ရိုးသားသူတစ်ယောက်ဖြစ်ခြင်းအားဖြင့် ကျွန်တော်ရရှိခဲ့သည့်အရာ
ချန်ယံ တောင်ကိုရီးယားနိုင်ငံ အလုပ်အစည်းအဝေးတစ်ခုမှာ ကျွန်တော်ဦးဆောင်ရတဲ့ အသင်းတော်တစ်ခုရဲ့ လူသစ်တွေကိုရေလောင်းတာ ဘယ်လိုအခြေအနေရှိလဲလို့...
ဘုရား၏ ပေါ်ထွန်းခြင်းကို တောင့်တသည့် ရှာဖွေသူများအားလုံးကို ကျွန်ုပ်တို့ကြိုဆိုပါသည်။
ညီမက အသင်းတော်အတွက် အနုပညာဒီဇိုင်းမှာ အလုပ်လုပ်တော့ အစပိုင်းမှာ အခက်အခဲနည်းနည်းရှိခဲ့တယ်။ ဒါပေမဲ့ ဘုရားကို အားကိုးပြီး ညီအစ်ကိုမောင်နှမတွေနဲ့ လက်တွဲပြီးတော့ ညီမလုပ်ကိုင်ပုံက တိုးတက်လာတယ်။ နောက်ပိုင်းမှာ အစ်မလီဆာက သူ့ဒီဇိုင်းတွေက အမှားတွေပြည့်နေပြီး ခဏခဏ ပြန်လုပ်ရလို့ တာဝန်အသစ်တစ်ခုကို ပြောင်းသွားရတယ်လို့ ညီမ မမျှော်လင့်ဘဲ သိလိုက်ရတယ်။ ညီအစ်ကိုမောင်နှမတွေက ခဏခဏ သတိပေးပြီး မိတ်သဟာယဖွဲ့ပြီး ပံ့ပိုးပေမဲ့ သူက မတိုးတက်ဘူး။ ဒါကြောင့် အသင်းတော်အလုပ်က အရမ်း ထိခိုက်သွားတယ်။ လီဆာက တာဝန်ပြောင်းပေးပြီးတော့ ညီမက အလုပ်မှာ ပိုသတိထားပြီး အမှားတွေလုပ်တာ ရှောင်ဖို့လိုတယ်လို့ ကိုယ့်ကိုယ်ကိုယ် ပြောခဲ့တယ်။ ညီမက အမှားတွေအများကြီးလုပ်ပြီး အလုပ်နဲ့ မသင့်တော်ဘူးလို့ သိသွားရင် တစ်ချိန်ချိန်တော့ တာဝန်ပြောင်းခံရမှာပဲ။ ညီမက အသင်းတော်မှာ ဒီဇိုင်နာပဲလုပ်ခဲ့ဖူးပြီး တခြားကျွမ်းကျင်မှုတွေမရှိဘူး။ ညီမက တာဝန်ပြောင်းခံရပြီး တခြားတာဝန်တွေကို မလုပ်နိုင်ရင် ကယ်တင်ခံရနိုင်ပါဦးမလား ပေါ့။ အဲဒီနောက်တော့ ညီမလုပ်တဲ့ ဒီဇိုင်းတစ်ခုစီအတွက် ပုံစံ သုံးလေးခုပေးတယ်။ ဒါပေမဲ့ ပုံစံတစ်ခုစီက တော်တော်ကို အကြမ်းထည်ဖြစ်နေပြီး တကယ်တမ်း သုံးလို့မရဘူး။ တကယ်တမ်းက ပုံစံနှစ်ခုဆို လောက်ပြီ။ ဒါပေမဲ့ ညီမက တော်ဖို့ ကြိုးစားနေတာ။ သူတို့ကို ပုံစံသုံးလေးခုပေးလိုက်ရင် လက်ခံနိုင်လောက်တယ်လို့ သူတို့မြင်တဲ့ဟာတစ်ခုတော့ ရှိဖို့များတယ်လို့ စဉ်းစားတာပေါ့။ ရလဒ်အနေနဲ့ ညီမက သတိထားလေလေ၊ ညီမဒီဇိုင်းမှာ အမှားတွေလုပ်မိလေလေပဲ။ အဖွဲ့ခေါင်းဆောင်က ညီမကို သတိပေးတယ်။ အလုပ်မှာ ညီမက ပိုလေးနက်ပြီး လုံ့လရှိသင့်တယ်၊ ဒီဇိုင်းတစ်ခုစီရဲ့ အရည်အသွေးကို သေချာအောင်လုပ်ဖို့အတွက် အချိန်ပေးသင့်ပြီး အပေါ်ယံမလုပ်သင့်ဘူး ပေါ့။ ခေါင်းဆောင်က ညီမကို ဒီလိုပြောတော့ ညီမက ကိုယ့်ပြဿနာတွေကို ဆင်ခြင်မကြည့်ဘူး။ အလုပ်မှာ ဖောက်ပြန်တာတွေကို သုံးသပ်မကြည့်ဘူး။ ခေါင်းဆောင်က ညီမကို အလုပ်နဲ့မသင့်တော်ဘူးလို့မြင်ပြီး တာဝန်ပြောင်းပေးမှာလားဆိုတာကိုပဲ စိတ်ပူခဲ့တယ်။ နောက်ပိုင်းမှာ ညီမက ကိုယ့်ဒီဇိုင်းတွေမှာ အမှားတွေလုပ်မိမှာကို ပိုပြီးတော့တောင် ကြောက်လာတယ်။ တစ်ခါတလေမှာ တခြားညီအစ်ကိုမောင်နှမတွေရဲ့ အကြံတွေကို ညီမ သဘောမတူတဲ့အခါ ဘယ်လိုပိုကောင်းအောင်လုပ်ရမယ်ဆိုတာကို သူတို့နဲ့ သေချာဆွေးနွေးချင်တယ်။ ဒါပေမဲ့ ညီမက လျှောက်ပြောနေရင် ညီမက ဝတ်ကျေတမ်းကျေလုပ်နေပြီး ပြန်မစစ်ကြည့်ချင်ဘူးလို့ လူတွေထင်နိုင်တယ်လို့ ခံစားမိတယ်။ ညီမက လူတွေကို မကောင်းမြင်အောင်လုပ်ရင် တာဝန်ပြောင်းရဖို့ဖြစ်လာမှာပဲ။ ညီမက ပိုသတိထားပြီး အကြံတွေကို လက်ခံနိုင်တယ်၊ လုံ့လရှိပြီး တာဝန်သိတတ်တယ်လို့ လူတိုင်းကို ပြရမယ်ဆိုပြီး ခံစားမိတယ်။ အဲဒါနဲ့ ပါးစပ်ပဲ ပိတ်နေလိုက်တယ်။ အဲဒီအချိန်တွေမှာ ညီမက တာဝန်ပြောင်းခံရမှာ စိုးရိမ်လေလေ၊ အမှားလုပ်လေလေပဲ။ ဒီဇိုင်းတစ်ခုက သုံးလေးခါ ပြန်ပို့ခံရပြီး အလုပ်က နှောင့်နှေးသွားတယ်။ ညီမက တစ်ပတ်မှာ ညီမပုံမှန်လုပ်နေတာရဲ့ လေးပုံတစ်ပုံလောက်ပဲ လုပ်နိုင်တယ်။ အဖွဲ့ခေါင်းဆောင်က ညီမလုပ်ကိုင်ပုံက ရှင်းရှင်းလင်းလင်းကို ထိခိုက်နေတာကို မြင်တော့ ညီမကို ကိုင်တွယ်ဖြေရှင်းပြီး ပြောတယ်။ “ညီမဒီဇိုင်းတွေက အခုတလော နိမ့်နေတယ်။ အမြဲတမ်းပြန်ပို့နေရပြီး ညီမက သိပ်မထိရောက်ဘူး။ ညီမအလုပ်အပေါ်ကို အာရုံစိုက်လား၊ မစိုက်ဘူးလား။ ပြဿနာက ဘာလဲ။ သုံးသပ်ကြည့်ပြီးပြီလား” တဲ့။ အဖွဲ့ခေါင်းဆောင်ရဲ့ ဝေဖန်မှုက ညီမကို တော်တော်ထိသွားတယ်။ ညီမက ညီမတို့အလုပ်တိုးတက်မှုကို နှေးအောင်လုပ်နေခဲ့ပြီး အခု ညီမရဲ့ သရုပ်မှန်က အားလုံးမြင်ဖို့အတွက် ဖော်ထုတ်ခံရတာပဲဆိုတာ သဘောပေါက်သွားတယ်။ ညီမမှာ ရှိနေတဲ့ ပြဿနာတွေ ဘယ်လောက်များတာကို ကြည့်ရင် သေချာပေါက် တာဝန်ပြောင်းခံရမယ့်ပုံစံရှိတယ်။ ညီမ စိတ်ဓာတ်ကျလာပြီး အလုပ်မှာစိတ်မပါနိုင်တော့ဘူး။ ညီမက ခေါင်းဆောင်လာပြီး ညီမကို တာဝန်ရွှေ့ပြောင်းလိုက်တယ်လို့ ပြောမယ့်ရက်ကိုပဲ စောင့်နေခဲ့တယ်။
ညီမ ဘုရားဆီမှာ ဆုတောင်းပြီး ရှာဖွေတယ်။ ဘာလို့ အမှားတွေလုပ်တာ၊ တာဝန်အပြောင်းခံရတာတွေကို အမြဲတမ်း စိတ်ပူနေရတာလဲ။ တစ်နေ့ကျတော့ ဒီ ဘုရားနှုတ်ကပတ်တော်အပိုဒ်တွေကို ညီမ တွေ့တယ်။ “ကောင်းကြီးခံစားရခြင်းသည် ကောင်းကင်ဘုံထက်ကြီးမြတ်သည်၊ အသက်ထက် ပိုကြီးမြတ်သည်၊ သမ္မာတရားကို လိုက်စားခြင်း၊ စိတ်သဘောထားဆိုင်ရာ ပြောင်းလဲခြင်း၊ သို့မဟုတ် တစ်ကိုယ်ရေ ကယ်တင်ခြင်းထက်ပို၍ အရေးကြီးသည်၊ မိမိတာဝန်ကို ကောင်းစွာလုပ်ဆောင်ခြင်း၊ စံနှုန်းနှင့် ကိုက်ညီသော ဖန်ဆင်းခံတစ်ယောက်ဖြစ်ခြင်းထက် ပို၍အရေးကြီးသည်ဟု အန္တိခရစ်တစ်ယောက်က မြင်သည်။ ၎င်းတို့သည် စံနှုန်းနှင့် ကိုက်ညီသော ဖန်ဆင်းခံတစ်ယောက်ဖြစ်ခြင်း၊ မိမိတို့တာဝန်ကို ကောင်းစွာထမ်းဆောင်ပြီး ကယ်တင်ခံရခြင်းသည် ပြောဆိုဖို့ပင် ထိုက်တန်မှုသိပ်မရှိသည့် သေးနုပ်သောအရာများဖြစ်သည်ဟု ထင်မြင်သော်လည်း၊ ကောင်းကြီးရရှိခြင်းကမူ ၎င်းတို့၏ တစ်ဘဝလုံးတွင် မည်သည့်အခါမျှ မေ့၍မရနိုင်သော တစ်ခုတည်းသောအရာဖြစ်သည်။ မည်သည့်အရာကို ၎င်းတို့ ကြုံတွေ့ရသည်ဖြစ်စေ၊ ကြီးသည်ဖြစ်စေ၊ သေးငယ်သည်ဖြစ်စေ ၎င်းတို့သည် ယင်းကို ဘုရားသခင်၏ ကောင်းချီးခံစားရခြင်းနှင့် ဆက်စပ်ပြီး အလွန်အမင်း သတိထားပြီး အာရုံစိုက်ကြသည်။ ပြီးလျှင် အစဉ်သဖြင့် မိမိတို့ကိုယ်တိုင်အတွက် ထွက်ပေါက်တစ်ခု ထားထားကြသည်။ ထို့ကြောင့် ၎င်းတို့တာဝန် ချိန်ညှိခြင်းခံရသောအခါ ယင်းသည် ရာထူးတိုးခြင်းဖြစ်လျှင် ကောင်းချီးရဖို့ မျှော်လင့်ချက်ရှိသည်ဟု အန္တိခရစ်က ထင်မြင်လိမ့်မည်။ အဖွဲ့ခေါင်းဆောင်မှ လက်ထောက်အဖွဲ့ခေါင်းဆောင်အဖြစ်သို့၊ သို့မဟုတ် လက်ထောက်အဖွဲ့ခေါင်းဆောင်မှ သာမန်အဖွဲ့ဝင်အဖြစ်သို့ ရာထူးချခြင်းဖြစ်လျှင်၊ သို့မဟုတ် မည်သည့်တာဝန်မျှ လုံးဝ မရှိလျှင် ဤသည်မှာ ပြဿနာအကြီးစားဖြစ်ပြီး ကောင်းချီးရရန် မျှော်လင့်ချက်က နည်းပါးသည်ဟု ထင်မြင်သည်။ ဤသည်မှာ မည်သည့် ရှုမြင်ပုံမျိုးနည်း။ မှန်ကန်သော ရှုမြင်ချက်ဖြစ်သလော။ လုံးဝ မဟုတ်ပေ။ ဤအမြင်သည် အဓိပ္ပာယ်မရှိပေ။ လူတစ်ယောက်က ဘုရားသခင်၏ လက်ခံမှုကို ရမရဆိုသည်မှာ မည်သည့်တာဝန်ကို သူထမ်းဆောင်သည်ဆိုသည့်အပေါ်တွင် အခြေမခံဘဲ သမ္မာတရားကို ပိုင်ဆိုင်သလော၊ ဘုရားသခင်ကို အမှန်တကယ် နာခံသလော၊ သစ္စာရှိသလောဆိုသည်တို့အပေါ်တွင် အခြေခံသည်။ ဤအရာများက အရေးကြီးဆုံးအရာများဖြစ်သည်။ လူသားမျိုးနွယ်အတွက် ဘုရားသခင်၏ ကယ်တင်ခြင်း အချိန်ကာလအတောအတွင်းတွင် လူတို့သည် စမ်းသပ်မှုများစွာကို ခံရမည်။ အထူးသဖြင့် ၎င်းတို့၏ တာဝန်ထမ်းဆောင်မှုတွင် ကျရှုံးမှုနှင့် အနှောင့်အယှက်များစွာကို ဖြတ်သန်းရမည်ဖြစ်သော်လည်း၊ အဆုံးတွင် ၎င်းတို့သည် သမ္မာတရားကို နားလည်ပြီး ဘုရားသခင်အား အမှန်တကယ် နာခံလျှင် ဘုရားသခင်၏ လက်ခံခြင်းကို ရရှိသောသူဖြစ်လိမ့်မည်။ အန္တိခရစ်များသည် မိမိတို့၏တာဝန်တွင် ပြောင်းရွှေ့ခံရခြင်း အမှုကိစ္စ၌ သမ္မာတရားကို နားမလည်၊ သမ္မာတရားကို လက်ခံရရှိနိုင်စွမ်း လုံးဝမရှိသည်ကို မြင်နိုင်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၁၂) “မိမိတို့၏တာဝန်၌ ပြောင်းလဲမှုနှင့်စပ်လျဉ်းသည့် အန္တိခရစ်တို့၏ သဘောထားနှင့် အမြင်ရှုထောင့်တို့ကို အကဲဖြတ်ရလျှင်၊ ၎င်းတို့၏ ပြဿနာမှာ အဘယ်နေရာတွင် တည်ရှိသနည်း။ ဤနေရာရှိ ပြဿနာသည် ကြီးမားသည့်ပြဿနာတစ်ခု ဖြစ်သလော။ (ဖြစ်ပါသည်။) ၎င်းတို့၏ အကြီးမားဆုံး အမှားမှာ ၎င်းတို့သည် တာဝန်၌ ပြောင်းလဲမှုတစ်ခုကို ကောင်းချီးများ လက်ခံရရှိခြင်းနှင့် မဆက်စပ်သင့်ခြင်း ဖြစ်သည်။ ဤသည်မှာ ၎င်းတို့ တကယ်ကို မလုပ်ဆောင်သင့်သည့် အရာတစ်ခု ဖြစ်ပေသည်။ အမှန်မှာမူ ထိုနှစ်ခုအကြားတွင် ဆက်နွှယ်မှု မရှိပေ။ သို့ရာတွင် အန္တိခရစ်၏ စိတ်နှလုံးသည် ကောင်းချီးခံစားရဖို့ အလိုဆန္ဒများဖြင့် ပြည့်နေသောကြောင့် မည်သည့်တာဝန်ကို ၎င်းတို့ ထမ်းဆောင်ပါစေ၊ ထိုတာဝန်ကို ၎င်းတို့ ကောင်းချီးခံစားရမည် ဟုတ်မဟုတ်ဆိုသည်နှင့် ဆက်နွှယ်ပြီး ဆက်စပ်လိုက်ကြသည်။ သို့ဖြစ်၍ ၎င်းတို့သည် မိမိတို့၏တာဝန်ကို ကောင်းစွာ ထမ်းဆောင်နိုင်စွမ်း မရှိကြဘဲ၊ ဖော်ထုတ်ခြင်းနှင့် ဖယ်ရှားခြင်းတို့ကိုသာ ခံရနိုင်လေသည်။ ဤသည်မှာ ၎င်းတို့၏ ကိုယ်ပိုင် အမှားဖြစ်သည်။ ၎င်းတို့သည် ဤစိုးရိမ်ဖွယ်ကောင်းသော လမ်းကြောင်းပေါ် မိမိတို့ကိုယ်တိုင် စတင်ခြင်း ဖြစ်ပေသည်။” (နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၁၂) အန္တိခရစ်တွေက အရမ်းကို ဆိုးယုတ်တဲ့ စိတ်သဘောထားရှိပြီး သမ္မာတရားအပေါ် အဓိပ္ပာယ်မရှိတဲ့ နားလည်မှုရှိတယ်ဆိုတာ ဘုရားနှုတ်ကပတ်တော်က ဖော်ထုတ်ပြတယ်။ သူတို့က တာဝန်ပြောင်းပေးတာလိုမျိုး သာမန်ကိစ္စတစ်ခုကို ကောင်းချီးရတာ၊ ဆုံရှုံးတာတွေနဲ့ ယှဉ်ပြီး စဉ်းစားတယ်။ တာဝန်အပြောင်းခံရရင်၊ အထုတ်ခံရရင် နောက်ဆုံးပန်းတိုင်ကို ဆုံးရှုံးရမယ်ဆိုပြီး စိတ်ပူတယ်။ အဲဒီလိုနဲ့ သူတို့အနာဂတ်စိတ်ချရအောင် တတ်နိုင်သမျှတိုင်းကို လုပ်ကြတယ်။ ဘုရားနှုတ်ကပတ်တော်ကို ကျွန်မ ဆင်ခြင်ရင်းနဲ့ ကိုယ့်ကိုယ်ကိုယ် ပြန်သုံးသပ်ကြည့်တယ်။ ညီမရဲ့ ကိုယ်ပိုင်အပြုအမူက အန္တိခရစ်နဲ့ ဆင်တယ်။ ညီမတာဝန်ကို ကောင်းချီးရတာနဲ့ ဆက်စပ်ပြီး တွေးတယ်။ တာဝန်အပြောင်းခံရရင် ကယ်တင်ခြင်းအတွက် ညီမရဲ့ အခွင့်အရေးဆုံးရှုံးမှာကို စိတ်ပူတယ်။ လီဆာက တာဝန်အပြောင်းခံရတာကို ညီမကြားတော့ ညီမလည်း အပြောင်းခံရမှာကို စိတ်ပူခဲ့တယ်။ ညီမတာဝန်ကို ညီမရဲ့ အကာအကွယ်အနေနဲ့ မြင်ပြီး ဒါကို ဆုံးရှုံးသွားရင် ကယ်တင်ခြင်းရမှာမဟုတ်ဘူးလို့ ထင်ခဲ့တယ်။ အဲဒီနောက်တော့ ညီမက တွက်ချက်လာတယ်။ အကုန် ပယ်ချတာမခံရအောင် ဒီဇိုင်းတစ်ခုစီကို ပုံစံသုံးလေးခုပေးတယ်။ ဒါပေမဲ့ ဒီဇိုင်းတွေရဲ့ အရည်အသွေးကို တိုးတက်အောင်လုပ်ဖို့ကို အာရုံစိုက်ဖို့ မလုပ်နိုင်ခဲ့ဘူး။ ရလဒ်အနေနဲ့ ညီမလုပ်မှာ ပြဿနာတွေ ပိုပိုပြီး ပေါ်လာတယ်။ ညီမထုတ်လုပ်တဲ့ အတည်ပြုလက်ခံတဲ့ ဒီဇိုင်းအရေအတွက်က ထိုးကျသွားတယ်။ ညီအစ်ကိုမောင်နှမတွေနဲ့ ဆက်ဆံတဲ့နေရာမှာ နှုတ်နည်းလာပြီး သူတို့ကို ဖွင့်မပြောဘူး။ ညီမအယူအဆတွေကို မဆွေးနွေးဘူး။ ညီမက သူတို့အကြံတွေကို လက်မခံဘူးလို့ထင်ပြီး ညီမကို ကောင်းကောင်းအမှတ်ပေးမှာမဟုတ်ဘူး၊ ဒါဆိုရင် တာဝန်အပြောင်းခံရမယ်ဆိုပြီး စိုးရိမ်တယ်။ ညီမက ညီအစ်ကိုမောင်နှမတွေကို အမြဲတမ်း သတိထားနေပြီး ဟန်လုပ်နေခဲ့တယ်။ ကောင်းချီးတွေရဖို့ကို အမြဲတမ်း စိတ်ပူနေတော့ အလုပ်ကို အာရုံမစိုက်နိုင်ဘူး။ ညီမပြဿနာတွေကို သုံးသပ်ကြည့်ပြီး သမ္မာတရားနဲ့ စည်းမျဉ်းတွေကို ရှာဖို့ စိတ်ရှုပ်မခံခဲ့ဘူး။ ရလဒ်အနေနဲ့ အမှားတွေ တစ်ခုပြီးတစ်ခုလုပ်မိပြီး မထိရောက်တော့ဘဲ အလုပ်က ကြန့်ကြာသွားတယ်။ ပိုပြီးတော့လည်း စိတ်ဓာတ်ကျလာတယ်။ အဖွဲ့ခေါင်းဆောင်က ကိုင်တွယ်ဖြေရှင်းပြီး ပြုပြင်တာကို ခံရပြီးတဲ့နောက်မှာ ကိုယ့်ကိုယ်ကို သုံးသပ်ဖို့ စိတ်ရှုပ်မခံခဲ့ဘူး။ အပျက်သဘောဆောင်ပြီးတော့ပဲ အတိုက်အခံဖြစ်လာတယ်။ ညီမ စဉ်းစားတယ်။ “အခုတော့ ငါ သွားပြီ။ ငါ့ ငါ့တာဝန်မှာ မကြိုးစားဘူး၊ အမှားတွေအမြဲတမ်းလုပ်တယ်လို့ အဖွဲ့ခေါင်းဆောင်က ထင်တယ်။ ငါသေချာပေါက် တာဝန်အပြောင်းခံရမှာပဲ” ပေါ့။ ညီမက အပျက်သဘောဆောင်ရင်းနဲ့ စိတ်ဓာတ်ပြိုလဲပြီး မဆင်မခြင်လုပ်တယ်။ တာဝန်မှာ စိတ်မပါတော့ဘူး။ သမ္မာတရားကို ရှာဖွေဖို့၊ စည်းမျဉ်းနဲ့အညီ အလုပ်လုပဖို့ ဘုရားရဲ့ ကယ်တင်ခြင်းကို ရနိုင်ဖို့ ဘုရားက ညီမကို တာဝန်ထမ်းဆောင်ဖို့ အခွင့်အလမ်းကို ချပေးခဲ့တယ်။ ဒါပေမဲ့ ညီမက လမ်းမှန်ကို မလျှောက်ခဲ့ဘူး။ သမ္မာတရားကို ရှာဖွေပြီး စည်းမျဉ်းနဲ့ လုပ်ဖို့ကို အလေးမထားခဲ့ဘူး။ ပြဿနာတစ်ခု ဖြစ်လာတိုင်းမှာ တာဝန်ပြောင်းခံရပြီး ကောင်းချီးရဖို့ အခွင့်အရေးဆုံးရှုံးမှာကိုပဲ စိတ်ပူနေတယ်။ ညီမတာဝန်ကို ကောင်းချီးရဖို့ နည်းလမ်းအဖြစ် မြင်ခဲ့တယ်။ ညီမတာဝန်မှာ အမှားမလုပ်သရွေ့၊ တာဝန်အပြောင်းမခံရသရွေ့ ကယ်တင်ခြင်းကို သေချာပေါက်ရနိုင်တယ်၊ ဘုရားအမှုတော်ပြီးဆုံးတဲ့အခါ ကောင်းကင်နိုင်ငံတော်ကို ဝင်ရနိုင်တယ်လို့ ထင်ခဲ့တယ်။ ညီမက ကောင်းချီးရဖို့အတွက်ပဲ တာဝန်ထမ်းဆောင်တယ်ဆိုတာ မြင်ခဲ့တယ်။ ညီမက ကိုယ့်တာဝန်ကို “အသက်ကို ထိန်းသိမ်းပေးတဲ့အရာ” အဖြစ်ထင်ပြီး ဘုရားကို အသုံးပြုလိမ်ညာခဲ့တယ်။ ဒါတွေအားလုံးကြောင့် ဘုရားက ညီမကို ရွံ့မုန်းပြီး မုန်းတီးတယ်။ ညီမ အပြစ်ရှိသလိုခံစားရပြီး နောင်တရမိတယ်။ အဲဒါနဲ့ ဘုရားကို ဆုတောင်းပြီး နောင်တရဖို့ အသင့်ဖြစ်နေခဲ့တယ်။
နောက်ပိုင်းမှာ နောက်ထပ် ဘုရားနှုတ်ကပတ်တော်တွေကို ညီမ တွေ့တယ်။ “ငါ့ကို ပြောလော့။ အမှားတစ်ခု လုပ်ထားသည့် လူတစ်ယောက်သည် အမှန်တကယ် နားလည်နိုင်စွမ်းရှိပြီး နောင်တရလိုစိတ်ရှိလျှင် ဘုရားအိမ်တော်က ထိုသူကို ထိုအခွင့်အရေးမပေးဘဲ နေမည်လော။ ဘုရားသခင်၏ နှစ်ခြောက်ထောင် စီမံခန့်ခွဲမှု အစီအစဉ်သည် အဆုံးသို့ ရောက်လာနေပြီ ဖြစ်သည်နှင့်အညီ ထမ်းဆောင်ရန်လိုသည့် တာဝန်များစွာရှိသည်။ သို့သော် လူတို့သည် အသိစိတ်၊ သို့မဟုတ် ဆင်ခြင်တုံတရား မရှိသကဲ့သို့ မိမိတို့အလုပ်တွင် ပျက်ကွက်လျှင်၊ တာဝန်ထမ်းဆောင်ရန် အခွင့်အလမ်း ရသော်လည်း တန်ဖိုးထားရမှန်း မသိလျှင်၊ အကောင်းဆုံးအချိန်ကို လွန်သွားစေလျက် သမ္မာတရားကို အနည်းငယ်မျှပင် မလိုက်စားလျှင်၊ ၎င်းတို့ ထုတ်ဖော်ပြခံရလိမ့်မည်။ သင်သည် တာဝန်ထမ်းဆောင်ရာတွင် အဆက်မပြတ် ပေါ့ဆပြီး ဝတ်ကျေတမ်းကျေပြုလျှင်၊ ပြုပြင်ခြင်းနှင့် ကိုင်တွယ်ဖြေရှင်းခြင်းကို ရင်ဆိုင်ရသောအခါ၌ လုံးဝ နာခံခြင်းမရှိလျှင် ဘုရားအိမ်တော်က သင့်ကို အသုံးပြုကာ တာဝန်ထမ်းဆောင်ခိုင်းဦးမည်လော။ ဘုရားအိမ်တော်တွင် အုပ်စိုးသည်မှာ သမ္မာတရားဖြစ်သည်။ စာတန်မဟုတ်ပေ။ ဘုရားသခင်သည် အရာရာအပေါ် အပြီးသတ် ဆုံးဖြတ်ပိုင်ခွင့် ရှိသည်။ လူသားကို ကယ်တင်ခြင်းအမှုကို ပြုနေသည်မှာ၊ အရာရာအပေါ် အုပ်စိုးသောသူ ဖြစ်သည်။ မည်သည့်အရာက မှန်သည်၊ မှားသည်ဟူသည့် သင်၏ စိစစ်ချက်ကို မလိုအပ်ပေ။ ကြားနာပြီး နာခံရန်သည်သာ သင့်အလုပ်ဖြစ်သည်။ ပြုပြင်ခြင်း၊ ကိုင်တွယ်ဖြေရှင်းခြင်းနှင့် ရင်ဆိုင်ရသောအခါတွင် သမ္မာတရားကို သင်လက်ခံရမည်၊ သင်၏ အမှားများကို ပြုပြင်နိုင်ရမည်။ ဤသို့ သင်လုပ်ဆောင်လျှင် ဘုရားအိမ်တော်သည် တာဝန်ထမ်းဆောင်ခွင့်ပေးသည့် သင်၏ အဆင့်အတန်းကို ဖယ်ရှားမည်မဟုတ်ပေ။ သင်သည် အထုတ်ခံရမည်ကို အစဉ် ကြောက်ရွံ့နေလျှင်၊ ဆင်ခြေများ အစဉ်ပေးလျှင်၊ သင့်ကိုယ်သင် အစဉ် ရှင်းချက်ထုတ်ပြလျှင် ဤသည်မှာ ပြဿနာဖြစ်သည်။ သမ္မာတရားကို အနည်းငယ်မျှပင် သင်လက်မခံကြောင်းနှင့် သင်သည် ကျိုးကြောင်းဆင်ခြင်မှု မရှိကြောင်းကို အခြားသူတို့အား တွေ့မြင်ခွင့်ပေးလျှင်၊ သင်ဒုက္ခရောက်ပြီဖြစ်သည်။ အသင်းတော်သည် သင့်ကို မဖြစ်မနေ ကိုင်တွယ်ရလိမ့်မည်။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ အပိုင်း သုံး) “အန္တိခရစ်များသည် ဤအရာများကို ၎င်းတို့၏ စိတ်နှလုံးအတွင်းတွင် သိမ်းထားကြသည်။ ‘သတိထားခြင်းက ဘေးကင်းလုံခြုံဖို့ အရေးကြီးဆုံးပဲ။ အထောင်ဆုံးသံချောင်းက တူနဲ့အရိုက်ခံရတယ်။ ထိပ်ဆုံးမှာ အထီးကျန်တယ်’ဟု မိမိတို့ကိုယ်ကိုယ် သတိပေးကြသည်။ ဘုရားနှုတ်ကပတ်တော်များက သမ္မာတရားဖြစ်သည်ဟု ၎င်းတို့ မယုံကြည်ကြပေ။ ဘုရားသခင်၏ စိတ်သဘောထားက ဖြောင့်မတ်ပြီး သန့်ရှင်းသည်ဟု မယုံကြည်ကြပေ။ ၎င်းတို့သည် ဤအရာအားလုံးကို လူသားအယူအဆများ၊ စိတ်ကူးများမှတစ်ဆင့် မှတ်ယူကြသည်။ ၎င်းတို့သည် ဘုရားသခင်၏ အမှုတော်ကို လူသား၏ အမြင်ရှုထောင့်များ၊ လူသားအတွေးများ၊ လူသား၏ ပရိယာယ်များဖြင့် ချဉ်းကပ်ပြီး ဘုရားသခင်၏ စိတ်သဘောထား၊ ကိုယ်ပိုင်လက္ခဏာနှင့် အနှစ်သာရတို့ကို အသေးစိတ်ချပြရန် စာတန်၏ တွေးခေါ်ပုံနှင့် အယူအဆကို အသုံးချကြသည်။ သိသာထင်ရှားစွာပင်၊ အန္တိခရစ်များသည် ဘုရားသခင်၏ စိတ်သဘောထား၊ ပင်ကိုလက္ခဏာနှင့် အနှစ်သာရတို့ကို လက်မခံရုံမျှမက၊ အသိအမှတ်လည်း မပြုကြဘဲ၊ ဘုရားသခင်အပေါ်တွင် အယူအဆများ၊ အတိုက်အခံများနှင့် ပုန်ကန်မှုများအပြည့်ရှိကြပြီး ဘုရားသခင်အပေါ် စစ်မှန်သည့် သိမြင်မှု တစ်စွန်းတစ်စမျှပင် မရှိပေ။ ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင်၏ ချစ်ခြင်းအပေါ် အန္တိခရစ်များ၏ အဓိပ္ပာယ်သတ်မှတ်ချက်သည် မသေချာပေ။ သံသယရှိစရာဖြစ်သည်။ ၎င်းတို့သည် ထိုအရာအတွက် သံသယရှိမှုများ၊ ငြင်းဆန်မှု၊ မတရားသဖြင့် ဝေဖန်မှုများ အပြည့်ရှိသည်။ သို့ဆိုလျှင် ဘုရားသခင်၏ ပင်ကိုလက္ခဏာနှင့် ပတ်သက်၍ မည်သို့ရှိမည်နည်း။ ဘုရားသခင်၏ စိတ်သဘောထားသည် သူ၏ ပင်ကိုလက္ခဏာကို ကိုယ်စားပြုသည်။ ၎င်းတို့ကဲ့သို့ ဘုရားသခင်၏ စိတ်သဘောထားကို သဘောထားမှုဖြင့်၊ ဘုရားသခင်၏ ပင်ကိုလက္ခဏာကို ၎င်းတို့၏ သဘောထားမှုမှာ— တိုက်ရိုက်ငြင်းပယ်မှု ဖြစ်သည်မှာ ပကတိအတိုင်း ရှင်းနေပြီးသား ဖြစ်သည်။ ဤသည်မှာ အန္တိခရစ်များ၏ အနှစ်သာရ ဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၁၀ (အပိုင်း ၆)) အန္တိခရစ်တွေက ဘုရားနှုတ်ကပတ်တော်တွေက သမ္မာတရားဖြစ်တယ်ဆိုတာ မယုံကြည်ဘူး၊ အမှုကိစ္စတွေကို ဘယ်တော့မှ ဘုရားနှုတ်ကပတ်တော်နဲ့ ယှဉ်မကြည့်ဘူးဆိုတာကို ဘုရားနှုတ်ကပတ်တော်က ဖွင့်ပြတယ်။ အဲဒီအစား သူတို့တွေက ကိစ္စအားလုံးကို သူတို့ရဲ့ ကိုယ်ပိုင် သစ္စာဖောက်မှုနဲ့ ဆိုးယုတ်တဲ့ တွေးခေါ်ပုံနဲ့ ဆက်စပ်ပြီး ချိန်ဆတယ်။ သူတို့စိတ်သဘောထားက တကယ် ဆိုးယုတ်ပါတယ်။ ကိုယ့်ကိုယ်ကိုယ် ဘုရားနှုတ်ကပတ်တော်နဲ့ ယှဉ်ကြည့်တော့ ကိစ္စတွေကို ကျွန်မ မြင်တဲ့ပုံစံက အန္တိခရစ်နဲ့ ဘာမှမကွာဘူးဆိုတာ သဘောပေါက်သွားတယ်။ လီဆာက တာဝန်အပြောင်းခံရတုန်းက ညီမက ဒီကိစ္စကို သမ္မာတရားနဲ့ စည်းမျဉ်းနဲ့ယှဉ်မကြည့်ဘူး။ အဲဒီအစား “သတိထားခြင်းက ဘေးကင်းလုံခြုံဖို့ အရေးကြီးဆုံးပဲ။” ဆိုတဲ့ ဆိုးယုတ်တဲ့ အယူအဆကို ခံယူတယ်။ ပိုပြီး သတိထားတာ ကောင်းတယ်၊ ဘာအမှားမှ မလုပ်သင့်ဘူးလို့ ထင်တယ်။ ညီမက အမှားတွေအများကြီးလုပ်ပြီး တာဝန်အပြောင်းခံရရင် လုံးဝ ဖော်ထုတ်ခံရပြီး ထုတ်ပယ်ခံရမှာပဲလို့ ထင်ခဲ့တယ်။ ညီမတာဝန်ကို ထမ်းဆောင်တဲ့အချိန်မှာ ညီအစ်ကိုမောင်နှမတွေနဲ့ ပုံမှန် အပြန်အလှန်စကားပြောတဲ့အချိန်မှာ ညီမအတွေးတွေကို ပြောပြဖို့တောင် နှုတ်နည်းနေတယ်။ ညီမစိတ်ကူးတွေကိုဖွင့်ပြောပြီး မိတ်သဟာယမဖွဲ့ဘူး။ ညီမက တစ်ခုခုမှားပြောရင်၊ လုပ်မိရင် တာဝန်အပြောင်းခံရမှာကို စိတ်ပူတယ်။ ခေါင်းဆောင်က ညီမကို ကိုင်တွယ်ဖြေရှင်းပြီး ညီမတာဝန်မှာ ကြိုးစားဖို့သတိပေးပြီးတော့ ညီမက သတိထားလာတယ်။ ညီမ ကိုင်တွယ်ဖြေရှင်းခံရတာက တာဝန်အပြောင်းခံရဖို့ သေချာတဲ့ လက္ခဏာပဲ၊ ကယ်တင်ခြင်းရဖို့ ညီမရဲ့ အခွင့်အရေးဆုံးရှုံးမှာပဲလို့ ထင်တယ်။ ညီမက ယုံကြည်ခြင်းကို တော်တော်ကြာ ကျင့်သုံးခဲ့ပြီး ဘုရားနှုတ်ကပတ်တော်တွေ အများကြီး ဖတ်ပေမဲ့ သမ္မာတရားကို မရှာဖွေခဲ့ဘူး၊ အမှုကိစ္စတွေကို ဘုရားနှုတ်ကပတ်တော်နဲ့အညီ မကြည့်ဘူးဆိုတာ သဘောပေါက်သွားတယ်။ အဲဒီအစား ဆိုးယုတ်တဲ့ တွေးခေါ်ပုံ၊ ယုံကြည်မှုတွေကို အသုံးပြုပြီး ဘုရားရဲ့ အမှုတော်ကို အကဲဖြတ်တယ်။ ဘုရားသခင်က မျှတမှုနဲ့ ဖြောင့်မတ်မှုမရှိတဲ့ ကမ္ဘာ့ခေါင်းဆောင်တွေလိုပဲလို့ ထင်ခဲ့တယ်။ ညီမတာဝန်မှာ ညီမက ကြိုးတန်းပေါ် လမ်းလျှောက်နေရသလို ဖြစ်ပြီး တစ်ခုခုမှားလုပ်ရင်၊ ပြောရင် ဖော်ထုတ်ခံရပြီး ထုတ်ပယ်ခံရနိုင်တယ်၊ နောင်တရဖို့ အခွင့်အရေးမရှိဘူးလို့ ခံစားမိတယ်။ ညီမယုံကြည်မှုမှာ ညီမက ဘုရားသခင်ရဲ့ ဖြောင့်မတ်ခြင်းကို ငြင်းဆန်ပြီး ဘုရားကို ပုတ်ခတ်စော်ကားနေတာပဲ။ အသင်းတော်မှာ ဘုရားနဲ့ သမ္မာတရားက အာဏာစွဲကိုင်ပါတယ်။ လူတွေကို ထုတ်ပယ်တာ၊ တာဝန်ပြောင်းပေးတာက အမြဲတမ်း စည်းမျဉ်းနဲ့အညီလုပ်တာပါ။ အသင်းတော်က သီးခြားဖြစ်ရပ်တစ်ခုတည်းကို အခြေခံပြီး လူတွေကို ရှုတ်ချပြီး ထုတ်ပယ်တာမျိုး လုံးဝ လုပ်မှာမဟုတ်ဘူး။ သမ္မာတရားအပေါ် အဲဒီလူရဲ့ သဘောထား၊ သူ့ရဲ့ အပြုအမူအားလုံးနဲ့ သူ့သဘာဝ၊ အနှစ်သာရကို အခြေခံပါတယ်။ လီဆာက သူ့တာဝန်မှာ အမြဲ အပေါ်ယံလုပ်တယ်၊ ဒါကြောင့် အသင်းတော်အလုပ်ကို ထိခိုက်တယ်။ ညီအစ်ကိုမောင်နှမတွေက သူနဲ့ သမ္မာတရားကို မိတ်သဟာယဖွဲ့တယ်။ သူ့ကိုပံ့ပိုးပေးတယ်။ ဖော်ထုတ်ပြီး ကိုင်တွယ်ဖြေရှင်းတယ်။ ဒါပေမဲ့ သူက နောင်တရတဲ့ လက္ခဏာလုံးဝမပြဘဲ နောက်ဆုံးတော့ တာဝန်ပြောင်းပေးလိုက်ရတယ်။ ပြီးတော့လည်း သူ တာဝန်အပြောင်းခံရတာက သူ့ကို လုံးဝ ထုတ်လိုက်တဲ့ သဘောမဟုတ်ဘူး။ သူက သူ့ကိုယ်သူ ဆင်ခြင်ပြီး သမ္မာတရားကို ရှာတယ်။ နောင်တရတယ်။ ပြောင်းလဲတယ်ဆိုရင် သမ္မာတရားနဲ့ ဘုရားရဲ့ ကယ်တင်ခြင်းကိုရဖို့ သူ့မှာ အခွင့်အလမ်းရှိသေးတယ်။ ဒါပေမဲ့ သူက ခဏခဏ မိတ်သဟာယဖွဲ့ပြီး ပံ့ပိုးပေးပြီး ကိုင်တွယ်ဖြေရှင်းခံရပြီးတဲ့နောက်မှာ နောင်တမရသေးဘူး၊ သမ္မာတရားကို လက်မခံသေးဘူးဆိုရင် လုံးဝ ဖော်ထုတ်ပြီး ထုတ်ပယ်ခံရမှာပဲ။ ဘုရားသခင်က နိနဝေမြို့ကို ကိုင်တွယ်ဖြေရှင်းခဲ့ပုံကို ညီမ သတိရမိတယ်။ ဘုရားက နိနေဝမြို့ကလူတွေရဲ့ ဖောက်ပြန်ပျက်စီးမှု၊ ဆိုးယုတ်မှုနဲ့ အပြစ်တွေကို သိမြင်လာတဲ့အခါ သူတို့ကို သတိပေးပြီး နောင်တရဖို့အတွက် ရက်လေးဆယ်အချိန်ပေးဖို့ ယောနကို စေလွှတ်ခဲ့တယ်။ နိနေဝမြို့ကလူတွေက အဲဒီမှာ လျှော်တေအဝတ်ကိုဝတ်၊ ပြာပုံထဲမှာ ထိုင်ပြီး အမှန်တကယ် နောင်တရတယ်။ ဘုရားသခင်က သူတို့ရဲ့ ရိုးသားစစ်မှန်မှုကို မြင်ပြီး သူတို့အပြစ်တွေကို ခွင့်လွှတ်ခဲ့တယ်။ ပြစ်မှားတဲ့သူတွေအားလုံး အထုတ်ခံရတာမဟုတ်ဘူးဆိုတာကို ဒီဇာတ်လမ်းက ပြတယ်။ လူတွေက နောင်တရပြီး စစ်မှန်မှုရှိသလားဆိုတာ ဘုရားက မြင်ပါတယ်။ ညီမက ဘုရားနှုတ်ကပတ်တော်နဲ့ အညီ သမ္မာတရားကိုရှာပြီး ဒီကိစ္စကို မကြည့်ခဲ့ဘူး။ အဲဒီအစား သတိထားပြီး နားလည်မှုလွဲတဲ့ သဘောထားကို ခံယူဖို့ ရွေးချယ်ခဲ့တယ်။ ညီမက ဘုရားကို အာခံပြီး ရုန်းကန်နေတာပါ။ နောင်တမရရင် ဖော်ထုတ်ခံရပြီး ထုတ်ပယ်ခံရမှာပဲ။
နောက်ပိုင်းမှာ ဘုရားရဲ့ ရည်ရွယ်ချက်တွေကို ညီမကို ပိုသိသွားစေတဲ့ တခြား ဘုရားနှုတ်ကပတ်တော်နှစ်ပိုဒ်ကို တွေ့တယ်။ ဘုရားသခင်၏ နှုတ်ကပတ်တော်၌ ပြောထားသည်- “အဆုံးတွင် အချို့သော လူများက၊ ‘အကျွန်ုပ်သည် ကိုယ်တော့်အတွက် အလွန် များလှစွာသော အလုပ်ကို လုပ်ဆောင်ပြီးဖြစ်ကာ၊ မည်သည့် ထင်ရှားသော စွမ်းဆောင်အောင်မြင်မှုတို့ ပြုကောင်းပြုနိုင်မည်မဟုတ်သော်လည်း၊ အကျွန်ုပ်သည် အကျွန်ုပ်၏ အားထုတ်မှုများတွင် လုံ့လရှိဆဲဖြစ်လေပြီ။ အသက်၏အသီးကို စားသုံးရန် ကောင်းကင်ဘုံထဲသို့ ကိုယ်တော်သည် အကျွန်ုပ်အား ဝင်ခွင့်သာပေး၍ မရသလော။’ ဟူ၍ ပြောကြပေလိမ့်မည်။ မည်ကဲ့သို့သော လူမျိုးကို ငါ လိုချင်သည်ကို သင်သိရမည်။ မဖြူစင်သော သူများကို နိုင်ငံတော်အထဲသို့ ဝင်ရောက်ရန် အခွင့်မပြုထားပေ၊ မဖြူစင်သော သူများကို သန့်ရှင်းသောမြေအား အသရေဖျက်စေရန် အခွင့်မပြုထားပေ။ သင်သည် အလွန်များသော အလုပ်ကို လုပ်ဆောင်ပြီးဖြစ်ကာ နှစ်ပေါင်းများစွာ အလုပ်လုပ်ပြီး ဖြစ်ကောင်းဖြစ်နိုင်သော်လည်း၊ အဆုံး၌ သင်သည် မနှစ်မြို့ဖွယ်ရာ ညစ်ညူးနေဆဲ ဖြစ်ပါက၊ သင်သည် ငါ့နိုင်ငံတော်ထဲသို့ ဝင်ရောက်လိုသည်မှာ ကောင်းကင်ဘုံ၏ ဥပဒေသအဖို့ သည်းမခံနိုင်ဖွယ် ဖြစ်ပေလိမ့်မည်။ ကမ္ဘာလောကကို အုတ်မြစ်ချသည့် အချိန်မှသည် ယနေ့အထိ၊ ငါ့ကို မျက်နှာလို မျက်နှာရ ပြုကြသော ထိုသူများအား ငါ့နိုင်ငံတော်ထဲသို့ မည်သည့်အခါမျှ လွယ်ကူစွာ ဝင်ရောက်ခွင့် မပေးဖူးပေ။ ဤသည်မှာ ကောင်းကင်ဘုံဆိုင်ရာ စည်းမျဉ်း ဖြစ်ပြီး၊ မည်သူမျှ ချိုးဖောက်၍မရနိုင်။ သင်သည် အသက်အား ရှာဖွေရမည်။ ယနေ့ခေတ်တွင် ပြီးပြည့် စုံလင်စေခြင်း ခံရမည့် သူများသည် ပေတရုကဲ့သို့သော သူများ ဖြစ်ကြသည်။ ၎င်းတို့သည် မိမိတို့၏ ကိုယ်ပိုင် စိတ်သဘောထားတွင် ပြောင်းလဲမှုများကို ရှာဖွေသောသူများ ဖြစ်ကြပြီး၊ ဘုရားသခင်အား သက်သေခံရန်နှင့် ဘုရားသခင်၏ ဖန်ဆင်းခံ သတ္တဝါတစ်ဦး အနေဖြင့် ၎င်းတို့၏ တာဝန်ကို ထမ်းဆောင်ရန် လိုလားနေကြသူများ ဖြစ်သည်။ ဤကဲ့သို့သော လူများသာ စုံလင်စေခြင်း ခံရပေလိမ့်မည်။ အကယ်၍ သင်သည် ဆုလာဘ်များကိုသာ မျှော်လင့်ပြီး၊ သင်၏ကိုယ်ပိုင် အသက်စိတ်သဘောထားကို ပြောင်းလဲရန် မကြိုးစားပါက၊ သင်၏ အားထုတ်မှု အားလုံးသည် အချည်းနှီး ဖြစ်သွားလိမ့်မည်၊ ဤသည်မှာ ပြောင်းလဲ၍ မရနိုင်သော သမ္မာတရားတစ်ခု ဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အောင်မြင်မှု သို့မဟုတ် ရှုံးနိမ့်မှုသည် လူလျှောက်သော လမ်းကြောင်းအပေါ်တွင် မူတည်သည်) “၎င်းတို့၏တာဝန်နှင့်သက်ဆိုင်သည့် လူ၏ ဆောင်ရွက်မှုသည် အမှန်အားဖြင့် လူသားအတွင်းရှိ ရှိရင်းစွဲ အရာအားလုံးနှင့်ဆိုင်သည့် ပြီးမြောက်အောင်မြင်ခြင်း ဖြစ်သည်၊ ဆိုလိုသည်မှာ လူသားအတွက် ဖြစ်နိုင်သည့် အရာဖြစ်သည်။ ထိုအခါ ယင်းမှာ ၎င်း၏တာဝန်ကို ဖြည့်ဆည်းခြင်း ဖြစ်ပေသည်။ သူ၏အစေခံမှုအတွင်း လူသား၏ အပြစ်အနာအဆာများသည် တိုးတက်သည့် အတွေ့ကြုံနှင့် တရားစီရင်ခြင်းအား သူ၏ကြုံရခြင်း ဖြစ်စဉ်မှတစ်ဆင့် တဖြည်းဖြည်း လျော့နည်းလာသည်။ ယင်းတို့သည် လူသား၏တာဝန်ကို မတားဆီးပေ၊ သို့မဟုတ် မထိခိုက်ပေ။ အစေခံမှုကို ရပ်စဲသောသူ သို့မဟုတ် ၎င်းတို့၏ အစေခံမှုတွင် ချွက်ယွင်းချက်များ ရှိကောင်းရှိနိုင်သည်ဟု ကြောက်ရွံ့ခြင်းအတွက် အလျှော့ပေးကာ နောက်ပြန်ဆုတ်သူများသည် အားလုံးထဲတွင် သတ္တိ အနည်းဆုံးသောသူများ ဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လူ့ဇာတိခံ ဘုရားသခင်၏အမှုတော်နှင့် လူ၏တာဝန်ကြား ကွဲပြားခြားနားမှု) ဘုရားနှုတ်ကပတ်တော်ကို ဆင်ခြင်ရင်းနဲ့ ညီမ သဘောပေါက်သွားတယ်။ ဘုရားသခင်က လူတွေရဲ့ နောက်ဆုံးပန်းတိုင်ကို သူတို့တာဝန်အပေါ်၊ သူတို့ ဘယ်လောက်ဒုက္ခခံတယ်၊ အရင်းအနှီးဘယ်လောက်စုဆောင်းခဲ့တယ်ဆိုတာတွေ အပေါ်မှာ အခြေခံ ဆုံးဖြတ်တာမဟုတ်ဘူး။ သူတို့တာဝန်မှာ သစ္စာရှိသလား၊ ဘုရားကိုနာခံသလား သမ္မာတရားကို လက်တွေ့လုပ်တဲ့ သက်သေခံချက်ရှိသလား၊ စိတ်သဘောထားပြောင်းလဲမှုကို ရသလားဆိုတာတွေအပေါ် အခြေခံ ဆုံးဖြတ်တာပါ။ ပြီးတော့လည်း လူတွေကို သူတို့တာဝန်မှာ ဘုရားသခင်ရဲ့ တောင်းဆိုချက်တွေ အားလုံးက လက်တွေ့ကျတယ်။ လူတွေကို စုံလင်ခြင်းရပြီး ဘယ်တော့မှ အမှားမလုပ်ဖို့ မတောင်းဆိုဘူး။ သူတို့အလုပ်မှာ သူတို့အရည်အချင်းတွေကို အကုန်အသုံးချဖို့ အစွမ်းကုန်လုပ်ဆောင်ပြီး အပေါ်ယံလုပ်တာ၊ ဖြစ်ကတတ်ဆန်းလုပ်တာတွေကို ရှောင်ဖို့ တောင်းဆိုတာပါ။ ဒီလိုတာဝန်ထမ်းဆောင်တာက ဘုရားကို ကျေနပ်စေတယ်။ တချို့လူတွေက အမှားအကြီးစားတွေမရှိဘဲ၊ ကိုင်တွယ်ဖြေရှင်းခံရပြီး ပြုပြင်ခံရတာတွေမရှိဘဲနဲ့ သူတို့တာဝန်ကို အမြဲတမ်းထမ်းဆောင်ပေမဲ့ သမ္မာတရားကို မရှာဖွေတာ အပေါ်ယံလုပ်ပြီး သူတို့တာဝန်တွေမှာ တာဝန်မသိတတ်ဘဲ ရေရှည်မှာ ရလဒ်တွေမရနိုင်ကြတာကို ညီမ တွေးမိတယ်။ နောက်ဆုံးတော့ ဒီလိုလူတွေက ဖော်ထုတ်ခံရပြီး ထုတ်ပယ်ခံရတာပဲ။ ပိုဆိုးတဲ့ အခြေအနေတွေမှာဆို အသင်းတော်ကနေတောင် ရှင်းလင်းပစ်ခံရနိုင်တယ်။ ဒါပေမဲ့ တချို့ ညီအစ်ကိုမောင်နှမတွေက သူတို့တာဝန်တွေမှာ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားက ပေါ်လွင်တယ်။ ဒါမှမဟုတ် စည်းမျဉ်းတွေကို နားမလည်နိုင်တာကြောင့် ဖောက်ပြန်မှုတချို့က သူတို့အလုပ်မှာ ပေါ်လာတယ်။ ဒါကြောင့် သူတို့က ပြုပြင်ခံရပြီး ကိုင်တွယ်ဖြေရှင်းခံရတယ်။ ဒါပေမဲ့ သူတို့က သူတို့ကိုယ်သူတို့ ဆင်ခြင်သုံးသပ်ဖို့ အာရုံစိုက်တယ်။ သူတို့ရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေကို ဖြေရှင်းဖို့ သမ္မာတရားကို ရှာဖွေတယ်။ သူတို့အမှားတွေကို သုံးသပ်တယ်။ သမ္မာတရားစည်းမျဉ်းတွေကို ရှာဖွေတယ်။ နောက်ဆုံးမှာ သူတို့လုပ်ကိုင်ပုံက တိုးတက်လာပြီး ဘဝမှာ တိုးတက်မှုရှိလာတယ်။ ကယ်တင်ခြင်းကို ရယူတာက ဘယ်တာဝန်ကို ထမ်းဆောင်တယ်ဆိုတာနဲ့ ဘာမှမဆိုင်ဘူးဆိုတာ ဒီအချက်တွေက ညီမကို ပြခဲ့တယ်။ အရေးကြီးဆုံးက တာဝန်လမ်းကြောင်းမှာ စည်းမျဉ်းနဲ့အညီ လုပ်ဆောင်နိုင်ဖို့အတွက် သမ္မာတရားကို ရှာဖွေပြီး လက်တွေ့လုပ်ဖို့ အာရုံစိုက်ရမယ်။ ဒါကသာ မှန်ကန်တဲ့ လမ်းကြောင်းဖြစ်တယ်။ ညီမက အပြင်ပန်းမှာတော့ တာဝန်ထမ်းဆောင်နေတဲ့ပုံစံရှိပေမဲ့ ဖော်ထုတ်ခံရပြီး ကျရှုံးမှုနဲ့ ကြုံတွေ့ရတော့ ညီမ တုံ့ပြန်တာက စိုးရိမ်ဖို့ပဲ။ ညီမပြဿနာတွေကို ဖြေရှင်းဖို့ သမ္မာတရားကို တကယ်တမ်း လုံးဝ မရှာခဲ့ဘူး။ ညီမက အန္တရာယ်များတဲ့ အခြေအနေမှာ ရှိမှန်း သိသွားတယ်။ အဲဒီနောက်တော့ ဆင်ခြင်သုံးသပ်ဖို့အတွက် ဘုရားရှေ့ကို အမြန်လာခဲ့တယ်။ ဘာကြောင့် ညီမက ကိုယ့်တာဝန်မှာ အမြဲတမ်း အမှားတွေလုပ်ပြီး ချောင်ခိုနေတာလဲ။ ဘာကြောင့် ထိရောက်မှုမရှိတာလဲ ပေါ့။ ညီမက ညီအစ်ကိုမောင်နှမတွေနဲ့ လက်တွဲလုပ်ဖို့ကို တန်ဖိုးမထားခဲ့ဘူးဆိုတာ နောက်ဆုံးမှာ သဘောပေါက်သွားတယ်။ ညီမက ဒီဇိုင်းစမလုပ်ခင်မှာ ညီမတွေးတာတွေကို သူများတွေကို အသိပေးနိုင်ရင်၊ သဘောတူညီချက်ရယူနိုင်ရင် စည်းမျဉ်းတွေကို အခြေခံပြီး ဒီဇိုင်းအတွက် ရှင်းလင်းတဲ့ ဦးတည်ချက်အပေါ် ဆုံးဖြတ်နိုင်ရင် ညီမမှာ ပိုရှင်းတဲ့ စိတ်ကူးရှိပြီး ညီမအလုပ်ကို ပြန်ပို့ခံရပြီး တိုးတက်မှုနှောင့်နှေးသွားတာကို ရှောင်နိုင်မှာပဲ။ နောက်ပြီးတော့ ညီမတာဝန်မှာ တိုးတက်ဖို့ကို မရှာခဲ့ဘဲ လက်ရှိအဆင့်နဲ့ ကျေနပ်နေခဲ့တယ်။ ညီမလုပ်တဲ့အလုပ်က ပြဿနာတွေကို သုံးသပ်ဖို့ စည်းမျဉ်းတွေကို ရှာပြီး ဆက်ပြီးလေ့လာဖို့အတွက် နယ်ပယ်တွေကို သတ်မှတ်ဖို့ကို အာရုံမစိုက်ခဲ့ဘူး။ ဒါကြောင့် တချို့ပြဿနာတွေက ဆက်ပေါ်လာနေပြီး ညီမရဲ့ ဒီဇိုင်းအလုပ်ရဲ့ အရည်အသွေးနဲ့ ထိရောက်မှုက ထိခိုက်လာတယ်။ ဒါတွေအားလုံးကို ဆင်ခြင်သုံးသပ်ရင်းနဲ့ အလုပ်ကိုညီမ ချဉ်းကပ်တာမှာ ပြဿနာတွေဘယ်လောက်များတယ်ဆိုတာကို နောက်ဆုံးမှာ သဘောပေါက်သွားတယ်။ ညီမပြဿနာတွေကို မြင်ပြီး အမြန်ပြုပြင်နိုင်အောင်အတွက်ပဲ အဖွဲ့ခေါင်းဆောင်က ပြဿနာတွေကို ထောက်ပြပြီး ညီမကို ကူညီခဲ့တာပါ။ ဒါပေမဲ့ ညီမက ညီအစ်ကိုမောင်နှမတွေကို သတိထားကာကွယ်နေခဲ့တယ်။ ညီမပြဿနာတွေကို မမြင်နိုင်ရုံတင်မကဘူး။ အပျက်သဘောဆောင်ပြီး အတိုက်အခံလည်းဖြစ်လာတယ်။ ညီမက တော်တော် ကျိုးကြောင်းမသင့်တာပဲ။ ညီမ အရမ်းနောင်တရပြီး အပြစ်ရှိသလို ခံစားရတယ်။ ညီမပြဿနာတွေကို ဖြစ်နိုင်သမျှ အမြန်ဆုံးပြင်ဖို့ စိတ်ပိုင်းဖြတ်လိုက်တယ်။
အဲဒီနောက်တော့ ဒီ ဘုရားနှုတ်ကပတ်တော်အပိုဒ်ကို တွေ့မိတယ်။ “တစ်စုံတစ်ဦးသည် ပွင့်လင်းမှုရှိလျှင် သူသည် ရိုးသားသူတစ်ယောက်ဖြစ်သည်။ ဤသည်မှာ သူသည် ဖုံးကွယ်စရာမရှိသကဲ့သို့၊ အသိမပေးစရာမရှိဘဲ သူ၏ စိတ်နှလုံးနှင့် ဝိညာဉ်ကို ဘုရားထံ လုံးဝ ဖွင့်ဟပြီးဖြစ်သည်ဟု ဆိုလိုသည်။ သူသည် ဘုရားထံသို့ သူ၏ စိတ်နှလုံးကို အပြည့်အဝပေးအပ်ကာ ပြသပြီးဖြစ်သည်။ ဤသည်မှာ သူသည် ဘုရားသခင်ထံသို့ သူ၏ အလုံးစုံအား ပေးအပ်ပြီးဖြစ်သည်ဟု ဆိုလိုသည်။ သူသည် ဘုရားသခင်နှင့် ဝေးကွာဦးမည်လော။ ဝေးကွာမည်မဟုတ်ပေ။ ဤနည်းအားဖြင့် ဘုရားသခင်အား ကျိုးနွံနာခံရန် သူ့အတွက် လွယ်ကူသည်။ ထိုသူသည် လှည့်စားတတ်သည်ဟု ဘုရားသခင်က ဆိုလျှင် သူ ဝန်ခံလိမ့်မည်။ ထိုသူသည် မာနထောင်လွှားပြီး မိမိကိုယ်ကို အမှန်ထင်သည်ဟု ဘုရားသခင်က ဆိုလျှင် သူသည် ဤအရာကိုလည်း ဝန်ခံလိမ့်မည်။ ထိုသူသည် ဤအရာများကို ဝန်ခံရုံနှင့် ပြီးသွားမည် မဟုတ်ပေ။ ထိုသူသည် နောင်တရနိုင်သည်။ သမ္မာတရားစည်းမျဉ်းများအတွက် ကြိုးပမ်းနိုင်သည်။ သူ၏ အမှားများကို သိမြင်ပြီး ပြုပြင်နိုင်သည်။ သတိမထားမိခင်တွင် သူ၏ မှားယွင်းသောနည်းများစွာကို သူပြုပြင်ပြီးဖြစ်လိမ့်မည်။ သူသည် လှည့်စားတတ်ခြင်း၊ လိမ်ညာခြင်း၊ ပေါ့ဆခြင်း၊ ဝတ်ကျေတမ်းကျေဆန်ခြင်းတို့ ပိုပို၍ လျော့နည်းလာလိမ့်မည်။ ဤသို့ အသက်ရှင်လေလေ၊ သူသည် ပို၍ ပွင့်လင်းပြီး ဂုဏ်သရေရှိလာလေလေ ဖြစ်ကာ ရိုးသားသူတစ်ယောက်ဖြစ်လာခြင်း ပန်းတိုင်သို့ နီးကပ်လေလေဖြစ်လိမ့်မည်။ ဤသည်မှာ အလင်းတွင် အသက်ရှင်ခြင်းဆိုသည့် အဓိပ္ပာယ်ဖြစ်သည်။...အလင်းတွင် အသက်ရှင်သူတို့သည် ဘုရားသခင်၏ စိစစ်ခြင်းကို လက်ခံနိုင်သလော။ ၎င်းတို့၏ စိတ်နှလုံးကို ဘုရားသခင်ထံမှ ဖုံးကွယ်ထားကောင်းထားနိုင်သေးသလော။ ဘုရားသခင်ကို မပြောပြနိုင်သည့် လျှို့ဝှက်ချက်များ ရှိသေးသလော။ ကလိမ်ကကျစ်ကျကာ လျှို့ဝှက်သောလှည့်ကွက်များ ရှိသေးသလော။ မရှိပေ။ ၎င်းတို့သည် ဘုရားသခင်ထံသို့ ၎င်းတို့၏ စိတ်နှလုံးကို အပြည့်အဝ ဖွင့်ဟပြီးဖြစ်ကာ မည်သည့်အရာမျှ ဖုံးကွယ်မထားပေ။ ၎င်းတို့သည် ဘုရားသခင်ကို ရင်ဖွင့်နိုင်သည်။ မည်သည့်အရာကိုမဆို ဘုရားသခင်နှင့် မိတ်သဟာယဖွဲ့နိုင်သည်။ အရာရာတိုင်းကို ဘုရားသခင်အား အသိပေးနိုင်သည်။ ၎င်းတို့က ဘုရားသခင်ကို မပြောပြမည့်အရာ၊ ဘုရားသခင်ကို မပြသမည့်အရာ မရှိပေ။ လူတို့သည် ဤဖွင့်ဟခြင်းအဆင့်ကို ရရှိနိုင်သောအခါ ၎င်းတို့၏ အသက်တာများသည် လွယ်ကူ၊ လွတ်လပ်ပြီး လွတ်မြောက်လာကြသည်။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ အပိုင်း သုံး) တာဝန်ကို ကောင်းကောင်းလုပ်ဖို့ ရိုးသားတဲ့သဘောထားရှိရမယ်ဆိုတာ ဘုရားနှုတ်ကပတ်တော်တွေက ပြပါတယ်။ ရိုးသားတဲ့သူတစ်ယောက်ရဲ့ တန်ဖိုးအရှိဆုံးအချက်က သမ္မာတရားနဲ့ ဘုရားရဲ့ စိစစ်မှုကို လက်ခံဖို့ သူတို့ရဲ့ အရည်အချင်းပဲ။ ရိုးသားသူက ဘယ်လို ဖော်ထုတ်ခံရပါစေ၊ ကျရှုံးမှုနဲ့ တွေ့ပါစေ သူ့အားနည်းချက်တွေကို သိမြင်နိုင်တယ်။ သမ္မာတရားကို ရှာဖွေနိုင်ပြီး သူ့ကိုယ်သူ ဆင်ခြင်သုံးသပ်နိုင်တယ်။ သူ့အလုပ်မှာ အမှားတွေကို ပြုပြင်နိုင်တယ်။ ဒီလိုလူတွေက ဘုရားရဲ့ ဉာဏ်အလင်းဖွင့်ပြမှုနဲ့ လမ်းပြမှုကို ရဖို့ ပိုပြီး ဖြစ်နိုင်ခြေရှိတယ်။ တာဝန်တွေမှာ သူတို့ရလဒ်တွေက ဆက်တိုက် တိုးတက်လာတယ်။ လူတွေက လမ်းမှန်ပေါ်မှာ အားစိုက်ထည့်လာတဲ့အခါ တိုးတက်လာတာကို သူတို့ကိုယ်တိုင်မြင်ရတယ်။ စိတ်ပူတာတွေ၊ ကြောက်တာတွေအားလုံးက အလိုလိုပျောက်သွားတယ်။
ဘုရားအလိုတော်ကို ညီမ နားလည်သွားပြီးတဲ့နောက်မှာ ညီမတာဝန်မှာ သတိရှိရှိနဲ့ ဒီနည်းအတိုင်း လက်တွေ့လုပ်တယ်။ တစ်ခါကျတော့ အလီရှာနဲ့ ဒီဇိုင်းတစ်ခု တွဲလုပ်ရတဲ့အချိန်မှာ စည်းမျဉ်းကို သဘောမပေါက်လို့ ညီမပုံကြမ်းက ပြန်ပို့ခံရတယ်။ အမှားတွေအများကြီးလုပ်မိရင် တာဝန်အပြောင်းခံရမှာပဲဆိုပြီး ထပ်ပြီး စိုးရိမ်လာတယ်။ ဒါပေမဲ့ ဒီလို ခံစားရတာနဲ့ တစ်ပြိုင်နက် ညီမက အနာဂတ်မျှော်လင့်ချက်တွေကို နောက်တစ်ခါ စဉ်းစားနေပြန်ပြီဆိုတာ ချက်ချင်း သတိထားမိလိုက်တယ်။ အဲဒါနဲ့ ဘုရားကို အမြန်ဆုတောင်းပြီး သဘောထားအမှန်ကို ထားဖို့၊ ဘုရားကို သတိထားကာကွယ်တာမလုပ်ဖို့၊ ညီမအားနည်းချက်တွေအပေါ် သင့်တင့်တဲ့ အမြင်ကို ခံယူဖို့ ညီမ ဖောက်ပြန်မှုတွေကို သုံးသပ်ပြီး ဝင်ရောက်သင့်တဲ့ စည်းမျဉ်းတွေကို ရှာဖွေဖို့ အသင့်ဖြစ်နေခဲ့တယ်။ အဲဒီနောက်တော့ ညီမအခြေအနေကို အလီရှာကို ဖွင့်ပြောလိုက်ပြီး သူက ညီမကို အပြစ်မဆိုရုံမကဘဲ ညီမအားနည်းချက်တွေအတွက် အကောင်အထည်ဖော်ဖို့ တချို့အသေးစိတ်လမ်းကြောင်းတွေကိုတောင် မိတ်သဟာယဖွဲ့ပေးတယ်။ ညီမဒီဇိုင်းတွေက အရမ်း တိုးတက်လာတယ်။ နောက်ကျတော့ ဒီပြဿနာက ညီမအလုပ်မှာ သိပ်မဖြစ်တော့ဘူး။ ဝင်ရောက်ဖို့အတွက် အပြုသဘောဆောင်တဲ့ နည်းကို သုံးတဲ့အခါမှာ ဘုရားကို သတိထားနေတာ သိပ်မဖြစ်တော့ဘူး။ တာဝန်အပြောင်းခံရမှာကို မစိုးရိမ်တော့ဘူး။ သမ္မာတရားကို ရှာဖွေပြီး ကိုယ့်ကိုယ်ကိုယ် သုံးသပ်တဲ့အပေါ်မှာ အာရုံစိုက်နိုင်လာတယ်။ အချိန်ကြာလာတော့ ညီမတာဝန်မှာ တိုးတက်လာပြီး အမှားလုပ်တာ ပိုပိုနည်းလာတယ်။ ညီမရဲ့ အသက်ဝင်ရောက်မှုမှာလည်း အများကြီးရခဲ့ပြီး ငြိမ်းချမ်းပြီး စိတ်သက်သာတယ်။
မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။
ချန်ယံ တောင်ကိုရီးယားနိုင်ငံ အလုပ်အစည်းအဝေးတစ်ခုမှာ ကျွန်တော်ဦးဆောင်ရတဲ့ အသင်းတော်တစ်ခုရဲ့ လူသစ်တွေကိုရေလောင်းတာ ဘယ်လိုအခြေအနေရှိလဲလို့...
ဘိုင်ချူး တောင်ကိုရီးယားနိုင်ငံ ကျွန်မက ၂၀၁၉ခုနှစ်မှာ အသင်းတော်ရဲ့ ဗီဒီယိုအလုပ်အတွက် တာဝန်ယူရပြီး အသင်းတော်ခေါင်းဆောင်အဖြစ်လည်း အစေခံရတယ်။...
၂၀၁၉ နိုဝင်ဘာလတုန်းကပါ။ ကျွန်မက အစ်မကျိုးနဲ့အတူ ခေါင်းဆောင်ပိုင်းတာဝန်တွေ လုပ်နေတာ။ အလုပ်ကို ပိုကောင်းအောင်၊ ပိုပြီး ထိထိရောက်ရောက်...
၂၀၂၁ ဖေဖော်ဝါရီ ရက်တစ်ရက်မှာ၊ စပိန်စကားပြောနိုင်ငံတွေထဲက လူသစ်အသင်းတော်တွေကို ကြီးကြပ်ရမယ်လို့ ကျွန်မကို ခေါင်းဆောင်တစ်ယောက်က ပြောတယ်။...