ပြီးခဲ့သည့် နှစ်အနည်းငယ်အတွင်းတွင် ကျွန်ုပ်တို့အသင်းတော်ထဲတွင် အမှုအရာများက ဆိုးဝါးသထက် ဆိုးဝါးပြီးဖြစ်သည်။ ညီအစ်ကို မောင်နှမများသည် ၎င်းတို့၏ ယုံကြည်ခြင်းနှင့် ချစ်ခြင်းတို့ ဆုံးရှုံးနေကြသည်၊ ၎င်းတို့သည် တိုး၍ အပျက်သဘောဆောင်လာနေကြပြီး အားနည်းလာကြသကဲ့သို့၊ တရားဟောဆရာများသည် ဝိညာဉ်ရေးရာအရ အကျိုးမရှိဖြစ်လာကြပြီးဖြစ်သည်။ ကျွန်ုပ်တို့အနေဖြင့် သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက် ဆုံးရှုံးကြပြီးဖြစ်သည်ဟု ကျွန်ုပ်တို့အားလုံး ခံစားရသည်။ ကျွန်ုပ်တို့သည် အသင်းတော်အတွက် သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက်ကို နေရာအနှံ့ ရှာဖွေကြပြီးဖြစ်သော်လည်း ကျွန်ုပ်တို့ ရှာတွေ့သည့် တစ်ဦးစီသည် နောက်တစ်ဦးကဲ့သို့ ဝမ်းနည်းညိုးငယ်လေသည်။ ဂိုဏ်းဂဏတိုင်းသည် အဘယ်ကြောင့် ထိုသို့သော ငတ်မွတ်ခေါင်းပါးခြင်းဖြင့် ဝန်းရံဖိစီးခံရပါသနည်း။

17.11.2021

အဖြေ-

ယနေ့တွင်၊ ဘာသာရေးလောကသည် ပျက်ဆီးယိုယွင်းလာပြီဖြစ်ကာ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်မရှိသကဲ့သို့ လူများစွာတို့၏ ယုံကြည်ခြင်းနှင့် ချစ်ခြင်းမေတ္တာ ယုတ်လျော့ မှေးမှိန်နေသည်။ ဤသည်တို့မှာ အများ လက်ခံထားကြသည့် အချက်များ ဖြစ်သည်။ ထို့ကြောင့် ဤပျက်စီးယိုယွင်းခြင်းအတွက် အဓိကအကြောင်းရင်းမှာ မည်သည့်အရာနည်း။ ကျွန်ုပ်တို့အနေဖြင့် နောက်ဆုံးသောကာလ၏ နောက်ဆုံးအဆင့်တွင် ယခုရှိကြသည်ကို ကျွန်ုပ်တို့ အားလုံး သိပါသည်။ သခင်ယေရှုက၊ “မတရားသောအမှုတို့သည်များပြားသဖြင့် အများသောသူတို့၏ ချစ်ခြင်းမေတ္တာသည် ခေါင်းပါးလိမ့် မည်(ရှင်မဿဲခရစ်ဝင် ၂၄:၁၂) ဟု ပရောဖက်ပြုခဲ့သည်။ ယနေ့တွင် ဘာသာရေး အသိုင်းအဝိုင်းထဲ၌ မတရားမှု ကိစ္စများ ယခင်ထက် သာ၍ ပျံ့နှံ့လာနေသည်။ အသင်းတော်များတွင်၊ သင်းအုပ်ဆရာများနှင့် အကြီးအကဲများက မိမိတို့ကိုယ်ကို ကြွားလုံးထုတ်ဖို့၊ မိမိတို့ကိုယ်ကို သက်သေပြဖို့နှင့် အခြားသူတို့၏ ကြည်ညိုကိုင်းရှိုင်းမှု ရရှိဖို့ ကျမ်းစာ အသိပညာနှင့် ဓမ္မပညာဆိုင်ရာ ီသဘောတရားများ ရှင်းပြသည်ထက်ပို၍ မည်သည့်အရာမျှ မလုပ်ဆောင်‌ကြပါ။ ၎င်းတို့သည် သခင်ယေရှု၏ ပညတ်ချက်များကို မည်သည့်အခါတွင်မျှ မလိုက်လျှောက်ကြသကဲ့သို့၊ သခင့်၏ နှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်ခြင်း အတွေ့အကြုံနှင့်ဆိုင်သည့် သက်သေခံချက်များ တစ်ခုတစ်လေမျှ မပိုင်ဆိုင်ကြပါ။ အသက်ဝင်ရောက်မှုအကြောင်း မည်သည့် တရားဒေသနာမျှ မဟောကြားကြသကဲ့သို့၊ လူတို့အား သခင့်၏ နှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်ခြင်းနှင့် တွေ့ကြုံခြင်းထဲ တစ်ခါမျှ မဦးဆောင်ဖူးပါ။ များစွာသော သင်းအုပ်ဆရာများနှင့် အကြီးအကဲများသည်လည်း အပြင်လောက၏ ရေပန်းစားမှုများနောက် လိုက်ကြပြီး၊ ငွေမက်ကြကာ အာဏာနှင့် မိမိတို့ကိုယ်ပိုင် အကျိုးစီးပွားများအတွက် ရေကုန်ရေခန်း ကြိုးပမ်းကြသည် - သခင်၏ လမ်းခရီးမှ ၎င်းတို့ လုံးဝ သွေဖည်ကြပြီး ဖြစ်သည်။ ဘာသာတရားအလယ် သခင့်ကို နှစ်နှင့်ချီ ယုံကြည်ပြီးနောက်၊ ၎င်းတို့ နားလည်သမျှမှာ ဓမ္မပညာဆိုင်ရာ သဘောတရားနှင့် ကျမ်းစာ အသိပညာတို့ ဖြစ်သည်။ သမ္မာတရားနှင့် ပတ်သက်၍ မည်သည့်အရာမျှ ၎င်းတို့ သဘောမပေါက်ကြပါ၊ သခင့်ကို စိုးစဉ်းမျှပင် မသိကြသကဲ့သို့၊ မည်သည့် ကြောက်ရွံ့မှု၊ နာခံမှုမျှ မရှိကြပါ။ ၎င်းတို့အားလုံးသည် သခင့်ကို ယုံကြည်သည့်သူများ ဖြစ်လာကြသော်လည်း၊ သခင့်ကို မသိကျွမ်းကြသကဲ့သို့ သခင့်ကို ဆန့်ကျင်ကြသည်။ ဤအရာက ဘာသာရေးလောက၏ ခေါင်းဆောင်များသည် သခင့်၏ လမ်းခရီးမှ လုံးဝ သွေဖည်ကြပြီးဖြစ်သည်ကို ပြသည်၊ ယင်းက ၎င်းတို့အား သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်နှင့် ဘုရားသခင်၏ ကောင်းချီးမင်္ဂလာများကို ဆုံးရှုံးစေခဲ့သည် - ဤသည်မှာ ဘာသာရေးလောက ပျက်စီးယိုယွင်းခြင်း၏ အဓိက အကြောင်းရင်း ဖြစ်သည်။ အခြားသော အကြောင်းရင်းမှာ ဘုရားသခင်သည် အမှုသစ်ကို လုပ်ဆောင်နေပြီး သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ် ပြောင်းလဲပြီး ဖြစ်သည်။ သခင်ယေရှု ပြန်ကြွလာပြီးဖြစ်သည်၊ သူသည် လူ့ဇာတိခံ အနန္တတန်ခိုးရှင် ဘုရားသခင် ဖြစ်သည်။ သူသည် နိုင်ငံတော်ခေတ်ကို ဖွင့်လှစ်ရင်းနှင့် ကျေးဇူးတော်ခတ်ကို အသုံးသတ်စေရင်း၊ သခင်ယေရှု၏ ရွေးနုတ်ခြင်း အမှုတော်၏ အခြေခံအုတ်မြစ်အပေါ် ဘုရားအိမ်တော်မှ အစပြုသည့် တရားစီရင်ခြင်း အမှုကို ဆောင်ရွက်နေသည်။ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နောက်ဆုံးသောကာလ အမှုတော်ကို လက်ခံသောသူတို့သာ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို ပိုင်ဆိုင်ပြီး၊ ၎င်းတို့သာ ပလ္လင်တော်မှ စီးသော ရှင်သန်နေသည့် အသက်ရေ၏ ထောက်ပံ့မှုကို မွေ့လျော်ကြသည်။ ဘုရားသခင်၏ လက်ရှိ အမှုတော်ကို အမီမလိုက်သကဲ့သို့ အနန္တတန်ခိုးရှင် ဘုရားသခင်ကို လက်ခံရန် ငြင်းဆန်သောသူတို့သည် ဘုရားသခင်အားဖြင့် စွန့်ပစ်ခံရကာ သုတ်သင်ဖယ်ရှင်းခံရမည်ဖြစ်ပြီး အမှောင်ထဲသို့ ထိုးဆင်းကြလိမ့်မည်။ အထူးသဖြင့် ဘာသာရေးလောက၏ သင်းအုပ်ဆရာများနှင့် အကြီးအကဲများသည် အနန္တတန်ခိုးရှင် ဘုရားသခင်၏ နောက်ဆုံးသော ကာလ အမှုတော်ကို မရှာဖွေသကဲ့သို့၊ မစစ်ဆေးသည်သာမက၊ လူတို့ကို လှည့်စားကာ စစ်မှန်သော လမ်းခရီးကို ရှာဖွေစစ်ဆေးခြင်းမှ တားဆီးဖို့ အလိမ်အညာမျိုးစုံနှင့် အတွေးမှားများကို ဖြန့်ရင်း၊ ပြီးလျှင် ဘုရားသခင်၏ သိုးကို ၎င်းတို့အပိုင်ကဲ့သို့ ခိုးယူရန် ကြိုးစားရင်း၊ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နောက်ဆုံးသော ကာလ အမှုတော်ကို အရူးအမူး ဆန့်ကျင်ကာ ရှုတ်ချလေသည်။ ၎င်းတို့သည် ဘုရားသခင်၏ စိတ်သဘောထားကို အချိန်ကြာမြင့်စွာကတည်းက ဆွပေးပြီးဖြစ်ကာ ဘုရားသခင်၏ စက်ဆုပ်ခြင်းနှင့် ကျိန်ခြင်းကို ခံရလေသည်။ ၎င်းတို့သည် ဘုရားသခင်၏ စွန့်ပစ်ခြင်းနှင့် သုတ်သင်ဖယ်ရှင်းခြင်းကို အဘယ်သို့များ မခံရဘဲနေနိုင်မည်နည်း။ ယနေ့တွင်၊ သမ္မာတရားအား မုန်းတီးပြီး ဘုရားသခင်ကို ရန်လိုသည့် ဘာသာရေးခေါင်းဆောင်များက ဘာသာရေး လောကတစ်ခုလုံးနီးပါးကို ထိန်းချုပ်ထားသည်။ ယင်းက သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို အဘယ်သို့ ရရှိနိုင်မည်နည်း။ ပြီးလျှင် ယင်းသည် သုံးမရသည့် မြေရိုင်းတစ်ခု ဖြစ်မလာဘဲ အဘယ်သို့ နေနိုင်မည်နည်း။ ဤသည်မှာ ဘာသာရေး လောက ပျက်စီးယိုယွင်းခြင်း နောက်ကွယ်က အခြေခံအကြောင်းရင်း ဖြစ်သည်။ ဤပျက်စီးယိုယွင်းခြင်းက ကျမ်းစာ၏ ပရောက်ဖက်ပြုချက်ကိုလည်း လုံးဝ ပြည့်စုံစေသည် - “မွတ်သိပ်ခြင်းဘေးကို တပြည်လုံး၌ ငါဖြစ်စေသောကာလ ရောက်လိမ့်မည်။ အစာခေါင်းပါး၍ မွတ်သိပ်ခြင်းဘေးမဟုတ်၊ ရေငတ်ခြင်း ဘေးလည်းမဟုတ်၊ ယေဟောဝါ၏ အမိန့်တော်ကို မကြားရသော မွတ်သိပ်ခြင်းဘေး ဖြစ်လိမ့်မည်။(အာမုတ်အနာဂတ္တိကျမ်း ၈:၁၁)စပါးရိတ်ရာကာလမရောက်မှီ သုံးလအထက်က၊ မိုးမရွာစေခြင်းငှါ မိုးကိုငါဆီးတားပြီ။ မြို့တမြို့ပေါ်မှာ ရွာစေခြင်းငှါ၎င်း၊ တမြို့ပေါ်မှာမရွာစေခြင်းငှါ၎င်းပြုလျက်၊ မြေတကွက်သည် မိုးရေကိုခံရ၍ တကွက်သည် မခံရ၊ သွေ့ခြောက်လျက် နေရ၏။ ထိုသို့မြို့နှစ်မြို့သုံးမြို့သားတို့သည် ရေသောက်ခြင်းငှါ မြို့တမြို့သို့သွားရ၍ မဝရကြ။ သို့သော်လည်း၊ သင်တို့သည် ငါ့ထံသို့ ပြန်၍မလာကြသေးဟု ယေဟောဝါ မိန့်တော်မူ၏။(အာမုတ်အနာဂတ္တိကျမ်း ၄:၇-၈) ဤကျမ်းပိုဒ်၏ “မြေတကွက်သည် မိုးရေကိုခံရ၍ တကွက်သည် မခံရ၊” သည် အနန္တတန်ခိုးရှင် ဘုရားသခင်၏ နောက်ဆုံးသော ကာလ တရားစီရင်ခြင်း အမှုတော်ကို လက်ခံကာ နာခံကြသည့် အသင်းတော်များကို ရည်ညွှန်းပါသည်။ သူ၏ လက်ရှိ မိန့်မြွက်ချက်များကို ၎င်းတို့ လက်ခံကြသောကြောင့်၊ ပလ္လင်တော်မှ စီးဆင်းသည့် ရှင်သန်သော အသက်ရေ၏ ထောက်ပံ့မှုကို ၎င်းတို့ မွေ့လျော်ကြသည်။ “မြေတကွက်သည် မိုးရေကိုခံရ၍ တကွက်သည် မခံရ၊ သွေ့ခြောက်လျက် နေရ၏”က သခင့်နှုတ်ကပတ်တော်များကို လက်တွေ့မလုပ်ဆောင်သူများ၊ သခင့် ပညတ်ချက်များကို မစောင့်ထိန်းသူများနှင့် အနန္တတန်ခိုးရှင် ဘုရားသခင်၏ နောက်ဆုံးသောကာလ အမှုတော်ကို ဆန့်ကျင်၊ ရှုတ်ချသူများဖြစ်သည့် ဘာသာရေးလောက၏ သင်းအုပ်ဆရာများနှင့် အကြီးအကဲများကို ရည်ညွှန်းသည်၊ ယင်းက ဘာသာရေးလောကအား စက်ဆုပ်ခြင်းနှင့် ငြင်းပယ်ခြင်းတို့ကို ခံရစေပြီး ဘုရားသခင်၏ ကျိန်ခြင်းကို ခံရစေသည်။ ယင်းသည် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ် လုံးဝ မရှိပါ၊ ဘုရားသခင်၏ လက်ရှိ မိန့်မြွက်ချက်များ၏ ထောက်ပံ့မှုကို ရရှိနိုင်စွမ်းမရှိသကဲ့သို့၊ ပျက်စီးယိုယွင်းခြင်းထဲသို့ နှစ်မြှုပ်သွားပြီး ဖြစ်သည်။ ပညတ်တော်ခေတ်အဆုံးတွင်၊ အဓိကအားဖြင့် ယုဒခေါင်းဆောင်များက လူ၏ ထုံးတမ်းများကိုသာ စွဲကိုင်ကြပြီး ဘုရားသခင်၏ ပညတ်ချက်များကို စွန့်ပစ်ခဲ့ကြသောကြောင့်၊ ယခင်က ယေဟောဝါ၏ ဘုန်းအသရေဖြင့် ပြည့်လျှမ်းခဲ့သည့် ဗိမာန်တော်သည် တိုး၍ ပျက်စီးယိုယွင်းခဲ့သည်၊ ယုံကြည်သူများက ပညတ်တရားများကို မလိုက်လျှောက်ခဲ့ကြပါ၊ ယဇ်ပရောဟိတ်များက ယုတ်ညံ့သော ယဇ်များကို ပူဇော်ခဲ့ကြပြီး၊ ဗိမာန်တော်က ဓားပြတွင်းံတစ်ခု ဖြစ်လာခဲ့သည်။ ၎င်းတို့သည် ဘုရားသခင်၏ လမ်းခရီးမှ လုံးဝ သွေဖည်ခဲ့ကြပြီးဖြစ်ကာ အကျိုးဆက်အနေဖြင့်၊ ဘုရားသခင်၏ ကျိန်ခြင်း ခံခဲ့ရသည်။ ထို့အပြင်၊ ယင်းမှာ ကျေးဇူးတော်ခေတ်တွင် သခင်ယေရှုက လူသားမျိုးနွယ်ကို ရွေးနုတ်ခြင်းအမှုအား ဗိမာန်တော် ပြင်ပတွင် စတင်ခဲ့သောကြောင့် ဖြစ်သည်။ ဘုရားသခင်၏ အမှုတော် ပြောင်းလဲပြီးဖြစ်ကာ သခင်ယေရှု၏ အမှုတော်ကို လက်ခံခဲ့သူ အားလုံးသည် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို ရရှိခဲ့သော်လည်း၊ သခင်ယေရှုကို ငြင်းပယ်ကာ ခုခံခဲ့သူတို့သည် ဘုရားသခင်၏ အမှုတော်အားဖြင့် သုတ်သင်ဖယ်ရှင်းခံခဲ့ရပြီး အမှောင်နှင့် ပျက်စီးယိုယွင်းခြင်းထဲသို့ ထိုးဆင်းခဲ့ကြသည်။

ဘုရားသခင်သည် ဘာသာရေး အသိုင်းအဝိုင်းအား အစာခေါင်းပါးခြင်းဖြင့် ဝန်းရံဖိစီးခြင်းခံရစေပြီး၊ ဘုရားသခင်၏ အလိုတော်သည် ဤအရာနောက်ကွယ်တွင် ရှိပါသည်။ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော်များ နှစ်ပိုဒ်ကို ကြည့်ကြပါစို့- “သူထံ၌ စားစရာများ ရှိသည့်အတွက်၊ အယောက်တိုင်းသည် အစားအစာအတွက် သူ့ထံလာကြပြီး သူ့ရှေ့၌ ဦးညွှတ်ကြသည်။ ငတ်မွတ်ခေါင်းပါးခြင်းကို ရှောင်ရှားဖို့ရန်အလို့ငှာ၊ လူများသည် မှန်သော လမ်းခရီးကို ရှာဖွေရန် တွန်းအားပေးခံရလိမ့်မည်။ ဘာသာရေးအသိုင်းအဝိုင်း တစ်ခုလုံးသည် ပြင်းထန်သော ငတ်မွတ်ခေါင်းပါးခြင်းကို ခံစားရလိမ့်မည်ဖြစ်ပြီး၊ ယနေ့၏ ဘုရားသခင် တစ်ပါးတည်းသာ အသက်စမ်းရေတွင်း ဖြစ်သည်၊ လူ၏ မွေ့လျော်မှုအတွက် ထောက်ပံ့သည့် အစဉ်စီးဆင်းသော စမ်းရေတွင်းကို ပိုင်ဆိုင်ကာ လူများသည် သူ့ထံလာပြီး မှီခိုကြလိမ့်မည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ နှစ်တစ်ထောင်နိုင်ငံတော် ရောက်ရှိလာခဲ့ပြီ)ဘုရားသခင်သည် ဤလူစုကို စကြဝဠာတစ်ခွင်လုံးအနှံ့ သူ၏အမှုနှင့်ဆိုင်သည့် တစ်ခုတည်းသော ဗဟိုအချက်အဖြစ် ပြုလုပ်ပြီး ဖြစ်သည်။ သူသည် သင်တို့အတွက် သူ၏နှလုံးသွေးအားလုံးကို စတေးပြီးဖြစ်သည်။ စကြဝဠာအနှံ့အပြားရှိ ဝိညာဉ်တော်၏အမှုအားလုံးကို သူသည် ပြန်သိမ်းပြီးဖြစ်ကာ သင်တို့အား ပေးပြီးဖြစ်သည်။ ယင်းမှာ သင်တို့သည် ကံကောင်းသူများဖြစ်ရခြင်း အကြောင်းအရင်း ဖြစ်သည်။ ထို့အပြင်၊ သူသည် သူ၏ဘုန်းအသရေကို သူ၏ ရွေးချယ်သောလူမျိုး ဣသရေလထံမှ သင်တို့ထံသို့ လွှဲပြောင်းပြီးဖြစ်ကာ၊ သူသည် ဤလူစုမှတစ်ဆင့် သူ၏အစီအစဉ်၏ ရည်ရွယ်ချက်ကို အပြည့်အဝ ထင်ရှားစေလိမ့်မည်။ သို့ဖြစ်၍၊ သင်တို့သည် ဘုရားသခင်၏အမွေကို ရရှိမည့်သူများဖြစ်ကြပြီး၊ ဤထက်မကပင် သင်တို့သည် ဘုရားသခင် ဘုန်းအသရေ၏ အမွေစားအမွေခံများ ဖြစ်ကြသည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်၏အမှုသည် လူသားထင်သကဲ့သို့ ရိုးရှင်းပါသလော)

အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော်များက ဘုရားသခင်သည် သူ့ကို အမှန်တကယ် ယုံကြည်ပြီး သူ၏ ပေါ်ထွန်းခြင်းကို တမ်းတသူများအား လုံးဝ မစွန့်ပစ်သည်ကို သိသာရှင်းလင်းစွာ ပြသသည်။ ဘာသာရေး အသိုင်းအဝိုင်းအား ပျက်စီးယိုယွင်းလာဖို့ ဘုရားသခင် ခွင့်ပြုပြီးဖြစ်လေသည်မှာ ဘာသာတရားထဲရှိ သမ္မာတရားကို ချစ်သောသူတို့အား ဘုရားသခင်၏ နှုတ်ကပတ်တော်များအားဖြင့် တရားစီရင်ခြင်းခံရကာ၊ သန့်စင်ခြင်းခံရပြီး စုံလင်စေခြင်းခံရရန် ဘုရားသခင်၏ ပလ္လင်တော် ရှေ့မှောက်သို့ ချီမခြင်းခံရစေနိုင်ဖို့အလို့ငှာ၊ ၎င်းတို့ ဘာသာတရားကို စွန့်ဖို့ကိုလည်းကောင်း၊ ဘာသာတရား၏ အန္တိခရစ်များနှင့် ဆိုးယုတ်သော လူတို့၏ အချုပ်အနှောင်များ၊ ထိန်းချုပ်မှုတို့မှ လွတ်မြောက်ဖို့ကိုလည်းကောင်း အတင်းအကျပ်ပြုဖို့ ဖြစ်သည်။ နောက်ဆုံးသော ကာလ၏ အနန္တတန်ခိုးရှင် ဘုရားသခင်သည် တရားစီရင်ခြင်း အမှုကို လုပ်ဆောင်ပြီး၊ ကပ်ဘေးများ မကျရောက်မီ အဦးသီးသော အသီးများဖြစ်သည့် အောင်မြင်သောသူများ အုပ်စုတစ်စုကို ပြုလုပ်ဖို့အလို့ငှာ၊ လူသားမျိုးနွယကို သန့်ရှင်းစေခြင်းနှင့် ကယ်တင်ခြင်းတို့အတွက် သမ္မာတရားအားလုံးကို ဖော်ပြလေသည်။ ဤအရာက ဗျာဒိတ်ကျမ်း၏ ပရောက်ဖက်ပြုချက်ကို ပြည့်စုံစေသည် - “ထိုသူတို့သည် ကညာဖြစ်၍ မေထုန်အမှုနှင့် မညစ်ညူးသော သူဖြစ်ကြ၏။ သိုးသငယ် သွားလေ ရာရာအရပ်သို့ နောက်တော်၌ လိုက်သောသူဖြစ်ကြ၏။ လူတို့ အထဲကရွေးနှုတ်၍ ဘုရားသခင်နှင့် သိုးသငယ်အဖို့ အဦးသီးသော အသီးဖြစ်ကြ၏(ဗျာဒိတ်ကျမ်း ၁၄:၄). ဤအောင်မြင်သောသူများသည် ဘုရားသခင်၏ စုံလင်စေခြင်း ခံရပြီးသည့်အခါ၊ ကောင်းမြတ်သူများကို ဆုပေးရန်နှင့် ဆိုးယုတ်သူများကို အပြစ်ပေးရန် ကြီးမားသည့် ကပ်ဘေးများကို ဘုရားသခင် ကျရောက်လာစေမည်ဖြစ်သည်။ ကျွန်ုပ်တို့အနေဖြင့် ဘာသာတရားကို ချန်ရစ်မှသာ၊ သိုးသငယ်၏ ခြေလှမ်းများ နောက်လိုက်မှသာ၊ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နောက်ဆုံးသောကာလ အမှုတော်ကို လက်ခံကာ နာခံပြီး၊ ခရစ်တော်၏ ပလ္လင်တော်ရှေ့မှောက် တရားစီရင်ခြင်းနှင့် သန့်စင်စေခြင်းတို့ကို တွေ့ကြုံမှသာ ကျွန်ုပ်တို့သည် ဘုရားသခင်အားဖြင့် အောင်မြင်သော သူများအဖြစ်သို့ စုံလင်စေခြင်းခံရနိုင်ပြီး ကမ္ဘာလောက စစ်ဆေးခံရချိန်တွင် ဘုရားသခင်၏ စမ်းသပ်မှုများကို ရှောင်ရှားနိုင်ပေသည်။ ဤအောင်မြင်သောသူများ - ဤအဦးသီးသော အသီးများ - ဘုရားသခင်၏ စုံလင်စေခြင်း ခံရသည့်သူများသာ ဘုရားသခင်၏ ကတိတော်နှင့် ကောင်းချီးမင်္ဂလာများ ရရှိပိုင်ခွင့်ရှိသည်။ သို့ရာတွင် အနန္တတန်ခိုးရှင် ဘုရားသခင်၏ နောက်ဆုံးသော ကာလ အမှုတော်ကို လုံးဝ လက်မခံသောသူတို့သည် ဘုရားသခင်၏ စက်ဆုပ်ခြင်း၊ ငြင်းပယ်ခြင်းနှင့် သုတ်သင်ဖယ်ရှင်းခြင်းတို့ကို ခံရလိမ့်မည်။ ၎င်းတို့အနေဖြင့် ကပ်ဘေးထဲသို့ ကျဆင်းကာ အပြစ်ပေးခံရဖို့ သေချာပြီး ကယ်တင်ခြင်းအဖို့ ၎င်းတို့၏ အခွင့်အရေး အစဉ်ထာဝရ ဆုံးရှုံးလိမ်မည်။ ဤသည်မှာ သံသယထားစရာမရှိပါ။

အရှေ့သို့- အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်သည် လတ်တလော နှစ်များတွင် တရုတ်ကွန်မြူနစ်ပါတီနှင့် ဘာသာရေး အသိုင်းအဝိုင်းတို့၏ သွေးရူးသွေးတန်း ဆန့်ကျင်ခြင်းနှင့် ရှုတ်ချခြင်းတို့အားဖြင့် ဖိစီးခံရပြီးဖြစ်သော်လည်း၊ အသင်းတော်သည် ဘုရားသခင်ကို သက်သေခံခြင်း အွန်လိုင်း ရုပ်ရှင်များနှင့် ဗွီဒီယိုများကို သာ၍ သာ၍ ထုတ်လုပ်နေကြပြီးဖြစ်သည်ကို ကျွန်ုပ် မြင်ရသည်။ ဤရုပ်ရှင်များနှင့် ဗွီဒီယိုများ၏ အကြောင်းအရာသည် တိုးမြဲတိုးပွားနေပြီး ၎င်းတို့သည် သာ၍ သာ၍ နည်းပညာအရ ပြောင်မြောက်လာနေကြသည်။ ဤစီစဉ်တက်ဆက်သည့် လက်ရာများက မိတ်သဟာပြုသည့် သမ္မာတရားများမှာလည်း မယုံနိုင်လောက်အောင် လူတို့ကို တည်ဆောင်ပေးနေသည်။ ဘာသာရေး အသိုင်းအဝိုင်းတစ်ခုလုံးသည် လတ်တလောနှစ်များတွင် ဘုရားသခင်၏ အမှုတော်ကို သက်သေခံနေသော ထိုမျှလောက်နီးနီး ကောင်းသည့် မည်သည့်ရုပ်ရှင်ကိုမျှ မထုတ်လုပ်ဖူးပါ။ ယခုတွင် ဘာသာတရားများနှင့် ဂိုဏ်းဂဏများအားလုံးမှ ဘုရားသခင်ကို ယုံကြည်သည့် တိုး၍ တိုး၍ များသော လူတို့သည် အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်သို့ ပါဝင်ကြပြီးဖြစ်သည်။ ဘာသာရေး အသိုင်းအဝိုင်းတစ်ခုလုံးက အလွန် ခြောက်ကပ်နေစဉ်တွင် အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်သည် အဘယ်ကြောင့် ရှင်သန်နေသနည်း။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။