လူသား၏ ကံကြမ္မာအပေါ် ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့်ဆိုင်သော အချက်ကို သိကျွမ်းပြီး အလေးထားရမည့် နည်းလမ်း

28.08.2019

ဘုရားသခင်သည် လူသားကံကြမ္မာအပေါ် အချုပ်အခြာအာဏာ စွဲကိုင်ထားသည့် အချက်ကို မည်သူမျှ မပြောင်းလဲနိုင်ပေ

ယခုငါပြောပြီးသည့်အရာအားလုံးကို နားထောင်ပြီးနောက် သင်တို့၏ ကံကြမ္မာအပေါ် အယူအဆ ပြောင်းလဲပါသလော။ လူသားကံကြမ္မာအပေါ် ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် ဆိုင်သော အမှန်တရားကို သင်တို့ မည်သို့ နားလည်ပါသနည်း။ ရိုးရိုးရှင်းရှင်းပြောလျှင်၊ ဘုရားသခင်၏ သြဇာအာဏာအောက်တွင် လူတိုင်းသည် သူ့၏ အချုပ်အခြာအာဏာနှင့် သူ့၏ စီစဉ်မှုတို့ကို တက်ကြွစွာ သို့မဟုတ် မလှုပ်မယှက် လက်ခံကြသည်။ ဘဝလမ်းကြောင်းပေါ်တွင် မည်မျှပဲ ရုန်းကန်လှုပ်ရှားနေပါစေ၊ ကွေ့ကောက်သည့်လမ်းတွေကို မည်မျှပင် လျှောက်နေရပါစေ၊ အဆုံးတွင် ၎င်းတို့ ဖန်ဆင်းရှင် လမ်းကြောင်းချပေးခဲ့သည့် ကံကြမ္မာ၏ လမ်းကြောင်းထဲသို့ ပြန်သွားရပေလိမ့်မည်။ ၎င်းသည် ဖန်ဆင်းရှင်၏ သြဇာအာဏာကို မကျော်လွှားနိုင်ခြင်းဖြစ်ကာ စကြဝဠာကို သူ့သြဇာအာဏာက ထိန်းချုပ်ပြီး အုပ်စိုးသည့် ပုံစံဖြစ်လေသည်။ အရာအားလုံး၏ ဘဝကို အုပ်စိုးသည့်နိယာမများ၊ နှောင့်ယှက်ခြင်းများ မဖြစ်စေဘဲ လူသားတို့ကို ကြိမ်ဖန်များစွာ ပြန်ဝင်စားခွင့်ပြုသည့်နိယာမများ၊ ကမ္ဘာလောကကို တစ်ရက်ပြီးတစ်ရက်၊ တစ်နှစ်ပြီးတစ်နှစ် ပုံမှန်လှည့်ပတ်စေပြီး ရှေ့ဆက်စေသည့် နိယာမများအတွက် တာဝန်ရှိသည်မှာ ဤမကျော်လွှားနိုင်ခြင်း၊ ဤထိန်းချုပ်မှုနှင့် အုပ်စိုးမှုပုံစံတို့ပင် ဖြစ်သည်။ ဤအချက်အလက်များ အားလုံးကို သင်တို့ မြင်တွေ့ရပြီး အပေါ်ယံဖြစ်စေ၊ နက်နဲစွာဖြစ်စေ ၎င်းတို့ကို သင်တို့နားလည်ပေပြီ။ သင်၏ နားလည်မှု အတိမ်အနက်က သမ္မာတရားနှင့်သက်ဆိုင်သော သင်တို့၏ အတွေ့အကြုံနှင့် အသိပညာ၊ ဘုရားသခင်နှင့်ဆိုင်သော သင်တို့၏ အသိပညာတို့အပေါ် မူတည်ပေသည်။ သမ္မာတရား၏ စစ်မှန်မှုကို သင်မည်မျှ ကောင်းကောင်းသိသည်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သင်မည်မျှ တွေ့ကြုံခဲ့ရသည်၊ ဘုရားသခင်၏ အနှစ်သာရနှင့် စိတ်သဘောထားကို သင်မည်မျှ ကောင်းကောင်းသိသည်ဆိုသည့် ဤအချက်များအားလုံးက ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် အစီအစဉ်များနှင့်ဆိုင်သော သင်၏ သိနားလည်မှု အတိမ်အနက်ကို ကိုယ်စားပြုပေသည်။ ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် အစီအစဉ်တို့၏ တည်ရှိခြင်းသည် လူတို့က ဤအရာများအား ကျိုးနွံနာခံခြင်း ရှိမရှိဆိုသည့်အပေါ် မူတည်ပါသလော။ သြဇာအာဏာကို ဘုရားသခင် ပိုင်ဆိုင်သည် ဆိုသည့်အချက်က ယင်းကို လူသားမျိုးနွယ်က နာခံခြင်း ရှိမရှိဆိုသည့်အရာအားဖြင့် သတ်မှတ်ထားသလော။ ဘုရားသခင်၏ အခွင့်အာဏာက အခြေအနေများနှင့် မသက်ဆိုင်ပဲ ဖြစ်တည်နေ၏။ အခြေအနေများ အားလုံးတွင်၊ ဘုရားသခင်က လူသားကံကြမ္မာတိုင်းနှင့် အရာအားလုံးကို သူ့၏ အကြံအစည်များနှင့် ဆန္ဒများနှင့်အညီ ပြဋ္ဌာန်းပေးပြီး စီစဉ်လေသည်။ လူသားက ပြောင်းလဲခြင်း အကျိုးဆက်အနေဖြင့် ဤအရာပြောင်းလဲလိမ့်မည်မဟုတ်ပေ။ ဘုရားသခင်၏ အခွင့်အာဏာသည် သူ့၏ အနှစ်သာရစစ်စစ် ဖြစ်သည့်အတွက် လူသား၏ အလိုဆန္ဒအပေါ် အမှီအခိုလွတ်ကင်းပြီး အချိန်၊ စကြဝဠာနှင့် မြေမျက်နှာသွင်ပြင်တို့ ပြောင်းလဲခြင်းအားဖြင့် မပြောင်းလဲနိုင်ပေ။ လူသားက ဘုရား၏ အချုပ်အခြာအာဏာကို သိပြီး လက်ခံသည်ဖြစ်စေ၊ လက်မခံသည်ဖြစ်စေ၊ ယင်းကို လူသားက ကျိုးနွံနာခံနိုင်သည်ဖြစ်စေ မနာခံနိုင်သည်ဖြစ်စေ သုံးသပ်ခြင်းများထဲမှ မည်သည့်အရာကမျှ လူသားကံကြမ္မာအပေါ် ဘုရားသခင်၏ အချုပ်အခြာအာဏာ နှင့်ဆိုင်သော အမှန်တရားကို အနည်းငယ်မျှ မပြောင်းလဲချေ။ ဆိုလိုသည်မှာ ဘုရားသခင်၏ အချုပ်အခြာအာဏာအပေါ် လူသားက မည်သို့ သဘောထားရှိပါစေ၊ ယင်းက အရာအားလုံးအပေါ်နှင့် လူသားကံကြမ္မာအပေါ် အချုပ်အခြာအာဏာအား ဘုရားသခင် စွဲကိုင်သည့်အချက်ကို မပြောင်းလဲနိုင်ပေ။ သင်သည် ဘုရားသခင်၏ အချုပ်အခြာ အာဏာကို ကျိုးနွံနာခံခြင်း မရှိလျှင်ပင်၊ သင်၏ကံကြမ္မာကို သူအုပ်ချုပ်ဆဲဖြစ်၏။ သူ့၏ အချုပ်အခြာအာဏာကို သင်မသိနိုင် လျှင်ပင်၊ သူ့၏သြဇာအာဏာက တည်ရှိဆဲဖြစ်သည်။ ဘုရားသခင်၏ သြဇာအာဏာနှင့် လူသားကံကြမ္မာအပေါ် ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့်ဆိုင်သည့် အမှန်တရားသည် လူသား၏ အလိုဆန္ဒနှင့် ကင်းလွတ်ပြီး လူသား၏ နှစ်သက်မှုနှင့် ရွေးချယ်မှုများအရ ပြောင်းလဲခြင်း မရှိပေ။ ဘုရားသခင်၏ သြဇာအာဏာသည် နေရာတိုင်း၊ နာရီတိုင်း၊ အချိန်တိုင်း၌ ရှိလေသည်။ ကောင်းကင်နှင့် မြေကြီး မတည်သော်လည်း သူ့၏ သြဇာအာဏာသည် အစဉ်တည်ပါလိမ့်မည်။ သူသည် ဘုရားသခင် ကိုယ်တိုင်ဖြစ်သည့်အတွက် အတုမရှိသည့် သြဇာအာဏာကို ပိုင်ဆိုင်ပြီး သူ့၏သြဇာအာဏာသည် လူများ၊ အဖြစ်အပျက်များ၊ သို့မဟုတ် အမှုအရာများ၊ စကြဝဠာ သို့မဟုတ် မြေမျက်နှာသွင်ပြင်အားဖြင့် အမှုအရာများ ချုပ်ချယ်ခံရခြင်း သို့မဟုတ် ကန့်သတ်ထားခြင်း မရှိပေ။ အချိန်တိုင်းတွင်၊ ဘုရားသခင်က သူ့၏အခွင့်အာဏာကို စွဲကိုင်သည်၊ သူ့၏ တန်ခိုးအစွမ်းကို ပြသည်၊ သူ လုပ်မြဲလုပ်ဆောင်ခဲ့သည့်အတိုင်း သူ့၏ စီမံခန့်ခွဲမှုအလုပ်များကို ဆက်လက်လုပ်ဆောင်လေသည်။ အချိန်တိုင်းတွင် သူ လုပ်မြဲလုပ်ဆောင်ခဲ့သည့်အတိုင်း အရာအားလုံးကို အုပ်ချုပ်သည်။ အရာအားလုံးအတွက် ထောက်ပံ့သည်။ အရာအားလုံးကို စီစဉ်ညွှန်ကြားလေသည်။ ဤအရာကို ဘယ်သူမှ မပြောင်းလဲနိုင်။ ၎င်းသည် အမှန်တရား ဖြစ်ပေသည်။ ၎င်း၌ ရှေးကတည်းက မပြောင်းလဲသည့်သမ္မာတရား ရှိလေသည်။

ဘုရားသခင်၏ သြဇာအာဏာကို ကျိုးနွံနာခံဖို့ ဆန္ဒရှိသူအတွက် သင့်လျော်သည့် သဘောထားနှင့် လက်တွေ့လုပ်ဆောင်ခြင်း

ဘုရားသခင်၏ သြဇာအာဏာနှင့် လူသားကံကြမ္မာအပေါ် ဘုရားသခင်၏ အချုပ်အခြာအာဏာ နှင့်ဆိုင်သည့် အမှန်တရားကို မည်သည့် သဘောထားဖြင့် လူက ယခု သိရှိမှတ်ယူသင့်သနည်း။ ဤသည်မှာ လူတိုင်း၏ ရှေ့တွင် ရှိနေသည့် တကယ့် ပြဿနာဖြစ်သည်။ လက်တွေ့ဘဝ ပြဿနာများကို ရင်ဆိုင် ရသည့်အခါ ဘုရားသခင်၏ သြဇာအာဏာနှင့် သူ၏အချုပ်အခြာ အာဏာတို့ကို သင် မည်သို့သိပြီး နားလည်သင့်သနည်း။ ဤပြဿနာများနှင့် သင် ရင်ဆိုင်ရပြီး ၎င်းတို့ကို မည်သို့နားလည် ရမည်၊ ကိုင်တွယ်ရမည်၊ တွေ့ကြုံရမည်ကို သင်မသိသည့်အခါ၊ ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် အစီအစဉ်များကို ကျိုးနွံနာခံဖို့ သင်၏ ရည်ရွယ်ချက်၊ ဆန္ဒနှင့် သင်၏ ကျိုးနွံနာခံခြင်း နှင့်ဆိုင်သော စစ်မှန်မှုကို ပြသဖို့ရန် သင် မည်သို့ သဘောထားမျိုး ခံယူသင့်သနည်း။ ပထမဆုံးအနေဖြင့် စောင့်ဆိုင်းဖို့ သင် သင်ယူရပါမည်။ ထို့နောက် ရှာဖွေဖို့ သင်ယူရမည်။ ထို့နောက် ကျိုးနွံနာခံဖို့ သင်ယူရမည်။ “စောင့်ဆိုင်းခြင်း” က ဘုရားသခင်၏ အချိန်ကို စောင့်ခြင်းကို ဆိုလိုသည်။ သင့်အတွက် ဘုရားသခင် စီစဉ်ထားသည့် လူများ၊ အဖြစ်အပျက်များ၊ အမှုအရာများကို စောင့်ဆိုင်းခြင်းဖြစ်သည်။ သူ၏အလိုကို သင့်ဆီကို သူ့ဘာသာ တဖြည်းဖြည်း ထုတ်ဖော်ပြသဖို့ စောင့်ခြင်း ဖြစ်သည်။ “ရှာဖွေခြင်း” ဆိုသည်မှာ သူချပြပေးခဲ့သည့် လူများ၊ အဖြစ်အပျက်များ၊ အမှုအရာများမှ တစ်ဆင့် သင့်အတွက် ထောက်ထားသော ဘုရားသခင်၏ ရည်ရွယ်ချက်များကို လေ့လာခြင်းနှင့် သိနားလည်ခြင်း၊ ၎င်းတို့မှတစ်ဆင့် သမ္မာတရားကို သိနားလည်ခြင်း၊ လူသားက ပြီးမြောက်ရမည့် အရာနှင့် ၎င်းတို့ စောင့်ထိန်းလိုက်နာရမည့် လမ်းခရီးများကို သိနားလည်ခြင်း၊ ဘုရားသခင်က လူသားများထဲမှ မည်သည့်ရလဒ်များကို ရရှိရန် ရည်ရွယ်သည်၊ လူသားများထဲမှ မည်သည့် အောင်မြင်မှုများကို ရယူရန် ရည်ရွယ်သည်တို့ကို နားလည်ခြင်းအား ဆိုလိုသည်။ ဟုတ်ပေ၏၊ “ကျိုးနွံနာခံခြင်း” ဆိုသည်မှာ ဘုရားသခင် စီစဉ်ညွှန်ကြားသည့် လူများ၊ အဖြစ်အပျက်များ၊ အမှုအရာများကို လက်ခံခြင်း၊ သူ့၏ အချုပ်အခြာအာဏာကို လက်ခံခြင်းနှင့် ၎င်းမှတစ်ဆင့် ဖန်ဆင်းရှင်က လူသားကံကြမ္မာကို မည်သို့ ပြဋ္ဌာန်းသည်၊ သူ့၏အသက်ဖြင့် လူသားများကို သူ မည်သို့ထောက်ပံ့သည်၊ လူသားအတွင်း၌ သမ္မာတရားကို သူမည်သို့ လုပ်ဆောင်သည်ကို သိလာခြင်းအား ရည်ညွှန်းပေသည်။ ဘုရားသခင်၏ စီစဉ်မှုများနှင့် အချုပ်အခြာအာဏာ အောက်က အရာအားလုံးသည် သဘာဝနိယာမများကို နာခံသည်။ သင့်အတွက် အရာအားလုံးကို ဘုရားသခင် စီစဉ်ပြီး ပြဋ္ဌာန်းခွင့်ပြုဖို့ သင်စိတ်ပိုင်းဖြတ်ထားပါက၊ သင် စောင့်ဆိုင်းတတ်ဖို့ သင်ယူရ ပါမည်။ ရှာဖွေတတ်ဖို့ သင်ယူရမည်။ ကျိုးနွံနာခံတတ်ဖို့ သင်ယူရပေမည်။ ဤသည်မှာ ဘုရားသခင်၏ သြဇာအာဏာကို ကျိုးနွံနာခံချင်သည့် လူတိုင်း ခံယူရမည့် သဘောထား၊ ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် စီစဉ်မှုတို့ကို လက်ခံချင်သည့် လူတိုင်း ပိုင်ဆိုင်ရမည့် အခြေခံ အရည်အသွေးတို့ ဖြစ်၏။ ထိုသို့သောသဘောထားကို ထိန်းသိမ်းဖို့၊ ထိုသို့သော အရည်အသွေးတစ်ခုကို ပိုင်ဆိုင်ဖို့၊ သင်တို့ ပိုကြိုးစားရမည်။ ဤသည်မှာစစ်မှန်သည့် လက်တွေ့အရှိတရားထဲသို့ သင်တို့ ဝင်ရောက်နိုင်သည့် တစ်ခုတည်းသော နည်းလမ်းဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၃)

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

စတုတ္ထဆုံမှတ်- အိမ်ထောင်ပြုခြင်း

လူတစ်ယောက်က အသက်ကြီးလာပြီး ရင့်ကျက်လာသည့်အခါ သူ့မိဘများနှင့် သူမွေးဖွားကြီးပြင်းခဲ့သည့် ပတ်ဝန်းကျင်နှင့် ပိုပြီးဝေးကွာလာသည်။ ယင်းအစား ဘဝ၌...

လူသားမျိုးနွယ်၏ ကံကြမ္မာနှင့် စကြဝဠာ၏ ကံကြမ္မာတို့သည် ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာနှင့် ခွဲခြား၍မရပေ

သင်တို့အားလုံး အရွယ်ရောက်ပြီးသူများ ဖြစ်ကြသည်။ သင်တို့ထဲမှ တစ်ချို့သည် လူလတ်ပိုင်း ဖြစ်သည်။ တစ်ချို့သည် သက်ကြီးပိုင်းထဲ ဝင်ကြပြီးဖြစ်သည်။...

ပဉ္စမဆုံမှတ်- သားသမီး

လက်ထပ်ပြီးသည့်နောက် လူတစ်ယောက်သည် နောက်မျိုးဆက်ကို ပြုစုပျိုးထောင်ဖို့ စတင်လေသည်။ လူတစ်ယောက်သည် သားသမီး မည်မျှများများ၊ မည်သို့...

ဆဌမဆုံမှတ်- သေခြင်း

များပြားလှသည့် ပျားပန်းခတ်မှု နှင့် အလုပ်များခြင်းများ၊ များပြားလှသည့် အားမလိုအားမရဖြစ်ခြင်းများနှင့် စိတ်ပျက်မှုများ နောက်တွင်၊...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။