“ယေရှုခရစ်သည် မနေ့၊ ယနေ့၊ နောင်ကာလ အစဉ်အမြဲ မပြောင်းမလဲနေတော်မူ၏။” (ဟေဗြဲ ၁၃:၈) ဟု သမ္မာကျမ်းစာထဲတွင် ရေးသားထားပါသည်။ ထို့ကြောင့် သခင်၏ နာမသည် ဘယ်သောအခါမျှ မပြောင်းလဲပါ။ သို့သော် သခင်သည် နောက်ဆုံးသော ကာလတွင် အမည်နာမသစ်ဖြင့် ကြွလာပြီဖြစ်ပြီး။ ယင်းသည် အဘယ်သို့ ဖြစ်နိုင်မည်နည်း။

07.01.2020

အဖြေ- ညီအစ်ကိုညီအစ်မတို့ ကျမ်းစကားက- “ယေရှုခရစ်သည် မနေ့၊ ယနေ့၊ နောင်ကာလ အစဉ်အမြဲ မပြောင်းမလဲနေတော်မူ၏။” (ဟေဗြဲ ၁၃:၈) ဤအရာက ဘုရားသခင်၏ စိတ်သဘောထားနှင့် သူ၏ အနှစ်သာတို့သည် ထာဝရဖြစ်ကာ မပြောင်းလဲသည့်အချက်ကို ရည်ညွှန်းပါသည်။ ယင်းက သူ၏ အမည်နာမ ပြောင်းလဲမည်မဟုတ်သည်ကို မဆိုလိုပေ။ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို တစ်ချက်ကြည့်ကြပါစို့။

အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “ဘုရားသခင်သည် မပြောင်းလဲနိုင်ဘူး ပြောသူများရှိသည်။ ယင်းမှာ မှန်သော်လည်း ယင်းမှာ ဘုရားသခင်၏ စိတ်သဘောထားနှင့် သူ၏ အနှစ်သာရ မပြောင်းလဲနိုင်ခြင်းကို ဆိုလိုသည်။ ကိုယ်တော်၏ နာမတော်နှင့် အလုပ်ကို ပြောင်းလဲခြင်း သည် သူ၏ အနှစ်သာရ ပြောင်းလဲသွားပြီဟု သက်သေမခံပေ။ တစ်နည်းအားဖြင့်ဆိုသော် ဘုရားသခင်သည် အစဉ်အမြဲ ဘုရားသခင်ဖြစ်ပြီး ယင်းသည် မည်သည့်အခါမှ မပြောင်းလဲပေ။ အကယ်၍ သင်က ဘုရားသခင် ၏ အလုပ်သည် ပြောင်းလဲခြင်းမရှိဟု ဆိုပါက၊ သူသည် သူ၏ နှစ်ခြောက်ထောင် စီမံခန့်ခွဲမှု အစီအစဉ်ကို အပြီးသတ်နိုင်စွမ်း ရှိပါမည်လော။ ဘုရားသခင်သည် ထာဝရ ပြောင်းလဲခြင်းမရှိကြောင်း သင်သိသော်လည်း ဘုရားသခင်သည် အစဉ်အမြဲ အသစ်ဖြစ်ပြီး မည်သည့်အခါမျှ မဟောင်းနွမ်းသည်ကို သင်သိပါသလော။ ဘုရားသခင်၏ အလုပ်သည် မပြောင်းလဲပါက သူသည် လူသားမျိုးနွယ်ကို ယနေ့အချိန်အထိ လမ်း တစ်လျှောက်လုံး ဦးဆောင်နိုင်ခဲ့ပါမည်လော။ ဘုရားသခင်သည် မပြောင်းလဲနိုင်ဟု ဆိုလျှင် ကိုယ်တော်သည် အဘယ်ကြောင့် ခေတ်နှစ်ခေတ်၏ အလုပ်ကို ပြီးစီးအောင် လုပ်ခဲ့နိုင်သနည်း။...နှုတ်ကပတ်တော်ဖြစ်သော ‘ဘုရားသခင်သည် အစဉ်အမြဲ အသစ်ဖြစ်ပြီး မည်သည့်အခါမျှ ဟောင်းနွမ်းခြင်းမရှိ’ ဆိုသည်မှာ သူ၏ အလုပ်ကို ရည်ညွှန်းပြီး နှုတ်ကပတ်တော်ဖြစ်သော ‘ဘုရားသခင်သည် ပြောင်းလဲခြင်းမရှိ’ ဆိုသည်မှာ ဘုရားသခင်၏ ပင်ကိုဖြစ်သော အရာအားလုံးနှင့် ဖြစ်ခြင်းကို ရည်ညွှန်းသည်။ မည်သို့ပင်ဖြစ်စေ သင်သည် နှစ်ခြောက်ထောင်အလုပ်ကို နေရာတစ်ခုအပေါ်တွင် မပြုလုပ်နိုင် သို့မဟုတ် သေဆုံးနေသော စကားလုံးများဖြင့် ယင်းကို ပုံဖော်ခြင်းမပြုနိုင်ပေ။ ယင်းမှာ လူသား၏ တုံးအမှုဖြစ်သည်။ ဘုရားသခင်သည် လူသား ထင်မြင်သကဲ့သို့ ရိုးရှင်းခြင်း မရှိဘဲ မည်သည့် ခေတ်တစ်ခုတွင်မဆို သူ၏ အလုပ်သည် တရစ်ဝဲဝဲ စွဲကျန်ရစ်ခြင်း မရှိပေ။ ဥပမာအားဖြင့် ယေဟောဝါသည် ဘုရားသခင်၏ နာမတော် အဖြစ် အစဉ်အမြဲ ရပ်တည်မနေနိုင်ပေ။ ဘုရားသခင်သည် ယေရှု နာမတော်အောက်တွင် သူ၏ အလုပ်ကို လုပ်နိုင်သေးသည်။ ယင်းမှာ ဘုရားသခင်၏ အလုပ်သည် အစဉ်အမြဲ ရှေ့သို့ တိုးတက်ခြင်းဖြင့် ရွေ့လျား နေသည့် လက္ခဏာ ဖြစ်သည်။

ဘုရားသခင်သည် အမြဲတမ်း ဘုရားသခင်ဖြစ်ပြီး၊ မည်သည့်အခါမျှ စာတန်မဖြစ်လာပါ။ စာတန် သည် အစဉ်အမြဲ စာတန်ဖြစ်ပြီး မည်သည့်အခါမျှ ဘုရားသခင် ဖြစ်မလာပါ။ ဘုရားသခင်၏ ဉာဏ်ပညာ၊ ဘုရားသခင်၏ အံ့သြဖွယ်ရာများ၊ ဘုရားသခင်၏ ဖြောင့်မတ်ခြင်းနှင့် ဘုရားသခင်၏ ဘုန်းအာနုဘော်သည် မည်သည့်အခါမျှ ပြောင်းလဲမည်မဟုတ်ပေ။ သူ၏ အနှစ်သာရ၊ သူ၏အရာအားလုံးနှင့် ဖြစ်ခြင်းသည် မည်သည့်အခါမျှ ပြောင်းလဲမည်မဟုတ်ပေ။ သို့သော်လည်း သူသည် အစဉ် အသစ်ဖြစ်ပြီး မည်သည့်အခါမျှ ဟောင်းအိုခြင်း မရှိသည့်အတွက်၊ သူ၏အလုပ်ကမူ အစဉ်တိုးတက်ကာ ရှေ့သို့သွားနေပြီး အစဉ်အမြဲ ပိုမိုနက်ရှိုင်းနေသည်။ ခေတ်တိုင်းတွင် ဘုရားသခင်သည် နာမတော် အသစ်ကို ခံယူသည်၊ ခေတ်တိုင်းတွင် သူသည် အလုပ်အသစ်ကို လုပ်ဆောင်ပြီး၊ ခေတ်တိုင်းတွင် သူသည် သူဖန်ဆင်းသော သတ္တဝါများကို သူ၏ အလိုတော် အသစ်နှင့် စိတ်သဘောထား အသစ်ကို မြင်စေသည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင့်အမှုတော်၏ ရူပါရုံ (၃))

ဘုရားသခင် ကိုယ်တော်တိုင် မပြောင်းလဲသည်ကို အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော်များမှ ကျွန်ုပ်တို့ တွေ့မြင်နိုင်သည်။ ဤအရာက ဘုရားသခင်၏ အမည်နာမကိုမဟုတ်ဘဲ၊ သူ၏ စိတ်သဘောထားနှင့် အနှစ်သာရတို့ကို ရည်ညွှန်းသည်။ ဘုရားသခင်သည် လူသားမျိုးနွယ်ကို ကယ်တင်သည့် သူ၏ လုပ်ငန်းစဉ်တစ်လျှောက် မတူညီသော ခေတ်များအတွင်းတွင် မတူကွဲပြားသော အမှုတော်ကို ဆောင်ရွက်ခဲ့ပြီး မတူညီသော အမည်နာမကို ခံယူခဲ့သော်လည်း၊ သူ၏ အနှစ်သာရ ဘယ်သောအခါမျှ မပြောင်းလဲနိုင်ပေ။ ဘုရားသခင်သည် အစဉ်အမြဲ ဘုရားသခင် ဖြစ်လိမ့်မည်။ ထို့ကြောင့်၊ သူ၏ အမည်နာမက ယေဟောဝါဖြစ်စေ၊ ယေရှုဖြစ်စေ၊ သူ၏ အနှစ်သာရ ဘယ်သောအခါမျှ မပြောင်းလဲပါ။ ယင်းသည် တစ်ဦးတည်းသော ဘုရားသခင်က အစဉ်အမြဲ အမှုပြုနေခြင်း ဖြစ်သည်။ သို့သော်၊ ထိုအချိန်တွင် ဂျူးလူမျိုး ဖာရိရှဲများသည် ဘုရားသခင်၏ နာမတော်သည် ခေတ်ကာလ အကူးအပြောင်းနှင့်အတူ သူ၏ အမှုတော်တွင် ပြောင်းလဲသည်ကို မသိခဲ့ကြချေ။ ခေတ်များတွင်း ယေဟောဝါသာလျှင် ဘုရားဖြစ်ပြီး၊ ယေဟောဝါကလွဲ၍ အခြားသော ကယ်တင်ရှင်မရှိဟု သူတို့ ယုံကြည်ခဲ့ကြသောကြောင့် ယေဟောဝါသာလျှင် သူတို့၏ ဘုရားသခင်၊ သူတို့၏ ကယ်တင်ပိုင်ရှင်ဖြစ်သည်ဟု ယုံကြည်ခဲ့ကြသည်။ အကျိုးဆက်အနေဖြင့်၊ ဘုရားသခင်က သူ၏ အမည်နာမကို ပြောင်းလဲပြီး ယေရှုအမည်ဖြင့် ရွေးနုတ်ခြင်းအမှုကို ဆောင်ရွက်ရန် ကြွလာခဲ့သည့်အခါ၊ သခင်ယေရှုကို သူတို့ အရူးအမူး ရှုတ်ချပြီး ဆန့်ကျင်ခဲ့ကြသည်။ နောက်ဆုံးတွင်၊ အလွန်ယုတ်မာသော ပြစ်မှုတစ်ခုကို ကျူးလွန်ကာ သူ့ကို ကားတိုင်တွင် သံမှိုနှင့် စွဲခဲ့ကြပြီး၊ ဘုရားသခင်၏ အပြစ်ပေးခြင်းကို ခံစားရခဲ့ကြရသည်။ ထိုနည်းတူပင် ကျွန်ုပ်တို့သည် ယခုအခါတွင် နောက်ဆုံးသောကာလတွင် ရောက်ရှိနေပြီ ဖြစ်သည့် အားလျော်စွာ၊ သူ့အမှုတော်နှင့် သူ့နာမတော်ကို ပြောင်းလဲသောကြောင့် တစ်ပါးတည်းသော ဘုရားသခင်၏ အမှုတော်နှင့် ဘုရားသခင်၏ အနှစ်သာရတို့ကို ငြင်းပယ်ပါက၊ ယင်းမှာ လူသား၏ ရယ်ဖွယ်ကောင်းမှု နှင့် ဉာဏ်မဲ့ခြင်းတို့ ဖြစ်သည်။ ခေတ်အသီးသီးတွင် ဘုရားသခင် ယူဆောင်ခဲ့သည့် အမည်နာမအသီးသီးသည် ကြီးမြတ်သော အဓိပ္ပါယ်ရှိပြီး၊ ၎င်းတို့အားလုံးက လူသားမျိုးနွယ်အတွက် ကြီးမြတ်သော ကယ်တင်ခြင်းကို ကိုင်စွဲထားကြသည်။

ဘုရားသခင်သည် အစဉ်အမြဲ ဆန်းသစ်ပြီး မအိုဟောင်းပါ။ သူသည် အရာခပ်သိမ်းကို လွှမ်းခြုံသော ဘုရားသခင် ဖြစ်သည်။ ဘုရားသခင်၏ အမည်နာမ တစ်ခုချင်းစီသည် သူ၏ အလုံးစုံကို ကိုယ်စားပြုဖို့ မဖြစ်နိုင်ပါ။ ထို့ကြောင့်၊ ခေတ်များ တိုးတက်သည်နှင့်အမျှ၊ သူ၏ အမည်နာမသည်လည်း ဆက်လက် ပြောင်းလဲလေသည်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “ယေရှုအမည်နာမကို ရွေးနုတ်ခြင်းအလုပ် လုပ်ရန်အတွက် ယူထားခြင်းဖြစ်ရာ၊ နောက်ဆုံးသောကာလတွင် သူပြန်လည်ကြွလာသောအခါ ထိုအမည်ကိုပင် ခေါ်နေဆဲဖြစ်မည်လော။ သူသည် ရွေးနုတ်ခြင်းအလုပ်ကို လုပ်နေဆဲ ဖြစ်မည်လော။ ယေဟောဝါနှင့် ယေရှုသည် တစ်လုံးတစ်ဝတည်းဖြစ်သော်လည်း မတူညီသောခေတ်များတွင် မတူညီသောနာမတော်များဖြင့် ခေါ်ဆိုခံရခြင်းမှာ အဘယ်ကြောင့်နည်း။ ယင်းသို့ ခေါ်ဆိုခံရခြင်းမှာ သူတို့အလုပ်၏ခေတ်များသည် မတူညီခြင်းကြောင့် မဟုတ်သလော။ အမည်တစ်ခုတည်းက ဘုရားသခင်ကို လုံးလုံးလျားလျား ကိုယ်စားပြုနိုင်သလော။ ထိုသို့ဖြစ်သောကြောင့် ဘုရားသခင်ကို မတူညီသော ခေတ်တစ်ခေတ်တွင် မတူသော အမည်တစ်ခုဖြင့် ခေါ်ဆိုရလိမ့်မည်ဖြစ်ပြီး၊ ခေတ်ကို ပြောင်းလဲရန်နှင့် ကိုယ်စားပြုရန် အမည်နာမကို အသုံးပြုရမည်။ အကြောင်းမှာ မည်သည့်အမည်တစ်ခုကမျှ ဘုရားသခင်ကိုယ်တော်တိုင်ကို အပြည့်အဝ ကိုယ်စားမပြုနိုင်သောကြောင့်ဖြစ်ပြီး အမည်တစ်ခုချင်းသည် သက်ဆိုင်ရာခေတ်တွင် ဘုရားသခင် စိတ်သဘောထား၏ ယာယီရှုထောင့်ကိုသာလျှင် ကိုယ်စားပြုနိုင်သောကြောင့် ဖြစ်သည်။ ယင်းအမည် လုပ်ရမည့်အလုပ် အားလုံးမှာ သူ၏အလုပ်ကို ကိုယ်စားပြုရန်ဖြစ်သည်။ သို့ဖြစ်ရာ ဘုရားသခင်သည် ခေတ်တစ်ခုလုံးကို ကိုယ်စားပြုရန် သူ၏စိတ်သဘောထားနှင့် လိုက်လျောညီထွေရှိစေမည့် မည်သည့်နာမတော်ကိုမဆို ရွေးချယ်နိုင်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင့်အမှုတော်၏ ရူပါရုံ (၃))‘ကျွန်ုပ်တို့နှင့် အတူရှိသော ဘုရားသခင်’ ဟူသည့် ယေရှု၏နာမတော်သည် ဘုရားသခင်၏ စိတ်သဘောထားတစ်ခုလုံးကို ကိုယ်စားပြုနိုင်သလော။ ယင်းနာမသည် ဘုရားသခင်ကို ရှင်းလင်းစွာ ဖော်ပြနိုင်သလော။ ဘုရားသခင်သည် သူ၏ စိတ်သဘောထားကို ပြောင်းလဲနိုင်ခြင်း မရှိသောကြောင့် ဘုရားသခင်ကို ယေရှုဟုသာ ခေါ်ဆိုရမည်ဖြစ်ပြီး အခြားနာမတော်မရှိနိုင်ဟု လူသည်ဆိုလျှင် ယင်းစကားလုံးများသည် ဘုရားသခင်ကို ပြစ်မှားပြောဆိုခြင်း အစစ်အမှန် ဖြစ်လိမ့်မည်။ ကျွန်ုပ်တို့နှင့် အတူရှိသော ဘုရားသခင်ဟူသည့် ယေရှုနာမတော်တစ်ခုတည်းသာ သူ၏အလုံးစုံကို ကိုယ်စားပြုနိုင်သည်ဟု သင်ယုံကြည်ပါသလော။ ဘုရားသခင်ကို နာမတော် အများအပြားဖြင့် ခေါ်ဆိုနိုင်သော်လည်း ယင်းနာမတော်များအကြားတွင် ဘုရားသခင်၏ အလုံးစုံကို အချုပ်အားဖြင့် ဖော်ပြနိုင်သောနာမ တစ်ခုမျှမရှိပေ၊ ဘုရားသခင်ကို အပြည့်အဝ ကိုယ်စားပြုနိုင်သောနာမ တစ်ခုမျှ မရှိပေ။ သို့ဖြစ်သောကြောင့် ဘုရားသခင်တွင် နာမတော် အများအပြားရှိသော်လည်း၊ ဘုရားသခင်၏ စိတ်သဘောထားမှာ ကြွယ်ဝလွန်းကာ သူ့ကိုနားလည်နိုင်သော လူသား၏ သိခြင်းစွမ်းရည်ကို ကျော်လွန်နေသောကြောင့် ယင်းနာမတော် အများအပြားသည် ဘုရားသခင်၏ စိတ်သဘောထားကို အပြည့်အဝ ရှင်းလင်စွာ ဖော်ပြနိုင်ခြင်း မရှိပေ။ လူသားမျိုးနွယ်၏ ဘာသာစကားကို အသုံးပြုပြီး ဘုရားသခင်ကို အပြည့်အဝ အချုပ်အားဖြင့် ဖော်ပြနိုင်ရန် လူသားတွင် နည်းလမ်း မရှိပေ။...စကားလုံးတစ်လုံး၊ သို့မဟုတ် နာမတော်တစ်ပါးသည် ဘုရားသခင်၏ အလုံးစုံကို ကိုယ်စားပြုနိုင်သည့် စွမ်းရည် မရှိပေ၊ ထို့ကြောင့် သူ၏နာမတော်ကို တသမတ်တည်းထား၍ ဖြစ်နိုင်မည်ဟု သင်ထင်ပါသလော။ ဘုရားသခင်သည် ကြီးမြတ်လွန်းပြီး သန့်ရှင်းလွန်းလှသော်လည်း သင်သည် ခေတ်သစ် တစ်ခုချင်းအတွက် သူ၏နာမတော်ကို ပြောင်းလဲရန် ခွင့်မပြုလိုသလော။ သို့ဖြစ်ရာ ဘုရားသခင်သည် သူ၏ကိုယ်ပိုင်အလုပ်ကို ကိုယ်တိုင်ကိုယ်ကျ လုပ်ဆောင်သော ခေတ်တိုင်းတွင် သူသည် သူလုပ်ဆောင်ရန် ရည်ရွယ်သော အလုပ်ကို အချုပ်အားဖြင့် ဖော်ပြနိုင်ရန် ထိုခေတ်နှင့် ကိုက်ညီသော နာမတော်ကို အသုံးပြုသည်။ ထိုခေတ်တွင် သူ၏ စိတ်သဘောထားကို ကိုယ်စားပြုရန် သူသည် သီးသန့်နာမတော်ဖြစ်သော၊ ယာယီ အရေးပါမှုကို ပိုင်ဆိုင်သော နာမတော်ကို အသုံးပြုသည်။ ယင်းသည် ဘုရားသခင်က သူ၏ ကိုယ်ပိုင်စိတ်သဘောထားကို ဖော်ပြရန် လူသားတို့၏ ဘာသာစကားကို အသုံးပြုခြင်းဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင့်အမှုတော်၏ ရူပါရုံ (၃)) ဘုရားသခင်သည် ဉာဏ်ပညာရှိပြီး အနန္တတန်ခိုးရှင် အုပ်စိုးရှင်ဖြစ်သည်။ သူသည် ကြီးမြတ်တော်မူ၏၊ သူသည် ကြွယ်ဝတော်မူပြီး အရာအားလုံးကို လွှမ်းခြုံသောသူ ဖြစ်သည်။ ဘုရားသခင်၏ ဖြစ်ခြင်းအားလုံးကို သီးသန့်အမည်နာမတစ်ခုက ကိုယ်စားပြုဖို့ မဖြစ်နိုင်ပါ။ ယင်းတို့ထက်၊ ခေတ်အသီးသီးတွင် ဘုရားသခင်သည် သူ့အမှုတော်၏ တစ်စိတ်တစ်ပိုင်းကိုသာ ပြုတော်မူခဲ့ပြီး သူ့ စိတ်သဘောထား၏ တစ်စိတ်တစ်ပိုင်းကိုသာ ထုတ်ဖော်ပြတော်မူခဲ့သည်။ သူ၏ အရာအားလုံးနှင့် ဖြစ်ခြင်းအားလုံးကို သူ မဖော်ပြခဲ့ဖူးပါ။ ထို့ကြောင့် သူ့အမှုတော ၏ အဆင့်တစ်ခုချင်းစီတွင်၊ ယင်းခေတ်ထဲက သူ၏ အမှုတော်နှင့် သူဖော်ပြနေသော စိတ်သဘောထားတို့ကို ကိုယ်စားပြုဖို့ ယင်းခေတ်၏ အဓိပ္ပါယ်ကို ထိန်းသိမ်းထားသည့် သီးခြား အမည်နာမတစ်ခုကို သူ အသုံးပြုလေသည်။ ဤသည်မှာ ဘုရားသခင့် အမှုတော်၏ အခြေခံသဘောတရားတစ်ခုဖြစ်ပြီး၊ သူ၏ အမည်နာမကို ပြောင်းလဲရသည့် အဓိက အကြောင်းရင်း ဖြစ်သည်။

ဘုရားရဲ့အမည်နာမပြောင်းသွားတာလား ၏ ရုပ်ရှင် ဇာတ်ညွှန်း မှ

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

ခရစ်ယာန်တရားဟောချက်များ - သခင်ယေရှုပြန်ကြွလာခြင်းနှင့် ပတ်သက်သည့် သမ္မာကျမ်းစာထဲမှ ပရောဖက်ပြုခြင်း ၅ခုတို့သည် ပြည့်စုံပြီ

ဂျန်းရှန် ကျွန်တော်တို့က ယခုအခါတွင် နောက်ဆုံးသောကာလ၏ အဆုံးသတ်၌ ရောက်ရှိနေပြီ၊ ပြီးလျှင် သခင့်ကို ရိုးသားစွာ ယုံကြည်ပြီး ကိုယ်တော်...

ယေရှုခရစ်တော် ပြန်ကြွလာမည့် နည်းလမ်းနှစ်ခုကို သင်သိပါသလား

ကျိုကျင်း အယ်ဒီတာမှတ်စု- ယခုလက်ရှိတွင် ဘေးဒုက္ခများသည် ကမ္ဘာအနှံ့တွင် မကြာခဏ ဖြစ်ပေါ်လာပြီး၊ သခင့်ပြန်ကြွခြင်းနှင့် ပတ်သက်သည့်...

နောက်ဆုံးသောအချိန် ပရောဖက်ပြုခြင်းများသည် ပြည့်စုံလေပြီ- သခင်၏ ဒုတိယအကြိမ် ကြွလာခြင်းကို ကြိုဆိုနည်း

အန်ရွမ်၊ ဖိလစ်ပိုင်နိုင်ငံ လွန်ခဲ့သည့် နှစ်နှစ်ထောင်က သခင်၏ နောက်လိုက်များက “ကိုယ်တော်သည်ကြွလာ၍ ဤကပ်ကမ္ဘာကုန်သော ပုပ္ပနိမိတ်သည်...

Leave a Reply

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။