ဘုရားသခင်က ဘေးဒုက္ခမျိုးစုံတို့ကို ကျရောက်စေခြင်း၏ အရေးပါမှု

22.09.2019

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

ယနေ့တွင် ငါသည် အဆင်းနီသောနဂါးကြီး၏ တိုင်းနိုင်ငံအပေါ်သို့ ဆင်းကြွလာနေသည်သာမကဘဲ၊ အမြင့်ဆုံးသော ကောင်းကင်ဘုံ တစ်ခုလုံး တုန်ခါစေလျက်၊ စကြဝဠာတစ်ခုလုံးကို မျက်နှာချင်းဆိုင်ရန်လည်း လှည့်နေ၏။ ငါ၏တရားစီရင်မှုကို မခံရသော အရပ်တစ်ခုတစ်လေမျှ ရှိလေသလော။ ငါသွန်းချလိုက်သော ဘေးဒုက္ခများအောက်တွင် မတည်ရှိသော အရပ်တစ်ခုတစ်လေမျှ ရှိလေသလော။ ငါသွားလေရာရာ အရပ်တိုင်းတွင် ငါသည် အမျိုးမျိုးသော “ဘေးအန္တရာယ်၏ မျိုးစေ့များ” ကို ကြဲချခဲ့သည်။ ဤသည်မှာ ငါအလုပ်လုပ်သော နည်းလမ်းများထဲမှ တစ်ခုဖြစ်ပြီး လူသားကို ကယ်တင်ရန်အတွက် လုပ်ဆောင်မှုတစ်ခု ဖြစ်ကြောင်း သံသယဖြစ်စရာ မရှိသည့်အပြင် ငါမှ သူ့အား ကမ်းလှမ်းသည့် အရာမှာ ချစ်ခြင်းမေတ္တာ တစ်မျိုးပင် ဖြစ်နေသေးသည်။ ငါ့ကို ပို၍ပင် များပြားသောလူတို့ သိလာစေခွင့်၊ မြင်တွေ့နိုင်စေခွင့်ပြုပြီး ဤနည်းအားဖြင့် သူတို့သည် နှစ်ပေါင်းများစွာ မတွေ့မြင်နိုင်ခဲ့သော်လည်း ယခုတွင် စစ်မှန်သော ဘုရားသခင်ကို ချစ်ကြောက်လာစေရန် ငါပြုလိုသည်။ အဘယ်အကြောင်းကြောင့် ငါသည် လောကကြီးကို ဖန်ဆင်းခဲ့သနည်း။ လူသားမျိုးနွယ်သည် ဖောက်ပြန်ပျက်စီးလာပြီးနောက် အဘယ်အကြောင်းကြောင့် ငါသည် သူတို့ကို လုံးလုံးလျားလျား မသုတ်သင်ခဲ့သနည်း။ အဘယ်အကြောင်းကြောင့် လူသားမျိုးနွယ်စု တစ်ရပ်လုံးသည် ဘေးဒဏ်များအကြားတွင် နေရသနည်း။ ငါသည် လူ့ဇာတိခန္ဓာကို ယူတင်ဝတ်ဆောင်ထားခဲ့သည့် ရည်ရွယ်ချက်ကား အဘယ်နည်း။ ငါ၏အမှုကို ငါထမ်းဆောင်နေသောအခါ လူသားမျိုးနွယ်သည် ခါးသီးခြင်းအရသာကိုသာမက ချိုမြိန်ခြင်းအရသာကိုလည်း သိခဲ့ကြရသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ စကြဝဠာတစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ အခန်း (၁၀)

အမှု၏ ဤအဆင့်တွင် ဘုရားသခင်သည် သူ့အား သစ္စာဖောက်ပြီးသော လူသားများအားလုံး သူ၏ပလ္လင်ရှေ့မှောက်တွင် ကျိုးနွံနာခံဖို့ တစ်ဖန် လာကြဖို့အလို့ငှာ သူ၏ လုပ်ဆောင်ချက်များကို ကမ္ဘာလောက တစ်လျှောက် ထုတ်ဖော်ပြရန် ဆန္ဒရှိသောကြောင့်၊ ဘုရားသခင်၏ တရားစီရင်မှုသည် ဘုရားသခင်၏ သနားကရုဏာနှင့် မေတ္တာကျေးဇူးတော်တို့ ပါရှိဆဲ ဖြစ်လိမ့်မည်။ ဘုရားသခင်သည် လူသားတို့အနေဖြင့် ဘုရားသခင်၏ ရှေ့မှောက်၌ရှိဖို့ ပြန်လည်တစ်လိမ့်လိမ့် ဝင်လာနိုင်ဖို့အလို့ငှာ ဘုရားသခင်ကို ဖွေရှာဖို့ ၎င်းတို့အား လှုံ့ဆော်ရင်း၊ လူသားများကို အထိတ်တလန့်ဖြစ်စေရန်၊ ကမ္ဘာလောကတစ်လျှောက် လတ်တလော အဖြစ်အပျက်များကို အခွင့်အလမ်းများအဖြစ် အသုံးပြုလေသည်။ ထို့ကြောင့်၊ ဘုရားသခင်က၊ “ဤသည်မှာ ငါအလုပ်လုပ်သော နည်းလမ်းများထဲမှ တစ်ခုဖြစ်ပြီး လူသားကို ကယ်တင်ရန်အတွက် လုပ်ဆောင်မှုတစ်ခု ဖြစ်ကြောင်း သံသယဖြစ်စရာ မရှိသည့်အပြင် ငါမှ သူ့အား ကမ်းလှမ်းသည့် အရာမှာ ချစ်ခြင်းမေတ္တာ တစ်မျိုးပင် ဖြစ်နေသေးသည်။” ဟု ပြောပေသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ “စကြဝဠာတစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ” နှင့်သက်ဆိုင်သော နက်နဲမှုများကို အနက်ဖွင့်ဆိုချက်၊ အခန်း (၁၀)

ဘုရားသခင့်အမှုတော်၏ အဆင့်များတွင် ကယ်တင်ခြင်းသည် အမျိုးမျိုးသော ဘေးအန္တရာယ်၏ ပုံသဏ္ဌာန်ကို ဆောင်ဆဲဖြစ်ပြီး၊ ပျက်စီးကိန်းကြုံရသူ မည်သူမျှ ယင်းတို့ကို မလွတ်မြောက်နိုင်ကြပေ။ အဆုံးတွင်သာ “တတိယကောင်းကင်ဘုံလောက် တည်ငြိမ်အေးချမ်းသောကြောင့် ဖြစ်သည်- ဤတွင် သက်ရှိသတ္တဝါ ကြီးငယ်တို့သည် သဟဇာတဖြစ်လျက် အတူယှဉ်တွဲနေထိုင်ကြပြီး ‘နှုတ်နှင့်လျှာ ပဋိပက္ခဖြစ်ခြင်းများ’ ၌ တစ်ကြိမ်တစ်ခါမျှ ပါဝင်ပတ်သက်ခြင်း မရှိပေ။” ဟူသည့် ကမ္ဘာမြေကြီးပေါ်က အခြေအနေတစ်ခုကို စွမ်းဆောင်ရရှိဖို့ ဖြစ်နိုင်လိမ့်မည်ဖြစ်သည်။ ဘုရားသခင့် အမှုတော်၏ ကဏ္ဍတစ်ရပ်မှာ လူသားမျိုးနွယ်အပေါင်းတို့ကို သိမ်းပိုက်ရန်နှင့် ရွေးချယ်ခံရသူများကို သူ၏နှုတ်ကပတ်တော်များမှတစ်ဆင့် ရယူရန်ဖြစ်သည်။ နောက်ထပ်တစ်ခုမှာ ပုန်ကန်ခြင်း၏သားများအားလုံးကို ကပ်ဘေးအမျိုးမျိုး၏ နည်းလမ်းဖြင့် သိမ်းပိုက်ရန်ဖြစ်သည်။ ဤသည်မှာ ကျယ်ပြန့်များပြားသော ဘုရားသခင့် အမှုတော်၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်။ ဤနည်းဖြင့်သာ ဘုရားသခင် အလိုရှိသည့် ကမ္ဘာမြေကြီးပေါ်ရှိ နိုင်ငံတော်ကို အပြည့်အဝ စွမ်းဆောင်ရရှိနိုင်ပြီး၊ ဤသည်မှာ ရွှေစစ်စစ်ဖြစ်သည့် ဘုရားသခင့်အမှု၏ အစိတ်အပိုင်းဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ “စကြဝဠာတစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ” နှင့်သက်ဆိုင်သော နက်နဲမှုများကို အနက်ဖွင့်ဆိုချက်၊ အခန်း (၁၇)

ဘေးဒုက္ခမျိုးစုံ တစ်ခုပြီး တစ်ခု ကျရောက်လိမ့်မည်။ တိုင်းနိုင်ငံအားလုံးနှင့် နေရာအားလုံး ဘေးဒုက္ခများ ကြုံတွေ့ရလိမ့်မည်— ကပ်ဆိုး၊ ငတ်မွတ်ခြင်း၊ ရေကြီးခြင်း၊ မိုးခေါင်ခြင်းနှင့် ငလျင်လှုပ်ခြင်းများသည် အရပ်ရပ်တို့၌ ဖြစ်လေ၏။ ဤကပ်ဘေးဒုက္ခများသည် တစ်နေရာ၊ နှစ်နေရာ၌သာ ဖြစ်ပျက်နေခြင်း မဟုတ်သကဲ့သို့ တစ်ရက်၊ နှစ်ရက်အတောအတွင်း ပြီးဆုံး သွားလိမ့်မည်လည်း မဟုတ်ပေ။ ယင်းထက်၊ ၎င်းတို့သည် သာ၍ သာ၍ ကြီးမားသော နယ်ပယ်အနှံ့ တိုးချဲ့လိမ့်မည် ဖြစ်ပြီး၊ သာ၍ သာ၍ ပြင်းထန်လာလိမ့်မည် ဖြစ်သည်။ ဤအချိန်ကာလ အတောအတွင်းတွင်၊ အင်းဆက်ကပ်ဆိုး မျိုးစုံ တစ်ခုပြီး တစ်ခု ဖြစ်ပေါ်လိမ့်မည် ဖြစ်ပြီး၊ ခပ်သိမ်းသော နေရာတို့၌ လူသားစားသည့် ဖြစ်ရပ် ဖြစ်ပွားလိမ့်မည်။ ဤသည်မှာ တိုင်းနိုင်ငံအားလုံးနှင့် လူမျိုးအပေါင်းတို့အပေါ် ငါ၏ တရားစီရင်ခြင်း ဖြစ်သည်။ ငါ့သားတို့။ သင်တို့သည် နာကျင်ခြင်းဝေဒနာ သို့မဟုတ် ကပ်ဘေးများ၏ အခက်အခဲများကို မခံစားကြရ။ သင်တို့ မကြာမီ အရွယ်ရောက်ပြီး ဖြစ်နိုင်သမျှမြန်မြန် ငါ၏ပုခုံးများ ပေါ်ရှိသည့် ဝန်ကို လက်ခံကြဖို့ ငါအလိုရှိ၏။ ငါ၏အလိုကို သင်တို့ အဘယ်ကြောင့် နားမလည်ကြသနည်း။ ရှေ့လျှောက် အလုပ်သည် ပို၍ပို၍ ပင်ပန်းလိမ့်မည်။ သင်တို့သည် ငါ့ကို တစ်ကိုယ်တည်း အလွန်ခက်ခဲကြမ်းတမ်းစွာ အလုပ်လုပ် စေလျက်၊ ငါ့ကို လက်မလည်နိုင်အောင် ထားရစ်ဖို့ အကြင်နာတရားမဲ့ ကြသလော။ ပို၍ ရှင်းရှင်း ငါပြောမည်- အသက်တာ ရင့်ကျက်သော သူများသည် ခိုလှုံရာထဲသို့ ဝင်ရောက်လိမ့်မည်ဖြစ်ပြီး၊ နာကျင်ခြင်းဝေဒနာ သို့မဟုတ် အခက်အခဲကို ခံစား ရလိမ့်မည် မဟုတ်။ အသက်တာ မရင့်ကျက်သော သူများသည် နာကျင်ခြင်း ဝေဒနာနှင့် ဘေးအန္တရာယ်ကို ခံစားကြရလိမ့်မည်။ ငါ၏ နှုတ်ကပတ်တော်များသည် အတော်အသင့် ရှင်းသည် မဟုတ်လော။

အယောက်တိုင်းသည် ငါ၏ သန့်ရှင်းသောနာမကို သိကြပြီး ငါ့ကို သိနိုင်ကြဖို့အလို့ငှာ၊ ငါ၏နာမသည် ဦးတည်ရာအားလုံးနှင့် နေရာအားလုံးတွင် တိုးချဲ့ရမည်။ အမေရိကန်ပြည်ထောင်စု၊ ဂျပန်၊ ကနေဒါ၊ စင်္ကာပူ၊ ဆိုဗီယက်ပြည်ထောင်စု၊ မကာအို၊ ဟောင်ကောင်နှင့် အခြား နိုင်ငံများမှ လူ့အလွှာအားလုံးထဲက လူတို့သည် မှန်သော လမ်းခရီးကို ရှာဖွေရင်း၊ တရုတ်ပြည်ထဲတွင် အတူတကွ စုရုံးကြလိမ့်မည်။ ၎င်းတို့ထံ ငါ၏နာမကို သက်သေခံနှင့်ပြီး ဖြစ်သည်။ ကျန်ရှိသမျှမှာ သင်တို့အနေဖြင့် ၎င်းတို့ကို ထိန်းကျောင်းကာ ဦးဆောင်နိုင်ဖို့အလို့ငှာ ဖြစ်နိုင်သမျှ အမြန်ဆုံး ရင့်ကျက်ကြဖို့ ဖြစ်သည်။ ဤသည်မှာ လုပ်ဆောင်ရမည့် အလုပ် သာ၍ပင် ရှိသည်ဟု ငါပြောရသည့် အကြောင်းရင်း ဖြစ်သည်။ ကပ်ဘေးများ၏ နောက်ပိုင်းတွင် ငါ၏နာမသည် ကျယ်ကျယ်ပြန့်ပြန့် ပျံ့နှံ့လိမ့်မည်ဖြစ်ပြီး၊ သင်တို့ သတိမထားပါက၊ သင်တို့၏ ရထိုက်သော ဝေစုကို သင်တို့ ဆုံးရှုံးကြရလိမ့်မည်။ သင်တို့ မစိုးရွံ့ကြသလော။ ငါ၏နာမသည် ဘာသာတရားအားလုံး၊ လူ့အလွှာအားလုံး၊ တိုင်းနိုင်ငံအားလုံးနှင့် ဂိုဏ်းဂဏအားလုံးထံ တိုးချဲ့၏။ ဤသည်မှာ စနစ်ကျသောနည်းလမ်း၊ နီးကပ်သော အချိတ်အဆက်ဖြင့် လုပ်ဆောင်လျက်ရှိသည့် ငါ၏အမှု ဖြစ်သည်။ အားလုံးသည် ငါ၏ အမြော်အမြင်ရှိသော စီမံခန့်ခွဲမှုအားဖြင့် ဖြစ်ပျက်ပေသည်။ သင်တို့သည် ငါ၏ ခြေလှမ်းများနောက် နီးကပ်စွာ လိုက်လျှောက်ရင်း တစ်ဆင့်ချင်း ရှေ့တိုးနိုင်ဖို့သာ ငါဆန္ဒရှိပေသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ၊ အခန်း (၆၅)

အားလုံးသည် ငါ၏စကားများဖြင့် ပြီးမြောက်ရလိမ့်မည်။ မည်သည့်လူသားမျှ မပါဝင်နိုင်သကဲ့သို့၊ ငါ ဆောင်ရွက်မည့် အမှုကို မည်သည့်လူသားမျှ မလုပ်ဆောင်နိုင်။ ငါသည် နယ်မြေအားလုံး၏ လေထုကို သန့်စင်စေမည်ဖြစ်ပြီး ကမ္ဘာမြေပေါ်တွင် နတ်ဆိုးတို့ကို အရိပ်အယောင် အားလုံးကို အမြစ်ဖြတ်မည်။ ငါသည် စတင်နှင့်ပြီဖြစ်ကာ၊ အဆင်းနီသောနဂါးကြီး၏ နေထိုင်ရာနေရာတွင် ပြစ်တင်ဆုံးမခြင်းနှင့်ဆိုင်သည့် ငါ့အမှု၏ ပထမအဆင့်ကို စတင်မည်။ ထို့ကြောင့် ငါသည် နယ်မြေအားလုံးကို ကြည့်ရှုသည့်အတွက်၊ စကြဝဠာတစ်ခုလုံးအပေါ်သို့ ငါ၏ ပြစ်တင်ဆုံးမခြင်း ကျရောက်ပြီးဖြစ်ကာ အဆင်းနီသောနဂါးကြီးနှင့် ညစ်ညူးသော ဝိညာဉ်မျိုးစုံတို့သည် ငါ၏ ပြစ်တင်ဆုံးမမှုမှ လွတ်မြောက်နိုင်စွမ်း မရှိသည်ကို တွေ့နိုင်ပေသည်။ မြေကြီးပေါ်တွင် ငါ၏အမှု ပြီးစီးသည့်အခါ၊ ဆိုလိုသည်မှာ တရားစီရင်ရာကာလ အဆုံးသတ်သည့်အခါတွင်၊ ငါသည် အဆင်းနီသောနဂါးကြီးကို တရားဝင် ပြစ်တင်ဆုံးမမည်။ ငါ၏လူတို့သည် အဆင်းနီသောနဂါးကြီးအပေါ် ငါ၏ဖြောင့်မတ်သည့် ပြစ်တင်ဆုံးမမှုကို တွေ့ကြရလိမ့်မည်၊ ငါ၏ဖြောင့်မတ်မှုကြောင့် ချီးမွမ်းခြင်းကို ဧကန်မုချ သွန်းလောင်းကြလိမ့်မည် ဖြစ်ပြီး၊ ငါ၏ဖြောင့်မတ်ခြင်းကြောင့် ငါ၏ သန့်ရှင်းသော နာမကို ဧကန်မုချ အစဉ်ချီးကျူးထောမနာ ပြုကြလိမ့်မည်။ ထို့ကြောင့် သင်တို့သည် သင်တို့၏တာဝန်ကို တရားဝင် ထမ်းဆောင်ကြလိမ့်မည် ဖြစ်ပြီး၊ နယ်မြေတစ်လျှောက်လုံးတွင် ငါ့ကို ကာလအစဉ်အဆက် တရားဝင် ချီးမွမ်းကြလိမ့်မည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ စကြဝဠာတစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ အခန်း (၂၈)

ယနေ့ကာလ၏ မိန့်မြွက်ချက်များအားလုံးသည် အနာဂတ်အခြေအနေများကို ပရောဖက်ပြုသည်ဟု ဆိုနိုင်သည်၊ ဤမိန့်မြွက်ချက်များက သူ့အမှု၏ နောက်တစ်ဆင့်အတွက် တင်ကြိုပြင်ဆင်မှုများကို ဘုရားသခင် လုပ်နေပုံဖြစ်သည်။ ဘုရားသခင်သည် အသင်းတော်၏ လူများထဲ၌ သူ၏အမှုကို အဆုံးသတ်လုနီးပြီဖြစ်၏၊ ထို့နောက်တွင် လူအပေါင်းတို့ရှေ့၌ ဒေါသအမျက်ခြောင်းခြောင်းထွက်လျက် သူပေါ်ထွန်းလာမည် ဖြစ်သည်။ “ငါ၏လုပ်ရပ်များကို ကမ္ဘာမြေကြီးပေါ်ရှိ လူများအသိအမှတ်ပြုစေရန် ငါပြုမည်၊ ထို့ပြင် ၎င်းတို့ကို ကမ္ဘာမြေတစ်ဝှမ်းရှိ အလျှော့ပေးကြရမည့် လူအပေါင်းတို့က အသိအမှတ်ပြုကြစေရန် ငါသည် ‘တရားပလ္လင်’ ရှေ့တွင် ငါ၏လုပ်ဆောင်ချက်များကို သက်သေပြမည်” ဟု ဘုရားသခင် ဆိုသကဲ့သို့ပင် ဖြစ်သည်။ ဤနှုတ်ကပတ်တော်များထဲတွင် တစ်စုံတစ်ရာကို သင်တို့မြင်ကြသလော။ ဤအထဲ၌ ဘုရားသခင့်အမှု၏ နောက်တစ်ပိုင်းအကြောင်း အကျဉ်းချုပ်ပါရှိသည်။ ပထမဦးစွာ ဘုရားသခင်သည် နိုင်ငံရေးအာဏာကို ကိုင်စွဲထားသော အစောင့်ခွေးများ အားလုံးကို စိတ်ရင်းမှန်ဖြင့် လက်ခံယုံကြည်လာကြစေရန် ပြုမည်ဖြစ်ပြီး ၎င်းတို့ကို သမိုင်းဇာတ်စင်ပေါ်မှ ဆန္ဒအလျောက် ဆင်းသွားကြစေရန်၊ ရာထူးဂုဏ်သိမ်အတွက် နောက်ထပ်လုံးဝ မတိုက်ခိုက်ကြစေရန်၊ လျှို့ဝှက်ကြံစည်ခြင်းများနှင့် ခြေပုန်းခုတ်ခြင်းများကို နောက်ထပ်လုံးဝ မလုပ်ကြစေရန် ပြုမည်ဖြစ်သည်။ ဘုရားသခင်သည် ကမ္ဘာမြေကြီးပေါ်တွင် အမျိုးမျိုးသော ဘေးဒုက္ခများကို ဖြစ်ပွားစေခြင်းအားဖြင့် ဤအမှုကို လုပ်ဆောင်မည်ဖြစ်သည်။ သို့သော်လည်း ဘုရားသခင်ပေါ်ထွန်းလာမည်ကား လုံးဝမဟုတ်ပေ။ ဤအချိန်တွင် အဆင်းနီသောနဂါးကြီး၏ တိုင်းနိုင်ငံသည် ညစ်ညူးသောပြည် ဖြစ်နေဦးမည်ဖြစ်၍ ဘုရားသခင်သည် ပေါ်ထွန်းလာမည် မဟုတ်ဘဲ ပြစ်တင်ဆုံးမခြင်းအားဖြင့် ထွက်ပေါ်လာရုံမျှသာဖြစ်မည်။ ယင်းမှာ မည်သူမျှ မလွှဲရှောင်နိုင်သည့် ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထားဖြစ်သည်။ ဤအချိန်အတောအတွင်း အဆင်းနီသော နဂါးကြီး၏ တိုင်းနိုင်ငံတွင် မှီတင်းနေထိုင်သူမှန်သမျှသည် ကပ်ဘေးကို ခံစားကြရလိမ့်မည်ဖြစ်ပြီး ယင်းထဲတွင် ကမ္ဘာမြေကြီးပေါ်မှ နိုင်ငံတော် (အသင်းတော်) လည်း အလိုလိုပါဝင်မည်ဖြစ်သည်။ ဤအချိန်သည် အမှန်တရားများ ပေါ်ထွက်လာသောအချိန်ပင်ဖြစ်၍ ၎င်းကို လူအပေါင်းတို့က တွေ့ကြုံခံစားကြရမည်ဖြစ်ပြီး မည်သူမျှ ရှောင်တိမ်းနိုင်ကြမည် မဟုတ်ပေ။ ဘုရားသခင်သည် ဤအရာကို ကြိုတင်ခွဲခန့်မှတ်သားထားပြီးဖြစ်သည်။ အမှု၏ဤအဆင့်ကြောင့်သာ ဘုရားသခင်က “ယခုအချိန်မှာ ကြီးမားသော အစီအစဉ်များကို လုပ်ဆောင်ရန် အချိန်ဖြစ်သည်” ဟု ဆိုခြင်းပင် ဖြစ်သည်။ အနာဂတ်တွင် ကမ္ဘာမြေကြီးပေါ်၌ အသင်းတော်ရှိတော့မည် မဟုတ်သောကြောင့်၊ ထို့ပြင် ကြီးမားသောကပ်ဘေး ပေါ်ထွန်းခြင်းကြောင့် လူတို့သည် သူတို့ရှေ့၌ရှိသောအရာကိုသာ တွေးတောနိုင်ကြမည်ဖြစ်ပြီး အခြားအရာအားလုံးကို လျစ်လျူရှုကြမည်ဖြစ်သည်၊ ထို့ပြင် ကြီးမားသော ကပ်ဘေးအလယ်တွင် ဘုရားသခင်ကို ၎င်းတို့မွေ့လျော်ရန် ခက်ခဲလိမ့်မည်။ ထို့ကြောင့် လူတို့အနေဖြင့် အခွင့်အရေးကို မရှုံးဆုံးကြစေရန် ဝမ်းမြောက်ဖွယ်ကောင်းသော ဤအချိန်အတောအတွင်း စိတ်နှလုံး အကြွင်းမဲ့ဖြင့် ဘုရားသခင်အား ချစ်ကြရန် လူတို့ကို တောင်းဆိုနေခြင်း ဖြစ်သည်။ ဤအမှန်တရား ဖြစ်ပျက်သည့်အခါ ဘုရားသခင်သည် အဆင်းနီသောနဂါးကြီးကို လုံးလုံးလျားလျား အနိုင်ယူပြီးလိမ့်မည် ဖြစ်သောကြောင့် ဘုရားသခင့်လူတို့၏ သက်သေခံခြင်းအမှုသည် ဆုံးခန်းတိုင်သွားပြီးဖြစ်လိမ့်မည်၊ ယင်းနောက်တွင် ဘုရားသခင်သည် အဆင်းနီသောနဂါးကြီး၏နိုင်ငံကို ရှင်းရှင်းဖျက်ဆီးကာ နောက်ဆုံးတွင် စကြဝဠာအနှံ့အပြား၌ ရှိကြကုန်သော လူတို့ကို လက်ဝါးကပ်တိုင်ပေါ်တွင် ဇောက်ထိုးအနေအထားနှင့် သံဖြင့်ရိုက်ထားလျက် အမှု၏နောက်ထပ် တစ်ဆင့်ကို စတင်မည်ဖြစ်၏၊ ထို့နောက်တွင် သူသည် လူသားမျိုးနွယ် အားလုံးကို အမြစ်ဖြတ်သုတ်သင်လေမည်၊ ဤသည်တို့မှာ ဘုရားသခင့်အမှု၏ အနာဂတ်အဆင့်များပင်ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ “စကြဝဠာတစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ” နှင့်သက်ဆိုင်သော နက်နဲမှုများကို အနက်ဖွင့်ဆိုချက်၊ အခန်း (၄၂)

ဘုရားသခင်သည် သူ၏မဟာအမျက်ဒေါသကို လွှတ်လိုက်သည့်အခါ အကျိုးဆက်အနေဖြင့် လောကတစ်ခုလုံးသည် မီးတောင်ပေါက်ကွဲသကဲ့သို့ ကပ်ဘေးမျိုးစုံနှင့် ကြုံတွေ့ရလိမ့်မည်။ မြင့်မားသော မိုးကောင်းကင်အထက် ရပ်နေသည့်အခါ မြေကြီးပေါ်၌ ဘေးဒုက္ခမျိုးစုံသည် လူသားမျိုးနွယ်အားလုံးအပေါ် တစ်နေ့တခြား တိုး၍ချဉ်းကပ်လာနေသည်ကို တွေ့နိုင်၏။ အထက်အရပ်မှ အောက်သို့ကြည့်သည့်အခါ ကမ္ဘာမြေကြီးသည် ငလျင်မလှုပ်မီတွေ့ရသော မြင်ကွင်းများနှင့်တူသည့် မြင်ကွင်းအမျိုးမျိုးကို တင်ဆက်ပြနေ၏။ မီးလောင်လွယ်သော ရေဆီတို့သည် အတားအဆီးမရှိ တစ်ဟုန်ထိုးစီးထွက်နေ၏၊ ချော်ရည်သည် ဒလဟောစီးဆင်းနေ၏၊ တောင်များသည် ရွေ့လျားနေကြကာ အလင်းအေးသည် အားလုံးအပေါ် တလက်လက်တောက်ပနေ၏။ တစ်ကမ္ဘာလုံးသည် မီးထဲသို့ စုန်းစုန်းမြုပ်သွားလေပြီ။ ဤသည်မှာ ဘုရားသခင်က သူ၏အမျက်ဒေါသကို ထုတ်လွှတ်သည့် မြင်ကွင်းဖြစ်ကာ ဤသည်မှာ သူ၏တရားစီရင်ရာ အချိန်ဖြစ်သည်။ အသွေးအသားရှိသူအားလုံးသည် လွတ်မြောက်နိုင်ကြမည် မဟုတ်ပေ။ ထို့ကြောင့် တစ်ကမ္ဘာလုံးကို ဖျက်ဆီးရန်အလို့ငှာ နိုင်ငံအချင်းချင်း စစ်တိုက်ရန်နှင့် လူမျိုးအချင်းချင်း ပဋိပက္ခများ ဖြစ်ပွားရန် လိုအပ်လိမ့်မည် မဟုတ်ပေ၊ ထိုအစား ကမ္ဘာကြီးသည် ဘုရားသခင်၏ပြစ်တင်ဆုံးမမှု ဆောင်ပန်းအတွင်း “အသိနိုးကြားစွာဖြင့် မွေ့လျော်ခံစား” လိမ့်မည်ဖြစ်၏။ မည်သူမျှ လွတ်မြောက်နိုင်မည်မဟုတ်၊ အယောက်စီတိုင်းသည် ဤတုန်လှုပ်ချောက်ချားဖွယ် အတွေ့အကြုံကို တစ်ယောက်ပြီးတစ်ယောက် ဖြတ်သန်းသွားရလိမ့်မည်။ ထို့နောက်တွင် စကြဝဠာတစ်ခုလုံးသည် သန့်ရှင်းသော ထွန်းလင်းဝင်းပမှုဖြင့် တစ်ဖန်ပြန်၍တောက်ပလာကာ လူသားမျိုးနွယ်တစ်ရပ်လုံးသည် အသစ်သောအသက်တာကို နောက်တစ်ဖန် စတင်ကြလိမ့်မည်။ ပြီးလျှင် ဘုရားသခင်သည် စကြဝဠာအထက်၌ အနားယူလျက် လူသားမျိုးနွယ်အားလုံးကို နေ့စဉ်ကောင်းချီးပေးလိမ့်မည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ “စကြဝဠာတစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ” နှင့်သက်ဆိုင်သော နက်နဲမှုများကို အနက်ဖွင့်ဆိုချက်၊ အခန်း (၁၈)

ဘုရားသခင်နှင့် လူသားမျိုးနွယ်သည် ငြိမ်သက်ခြင်း ချမ်းသာထဲသို့ အတူတကွ ဝင်ရောက်သည့်အခါတွင်၊ ယင်းမှာ လူသားမျိုးနွယ်သည် ကယ်တင်ခံရပြီး ဖြစ်ကာ စာတန်သည် ဖျက်ဆီးခြင်းခံရပြီး ဖြစ်သည်၊ လူသားများ၌ ဘုရားသခင်၏အမှု လုံးဝ ပြီးဆုံးသည်ကို ဆိုလိုပေသည်။ ဘုရားသခင်သည် လူသားများတွင် ဆက်လက် အမှုပြုတော့မည် မဟုတ်သကဲ့သို့၊ ၎င်းတို့သည် စာတန်၏ အုပ်စိုးမှုအောက်တွင် နေထိုင်ကြတော့မည် မဟုတ်ပေ။ ထိုသို့ဖြင့် ဘုရားသခင်သည် ဆက်လက် အလုပ်များတော့မည် မဟုတ်သကဲ့သို့၊ လူသားများသည် စဉ်ဆက်မပြတ် လှုပ်ရှားရတော့မည် မဟုတ်ပေ။ ဘုရားသခင်နှင့် လူသားမျိုးနွယ်သည် ငြိမ်သက်ခြင်း ချမ်းသာထဲသို့ တစ်ပြိုင်နက် ဝင်ရောက်ကြလိမ့်မည်။ ဘုရားသခင်သည် သူ၏မူလနေရာသို့ ပြန်သွားလိမ့်မည်ဖြစ်ပြီး လူအသီးသီးသည် ၎င်းတို့၏ သက်ဆိုင်ရာ နေရာအသီးသီးသို့ ပြန်သွားကြလိမ့်မည်။ ဤသည်တို့မှာ ဘုရားသခင်၏ စီမံခန့်ခွဲမှု တစ်ခုလုံး ပြီးဆုံးသည်နှင့်တစ်ပြိုင်နက် ဘုရားသခင်နှင့် လူသားများ နေထိုင်သွားကြမည့် ခရီးပန်းတိုင်များ ဖြစ်သည်။...ဘုရားသခင်နှင့် လူသားမျိုးနွယ်သည် ငြိမ်သက်ခြင်း ချမ်းသာထဲသို့ ဝင်ရောက်ပြီးသည့်နောက်တွင်၊ စာတန်သည် တည်ရှိတော့မည် မဟုတ်။ ထိုနည်းတူ ဆိုးယုတ်သော ထိုလူတို့သည်လည်း ဆက်လက် တည်ရှိလိမ့်မည် မဟုတ်ပေ။ ဘုရားသခင်နှင့် လူသားမျိုးနွယ်တို့ အနားမယူမီတွင်၊ ကမ္ဘာမြေကြီးပေါ်တွင် ဘုရားသခင်ကို တစ်ချိန်က နှိပ်စက်ညှဉ်းပန်းခဲ့ကြသည့် ဆိုးယုတ်သော သူများအပြင်၊ ကမ္ဘာမြေပေါ်၌ ဘုရားသခင်ကို မနာခံခဲ့ကြသည့် ရန်သူတို့သည် ဖျက်ဆီးခံကြရနှင့်ပြီး ဖြစ်လိမ့်မည်။ ၎င်းတို့သည် နောက်ဆုံးသောကာလ၏ ကြီးမားသည့် ကပ်ဘေးများအားဖြင့် ချေမှုန်းသုတ်သင်ခံရကြပြီး ဖြစ်လိမ့်မည်။ ထိုဆိုးယုတ်သော လူများ လုံးဝ အမြစ်ဖြတ် ချေမှုန်းခံပြီးသည်နှင့်တစ်ပြိုင်နက်၊ ကမ္ဘာမြေကြီးသည် စာတန်၏ နှောင့်ယှက်ခြင်းကို မည်သည့်အခါမျှ တစ်ဖန် ကြုံရလိမ့်မည် မဟုတ်ပေ။ ထိုအခါမှသာ လူသားမျိုးနွယ်သည် ပြီးပြည့်စုံသော ကယ်တင်ခြင်းကို ရရှိလိမ့်မည် ဖြစ်ပြီး ဘုရားသခင်၏အမှုသည် လုံးလုံးလျားလျား ပြီးဆုံးသွားလိမ့်မည်။ ဤသည်တို့မှာ ငြိမ်သက်ခြင်း ချမ်းသာထဲသို့ ဝင်ရောက်ရန် ဘုရားသခင်နှင့် လူသားမျိုးနွယ်အတွက် မရှိမဖြစ် ရှိထားရမည့် လိုအပ်ချက်များ ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်နှင့် လူသားသည် ငြိမ်သက်ခြင်းချမ်းသာထဲသို့ အတူတကွ ဝင်ရောက်ကြလိမ့်မည်

ငါ့ကိုချစ်ပြီး မိမိကိုယ်ကို ငြင်းပယ်သူတို့အား ငါ၏သနားကရုဏာကို ဖော်ပြ၏။ သို့သော်လည်း ကောက်ကျစ်စဉ်းလဲသူတို့အပေါ် ကျရောက်သည့် အပြစ်ဒဏ်မှာ ငါ၏ဖြောင့်မတ်သော စိတ်သဘောထား၏ သက်သေအတိအကျဖြစ်ပြီး ငါ့အမျက်ဒေါသအား သက်သေခံချက် သာ၍ပင် ဖြစ်၏။ ဘေးဒုက္ခ ရောက်လာသည့်အခါ ငါ့ကိုဆန့်ကျင်သူ အားလုံးသည် ၎င်းတို့အပေါ် အငတ်ဘေးနှင့် ကပ်ဆိုးကျရောက်သည်နှင့်အမျှ ငိုကြွေးကြလိမ့်မည်။ ကောက်ကျစ် စဉ်းလဲမှုအမျိုးမျိုး ကျူးလွန်ခဲ့သော်လည်း ငါ့နောက်သို့ နှစ်ပေါင်းများစွာ လိုက်ခဲ့သူများသည် မိမိတို့၏အပြစ်များအတွက် ပေးဆပ်ရခြင်းမှ လွတ်မြောက်လိမ့်မည် မဟုတ်။ ၎င်းတို့သည်လည်း နှစ်သန်းပေါင်းများစွာ တစ်လျှောက်လုံး မြင်တွေ့ရခဲသော ဘေးဒုက္ခမျိုးထဲသို့ ထိုးဆင်း၍ စဉ်ဆက်မပြတ် ထိတ်လန့်တုန်လှုပ်၊ ကြောက်ရွံ့ခြင်း၌ အသက်ရှင်ရလိမ့်မည်။ ထို့အပြင် ငါ့အပေါ်၌ သစ္စာစောင့်သိမှုကို ပြသပြီးဖြစ်သော ငါ၏နောက်လိုက်များသည် ဝမ်းမြောက်၍ ငါ၏အစွမ်းသတ္တိကို ချီးမွမ်းကြလိမ့်မည်။ သူတို့သည် ပြောမပြနိုင်လောက်သော ရောင့်ရဲတင်းတိမ်မှုကို ကြုံတွေ့ရပြီး ယခင်က လူသားမျိုးနွယ်အပေါ် ငါမနှင်းအပ်ခဲ့ဖူးသော ဝမ်းမြောက်ခြင်းအလယ် အသက်ရှင်ကြလိမ့်မည်။ အကြောင်းမူကား ငါသည် လူသား၏ ကောင်းမွန်သော လုပ်ဆောင်ချက်များကို တန်ဖိုးထား၍ ၎င်းတို့၏ ဆိုးယုတ်သော လုပ်ဆောင်ချက်များကို စက်ဆုပ်သောကြောင့်ဖြစ်၏။ ငါသည် လူသားမျိုးနွယ်ကို စတင်ဦးဆောင်ခဲ့စဉ်မှစ၍ ငါ၏စိတ်တော်နှင့် တညီတညွတ်တည်းဖြစ်သော လူတစ်စုကိုရရှိရန် စိတ်အားထက်သန်စွာဖြင့် မျှော်လင့်နေခဲ့သည်။ သို့သော်လည်း ငါ၏စိတ်တော်နှင့် တညီတညွတ်တည်း မရှိသောသူတို့ကိုမူ ငါသည် မည်သည့်အခါမျှ မေ့လျော့ခြင်း မရှိပေ။ ထိုသူတို့အပေါ် အပြစ်ဒဏ်ခတ်ရန် အခွင့်အရေးကို မြင်တွေ့ရလျှင် ငါသည် သဘောတွေ့မည် ဖြစ်ပြီး၊ ယင်းအခွင့်အရေးကိုသာ စောင့်စားလျက် ငါ့နှလုံးသားထဲတွင် သူတို့ကို ငါအမြဲတစေ စက်ဆုပ်ရွံရှာ၏။ ယခု ငါ၏နေ့ရက်သည် နောက်ဆုံးတွင် ရောက်လာပြီဖြစ်ပြီး ငါသည် ဆက်လက် စောင့်ဆိုင်းရန် မလိုတော့ပေ။

ငါ၏နောက်ဆုံးအလုပ်သည် လူသားကို အပြစ်ပေးရန်အတွက်သာ မဟုတ်ဘဲ၊ လူသား၏ ပန်းတိုင်ကို စီစဉ်ရန် အတွက်လည်းဖြစ်၏။ ထိုထက်မက ယင်းသည် ငါ၏ ပြုမူလုပ်ဆောင်ချက်များကို လူအားလုံး အသိအမှတ်ပြုရန်အလို့ငှာ ဖြစ်သည်။ ငါပြုလုပ်ခဲ့သည့် အမှုအရာအားလုံးသည် မှန်ကန်ကြောင်းနှင့် ငါပြုလုပ်ခဲ့သည့် အမှုအရာ အားလုံးသည် ငါ၏ စိတ်သဘောထားကို ဖော်ပြခြင်းဖြစ်ကြောင်း လူခပ်သိမ်းတို့အား ငါသိစေလို၏။ လူသားမျိုးနွယ်ကို မွေးဖွားခဲ့သည့်အရာသည် လူသား၏လုပ်ဆောင်ချက် မဟုတ်၊ သဘာဝကြောင့် သာ၍ပင်မဟုတ်ဘဲ ဖန်ဆင်းခြင်းတွင် သက်ရှိအရာတိုင်းကို အာဟာရပေးသည်မှာ ငါ ဖြစ်သည်။ ငါမရှိလျှင် လူသားမျိုးနွယ်သည် ပျက်စီးခြင်းသို့သာ ရောက်ပြီး ကပ်ဘေးများစွာ၏ဒုက္ခကို ခံစားရလိမ့်မည်။ လှပသည့်နေနှင့်လ သို့မဟုတ် စိမ်းလန်းစိုပြေသည့် ကမ္ဘာမြေကို မည်သည့်လူသားမျှ နောက်ထပ် မြင်တွေ့ရလိမ့်မည် မဟုတ်ပေ။ လူသားမျိုးနွယ်သည် အလွန်အေးစက်သော ညများနှင့် ရှောင်လွှဲမရသည့် သေမင်း၏အရိပ်လွှမ်းမိုးသော ချိုင့်ဝှမ်းနှင့်သာ ကြုံတွေ့ရလိမ့်မည်။ ငါသာလျှင် လူသားမျိုးနွယ်၏ တစ်ခုတည်းသော ကယ်တင်ရာဖြစ်၏။ ငါသာလျှင် လူသားမျိုးနွယ်၏ တစ်ခုတည်းသော မျှော်လင့်ရာ ဖြစ်သည်သာမက၊ ငါသည် လူသားမျိုးနွယ်တစ်ရပ်လုံး၏ တည်ရှိခြင်းအတွက် တည်မှီရာဖြစ်သည်။ ငါမရှိလျှင် လူသားမျိုးနွယ်သည် ချက်ချင်း လုံးဝဥဿုံရပ်တန့်သွားမည်။ ငါ့ကို မည်သူမျှ အလေးမစိုက်သော်လည်း၊ ငါမရှိလျှင် လူသားမျိုးနွယ်သည် ရုတ်တရက် ဖြစ်ပွားသည့် ကပ်ဘေးဒဏ်ခံရပြီး တစ္ဆေအမျိုးမျိုးတို့၏ ဖဝါးအောက် နင်းချေခြင်းခံရလိမ့်မည်။ အခြားမည်သူမျှ မပြုနိုင်သည့်အမှုကို ငါပြုခဲ့ပြီဖြစ်ပြီး လူသားသည် ငါ့ကို အချို့သော ကောင်းမှုများဖြင့် ကျေးဇူးပြန်ဆပ်ရန်သာ ငါမျှော်လင့်သည်။ ငါ့ကို ကျေးဇူးဆပ်နိုင်သူတို့မှာ အလွန်နည်းပါးသော်လည်း၊ ငါသည် ဤလူ့လောကတွင် ငါ၏ခရီးကို အဆုံးသတ်ပြီး ငါ၏ဖွင့်လှစ်ပြခြင်းအမှု၏ နောက်တစ်ဆင့်ကို စတင်ဦးမည် ဖြစ်သည်၊ အကြောင်းမူကား ဤနှစ်ပေါင်းများစွာ လူသားအကြား ငါ၏ခေါက်တုံ့ခေါက်ပြန် အပူတပြင်း လုပ်ဆောင်မှုသည် အကျိုးဖြစ်ထွန်းပြီးဖြစ်၍ ငါသည် အလွန်ကျေနပ်၏။ ငါအရေးစိုက်သည်မှာ လူအရေအတွက် မဟုတ်ဘဲ၊ သူတို့၏ ကောင်းမှုများသာ ဖြစ်၏။ မည်သို့ပင်ဖြစ်စေကာမူ သင်တို့ကိုယ်တိုင်၏ ပန်းတိုင်အတွက် ကောင်းမှုများအလုံအလောက် သင်တို့ပြင်ဆင်မည်ဟု ငါမျှော်လင့်၏။ ထိုအခါ ငါကျေနပ်လိမ့်မည်။ သို့မဟုတ်ပါက သင်တို့ အပေါ်ကျရောက်လာမည့် ဘေးအန္တရာယ်ကို သင်တို့တစ်ဦးမျှ ရှောင်နိုင်မည် မဟုတ်။ ဤဘေးဒုက္ခသည် ငါ့ထံမှစတင်၍ ငါစီစဉ်ညွှန်ကြားခြင်း ဖြစ်သည်မှာ မှန်ပေသည်။ ငါ၏အမြင်၌ သင်တို့သည် ကောင်းမွန်ပုံ မပေါက်လျှင် သင်တို့သည် ဘေးဒုက္ခခံစားရခြင်းမှ လွတ်မြောက်နိုင်လိမ့်မည် မဟုတ်ပေ။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သင်၏ ပန်းတိုင်အတွက် လုံလောက်သော ကောင်းမှုများကို ပြင်ဆင်လော့

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

အောင်မြင်သူတစ်ဦးသည် မည်သည့်အရာဖြစ်ပြီး လူတစ်ယောက်သည် ဘေးဒုက္ခမတိုင်မီ အောင်မြင်သူတစ်ဦး အဖြစ် မည်သို့ပြုလုပ်ခြင်းခံရနိုင်သနည်း

ကိုးကားရန် သမ္မာကျမ်းပိုဒ်များ- “ဤသူတို့သည် ကြီးစွာသော ဆင်းရဲဒုက္ခအထဲက ထွက်မြောက်၍၊ မိမိတို့ဝတ်လုံကို သိုးသငယ်၏ အသွေး၌လျှော်၍ ဖြူစေသောသူ...

အနန္တတန်ခိုးရှင် ဘုရားသခင်ကို လက်ခံဖို့ ငြင်းဆန်သူများ ဘေးဒုက္ခများထဲသို့ ကျရောက်ခြင်းသည် ဘုရားသခင်၏ အပြစ်ဒဏ်ပေးခြင်း ဖြစ်သည်

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ- ခရစ်တော်ပြောဆိုခဲ့သည့် သမ္မာတရားကို အားကိုးခြင်းမရှိဘဲ အသက်ရရှိလိုသူတို့သည် ကမ္ဘာမြေပေါ်တွင်...

Leave a Reply

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။