အခြားသူများကို ပျိုးထောင်ပေးခြင်းမှ ကျွန်တော် ရရှိခဲ့သောအရာ
လီရွှန်၊ တရုတ်နိုင်ငံကျွန်တော်နဲ့ ယန်ချန်က ယင်ကွမ်းအသင်းတော်မှာ စာနဲ့ပတ်သက်တဲ့အလုပ်ကို ကြီးကြပ်ပေးခဲ့ပါတယ်။ ၂၀၂၄ ခုနှစ်၊...
ဘုရား၏ ပေါ်ထွန်းခြင်းကို တောင့်တသည့် ရှာဖွေသူများအားလုံးကို ကျွန်ုပ်တို့ကြိုဆိုပါသည်။
၂၀၁၇ ခုနှစ်မှာ အသင်းတော်ရဲ့ ရှင်းလင်းခြင်းအလုပ်ကို ကျွန်မ တာဝန်ယူခဲ့တယ်။ ဇူလိုင်လ ၂ ရက်နေ့မှာ ခေါင်းဆောင်တွေ၊ အမှုဆောင်တွေနဲ့ ညီအစ်ကိုမောင်နှမ အများကြီး အဖမ်းခံလိုက်ရတယ်။ အဲဒီအချိန်တုန်းက အသင်းတော်မှာ အရေးတကြီး ကိုင်တွယ်ဖြေရှင်းရမယ့် တိုင်စာတချို့ ရှိနေခဲ့တယ်၊ ဒါပေမဲ့ အဲဒီကိစ္စကို ကိုင်တွယ်ဖို့ ပြင်ဆင်ထားတဲ့ လူနည်းစုလေးက အကုန် အဖမ်းခံလိုက်ရတယ်။ ဒီအလုပ်ကို တာဝန်ယူထားတဲ့ ညီအစ်မ ယန်ချန်လည်း အဖမ်းခံလိုက်ရတယ်။ အထက်ခေါင်းဆောင်တွေက တိုင်စာတွေကို ကိုင်တွယ်ဖို့ ကျွန်မကို စီစဉ်ပေးခဲ့တယ်၊ ကျွန်မက နည်းနည်း တွန့်ဆုတ်နေပြီး ကိုယ့်ဘာသာ တွေးမိတယ်၊ “ဒီလူတွေအားလုံးက သူတို့တာဝန်တွေ ထမ်းဆောင်ဖို့ အပြင်ထွက်လွန်းလို့ ရဲတွေက စောင့်ကြည့်တာ၊ ဖမ်းတာကို ခံလိုက်ရတာ။ နေရာတိုင်းမှာ စောင့်ကြည့်ကိရိယာတွေ ရှိနေတာ၊ တချို့ဆို မျက်နှာမှတ်မိတဲ့ စနစ်တောင် ပါသေးတယ်။ ဒီတာဝန်ကိုသာ ငါ လက်ခံလိုက်ရင် ညီအစ်ကိုမောင်နှမတွေနဲ့ ခဏခဏ တွေ့ရမှာ၊ ပြီးတော့ လုံခြုံရေးအရ အန္တရာယ်ရှိတဲ့ လူတချို့နဲ့တောင် အဆက်အသွယ် လုပ်ရဦးမှာ။ စောင့်ကြည့်ကိရိယာတွေကနေ ငါ့ကို မှတ်မိသွားရင် ရဲတွေ ငါ့နောက်လိုက်ပြီး ဖမ်းဖို့ လွယ်သွားမှာ။ စီစီပီက ဘုရားသခင်ကို ယုံကြည်သူတွေကို နိုင်ငံတော်ပုန်ကန်တဲ့ ရာဇဝတ်ကောင်ကြီးတွေလို ဆက်ဆံတာ၊ ဒါကြောင့် ငါသာ အဖမ်းခံရရင် ရိုက်သတ်မခံရရင်တောင် အနည်းဆုံးတော့ ဒုက္ခိတ ဖြစ်သွားမှာ။ ငါ့မှာသာ နောက်ဆက်တွဲ ဝေဒနာတွေ ကျန်ခဲ့ရင် ငါ့ရဲ့ နှောင်းပိုင်းနှစ်တွေမှာ ရုပ်ပိုင်းဆိုင်ရာ ဒုက္ခခံစားရမှာတင် မကဘဲ သူများတွေက အထင်သေးတာ၊ စကားနာထိုးတာတွေကိုပါ ခံရတော့မယ်” ပေါ့။ ပြီးတော့ ရဲတွေက ညီအစ်ကိုမောင်နှမတွေကို ညှဉ်းဆဲဖို့ နှိပ်စက်နည်းပေါင်းစုံ သုံးတာတွေ၊ သူတို့ရဲ့ နည်းလမ်းတွေက တော်တော်ကို ရက်စက်ကြမ်းကြုတ်တာတွေကိုလည်း ကျွန်မ တွေးမိတယ်။ ငါက ဝိညာဉ်ရင့်ကျက်မှုနည်းတော့ နှိပ်စက်တာကို မခံနိုင်ဘဲ ယုဒ ဖြစ်သွားရင် ကယ်တင်ခံရဖို့ အခွင့်အရေး မရှိတော့ဘဲ အပြစ်ပေးတာပါ ခံရမှာ။ စဉ်းစားလေ ကြောက်လေ ဖြစ်လာပြီး ဒီတာဝန်ကို ထမ်းဆောင်ရတာ အရမ်း အန္တရာယ်များတယ်လို့ ခံစားလိုက်ရတယ်။ ကိုယ့်ရဲ့ အခုလက်ရှိတာဝန်ကပဲ ပိုကောင်းတယ်၊ အပြင်ထွက်စရာ မလိုသလို ပိုပြီး ဘေးကင်းတယ်လို့ တွေးမိတယ်။ အဲဒီလိုတွေးပြီးတော့ တာဝန်ကို ကျွန်မ ငြင်းချင်ခဲ့တယ်၊ ဒါပေမဲ့ ဒီတာဝန်ကနေ ထွက်ဖို့ တိုက်ရိုက်ပြောလိုက်တာက ဆင်ခြင်တုံတရား ကင်းမဲ့ရာ ကျနေမှာဆိုတော့ အထက်ခေါင်းဆောင်တွေကို ကျွန်မ ပြန်ပြောလိုက်တယ်၊ ကျွန်မရဲ့ အစွမ်းအစက ညံ့တယ်၊ လူတွေကို ပိုင်းခြားမသိနိုင်ဘူး၊ ကျွန်မရဲ့ အလုပ်စွမ်းဆောင်ရည်က နိမ့်ပြီး ဒီကိစ္စကို ကျွန်မကို ကိုင်တွယ်ခိုင်းရင် အလုပ် နှောင့်နှေးကြန့်ကြာသွားလိမ့်မယ် ဆိုပြီးတော့ပေါ့။ ရက်နည်းနည်းကြာတော့ ခေါင်းဆောင်တွေက ဘုရားသခင်ရဲ့ ရည်ရွယ်ချက်ကို ကျွန်မနဲ့ မိတ်သဟာယပြုဖို့ စာတစ်စောင် ပို့လာတယ်၊ တိုင်စာတွေကို ကိုင်တွယ်ဖို့ လူတစ်ယောက် အရေးတကြီး လိုအပ်နေကြောင်း၊ ဘုရားသခင်ရဲ့ ရည်ရွယ်ချက်ကို ကျွန်မ ထည့်သွင်းစဉ်းစားပေးဖို့ သူတို့ မျှော်လင့်ကြောင်း ပြောထားတယ်။ ဒီတာဝန်ကို ကျွန်မ မရှောင်လွှဲနိုင်တော့ဘူး၊ ဒါနဲ့ မလုပ်ချင်လုပ်ချင်နဲ့ပဲ သဘောတူလိုက်တယ်၊ ဒါပေမဲ့ စိတ်ထဲမှာတော့ “ဘာလို့ ဒီလောက် အန္တရာယ်များတဲ့ တာဝန်ကို ငါ့ကို ပေးရတာလဲ” လို့ တွေးပြီး နည်းနည်း ညည်းညူမိသေးတယ်။ ဒါပေမဲ့ စီစီပီဆီမှာ ကျွန်မရဲ့ ပြစ်မှုမှတ်တမ်း မရှိတာ၊ လောလောဆယ်မှာ ကျွန်မက အသင့်တော်ဆုံးလူ ဖြစ်နေတာတွေကို ပြန်တွေးမိတယ်။ ခေါင်းဆောင်တွေက ကျွန်မရဲ့ လက်တွေ့အခြေအနေကို ဘက်စုံသုံးသပ်ပြီးတော့မှ ဒီအစီအစဉ်ကို လုပ်ခဲ့တာ၊ ဒါကြောင့် ဒီတာဝန်ကို ထမ်းဆောင်ဖို့ ကျွန်မကို စီစဉ်ပေးတာလေ၊ ဒါကို ဘာလို့ ကျွန်မက အမြဲတမ်း ရှောင်လွှဲပြီး ငြင်းချင်နေရတာလဲ။ ကျွန်မရဲ့ အခြေအနေ မမှန်မှန်း သတိပြုမိလိုက်တယ်၊ ဒါနဲ့ ဘုရားသခင်ရဲ့ ရည်ရွယ်ချက်ကို နားလည်အောင် လမ်းပြပေးဖို့ ကိုယ်တော့်ဆီ ဆုတောင်းခဲ့တယ်။
ဘုရားနှုတ်ကပတ်တော် နှစ်ပိုဒ်ကို ကျွန်မ ဖတ်တယ်။ “သင်တို့သည် ‘အကြောင်းမူကား ယခုခဏခံရ၍ ပေါ့ပါးသော ဆင်းရဲခြင်းဒုက္ခသည် အတိုင်းအထက် အလွန်ကြီးမြတ် လေးလံသော နိစ္စထာဝရ ဘုန်းအသရေကို ငါတို့အဖို့ ဖြစ်စေတတ်၏။’ ဟူသော စကားများကို မှတ်မိကောင်း မှတ်မိကြပေလိမ့်မည်။ ဤစကားများကို သင်တို့အားလုံး ယခင်က ကြားခဲ့ကြပြီးဖြစ်သော်လည်း သင်တို့ထဲမှ မည်သူမျှ ယင်းတို့၏ စစ်မှန်သော အဓိပ္ပါယ်ကို နားမလည်ခဲ့ကြပေ။ ယနေ့တွင် သင်တို့သည် ထိုစကားများ၏ စစ်မှန်သောအရေးပါမှုကို လေးလေးနက်နက် သတိပြုမိကြသည်။ ဤစကားများသည် နောက်ဆုံးသောကာလအတွင်း၌ ဘုရားသခင်အားဖြင့် ပြည့်စုံလိမ့်မည်ဖြစ်ပြီး၊ အဆင်းနီသောနဂါးကြီး ခွေလျောင်းရာပြည်တွင် ယင်းနဂါးကြီး၏ လူမဆန်စွာ ညှဉ်းပန်းနှိပ်စက်ခံခဲ့သူများ၌ ပြည့်စုံလိမ့်မည်ဖြစ်သည်။ အဆင်းနီသောနဂါးကြီးသည် ဘုရားသခင်ကို ညှဉ်းပန်းနှိပ်စက်ပြီး၊ သူသည် ဘုရားသခင်၏ရန်သူ ဖြစ်၏။ သို့ဖြစ်၍ ဤပြည်ရှိ လူများသည် ဘုရားသခင်ကို ၎င်းတို့၏ ယုံကြည်မှုကြောင့် အရှက်ကွဲခြင်းနှင့် ညှဉ်းပန်းနှိပ်စက်ခြင်းတို့ကို ခံကြရပြီး အကျိုးဆက်အနေဖြင့် ဤစကားများသည် ဤလူစုတည်းဟူသော သင်တို့၌ ပြည့်စုံလေသည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်၏အမှုသည် လူသားထင်သကဲ့သို့ ရိုးရှင်းပါသလော) “ကောင်းချီးမင်္ဂလာများကို တစ်ရက် နှစ်ရက်အတွင်း မရရှိနိုင်ပေ။ ယင်းတို့ကို အဖိုးအခများစွာမှတစ်ဆင့် ရရှိရမည်ဖြစ်သည်။ ယင်းမှာ၊ သင်တို့သည် စစ်ဆေးခြင်း ကြုံရပြီးဖြစ်သည့် ချစ်ခြင်းမေတ္တာတစ်ခုကို ပိုင်ဆိုင်ရမည်၊ ကြီးမားသောယုံကြည်ခြင်းကို သင်တို့ ပိုင်ဆိုင်ရမည်ဖြစ်ပြီး၊ သင်တို့ ကြိုးပမ်းရရှိဖို့ ဘုရားသခင် တောင်းဆိုသည့် သမ္မာတရားများစွာ ရှိရမည်ဟု ဆိုလိုပေသည်။ ထို့အပြင်၊ သင်တို့သည် ချိုးနှိမ်ခြင်းကိုမခံဘဲ သို့မဟုတ် တိမ်းရှောင်ခြင်း မရှိဘဲ၊ တရားမျှတမှုဘက်သို့ လှည့်ရမည် ဖြစ်ပြီး၊ ဘုရားသခင်ကို ချစ်သော သေသည်အထိ မပြောင်းလဲသည့် စိတ်နှလုံး ရှိရမည်ဖြစ်သည်။ သင့်၌ စိတ်ပိုင်းဖြတ်ချက် ရှိရမည်၊ သင်တို့၏ အသက်စိတ်သဘောထား၌ ပြောင်းလဲမှုများ ဖြစ်ပေါ်ရမည်၊ သင်တို့၏ ဖောက်ပြန်ပျက်စီးခြင်းကို ကုစားရမည်၊ ဘုရားသခင်၏ စီစဉ်ညွှန်ကြားခြင်းများ အားလုံးကို ညည်းညူခြင်းမပြုဘဲ လက်ခံရမည်ဖြစ်ပြီး၊ သေသည်အထိ သင်တို့ ကျိုးနွံနာခံရမည်ဖြစ်သည်။ ဤသည်မှာ သင်တို့ ရရှိသင့်သည့်အရာဖြစ်သည်၊ ဤသည်မှာ ဘုရားသခင်၏အမှု နောက်ဆုံးရည်မှန်းချက်ဖြစ်ပြီး၊ ဤလူစုကို ဘုရားသခင် တောင်းဆိုသည့်အရာ ဖြစ်သည်။ သူသည် သင်တို့ကို ပေးအပ်သည့်အတွက်၊ အပြန်အလှန်အားဖြင့် သင်တို့ကို ဧကန်မုချ တောင်းဆိုလိမ့်မည်ဖြစ်ပြီး၊ သင်တို့နှင့်သက်ဆိုင်၍ သင့်တော်သည့် တောင်းဆိုချက်များ ဧကန်မုချ သူ ပြုလိမ့်မည်ဖြစ်သည်။ ထို့ကြောင့်၊ ဘုရားသခင်ပြုသောအမှုတိုင်း၌ အကြောင်းရင်းရှိ၏၊ ယင်းမှာ ဘုရားသခင်သည် မြင့်မားသော စံနှုန်းနှင့် တင်းကျပ်သော လိုလားချက်များ သတ်မှတ်ပေးသည့် အမှုကို အဖန်အဖန် လုပ်ဆောင်ရသည့် အကြောင်းရင်း ဖြစ်သည်။ သင်တို့သည် ဘုရားသခင်၌ ယုံကြည်ခြင်းဖြင့် ပြည့်သင့်သည်မှာ ဤအရာကြောင့် ဖြစ်သည်။ တိုတိုပြောရလျှင်၊ သင်တို့အနေဖြင့် ဘုရားသခင်၏အမွေဥစ္စာကို ရရှိထိုက်လာနိုင်ကြဖို့အလို့ငှာ ဘုရားသခင်၏အမှုအားလုံးသည် သင်တို့အတွက် လုပ်ဆောင်ခြင်း ဖြစ်သည်။ ဘုရားသခင်ကိုယ်တော်တိုင်၏ ဘုန်းအသရေအတွက်ဟု ပြောနေခြင်းထက် သင်၏ ကယ်တင်ခြင်းအတွက်ဟုလည်းကောင်း၊ ညစ်ညူးသောပြည်တွင် အလွန် အကြီးအကျယ် ဖိစီးနှိပ်စက်ခံရပြီးဖြစ်သည့် ဤလူစုကို စုံလင်အောင်ပြုခြင်းအတွက်ဟုလည်းကောင်း ပြောသည်က ပိုကောင်းပေသည်။ သင်တို့သည် ဘုရားသခင်၏ရည်ရွယ်ချက်ကို နားလည်သင့်ကြပေသည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်၏အမှုသည် လူသားထင်သကဲ့သို့ ရိုးရှင်းပါသလော) အဆင်းနီသော နဂါးကြီးရဲ့ အနှစ်သာရက ဘုရားသခင်ကို မုန်းတီးခြင်းဖြစ်ပြီး ဘုရားသခင်ကို အမြဲတမ်း ဆန့်ကျင်တယ်ဆိုတာကို ဘုရားနှုတ်ကပတ်တော်ကြောင့် ကျွန်မ နားလည်သွားခဲ့တယ်။ ခရစ်ယာန်တွေကို စောင့်ကြည့်ဖို့၊ နောက်ယောင်ခံလိုက်ဖို့နဲ့ ဖမ်းဆီးဖို့ နည်းပညာမြင့် နည်းလမ်းတွေကို အသုံးပြုပြီးတော့ ဘုရားသခင် ရွေးချယ်ထားတဲ့ လူတွေကို ဟန့်တားဖို့နဲ့ နှိပ်စက်ညှဉ်းပန်းဖို့ နည်းလမ်းပေါင်းစုံ ကြိုးစားနေတာ၊ ဘုရားသခင်ရဲ့ အသင်းတော်ကို အမြစ်ဖြတ်ဖို့ အချည်းနှီး ကြိုးစားနေတာတွေကိုလည်း ကျွန်မ နားလည်သွားတယ်။ ဒါပေမဲ့ ဘုရားသခင်က ကျွန်မတို့ရဲ့ ယုံကြည်ခြင်းနဲ့ ချစ်ခြင်းမေတ္တာကို စုံလင်စေဖို့ အဆင်းနီသော နဂါးကြီးရဲ့ နှိပ်စက်ညှဉ်းပန်းမှုကို အသုံးပြုတယ်။ ခေတ်အဆက်ဆက်က တမန်တော်တွေကို ကျွန်မ တွေးမိတယ်။ ဘုရားသခင်ရဲ့ ဧဝံဂေလိတရားကို ဖြန့်ဝေလို့ လောကရဲ့ စွပ်စွဲပုတ်ခတ်တာနဲ့ ကဲ့ရဲ့လှောင်ပြောင်တာတွေကို သူတို့ ခံခဲ့ရတယ်၊ ဒါပေမဲ့ သူတို့အသက်အန္တရာယ် ကြုံရချိန်မှာတောင် ဘုရားသခင်ရဲ့ တာဝန်ပေးစေခိုင်းချက်ကို သူတို့ မစွန့်လွှတ်ခဲ့ကြဘူး။ ဒီလူတွေက ဘုရားသခင်နောက်ကို တကယ်လိုက်ခဲ့ကြတာ။ ကိုယ့်ကိုယ်ကိုယ် ပြန်သုံးသပ်ကြည့်တော့၊ ညီအစ်ကိုမောင်နှမတွေ အဖမ်းခံရတာ၊ တချို့ဆို နှိပ်စက်ခံရတာတွေကို မြင်တဲ့အခါ ကျွန်မက သတ္တိနည်းပြီး ကြောက်လန့်လာခဲ့တယ်။ ကိုယ့်အသက်ကို ကာကွယ်ဖို့အတွက် အသင်းတော်ရဲ့ အကျိုးစီးပွားကို တစ်စက်မှ ထည့်မတွက်ဘဲ တိုင်စာတွေကို ကိုင်တွယ်ဖြေရှင်းတာ မလုပ်ဘဲ တာဝန်ကို ရှောင်လွှဲချင်ခဲ့တယ်။ ကျွန်မက တကယ်ကို တစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်စရာကောင်းလိုက်တာ၊ လူ့သဘာဝ လုံးဝ မရှိဘူး။ အခု ကျွန်မ အဖမ်းမခံရသေးပေမဲ့၊ ကြောက်လွန်းလို့ ကိုယ့်တာဝန်ကို ထမ်းဆောင်ဖို့ သတ္တိတောင် မရှိခဲ့ဘူး။ ကျွန်မက အသက်ကို မက်မောပြီး သေခြင်းတရားကို ကြောက်တဲ့ သူရဲဘောကြောင်သူတစ်ယောက် ဖြစ်မသွားဘူးလား။ ဒီလိုပုံစံနဲ့ ဘယ်လိုလုပ် ဘုရားသခင်ကို ယုံကြည်သူတစ်ယောက်လို့ ပြောနိုင်တော့မှာလဲ။ ဗျာဒိတ်ကျမ်းမှာ ပြောထားတာက သူရဲဘောကြောင်သူတွေဟာ ကောင်းကင်နိုင်ငံတော် တံခါးဝကို ဝင်လို့မရဘူးတဲ့၊ ဒါကြောင့် ကျွန်မသာ ဆက်ပြီး ဒီလောက် သူရဲဘောကြောင်နေပြီး တာဝန်ကို မထမ်းဆောင်ရဲဘဲနဲ့ ကိုယ့်အသက်ကို စိုးရိမ်လို့ ကိုယ့်ကိုယ်ကိုယ် ကယ်တင်ချင်တယ်ဆိုရင် နောက်ဆုံးမှာ ကျွန်မ ဖယ်ရှားရှင်းလင်းခံရမှာပဲ။ ဒီအချိန်မှာ ကျွန်မ နောက်ဆုံးတော့ နားလည်သွားတယ်၊ ဘုရားသခင်က ကျွန်မရဲ့ ယုံကြည်ခြင်းကို စုံလင်စေဖို့နဲ့ ကျွန်မရဲ့ ဖောက်ပြန်ပျက်စီးခြင်းကို သန့်စင်စေဖို့ ဒီပတ်ဝန်းကျင်ကို အသုံးပြုနေတာပဲ၊ ဒါတွေအားလုံးက ကျွန်မရဲ့ ကယ်တင်ခြင်းအတွက်ပဲလေ။
ပြီးတော့ ဘုရားနှုတ်ကပတ်တော် နောက်တစ်ပိုဒ်ကို ကျွန်မ ဖတ်လိုက်တယ် “ဣသရေလလူတို့ကို အဲဂုတ္တုပြည်မှ ဦးဆောင်ခေါ်ထုတ်ဖို့ မောရှေကို ဘုရားသခင် စေလွှတ်ခဲ့သည် ယခင်အချိန်က ထိုသို့သော တာဝန်ပေးစေခိုင်းချက်တစ်ခုကို သူ့အား ဘုရားသခင် ပေးအပ်ခြင်းအပေါ် မောရှေ၏ တုံ့ပြန်ချက်မှာ အဘယ်နည်း။ (အကျွန်ုပ်သည် နှုတ်သတ္တိမရှိဘဲ နှုတ်လေးသောသူ၊ စကားနှေးနှေး ပြောတတ်သောသူ ဖြစ်ပါ၏ဟု သူပြောခဲ့သည်။) သူသည် နှုတ်သတ္တိမရှိဘဲ နှုတ်လေးသောသူ၊ စကားနှေးနှေးပြောသောသူ ဖြစ်သည်ဟူသည့် အနည်းငယ် ဒွိဟဖြစ်ခြင်း သူ့မှာ ရှိခဲ့သည်။ သို့ရာတွင် သူသည် ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်ကို ခုခံခဲ့သလော။ ယင်းကို သူမည်သို့ သဘောထားခဲ့သနည်း။ သူသည် ဝပ်စင်းခဲ့သည်။ ဝပ်စင်းသည်ဆိုသည်မှာ မည်သည့်အဓိပ္ပာယ်နည်း။ ယင်းက ကျိုးနွံနာခံခြင်းနှင့် လက်ခံခြင်းကို ဆိုလိုပါသည်။ သူသည် သူ၏တစ်ကိုယ်ရေ နှစ်သက်လိုလားမှုများကို အလေးမထားဘဲ သူ့ထံတွင် ရှိနိုင်သော မည်သည့် အခက်အခဲများကိုမျှ ထုတ်ဖော်ပြောပြခြင်း မရှိဘဲ ဘုရားသခင် ရှေ့မှောက်တွင် သူ၏ ဖြစ်တည်မှုတစ်ခုလုံးကို ဝပ်စင်းခဲ့သည်။ ဘုရားသခင်က သူ့ကို မည်သည့်အရာ လုပ်ခိုင်းမည်ဖြစ်ပါစေ သူသည် ချက်ချင်း လုပ်မည်ဖြစ်သည်။...သူ စတင်ခဲ့သည်ဆိုသည်မှာ အဘယ်အရာကို ဆိုလိုသနည်း။ ယင်းက သူသည် ဘုရားသခင်ကို စစ်မှန်သော ယုံကြည်ကိုးစားမှု ရှိခဲ့ကြောင်း၊ ဘုရားသခင်အပေါ် စစ်မှန်သော အားကိုးမှုရှိကြောင်းနှင့် ဘုရားသခင်အပေါ် စစ်မှန်သော ကျိုးနွံနာခံမှုရှိကြောင်းကို ဆိုလိုသည်။ သူသည် သူရဲဘောနည်းသူ မဟုတ်သကဲ့သို့၊ သူ့ကိုယ်ပိုင် ရွေးချယ်မှုကို မလုပ်ခဲ့ပေ၊ သို့မဟုတ် ငြင်းဆန်ရန် မကြိုးစားခဲ့ပေ။ ထိုအစား သူသည် အပြည့်အဝ ယုံကြည်ခဲ့ပြီး ယုံကြည်ကိုးစားမှုအပြည့်ဖြင့် သူ့အပေါ် ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်ကို ဆောင်ရွက်ဖို့ စတင်ခဲ့သည်။ ဤကဲ့သို့ သူယုံကြည်ခဲ့သည်။ ‘ဘုရားသခင်က ဤအရာကို တာဝန်ပေးစေခိုင်းပြီးဖြစ်လျှင် အားလုံးသည် ဘုရားသခင် ပြောသကဲ့သို့ လုပ်ဆောင်ပြီးဖြစ်ရမည်။ ဣသရေလလူတို့ကို အဲဂုတ္တုပြည်မှ ထုတ်ဆောင်ရန် ဘုရားသခင်က ကျွန်ုပ်ကို ပြောပြီးဖြစ်သောကြောင့်၊ ကျွန်ုပ်သွားမည်။ ဤသည်မှာ ဘုရားသခင် တာဝန်ပေးစေခိုင်းသည့်အရာ ဖြစ်သည့်အတွက်၊ အမှုပြုဖို့ သူသွားလိမ့်မည်ဖြစ်ပြီး ကျွန်ုပ်ကို သူ ခွန်အားပေးလိမ့်မည်ဖြစ်သည်။ ကျွန်ုပ် ပူးပေါင်းဆောင်ရွက်ဖို့သာ လိုအပ်သည်’ ဟူ၍ဖြစ်သည်။ ဤသည်မှာ မောရှေတွင် ရှိခဲ့သည့် ထိုးထွင်းအမြင်ဖြစ်သည်။ ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု ကင်းမဲ့သောလူများက ၎င်းတို့ကို ဘုရားသခင် ပေးအပ်သည့် အရာများကို မိမိတို့ဘာသာ လုပ်ဆောင်နိုင်သည်ဟု တွေးထင်ကြသည်။ လူတို့တွင် ထိုသို့သော အစွမ်းအစများ ရှိကြသလော။ လုံးဝ မရှိပေ။ လူတို့သည် သူရဲဘောကြောင်ကြလျှင် အဲဂုတ္တုလူမျိုး ဖာရောဘုရင်ကို တွေ့ဆုံရန်ပင် သတ္တိ ကင်းမဲ့ကြလိမ့်မည်။ ၎င်းတို့၏ စိတ်နှလုံးများတွင် ၎င်းတို့က ‘အဲဂုတ္တုလူမျိုး ဖာရောမင်းသည် နတ်ဆိုး ဘုရင်တစ်ပါး ဖြစ်သည်။ သူ့တွင် အမိန့်ပေးစေခိုင်း၍ရသည့် စစ်တပ်ကြီးတစ်တပ်ရှိပြီး စကားတစ်ခွန်းဖြင့် ငါ့ကို သတ်နိုင်သည်။ အလွန်များသည့် ဣသရေလလူမျိုးများကို ငါ အဘယ်သို့ ခေါ်ထုတ်သွားနိုင်မည်နည်း။ အဲဂုတ္တုလူမျိုး ဖာရောမင်းက ငါ့စကားကို နားထောင်မည်လော’ဟု ပြောကြလိမ့်မည်။ ဤစကားများတွင် ငြင်းပယ်ခြင်း၊ အတိုက်အခံလုပ်ခြင်းနှင့် ပုန်ကန်ခြင်းတို့ ပါဝင်သည်။ ထိုစကားများက ဘုရားသခင်ကို ယုံကြည်မှုမရှိခြင်းအား ထင်ရှားစေပြီး ဤသည်မှာ စစ်မှန်သော ယုံကြည်ကိုးစားမှု မဟုတ်ပေ။ ထိုအချိန်က အခြေအနေများသည် ဣသရေလလူမျိုးများအတွက်ဖြစ်စေ၊ မောရှေအတွက်ဖြစ်စေ ကောင်းမွန်ခြင်း မရှိချေ။ အဲဂုတ္တုပြည်ကို ပင်လယ်နီက ပိတ်ဆို့ထားပြီး ယင်းကို ကျော်ဖြတ်ခြင်းသည် ကြီးမားသော အခက်အခဲတစ်ခု ဖြစ်မည်ဖြစ်သောကြောင့် ဣသရေလလူတို့ကို အဲဂုတ္တုပြည်မှ ဦးဆောင်ခေါ်ထုတ်ခြင်းသည် လူသားအမြင်အားဖြင့် တကယ်ကို မဖြစ်နိုင်သည့် လုပ်ဆောင်ချက်တာဝန်တစ်ခု ဖြစ်ပေသည်။ ဤတာဝန်ပေးစေခိုင်းချက်ကို ဖြည့်ဆည်းရန်မှာ မည်မျှ ခက်ခဲမည်ကို မောရှေ အမှန်တကယ်ကို မသိခဲ့၍များ ဖြစ်နိုင်မည်လော။ သူ၏စိတ်နှလုံးထဲတွင် သူသိထားသော်လည်း သူသည် နှုတ်လေးသောသူ၊ စကားနှေးနှေး ပြောတတ်သောသူဖြစ်ကြောင်း၊ မည်သူကမျှ သူ၏စကားကို အလေးထားမည် မဟုတ်ကြောင်းကိုသာ ပြောခဲ့သည်။ ပင်ကိုအားဖြင့် ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်ကို သူ မငြင်းပယ်ခဲ့ချေ။ ဘုရားသခင်က မောရှေကို ဣသရေလလူတို့အား အဲဂုတ္တုပြည်မှ ဦးဆောင်ခေါ်ထုတ်ခိုင်းသည့်အချိန်တွင် သူက ဝပ်စင်းပြီး လက်ခံခဲ့သည်။ အခက်အခဲများကို သူ အဘယ်ကြောင့် ထုတ်ဖော်မပြောခဲ့သနည်း။ ယင်းမှာ တောထဲတွင် နှစ်လေးဆယ်ကြာနေပြီးသည့်နောက် လူ့လောကကြီး၏ ကြီးမားသော အန္တရာယ်များကို သူ မသိခဲ့၍များဖြစ်သလော၊ သို့မဟုတ် အဲဂုတ္တုပြည်၌ အမှုကိစ္စများ ရောက်ရှိပြီးဖြစ်သည့်အခြေအနေကို မသိခဲ့၍များဖြစ်သလော၊ သို့မဟုတ် ဣသရေလလူတို့၏ လက်ရှိအတိဒုက္ခကို မသိခဲ့၍များဖြစ်သလော။ ထိုအရာများကို သူ ရှင်းလင်းစွာ မမြင်နိုင်ခဲ့သလော။ ယင်းမှာ ဖြစ်ပျက်နေခဲ့သည့်အရာ ဖြစ်သလော။ သေချာပေါက် မဟုတ်ချေ။ မောရှေသည် ဉာဏ်ရည်ဉာဏ်စွမ်းရှိပြီး အမြော်အမြင်ရှိသည်။ လူ့လောကထဲတွင် ထိုအရာများကို ကိုယ်တိုင်ကိုယ်ကျ ခံရပြီးကာ တွေ့ကြုံရလျက် ထိုအရာများအားလုံးကို သူသိခဲ့ပြီး သူ မည်သည့်အခါမျှ မမေ့ခဲ့ချေ။ ထိုအရာများအားလုံးကို သူအလွန်ကောင်းစွာ သိခဲ့သည်။ ထို့ကြောင့် ဘုရားသခင် သူ့ကို ပေးသည့် တာဝန်ပေးစေခိုင်းချက်သည် မည်မျှခက်ခဲသည်ကို သူသိခဲ့သလော။ (သိခဲ့ပါသည်။) သူသိခဲ့လျှင် ထိုတာဝန်ပေးစေခိုင်းချက်ကို သူ မည်သို့ လက်ခံနိုင်ခဲ့သနည်း။ သူသည် ဘုရားသခင်ကို ယုံကြည်ကိုးစားမှုရှိခဲ့သည်။ သူ၏တစ်သက်တာ အတွေ့အကြုံဖြင့် ဘုရားသခင်၏ အနန္တတန်ခိုးကို သူယုံကြည်သောကြောင့် ဘုရားသခင်၏ ဤတာဝန်ပေးစေခိုင်းချက်ကို ယုံကြည်ကိုးစားခြင်းအပြည့်ရှိသော စိတ်နှလုံးနှင့်၊ သံသယ စိုးစဉ်းမျှ မရှိဘဲ လက်ခံခဲ့သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ စစ်မှန်စွာ ကျိုးနွံနာခံခြင်းဖြင့်သာလျှင် စစ်မှန်သော ယုံကြည်မှု ရှိနိုင်သည်) ဘုရားသခင်က ဣသရေလလူမျိုးတွေကို အဲဂုတ္တုပြည်ကနေ ဦးဆောင်ခေါ်ထုတ်ဖို့ မောရှေကို အမိန့်ပေးခဲ့တယ်။ အဲဒီအချိန်တုန်းက အဲဂုတ္တုဖာရောဘုရင်က အာဏာအရှိဆုံးဖြစ်ပြီး အရမ်းကို ရက်စက်တယ်။ မောရှေဆီမှာ ဘာမှ မရှိပေမဲ့ ဘုရားသခင်ရဲ့ အမိန့်ကို သူ နာခံနိုင်ခဲ့တယ်။ သူက ဘုရားသခင်အပေါ် စစ်မှန်တဲ့ ယုံကြည်ခြင်းရှိပြီး အရာအားလုံးက ဘုရားသခင်ရဲ့ လက်ထဲမှာ ရှိတယ်၊ ဘုရားသခင် ပြီးမြောက်အောင်မြင်ချင်တဲ့အရာကို ဘယ်အင်အားစုကမှ မဟန့်တားနိုင်ဘူးဆိုတာ ယုံကြည်ခဲ့တယ်။ သူ့စိတ်နှလုံးထဲမှာ ကြောက်ရွံ့တာ၊ စိုးရိမ်တာ မရှိဘူး။ ဖြစ်စဉ်တစ်ခုလုံးမှာ ဘုရားသခင်ရဲ့ အမှုကို ဘုရားသခင် ကိုယ်တိုင်ပဲ လုပ်ဆောင်ခဲ့တယ်ဆိုတာကို ဖြစ်ရပ်မှန်တွေက အတည်ပြုခဲ့တယ်။ ဘုရားသခင်က ကပ်ဘေးဆယ်ပါး ကျရောက်စေခဲ့တယ်၊ ပင်လယ်နီကို နှစ်ခြမ်းကွဲစေခဲ့တယ်၊ နောက်ဆုံးမှာ ဣသရေလလူမျိုးတွေကို အဲဂုတ္တုပြည်ကနေ ခေါ်ထုတ်လာဖို့ မောရှေကို ဦးဆောင်ခဲ့တယ်။ ဒီအဖြစ်အပျက်တွေကို တွေ့ကြုံရတာကနေတစ်ဆင့် မောရှေက ဘုရားသခင်ရဲ့ ကြီးမားတဲ့ တန်ခိုးကို မြင်တွေ့ခဲ့ရတယ်၊ ဒါကြောင့် ဘုရားသခင်အပေါ် သူ့ရဲ့ ယုံကြည်ခြင်းက ပိုလို့တောင် တိုးပွားလာခဲ့တယ်။ ဘုရားသခင်အပေါ်ထားတဲ့ မောရှေရဲ့ ယုံကြည်ခြင်းနဲ့ ယှဉ်လိုက်ရင် ကျွန်မ တကယ်ကို ရှက်မိတယ်။ ခေါင်းဆောင်က တိုင်စာတွေကို ကိုင်တွယ်ဖို့ ကျွန်မကို စီစဉ်ပေးခဲ့ပေမဲ့၊ ကျွန်မက စောင့်ကြည့်ခံရမှာ၊ အဖမ်းခံရမှာကို ကြောက်ပြီးတော့ ဒီတာဝန်ကို ရိုးရိုးလေး ကျိုးနွံနာခံခြင်း မလုပ်နိုင်ခဲ့ဘူး၊ လက်မခံနိုင်ခဲ့ဘူး။ ဒီနည်းပညာမြင့် ကိရိယာတွေက အရမ်းစွမ်းအားကြီးတယ်လို့ ကျွန်မ မြင်ပြီး ရဲတွေဖမ်းတာ ခံရဖို့က အရမ်း လွယ်လွန်းတယ်လို့ ခံစားမိခဲ့တယ်။ အရာအားလုံးက ဘုရားသခင်ရဲ့ လက်ထဲမှာ ရှိတယ်၊ ဘုရားသခင်ရဲ့ အာဏာကို ငါ ယုံကြည်ကိုးစားသင့်တယ်လို့ ကျွန်မ ခဏခဏ ပြောလေ့ရှိပေမဲ့၊ အခု လက်တွေ့အခြေအနေနဲ့ ရင်ဆိုင်ရတဲ့အခါကျတော့ ကျွန်မက သူရဲဘောကြောင်ပြီး ကြောက်လန့်နေတယ်၊ ယုံကြည်ခြင်း လုံးဝ မရှိဘူး။ ဘုရားသခင်ရဲ့ အချုပ်အခြာအာဏာကို ကျွန်မ လုံးဝ မသိဘူးဆိုတာ သတိပြုမိလိုက်တယ်။ နေရာတိုင်းမှာ မျက်နှာမှတ်မိတဲ့ စနစ်ပါတဲ့ စောင့်ကြည့်ကင်မရာတွေ ရှိနေပေမဲ့၊ ကျွန်မ အဖမ်းခံရမလား ဆိုတာက ဘုရားသခင်ရဲ့ အချုပ်အခြာအာဏာနဲ့ အစီအစဉ်တွေအပေါ်မှာပဲ မူတည်တာလေ။ ဒါကို သတိပြုမိလိုက်တာက ကျွန်မကို ယုံကြည်ခြင်း ရှိစေခဲ့ပြီး ဒီအခြေအနေကို ကျော်ဖြတ်ဖို့ ဘုရားသခင်ကို အားကိုးချင်စိတ် ရှိလာတယ်။
တိုင်စာတွေကို ကိုင်တွယ်ဖြေရှင်းနေတုန်းမှာ အသင်းတော်ခေါင်းဆောင်တစ်ယောက်က ကိစ္စတွေကို စုံစမ်းစစ်ဆေးဖို့ ညီအစ်ကိုမောင်နှမတွေနဲ့ တွေ့ဆုံဖို့ ကျွန်မတို့ကို နေ့တိုင်း ခေါ်သွားပေးတယ်၊ ပတ်ဝန်းကျင်က အန္တရာယ်များပေမဲ့ ကျွန်မတို့ ဆုတောင်းပြီး ဘုရားသခင်ကို အားကိုးခဲ့ကြတယ်၊ ပြီးတော့ တိုင်စာတွေကို အောင်မြင်စွာ ကိုင်တွယ်နိုင်ခဲ့ကြတယ်။ ဒီအသင်းတော်ကနေ ထွက်လာပြီးမှ ကျွန်မတို့ သိလိုက်ရတာက ရဲတွေက ဒီခေါင်းဆောင်ကို ဖမ်းဖို့ သူ့ဓာတ်ပုံကို အများပြည်သူ ကြော်ငြာသင်ပုန်းတွေမှာ ကပ်ထားပြီးသားတဲ့၊ ဒါပေမဲ့ သူက အချိန်မီ ပုန်းရှောင်နိုင်ခဲ့လို့ အဖမ်းမခံခဲ့ရဘူး။ ဘုရားသခင်ရဲ့ အလုပ်ကို ဘုရားသခင် ကိုယ်တိုင်ပဲ ကာကွယ်တယ်၊ ပြီးတော့ ကျွန်မတို့ကိုလည်း ကာကွယ်ပေးနေတယ် ဆိုတာကို ကျွန်မ မြင်ခဲ့ရတယ်။ ဒီအတွေ့အကြုံကနေတစ်ဆင့် ကျွန်မ ယုံကြည်ခြင်း တချို့ ရရှိခဲ့တယ်။
၂၀၂၀ ခုနှစ်၊ မတ်လအထိ အချိန်တွေကို ကျော်လိုက်ပြီးရင် ယန်ချန် အဖမ်းခံရပြီးတဲ့နောက် ရဲတွေရဲ့ နှိပ်စက်တာကို ခံခဲ့ရပြီး အာမခံနဲ့ လွတ်လာပြီး မကြာခင်မှာပဲ သေဆုံးသွားခဲ့တယ်လို့ ကျွန်မ သိလိုက်ရတယ်။ အဲဒီနောက် မကြာခင်မှာပဲ၊ စီစီပီက မေလကုန်လောက်မှာ ယုံကြည်သူတွေကို အကြီးအကျယ် နှိမ်နင်းမှု လုပ်တော့မယ်လို့ ကျွန်မ ကြားလိုက်ရပြန်တယ်။ စုဝေးပွဲတစ်ခုမှာ ခေါင်းဆောင်က အရေးတကြီး ကိုင်တွယ်ဖြေရှင်းရမယ့် တိုင်စာတချို့ ရှိနေပေမဲ့၊ လုပ်မယ့်သူ မတွေ့သေးကြောင်း ပြောတယ်။ ခေါင်းဆောင်က စကားပြောရင်းနဲ့ ကျွန်မကို လှမ်းကြည့်လိုက်တယ်။ ရင်ထဲမှာ ဒိန်းခနဲ ဖြစ်သွားပြီးတော့ “ဘာပဲလုပ်လုပ်၊ တိုင်စာတွေကို ကိုင်တွယ်ဖို့သာ ငါ့ကို မခိုင်းနဲ့။ စီစီပီက မေလမှာ နောက်ထပ် အကြီးအကျယ် နှိမ်နင်းမှုတစ်ခု စလုပ်တော့မှာ၊ ပြီးတော့ ဒီနှစ်ပိုင်းတွေမှာ ယုံကြည်သူတွေကို ဖမ်းဖို့ လမ်းတွေ၊ ကြားလမ်းတွေထဲမှာ စောင့်ကြည့်ကင်မရာတွေ အများကြီး ပိုတပ်ထားတာ။ ငါသာ အပြင်မှာ ဆက်ပြီး သွားလာလှုပ်ရှားနေရင် အဖမ်းခံရဖို့ ဖြစ်နိုင်ခြေက အရမ်းများတယ်။ ယန်ချန်ဆို ဒီလောက် ငယ်ငယ်လေးနဲ့ ရဲတွေရဲ့ နှိပ်စက်တာခံရပြီး သေသွားရှာတာ၊ ငါက ယန်ချန်ထက် အသက် ဆယ်နှစ်ကျော် ပိုကြီးတာလေ၊ ငါသာ အဖမ်းခံရရင် နှိပ်စက်တာကို ခံနိုင်ရည် ပိုမရှိနိုင်တော့ဘူး။ မသေရင်တောင် ဒုက္ခိတ ဖြစ်သွားဖို့ များတယ်” လို့ တွေးမိတယ်။ ဒါကို တွေးမိတော့ နည်းနည်း ကြောက်သွားတယ်။ အဲဒီအချိန်မှာပဲ ခေါင်းဆောင်က “အစ်မက အရင်တုန်းက တိုင်စာတွေကို ကိုင်တွယ်ဖူးတော့ ဒီတစ်ခေါက်လည်း အစ်မကိုပဲ သွားစေချင်တယ်။ အစ်မ ဘယ်လိုသဘောရလဲ” လို့ ကျွန်မကို မေးပါလေရော။ ကိုယ့်တာဝန်ကို ရှောင်လွှဲတာဟာ ဘုရားသခင်ရဲ့ ရည်ရွယ်ချက်တွေနဲ့ မညီဘူးဆိုတာ စိတ်ထဲမှာ သိပေမဲ့၊ ဒီတာဝန်က တကယ်ကို အန္တရာယ်များလွန်းတယ်လို့ တွေးမိတာနဲ့ ကျွန်မက “ညီအစ်မ ရှင်ရန်က ပိုင်းခြားသိမြင်မှုရှိပြီး ဘယ်လို မိတ်သဟာယပြုရမလဲဆိုတာ ကောင်းကောင်းသိတယ်။ သူ့ကိုပဲ သွားဖို့ စီစဉ်လို့ ရပါတယ်။ သူကလည်း အနီးအနားက အသင်းတော်မှာ ရှိနေတော့ သူသွားတာ အဆင်ပြေမှာပါ” ဆိုပြီး ဆင်ခြေပေးပြီး ရှောင်လွှဲလိုက်တယ်။ ဒါပေမဲ့ ခေါင်းဆောင်က ရှင်ရန်ဟာ အရင်က တိုင်စာတွေကို မကိုင်တွယ်ဖူးဘူးလို့ ပြောပြီး ကျွန်မကိုပါ သူနဲ့အတူ သွားခိုင်းတယ်၊ ဒါကြောင့် ကျွန်မမှာ သဘောတူဖို့ကလွဲပြီး ရွေးချယ်စရာ မရှိတော့ဘူး။ အဲဒီနောက်မှာ ရှင်ရန်နဲ့အတူ တိုင်စာတွေကို အတည်ပြုဖို့ ညီအစ်ကိုမောင်နှမတွေနဲ့ တွေ့ဖို့ စီစဉ်ခဲ့ပြီးတော့ တိုင်စာသုံးစောင်ကို မြန်မြန်ဆန်ဆန် ကိုင်တွယ်ခဲ့ကြတယ်။
နောက်ပိုင်းမှာ ကိုယ့်ကိုယ်ကိုယ် ပြန်သုံးသပ်ပြီး “အန္တရာယ်ရှိတဲ့ တာဝန်တွေနဲ့ ကြုံရတဲ့အခါ ဘာလို့ ငါက အမြဲတမ်း ကိုယ့်အကြောင်းကိုပဲ အရင်တွေးပြီး တာဝန်ကိုတောင် ရှောင်လွှဲချင်နေရတာလဲ။ ငါ့ကို ဘာက ချုပ်ကိုင်ထားတာလဲ” လို့ တွေးမိတယ်။ နောက်တော့ ဒီဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ကျွန်မ ဖတ်လိုက်တယ်။ “စာတန်သည် နိုင်ငံတော်အစိုးရများ၊ ကျော်ကြားသူများနှင့် ကြီးမြတ်သူများ၏ ပညာရေးနှင့် လွှမ်းမိုးမှုမှတစ်ဆင့် လူတို့ကို ဖျက်ဆီးသည်။ သူတို့၏ ဆိုးယုတ်သော စကားများသည် လူသား၏ ဘဝနှင့် သဘာဝဗီဇ ဖြစ်လာပြီးဖြစ်သည်။ ‘ကိုယ့်အတွက်ပဲ ကိုယ်ကြည့်။ ဘယ်သူသေသေ ငတေမာပြီးရော’ ဆိုသည်မှာ လူတိုင်းအထဲသို့ သွတ်သွင်းပေးထားသည့် လူသိများသော စာတန်၏ ဆိုရိုးတစ်ခုဖြစ်သည်။ ဤဆိုရိုးက လူ့အသက် ဖြစ်လာသည်။ ဤကဲ့သို့သော လောကီဆိုင်ရာ ဆက်ဆံရေးများအတွက် အခြားသော ဒဿနများနှင့်ဆိုင်သည့် စကားများလည်း ရှိသည်။ စာတန်သည် လူတို့ကို ပညာပေးဖို့၊ အထင်အမြင်မှားစေဖို့နှင့် ဖောက်ပြန်ပျက်စီးစေဖို့ နိုင်ငံတစ်နိုင်ငံစီ၏ ရိုးရာယဉ်ကျေးမှုကို အသုံးပြုလျက် လူသားမျိုးနွယ်ကို အတိုင်းမသိ ပျက်စီးခြင်း၏ ချောက်နက်ထဲသို့ ကျဆင်းကာ ဝါးမျိုခံရစေပြီး အဆုံးတွင် လူတို့သည် စာတန်ကိုအစေခံ၍ ဘုရားသခင်ကို ခုခံသောကြောင့် ဘုရားသခင်၏ ဖျက်ဆီးခြင်းကို ခံကြရသည်။...လူသားသည် စာတန်၏ နက်ရှိုင်းစွာ ဖျက်ဆီးခြင်း ခံခဲ့ရသည်။ စာတန်၏ အဆိပ်သည် ခပ်သိမ်းသော လူပုဂ္ဂိုလ်တိုင်း၏ အသွေးထဲ၌ စီးဆင်းနေပြီး လူ၏ သဘာဝက ဖောက်ပြန်ပျက်စီးသည်၊ ကောက်ကျစ်ဆိုးယုတ်သည်၊ ရန်လိုတတ်ပြီး၊ ဘုရားသခင်ကို ဆန့်ကျင်ရာတွင်ရှိကာ စာတန်၏ အတွေးအခေါ်များနှင့် အဆိပ်များဖြင့် ပြည့်ကာ နှစ်မြှုပ်သည်ဟု ဆိုနိုင်ပေသည်။ ယင်းသည် လုံးလုံးလျားလျား စာတန်၏ သဘာဝ အနှစ်သာရ ဖြစ်လာပြီး ဖြစ်သည်။ ထို့ကြောင့်ပင် လူတို့သည် ဘုရားသခင်ကို ခုခံကြပြီး ဆန့်ကျင်ကြခြင်း ဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ လူ့သဘာဝကို သိရှိရန် နည်းလမ်း) ဘုရားနှုတ်ကပတ်တော် ဖော်ထုတ်ချက်တွေကနေတစ်ဆင့်၊ ကိုယ့်တာဝန်ကို ရှောင်လွှဲပြီး ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ အကြိမ်ကြိမ် ကြိုးစားခဲ့တာကို ကျွန်မ သတိပြုမိလိုက်တယ်။ ဘာကြောင့်လဲဆိုတော့ “ကိုယ့်အတွက်ပဲ ကိုယ်ကြည့်။ ဘယ်သူသေသေ ငတေမာပြီးရော” နဲ့ “ကောင်းသောသေခြင်းထက် ဆိုးသောဘဝက ပိုကောင်းသည်” ဆိုတဲ့ စာတန်ဆန်တဲ့ အဆိပ်အတောက်တွေက ကျွန်မစိတ်နှလုံးထဲမှာ အမြစ်တွယ်နေပြီး ကျွန်မရဲ့ သဘာဝ ဖြစ်နေတာ ကြာပြီလေ။ ကိုယ့်အကျိုးစီးပွားနဲ့ ပတ်သက်လာရင် ကိုယ့်အတွက်ပဲ မစဉ်းစားဘဲ မနေနိုင်ဘူး။ အခြေအနေ ဆိုးရွားနေတဲ့အချိန်မှာ တိုင်စာတွေက ပုံလာပြီးတော့ ခေါင်းဆောင်က ဒီတာဝန်ကို ထမ်းဆောင်ဖို့ ကျွန်မကို စီစဉ်ပေးခဲ့ပေမဲ့၊ ကျွန်မက ကိုယ့်အကျိုးစီးပွားကိုပဲ အမြဲတွေးနေခဲ့တာ။ အဖမ်းခံရမှာ၊ ဒုက္ခိတဖြစ်မှာ၊ ဒါမှမဟုတ် ရိုက်သတ်ခံရပြီး ကောင်းတဲ့အဆုံးသတ်နဲ့ ပန်းတိုင် မရှိမှာကို ကျွန်မ ကြောက်ခဲ့တယ်၊ ဒါကြောင့် ကိုယ့်တာဝန်ကို ရှောင်လွှဲဖို့ ဆင်ခြေပေးခဲ့ပြီး ခေါင်းဆောင်က တခြားလူတွေကို မစီစဉ်ပေးဘူးဆိုပြီးတောင် ညည်းညူခဲ့သေးတယ်။ ညီအစ်မ ရှင်ရန်မှာ လုံခြုံရေးအရ အန္တရာယ်တွေ ရှိနေရက်နဲ့ ဒီတာဝန်ကို လိုလိုလားလား ထမ်းဆောင်နေပြီး ကျွန်မကျတော့ အိမ်မှာပဲ နေချင်ပြီး ဒါမှသာ အဖမ်းခံရနိုင်ခြေ နည်းမယ်လို့ ယုံကြည်နေခဲ့တာကို ကျွန်မ တွေးမိတယ်။ ကျွန်မက တကယ်ကို တစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်စရာကောင်းလိုက်တာ၊ လူ့သဘာဝ လုံးဝ မရှိဘူး။ ဘုရားနှုတ်ကပတ်တော်ရဲ့ ရေလောင်းတာနဲ့ ထောက်ပံ့တာတွေကို ကျွန်မ ခံစားခဲ့ရတယ်၊ ဘုရားသခင်ရဲ့ ချစ်ခြင်းမေတ္တာကို အများကြီး ခံစားခဲ့ရတယ်၊ ဒါကြောင့် အရေးကြီးတဲ့ အချိန်တွေမှာ ဘုရားကျေးဇူးကို ပြန်ဆပ်ဖို့ ကိုယ့်တာဝန်ကို ကောင်းကောင်း ထမ်းဆောင်သင့်တာ၊ ပြီးတော့ ညီအစ်ကိုမောင်နှမတွေ ကောင်းမွန်တဲ့ အသင်းတော်အသက်တာနဲ့ တာဝန်ထမ်းဆောင်စရာ နေရာတစ်ခု ရရှိအောင်လို့ အန္တိခရစ်တွေ၊ ဆိုးယုတ်တဲ့သူတွေနဲ့ မယုံကြည်သူတွေကို အသင်းတော်ကနေ အမြန်ဆုံး ရှင်းထုတ်ပစ်သင့်တာ။ ဒါပေမဲ့ အသင်းတော်ရဲ့ အကျိုးစီးပွားကိုပဲဖြစ်ဖြစ်၊ ညီအစ်ကိုမောင်နှမတွေရဲ့ အသက် ဝင်ရောက်မှုကိုပဲဖြစ်ဖြစ် ကျွန်မ ထည့်မတွက်ဘဲ ကိုယ့်လုံခြုံရေးကိုပဲ စဉ်းစားခဲ့တယ်။ ကျွန်မက ဘုရားသခင်ကို သစ္စာဖောက်နေတာ မဟုတ်ဘူးလား။ ဘုရားသခင် ရှေ့မှောက်မှာ အသက်ရှင်ဖို့ ကျွန်မ တကယ်ကို မထိုက်တန်ပါဘူး။ ဒါကို သဘောပေါက်သွားတော့၊ ကျွန်မရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားထဲမှာ ဆက်ပြီး အသက်မရှင်ချင်တော့သလို ဘုရားသခင်ကိုလည်း ဆက်ပြီး မပုန်ကန်ချင်တော့ဘူး။ ကျွန်မရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားကို ဖြေရှင်းဖို့ ဘုရားနှုတ်ကပတ်တော်ထဲမှာ လက်တွေ့လုပ်ဆောင်ရမယ့် လမ်းကြောင်းကို ကျွန်မ ရှာဖွေခဲ့တယ်။
ဒီ ဘုရားနှုတ်ကပတ်တော်တွေကို ကျွန်မ ဖတ်ခဲ့တယ်။ “ဘုရားသခင်သည် သင့်အား သူ၏အိမ်တော်သားအဖြစ်၊ သူ၏အမှုတော် ချဲ့ထွင်ခြင်း၏ အစိတ်အပိုင်းတစ်ခုအဖြစ် သဘောထားသည်။ ဤအခြေအနေတွင် သင့်၌ သင်ထမ်းဆောင်သင့်သည့် တာဝန်ရှိသည်။ သင် လုပ်ဆောင်နိုင်စွမ်းရှိသည့် မည်သည့်အရာမဆို၊ သင်စွမ်းဆောင်ရရှိနိုင်စွမ်းရှိသည့် မည်သည့်အရာမဆိုသည် သင်တာဝန်ရှိသောအရာများဖြစ်ပြီး သင်၏ တာဝန်ဖြစ်သည်။ ယင်းတို့သည် ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်၊ သင်၏ အထူးတာဝန်၊ သင်မဖြစ်မနေလုပ်ဆောင်ရမည်ဖြစ်သော တာဝန်ဖြစ်သည်ဟု ဆိုနိုင်သည်။ တာဝန်များသည် ဘုရားသခင်ထံမှ လာသည်။ ယင်းတို့သည် ဘုရားသခင်က လူအား ပေးအပ်သော ဝတ္တရားများနှင့် တာဝန်ပေးစေခိုင်းချက်များဖြစ်သည်။ ဤသို့ဆိုလျှင် လူက ယင်းတို့အား မည်သို့နားလည်သင့်သနည်း။ ‘ဤသည်မှာ ဘုရားသခင်က ကျွန်ုပ်အား ပေးအပ်ခဲ့သော ကျွန်ုပ်၏ဝတ္တရားနှင့် တာဝန်ပေးစေခိုင်းချက်ဖြစ်သောကြောင့် ယင်းသည် ကျွန်ုပ်၏ တာဝန်နှင့် ဝတ္တရားဖြစ်သည်။ ယင်းကို ကျွန်ုပ် မဖြစ်မနေလုပ်ရမည်ဖြစ်သော တာဝန်အဖြစ်လက်ခံမှသာ မှန်ကန်ပေသည်။ ယင်းကို ကျွန်ုပ် ငြင်းဆို၍မရပေ၊ သို့မဟုတ် ငြင်းပယ်၍မရပေ။ ကျွန်ုပ် ရွေး၍မရပေ။ ကျွန်ုပ်အပေါ်သို့ ကျရောက်သောအရာသည် အသေအချာပင် ကျွန်ုပ်လုပ်ဆောင်သင့်သောအရာ ဖြစ်သည်။ ကျွန်ုပ်သည် ရွေးချယ်မှုတစ်ခုလုပ်ဆောင်ရန် အခွင့်မရှိခြင်းမဟုတ်။ ရွေးချယ်မှု မပြုလုပ်သင့်ခြင်းဖြစ်သည်။ ဤသည်မှာ ဖန်ဆင်းခံတစ်ဦး ရှိသင့်သည့် အသိစိတ်ဖြစ်သည်’ ဟူ၍တည်း။ ဤသည်မှာ ကျိုးနွံနာခံခြင်း သဘောထားတစ်ခုဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ အပိုင်း သုံး) “ဘုရားသခင်က သင့်အပေါ် မည်သည့်အရာ တောင်းဆိုသည်ဖြစ်စေ၊ ယင်းအပေါ် အစွမ်းကုန် သင် အလုပ်လုပ်ရန်သာ လိုအပ်ပြီး၊ သင်သည် အဆုံး၌ ဘုရားသခင်၏ ရှေ့မှောက်သို့ လာနိုင်လိမ့်မည်ဖြစ်ပြီး သူ့အား သင်၏ အဆုံးစွန် ဆည်းကပ်မှုကို ပေးနိုင်လိမ့်မည်ဟု ငါမျှော်လင့်သည်။ ဘုရားသခင်သည် သူ၏ ပလ္လင်ထက်တွင် ထိုင်နေရင်း သူ၏ကျေနပ်နှစ်သက်သော အပြုံးကို သင် မြင်နိုင်သရွေ့၊ ဤအခိုက်အတန့်သည် သတ်မှတ်ထားသည့် သင်၏ သေဆုံးခြင်းအချိန်ဖြစ်လျှင်ပင်၊ သင်၏မျက်လုံးများပိတ်စဉ် သင်သည် ရယ်ကာ ပြုံးနိုင်သင့်ပေသည်။ ကမ္ဘာမြေကြီးပေါ်ရှိ သင်၏ အချိန်ကာလ အတောအတွင်းတွင်၊ သင်သည် ဘုရားသခင်အတွက် သင်၏နောက်ဆုံး တာဝန်ကို လုပ်ဆောင်ရမည်။ အတိတ်တွင် ပေတရုသည် ဘုရားသခင်အတွက် ဇောက်ထိုး ကားစင်တင်ခံခဲ့ရသည်။ သို့သော် သင်သည် အဆုံး၌ ဘုရားသခင်ကို စိတ်ကျေနပ်စေသင့်ပြီး ဘုရားသခင်အတွက် သင်၏အင်အားအလုံးစုံကို သုံးသင့်သည်။ ဘုရားသခင်၏ ကိုယ်စား ဖန်ဆင်းခံတစ်ဦးသည် မည်သည့်အရာ လုပ်ဆောင်နိုင်သနည်း။ ထို့ကြောင့် သူ ဆန္ဒရှိသည်အတိုင်း သင့်ကို စီစဉ်ညွှန်ကြားရန်အတွက် သင်သည် ဘုရားသခင်ထံ သင့်ကိုယ်သင် ကြိုတင်၍ ပေးအပ်သင့်သည်။ ယင်းက ဘုရားသခင်အား ပျော်ရွှင်စေပြီး ကျေနပ်စေသရွေ့၊ သင်နှင့်ပတ်သက်၍ သူ ဆန္ဒရှိသည်အတိုင်း လုပ်ဆောင်ပါလေ့စေ။ လူသားများသည် စောဒကတက်သည့် စကားများ ပြောဆိုရန် မည်သည့်အခွင့်ရှိသနည်း။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ “စကြဝဠာတစ်ခုလုံးထံ ဘုရားသခင်၏ နှုတ်ကပတ်တော်များ” နှင့်သက်ဆိုင်သော နက်နဲမှုများကို ထုတ်ဖော်ချက်များ၊ အခန်း (၄၁)) ဘုရားနှုတ်ကပတ်တော်တွေကို ဆင်ခြင်သုံးသပ်လိုက်တဲ့အခါ၊ ဘုရားအိမ်တော်က ကျွန်မအတွက် ဘယ်လိုတာဝန်ပဲ စီစဉ်ပေးပါစေ၊ အဲဒါက ကျွန်မရဲ့ တာဝန်နဲ့ ဝတ္တရားဖြစ်ပြီး ရှောင်လွှဲလို့မရတဲ့ တာဝန်အဖြစ် ကျွန်မ လက်ခံသင့်တယ်ဆိုတာ နားလည်သွားတယ်။ ကျွန်မတို့ ဘယ်အချိန်မှာ ဘာဒုက္ခခံရမယ် ဆိုတာက ဘုရားသခင် ကြိုတင်သတ်မှတ်ထားပြီးသားပါ။ ဘုရားသခင်က ကျွန်မကို အဖမ်းခံရဖို့ ခွင့်ပြုခဲ့ရင်၊ ဘုရားသခင်ရဲ့ အချုပ်အခြာအာဏာကို ညည်းညူခြင်းမရှိဘဲ ကျွန်မ လိုလိုလားလား ကျိုးနွံနာခံမယ်၊ ဒုက္ခိတဖြစ်သွားရင်တောင်၊ ရိုက်သတ်ခံရရင်တောင် အဆင်းနီသော နဂါးကြီးကို ကျွန်မ ဘယ်တော့မှ အရှုံးပေးမှာ မဟုတ်ဘူး။ အဆင်းနီသော နဂါးကြီးကို အရှက်ခွဲဖို့ ကျွန်မရဲ့ သက်သေခံချက်မှာ ခိုင်ခိုင်မာမာ ရပ်တည်ရမယ်။ သခင်ယေရှုရဲ့ ဧဝံဂေလိတရားကို ဖြန့်ဝေလို့ ကျောက်ခဲနဲ့ ပေါက်သတ်ခံရတာ၊ မြင်းတွေနဲ့ ဆွဲပြီး အသတ်ခံရတာ၊ လွှနဲ့တိုက်ပြီး အသတ်ခံရတာ၊ ကြိုးပေးအသတ်ခံရတာတွေနဲ့ သေဆုံးသွားခဲ့ကြတဲ့ သမိုင်းတစ်လျှောက်က သူတော်စင်တွေကို ကျွန်မ တွေးမိတယ်။ သူတို့က နာနာကျင်ကျင်နဲ့ သေဆုံးသွားခဲ့ပုံရပေမဲ့၊ သူတို့ရဲ့ ဝိညာဉ်တွေက မပျက်စီးသွားခဲ့ဘူး၊ သခင်ယေရှုအတွက် သက်သေခံဖို့ သူတို့ရဲ့ အသက်တွေကို အသုံးပြုခဲ့ကြပြီး ဘုရားသခင်ရဲ့ အသိအမှတ်ပြုတာကို ခံခဲ့ရတယ်။ ဒါနဲ့ ယှဉ်ကြည့်ရင် ကျွန်မက ဘုရားသခင် ပေးသနားထားသမျှကို ပျော်မွေ့ခံစားနေရတဲ့ ဖန်ဆင်းခံတစ်ယောက်အနေနဲ့၊ အန္တရာယ်ရှိတဲ့ အခြေအနေတွေနဲ့ ရင်ဆိုင်ရတဲ့အခါ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ တာဝန်တွေကို ရှောင်လွှဲခဲ့တယ်။ အဲဒီလိုလူမျိုးဟာ ဘုရားသခင်ရဲ့ မျက်မှောက်မှာ သူရဲဘောကြောင်တဲ့ သစ္စာဖောက်တစ်ယောက်ဖြစ်ပြီး၊ ခန္ဓာကိုယ်က ဆက်ပြီး ရုန်းကန်ရှင်သန်နေရင်တောင် အကာသက်သက်ပဲ ဖြစ်မှာ။ သခင်ယေရှု ပြောခဲ့သလိုပေါ့။ “မိမိအသက်ကို တွေ့သောသူသည် အသက်ရှုံးလိမ့်မည်။ ငါ့ကြောင့် မိမိအသက်ရှုံးသောသူမူကား အသက်ကို တွေ့လိမ့်မည်။” (ရှင်မဿဲခရစ်ဝင် ၁၀:၃၉)
၂၀၂၃ ခုနှစ် ဇွန်လမှာ စီစီပီက နောက်ထပ် အကြီးအကျယ် ဖမ်းဆီးမှုတစ်ခု လုပ်ခဲ့ပြန်တယ်၊ ကျွန်မရဲ့ ဇာတိမြို့က အသင်းတော်အတော်များများမှာ လူတစ်ရာကျော် အဖမ်းခံလိုက်ရတယ်။ ညီအစ်ကိုမောင်နှမ တော်တော်များများက ကြောက်ရွံ့မှုတွေနဲ့ နေနေရပြီး ပုံမှန် အသင်းတော်အသက်တာ ဆုံးရှုံးသွားခဲ့ကြတယ်။ အောက်တိုဘာလလယ်လောက်မှာ အဲဒီအသင်းတော်တွေထဲက တစ်ခုမှာ ခရစ်တော်အယောင်ဆောင်သူက လူတွေကို အထင်အမြင်မှားစေတဲ့ ဖြစ်ရပ်တစ်ခု ဖြစ်ပွားခဲ့တယ်၊ ညီအစ်ကိုမောင်နှမ အများကြီး အထင်အမြင်မှားသွားခဲ့ရပြီး ယုဒတစ်ယောက်ရဲ့ သစ္စာဖောက်မှုကြောင့် အသင်းတော်တစ်ခုလုံး ရဲတွေရဲ့ စောင့်ကြည့်တာကို ခံလိုက်ရတယ်။ နောက်ဆက်တွဲအလုပ်တွေကို ကိုင်တွယ်ဖြေရှင်းဖို့ လူတစ်ယောက် အရေးတကြီး လိုအပ်နေတော့ ခေါင်းဆောင်တွေက ကျွန်မကို သွားဖို့ စီစဉ်ချင်ကြတယ်။ အဲဒီအသင်းတော်ရဲ့ အခြေအနေက ဘယ်လောက် ဆိုးရွားနေလဲဆိုတာ တွေးမိတော့၊ နောက်ဆက်တွဲအလုပ်တွေကို ကိုင်တွယ်နေတုန်း အဖမ်းခံရနိုင်ခြေက အရမ်းများတယ်လို့ ခံစားရပြီး နည်းနည်း သတ္တိနည်းပြီး ကြောက်လန့်မိတယ်။ ဒါပေမဲ့ ကျွန်မရဲ့ အရင်အတွေ့အကြုံတွေကို ပြန်တွေးမိပြီးတော့၊ ဒါက ဘုရားသခင်ရဲ့ စီစဉ်ညွှန်ကြားမှုတွေနဲ့ အစီအစဉ်တွေကို ကျွန်မ ကျိုးနွံနာခံနိုင်မလား၊ ကိုယ်တော့်အပေါ် သစ္စာရှိနိုင်မလားဆိုတာကို ကြည့်ဖို့ ဘုရားသခင်ဆီက စမ်းသပ်မှုတစ်ခုပဲဆိုတာ ကျွန်မ သဘောပေါက်လိုက်တယ်။ ဒီတစ်ခါတော့ ဘုရားသခင်ကို ထပ်ပြီး စိတ်ပျက်အောင် မလုပ်ချင်တော့ဘူး၊ ဒါကြောင့် ဒီတာဝန်ကို ကျွန်မ လက်ခံလိုက်တယ်။ နောက်ပိုင်းမှာ ပူးပေါင်းဆောင်ရွက်နေတုန်း အခက်အခဲတချို့ ကြုံခဲ့ရပေမဲ့၊ ဘုရားသခင်ကို အားကိုးပြီး လက်တွေ့လုပ်ဆောင်ခြင်းအားဖြင့် ဘုရားနှုတ်ကပတ်တော် စာအုပ်တွေကို နေရာရွှေ့ပြောင်းတာ အောင်မြင်ခဲ့တယ်၊ ပြီးတော့ ခရစ်တော်အယောင်ဆောင်သူရဲ့ အထင်အမြင်မှားအောင်လုပ်တာကို ခံခဲ့ရတဲ့ ညီအစ်ကိုမောင်နှမ အများစုကို ကယ်တင်နိုင်ခဲ့တယ်။
ဒီအတွေ့အကြုံကနေတစ်ဆင့်၊ ဘုရားသခင်အပေါ် ယုံကြည်ခြင်း ကျွန်မ ပိုရရှိခဲ့တယ်၊ ဘုရားသခင်ရဲ့ အနန္တတန်ခိုးနဲ့ အချုပ်အခြာအာဏာအကြောင်း နားလည်မှုတချို့လည်း ရရှိခဲ့ပြီး စီစီပီရဲ့ သောင်းကျန်းတဲ့ လုပ်ရပ်တွေဟာ ဘုရားသခင်ရဲ့ လက်ထဲမှာပဲ ရှိတယ်ဆိုတာ ကျွန်မ သဘောပေါက်သွားတယ်။ ဘုရားသခင် ပြောခဲ့သလိုပါပဲ။ “ဘုရားသခင်၏ ခွင့်ပြုချက်မပါဘဲ စာတန်သည် ကုန်းမြေပေါ်မှ ရေတစ်စက်၊ သို့မဟုတ် သဲတစ်ပွင့်ကိုပင် အလွယ်တကူ မထိနိုင်ပေ။ ဘုရားသခင်၏ ခွင့်ပြုချက်မပါဘဲ ဘုရားသခင်ဖန်ဆင်းခဲ့သည့် လူသားမျိုးနွယ်ကိုမဆိုထားနှင့်၊ စာတန်သည် ကုန်းမြေပေါ်က ပုရွက်ဆိတ်များကိုပင်လျှင် ထိပါးပိုင်ခွင့်မရှိပေ။ ဘုရားသခင်၏ အမြင်တွင် စာတန်သည် တောင်ပေါ်က နှင်းပန်းများ၊ လေထဲတွင် ပျံနေသည့်ငှက်များ၊ ပင်လယ်ထဲက ငါးများနှင့် ကမ္ဘာမြေကြီးပေါ်က လောက်များထက် နိမ့်ကျသည်။ အရာအားလုံးထဲတွင် ၎င်း၏ကဏ္ဍသည် အရာအားလုံးကို အစေခံရန်၊ လူသားမျိုးနွယ်အတွက် အစေခံရန်နှင့် ဘုရားသခင်၏အမှုနှင့် သူ၏စီမံခန့်ခွဲမှု အစီအစဉ်တို့ကို အစေခံရန်ဖြစ်သည်။ ၎င်း၏သဘာဝက မည်မျှပင် မလိုမုန်းထားတတ်ပါစေ၊ ၎င်း၏အနှစ်သာရက မည်မျှပင် ကောက်ကျစ်ဆိုးယုတ်ပါစေ ၎င်းလုပ်နိုင်သည့် တစ်ခုတည်းသောအရာက ဘုရားသခင်အတွက် အစေခံမှုပေးခြင်းဟူသည့် ၎င်း၏ တာဝန်ကို ကျေပွန်စွာ လိုက်နာရန်နှင့် အဖြည့်ခံတစ်ဦးအနေဖြင့် ကောင်းမွန်စွာ အစေခံရန် ဖြစ်၏။ ယင်းမှာ စာတန်၏ အခြေအမြစ်နှင့် မူလနေရာဖြစ်သည်။ သူ၏ အနှစ်သာရသည် အသက်နှင့် ဆက်စပ်မှုမရှိပေ။ တန်ခိုးနှင့် ဆက်စပ်မှုမရှိပေ။ သြဇာအာဏာနှင့် ဆက်စပ်မှုမရှိပေ။ ၎င်းသည် ဘုရားသခင်၏ လက်ထဲမှ ကစားစရာတစ်ခုမျှသာဖြစ်သည်။ အစေခံမှုအတွက် ဘုရားသခင် အသုံးချသည့် စက်ယန္တရားတစ်လုံးသာ ဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၁))
မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။
လီရွှန်၊ တရုတ်နိုင်ငံကျွန်တော်နဲ့ ယန်ချန်က ယင်ကွမ်းအသင်းတော်မှာ စာနဲ့ပတ်သက်တဲ့အလုပ်ကို ကြီးကြပ်ပေးခဲ့ပါတယ်။ ၂၀၂၄ ခုနှစ်၊...
ယန်ဖင်း တရုတ်နိုင်ငံ အသင်းတော် ခေါင်းဆောင်အနေနဲ့ အရွေးခံလိုက်ရတဲ့နောက်မှာပဲ ဒီအရာ ဖြစ်ခဲ့တာ မှတ်မိတယ်။ အဲဒီကာလ အတောအတွင်းမှာ၊ စီစီပီက...
ကျိုးချိန် တရုတ်နိုင်ငံ ကျွန်တော် အသက် ၄၇ နှစ်ရောက်တော့၊ မျက်စိမှုန်တာ မြန်လာတယ်။ ကိုယ့်မျက်လုံးတွေကို ဂရုမစိုက်ရင်၊ တဖြည်းဖြည်း အမြင်အာရုံ...
ကျုံးကျိန်း၊ တရုတ်ပြည်၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်၊ စနေနေ့၊ နေသာပြီး တိမ်ထူလာသိပ်မကြာသေးခင်က ဟွာရှီးအသင်းတော်က အကြီးအကျယ်...