ဒါပေမဲ့ ကျုပ်က ဘုရားကို တစ်ခါမှမမြင်ဖူးဘူး။ ဘုရားသခင်က ဘယ်လိုအလုပ်လုပ်တယ်ဆိုတာ ကမ္ဘာကို ဘယ်လိုအုပ်စိုးတယ်ဆိုတာ ကျုပ် တစ်ခါမှ မမြင်ဖူးဘူး။ ဘုရားကိုသိပြီး သူ့ကိုလက်ခံဖို့ ကျုပ်အတွက် ခက်ခဲတယ်။ ဘာသာရေးယုံကြည်မှုကို နှစ်တော်တော်များများလေ့လာပြီးနောက်မှာ ဘာသာရေးယုံကြည်မှုက ဝိညာဉ်ဆိုင်ရာအာဟာရကိုပေးတယ်လို့ ကျုပ်ထင်တယ်။ ဒါက လူသားမျိုးနွယ်ရဲ့ ဝိညာဉ်ဆိုင်ရာလစ်ဟာမှုကို ဖြည့်ဆည်းဖို့ နည်းတစ်ခုသက်သက်ပဲ။ ဘုရားသခင်ကို ယုံကြည်သူတွေက နောက်ဆုံးမှာကျုပ်တို့လိုပဲ သေတာပဲမဟုတ်လား။ ဘယ်သူက ကောင်းကင်ဘုံပေါ်တက်ပြီး ဘယ်သူက ငရဲသွားတယ်ဆိုတာ ဘယ်သူကမှ အတည်မပြုနိုင်ဘူး။ ကျုပ်အတွက်က ဘာသာရေးယုံကြည်မှုက လက်တွေ့မကျဘဲ အတော်ကို မသေချာပါဘူး။ သိပ္ပံရဲ့ဖွံ့ဖြိုးမှု၊ လူရဲ့တိုးတက်မှုနဲ့ ဘာသာရေးယုံကြည်မှုဟာ စွန့်ပစ်ပြီး ဖယ်ရှားခံရဖို့ အလားအလာသိပ်များတယ်။ ကျုပ်တို့အားလုံးက သိပ္ပံကို ယုံကြည်ဖို့လိုတယ်။ သိပ္ပံသာ ဘယ်သူကမှ မငြင်းနိုင်တဲ့ သမ္မာတရားနဲ့ စစ်မှန်မှုကို ဖော်ထုတ်နိုင်တယ်။ သိပ္ပံက ဘုရားကို မငြင်းပေမဲ့ ဘုရားရဲ့တည်ရှိမှုကို မမြင်တွေ့ရသေးဘူး။ သိပ္ပံက ဘုရားသခင်တည်ရှိပြီး အရာအားလုံးကို အုပ်စိုးတယ်ဆိုတဲ့ သက်သေတွေ့ရင် ကျုပ်တို့လည်း ဘုရားကို ယုံမှာပဲ။ ကျုပ်တို့ကွန်မြူနစ်အားလုံးက သိပ္ပံကို ယုံကြည်တယ်။ သိပ္ပံအပေါ် ယုံကြည်မှုနဲ့ တိုးတက်မှုကနေတစ်ဆင့်ကသာ လူမှုအဖွဲ့အစည်းက တိုးတက်မယ်။ သိပ္ပံက လူ့အဖွဲ့အစည်းတွေရဲ့ တကယ့်ပြဿနာတော်တော်များများကို ဖြေရှင်းနိုင်တယ်။ ဘုရားသခင်ကို ယုံကြည်ခြင်းက လူတွေကို ဘာပေးလဲ။ ယာယီ ဝိညာဉ်ဆိုင်ရာသက်သာမှုကလွဲပြီး တခြားဘာကောင်းလဲ။ တကယ့်ပြဿနာတွေကို မဖြေရှင်းပေးဘူး။ ကျုပ်ဆိုလိုတာက သိပ္ပံကို ယုံကြည်မှုက ဘုရားသခင်ကို ယုံကြည်မှုထက် ပိုပြီး လက်တွေ့ကျတယ်။ ကျုပ်တို့အားလုံး သိပ္ပံကို ယုံကြည်မှရမယ်။
အဖြေ- ဘုရားမဲ့ဝါဒဟာ သိပ္ပံကို အားလုံးအထက်မှာထားပြီး အတော်ကို ယုံကြည်မှုထားကြတယ်။ သိပ္ပံကို အမှန်တရားအဖြစ် သိပ္ပံကို ယုံကြည်မှုအဖြစ် မှတ်ယူတဲ့အထိပဲ။ ဒါပေမဲ့ သိပ္ပံက အမှန်တရားဆိုရင် သီအိုရီတော်တော်များများက ခဏပဲထွက်လာပြီး ဘာကြောင့် ချေပခြင်း၊ မှားကြောင်းသက်သေပြခံရခြင်းတွေ ဖြစ်ရတာလဲ။ ဒါဟာ သိပ္ပံက လုံးဝ အမှန်တရားမဟုတ်ဘူဆိုတာ ပြပါတယ်။ သိပ္ပံက လူ့အဖွဲ့အစည်းရဲ့ အဆိုးရွားဆုံး ပြဿနာတွေကို ဖြေရှင်းနိုင်သလား။ သိပ္ပံက လူသားရဲ့ ဖောက်ပြန်ပျက်စီးမှုကို ဖြေရှင်းနိုင်သလား။ သိပ္ပံက ကမ္ဘာရဲ့ အမိုက်အမှောင်နဲ့ ဆိုးယုတ်မှုကို ဖြေရှင်းနိုင်သလား။ လူတွေကို ဘုရားကို သိအောင်ကူညီပေးနိုင်သလား။ သိပ္ပံက လူသားမျိုးနွယ်ကို ပျော်ရွှင်ခြင်းနဲ့ငြိမ်းချမ်းခြင်းကို သယ်ဆောင်ပေးနိုင်သလား။ အခု သိပ္ပံက လုံးဝ ဖွံ့ဖြိုးတိုးတက်လာတော့ အကျိုးဆက်က ဘာတွေလဲ။ သိပ္ပံဟာ လူသားမျိုးနွယ်အပေါ် ပျော်ရွှင်ခြင်းနဲ့ ငြိမ်းချမ်းခြင်းကို မယူဆောင်ခဲ့ပါဘူး။ လူကို ဖျက်ဆီးဖို့ ခြိမ်းခြောက်တဲ့ စစ်ပွဲတွေနဲ့ ကပ်ဘေးတွေ သယ်ဆောင်လာတယ်။ ပတ်ဝန်းကျင်က ဖျက်ဆီးခံရတယ်။ ကျန်းမာရေးအတွက်ကောင်းတဲ့အစားအစာ၊ ပြုပြင်မွမ်းမံမထားတဲ့အရာတွေက အခု ရှားနေပြီ ဒါတွေအားလုံး အမှန်ပဲ မဟုတ်လား သိပ္ပံတိုးတက်လာတော့ လူသားတွေဟာ သိပ္ပံကိုပိုပြီးယုံကြည်လာပြီးနောက်မှာတော့ ဘုရားသခင်ကို ငြင်းပယ်ဆန့်ကျင်တယ်။ ဒါက လူသားမျိုးနွယ်ရဲ့ ကြီးမားလာနေတဲ့ ကပ်ဘေးကို ဦးတည်သွားနေတယ်။ အနန္တတန်ခိုးရှင်ဘုရားသခင် ပြောသလိုပါပဲ။ “လူတို့တွင် လူမှုရေးသိပ္ပံပညာများ စတင်ထွန်းကားလာသည့် အချိန်မှစ၍ လူတို့၏စိတ်ထဲတွင် သိပ္ပံပညာနှင့် အသိပညာများက နေရာယူလာခဲ့ကြသည်။ သိပ္ပံနှင့် အသိပညာသည် လူသားတို့ကို အုပ်စိုးခြင်းအတွက် တန်ဆာပလာများဖြစ်လာခဲ့ပြီး လူသားတို့အတွက် ဘုရားသခင်ကို ဝတ်ပြုကိုးကွယ်ရန် နေရာအလုံအလောက် မရှိတော့၊ ထို့ပြင် ဘုရားသခင်ကို ဝတ်ပြုကိုးကွယ်ရန် ပို၍သင့်လျော်သောအခြေအနေများလည်း မပေးတော့ပေ။ ဘုရားသခင်၏နေရာသည် လူတို့၏ နှလုံးသားထဲတွင် နိမ့်သည်ထက်နိမ့်ဆင်းလာခဲ့သည်။ ဘုရားသခင်အတွက် နေရာမရှိသော လူတို့၏ စိတ်နှလုံးထဲရှိ ကမ္ဘာမှာ မှောင်မိုက်ပြီး မျှော်လင့်ချက်ကင်းမဲ့ကာ အချည်းနှီးပင် ဖြစ်လေသည်။...သိပ္ပံပညာ၊ အသိပညာ၊ လွတ်လပ်မှု၊ ဒီမိုကရေစီ၊ နားနေချိန်၊ သက်သောင့်သက်သာရှိခြင်း၊ ယင်းတို့မှာ ယာယီအနားရခြင်းသာ ဖြစ်သည်။ ဤအရာများဖြင့်ပင်လျှင်၊ လူသားတို့သည် မလွဲဧကန် အပြစ်ကျူးလွန်ကြလိမ့်မည်ဖြစ်ပြီး လူမှုအဖွဲ့အစည်း၏ မတရားမှုများကို ညည်းတွားကြလိမ့်မည်။ ဤအရာများက လူသားတို့၏ တောင့်တမှုနှင့် စူးစမ်းစစ်ဆေးလိုသည့်ဆန္ဒကို မချုပ်ထိန်းနိုင်ပေ။ အကြောင်းမှာ လူသားကို ဘုရားသခင် ဖန်ဆင်းခဲ့ခြင်းဖြစ်ပြီး လူသားများ၏ အသိတရားမဲ့သော စွန့်လွှတ်အနစ်နာခံမှုများနှင့် စူးစမ်းလေ့လာမှုများသည် ပို၍ပင် စိတ်သောကများစေနိုင်ပါသည်။ လူသားတို့သည် အမြဲကြောက်ရွံ့နေမည်ဖြစ်ပြီး လူသားတို့၏ နောင်လာမည့်အနာဂတ်ကို မည်သို့ရင်ဆိုင်ရမည် သို့မဟုတ် ရှေ့တွင်ရှိသော လမ်းကြောင်းကို မည်သို့ရင်ဆိုင်ရမည်ကို သိလိမ့်မည်မဟုတ်ပေ။ လူသားတို့သည် သိပ္ပံနှင့် အသိပညာတို့ကိုပင် ကြောက်ရွံ့လာမည်ဖြစ်ပြီး မိမိအထဲ၌ လစ်ဟာနေခြင်း ခံစားချက်ကို ပို၍ပင် ကြောက်ရွံ့လာမည်ဖြစ်သည်။... တိုင်းနိုင်ငံတစ်နိုင်ငံ သို့မဟုတ် လူမျိုးတစ်မျိုးမှ လူများသည် ဘုရားသခင်၏ ကယ်တင်ခြင်းနှင့် စောင့်ရှောက်မှုကို ခံယူရန် မတတ်နိုင်ပါက ထိုတိုင်းနိုင်ငံ သို့မဟုတ် လူမျိုးသည် အမှောင်လောကဆီသို့ ပျက်စီးရာ လမ်းကြောင်းကို လျှောက်လှမ်းရမည်ဖြစ်ပြီး ဘုရားသခင်၏ သုတ်သင်ဖယ်ရှားခြင်းကိုလည်း ခံရပေမည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ နောက်ဆက်တွဲ (၂)- လူသားမျိုးနွယ်တစ်ရပ်လုံး၏ ကံကြမ္မာအပေါ် ဘုရားသခင် တာဝန်ယူဦးဆောင်သည်)။ လူက သိပ္ပံကို ထောက်ခံယုံကြည်တဲ့အခါမှာ သူဟာ သမ္မာတရားနဲ့ ဘုရားသခင်ကို အလိုအလျောက်ငြင်းပယ်လိမ့်မယ်။ အဲဒါရဲ့ ရလဒ်က ဘာဖြစ်မလဲ။ လူဟာ သိပ္ပံကို ယုံကြည်တဲ့အခါမှာ သူဟာ ဘုရားသခင်ရဲ့အမှုတော်နဲ့ ကယ်တင်ခြင်းကို လက်ခံဖို့ အလိုအလျောက်ငြင်းဆန်ပြီး ဘုရားသခင်ကိုတောင် ဆန့်ကျင်လိမ့်မယ်။ လူသားက ဘုရားသခင်ကို ထားခဲ့တဲ့အခါမှာ သူ့နှလုံးသားမှာ ဘုရားသခင်အတွက် နေရာမရှိတော့ဘူး ဒါကြောင့် ဘုရားသခင်ရဲ့ ကောင်းကြီးကို ရမှာမဟုတ်ဘူး။ လူသားမျိုးနွယ်က သိပ္ပံနဲ့ဆိုးယုတ်မှုကို ထောက်ခံပြီး လောကအရာတွေနောက်ကို လိုက်တဲ့အခါမှာ လူသားမျိုးနွယ်နဲ့ ဘုရားသခင်ရဲ့ကြားကွာဟမှုက ပိုကျယ်လာတယ်။ တစ်ကမ္ဘာလုံးက ပိုပြီးမှောင်မိုက်ဆိုးယုတ်လာပြီး ဘုရားသခင်ကို ပိုတောင်ဆန့်ကျင်လာတယ်။ မကြာခဏ ရုန်းကန်လှုပ်ရှားရတာတွေ စစ်ပွဲတွေတိုးလာခြင်းက လူသားမျိုးနွယ်အပေါ်ကို ဘေးဒုက္ခတွေအမျိုးမျိုးသယ်ဆောင်လာတယ်။ ရိုးရိုးသားသားပြောပါ သိပ္ပံက လူသားကို ဆိုးယုတ်မှုနဲ့အပြစ်တရားကနေ ကယ်နိုင်မယ်လို့ထင်လား။ သိပ္ပံက နောက်ဆုံးသောကာလမှာ လူသားကို ကပ်ဘေးကနေ လွတ်မြောက်အောင် ကူညီနိုင်မှာလား။ သိပ္ပံက လူသားမျိုးနွယ်အတွက် ကောင်းမွန်တဲ့ ပန်းတိုင်ကို ရယူပေးနိုင်မှာလား။ ဒါတွေက သိပ္ပံက မဖြေရှင်းနိုင်တဲ့ လူသားရဲ့ ရလဒ်နဲ့ ဆက်နွယ်နေတဲ့ အဓိကပြဿနာတွေပဲ။ ဒါ သိပ္ပံက အမှန်တရားမဟုတ်ဘူးဆိုတာ၊ လူကို မကယ်တင်နိုင်ဘူးဆိုတာ သက်သေပြဖို့ လုံလောက်တယ်။ နောက်ဆုံးသောကာလမှာအနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ သမ္မာတရားကိုဖော်ပြခြင်းဟာ လူသားကို ကယ်တင်ဖို့အတွက်ဖြစ်တယ်။ လူသားမျိုးနွယ်ဟာ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ တရားစီရင်ခြင်းနဲ့ သန့်စင်ခြင်းကို ရရှိရင် ကပ်ဘေးရဲ့အလယ်မှာ ဘုရားသခင်ရဲ့ကာကွယ်မှုကို ရနိုင်ပြီး ဘုရားသခင်ရဲ့ နိုင်ငံတော်ဆီကို သယ်ဆောင်ခံဖို့အတွက် အသက်ရှင်လိမ့်မယ်။ ဒါဟာ ဘုရားသခင်ရဲ့ ကတိတော်ပဲ။ လူက ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်ကို လက်ခံသည်ဖြစ်စေ လက်မခံသည်ဖြစ်စေ သူဟာ ကပ်ဘေးပြီးဆုံးတဲ့အချိန်မှာ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေ ပြီးပြည့်စုံတာကို မြင်ရလိမ့်မယ်။ ပြီးရင် နောင်တရဖို့ သိပ်နောက်ကျသွားမယ်။
အပြန်အလှန်စကားပြောဆိုခြင်း ၏ ရုပ်ရှင် ဇာတ်ညွှန်း မှ
မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။