အခြားသူများနှင့် ပူးပေါင်းလုပ်ဖို့ ကျွန်ုပ်ငြင်းရသည့်အကြောင်းရင်း

30.09.2022

ရဲယွမ် မြန်မာနိုင်ငံ

တစ်နေ့ ဧဝံဂေလိအလုပ်ကို ကြီးကြပ်မယ့် လူတစ်ယောက်ကိုရွေးဖို့ အသင်းတော် ရွေးကောက်ပွဲရှိတယ်။ အံ့ဩစရာကောင်းတာက ရလဒ်တွေကို ကြေညာတော့၊ ညီအစ်ကို မောင်နှမတွေက ကျွန်မကို ရွေးမှန်း သိရတယ်။ စိတ်လှုပ်ရှားမိသလို ဖြစ်မိတယ်။ အရွေးခံရတယ်ဆိုတာက ကျွန်မမှာ အစွမ်းအစရှိပြီး တခြားလူတွေထက် ပိုစွမ်းဆောင်နိုင်တဲ့သဘောပဲလေ။ နည်းနည်းလည်း လန့်မိတယ်။ အလုပ်ကောင်းကောင်း မလုပ်ရင် ကြီးကြပ်ဖို့အတွက် ကျွန်မ မသင့်တော်ဘူးလို့ သူတို့တွေးပြီး ကျွန်မအပေါ် လူတိုင်းရဲ့ ယုံကြည်စိတ်ချမှု ပျက်သွားစေမှာကို ကြောက်မိတယ်။ ညီအစ်ကိုမောင်နှမတွေကို စိတ်မပျက်စေချင်ဘူး။ သူတို့ ကျွန်မကို ရွေးချယ်မှတော့၊ ကျွန်မမှာ အစွမ်းအစကောင်းရှိပြီး စွမ်းဆောင်နိုင်မှန်း၊ ဧဝံဂေလိအလုပ်ကို စေ့ဆော်ပေးနိုင်မှန်း သက်သေပြချင်ခဲ့တယ်။ အဲဒီနောက်မှာ အလုပ်ကို ခေါင်းမဖော်တမ်း လုပ်ခဲ့တယ်။ အဲဒီတုန်းက ကျွန်မအလုပ်ကို အစ်မဝမ်က ကြီးကြပ်နေတာ။ ဒါပေမဲ့ ကျွန်မ သူနဲ့ လုံးဝ မဆွေးနွေး သလောက်ပဲ။ ဘာလုပ်ဖို့ စီစဉ်နေတယ်ဆိုတာကို သူ့ကို မပြောပြဘဲ ကိုယ့်ဘာသာ အမြဲ လုပ်ခဲ့တယ်။ တစ်ခါတလေ သူက ကျွန်မနဲ့ ကိစ္စတွေကို ဆွေးနွေးချင်တဲ့အခါ၊ ကျွန်မနဲ့ ဆက်သွယ်ဖို့ မရနိုင်ခဲ့သလို၊ ကျွန်မရှိတဲ့နေရာကို သူ မေးတဲ့အခါ၊ ကျွန်မလုပ်ခဲ့တဲ့ အလုပ်ရဲ့ အသေးစိတ်အချက်အလက်ကို မပြောပြဘဲ သူ့ကို နှပ်ချဖို့ နည်းလမ်းမျိုးစုံ ရှာခဲ့တယ်။ ကျွန်မတွေးနေမိတာက ကိုယ့်တာဝန်မှာ အောင်မြင်မှုတချို့ရှိတာနဲ့ သူ့ကို ပြောပြမယ်ပေါ့။ အဲဒီလိုနဲ့ ကျွန်မရဲ့ အစွမ်းအစနဲ့ အရည်အချင်း၊ ပြီးတော့ တခြားလူတွေရဲ့ အကူအညီမပါဘဲ အလုပ် ကောင်းကောင်း လုပ်နိုင်တယ်လို့ သူ ချီးမွမ်းမှာလေ။ ကျွန်မကို ရွေးတာ မှန်ကန်တဲ့ ဆုံးဖြတ်ချက်ဖြစ်တယ်၊ အလုပ်ကို တာဝန်ယူနိုင်တယ်လို့ ညီအစ်ကို မောင်နှမတွေက တွေးကြမယ်။ အဲဒီတုန်းက ကျွန်မတို့ အဖွဲ့သား အစ်ကိုယွန်ကျန်းက သူ့တာဝန်မှာ တကယ် စိတ်အားထက်သန်ပြီး၊ သူ့ရဲ့ ဧဝံဂေလိအလုပ်မှာ ကျွန်မထက် ပိုထိရောက်ခဲ့တယ်။ သူ့တာဝန်ကို ကောင်းကောင်းလုပ်တဲ့အတွက် အစ်မဝမ်က သူ့ကို ချီးမွမ်းတာ ကြားတော့ ကျွန်မ နေမထိထိုင်မထိ ဖြစ်သွားတယ်။ ကျွန်မက ကြီးကြပ်ရေးမှူးဖြစ်ပြီး၊ သူက သာမန် ဧဝံဂေလိ ဝန်ထမ်းအဖွဲ့သားတစ်ယောက်လေ။ သူ့တာဝန်မှာ အလိုက်သိတော့၊ ကျွန်မကို အခံရခက်အောင် လုပ်မှာလား။ သူ့ကို ကြီးကြပ်ရေးမှူးအနေနဲ့ တခြားလူတွေက ရွေးကြမှာလားပေါ့။ အဲဒါက ကျွန်မအတွက် အင်မတန် ရှက်စရာဖြစ်မှာပဲ။ ကျွန်မ တကယ်ကို လက်မခံနိုင်ခဲ့ဘူး။

တစ်ခါ၊ ညီမဝမ်က အစ်ကို ယွမ်ကျင်းနဲ့ ကျွန်မကို အလုပ်တစ်ခု အတူတာဝန်ယူခိုင်းတယ်။ ကျွန်မသူနဲ့ မသွားချင်ဘဲ ကိုယ့်ဘာသာ လုပ်ချင်ခဲ့တယ်။ အရင်က၊ သူ့တာဝန်မှာ တက်ကြွတဲ့အတွက် တခြားလူတွေက သူ့ကို ချီးမွမ်းကြတယ်။ ဒါကြောင့် သူ ကျွန်မနဲ့သွားရင်၊ ချီးမွမ်းခံရတာ တစ်ဝက်က သူ့ဟာဖြစ်ရင်၊ ညီအစ်ကို မောင်နှမတွေက သူ့ကို ပိုလို့တောင် အထင်ကြီးကြမှာပဲ။ ဒီအတွေးနဲ့၊ ကျွန်မသွားပြီး ကိုယ့်ဘာသာ လုပ်လိုက်တယ်။ ကျွန်မ အလုပ်ကောင်းကောင်း လုပ်သရွေ့၊ လူတိုင်းက ကျွန်မကို လေးစားပြီး ချီးမွမ်းကြမှာ သေချာတယ်လို့ တွက်ဆရင်းနဲ့ ကျွန်မရဲ့ စွမ်းဆောင်ရရှိမှုတွေကို ချက်ချင်း တိုးပွားစေချင်ခဲ့တယ်။ အဲဒီနောက်မှာ တာဝန်ကို ခေါင်းမဖော်တမ်း လုပ်ခဲ့တယ်။ ဒါပေမဲ့ ဘယ်လောက်ပဲ အလုပ်ကြိုးစားပါစေ၊ ဘယ်လောက် အားအင်သုံးပါစေ၊ အကျိုးမဖြစ်ထွန်းခဲ့ဘူး။ ဘုရားကို ကျွန်မ မကျေနပ်တာတွေ ရှိခဲ့တယ်။ ကျွန်မ ဘယ်လောက်ပဲ အလုပ်ကြိုးစားပါစေ၊ သူ ဘာလို့ ကောင်းချီးမပေးတာလဲပေါ့။ တကယ်ကို မကောင်းတဲ့ အခြေအနေမှာ ကျွန်မရှိပြီး၊ တာဝန်ကို မလုပ်ချင်တော့ဘူး။ ဘာဖြစ်နေတယ်ဆိုတာကို သိတော့ အစ်မဝမ်က ကျွန်မကို မိတ်သဟာယပြုခဲ့တယ်။ “ညီမတာဝန်မှာ ရလဒ်ကောင်းတွေ ရမနေဘူး။ ညီမရဲ့ အလုပ်လုပ်ပုံနဲ့ပတ်သက်လို့ ပြဿနာရှိလား။ ဘာဖြစ်နေတယ်ဆိုတာကို ပေါင်းရုံးပြီး တိုးတက်မှုတွေ လုပ်ဖို့လိုတယ်။ ညီမက ကိုယ့်ဘာသာ အမြဲ လုပ်ချင်တယ်။ အဲဒါ ညီမလုပ်သင့်တဲ့ပုံစံ မဟုတ်ဘူး။ တခြားလူတွေနဲ့ ပူးပေါင်းလုပ်ရမယ်”တဲ့။ ကျွန်မပြဿနာကို သူ ထောက်ပြတာကို ကျွန်မ အတိုက်အခံလုပ်နေမိတယ်။ ကျွန်မအလုပ်လုပ်တဲ့ပုံစံနဲ့ ပတ်သက်လို့ ပြဿနာရှိတယ်လား။ အရင်ကလည်း အဲဒီအတိုင်း လုပ်ခဲ့ပြီး ကောင်းကောင်း လုပ်ခဲ့တာပဲလေ။ အဲဒါက ကျွန်မနည်းလမ်း မှန်ကန်တဲ့သဘောပဲ။ ဘာမှားတာမှ မရှိဘူးလို့ပေါ့။ အဲဒီနောက်မှာ အဲဒီအလုပ်လုပ်တဲ့ပုံစံကိုပဲ ကျွန်မ ဆက်သုံးခဲ့တယ်။ အဲဒီအချိန်အတောအတွင်းမှာ၊ ကောင်းမွန်တဲ့ လက်တွေ့လုပ်ဆောင်မှု လမ်းကြောင်းနဲ့ပတ်သက်လို့ တခြားလူတွေက ကျွန်မကို ဘယ်လိုပဲ မိတ်သဟာယပြုပါစေ၊ ကျွန်မ နားမထောင်ချင်သလို လက်ခံဖို့ လိုလားမနေခဲ့ဘူး။ သူတို့ပြောသလို လုပ်ရင်၊ ရလဒ်တချို့ ရတာနဲ့ ကျွန်မရဲ့ အောင်မြင်မှုတွေက သူတို့အကြံကို လိုက်လုပ်လို့ပဲလို့ သူတို့ပြောချင်ပြောကြမှာလို့ တွေးနေမိခဲ့တယ်။ အဲဒီအခါ ချီးကျူးမှုအားလုံး သူတို့ရသွားမှာ၊ ဘယ်သူက ကျွန်မကို ချီးမွမ်းမှာလဲပေါ့။ ကျွန်မ တကယ်ကို ခေါင်းမာပြီး တစ်ယောက်တည်း ပြုမူချင်ခဲ့တယ်။ မျက်စိတစ်မှိတ်အတွင်း နှစ်ပတ်ကုန်သွားပြီး၊ ဘာကိုမှ ကျွန်မ မပြီးမြောက်သေးဘူး။ ကျွန်မ တကယ်ကို စိတ်ဆင်းရဲသွားတယ်။ နေ့တိုင်း အနားမယူဘဲ ကျွန်မ အလုပ်လုပ်နေခဲ့တာလေ။ ဒီတော့ ဘာလို့ ဘာရလဒ်မှ ရမနေခဲ့တာလဲ။ ပြဿနာရဲ့ ရင်းမြစ်ဘာလဲ မသိပေမဲ့ ကိုယ့်ကိုယ်ကိုယ် မသုံးသပ်သေးဘူး။ နှစ်ပတ်ကြာတော့၊ ညီအစ်ကိုတစ်ယောက်က အပြစ်ဖော်ဆုံးမရင်း ကျွန်မကို မေးတယ်၊ “အစ်မက ကြီးကြပ်ရေးမှူးဆိုပေမဲ့ တခြားလူတွေနဲ့ အလုပ်မလုပ်ဘူး။ တစ်ယောက်တည်း ပြုမူတယ်။ အဲဒီလိုနဲ့ တစ်ခုခုကို ဘယ်လိုလုပ် ပြီးမြောက်နိုင်မှာလဲ။ အဲဒါက ကိစ္စတွေကို ကြန့်ကြာစေတာ မဟုတ်လား။” သူ အဲဒီလိုပြောတာကြားတော့ စိတ်မကောင်းဖြစ်မိပေမဲ့၊ နောက်ပိုင်းမှာ သူမှန်တယ်၊ အဲဒီအတိုင်း ဖြစ်တာပဲလို့ သဘောပေါက်လိုက်တယ်။ တခြားလူတွေနဲ့ အလုပ်လုပ်ဖို့လိုတယ်လို့ ညီအစ်ကို မောင်နှမတွေက အကြိမ်ကြိမ် သတိပေးခဲ့ကြပေမဲ့၊ ကိုယ့်ဘာသာ ကျွန်မ ဆက်လုပ်နေမိတယ်။ အလုပ်က အကျိုးမဖြစ်ထွန်းသလို နှောင့်နှေးသွားတယ်ဆိုတဲ့ သဘောပဲ။ အဲဒါကို သဘောပေါက်တော့ အပြစ်ရှိတဲ့စိတ် ခံစားရပြီး အပြောင်းအလဲလုပ်ချင်ခဲ့တယ်။

ကိုယ့်ပြဿနာအကြောင်း နောက်ပိုင်းမှာ ခေါင်းဆောင်ဆီ ဖွင့်ပြောခဲ့တယ်။ သူက ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ် ပို့တယ်။ “ဘုရားသခင်၏ အိမ်တော်တွင် လူတို့သည် ၎င်းတို့၏ လောကီ အတွေးအမြင်များဖြင့် အသက်ရှင်ကြပြီး၊ ၎င်းတို့၏ ကိုယ်ပိုင် အယူအဆများ၊ လိုအင်ဆန္ဒများ၊ တောင့်တမှုများ၊ တစ်ကိုယ်ကောင်းဆန်သော ကြံရွယ်ချက်များ၊ ၎င်းတို့၏ ကိုယ်ပိုင် ဆုကျေးဇူးများနှင့် အချင်းချင်း သင့်မြတ်ရာတွင် လိမ္မာပါးနပ်မှုတို့ကို အားကိုးလျှင် ဤသည်မှာ ဘုရားသခင်၏ ရှေ့မှောက်တွင် အသက်ရှင်ဖို့ နည်းလမ်းမဟုတ်သကဲ့သို့၊ ၎င်းတို့သည် စည်းလုံးညီညွတ်မှုကို မရရှိနိုင်ပေ။ ဤသည်မှာ အဘယ့်ကြောင့်နည်း။ အကြောင်းမှာ လူတို့သည် ဆိုးယုတ်သော စိတ်သဘောထားဖြင့် အသက်ရှင်သောအခါ စည်းလုံးညီညွတ်မှုကို မရရှိနိုင်သောကြောင့်ဖြစ်သည်။ သို့ဆိုလျှင် ဤအရာ၏ အဆုံးစွန်သော အကျိုးဆက်ကား အဘယ်နည်း။ ဘုရားသခင်သည် ထိုသူတို့အပေါ်တွင် အလုပ်မလုပ်ပေ။ ဘုရားသခင်၏ အမှုတော်မပါဘဲ လူတို့သည် ၎င်းတို့၏ ကိုယ်ပိုင် မစို့မပို့ အရည်အချင်းနှင့် တတ်သိမှု၊ ၎င်းတို့၏ ကျွမ်းကျင်မှု အနည်းငယ်နှင့် ၎င်းတို့ ရရှိထားသော အသိပညာနှင့် အတတ်ပညာပိုင်း ကျွမ်းကျင်မှုအနည်းငယ်ကို အားကိုးပါက၊ ၎င်းတို့သည် ဘုရားသခင်၏ အိမ်တော်တွင် အပြည့်အဝ အသုံးတည့်ရန် အလွန်ခက်ခဲမည်ဖြစ်ပြီး၊ သူ၏ အလိုတော်နှင့်အညီ ပြုမူလုပ်ဆောင်ရန် အလွန်ခဲယဉ်းသည်ကို တွေ့ရလိမ့်မည်။ ဘုရားသခင်၏အမှုတော်မပါဘဲ၊ သင်သည် ဘုရားသခင်၏ အလိုတော်၊ ဘုရားသခင်၏သတ်မှတ်ချက်များ၊ သို့မဟုတ် လက်တွေ့လုပ်ဆောင်မှု စည်းမျဉ်းများကို မည်သည့်အခါမျှ နားလည်နိုင်မည်မဟုတ်ပေ။ သင်သည် သင်၏တာဝန်များကို ထမ်းဆောင်ခြင်း၏ လမ်းကြောင်းနှင့် စည်းမျဉ်းများကို သိလိမ့်မည်မဟုတ်သကဲ့သို့၊ ဘုရားသခင်၏ အလိုတော်နှင့်အညီ မည်သို့ပြုမူရမည်၊ သို့မဟုတ် မည်သည့်လုပ်ရပ်များက သမ္မာတရား၏ စည်းမျဉ်းများကို ချိုးဖောက်ပြီး ဘုရားသခင်ကို ခုခံသည်ကို သင် မည်သည့်အခါမျှ သိမည် မဟုတ်ပေ။ ဤအရာများထဲမှ တစ်ခုမျှ သင့်အတွက် ရှင်းရှင်းလင်းလင်း ရှိမည် မဟုတ်ပါက၊ သင်သည် စည်းကမ်းများကို ကြောင်းကျိုးမမြင် လိုက်နာပြီး လိုက်လျှောက်ရုံမျှသာ ဖြစ်သည်။ ထိုသို့သောစိတ်ရှုပ်ထွေးမှုဖြင့် သင်၏တာဝန်များကို ထမ်းဆောင်သည့်အခါ သင် ကျရှုံးဖို့ သေချာပေသည်။ သင်သည် ဘုရားသခင်၏ နှစ်သက်လက်ခံမှုကို မည်သည့်အခါမျှ ရရှိလိမ့်မည်မဟုတ်သကဲ့သို့၊ သင့်ကို ဘုရားသခင်က စက်ဆုပ်ရွံရှာပြီး ငြင်းပယ်ဖို့ သေချာပြီး သင်သည် ဖယ်ရှားခံရလိမ့်မည်ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ သဟဇာတဖြစ်သော ပူးပေါင်းဆောင်ရွက်ခြင်းနှင့်ပတ်သက်၍) ကိုယ့်ကျွမ်းကျင်မှုနဲ့ ပါးနပ်တဲ့ လှည့်ကွက်လေးတွေကို အမှီပြုပြီး တာဝန်ကို တစ်ကိုယ်ကောင်းဆန်ဆန် လုပ်လို့မရသလို၊ ကိုယ့်စိတ်ဆန္ဒတွေနောက်ပဲ လိုက်လို့မရမှန်း ဘုရားနှုတ်ကပတ်တော်ကနေ သဘောပေါက်ရတယ်။ ညီအစ်ကို မောင်နှမတွေနဲ့ အတွဲညီညီ အလုပ်လုပ်ရမယ်၊ ကိစ္စတွေကို ဆွေးနွေးပြီး လူတိုင်းနဲ့ သဘောတူညီချက် ရှိရမယ်။ မဟုတ်ရင် သန့်ရှင်းသော ဝိညာဉ်တော်က အလုပ်လုပ်မှာ မဟုတ်သလို၊ ကျွန်မတာဝန်ကို ဘုရားကောင်းချီးပေးမှာ မဟုတ်ဘူး။ ဒါပေမဲ့ ကျွန်မအတွက်တော့၊ ကြီးကြပ်ရေးမှူးအနေနဲ့ အရွေးခံရကတည်းက အဲဒါက ထူးခြားတဲ့သူတစ်ယောက်ဖြစ်စေပြီး၊ ကျွန်မမှာ အားသာချက်တချို့ ရှိတဲ့သဘောလို့ ကျွန်မ ခံစားခဲ့တယ်။ ကျွန်မ ထင်ပေါ်ပြီး တခြားလူတွေရဲ့ လေးစားမှုနဲ့ လက်ခံမှုရအောင်လို့ တစ်ကိုယ်တည်း ပြုမူပြီး ညီအစ်ကို မောင်နှမတွေနဲ့ ပူးပေါင်းမလုပ်ခဲ့ဘူး။ ပြီးတော့ ကျွန်မရဲ့ ကြီးကြပ်ရေးမှူးနဲ့ အလုပ်ကို သိပ်မဆွေးနွေးခဲ့သလို၊ သူ့ကို မပြောပြဘဲ ပရောဂျက်တွေကိုတောင် အပြင်ထွက်လုပ်ခဲ့တယ်။ ကိုယ့်ရဲ့ အစွမ်းအစနဲ့ စွမ်းဆောင်ရည်အတွက် သူကျွန်မကို ချီးမွမ်းအောင်နဲ့ ကြီးကြပ်ရေးမှူးအဖြစ် ရာထူးနဲ့ညီအောင် နေတယ်လို့ ထင်အောင်လို့ တစ်ခုခု စွမ်းဆောင်ပြီးတဲ့နောက်မှပဲ ပြောပြချင်ခဲ့တယ်။ ဒါပေမဲ့ စည်းမျဉ်းတွေမရှာခဲ့လို့ ကျွန်မတာဝန်က အကျိုးမဖြစ်ခဲ့သလို၊ ကောင်းချီးမပေးတဲ့အတွက် ဘုရားနဲ့ ငြင်းခုံ၊ အပြစ်တင်ရင်းနဲ့ ယုတ္တိမတန်တောင် ဖြစ်ခဲ့တယ်။ ကိုယ့်တာဝန်ကိုတောင် ရပ်လိုက်ချင်ခဲ့တယ်။ ကျွန်မ တကယ်ကို အသိစိတ်မဲ့ခဲ့တယ်။ ကိုယ့်ရဲ့ တစ်ကိုယ်ကောင်းဆန်တဲ့ စိတ်ဆန္ဒတွေကို ဖြည့်ဆည်းဖို့ တာဝန်မှာ တစ်ကိုယ်တည်း ဆောင်ရွက်တာ၊ စည်းမျဉ်းတွကို မရှာတာ၊ တခြားလူတွေနဲ့ အလုပ်မလုပ်တာက တာဝန်ဟာ ဘယ်တော့မှ ကောင်းကောင်း လုံးဝ ပြီးမှာမဟုတ်တဲ့ သဘောပဲ။ ကျွန်မရဲ့ အပြုအမူကလည်း ဘုရားအတွက် စက်ဆုပ်စရာ ဖြစ်ခဲ့ပြီး၊ အချိန်မီမပြောင်းလဲရင် သူ ကျွန်မကို စွန့်ပစ်မှာပဲ။ ဒါတွေအားလုံး သဘောပေါက်တော့၊ ချက်ချင်း ဆုတောင်းလိုက်တယ်၊ “ဘုရားသခင်၊ အခု တခြားလူတွေနဲ့ မပူးပေါင်းဘဲ တစ်ကိုယ်တည်း အလုပ်လုပ်တာက ကိုယ်တော် မကြိုက်တဲ့ အရာဖြစ်မှန်း မြင်နိုင်ပါပြီ။ အချိန်မီ ပြန်လှည့်ဖို့၊ တခြားလူတွေနဲ့ လက်တွဲညီညီ အလုပ်လုပ်ဖို့ ကျွန်မကို လမ်းပြပြီး ကူညီတော်မူပါ”လို့ပေါ့။

ဒါကို ဘုရားနှုတ်ကပတ်တော်မှာ ဖတ်ရတယ်။ “‘သဟဇာတဖြစ်သော ပူးပေါင်းဆောင်ရွက်မှု’ ဟူသော စကားလုံးများသည် ဆိုလိုရင်းအဓိပ္ပာယ်အတိုင်း နားလည်ရန် လွယ်ကူသော်လည်း လက်တွေ့လုပ်ဆောင်ရန် ခက်ခဲသည်။ ဤစကားများ၏ လက်တွေ့ကျသော သဘောထားကို အသက်ရှင်နေထိုင်ဖို့မှာ လွယ်ကူသည့်အရာ မဟုတ်ချေ။ အဘယ်ကြောင့် မလွယ်ကူသနည်း။ (လူများ၌ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား ရှိသောကြောင့် ဖြစ်ပါသည်။) မှန်ပေသည်။ လူသား၌ မာနထောင်လွှားခြင်း၊ ဆိုးယုတ်ခြင်း၊ ခေါင်းမာခြင်း စသည်တို့ကဲ့သို့ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ရှိကြပြီး ဤအရာများက သမ္မာတရားကို ၎င်းတို့၏ လက်တွေ့လုပ်ဆောင်မှုအား နှောင့်ယှက်ဟန့်တားကြသည်။ သင်သည် အခြားသူများနှင့် ပူးပေါင်းဆောင်ရွက်သည့်အခါ၊ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားအမျိုးမျိုးကို သင် ထုတ်ဖော်ပြသည်။ ဥပမာအနေဖြင့် သင်က ‘ကျွန်ုပ်ကို ထိုလူနှင့် သင်ပူးပေါင်းဆောင်ရွက်စေသည်။ သို့သော် သူသည် တာဝန်ထမ်းဆောင်နိုင်သလော။ ကျွန်ုပ်က အစွမ်းအစ မရှိသည့်သူတစ်ဦးနှင့် ပူးပေါင်းဆောင်ရွက်လျှင် လူများက ကျွန်ုပ်ကို အထင်သေးမည် မဟုတ်လော’ ဟု တွေးသည်။ ပြီးလျှင် တစ်ခါတစ်ရံတွင် ‘ထိုလူသည် အလွန် ထင်ရာမြင်ရာလုပ်ပြီး ကျွန်ုပ်ပြောသည့်အရာကို သူနားမလည်ပေ’ သို့မဟုတ် ‘ကျွန်ုပ်ပြောစရာရှိသည့်အရာသည် စဉ်းစဉ်းစားစားဖြစ်ပြီး ထိုးထွင်းအမြင်ရှိသည်။ သူတို့ကို ပြောလိုက်ပြီး သူတို့ဘာသာသူတို့ လုပ်ဆောင်စေလျှင်၊ ကျွန်ုပ် ထင်ပေါ်ပါဦးမည်လော။ ကျွန်ုပ်၏အဆိုပြုချက်သည် အကောင်းဆုံးဖြစ်သည်။ ယင်းကို ကျွန်ုပ်ပြောသာပြောလိုက်ပြီး တိုးတက်ပြောင်းလဲအောင် ၎င်းတို့အား လုပ်ဆောင်ခွင့် ပေးလိုက်လျှင်၊ ကျွန်ုပ်၏ဖြည့်ဆည်းမှု ဖြစ်သည်ကို မည်သူက သိမည်နည်း’ ဟုပင် သင်တွေးနိုင်သည်။ ထိုသို့သော အတွေးများနှင့် ထင်မြင်ချက်များ၊ ထိုသို့သော ဆိုးယုတ်သော စကားများကို ကြားနေကျ၊ မြင်နေကျဖြစ်သည်။ သင်၌ ထိုသို့သော အတွေးများနှင့် ထင်မြင်ချက်များ ရှိလျှင်၊ သင်သည် အခြားသူများနှင့် ပူးပေါင်းဆောင်ရွက်ဖို့ လိုလားသလော။ သင်သည် သဟဇာတဖြစ်သော ပူးပေါင်းဆောင်ရွက်ခြင်းကို စွမ်းဆောင်ရရှိနိုင်သလော။ ယင်းမှာ မလွယ်ကူပေ။ စိန်ခေါ်မှုအတိုင်းအတာ ရှိသည်။ ‘သဟဇာတဖြစ်သော ပူးပေါင်းဆောင်ရွက်ခြင်း’ ဟူသည့် စကားများသည် ပြောရန် လွယ်ကူသည်။ သင်၏ နှုတ်ကိုသာ ဖွင့်လိုက်ပါ၊ ထိုစကားများ ချက်ချင်းထွက်လာပေသည်။ သို့သော် ယင်းတို့ကို လက်တွေ့လုပ်ဆောင်ဖို့ အချိန်ကျလာသည့်အခါ၊ သင့်ထဲ၌ တားဆီးပိတ်ပင်မှုများ ဘွားခနဲ အမြောက်အမြား ပေါ်လာလေသည်။ သင်သည် ဟိုဟိုသည်သည် တွေးလေသည်။ တစ်ခါတစ်ရံတွင် သင်သည် စိတ်ကောင်းဝင်နေသည့်အခါ၊ အခြားသူများနှင့် မိတ်သဟာယအနည်းငယ် ပြုနိုင်ကောင်း ပြုနိုင်ဦးမည်ဖြစ်သော်လည်း၊ သင်၏ စိတ်အခြေအနေ မကောင်းသကဲ့သို့၊ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားအားဖြင့် နှောင့်ယှက်ခံရလျှင်၊ သင် လုံးဝ လက်တွေ့လုပ်ဆောင်နိုင်လိမ့်မည် မဟုတ်ပေ။ ခေါင်းဆောင်များအနေဖြင့် လူအချို့သည် မည်သူနှင့်မျှ ပူးပေါင်းဆောင်ရွက်နိုင်ခြင်း မရှိပေ။ ၎င်းတို့သည် အခြားသူများကို အစဉ် အထင်သေးသည်။ အခြားသူများနှင့်ပတ်သက်၍ အစဉ် ဇီဇာကြောင်သည်။ ပြီးလျှင် အခြားသူများ၏ အားနည်းချက်များကို ၎င်းတို့မြင်သည့်အခါ၊ ထိုလူများကို ၎င်းတို့ ဝေဖန်အပြစ်တင်ပြီး တိုက်ခိုက်လေသည်။ ဤအရာက ထိုသို့သော ခေါင်းဆောင်များကို အကျင့်ပျက်သောသူများ ဖြစ်စေပြီး ၎င်းတို့သည် လူစားထိုး ခံကြရသည်။ ‘သဟဇာတဖြစ်သော ပူးပေါင်းဆောင်ရွက်ခြင်း’ ဟူသည့် စကားများသည် မည်သည့်အရာကို ဆိုလိုသည်ကို ၎င်းတို့နားမလည်ကြသလော။ အမှန်မှာမူ ၎င်းတို့သည် အတော်အတန် နားလည်ကြသော်လည်း၊ ယင်းတို့ကို လက်တွေ့လုပ်ဆောင်နိုင်ခြင်း တကယ်ကို မရှိကြပေ။ ၎င်းတို့သည် အဘယ်ကြောင့် လုပ်တွေ့လုပ်ဆောင်နိုင်ခြင်း မရှိကြသနည်း။ အကြောင်းမှာ ၎င်းတို့သည် ဂုဏ်အဆင့်အတန်းကို အလွန် ချစ်မြတ်နိုးပြီး ၎င်းတို့၏ စိတ်သဘောထားသည် အလွန် မာနထောင်လွှားသောကြောင့် ဖြစ်သည်။ ၎င်းတို့သည် ကြွားဝါလိုကြသည်။ ၎င်းတို့ ဂုဏ်အဆင့်အတန်း ရရှိသောအခါ၊ အခြားသူများလက်ထဲ ကျရောက်သွားပြီး ၎င်းတို့ တကယ့်အာဏာ မရှိဘဲ ကျန်ရစ်မည်ကို စိုးရွံ့သည့်အတွက်၊ ယင်းကို လက်လွှတ်ကြမည် မဟုတ်ချေ။ အခြားသူများ၏ ဖယ်ကြဉ်ခြင်းကို ခံရပြီး အထင်ကြီးလေးစားခြင်း မခံရမည်ကိုလည်းကောင်း၊ ၎င်းတို့၏စကားများသည် အာဏာ၊ သို့မဟုတ် ဩဇာမရှိမည်ကိုလည်းကောင်း စိုးရွံ့ကြသည်။ ယင်းမှာ ၎င်းတို့ စိုးရွံ့သည့်အရာဖြစ်သည်။ ၎င်းတို့သည် မည်မျှ မာနထောင်လွှားကြသနည်း။ ၎င်းတို့သည် မိမိတို့၏ အသိစိတ်များ ပျောက်ဆုံးပြီး ထင်ရာမြင်ရာ မဆင်မခြင် လုပ်ရပ်ကို လုပ်ဆောင်ကြသည်။ ပြီးလျှင် ယင်း၏ ရလဒ်မှာ အဘယ်နည်း။ ၎င်းတို့သည် မိမိတို့၏ တာဝန်ကို ညံ့ဖျင်းစွာ ထမ်းဆောင်ရုံသာမက၊ ၎င်းတို့၏ လုပ်ရပ်များသည်လည်း ဖျက်လိုဖျက်ဆီးလုပ်ခြင်းနှင့် နှောင့်ယှက်ခြင်းတို့ကို ဖြစ်စေသည်။ ၎င်းတို့သည် ရာထူးပြောင်းရွှေ့ခြင်းနှင့် လူစားထိုးခြင်း ခံကြရသည်။ ငါ့ကိုပြောလော့။ ထိုသို့သော စိတ်သဘောထားရှိသည့် ထိုသို့သော လူတစ်ဦးသည် တာဝန်တစ်ခုကို ထမ်းဆောင်ဖို့ သင့်တော်သည့် နေရာတစ်ခုတလေ ရှိသလော။ ၎င်းတို့ကို မည်သည့်နေရာတွင် ထားပါစေ၊ ၎င်းတို့၏ တာဝန်ကို ကောင်းစွာ ထမ်းဆောင်လိမ့်မည် မဟုတ်သည်ကို ငါစိုးရွံ့သည်။ ၎င်းတို့သည် အခြားသူများနှင့် ပူးပေါင်းဆောင်ရွက်နိုင်ခြင်း မရှိပေ။ သို့ဆိုလျှင် ၎င်းတို့သည် တာဝန်တစ်ခုကို မိမိတို့ဘာသာ ကောင်းစွာ ထမ်းဆောင်နိုင်လိမ့်မည်ဟု ဆိုလိုသလော။ သေချာပေါက် မဟုတ်ချေ။ ၎င်းတို့သည် မိမိတို့ဘာသာ တာဝန်တစ်ခုကို ထမ်းဆောင်လျှင်၊ ပို၍ပင် ချုပ်တည်းမှုနည်းလိမ့်မည် ဖြစ်သည်။ ထင်ရာမြင်ရာ မဆင်မခြင် လုပ်ရပ်ကို ပို၍ပင် လုပ်နိုင်စွမ်းရှိလိမ့်မည်ဖြစ်သည်။ သင်၏တာဝန်ကို သင် ကောင်းစွာ ထမ်းဆောင်နိုင်ခြင်း ရှိမရှိသည် သင်၏ ပင်ကိုစွမ်းရည်များ၊ သင်၏အစွမ်းအစ ကြီးမားခြင်း၊ သင်၏ လူ့သဘာဝ၊ သင်၏ စွမ်းရည်များ၊ သို့မဟုတ် သင်၏ ကျွမ်းကျင်မှုများနှင့် သက်ဆိုင်သော ကိစ္စတစ်ခုမဟုတ်ပေ။ ယင်းမှာ သင်သည် သမ္မာတရားကို လက်ခံသူတစ်ဦး ဟုတ်မဟုတ်နှင့် သမ္မာတရားကို သင်လက်တွေ့လုပ်ဆောင်နိုင်ခြင်း ရှိမရှိတို့အပေါ်တွင် မူတည်လေသည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ လျော်ကန်သော တာဝန်ဖြည့်ဆည်းခြင်းသည် လိုက်ဖက်ညီသော ပူးပေါင်းလုပ်ဆောင်ခြင်း လိုအပ်သည်) တာဝန်မှာ တခြားလူတွေနဲ့ မပူးပေါင်းတာက မာနထောင်လွှားတဲ့ စိတ်သဘောထားကနေ လာမှန်း ဘုရားနှုတ်ကပတ်တော်က ပြောတယ်။ ဘုရားက ကျွန်မတို့ အချင်းချင်း ကူညီနိုင်ဖို့၊ ကျွန်မတို့အားနည်းချက်တွေကို တခြားလူတွေက ထေမိနိုင်အောင် လက်တွဲညီညီ လုပ်စေချင်တယ်။ အဲဒါက ကျွန်မတို့ရဲ့ ဖောက်ပြန်ပျက်စီးခြင်းကို ထိန်းချုပ်ဖို့လည်း ကူညီပေးတယ်။ အဲဒါ ကျွန်မတို့နဲ့ အလုပ်အတွက် အကျိုးရှိတယ်။ ဒါပေမဲ့ ကျွန်မက အရမ်းမာနကြီးခဲ့တယ်။ ဘယ်သူနဲ့မှ ပူးပေါင်းစရာမလိုဘူး၊ ကိုယ့်ဘာသာ အလုပ်ကောင်းကောင်း လုပ်လို့ရတယ်လို့ တွေးခဲ့တယ်။ ကျွန်မရဲ့ ရှုထောင့်အမြင်က ကျွန်မရဲ့ စွမ်းဆောင်ရည်တွေ သိသာဖို့အတွက် တစ်ယောက်တည်းလုပ်ရမယ်ဆိုတာပဲ။ ဒါကြောင့် တခြားလူတွေနဲ့ မလုပ်ချင်ဘူး၊ ဘာအကြံပေးချက်မှ လက်မခံခဲ့ဘူး။ တစ်ယောက်တည်းပဲ ထင်ပေါ်ချင်ခဲ့တယ်။ ကိုယ့်တာဝန်မှာ ဦးတည်ချက်မဲ့နေခဲ့ပေမဲ့၊ အဲဒါကို ဖြေရှင်းဖို့ နည်းလမ်းတွေ မရှာသေးဘူး။ ကျွန်မာအလုပ်က ဘာလို့ အကျိုးမဖြစ်ထွန်းလဲဆိုတာနဲ့ ကျွန်မရဲ့ နည်းလမ်း ဘာဖြစ်သင့်တယ်ဆိုတာကို အစ်မဝမ်က ပြောပြတဲ့အခါ၊ သူမှန်မှန်း သိပေမဲ့ သူ့စကားနားမထောင်ချင်ခဲ့ဘူး။ နားထောင်လိုက်ပြီး ပိုကောင်းအောင် စလုပ်မိရင်၊ တခြားတစ်ယောက်က ချီးကျူးတာရပြီး ဘယ်သူမှ ကျွန်မကို မချီးမွမ်းမှာ ကြောက်ခဲ့တယ်။ အစ်မဝမ်က ညီအစ်ကို ယွမ်ကျင်းကို ကျွန်မနဲ့အတူ အလုပ်လုပ်ဖို့ တာဝန်ပေးတော့၊ ကျွန်မရဲ့ ကျော်ကြားမှုကို သူခိုးသွားမယ်၊ အဲဒီအခါ တစ်ခုခု စွမ်းဆောင်ရရှိတဲ့အခါ တခြားလူတွေ သူ့ကို အထင်ကြီးပြီး ကျွန်မက ကြီးကြပ်ရေးမှူးအနေနဲ့ အရည်အချင်းမပြည့်မီဘူး၊ ပုံမှန် အသင်းသားလောက် မတော်ဘူးလို့ တွေးကြမှာ စိုးခဲ့တယ်။ ကိုယ့်နာမည်နဲ့ အဆင့်အတန်းကို ထိန်းသိမ်းဖို့၊ တခြားလူတွေနဲ့ အလုပ်မလုပ်ချင်ဘဲ ကိုယ့်ဘာသာ လုပ်ချင်ခဲ့တယ်။ ကိုယ့်တာဝန်ကို ဟန်ပြလုပ်နေခဲ့ပေမဲ့၊ တကယ်တော့ အဆင့်အတန်းကို လိုက်စားနေတာ၊ ကြွားပဲကြွားချင်ခဲ့တာပဲ။ အဲဒါ မာနထောင်လွှားတဲ့ စိတ်သဘောထား ပြနေတာပဲ။

အဲဒီနောက်မှာ ဘုရားနှုတ်ကပတ်တော် နောက်တစ်ပိုဒ်ဖတ်တယ်။ “ခေါင်းဆောင်တစ်ဦး၊ သို့မဟုတ် အမှုတော်ဆောင်တစ်ဦး အနေဖြင့် သင်သည် သင့်ရာထူး၏ အဆောင်အယောင်များကို အစဉ်မွေ့လျော်လျက်၊ သင်၏ကိုယ်ပိုင်အစီအစဉ်များကို အစဉ် ချမှတ်လျက်၊ သင်၏ ကိုယ်ပိုင်ကျော်ကြားမှုနှင့် အဆင့်အတန်းကို အစဉ်ထည့်စဉ်းစားပြီး မွေ့လျော်လျက်၊ သင်၏ ကိုယ်ပိုင်လုပ်ငန်းကို အစဉ်စီမံလျက်၊ ပြီးလျှင် ပိုမိုမြင့်မားသော အဆင့်အတန်းရရှိရန်၊ ပိုမိုများသောလူတို့ကို စီမံထိန်းချုပ်ရန်နှင့် သင်၏ အာဏာနယ်ပယ်ကို ချဲ့ထွင်ရန် အစဉ်ကြိုးစားလျက်ဖြင့် သင့်ကိုယ်သင် အခြားသူများထက် သာသည်ဟု အစဉ်တွေးထင်ကာ အစိုးရအရာရှိအချို့ကဲ့သို့ သင်၏ တာဝန်တွင် ပျော်မွေ့နေလျှင် ဤသည်မှာ ပြဿနာဖြစ်သည်။ အစိုးရအရာရှိတစ်ဦးဖြစ်သည့်အလား အရေးကြီးသောတာဝန်တစ်ခုကို သင်၏ ရာထူးအား မွေ့လျော်ခံစားရန် အခွင့်အလမ်းတစ်ခုအဖြစ် မှတ်ယူခြင်းသည် အန္တရာယ်ရှိသည်။ သင်သည် အခြားသူများနှင့်အတူ အလုပ်လုပ်ရန် ဆန္ဒမရှိဘဲ၊ သင်၏ အာဏာကို လျော့ပါးစေပြီး အခြားမည်သူနှင့်မျှ မျှဝေရန် အလိုမရှိဖြစ်လျက်၊ အခြားမည်သူ့ကိုမျှ အသာစီးရစေရန်၊ သင်၏ထင်ပေါ်မှုကို ခိုးယူရန် အလိုမရှိဘဲ ဤသို့ အစဉ်ပြုမူဆောင်ရွက်လျှင်၊ အာဏာကို သင်ကိုယ်တိုင်သာ ခံစားချင်လျှင် သင်သည် အန္တိခရစ်တစ်ဦးဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၈- ၎င်းတို့သည် အခြားသူများအား သမ္မာတရား သို့မဟုတ် ဘုရာသခင်ကို မနာခံစေဘဲ၊ ၎င်းတို့ကိုသာ နာခံစေသည် (အပိုင်း ၁)) ကျွန်မရဲ့ တကျတဲ့ အခြေအနေကို ဘုရားနှုတ်ကပတ်တော်က ထုတ်ဖော်ပြတယ်။ တရားဝင် အစိုးရ ရာထူးလိုမျိုး ကိုယ့်တာဝန်ကို ကျွန်မ သဘောထားခဲ့တယ်။ ကြီးကြပ်ရတဲ့ အခန်းကဏ္ဍ ရတာနဲ့၊ ကိုယ့်အဆင့်အတန်းရဲ့ ထင်ပေါ်မှုကို မွေ့လျော်ချင်တယ်။ တခြားလူတွေရဲ့ လေးစားမှုနဲ့ လက်ခံမှုကို နှစ်သက်ခံစားနိုင်အောင်၊ ကျွန်မမှာ အစွမ်းအစရှိပြီး အလုပ်မှာ စွမ်းဆောင်နိုင်တယ်လို့ သူတို့ ပြောအောင်လို့ ဘယ်သူနဲ့မှ ပူးပေါင်းမလုပ်ချင်ခဲ့ဘူး။ ကျွန်မရဲ့ ဂုဏ်သရေကို သူတို့ ခိုးယူပြီး ကျွန်မရဲ့ ထင်ပေါ်မှု လုယူသွားမှာ စိုးပြီး၊ တစ်ခုခု ပြီးမြောက်တဲ့အခါ ချီးကျူးမှုအားလုံး ကိုယ်ရအောင်နဲ့ လူတိုင်း ကျွန်မကို အာရုံစိုက်အောင်လို့ အရာရာကို ကိုယ့်ဘာသာ လုပ်ချင်ခဲ့တယ်။ ကျွန်မရဲ့ နာမည်နဲ့ အဆင့်အတန်းကို ကာကွယ်ဖို့ မျှော်လင့်ချက်နဲ့ ယေဘုယျ အလုပ်ရလဒ်တွေကို မစဉ်းစားခဲ့၊ တခြားလူတွေရဲ့ အကူအညီကို လက်မခံခဲ့ဘူး။ အရမ်းမာနထောင်လွှားခဲ့တာ။ ဖောက်ပြန်ပျက်စီးတဲ့ လူဖြစ်လို့၊ ကျွန်မအလုပ်မှာ သွေဖည်မှုတွေနဲ့ ပြဿနာတွေ၊ ကျွန်မ မစဉ်းစားမိတဲ့ ရှုထောင့်အများကြီး ရှိမှာ သေချာတယ်။ ဒါပေမဲ့ ကျွန်မက မာနထောင်လွှားခဲ့ပြီး ကျွန်မနဲ့ ပတ်သက်လို့ ဘာမှမမှားဘူးလို့ တွေးရင်းနဲ့ ကိုယ်က သာလွန်သလိုမျိုး ပြုမူခဲ့ပြီး တခြားဘယ်သူနဲ့မှ မပူးပေါင်းချင်ခဲ့ဘူး။ အဲဒီလိုဆက်ဖြစ်ရင်၊ အသင်းတော် အလုပ်ကို ဟန့်တားနိုင်တယ်၊ ပြီးတော့ နောင်တရဖို့ ကျွန်မ ဆက်ငြင်းနေရင်၊ အန္တိခရစ်ဖြစ်လာမှာပဲ။ အဲဒါ ကျွန်မအတွက် လန့်စရာ အသိတရာရခြင်းပဲ။ ကျွန်မ တကယ်ပြောင်းလဲချင်တယ်၊ အဆင့်အတန်းအတွက် စိတ်ဆန္ဒကို စွန့်ပြီး တာဝန်ကို ကောင်းကောင်း လုပ်ချင်တယ်။

နောက်ပိုင်းမှာ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ် ဖတ်ရတယ်။ “သင်၏အကျိုးအတွက်သာ အစဉ်မလုပ်ဆောင်နှင့်၊ ပြီးလျှင် သင်၏ ကိုယ်ပိုင် အကျိုးစီးပွားကို စဉ်ဆက်မပြတ် ထည့်သွင်းမစဉ်းစားနှင့်။ လူ၏ အကျိုးစီးပွားများကို ထည့်သွင်းမစဉ်းစားနှင့်။ သင်၏ ကိုယ်ပိုင်ဂုဏ်၊ ဂုဏ်သတင်းသို့မဟုတ် အဆင့်အတန်းကို မစဉ်းစားနှင့်။ သင်သည် ပထမဦးစွာ ဘုရားသခင်၏အိမ်တော်၏အကျိုးများကို စဉ်းစားရမည်ဖြစ်ပြီး ယင်းတို့ကို သင်၏ဦးစားပေးချက် ဖြစ်စေရမည်၊ သင်သည် ဘုရားသခင်၏အလိုတော်ကို အရေးထားသင့်ပြီး၊ သင်၏ တာဝန်ကို ဖြည့်ဆည်းရာတွင် သင်သည် မစင်ကြယ်မှု ရှိခဲ့သည် မရှိခဲ့သည်၊ အဆုံးစွန် သစ္စာရှိခြင်းရှိမရှိ၊ သင်၏ တာဝန်များကို ဖြည့်ဆည်းခြင်းရှိမရှိ၊ အစွမ်းကုန်လုပ်ဆောင်ခြင်းရှိမရှိ၊ သင်၏ တာဝန်နှင့် အသင်းတော်၏ အမှုကို စိတ်နှလုံးအကြွင်းမဲ့ဖြင့် ဆင်ခြင်ခဲ့ခြင်း ရှိမရှိ ဆိုသည်တို့ကို ချင့်ချိန်စဉ်းစားခြင်းဖြင့် အစပြုသင့်သည်။ ဤအရာများကို သင် ထည့်သွင်းစဉ်းစားရမည်။ ယင်းတို့ကို မကြာခဏ တွေးပြီး တွက်ဆလော့၊ ပြီးလျှင် သင်၏တာဝန်ကို ကောင်းစွာ ထမ်းဆောင်ရန် သင့်အတွက် သာ၍ လွယ်ကူလိမ့်မည်။ သင်၏အစွမ်းအစ ညံ့ဖျင်းပါက၊ သင်၏အတွေ့အကြုံ ပေါ့တန်ပါက သို့မဟုတ် သင်၏ အလုပ်တွင် မကျွမ်းကျင်ပါက၊ သင်၏အလုပ်၌ အမှားအယွင်းများ သို့မဟုတ် အပြစ်အနာအဆာများ အချို့ ရှိကောင်းရှိနိုင်ပြီး၊ ရလဒ်များမှာလည်း အလွန်ကောင်းချင်မှ ကောင်းပေမည်- သို့သော် သင်သည် သင်၏ အကောင်းဆုံး အားထုတ်မှုကို ပေးပြီးဖြစ်ပေလိမ့်မည်။ သင် လုပ်ဆောင်သမျှ၌ သင်သည် သင်ကိုယ်တိုင်၏ တစ်ကိုယ်ကောင်းဆန်သော လိုအင်ဆန္ဒများ၊ သို့မဟုတ် နှစ်သက်မှုများကို မဖြည့်ဆည်းပေ။ ထိုအစား သင်သည် အသင်းတော်၏အလုပ်နှင့် ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို စဉ်ဆက်မပြတ် ထည့်သွင်းစဉ်းစားသည်။ သင်သည် သင်၏တာဝန်ကို ကောင်းစွာ ထမ်းဆောင်ခြင်း မရှိကောင်း မရှိနိုင်သော်လည်း၊ သင်၏စိတ်နှလုံးသည် ပြုပြင်ပြီးဖြစ်သည်။ ထို့ထက်ပိုပြီးလျှင် သင်၏တာဝန်ရှိ ပြဿနာများကို ဖြေရှင်းဖို့ သမ္မာတရားကို ရှာဖွေနိုင်ပါက၊ သင်၏တာဝန်သည် စံနှုန်းပြည့်မီပြီး သင်သည် သမ္မာတရား၏ စစ်မှန်မှုထဲသို့ ဝင်ရောက်နိုင်လိမ့်မည်။ ဤသည်မှာ သက်သေခံခြင်း ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ အပိုင်း သုံး) တာဝန်ဆိုတာ ကိုယ်ရေးကိုယ်တာ လုပ်ငန်း မဟုတ်သလို၊ ကိုယ်ကျိုးစီးပွားတွေ ဒါမှမဟုတ် နာမည်နဲ့ အဆင့်အတန်းအတွက် ကိုယ့်ဆန္ဒကို ဖြည့်ဆည်းဖို့ မလုပ်သင့်ဘဲ၊ စိတ်နှစ်ပြီး လုပ်သင့်တယ်၊ အရာခပ်သိမ်းမှာ ဘုရားအိမ်တော်ရဲ့ အကျိုးစီးပွားတွေကို စဉ်းစားပြီး ကိုယ်ရေးကိုယ်တာ ရည်ရွယ်ချက်တွေနဲ့ မစွန်းထင်းသင့်မှန်း ဘုရားနှုတ်ကပတ်တော်က ရှင်းသွားစေတယ်။ ဒါပေမဲ့ ကျွန်မက ကိုယ့်နာမည်နဲ့ ရာထူးကိုပဲ တွေးပြီး ကိုယ့်အဆင့်အတန်းအတွက်ပဲ အလုပ်လုပ်ခဲ့တယ်။ အဲဒါက ကျွန်မဟာ ထိရောက်မှု နည်းသထက်နည်းလာပြီး ဧဝံဂေလိအလုပ်ကို နှောင့်နှေးစေတယ်ဆိုတဲ့ သဘောပဲ။ ကျွန်မရဲ့ ဂုဏ်သိက္ခာနဲ့ အဆင့်အတန်းအတွက် အလုပ်မလုပ်တော့ဘဲ၊ အရာရာမှာ အသင်းတော်အကျိုးစီးပွားတွေကို တွေးရမယ်မှန်း သိခဲ့တယ်။ အဲဒီနောက်မှာ၊ ဂုဏ်သတင်းနဲ့ အဆင့်အတန်းကို ဘေးဖယ်၊ တခြားလူတွေနဲ့ အလုပ် ကောင်းကောင်းလုပ်ပြီး၊ အလုပ်ကောင်းကောင်း ဘယ်လုပ်လုပ်ပြီး ကိုယ့်တာဝန်တွေ ဖြည့်ဆည်းရမယ်ဆိုတာကို စိတ်နှလုံးပါပါ စဉ်းစားဖို့ အားထုတ်ခဲ့တယ်။ လက်တွေ့လုပ်ပြီးတဲ့နောက်မှာ ပိုအေးချမ်းသွားတယ်။

တစ်ခါ တခြားညီအစ်မနှစ်ယောက်နဲ့ ဧဝံဂေလိ ထွက်ဝေမျှပြီး အလားအလာရှိတဲ့ ဧဝံဂေလိ လက်ခံသူတွေက ရှာဖွေဖို့ တကယ် စိတ်ထက်သန်ကြတယ်။ ကျွန်မ တွေးမိတယ်၊ တစ်ယောက်တည်းသွားရင်၊ ညီအစ်ကို မောင်နှမတွေရဲ့ ကျွန်မရဲ့ မိတ်သဟာယပြုနိုင်စွမ်းတွေကို ချီးကျူးကြမှာပဲပေါ့။ အဲဒီညီအစ်မတွေနဲ့ အတူလာခဲ့တာကို တကယ် နောင်တရမိတယ်။ ဒါကိုတွေးမိတဲ့အချိန်မှာ၊ အဲဒီလိုတွေးဖို့က မမှန်တဲ့နည်းလမ်းမှန်း သိလိုက်တယ်။ ကိုယ့်ဘာသာ ပြုမူချင်ပြီး ကိုယ့်ရဲ့ကိုယ်ရေးကိုယ်တာ နာမည်နဲ့ အဆင့်အတန်းကို ပြန်စဉ်းစားနေမိတာပဲ။ ဒါကြောင့် ဘုရားဆီ တိတ်တဆိတ် ဆုတောင်းတယ်၊ ကိုယ့်ရဲ့ ကိုယ်ရေးကိုယ်တာ အကျိုးစီးပွားတွေ စဉ်းစားတာ ရပ်ဖို့ အသင့်ပဲ။ ကျွန်မရဲ့ ခံစားချက်တွေ တဖြည်းဖြည်း တည်ငြိမ်သွားပြီး၊ ဘုရားကို ဘယ်လို မိတ်သဟာယပြုပြီး သက်သေခံရမယ်ဆိုတာ ကိုယ့်စိတ်နှလုံးကို အာရုံစိုက်ခဲ့တယ်။ ဘုရားရဲ့ လမ်းပြမှုအောက်မှာ၊ လူခုနှစ်ယောက်၊ ရှစ်ယောက်က ဘုရားရဲ့ အမှုတော်ကို လက်ခံခဲ့ကြတယ်။ ကျွန်မ တကယ်တို့ထိခံရပြီး သခင်ယေရှု ပြောခဲ့တာကို တွေးမိတယ်၊ “တဖန်ငါဆိုသည်ကား၊ မြေကြီးပေါ်မှာ သင်တို့တွင် နှစ်ယောက်တို့သည် သဘောချင်းတူ၍ ဆုတောင်းလျှင်၊ တောင်းသမျှသောဆုတို့ကို ကောင်းကင်ဘုံ၌ ရှိတော်မူသော ငါ၏ခမည်းတော်သည် ပေးတော်မူလတံ့။ အကြောင်းမူကား၊ အကြင်အရပ်၌ လူနှစ်ဦးသုံးဦးတို့သည် ငါ၏နာမကိုထောက်၍ စည်းဝေးကြ၏၊ ထိုအရပ်၌ သူတို့အလယ်မှာ ငါရှိသည်။(ရှင်မဿဲခရစ်ဝင် ၁၈:၁၉-၂၀) အဲဒီအချိန်မှာ သဘောပေါက်လိုက်တယ်။ ဘယ်သူမှ မပြည့်စုံဘူး၊ လူတိုင်းမှာ အားသာချက်နဲ့ အားနည်းချက်တွေရှိတယ်။ ကျွန်မတို့ လက်တွဲညီညီ ပူးပေါင်းလုပ်ရမယ်၊ ညီအစ်ကို မောင်နှမတွေနဲ့ ဆွေးနွေးပြီဒ အလုပ်မှာ အမှားတွေ တဖြည်းဖြည်း နည်းသွားအောင်နဲ့ ကိုယ့်တာဝန်တွေမှာ ပိုစွမ်းဆောင်ရရှိအောင် အချင်းချင်းရဲ့ အားနည်းချက်တွေအတွက် ဖာထေးသင့်တယ်။ အခု ကျွန်မတာဝန်ကို တခြားလူတွေနဲ့ လုပ်နေတဲ့အခါ၊ သူတို့က အလုပ်မှာ အရမ်းအသေးစိတ်ကျပြီး၊ အလားအလာရှိတဲ့ ဧဝံဂေလိ လက်ခံသူတွေအပေါ် တကယ် အာရုံစိုက်ကြတာကို မြင်လို့ရတယ်။ ဒါတွေက ကျွန်မမှာမရှိတဲ့ အားသာချက်တွေပဲ။ သူတို့ဆီကနေ အတော်လေး ကျွန်မ သင်ယူခဲ့ရတယ်။ ကိုယ့်တာဝန်မှာ ဦးတည်ချက်မရှိတဲ့အခါ၊ သူတို့နဲ့ ရှာဖွေပြီး ဘာလုပ်သင့်တယ်ဆိုတာကို ဆွေးနွေးတယ်၊ ပြီးတော့ ကျွန်မအလုပ်မှာ ပိုကောင်းတဲ့ ရလဒ်တွေ ရနေတယ်။ ဘုရားကျေးဇူးတော်ပဲ။ တာဝန်မှာ တခြားလူတွေနဲ့ ပူးပေါင်းလုပ်ဖို့က အရေးကြီးမှန်း ကိုယ်တိုင်ကိုယ်ကျ ကျွန်မ တွေ့ကြုံခဲ့ရတယ်။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

မိမိ၏တာဝန်ကို သိတတ်စွာဖြင့် လုပ်ဆောင်ခြင်းသည် အသိတရားရှိခြင်းဖြစ်သည်

မနှစ်က ဇူလိုင်လ တစ်ရက်တွင် အဖွဲ့ခေါင်းဆောင် အစ်ကိုချန်းက အလွန် မာနထောင်လွှားသည်ဟု အစ်မလီက ကျွန်မကို တိုင်သည်။ စကားပြောဆက်ဆံသည့်အခါတွင် သူက...

ကျွန်မသည် အမှန်ပင် အဆင်းနီသော နဂါးကြီး၏ သားသမီးဖြစ်ပါသည်

ကျန်းမင်၊ စပိန် ဘုရားသခင်၏ နှုတ်ကပတ်တော်များက ပြောပါသည်။ “ဤလူတို့သည် အဆင်းနီသောနဂါးကြီး၏ သားသမီးများ ဖြစ်သည်ဟု ယခင်က ပြောထားခဲ့ပေသည်။...

နှင်ထုတ်ခြင်းမခံရမီ ကျွန်မ၏ ဆင်ခြင်သုံးသပ်ချက်များ

ရန်ရှင်း တရုတ်နိုင်ငံ ၂၀၁၄ မှာ ကျွန်မက အသင်းတော်မှာ ဗီဒီယိုထုတ်လုပ်ရေးမှာ လုပ်နေတာပါ။ သိပ်မကြာဘူး။ ကျွန်မက အဖွဲ့ခေါင်းဆောင်အဖြစ်...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။