၅၃။ ချည်နှောင်ထားသည့် သံယောဇဉ်များကို ဖြေလွှတ်ခြင်း

ကူရီဘိုင် အီတလီနိုင်ငံ

ဘုရားသခင်၏ နှုတ်ကပတ်တော်က ပြောထားသည်- “သင်တို့၏ ကံကြမ္မာအတွက် ဘုရားသခင်၏ လက်သင့်ခံမှုကို သင်တို့ရှာဖွေသင့်သည်။ ဆိုလိုသည်မှာ သင်တို့သည် ဘုရားအိမ်တော်၏ အိမ်တော်သား တစ်ယောက်ဖြစ်သည်ကို အသိအမှတ် ပြုသဖြင့်၊ သင်တို့သည် ဘုရားသခင်ထံသို့ စိတ်နှလုံး တည်ငြိမ်အေးချမ်းခြင်းကို ယူဆောင် လာသင့်ပြီး အရာရာတွင် ဘုရားသခင်ကို စိတ်ကျေနပ်စေသင့်သည်။ တစ်နည်းအားဖြင့် သင်၏ လုပ်ရပ်များ၌ ကိုယ်ကျင့်တရား ကောင်းကာ၊ ထိုလုပ်ရပ်များတွင် သမ္မာတရားနှင့် လိုက်လျောညီထွေ နေသင့်သည်။ အကယ်၍ ဤသည်မှာ သင်၏ လုပ်ဆောင် နိုင်စွမ်းထက်ကျော်လွန်ပါက၊ သင်သည် ဘုရားသခင်၏ ရွံမုန်းခြင်းနှင့် ငြင်းပယ်ခြင်းကို ခံရကာ လူတိုင်း၏ ပစ်ပယ်ခြင်းကို ခံရလိမ့်မည်။ ထိုကဲ့သို့ အကျပ်အတည်းနှင့် သင် ရင်ဆိုင်တွေ့ပါက၊ သင့်ကို ဘုရားသခင်၏ အိမ်တော်ထဲတွင် ထည့်သွင်းစဉ်းစား၍ မရနိုင်တော့ပေ။ ဤသည်မှာ ဘုရားသခင်၏ လက်သင့်ခံမှုကို မရရှိခြင်း၏ အဓိပ္ပာယ် အတိအကျဖြစ်လေသည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သတိပေးချက် သုံးချက်) ဘုရားသခင်၏နှုတ်ကပတ်တော်များမှ ကိုယ်တော်သည် ကျွန်မတို့ထံမှ မည်သည့်အရာကို လိုအပ်သည်ကို ကျွန်မတို့ မြင်ရသည်။ သူ၏ လက်ခံမှုကို ရပြီး အမှုအရာ အားလုံးမှာ သူကို ကျေနပ်စေနိုင်ဖို့အလို့ငှာ၊ ကျွန်မတို့ လုပ်ရပ်များမှာ ကိုယ်ကျင့်တရားကောင်းပြီး သမ္မာတရားကို လိုက်နာဖို့ဖြစ်သည်။ ယခင်က ကျွန်မ ဤသည်ကို မလုပ်နိုင်ခဲ့ပါ၊ အဓိကအားဖြင့် ကျွန်မ၏ စိတ်ခံစားချက်များနှင့် အမြဲ အသက်ရှင်သန် ပြုမူရင်း၊ ကျွန်မ စိတ်ခံစားချက်များ၏ စိုးမိုးတာခံရသောကြောင့် ဖြစ်သည်။ ကျွန်မက မကောင်းမှု လုပ်နေသည့်ပုံ လုံးဝ မပေါ်သော်လည်း၊ ကျွန်မ၏ လုပ်ရပ်များက သမ္မာတရား၏ အခြေခံသဘောတရားနှင့် ဆန့်ကျင်နေပြီး အသင်းတော်၏ အလုပ်ကို နှောင့်ယှက်ခဲ့သည်။ သို့ရာတွင် ဘုရားသခင်က သူ၏နှုတ်ကပတ်တော်များနှင့် ကျွန်မကို တရားစီရင်ကာ ပြစ်တင်ဆုံးမပြီးသည့်နောက်မှာ၊ ဤပုံစံနှင့် ပြုမူခြင်း၏ သဘာဝနှင့် အကျိုးဆက်များကို ကျွန်မ စတင် နားလည်ခဲ့သည်။ ထို့နောက်တွင် စိတ်ခံစားချက်အပေါ် မှီခိုမည့်အစား အမှုအရာများကို မှန်ကန်သည့် ကြံရွယ်ချက်များနှင့် ကျွန်မ ချဉ်းကပ်နိုင်ခဲ့သည်၊ ပြီးလျှင် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကျွန်မ လက်တွေ့လုပ်ဆောင်နိုင်ခဲ့ သည်။

ပြီးခဲ့သည့် နိုဝင်ဘာလက ကျွန်မ၏ တာဝန်က အသင်းတော် ခေါင်းဆောင်တစ်ယောက် ဖြစ်သည့်အချိန်မှာ၊ ဝတ်ပြုစည်းဝေးပွဲ လုပ်သည့်နေရာတိုင်း၏ အုပ်စုခေါင်းဆောင် မည်မျှ အလုပ်ကောင်းစွာ အလုပ်လုပ်သည်ကို စစ်တမ်းကောက်ချက် တစ်ခုရှိခဲ့သည်။ အဖြေများထဲတွင် အုပ်စုခေါင်းဆောင် အစ်မလီက သူမတာဝန်မှာ အမြဲတမ်း ပေါ့ဆပြီး၊ သူမအမှား တစ်ခုတလေ ထောက်ပြခံရပါက၊ သူမက အမှန်တရားကို လက်မခံရုံမကဘဲ၊ ငြင်းခုံသည်ကို ကျွန်မ တွေ့လိုက်သည်။ အခြားလူများမှာ အခက်အခဲများ ရှိပါက၊ သူမက သမ္မာတရားကို မိတ်သဟာယ ပြုပြီး သူမတို့ကို ကူညီခြင်းမဟုတ်ဘဲ၊ ထိုအစား သူမတို့ကို အထက်စီးပုံစံနှင့် သြဝါဒချွေပြီး၊ အနေအထိုင်ကျပ်စေသည်။... ဤအရာများ အားလုံးဖတ်ပြီးနောက်မှာ၊ ဘုရားသခင်၏ အိမ်တော်မှာရှိသည့် အခြေခံသဘောတရားများပေါ် အခြေခံပြီး၊ သူမကို လူစားထိုးရမည်ကို ကျွန်မ သိခဲ့သည်။ သို့ရာတွင် ကျွန်မတို့က မွေးရပ်ဇာတိ တူပြီး၊ ယခင်က ကျွန်မတို့၏ တာဝန်များမှာ အလုပ် အတူတူ လုပ်ခဲ့ဖူးသည်။ ကျွန်မတို့ အမြဲတမ်း ရင်းနှီးပြီး၊ သူမက ကျွန်မကို များစွာ စောင့်ရှောက်ခဲ့သည်။ သူမကို ကျွန်မ ထုတ်လိုက်ပါက၊ ကျွန်မက ရက်စက်သည်ဟု သူမ မတွေးနိုင်ပါလား။ ယခင် နှစ်နှစ် သုံးနှစ်ခန့်က သူမက အသင်းတော်ခေါင်းဆောင် ဖြစ်သည့် သူမရာထူးမှ အထုတ်ခံရဖူးပြီး၊ အပျက်သဘောဆောင်ခြင်းမှ သူမကိုယ်သူမ ရုန်းထွက်လာရုံရှိသေးသည်။ နောက်ထပ် ရာထူး တစ်ခုသာ သူမဆီက ထပ်နုတ်လိုက်ပါက၊ ယင်းမှာ ပိုကြီးသည့် ရိုက်နှက်ချက်တစ်ခုသာ ဖြစ်မည် မဟုတ်ပါလား။ သူမ ယင်းကို ကိုင်တွယ်ဖြေရှင်းနိုင်ပါ့မလား။ သူမအခြေအနေက မည်မျှ မရေမရာ ဖြစ်နေသည်ကို သူမတွေ့ရဖို့အလို့ငှာ၊ သူမနှင့် ချက်ချင်း မိတ်သဟာယပြုဖို့ လိုသည်ကို ကျွန်မ နားလည်လိုက်သည်၊ သူမသာ အချိန်မီ ပြောင်းလဲနိုင်ပါက၊ သူမ ရာထူးကို ထိန်းသိမ်းနိုင်မည်ဟု ကျွန်မ တွေးမိသည်။ ထို့ကြောင့် ကျွန်မက အစ်မလီကို သူမ၏ပြဿနာအကြောင်း မိတ်သဟာယမှာ ပြောပြသော်လည်း၊ သူမမှာ မိမိကိုယ်ကိုယ် သတိပြုမိခြင်း တစ်ခုမှ မရှိသည်ကို တွေ့ခဲ့ရသည်။ သူမနှင့် မိတ်သဟာယပြုရာမှာ ကျွန်မ အစွမ်းကုန် ကြိုးစားခဲ့သည်၊ ပြီးလျှင် ထို့နောက်မှာ သူမက ပြောင်းလဲဖို့နှင့် ပြန်လည်ဆန်းစစ်ဖို့ ဆန္ဒရှိလာသည်၊ နောက်ဆုံးမှာ ကျွန်မ သက်ပြင်းချနိုင်ခဲ့သည်။ လုပ်ဖော်ကိုင်ဖက်များကို သူမ၏ကောင်းကြောင်း အနည်းငယ် ပြောပြပါက၊ သူမ ဤတာဝန်ကို ဆက်လုပ်နိုင်ချင် လုပ်နိုင်လိမ့်မည်ဟု ကျွန်မ ထင်မိသည်။

နောက်ပိုင်းမှာ အလုပ်အကြောင်း ဆွေးနွေးနေချိန်မှာ၊ အစ်မလီသည် သမ္မာတရားကို မည်သည့်အခါမျှ လက်မခံကြောင်း လုပ်ဖော်ကိုင်ဖက် နှစ်ယောက် သုံးယောက်က ပြောပြသည်၊ ပြီးလျှင် သူမကို လူစားထိုးဖို့ သူတို့အားလုံး သဘောတူကြသည်။ ဤသည်ကိုကြားလျက် ကျွန်မ အတော် အကျပ်ရိုက်သွားသည်။ ကျွန်မက “အစ်မလီဟာ ပြဿနာတချို့ရှိပေမဲ့၊ ပြောင်းလဲဖို့ အဆင်သင့် မဖြစ်သေးပါဘူး၊ ဒါကြောင့် သူ့ကို နောက်ထပ် အခွင့်အရေး မပေးနိုင်ဘူးလား။” ဟု တွေးမိသည်။ ထို့နောက်တွင်ပင် အစ်မကျောက်က၊ “အစ်မလီက ဒီအခြေအနေမှာ ရှိနေတာ ကြာခဲ့ပြီ။ သူက မိတ်သဟာယ ကောင်းကောင်းပြုပေမဲ့၊ သူပြောတာတွေကို သူလက်တွေ့ မလုပ်ဆောင်ဘူး။ ပြောင်းလဲမှု လုံးဝကို မရှိတာ။ သူဟာ ဒီရာထူးအတွက် မသင့်တော်ဘူး။” ဟု ပြောလိုက်သည်။ ကျွန်မက “အစ်မလီက သမ္မာတရားကို လက်ခံဖို့ ခက်ခဲနေပေမဲ့၊ သူက တကယ့်ကို တက်ကြွမှုရှိပြီး သူ့တာဝန်တွေမှာလည်း တာဝန် ယူတတ်ပါတယ်၊ ပြီးတော့ လတ်တလောလေးတင်ပဲ ညီအစ်ကို မောင်နှမ တချို့က သူတို့တာဝန်တွေမှာ တက်တက်ကြွကြွ မရှိခဲ့ကြဘဲ၊ အဲဒါကို သူက သူတို့ကို စိတ်ပါအောင် ဆွဲဆောင်ခဲ့တယ်လေ။” ဟု ကမန်းကတန်း ကြားဖြတ် ပြောလိုက်သည်။ ယင်းကို အစ်မဘိုင်က “အစ်မလီက တကယ့်ကို တက်ကြွမှုရှိပြီး၊ အမြဲတမ်း အပြေးအလွှားသွားနေတဲ့ပုံ မြင်ရပေမဲ့၊ တကယ်တော့ သူက အဲဒါတွေအားလုံးကို ဟန်ပြသာ လုပ်ပြီး၊ တကယ့်ပြဿနာတွေကို သူမဖြေရှင်းနိုင်ဘူး။” ဟု ချက်ချင်း ပြန်ပြောလေသည်။ သူတို့ ပြောသွားသမျှက အားလုံးမှန်ပြီး၊ ကျွန်မမှာ မည်သည့်အရာမျှ တုံ့ပြန်မပြောနိုင်ခဲ့ပါ။ ထို့နောက်မှာ နောက်ထပ်အသင်းတော် ခေါင်းဆောင် တစ်ယောက်ဖြစ်သည့် အစ်မကျန်းက၊ “အစ်မလီဟာ အုပ်စုခေါင်းဆောင် ဖြစ်ဖို့ မသင့်တော်ဘူး ဆိုတာ မှန်ပေမဲ့၊ အခုတော့ ကျွန်မတို့မှာ သူ့ကို အစားထိုးဖို့ သင့်တော်တဲ့သူ မရှိသေးဘူး။ အစားဝင်ပေးတဲ့သူ ကောင်းကောင်းတစ်ယောက် ရှာလို့မရမချင်းကို ဒီရာထူးမှာပဲ သူ့ကို ဆက်ထားရအောင်။” ဟု ပြောလိုက်သည်။ ဤသည်မှာ ကျွန်မလိုချင်သည့်အရာနှင့် အံကိုက်ဖြစ်သောကြောင့် ကျွန်မက “ကျွန်မ သဘောတူတယ်။ တစ်ယောက်ယောက် တွေ့တဲ့အခါမှာ သူ့ကို အစားထိုးကြရအောင်။” ဟု ကမန်းကတန်း ပြောလိုက်သည်။ ကျွန်မ အံ့အားသင့်ရသည်၊ နောက်တစ်ပတ်ပင် မကြာသေးဘဲ၊ ကျွန်မတို့ အသင်းတော်အလုပ်အကြောင်း ဆွေးနွေးပြီးနောက်မှာ အစ်မကျောက်က ထိုကိစ္စကို ထပ်ပြောလာသည်။ အစ်ကိုချန်းကို ရွေးဖို့သင့်တော်ပြီး အခြားလုပ်ဖော်ကိုင်ဖက် အနည်းငယ်ကလည်း သဘောတူကြသည်ဟု သူမက ပြောသည်။ ကျွန်မ၏ နှလုံးသားက ဆို့နင့်သွားခဲ့သည်။ အစ်ကိုချန်းသာ အုပ်စုခေါင်းဆောင်အဖြစ် ရွေးကောက်ခံရပါက၊ အစ်မလီတော့ အထုတ်ခံရတော့မည် ဖြစ်သည်။ ထို့ကြောင့် ကျွန်မက အစ်ကိုချန်း၏ ဖောက်ပြန်ပျက်စီးမှုများ၊ အားနည်းချက်များနှင့် ပတ်သက်သည့် ကိစ္စအချို့ကို ပြောပြီး၊ သူက အလုပ်အတွက် မသင့်တော်ပါဟု ပြောလိုက်သည်။ ထို့နောက်မှာ လူတိုင်းက စပြီး မဝံ့မရဲ ဖြစ်ကုန်ကြပြီး၊ ကျွန်မလည်း နည်းနည်း ဘဝင်မကျဖြစ်လာသည်၊ သို့ရာတွင် သမ္မာတရားကို ကျွန်မ မရှာဖွေသေးပါ။

နောက်ပိုင်းမှာ အုပ်စုခေါင်းဆောင်များနှင့် ပတ်သက်သည့် အသေးစိတ် အစီရင်ခံစာကို သူမကို ပေးဖို့ ကျွန်မ၏ ခေါင်းဆောင်က တောင်းခဲ့သည်၊ ပြီးလျှင် ကျွန်မ အစ်မလီ အကြောင်းရေးရသည့် အချိန်ရောက်တော့၊ သူမနှင့်ပတ်သက်သည့် ညီအစ်ကိုမောင်နှမများ၏ အကဲဖြတ်မှုကို ကျွန်မ မှန်မှန်ကန်ကန် မဆန်းစစ်ခဲ့ပါ။ သူမထွက်သွားပြီးသည့်နောက် ကျွန်မ စိတ်ထင့်နေခဲ့သည်။ ကျွန်မသည် အစ်မလီအတွက် အမြဲ စိတ်ပူပြီး၊ အဘယ့်ကြောင့် သူမကိုယ်စား ပြောဆိုနေခဲ့ပါလိမ့်ဟု ကျွန်မ တွေးမိသည်။ ကျွန်မက သူမကို မျက်နှာလိုက်နေခြင်း မဟုတ်ပါလား။ မည်သည့်စေ့ဆော်မှုမျိုးက ကျွန်မကို ထိန်းချုပ် နေခဲ့သနည်း။ ထို့နောက်မှာ ဘုရားသခင်၏ ဤနှုတ်ကပတ်တော်များကို ကျွန်မ ဖတ်ခဲ့ရသည်၊ “အဓိကအားဖြင့် စိတ်လှုပ်ရှားထိခိုက်လွယ်ခြင်းဟူသည် အဘယ်နည်း။ ယင်းမှာ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား တစ်ခုပင်ဖြစ်သည်။ ကျွန်ုပ်တို့သည် စိတ်လှုပ်ရှားထိခိုက်လွယ်ခြင်း၏ လက်တွေ့ကဏ္ဍများကို ဖော်ပြရန် စကားလုံးအနည်းငယ်ကို အသုံးရမည်ဆိုပါက၊ ၎င်းတို့မှာ မျက်နှာသာပေးခြင်းနှင့် အချို့သောလူတို့ကို ကာကွယ်ခြင်းဘက်၌ ဘက်လိုက်ခြင်း၊ ဇာတိပကတိ၏ ဆက်ဆံရေးများကို ထိန်းသိမ်းထားခြင်းနှင့် တရားမျှတမှုမရှိခြင်း၊ ဤသည်တို့မှာ စိတ်လှုပ်ရှားထိခိုက်လွယ်ခြင်းပင် ဖြစ်သည်။ ထို့ကြောင့် လူတစ်ဦး၏ စိတ်လှုပ်ရှားထိခိုက်လွယ်ခြင်းကို စွန့်ပစ်ခြင်းဟူသည်မှာ တစ်စုံတစ်ဦး၏အကြောင်းကို မစဥ်းစားတော့ခြင်းကို လုံးဝမဆိုလိုပေ။ သာမန်အားဖြင့် သင်သည် သူတို့အကြောင်းကို လုံးဝစဥ်းစားမည် မဟုတ်သော်လည်း၊ တစ်စုံတစ်ဦးက သင့်မိသားစုဝင်များ၊ သင်နေထိုင်ရာမြို့၊ သို့မဟုတ် သင်နှင့် ဆက်စပ်မှုရှိသည့် မည်သူ့ကိုမဆို ဝေဖန်သည်နှင့်တစ်ပြိုင်နက် သင်သည် ဒေါကန်ပြီး သူတို့ကိုထောက်ခံအားပေးရန် သံန္နိဋ္ဌာန်ချသည်။ သူတို့အကြောင်း ပြောထားသည့်အရာကို လှန်ပစ်ရန် သင် အလွန်လှုံ့ဆော်ခြင်း ခံရလေသည်။ သင်သည် သူတို့ကို ပြန်ပြင်၍မရသော အမှားတစ်ခုကို ခံစားရစေရန် ခွင့်မပြုနိုင်ပေ။ သင်သည် သူတို့၏ဂုဏ်သတင်းကို ထိန်းသိမ်းရန်၊ အမှားတိုင်းကို မှန်ပုံရအောင်လုပ်ရန်နှင့် အခြားသူများကို သူတို့အကြောင်း အမှန်တရားကိုပြောစေခွင့် သို့မဟုတ် သူတို့ကို ဖော်ထုတ်စေခွင့် မပြုရန် အစွမ်းကုန်ပြုလုပ်ဖို့ လိုအပ်ချက်ကို သင်ခံစားမိသည်။ ဤသည်မှာ မတရားမမျှမှုဖြစ်ပြီး၊ ယင်းကို စိတ်လှုပ်ရှားထိခိုက်လွယ်ခြင်းဟု ခေါ်သည်။(နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သမ္မာတရား၏စစ်မှန်မှုဆိုသည်မှာ အဘယ်နည်း။”)လူတို့သည် ဘုရားသခင့်အပေါ် ကြောက်ရွံ့ခြင်းမရှိပါက၊ ထို့ပြင် ဘုရားသခင်သည် သူတို့နှလုံးသားများထဲ၌ နေရာမရှိပါက သူတို့သည် မည်သည့်တာဝန်များကို ဖြည့်ဆည်းနေကြပါစေ သို့မဟုတ် မည်သည့်ပြဿနာများကို ကိုင်တွယ်ဖြေရှင်းနေကြပါစေ မည်သည့်အခါမျှ ကိုယ်ကျင့်တရားအရ လုပ်ဆောင်နိုင်မည်မဟုတ်ပေ။ မိမိတို့၏ ရည်ရွယ်ချက်များနှင့် တစ်ကိုယ်ကောင်းဆန်သော ဆန္ဒများအတွင်း အသက်ရှင်နေသော လူတို့သည် သမ္မာတရား၏ စစ်မှန်မှုအတွင်း ဝင်ရောက်နိုင်စွမ်း ရှိလိမ့်မည်မဟုတ်ပေ။ ဤအကြောင်းကြောင့် သူတို့သည် ပြဿနာတစ်ခုကို ကြုံတွေ့ရတိုင်း မိမိတို့၏ ရည်ရွယ်ချက်များအပေါ် ဆန်းစစ်ဝေဖန်သော အမြင် မထားရှိကြဘဲ သူတို့၏ ရည်ရွယ်ချက်များ မှားယွင်းသည့်နေရာကို သတိမထားနိုင်ကြပေ။ ထိုအစား သူတို့ကိုယ်သူတို့အတွက် အလိမ်အညာများနှင့် အကြောင်းပြချက်များကို ဖန်တီးရန် ရှင်းချက်မျိုးစုံကို အသုံးပြုတတ်ကြသည်။ သူတို့သည် မိမိတို့၏ ကိုယ်ပိုင်အကျိုးအမြတ်များ၊ ဂုဏ်သတင်းနှင့် လူအချင်းချင်း ဆက်ဆံရေးများကို ကာကွယ်ရန်အတွက် အတော်ပင် အောင်မြင်ကြသော်လည်း၊ အမှန်မှာမူ သူတို့သည် ဘုရားသခင်နှင့် မည်သည့်ဆက်ဆံရေးကိုမျှ မတည်ဆောက်ထားကြပေ။(နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “ဘုရားသခင်အပေါ် လူသားထားရှိသင့်သည့် သဘောထား”)

ပြဿနာများကို ရင်ဆိုင်ရာမှာ၊ ကျွန်မတို့က သမ္မာတရား၏ အခြေခံသဘောတရားများအတိုင်း တရားမျှမျှတတ မပြုမူနိုင်ဘဲ၊ ကျွန်မတို့နှင့် ဆက်သွယ်နေသည့် သို့မဟုတ် ကျွန်မတို့ကို အကျိုးပြုသည့် လူများကို မျက်နှာလိုက်ပြီး ကာကွယ်ပေးရင်း၊ ကျွန်မတို့က အမှန်အမှား မခွဲခြားသည်ကို ဘုရားသခင်၏ နှုတ်ကပတ်တော်များက ပြသနေသည်။ ဤသည်မှာ စိတ်ခံစားချက်အတိုင်း ပြုမူခြင်း ဖြစ်သည်။ ကျွန်မတို့၏ တာဝန်မှာ ဖြစ်စေ၊ ပြဿနာတစ်ခုကို ဖြေရှင်းရာမှာ ဖြစ်စေ၊ ကျွန်မတို့က စိတ်ခံစားချက်နှင့် စိုးမိုးခံရသည့်အခါ၊ သမ္မာတရားကို လုံးဝ လက်တွေ့မလုပ်ဆောင်သကဲ့သို့၊ ကျွန်မတို့၏ တာဝန်ကို လုံးဝ မထမ်းဆောင်ဘဲ၊ ကျွန်မတို့၏ ဇာတိခန္ဓာ ခံစားချက်များနှင့် ကိုယ်ပိုင် အကျိုးစီးပွားများအကြောင်းကိုသာ စဉ်းစားကြ သည်။ ယင်းက ကျွန်မ ရှိနေခဲ့သည့် အခြေအနေဖြစ်သည်။ ကျွန်မ၏ စိတ်ခံစားချက်များအတိုင်း ပြုမူနေခဲ့သောကြောင့် ကျွန်မ အစ်မလီကို မထုတ်ပစ်ချင်ခဲ့ပါ။ ကျွန်မက ကျွန်မတို့၏ ပေါင်းသင်းဆက်ဆံရေးကို ကာကွယ်နေပြီး၊ သူမ ကျွန်မကို စိတ်ဆိုးမှာ စိုးရွံ့ခဲ့သည်။ ထို့ကြောင့် လုပ်ဖော်ကိုင်ဖက်များက အခြေခံသဘောတရားများ လိုက်နာပြီး၊ သူမကို အစားထိုးချင် သည့်အခါမှာ၊ သူမရာထူးမြဲစေဖို့အလို့ငှာ သူမကို ကာကွယ်ပေးဖို့ ကျွန်မ တတ်နိုင်သမျှ လုပ်ခဲ့သည်။ သူမအပေါ် ကျွန်မ၏ အကဲဖြတ်မှုကို ခေါင်းဆောင်ကို ပေးသည့်အခါ၊ ကျွန်မ လျှော့ပေါ့ပြောခဲ့သည်၊ မျက်နှာလိုက်ပြီး သူမအတွက် ကာပေးခဲ့ သည်၊ ပြီးလျှင် အမှန်ကို ဖုံးကွယ်ခဲ့သည်။ ပြန်တွေးလိုက်ပါက၊ ကျွန်မ၏ စေ့ဆော်မှုနှင့် ရည်ရွယ်ချက်များ အားလုံးသည် စိတ်ခံစားချက်၏ စိုးမိုးခြင်းကို ခံရခြင်းဖြစ်သည်ကို ကျွန်မ မြင်ရပါ သည်။ ကျွန်မက ပေါင်းသင်းဆက်ဆံရေးတစ်ခုကို ကာကွယ်ဖို့ ဘုရားသခင့်အိမ်တော်၏ အကျိုးစီးပွားကို ထိခိုက်စေလိုပြီး၊ လူတစ်ယောက်ကို မစော်ကားမိမီ ဘုရားသခင်ကို ပြစ်မှားစော်ကားဖို့ အရန်သင့်ဖြစ်နေရင်း၊ စဉ်းလဲပြီး လှည့်စားကာ ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားနှင့် ကျွန်မ ရှင်သန်နေခဲ့ သည်။ ကျွန်မမှာ ဘုရားသခင်ကို ချစ်ကြောက်ရိုသေမှု လုံးလုံး မရှိဘဲ၊ အရမ်းကို တစ်ကိုယ်ကောင်းဆန်ပြီး၊ စက်ဆုပ်ရွံရှာစရာ ကောင်းသည်။ ဤအရာများအားလုံးနှင့် ပတ်သက်ပြီး ကျွန်မ အရမ်းကို အပြစ်ရှိသည်ဟု ခံစားရသည်၊ ထို့ကြောင့် အမှန်အတိုင်း ပြောပြဖို့ ခေါင်းဆောင်ဆီကို ကျွန်မ ချက်ချင်းသွားလိုက်သည်။ ထို့နောက်မှာ ဘုရားသခင်ဆီကို ကျွန်မ ဆုတောင်းပြီး၊ ပြောပြခဲ့ သည်။ “ကျွန်မဟာ ဘာဖြစ်လို့ သမ္မာတရားကို လက်တွေ့မလုပ်ဆောင်နိုင်ဘဲ၊ စိတ်ခံစားချက်ရဲ့ တွန်းအား ပေးတာကို အမြဲတမ်း ခံရတာလဲ။ ဒီပြဿနာရဲ့ အရင်းအမြစ်က ဘာပါလဲ။”

တစ်နေ့ ကျွန်မ ဝတ်ပြုခြင်း၌၊ ဘုရားသခင်ဆီက ဤနှုတ်ကပတ်တော်များကို ကျွန်မ ဖတ်ခဲ့ရသည်။ “ဤမျှညစ်ညမ်းသောမြေတွင် မွေးဖွားလာလျက်၊ လူသားသည် လူ့အဖွဲ့အစည်း၏ ပြင်းထန်စွာ ထိခိုက်ဖျက်ဆီးခြင်းကို ခံခဲ့ရပြီးဖြစ်သည်၊ သူသည် ရှေးဆန်သော လူ့ကျင့်ဝတ်များ၏ လွှမ်းမိုးခြင်းခံရပြီးဖြစ်ကာ ‘အဆင့်မြင့် ပညာသင်ကျောင်းများ’ တွင် သင်ယူခဲ့ပြီးဖြစ်သည်။ ခေတ်နောက်ကျသော စဉ်းစားတွေးတောခြင်း၊ ဖောက်ပြန်ပျက်စီးသော အကျင့်စာရိတ္တ၊ ဘဝနှင့်ပတ်သက်သည့် နုံချာသော အမြင်ရှုထောင့်၊ စက်ဆုပ်ဖွယ် အတွေးအခေါ်၊ လုံးဝဥဿုံ တန်ဖိုးမရှိသော တည်ရှိမှု၊ စာရိတ္တပျက်ပြားသော အသက်ရှင်နေထိုင်ပုံနှင့် ဓလေ့စရိုက်များ- ဤအရာများအားလုံးသည် လူ့စိတ်နှလုံး အတွင်းသို့ ပြင်းပြင်းထန်ထန် ကျူးကျော်ဝင်ရောက်ကာ လူသား၏ အသိစိတ်ကို ပြင်းထန်စွာ အားလျော့စေခဲ့၍ တိုက်ခိုက်ခဲ့သည်။ အကျိုးဆက်အနေဖြင့် လူသားသည် ဘုရားသခင်နှင့် ဝေးသည်ထက် ဝေးသွားသည့်အပြင် သူ့ကို ယခင်ကထက် ပိုမို ဆန့်ကျင်လာသည်။ လူ့စိတ်သဘောထားသည် တစ်နေ့ပြီး တစ်နေ့ ပိုမိုဆိုးယုတ်လာကာ ဘုရားသခင်အတွက် မည်သည့်အရာကိုမဆို လိုလိုလားလား စွန့်လွှတ်လိုသည့်သူနှင့် ဘုရားသခင်ကို လိုလိုလားလား နာခံလိုစိတ်ရှိသူ တစ်ဦးတစ်လေမျှ မရှိသည့်အပြင် ဘုရားသခင်၏ ပေါ်ထွန်းမှုကို လိုလိုလားလား ရှာဖွေလိုသော ဆန္ဒရှိသူလည်း တစ်ဦးတစ်လေမျှ မရှိပေ။ ထိုအစား လူသားသည် ရွှံ့မြေထဲ၌ ဇာတိပကတိ၏ ဖောက်ပြန်ပျက်စီးခြင်းထံ မိမိကိုယ်ကိုယ် လုံးလုံး ပေးအပ်ထားလျက်၊ စာတန်၏ အုပ်စိုးမှုအောက်တွင် မည်သည့်အရာကိုမှ လုပ်ဆောင်ခြင်းမရှိဘဲ အပျော်အပါးကို လိုက်စားပေသည်။ အမှောင်ထုတွင် နေထိုင်ကြသော လူသားတို့သည် သမ္မာတရားကို ကြားသောအခါ၌ပင်၊ လက်တွေ့လုပ်ဆောင်ရန် မတွေးတောကြသကဲ့သို့၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းကို ဖူးမြင်ခဲ့ရလျှင်ပင် ဘုရားသခင်ကို ရှာဖွေလိုခြင်း မရှိကြပေ။ ထိုမျှလောက် စာရိတ္တပျက်ပြားသော လူသားမျိုးနွယ် တစ်ရပ်သည် ကယ်တင်ခြင်းရရှိရန် အခွင့်အရေး မည်သို့ ရှိနိုင်မည်နည်း။ ထိုမျှ ယိုယွင်းသော လူသားမျိုးနွယ်တစ်ရပ်သည် အလင်းထဲတွင် မည်သို့နေနိုင်မည်နည်း။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ မပြောင်းလဲသော စိတ်သဘောထား ရှိခြင်းသည် ဘုရားသခင်ကို ရန်ဘက်ပြုခြင်းဖြစ်သည်) ထို့နောက်မှာ စိတ်ခံစားချက်အတိုင်း ပြုမူခြင်းသည် များသောအားဖြင့် စာတန်၏ လှည့်စားပြီး၊ ဖောက်ပြန်ဖျက်ဆီးခြင်းကို ခံရခြင်းမှ အများဆုံးလာသည်ကို ကျွန်မ သဘောပေါက်လိုက်သည်။ ကျောင်းပညာရေးနှင့် လူမှုရေး သြဇာလွှမ်းမိုးမှုများမှတစ်ဆင့်၊ စာတန်နတ်ဆိုးက လူများကို “မိမိကိုယ်သာ ကိုးကွယ်ရာဖြစ်၏၊” “အရေးကြီးတော့ သွေးနီးသည်” “လူသားသည် သက်မဲ့မဟုတ်ပါ။ သူသည် စိတ်ခံစားမှုများနှင့် မည်သို့ကင်းနိုင်မည်နည်း။” ကဲ့သို့ လောကီဆိုင်ရာ ဒဿနများ၊ ရှင်သန်ခြင်း ဥပဒေသမျိုးစုံတို့နှင့် နစ်မြုပ်နေစေသည်။ ကျွန်မနှင့် ရင်းနှီးသည့်သူများကို ကာကွယ်သည်ကို အပြုသဘောဆောင်သည့် အရာတစ်ခုအဖြစ် မြင်ပြီး၊ စာနာခြင်းနှင့် သနားခြင်းကို ချစ်ခြင်းအဖြစ် မြင်ပြီးလျှင်၊ ဤဒဿနများနှင့် ကျွန်မ နေထိုင်ခဲ့သည်။ အစ်မလီ အစားထိုးခံရခြင်းနှင့် ပတ်သက်ပြီး၊ ကျွန်မတို့က တစ်နယ်တည်းက လာကြခြင်းဖြစ်ပြီး၊ သူမက ကျွန်မကို အမြဲ စောင့်ရှောက်သည်ဟုသာ ကျွန်မ အမြဲတွေးနေခဲ့သည်၊ ထို့ကြောင့် သူမက အလုပ်ထုတ်ခံရခြင်းကို ရင်ဆိုင်နေရချိန်မှာ၊ ကျွန်မက သူမကို ကူညီသင့်ပြီး၊ သူမအတွက် ပြောပေးသင့်သည်ဟု ထင်ခဲ့ သည်။ ယင်းက မှန်ကန်သည့် အလုပ်ဖြစ်သည်ဟု ကျွန်မ ထင်ခဲ့သည်။ သူမက အုပ်စုခေါင်းဆောင်အဖြစ် သူမတာဝန်ကို တကယ် တာဝန်မယူခဲ့ဘဲ၊ အခြားသူများကို မကြာခဏ သြဝါဒချွေပြီး၊ သူမတို့ကို ထိန်းချုပ်သည်ကို ကျွန်မ သိခဲ့သည်။ သူမကို အစားမထိုးခြင်းက ညီအစ်ကိုမောင်နှမများကို နစ်နာစေပြီး၊ အသင်းတော်၏ အလုပ်ကိုလည်း ထိခိုက်စေလိမ့်မည်။ သို့ရာတွင် ကျွန်မက သူမကို ကာကွယ်ဖို့နှင့် သူမရာထူး မြဲနေစေဖို့ တတ်နိုင်သမျှ လုပ်ရင်း၊ သမ္မာတရား၏ အခြေခံသဘောတရားများကို ဆန့်ကျင်ခဲ့ပြီး၊ ဘုရားသခင်၏ အိမ်တော်၏ အကျိုးစီးပွားကို ကျွန်မ ဥပေက္ခာပြုခဲ့သည်။ ကျွန်မတို့၏ ပေါင်းသင်းဆက်ဆံရေးကို ထိန်းသိမ်းဖို့ ကျွန်မ၏ တာဝန်ကို အပြည့်အဝ အသုံးချခဲ့ပြီး၊ ကျွန်မအပေါ် သူမ၏ ကြင်နာမှုကို ပြန်ပေးဆပ်ဖို့ အသင်းတော်၏ အလုပ်ကို အသုံးချခဲ့ သည်။ ကျွန်မက မိမိကိုယ်ပိုင် အကျိုးအမြတ်အတွက် မိမိအာဏာနှင့် တာဝန်ကို အမြတ်ထုတ်နေခဲ့သည်။ ခေါင်းဆောင် တစ်ယောက် အနေနှင့်၊ ကျွန်မက အသင်းတော်၏ အလုပ်အတွက်၊ ညီအစ်ကိုမောင်နှမများ၏ အသက်ဝင်ရောက်မှုအတွက် စဉ်းစားနေသင့်ပြီး၊ ကျွန်မ၏ တာဝန်မှာ သမ္မာတရား၏ အခြေခံသဘောတရားများအတိုင်း ပြုမူခဲ့သင့်သည်။ သို့ရာတွင် ကျွန်မက ခံစားချက်ကို ရှေ့တန်းတင်ခဲ့သည်၊ သမ္မာတရားကို ကောင်းစွာ သတိပြုမိသော်လည်း၊ လက်တွေ့မလုပ်ဆောင်ခဲ့ပါ။ ယင်းက သမ္မာတရားနှင့် အခြေခံသဘောတရားများကို သစ္စာဖောက်ပြီး အသင်းတော်၏ အလုပ်ကို ပေါ့ပေါ့ဆဆ သဘောထားခဲ့ခြင်း မဟုတ်ပါလား။ ကျွန်မက ကျေးဇူးကန်းနေခဲ့ခြင်း ဖြစ်သည်။ ထို့နောက်တွင် ဤလောကီဆိုင်ရာ ဒဿနများသည် လူများကို ဖောက်ပြန်ဖျက်ဆီးဖို့နှင့် လှည့်စားဖို့ စာတန်သုံးသည့် လွဲမှားသည့် အယူအဆများဖြစ်သည်ကို ကျွန်မ မြင်လိုက်သည်။ ထိုနည်းလမ်းနှင့် စကားပြောပြီး ပြုမူခြင်းက သာတူညီမျှရှိမှုနှင့် တရားမျှတမှုတို့ လုံးလုံး ကင်းမဲ့ပြီး၊ တကယ်ကို သမ္မာတရား၏ အခြေခံသဘောတရား မပါဝင်ပါ။ ယင်းက တကယ့်ကို တရုတ် ကွန်မြူနစ်ပါတီ အရာရှိများ၏ ဘဝဒဿနလည်း ဖြစ်သည်။ “လူတစ်ဦးသည် သြဇာပိုညောင်းပြီး ပိုမြင့်သည့်နေရာသို့ ရာထူးတိုးခံရသောအခါ သူ၏မိသားစုနှင့် ဆွေမျိုးများ ကောင်းစားကြ၏။” တစ်ယောက်ယောက်က အရာရှိတစ်ယောက် ဖြစ်လာသည့်အခါ၊ သူမတို့ ဆွေမျိုးများလည်း အကြီးအကျယ် အကျိုးရှိကြပြီး၊ အပြစ်ဒဏ်ကင်းလွတ်ခွင့်ရခြင်းနှင့် ပတ်သက်ပြီး အားလုံးနီးပါးကို လုပ်လို့ရသည်။ တရုတ်ကွန်မြူနစ်ပါတီ ထိန်းချုပ်ထားသည့် လူ့အဖွဲ့အစည်းက အရမ်း မှောင်မိုက်ပြီး၊ အရမ်း ဆိုးယုတ်သည်၊ သာတူညီမျှရှိမှုနှင့် တရားမျှတမှု လုံးလုံး ကင်းမဲ့သည်။ အသင်းတော် ခေါင်းဆောင်တစ်ယောက် အနေနှင့်၊ အခြေခံသဘောတရားများအတိုင်း မပြုမူဘဲ၊ ဤဆိုးယုတ်သည့် ဒဿနများနှင့် အသက်ရှင်နေသည်မှာ ကျွန်မသည် တရုတ်ကွန်မြူနစ်ပါတီ အရာရှိများနှင့် မည်သို့များ ကွာခြားသနည်း။ အစ်မလီကို အလုပ်မထုတ်ချင်ခြင်းက စစ်မှန်သည့် အချစ်ကြောင့်ဖြစ်စေ၊ အကူအညီ ပေးချင်သောကြောင့်ဖြစ်စေ မဟုတ်ဘဲ၊ ကျွန်မက အေးစက်ပြီး၊ ခံစားချက်မဲ့သည်ဟု သူမက ပြောမည်ကိုလည်းကောင်း၊ ပြီးလျှင် ကျွန်မကို နောက်ထပ် မည်သည့်အခါမှ ယခင်ကကဲ့သို့ မဆက်ဆံတော့မည်ကိုလည်းကောင်း ကျွန်မ ကြောက်နေခဲ့ခြင်း ဖြစ်သည်။ ကျွန်မက သူမ၏ အသက်တာကို လုံးဝ ထည့်မတွက်ခဲ့ပါ။ ဘုရားသခင်၏ အိမ်တော်တွင် တစ်ယောက်ယောက်ကို အစားထိုးခြင်းက သူတို့ အချိန်မီ နောင်တရဖို့နှင့် ပြောင်းလဲနိုင်ဖို့အလို့ငှာ မိမိကိုယ်ကိုယ် ပြန်ဆန်းစစ်ခြင်းကို အားပေးဖို့ လုပ်ခြင်း ဖြစ်သည်။ ယင်းက ဘုရားသခင်က လူများကို ကယ်တင်ပြီး၊ ကာကွယ်သည့် နည်းလမ်းတစ်ခု ဖြစ်သည်။ ကျွန်မလည်း ကျွန်မ၏ တာဝန်က ထုတ်ပယ်ခံရပါသည်၊ ပြီးလျှင် ကျွန်မ၏ ရှုံးနိမ့်ခြင်းမှ သင်ခန်းစာယူသည့်အချိန်တွင်၊ အသင်းတော်က ကျွန်မအတွက် နောက်ထပ် သင့်တော်သည့် တာဝန်တစ်ခုကို စီစဉ်ပေးခဲ့သည်။ ကျွန်မကို ပြန်ဆန်းစစ်စေပြီး၊ တကယ် မိမိကိုယ်ကိုယ် သတိပြုမိခြင်း အချို့ ရရှိစေခဲ့သည်မှာ တိုက်မိခြင်းနှင့် လဲပြိုခြင်းတို့သာ ဖြစ်ပါသည်။ လူတို့ကို ကယ်တင်ဖို့ ဘုရားသခင်၏ အလိုတော်ကိုလည်း ကျွန်မ ပိုနားလည်ခဲ့သည်၊ ပြီးလျှင် သူမ၏ချစ်ခြင်းက သနားကရုဏာနှင့် ဖြောင့်မတ်ခြင်းတို့ ပါဝင်သည်ကို မြင်ခဲ့ရသည်။ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာမှာ အခြေခံသဘောတရားများ ပါသည်။ သူက ကျွန်မတို့ကို အလိုမလိုက်သကဲ့သို့ မဖျက်ဆီးပါ။ သို့ရာတွင် အခြားသူများအတွက် ကျွန်မ၏ “ချစ်ခြင်း” က ဆိုးယုတ်သည့် လောကီဆိုင်ရာ ဒဿနများနှင့် ပြည့်နေပြီး ကိုယ်ကျိုးများပေါ်မှာ အခြေခံခြင်းဖြစ်သည်။ ယင်းက ဘုရားသခင်အတွက် သေးသိမ်ပြီး၊ တစ်ကိုယ်ကောင်းဆန်သည်၊ မသတီစရာကောင်းပြီး၊ ရွံစရာ ကောင်းသည်။ ထို့နောက်တွင်မှသာ ကျွန်မတို့ မိမိခံစားချက်များ အပေါ် မှီခိုသည့်အခါ အခြားသူများနှင့် မိမိကိုယ်ကိုယ် ထိခိုက်စေသည်ကိုလည်းကောင်း၊ ယင်းက သမ္မာတရားကို လက်တွေ့လုပ်ဆောင်ဖို့နှင့် ကျွန်မ၏ တာဝန်များကို ထမ်းဆောင်ဖို့ ကျွန်မ၏ အကြီးဆုံး အဟန့်အတား ဖြစ်သည်ကိုလည်းကောင်း ကျွန်မ သဘောပေါက်လိုက်သည်။ ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ကို လက်မခံဘဲ၊ စစ်မှန်သည့် နောင်တမရဘဲ၊ ကျွန်မ ဘုရားသခင်၏ စိတ်သဘောထားကို ပုန်ကန်ပြစ်မှားမိမည်ဖြစ်ပြီး၊ ဘုရားသခင်၏ ငြင်းပယ်ခြင်း၊ ရွံမုန်းခြင်းနှင့် သုတ်သင်ဖယ်ရှင်းခြင်းကိုခံခဲ့ရမည် ဖြစ်ပါသည်။

နောက်ပိုင်းမှာ ဘုရားသခင်၏နှုတ်ကပတ်တော်၏ နောက်ထပ် ကျမ်းပိုဒ်တစ်ခုကို ကျွန်မ ဖတ်ခဲ့ရသည်။ “အကယ်၍ သင်သည် ဘုရားသခင်နှင့် ပုံမှန် ဆက်ဆံရေးရှိလိုပါက သင်၏စိတ်နှလုံးသည် ဘုရားသခင်ထံ လှည့်ရမည်။ ယင်းကို အခြေခံအုတ်မြစ်အဖြစ်ထား၍၊ သင်သည် အခြားသူများနှင့်လည်း ပုံမှန် ဆက်ဆံရေးရှိလိမ့်မည်။ သင့်တွင် ဘုရားသခင်နှင့် ပုံမှန် ဆက်ဆံရေးမရှိပါက၊ အခြားသူများနှင့် ဆက်ဆံရေးကို သင်မည်မျှပင် ထိန်းသိမ်းစေကာမူ၊ သင်သည် မည်မျှပင် အလုပ်ကြိုးစားစေကာမူ၊ သင်သည် မည်မျှပင် အားထုတ်စေကာမူ၊ အားလုံးသည် အသက်ရှင်ရေးအတွက် လူသား၏ သဘောတရား ခံယူချက်နှင့်သာ ပတ်သက်ပေမည်။ လူများက သင့်ကို ချီးမွမ်းကြရန် သင်သည် လူ့အမြင်နှင့် လူ့သဘောတရား ခံယူချက်တို့အားဖြင့် လူသားများအလယ်တွင် သင်၏ အနေအထားကို ထိန်းသိမ်းနေသည်၊ သို့သော် လူများနှင့် ပုံမှန်ဆက်ဆံရေးများကို ထူထောင်ရန် သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို လိုက်နာခြင်း မရှိပေ။ အကယ်၍ သင်သည် အခြားလူများနှင့် ပုံမှန် ဆက်ဆံရေးကို အာရုံမစိုက်ဘဲ ဘုရားသခင်နှင့် ပုံမှန် ဆက်ဆံရေးကိုသာ ထိန်းသိမ်းလျှင်၊ အကယ်၍ သင်သည် သင့်စိတ်နှလုံးကို ဘုရားသခင်အား ပေးအပ်ပြီး ကိုယ်တော်ကို နာခံရန်လိုလားလျှင်၊ အခြားသူများ အားလုံးနှင့် သင်၏ ဆက်ဆံရေးသည် အလိုအလျောက် လျော်ကန်လာပေမည်။ ဤနည်းအားဖြင့် ထိုဆက်ဆံရေးများကို ဇာတိထဲ၌ မဟုတ်ဘဲ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာ အုတ်မြစ်ပေါ်တွင် တည်ထောင်ထားပေသည်။ ဇာတိကူးလူး ဆက်ဆံမှု လုံးဝနီးပါးမရှိသော်လည်း စိတ်ဝိညာဉ်၌ မိတ်သဟာယဖွဲ့မှု၊ အပြန်အလှန်မေတ္တာ၊ အပြန်အလှန် နှစ်သိမ့်မှုနှင့် အချင်းချင်း ထောက်ပံ့ပေးမှုတို့ ရှိသည်။ ၎င်းတို့အလုံးစုံကို ဘုရားသခင်ကို ကျေနပ်စေသောစိတ်နှလုံးကို အခြေခံ၍ လုပ်ဆောင်ခြင်းဖြစ်၏။ ယင်းဆက်ဆံရေးများကို လူသား၏ အသက်ရှင်ရေးအတွက် သဘောတရား ခံယူချက်ပေါ်တွင် အားထားခြင်းဖြင့် ထိန်းသိမ်းထားသည် မဟုတ်ဘဲ၊ ၎င်းတို့သည် ဘုရားသခင်အတွက် ဝန်ကိုထမ်းရင်း အလွန်သဘာဝကျစွာ ဖြစ်ထွန်းလာခြင်းဖြစ်သည်။ ၎င်းသည် လူလုပ်အားထုတ်မှုများ မလိုအပ်ပေ။ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်၏ အခြေခံစည်းမျဉ်းများနှင့်အညီ လက်တွေ့လုပ်ဆောင်ရန်သာ လိုအပ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်နှင့် ပုံမှန်ဆက်ဆံရေးတစ်ခုတည်ဆောက်ရန် အလွန်အရေးကြီး၏)

ဘုရားသခင်၏နှုတ်ကပတ်တော်များကို ကျွန်မ ဖတ်ပြီးသည့်နောက်မှာ ညီအစ်ကိုမောင်နှမများနှင့် ပေါင်းသင်းဆက်ဆံရေးသည် ဘုရားသခင်၏ ချစ်ခြင်းမှာ အဓိက အခြေခံထားသည်ကို ကျွန်မ နားလည်သွားသည်။ ထိုပေါင်းသင်းဆက်ဆံရေးများက စာတန်၏ လောကီဆိုင်ရာ ဒဿနများ၏ ထိန်းသိမ်းခံထားရခြင်း မဟုတ်ပါ။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းက အဓိကသော့ချက် ဖြစ်ပါသည်။ အထူးသဖြင့် ဘုရားသခင့်အိမ်တော်၏ အမှုတော်နှင့် ပတ်သက်လာပါက၊ တစ်ယောက်ယောက်က သူတို့၏ တာဝန်ကို ထမ်းဆောင်ရာမှာ သမ္မာတရား၏ အခြေခံသဘောတရားများကို ဆန့်ကျင်သည်ကို ကျွန်မတို့ မြင်သည့်အခါ၊ ကျွန်မတို့က သူတို့ကို ကူညီ၊ ထောက်ပံ့ပေးဖို့ သမ္မာတရားကို မိတ်သဟာယပြုရမည်။ သူတို့က မိတ်သဟာယ တော်တော်များများ ပြုပြီးသည့်နောက်မှာ နောင်တမရသေးပါက၊ လိုအပ်သည့်အချိန်မှာ သူတို့သည် ပြုပြင်ခံရပြီး၊ ကိုင်တွယ်ဖြေရှင်းခံရဖို့ လိုသည်။ မိသားစုများ၊ သူငယ်ချင်းများနှင့်ပင်လျှင်၊ ကျွန်မတို့က မိမိစိတ်ခံစားချက်များပေါ် မှီခို၍မရသကဲ့သို့၊ လောကီဆိုင်ရာ ဒဿနများကို လိုက်နာ၍လည်း မရပါ။ ကျွန်မတို့က ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ အခြေခံသဘောတရားများ အတိုင်း အမှုအရာများကို ပြုဖို့လို သည်။ လိုအပ်သည့်အချိန် မိတ်သဟာယပြုပြီး၊ ယင်းက အထောက်အကူ မဖြစ်ပါက ယင်းတို့ကို အစားထိုးပါ။ အသင်းတော်၏ အလုပ်၊ ဘုရားအိမ်တော်၏ အကျိုးစီးပွားတို့ကို အမြဲတမ်း ထိန်းသိမ်းရပါမည်။ ဤသည်ကသာလျှင် ဘုရားသခင့်အလိုတော်နှင့် ကိုက်ညီသည်။ နောက်ပိုင်းမှာ ဤသည်ကို လုပ်ဖော်ကိုင်ဖက် အချို့နှင့် ကျွန်မ ဆွေးနွေးခဲ့သည်၊ ပြီးလျှင် သမ္မာတရား၏ အခြေခံသဘောတရားများပေါ် အခြေခံပြီး အစ်မလီကို အလုပ်ထုတ်ခဲ့သည်။ သူမ ဆောင်ရွက်မှုကို ဘုရားသခင်၏ နှုတ်ကပတ်တော်များအရ ခွဲခြမ်းစိတ်ဖြာဖို့ကိုလည်း ကျွန်မ မိတ်သဟာယပြုပေးခဲ့ပြီး၊ အစ်ကိုချန်းကို အုပ်စုခေါင်းဆောင် ရာထူးတိုးပေးခဲ့သည်။ ထိုအခါမှသာ ကျွန်မ၏ စိတ်နှလုံးမှာ ငြိမ်းအေးမှုကို ခံစားခဲ့ရသည်။ အချိန်ခဏလောက်ကြာပြီးသည့်နောက်မှာ အစ်မလီကို ဘုရားသခင်၏နှုတ်ကပတ်တော်အချို့ ကျွန်မ ဖတ်ပြခဲ့ သည်၊ ပြီးလျှင် သူမ မည်သို့နေသည်ကို မေးခဲ့သည်။ သူမက “ဘုရားသခင်ရဲ့ ကျေးဇူးတော်ကို ချီးမွမ်းတယ်။ ကိုယ်တော် လုပ်သမျှက ကောင်းမြတ်တယ်။ ပထမတော့ ကျွန်မဟာ အပျက်သဘောဆောင်ပြီး၊ ဒုက္ခခံစားနေခဲ့တယ်၊ ဒါပေမဲ့ ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ရှုတာနဲ့ ဆုတောင်းတာတို့ကတစ်ဆင့်၊ ဘုရားသခင်က ကျွန်မကို ပြောင်းလဲဖို့ ဒီနည်းနဲ့ အလုပ်လုပ်နေတာကို ကျွန်မ နားလည်လိုက် တယ်၊ ပြီးတော့ ကျွန်မသာ အလုပ်ထုတ်ခံရပြီး၊ ကျွန်မရဲ့ ပြဿနာတွေကိုသာ ထောက်ပြမခံခဲ့ရရင်၊ ကိုယ့်ကိုယ်ကိုယ်လည်း သိမှာမဟုတ်သလို၊ အခုလို ပြောင်းလဲပြီး၊ နောင်တရခဲ့မှာ မဟုတ်ဘူး။” ဟု ပြောသည်။ ဤသည်ကို ကြားပြီး၊ ဇာတိပကတိကို စွန့်လွှတ်ကာ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရသည်မှာ မည်မျှချိုမြိန်သည်ကို ကျွန်မ ခံစားခဲ့ရသည်။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းနှင့် အခြေခံသဘောတရားအတိုင်း လိုက်နာခြင်းတို့သာလျှင် ဘုရားသခင်၏အလိုတော်နှင့် ကိုက်ညီသည်ကိုလည်း ကျွန်မ တွေ့ကြုံခံစားခဲ့ရသည်။ ယင်းက တစ်ခုတည်းသော သိက္ခာရှိသည့် နည်းလမ်းဖြစ်သည်။

အရှေ့သို့- ၅၂။ နှုတ်ဆက်လိုက်ပါသည်၊ လူ့အကြိုက်လိုက်သူရေ။

နောက်တစ်ခုသို့- ၅၄။ ဝိညာဉ်ရေးရာ တိုက်ပွဲ

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

၆၇။ လူသားပုံသဏ္ဌာန် အနည်းငယ် အသက်ရှင်နေထိုင်ခြင်းသည် ဧကန်အမှန် အလွန်ကောင်း၏

ထားရှီ ကနေဒါနိုင်ငံအနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “သူ၏ အနှစ်ခြောက်ထောင် စီမံခန့်ခွဲမှု အစီအစဉ် အဆုံးမသတ်မီ- လူ အတန်းအစား အသီးသီး၏...

၁၉။ လူများကို မည်သို့ မှန်ကန်စွာ ဆက်ဆံရမည်ကို ကျွန်မ သိခဲ့ရပြီ

ဆီယွမ် ပြင်သစ်နိုင်ငံလွန်ခဲ့သည့်နှစ်နှစ်သုံးနှစ်က ကျွန်မ အသင်းတော် ခေါင်းဆောင် တာဝန်ကို ထမ်းဆောင်နေခဲ့သည်။ ထိုအသင်းတော်မှာ...

၈။ အသက်တာတွင် ဘုရားသခင်၏ အချုပ်အခြာအာဏာကို သိခြင်း

ရှင့်ရှင်း အမေရိကန်နိုင်ငံအနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “ဘုရားသခင်၏ သြဇာအာဏာ၊ ဘုရားသခင်၏ တန်ခိုး၊ ဘုရားသခင်၏ ပင်ကိုလက္ခဏာနှင့်...

၃၆။ ကြွယ်ဝချမ်းသာမှုနှင့် အောင်မြင်ကျော်ကြားမှုတို့မှလွတ်မြောက်ခြင်း

ရှောင်မင် တရုတ်နိုင်ငံ လွန်ခဲ့သည့်တစ်နှစ်က ကျွန်မ အသင်းတော် ခေါင်းဆောင်အဖြစ် အရွေးခံရသည်။ ဤသည်မှာ ဘုရားသခင်၏ သနားကရုဏာနှင့်...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။