင် သင်၏ ကိုယ်ပိုင် အကျိုးစီးပွားကို စဉ်ဆက်မပြတ် ထည့်သွင်းမစဉ်းစားနှင့်။ သင်၏ ဂုဏ်သိက္ခာ၊ ဂုဏ်သတင်း၊ အဆင့်အတန်းတို့အတွက် ဆင်ခြင်စဉ်းစားခြင်း မပြုနှင့်၊ ထို့ပြင် ကိုယ့်ကိုယ်ကျိုးစီးပွားအတွက် ဆင်ခြင်စဉ်းစားခြင်း မပြုနှင့်။ သင်သည် ဘုရားအိမ်တော်၏ အကျိုးစီးပွားကို ရှေ့တန်းတင်၍ ဆင်ခြင်စဉ်းစားရမည်ဖြစ်ပြီး ယင်းကို သင်၏ ဦးစားပေးအဖြစ် ထားရမည်။ ဘုရားသခင်၏ ရည်ရွယ်ချက်များကို သင် အလေးထားသင့်ပြီး သင်၏ တာဝန်ကို ထမ်းဆောင်ရာတွင် သင်သည် မစင်ကြယ်မှု ရှိခဲ့သည် မရှိခဲ့သည်၊ သစ္စာစောင့်သိခြင်းရှိမရှိ၊ သင်၏ တာဝန်များကို ကောင်းမွန်စွာ ဖြည့်ဆည်းခြင်းရှိမရှိ၊ အစွမ်းကုန် လုပ်ဆောင်ခြင်းရှိမရှိ၊ သင်၏ တာဝန်နှင့် အသင်းတော်၏ အလုပ်ကို စိတ်နှလုံးအကြွင်းမဲ့ဖြင့် စဉ်းစားခဲ့ခြင်း ရှိမရှိ ဆိုသည်တို့ကို ရှေ့တန်းတင်၍ ချင့်ချိန်စဉ်းစားရမည်။ ဤအရာများကို သင် စဉ်းစားရမည်။ ယင်းတို့ကို မကြာခဏ တွေးပြီး နားလည်အောင် ကြံဆလျှင် သင်၏တာဝန်ကို ကောင်းစွာ ထမ်းဆောင်ရန် သင့်အတွက် သာ၍ လွယ်ကူလိမ့်မည်။ ခြွင်းချက်တစ်ခုမှာ သင်၏ အစွမ်းအစ ညံ့ဖျင်းလျှင် သို့မဟုတ် သင်၏ အတွေ့အကြုံ ပေါ့တန်လျှင်၊ သို့မဟုတ် သင်သည် မိမိ၏ အသက်မွေးဝမ်းကျောင်းဆိုင်ရာ အလုပ်တွင် ထိုမျှ ကျွမ်းကျင်မှုမရှိလျှင်၊ ဤအရာက သင်၏အလုပ်တွင် အမှားအယွင်းအချို့ သို့မဟုတ် ချို့ယွင်းချက်များ ပေါ်ပေါက်လာစေပြီး ကောင်းမွန်သောရလဒ်များ မရရှိနိုင်အောင် တားဆီးနေသော်လည်း သင်သည် မိမိတတ်နိုင်သမျှ အကောင်းဆုံး လုပ်ဆောင်နေပြီးဖြစ်၏။ သင်သည် မိမိ၏ တစ်ကိုယ်ကောင်းဆန်သော လိုအင်ဆန္ဒများ သို့မဟုတ် နှစ်သက်မှုများကို ဖြည့်ဆည်းရန်အတွက် ပြုမူဆောင်ရွက်နေခြင်း မဟုတ်ပေ။ ထိုအစား သင်သည် အသင်းတော်၏အလုပ်နှင့် ဘုရားသခင်၏ အိမ်တော်အကျိုးကို အဘက်ဘက်မှ အလေးထားနေ၏။ သင်သည် မိမိ၏တာဝန်တွင် ကောင်းမွန်သောရလဒ်များ မရရှိနိုင်သော်ငြားလည်း သင်၏စိတ်နှလုံးသည် မှန်ကန်ဖြောင့်မတ်နေပြီ ဖြစ်၏။ ထို့အပြင် သင်သည် မိမိ၏တာဝန်ရှိ ပြဿနာများကို ဖြေရှင်းရန် သမ္မာတရားကို ရှာဖွေနိုင်လျှင်၊ သင်သည် မိမိ၏တာဝန်ကို ထမ်းဆောင်ရာတွင် စံနှုန်းပြည့်မီလိမ့်မည်ဖြစ်ပြီး တစ်ချိန်တည်းတွင် သင်သည် သမ္မာတရား လက်တွေ့ကျမှုသို့ ဝင်ရောက်လိမ့်မည်။ ထိုအခါ သင်သည် သက်သေခံချက်ကို ပိုင်ဆိုင်လိမ့်မည်။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ မိမိ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများအား ဖယ်ရှားခြင်းအားဖြင့်သာ လွတ်လပ်ခြင်းနှင့် လွတ်မြောက်ခြင်းကို ရရှိနိုင်သည်) ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေက ကျွန်မအတွက် လက်တွေ့လုပ်ဆောင်ရမယ့် လမ်းကြောင်းကို ညွှန်ပြပေးခဲ့တယ်။ တာဝန်ထမ်းဆောင်ရာမှာ မှန်ကန်တဲ့ ရည်ရွယ်ချက်တွေ ရှိဖို့လိုတယ်၊ ကိုယ်ပိုင် အကျိုးစီးပွားတွေကို လက်လွှတ်ပြီး အသင်းတော်အလုပ်နဲ့ ဘုရားသခင် ရွေးချယ်ထားတဲ့လူတွေရဲ့ အကျိုးစီးပွားတွေကို ဦးစားပေးရမယ်ဆိုတာ ကျွန်မ နားလည်လိုက်တယ်။ ဒီနည်းနဲ့ တာဝန်ထမ်းဆောင်မှသာ သမ္မာတရားကို လက်တွေ့လုပ်ဆောင်တာ၊ သက်သေခံတာ ဖြစ်တယ်။ ဘုရားအိမ်တော်မှာ ဘယ်အလုပ်၊ ဘယ်ကဏ္ဍမဆို လူတစ်ယောက်တည်းနဲ့ ပြီးစီးနိုင်တာ မရှိပါဘူး။ အလုပ်ကို ကောင်းကောင်းပြီးစီးဖို့အတွက် ညီအစ်ကိုမောင်နှမတွေက အချင်းချင်းရဲ့ အားနည်းချက်တွေကို အမြဲတမ်း အပြန်အလှန် ဖြည့်စွက်ပေးဖို့၊ သဟဇာတရှိရှိ ပူးပေါင်းလုပ်ဆောင်ဖို့နဲ့ သန့်ရှင်းသော ဝိညာဉ်တော်ရဲ့ အလုပ်ကို ရရှိဖို့ လိုအပ်တယ်။ ကျွန်မ ဆက်ပြီးတော့ ဒီလောက် တစ်ကိုယ်ကောင်းဆန်ပြီး ယုတ်ညံ့လို့ မဖြစ်တော့ဘူး။ ကျွန်မတို့ ဘယ်သူက ဘယ်အလုပ်ကို တာဝန်ယူသည်ဖြစ်စေ ညီအစ်မနဲ့ တွဲဖက်ပြီး ပူးပေါင်းလုပ်ဆောင်သင့်တယ်။ ဒီနည်းနဲ့ လုပ်ဆောင်မှပဲ ဘုရားသခင်ရဲ့ ရည်ရွယ်ချက်တွေနဲ့ ကိုက်ညီမှာပါ။ ဒါကြောင့် ကျွန်မ ချန်တန်ကို ပွင့်ပွင့်လင်းလင်း ဖွင့်ဟပြောပြပြီး ကျွန်မရဲ့ အခြေအနေနဲ့ ကိုယ့်ကိုယ်ကိုယ် နားလည်မှုတွေအကြောင်း မိတ်သဟာယဖွဲ့ခဲ့တယ်။ နောက်နောင် ကျွန်မတို့ ဘယ်သူက ဘယ်အလုပ်ကို တာဝန်ယူသည်ဖြစ်စေ နှစ်ယောက်စလုံး တွဲဖက်ပြီး ပူးပေါင်းလုပ်ဆောင်ကြမယ်၊ ပြဿနာတွေ၊ အခက်အခဲတွေ ကြုံရရင်လည်း အတူတကွ သမ္မာတရားရှာဖွေပြီး ဖြေရှင်းကြမယ်လို့ ကျွန်မ အကြံပြုခဲ့တယ်။ ချန်တန်ကလည်း ဝမ်းသာအားရနဲ့ သဘောတူခဲ့တယ်။ နောက်ပိုင်းမှာ ချန်တန်နဲ့ ကျွန်မက အသင်းတော်အလုပ်ရဲ့ လိုအပ်ချက်နဲ့အညီ အမှုဆောင်တွေကို အကျိုးသင့်အကြောင်းသင့် စီစဉ်ခဲ့ကြတယ်။ ရေလောင်းရာမှာ တော်တဲ့ ညီအစ်မနှစ်ယောက်ကို လူသစ်တွေဆီ သွားပြီး ရေလောင်းဖို့ တာဝန်ပြောင်းပေးခဲ့တယ်။ ဒါကြောင့် ရေလောင်းသူ မလုံလောက်တဲ့ ပြဿနာပြေလည်သွားတယ်။
အဲဒီအချိန်ကစပြီး ချန်တန်နဲ့ ကျွန်မ တာဝန်ခွဲဝေထားပေမဲ့ အသင်းအဖွဲ့တစ်ခုအနေနဲ့ ပူးပေါင်းလုပ်ဆောင်ခဲ့ကြတယ်။ ဘယ်သူက ဘယ်အလုပ်ကို တာဝန်ယူသည်ဖြစ်စေ အဲဒီအကြောင်းကို အမြဲတမ်း မိတ်သဟာယဖွဲ့ပြီး အတူတူ စီစဉ်ခဲ့ကြတယ်။ ကျွန်မတို့ ရှင်းရှင်းလင်းလင်း မသိမြင်နိုင်တဲ့ ပြဿနာတွေအတွက်ဆိုရင် ဖြေရှင်းဖို့အတွက် အတူတူ ဆုတောင်းပြီး ဆီလျော်တဲ့ သမ္မာတရားတွေကို ရှာဖွေခဲ့ကြတယ်။ တစ်ခါတလေ ကျွန်မရဲ့ မမှန်ကန်တဲ့ ရည်ရွယ်ချက်တွေက သူ့ဟာနဲ့သူ ထုတ်ဖော်လာနိုင်တာကို တွေ့ရသေးပေမဲ့ ဘုရားသခင်ဆီကို သတိရှိရှိ ဆုတောင်းပြီး သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်ခဲ့ပါတယ်။ တစ်ညမှာ ကျွန်မ တာဝန်ယူထားတဲ့ အလုပ်ကိုလုပ်ဖို့ စီစဉ်ထားပေမဲ့ မထင်မှတ်ဘဲ ချန်တန်က ရေလောင်းအဖွဲ့ခေါင်းဆောင်က မကောင်းတဲ့ စိတ်အခြေအနေမှာရှိနေတယ်ဆိုတဲ့အကြောင်း ပြောလာတယ်။ ဒီကိစ္စကို ဘယ်လိုဖြေရှင်းရမလဲဆိုတာ သူ မသိလို့ ကျွန်မကို သူနဲ့အတူ စုဝေးပွဲလိုက်ခဲ့ပြီး ကူညီမိတ်သဟာယဖွဲ့ပေးတဲ့အပြင် ပြဿနာကို ဖြေရှင်းစေချင်ခဲ့တယ်။ ကျွန်မ ကိုယ့်ဘာသာကိုယ် တွေးမိတာက “နင်နဲ့အတူ စုဝေးပွဲလိုက်သွားရင် ငါ့အလုပ် ကြန့်ကြာသွားမှာ မဟုတ်ဘူးလား။ ပြီးတော့ ဒီပြဿနာကို ဖြေရှင်းဖို့ ငါ ကူညီလိုက်ရင် နင့်အလုပ်ရလဒ်တွေ တိုးတက်လာပြီး ငါ့အလုပ်က နောက်ကျကျန်ခဲ့မှာလေ။ အဲဒီကျရင် တခြားလူတွေက နင့်ကို အထင်ကြီးကြမှာ မဟုတ်ဘူးလား” ပေါ့။ အဲဒါကို တွေးမိတော့ ကျွန်မရဲ့ အခြေအနေ မမှန်ဘူးဆိုတာ သဘောပေါက်လိုက်ပြီး စိတ်နှလုံးထဲကနေ ဘုရားသခင်ဆီ အမြန် ဆုတောင်းလိုက်တယ်။ အရင်က ဖတ်ဖူးတဲ့ ဘုရားနှုတ်ကပတ်တော်တချို့ကို ကျွန်မ တွေးမိတယ်။ “သင်၏အကျိုးအတွက်သာ အစဉ်မလုပ်ဆောင်နှင့်၊ ပြီးလျှင် သင်၏ ကိုယ်ပိုင် အကျိုးစီးပွားကို စဉ်ဆက်မပြတ် ထည့်သွင်းမစဉ်းစားနှင့်။ သင်၏ ဂုဏ်သိက္ခာ၊ ဂုဏ်သတင်း၊ အဆင့်အတန်းတို့အတွက် ဆင်ခြင်စဉ်းစားခြင်း မပြုနှင့်၊ ထို့ပြင် ကိုယ့်ကိုယ်ကျိုးစီးပွားအတွက် ဆင်ခြင်စဉ်းစားခြင်း မပြုနှင့်။ သင်သည် ဘုရားအိမ်တော်၏ အကျိုးစီးပွားကို ရှေ့တန်းတင်၍ ဆင်ခြင်စဉ်းစားရမည်ဖြစ်ပြီး ယင်းကို သင်၏ ဦးစားပေးအဖြစ် ထားရမည်။ ဘုရားသခင်၏ ရည်ရွယ်ချက်များကို သင် အလေးထားသင့်ပြီး။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ မိမိ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများအား ဖယ်ရှားခြင်းအားဖြင့်သာ လွတ်လပ်ခြင်းနှင့် လွတ်မြောက်ခြင်းကို ရရှိနိုင်သည်) ကျွန်မ ချက်ချင်း အသိဝင်လာတယ်။ အသင်းတော်အလုပ်ကို ဦးစားပေးရမယ်၊ ကိုယ်ပိုင် အကျိုးစီးပွားတွေကို စွန့်လွှတ်ပြီး ကိုယ့်တာဝန်ကို ကောင်းကောင်း ဖြည့်ဆည်းရမယ်။ အဲဒီနောက်မှာ ညီအစ်မနဲ့အတူ စုဝေးပွဲကို ကျွန်မ အမြန် လိုက်သွားခဲ့တယ်။ စုဝေးပြီး မိတ်သဟာယဖွဲ့တာကနေတစ်ဆင့် ရေလောင်းအဖွဲ့ခေါင်းဆောင်ရဲ့ အခြေအနေကို ကျွန်မတို့ ဖြေရှင်းပေးနိုင်ခဲ့ကြလို့ ကျွန်မ စိတ်နှလုံးထဲမှာ ငြိမ်သက်ပြီး အေးချမ်းသွားတယ်။
မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။
ဂျိုးဇက်၊ တောင်ကိုရီးယားကျွန်တော်က အသင်းတော်မှာ ဗီဒီယိုလုပ်တဲ့တာဝန်ကို ထမ်းဆောင်ပါတယ်။ အလုပ်တွေများလာတော့ ညီအစ်ကိုမောင်နှမအသစ်တချို့...
လီယင်း တရုတ်နိုင်ငံ၂၀၁၅ခုနှစ် ဩဂုတ်လမှာ၊ မိသားစုနဲ့ ကျွန်မက စင်းကျန်းကို ပြောင်းခဲ့တယ်။ ကွန်မြူနစ်ပါတီက ဝေးဂေါ်လူနည်းစုတွေရဲ့...
ချန်နော့ ပြင်သစ်နိုင်ငံပြီးခဲ့တဲ့နှစ်က လူသစ်နှစ်ယောက်အတွက် အသင်းတော်နှစ်ခုရဲ့အလုပ်ကို ကျွန်မ တာဝန်ယူခဲ့ရတယ်လေ။ တစ်ခါတလေ တခြားမှာ...
လွန်ခဲ့တဲ့ သုံးလေးနှစ်လောက်က အသင်းတော်ခေါင်းဆောင်တွေက ကျွန်တော့်ကို ဗီဒီယိုတွေဖန်တီးဖို့ စီစဉ်ပေးခဲ့ပါတယ်။ အဲဒီအချိန်က...