ဘုရားသခင်သည် လူသားမျိုးနွယ်၏ ရှင်သန်ခြင်း အတွက် လုံးလုံးလျားလျား ဖန်ဆင်း၊ အုပ်စိုးပြီး စီမံခန့်ခွဲသည်။

13.11.2020

အကြောင်းအရာနှင့် ဖော်ပြချက်ပုံစံ၌ အနည်းငယ် တစ်မူထူးခြားသော်လည်း၊ သူတို့ဖြစ်မြဲအတိုင်း အတော်အတန် ထူးခြားသည့် နည်းလမ်းအတိုင်း ပြောပြထားခြင်းဖြစ်သော ငါယခုပင်ပြောပြခဲ့သည့် ပုံဝတ္ထုနှစ်ခုတို့မှာ သင်တို့အား ပို၍နက်နဲသောအရာကို ရရှိပြီး လက်ခံရန် အကူအညီပေးဖို့အတွက် လွယ်ကူရှင်းလင်းသည့် ဘာသာစကားနှင့် ရိုးရှင်းသောနည်းလမ်းကို အသုံးပြုရန်အတွက် ငါ၏အားထုတ်မှု ဖြစ်ခဲ့သည်၊ ဤသည်မှာ ငါ၏ တစ်ခုတည်းသော ရည်မှန်းချက်ဖြစ်သည်။ ဤပုံဝတ္ထုလေးများနှင့် ၎င်းတို့ရေးဆွဲသည့် ပုံလွှာများထဲတွင် ဘုရားသခင်သည် အရာအားလုံးတို့အပေါ် အချုပ်အခြာအာဏာဖြစ်သည်ကို သင်တို့အား မြင်တွေ့ပြီး ယုံကြည်စေလိုသည်။ ဤပုံဝတ္ထုများကို ပြောပြရခြင်း၏ ရည်ရွယ်ချက်က ပုံဝတ္ထုတစ်ခု၏ ဘောင်ခတ်ထားသည့် ကန့်သတ်ချက်များအတွင်းတွင် ဘုရားသခင်၏ ကန့်သတ်၍ မရနိုင်သည့် လုပ်ဆောင်ချက်များကို သင်တို့အား မြင်တွေ့သိရှိခွင့် ပေးဖို့ ဖြစ်သည်။ သင်သည် အပြည့်အဝ သဘောပေါက်ပြီး သင်တို့အထဲတွင် ဤရလဒ်ကို ရရှိမည့်အချိန်နှင့် ပတ်သက်၍ ယင်းမှာ သင်တို့၏ ကိုယ်ပိုင်အတွေ့အကြုံများနှင့် သင်တို့၏ကိုယ်ပိုင် ကြိုးစားအားထုတ်မှုပေါ် မူတည်သည်။ သင်သည် သမ္မာတရားကို မီအောင်လိုက်ပြီး ဘုရားသခင်ကိုသိဖို့ ကြိုးစားနေသောသူတစ်ဦး ဖြစ်လျှင် ဤအရာများက ပို၍ပင် အားမာန်ပါသည့် သတိပေးချက်အဖြစ် အသုံးကျလိမ့်မည်။ ၎င်းတို့က သင့်ကို နက်နဲသော အမြင်ပွင့်ခြင်းတစ်ခု၊ သင်၏နားလည်ခြင်း၌ ရှင်းလင်းပြတ်သားမှုတစ်ခု သင့်ကို ချပေးလိမ့်မည်ဖြစ်ပြီး၊ ယင်းက အကွာအဝေးမရှိ၊ အမှားမရှိဖြစ်မည့် နီးကပ်ခြင်းနှင့်အတူ ဘုရားသခင်၏ အမှန်တကယ် လုပ်ဆောင်ချက်များနှင့် တဖြည်းဖြည်းနီးစပ်လာလိမ့်မည်၊ သို့သော်လည်း သင်သည် ဘုရားသခင်ကို သိအောင် ကြိုးစားသောသူ မဟုတ်လျှင် ဤပုံဝတ္ထုများသည် သင်တို့ကို မည်သည့်ထိခိုက်မှုမှ ပေးနိုင်မည် မဟုတ်ပါ။ ၎င်းတို့ကို ဖြစ်ရပ်မှန်များဟု သဘောထားလော့။

ဤပုံဝတ္ထုနှစ်ခုမှ သင်တို့ နားလည်မှုတစ်ခုခု ရရှိထားသလော။ ဦးစွာ ဤပုံဝတ္ထုနှစ်ပုဒ်သည် လူသားမျိုးနွယ်အတွက် ဘုရားသခင်၏ အလေးထားမှုအကြောင်း ငါတို့၏ ယခင်ဆွေးနွေးချက်နှင့် ကွာခြားနေသလော။ ပင်ကိုအားဖြင့် ဆက်နွှယ်မှုတစ်ခု ရှိသလော။ ဤပုံဝတ္ထုနှစ်ခုထဲတွင် ဘုရားသခင်၏ လုပ်ဆောင်ချက်များနှင့် လူသားမျိုးနွယ်အတွက် သူစီစဉ်သည့် အရာတိုင်းတွင် သူပေးသည့် မခြွင်းမချန် စာနာထောက်ထားမှုတို့ကို ငါတို့မြင်တွေ့ရသည်မှာ မှန်ကန်သလော။ ဘုရားသခင်ပြုလုပ်သည့် အရာတိုင်းနှင့် သူစဉ်းစားသည့်အရာတိုင်းသည် လူသားမျိုးနွယ်၏ ဖြစ်တည်မှုအကျိုးအတွက် ဖြစ်သည်ဟူသည်မှာ မှန်ကန်သလော။ (မှန်ကန်ပါသည်။) လူသားမျိုးနွယ်အတွက် ဘုရားသခင်၏ စေ့စပ်သေချာသည့် အတွေးနှင့် စာနာထောက်ထားမှုသည် အလွန်ထင်ရှားမြင်သာသည် မဟုတ်လော။ လူသားမျိုးနွယ်သည် မည်သည့်အရာကိုမျှ လုပ်စရာမလိုပါ။ ဘုရားသခင်သည် လူသားများအတွက် လေကို ပြင်ဆင်ထားပြီးသားဖြစ်ရာ၊ သူတို့လုပ်စရာတစ်ခုတည်းက ၎င်းကို ရှုဖို့သာဖြစ်သည်။ သူတို့စားသုံးသော ဟင်းသီးဟင်းရွက်များနှင့် သစ်သီးဝလံများမှာ အဆင်သင့်ရနိုင်သည်။ မြောက်အရပ်မှ တောင်အရပ်၊ အရှေ့အရပ်မှ အနောက်အရပ် ဒေသတစ်ခုစီတွင် သဘာဝသယံဇာတများ ကိုယ်စီရှိကြသည်။ အမျိုးမျိုးသော ဒေသအလိုက် ကောက်ပဲသီးနှံများ၊ သစ်သီးဝလံများနှင့် ဟင်းသီးဟင်းရွက်များ အားလုံးကို ဘုရားသခင်က ပြင်ဆင် ထားသည်။ ပိုမိုကြီးမားသည့် ပတ်ဝန်းကျင်တွင်၊ ဘုရားသခင်က အရာအားလုံးကို အပြန်အလှန် အားဖြည့်စေပြီး၊ ကျွန်းကိုင်းမှီ ကိုင်းကျွန်းမှီ ဖြစ်စေသည်၊ အပြန်အလှန် ခွန်အားပေးပြီး၊ အပြန်အလှန် ချေဖျက်ကာ၊ အတူယှဉ်တွဲနေထိုင်စေသည်။ ဤသည်မှာ အရာအားလုံး၏ ဖြစ်တည်မှုနှင့် ရှင်သန်ရပ်တည်မှုကို ထိန်းချုပ်ထားသည့် သူ၏ နည်းစနစ်နှင့် စည်းမျဉ်းတို့ဖြစ်သည်။ ဤနည်းအားဖြင့် လူသားမျိုးနွယ်သည် ယနေ့ထက်ထိပင် မျိုးဆက်တစ်ခုမှ နောက်မျိုးဆက်တစ်ခုအထိ ပေါက်ဖွားရန်အတွက် ဤသက်ရှိ ပတ်ဝန်းကျင်အတွင်း၌ လုံခြုံစွာနှင့် တည်ငြိမ်အေးချမ်းစွာ ရှင်သန် ကြီးထွားလာနိုင်ကြသည်။ တစ်နည်းအားဖြင့် ဘုရားသခင်က သဘာဝပတ်ဝန်းကျင်ကို ဟန်ချက်ညီအောင် ပြုလုပ်ပေးခြင်း ဖြစ်သည်။ ဘုရားသခင်၌ အချုပ်အခြာအာဏာနှင့် ထိန်းချုပ်မှုသာ မရှိခဲ့လျှင် သဘာဝပတ်ဝန်းကျင်သည် ဘုရားသခင်၏ ဖန်ဆင်းခဲ့ခြင်းပင် ဖြစ်လင့်ကစား ထိန်းသိမ်းပြီး ဟန်ချက်ညီအောင် မည်သူမျှ၏ အစွမ်းအစဖြင့် လုပ်နိုင်မည် မဟုတ်ပါ။ တစ်ချို့နေရာတွင် လေမရှိသည့်အတွက် ထိုကဲ့သို့သော နေရာများတွင် လူသားမျိုးနွယ်က ဆက်လက်မရှင်သန်နိုင်ကြပါ။ ဘုရားသခင်က သင့်ကို ထိုနေရာများသို့သွားရန် ခွင့်ပြုလိမ့်မည်မဟုတ်ပါ။ ထို့ကြောင့် သင့်တော်သော အကန့်အသတ်ဘောင်ကို ကျော်၍မသွားနှင့်။ ဤသည်မှာ လူသားမျိုးနွယ်၏ အကာအကွယ်အတွက်ဖြစ်ပြီး၊ ထိုအထဲ၌ လျှို့ဝှက်ဆန်းကြယ်မှုများ ရှိသည်။ သဘာဝ ပတ်ဝန်းကျင်၏ သွင်ပြင်လက္ခဏာတစ်ခုစီ၊ ကမ္ဘာကြီး၏ အလျားနှင့်အနံ၊ ကမ္ဘာပေါ်ရှိ သက်ရှိရောသက်မဲ့ပါ သတ္တဝါတိုင်းကို ဘုရားသခင်က ကြိုတင်၍ စိတ်ကူးကြံစည်ပြီး ပြင်ဆင် ထားခဲ့ခြင်းဖြစ်သည်။ ဤအရာက အဘယ်ကြောင့် လိုအပ်သနည်း။ ထိုအရာက အဘယ်ကြောင့် မလိုအပ်သနည်း။ ဤအရာကို ဤနေရာ၌ ထားရှိရသည့် ရည်ရွယ်ချက်က မည်သည့်အရာဖြစ်ပြီး ၎င်းက အဘယ်ကြောင့် ထိုနေရာကို သွားသင့်သနည်း။ ဤမေးခွန်းများ အားလုံးကို ဘုရားသခင်က ခြေသိမ်းခေါင်းပိုက် စဉ်းစား ပြီးသားဖြစ်ပြီး၊ လူတို့အနေဖြင့် ၎င်းတို့အကြောင်းကို စဉ်းစားဖို့မလိုပါ။ တောင်များကိုရွှေ့ဖို့ အမြဲစဉ်းစားသည့် လူမိုက် တချို့ရှိသည်၊ သို့သော် ထိုသို့ပြုမည့်အစား မြေပြန့်ဒေသကို အဘယ်ကြောင့် ပြောင်းမသွားကြသနည်း။ တောင်များကို သင်မကြိုက်လျှင် သူတို့နားတွင် သင် အဘယ်ကြောင့်နေရသနည်း။ ၎င်းသည် ရူးမိုက်ရာ မကျသလော။ ထိုတောင်ကို သင် ရွှေ့လိုက်မည်ဆိုလျှင် မည်သို့ ဖြစ်လာမည်နည်း။ ဟာရီကိန်း မုန်တိုင်းများနှင့် ဧရာမလှိုင်းလုံးကြီးများ လာပြီး၊ လူတို့၏ အိုးအိမ်များမှာ ဖျက်ဆီးခံရမည်။ ဤသည်မှာ မိုက်မဲမှု မဟုတ်သလော။ လူတို့သည် ဖျက်ဆီးခြင်းသာ တတ်နိုင်ကြသည်။ သူနေထိုင်ရမည့် တစ်ခုတည်းသော နေရာကိုပင် သူတို့ မထိန်းသိမ်းနိုင်ဘဲလျက်နှင့် သူတို့က အရာခပ်သိမ်းကို စီမံ ပြုလုပ်ချင်ကြသေးသည်။ ဤအရာမှာ မဖြစ်နိုင်ပါ။

ဘုရားသခင်က အရာအားလုံးကို စီမံခန့်ခွဲဖို့နှင့် ၎င်းတို့အပေါ် အုပ်စိုးမှုရှိဖို့ လူသားမျိုးနွယ်ကို ခွင့်ပြုထားသော်လည်း၊ လူသားက အလုပ်ကို ကောင်းစွာလုပ်၏လော။ လူသားသည် သူဖျက်ဆီး နိုင်သမျှကို ဖျက်ဆီးတတ်သည်၊ သူသည် ဘုရားသခင်က သူ့အတွက် ပြုလုပ်ခဲ့သည့် အရာတိုင်းကို ၎င်း၏ နဂိုအနေအထားအတိုင်း လုံးဝ မထိန်းသိမ်းနိုင်ပေ၊ သူက ပြောင်းပြန်ဖြစ်အောင် ပြုလုပ်ပြီး ဘုရားသခင်၏ ဖန်ဆင်းခြင်းကို ဖျက်ဆီးခဲ့သည်။ လူသားမျိုးနွယ်က တောင်များကို ရွှေ့ခဲ့ကြသည်၊ ပင်လယ်များမှနေ၍ မြေကို ပြန်သိမ်းခဲ့ကြပြီး၊ မြေပြန့်လွင်ပြင်များကို မည်သူမှ မနေနိုင်သည့် ကန္တာရများအဖြစ် ပြောင်းလဲခဲ့ကြသည်။ သို့တိုင် လူက စက်ရုံများ ပြုလုပ်ထားပြီး နျူကလီးယား အခြေစိုက်စခန်းများကို ဆောက်လုပ်ကာ ဖျက်ဆီးခြင်းကို နေရာအနှံ့ စိုက်ပျိုးကြသည်မှာ ကန္တာရထဲ၌ပင် ဖြစ်သည်။ ယခုတွင် မြစ်များမှာ မြစ်နှင့်မတူတော့၊ ပင်လယ်က ပင်လယ်နှင့် မတူတော့ပါ။...လူသားမျိုးနွယ်က သဘာဝပတ်ဝန်းကျင်၏ ဟန်ချက်ညီမျှမှုနှင့် ယင်း၏ စည်းမျဉ်းများကို ချိုးဖောက်ထားပြီးသည်နှင့်တစ်ပြိုင်နက် သူ၏ ကပ်ဆိုက်မည့်နေ့နှင့် သေခြင်းသည် မဝေးတော့ပါ။ ၎င်းကို ရှောင်လွှဲ၍မရပါ။ လူသားမျိုးနွယ်သည် ဘေးအန္တရာယ် ကျရောက် လာသောအခါ ဘုရားသခင်က သူ့အတွက် ပြုလုပ်ထားသည့် အရာတိုင်း၏ အဖိုးတန်မှုနှင့် ၎င်းက လူသားမျိုးနွယ်အတွက် မည်မျှအရေးပါသည်တို့ကို သိနားလည်လိမ့်မည်။ လူသားအတွက် သူ့အချိန်နှင့်သူ လေနှင့်မိုးတို့လာတတ်သည့် ပတ်ဝန်းကျင်တစ်ခုတွင် နေထိုင်ရခြင်းမှာ ပရဒိသုဘုံ၌ နေထိုင်ရသကဲ့သို့ဖြစ်သည်။ လူတို့က ဤအရာကို ကောင်းချီးတစ်ပါးဖြစ်ကြောင်း သဘောမပေါက်ကြပေ၊ သို့သော် ၎င်းတို့အားလုံးကို သူတို့ဆုံးရှုံးရသည့်အချိန်တွင် ၎င်းသည် အဘယ်မျှ ကြုံတောင့်ကြုံခဲဖြစ်ပြီး အဖိုးတန်သည်ကို သူတို့ သိမြင်လိမ့်မည်။ ထို့ပြင် ယင်းက မရှိတော့သည်နှင့် သူတို့ ယင်းကို မည်သို့ပြန်ရယူမည်နည်း။ ဘုရားသခင်က ယင်းကို နောက်ထပ် ဖန်ဆင်းရန် ဆန္ဒမရှိတော့လျှင် လူတို့က မည်သည့်အရာ ပြုလုပ်နိုင်မည်နည်း။ သင်တို့ လုပ်နိုင်သည့်အရာ တစ်စုံတစ်ခု ရှိသလော။ (မရှိပါ၊ ဘာမျှမရှိပါ။) အမှန်မှာမူ သင်တို့ လုပ်နိုင်သည့်အရာ တစ်ခုရှိသည်။ ၎င်းက အရမ်းရိုးရှင်းပြီး၊ ၎င်းမှာ မည်သည့်အရာဖြစ်သည်ကို သင်တို့အား ငါပြောပြသောအခါ ယင်းက ဖြစ်နိုင်ကြောင်း သင်တို့ ချက်ချင်းသိလိမ့်မည်။ လူသားသည် သူ၏လက်ရှိ ဖြစ်တည်မှုအခြေအနေထဲတွင် ရောက်ရှိနေသည်မှာ အဘယ်သို့နည်း။ ယင်းက သူ၏ လောဘနှင့် ဖျက်ဆီးမှုများ ကြောင့်လော။ လူသားက ဤဖျက်ဆီးမှုကို အဆုံးသတ်လျှင် သူ၏ သက်ရှိပတ်ဝန်းကျင်သည် သူ့ဘာသာ တဖြည်းဖြည်း ကောင်းမွန် လာလိမ့်မည်လော။ ဘုရားသခင်သည် မည်သည့် အရာကိုမျှ မလုပ်ပါက၊ ဘုရားသခင်သည် လူသားမျိုးနွယ်အတွက် တစ်ခုခု လုပ်ပေးဖို့ ဆန္ဒမရှိတော့ပါက၊ ဆိုလိုသည်မှာ သူက ဤကိစ္စတွင် ကြားဝင်မစွက်ပါက လူသားမျိုးနွယ်အတွက် အကောင်းဆုံး နည်းလမ်းမှာ ဤဖျက်ဆီးမှုအလုံးစုံကို ရပ်တန့်ရန်နှင့် သူတို့၏ နေထိုင်ရာပတ်ဝန်းကျင်ကို ၎င်း၏နဂိုအခြေအနေသို့ ပြန်ရောက် စေခွင့်ပြုရန်ပင် ဖြစ်လိမ့်မည်။ ဤဖျက်ဆီးမှုအလုံးစုံကို အဆုံးသတ်ခြင်းဆိုသည်မှာ ဘုရားသခင် ဖန်ဆင်းထားခဲ့သည့် အရာများအား အဓမ္မလုယက်ခြင်းနှင့် အကြီးအကျယ် ဖျက်ဆီးခြင်းအား အဆုံးသတ်လိုက်ခြင်းကို ဆိုလိုသည်။ ထိုသို့ပြုခြင်းက လူသားနေထိုင်သည့် ပတ်ဝန်းကျင်ကို တဖြည်းဖြည်း ပြန်ကျန်းမာလာခွင့် ပေးမည်ဖြစ်ပြီး၊ ထိုသို့ မလုပ်နိုင်ခြင်းသည် အသက်ရှင်သန်မှုအတွက် ယင်း၏ပျက်စီးခြင်းက အချိန်နှင့်အမျှ မြန်ဆန်သွားမည်ဖြစ်သည့် ပို၍ပင် စက်ဆုပ်ဖွယ်ကောင်းသော ပတ်ဝန်းကျင်အဖြစ်သို့ အကျိုးဆက် ပေါ်လာမည်ဖြစ်သည်။ ငါ၏နည်းလမ်းက ရိုးရှင်းသလော။ ယင်းက ရိုးရှင်းပြီး ဖြစ်နိုင်သည် မဟုတ်သလော။ အမှန်တကယ် ရိုးရှင်းပြီး လူတစ်ချို့အတွက် ဖြစ်နိုင်ခြေရှိသော်လည်း၊ ကမ္ဘာပေါ်က လူအများစုကြီးအတွက် ဖြစ်နိုင်ခြေရှိသလော။ (ဖြစ်နိုင်ခြေမရှိပါ။) အနည်းဆုံး သင်တို့အတွက် ဖြစ်နိုင်ခြေရှိသလော။ (ရှိပါသည်။) သင်တို့ကို “ရှိပါသည်” ဟု ပြောစေသည်မှာ အဘယ်အရာနည်း။ ယင်းက ဘုရားသခင်၏ လုပ်ဆောင်ချက်များကို နားလည်မှု၏ အခြေခံအုတ်မြစ်မှ လာခြင်းဖြစ်သည်ဟု ပြောနိုင်သလော။ ယင်း၏ အနေအထားမှာ ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် အစီအစဉ်အား နာခံခြင်းဖြစ်သည်ဟု ပြောနိုင်သလော။ (ပြောနိုင်ပါသည်။) အမှုအရာများကို ပြောင်းလဲဖို့ နည်းလမ်းတစ်ခုရှိသည်၊ သို့သော် ၎င်းက ငါတို့ ယခု ဆွေးနွေးနေကြသည့် အကြောင်းအရာမဟုတ်ပါ။ ဘုရားသခင်သည် လူ့ဘဝ တစ်ခုစီတိုင်းအတွက် တာဝန်ရှိပြီး၊ တကယ့်အဆုံးသတ်အထိ သူကတာဝန်ရှိသည်။ ဘုရားသခင်က သင့်ကို ထောက်ပံ့ပေးပြီး၊ စာတန်ဖျက်ဆီးခဲ့သည့် ဤပတ်ဝန်းကျင် ထဲတွင် သင်သည် နေမကောင်းဖြစ်စေခြင်း၊ သို့မဟုတ် ညစ်ညမ်းစေခြင်း သို့မဟုတ် ချိုးဖောက်ထိပါးခြင်း ခံနေရလျှင်ပင် ကိစ္စမရှိပေ၊ ဘုရားသခင်က သင့်ကို ကြည့်ရှုစောင့်ရှောက်ပြီး သင့်ကို ဆက်လက်အသက်ရှင်ခွင့် ပေးလိမ့်မည်။ ဤအရာ၌ သင်ယုံကြည်မှု ရှိသလော။ (ရှိပါသည်။) ဘုရားသခင်သည် လူသားတစ်ဦးကို ပေါ့ပေါ့တန်တန် သေဖို့ အခွင့်မပေးပါ။

ယခုတွင် ဘုရားသခင်အား အရာခပ်သိမ်းအတွက် အသက်၏ အရင်းအမြစ်ဖြစ်ကြောင်း အသိအမှတ်ပြုခြင်း၏ အရေးပါမှုမျိုးကို သင်တို့ ခံစားမိလာကြပြီလော။ (ကျွန်ုပ်တို့ ခံစားမိပါပြီ။) သင်တို့၌ မည်သည့်ခံစားမှုများ ရှိသနည်း။ ငါ့အားပြောလော့။ (ယခင်က ကျွန်ုပ်တို့သည် တောင်များ၊ ပင်လယ်များနှင့် ရေကန်များကို ဘုရားသခင်၏ လုပ်ဆောင်ချက်များနှင့် လုံးဝ ဆက်စပ် မတွေးမိခဲ့ကြပါ။ ဤအရာများမှာ၊ ၎င်းတို့အတွင်း၌ ဘုရားသခင်၏ လုပ်ဆောင်ချက်များနှင့် ဉာဏ်ပညာရှိကြောင်း ယနေ့ ဘုရားသခင်၏ မိတ်သဟာယပြုချက်ကို ကြားနာရသည့်အချိန်အထိ ကျွန်ုပ်တို့ နားမလည်ခဲ့ပါ။ ဘုရားသခင်သည် အရာခပ်သိမ်းကို စတင် ဖန်ဆင်းခဲ့သည့် အချိန်၌ပင်၊ သူသည် အရာတစ်ခုစီကို ကံကြမ္မာ တစ်ခုနှင့် သူ့စေတနာတို့ဖြင့် ပြည့်ဝစေခဲ့ပြီးဖြစ်ကြောင်း ကျွန်ုပ်တို့ တွေ့ရသည်။ အရာခပ်သိမ်းသည် အပြန်အလှန် အားဖြည့်နေပြီး၊ ကျွန်းကိုင်းမှီ ကိုင်းကျွန်းမှီ ဖြစ်နေကာ၊ လူသားမျိုးနွယ်မှာ အဆုံးစွန် အကျိုးခံစားရသူများ ဖြစ်သည်။ ကျွန်ုပ်တို့ ယနေ့ ကြားနာခဲ့ရသည့် အရာက အလွန်ပင် လန်းဆန်း တက်ကြွစရာကောင်းပြီး ဆန်းသစ်သည်၊ ဘုရားသခင်၏ လုပ်ဆောင်ချက်များမှာ အဘယ်မျှလောက် တကယ်ရှိနေကြောင်းကို ကျွန်ုပ်တို့ ခံစားလိုက် ရသည်။ လက်တွေ့ကမ္ဘာတွင် ကျွန်ုပ်တို့၏ နေ့စဉ်ဘဝများနှင့် အရာခပ်သိမ်းနှင့် ကျွန်ုပ်တို့၏ တွေ့ကြုံမှုများထဲ၌ ဤအရာမှာ ထိုသို့ဖြစ်သည်ကို ကျွန်ုပ်တို့ တွေ့မြင်ရသည်။) သင်တို့ အမှန်တကယ် မြင်တွေ့သွားပြီ မဟုတ်လော။ ဘုရားသခင်က ကြံ့ခိုင်သော အခြေခံအုတ်မြစ်မရှိဘဲ လူသားမျိုးနွယ်ကို ကြည့်ရှုစောင့်ရှောက်မည် မဟုတ်ပါ။ သူ၏ထောက်ပံ့ခြင်းမှာ တိုတောင်းသော စကားလုံး အချို့မျှသာ မဟုတ်ပါ။ ဘုရားသခင်က မြောက်မြားစွာ ပြုလုပ်ခဲ့ပြီဖြစ်ပြီး၊ သင်မမြင်ရသည့် အရာများပင် သင့်ကောင်းကျိုး အတွက်ချည်း ဖြစ်သည်။ လူသားသည် သူ့အတွက် ဘုရားသခင် ဖန်ဆင်းခဲ့သည့် လူတို့နှင့် အရာခပ်သိမ်းက တစ်ခုနှင့်တစ်ခု အမှီသဟဲပြုနေကြရသော ဤပတ်ဝန်းကျင်၊ ဤအရာခပ်သိမ်းထဲတွင် နေထိုင်ရသည်။ ဥပမာအားဖြင့်၊ အပင်များက လေကို သန့်စင်ပေးသည့် ဓာတ်ငွေ့များကို ရှူရှိုက်ကြရပြီး၊ လူတို့က သန့်စင်ပြီးသားလေကို ရှုရှိုက်ပြီး ထိုမှ အကျိုးခံစားရသည်။ သို့တိုင် တချို့အပင်များမှာ လူသားများအတွက် အဆိပ်အတောက်ဖြစ်သည့် အချိန်၌ပင် အခြားအပင်များက အဆိပ်ရှိသော အပင်များကို ချေဖျက်ပေးသည်။ ဤသည်မှာ ဘုရားသခင့်ဖန်ဆင်းခြင်း၏ အံ့ဖွယ်ရာတစ်ခု ဖြစ်သည်တကား။ သို့သော် ဤအကြောင်းအရာကို လောလောဆယ် ချန်ထားကြစို့။ ယနေ့ ငါတို့၏ဆွေးနွေးချက်မှာ အဓိကအားဖြင့် လူသားနှင့် သူကင်းကွာ၍ မနေနိုင်သော ကျန်သည့် ဖန်ဆင်းခြင်းတို့၏ အတူယှဉ်တွဲနေထိုင်ခြင်း အကြောင်းပင် ဖြစ်သည်။ အရာခပ်သိမ်းကို ဘုရားသခင်ဖန်ဆင်းခြင်း၏ အရေးကြီးပုံက အဘယ်နည်း။ လူက အသက်ရှင်ဖို့ လေကို လိုအပ်သကဲ့သို့မျှပင် လူသည် ကျန်သည့်အရာများမရှိဘဲ အသက်မရှင်နိုင်ပါ၊ အကယ်၍ သင့်ကို လေဟာနယ်ထဲ ထားလိုက်မည်ဆိုလျှင်၊ သင်သည် မကြာခင် သေဆုံးသွားလိမ့်မည်။ ဤသည်မှာ လူသည် ကျန်သည့်ဖန်ဆင်းခြင်းတို့မှ တကွဲတပြားစီ အသက်မရှင်နိုင်ကြောင်း ပြသသည့် အလွန်ရိုးရှင်းသော နိယာမ ဖြစ်သည်။ ထို့ကြောင့် လူက အရာခပ်သိမ်းအပေါ် မည်သည့် သဘောထား ရှိသင့်သနည်း။ သူတို့ကို တန်ဖိုးထားသော သူသည် သူတို့ကို ကာကွယ်ပေးရမည်၊ သူတို့ကို အကျိုးများအောင် အသုံးပြုရမည်၊ သူတို့ကို မဖျက်ဆီးရပါ၊ သူတို့ကို မဖြုန်းတီးရပါ၊ ထို့ပြင် သူတို့ကို စိတ်ကူးပေါက်ရာ မပြောင်းလဲရပါ၊ အကြောင်းမှာ အရာခပ်သိမ်းသည် ဘုရားသခင်ထံမှ ဖြစ်သည်၊ အရာခပ်သိမ်းမှာ လူသားမျိုးနွယ်အတွက် သူ၏ ထောက်ပံ့ပေးခြင်း ဖြစ်ပြီး၊ လူသားမျိုးနွယ်က သူတို့ကို တာဝန်ကျေပွန်စွာ ဆက်ဆံရမည်။

—နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၇)

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

ဘုရားသခင်သည် ကွဲပြားသည့် လူမျိုးများကြားတွင် နယ်နိမိတ်စည်းများ သတ်မှတ်ခဲ့သည်

...ဘုရားသခင်သည် နယ်နိမိတ်များကို ဤနည်းလမ်းဖြင့် အဘယ်ကြောင့် ချမှတ်ထားသနည်း။ ဤသည်မှာ လူသားမျိုးနွယ်အားလုံးအတွက် အလွန်အရေးကြီးသည့်-...

ဘုရားသခင်သည် ငှက်နှင့် သားရဲတိရစ္ဆာန်အမျိုးမျိုး၊ ငါးများ၊ ပိုးမွှားများနှင့် အပင်များအားလုံးအတွက်လည်း နယ်နိမိတ်စည်းမျဉ်းများ ရေးဆွဲခဲ့သည်

ဘုရားသခင် ရေးဆွဲထားသည့် ဤနယ်နိမိတ်များကြောင့် မြေအနေအထားအမျိုးမျိုးသည် ရှင်သန်မှုအတွက် မတူညီသည့် ပတ်ဝန်းကျင်များကို ဖြစ်ပေါ်စေပြီး၊...

လူသားမျိုးနွယ်အတွက် ဘုရားသခင် ဖန်ဆင်းတော်မူသည့် အခြေခံ လူနေမှုပတ်ဝန်းကျင်မှ လူသားမျိုးနွယ်ကို ဘုရားသခင်၏ ထောက်ပံ့မှုအားရှုမြင်ခြင်း

လူသား အသက်ရှင်သန်ရေးအတွက် ဤအခြေခံကျသော လိုအပ်ချက်ငါးခုကို ဘုရားသခင် စီစဉ်သည့်နည်းလမ်းတွင်၊ လူသားမျိုးနွယ်အတွက် သူမည်သို့ ထောက်ပံ့သည်ကို...

လူသားမျိုးနွယ်အတွက် ဘုရားသခင် ဖန်ဆင်းသည့် အခြေခံရှင်သန်နေထိုင်မှု ပတ်ဝန်းကျင်- အပူချိန်

ငါတို့ ဆွေးနွေးမည့် ဒုတိယအရာသည် အပူချိန်ဖြစ်၏။ အပူချိန်က အဘယ်အရာဖြစ်သည်ကို လူတိုင်းသိ၏။ အပူချိန်သည် လူတို့အသက်ရှင်နေထိုင်ရေးအတွက်...

Leave a Reply

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။