ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ် အုပ်စိုးခြင်းက ဖြစ်စေမည့် အန္တရာယ်များနှင့် အကျိုးဆက်များ

22.09.2019

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

လူမှုရေးသိပ္ပံပညာများနှင့်ဆိုင်သည့် လူသားမျိုးနွယ်၏ ဖန်တီးနိုင်မှု စွမ်းရည်နောက်တွင်၊ လူသား၏ စိတ်ကို သိပ္ပံပညာနှင့် အသိပညာများက နေရာယူလာကြပြီးဖြစ်သည်။ သိပ္ပံနှင့် အသိပညာသည် လူသားမျိုးနွယ်ကို အုပ်စိုးခြင်းအတွက် တန်ဆာပလာများဖြစ်လာပြီး ဖြစ်ကာ လူသားအတွက် ဘုရားသခင်ကို ဝတ်ပြုကိုးကွယ်ရန် အခွင့်အလမ်း လုံလုံလောက်လောက် မရှိတော့သကဲ့သို့၊ ဘုရားသခင်ကို ဝတ်ပြုကိုးကွယ်ခြင်းအတွက် သာ၍သင့်လျော်သော အခြေအနေများ မရှိတော့ပေ။ ဘုရားသခင်၏နေရာသည် လူ၏ နှလုံးသားထဲတွင် ယခင်ထက် သာ၍နိမ့်ဆင်းပြီးဖြစ်သည်။ သူ၏ စိတ်နှလုံးတွင် ဘုရားသခင် မရှိဘဲနှင့်၊ လူသား၏ အတွင်းကမ္ဘာသည် မှောင်မိုက်၏၊ မျှော်လင့်ချက်ကင်းမဲ့ကာ အနှစ်မဲ့သွားလေသည်။ နောက်ပိုင်းတွင် လူသားမျိုးနွယ်၏ စိတ်နှင့် နှလုံးသားကို ဖြည့်ဆည်းရန် လူသားကို ဘုရားသခင် ဖန်ဆင်းခဲ့သည်ဆိုသည့် သမ္မာတရားနှင့် ဆန့်ကျင်သည့် လူမှုသိပ္ပံ သဘောတရားများ၊ လူသားဆင့်ကဲဖြစ်စဉ် သဘောတရားနှင့် အခြားသော သဘောတရားများကို ဖော်ပြရန် လူမှုရေးသိပ္ပံပညာရှင်များ၊ သမိုင်းပညာရှင်များနှင့် နိုင်ငံရေးသမားများ များစွာ ရှေ့တန်းရောက်လာခဲ့ကြသည်။ ဤနည်းဖြင့် ဘုရားသခင်က အရာရာကို ဖန်ဆင်းခဲ့ကြောင်းကို ယုံကြည်သူများ နည်းသည်ထက် နည်းပါးလာခဲ့ပြီး ဆင့်ကဲဖြစ်စဉ် သဘောတရားကို ယုံကြည်သူများက အရေအတွက်အားဖြင့် ယခင်ထက် ပိုမိုများပြားလာခဲ့လေသည်။ ဓမ္မဟောင်း ခေတ်ကာလအတွင်း ဘုရားသခင်၏ အမှုနှင့် သူ၏နှုတ်ကပတ်တော်များနှင့်ဆိုင်သည့် မှတ်တမ်းများကို ဒဏ္ဍာရီများနှင့် ရိုးရာပုံပြင်များအဖြစ် သဘောထားသော လူများ ပို၍ ပို၍ များလာလေသည်။ ၎င်းတို့၏ စိတ်နှလုံးများထဲတွင်၊ လူတို့သည် ဘုရားသခင်၏ ဂုဏ်သိက္ခာနှင့် ကြီးမြတ်မှု၊ ဘုရားသခင် တည်ရှိပြီး အရာခပ်သိမ်းအပေါ် အုပ်စိုးမှု ကိုင်စွဲသည်ဆိုသည့် သက်ဝင်ယုံကြည်မှုများကို ဂရုမစိုက်ကြတော့ပေ။ လူသားမျိုးနွယ်၏ ရှင်သန်မှုနှင့် နိုင်ငံများနှင့် လူမျိုးများ၏ ကံကြမ္မာတို့သည် ၎င်းတို့အဖို့ အရေးမပါတော့သကဲ့သို့၊ လူသည် စားခြင်း၊ သောက်ခြင်းနှင့် အပျော်အပါး လိုက်စားခြင်းတို့ကိုသာ အလေးထားသည့် အနှစ်သာရ ကင်းမဲ့သည့် လောကကြီးတွင် အသက်ရှင်လေသည်။...ဘုရားသခင်က ယနေ့ သူ၏ အမှုကို မည်သည့်နေရာတွင် လုပ်ဆောင်သည်ကို ရှာဖွေရန် သို့မဟုတ် လူသား၏ ခရီးပန်းတိုင်ကို ဘုရားသခင်က မည်သို့ တာဝန်ယူပြီး စီစဉ်ပေးသည်ကို ရှာဖွေရန် မိမိတွင် တာဝန်ရှိသည်ဟု လူအနည်းငယ်ကသာ ခံယူထားကြသည်။ ဤနည်းဖြင့် လူသားက မသိလိုက်ဘဲ၊ လူမှုအဖွဲ့အစည်းတိုးတက်မှုသည် လူသား၏ လိုအင်ဆန္ဒများကို လိုက်နာနိုင်မှု နည်းသည်ထက် နည်းလာခဲ့ပြီး၊ ထိုသို့သောလောကတွင် အသက်ရှင်ရလျက်၊ ကွယ်လွန်ပြီးနှင့် သူများထက် ၎င်းတို့က ပျော်ရွှင်မှု သာ၍ လျော့နည်းသည်ဟု ခံစားရသည့် လူများစွာပင် ရှိလေသည်။ ယဉ်ကျေးမှု အဆင့်အတန်းတိုးတက်မှု မြင့်မားသော နိုင်ငံများမှ လူများသည်ပင် ထိုသို့သော မကျေနပ်ချက်များကို ဖွင့်ဟပြောဆို ကြလေသည်။ အကြောင်းမှာ ဘုရားသခင်၏လမ်းပြမှုမရှိဘဲနှင့်၊ အုပ်ချုပ်သူများနှင့် လူမှုဗေဒပညာရှင်များအနေဖြင့် လူမှုအဖွဲ့အစည်းတိုးတက်မှုကို ထိန်းသိမ်းရန် မည်မျှပင် ဦးနှောက်ခြောက်အောင် စဉ်းစားစေကာမူ၊ အချည်းနှီး ဖြစ်ပေသည်။ မည်သူမျှ လူသား၏အသက် မဖြစ်နိုင်သကဲ့သို့၊ လူသားကို သူ ဖိစီးနှိပ်စက်ခံရသည့် လစ်ဟာမှုမှ မည်သည့် လူမှုသဘောတရားကမျှ မလွတ်မြောက်စေနိုင်သည့်အတွက်၊ လူသား၏ နှလုံးသားထဲရှိ အနှစ်မဲ့မှုကို မည်သူမျှ မဖြည့်ဆည်းပေးနိုင်ပေ။ သိပ္ပံပညာ၊ အသိပညာ၊ လွတ်လပ်မှု၊ ဒီမိုကရေစီ၊ နားနေချိန်၊ ကိုယ်စိတ်ချမ်းသာမှု- ဤအရာများက လူသားထံ ယာယီ နှစ်သိမ့်မှုတစ်ခုသာ ဆောင်ကြဉ်းပေးသည်။ ဤအရာများဖြင့်ပင်လျှင်၊ လူသားသည် မလွဲမသွေ အပြစ်ကျူးလွန်လိမ့်မည်ဖြစ်ပြီး လူမှုအဖွဲ့အစည်း၏ မတရားမှုများကို ညည်းတွားကြလိမ့်မည်။ ဤအရာများက လူသား၏ တောင့်တမှုနှင့် စူးစမ်းလေ့လာလိုစိတ်ကို မချုပ်ထိန်းနိုင်ပေ။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် လူသားကို ဘုရားသခင်က ဖန်ဆင်းခဲ့ခြင်း ဖြစ်ပြီး လူသား၏ အသိတရားမဲ့သော စွန့်လွှတ်အနစ်နာခံမှုများနှင့် စူးစမ်းလေ့လာမှုများသည် ပို၍သာ စိတ်သောက ရောက်စေနိုင်ပြီး လူသားမျိုးနွယ်၏ အနာဂတ်ကို မည်သို့ရင်ဆိုင်ရမည် သို့မဟုတ် ရှေ့တွင်ရှိသော လမ်းကြောင်းကို မည်သို့ရင်ဆိုင်ရမည်ကို မသိဘဲလျက်၊ လူကို အတောမသတ်သော ကြောက်ရွံ့ခြင်း အခြေအနေတစ်ခုတွင် တည်ရှိဖို့သာ ဖြစ်စေလိမ့်မည်ဖြစ်သောကြောင့် ဖြစ်သည်။ လူသားသည် သိပ္ပံနှင့် အသိပညာတို့ကိုပင် ကြောက်ရွံ့လာလိမ့်မည် ဖြစ်ပြီး အနှစ်မဲ့ခြင်း ခံစားချက်ကို ပို၍ပင် ကြောက်ရွံ့လာလိမ့်မည် ဖြစ်သည်။ ဤကမ္ဘာလောကတွင် သင်သည် လွတ်လပ်သော နိုင်ငံတစ်ခု သို့မဟုတ် လူ့အခွင့်အရေးများမရှိသည့် နိုင်ငံတစ်ခုတွင် နေထိုင်သည် ဖြစ်စေ၊ သင်သည် လူသားမျိုးနွယ်၏ ကံကြမ္မာကို လွတ်မြောက်နိုင်စွမ်း လုံးဝမရှိပေ။ သင်သည် အုပ်စိုးသူဖြစ်စေ၊ အုပ်စိုးခံသူဖြစ်စေ သင်သည် စိတ်ရှုပ်ထွေးစေသော အနှစ်မဲ့မှု ခံစားချက်မှ လွတ်မြောက်နိုင်စွမ်းရှိဖို့ မဆိုထားနှင့်၊ လူသားမျိုးနွယ်၏ ကံကြမ္မာ၊ လျှို့ဝှက်ဆန်းကြယ်မှုများနှင့် ခရီးပန်းတိုင်တို့ကို လေ့လာစူးစမ်းလိုသည့် စိတ်ဆန္ဒမှ လွတ်မြောက်နိုင်စွမ်း လုံးဝမရှိပေ။ လူသားမျိုးနွယ် အားလုံးအဖို့ ဖြစ်တတ်သော အဆိုပါဖြစ်စဉ်ကို လူမှုသိပ္ပံပညာရှင်များက လူမှုဖြစ်စဉ်ဟု ခေါ်ကြသော်လည်း၊ ထိုသို့သော ပြဿနာများကို ဖြေရှင်းရန် မည်သည့် မဟာလူသားမျှ ထွက်မလာနိုင်ပေ။ အဆုံးတွင်တော့ လူသားသည် လူသားသာ ဖြစ်ပြီး၊ ဘုရားသခင်၏ နေရာနှင့် အသက်ကို မည်သည့်လူသားကမျှ အစားမထိုးနိုင်ပေ။ လူသားမျိုးနွယ်သည် အယောက်တိုင်း ကောင်းကောင်းမွန်မွန် ကျွေးမွေးခံရပြီး သာတူညီမျှဖြစ်ကာ လွတ်လပ်သည့် တရားမျှတသော လူမှုအဖွဲ့အစည်းကိုသာ လိုအပ်သည်မဟုတ်ပေ။ လူသားမျိုးနွယ် လိုအပ်သည်မှာ ဘုရားသခင်၏ ကယ်တင်ခြင်းနှင့် ၎င်းတို့အဖို့ သူ၏ အသက်အထောက်အပံ့ ဖြစ်သည်။ လူသားအနေဖြင့် ဘုရားသခင်၏ အသက်ထောက်ပံ့မှုနှင့် သူ၏ ကယ်တင်ခြင်းကို ရရှိသောအခါမှသာ၊ လူသား၏ လိုအပ်ချက်များ၊ စူးစမ်းလေ့လာရန် စိတ်ဆန္ဒနှင့် ဝိညာဉ်ရေးရာ အနှစ်မဲ့မှုတို့သည် ပြေလည်သွားနိုင်ပေသည်။ နိုင်ငံတစ်နိုင်ငံ သို့မဟုတ် လူမျိုးတစ်မျိုး၏ လူများသည် ဘုရားသခင်၏ ကယ်တင်ခြင်းနှင့် စောင့်ရှောက်မှုကို မခံယူနိုင်ပါက၊ ထိုနိုင်ငံ သို့မဟုတ် လူမျိုးသည် အမှောင်ထုဆီသို့ ပျက်စီးခြင်း လမ်းကို နင်းလျှောက် ရလိမ့်မည် ဖြစ်ပြီး ဘုရားသခင်၏ သုတ်သင်ဖယ်ရှားခြင်းကို ခံရပေလိမ့်မည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ နောက်ဆက်တွဲ (၂)- လူသားမျိုးနွယ်တစ်ရပ်လုံး၏ ကံကြမ္မာအပေါ် ဘုရားသခင် တာဝန်ယူဦးဆောင်သည်

သင်၏နိုင်ငံသည် လတ်တလောတွင် ချမ်းသာကြွယ်ဝကောင်း ကြွယ်ဝနေနိုင်သည်၊ သို့သော် သင်၏ပြည်သူများကို ဘုရားသခင်ထံမှ လမ်းလွဲသွားရန် သင်ခွင့်ပြုပါက၊ သင်၏နိုင်ငံသည် ဘုရားသခင်၏ ကောင်းချီးမင်္ဂလာများကို တိုး၍တိုး၍ ဆုံးရှုံးသည်ကို မိမိဘာသာ တွေ့ရလိမ့်မည်။ သင့်နိုင်ငံ၏ လူ့ယဉ်ကျေးမှုအဖွဲ့အစည်းသည်လည်း ခြေဖဝါးအောက်တွင် တိုး၍တိုး၍ ချနင်းခံရလိမ့်မည်ဖြစ်ပြီး မကြာမီတွင် လူတို့သည် ဘုရားသခင်ကို ထကြွဆန့်ကျင်ပြီး ကောင်းကင်ဘုံကို ကျိန်ဆဲလာကြလိမ့်မည်။ ထိုသို့ဖြင့် လူသားမသိလိုက်ဘဲနှင့်၊ နိုင်ငံတစ်ခု၏ ကံကြမ္မာသည် ပျက်စီးဆုံးရှုံးသွားလိမ့်မည်။ ဘုရားသခင်သည် ဘုရားသခင်၏ကျိန်ခြင်းခံထားရသော ထိုနိုင်ငံများကို ကိုင်တွယ်ဖြေရှင်းရန် အင်အားကြီးနိုင်ငံများကို ပေါ်ထွန်းစေလိမ့်မည် ဖြစ်ပြီး ယင်းတို့ကို ကမ္ဘာမြေမျက်နှာပြင်ပေါ်မှ ဖယ်ရှားခြင်းပင် ပြုနိုင်သည်။ နိုင်ငံတစ်ခု သို့မဟုတ် လူမျိုးတစ်မျိုး၏ ပေါ်ထွန်းခြင်းနှင့် ကျဆုံးခြင်းသည် ထိုနိုင်ငံ၏ အုပ်ချုပ်သူများက ဘုရားသခင်ကို ကိုးကွယ်ခြင်း ရှိမရှိဆိုသည်နှင့် ၎င်းတို့၏ ပြည်သူများကို ဘုရားသခင်နှင့် သာ၍နီးကပ်စေပြီး ဘုရားသခင်ကို ကိုးကွယ်စေခြင်း ရှိမရှိ ဆိုသည့်အပေါ် အခြေခံသည်။ သို့တိုင် ဤနောက်ဆုံးသော ခေတ်တွင် ဘုရားသခင်ကို အမှန်တကယ် ရှာဖွေပြီး ကိုးကွယ်သော သူများသည် တိုး၍တိုး၍ ရှားပါးလာသောကြောင့်၊ ခရစ်ယာန်ဘာသာကို နိုင်ငံတော် ဘာသာအဖြစ် သတ်မှတ်ထားသည့် နိုင်ငံများအပေါ် ဘုရားသခင်သည် အထူးမျက်နှာသာ အပ်နှင်းလေသည်။ ဘုရားသခင်သည် ထိုနိုင်ငံများကို အတော်အတန် သမာဓိရှိသော ကမ္ဘာ့စခန်းအဖြစ် ဖွဲ့စည်းရန် အတူတကွ စုစည်းသော်လည်း၊ ဘုရားမဲ့နိုင်ငံများနှင့် စစ်မှန်သောဘုရားသခင်ကို မကိုးကွယ်သော နိုင်ငံများသည် သမာဓိရှိသော စခန်း၏ ရန်ဘက်များ ဖြစ်လာလေသည်။ ဤနည်းဖြင့် ဘုရားသခင်သည် လူသားတို့ အလယ်တွင် သူ၏ အမှုကို ဦးစီးဦးရွက်ပြုသည့် နေရာတစ်ခု ရှိသည်သာမက၊ သူ့ကို ဆန့်ကျင်သည့် နိုင်ငံများအပေါ် အရေးယူမှုများနှင့် ကန့်သတ်ချက်များ ပြဋ္ဌာန်းခွင့် ပေးလျက်၊ ဖြောင့်မတ်သော ဩဇာအာဏာကို ကျင့်သုံးနိုင်သည့် နိုင်ငံများကိုလည်း ရရှိလေသည်။ ဤသို့ဖြစ်သော်လည်း လူသည် ဘုရားသခင်ထံမှ အလွန်ဝေးကွာစွာ လမ်းလွဲပြီးဖြစ်ကာ ဘုရားသခင်ကို အချိန်ကြာမြင့်လွန်းစွာ မေ့လျော့မိပြီးဖြစ်သောကြောင့်၊ ဘုရားသခင်ကို ကိုးကွယ်ရန် ရှေ့ထွက်လာသည့်လူများ ပိုများမလာသေးပေ။ ကမ္ဘာမြေပေါ်တွင် ဖြောင့်မတ်ခြင်းတရားကို ကျင့်သုံးပြီး မတရားမှုကို ဆန့်ကျင်သော နိုင်ငံများသာ ဆက်လက်ကျန်ရှိလေသည်။ သို့သော် မည်သည့်နိုင်ငံအုပ်ချုပ်သူကမျှ ဘုရားသခင်ကို ၎င်းတို့၏ ပြည်သူများအပေါ် ဦးဆောင်ခွင့်ပြုမည် မဟုတ်သကဲ့သို့၊ မည်သည့် နိုင်ငံရေးပါတီကမျှ ၎င်းတို့၏လူများကို ဘုရားသခင်အား ကိုးကွယ်ရန် စုရုံးပေးမည် မဟုတ်သည့်အတွက်၊ ဤသည်မှာ ဘုရားသခင်၏ အလိုဆန္ဒများနှင့် ဝေးကွာပေသည်။ ဘုရားသခင်သည် နိုင်ငံတိုင်း၊ လူမျိုးတိုင်း၊ အုပ်ချုပ်နေဆဲ ပါတီတိုင်း၏ နှလုံးသားထဲနှင့် လူတိုင်း၏ နှလုံးသားထဲတွင်ပင် မိမိ၏နေရာမှန်ကို ဆုံးရှုံးပြီးဖြစ်သည်။ ဤကမ္ဘာလောကတွင် ဖြောင့်မတ်သည့် အင်အားစုများ အမှန် တည်ရှိသော်လည်း၊ လူ၏ နှလုံးသားထဲတွင် ဘုရားသခင် ကိုင်စွဲသည့် နေရာမရှိသည့် အုပ်ချုပ်ရေးမှာ မခိုင်ခံ့ပေ။ ဘုရားသခင်၏ ကောင်းချီးမင်္ဂလာမရှိဘဲနှင့်၊ နိုင်ငံရေးနယ်ပယ်သည် ဖရိုဖရဲဖြစ်လိမ့်မည် ဖြစ်ပြီး ထိုးနှက်တိုက်ခိုက်မှုကို ခုခံနိုင်စွမ်းရှိလိမ့်မည်မဟုတ်ပေ။ လူသားမျိုးနွယ်အတွက်၊ ဘုရားသခင်၏ ကောင်းချီးမင်္ဂလာမရှိခြင်းသည် နေမရှိခြင်းနှင့် တူပေသည်။ အုပ်ချုပ်သူများအနေဖြင့် ၎င်းတို့၏ ပြည်သူများအတွက် မည်မျှ စေ့စေ့စပ်စပ်နှင့် ကြိုးစားပမ်းစား အလုပ်လုပ်စေကာမူ၊ လူသားမျိုးနွယ်အနေဖြင့် ဖြောင့်မှန်သော ညှိနှိုင်းဆွေးနွေးပွဲများ မည်မျှ အတူတကွ ကျင်းပစေကာမူ၊ ဤအရာထဲမှ ဖြစ်ရပ်များ၏ လမ်းကြောင်းကို ပြောင်းလဲလိမ့်မည်မဟုတ်၊ သို့မဟုတ် လူသားတို့၏ ကံကြမ္မာကို ပြောင်းလဲစေလိမ့်မည်မဟုတ်ပေ။ လူသားသည် ပြည်သူများ စားရေး၊ ဝတ်ရေး ပြေလည်သည့် နိုင်ငံ၊ ၎င်းတို့ အတူတကွ ငြိမ်းချမ်းစွာ နေထိုင်ကြသည့် နိုင်ငံတစ်ခုကို နိုင်ငံကောင်းတစ်ခုနှင့် ကောင်းမွန်သော ခေါင်းဆောင်မှုရှိသည့် နိုင်ငံတစ်ခုဟု ယုံကြည်ကြသည်။ သို့သော် ဘုရားသခင်က ထိုသို့ မတွေးထင်ပေ။ မည်သူမျှ သူ့ကို မကိုးကွယ်သည့် နိုင်ငံသည် သူ သုတ်သင်ဖယ်ရှားမည့်နိုင်ငံဟု သူ ယုံကြည်သည်။ လူသား၏ တွေးခေါ်ပုံသည် ဘုရားသခင်၏တွေးခေါ်ပုံနှင့် အလွန် ဆန့်ကျင်လေသည်။ ထို့ကြောင့် နိုင်ငံတစ်နိုင်ငံ၏ ခေါင်းဆောင်သည် ဘုရားသခင်ကို မကိုးကွယ်ပါက၊ ဤနိုင်ငံ၏ ကံကြမ္မာသည် ဝမ်းနည်းဖွယ်ရာ ကံကြမ္မာတစ်ခု ဖြစ်လိမ့်မည်ဖြစ်ပြီး ထိုနိုင်ငံသည် ခရီးပန်းတိုင် ရှိလိမ့်မည်မဟုတ်ပေ။

ဘုရားသခင်သည် လူသား၏နိုင်ငံရေးတွင် မပါဝင်သော်လည်း၊ နိုင်ငံတစ်နိုင်ငံ သို့မဟုတ် လူမျိုးတစ်မျိုး၏ ကံကြမ္မာကို ဘုရားသခင် ထိန်းချုပ်ထားလေသည်။ ဘုရားသခင်သည် ဤကမ္ဘာလောကနှင့် စကြဝဠာတစ်ခုလုံးကို ထိန်းချုပ်၏။ လူသား၏ ကံကြမ္မာနှင့် ဘုရားသခင်၏ အကြံအစည်သည် အတွင်းကျကျ ဆက်နွှယ်ပြီး၊ မည်သည့်လူ၊ မည်သည့်နိုင်ငံကမျှ ဘုရားသခင်၏ အချုပ်အခြာအာဏာမှ မကင်းလွတ်ကင်းပေ။ အကယ်၍ လူသားသည် မိမိ၏ကံကြမ္မာကို သိလိုပါက၊ ဘုရားသခင်၏ရှေ့သို့ လာရပေမည်။ ဘုရားသခင်သည် သူ၏ နောက်ကို လိုက်လျှောက်ပြီး သူ့အား ကိုးကွယ်သောသူများကို အောင်မြင်ကြီးပွားစေပြီး၊ သူ့ကို ဆန့်ကျင်ကာ ငြင်းပယ်သောသူများ အပေါ် ကျဆင်းမှုနှင့် မျိုးသုဉ်းပျောက်ကွယ်ခြင်း ဆောင်ကြဉ်းလိမ့်မည် ဖြစ်သည်။

သောဒုံမြို့ကို ဘုရားသခင်က ဖျက်ဆီးခြင်း ဖြစ်ပေါ်ခဲ့ချိန် သမ္မာကျမ်းစာထဲက အဖြစ်အပျက်ကို ပြန်လည်သတိရလော့၊ ပြီးလျှင် လောတ၏မိန်းမသည် မည်ကဲ့သို့ဆားတိုင်ဖြစ်လာခဲ့သည်ကိုလည်း စဉ်းစားကြည့်လော့။ နိနေဝေမြို့သားများသည် လျှော်တေအဝတ်နှင့် ပြာများဖြင့် မိမိတို့၏အပြစ်များအား မည်သို့နောင်တရခဲ့သည်ကို ပြန်စဉ်းစားပြီး၊ လွန်ခဲ့သည့် နှစ်ပေါင်း ၂၀၀၀ က ယေရှုကို ယုဒလူမျိုးများ ကားတိုင်ပေါ်တွင် သံမှိုရိုက်ထားပြီးနောက် မည်သည့်အရာဖြစ်ခဲ့သည်ကို ပြန်သတိရလော့။ ယုဒလူမျိုးများသည် ဣသရေလနိုင်ငံမှ နှင်ထုတ်ခံခဲ့ရပြီး ကမ္ဘာတစ်ဝန်းရှိ နိုင်ငံများဆီသို့ ထွက်ပြေး သွားခဲ့ကြသည်။ များစွာတို့သည် အသတ်ခံခဲ့ရပြီး ယုဒလူမျိုးတစ်မျိုးလုံး မကြုံစဖူးသော ဖျက်ဆီးခြင်းကို ခံခဲ့ရသည်။ ၎င်းတို့သည် ဘုရားသခင်ကို ကားတိုင်ပေါ်တွင် သံမှိုရိုက်ခဲ့ကြပြီး- စက်ဆုပ်ရွံရှာဖွယ်ကောင်းသော အပြစ်တစ်ခုကို ကျူးလွန်ခဲ့ကြပြီး- ဘုရားသခင်၏ စိတ်သဘောထားကို ရန်စခဲ့ကြသည်။ ၎င်းတို့လုပ်ခဲ့သည့် အရာအတွက် ၎င်းတို့ပေးဆပ်ခဲ့ရပြီး ၎င်းတို့လုပ်ရပ်များ၏ အကျိုးဆက်များ အားလုံးကို ခံခဲ့ကြရသည်။ ၎င်းတို့သည် ဘုရားသခင်ကို ရှုတ်ချခဲ့ကြသည်၊ ငြင်းပယ်ခဲ့ကြသည်၊ ထို့ကြောင့် ၎င်းတို့သည် ကံကြမ္မာတစ်ခုသာ ရှိခဲ့သည်- ဘုရားသခင်၏ အပြစ်ပေးခံရခြင်းခံရဖို့ ဖြစ်ပေသည်။ ဤသည်မှာ ၎င်းတို့၏ အုပ်စိုးသူများက မိမိတို့၏ နိုင်ငံနှင့် လူမျိုးအပေါ် ယူဆောင်ခဲ့ကြသည့် ခါးသီးသော အကျိုးဆက်နှင့် ဘေးဒုက္ခ ဖြစ်ခဲ့ပေသည်။

ယနေ့တွင် ဘုရားသခင်သည် သူ၏ အမှုကို လုပ်ဆောင်ရန် ကမ္ဘာလောကသို့ ပြန်ကြွလာပြီးဖြစ်သည်။ သူ၏ ပထမဆုံးမှတ်တိုင်မှာ အာဏာရှင်အုပ်ချုပ်သူများ၏ ခမ်းနားသော အစုအဝေး- ဘာသာမဲ့ အယူဝါဒ၏ ခိုင်မာသော ခံတပ်ဖြစ်သည့် တရုတ်နိုင်ငံ ဖြစ်သည်။ ဘုရားသခင်သည် သူ၏ဉာဏ်ပညာနှင့် တန်ခိုးတို့အားဖြင့် လူတစ်စုကို ရယူပြီးဖြစ်သည်။ ဤကာလအတွင်းတွင်၊ ဘုရားသခင်သည် တရုတ်နိုင်ငံ အာဏာရပါတီ၏ နည်းအမျိုးမျိုးဖြင့် လိုက်လံဖမ်းဆီးခြင်းကို ခံရပြီးဖြစ်ကာ ခေါင်းချစရာနေရာမရှိ၊ အကွယ်အကာ ရှာမတွေ့နိုင်ဘဲ၊ ကြီးမားသော ဆင်းရဲဒုက္ခကို ခံရပြီးဖြစ်သည်။ ဤသို့ဖြစ်စေကာမူ၊ ဘုရားသခင်သည် သူ လုပ်ဆောင်ရန် ရည်ရွယ်ထားသည့် အမှုကို ဆက်လက်လုပ်ဆောင်ဆဲ ဖြစ်သည်- သူသည် သူ၏အသံကို မိန့်မြွက်ပြီး ဧဝံဂေလိတရားကို ဖြန့်သည်။ ဘုရားသခင်၏ အနန္တတန်ခိုးကို မည်သူမျှ နားလည် သဘောပေါက်နိုင်ခြင်း မရှိပေ။ ဘုရားသခင်ကို ရန်သူကဲ့သို့ မှတ်ယူသော နိုင်ငံတစ်ခုဖြစ်သည့် တရုတ်နိုင်ငံတွင်၊ ဘုရားသခင်သည် သူ၏ အမှုကို လုံးဝ မရပ်တန့်ဖူးပေ။ ယင်းအစား ဘုရားသခင်သည် လူသားမျိုးနွယ်ဝင် အယောက်စီတိုင်းကို ကယ်တင်ရန် တတ်နိုင်သမျှ လုပ်ဆောင်သည့် အတွက်၊ သာ၍ များသောလူတို့သည် သူ၏ အမှုနှင့် နှုတ်ကပတ်တော်ကို လက်ခံကြပြီး ဖြစ်သည်။ ဘုရားသခင် ရယူရန် အလိုရှိသည့်အရာကို မည်သည့်နိုင်ငံ သို့မဟုတ် မည်သည့် တန်ခိုးအာဏာကမျှ မတားဆီးနိုင်သည်ကို ငါတို့ယုံကြည်သည်။ ဘုရားသခင်၏ အမှုကို နှောင့်ယှက်သူများ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ဆန့်ကျင်ကာ ဘုရားသခင်၏ အကြံအစည်ကို နှောင့်ယှက်ပြီး ထိခိုက်စေသူများသည် နောက်ဆုံးတွင် ဘုရားသခင်၏ အပြစ်ဒဏ်ပေးခြင်းကို ခံရကြလိမ့်မည်။ ဘုရားသခင်၏ အမှုကို အာခံဖီဆန်သူသည် ငရဲသို့ ပို့ခံရလိမ့်မည်။ ဘုရားသခင်၏ အမှုကို အာခံဖီဆန်သော မည်သည့်နိုင်ငံမဆိုသည် ဖျက်ဆီးခြင်းကိုခံရလိမ့်မည်။ ဘုရားသခင်၏ အမှုကို ဆန့်ကျင်ရန် ထကြွသည့် မည်သည့် လူမျိုးမဆိုသည် ဤကမ္ဘာမြေမှ ဖယ်ရှားခံရလိမ့်မည်ဖြစ်ပြီး အပြီးတိုင် ကွယ်ပျောက်သွားလိမ့်မည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ နောက်ဆက်တွဲ (၂)- လူသားမျိုးနွယ်တစ်ရပ်လုံး၏ ကံကြမ္မာအပေါ် ဘုရားသခင် တာဝန်ယူဦးဆောင်သည်

နှစ်ထောင်ပေါင်း အချို့ လွှမ်းခြုံသည့် ရှေးဟောင်းယဉ်ကျေးမှုနှင့် သမိုင်းနှင့်ဆိုင်သော အသိပညာသည် လူသား၏အတွေးအခေါ်၊ အယူအဆများနှင့် သူ၏ စိတ်ပိုင်းဆိုင်ရာ အမြင်တို့ကို အလွန်တင်းကျပ်စွာ ပိတ်ထားခဲ့သည်မှာ သြဇာမသက်ရောက်နိုင်သော အရာနှင့် မပျက်စီးနိုင်သောအရာ ဖြစ်စေဖို့ ဖြစ်သည်။ လူတို့သည် ဘယ်သောအခါမျှ အလင်း မမြင်နိုင်သည့် မြေအောက် အကျဉ်းတိုက်များထဲသို့ ဘုရားသခင်၏ နှင်ထုတ်ခြင်းကို ခံကြရပြီးဖြစ်သည့်အလားပင်၊ ငရဲ၏ ဆယ့်ရှစ်ခုမြောက် သံသရာထဲ၌ အသက်ရှင်ကြလေသည်။ ကံကျွေးချစနစ်ဆိုင်ရာ အတွေးအခေါ်သည် လူတို့ကို ဖိနှိပ်ထားလွန်းသည်မှာ ၎င်းတို့သည် အသက်ရှူနိုင်ရုံမျှဖြစ်ပြီး မွန်းကျပ်လျက်ရှိကြပေသည်။ ၎င်းတို့သည် ခုခံရန် ခွန်အား စိုးစဉ်းမျှပင် မရှိကြချေ။ ၎င်းတို့ လုပ်ဆောင်သမျှမှာ တိတ်ဆိတ်စွာ ခံရပ်ပြီးရင်း ခံရပ်ဖို့သာ ဖြစ်သည်။...မည်သူမျှ ဖြောင့်မတ်ခြင်းနှင့် တရားမျှတမှု အတွက် ရုန်းကန်ရန် သို့မဟုတ် ရပ်တည်ရန် လုံးဝမဝံ့ရဲကြချေ။ လူတို့သည် ကံကျွေးချစနစ်ဆိုင်ရာ ကျင့်ဝတ်များ၏ ထိုးနှက်မှုများနှင့် မတရားဖိနှိပ်မှုအောက်၌ တိရစ္ဆာန်တစ်ကောင်ထက် ဆိုးရွားသော အသက်တာကို တစ်နေ့ပြီးတစ်နေ့၊ တစ်နှစ်ပြီးတစ်နှစ် ရှင်သန်ကာမျှ ရှင်သန်ကြလေသည်။ ၎င်းတို့သည် လူ့လောကထဲတွင် ပျော်ရွှင်မှုကို ခံစားရန် ဘုရားသခင်ကို ရှာဖွေဖို့ မည်သည့်အခါမှ မတွေးတောဖူးကြပေ။ ယင်းမှာ လူတို့သည် ညှိုးနွမ်းခြောက်သွေ့သော ဝါညိုညို ဆောင်းဦးရွက်ကြွေများကဲ့သို့ ဖြစ်သည်အထိ ရိုက်ချခံကြရပြီး ဖြစ်သည်။ လူတို့သည် အချိန်ကြာမြင့်စွာကတည်းက ၎င်းတို့၏ မှတ်ဉာဏ်ကို ဆုံးရှုံးခဲ့ကြပြီး ဖြစ်သည်။ ၎င်းတို့သည် လူ့လောကဟု ခေါ်ဆိုသော ငရဲနှင့်အတူ ပျက်စီးဆုံးရှုံးနိုင်ကြဖို့အလို့ငှာ နောက်ဆုံးသော နေ့ရက် ရောက်ရှိလာခြင်းကို စောင့်ဆိုင်းရင်း၊ ၎င်းတို့ တောင့်တသည့် နောက်ဆုံးသော နေ့ရက်သည် အေးအေးလူလူရှိသော ငြိမ်သက်ခြင်းကို လူသား မွေ့လျော်မည့် နေ့ရက်ဖြစ်သည့်အလား ဤငရဲတွင် ခိုကိုးရာမဲ့စွာ အသက်ရှင်ကြလေသည်။ ကံကျွေးချ စနစ်ဆိုင်ရာ ကျင့်ဝတ်များသည် လူသား၏ ခုခံရန် အစွမ်းတန်ခိုးကို သာ၍အားနည်းစေရင်း လူသား၏အသက်တာကို “မရဏနိုင်ငံ” ထဲသို့ ယူဆောင်သွားပြီဖြစ်သည်။ ဖိနှိပ်မှု မျိုးစုံတို့သည် လူသားကို ဘုရားသခင်ထံမှ ဝေးသထက်ဝေးသွားစေလျက်၊ မရဏထဲသို့ သာ၍နက်ရှိုင်းစွာ တစ်ဆင့်ပြီးတစ်ဆင့် ကျဆင်းဖို့ တွန်းလေသည်၊ ယနေ့ထိတိုင် ၎င်းသည် ဘုရားသခင်အဖို့ သူစိမ်းလုံးလုံးပင် ဖြစ်သွားပြီးဖြစ်ကာ ၎င်းတို့ဆုံတွေ့ကြသောအခါ သူ့ကို အလျင်အမြန် ရှောင်ရှားလေသည်။ လူသားသည် ဘုရားသခင်ကို မည်သည့် အခါတွင်မျှ မသိဖူးသကဲ့သို့၊ သူ့ကို ယခင်က မမြင်ဖူးသည့်အလား သူ့ကို အရေးမစိုက်ဘဲ တစ်ဖက်တွင် တစ်ကိုယ်တည်း ရပ်နေစေရစ်လေသည်။...ရှေးဟောင်းယဉ်ကျေးမှုနှင့် သက်ဆိုင်သည့် အသိပညာသည် လူသားကို ဘုရားသခင်၏ မျက်မှောက်မှ ခိုးကြောင်ခိုးဝှက် ခိုးယူသွားပြီးဖြစ်ကာ သူ့ကို နတ်ဆိုးတို့၏ ရှင်ဘုရင်နှင့် ၎င်း၏ သားများထံ လွှဲအပ်လိုက်ပြီး ဖြစ်သည်။ စာအုပ်လေးအုပ်နှင့် ဂန္တဝင်ကျမ်းငါးကျမ်းက တို့သည် လူသား၏ အတွေးအခေါ်နှင့် အယူအဆတို့ကို အခြားသော ပုန်ကန်ခြင်းခေတ်ထဲသို့ ဆောင်ယူသွားပြီးဖြစ်ကာ၊ ထိုစာအုပ်၊ ဂန္တဝင်မှတ်တမ်းတို့ကို ပြုစုခဲ့ကြသူများကို ယခင်ထက် တိုး၍ လွန်လွန်ကဲကဲ မြှောက်စားမှု ပေးစေရင်းနှင့် အကျိုးဆက်အနေဖြင့် ဘုရားသခင်နှင့် ပတ်သက်သည့် လူသား၏ အယူအဆများကို တိုး၍ ပိုမိုဆိုးရွားစေလေသည်။ လူသားက မသိဘဲနှင့်၊ နတ်ဆိုးတို့၏ ရှင်ဘုရင်သည် ဘုရားသခင်ကို လူသား၏ စိတ်နှလုံးမှ သနားကြင်နာမဲ့စွာ မောင်းထုတ်ပြီး၊ ထို့နောက် ယင်းကို ၎င်းကိုယ်တိုင် အားရဝမ်းသာဖြင့် သိမ်းပိုက်လေသည်။ ထိုအချိန်ကတည်းက၊ လူသားသည် နတ်ဆိုးတို့ ရှင်ဘုရင်၏ အကျည်းတန်ကာ ဆိုးယုတ်သော ဝိညာဉ်နှင့် မျက်နှာကို ပိုင်ဆိုင်လာခဲ့၏။ ဘုရားသခင်ကို မုန်းတီးခြင်းသည် ၎င်း၏ ရင်တွင်ပြည့်ကာ၊ လူသား လုံးဝ ဝါးမျိုခံခဲ့ရသည်အထိ နတ်ဆိုးများ၏ ရှင်ဘုရင်၏ မလိုတမာစိတ်သည် လူသားအတွင်းတွင် တစ်နေ့ပြီးတစ်နေ့ ပျံ့နှံ့လေသည်။ လူသားသည် လွတ်လပ်မှု အနည်းငယ်မျှ မရှိတော့သကဲ့သို့၊ နတ်ဆိုးတို့၏ ရှင်ဘုရင်၏ ထောင်ချောက်မှ လွတ်မြောက်ရန် နည်းလမ်း လုံးဝ မရှိခဲ့ပေ။ လူသားသည် ထိုနေရာတွင်ပင် အဖမ်းခံရပြီး၊ ၎င်း၏ မျက်မှောက်တွင် အညံ့ခံကာ ပြိုလဲကျရုံမှလွဲပြီး ရွေးချယ်စရာ မရှိခဲ့ပေ။ ကြာမြင့်စွာသောအချိန်က၊ လူသား၏ စိတ်နှလုံးနှင့် ဝိညာဉ်တို့သည် ကနဦးအဆင့်တွင် ရှိဆဲဖြစ်ခဲ့ချိန်တွင်၊ နတ်ဆိုးတို့၏ ရှင်ဘုရင်သည် လူသားကို “သိပ္ပံနှင့် နည်းပညာကို သင်ယူပါ။ ခေတ်နှင့်အမီလိုက်ခြင်း လေးချက်ကို နားလည်ပါ။ ပြီးလျှင် လောက၌ ဘုရားသခင်ဟူသည် မရှိ” ဟူသကဲ့သို့သော ယုတ္တိအမှားများကို သွန်သင်ရင်း၊ ယင်းအထဲ၌ ဘုရားမဲ့ဝါဒီနှင့်ဆိုင်သည့် အကျိတ်၏ အစေ့ကို စိုက်ပျိုးခဲ့သည်။ ထိုမျှသာမက၊ ၎င်းသည် မိမိတို့၏ နိုင်ငံအဖို့ သစ္စာရှိသည့် အမှုထမ်းခြင်းကို ပေးဖို့ရန် ကလေးဘဝမှ ပြင်ဆင်ထားဖို့ အယောက်စီတိုင်းကို တောင်းဆိုရင်း၊ “လှပသော ဇာတိမြေကို တည်ဆောက်ဖို့ ကျွန်ုပ်တို့၏ ဝီရိယရှိသော အားထုတ်မှုကို အမှီပြုကြစို့” ဟု အခွင့်အခါသင့်တိုင်း အော်ဟစ်လေသည်။ ဂုဏ်ပြုလေးစားမှုအားလုံးကို (ဆိုလိုသည်မှာ ဘုရားသခင်သည် လူသားမျိုးနွယ် အားလုံးကို သူ၏ လက်၌ ထိန်းသိမ်းထားခြင်းအတွက် ဘုရားသခင်နှင့်သက်ဆိုင်သော ဂုဏ်ပြုလေးစားမှုကို) မဆိုင်းမတွ ပိုင်စိုးပိုင်နင်း မိမိကိုယ်ကိုယ် ပေးသည့်နေရာဖြစ်သည့် ၎င်း၏ မျက်မှောက်သို့ လူသားသည် မရည်ရွယ်ပါဘဲနှင့် ခေါ်ဆောင်လာခြင်း ခံခဲ့ရလေသည်။ ၎င်းသည် မည်သည့်အခါတွင်မျှ ရှက်စိတ် တစ်ခုတစ်လေ မရှိခဲ့ပေ။ ထို့အပြင်၊ ၎င်းသည် ဘုရားသခင်၏လူတို့ကို အရှက်မရှိ ဖမ်းဆီးကာ၊ စားပွဲပေါ်သို့ ကြွက်တစ်ကောင်ကဲ့သို့ ခုန်တက်ကာ လူသားအား ၎င်းကို ဘုရားသခင်ကဲ့သို့ ကိုးကွယ်စေသည့် နေရာဖြစ်သော ၎င်း၏အိမ်ထဲသို့ ပြန်လည် တရွတ်တိုက် ဆွဲခေါ်လေသည်။ ထင်ရာစိုင်းသူတစ်ဦး ပါတကား။ ၎င်းသည် “လောကကြီး၌ ဘုရားသခင် ဟူသည် မရှိ။ လေသည် သဘာဝနိယာမများအရ အသွင်ပြောင်းလဲခြင်းများမှ လာသည်။ မိုးရေဆိုသည်မှာ ရေငွေ့က အေးသောအပူချိန်များနှင့် ဆုံတွေ့လျက်၊ ကမ္ဘာမြေပေါ်သို့ ကျသည့် မိုးစက်များအဖြစ်သို့ ငွေ့ရည်ဖွဲ့သည့်အခါ ဖြစ်လာသည်။ မြေငလျင်ဆိုသည်မှာ ဘူမိဗေဒဆိုင်ရာ ပြောင်းလဲခြင်းများကြောင့် ကမ္ဘာ့မျက်နှာပြင် တုန်ခါခြင်း ဖြစ်သည်၊ မိုးခေါင်ခြင်းဆိုသည်မှာ နေမင်း၏ မျက်နှာပြင်ပေါ်က အဏုမြူ ဒြပ်မှုန်များ ပြိုကွဲပျက်စီးမှုအားဖြင့် ဖြစ်ပေါ်လာသော လေထုထဲရှိ ခြောက်သွေ့မှုကြောင့် ဖြစ်သည်။ ဤအရာများသည် သဘာဝ ဖြစ်စဉ်များ ဖြစ်သည်။ ဤအရာအားလုံးတွင်၊ ဘုရားသခင်၏ လုပ်ဆောင်ချက် အဘယ်မှာ ရှိပါသနည်း” ဟူသကဲ့သို့သော မတော်တရော် တုန်လှုပ်ဖွယ် အရာများကို ဟစ်ကြော်လေသည်။ ၎င်းသည် အောက်ပါ ထွက်ဆိုချက်များကဲ့သို့သော မဖွင့်ဟသင့်သည့် ထွက်ဆိုချက်များကို ကြွေးကြော်သောသူများပင် ရှိလေသည်- “လူသားမှာ ရှေးအတိတ်ကာလက မျောက်ဝံများမှ ဆင်းသက်လာပြီး၊ ယနေ့ လောကကြီးသည် ခန့်မှန်းခြေအားဖြင့် လွန်ခဲ့သော ကပ်ကမ္ဘာမှ စတင်သည့် ရှေးကျသော လူ့အဖွဲ့အစည်းများ တစ်ခုပြီးတစ်ခုမှ လာသည်။ နိုင်ငံတစ်နိုင်ငံ တိုးတက်ကြီးပွားခြင်း သို့မဟုတ် ကျရှုံးခြင်းသည် ထိုနိုင်ငံ၏ ပြည်သူများ လက်ထဲတွင် လုံးဝ မူတည်သည်” ဟူ၍ ဖြစ်သည်။ နောက်ခံအကြောင်းအရာတွင်၊ ၎င်းသည် လူသားကို ၎င်းအား ဂါရဝပြုစေဖို့ ယင်းကို နံရံပေါ်၌ ချိတ်ဆွဲစေသည် သို့မဟုတ် စားပွဲပေါ် တင်စေလေသည်။ ၎င်းက “ဘုရားသခင် မရှိ” ဟု ဟစ်အော်သည့် တစ်ချိန်တည်းတွင်၊ ဘုရားသခင်၏နေရာတွင် ရပ်တည်ပြီး နတ်ဆိုးတို့၏ ရှင်ဘုရင် အခန်းကဏ္ဍကို ခံယူလျက် ဘုရားသခင်ကို ကမ္ဘာ၏ အကန့်အသတ် အတိုင်းအတာ ပြင်ပသို့ ရုတ်တရက် ကြမ်းတမ်းစွာ တွန်းထုတ်ခြင်းဖြင့်၊ ၎င်းသည် မိမိကိုယ်ကိုယ် ဘုရားသခင်အဖြစ် သတ်မှတ်လေသည်။ ကျိုးကြောင်း လုံးဝ ကင်းမဲ့လှပေတကား။ ၎င်းသည် လူတစ်ယောက်ကို မခံမရပ်နိုင်အောင် ၎င်းအား တကယ်ကို မုန်းတီးစေသည်။ ဘုရားသခင်နှင့် ၎င်းတို့သည် မပြေနိုင်သော ရန်သူများဖြစ်ပုံရပြီး နှစ်ဦး အတူတကွ မတည်ရှိနိုင်ပေ။ ၎င်းသည် ပညတ်တရား လက်လှမ်းမမီသည့်ပြင်ပတွင် လွတ်လွတ်လပ်လပ် သွားလာစဉ်တွင် ၎င်းသည် ဘုရားသခင်ကို မောင်းထုတ်ရန် ကျိတ်ကြံလေသည်။ ၎င်းမှာ နတ်ဆိုးတို့၏ ရှင်ဘုရင် ဖြစ်လိုက်လေသည်တကား။ ၎င်း၏ တည်ရှိမှုကို အဘယ်သို့ သည်းခံ၍ရနိုင်မည်နည်း။ ၎င်းသည် ဘုရားသခင်၏ အမှုကို ကမောက်ကမဖြစ်စေပြီး လုံးလုံး ဖရိုဖရဲ ဖြစ်ကျန်ရစ်စေသည်အထိ အနားယူမည်မဟုတ်သည်မှာ ၎င်းသည် ဘုရားသခင်ကို တမင်တကာ ဆန့်ကျင်ပြီး သာ၍ပင် အင်တိုက်အားတိုက် ချဉ်းကပ်လျက်၊ ငါးသေလျှင်သေ သို့မဟုတ် ကွန်ပျက်လျှင်ပျက်ဆိုသည်အထိ ဘုရားသခင်ကို အကြိတ်အနယ် နောက်ဆုံးပွဲသိမ်းသည်အထိ ဆန့်ကျင်လိုသည့်အလား ဖြစ်သည်။ ၎င်း၏ အကျည်းတန်သော မျက်နှာသည် ကြာမြင့်စွာကတည်းက လုံးလုံးလျားလျား ဖော်ထုတ်ခြင်းခံခဲ့ရပြီး ယခုတွင်မူ ပွန်းပဲ့ကာ ရိုက်ချိုးခံရပြီး ဆိုးဆိုးရွားရွား အခြေအနေတွင် ရှိသော်လည်း၊ ၎င်းသည် ဘုရားသခင်ကို တစ်လုတ်စာ ဝါးမျိုခြင်းဖြင့်သာ မိမိ၏ စိတ်နှလုံးထဲတွင် လှောင်ထားသော အမုန်းကို သက်သာရာ ရစေနိုင်မည့်အလား၊ ဘုရားသခင်အပေါ် မိမိ၏ မုန်းတီးခြင်းကို လျှော့မည်မဟုတ်ပေ။ ဘုရားသခင်၏ ဤရန်သူကို ငါတို့သည် မည်သို့ သည်းခံနိုင်မည်နည်း။ ၎င်း၏ အမြစ်ဖြတ် ချေမှုန်းခံရခြင်းနှင့် လုံးလုံးလျားလျား သုတ်သင်ခံရခြင်းသည်သာ ငါတို့အသက်တာ၏ အလိုဆန္ဒကို အောင်မြင်ခြင်းသို့ ရောက်ရှိစေလိမ့်မည်ဖြစ်သည်။ ၎င်းကို ဆက်လက် ပြေးလွှားသောင်းကျန်းခွင့် အဘယ်သို့ ပေးနိုင်ရမည်နည်း။ ယင်းသည် လူသားကို ဖောက်ပြန်ပျက်စီးစေပြီးဖြစ်သည်မှာ လူသားသည် ကောင်းကင်နေမင်းကို မသိသည့်အတိုင်းအတာ အထိဖြစ်ပြီး၊ ထုံထိုင်းကာ ခံစားချက်ကင်းမဲ့လာပြီဖြစ်သည်။ လူသားသည် ပုံမှန် လူသား ဆင်ခြင်တုံတရား ဆုံးရှုံးပြီဖြစ်သည်။ အနာဂတ်အတွက် စိုးရိမ်ပူပန်မှုအားလုံးကို ဖယ်ထုတ်ဖို့နှင့် ဘုရားသခင်၏ အမှုကို မကြုံစဖူးသော ခံညားထည်ဝါမှုသို့ ‌အဆောတလျင် ရောက်ရှိစေခွင့်ပြုရန်၊ ၎င်းကို ဖျက်ဆီးဖို့နှင့် ၎င်းကို မီးရှို့ပစ်လိုက်ဖို့ ငါတို့၏ ဖြစ်တည်ခြင်း တစ်ခုလုံးကို အဘယ်ကြောင့် ငါတို့ မဆက်ကပ်ကြသနည်း။ ဤလူယုတ်မာ အုပ်စုသည် လူ့လောကထဲသို့ လာကြပြီး ယင်းကို ဝရုန်းသုန်းကားအခြေအနေသို့ အခြေဆိုက်စေပြီဖြစ်သည်။ ၎င်းတို့သည် လူသားတို့၏ အလောင်းကောင်များကို ဝါးမျိုနိုင်ဖို့အလို့ငှာ လူသားတို့ကို အစိတ်စိတ် အမွှာမွှာ ရိုက်ခတ်ခံရစေဖို့ တွန်းချရန် တိတ်တဆိတ် စီစဉ်ရင်း၊ လူသားမျိုးနွယ်အားလုံးကို ချောက်ကမ်းပါး အစွန်းသို့ ခေါ်ဆောင်ခဲ့ကြသည်။ ၎င်းတို့သည် အန်စာတစ်ချက်ပစ်ကာ အရာရာကို လောင်းကြေးထပ်ရင်း ဘုရားသခင်၏ အစီအစဉ်ကို ဖြိုခွဲရန်နှင့် ဘုရားသခင်နှင့် ယှဉ်ပြိုင်မှုထဲသို့ ဝင်ရောက်ရန် အချည်းနှီး မျှော်လင့်လေသည်။ ဤသည်မှာ လုံးဝလွယ်ကူသည် မဟုတ်ချေ။ အဆုံးတွင်တော့၊ အယုတ်မာဆုံးသော ပြစ်မှုများအဖို့ အပြစ်ရှိသော နတ်ဆိုးတို့၏ ရှင်ဘုရင်အတွက် ကားတိုင်သည် ပြင်ဆင်ထားပြီး ဖြစ်သည်။ ဘုရားသခင်သည် လက်ဝါးကပ်တိုင်နှင့် မသက်ဆိုင်ပေ။ သူသည် ထိုကားတိုင်ကို မာရ်နတ်အတွက် ဘေးသို့ ပစ်လိုက်နှင့်ပြီး ဖြစ်သည်။ ဘုရားသခင်သည် ယခုမတိုင်မီ ယခင်ကြာမြင့်စွာ ကတည်းက အောင်နိုင်လျက် ထွက်ပေါ်ပြီးဖြစ်ကာ လူသားမျိုးနွယ်၏ အပြစ်များအပေါ် ပူဆွေးခြင်းကို မခံစားရတော့ဘဲ၊ လူသားမျိုးနွယ် အားလုံးထံ ကယ်တင်ခြင်းကို ဆောင်ယူလာမည် ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အမှုတော်နှင့် ဝင်ရောက်ခြင်း (၇)

နှစ်ထောင်ပေါင်းများစွာ ဖောက်ပြန်ပျက်စီးခဲ့ပြီးနောက် လူသားသည် ထုံတေထိုင်းမှိုင်းလာပြီးဖြစ်ကာ၊ လူသား၏ ဘုရားသခင်ကို တော်လှန်ပုန်ကန်မှုသည် သမိုင်းစာအုပ်များတွင် မှတ်တမ်းတင်ရပြီး လူသားကိုယ်တိုင်ပင် မိမိ၏ပုန်ကန်သည့် အပြုအမူနှင့် ပတ်သက်သည့် ဖြစ်စဉ်ကို ကုန်စင်အောင် ဖော်ပြနိုင်စွမ်း မရှိသည့်အတိုင်းအတာအထိ ဘုရားသခင်ကို ဆန့်ကျင်သော နတ်ဆိုးဖြစ်လာခဲ့သည်- အဘယ်ကြောင့်ဆိုသော် လူသားသည် စာတန်၏ အကြီးအကျယ် ဖျက်ဆီးခြင်းကို ခံခဲ့ရပြီး စာတန်၏ လမ်းလွဲသွားစေခြင်းကို ခံရပြီးဖြစ်သည့်အတွက် သူသည် မည်သည့်အရာကို ရှေ့ဆက်လုပ်ရမည်ကို လုံးဝ မသိပေ။ ယနေ့ပင်လျှင် လူသားသည် ဘုရားသခင်ကို သစ္စာဖောက်လျက်ရှိသည်- လူသားသည် ဘုရားသခင်ကို တွေ့မြင်သောအခါ၊ သူ့ကို သစ္စာဖောက်သည်၊ ဘုရားသခင်ကို မမြင်မတွေ့နိုင်သောအခါတွင်လည်း၊ သူ့ကို သစ္စာဖောက်သည်။ ဘုရားသခင်၏ ကျိန်ဆဲခြင်းနှင့် အမျက်တော်ကို မျက်မြင်တွေ့ခဲ့ရပြီးနောက်၊ ဘုရားသခင်ကို သစ္စာဖောက်ဆဲဖြစ်သည့်သူများပင် ရှိသေးသည်။ ထို့ကြောင့် လူ့အသိစိတ်သည် ယင်း၏နဂိုအသုံးဝင်မှု ပျောက်ဆုံးကာ လူ့အသိတရားသည်လည်း နဂိုအသုံးဝင်မှု ပျောက်ဆုံးလေပြီဟု ငါဆိုသည်။ ငါကြည့်မျှော်သော လူသားသည် လူအရေခြုံထားသော သားရဲတစ်ကောင်၊ အဆိပ်ပြင်းသော မြွေတစ်ကောင်ဖြစ်သည်၊ ပြီးလျှင် ငါ့မျက်စိရှေ့တွင် သနားဖွယ်ဖြစ်ပုံပေါက်ဖို့ သူ မည်မျှကြိုးစားသော်လည်း၊ ငါသည် သူ့ကို မည်သည့်အခါမျှ သနားကရုဏာ ထားရှိမည်မဟုတ်၊ အဘယ်ကြောင့်ဆိုသော် လူသားသည် အဖြူနှင့်အမဲကြားရှိ ခြားနားချက်ကို နားလည်ခြင်းမရှိ၊ သမ္မာတရားနှင့် သမ္မာတရား မဟုတ်ခြင်းကြားရှိ ခြားနားချက်ကို နားလည်ခြင်း မရှိသောကြောင့် ဖြစ်သည်။ လူသား၏အသိစိတ်သည် ထုံထိုင်းလှသော်လည်း၊ ကောင်းချီးမင်္ဂလာများကို ရရှိရန် သူ တောင့်တဆဲဖြစ်သည်။ သူ၏ လူ့သဘာဝသည် အလွန်ဂုဏ်အသရေမဲ့သော်လည်း၊ သူသည် ရှင်ဘုရင်၏ အချုပ်အခြာအာဏာကို ပိုင်ဆိုင်ရန် ဆန္ဒရှိဆဲဖြစ်သည်။ ထိုကဲ့သို့သော အသိစိတ်ဖြင့် သူသည် မည်သူတို့၏ ရှင်ဘုရင် ဖြစ်နိုင်မည်နည်း။ ထိုသို့သော လူ့သဘာဝဖြင့် ရာဇပလ္လင်ပေါ်တွင် သူ မည်သို့တက်ထိုင်နိုင်မည်နည်း။ လူသားသည် အကယ်စင်စစ်ပင် အရှက်မရှိပေတကား။ သူသည် စိတ်ကြီးဝင်နေသော အကောင်ယုတ် ဖြစ်ပေသည်။ သင်တို့အထဲတွင် ကောင်းချီးမင်္ဂလာများကို ရယူလိုသူများအတွက် ကြည့်မှန်တစ်ခုကို အရင်ရှာပြီး အကျည်းတန်သော မိမိ၏ ပုံရိပ်ကို ရှုစားကြရန် ငါအကြံပြုသည်။ သင့်တွင် ရှင်ဘုရင်ဖြစ်ရန်အရည်အသွေး ရှိသလော။ ကောင်းချီးမင်္ဂလာများကို ခံစားနိုင်သူ၏မျက်နှာကို ပိုင်ဆိုင်ခြင်း ရှိသလော။ သင်၏ စိတ်သဘောထားထဲ၌ ပြောင်းလဲခြင်း စိုးစဉ်းမျှ မရှိဘဲ၊ သင်သည် မည်သည့် သမ္မာတရားကိုမျှလည်း လက်တွေ့လုပ်ဆောင်ခြင်း မရှိသော်လည်း၊ အံ့မခန်းဖွယ် မနက်ဖြန်ကို တောင့်တနေသေးသည်။ သင်သည် မိမိကိုယ်ကိုယ် လှည့်ဖြားနေ၏။ ဤမျှညစ်ညမ်းသောမြေတွင် မွေးဖွားလာလျက်၊ လူသားသည် လူ့အဖွဲ့အစည်း၏ ပြင်းထန်စွာ ထိခိုက်ဖျက်ဆီးခြင်းကို ခံခဲ့ရပြီးဖြစ်သည်၊ သူသည် ရှေးဆန်သော လူ့ကျင့်ဝတ်များ၏ လွှမ်းမိုးခြင်းခံရပြီးဖြစ်ကာ “အဆင့်မြင့် ပညာသင်ကျောင်းများ” တွင် သင်ယူခဲ့ပြီးဖြစ်သည်။ ခေတ်နောက်ကျသော စဉ်းစားတွေးတောခြင်း၊ ဖောက်ပြန်ပျက်စီးသော အကျင့်စာရိတ္တ၊ ဘဝနှင့်ပတ်သက်သည့် နုံချာသော အမြင်ရှုထောင့်၊ စက်ဆုပ်ဖွယ် အတွေးအခေါ်၊ လုံးဝဥဿုံ တန်ဖိုးမရှိသော တည်ရှိမှု၊ စာရိတ္တပျက်ပြားသော အသက်ရှင်နေထိုင်ပုံနှင့် ဓလေ့စရိုက်များ- ဤအရာများအားလုံးသည် လူ့စိတ်နှလုံး အတွင်းသို့ ပြင်းပြင်းထန်ထန် ကျူးကျော်ဝင်ရောက်ကာ လူသား၏ အသိစိတ်ကို ပြင်းထန်စွာ အားလျော့စေခဲ့၍ တိုက်ခိုက်ခဲ့သည်။ အကျိုးဆက်အနေဖြင့် လူသားသည် ဘုရားသခင်နှင့် ဝေးသည်ထက် ဝေးသွားသည့်အပြင် သူ့ကို ယခင်ကထက် ပိုမို ဆန့်ကျင်လာသည်။ လူ့စိတ်သဘောထားသည် တစ်နေ့ပြီးတစ်နေ့ ပိုမိုဆိုးယုတ်လာကာ ဘုရားသခင်အတွက် မည်သည့်အရာကိုမဆို လိုလိုလားလား စွန့်လွှတ်လိုသည့်သူနှင့် ဘုရားသခင်ကို လိုလိုလားလား နာခံလိုစိတ်ရှိသူ တစ်ဦးတစ်လေမျှ မရှိသည့်အပြင် ဘုရားသခင်၏ ပေါ်ထွန်းမှုကို လိုလိုလားလား ရှာဖွေလိုသော ဆန္ဒရှိသူလည်း တစ်ဦးတစ်လေမျှ မရှိပေ။ ထိုအစား လူသားသည် ရွှံ့မြေထဲ၌ ဇာတိပကတိ၏ ဖောက်ပြန်ပျက်စီးခြင်းထံ မိမိကိုယ်ကိုယ် လုံးလုံးပေးအပ်ထားလျက်၊ စာတန်၏ အုပ်စိုးမှုအောက်တွင် မည်သည့်အရာကိုမှ လုပ်ဆောင်ခြင်းမရှိဘဲ အပျော်အပါးကို လိုက်စားပေသည်။ အမှောင်ထုတွင် နေထိုင်ကြသော လူသားတို့သည် သမ္မာတရားကို ကြားသောအခါ၌ပင်၊ လက်တွေ့လုပ်ဆောင်ရန် မတွေးတောကြသကဲ့သို့၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းကို ဖူးမြင်ခဲ့ရလျှင်ပင် ဘုရားသခင်ကို ရှာဖွေလိုခြင်း မရှိကြပေ။ ထိုမျှလောက် စာရိတ္တပျက်ပြားသော လူသားမျိုးနွယ်တစ်ရပ်သည် ကယ်တင်ခြင်းရရှိရန် အခွင့်အရေး မည်သို့ ရှိနိုင်မည်နည်း။ ထိုမျှ ယိုယွင်းသော လူသားမျိုးနွယ်တစ်ရပ်သည် အလင်းထဲတွင် မည်သို့နေနိုင်မည်နည်း။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ မပြောင်းလဲသော စိတ်သဘောထား ရှိခြင်းသည် ဘုရားသခင်ကို ရန်ဘက်ပြုခြင်းဖြစ်သည်

လူသားမျိုးနွယ်သည် ငါ၏ရန်သူသာ ဖြစ်သည်...။ လူသားမျိုးနွယ်သည် ငါ့ကို ဆန့်ကျင်ကာ မနာခံသည့် ဆိုးယုတ်သူတစ်ဦး ဖြစ်သည်။ လူသားမျိုးနွယ်သည် ငါ၏ကျိန်ခြင်းခံထားရသော ဆိုးယုတ်သူ တစ်ဦး၏ သားသမီးသာ ဖြစ်သည်။ လူသားမျိုးနွယ်သည် ငါ့ကို သစ္စာဖောက်ခဲ့သော ကောင်းကင်တမန်မင်း၏ သားစဉ်မြေးဆက်သာ ဖြစ်သည်။ လူသားမျိုးနွယ်သည် အချိန်ကြာမြင့်စွာက ငါ၏ ပစ်ပယ်ခြင်း ခံခဲ့ရပြီး၊ ထိုအချိန်ကတည်းက ငါနှင့် မကျေအေးနိုင်သော ရန်သူဖြစ်ပြီးလေသည့် နတ်ဆိုး၏ အမွေအနှစ်သာ ဖြစ်သည်။ လူသားမျိုးနွယ်တစ်ရပ်လုံးအထက်က ကောင်းကင်သည် ရှင်းလင်းပြတ်သားမှု အသွင် စိုးစဉ်းမျှမရှိဘဲ၊ နောက်ကျိကာ မှောင်မည်းပြီး၊ လူ့လောကထဲ အသက်ရှင်သောသူတစ်ဦးသည် မိမိမျက်နှာရှေ့ ဆန့်တန်းထားသော မိမိ၏လက်ကိုပင် မမြင်နိုင်ရန် သို့မဟုတ် သူ၏ ခေါင်းကို မော့သည့်အခါ နေကို မမြင်နိုင်ဖို့အလို့ငှာ၊ လူ့လောကသည် ပိန်းပိတ်အောင် မည်းမှောင်သည့် အမှောင်ထုထဲသို့ ထိုးဆင်းလေသည်။ ဗွက်ထူကာ ချိုင့်များထူပြောသည့် သူ၏ခြေအောက်က လမ်းသည် အကွေ့အကောက်ဖြင့် လှည့်ပတ်ကွေ့ကောက် သွားလေသည်။ မြေတစ်ပြင်လုံး အလောင်းကောင်များ ပြန့်ကျဲနေသည်။ မှောင်မည်းနေသော ထောင့်နေရာများသည် လူသေအလောင်းများဖြင့် ပြည့်နေပြီး၊ အေးစက်ပြီး မှောင်ရိပ်ကျနေသည့် ထောင့်နေရာများတွင် မကောင်းဆိုးဝါးတစ်သိုက် နေထိုင်ကြပြီး ဖြစ်သည်။ လူသားကမ္ဘာ၏ နေရာအနှံ့တွင် မကောင်းဆိုးဝါးများသည် အုံလိုက်ကျင်းလိုက် သွားလာနေကြသည်။ အညစ်အကြေးဖြင့် ဖုံးလွှမ်းလျက် သားရဲမျိုးစုံ၏ သားသမီးများသည် ပြင်းထန်သော အနီးကပ် တိုက်ပွဲ၌ ပိတ်မိနေကြသည်၊ ထိုတိုက်ပွဲ၏အသံသည် စိတ်နှလုံးကို တုန်လှုပ်ခြောက်ခြားသွားစေ၏။ ထိုသို့သော အချိန်ကာလများတွင်၊ ထိုသို့သောလောကတစ်ခု၊ ထိုသို့သော “လောက ပရဒိသုဘုံ” တစ်ခုတွင်၊ ဘဝ၏ ကြီးစွာသော ဝမ်းမြောက်ခြင်းကို အဘယ်မှာ သွားရှာရမည်နည်း။ မိမိဘဝ၏ ခရီးပန်းတိုင်ကို ရှာတွေ့ရန် အဘယ်သို့ သွားနိုင်မည်နည်း။ စာတန်၏ ခြေအောက်၌ အချိန်ကြာမြင့်စွာက နင်းခြေခြင်းခံခဲ့ရသော လူသားမျိုးနွယ်သည် အစကတည်းက စာတန်၏ သဏ္ဌာန်ကို ဆောင်ထားသော သရုပ်ဆောင် ဖြစ်သည်- ထို့ထက်ပို၍ လူသားမျိုးနွယ်သည် စာတန်၏ ပြယုဂ်ဖြစ်ပြီး၊ စာတန်ကို သိသာထင်ရှားစွာ သက်သေခံသည့် သက်သေအထောက်အထားအဖြစ် အစေခံပေသည်။ ထိုသို့သော လူသားမျိုးနွယ်၊ ထိုသို့သော အကျင့်ပျက် လူဖျင်းတစ်သိုက်၊ ဤဖောက်ပြန်ပျက်စီးသည့် လူမိသားစု၏ ထိုသို့သော သားသမီးများသည် ဘုရားသခင်အဖို့ အဘယ်သို့ သက်သေခံနိုင်မည်နည်း။ ငါ၏ဘုန်းအသရေသည် အဘယ်ကလာသနည်း။ ငါ၏သက်သေကို မည်သည့်နေရာမှ စ၍ပြောဆိုနိုင်မည်နည်း။ အကြောင်းမှာ လူသားမျိုးနွယ်ကို ဖောက်ပြန်ပျက်စီးစေလျက် ငါ့ကိုဆန့်ကျင်သည့် ရန်သူသည် လူသားမျိုးနွယ်ကို- ကာလကြာမြင့်စွာက ငါဖန်ဆင်းခဲ့ပြီး ငါ၏ဘုန်းအသရေနှင့် ငါ၏အသက်ရှင်နေထိုင်ခြင်းတို့နှင့် ပြည့်နေခဲ့သည့် လူသားမျိုးနွယ်ကို- ယူဆောင်သွားနှင့်ပြီးဖြစ်ကာ ညစ်ပေစေပြီး ဖြစ်သောကြောင့် ဖြစ်သည်။ ၎င်းသည် ငါ၏ဘုန်းအသရေကို လုယူသွားပြီးဖြစ်ကာ ၎င်းက လူသားကို ပြည့်ဝစေပြီးဖြစ်သည့်အရာ အားလုံးမှာ စာတန်၏ အကျည်းတန်မှုဖြင့် အလွန်အကျွံ ဖွဲ့နှောင်ထားသည့် အဆိပ်နှင့် ကောင်းမကောင်း သိကျွမ်းရာ အပင်၏ အသီးမှ အရည်တို့ ဖြစ်သည်။ အစအဦး၌၊ ငါသည် လူသားမျိုးနွယ်ကို ဖန်ဆင်းခဲ့၏။ ဆိုလိုသည်မှာ လူသားမျိုးနွယ်၏ ဘိုးဘေးဖြစ်သော အာဒံကို ငါဖန်ဆင်းခဲ့သည်။ သူသည် အားမာန်ဖြင့် ပြည့်လျှမ်းသည့်၊ အသက်ပါမှုတို့ဖြင့် ပြည့်လျှမ်းသည့် သဏ္ဌာန်နှင့် ပုံရိပ်ကို အပ်နှင်းခံခဲ့ရပြီး၊ ထို့အပြင် ငါ၏ဘုန်းအသရေက အတူပါရှိခဲ့သည်။ ယင်းမှာ လူသားကို ငါဖန်ဆင်းခဲ့သည့် မွန်မြတ်သောနေ့ရက် ဖြစ်ခဲ့သည်။ ထို့နောက်တွင်၊ အာဒံ၏ ခန္ဓာကိုယ်မှ ဧဝကို ဖြစ်စေခဲ့ပြီး၊ သူမသည်လည်း လူသား၏ ဘိုးဘေးဖြစ်ခဲ့ကာ၊ ထို့ကြောင့် ငါ ဖန်ဆင်းခဲ့သော လူတို့သည် ငါ၏အသက်ဇီဝနှင့် ငါ၏ဘုန်းအသရေတို့ဖြင့် ပြည့်လျှမ်းခဲ့သည်။ အာဒံသည် မူလအားဖြင့် ငါ့လက်မှ ဖြစ်ပွားစေခဲ့သူ ဖြစ်ပြီး ငါ့ပုံသဏ္ဌာန်၏ ကိုယ်စားပြုခြင်း ဖြစ်သည်။ ထို့ကြောင့် “အာဒံ” ၏ မူရင်းအဓိပ္ပာယ်သည် သဏ္ဌာန်နှင့် ပုံရိပ်တို့ရှိလျက်၊ စိတ်ဝိညာဉ်နှင့် ဇီဝအသက်တို့ ရှိလျက်၊ ငါ၏အလွန်အရေးပါသော အားအင်၊ ငါ၏ ဘုန်းအသရေဖြင့် ပြည့်ဝခဲ့သည့် ငါဖန်ဆင်းသော သတ္တဝါတစ်ဦး ဖြစ်ခဲ့သည်။ အာဒံသည် ဝိညာဉ်ရှိသည့်၊ ငါ့ကို ကိုယ်စားပြုနိုင်စွမ်း ရှိသူ၊ ငါ့ပုံသဏ္ဌာန်ကို ဆောင်နိုင်စွမ်းရှိကာ ငါ၏ဇီဝအသက်ကို လက်ခံရရှိနိုင်စွမ်းရှိသည့် တစ်ဦးတည်းသော ဖန်ဆင်းခံသတ္တဝါ ဖြစ်သည်။ အစအဦး၌ ဧဝသည် ငါ စီမံခဲ့သည့် ဇီဝအသက် နှင်းအပ်ခံရသော ဖန်ဆင်းခြင်းဖြင့် ဒုတိယမြောက် လူသားဖြစ်ပြီး ထို့ကြောင့် “ဧဝ”၏ မူလအဓိပ္ပာယ်မှာ ငါ၏ အသက်ပါမှုဖြင့် ပြည့်သည့်အပြင် ငါ၏ဘုန်းအသရေ နှင်းအပ်ခံရလျက်၊ ငါ၏ ဘုန်းအသရေကို ဆက်လက်ဖြစ်စေမည့် ဖန်ဆင်းခံသတ္တဝါတစ်ဦးဟု ဆိုလိုသည်။ ဧဝသည် အာဒံထံမှ ဖြစ်လာခဲ့သည်၊ ထို့ကြောင့် သူသည် ငါ၏ သဏ္ဌာန်ဖြင့် ဖန်ဆင်းခံရသည့် ဒုတိယမြောက်လူသား ဖြစ်သည့်အတွက်၊ သူသည်လည်း ငါ၏ပုံသဏ္ဌာန်ကို ဆောင်ခဲ့ပေသည်။ “ဧဝ”၏ မူလအဓိပ္ပာယ်မှာ ဝိညာဉ်၊ အသွေးအသားနှင့် အရိုးရှိသည့် သက်ရှိလူသား ဖြစ်သည်၊ လူသားမျိုးနွယ်အလယ် ငါ၏ဒုတိယမြောက် သက်သေအပြင် ငါ၏ဒုတိယမြောက် ပုံသဏ္ဌာန် ဖြစ်သည်။ ၎င်းတို့သည် လူသားမျိုးနွယ်၏ ဘိုးဘေးများ၊ လူသား၏ စစ်မှန်ပြီး အဖိုးတန်သော ရတနာဖြစ်ပြီး၊ အစပထမကတည်းက ဝိညာဉ် အပ်နှင်းခံခဲ့ရသည့် သက်ရှိသတ္တဝါများ ဖြစ်သည်။ သို့သော်လည်း၊ ဆိုးယုတ်သူသည် လူ့လောကကို ပကတိ အမှောင်ထဲသို့ ကျဆင်းသွားစေလျက်၊ လူသားမျိုးနွယ် ဘိုးဘေးများ၏ သားသမီးများကို နင်းခြေကာ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး၊ သားသမီးများက ငါ၏တည်ရှိခြင်းကို မယုံကြတော့စေရန်အလို့ငှာ ထိုသို့ပြုခဲ့သည်။ ထို့ထက်ပို၍ပင် စက်ဆုပ်ဖွယ်ကောင်းသည်မှာ ဆိုးယုတ်သူသည် လူများကို ဖောက်ပြန်ပျက်စီးစေပြီး ၎င်းတို့အနှံ့ နင်းခြေသည်နှင့်အမျှ၊ ၎င်းသည် လူတို့အပေါ် ငါအပ်နှင်းထားခဲ့သော ငါ့ဘုန်းအရေ၊ ငါ့သက်သေနှင့် အသက်ပါမှု၊ ၎င်းတို့အထဲသို့ ငါမှုတ်သွင်းခဲ့သော ထွက်သက်ဝင်သက်နှင့် အသက်၊ လူ့လောကထဲရှိ ငါ၏ ဘုန်းအသရေအားလုံးနှင့် လူသားမျိုးနွယ်အပေါ် ငါအသုံးပြုခဲ့သော နှလုံးသွေးအားလုံးကို ရက်ရက်စက်စက် မရမကဆွဲလု ယူနေပေသည်။ လူသားမျိုးနွယ်သည် အလင်းထဲ၌ မရှိကြတော့ပေ၊ လူတို့သည် ၎င်းတို့အပေါ် ငါ အပ်နှင်းခဲ့သော အရာအားလုံးကို ဆုံးရှုံးကြပြီးဖြစ်သကဲ့သို့၊ ငါ ပေးခဲ့သော ဘုန်းအသရေကို စွန့်ပစ်ကြပြီး ဖြစ်သည်။ ငါသည် ဖန်ဆင်းခံ သတ္တဝါအားလုံး၏ သခင်ဖြစ်သည်ကို ၎င်းတို့ အဘယ်သို့ အသိအမှတ် ပြုနိုင်မည်နည်း။ ၎င်းတို့သည် ကောင်းကင်ဘုံက ငါ၏ တည်ရှိခြင်းကို အဘယ်သို့ ဆက်လက်ယုံကြည်နိုင်ကြမည်နည်း။ ကမ္ဘာမြေပေါ်က ငါ၏ ဘုန်းအသရေ သရုပ်သကန်များကို ၎င်းတို့ မည်သို့ ရှာဖွေတွေ့ရှိနိုင်မည်နည်း။ ဤမြေးယောက်ျားများနှင့် မြေးမိန်းကလေးများသည်‌ ၎င်းတို့၏ ဘိုးဘေးဘီဘင်များက ရိုသေလေးမြတ်ခဲ့သော ဘုရားသခင်ကို မိမိတို့ကို ဖန်ဆင်းခဲ့သော သခင်အဖြစ် မည်သို့ မှတ်ယူနိုင်ကြမည်နည်း။ ဤသနားစဖွယ် မြေးယောက်ျားများနှင့် မြေးမိန်းကလေးများသည် အာဒံနှင့် ဧဝအပေါ် ငါအပ်နှင်းခဲ့သော ဘုန်းအသရေ၊ ပုံသဏ္ဌာန်နှင့် သက်သေတို့အပြင်၊ လူသားမျိုးနွယ်အပေါ် ငါ အပ်နှင်းခဲ့ပြီး ၎င်းတို့ တည်ရှိဖို့ မှီခိုခဲ့ကြသည့် အသက်ကို ဆိုးယုတ်သူထံ ရက်ရောစွာ “ပေးအပ်ကြပြီးဖြစ်သည်”၊‌ ပြီးလျှင် ၎င်းတို့သည် ဆိုးယုတ်သူ တည်ရှိခြင်းကို အလွန်အမင်း သတိမပြုမိသကဲ့သို့၊ ငါ၏ဘုန်းအသရေအားလုံးကို ၎င်းထံ ပေးကြလေသည်။ ဤသည်မှာ “လူဖျင်းလူသွမ်း” ဟူသော ဂုဏ်ပုဒ်၏ တကယ့် အရင်းအမြစ် ဖြစ်သည်မဟုတ်လော။ ထိုသို့သော လူသားမျိုးနွယ်၊ ထိုသို့သော ဆိုးယုတ်သည့် မကောင်းဆိုးဝါးများ၊ ထိုသို့သော လမ်းလျှောက်နေသည့် အလောင်းကောင်များ၊ ထိုသို့သော စာတန်၏ သဏ္ဌာန်များနှင့် ထိုသို့သော ငါ၏ရန်သူများသည် ငါ၏ဘုန်းအသရေကို မည်သို့ ပိုင်ဆိုင်နိုင်မည်နည်း။ ငါ၏ဘုန်းအသရေကို ငါပြန်သိမ်းမည်၊ လူသားများအလယ် တည်ရှိသည့် ငါ၏ သက်သေနှင့်၊ တစ်ချိန်က ငါနှင့်သက်ဆိုင်ခဲ့ပြီး လူသားမျိုးနွယ်ကို အချိန်ကြာမြင့်စွာက ငါပေးခဲ့သော အရာအားလုံးကို ငါပြန်သိမ်းမည်- ငါသည် လူသားမျိုးနွယ်ကို လုံးဝ သိမ်းပိုက်မည်။ သို့သော် ငါဖန်ဆင်းခဲ့သော လူသားများသည် ငါ၏ပုံသဏ္ဌာန်နှင့် ငါ၏ ဘုန်းအသရေကို သယ်ဆောင်သည့် သန့်ရှင်းသော လူများ ဖြစ်ခဲ့သည်ကို သင်သိသင့်သည်။ ၎င်းတို့သည် စာတန်နှင့် မသက်ဆိုင်ခဲ့ကြသကဲ့သို့၊ ၎င်း၏ နင်းခြေခြင်းလည်း မခံခဲ့ကြရဘဲ၊ စာတန်၏ အဆိပ်နှင့်ဆိုင်သည့် အရိပ်လက္ခဏာ စိုးစဉ်းမျှ မပါသည့် ငါ၏သရုပ်သကန် သက်သက် ဖြစ်ခဲ့သည်။ ထို့ကြောင့် ငါ၏လက်ဖြင့် ဖန်ဆင်းခဲ့သော၊ ငါ ချစ်မြတ်နိုးပြီး အခြားအရာနှင့် မသက်ဆိုင်သည့် သန့်ရှင်းသူများကိုသာ ငါအလိုရှိသည်ကို လူသားမျိုးနွယ်အား ငါသိစေ၏။ ထို့အပြင်၊ ၎င်းတို့၌ ငါသည် ပျော်ရွှင်ဝမ်းမြောက်မည် ဖြစ်ပြီး၊ ၎င်းတို့ကို ငါ၏ဘုန်းအသရေအဖြစ် မှတ်ယူမည်။ သို့သော်၊ ငါအလိုရှိသော အရာသည် စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်း ခံရပြီးဖြစ်သည့်၊ ယနေ့တွင် စာတန်နှင့် သက်ဆိုင်ပြီး ငါ၏မူလဖန်ဆင်းခြင်း မဟုတ်တော့သည့် လူသားမျိုးနွယ် မဟုတ်ပေ။ ငါသည် လူ့လောက၌ တည်ရှိနေသော ငါ၏ဘုန်းအသရေကို ပြန်သိမ်းရန် ရည်ရွယ်သောကြောင့်၊ စာတန်ကို အနိုင်ယူရာတွင် ငါ၏ ဘုန်းအသရေနှင့်ဆိုင်သော သက်သေအဖြစ် လူသားမျိုးနွယ်ထဲမှ ရှင်ကျန်သူများကို ငါ လုံးဝ သိမ်းပိုက်မည်။ ငါသည် ငါ၏သက်သေကိုသာ ငါကိုယ်တိုင်၏ ပုံဆောင်မှုအဖြစ်၊ ငါ၏ပျော်ရွှင်မှု ရည်မှန်းချက်အဖြစ် ငါ သဘောထားမည်။ ဤသည်မှာ ငါ၏အလို ဖြစ်သတည်း။

လူသားမျိုးနွယ်သည် ယနေ့ ၎င်းတို့ ရောက်ရှိနေသော နေရာသို့ ရောက်ဖို့ရန် သမိုင်းနှစ်ပေါင်း သောင်းချီကြာပြီးဖြစ်သည်၊ သို့သော် အစအဦး၌ ငါ ဖန်ဆင်းခဲ့သည့် လူသားမျိုးနွယ်သည် အချိန်ကြာမြင့်စွာကတည်းက ဆုတ်ယုတ်ခြင်းထဲသို့ ကျဆင်းပြီးဖြစ်သည်။ လူသားမျိုးနွယ်သည် ငါ အလိုဆန္ဒရှိသည့် လူသားမျိုးနွယ် မဟုတ်တော့သကဲ့သို့၊ ထို့ကြောင့် ငါ၏ အမြင်တွင် လူတို့သည် လူသားမျိုးနွယ်၏ အမည်ဖြင့် မထိုက်တန်တော့ပေ။ ယင်းထက် ၎င်းတို့သည် စာတန်က ဖမ်းဆီးချုပ်နှောင်ပြီးဖြစ်သည့် လူသားမျိုးနွယ်၏ လူဖျင်းလူသွမ်းများနှင့် စာတန်က မှီတင်းအခြေချထားကာ မိမိကိုယ်ကိုယ် အရေခြုံထားသည့် လမ်းလျှောက်နေသည့် ပုပ်ပွသော အလောင်းကောင်များ ဖြစ်သည်။ လူများသည် ငါ၏တည်ရှိခြင်းကို မယုံကြည်ကြသကဲ့သို့၊ ငါ၏ကြွလာခြင်းကိုလည်း မကြိုဆိုကြချေ။ လူသားမျိုးနွယ်သည် ငါ၏ တောင်းဆိုချက်များကို ယာယီခဏ လိုက်လျောရင်း တွန့်တိုစွာ တုံ့ပြန်ရုံတုံ့ပြန်ကြပြီး၊ အသက်တာ၏ ပျော်ရွှင်မှုနှင့် ဝမ်းနည်းမှုတို့တွင် ငါနှင့်အတူ စိတ်ရင်းအမှန်ဖြင့် မျှဝေမခံစားကြချေ။ လူတို့သည် ငါ့ကို နားမလည်နိုင်စရာဟု မြင်ကြသည့်အတွက်၊ ၎င်းတို့သည် လက်ရှိ ငါ၏ အလိုကို မဆိုထားနှင့်၊ ငါ၏ အမှုနှင့်ဆိုင်သည့် အသိပညာ မရှိကြသည့်အတွက်၊ တန်ခိုးအာဏာရှိသူကို မျက်နှာချိုသွေးသည့် သဘောထားဖြင့် ငါ့ကို တွန့်တိုသော အပြုံးများ ပြုံးပြကြလေသည်။ ငါသည် သင်တို့နှင့်ပတ်သက်၍ ရိုးသားမည်- အချိန်ကျလာသည့်အခါ၊ ငါ့ကို ကိုးကွယ်ကြသော သူများ၏ ဆင်းရဲဒုက္ခသည် သင်တို့ထက် သာ၍ ခံသာလိမ့်မည်။ အမှန်တွင်၊ ငါ၌ သင်တို့၏ ယုံကြည်ခြင်း အတိုင်းအတာသည် ယောဘ၏ ယုံကြည်ခြင်းကို မကျော်လွန်ချေ- ယုဒလူမျိုး ဖာရိရှဲများ၏ ယုံကြည်ခြင်းပင်လျှင် သင်တို့ထက် သာလွန်၏၊ ထို့ကြောင့် မီးနေ့ရက်သည် ကျရောက်လာပါက၊ သင်တို့၏ ဆင်းရဲဒုက္ခသည် ယေရှု၏ ပြစ်တင်မောင်းမဲခြင်း ခံခဲ့ရချိန် ဖာရိရှဲများ၏ ဆင်းရဲဒုက္ခထက်၊ မောရှေကို ဆန့်ကျင်ခဲ့ကြသော ခေါင်းဆောင် ၂၅၀ ၏ ဆင်းရဲဒုက္ခထက်၊ ယင်း၏ ပျက်စီးခြင်းနှင့်ဆိုင်သည့် ချစ်ချစ်တောက် ပူပြင်းသော မီးလျှံများအောက် သောဒုံမြို့၏ ဆင်းရဲဒုက္ခထက် သာ၍ကြီးလေးလိမ့်မည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ စစ်မှန်သောလူတစ်ယောက် ဖြစ်ခြင်းဆိုသည်မှာ

နတ်ဆိုးနှင့်သက်ဆိုင်သော သူအားလုံးသည် မိမိတို့ကိုယ်ကိုယ်အတွက် အသက်ရှင်ကြ၏။ ၎င်းတို့၏ ဘဝအမြင်များနှင့် ဆိုရိုးများက၊ “လူတိုင်းက ကိုယ့်အတွက်ပဲ၊ ဘယ်သူသေသေ ငတေမာရင်ပြီးရော” ဆိုသကဲ့သို့သော စာတန်၏ ဆိုရိုးစကားများမှ အဓိက လာလေသည်။ ထိုနတ်ဆိုးဘုရင်များ၊ ကြီးမြတ်သူများနှင့် ကမ္ဘာမြေ၏ အတွေးအခေါ်ပညာရှင်များက ပြောဆိုသည့် စကားများသည် လူသား၏ တကယ့်ဘဝ ဖြစ်လာကြသည်။ အထူးသဖြင့်၊ တရုတ်လူမျိုးများက “ပညာရှိ”ဟု အမွှမ်းတင်ခံရသူ ကွန်ဖြူးရှပ်၏ စကားအများစုမှာ လူသား၏ ဘဝ ဖြစ်လာပြီးဖြစ်သည်။ ဗုဒ္ဓဘာသာနှင့် ဒေါင်အယူဝါဒတို့၏ နာမည်ကျော် စကားပုံများနှင့် နာမည်ကျော် ပုဂ္ဂိုလ်အမျိုးမျိုးတို့၏ မကြာခဏ ကိုးကားခံရသည့် ဂန္တဝင် ဆိုရိုးစကားများလည်း ရှိပေသည်၊ ဤအရာအားလုံးသည် စာတန်၏ အတွေးအခေါ်များနှင့် စာတန်၏ သဘာဝတို့၏ အနှစ်ချုပ်များ ဖြစ်ကြသည်။ ၎င်းတို့သည် စာတန်၏ သဘာဝနှင့်ဆိုင်သော အကောင်းဆုံး သာဓကများနှင့် ရှင်းပြချက်များလည်း ဖြစ်ကြသည်။ လူသား၏ စိတ်နှလုံးထဲသို့ သွင်းပေးခံခဲ့ရသည့် ဤအဆိပ်များအားလုံး စာတန်ထံမှ လာလေသည်၊ ၎င်းတို့ထဲမှ နည်းနည်းမျှ ဘုရားသခင်ထံမှ မလာပေ။ ထိုသို့သော ဆိုးယုတ်သည့် စကားများသည် ဘုရားသခင်၏ နှုတ်ကပတ်တော်နှင့်လည်း တိုက်ရိုက် ဆန့်ကျင်လျက် ရှိ၏။ အပြုသဘောဆောင်သော အရာများအားလုံး၏ လက်တွေ့အရှိတရားများသည် ဘုရားသခင်ထံမှ လာပြီး၊ လူသားကို အဆိပ်ခတ်သည့် အပျက်သဘောဆောင်သော အရာများအားလုံးက စာတန်ထံမှာ လာသည်မှာ လုံးဝ ရှင်းသည်။ ထို့ကြောင့်၊ သင်သည် လူပုဂ္ဂိုလ်တစ်ဦး၏ သဘာဝဗီဇနှင့် သူသည် မည်သူနှင့် သက်ဆိုင်ကြောင်းကို သူ၏ဘဝအမြင်များနှင့် တန်ဖိုးများမှ သင် ထိုးထွင်းသိမြင်နိုင်သည်။ စာတန်သည် နိုင်ငံတော်အစိုးရများ၊ ကျော်ကြားသူများနှင့် ကြီးမြတ်သူများ၏ ပညာရေးနှင့် လွှမ်းမိုးမှုမှတစ်ဆင့် လူတို့ကို ဖျက်ဆီးသည်။ သူတို့၏ ဆိုးယုတ်သော စကားများသည် လူသား၏ ဘဝနှင့် သဘာဝဗီဇ ဖြစ်လာပြီးဖြစ်သည်။ “လူတိုင်းက ကိုယ့်အတွက်ပဲ၊ ဘယ်သူသေသေ ငတေမာရင်ပြီးရော” ဆိုသည်မှာ လူတိုင်းအထဲသို့ သွတ်သွင်းပေးထားသကဲ့သို့ လူသား၏ဘဝ ဖြစ်လာခဲ့သည့် လူသိများသော စာတန်နှင့်ဆိုင်သည့် ဆိုရိုးတစ်ခုဖြစ်သည်။ ဤကဲ့သို့သော ရှင်သန်ခြင်းအတွက် အခြားသော ဒဿနများနှင့်ဆိုင်သည့် စကားလုံးများလည်း ရှိသည်။ စာတန်သည် လူတို့ကို ပညာပေးဖို့ နိုင်ငံတစ်နိုင်ငံစီ၏ နှစ်လိုဖွယ်ကောင်းသော ရိုးရာယဉ်ကျေးမှုကို အသုံးပြုလျက် လူသားမျိုးနွယ်ကို အတိုင်းမသိ ပျက်စီးခြင်း၏ ချောက်နက်ထဲသို့ ကျဆင်းကာ ဝါးမျိုခံရစေပြီး အဆုံးတွင် လူတို့သည် စာတန်ကိုအစေခံ၍ ဘုရားသခင်ကို ခုခံသောကြောင့် ဘုရားသခင်၏ ဖျက်ဆီးခြင်းကို ခံကြရသည်။

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “လူ့သဘာဝကို သိရှိရန် နည်းလမ်း” မှ

လူသားကို လှည့်စားရန်အတွက် အမျိုးမျိုးသော ရှာဖွေတွေ့ရှိချက်များနှင့် သိပ္ပံဆိုင်ရာ ကောက်ချက်များ အားလုံးကို အသုံးပြုခြင်းအပြင်၊ စာတန်သည် ဘုရားသခင်က လူသားတို့ကို ပေးထားခဲ့သည့် ရှင်သန်နေသော ပတ်ဝန်းကျင်အား အကြောင်းမဲ့ ဖျက်ဆီးခြင်းနှင့် အကျိုးအမြတ်ထုတ်ခြင်းတို့ ဆောင်ရွက်ရန် သိပ္ပံကိုလည်း နည်းလမ်းတစ်ခုအနေနှင့် အသုံးပြု၏။ လူသားသည် သိပ္ပံဆိုင်ရာ သုတေသနကို ဆောင်ရွက်ပါက၊ လူသား၏ ရှင်သန်နေသော ပတ်ဝန်းကျင်နှင့် ဘဝ အရည်အသွေးတို့သည် ဆက်လက်တိုးတက်လိမ့်မည်ဖြစ်သည့်အပြင်၊ သိပ္ပံပညာ တိုးတက်ခြင်း၏ ရည်ရွယ်ချက်မှာ လူသား၏ နေ့စဉ်တိုးလာနေသော ရုပ်ဝတ္ထုလိုအပ်ချက်များနှင့် ၎င်းတို့၏ ဘဝအရည်အသွေးကို အဆက်မပြတ် တိုးတက်စေရန် လိုအပ်မှုတို့ကို ဖြည့်တင်းပေးရန် ဖြစ်သည် ဆိုသည့် မူမမှန်သည့် အကြောင်းပြချက် အောက်တွင် စာတန်သည် ဤအရာကို လုပ်ဆောင် လေသည်။ ဤသည်မှာ စာတန်၏ သိပ္ပံတိုးတက်မှုနှင့်ဆိုင်သည့် အယူအဆရေးရာ အခြေခံ အကြောင်းရင်း ဖြစ်သည်။ သို့ရာတွင်၊ သိပ္ပံက လူသားမျိုးနွယ်ထံ မည်သည့်အရာကို ဆောင်ယူပြီး ဖြစ်သနည်း။ ငါတို့ ဆက်နွှယ်သည့် ပတ်ဝန်းကျင်တွင် မည်သည့်အရာ ပါဝင်သနည်း။ လူသားမျိုးနွယ်တို့ ရှူသွင်းသော လေသည် ညစ်ညမ်းလာပြီ မဟုတ်လော။ ငါတို့ သောက်သုံးသော ရေသည် အမှန်တကယ် သန့်စင်သေးသလော (မသန့်စင်တော့ပါ။) ငါတို့ စားသုံးနေသော အစားအစာသည် သဘာဝအတိုင်း ဟုတ်ပါ၏လော။ အများစုသည် ဓါတုဓာတ်မြေသြဇာ နှင့် မျိုးဗီဇ ပြုပြင်မှုကို အသုံးပြုကာ စိုက်ပျိုးထားခြင်းဖြစ်ပြီး သိပ္ပံနည်းလမ်းအမျိုးမျိုးကို အသုံးပြုခြင်းဖြင့် သန္ဓေပြောင်းလဲခြင်းတို့သည်လည်း ရှိကြသည်။ ငါတို့စားသုံးသည့် ဟင်းသီးဟင်းရွက်တို့နှင့် အသီးအနှံတို့သည်ပင် သဘာဝအတိုင်း မဟုတ်တော့ပေ။ သဘာဝအတိုင်းဖြစ်သော ကြက်ဥ တစ်လုံးကိုပင် ရှာတွေ့ဖို့ မလွယ်သလို၊ ကြက်ဥများသည် စာတန်၏ သိပ္ပံဟူသော အရာဖြင့် ပြုပြင်ခံထားရနှင့်ပြီးဖြစ်လျက်၊ ယခင်ရှိခဲ့ဖူးသော အရသာမျိုး မရှိတော့ပေ။ ခြုံ၍ကြည့်ပါက၊ လေထု တစ်ခုလုံးသည် ဖျက်ဆီးခံထားရပြီး၊ ညစ်ညမ်းပြီး ဖြစ်သည်။ တောင်တန်းများ၊ ရေကန်များ၊ သစ်တောများ၊ မြစ်များ၊ သမုဒ္ဒရာများနှင့် မြေပြင် အထက်အောက်ရှိ အရာအားလုံးတို့မှာ သိပ္ပံဆိုင်ရာ အောင်မြင်မှု ဟုဆိုသော အရာကြောင့် အားလုံး ပျက်စီးပြီးဖြစ်သည်။ အကျဉ်းချုပ်အားဖြင့်၊ ဘုရားသခင်က လူသားမျိုးနွယ်ကို ပေးအပ်ခဲ့သည့် သဘာဝ ပတ်ဝန်းကျင်တစ်ခုလုံး၊ ရှင်သန်နေသော ပတ်ဝန်းကျင်သည် သိပ္ပံဟူသောအရာကြောင့် ဖျက်စီးခံရကာ ပျက်စီးပြီးဖြစ်သည်။ လူအများအပြားတို့သည် ၎င်းတို့ ရှာဖွေသည့် ဘဝ၏ အရည်အသွေးအရ မိမိတို့၏ စိတ်ဆန္ဒများနှင့် ကိုယ်ခန္ဓာ နှစ်ခုလုံးကို ဖြည့်ဆည်းရင်း ၎င်းတို့ အမြဲမျှော်လင့်ခဲ့သည့်အရာကို ရရှိပြီးဖြစ်သည့် လူများစွာ ရှိသော်လည်း၊ လူသားနေထိုင်သည့် ပတ်ဝန်းကျင်မှာ သိပ္ပံက ယူဆောင်ခဲ့သည့် “အောင်မြင်မှု” အမျိုးမျိုးတို့ကြောင့် အခြေခံအားဖြင့် ဖျက်ဆီးခံရကာ ပျက်စီးပြီး ဖြစ်သည်။ ယခုအချိန်တွင်၊ သန့်ရှင်းသည့် လေတစ်ရှိုက်ကိုပင် ကျွန်ုပ်တို့ ရှူခွင့် မရှိကြတော့ပေ။ ဤသည်မှာ လူသားမျိုးနွယ်၏ သောကရောက်စရာ ဖြစ်သည်မဟုတ်လော။ ဤနေရာမျိုးတွင် နေထိုင်ရမည့် အချိန်တွင်၊ လူသားအတွက် ပြောပြစရာ ပျော်ရွှင်မှု တစ်ခုတစ်လေ ရှိပါသလော။ လူသား အသက်ရှင် နေထိုင်သည့် ဤနေရာနှင့် ရှင်သန်သော ပတ်ဝန်းကျင်သည် အစအဦးကတည်းက လူသားအတွက် ဘုရားသခင် ဖန်ဆင်းခဲ့ခြင်းဖြစ်၏။ လူတို့ သောက်သုံးသော ရေ၊ လူတို့ရှူရှိုက်သော လေ၊ လူတို့စားသုံးသော အစားအစာ၊ အပင်များ၊ သစ်ပင်များနှင့် သမုဒ္ဒရာများ- ဤရှင်သန်နေသော ပတ်ဝန်းကျင်၏ အစိတ်အပိုင်းတိုင်းအား လူသားကို ဘုရားသခင်က ပေးခဲ့ခြင်းဖြစ်သည်။ ယင်းသည် ဘုရားသခင် ချမှတ်ပေးခဲ့သည့် သဘာဝနိယာမနှင့်အညီ လည်ပတ်လျက် သဘာဝအလျောက် ဖြစ်လေသည်။ သိပ္ပံသာမရှိခဲ့ပါက၊ လူတို့သည် ပျော်ရွှင်ခဲ့လိမ့်မည် ဖြစ်ကာ အရာရာတိုင်းကို ဘုရားသခင်၏ နည်းလမ်းအတိုင်း၊ ၎င်းတို့ခံစားရန် ဘုရားသခင် အပ်နှင်းခဲ့သောအရာနှင့်အညီ၊ ယင်းတို့၏ အသန့်ရှင်း အသန့်ပြန့်ဆုံးအခြေအနေကို ခံစားနိုင်ကြမည် ဖြစ်သည်။ သို့ရာတွင် ယခုအချိန်၌ ဤအရာအားလုံးကို စာတန်က ဖျက်ဆီးထား၍ ပျက်စီးခဲ့လေပြီ။ လူသား၏ အဓိက အသက်ရှင်နေထိုင်ရာနေရာသည် သန့်ရှင်းခြင်း မရှိတော့ပေ။ သို့သော် ဤအရာကို မည်သည့်အရာက ဖြစ်စေခဲ့သည် သို့မဟုတ် ဤအရာ မည်သို့ ဖြစ်လာသည်ကို အဘယ်သူကမျှ သတိမပြုမိနိုင် ကြသလို၊ ပို၍ပင် များပြားသောလူတို့သည် သိပ္ပံပညာကို ချဉ်းကပ်ကြပြီး ၎င်းတို့ထံတွင် စာတန် သွတ်သွင်းထားသော အယူအဆများမှတဆင့် သိပ္ပံကို သိနားလည်ကြလေသည်။ ဤသည်မှာ အလွန် စက်ဆုပ်ဖွယ်ကောင်းပြီး၊ သနားစဖွယ်ဖြစ်သည် မဟုတ်လော။ ယခုအချိန်တွင် စာတန်သည် လူတို့ တည်ရှိသည့်နေရာအပြင် ၎င်းတို့ ရှင်သန်သည့် ပတ်ဝန်းကျင်ကို နေရာယူထားပြီး ၎င်းတို့ကို ဤအခြေအနေထဲသို့ ပျက်စီးစေလျက်နှင့် ဤနည်းဖြင့် လူသားမျိုးနွယ်သည် ဆက်လက်တိုးတက်နေရင်းဖြင့်၊ ဘုရားသခင်အတွက် ဤလူတို့ကို ကိုယ်တိုင်ကိုယ်ကျ ဖျက်ဆီးရန် လိုအပ်မှုတစ်ခုတစ်လေ ရှိပါသလော။ လူသားမျိုးနွယ်သည် ဤအတိုင်း ဆက်၍ တိုးတက်ပါက၊ မည်သည့်လားရာသို့ ၎င်းတို့ ဦးတည်မည်နည်း။ (၎င်းတို့ မျိုးဖြုတ်ခံရကြပါလိမ့်မည်။) ၎င်းတို့ မည်သို့ မျိုးဖြုတ်ခံရကြမည်နည်း။ ကျော်ကြားမှုနှင့် အမြတ်အစွန်း အတွက် လူသား၏ လောဘတကြီး ရှာဖွေမှုအပြင်၊ ၎င်းတို့သည် သိပ္ပံဆိုင်ရာ စူးစမ်းရှာဖွေခြင်းများနှင့် သုတေသနကို နက်နက်နဲနဲ ပြုလုပ်ပြီးနောက်၊ ၎င်းတို့၏ ကိုယ်ပိုင် ရုပ်ဝတ္ထုလိုအပ်ချက်များ၊ စိတ်ဆန္ဒများကို ဖြည့်ဆည်းဖို့ ထိုသို့သော နည်းလမ်းဖြင့် မရပ်မနား ဆောင်ရွက် ကြလေသည်။ ထိုသို့ဆိုလျှင် လူသားအတွက် အကျိုးဆက်များမှာ အဘယ်နည်း။ ဦးဆုံးအနေဖြင့်၊ ဂေဟစနစ်ဆိုင်ရာ ဟန်ချက်ညီမှုက ကျိုးပျက်သွားပြီဖြစ်ပြီး ဤအရာ ဖြစ်ပျက်သည့်အချိန်တွင် လူတို့၏ ကိုယ်ခန္ဓာများ၊ ၎င်းတို့၏ အတွင်းအင်္ဂါများသည် ဤဟန်ချက်မညီသည့် ပတ်ဝန်းကျင်အားဖြင့် စွန်းထင်းကာ ထိခိုက်ခဲ့ရကြပြီး၊ ကူးစက်တတ်သော ရောဂါအမျိုးမျိုးနှင့် ကပ်ရောဂါတို့ သည်လည်း ကမ္ဘာလောကအနှံ့ ပျံ့နှံ့ကြ၏။ ဤသည်မှာ လူသားအနေဖြင့် ထိန်းချုပ်၍မရသော အခြေအနေ တစ်ခုဖြစ်သည်မှာ မှန်သည်မဟုတ်လော။ ယခုအချိန်တွင် သင်တို့သည် ဤအရာကို နားလည်၏၊ လူသားမျိုးနွယ်သည် ၎င်းတို့ကိုယ်၎င်းတို့ အဆက်မပြတ် ကြွယ်ဝစေရန် အသိပညာကို အသုံးပြုရင်း၊ လူ့ဘဝ၏ အနာဂတ်ကို မရပ်မနား စူးစမ်းလေ့လာရန် သိပ္ပံပညာကို အသုံးပြုရင်း၊ ဆက်လက် ရှင်သန်ရန်အတွက် ဤသို့သော နည်းလမ်းကို အသုံးပြုရင်းဖြင့်၊ ဘုရားသခင်၏ နောက်ကို မလိုက်ဘဲ၊ စာတန်နောက်ကိုသာ ဤနည်းဖြင့် အမြဲလိုက်လျှောက်ပါက- လူသားမျိုးနွယ် အတွက် ဤအရာ မည်သို့ အဆုံးသတ်မည်ကို သင် သတိပြုမိနိုင်သလော။ (မျိုးသုဉ်းခြင်း ဖြစ်ပါလိမ့်မည်။) ဟုတ်ပေသည်၊ မျိုးသုဉ်းခြင်းဖြင့် အဆုံးသတ်လိမ့်မည် ဖြစ်သည်။ လူသားမျိုးနွယ်သည် မိမိ၏ ကိုယ်ပိုင် မျိုးသုဉ်းပျောက်ကွယ်ခြင်းဆီသို့ တစ်လှမ်းပြီးတစ်လှမ်း သာ၍ ချဉ်းကပ်လာပေသည်။ ဖြည်းဖြည်းချင်း ချဉ်းကပ်လာသော ပျက်စီးခြင်းဖြစ်၏။

—နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၆)

အောက်ခြေမှတ်စု(များ)-

၁။ လူတို့အနေဖြင့် မိမိတို့၏ အသိပညာ၊ ယဉ်ကျေးမှုနှင့် ဝိညာဉ်ရေးရာ အမြင်များ တင်းကျပ်လွန်းသည်ကို ဆိုလိုရင်း၊ “မပျက်စီးနိုင်သောအရာ” ကို ဤနေရာတွင် သရော်သည့်စကားအဖြစ် ရည်ရွယ်သည်။

၂။ “ပညတ်တရား လက်လှမ်းမမီသည့်ပြင်ပတွင် လွတ်လွတ်လပ်လပ် သွားလာစဉ်တွင်” ဆိုသည်မှာ နတ်ဆိုးက ဒေါသပေါက်ကွဲပြီး လျှောက်ရမ်းသည်ကို ဖော်ညွှန်းပါသည်။

၃။ “လုံးလုံး ဖရိုဖရဲ” ဆိုသည်မှာ မာရ်နတ်၏ ကြမ်းကြုတ်သော အပြုအမူသည် မြင်ရန် မခံမရပ်နိုင်စရာ ဖြစ်ပုံကို ရည်ညွှန်းသည်။

၄။ “ပွန်းပဲ့ကာ ရိုက်ချိုးခံရပြီး” ဆိုသည်မှာ နတ်ဆိုးတို့၏ရှင်ဘုရင်၏ အကျည်းတန်သော မျက်နှာကို ရည်ညွှန်းသည်။

၅။ “အန်စာတစ်ချက်ပစ်ကာ အရာရာကို လောင်းကြေးထပ်ရင်း” ဆိုသည်မှာ နောက်ဆုံးတွင် အနိုင်ရခြင်းငှာ မျှော်လင့်ချက်များဖြင့် လောင်းကြေးတစ်ခုတွင် မိမိ၏ ရှိသမျှငွေကို ပုံအောခြင်းဟု ဆိုလိုသည်။ ဤသည်မှာ နတ်ဆိုး၏ မကောင်းသည့် ယုတ်မာသော အကြံအစည်များအတွက် တင်စားမှုတစ်ခု ဖြစ်သည်။ ဤစကားအသုံးအနှုန်းကို သရော်သည့်အနေဖြင့် သုံးထားပေသည်။

က။ စာအုပ်လေးအုပ်နှင့် ဂန္တဝင်ကျမ်းငါးကျမ်းတို့သည် တရုတ်နိုင်ငံတွင် အားထားရသော ကွန်ဖြူးရှပ်ဝါဒ စာအုပ်များဖြစ်သည်။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

စာတန်က လူသားမျိုးနွယ်ကို လှည့်စားပြီး ဖျက်ဆီးခြင်းသည် ကမ္ဘာထဲရှိ အမှောင်နှင့် ဆိုးယုတ်မှုတို့၏ အရင်းအမြစ်ဖြစ်သည်

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ- အစအဦး၌ ဘုရားသခင် ဖန်ဆင်းခဲ့သော အာဒံနှင့် ဧဝတို့သည် သန့်ရှင်းသောလူများ ဖြစ်ခဲ့သည်၊ ဆိုလိုသည်မှာ...

ဘုရားသခင်သည် နောက်ဆုံးသောကာလတွင် စာတန်၏အုပ်စိုးမှု၏ အမှောင်ခေတ်ကို အဆုံးသတ်သည့် နည်းလမ်း

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ- လူအားလုံးသည် စုံလင်စေခြင်းခံရပြီး ကမ္ဘာမြေ၏ တိုင်းနိုင်ငံအားလုံး ခရစ်တော်၏ နိုင်ငံများဖြစ်လာသောအခါ၊...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။