၅၂။ နှုတ်ဆက်လိုက်ပါသည်၊ လူ့အကြိုက်လိုက်သူရေ။

လီဖေး စပိန်နိုင်ငံ

လူ့အကြိုက်လိုက်သူများအကြောင်း ပြောသည့်အခါ၊ ဘုရားသခင်ကို ကျွန်မ မယုံကြည်မီတွင် သူတို့က ကြီးမြတ်သည်ဟု ကျွန်မ ထင်ခဲ့သည်။ နူးညံ့သိမ်မွေ့သည့် စိတ်သဘောထားများ သူတို့ ရှိကြသည်၊ မည်သူနှင့်မျှ လုံးဝ ကန့်လန့်မဖြစ်ခဲ့ကြပါ၊ အယောက်တိုင်းက သူတို့ကို နှစ်သက်ကြပြီး၊ အဘယ်သူ့ကိုမျှ သူတို့ လုံးဝ စိတ်အနှောင့်အယှက် မဖြစ်စေကြပါ။ ဤကဲ့သို့သော လူစားမျိုးဖြစ်ဖို့ ကျွန်မ ဆန္ဒပြင်းပြခဲ့သည်။ အဘယ်ကြောင့်ဆိုသော်၊ ကျွန်မက ငယ်ငယ်ကတည်းက၊ “သဟဇာတဖြစ်ခြင်းသည် ဘဏ္ဍာသိုက်တစ်ခုဖြစ်သည်၊ သည်းခံစိတ်ရှည်ခြင်းက ဂုဏ်ရည်တစ်ခုဖြစ်သည်၊” “တစ်စုံတစ်ရာ မှားယွင်းသည်ကို သိသည့်အခါ၊ နည်းနည်းပြောသည်က ပိုကောင်း၏၊” “မိမိကိုယ်ကို ကာကွယ်ရန် ဆိတ်ဆိတ်ငြိမ်နေ၍ အပြစ်တင်ခံရမှုမှ လွတ်မြောက်ရန်သာ ကြိုးစားပါ၊” ဆိုသည်နှင့် “ဘာကိုမှ လေးလေးနက်နက် မထားပါနဲ့၊” “အသိဉာဏ်ကင်းမဲ့ခြင်းသည် သုခချမ်းသာဖြစ်နေသောအခါ ဉာဏ်အမြော်အမြင်ရှိခြင်းသည် မိုက်မဲပေ၏၊” “မိတ်ဆွေကောင်းများ၏အပြစ်များအပေါ် နှုတ်ဆိတ်နေပေးခြင်းသည် ကြာရှည်၍ ကောင်းမွန်သော ခင်မင်မှုဖြစ်စေ၏။” ဟူသကဲ့သို့သော အရာများဖြင့် ကျွန်မ၏ ပညာရေးမှတစ်ဆင့်နှင့် လူ့အဖွဲ့အစည်းအားဖြင့် လွှမ်းမိုးခံခဲ့ရသောကြောင့် ဖြစ်သည်။ ဤစိတ်ကူးများကို အသက်ရှင်ဖို့ ကျွန်မ၏ ကိုယ်ပိုင်စကားများအဖြစ် ကျွန်မ သဘောထားခဲ့ပါသည်။ မိသားစုဖြစ်စေ၊ မိတ်ဆွေများ သို့မဟုတ် အသိအကျွမ်းများသာဖြစ်စေ၊ ကျွန်မ မည်သူ့ကိုမျှ စိတ်အနှောင့်အယှက် မဖြစ်စေခဲ့သကဲ့သို့၊ အခြားသူများ လိုချင်သည့်အရာကို အမြဲ လိုက်လျောခဲ့သည်။ ကျွန်မကို လူများနှင့်ပတ်သက်၍ သဘောကောင်းပြီး လွယ်လွယ် အဆင်ပြေတတ်ခြင်းအတွက် အယောက်တိုင်းက ကျွန်မကို ချီးမွမ်းကြသည်။ ဤမှောင်မိုက်၊ ဆိုးယုတ်သည့် လူ့အဖွဲ့အစည်းတွင် ရှင်သန်ဖို့မှာ သင့်အနားတစ်ဝိုက် ရှိသူများနှင့် ကောင်းမွန်သည့် ဆက်ဆံရေးများ ခိုင်မာအောင် ကြိုးပမ်းခြင်း လိုသည်၊ အဘယ်ကြောင့်ဆိုသော် ယင်းမှာ သင့်ကိုယ်သင်အတွက် နေရာတစ်ခု တည်ထောင်ဖို့ တစ်ခုတည်းသော နည်းလမ်း ဖြစ်သောကြောင့် ဖြစ်သည်ဟုလည်း ကျွန်မ ခံစားခဲ့ရသည်။ နောက်ပိုင်းတွင်၊ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နောက်ဆုံးသောကာလ အမှုတော်ကို ကျွန်မ လက်ခံပြီးနောက်တွင်သာ၊ ဘုရားနှုတ်ကပတ်တော်များ၏ တရားစီရင်ခြင်း နှင့် ပြစ်တင်ဆုံးမခြင်းတို့ကို ကျွန်မ တွေ့ကြုံခံစားခဲ့ရပြီး၊ သမ္မာတရားတစ်ချို့ကို နားလည်သဘောပေါက်ခဲ့ခြင်း ဖြစ်သည်၊ ဤရှင်သန်နေထိုင်မှု စည်းမျဉ်းများမှာ ဆိုးယုတ်သော အတွေးအခေါ်များ၊ ဆိုးယုတ်သည့် အဆိပ်များဖြစ်ပြီး၊ လူတို့ စွဲကိုင်သင့်သည့် အခြေခံသဘောတရားများ မဟုတ်သည်ကို နောက်ဆုံးတွင် ကျွန်မ တွေ့ခဲ့ရသည်။ ဤနည်းဖြင့် အသက်ရှင်ရင်း၊ ကျွန်မ ပိုပိုပြီး ကလိမ်ကကျစ်ကျလာသည်၊ လှည့်စားတတ်လည်၊ တစ်ကိုယ်ကောင်းဆန်တတ်လာပြီး၊ စက်ဆုပ်ဖွယ်ဖြစ်လာခဲ့သည်၊ ပုံမှန် လူသားသဏ္ဍာန် ကျွန်မ မရှိသည်ကို ကျွန်မ တွေ့ခဲ့ရသည်။ နောက်ဆုံးတွင်၊ ကျွန်မ မိမိကိုယ်ကိုယ် စတင်စက်ဆုပ်ခဲ့ပြီး၊ ဘုရားသခင်ထံ နောင်တရခဲ့ပါသည်။

၂၀၁၈ ခုနှစ်တွင်၊ ခရိုင်ခေါင်းဆောင် တစ်ဦးအဖြစ် ကျွန်မ အရွေးခံခဲ့ရသည်။ အစတွင်၊ အသင်းတော်၏ အလုပ်အားလုံးအကြောင်းကို ကျွန်မ သိပ်မသိခဲ့ပါ။ ကျွန်မ၏ လုပ်ဖော်ကိုင်ဖက် အစ်မလျူက ဤတာဝန်ကို တစ်နှစ်ကျော် လုပ်ဆောင်နေခဲ့ပြီးဖြစ်ကာ သူသည် အသင်းတော်အလုပ်၏ ရှုထောင့်အမျိုးမျိုးကို နားလည်ခဲ့သည်၊ ထို့ကြောင့် ကျွန်မတွင် ရှိသည့် မည်သည့် ပြဿနာများ သို့မဟုတ် မည်သည့် အခက်အခဲများမဆိုနှင့်ပတ်သက်၍ သူ့ကို ကျွန်မ မေးမြန်းခဲ့ပြီး၊ သူက ကျွန်မကို များစွာ ကူညီခဲ့သည်။ နောက်ပိုင်းတွင်၊ သူတာဝန်ယူထားသည့် အသင်းတော်၏ ခေါင်းဆောင် အစ်မကျန်းသည် ရိုးအီနေသည့် စကားများနှင့် သြဝါဒများကို အစည်းအဝေးများတွင် ခရားရေလွှတ်ပြောရင်း၊ လက်တွေ့ကျသည့်အလုပ်ကို လုပ်ဆောင်နေခြင်းမရှိဘဲ၊ သူ၏ တာဝန်များတွင် ဟန်ဆောင်လုပ်ပြနေခဲ့ပြီး၊ မာနထောင်လွှားကာ၊ မိမိကိုယ်ကိုယ် မှန်သည်ဟုထင်ကာ အခြားသူများ၏ အကြံပြုချက်များ သို့မဟုတ် အကူအညီများကို ငြင်းပယ်သည်ဟု အကြိမ်းပေါင်းအချို့ အစ်မလျူ ပြောပြသည်ကို ကျွန်မ ကြားခဲ့ရသည်။ ထိုအချိန်က၊ ကျွန်မက ဤအရာအားလုံးသည် လက်တွေ့ကျသည့် အလုပ်ကို မလုပ်သော အယောင်ဆောင် ခေါင်းဆောင်တစ်ဦး၏ သရုပ်သကန်များ ဖြစ်ရမည်ဟု တွေးမိခဲ့ပြီး၊ အစ်မလျူက ထိုအရာနှင့်ပတ်သက်၍ သိခဲ့သည့်အတွက်၊ အဘယ်ကြောင့် သူက အပြောင်းအလဲအချို့ လုပ်ကာ အစ်မကျန်းကို မထုတ်လိုက်သနည်းဟု သိချင်မိခဲ့သည်။ သူ့ကို ကျွန်မ တစ်ခုခု ပြောချင်ခဲ့သော်လည်း၊ ကျွန်မက ဤတာဝန်ကို ခုတင် စထမ်းဆောင်ခြင်းဖြစ်ကာ အစ်မကျန်းကို သိကောင်းကောင်းမသိခဲ့သည်ကို အတွေးပေါ်ခဲ့သည်။ ကျွန်မ တစ်ခုခုကို တိုက်ရိုက်ပြောလိုက်ပါက၊ ကျွန်မက အလောသုံးဆယ်ဖြစ်ခြင်းနှင့် တခြားသူများကို ချစ်ချစ်ခင်ခင် မဆက်ဆံခြင်းအတွက် အစ်မလျူက ဝေဖန်ကောင်းဝေဖန်မည် ဖြစ်သည်။ ဤအရာ စိတ်ထဲတွင်ရှိလျက်၊ ကျွန်မ၏ အတွေးများကို အစ်မလျူနှင့် သွယ်ဝိုက်ဝေမျှခဲ့သော်လည်း၊ သူက ထိုအရာကို သိပ်မတွေးဘဲ၊ မေတ္တာထားပြီး အစ်မကျန်းကို ကူညီဖို့ ကျွန်မကို တောင်းဆိုခဲ့သည်။ ကျွန်မက၊ “အစ်မလျူက ခေါင်းဆောင်တွေကို အစားထိုးဖို့ စည်းမျဉ်းတွေကို သိရမယ်၊ ဒါကြောင့် ငါ ဒါကို ထပ်ပြောလိုက်ရင်၊ လက်တွေ့ကျတဲ့အလုပ် သူမလုပ်ဘူးလို့ ငါပြောတယ်လို့များ သူထင်သွားမလား။ ပြီးတော့ ငါဟာ ပြဿနာအရမ်းရှာပြီး၊ ပေါင်းရသင်းရခက်တယ်လို့ သူက သေချာပေါက်ကို တွေးမှာ။ ဒါက ငါတို့ကြားမှာ သဘောထားကွဲလွဲမှုဖြစ်စေရင်၊ ငါတို့တွေက အနာဂတ်မှာ လက်တွဲဖော်တွေအဖြစ် ငါတို့ တာဝန်တွေကို ဘယ်လိုထမ်းဆောင်မလဲ” ဟု တွေးမိခဲ့သည်။ ထိုအချိန်တွင်၊ ကျွန်မ မည်သည့်အရာကိုမျှ ထပ်မပြောဖို့ ဆုံးဖြတ်ခဲ့သည်။

အစ်မကျန်း၏ ပြဿနာများကို ဖော်ထုတ်ပြီး စိစစ်ဖို့ အစ်မကျန်းနှင့် အကြိမ်အနည်းငယ် ကျွန်မ မိတ်သဟာယပြုခဲ့သည်။ သူက ထိုအရာကို လက်ခံဖို့ ငြင်းပယ်ခဲ့ရုံသာမက၊ ကျွန်မနှင့်ပါ စကားများခဲ့သည်။ နောက်မကြာမီတွင်၊ အစ်မကျန်းက လက်တွေ့ကျသော အလုပ်ကို လုပ်ဆောင်နေခဲ့ခြင်းမရှိသည်ကို အခြားသော ညီအစ်ကို မောင်နှမများက စတင် တိုင်ကြားခဲ့ကြသည်။ အစ်မကျန်း၏ ပြဿနာက ဆိုးရွာခဲ့ပြီး၊ ကျွန်မတို့က အချိန်မီ မကိုင်တွယ်ပါက၊ ထိုအရာက အသင်းတော်၏ အလုပ်နှင့် ကျွန်မတို့ ညီအစ်ကိုမောင်နှမများ၏ အသက်ဝင်ရောက်မှုကို နှောင့်နှေးစေလိမ့်မည်ဖြစ်သည်ကို ထိုအချိန်မှ ကျွန်မ နားလည်ခဲ့ရသည်။ ထို့ကြောင့် အစ်မကျန်းကို ထုတ်ပစ်ခြင်းနှင့်ပတ်သက်သော ကိစ္စကို ကျွန်မ အစ်မလျူထံ ကျွန်မ တစ်ဖန်တင်ပြခဲ့သည်။ သို့သော် အစ်မလျူက၊ “ဒီတိုင်ကြားချက်တွေကို အစ်မတို့ အထက်လူကြီးတွေဆီ လွှဲပေးလိုက်ပြီ။ အစ်မတို့ သူ့ကို မထုတ်ခင် ဒီကိစ္စကို သူတို့ အကုန်အစင် စစ်ပြီးတဲ့အထိ စောင့်လိုက်ရအောင်”ဟု ပြောခဲ့သည်။ ကျွန်မက၊ “တိုင်ကြားချက်တွေနဲ့ အခြေအနေကို စုံစမ်းတာကတစ်ဆင့်၊ အစ်မကျန်းက လက်တွေ့ကျတဲ့ အလုပ်ကို မလုပ်ခဲ့တာ၊ ဟန်ဆောင်လုပ်ပြနေခဲ့တာနဲ့ ရိုးအီနေတဲ့အရာတွေ နဲ့ သြဝါဒတွေကိုပဲ အချိန်အကြာကြီးပြောနေခဲ့တာတွေကို ကျွန်မတို့မြင်နိုင်တယ်။ သူဟာ အယောင်ဆောင် ခေါင်းဆောင်အတုဆိုတာ ကျွန်မတို့ သိပြီးသား ဖြစ်လို့၊ အခြေခံစည်းမျဉ်းတွေအရ၊ သူ့ကို ဖြစ်နိုင်သမျှ မြန်မြန် ထုတ်ပစ်သင့်တယ်။ ကျွန်မတို့က ခရိုင်ခေါင်းဆောင်တွေဖြစ်တယ်၊ ပြီးတော့ အယောင်ဆောင် ခေါင်းဆောင် တစ်ယောက်က အသင်းတော်ထဲမှာ ပေါ်လာပြီဖြစ်ပေမယ့်၊ အဲဒါကို ချက်ချင်း ကိုင်တွယ်ဖြေရှင်းမယ့်အစား၊ ကျွန်မတို့က အဲဒါကို ကျွန်မတို့ရဲ့ အထက်လူကြီးတွေဆီ တွန်းပို့နေကြတယ်။ ဒါဟာ အချိန်ဆွဲနေပြီး အယောင်ဆောင် ခေါင်းဆောင်ကို ငါတို့ရဲ့ညီအစ်ကိုမောင်နှမတွေကို ဆက်ထိခိုက်အောင်လုပ်ဖို့ ခွင့်ပြုနေတာပဲ မဟုတ်ဘူးလား။ ဒါဟာ စာတန်နဲ့ ရပ်တည်ပြီး၊ ဘုရားသခင်ကို ဆန့်ကျင်နေတာ သက်သက်ပါပဲ။ ဒါဟာ အင်မတန် ဆိုးရွားတဲ့ ပြဿနာပဲ” ဟု တွေးမိခဲ့သည်။ ထိုအရာနှင့်ပတ်သက်၍ အစ်မလျူကို ကျွန်မ တစ်ဖန် ပြောပြချင်ခဲ့သော်လည်း၊ “ဒါကို ငါ အရင်တစ်ခါ ပြောပြတုန်းက သူက အစ်မကျန်းကို အစားမထိုးချင်ဘဲ၊ သူ့ကို ချစ်ချစ်ခင်ခင် ဆက်ဆံဖို့ပဲ ငါ့ကို ပြောခဲ့တယ်။ သူတို့နှစ်ယောက်က ဆက်ဆံရေးအဆင်ပြေပုံရတယ်၊ ဒီတော့ အစ်မကျန်းကို ထုတ်ပစ်ဖို့ ကိစ္စကို ငါထပ်ပြောလိုက်ရင်၊ ကျွန်မ အရမ်း မာနထောင်လွှားတယ်လို့ အစ်မလျူက ပြောမှာပဲ။ ‘အလုပ်နဲ့ အစိမ်းသက်သက်ဖြစ်သူတွေဟာ သူတို့ရဲ့ အရှုံးမပေးတဲ့ စိတ်ဓာတ်ကို သက်သေပြရမယ်’ လို့ဆိုတဲ့ ဆိုရိုးစကားအတိုင်း ငါက ကြွားဝါရုံကြွားဝါနေတာပဲလို့ သူ ထင်မှာ မဟုတ်လား။ ဘာမှ မပြောတာပဲ ပိုကောင်းမှာပါ။ အနည်းဆုံးတော့ ငါတို့ရဲ့ အထက်လူကြီးတွေက အချက်အလက်တွေကို စုံစမ်းပြီး စစ်ဆေးနေတာပဲလေ။ နောက်ထပ် ရက်လေးနည်းနည်းလောက်က ဘာမှမဖြစ်လောက်ပါဘူး”ဟု ကျွန်မ တွေးမိခဲ့သည်။ ထို့ကြောင့် ကျွန်မ စကားတွေ ပါးစပ်ဖျားတင် ချုပ်တည်းထားခဲ့သည်။ ရက်အနည်းငယ်ကြာပြီးနောက်တွင် ကျွန်မတို့၏ အထက်လူကြီးများက ထိုကိစ္စကို စုံစမ်းစစ်ဆေးပြီးသည့်နောက်တွင်၊ ကျွန်မတို့က အသင်းတော်အလုပ်ကို နှောင့်ယှက်ကာ ဟန့်တားပြီး၊ ကျွန်မတို့ ညီအစ်ကိုမောင်နှမများ၏ အသက်ဝင်ရောက်မှုကို နှောင့်နှေးစေသည်ဟု ဆိုရင်း၊ အယောင်ဆောင် ခေါင်းဆောင်တစ်ဦးကို ချက်ချင်း မကိုင်တွယ်သည့်အတွက် ကျွန်မတို့ကို ဆူပူခဲ့ကြသည်။ သူတို့က ဤသည်မှာ စာတန်၏ ကြံရာပါများအဖြစ် ပြုမူခြင်းဖြစ်ပြီး ကျွန်မတို့ ညီအစ်ကိုမောင်နှမများကို ထိခိုက်နေခြင်း ဖြစ်သည်ဟု ပြောခဲ့ကြသည်။ ဤအရာကို ကြားရသည့်အခါ၊ ကျွန်မ စိတ်မချမ်းမြေ့ဖြစ်ခဲ့ရသည်။ ကျွန်မ ရှင်းရှင်းလင်းလင်း သိခဲ့သည့် သမ္မာတရားကို ကျွန်မ လက်တွေ့မလုပ်ဆောင်ခဲ့သကဲ့သို့၊ စည်းမျဉ်းများကိုလည်း မထိန်းသိမ်းခဲ့လေပြီကို ကျွန်မ နားလည်လိုက်သည်။ အယောင်ဆောင် ခေါင်းဆောင်တစ်ဦးကို ကျွန်မ တကယ် အကာအကွယ်ပေးခဲ့မိပြီ။ ကျွန်မက သူ့အတွက် ဖုံးဖိနေခဲ့ပါသည်။ ထို့ကြောင့် သူ့ကို ကျွန်မ ချက်ချင်း ထုတ်ပစ်ခဲ့သည်။ သို့သော် နောက်ပိုင်းတွင်၊ မိမိကိုယ်ကိုယ် အပြစ်တင်ခြင်းနှင့် ကသိကအောက်ဖြစ်ခြင်းတို့ကို အနည်းငယ်သာ ကျွန်မ ခံစားခဲ့ရပြီး၊ နောက်ထပ် မည်သို့မျှ မိမိကိုယ်ကိုယ် ပြန်သုံးသပ်ကြည့်ဖို့ အခွင့်အရေးမယူခဲ့ပါ။ နောင်တွင်၊ အစ်မလျူက အစည်းအဝေးများ၌ ရိုးအီနေသည့် စကားများနှင့် သြဝါဒများကိုသာ အမြဲ ပြောကာ ညီအစ်ကိုမောင်နှမများ၏ ပြဿနာများနှင့် အခက်အခဲများကို သူမဖြေရှင်းနိုင်သည်ကို ကျွန်မ သိခဲ့သည်။ သူ၏ ပြဿနာများနှင့် ဟာကွက်များတစ်ချို့တို့ကို ကျွန်မ ထောက်ပြခဲ့ချိန်တွင်၊ သူက ထိုအရာများကို လက်မခံချင်ခဲ့သကဲ့သို့၊ ကျွန်မနှင့်အတူ ငြင်းခုံပြီး စကားအချေအတင်ပြောဖို့ ကြိုးစားခဲ့သည်။ သူတာဝန်ရှိသည့် အလုပ်တွင် မည်သည့်အရာကိုမျှ စွမ်းဆောင်ရရှိခဲ့ခြင်းမရှိသကဲ့သို့၊ ကျွန်မတို့၏ အထက်လူကြီးများက သူ့ကို ပြုပြင်ပြီး ကိုင်တွယ်ဖြေရှင်းချိန်တွင် သူက လက်ခံရန် ငြင်းပယ်ခဲ့သည်။ သူသည် စောဒကတက်မှုများနှင့် အထင်လွဲမှုများတွင် နှစ်မြုပ်လျက်၊ အပျက်သဘောဆောင်လာပြီး၊ သူ၏ တာဝန်တွင် ခိုကပ်လာခဲ့သည်။ ထိုအချိန်က၊ သူ၏ အခြေအနေကို ကျွန်မ ထုတ်ဖော်ချင်ခဲ့သော်လည်း၊ သူ၏ လက်တွဲဖော်အနေဖြင့် ကျွန်မတို့၏ အလုပ်ကို သူကောင်းကောင်းမလုပ်ပါက၊ ကျွန်မလည်း တာဝန်ရှိပြီး၊ သူ၏ ပြဿနာများကို ကျွန်မ စိစစ်လိုက်ပါက၊ ကျွန်မက နားလည်မှုမရှိဟု သူက ပြောမည်ကို ကျွန်မ သဘောပေါက်ခဲ့သည်၊ ထို့ကြောင့် ကျွန်မ မဝံ့ရဲခဲ့ပါ။ ထိုအစား၊ ကျွန်မက သူ့ကို အပျက်သဘောမဆောင်ဖို့ နှစ်သိမ့်ပြီး အားပေးဖို့သာ ကြိုးစားခဲ့သည်။ သို့သော် ထို့နောက်တွင်၊ အစ်မလျူသည် တစ်စက်မျှ မပြောင်းလဲသေးသည်ကို ကျွန်မ သဘောပေါက်လိုက်သည်။ သူသည် မိမိကိုယ်ကိုယ် သိရှိခြင်း လုံးဝ မရှိခဲ့ပါ။ အမှုအရာများက ဤသို့ ဆက်ဖြစ်နေပါက၊ ယင်းက အသင်းတော်၏ အလုပ်ကိုသာ နှောင့်နှေးစေမည်ဖြစ်ပြီး၊ ကျွန်မတို့၏ ညီအစ်ကိုမောင်နှမများကို ထိခိုက်စေမည်ဖြစ်သည်။ ဤအရာများကို ကျွန်မတို့၏ အထက်လူကြီးများထံ ဖြစ်နိုင်သမျှမြန်မြန် သတင်းပို့ရမည်ဖြစ်သည်ကို ကျွန်မ သဘောပေါက်လိုက်သည်။ အသင်းတော်က အကြမ်းဖျင်း ထင်မြင်ချက် စစ်တမ်းတစ်ခု ကောက်ဖြစ်ခဲ့ပြီး၊ ကျွန်မတို့၏ အထက်လူကြီးများက အစ်မလျူနှင့်သက်ဆိုင်သည့် သုံးသပ်ချက်တစ်ခု ကျွန်မကို ရေးခိုင်းခဲ့သည်။ ထိုစာကို ရေးဖို့ ကျွန်မ အဆင်သင့်ပြင်နေခဲ့သော်လည်း၊ ညီအစ်ကိုမောင်နှမ အများစုက သူ့အပေါ် ချင့်ချိန်နိုင်စွမ်း မရှိသကဲ့သို့ သူ့ကို တကယ်ကို ထောက်ပံ့ကြသည်ကို ကျွန်မ သတိရမိခဲ့သည်။ ထို့ကြောင့် အစ်မလျူ၏ ပြဿနာတွေကို တိုင်ကြားဖို့ ကျွန်မက အရဲစွန့်လိုက်ပါက၊ ကျွန်မက အရာအရာတိုင်းအပေါ် ပြောရေးဆိုခွင့် အပြည့်အဝရှိဖို့ ကျိတ်ကြံနေခဲ့ပြီး၊ သူ့ကို ဖယ်ရှားချင်ခဲ့သည်ဟု သူတို့က ပြောကြမည်လား။ ထို့ထက်ပို၍၊ ကျွန်မတို့သည် ကျွန်မတို့၏ တာဝန်များတွင် လုပ်ဖော်ကိုင်ဖက်များ ဖြစ်ခဲ့ကြပြီး၊ ကျွန်မကို သူက များစွာ ကူညီခဲ့ပြီး ဖြစ်သည်။ သူ တကယ် အထုတ်ခံခဲ့ရပါက၊ ကျွန်မကို သူမုန်းမည် မဟုတ်ပါလား။ ကျွန်မ စိတ်ထဲတွင် ချီတုံချတုံဖြစ်ခဲ့ပြီး၊ သူမ၏ လက်တွေ့ကျသည့် အလုပ်မလုပ်ခြင်း သို့မဟုတ် သမ္မာတရားကို လက်မခံခြင်းတို့နှင့်ဆိုင်သည့် အသေးစိတ်အချက်အလက်များကို ဖော့ပြောဖို့ နောက်ဆုံးတွင် ဆုံးဖြတ်ခဲ့သည်။ သို့သော် ကျွန်မ၏ အကဲဖြတ်ချက်ကို အပ်နှံပြီးသည့်နောက်တွင်၊ ကျွန်မ၏ စိတ်နှလုံးထဲက မသက်မသာဖြစ်ခြင်းကို ကျွန်မ မဖြေဖျောက်နိုင်ခဲ့ပါ။ ကျွန်မအနေဖြင့် အမှန်တရားများကို ဖုံးကွယ်ပြီး၊ ဘုရားသခင်ကို လှည့်စားနေမှန်း ကျွန်မ သိခဲ့ကာ ယခင်ထက် ပို၍ ဝိညာဉ်ရေးရာ မှောင်မိုက်မှုကို ကျွန်မ ခံစားခဲ့ရသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်သည့် အချိန်တွင် ကျွန်မ အမြဲ တစ်မှေးအိပ်ပျော်သွားခဲ့ပြီး၊ ဝတ်ပြုအစည်းအဝေးများ၌ မိတ်သဟာယမှ မည်သည့် အသိဉာဏ်ပွင့်လင်းစေခြင်း သို့မဟုတ် အလင်းပေးခြင်းမျှ မရရှိခဲ့ပါ။ ကျွန်မ၏ ညီအစ်ကိုမောင်နှမများ ရှိသည့် မည်သည့် ပြဿနာကိုမျှ ကျွန်မ ရှာမတွေ့နိုင်ခဲ့ပါ။ ကျွန်မသည် အင်အား တစ်စက်မျှ မရှိဘဲ နေ့တိုင်း အိုးနင်းခွက်နင်းဖြင့်သာ ပြီးမြောက်သွားခဲ့ကာ ဘုရားသခင်က ကျွန်မကို စွန့်ပစ်သွားပြီဟု ကျွန်မ ခံစားခဲ့ရသည်။

နောက်ပိုင်းတွင် ကျွန်မတို့၏ အထက်လူကြီးများက အမှုအရာများကို စစ်ဆေးခဲ့ကြပြီး၊ အစ်မလျူသည် လက်တွေ့ကျသည့် အလုပ်ကိုမလုပ်သော အယောင်ဆောင် ခေါင်းဆောင်တစ်ဦးအဖြစ် ထုတ်ပယ်ခံခဲ့ရသည်။ ထိုအချိန်တွင် ကျွန်မ အလွန် အရှက်ရပြီး မိမိကိုယ်ကိုယ် အပြစ်တင်မိခဲ့သည်၊ အထူးသဖြင့် ဘုရားနှုတ်ကပတ်တော်များကို ကျွန်မ တွေးမိသည့်အချိန်တွင် ဖြစ်သည်- “သင်တို့သည် လွန်စွာဘဝင်မြင့်သော ပုံစံဖြင့် စကားပြောတတ်သော လူကောင်းမြောက်မြားစွာကို ရှာတွေ့လိမ့်မည်ဖြစ်ပြီး ထိုသူတို့သည် အပြင်ပန်းတွင် ကြီးမားသော ဆိုးယုတ်မှု တစ်စုံတစ်ရာကိုမျှ မပြုဖူးဟန်တူသော်ငြားလည်း အတွင်းပိုင်း၌မူ ၎င်းတို့သည် ကောက်ကျစ်၍ စိတ်မချရပေ။ အထူးသဖြင့် ထိုသူတို့သည် အခြေအနေကို လေ့လာသိမြင်နိုင်စွမ်းရှိ၍ ထိုသူတို့၏ နှုတ်ရေးကောင်းခြင်း၌ သူတို့သည် ချောမွတ်၍ လောကီဆန်လေသည်။ ငါ၏အမြင်အရ ထိုကဲ့သို့သော ‘လူကောင်း’ တစ်ဦးမှာ အတုအယောင်သမား၊ သူတော်ကောင်းယောင်ဆောင်သူ ဖြစ်သည်။ ထိုကဲ့သို့သော လူမှာ ကောင်းချင်ယောင်ဆောင်နေခြင်းသာလျှင် ဖြစ်သည်။ အလယ်အလတ် လမ်းစဉ်လိုက်သူတို့ အားလုံးသည် အန္တရာယ် အပြုဆုံးသူတို့ဖြစ်သည်။ ထိုသူတို့သည် မည်သူ့ကိုမျှ မစော်ကားမိစေဖို့ ကြိုးစားကြသည်၊ ထိုသူတို့သည် လူမုန်းမခံချင်သူများဖြစ်သည်၊ ထိုသူတို့သည် အမှုအရာများကို လိုက်လျော၍ မည်သူမျှ ထိုသူတို့ကို မခန့်မှန်းနိုင်ပေ။ ထိုသို့သော သူသည် အသက်ရှင် နေသော စာတန်ဖြစ်သည်။(နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သမ္မာတရားကို လက်တွေ့ကျင့်သုံးခြင်းအားဖြင့်သာ သင်သည် ပျက်စီးသော စိတ်သဘောထား၏ ချည်နှောင်ခြင်းများကို ဖယ်ရှားပစ်နိုင်သည်”) လူ့အကြိုက်လိုက်သူများသည် အန္တရာယ်ပြုမယ့် လက္ခဏာ အရှိဆုံးနှင့် အကောက်ကျစ်ဆုံးဖြစ်ကာ အသက်ရှင်နေသည့် စာတန်များ ဖြစ်သည်ဟု ဘုရားနှုတ်ကပတ်တော်များက ထုတ်ဖော်ပြပါသည်။ ယင်းမှာ ကျွန်မ ဖြစ်ခဲ့သည့်အရာ ဖြစ်သည်ကို ကျွန်မ နားလည်ခဲ့သည်။ အစ်မလျူက အယောင်ဆောင် ခေါင်းဆောင်တစ်ဦးဖြစ်သည်ကို အချိန်အတန်ကြာ ကျွန်မသိခဲ့သော်လည်း၊ ထိုအစား သူနှင့် ပေါင်းသင်းဆက်ဆံရေးနှင့် မိမိကိုယ်ကိုယ် ကာကွယ်ဖို့၊ ဘုရားသခင်ကို ပုန်ကန်ပြစ်မှားကာ သမ္မာတရားကို လက်တွေ့မလုပ်ဆောင်ဖို့ကို ကျွန်မ ရွေးချယ်ခဲ့သည်။ ကျွန်မသည် ဘုရားသခင်၏ စိတ်သဘောထားကို ပုန်ကန်ပြစ်မှားကာ အပြစ်တစ်ခုကို ကျူးလွန်မိခဲ့လျက်၊ အယောင်ဆောင် ခေါင်းဆောင်တစ်ဦးအတွက် တစ်ဖန် ဖုံးဖိပေးမိခဲ့သည်။ ကျွန်မတော့ သွားပြီ၊ ကျွန်မကဲ့သို့သော တစ်စုံတစ်ဦးကို ဘုရားသခင်က ကယ်တင်မည်မဟုတ်ဟု ကျွန်မခံစားခဲ့ရသည်။ ရက်အနည်းငယ်ကြာ စိတ်ဆင်းရဲခြင်းနှင့် အပျက်သဘောဆောင်ခြင်းတို့ဖြင့် ကျွန်မ အသက်ရှင်ခဲ့ရသည်။ မည်သည့်အရာကိုမျှ လုပ်ဆောင်စိတ် ပျောက်ဆုံးခဲ့သည်။ သို့သော် နောက်ပိုင်းတွင်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကျွန်မ သတိရခဲ့သည်- “သင်သည် မည်သို့သော အမှားများကို ကျူးလွန်ပြီးသည်ဖြစ်စေ၊ မည်မျှ လမ်းလွဲပြီးသည်ဖြစ်စေ၊ သို့မဟုတ် မည်မျှ ဆိုးရွားစွာ ဖောက်ဖျက်ထားသည်ဖြစ်စေ၊ ဘုရားသခင်ကို သိနားလည်ခြင်းအား သင်၏လိုက်စား ရှာဖွေမှုတွင် ဤအရာများကို သင်နှင့်အတူ သယ်ဆောင်သွားရမည့် ဝန်ထုပ်ဝန်ပိုးများ သို့မဟုတ် အပို ဝန်စည်စလယ်များ ဖြစ်မလာစေနှင့်။ ရှေ့သို့သာ ဆက်၍ ချီတက်လော့။ ဘုရားသခင်သည် လူ၏ ကယ်တင်ခြင်းကို သူ၏ စိတ်နှလုံးထဲတွင် အမြဲ ထိန်းသိမ်းထား၏။ ဤသည်မှာ ဘုရားသခင်၏ အနှစ်သာရတွင် အဖိုးတန်ဆုံး အစိတ်အပိုင်းဖြစ်၏။(နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၆)) ဘုရားသခင်၏ ထိုနှုတ်ကပတ်တော်များကို ကျွန်မ အထပ်ထပ် အခါခါ အာရုံပြုခဲ့ပြီး၊ စကားလုံးနှင့် စာကြောင်း အသီးသီးက ကျွန်မအတွက် သနားကရုဏာနှင့် မျှော်လင့်ချက်တို့ကို သယ်ဆောင်ခဲ့သည်ဟု ခံစားခဲ့ရသည်။ ကျွန်မ၏ ဆိုးယုတ်မှုက ဘုရားသခင်၏ စိတ်သဘောထားကို ပုန်ကန်ပြစ်မှားခဲ့ပြီးဖြစ်သော်လည်း၊ ဘုရားသခင်က ကျွန်မကို နှစ်သိမ့်ဖို့နှင့် အားပေးဖို့ သူ၏ နှုတ်ကပတ်တော်များကို အသုံးပြုဆဲ ဖြစ်ကာ ရှေ့ဆက်သွားဖို့ ကျွန်မကို ပြောခဲ့သည်။ ကျွန်မ အလွန့်အလွန် ကျေးဇူးတင်မိခဲ့ပြီး၊ နောက်ထပ် အပျက်သဘောဆောင်၍မဖြစ်ဟု မိမိကိုယ်ကိုယ် ပြောခဲ့သည်။ ကျွန်မ ရှုံးနိမ့်သည့်အခါတိုင်းတွင်၊ မိမိကိုယ်ကိုယ် မြေပေါ်မှ ဆွဲထူရမည် ဖြစ်သည်။ ကျွန်မ၏ ပြဿနာများကို ကျွန်မ သုံးသပ်သင့်သည်၊ နားလည်သင့်ပြီး၊ ထိုပြဿနာများကို ဖြေရှင်းဖို့ သမ္မာတရားကို ရှာဖွေသင့်ပါသည်။

နောက်ပိုင်းတွင် နောက်ထပ် ဘုရားနှုတ်ကပတ်တော်များ ကျမ်းပိုဒ်တစ်ခုကို ဖတ်ခဲ့ရပါသည်- “သင်တို့အားလုံးက ဘုရားသခင်၏ ဝန်ထုပ်ဝန်ပိုးကို အရေးထားကာ၊ အသင်းတော်၏ သက်သေခံချက်ကို ကာကွယ်ပြောဆိုမည်ဟု ပြောကြသော်လည်း၊ သင်တို့ထဲမှ မည်သူသည် ဘုရားသခင်၏ ဝန်ထုပ်ဝန်ပိုးကို အမှန်တကယ် အရေးထားခဲ့ကြပြီနည်း။ သင့်ကိုယ်သင် မေးလော့- သင်သည် ဘုရားသခင်၏ ဝန်ထုပ် ဝန်ပိုးကို ထည့်သွင်းစဉ်းစားမှု ပြသပြီးသော သူတစ်စုံတစ်ဦးလော။ ဘုရားသခင်အတွက် ဖြောင့်မတ်ခြင်းတရားကို သင်လက်တွေ့ လုပ်ဆောင်နိုင်သလော။ ငါ့အတွက် သင်ထရပ်ကာ ပြောဆိုနိုင်သလော။ သင်သည် သမ္မာတရားကို တည်ကြည်ခိုင်မာစွာ လက်တွေ့လုပ်ဆောင် နိုင်သလော။ စာတန်၏ လုပ်ရပ်အားလုံးကို ဆန့်ကျင်တိုက်ခိုက်ရလောက်အောင် သင်သည် ရဲရင့်သလော။ သင်သည် သင်၏ စိတ်ခံစားမှုများကို ဘေးဖယ်ကာ၊ ငါ၏ သမ္မာတရားအတွက် စာတန်ကို ဖော်ထုတ်ပေးနိုင်မည်လော။ သင့်အထဲတွင် ငါ၏ ရည်ရွယ်ချက်များ ပြည့်စုံစေခွင့် သင် ပေးနိုင်သလော။ အရေးအပါဆုံးသော အခိုက်အတန့်များတွင် သင်၏နှလုံးသားကို သင် ဆက်ကပ်ပြီးပြီလော။ သင်သည် ငါ၏အလိုကို လုပ်ဆောင်သောသူ တစ်စုံတစ်ဦးလော။ ဤမေးခွန်းများကို သင့်ကိုယ်သင် မေးပြီး ၎င်းတို့နှင့်ပတ်သက်၍ မကြာခဏ စဉ်းစားလော့။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ၊ အခန်း (၁၃)) ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ပြီးနောက်တွင်၊ ကျွန်မ နှလုံးသားကို ထွင်းဖောက်သည့် မချိတင်ကဲဝေဒနာတစ်ခု ခံစားခဲ့ရသည်။ ကျွန်မက မယုံရသည့်၊ လည်သော လူ့ကြိုက်လိုက်သူတစ်ဦးသာ ဖြစ်ခဲ့သည်ကို ကျွန်မ တွေ့ခဲ့ရသည်။ ပြဿနာတစ်ခုနှင့် ရင်ဆိုင်ရလျက်၊ ကျွန်မ မိမိကိုယ်ကိုယ် ကာကွယ်ဖို့ အရာရာတိုင်းကို လုပ်ဆောင်ခဲ့ပြီး၊ ဘုရားအိမ်တော်၏ အကျိုးစီးပွားကို မစဉ်းစားခဲ့သကဲ့သို့၊ ပြီးတော့ ကျွန်မ၏ တာဝန်များတွင် တာဝန်သိစိတ် သို့မဟုတ် ဝန်တာထားသည့် အသိစိတ် တစ်ခုတစ်လေမျှ မရှိခဲ့ပါ။ ​အယောင်ဆောင် ခေါင်းဆောင်များ ပေါ်ချိန်တွင် ကျွန်မ ချက်ချင်း ကိုင်တွယ်ဖြေရှင်းခဲ့သင့်သော်လည်း၊ ထိုအစား၊ မိမိကိုယ်ကိုယ် ကာကွယ်ဖို့နှင့် အစ်မလျူကို စိတ်အနှောင့်အယှက်ဖြစ်စေမည်ကို ကြောက်သည့်အတွက်၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ဖို့ သို့မဟုတ် ဖော်ထုတ်ပြီး တိုင်ကြားဖို့ကို ကျွန်မ အလွန် စိုးရွံ့ခဲ့သည်။ ကျွန်မသည် သမ္မာတရားကို တမင်တကာ ဖုံးကွယ်ထားခဲ့ပြီး၊ သူ့ကို ကာကွယ်ဖို့ ဖုံးဖိထားခဲ့သည်။ အကျိုးဆက်မှာ အသင်းတော်အလုပ်၏ ရှုထောင့်တိုင်းက ထိခိုက်ခဲ့ပြီး၊ ကျွန်မ၏ ညီအစ်ကိုမောင်နှမများက ပုံမှန် အသင်းတော် အသက်တာ ကင်းမဲ့ခဲ့ကြသည်။ ဘုရားသခင်၏ အိမ်တော်က ကျွန်မကို ထိုသို့သော အရေးကြီးသည့် တာဝန်တစ်ခု အပ်ခဲ့သော်လည်း၊ အသင်းတော်ထဲတွင် အယောင်ဆောင် ခေါင်းဆောင်များ ပေါ်ထွက်လာချိန်တွင်၊ ကျွန်မ၏ ကိုယ်ပိုင် အကျိုးစီးပွားများကို ကာကွယ်ဖို့ စာတန်နှင့်အတူ ထပ်သလဲလဲ ရပ်တည်ရင်းနှင့် သူတို့ကို ကာကွယ်ပေးရင်း၊ သမ္မာတရား၏ အခြေခံသဘောတရားများကို ကျွန်မ သစ္စာဖောက်ခဲ့သည်။ အသင်းတော် အလုပ် ထိခိုက်မည်ကို ကျွန်မ ကောင်းကောင်း သိခဲ့သော်လည်း၊ သမ္မာတရားကို ကျွန်မ လက်တွေ့မလုပ်ဆောင်ခဲ့ပါ သို့မဟုတ် ဖြောင့်မတ်ခြင်းကို မထိန်းသိမ်းခဲ့ပါ။ တစ်စုံတစ်ဦးကို ကျွန်မ စိတ်အနှောင့်အယှက်ဖြစ်စေမိနိုင်သည့် အချိန်တိုင်းတွင်၊ သမ္မာတရား၏ အခြေခံသဘောတရားများကို ကျွန်မ စွန့်ပစ်ခဲ့သည်။ ကျွန်မ၏ ကိုယ်ပိုင် အကျိုးစီးပွားဖြင့်၊ တစ်ကိုယ်ကောင်းဆန်ဆန် ကျွန်မ ပြုမူနေခဲ့ပါသည်။ အမှုအရာတွေကို ဤနည်းဖြင့် လုပ်ဆောင်နေခြင်းသည် ဘုရားအိမ်တော်၏ အမှုကို နှောင့်ယှက်ခြင်းနှင့် ဖျက်ဆီးနေခြင်းဖြစ်ကာ စာတန်၏ ကြံရာပါအဖြစ် ပြုမူနေခဲ့ခြင်း မဟုတ်ပါလား။ သမ္မာတရားကို ကျွန်မ လက်တွေ့မလုပ်ဆောင်ဝံ့ခဲ့ပါ သို့မဟုတ် အခြေခံသဘောတရားများကို မထိန်းသိမ်းဝံ့ခဲ့ပါ။ ကျွန်မသည် ဖြောင့်မတ်ခြင်း အသိစိတ် လုံးဝမရှိခဲ့ပါ။ အသင်းတော် ခေါင်းဆောင်တစ်ဦးဖြစ်ဖို့ ကျွန်မ အဘယ်သို့ သင့်တော်ခဲ့ပါသနည်း။ ကျွန်မက တစ်ကိုယ်ကောင်းဆန်ခဲ့သည်၊ စက်ဆုပ်ဖွယ်ဖြစ်ခဲ့သည်၊ မယုံရပါ၊ လှည့်ဖြားတတ်ပြီး၊ သိမ်ဖျင်းခဲ့ပါသည်။ ဘုရားသခင်က လူ့အကြိုက်လိုက်သူများကို ရွံမုန်းပြီး စက်ဆုပ်သကဲ့သို့၊ သူတို့ကို မကယ်တင်သည်ကို ဘုရားသခင်၏ နှုတ်ကပတ်တော်များက ပြောဆိုပြီး၊ လူ့အကြိုက်လိုက်သူများသည် ဆိုးယုတ်သော စိတ်နှလုံးများ ရှိကြပြီး ဘုရားသခင်၏ အိမ်တော်နှင့် သူတို့၏ ညီအစ်ကို မောင်နှမများကို ထိခိုက်ရုံသာထိခိုက်စေနိုင်မည် ဖြစ်သောကြောင့်၊ ဘုရားအိမ်တော်က လူ့အကြိုက်လိုက်သူများကို ခေါင်းဆောင်များအဖြစ် လက်ခံဖို့ ပြတ်ပြတ်သားသား ငြင်းပယ်သည်ကို တရား‌ဒေသနာများက ပြောဆိုသည်ကို ကျွန်မ စဉ်းစားခဲ့ချိန်တွင် အထူးသဖြင့် နာကျင်ခဲ့သည်။ အယောင်ဆောင် ခေါင်းဆောင်များအတွက် ကာကွယ်ပေးခြင်းနှင့် ဖုံးဖိပေးခြင်းအားဖြင့်၊ ဘုရားသခင်ကို ကျွန်မ ပုန်ကန်ပြစ်မှားနှင့်ခဲ့ပြီးဖြစ်ကာ သူ၏ စိတ်သဘောထားကို ပုန်ကန်ပြစ်မှားခဲ့ပြီးဖြစ်သည်၊ ထို့ကြောင့် ကျွန်မသည် ဘုရားသခင် ရှေ့မှောက်သို့ သွားပြီး၊ သူ့ထံ ဆုတောင်းခဲ့သည်- “ဘုရားသခင်၊ ကျွန်မဟာ ကိုယ်တော့် အလိုတော်ကို မကြာခဏ ချိုးဖောက်မိပါပြီ။ သမ္မာတရားကို ကျွန်မ ရှင်းရှင်းလင်းလင်း သိခဲ့ပေမယ့်၊ လက်တွေ့မလုပ်ဆောင်ခဲ့ဘူး၊ ပြီးတော့ အဲဒီလိုနေနေဆဲမှာပဲ အသင်းတော်ရဲ့ အလုပ်ကို ထိခိုက်စေခဲ့တယ်။ ကိုယ်တော်ရဲ့ ကျိန်ဆဲမှု နဲ့ အပြစ်ပေးမှုကို လက်ခံဖို့ ကျွန်မ လိုလားနေပါတယ်။ ကိုယ်တော် ကျွန်မကို အနာဂတ်မှာ ဘယ်လိုပဲ ဆက်ဆံပါစေ၊ ကျွန်မ ကိုယ်တော့်ကို နာခံပြီး၊ နောင်တရဖို့ လိုလားလျက်ရှိပါတယ်။”

ကျွန်မထံ အမှုအရာများ ဖြစ်ပျက်သည့်အခါ၊ ကျွန်မက လူများကို ကျေနပ်စေဖို့ အဘယ်ကြောင့် ကြိုးစားခဲ့ပြီး၊ သမ္မာတရားကို လက်တွေ့မလုပ်ဆောင်နိုင်ခဲ့သနည်းဆိုသည်ကို ကျွန်မ စတွေးမိခဲ့သည်။ ကျွန်မကို ထိန်းချုပ်နေသည့်အရာမှာ မည်သည့်အရာ ဖြစ်ပါသနည်း။ နောက်ပိုင်းတွင် ဘုရားနှုတ်ကပတ်တော်တွေ၏ ကျမ်းပိုဒ်တစ်ခုကို ကျွန်မ ဖတ်ခဲ့ရသည်- “စာတန်သည် နိုင်ငံတော်အစိုးရများ၊ ကျော်ကြားသူများနှင့် ကြီးမြတ်သူများ၏ ပညာရေးနှင့် လွှမ်းမိုးမှုမှတစ်ဆင့် လူတို့ကို ဖျက်ဆီးသည်။ သူတို့၏ ဆိုးယုတ်သော စကားများသည် လူသား၏ ဘဝနှင့် သဘာဝဗီဇ ဖြစ်လာပြီးဖြစ်သည်။ ‘လူတိုင်းက ကိုယ့်အတွက်ပဲ၊ ဘယ်သူသေသေ ငတေမာရင်ပြီးရော’ ဆိုသည်မှာ လူတိုင်းအထဲသို့ သွတ်သွင်းပေးထားသကဲ့သို့ လူသား၏ဘဝ ဖြစ်လာခဲ့သည့် လူသိများသော စာတန်နှင့်ဆိုင်သည့် ဆိုရိုးတစ်ခုဖြစ်သည်။ ဤကဲ့သို့သော ရှင်သန်ခြင်းအတွက် အခြားသော ဒဿနများနှင့်ဆိုင်သည့် စကားလုံးများလည်း ရှိသည်။ စာတန်သည် လူတို့ကို ပညာပေးဖို့ နိုင်ငံတစ်နိုင်ငံစီ၏ နှစ်လိုဖွယ်ကောင်းသော ရိုးရာယဉ်ကျေးမှုကို အသုံးပြုလျက် လူသားမျိုးနွယ်ကို အတိုင်းမသိ ပျက်စီးခြင်း၏ ချောက်နက်ထဲသို့ ကျဆင်းကာ ဝါးမျိုခံရစေပြီး အဆုံးတွင် လူတို့သည် စာတန်ကိုအစေခံ၍ ဘုရားသခင်ကို ခုခံသောကြောင့် ဘုရားသခင်၏ ဖျက်ဆီးခြင်းကို ခံကြရသည်။...လူတို့၏ အသက်တာ၌၊ သူတို့၏ အမူအကျင့်နှင့် အပြုအမူထဲတွင် စာတန်၏ အဆိပ်များစွာ ရှိနေသေးသည်။ ၎င်းတို့သည် သမ္မာတရားကို လုံးဝနီးပါး ပိုင်ဆိုင်ခြင်းမရှိကြချေ။ ဥပမာအားဖြင့် သူတို့၏ အသက်ရှင်သန်ခြင်း အတွက် သဘောတရားခံယူချက်များ၊ သူတို့၏ အမှုအရာများကို ဆောင်ရွက်သည့် နည်းလမ်းများနှင့် သူတို့၏နီတိများ၊ အားလုံးတို့သည် အဆင်းနီသော နဂါးကြီး၏ အဆိပ်များနှင့် ပြည့်နှက်နေပြီး၊ ၎င်းတို့အားလုံးသည် စာတန်ထံမှ လာကြသည်။ ထို့ကြောင့် လူတို့၏ အရိုးများနှင့် အသွေးတို့၌ စီးဆင်းကြသော အရာအားလုံးသည် စာတန်၏ အရာများ အားလုံး ဖြစ်ပေသည်။ ထိုအရာရှိများ၊ သြဇာအာဏာရှိသူများနှင့် ပြောင်မြောက်သော သူများ အားလုံးတို့တွင် မိမိ၏ကိုယ်ပိုင် လမ်းကြောင်းများနှင့် အောင်မြင်မှုအတွက် လျှို့ဝှက်ချက်များ ရှိပေသည်။ ထိုကဲ့သို့သော လျှို့ဝှက်ချက်များသည် သူတို့သဘာဝဗီဇကို ပြည့်စုံစွာ ကိုယ်စားပြုသည် မဟုတ်လော။ သူတို့သည် လောကထဲ၌ ထိုသို့သော ကြီးမားသည့်အရာများကို လုပ်ဆောင်ထားကြပြီး၊ ၎င်းတို့၏ နောက်ကွယ်တွင်ရှိသည့် အကြံအစည်များနှင့် ခြေပုန်းခုတ်ခြင်းများကို မည်သူကမျှ မရိပ်စားမိနိုင်ကြပေ။ ဤအရာက ထိုသူတို့၏သဘာဝဗီဇမှာ အဘယ်မျှပင် စဉ်းလဲဉာဏ်များပြီး အငြိုးထားတတ်ကြောင်းကို ပြသသည်။ လူသားသည် စာတန်၏ နက်ရှိုင်းစွာ ဖျက်ဆီးခြင်း ခံခဲ့ရသည်။ စာတန်၏ အဆိပ်သည် ခပ်သိမ်းသော လူပုဂ္ဂိုလ်တိုင်း၏ အသွေးထဲ၌ စီးဆင်းနေပြီး လူသား၏ သဘာဝဗီဇသည် ဖောက်ပြန်ကာ ဆိုးယုတ်၍ ခေတ်နောက်ပြန်ဆွဲတတ်ပြီး စာတန်၏ ဒဿနများနှင့် ပြည့်နှက်နေ၍ ထိုဒဿနများထဲ၌ နစ်မြုပ်နေ၏၊ ၎င်းတစ်ရပ်လုံးသည် ဘုရားသခင်ကို ဆန့်ကျင်ပုန်ကန်သော သဘာဝဗီဇတစ်ခုပင် ဖြစ်သည်။ ထို့ကြောင့်ပင် လူတို့သည် ဘုရားသခင်ကို ခုခံကြပြီး ဆန့်ကျင်ကြခြင်း ဖြစ်သည်။(နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “လူ့သဘာဝကို သိရှိရန် နည်းလမ်း”) ဘုရားနှုတ်ကပတ်တော်များကို ဖတ်ပြီးနောက်တွင်၊ လူ့အကြိုက်လိုက်သူကဲ့သို့ ကျွန်မ ပြုမူခဲ့ရသည့် အကြောင်းရင်း ဇာစ်မြစ်ကို ကျွန်မ ရှာတွေ့ခဲ့သည်။ ယင်းမှာ ငယ်ငယ်လေးကတည်းက၊ ကျွန်မသည် တရုတ်ကွန်မြူနစ်ပါတီ၏ ပညာသင်ပေးခြင်း ခံခဲ့ရကာ “မိမိကိုယ်သာ ကိုးကွယ်ရာဖြစ်၏၊” “လူသားတို့သည် သန့်ရှင်းသူများ မဟုတ်ပါ။ ၎င်းတို့သည် မည်သို့ အပြစ်ကင်းနိုင်မည်နည်း၊” “တစ်စုံတစ်ရာ မှားယွင်းသည်ကို သိသည့်အခါ၊ နည်းနည်းပြောသည်က ပိုကောင်း၏၊” “မိမိကိုယ်ကို ကာကွယ်ရန် ဆိတ်ဆိတ်ငြိမ်နေ၍ အပြစ်တင်ခံရမှုမှ လွတ်မြောက်ရန်သာ ကြိုးစားပါ၊” “မိတ်ဆွေကောင်းများ၏အပြစ်များအပေါ် နှုတ်ဆိတ်နေပေးခြင်းသည် ကြာရှည်၍ ကောင်းမွန်သော ခင်မင်မှုဖြစ်စေ၏” အစရှိသကဲ့သို့သော လောကီဒဿနများ၊ ဆင်ခြင်တွေးခေါ်မှု စနစ်နှင့် စည်းမျဉ်း မျိုးစုံတို့ဖြင့် ကျွန်မ ပြည့်နေခဲ့သောကြောင့် ဖြစ်သည်။ ကျွန်မ၏ နှလုံးသားထဲတွင် ဤအရာများကို နက်နက်ရှိုင်းရှိုင်း သွတ်သွင်းခံခဲ့ရပြီး၊ ထိုအရာများဖြင့် ကျွန်မ အသက်ရှင်ခဲ့သည်။ ကျွန်မက တစ်ချိန်လုံး ပိုမာနထောင်လွှားလာခဲ့သည်၊ မိမိကိုယ်ကိုယ် မှန်သည်ဟု ထင်မှတ်လာခဲ့သည်၊ တစ်ကိုယ်ကောင်းဆန်လာခဲ့သည်၊ စက်ဆုပ်ဖွယ်ဖြစ်လာခဲ့သည်၊ မယုံရသကဲ့သို့ ပိုလှည့်ဖြားတတ်လာခဲ့သည်။ ဤအရာများကို ကျွန်မ ဘဝ ဆောင်ပုဒ်များအဖြစ် ကျွန်မ ဖန်တီးခဲ့သည်။ လူတို့နှင့် အဆင်ပြေခြင်းဖြင့်၊ အခြားသူများ၏ စကားလုံးတိုင်းနှင့် မျက်နှာအမူအရာတိုင်းကို ကျွန်မ သေသေချာချာ စောင့်ကြည့်လေ့လာခဲ့ပြီး၊ အယောက်တိုင်းနှင့် ကျွန်မ၏ ပေါင်းသင်းဆက်ဆံရေးများကို မဝံ့မရဲ ကျွန်မ ကိုင်တွယ်ခဲ့သည်။ ကျွန်မသည် လူ့အကြိုက်လိုက်သူတစ်ဦး ဖြစ်ခဲ့သည်၊ သာမန်အဆင့်ရှိသည့် လမ်းကြောင်းပေါ် ကျွန်မ လျှောက်ခဲ့သည်၊ မည်သူ့ကိုမျှ ကျွန်မ စိတ်အနှောင့်အယှက် မဖြစ်စေခဲ့ပါ၊ အမှန်တရားကို ကျွန်မ မပြောဝံ့ခဲ့ပါ သို့မဟုတ် ဖြောင့်မတ်ခြင်းကို မထိန်းသိမ်းဝံ့ခဲ့သကဲ့သို့ သိက္ခာတစ်စက်မျှ မရှိဘဲ အသက်ရှင်ခဲ့သည်။ အယောင်ဆောင် ခေါင်းဆောင်များ အသင်းတော်ထဲ၌ ပေါ်ထွက်လာခဲ့ချိန်တွင်၊ အစ်မလျူကို စိတ်အနှောင့်အယှက်ဖြစ်စေမည်ကို ကျွန်မ စိုးရွံ့ခဲ့သည်၊ ကျွန်မ၏ ကိုယ်ကျင့်တရားကို ကျွန်မ စွန့်ပစ်ခဲ့ပြီး၊ သူရဲဘောနည်းသူတစ်ဦးဖြစ်ဖို့ ရွေးချယ်ခဲ့ကာ သူတို့အား ကျွန်မ၏ ညီအစ်ကိုမောင်နှမများကို ထိခိုက်စေခွင့်နှင့် ဘုရားအိမ်တော်၏ အလုပ်ကို ပိတ်ဆို့ခွင့် ပေးခဲ့သည်။ ကျွန်မအနေဖြင့် မိမိကိုယ်ကိုယ် လူကောင်းတစ်ဦးအဖြစ် အဘယ်သို့ ခေါ်ဆိုနိုင်မည်နည်း။ ကျွန်မက ဆိုးယုတ်သော စိတ်နှလုံးရှိခဲ့သည်၊ “သဘောကောင်းသူ” တစ်ဦး၊ စာတန်၏ စက်ဆုပ်ဖွယ် ကျွန်တစ်ဦး ဖြစ်ခဲ့သည်။ ကျွန်မသည် သတ္တိ သို့မဟုတ် ဖြောင့်မတ်သည့် စိတ်တစ်ခုတစ်လေမျှ မရှိပါ။ ကျွန်မအနေဖြင့် အစ်မလျူကို စောစော ကူညီပြီး စိစစ်ခဲ့ပါက၊ အပြစ်များစွာ သူ ပြုမိခဲ့မည်မဟုတ်ပါ၊ ဘုရားအိမ်တော်၏ အမှုတော်၊ ညီအစ်ကိုမောင်နှမများ၏ အသက်ဝင်ရောက်မှုသည်လည်း တားဆီးခံရပြီးဖြစ်မည်မဟုတ်သကဲ့သို့ ဘုရားသခင်၏ စိတ်သဘောထားကို ကျွန်မ ပုန်ကန်ပြစ်မှားမိမည် မဟုတ်ပါ။ ထို့နောက်တွင်၊ ဆိုးယုတ်သော ဤလောကီဒဿနများနှင့် အသက်ရှင်ခြင်း၊ ပြီးလျှင် လူ့အကြိုက်လိုက်သူတစ်ဦး ဖြစ်ခြင်းတို့သည် လူတို့ကို ထိခိုက်စေရုံသာ ထိခိုက်စေနိုင်သည်၊ သို့မဟုတ် ပျက်စီးစေရုံသာ ပျက်စီးစေနိုင်ပြီး၊ ကျွန်မကိုယ်တိုင်ကိုလည်း အလားတူ လုပ်ဆောင်နိုင်သည်ကို နောက်ဆုံးတွင် ကျွန်မ မြင်ခဲ့သည်။ အမှန်တရားများက ထုတ်ဖော်ပြသည့်အရာမှ၊ ဤဆိုးယုတ်သော လောကီဒဿနများ၊ တွေးခေါ်ဆင်ခြင်မှု စနစ်များနှင့် စည်းမျဉ်းများသည် လူတို့ကို လှည့်ဖြားပြီး ဖောက်ပြန်ပျက်စီးစေနိုင်သည်ကိုသာ နောက်ဆုံးတွင် ကျွန်မ မြင်နိုင်ခဲ့သည်။ ထိုအရာများသည် ဘုရားနှုတ်ကပတ်တော်များနှင့် သမ္မာတရားတို့ကို ရန်လိုမှုတွင် ရှိကြသည်။ ကျွန်မတို့အနေဖြင့် ဤဆိုးယုတ်သော ဒဿနများဖြင့် အသက်ရှင်ကြသည့်အခါ၊ ကျွန်မတို့ မည်မျှ ကြင်နာပုံပေါက်ပါစေ၊ နူးညံ့သိမ်မွေ့ပုံ သို့မဟုတ် နှစ်လိုဖွယ်ရှိပုံရပါစေ၊ ကျွန်မတို့သည် မယုံရသေးပါ၊ လှည့်ဖြားတတ်ဆဲဖြစ်သည်၊ စက်ဆုပ်ဖွယ်ကောင်းဆဲ ဖြစ်ပြီး၊ အသုံးမကျဖြစ်နေဆဲ ဖြစ်သည်။ သမ္မာတရားကို ကျွန်မတို့ လက်တွေ့မလုပ်ဆောင်ပါက၊ နောင်တမရသကဲ့သို့ မပြောင်းလဲပါက၊ ဘုရားသခင်၏ စွန့်ပစ်ခြင်းနှင့် သုတ်သင်ဖယ်ရှင်းခြင်းကို ကျွန်မတို့ သေချာပေါက် ခံရလိမ့်မည်ဖြစ်သည်။

နောက်ပိုင်းတွင် ဘုရားနှုတ်ကပတ်တော်များကို ကျွန်မ ပိုဖတ်ဖြစ်ခဲ့သည်- “ဘုရားသခင်၌ သစ္စာရှိခြင်း၏ အနှစ်သာရ ရှိသဖြင့် သူ၏နှုတ်ကပတ်တော်များကို အမြဲ ယုံကြည်စိတ်ချနိုင်သည်။ ထို့အပြင် သူ၏ လုပ်ဆောင်ချက်များမှာ အမှားကင်းပြီး သံသယ ရှိရန်မလိုပေ၊ ထိုအကြောင်းကြောင့် သူ့အပေါ် ပကတိ ရိုးသားဖြောင့်မတ်သူများကို ဘုရားသခင်က နှစ်သက်ခြင်း ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သတိပေးချက် သုံးချက်)လူတို့အား ရိုးသားကြရန် ဘုရားသခင်တောင်းဆိုခြင်းမှာ သူသည် လိမ်လည်လှည့်ဖြားသောသူများကို တကယ်ကို စက်ဆုပ်ရွံရှာကြောင်းနှင့်၊ လိမ်လည်လှည့်ဖြားသော လူများကို မနှစ်သက်ကြောင်း သက်သေပြခြင်းဖြစ်သည်။ လိမ်လည်လှည့်ဖြားသောလူများကို ဘုရားသခင် မနှစ်သက်ရခြင်းမှာ သူသည် ၎င်းတို့၏ အပြုအမူများ၊ စိတ်သဘောထားနှင့် အရင်းခံအကြောင်းများကို မကြိုက်ကြောင်း ဆိုလိုခြင်းဖြစ်သည်။ ဆိုလိုသည်မှာ ၎င်းတို့ အမှုအရာများအား လုပ်ဆောင်ပုံကို သူမကြိုက်ခြင်း ဖြစ်သည်။ ထို့ကြောင့် အကယ်၍ ငါတို့သည် ဘုရားသခင်ကို ကျေနပ်အားရစေရမည် ဆိုပါက၊ ငါတို့သည် ပထမဦးစွာ ငါတို့၏အပြုအမူများနှင့် ငါတို့ ရပ်တည်သည့် နည်းလမ်းကို ပထမဦးစွာ ပြောင်းလဲရမည်။(နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “ရိုးသားသောလူတစ်ဦးဖြစ်ခြင်း၏ အခြေခံအကျဆုံး လက်တွေ့လုပ်ဆောင်ချက်”)သင်သည် ယုံကြည်ခြင်းရှိသည်နှင့် တစ်ပြိုင်နက်၊ ဘုရားသခင်ရှေ့သို့ လာသော်လည်း အပြုအမူဟောင်းဖြင့် အသက်ရှင်နေသေးပါက၊ ဘုရားသခင်၌ သင်၏ယုံကြည်မှုမှာ အဓိပ္ပာယ်ရှိသလော။ တန်ဖိုးရှိသလော။ သင့်ဘဝ ရည်မှန်းချက်များနှင့် အခြေခံ သဘောတရားများနှင့် သင် အသက်ရှင်ပုံ မပြောင်းလဲ ရသေးဘဲ၊ မယုံကြည်သူများ၏အထက်၌ သင့်ကိုရှိစေသည့် တစ်ခုတည်းသောအရာမှာ ဘုရားသခင်ကို သင်အသိအမှတ်ပြုခြင်းပင် ဖြစ်လေသည်။ သင်သည် ဘုရားသခင်နောက် လိုက်လျှောက်ပုံရသော်လည်း သင်၏ အသက်တာ စိတ်သဘောထား အနည်းငယ်မျှ မပြောင်းလဲရသေးပေ။ အဆုံးတွင် သင်သည် ကယ်တင်ခံရလိမ့်မည် မဟုတ်ပေ။ အခြေအနေမှာ ထိုသို့ဖြစ်သည်နှင့်အညီ၊ ဤသည်မှာ အချည်းနှီးသောယုံကြည်မှုနှင့် အချည်းနှီးသောဝမ်းမြောက်မှု ဖြစ်သည်မဟုတ်လော။(နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သမ္မာတရားကို လက်တွေ့ကျင့်သုံးခြင်းအားဖြင့်သာ သင်သည် ပျက်စီးသော စိတ်သဘောထား၏ ချည်နှောင်ခြင်းများကို ဖယ်ရှားပစ်နိုင်သည်”) ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ပြီးသည့်နောက်တွင်၊ ဘုရားသခင်သည် အနှစ်သာရအားဖြင့် သစ္စာရှိသည်ကို ကျွန်မ မြင်ခဲ့ရသည်။ ဘုရားသခင်က ရိုးသားတဲ့လူများကို နှစ်သက်ပြီး၊ လှည့်စားသူများအား မုန်းတီးသည်။ ဤဆိုးယုတ်သော ဒဿနများနှင့် ကျွန်မ အသက်ရှင်ချိန်တွင်၊ အမှုအရာများအပေါ် ကျွန်မ၏ အမြင်များနှင့် ကျွန်မ၏ ပြုမူနေထိုင်ပုံတို့က လုံးဝ ပြောင်းလဲမသွားပါ။ ကျွန်မက မယုံကြည်သူကဲ့သို့သာ ဖြစ်ခဲ့သည်။ ထိုနည်းလမ်းဖြင့် ဘုရားသခင်ကို ကျွန်မ နှစ်ပေါင်း မည်မျှ ယုံကြည်ခဲ့သည်ဖြစ်စေ၊ သမ္မာတရား သို့မဟုတ် ကယ်တင်ခြင်းကို ကျွန်မ မည်သည့်အခါတွင်မျှ ရရှိမည် မဟုတ်ပါ။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်သူများ၊ ရိုးသားသောသူများ၊ သူတို့၏ စိတ်နှလုံးများတွင် လှည့်စားမှု မရှိသောသူများ၊ သမ္မာတရား၏ အခြေခံသဘောတရားများကို ထိန်းသိမ်းဖို့ သတ္တိရှိသူများ၊ တရားမျှတမှု အသိစိတ်တစ်ခု ရှိသူများနှင့် အရာခပ်သိမ်း၌ ဘုရားသခင်၏ ဘက်တွင် ရပ်တည်ကာ ဘုရားသခင်၏ အလိုတော်ကို ထောက်ထားသူများသည် ဘုရားသခင် ချစ်သောသူများဖြစ်ပြီး၊ သူ၏ ကယ်တင်ခြင်းကို ခံရနိုင်သူများ ဖြစ်သည်။ ဘုရားသခင် တောင်းဆိုသည့်အရာကို နားလည်ပြီးသည့်နောက်တွင်၊ ဘုရားသခင်ထံ ကျွန်မ ဆုတောင်းပြီး၊ ကျွန်မ နောင်တရမည်၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ကာ ရိုးသားသူတစ်ဦး ဖြစ်ပါမည်ဟု သစ္စာဆိုခဲ့ပါသည်။

လအနည်းငယ် ကြာပြီးနောက်တွင်၊ ကျွန်မ၏ လုပ်ဖော်ကိုင်ဖက်အသစ် အစ်ကိုလီသည် အစည်းအဝေးများ၌ ရိုးအီနေသည့် အရာများနှင့် သြဝါဒများကို အမြဲပြောကာ ကြွားဝါသည်ကို တွေ့ခဲ့ရသည်။ ထိုအရာနှင့်ပတ်သက်၍ သူနှင့် ကျွန်မ အကြိမ်ရေအချို့ မိတ်သဟာပြုခဲ့သော်လည်း၊ မည်သည့် တိုးတက်မှုမျှ ကျွန်မ မတွေ့ခဲ့ရပါ၊ ထို့ကြောင့် ထိုအရာနှင့်ပတ်သက်၍ ကျွန်မတို့၏ အထက်လူကြီးများကို ကျွန်မ ပြောပြခဲ့သည်။ သို့သော် ထို့နောက်တွင်၊ သူတို့က ကျွန်မကို သူ၏အပြုအမူများအား စိတ်ဖြာလေ့လာပြီး ဖော်ထုတ်ခိုင်းခဲ့ကာ ကျွန်မ စတင် ကြောက်ရွံ့လာခဲ့သည်။ အစ်ကိုလီသည် ထိုနေရာတွင် အခြားမည်သူမဆိုထက် သူ၏တာဝန်များကို ပိုကြာမြင့်စွာ ထမ်းဆောင်နေခဲ့ပြီးဖြစ်သောကြောင့်၊ ဤအရာများနှင့်ပတ်သက်၍ ကျွန်မ အာစေးထည့်ထားသကဲ့သို့ ခံစားခဲ့ရသည်။ သူသည် ခေါင်းဆောင်တစ်ဦးကဲ့သို့ အမြင်ခံရပြီး၊ ယခင်က ကျွန်မ၏ အလုပ်နှင့်ပတ်သက်၍ ကျွန်မကို သူ ကူညီခဲ့ဖူးသည်။ သူ၏အခြေအနေကို ကျွန်မ ဖော်ထုတ်လိုက်ပါက၊ သူက ကျွန်မကို မည်သို့တွေးမည်နည်း။ သူ စိတ်အနှောင့်အယှက် ဖြစ်သွားမည်လား။ ထို့နောက်၊ ဘုရားနှုတ်ကပတ်တော်များ၏ ဤကျမ်းပိုဒ်ကို ကျွန်မ ဖတ်ခဲ့ရသည်- “‘သဘောကောင်းသော လူတစ်ဦး’ ၏ စိတ်ဓါတ်လှုံ့ဆော်မှုများနှင့် ရှုထောင့်အမြင် သင့်တွင် ရှိလျှင်၊ ထိုသို့သော ကိစ္စရပ်များတွင် သင်အမြဲ လဲကျပြီး ကျရှုံးလိမ့်မည်။ သို့ဆိုလျှင် ထိုသို့သော အခြေအနေများတွင် သင် မည်သည့်အရာကို လုပ်ဆောင်သင့်သနည်း။ ထိုသို့သော အရာများနှင့် ရင်ဆိုင်ရသည့်အခါ၊ ဘုရားသခင်ထံ သင် ဆုတောင်းရမည်။ ဘုရားသခင်က သင့်ကို ခွန်အားပေး၍ သင့်အား အခြေခံသဘောတရားကို လိုက်နာနိုင်စေရန်၊ သင် လုပ်သင့်သည့်အရာကို လုပ်ဆောင်နိုင်စေရန်၊ အခြေခံ သဘောတရား အတိုင်း အမှုအရာများကို ကိုင်တွယ်နိုင်စေရန်၊ သင်၏အနေအထားအတိုင်း ရပ်တည်ခွင့်ပေးရန် နှင့် ဘုရားသခင်အိမ်တော်၏ အမှုတော်ဆီသို့ အန္တရာယ် ရောက်လာခွင့် မပေးရန်အတွက် တောင်းလျှောက်လော့။ သင်သည် မိမိ၏ ကိုယ်ကျိုးစီးပွား၊ ဂုဏ်သတင်း နှင့် ‘သဘောကောင်းသော လူတစ်ဦး’နှင့်ဆိုင်သော ရှုထောင့်တို့ကို သင် စွန့်လွှတ်နိုင်လျှင်၊ သင်လုပ်သင့်သည့် အရာကို ရိုးသားသည့် စိတ်နှလုံးဖြင့် မမှိတ်မသုန် လုပ်ဆောင်နိုင်လျှင်၊ စာတန်ကို သင် အနိုင်ယူပြီး လိမ့်မည်ဖြစ်ပြီး၊ သမ္မာတရား၏ ဤရှုထောင့်ကို သင် ရရှိပြီး ဖြစ်လိမ့်မည်။(နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သင့်ကိုယ်သင် သိရှိသည့်အခါမှသာ သမ္မာတရားကို သင်ရှာဖွေလိုက်စားနိုင်သည်”) ဘုရားသခင်၏ ဤနှုတ်ကပတ်တော် ကျမ်းပိုဒ်ကို ဖတ်ရခြင်းက ဘုရားသခင်က ကျွန်မကို စမ်းသပ်နေပြီး၊ နောင်တရဖို့ အခွင့်အရေးတစ်ခုပေးနေတာကြောင့် ဤအရာက ကျွန်မအပေါ် ရောလာရပြီဟူသည့် စိတ်အတွင်း ရှင်းလင်းမှု ကျွန်မကို ပေးခဲ့သည်။ ထိုကိစ္စကို ကျွန်မ မည်သို့ကိုင်တွယ်မည်ကို ဘုရားသခင်က မြင်ချင်ခဲ့သည်။ ယခင်ကဲ့သို့ အခြားသူများနှင့် ကျွန်မ၏ ဆက်ဆံရေးများကို ကာကွယ်ဖို့ မိမိကိုယ်ကိုယ် ကျွန်မ ခွင့်ပြု၍မရပါ။ အသင်းတော်၏ အလုပ်ကို ကျွန်မ ရှေ့တန်းတင်ရမည်၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရမည်ဖြစ်ပြီး၊ ဖြောင့်မတ်ခြင်းကို ထိန်းသိမ်းရမည်ဖြစ်သည်။ အစ်ကိုလီက သမ္မာတရားကို လိုက်စားသူတစ်ဦး ဖြစ်ပါက၊ သူသည် မိမိကိုယ်ကိုယ် သုံးသပ်ပြီး နားလည်ဖို့ မိတ်သဟာယနှင့် စိစစ်ခြင်းကို အသုံးပြုနိုင်မည်ဖြစ်သည်၊ ယင်းက သူ၏ အသက်ဝင်ရောက်မှုကို အထောက်အကူပြုမည်ဖြစ်ပြီးနောက်၊ ပိုများသော အပြစ်များ ပြုလုပ်မိခြင်းကို ရှောင်ရှားနိုင်မည်ဖြစ်သည်။ ထို့ကြောင့် ကျွန်မ အစ်ကိုလီကို တွေ့ဖို့ သွားခဲ့ပြီး၊ ဘုရားနှုတ်ကပတ်တော်များကို အသုံးပြုပြီး၊ သူ၏ အခြေအနေများနှင့် အပြုအမူများကို တစ်ခုပြီးတစ်ခု ဖော်ထုတ်ပြီး စိတ်ဖြာလေ့လာခဲ့သည်။ ကျွန်မကို အံ့အားသင့်စေခဲ့သည်မှာ သူသည် ကျွန်မကို မကျေမချမ်း မဖြစ်ရုံသာမက၊ “အစ်မသာ ကျွန်တော့်ကို ဒီနည်းနဲ့ ဖော်ထုတ်ပြီး မဆန်းစစ်ခဲ့ရင်၊ ကျွန်တော့် ပြဿနာတွေအကြာင်းကို ကျွန်တော် လုံးဝ သိခဲ့မှာမဟုတ်ဘူး။ ကျွန်တော် ကိုယ့်ကိုယ်ကိုယ် ပြန်သုံးသပ်ဖို့ တကယ်ကို လိုအပ်တာပဲ”ဟု နောင်တဖြင့် ပြောခဲ့သည်။ ထိုစကားများကို အစ်ကိုလီပြောသည်ကို ကြားရခြင်းက ကျွန်မအတွက် အလွန် တို့ထိစရာ ဖြစ်ခဲ့သည်။ သူ့ကို ဖော်ထုတ်ခြင်းက သူကို ကျွန်မအား မကျေမချမ်းဖြစ်စေမည်ကို ကျွန်မ စိုးရိမ်နေခဲ့သော်လည်း၊ ယင်းမှာ လုံးဝ ကျွန်မ၏ ကိုယ်ပိုင် စိတ်ကူးစိတ်သန်း ဖြစ်ခဲ့သည်။ ထိုအချိန်တွင်၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းနှင့် ရိုးသားသော လူတစ်ဦးဖြစ်ခြင်းက စိတ်၏ တည်ငြိမ်ခြင်းနှင့် ငြိမ်သက်ခြင်းတို့ကို ဆောင်ကြဉ်းပေးကာ ကျွန်မတို့ကို ဘုရားသခင်ထံ ပိုပို နီးကပ်ရန် ခေါ်ဆောင်သည်ကို ကျွန်မ အမှန်တကယ် တွေ့ကြုံခံစားခဲ့ရပါသည်။ ဘုရားအိမ်တော်၏ အမှုတော်ကို ကာကွယ်ဖို့ တစ်ခုတည်းသော နည်းလမ်းမှာ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ဖို့နှင့် အခြေခံသဘောတရားအတိုင်း အမှုအရာများကို ကိုင်တွယ်ဖြေရှင်းဖို့ ဖြစ်သည်ဆိုသည်ကိုလည်း ကျွန်မ စစ်မှန်စွာ တွေ့ကြုံခံစားခဲ့ရသည်။ ဤသည်မှာ ကျွန်မတို့၏ ညီအစ်ကို မောင်နှမများကို တကယ် ကူညီဖို့ တစ်ခုတည်းသော နည်းလမ်းလည်း ဖြစ်ပါသည်။ ဘုရားသခင်၏ တရားစီရင်ခြင်း နှင့် ပြစ်တင်ဆုံးမခြင်းတို့မှတစ်ဆင့်၊ ကျွန်မ၏ မှားယွင်းသော အမြင်တစ်ချို့ ပြောင်းလဲသွားခဲ့ပြီး၊ ကျွန်မ၏ မယုံရသကဲ့သို့ လူလည်ကျသော ဆိုးယုတ်သည့် စိတ်သဘောထားက အနည်းငယ် ပြောင်းလဲခဲ့သည်။ ယခုတွင်၊ ကျွန်မ၏ ညီအစ်ကိုမောင်နှမများက ဖောက်ပြန်ပျက်စီးမှုအား ပြသသည်ကို ကျွန်မ တွေ့သည့်အခါ သို့မဟုတ် အမှုအရာများကို သမ္မာတရား၏ အခြေခံသဘောတရားများအား ဖောက်ဖျက်သည့် နည်းလမ်းများဖြင့် ကိုင်တွယ်ခံရသည့်အခါ၊ ကျွန်မ သူတို့ကို မဖုံးဖိပေးတော့ပါ၊ မကာကွယ်ပေးတော့ပါ၊ သို့မဟုတ် လူတို့နှင့် ကျွန်မ၏ ပေါင်းသင်းဆက်ဆံရေးများကို ကာကွယ်ဖို့ မကြိုးစားတော့ပါ။ ကျွန်မသည် သတိရှိရှိ သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်သည်၊ မိတ်သဟာယပြုနိုင်သည်၊ ကူညီနိုင်သည်၊ အမှုအရာများကို ထောက်ပြပြီး၊ ဖော်ထုတ်နိုင်ပါသည်။ တစ်ခါတစ်ရံ ကျွန်မသည် တုံ့ဆိုင်းပြီး အခြားသူများအား စိတ်အနှောင့်အယှက်ပေးမိမည်ကို စိုးရွံ့မိဆဲဖြစ်သော်လည်း၊ ဘုရားသခင်ထံ ကျွန်မ ဆုတောင်းနိုင်သည်၊ မိမိကိုယ်ကိုယ် စွန့်လွှတ်နိုင်သည်၊ သမ္မာတရား၏ အခြေခံသဘောတရားများအတိုင်း လက်တွေ့လုပ်ဆောင်နိုင်ပြီး၊ ဆိုးယုတ်သည့် ဒဿနများဖြင့် အသက်မရှင်တော့ပါ။ ဤလက်တွေ့လုပ်ဆောင်မှုမျိုးဖြင့်၊ ကျွန်မ များစွာ ငြိမ်သက်ပြီး၊ တည်ငြိမ်မှုကို ခံစားရသည်။ ကျွန်မ အလွန် လွတ်လပ်နေပါသည်။ ဤပြောင်းလဲမှုများကို စွမ်းဆောင်ရရှိခြင်းနှင့် ဤအရာအားလုံးကို ရရှိခြင်းသည် လုံးဝ ဘုရားနှုတ်ကပတ်တော်များ၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့၏ ရလဒ် ဖြစ်ပါသည်။

အရှေ့သို့- ၅၁။ လူမုန်းမခံချင်သူ ဖြစ်ရခြင်း၏ အမှန်တရားကို ကျွန်တော်သိမြင်ခဲ့ပါပြီ။

နောက်တစ်ခုသို့- ၅၃။ ချည်နှောင်ထားသည့် သံယောဇဉ်များကို ဖြေလွှတ်ခြင်း

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

၇၅။ ရောဂါနှင့်ဆိုင်သော တုန်လှုပ်ဖွယ် အတွေ့အကြုံတစ်ခု

ကျုံးရှင်း တရုတ်နိုင်ငံအနန္တတန်ခိုးရှိသော ဘုရားသခင် ပြောသည်မှာ- “ငါ၏ လုပ်ဆောင်ချက်များသည် ကမ်းခြေများရှိ သဲလုံးများထက် အရေအတွက်သာ၍...

၆၇။ လူသားပုံသဏ္ဌာန် အနည်းငယ် အသက်ရှင်နေထိုင်ခြင်းသည် ဧကန်အမှန် အလွန်ကောင်း၏

ထားရှီ ကနေဒါနိုင်ငံအနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “သူ၏ အနှစ်ခြောက်ထောင် စီမံခန့်ခွဲမှု အစီအစဉ် အဆုံးမသတ်မီ- လူ အတန်းအစား အသီးသီး၏...

၆၄။ မာနထောင်လွှားခြင်းသည် ကျရှုံးခြင်းမတိုင်မီ လာ၏

ရှင်းဂျီး တရုတ်နိုင်ငံအနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “မာနထောင်လွှားခြင်းသည် လူသား၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား၏...

၁၉။ လူများကို မည်သို့ မှန်ကန်စွာ ဆက်ဆံရမည်ကို ကျွန်မ သိခဲ့ရပြီ

ဆီယွမ် ပြင်သစ်နိုင်ငံလွန်ခဲ့သည့်နှစ်နှစ်သုံးနှစ်က ကျွန်မ အသင်းတော် ခေါင်းဆောင် တာဝန်ကို ထမ်းဆောင်နေခဲ့သည်။ ထိုအသင်းတော်မှာ...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။