၅၄။ ဝိညာဉ်ရေးရာ တိုက်ပွဲ

ယန်ကျိ အမေရိကန်နိုင်ငံ

အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “သူတို့၏ ဘုရားသခင်အပေါ် ယုံကြည်ခြင်းမှ ယနေ့အထိ၊ လူတွေသည် မမှန်ကန်သောရည်ရွယ်ချက်များအပေါ် စွဲလမ်းကြသည်။ သင်က သမ္မာတရားကို လက်တွေ့မကျင့်သုံးလျှင် သင်၏ရည်ရွယ်ချက်များ အားလုံးက မှန်ကန်သည်ဟု သင်ခံစားရသည်။ သို့သော်လည်း သင့်ထံ တစ်ခုခုဖြစ်သည့်အခါ သင့်အထဲ၌ မမှန်ကန်သည့် ရည်ရွယ်ချက်များစွာ ရှိသည်ကို မြင်ရပါလိမ့်မည်။ ထို့ကြောင့် ဘုရားသခင်က လူများကို ပြည့်စုံအောင် လုပ်သည့်အခါ သူတို့၏ ဘုရားသခင်အပေါ် သိမြင်မှုကို တားဆီးနေသည့် သူတို့အတွင်း၌ရှိသော အယူအဆများ အများကြီးရှိသည်ဆိုသည်ကို သိမြင်ဖို့ ပြုလုပ်သည်။ သင်၏ ရည်ရွယ်ချက်များက မှားနေသည်ကို သင်သိမြင်သည့်အခါ သင့်အယူအဆနှင့် ရည်ရွယ်ချက်တွေအရ လက်တွေ့ ကျင့်ဆောင်နေသည်ကို ရပ်နိုင်လျှင် သင်သည် ဘုရားသခင်၏ သက်သေကိုခံနိုင်ပြီး သင့်ထံ ဖြစ်ပျက်နေသည့် အရာတွေကြားမှာ သင်က ခိုင်မြဲစွာရပ်တည်နိုင်လျှင် သင်သည် ဇာတိပကတိကို ဆန့်ကျင်တွန်းလှန်ခဲ့ပြီဟု သက်သေပြသည်။ သင်သည် ဇာတိပကတိကို တွန်းလှန်သည့်အခါ သင့်အတွင်းထဲ၌ ရှောင်လွှဲ၍မရသည့် တိုက်ပွဲတစ်ခု ဖြစ်လာပါလိမ့်မည်။ စာတန်က လူတို့ကို သူ့နောက်သို့ လိုက်စေဖို့ ကြိုးစားမည်ပင်။ ဇာတိပကတိ၏ အယူအဆနောက်ကို သူတို့အား လိုက်စေဖို့ ကြိုးစားလိမ့်မည်ဖြစ်ပြီး ဇာတိပကတိအပေါ် စိတ်ဝင်စားမှုကို ထိန်းထားမည်ပင်။ သို့သော်လည်း ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် လူတို့အထဲ၌ ထွန်းလင်း တောက်ပစေမည် ဖြစ်သည်။ ဤအချိန်၌ သင်က ဘုရားနောက်ကို လိုက်မလား သို့မဟုတ် စာတန်နောက်ကို လိုက်မလား ဆိုသည်မှာ သင့်အပေါ်မှာ မူတည်သည်။ အဓိကအားဖြင့် လူတို့အတွင်း၌ရှိသော အရာများကို ကိုင်တွယ်ဖြေရှင်းရန်အတွက်၊ ဘုရားသခင်၏ စိတ်နှလုံးနှင့် မညီညွတ်သော သူတို့၏အတွေးများနှင့် အယူအဆများကို ကိုင်တွယ်ဖြေရှင်းရန်အတွက် ဘုရားသခင်က လူများအား သမ္မာတရားကို လက်တွေ့ကျင့်သုံးဖို့ တောင်းဆိုသည်။ သန့်ရှင်းသော ဝိညာဉ်တော်သည် လူများ၏စိတ်နှလုံးကို တို့ထိပြီး သူတို့ကို အလင်းပေးကာ အသိဉာဏ်ပွင့်လင်းစေသည်။ ထို့ကြောင့် ဖြစ်ပျက်နေသည့် အရာအားလုံး၏ နောက်မှာ တိုက်ပွဲတစ်ခုရှိသည်။ လူတို့အနေဖြင့် သမ္မာတရားကို လက်တွေ့ကျင့်သုံးသည့် အချိန်တိုင်း၌၊ သို့မဟုတ် ဘုရားသခင်အား ချစ်ခြင်းကို လက်တွေ့ကျင့်သုံးသည့်အချိန်တိုင်း၌ ကြီးမားသည့် တိုက်ပွဲတစ်ခုရှိသည်။ သူတို့၏ဇာတိပကတိမှာ အားလုံးက အဆင်ပြေနေပုံပေါက်နေနိုင်သော်လည်း စင်စစ်အားဖြင့် သူတို့၏နှလုံးသားအတွင်းပိုင်း၌မူ သေရေးရှင်ရေးတိုက်ပွဲတစ်ခု ဖြစ်ပေါ်နေလိမ့်မည်။ ဤပြင်းထန်သောတိုက်ပွဲ ပြီးဆုံးသည့်အခါမှသာ၊ ကြီးမားစွာ နှိုင်းဆဆင်ခြင်ပြီးသည့်အခါမှသာ အောင်မြင်မှုနှင့် ကျရှုံးမှုကို အဆုံးအဖြတ်ပေးနိုင်သည်။ ငိုရမည်လော၊ ရယ်ရမည်လော ဆိုသည်ကို မသိပေ။ လူတို့၏အတွင်း၌ရှိသော ကြံရွယ်ချက် အများအပြားသည် မှားယွင်းနေသောကြောင့်၊ သို့မဟုတ်ပါက ဘုရားသခင်၏ အမှုအများစုသည် သူတို့၏အယူအဆများနှင့် ဆန့်ကျင်နေသောကြောင့် လူများသည် သမ္မာတရားကို လက်တွေ့ကျင့်သုံးသည့်အချိန်တွင် နောက်ကွယ်၌ ကြီးမားသည့် တိုက်ပွဲကြီးတစ်ခုကို ဆင်နွှဲနေရသည်။ ဤသမ္မာတရားကို လက်တွေ့ကျင့်ကြံပြီးသည့်အခါ လူတို့အနေဖြင့် ဘုရားသခင်ကို စိတ်ကျေနပ်စေမည်ဟု နောက်ဆုံး၌ ဆုံးဖြတ်ချက်မချမီတွင် နောက်ကွယ်၌ မရေတွက်နိုင်သည့် ဝမ်းနည်းခြင်း မျက်ရည်များ ကျခဲ့ကြပြီးဖြစ်လိမ့်မည်။ ဤတိုက်ပွဲကြောင့်ပင် လူတို့သည် ဆင်းရဲဒုက္ခနှင့် စစ်ဆေးခြင်းတို့ကို တောင့်ခံရခြင်းဖြစ်သည်။ ဤသည်မှာ စစ်မှန်သည့် ဒုက္ခခံစားရခြင်းပင် ဖြစ်သည်။ တိုက်ပွဲသည် သင့်အပေါ်ကို ကျရောက်လာသည့်အခါ သင်သည် ဘုရားသခင်ဘက်မှ အမှန်တကယ် ရပ်တည်နိုင်လျှင် ဘုရားသခင်ကို စိတ်ကျေနပ်စေနိုင်မည် ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်ကို ချစ်ခြင်းသည်သာလျှင် ဘုရားသခင်ကို အမှန်တကယ် ယုံကြည်ခြင်းဖြစ်သည်) နှုတ်ကပတ်တော်များကို ဖတ်ပြီးသည့်နောက်၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းက ရိုးရှင်းသည့် ကိစ္စလုံးဝ မဟုတ်သကဲ့သို့၊ ဝိညာဉ်ရေးရာ တိုက်ပွဲက တကယ် လိုအပ်သည်ဟု နက်နက်ရှိုင်းရှိုင်း ခံစားရသည်။ ပြီးခဲ့သည့် နှစ်အနည်းငယ်က၊ ကျွန်တော့် ခယ်မက မကောင်းမှု ပြုသူအဖြစ် ထုတ်ဖော်ခံခဲ့ရသည်။ အသင်းတော်က သူ့ကို နှင်ထုတ်ဖို့ ရည်ရွယ်ခဲ့သော်လည်း၊ ကျွန်တော်ကမူ ကျွန်တော့်ခံစားချက်များ၏ ဘောင်ခတ်ခြင်း ခံခဲ့ရပြီး သမ္မာတရားကို လက်တွေ့မလုပ်နိုင်ခဲ့ပါ။ ကျွန်တော့် စိတ်နှလုံးထဲမှာ၊ ချီတုံချတုံဖြစ်ခဲ့ရပြီး အတော်လေး စိတ်ဆင်းရဲခဲ့သည်။ နောက်ဆုံးတော့မှ ဘုရားသခင်၏ နှုတ်ကပတ်တော်၏ တရားစီရင်ခြင်းနှင့် ထုတ်ဖော်ပြခြင်းများမှတစ်ဆင့် ကျွန်တော့် စိတ်ခံစားချက်များအတိုင်း ပြုမူခြင်း၏ အန္တရာယ်နှင့် အကျိုးဆက်များကို ရှင်းရှင်းလင်းလင်း မြင်ခဲ့သည်။ ထိုနောက်တွင် ကျွန်တော့်၏ ဇာတိပကတိကို စွန့်လွှတ်ပြီး ကျွန်တော့် ခံစားချက်များကို လက်လွှတ်နိုင်ခဲ့သည်။ မကောင်းမှုပြုသူများကို ဖော်ထုတ်ပြီး ငြင်းပယ်နိုင်ခဲ့သကဲ့သို့၊ နောက်ဆုံးမှာ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းက ယူဆောင်လာခဲ့သည့် ငြိမ်သက်ခြင်းနှင့် လုံခြုံမှုတို့ကို နှစ်သက်ခံစားနိုင်ခဲ့သည်။

ကိုယ့်ဒေသခံ အသင်းတော်ထဲမှာ ခေါင်းဆောင်မှု တာဝန်များကို ယူဖို့ ကျွန်တော် ၂၀၁၇ ခုနှစ်မှာ ပြန်သွားခဲ့သည်။ အစည်းအဝေးမှာ ညီအစ်ကို မောင်နှမများက၊ ကျွန်တော့် ခယ်မက အသင်းတော် ခေါင်းဆောင် တစ်ဦးအနေနှင့် သူမ၏တာဝန်များ တစ်လျှောက်မှာ အစည်းအဝေးများမှာ မိတ်သဟာယ ပြုနေစဉ်၊ အပေါ်ယံ စကားများနှင့် အယူဝါဒများကို ပြောပြီး ကြွားဝါဖို့ အားထုတ်ခဲ့ဟု ကျွန်တော့်ကို ပြောကြသည်။ သူမ သွားသည့် နေရာတိုင်းမှာ၊ မည်သည့်တာဝန်များ သူမ ထမ်းရွက်ခဲ့ပြီးကြောင်းနှင့် သူမက မည်သို့မည်ပုံ ဆင်းရဲဒုက္ခခံခဲ့ကြောင်းတို့ကို ပြောဆိုခဲ့ရာ၊ ယင်းက အခြားသူများအား သူမကို ကိုးကွယ်စေပြီး၊ နာခံစေသည်။ ညီအစ်ကိုမောင်နှမများက သူတို့အလုပ်များမှာ ရှိသည့် အချို့ပြဿနာများ အကြောင်း ပြောပြပါက၊ သူမက ထိုပြဿနာများ ပြေလည်အောင်၊ သမ္မာတရားနှင့် မိတ်သဟာယမပြုပေးခဲ့ပါ။ အခြားသူများကို အထက်စီးကနေ အပြစ်တင် ဆုံးမတာများ လုပ်ခဲ့သည်။ သူမ အပြစ်တင်ဆုံးမခြင်းကြောင့်၊ ညီအစ်ကိုမောင်နှမ အချို့က အပျက်သဘောဆောင်သည့် အခြေအနေမျိုး ရောက်ကုန်သည့်အပြင်၊ သူတို့အလုပ်များမှာ စိတ်ဝင်စားမှု ပျောက်ကုန်ကြသည်။ နောက်ပိုင်းမှာ ဟန်ဘင်းက အစားထိုး ခံခဲ့ရသည်။ ထိုနောက်မှာလည်း သူမကိုယ်သူမ မဆင်ခြင်ကြည့်ခဲ့ပါ။ သူမကိုယ်သူမ နားလည်မှု ရမလာခဲ့ပါ။ ညီအစ်ကိုမောင်နှမများကြားမှာ ရန်စခြင်း၊ ပဋိပက္ခများ ဖြစ်အောင် ဆက်လုပ်ရင်း၊ အသင်းတော်အသက်တာကို နှောင့်ယှက်နေခဲ့ပါသည်။ သူမကို အသင်းတော် ခေါင်းဆောင်များက သုံးလေးခေါက် မိတ်သဟာယပြုခဲ့ပြီး၊ ဆူပူခဲ့သည်၊ ဝေဖန်ခဲ့သည်။ သူမက ဘာမျှ လက်မခံခဲ့ပါ။ သူမက နဂိုအတိုင်း မနာခံပါ၊ မကျေနပ်ပါ။ ပြီးလျှင် အပျက်သဘောဆောင်ခြင်းများကို ဆက်ဖြန့်နေခဲ့ပြီး အသင်းတော် အသက်တာအပေါ် တော်တော်ကို အနှောင့်အယှက်ဖြစ်စေခဲ့သည်။ ဟန်ဘင်းက ဤကဲ့သို့ ပြုမူနေခဲ့ခြင်းကို ကျွန်တော် ကြားသည့်အချိန်မှာ အရမ်းဒေါသထွက်ခဲ့သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကျွန်တော် အမှတ်ရမိခဲ့သည်- “မိမိတို့၏ အဆိပ်ရှိ၍ မလိုမုန်းထားရှိသော အပြောအဆိုများကို အသင်းတော်အတွင်း ဖွင့်ပြောတတ်သူများ၊ ညီအစ်ကိုမောင်နှမများကြား ကောလာဟလများ ဖြန့်ကာ၊ စိတ်သဘော မတိုက်ဆိုင်ခြင်းကို ဆွပေးသောသူများနှင့် အုပ်စုများဖွဲ့သော သူတို့သည်- အသင်းတော်မှ နှင်ထုတ်ခြင်း ခံခဲ့ရသင့်သည်။ သို့သော် ယခုသည် ဘုရားသခင်အမှု၏ ခြားနားသော ခေတ်ကာလဖြစ်သောကြောင့်၊ ၎င်းတို့သည် ဖယ်ရှားခြင်းအချို့ကို ရင်ဆိုင်ရသည့်အတွက် ဤလူများသည် ထိန်းချုပ်ခြင်း ခံရပေသည်။ စာတန်၏ ဖျက်ဆီးခြင်း ခံထားရသော လူအားလုံး၌ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ရှိသည်။ အချို့၌ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားသာရှိသော်လည်း၊ အခြားသူများ၌မူ ထိုကဲ့သို့ မဟုတ်ကြပေ။ ၎င်းတို့သည် ဖောက်ပြန်ပျက်စီးသည့် ဆိုးယုတ်သော စိတ်သဘောထားများ ရှိကြသည်သာမက သူတို့၏ သဘာဝသည်လည်း အလွန်အမင်း မလိုမုန်းထားတတ်ကြသည်။ ၎င်းတို့၏ အပြောအဆိုနှင့် အပြုအမူများက ၎င်းတို့၏ ဖောက်ပြန်ပျက်စီးကာ ဆိုးယုတ်သော စိတ်သဘောထားကို ဖော်ပြသည်သာမက ဤလူများသည် နတ်ဆိုးစာတန် စစ်စစ်လည်း ဖြစ်သည်။ သူတို့၏အပြုအမူသည် ဘုရားသခင်၏အလုပ်ကို ကြားဖြတ်ပြီး နှောင့်ယှက်သည်၊ ညီအစ်ကို မောင်နှမများ၏ အသက်တာ ဝင်ရောက်မှုကို နှောင့်ယှက်ပြီး၊ အသင်းတော်၏ သာမန်အသက်တာကို ဖျက်ဆီးသည်။ သိုးရေခြုံထားသည့် ဤဝံပုလွေများသည် အနှေးနှင့်အမြန် ရှင်းလင်းခံရမည်ဖြစ်သည်။ စာတန်၏ ဤအစေအပါးများအပေါ် မညှာတာသည့် သဘောထား၊ ငြင်းပယ်သည့် သဘောထားကို ထားရှိရမည်။ ဤသည်သာ ဘုရားသခင်ဘက်၌ ရပ်တည်ခြင်းဖြစ်ပြီး ထိုသို့လုပ်ရန် ပျက်ကွက်သော သူများသည် စာတန်နှင့် ဒုစရိုက်နွံထဲတွင် မွေ့လျော်နေသူများ ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သမ္မာတရားကို လက်တွေ့မလုပ်ဆောင်သောသူများကို သတိပေးချက်) ဤဘုရားနှုတ်ကပတ်တော် ကျမ်းပိုဒ်ကို ကျွန်တော် သတိရသည့်အချိန်မှာ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် တိုင်းတာလိုက်သည့်အခါ၊ ဟန်ဘင်း၏ သဘာဝနှင့် အနှစ်သာရများက အမှန်ကို မကောင်းမှုပြုသူများ၏ အရာများ ဖြစ်သည်ကို ကျွန်တော် ရှင်းရှင်းလင်းလင်း နားလည်ခဲ့သည်။ အသင်းတော် ခေါင်းဆောင်များနှင့် လုပ်ဖော်ကိုင်ဖက်များက သူမ၏ အပြုအမူကို ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် စိစစ်ခဲ့ကြပြီး၊ သူမက စွန့်လွှတ်၊ အသုံးတော်ခံနိုင်ပြီး သူမ၏တာဝန်များကို ဖြည့်ဆည်းနေစဉ် ဆင်းရဲဒုက္ခခံပြီး အဖိုးအခ ပေးနိုင်စွမ်းရှိသော်လည်း၊ သူမက မာနထောင်လွှားပြီး မိမိကိုယ်ကိုယ် ကြီးကျယ်သည်၊ သမ္မာတရားကို လုံးဝ လက်မခံသကဲ့သို့၊ ထင်တိုင်းကြဲပြီး မဆင်မခြင် လုပ်သည်၊ အသင်းတော် အသက်တာကို နှောင့်ယှက်သည်ဟု အပြောခံရပြီးသည့် နောက်တွင်ပင် ကိုယ့်အမှားများကို ပြုပြင်ဖို့ ငြင်းပယ်ကြောင်း ပြောခဲ့ကြသည်။ ဤသည်မှာ သူမကို မကောင်းမှုပြုသူ ဖြစ်စေသည်။ ဘုရားသခင့်အိမ်တော်၏ အလုပ် စီမံခန့်ခွဲမှု၏ စည်းကမ်းများအရ၊ ထိုကဲ့သို့လူများက နှင်ထုတ်ခံရမည် ဖြစ်ပါသည်။ အသင်းတော်ကနေ သူမကို နှင်ထုတ်သင့်သည်ဟု ညီအစ်ကို မောင်နှမများစွာ ပြောခြင်းကို ကြားပြီးနောက်မှာ ကျွန်တော် အရမ်း စိတ်ဒွိဟ ဖြစ်ခဲ့ရသည်။ သူမ၏ အပြုအမူများကို ကြည့်ပါက၊ သူမက တကယ်ကို မကောင်းမှုပြုသူဖြစ်ပြီး နှင်ထုတ်ခံရသင့်မှန်း သိသော်လည်း၊ သူမက ကျွန်တော့် မိန်းမ၏ ညီမဖြစ်နေသည်။ ပြီးလျှင် ကျွန်တော့် ယောက္ခမများက ကျွန်တော့်ကို ကောင်းကောင်း ဆက်ဆံကြပြီး ကျွန်တော့် မိသားစုကို အရမ်းကို ဂရုစိုက်ကြသည်။ ဟန်ဘင်းကို နှင်ထုတ်ဖို့ ကျွန်တော် မဲပေးခဲ့သည်ကို သူတို့ သိသွားခဲ့ပါက၊ သူတို့က ကျွန်တော့်ကို အကြင်နာမဲ့သည်၊ ကျေးဇူးမသိတတ်သကဲ့သို့၊ မိသားစုကို တန်ဖိုးမထားပါဟု ထင်ကြမည်မဟုတ်ပါလား။ ထိုကဲ့သို့အရာကို လုပ်ပြီးသည့်နောက်မှာ ကျွန်တော့် ယောက္ခမများကို ကျွန်တော် မည်သို့ ရင်ဆိုင်နိုင်မည်နည်း။ သို့သော်လည်း အသင်းတော် ခေါင်းဆောင်တစ်ယောက် အနေနှင့်၊ အသင်းတော်မှာ မကောင်းမှုပြုသူတစ်ယောက် ရှိသည်ကို ကောင်းစွာ သိ့သော်လည်း၊ မောင်းမထုတ်ဘဲ စည်းမျဉ်းများအတိုင်း မပြုမူပါက၊ ဤမကောင်းမှုပြုသူကို အသင်းတော် အသက်တာ နှောင့်ယှက်ဖို့နှင့် ဘုရားသခင် ရွေးချယ်ထားသူများကို ထိခိုက်ဖို့ ဆက်ခွင့်ပြုထားပါက၊ ယင်းက ကျွန်တော့်ကို မကောင်းမှုပြုသူ၏ ကြံရာပါနှင့် ဘုရားသခင်၏ ရန်သူ ဖြစ်စေမှာ မဟုတ်လား။ ယင်းကို ဆက်မတွေးရဲခဲ့ပါ။ ထိုစဉ်က ကြမ်းတမ်း ခက်ခဲသည့် နေရာတစ်ခုမှာ ကျွန်တော် ပိတ်မိသကဲ့သို့ ခံစားခဲ့ရသည်။ မည်သည့်အရာကို လုပ်ရမှန်း မသိခဲ့ပါ။ ကျွန်တော် ဒုက္ခရောက်သကဲ့သို့ ဖြစ်နေခြင်းကို၊ အစ်မကျောက်က မြင်တော့၊ “မောင်လေး ရမ်၊ ဟန်ဘင်းက အသင်းတော် အသက်တာကို အကြိမ်ကြိမ် နှောင့်ယှက်ပြီးပြီ၊ ပြီးတော့ နောင်တရတဲ့ အရိပ်အယောင် တစ်စက်မှ သူ မပြခဲ့ဘူး။ အခြေခံစည်းမျဉ်းအရ၊ အသင်းတော်ကနေ သူ မောင်းထုတ် ခံရမယ်။ ဒါက အသင်းတော်ရဲ့အလုပ်ကို ကာကွယ်နေတာ ဖြစ်တယ်။ အဲဒါက အရေးကြီးဆုံး အရာပဲ။ ဘုရားသခင်ရဲ့ အလိုတော်ကို ငါတို့ ထည့်တွက်ဖို့လိုပြီး ငါတို့ရဲ့ စိတ်ခံစားချက်တွေနဲ့ ပုဂ္ဂိုလ်ရေး ခံစားချက်တွေအတိုင်း မပြုမူဖို့ လိုတယ်။” ဟု ပြောခဲ့သည်။ သူမ ပြောသည်ကို နားထောင်ပြီးသည့်နောက်၊ ကျွန်တော် ပို၍ပင် ဒွိဟဖြစ်သွားသည်။

ထိုအချိန်တွင် ညီအစ်ကိုမောင်နှမအချို့က၊ “ဟန်ဘင်းက ဘုရားသခင်ကို နှစ်တွေအများကြီး ယုံကြည်ပြီးပြီ၊ သူ့ရဲ့ တာဝန်ကို ဖြည့်ဆည်းဖို့၊ သူက သူ့ရဲ့ မိသားစုနဲ့ အသက်မွေးဝမ်းကျောင်း အလုပ်ကို စွန့်လွှတ်ပြီး ဆင်းရဲဒုက္ခအများကြီး ခံပြီးပြီ။ နောင်တရဖို့ သူ့ကို နောက်ထပ်အခွင့်အရေး ပေးသင့်တယ် ထင်တယ်။” ဟု ပြောကြသည်။ ထိုစကားများကို ကျွန်တော် ကြားရသည့်အခါ၊ ဤညီအစ်ကို မောင်နှမများက ဟန်ဘင်း၏ အပေါ်ယံ ကောင်းမွန်သည့် လုပ်ရပ်များနှင့် လှည့်ဖြားခံရသောကြောင့်၊ ဤကဲ့သို့ ပြောသည်၊ ပြီးလျှင် သူမ၏ သဘာဝနှင့် အနှစ်သာရများကို သူတို့ သိမြင်နိုင်ဖို့အတွက် ဟန်ဘင်း၏ အပြုအမူကို စိစစ်ဖို့ သူတို့နှင့်အတူ သမ္မာတရားနှင့်ပတ်သက်ပြီး မိတ်သဟာယ ပြုသင့်သည်ကို ကျွန်တော် ရှင်းရှင်းလင်းလင်း သိခဲ့သည်။ သို့သော်လည်း ထိုနောက် ဟန်ဘင်းက၊ ကျွန်တော့် ယောက္ခမများ၏ အသည်းကျော်သမီးတစ်ယောက်၊ ကျွန်တော့် ယောက္ခမက သူမ၏ ဘုရားသခင်ကို ယုံကြည်ခြင်းမှာ နားဝေတိမ်တောင်ဖြစ်ပြီး ပိုင်းခြားသိမြင်မှုမရှိသကဲ့သို့၊ ကျွန်တော့်၏ဤဇနီးက အရမ်းကို စိတ်ထိခိုက်လွယ်သည်ကို ကျွန်တော် တွေးမိခဲ့သည်။ ဟန်ဘင်းကို နှင်ထုတ်ဖို့နှင့် မကောင်းသည့် သူမအပြုအမူကို ညီအစ်ကိုမောင်နှမများထံ ဖော်ထုတ်စိစစ်ပြဖို့ ဆုံးဖြတ်လိုက်ပါက၊ ကျွန်တော့်ဇနီး၏ တစ်မိသားစုလုံးကို ကျွန်တော် ပေါ်တင် စော်ကားရာ ရောက်မည်မဟုတ်လား။ ညီအစ်ကို မောင်နှမများ၏ ရှေ့မှာ ဟန်ဘင်းအကြောင်း ကောင်းသည့် စကားနည်းနည်း ပြောပြီး၊ သူ နောင်တရဖို့၊ နှောင့်ယှက်တာများ ထပ်မဖြစ်စေဖို့၊ သူမကို မိတ်သဟာယပြုပေးပါက၊ အသင်းတော်ကနေ သူမကို နှင်ထုတ်စရာမလိုသည့် ဖြစ်နိုင်ချေ ရှိမည်ဖြစ်ပြီး သို့နှင့် ကျွန်တော့် ဇနီး၏ မိသားစုကို ကျွန်တော် စော်ကားစရာ လိုမည် မဟုတ်ပါ။ ဤစိတ်ကူးက ကျွန်တော် ခံစားနေခဲ့ရသည့် ပူပန်စိတ် အနည်းငယ်ကို ပြေပျောက်စေခဲ့သည်၊ ထို့ကြောင့် ကျွန်‌တော့် ညီအစ်ကို မောင်နှမများကို၊ “ဟန်ဘင်းက မကောင်းတဲ့လုပ်ရပ်တွေ တကယ်လုပ်ခဲ့ပြီး အပြစ်တွေ ကျူးလွန်မိခဲ့တယ်၊ ဒါပေမဲ့ လူတွေကို ဖြစ်နိုင်သမျှ အကြီးမားဆုံး အတိုင်းအတာနဲ့ ကယ်တင်ဖို့ဆိုတာ ဘုရားသခင်ရဲ့ အလိုတော်ပါ၊ ဒါကြောင့် သူ့ကို နောင်တရဖို့ နောက်ထပ် အခွင့်အရေး ပေးသင့်တယ်။ မကောင်းတာကို သူ ထပ်လုပ်တယ်ဆိုရင်၊ အဲဒီအခါ သူ့ကို နှင်ထုတ်တာ သိပ်နောက်ကျမှာ မဟုတ်ပါဘူး၊ ပြီးတော့ ဒါကို သူ စိတ်ပါလက်ပါ လက်ခံဖို့ ကျွန်တော်တို့ လုပ်နိင်တယ်။” ဟု ပြောလိုက်သည်။ ဤမှန်သလိုလိုနှင့် မှားနေသည့် စကားများ ကျွန်တော်ပြောခြင်းကို အစ်မကျောက် ကြားသည့်အခါ၊ တစ်ခုခု သူမက ပြောချင်ပုံ ရသော်လည်း၊ နောက်ဆုံးမှာ သူမ နှုတ်ဆိတ်နေလိုက်သည်။ အခြား မည်သူမျှလည်း မည်သည့်အရာမျှ မပြောခဲ့ပါ၊ ပြီးလျှင် ကျွန်တော့် စိတ်နှလုံးထဲမှာ စိတ်ပင်ပန်းမှုအချို့ ခံစားခဲ့ရသည်။ နောက်ဆုံးတော့ ကျွန်တော့် ယောက္ခမများကို စော်ကားမိမည်ကို နောက်ထပ် ပူစရာမလိုတော့ပါဟု မိမိဘာသာ တွေးခဲ့သည်။ သို့သော်လည်း နှစ်ရက်လောက် ကြာသည့်အခါ၊ ကျွန်တော့်ပါးစပ်မှာ အနာသုံးခု ရုတ်တရက် ပေါက်လာသည်။ ပါးစပ်ထဲမှာ မီးလောင်နေသည့်အတိုင်း ဖြစ်ပြီး ရူးမတတ်ကို ခံခဲ့ရပါသည်။ တစ်ခါတစ်ရံ အရမ်းနာလွန်းသောကြောင့်၊ စကားမပြောနိုင် မစားနိုင်အောင် ဖြစ်ခဲ့သည်။ အနာက တော်တော်ဆိုးသောကြောင့်၊ ညမှာ အိပ်၍ပင်မရခဲ့ပါ။ ကျွန်တော့်၏ မချိမဆံ့ ဝေဒနာကြားမှာ၊ ဘုရားသခင်ကို၊ “ဘုရားသခင်၊ ကျွန်တော့်ပါးစပ်ထဲနဲ့ လျှာပေါ်က ဒီ ဆိုးဝါးလွန်းတဲ့ အနာတွေဟာ တိုက်ဆိုင်မှုနဲ့ သက်သက် ဖြစ်လာတာ မဟုတ်မှန်း ကျွန်တော် သိပါတယ်။ ဒါဟာ ကိုယ်တော် ကျွန်တော့်ကို ပြစ်တင်ဆုံးမပြီး ပဲ့ပြင်တာပါ။ အို ဘုရားသခင်၊ ကျွန်တော် ကိုယ်တော့်ထံ နောင်တရချင်ပါတယ်။” ဟု ဆုတောင်းခဲ့သည်။

နောက်ပိုင်း ကျွန်တော့်၏ ဝတ်ပြုဆုတောင်းခြင်း အတောအတွင်းမှာ၊ ဘုရားသခင်၏ ဤနှုတ်ကပတ်တော် ကျမ်းပိုဒ်ကို ကျွန်တော် ဖတ်ခဲ့ရသည်။ “ဘုရားသခင်ကို စစ်မှန်စွာ ယုံကြည်သော သူများ၏ စိတ်နှလုံးထဲတွင် ကိုယ်တော်အမြဲရှိနေပြီး ထိုသူတို့သည် ဘုရားသခင်ကို ချစ်ကြောက်ရိုသေသော စိတ်နှလုံးများနှင့် ဘုရားသခင်ကိုချစ်သော စိတ်နှလုံးများကို ၎င်းတို့အတွင်း၌ အစဉ်အမြဲ သယ်ဆောင်ထားကြသည်။ ဘုရားသခင်ကို ယုံကြည်သော သူများသည် အမှုအရာများကို သတိနှင့် နှိုင်းနှိုင်းချိန်ချိန် လုပ်သင့်ပြီး၊ သူတို့လုပ်သမျှ အရာအားလုံးသည် ဘုရားသခင်၏ သတ်မှတ်ချက်များနှင့် အညီ ဖြစ်သင့်ကာ ဘုရားသခင်၏ နှလုံးသားကို ကျေနပ်စေနိုင်ရမည်။ ထိုသူတို့သည် မိမိတို့ သဘောရှိ လုပ်ဆောင်လျက် ခေါင်းမမာသင့်ပေ။ ထိုသို့ပြုခြင်းမှာ သန့်ရှင်းသူများ၏ ကျင့်ဝတ်နှင့် မအပ်စပ်ပေ။ လူများသည် အရပ်တကာတွင် ဘုရားသခင်၏ အောင်လံကိုလွှင့်ထူလျက် ကြွားလုံးထုတ်ပြီး၊ အကျိုးအမြတ် ထုတ်နေရင်း၊ နေရာတကာ ဒေါသတကြီး လျှောက်ရမ်းနေ၍မရပေ၊ ထိုသို့ပြုခြင်းသည် ပုန်ကန်မှုအပြုဆုံးသော အမူအကျင့်ဖြစ်သည်။ မိသားစုများ၌ ၎င်းတို့၏ စည်းကမ်းများရှိသလို နိုင်ငံများ၌လည်း ဥပဒေများရှိသည်- ဘုရားသခင်၏ အိမ်တော်တွင် သာ၍ပင် ရှိသည် မဟုတ်လော။ စံနှုန်းများက ပိုမို တင်းကျပ်သည် မဟုတ်လော။ ပိုများသော စီမံခန့်ခွဲမှုအမိန့်များ သာ၍ပင် ရှိသည် မဟုတ်လော။ လူများသည် မိမိတို့အလိုရှိသော အရာကို လွတ်လပ်စွာ လုပ်နိုင်သည်၊ သို့သော် ဘုရားသခင်၏ စီမံခန့်ခွဲမှုအမိန့်များကို သဘောရှိ ပြောင်းလဲ၍ မရနိုင်ပေ။ ဘုရားသခင်သည် လူများ၏ စော်ကားမှုကို သည်းမခံသော ဘုရားဖြစ်သည်။ သူသည် လူများကို သေစေသော ဘုရားဖြစ်သည်။ ဤအရာကို လူများက အကယ်ပင် မသိသေးဘူးလော။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သမ္မာတရားကို လက်တွေ့မလုပ်ဆောင်သောသူများကို သတိပေးချက်) ဘုရားသခင်၏ နှုတ်ကပတ်တော်များက ကျွန်တော့်ကို ကြောက်ရွံ့မှုနှင့် တုန်လှုပ်စေခဲ့သည်။ သူ့၏ စိတ်သဘောထားက သန့်ရှင်း၊ ဖြောင့်မတ်ပြီး ပြစ်မှားစော်ကားမှုကို သည်းမခံမှန်း မြင်ခဲ့ရသည်။ ဘုရားသခင်၏ အိမ်တော်မှာ၊ ခရစ်တော်နှင့် သမ္မာတရားက တန်ခိုးအာဏာ စွဲကိုင်ထားသည်။ အသင်းတော် အလုပ်ကို ဟန့်တားပြီး နှောင့်ယှက်သည့် မကောင်းမှုပြုသူများအပေါ် ဘုရားသခင်၏ သဘောထားက စက်ဆုပ်မှုနှင့် မနှစ်မြို့ခြင်းသာ ဖြစ်သည်။ ပိုင်းခြားသိမြင်မှုရှိသော်လည်း၊ မကောင်းမှု ပြုသူများ ဘက်မှာ ရပ်တည်ပြီး သူတို့ကိုယ်စား ပြောပေးသည့်သူများအတွက် ဘုရားသခင်၏ သဘောထားက အလွန်အမင်း စက်ဆုပ်ပြီး အမျက်ထွက်ခြင်းပါ။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ဖို့ ငြင်းသည့်သူ၊ ရန်စခြင်းနှင့် ပဋိပက္ခများ ဖြစ်စေပြီး အသင်းတော် အလုပ်ကို တားဆီး၊ နှောင့်ယှက်သူ တစ်ဦးအနေနှင့် ဟန်ဘင်းသည် ဘုရားသခင်၏ အမှုတော်အားဖြင့် ထုတ်ဖော်ပြခံရသည့် မကောင်းမှု ပြုသူမျိုး အတိအကျဖြစ်ပြီး နှင်ထုတ်ခံရသင့်သည့် သူတစ်ဦး ဖြစ်သည်။ သို့သော်လည်း ကျွန်တော့် ဇနီး မိသားစုနှင့် ကျွန်တော့်၏ ဆက်ဆံရေးကို ကာကွယ်ဖို့ သမ္မာတရား၏ အခြေခံစည်းမျဉ်းများကို ရောင်းစားပြီး အသိစိတ်ကို ကျွန်တော် ပေါ်တင် ဆန့်ကျင်ခဲ့သည်။ မကောင်းမှုပြုသူ တစ်ယောက်ကို ကျွန်တော် ကာကွယ်ပေးခဲ့ပြီး ဆင်ခြေများ ဖန်တီးခဲ့သည်။ မကောင်းမှု ပြုသူဘက်မှာ ကျွန်တော် ရပ်တည်ခဲ့ပြီး သူမကို ကာကွယ်ဖို့ ပြုမူခဲ့သည်။ ဤသည်မှာ ကျွန်တော့်ကို မကောင်းမှုပြုသူကို ကူညီသူ ကြံရာပါ ဖြစ်စေသည် မဟုတ်ပါလား။ ဘုရားသခင်က ကျွန်တော့်ကို ခေါင်းဆောင်တာဝန်ပေးပြီး ဂုဏ်ပြုခဲ့သော်လည်း၊ ကျွန်တော်ကတော့ သူ့အတွက် ကြောက်ရွံ့မှု လုံးဝ မရှိခဲ့ပါ။ သမ္မာတရားကို ရှင်းရှင်းလင်းလင်း နားလည်ခဲ့သော်လည်း၊ လက်တွေ့မလုပ်ဆောင်ခဲ့ပါ၊ ထိုအစား အသင်းတော် အသက်တာကို နှောင့်ယှက်ပြီး ညီအစ်ကို မောင်နှမများကို ထိခိုက်စေသည့် မကောင်းမှုပြုသူကို အသင်းတော်ထဲမှာ ထားဖို့ တမင်တကာကို လှည့်စားမှု ပြုခဲ့သည်။ ဘုရားသခင်၏ စိတ်သဘောထားကို သိသိကြီးနှင့် တမင်သက်သက် ကျွန်တော် ပြစ်မှားနေခဲ့ခြင်း ဖြစ်သည်။ ကျွန်တော့်လုပ်ရပ်များက အခြားလူများကို လှည့်ဖြားကောင်း လှည့်ဖြားနိုင်သော်လည်း၊ ဘုရားသခင်ကိုမူ မလှည့်ဖြားနိုင်ခဲ့ပါ။ ကျွန်တော်တို့ စိတ်နှလုံးထဲမှာ ရှိသည့်အရာကို ဘုရားသခင် မြင်ပါသည်။ ထင်ရာမြင်ရာ မဆင်မခြင် ပြုမူခဲ့သည့် ကျွန်တော့်လို လူတစ်ယောက်ကို သူက မည်သို့များ သည်းခံနိုင်မည်နည်း။ ကျွန်တော် အပြစ်တစ်ခု ကျူးလွန်လိုက်ပြီး ဖြစ်သကဲ့သို့၊ နောင်တမရခဲ့ပါက ဘုရားသခင်က ကျွန်တော့်ကို ဖယ်ရှားမည်ကို ကျွန်တော် သိနေခဲ့သည်။ ကျွန်တော် နောင်တရဖို့ အလျင်အမြန် ဘုရားသခင်ထံ ဆုတောင်းခဲ့သည်။ ကျွန်တော့် လုပ်ဖော်ကိုင်ဖက်အချို့နှင့် ယင်းကို ဆွေးနွေးပြီးသည့်အခါ၊ ဟန်ဘင်း၏ မကောင်းသည့် လုပ်ရပ်များကို ကျွန်တော်တို့ စာရင်းပြုခဲ့ကြသည်။ သူမကို အသင်းတော်ကနေ ထုတ်ပယ်ဖို့ လျှောက်တင်ခဲ့ကြသည်။ ဘုရားသခင်၏ လမ်းညွှန်ရာကို ပြန်လှည့်ဖို့ ကျွန်တော် ဆန္ဒရှိသည့်နောက်၊ ကျွန်တော့် ပါးစပ်က အနာများက ထူးထူးဆန်းဆန်း ပျောက်ကင်းသွားခဲ့သည်။

နှစ်ရက်ကြာပြီးသည့်နောက်၊ ကိစ္စတစ်ခု လုပ်ဖို့အတွက် ကျွန်တော့် ယောက္ခမအိမ်ကို ကျွန်တော် သွားခဲ့ပြီး ထိုနေရာမှာ ဟန်ဘင်း ရှိနေခဲ့သည်။ ကျွန်တော့်ကို မြင်သည့်အခါ၊ သူမက ကျွန်တော့်ကို ခပ်မာမာကြည့်ပြီး၊ လှည့်ထွက်သွားခဲ့သည်။ ကျွန်တော့်ကို ကျွန်တော့် ယောက္ခမက စိတ်ဆိုးမာန်ဆိုးနှင့်၊ “နင့် ခယ်မက ဘုရားသခင်ကို နှစ်အများကြီး ယုံကြည်ခဲ့ပြီး ဧဝံဂေလိ ဖြန့်ဝေဖို့ ဆင်းရဲဒုက္ခအများကြီး ခံခဲ့ရတယ်။ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားမရှိတဲ့သူ ဘယ်သူ ရှိလို့လဲ။ အသင်းတော်က သူ့ကို နှင်ထုတ်ရင်၊ ဘုရားသခင်ရဲ့ ကယ်တင်ခြင်းကို ရရှိမယ့် အခွင့်အရေး သူ ဆုံးရှုံးမှာ မဟုတ်လား။ သူ့အပေါ် နင်တို့ အရမ်း အကြင်နာမဲ့လို့ မရဘူးလေ။” ဟု ပြောသည်။ ကျွန်တော့် မိန်းမလည်း ဟန်ဘင်းကိုယ်စား ပြောပေးဖို့ စကားဖြတ်ပြောခဲ့သည်။ သူတို့ စိတ်လှုပ်ရှားလွယ်သည်၊ ဟန်ဘင်းနှင့်ပတ်သက်ပြီး ချင့်ချိန်နိုင်စွမ်း တစ်စုံတစ်ရာ မရှိသည်တို့ကို မြင်မိတော့၊ ဟန်ဘင်း၏ ဆိုးယုတ်သည့် အပြုအမူနှင့်ပတ်သက်ပြီး သူတို့ကို ကျွန်တော် မိတ်သဟာယ ပြုပေးခဲ့သည်။ သို့သော်လည်း ကျွန်တော့် ယောက္ခမက လုံးဝ နားမထောင်ခဲ့ပါ။ ထိုအစား မျက်ရည်များ ထွက်လာပြီး ကျွန်တော့်ကို ဒေါသတကြီး အော်ဟစ်ခဲ့သည်။ သူမ ဒေါသထွက်သည်ကို မြင်သည့်အခါ၊ ကျွန်တော့် ဇနီးလည်း ထိုနေရာမှာ ကျွန်တော့်ကို ပြစ်တင်ရင်းနှင့် ရပ်နေခဲ့သည်။ ဤအရာ အားလုံးကို မြင်ရသည့်အခါ၊ ကျွန်တော် အရမ်းကို အားနည်းပြီး စိတ်ဆင်းရဲ၍ စားပင် မစားနိုင်ခဲ့ပါ။ ထိုညမှာ အိပ်ရာထဲလှဲရင်းနှင့်၊ ကျွန်တော် မည်သို ကြိုးစားပါစေ အိပ်မရနိုင်ဘဲ၊ လူးလိမ့်နေမိခဲ့သည်။ တစ်ဖက်မှာက အသင်းတော်၏ အလုပ်ကို ကာကွယ်ဖို့၊ မကောင်းမှု ပြုသည့်သူကို မောင်းထုတ်ရမည်။ သို့သော်လည်း တစ်ဖက်မှာလည်း ကျွန်တော့် မိန်းမနှင့် ယောက္ခမ၏ စွပ်စွဲမှုများ ရှိခဲ့သည်။ ကျွန်တော် မည်သည့်အရာကို လုပ်ရမည်နည်း။ ကျွန်တော့် ခယ်မကို ကျွန်တော် မောင်းထုတ်ပါက၊ ကျွန်တော့် ယောက္ခမ တစ်မိသားစုလုံးကို စော်ကားရာရောက်လိမ့်မည်၊ ယင်းက ကျွန်တော့် ဇနီးနှင့် ကျွန်တော့်၏ ဆက်ဆံရေးကို ထိခိုက်နိုင်ပြီး ကျွန်တော့် မိသားစုကို ပြိုကွဲစေနိုင်သည်။ သို့သော်လည်း ဤမကောင်းမှု ပြုသူကို အသင်းတော်ထဲမှာ ဆက်နေခွင့်ပေးခြင်းက အသင်းတော် အသက်တာကို အန္တရာယ်ဖြစ်ပေါ်စေနိုင်ပြီး ကျွန်တော့်၏ ညီအစ်ကို မောင်နှမများ၏ အသက်တာကို ထိခိုက်စေနိုင်ပါသည်။ ဤအရာအားလုံးကို စဉ်းစားမိရာတွင် ကျွန်တော့်ကို စိတ်ဆင်းရဲစေပြီး စိတ်ဒုက္ခရောက်စေခဲ့သည်။ ကျွန်တော် လုပ်နိုင်သမျှက ဘုရားသခင်ထံကို၊ “ဘုရားသခင်၊ ကျွန်တော် အရမ်း အားနည်းပါတယ်။ ဟန်ဘင်းကို နှင်ထုတ်ခြင်းနဲ့ စပ်လျဉ်းပြီး၊ ကိုယ်တော့်ကို ကျွန်တော် မပြစ်မှားချင်ပါဘူး၊ ဒါပေမယ့် ကျွန်တော့်ရဲ့ စိတ်ခံစားချက်တွေနဲ့ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ဖို့ အခက်တွေ့တာတွေရဲ့ ဘောင်ခတ်တာကို ကျွန်တော် ခံခဲ့ရပါတယ်။ ကျွန်တော် ခိုင်မာစွာ ရပ်တည်ပြီး ကိုယ်တော့်အတွက် သက်သေခံဖို့ အမှောင်အင်အားတွေကို အောင်နိုင်ဖို့ ကျွန်တော့်ကို ခွန်အားပေးပြီး လမ်းပြဖို့ ကိုယ်တော့်ကို တောင်းလျှောက်ပါတယ်။” ဟု လေးလေးနက်နက် ဆုတောင်းခဲ့ပါသည်။

ဆုတောင်းပြီးသည့်နောက်၊ နောက်ထပ် ဘုရားသခင်၏ နှုတ်ကပတ်တော် အချို့ကို ကျွန်တော် ဖတ်ခဲ့ရသည်- “လူများအတွင်း၌ ဘုရားသခင် လုပ်ဆောင်သည့် အဆင့်တိုင်းတွင် အပြင်ပန်းသဏ္ဌာန်မှာ လူများ၏ စီစဉ်မှုမှ ထွက်ပေါ်လာသကဲ့သို့ လူများကြားထဲ၌ ဆက်သွယ် လှုပ်ရှားမှုများအနေနှင့် သို့မဟုတ် လူများ၏ ကြားဝင်ပြုလုပ်မှုများအနေနှင့် ဖြစ်ပေါ်သည်။ သို့သော်လည်း နောက်ကွယ်မှာတော့ လုပ်ဆောင်မှု အဆင့်တိုင်း၊ ဖြစ်ပျက်မှုတိုင်းသည် ဘုရားသခင်ရှေ့မှာ စာတန်ပြုလုပ်သည့် အလောင်းအစားများဖြစ်ပြီး လူများ၌ ဘုရားသခင် အတွက် သူတို့၏ သက်သေခံမှုမှာ ခိုင်မြဲစွာ ရပ်တည်ဖို့ လိုအပ်သည်။ ယောဘ စမ်းသပ်ခံခဲ့ရသည့် အချိန်ကို ကြည့်ကြည့်ပါ။ ဥပမာ- နောက်ကွယ်မှာက စာတန်က ဘုရားသခင်နှင့် အလောင်းအစား လုပ်နေခြင်းဖြစ်သည်။ ယောဘအပေါ်မှာ ဖြစ်ပျက်ခဲ့သည့်အရာက လူသားတို့၏ လုပ်ဆောင်မှုဖြစ်ပြီး လူသားတို့၏ ကြားဝင်လုပ်ဆောင်မှု ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်ကို ချစ်ခြင်းသည်သာလျှင် ဘုရားသခင်ကို အမှန်တကယ် ယုံကြည်ခြင်းဖြစ်သည်)သင်တို့အားလုံးက ဘုရားသခင်၏ ဝန်ထုပ်ဝန်ပိုးကို အရေးထားကာ၊ အသင်းတော်၏ သက်သေခံချက်ကို ကာကွယ်ပြောဆိုမည်ဟု ပြောကြသော်လည်း၊ သင်တို့ထဲမှ မည်သူသည် ဘုရားသခင်၏ ဝန်ထုပ်ဝန်ပိုးကို အမှန်တကယ် အရေးထားခဲ့ကြပြီနည်း။ သင့်ကိုယ်သင် မေးလော့- သင်သည် ဘုရားသခင်၏ ဝန်ထုပ် ဝန်ပိုးကို ထည့်သွင်းစဉ်းစားမှု ပြသပြီးသော သူတစ်စုံတစ်ဦးလော။ ဘုရားသခင်အတွက် ဖြောင့်မတ်ခြင်းတရားကို သင်လက်တွေ့ လုပ်ဆောင်နိုင်သလော။ ငါ့အတွက် သင်ထရပ်ကာ ပြောဆိုနိုင်သလော။ သင်သည် သမ္မာတရားကို တည်ကြည်ခိုင်မာစွာ လက်တွေ့လုပ်ဆောင် နိုင်သလော။ စာတန်၏ လုပ်ရပ်အားလုံးကို ဆန့်ကျင်တိုက်ခိုက် ရလောက်အောင် သင်သည် ရဲရင့်သလော။ သင်သည် သင်၏ စိတ်ခံစားမှုများကို ဘေးဖယ်ကာ၊ ငါ၏ သမ္မာတရားအတွက် စာတန်ကို ဖော်ထုတ်ပေးနိုင်မည်လော။ သင့်အထဲတွင် ငါ၏ ရည်ရွယ်ချက်များ ပြည့်စုံစေခွင့် သင် ပေးနိုင်သလော။ အရေးအပါဆုံးသော အခိုက်အတန့်များတွင် သင်၏ နှလုံးသားကို သင် ဆက်ကပ်ပြီးပြီလော။ သင်သည် ငါ၏အလိုကို လုပ်ဆောင်သောသူ တစ်စုံတစ်ဦးလော။ ဤမေးခွန်းများကို သင့်ကိုယ်သင် မေးပြီး ၎င်းတို့နှင့်ပတ်သက်၍ မကြာခဏ စဉ်းစားလော့။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ၊ အခန်း (၁၃)) ဘုရားသခင်နှုတ်ကပတ်တော်၏ အပြစ်တင်ဟန်ရှိသည့် မေးခွန်းတိုင်းက ကျွန်တော့် စိတ်နှလုံးကို ထိုးဖောက်ခဲ့သည်။ ထိုနှုတ်ကပတ်တော်များထဲမှာ သူ၏ အလိုတော်နှင့် သတ်မှတ်ချက်များကို ခံစားခဲ့ရသည်။ မကောင်းမှုပြုသူကို နှင်ထုတ်သည့် ကိစ္စကို ကျွန်တော့်၏ စိတ်ခံစားချက်များ ဒါမှမဟုတ် ပုဂ္ဂိုလ်ရေး ခံစားချက်များအပေါ် မမှီခိုဘဲ၊ ကျွန်တော် ကိုင်တွယ်ဖို့၊ ဘုရားသခင်ဖက်မှာ မဆုတ်မနှစ် ရပ်တည်ပြီး သူ့အလိုတော်ကို ဖြည့်ဆည်းဖို့အတွက် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ဖို့ ဘုရားသခင်က မျှော်လင့်ခဲ့သည်။ ယောဘကို သူ့၏ စမ်းသပ်မှုများအတွင်းမှာ၊ အပေါ်ယံအားဖြင့် သူ့၏ ချမ်းသာကြွယ်ဝမှုများ ခွာချခံရစဉ်၊ သူ့၏ သားသမီးများ သေခဲ့ပုံ၊ သူ့၏အစေခံများ အသတ်ခံခဲ့ရပုံနှင့် သူ့ဇနီးနှင့် မိတ်ဆွေသုံးဦးက သူ့ကို တိုက်ခိုက်ခဲ့ပုံ၊ ဤအဖြစ်အပျက်များအားလုံး နောက်မှာ စာတန်က ဘုရားသခင်နှင့် လောင်ကြေးထပ်ခဲ့ပုံများကို ကျွန်တော် တွေးမိခဲ့သည်။ အဲဒါများက စာတန်၏ စုံစမ်းနှောင့်ယှက်ခြင်းများ ယောဘအပေါ် ကျရောက်ခဲ့ခြင်း ဖြစ်သည်။ နောက်ဆုံးမှာ ယောဘက သူ့၏ ယုံကြည်ခြင်းနှင့် ဘုရားသခင်ကို ကြောက်ရွံ့ခြင်းတို့ကြောင့်၊ ဘုရားဖက်မှာ ရပ်တည်နိုင်ခဲ့သည်။ သူက စာတန်ကို အကြွင်းမဲ့ အရှက်ရခြင်းနှင့် ကျရှုံးခြင်းများ ခံစားစေပြီး အားကောင်း၊ ထူးကဲသည့် သက်သေကို ဘုရားသခင်အတွက် ပေးခဲ့သည်။ အပြင်ပန်းအားဖြင့် ကျွန်တော့်၏ ယောက္ခမက ကျွန်တော့်အပေါ်ထားသည့် ဖိအားပေးမှု ဖြစ်ပုံရသည့်အရာက၊ အမှန်တော့ ဝိညာဉ်ရေးရာ နယ်ပယ်ထဲက တိုက်ပွဲတစ်ခု ဖြစ်ပါသည်။ ယင်းက စာတန်၏လှည့်ကွက်သာ ဖြစ်သည်။ ထိခိုက်လွယ်သည့် ကျွန်တော့်သံယောဇဉ်များကို အခွင့်ကောင်းယူပြီး၊ သမ္မာတရားကို ကျွန်တော် လက်တွေ့မလုပ်ဆောင်ဖြစ်အောင် တားဖို့ ကြိုးစားခြင်း ဖြစ်သည်။ သို့မှသာ မကောင်းမှုပြုသည့်သူက ဆက်ရှိ နေနိုင်မည်။ အသင်းတော်၏ အလုပ်ကို ဆက်ပြီး နှောင့်ယှက်ဖျက်ဆီးနိုင်မည်။ သို့သော်လည်း ဘုရားသခင်က ကျွန်တော့် ဇနီးနှင့် ယောက္ခမ၏ ကန့်သတ်ချုပ်ချယ်မှုကြောင့်၊ စာတန်ကို ကျွန်တော် နာခံမလား သို့မဟုတ် ထိုအစား ဖြောင့်မတ်ခြင်းကို ထိန်းသိမ်း၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ပြီး အခြေခံစည်းမျဉ်းများအတိုင်း ပြုမူခြင်း ရှိမရှိကို မြင်ရဖို့အတွက် ကျွန်တော့်ကို စစ်ဆေးရန် ဤကိစ္စကို အသုံးပြုခဲ့ပါသည်။ ကျွန်တော့်၏ ဇာတိပကတိကို ကျေနပ်စေဖို့နှင့် စာတန်ဘက်မှာ ရပ်တည်ဖို့ ကျွန်တော် ရွေးချယ်ပါက၊ ဤသည်မှာ ကျွန်တော်က စာတန်၏ လှည့်ကွက်ထဲ လဲကျခဲ့ပြီဟု အဓိပ္ပာယ်ရသည်မဟုတ်လား။ ယင်းကို ကျွန်တော် လုပ်ပါက၊ ဘုရား၏ မျက်မှောက်တော်ထဲမှာ သက်သေခံချက်ကို ကျွန်တော် ဆုံးရှုံးမည် ဖြစ်သည်။

ဤအရာများအားလုံးကို ကျွန်တော် တွေးသည့်အချိန်မှာ၊ မိမိကိုယ်ကိုယ် စဆင်ခြင်မိခဲ့သည်။ ဤတစ်ချိန်လုံးမှာ၊ ဤရွေးချယ်မှုနှင့် ရင်ဆိုင်ရစဉ်၊ ကျွန်တော်က အဘယ့်ကြောင့် ကျဉ်းထဲကျပ်ထဲ ရောက်ပြီး အရမ်းစိတ်ဆင်းရဲစရာ ကောင်းသည်ဟု ခံစားရသနည်း။ အသင်းတော်၏ အလုပ်ကို ကာကွယ်ဖို့ လိုသည်ကို ကျွန်တော် ရှင်းရှင်းလင်းလင်း နားလည်ခဲ့သော်လည်း၊ ကျွန်တော့် စိတ်ခံစားချက်များအတိုင်း ပြုမူခဲ့ပြီး သမ္မာတရားကို လက်တွေ့လုပ်ဆောင်ဖို့နှင့် အခြေခံစည်းမျဉ်းများအတိုင်း ဆောင်ရွက်ဖို့ အဘယ့်ကြောင့် အခက်တွေ့ရသနည်း။ ထိုနောက်၊ ဤဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကျွန်တော် ဖတ်ခဲ့သည်- “ဤမျှညစ်ညမ်းသောမြေတွင် မွေးဖွားလာလျက်၊ လူသားသည် လူ့အဖွဲ့အစည်း၏ ပြင်းထန်စွာ ထိခိုက်ဖျက်ဆီးခြင်းကို ခံခဲ့ရပြီးဖြစ်သည်၊ သူသည် ရှေးဆန်သော လူ့ကျင့်ဝတ်များ၏ လွှမ်းမိုးခြင်းခံရပြီးဖြစ်ကာ ‘အဆင့်မြင့် ပညာသင်ကျောင်းများ’ တွင် သင်ယူခဲ့ပြီးဖြစ်သည်။ ခေတ်နောက်ကျသော စဉ်းစားတွေးတောခြင်း၊ ဖောက်ပြန်ပျက်စီးသော အကျင့်စာရိတ္တ၊ ဘဝနှင့်ပတ်သက်သည့် နုံချာသော အမြင်ရှုထောင့်၊ စက်ဆုပ်ဖွယ် အတွေးအခေါ်၊ လုံးဝဥဿုံ တန်ဖိုးမရှိသော တည်ရှိမှု၊ စာရိတ္တပျက်ပြားသော အသက်ရှင်နေထိုင်ပုံနှင့် ဓလေ့စရိုက်များ- ဤအရာများ အားလုံးသည် လူ့စိတ်နှလုံး အတွင်းသို့ ပြင်းပြင်းထန်ထန် ကျူးကျော်ဝင်ရောက်ကာ လူသား၏ အသိစိတ်ကို ပြင်းထန်စွာ အားလျော့စေခဲ့၍ တိုက်ခိုက်ခဲ့သည်။ အကျိုးဆက်အနေဖြင့် လူသားသည် ဘုရားသခင်နှင့် ဝေးသည်ထက် ဝေးသွားသည့်အပြင် သူ့ကို ယခင်ကထက် ပိုမို ဆန့်ကျင်လာသည်။ လူ့စိတ်သဘောထားသည် တစ်နေ့ပြီး တစ်နေ့ ပိုမိုဆိုးယုတ်လာကာ ဘုရားသခင်အတွက် မည်သည့်အရာကိုမဆို လိုလိုလားလား စွန့်လွှတ်လိုသည့် သူနှင့် ဘုရားသခင်ကို လိုလိုလားလား နာခံလိုစိတ်ရှိသူ တစ်ဦးတစ်လေမျှ မရှိသည့်အပြင် ဘုရားသခင်၏ ပေါ်ထွန်းမှုကို လိုလိုလားလား ရှာဖွေလိုသော ဆန္ဒရှိသူလည်း တစ်ဦးတစ်လေမျှ မရှိပေ။ ထိုအစား လူသားသည် ရွှံ့မြေထဲ၌ ဇာတိပကတိ၏ ဖောက်ပြန်ပျက်စီးခြင်းထံ မိမိကိုယ်ကိုယ် လုံးလုံးပေးအပ်ထားလျက်၊ စာတန်၏ အုပ်စိုးမှုအောက်တွင် မည်သည့်အရာကိုမှ လုပ်ဆောင်ခြင်းမရှိဘဲ အပျော်အပါးကို လိုက်စားပေသည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ မပြောင်းလဲသော စိတ်သဘောထား ရှိခြင်းသည် ဘုရားသခင်ကို ရန်ဘက်ပြုခြင်းဖြစ်သည်) ကျွန်တော်က စာတန်၏ ဖျက်ဆီးခံရခြင်းသက်သက်ကြောင့်၊ သမ္မာတရားကို လက်တွေ့မလုပ်ဆောင်နိုင်ဘဲ၊ ကျွန်တော့်၏ စိတ်ခံစားချက်များနှင့် ဘုရားသခင်ကို ပုန်ကန်ပြီး အာခံသည့် အခြေအနေတစ်ခုထဲမှာ ကျွန်တော် အသက်ရှင်နေခဲ့သည်ကို ဘုရားသခင်၏ နှုတ်ကပတ်တော်မှ ကျွန်တော် နားလည်လာခဲ့သည်။ အခြားလူများအတွက် ကျွန်တော့်၏ ခံစားချက်များက ဘဝမှာ အရေးကြီးဆုံးဖြစ်သည်ဟု ကျွန်တော့်ကို မြင်စေဖို့၊ ဆက်ဆံရေးများကို ကာကွယ်ထိန်းသိမ်းပြီး လူများ၏ ခံစားချက်များကို သိတတ်ခြင်းက လူများ ဖြစ်သည့်ပုံစံဖြစ်သည်ဟု ကျွန်တော့်ကို တွေးထင်စေဖို့နှင့် ထိုကဲ့သို့ မလုပ်ခြင်းက အကြင်နာမဲ့ပြီး ယုံကြည်ချက်ကင်းမဲ့ခြင်းဖြစ်ပြီး ထိုအတွက် အခြားသူများ အပြစ်တင်ခြင်း ခံရမည်ဟု ကျွန်တော့်ကို ယုံကြည်စေဖို့ “မိမိကိုယ်သာ ကိုးကွယ်ရာဖြစ်၏၊” “အရေးကြီးတော့ သွေးနီးသည်၊” “လူသားသည် သက်မဲ့မဟုတ်ပါ။ သူသည် စိတ်ခံစားမှုများနှင့် မည်သို့ကင်းနိုင်မည်နည်း။” တို့ကဲ့သို့ ဆိုးယုတ်သည့် အတွေးအခေါ်များကို ကျွန်တော့်ထဲ သွတ်သွင်းဖို့ နတ်ဆိုးများ၏ ဘုရင်ဖြစ်သည့် စာတန်က ကျောင်းမှာ ကျွန်တော် ရခဲ့သည့် လူမှုရေး အယူဝါဒသွတ်သွင်းမှုနှင့် ပညာရေးကို အသုံးပြုခဲ့ပါသည်။ ဤအတွေးအခေါ်များကို အပြုသဘောဆောင်သည့် အရာများအဖြစ် ကျွန်တော် သဘောထားခဲ့ပြီး လက်ခံရမည့် အခြေခံသဘောတရားများ အဖြစ် ယူဆခဲ့သည်၊ ပြီးလျှင် ဤဆိုးယုတ်သည့် အတွေးအခေါ်များနှင့် ဥပဒေသများအတိုင်း ကျွန်တော့်ဘဝကို အသက်ရှင်ရာမှာ၊ ကျွန်တော်က စည်းကမ်းမဲ့လာပြီး အမှန်နှင့် အမှားကို မရှင်းမလင်း ဖြစ်လာခဲ့သည်၊ အလွန့်အလွန် တစ်ကိုယ်ကောင်းဆန် လာသည်၊ စက်ဆုပ်ဖွယ် ဖြစ်လာသကဲ့သို့၊ ကောက်ကျစ်ပြီး လှည့်ဖြားတတ်လာသည်။ ဟန်ဘင်းကို နှင်ထုတ်ခြင်း ကိစ္စမှာ၊ ကျွန်တော် ကျေးဇူးကန်းပြီး အကြင်နာမဲ့သည်ဟု အမျိုးများ ပြောမည်ကို ကြောက်ခဲ့သကဲ့သို့၊ ကျွန်‌တော့်မိသားစုကို ယင်းက ပြိုကွဲစေမည်ကို ကြောက်ခဲ့သည်။ ဤသည်က ကျွန်တော့်ကို အသင်းတော်၏ အလုပ်နှင့် ညီအစ်ကို မောင်နှမများ၏ အသက်တာများကို လျစ်လျူရှုစေခဲ့သည်။ တကယ်ကို ကျွန်တော်သည် တစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်စရာ ကောင်းခဲ့ပါသည်။ ဤကဲ့သို့ ပြုမူရင်းနှင့်၊ ကျွန်တော်က တကယ်ကို ကျေးဇူးမသိတတ်သကဲ့သို့ အကြင်နာမဲ့ခဲ့ခြင်း ဖြစ်သည်။ ကျွန်တော်တို့၏ လူမှုအဖွဲ့အစည်းက အရမ်း မှောင်မိုက်ပြီး တရားမျှတမှု မရှိရသည့် အကြောင်းအရင်းမှာ လူများအားလုံးက သူတို့၏ ဘဝများကို ဤဆိုးယုတ်သည့် အတွေးအခေါ်များနှင့် ဥပဒေသများအတိုင်း အသက်ရှင်ကြသောကြောင့် ဖြစ်ပါသည်။ လူများက သွေးသား စိတ်ခံစားချက်ဆိုင်ရာ ဆက်နွှယ်မှုများအကြောင်းသာ စိတ်ဝင်စားကြသည်။ လူများက သူတို့နှင့် အရင်းနှီးဆုံး လူများအတွက်သာ ပြောဆိုကြသည်။ တရားမဝင်သည့် အရာတစ်ခုခု လုပ်သည့်အခါ သို့မဟုတ် ပြစ်မှုတစ်ခု ကျူးလွန်မိသည့်အခါတွင်ပင်၊ သူတို့ကို ကာကွယ်ပြီး ကူညီဖို့ နည်းလမ်းများကို ဤလူများက စဉ်းစားကြပြီး သူတို့အတွက် ပြောဆိုဖို့ အမှန်နှင့်အမှားကို ရောထွေးကြသည်။ ထိုအခါမှ ဤဆိုးယုတ်သည့် အတွေးအခေါ်များက ယုတ္တိတန်ပုံရပြီး၊ ကိုယ်ကျင့်သိက္ခာရှိသကဲ့သို့ လူ့အယူအဆများနှင့် ကိုက်ညီပုံရ့သော်လည်း၊ အမှန်တော့ ထိုအရာများက လူများကို လှည့်ဖြားပြီး ဖောက်ပြန်ပျက်စီးစေဖို့ စာတန် အသုံးပြုသည့် အဓိပ္ပာယ်မရှိသည့် အတွေးမှားများသာ ဖြစ်သည်ကို ကျွန်တော် ရှင်းရှင်းလင်းလင်း မြင်ခဲ့သည်။ ဤအရာများက သမ္မာတရားနှင့် ဘုရားသခင်၏ ရန်ဘက် ဖြစ်ကြသည်။ ဤအရာများကို ကျွန်တော်တို့ လက်ခံကြသည့်အခါ၊ ဘုရားသခင်ကို ပုန်ကန်ပြီး အာခံရုံသာ ဖြစ်နိုင်သည်၊ အခြားလူများကို ထိခိုက်ပြီး နတ်ဆိုးများ၏ သဘာဝကိုသာ အသက်ရှင်နေထိုင်နိုင်ကြသည်။ ယခင်က ထိုကဲ့သို့ ဆိုးယုတ်သည့် အတွေးအခေါ်များနှင့် ဥပဒေသများအတိုင်း ကျွန်တော် အသက်ရှင်ခဲ့ပြီးပြီ၊ မကောင်းမှုပြုသူကို ကာကွယ်ပြီး သူမ၏ အမှားများကို မျှဝေခံစားခဲ့သည်။ သို့သော်လည်း ဘုရားသခင်က ကျွန်တော့်၏ အတိတ်က အပြစ်များကို မှတ်မထားခဲ့သကဲ့သို့၊ နောင်တရဖို့ အခွင့်အရေးကို ကျွန်တော့်ကို ပေးခဲ့ဆဲဖြစ်သည်။ ထိုအတွက် ဘုရားသခင်ကို ကျွန်တော် အရမ်း ကျေးဇူးတင်မိသည်။ ထို့ကြောင့် ဘုရားသခင်ထံကို ကျွန်တော် တိတ်တဆိတ် ဆုတောင်းပြီး သစ္စာဆိုခဲ့သည်။ ဘုရားသခင် ကျွန်တော်၏ ကိုယ်ပိုင် စိတ်ခံစားချက်များအတိုင်း ကျွန်တော် မပြုမူချင်တော့ပါ။ သူ၏ နှုတ်ကပတ်တော်များအတိုင်း သူ ချစ်သည့်အရာကို ချစ်ပြီး သူ မုန်းသည့်အရာကို မုန်းဖို့၊ သမ္မာတရား၏ အခြေခံသဘောတရားများကို ထိန်းသိမ်းဖို့နှင့် အသင်းတော်ကနေ မကောင်းမှုပြုသူများကို ချက်ချင်း နှင်ထုတ်ဖို့ကိုသာ ကျွန်တော် ဆန္ဒရှိပါသည်။

နောက်နေ့ လုပ်ဖော်ကိုင်ဖက် အစည်းအဝေးမှာ၊ ဟန်ဘင်းက သူမကိုယ်သူမ နားမလည်လာခဲ့သေးသကဲ့သို့၊ မည်သို့ နောင်တမျှ မပြသေးပါ၊ ပြီးလျှင် ရန်စခြင်း၊ သဘောထားကွဲလွဲမှု ဆွပေးခြင်းနှင့် အုပ်စုဖွဲ့ဖို့ ကြိုးပမ်းခြင်းတို့ လုပ်နေဆဲ ဖြစ်သည်ကို လုပ်ဖော်ကိုင်ဖက်များမှ ကြားခဲ့ရသည်။ ဤသည်ကို ကျွန်တော် ကြားသည့်အချိန်မှာ၊ မိမိကိုယ်ကိုယ် ပို၍ပင် အပြစ်တင်မိခဲ့သည်။ ကျွန်တော့် စိတ်ခံစားချက်များအတိုင်း ပြုမူခဲ့ပြီး သူမကို အချိန်မီ မနှင်ထုတ်ခဲ့ဘဲ၊ အသင်းတော် အသက်တာကို နှောင့်ယှက်ဖို့ ခွင့်ပြုခဲ့ခြင်းအတွက် မိမိကိုယ်ကိုယ် မုန်းမိသည်။ နောက်ပိုင်း နောက်ထပ် အစည်းအဝေးအတွင်းမှာ၊ ဟန်ဘင်း၏ ဆိုးယုတ်သည့် အပြုအမူများကို စိစစ်ပြီး ပိုင်းခြားသိမြင်ဖို့ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အသိတရားရှိရှိ စတင် အသုံးပြုခဲ့သကဲ့သို့၊ မိတ်သဟာယပြုရာမှတစ်ဆင့်၊ သူမ၏ လှည့်ဖြားခြင်းကို ခံခဲ့ရသည့် ညီအစ်ကို မောင်နှမများကလည်း ချင့်ချိန်နိုင်စွမ်း ရှိလာခဲ့ကြပြီး သူမကို စငြင်းပယ်ခဲ့ကြသည်။ သမ္မာတရားကို နားလည်မှု ရရှိပြီးသည့်နောက်၊ ကျွန်တော့် ဇနီးလည်း ဟန်ဘင်း၏ သဘာဝနှင့် အနှစ်သာရကို ချင့်ချိန်နိုင်စွမ်း ရှိလာခဲ့ကာ၊ ဟန်ဘင်းအပေါ် မတရားလုပ်ခဲ့ကြသည်ဟု ထပ်၍ မပြောတော့ပါ။ အသင်းတော်ကနေ ဟန်ဘင်း နှင်ထုတ်ခံရသည့်နောက်၊ အသင်းတော်က မကောင်းမှုပြုသူ၏ နှောင့်ယှက်ခြင်း မခံရတော့ပါ၊ ထို့ကြောင့် ညီအစ်ကို မောင်နှမများက အစည်းအဝေးများကို တက်ပြီး သူတို့၏ တာဝန်များကို ပုံမှန် ပြန်ထမ်းဆောင်နိုင်ခဲ့ကြပါသည်။ ကျွန်တော်တို့အားလုံး ဘုရားသခင်ကို သူ့၏ ဖြောင့်မတ်ခြင်းအတွက် ချီးမွမ်းခဲ့ကြသည်။ ဤအဖြစ်အပျက်က ဘုရားသခင်၏ အိမ်တော်မှာ၊ သူ၏ နှုတ်ကပတ်တော်များနှင့် သမ္မာတရားက တန်ခိုးအာဏာကိုင်စွဲသည်၊ အရာအားလုံးကို သမ္မာတရား၏ အခြေခံသဘောတရားများအတိုင်း ကိုင်တွယ်ပြီး မယုံကြည်သူများ၊ မကောင်းမှုပြုသူများနှင့် အန္တိခရစ်များက ဘုရားသခင်၏ အိမ်တော်မှာ ဆက်နေ၍မရသည်ကို မြင်စေခဲ့သည်။ ဆိုးယုတ်သည့် အတွေးအခေါ်များ၊ ဥပဒေသများနှင့် အသက်ရှင်ခြင်းက နာကျင်မှုသာ ယူဆောင်ပေးသည်ကို ကျွန်တော် ကိုယ်တိုင်ကိုယ်ကျ တွေ့ကြုံခဲ့သည်။ ယင်းက ကျွန်တော်တို့ထံ သို့မဟုတ် အခြား မည်သူ့ကိုမျှ မည်သည့်အကျိုးကျေးဇူးကိုမျှ မဖြစ်စေပါ။ ဘုရားသခင်၏နှုတ်ကပတ်တော်များနှင့် ရှင်သန်ခြင်းအားဖြင့်သာ ကျွန်တော်တို့ တကယ်ကို လုံခြုံပြီး ငြိမ်သက်နိုင်ကြခြင်း ဖြစ်သည်။ ဤနေ့ ဆိုးယုတ်သည့် အတွေးအခေါ်များနှင့် ဥပဒေသများအားဖြင့် ကျွန်တော် အသက်မရှင်တော့သည်မှာ၊ ပြီးလျှင် ကျွန်တော့် စိတ်ခံစားချက်များ၏ ချုပ်နှောင်မှုများကို ထိုးဖောက်ထွက်နိုင်သည်မှာ၊ သမ္မာတရားအချို့ကို လက်တွေ့လုပ်ဆောင်နိုင်ပြီး ဖြောင့်မတ်ခြင်း အနည်းငယ်နှင့် အသက်ရှင်နိုင်သည်မှာ၊ ဤအရာအားလုံးက ဘုရားသခင်၏ ကယ်တင်ခြင်းကြောင့် ဖြစ်ပြီး ဘုရားနှုတ်ကပတ်တော်များ၏ တရားစီရင်ခြင်း၊ ပြစ်တင်ဆုံးမခြင်းတို့ကြောင့်သာ ရရှိသည့် ရလဒ်တစ်ခု ဖြစ်ပါသည်။ ဘုရားသခင်၏ ကျေးဇူးတော်ကို ချီးမွမ်းပါသည်။

အရှေ့သို့- ၅၃။ ချည်နှောင်ထားသည့် သံယောဇဉ်များကို ဖြေလွှတ်ခြင်း

နောက်တစ်ခုသို့- ၅၅။ ကျေးကျွန်ဘဝ၏ အချုပ်အနှောင်များမှ ထွက်ပြေးလွတ်မြောက်ခြင်း

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

၆၇။ လူသားပုံသဏ္ဌာန် အနည်းငယ် အသက်ရှင်နေထိုင်ခြင်းသည် ဧကန်အမှန် အလွန်ကောင်း၏

ထားရှီ ကနေဒါနိုင်ငံအနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “သူ၏ အနှစ်ခြောက်ထောင် စီမံခန့်ခွဲမှု အစီအစဉ် အဆုံးမသတ်မီ- လူ အတန်းအစား အသီးသီး၏...

၁၉။ လူများကို မည်သို့ မှန်ကန်စွာ ဆက်ဆံရမည်ကို ကျွန်မ သိခဲ့ရပြီ

ဆီယွမ် ပြင်သစ်နိုင်ငံလွန်ခဲ့သည့်နှစ်နှစ်သုံးနှစ်က ကျွန်မ အသင်းတော် ခေါင်းဆောင် တာဝန်ကို ထမ်းဆောင်နေခဲ့သည်။ ထိုအသင်းတော်မှာ...

၈။ အသက်တာတွင် ဘုရားသခင်၏ အချုပ်အခြာအာဏာကို သိခြင်း

ရှင့်ရှင်း အမေရိကန်နိုင်ငံအနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “ဘုရားသခင်၏ သြဇာအာဏာ၊ ဘုရားသခင်၏ တန်ခိုး၊ ဘုရားသခင်၏ ပင်ကိုလက္ခဏာနှင့်...

၇၅။ ရောဂါနှင့်ဆိုင်သော တုန်လှုပ်ဖွယ် အတွေ့အကြုံတစ်ခု

ကျုံးရှင်း တရုတ်နိုင်ငံအနန္တတန်ခိုးရှိသော ဘုရားသခင် ပြောသည်မှာ- “ငါ၏ လုပ်ဆောင်ချက်များသည် ကမ်းခြေများရှိ သဲလုံးများထက် အရေအတွက်သာ၍...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။