ဘာသာရေးလောက၏ သင်းအုပ်ဆရာများနှင့် အကြီးအကဲများအားလုံးသည် သမ္မာကျမ်းစားကို နောကျေကြပြီး၊ သမ္မာကျမ်းစာကို လိုက်နာစောင့်ထိန်းရန် လူတို့ကို တောင်းဆိုရင်း၊ ယင်းကို အခြားသူများထံ မကြာခဏ အသေးစိတ် ရှင်းပြကြလေသည်။ ထိုသို့ လုပ်ဆောင်ခြင်းဖြင့်၊ ၎င်းတို့သည် သခင့်ကို ချီးမြှောက်ကာ သက်သေခံကြသည် မဟုတ်ပါလား။ ၎င်းတို့က လူတို့ကို လှည့်ဖြားနေကြသည်၊ ၎င်းတို့က သူတော်ကောင်းအယောင်ဆောင် ဖာရိရှဲများ ဖြစ်သည်ဟု သင်သည် အဘယ်ကြောင့် ပြောနိုင်သနည်း။

18.11.2021

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

ဂိုဏ်းဂဏတိုင်း၏ ခေါင်းဆောင်များကို ကြည့်လော့။ သူတို့အားလုံးသည် မာနထောင်လွှား၍ မိမိကိုယ်ကို မှန်ကန်သည်ဟု ယူမှတ်ကြသူများဖြစ်ပြီး သမ္မာကျမ်းစာကို လိုချင်သည့်စကားလုံးများသာ ကောက်ယူ၍ မိမိတို့ကိုယ်ပိုင် စိတ်ကူးနှင့်အညီ အနက်ဖွင့်ကြသည်။ သူတို့ အားလုံးသည် မိမိတို့၏အလုပ်ကို လုပ်ဆောင်ရန် ဆုကျေးဇူးများနှင့် စာပေကျမ်းဂန်နှံ့စပ်ခြင်းကို အားထားကြသည်။ အကယ်၍ သူတို့သည် မည်သည့်အရာကိုမျှ ဟောပြောခြင်းငှာ မတတ်စွမ်းနိုင်ခဲ့ပါက ထိုလူများသည် သူတို့နောက်သို့ လိုက်ခဲ့ကြလိမ့်မည်လော။ စင်စစ်မူကား သူတို့၌လည်း အသိပညာအချို့ ရှိထားကြပြီး အယူဝါဒတစ်ခုခုကို ဟောပြောနိုင်ကြသည်၊ သို့မဟုတ် သူတို့သည် အခြားသူများကို မည်ကဲ့သို့ သိမ်းသွင်းရမည်နှင့် လှည့်ဖြားမှုအချို့ကို မည်ကဲ့သို့ အသုံးပြုရမည်ကိုလည်း သိကြသည်။ ထိုအရာများကို အသုံးပြုလျက် သူတို့သည် လူများကို မိမိတို့၏ရှေ့မှောက်သို့ ခေါ်ဆောင်ကြပြီး၊ လှည့်ဖြားကြသည်။ အမည်ခံသဘောအရ ထိုလူများသည် ဘုရားသခင်ကို ယုံကြည်ကြသော်လည်း လက်တွေ့သဘောတွင်မူ သူတို့သည် သူတို့၏ခေါင်းဆောင်များနောက်သို့ လိုက်ကြသည်။ သူတို့သည် စစ်မှန်သော လမ်းခရီးကို ဟောပြောသောသူများနှင့် တွေ့ကြုံရလျှင် သူတို့ထဲမှ အချို့တို့သည် “ငါတို့၏ ယုံကြည်မှုနှင့် ပတ်သက်၍ ငါတို့၏ခေါင်းဆောင်နှင့် တိုင်ပင်ဆွေးနွေးရမည်” ဟု ဆိုကြသည်။ သူတို့၏ယုံကြည်ခြင်းသည် လူတစ်ယောက်၏ အတည်ပြုခြင်းကို လိုအပ်နေလေသည်၊ ဤသည်မှာ ပြဿနာတစ်ခုပင် မဟုတ်လော။ ဤသို့ဆိုလျှင် ထိုခေါင်းဆောင်များကကော အဘယ်အရာများ ဖြစ်လာကြသနည်း။ သူတို့သည် ဖာရိရှဲများ၊ သိုးထိန်း၏အယောင်ကို ဆောင်သောသူများ၊ အန္တိခရစ်များနှင့် စစ်မှန်သော လမ်းခရီးကို လူတို့လက်ခံရာ၌ တိုက်မိ၍ လဲစရာများ ဖြစ်လာကြသည် မဟုတ်လော။

—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ အပိုင်း သုံး

ဘုရားသခင်၏အမှု၏ ရည်ရွယ်ချက်ကို နားမလည်သောသူ မည်သူမဆိုသည် ဘုရားသခင်ကို ဆန့်ကျင်သောသူဖြစ်ပြီး၊ ဘုရားသခင်၏အမှု၏ ရည်ရွယ်ချက်ကို သိနားလည်လာသော်လည်း၊ ဘုရားသခင်ကို ကျေနပ်စေဖို့ မကြိုးစားကြသေးသူသည် ဘုရားသခင်၏ ရန်ဘက်တစ်ဦးအဖြစ် သာ၍ပင် ယူဆခံရပေသည်။ ခမ်းနားသည့် ဘုရားကျောင်းများထဲတွင် သမ္မာကျမ်းစာကို ဖတ်ရှုပြီး တစ်နေ့လုံး အာဂုံဆောင်သောသူများ ရှိသော်လည်း၊ ၎င်းတို့ထဲတွင် တစ်ဦးမျှ ဘုရားသခင်၏အမှု၏ ရည်ရွယ်ချက်ကို နားမလည်ပေ။ ၎င်းတို့ထဲတွင် တစ်ဦးမျှ ဘုရားသခင်ကို မသိနိုင်ကြပေ။ ၎င်းတို့ထဲမှ တစ်ဦးတစ်ယောက်မျှ ဘုရားသခင်၏ အလိုနှင့် ကိုက်ညီနိုင်ခြင်းမရှိပေ။ ၎င်းတို့အားလုံးသည် အသီးသီး ဘုရားသခင်ကို ဩဝါဒပေးရန် အမြင့်တွင် ရပ်တည်ကြရင်း၊ အသုံးမကျသောသူ၊ ဆိုးယုတ်သော လူများ ဖြစ်ကြသည်။ ၎င်းတို့သည် ဘုရားသခင်၏အောင်လံကို သယ်ဆောင်နေသည့် တစ်ချိန်တည်းမှာပင် ဘုရားသခင်ကို တမင် ဆန့်ကျင်ကြလေသည်။ ဘုရားသခင်၌ ယုံကြည်ခြင်းကို အခိုင်အမာဆိုလျက်၊ ၎င်းတို့သည် လူ့အသားကိုစားပြီး လူ့အသွေးကို သောက်ကြဆဲ ဖြစ်သည်။ ထိုသို့သောလူအားလုံးသည် လူသား၏ ဝိညာဉ်ကို ဝါးမျိုသည့် နတ်ဆိုးများ၊ မှန်ကန်သောလမ်းကြောင်းပေါ်သို့ ခြေလှမ်းရန် ကြိုးစားနေသူတို့၏ လမ်းတွင် တမင်သက်သက် တားဆီးသော မကောင်းဆိုးဝါးများ၏ ဦးသျှောင်နှင့် ဘုရားသခင်ကို ရှာဖွေသောသူတို့ကို ပိတ်ဆို့သော ခလုတ်တံသင်းများဖြစ်ကြ၏။ ၎င်းတို့သည် “ကောင်းမွန်သည့် ဖွဲ့စည်းမှု” ရှိပုံရကြသော်လည်း၊ ၎င်းတို့သည် လူတို့အား ဘုရားသခင်ကို ဆန့်ကျင်ရန် လမ်းပြသည့် အန္တိခရစ်များသာဖြစ်သည်ကို ၎င်းတို့၏ နောက်လိုက်များက မည်သို့ သိကြမည်နည်း။ ၎င်းတို့သည် လူ့ဝိညာဉ်များကို ဝါးမျိုရန် ရည်မှန်းချက်တွင် နှစ်မြှုပ်ထားသော ရှင်သန်နေသည့် နတ်ဆိုးများဖြစ်သည်ကို ၎င်းတို့၏ နောက်လိုက်များက မည်ကဲ့သို့သိမည်နည်း။ ဘုရားသခင်၏ မျက်မှောက်တွင် မိမိကိုယ်ကိုယ် အထင်ကြီးတတ်ကြသူများသည် လူများထဲမှ အဆိုးရွားဆုံးသောသူများ ဖြစ်သော်လည်း၊ မိမိတို့ကိုယ်ကိုယ် နှိမ့်ချသောသူတို့မှာ ဂုဏ်ပြုအခံရဆုံးသောသူများ ဖြစ်ကြ၏။ ပြီးလျှင် ဘုရားသခင်၏ အမှုကို ၎င်းတို့ သိသည်ဟု ထင်သည့်အပြင်၊ ဘုရားသခင်ကို တိုက်ရိုက်ကြည့်ကာပင် ကြီးမားသော ခမ်းနားကြီးကျယ်မှုဖြင့် အခြားသူများထံ ဘုရားသခင်၏အမှုကို ကြွေးကြော်နိုင်စွမ်းရှိသူများ- ဤသူတို့သည် လူများထဲမှ မသိနားမလည်ဆုံးသော သူများ ဖြစ်သည်။ ထိုသို့သော လူများသည် ဘုရားသခင်၏ သက်သေခံချက်မရှိ၊ မာနထောင်လွှားကြကာ စိတ်ကြီးဝင်ခြင်းဖြင့် ပြည့်လေသည်။ ဘုရားသခင်နှင့်သက်ဆိုင်သော တကယ့် အတွေ့အကြုံနှင့် လက်တွေ့ကျသည့် အသိပညာရှိလင့်ကစား၊ ၎င်းတို့သည် ဘုရားသခင်နှင့် သက်ဆိုင်သော အသိပညာ အလွန်နည်းပါးသည်ဟု ယုံကြည်ကြသူများသည် ဘုရားသခင်၏ အချစ်ခင်ရဆုံးသောသူများ ဖြစ်သည်။ ထိုသို့သောလူတို့သာ သက်သေခံချက် အမှန်တကယ်ရှိကြပြီး၊ ဘုရားသခင်၏ စုံလင်စေခြင်း ခံရနိုင်စွမ်း အမှန်တကယ် ရှိကြပေသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်ကို မသိသောသူ အားလုံးသည် ဘုရားသခင်ကို ဆန့်ကျင်သောသူများ ဖြစ်ကြသည်

သင်သည် ဘုရားသခင်ကို ယုံကြည်သဖြင့် ဘုရားသခင်၏ နှုတ်ကပတ်တော်အားလုံးနှင့် သူ၏ အမှုအားလုံး၌ သင်ယုံကြည်မှု ထားရှိရမည်။ ဆိုလိုသည်မှာ သင်သည် ဘုရားသခင်ကို ယုံကြည်သောကြောင့် သူ့ကို နာခံရမည်။ အကယ်၍ သင်မနာခံနိုင်လျှင်၊ ဘုရားသခင်ကို ယုံကြည်သည်ဖြစ်စေ၊ မယုံကြည်သည်ဖြစ်စေ ယင်းက အရေးမပါတော့ချေ။ သင်သည် ဘုရားသခင်ကို နှစ်ပေါင်းများစွာ ယုံကြည်ခဲ့ပြီးဖြစ်သော်လည်း၊ ဘုရားသခင်ကို မည်သည့်အခါမျှ မနာခံခဲ့သည့်အပြင် သူ၏ နှုတ်ကပတ်တော် အလုံးစုံကို လက်မခံဘဲ၊ ထိုအစား ဘုရားသခင်အနေဖြင့် သင့်ကို နာခံရန်နှင့် သင်၏ အယူအဆများအတိုင်း ပြုမူရန် တောင်းဆိုလျှင်၊ သင်သည် လူများ အားလုံးထဲတွင် အပုန်ကန်ဆုံးသူ၊ မယုံကြည်သူတစ်ဦးပင် ဖြစ်သည်။ ထိုကဲ့သို့သော လူတို့က လူသား၏ အယူအဆများနှင့် ကိုက်ညီမှုမရှိသော ဘုရားသခင်၏ အမှုနှင့် နှုတ်ကပတ်တော်များကို မည်သို့နာခံနိုင်မည်နည်း။ အားလုံးထဲတွင် အပုန်ကန်ဆုံးသူများသည် ဘုရားသခင်ကို တမင်သက်သက် ဖီဆန်ပြီး အာခံသောသူများ ဖြစ်သည်။ သူတို့သည် ဘုရားသခင်၏ ရန်သူများ၊ အန္တိခရစ်များပင် ဖြစ်သည်။ သူတို့၏စိတ်သဘောမှာ အမြဲတစေပင် ဘုရားသခင်၏ အမှုသစ်အပေါ် ရန်လိုသော စိတ်သဘောထား ဖြစ်သည်။ သူတို့၌ နာခံဖို့အတွက် ဆန္ဒသဘော စိုးစဉ်းမျှမရှိသကဲ့သို့၊ သူတို့သည် ဝမ်းမြောက်စွာ ကျိုးနွံနာခံခြင်း မရှိခဲ့ဖူး၊ သို့မဟုတ် မိမိတို့ကိုယ်ကိုယ် နှိမ့်ချခြင်း မရှိခဲ့ဖူးပေ။ သူတို့သည် အခြားလူတို့ရှေ့၌ မိမိတို့ကိုယ်ကိုယ် ချီးမြှောက်ပြီး မည်သူ့ကိုမျှ နာခံခြင်း မရှိခဲ့ဖူးပေ။ သူတို့က ဘုရားသခင်၏ရှေ့၌ မိမိတို့ကိုယ်ကိုယ် နှုတ်ကပတ်တော်ကို ဟောကြားရာ၌ အကျွမ်းကျင်ဆုံး၊ အခြားသူများအပေါ် အမှုပြုရာတွင် အကျွမ်းကျင်ဆုံးအဖြစ် သတ်မှတ်ကြသည်။ သူတို့၏ လက်ဝယ် ပိုင်ဆိုင်ထားပြီးသော “ရတနာများ” ကို သူတို့ မည်သည့်အခါမျှ မစွန့်ပစ်ဘဲ ဝတ်ပြုကိုးကွယ်ရန်၊ အခြားသူများကို တရားဟောရန်အတွက် ယင်းတို့ကို မိသားစုဆိုင်ရာ ဘိုးစဉ်ဘောင်ဆက် အမွေပစ္စည်းများအဖြစ် သဘောထားပြီး သူတို့သည် မိမိတို့အား ပုဂ္ဂိုလ်ရေးကိုးကွယ်သော ထိုအရူးများကို ဆုံးမသင်ကြားရန်အတွက် ယင်းတို့ကို အသုံးပြုကြသည်။ အမှန်တွင် အသင်းတော်ထဲ၌ ဤကဲ့သို့သောလူတို့မှာ အရေအတွက် အတိုင်းအတာတစ်ခုအထိ ရှိလေသည်။ သူတို့မှာ ဘုရားသခင်၏အိမ်တော်၌ မျိုးဆက်တစ်ဆက်ပြီးတစ်ဆက် နေထိုင်သော “နှိမ်နင်း၍မရသည့် သူရဲကောင်းများ” ဖြစ်သည်ဟု ဆိုနိုင်သည်။ သူတို့သည် နှုတ်ကပတ်တော် (အယူဝါဒ) ဟောပြောခြင်းကို သူတို့၏ အမြင့်မားဆုံးသော တာဝန်အဖြစ် မှတ်ယူကြသည်။ တစ်နှစ်ပြီးတစ်နှစ်၊ မျိုးဆက်တစ်ဆက်ပြီးတစ်ဆက် သူတို့၏ “အလေးထားအပ်ပြီး မချိုးဖောက်အပ်သော” တာဝန်ကို အကျိုးသက်ရောက်မှု ရှိစေရန် အားသွန်ခွန်စိုက် လုပ်နေကြသည်။ မည်သူကမျှ သူတို့ကို မထိရဲ၊ တစ်ယောက်တလေကမျှ သူတို့ကို လူပုံအလယ် အပြစ်မတင်ရဲပေ။ သူတို့သည် တစ်ခေတ်ပြီးတစ်ခေတ် အခြားသူများကို နိုင်လိုမင်းထက်ပြုမူပြီး သောင်းကျန်းမွှေ့ယမ်းလျက် ဘုရားသခင်၏အိမ်တော်၌ “ဘုရင်များ” ဖြစ်လာကြသည်။ ထိုနတ်ဆိုးအုပ်စုသည် လက်တွဲပြီး ငါ့အမှုကို ဖျက်ဆီးရန် ကြိုးစားကြသည်။ အသက်ရှင်နေသော ဤနတ်မိစ္ဆာများကို ငါ့မျက်စိရှေ့၌ အဘယ်သို့ ရှိနေခွင့် ပေးနိုင်မည်နည်း။ စိတ်နှလုံးထဲ၌ နာခံမှု စိုးစဉ်းမျှမရှိသော ဤအာဏာရှင်များကို မဆိုထားဘိ၊ နာခံမှု တစ်ဝက်တစ်ပျက်သာ ရှိသူများပင် အဆုံးတိုင်အောင် ရှေ့မဆက် နိုင်ကြပါတကား။ ဘုရားသခင်၏ အမှုကို လူသားက အလွယ်တကူ မရရှိနိုင်ပေ။ သူတို့၌ရှိသော ခွန်အားမှန်သမျှ အသုံးပြုခြင်းအားဖြင့်ပင် လူတို့သည် ယင်း၏ တစ်စိတ်တစ်ပိုင်းမျှကိုသာ ရရှိနိုင်မည်ဖြစ်ပြီး၊ အဆုံးသတ်တွင် စုံလင်အောင်ပြုခြင်းကို ရရှိခွင့်ပြုမည် ဖြစ်သည်။ ထိုသို့ဆိုသော် ဘုရားသခင်၏အမှုကို ဖျက်ဆီးရန်ကြိုးစားသော ကောင်းကင်တမန်မင်း၏ သားသမီးများသည် မည်သို့ဖြစ်လိမ့်မည်နည်း။ သူတို့၌ ဘုရားသခင်၏ရယူခြင်းကို ခံရဖို့ မျှော်လင့်ချက်သည် သာ၍ပင် နည်းသည် မဟုတ်လော။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်ကို စစ်မှန်သော နှလုံးသားနှင့် နာခံသောသူတို့သည် ဘုရားသခင်၏ ပိုင်ဆိုင်ခြင်းကို ဧကန်အမှန် ခံကြရလိမ့်မည်

သင်သည် ကမ်းခြေပေါ်က သဲများတမျှ အသိပညာအကြောင်းကို များစွာ ပြောဆိုနိုင်သည့်တိုင် ထိုအရာထဲမှ မည်သည့်အရာ၌မျှ စစ်မှန်သောလမ်းကြောင်း တစ်ခုတစ်လေ မပါရှိပေ။ ဤအရာ လုပ်ဆောင်ခြင်းဖြင့် လူတို့ကို အရူးလုပ်ဖို့ သင် ကြိုးစားနေခြင်း မဟုတ်လော။ သင်သည် ယင်းကို ထောက်ခံဖို့အနှစ်သာရ မရှိဘဲလျက် အဓိပ္ပါယ်မရှိသည့်ဟန်ပြတစ်ခု ပြုလုပ်နေခြင်း မဟုတ်လော။ ထိုသို့သော အပြုအမူအားလုံးသည် လူတို့အဖို့ အန္တရာယ်ရှိ၏။ အယူအဆ မြင့်လေလေ၊ ပြီးလျှင် စစ်မှန်မှု ကင်းမဲ့လေလေ၊ ယင်းက လူတို့ကို လက်တွေ့အရှိတရားသို့ ပို့ဆောင်နိုင်စွမ်း မရှိလေလေ ဖြစ်သည်။ သဘောတရားတစ်ရပ်သည် မြင့်မားလေလေ၊ ယင်းက သင့်ကို ဘုရားသခင်အား ပိုမို အာခံကာ ဆန့်ကျင်စေလေလေ ဖြစ်သည်။ အမြင့်မားဆုံးသော အယူအဆများကို တန်ဖိုးရှိသည့် ရတနာများသဖွယ် သဘောမထားနှင့်။ ယင်းတို့သည် မသိမသာနှင့် ပျက်စီးစေပြီး၊ မည်သည့်အသုံးဝင်မှုကိုမျှ မပေးပေ။ လူအချို့သည် အမြင့်မားဆုံးအယူအဆများကို ပြောဆိုကောင်း ပြောဆိုနိုင်ပေလိမ့်မည်- သို့ရာတွင် ဤလူတို့သည် ထိုအယူအဆများကို ကိုယ်တိုင်ကိုယ်ကျ မတွေ့ကြုံဖူးကြသောကြောင့် လက်တွေ့လုပ်ဆောင်ဖို့ လမ်းကြောင်း မရှိကြသည့်အတွက် ဤအယူအဆများထဲတွင် စစ်မှန်မှု မပါရှိပေ။ ထိုသို့သောလူများသည် အခြားသူများကို မှန်ကန်သော လမ်းကြောင်းပေါ်သို့ ခေါ်ဆောင်သွားနိုင်စွမ်း မရှိကြသကဲ့သို့၊ ၎င်းတို့ကို လမ်းလွဲစေခြင်းသာ ဖြစ်စေလိမ်မည်။ ဤသည်မှာ လူတို့အဖို့ အန္တရာယ်ရှိသည် မဟုတ်လော။ အနည်းဆုံးအနေဖြင့် သင်သည် လူတို့၏ လက်ရှိ ပြဿနာများကို ဖြေရှင်းနိုင်ရမည်ဖြစ်ပြီး ၎င်းတို့အား ဝင်ရောက်မှုကို ရရှိခွင့်ပေးနိုင်ရမည်။ ဤအရာသည်သာ ဆက်ကပ်အပ်နှံခြင်းဟု မှတ်ယူ၍ရပြီး ထိုအခါမှသာ သင်သည် ဘုရားသခင်အတွက် အလုပ်လုပ်ရန် အရည်အချင်း ပြည့်မီမည်ဖြစ်သည်။ ဟိတ်ဟန်များသော၊ စိတ်ကူးယဉ်ဆန်သော စကားများကို အမြဲမပြောနှင့်၊ ပြီးလျှင် အခြားသူတို့ကို သင့်အား နာခံလာအောင်ပြုရန် မသင့်လျော်သည့် လက်တွေ့လုပ်ဆောင်မှု များစွာကို အသုံးမပြုလေနှင့်။ ထိုသို့လုပ်ဆောင်ခြင်းသည် အကျိုးရှိလိမ့်မည် မဟုတ်သကဲ့သို့၊ ၎င်းတို့အား သာ၍စိတ်ရှုပ်ထွေးစေနိုင်သည်။ ဤသို့ ဆက်လက် လုပ်ဆောင်ခြင်းသည် လူတို့အား သင့်ကို စက်ဆုပ်စေသည့် အယူဝါဒများစွာကို ဖြစ်ပေါ်စေလိမ့်မည်။ ယင်းမှာ လူသား၏ အားနည်းချက်ဖြစ်ပြီး၊ အမှန်တကယ် အရှက်ရစရာ ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ စစ်မှန်မှုအပေါ် သာ၍အာရုံစိုက်လော့

ဖာရိရှဲများ၏ သူတော်ကောင်းယောင်ဆောင်ခြင်းနှင့်ဆိုင်သော အဓိကသရုပ်သကန်မှာ မည်သည့်အရာ ဖြစ်ခဲ့သနည်း။ ၎င်းတို့သည် ကျမ်းစာကိုသာ လေ့လာခဲ့ကြပြီး သမ္မာတရားကို မရှာဖွေခဲ့ကြပေ။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ၎င်းတို့ဖတ်ရှုသည့်အခါ၊ ၎င်းတို့ဆုမတောင်းခဲ့ကြ၊ သို့မဟုတ် မရှာဖွေခဲ့ကြပေ။ ထိုအစား၊ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လေ့လာခဲ့ကြသည်၊ ဘုရားသခင် ပြောဆိုလုပ်ကိုင်သည့် အရာများကို လေ့လာခဲ့ကြပြီး၊ ထိုသို့လျှင် သူ၏နှုတ်ကပတ်တော်များကို သီအိုရီအမျိုးအစားတစ်ခုအဖြစ်သို့၊ အခြားသူများကို ၎င်းတို့သွန်သင်ခဲ့ကြသည့် အယူဝါဒတစ်ခုအဖြစ်သို့ ပြောင်းခဲ့ကြသည်။ ဤသည်မှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လေ့လာခြင်းဟု ဆိုသည့်အရာ ဖြစ်သည်။ သို့ဆိုလျှင် ၎င်းတို့အဘယ်ကြောင့် ထိုသို့လုပ်ခဲ့ကြသနည်း။ ၎င်းတို့လေ့လာခဲ့ကြသည်မှာ မည်သည့်အရာနည်း။ ၎င်းတို့၏ အမြင်တွင်၊ ဤသည်တို့မှာ သမ္မာတရားဖြစ်ဖို့ မဆိုထားနှင့်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များမဟုတ်၊ ဘုရားသခင်၏ ဖော်ပြချက်များ မဟုတ်ဘဲ၊ ထိုအစား သိကျွမ်းတတ်မြောက်မှုပုံစံတစ်ခု ဖြစ်သည်။ ၎င်းတို့၏ အမြင်တွင် ထိုသို့သော သိကျွမ်းတတ်မြောက်မှုကို လက်ဆင့်ကမ်းသင့်သည်၊ ယင်းကို ပျံ့နှံ့စေသင့်ပြီး၊ ဤအရာသည်သာ ဘုရားသခင်၏ လမ်းခရီးနှင့် ဧဝံဂေလိတရားကို ဖြန့်ဝေခြင်း ဖြစ်လေမည်ဖြစ်သည်။ ဤသည်မှာ “တရားဟောခြင်း” ဟု ၎င်းတို့ခေါ်ဆိုသည့်အရာဖြစ်ပြီး၊ ၎င်းတို့ဟောသည့် တရားဒေသနာသည် ဓမ္မပညာဖြစ်သည်။

...ဖာရိရှဲများသည့် ၎င်းတို့ကျွမ်းကျင်ပိုင်နိုင်ခဲ့ပြီးဖြစ်သည့် ဓမ္မပညာနှင့် သီအိုရီတို့ကို အသိပညာအမျိုးအစားတစ်ခုကဲ့သို့၊ လူတို့ကို ရှုတ်ချခြင်းနှင့် ၎င်းတို့ မှားသည်၊ မှန်သည်ကို တိုင်းတာခြင်းအတွက် တန်ဆာပလာတစ်ခုကဲ့သို့ သဘောထားခဲ့ကြသည်။ ၎င်းတို့သည် ယင်းကို သခင်ယေရှုအပေါ်တွင်ပင် အသုံးပြုခဲ့ကြသည်- ယင်းမှာ သခင်ယေရှု ရှုတ်ချခံခဲ့ရပုံ ဖြစ်သည်။ ၎င်းတို့၏ လူတို့ကို အကဲဖြတ်ချက်နှင့် ထိုလူတို့ကို ၎င်းတို့ဆက်ဆံခဲ့ကြသည့် နည်းလမ်းသည် ထိုလူတို့စကားများ၏ အရင်းအမြစ်၊ သို့မဟုတ် ဇာစ်မြစ်အပေါ် မဆိုထားနှင့်၊ ထိုလူတို့၏ အနှစ်သာရအပေါ်၊ သို့မဟုတ် ထိုလူတို့ပြောသည့်အရာ မှားသည်၊ မှန်သည်ဆိုသည့်အရာအပေါ်တွင် မည်သည့်အခါတွင်မျှ အခြေမခံခဲ့ပေ။ ၎င်းတို့သည် လူတို့အား ၎င်းတို့ ကျွမ်းကျင်ပိုင်နိုင်ခဲ့ပြီးဖြစ်သည့် အလျှော့မပေးသော စကားများနှင့် အယူဝါဒများအပေါ်တွင် အခြေခံ၍သာ ရှုတ်ချကာ အကဲဖြတ်ခဲ့ကြသည်။ ထို့ကြောင့် ဤဖာရိရှဲတို့က သခင်ယေရှု လုပ်ဆောင်ခဲ့သည့်အရာမှာ အပြစ်တစ်ခု မဟုတ်သကဲ့သို့ ပညတ်တရားကို ဆန့်ကျင်ခြင်းမရှိခဲ့သည်ကို သိခဲ့ကြသော်လည်း၊ သခင်ယေရှုပြောခဲ့သည့်အရာမှာ ၎င်းတို့ကျွမ်းကျင်ပိုင်နိုင်ခဲ့ပြီးဖြစ်သည့် အသိပညာနှင့် သိကျွမ်းတတ်မြောက်မှု၊ ၎င်းတို့အသေးစိတ်ရှင်းပြခဲ့ကြသည့် ဓမ္မပညာဆိုင်ရာ သီအိုရီနှင့် သဘောကွဲလွဲပုံရသောကြောင့်၊ သူ့ကို ၎င်းတို့ရှုတ်ချဆဲဖြစ်ခဲ့သည်။ ပြီးလျှင် ဖာရိရှဲတို့သည် ဤစကားများနှင့် စကားရပ်များနှင့်ပတ်သက်၍ ၎င်းတို့၏ နားလည်သဘောပေါက်မှုကို အလျှော့ပေးကြမည်မဟုတ်၊ ၎င်းတို့သည် ဤအသိပညာကို ဖက်တွယ်ထားပြီး လက်လွှတ်ကြမည် မဟုတ်ပေ။ အဆုံးတွင် ဖြစ်နိုင်ဖွယ်ရှိသည့် တစ်ခုတည်းသော ရလဒ်မှာ အဘယ်နည်း။ သခင်ယေရှု ပြောခဲ့သည့်အရာသည် သမ္မာတရားနှင့် ကိုက်ညီကြောင်းကို ၎င်းတို့အသိအမှတ်ပြုရန် မဆိုထားနှင့်၊ သခင်ယေရှုသည် ကြွလာမည့် မေရှိယဖြစ်ကြောင်း၊ သို့မဟုတ် သခင်ယေရှုလုပ်ဆောင်ခဲ့သည့် အရာသည် သမ္မာတရားနှင့် ကိုက်ညီကြောင်းကိုပင် ၎င်းတို့အသိအမှတ်ပြုမည် မဟုတ်ပေ။ သခင်ယေရှုကို ရှုတ်ချဖို့ အထောက်အထားမခိုင်လုံသော စွဲချက်အချို့ကို ၎င်းတို့ရှာတွေ့ခဲ့ကြသည်- သို့သော်၊ စင်စစ်အားဖြင့် သူ့ကို ၎င်းတို့ရှုတ်ချခဲ့ကြသည့် အပြစ်များက ခိုင်လုံသည်၊ မခိုင်လုံသည်ကို ၎င်းတို့၏စိတ်နှလုံးထဲ၌ ၎င်းတို့သိခဲ့ကြသလော။ သိခဲ့ကြ၏။ သို့ဆိုလျှင် သူ့ကို ၎င်းတို့က အဘယ်ကြောင့် ထိုသို့ရှုတ်ချဆဲ ဖြစ်ခဲ့သနည်း။ (၎င်းတို့၏စိတ်ထဲမှ မြင့်မားပြီး တန်ခိုးကြီးမားသော ဘုရားသခင်မှာ သခင်ယေရှု၊ ဤသာမန်လူသားတော်တစ်ဦး၏ ပုံသဏ္ဌာန် ဖြစ်နိုင်လေသည်ကို ၎င်းတို့မယုံကြည်ချင်ခဲ့ကြပါ။) ဤအမှန်တရားကို ၎င်းတို့ လက်မခံချင်ခဲ့ကြပေ။ ဤအရာကို လက်မခံဘဲ ၎င်းတို့ငြင်းပယ်ရခြင်း၏ သဘောသဘာဝမှာ အဘယ်အရာဖြစ်ခဲ့သနည်း။ ဤအရာတွင် ဘုရားသခင်ကို အကျိုးသင့်အကြောင်းသင့်ပြောဖို့ ကြိုးစားခြင်းနှင့်ဆိုင်သည့် တစ်စုံတစ်ရာ မရှိခဲ့သလော။ ၎င်းတို့ဆိုလိုခဲ့သည်မှာ၊ “ဘုရားသခင်သည် ယင်းကို လုပ်ဆောင်နိုင်မည်လား။ ဘုရားသခင် လူ့ဇာတိခံယူခဲ့ပါက၊ သူသည် ကျော်ကြားသောမျိုးရိုးမှ ဧကန်မုချ မွေးဖွားရမည်။ ထို့အပြင်၊ ကျမ်းတတ်ဆရာများနှင့် ဖာရိရှဲတို့၏ သင်ပြမှုကို သူလက်ခံရမည်၊ ဤအသိပညာကို သင်ယူရမည်ဖြစ်ပြီး ကျမ်းစာကို များစွာဖတ်ရှုရမည်ဖြစ်သည်။ ဤအသိပညာကို သူပိုင်ဆိုင်သည့်နောက်တွင်သာ ‘လူ့ဇာတိခံယူခြင်း’ ဟူသည့် အမည်နာမကို သူခံယူနိုင်သည်” ဟူ၍ ဖြစ်သည်။ ပထမဦးစွာ ၎င်းတို့က သင်သည် ထိုသို့အရည်အချင်း မပြည့်မီသောကြောင့်၊ သင်သည် ဘုရားသခင်မဟုတ်။ ဒုတိယအနေဖြင့်၊ ဤအသိပညာမရှိဘဲနှင့် ကိုယ်တော်သည် ဘုရားသခင် ဖြစ်နိုင်ဖို့မဆိုထားနှင့်၊ ဘုရားသခင်၏ အမှုကို ကိုယ်တော်မလုပ်ဆောင်နိုင်။ တတိယအနေဖြင့်၊ ကိုယ်တော်သည် ဗိမာန်တော်ပြင်ပတွင် အမှုမပြုနိုင်- ယခု ကိုယ်တော်သည် ဗိမာန်တော်ထဲတွင် မဟုတ်၊ ကိုယ်တော်သည် အပြစ်သားများအလယ်တွင် အမြဲရှိသည်၊ ထို့ကြောင့် ကိုယ်တော်ပြုသည့်အမှုသည် ဘုရားသခင်၏အမှုနယ်ပယ် အလွန်တွင် ရှိသည်ဟူ၍ ယုံကြည်ကြလေသည်။ ၎င်းတို့ရှုတ်ချခြင်း၏ အခြေခံအကြောင်းရင်းသည် မည်သည့်နေရာမှ လာသနည်း။ သမ္မာကျမ်းစာမှ၊ လူသား၏စိတ်မှ၊ ပြီးလျှင် ၎င်းတို့ လက်ခံရရှိထားသည့် ဓမ္မပညာဆိုင်ရာ ပညာရေးမှ ဖြစ်သည်။ ၎င်းတို့သည် အယူအဆများ၊ စိတ်ကူးထင်မြင်မှုများနှင့် အသိပညာများဖြင့် ပြည့်လျှမ်းနေကြသောကြောင့်၊ ဤအသိပညာသည် မှန်ကန်ရမည်၊ သမ္မာတရားဖြစ်ရမည်၊ အခြေခံအကြောင်းရင်း ဖြစ်ရမည်ဖြစ်ပြီး မည်သည့်အချိန်တွင်မျှ ဤအရာများကို ဘုရားသခင် ဆန့်ကျင်မည်မဟုတ်ဟု ယုံကြည်ခဲ့ကြသည်။ သမ္မာတရားကို ၎င်းတို့ ရှာဖွေခဲ့ကြသလော။ မရှာဖွေခဲ့ကြပေ။ ၎င်းတို့ရှာဖွေခဲ့ကြသည်မှာ ၎င်းတို့၏ ကိုယ်ပိုင်အယူအဆများနှင့် စိတ်ကူးထင်မြင်မှုများ၊ ပြီးလျှင် ၎င်းတို့၏ ကိုယ်ပိုင်အတွေ့အကြုံများဖြစ်ပြီး၊ ၎င်းတို့သည် ဘုရားသခင်ကို အဓိပ္ပာယ်ဖွင့်ဖို့နှင့် သူမှန်သည်၊ မှားသည်ကို ဆုံးဖြတ်ဖို့ရန် ဤအရာများကို အသုံးပြုဖို့ ကြိုးစားခဲ့ကြသည်။ ဤအရာ၏ နောက်ဆုံးရလဒ်မှာ အဘယ်အရာ ဖြစ်ခဲ့သနည်း။ ၎င်းတို့သည် ဘုရားသခင်၏အမှုကို ရှုတ်ချခဲ့ကြပြီး သူ့ကို ကားတိုင်တွင် သံမှိုဆွဲရိုက်ခဲ့ကြသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၇- ၎င်းတို့သည် ဆိုးယုတ်ကာ တစိမ့်စိမ့်နှင့် အန္တရာယ်ပေးတတ်ပြီး လှည့်စားတတ်သည် (အပိုင်း ၃)

လူများစွာတို့က ဘုရားသခင်၏နှုတ်ကပတ်တော်များကို ဖတ်ရှုဖို့ရန် တစ်နေ့တခြား စွဲကိုင်ကြသည်မှာ ထိုနှုတ်ကပတ်တော်များထဲမှ ဂန္တဝင်မြောက် ကျမ်းပိုဒ်များအားလုံးကို ၎င်းတို့၏ တန်ဖိုးအထားရဆုံး ပိုင်ဆိုင်မှုတစ်ခုအလား မှတ်ဉာဏ်ထဲ သေချာစွာ မှတ်သားထားကြသည်အထိ၊ ထို့ပြင် အခြားသူများအား ဘုရားသခင်၏နှုတ်ကပတ်တော်များဖြင့် ထောက်ပံ့ပြီး ပံ့ပိုးလျက် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို နေရာအနှံ့ ဟောကြသည်အထိပင် ဖြစ်၏။ ထိုသို့ပြုခြင်းသည် ဘုရားသခင်ကို သက်သေခံခြင်းဖြစ်ကြောင်း၊ သူ၏နှုတ်ကပတ်တော်များကို သက်သေခံခြင်းဖြစ်ကြောင်း၊ ဘုရားသခင်၏ လမ်းခရီးနောက်ကို လိုက်ခြင်းဖြစ်ကြောင်း ၎င်းတို့က တွေးကြသည်။ ထိုသို့ပြုခြင်းသည် ဘုရားသခင်၏ နှုတ်ကပတ်တော်အားဖြင့် အသက်ရှင်ခြင်းဖြစ်ကြောင်း၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ၎င်းတို့၏ တကယ့်အသက်တာများထဲသို့ ယူဆောင်လာခြင်းဖြစ်ကြောင်း၊ ထိုသို့ပြုလျှင် ဘုရားသခင်၏ ချီးကျူးခြင်းကို ၎င်းတို့လက်ခံရရှိမည်ဖြစ်ပြီး ကယ်တင်ခြင်းနှင့် စုံလင်စေခြင်းကို ခံရမည်ဖြစ်ကြောင်း ၎င်းတို့တွေးထင်ကြသည်။ သို့သော်လည်း ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ၎င်းတို့ဟောကြားနေစဉ်တွင်ပင် ၎င်းတို့သည် လက်တွေ့၌ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မည်သည့်အခါမျှ မလိုက်နာသကဲ့သို့၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များတွင် ထုတ်ဖော်ပြထားသည့်အရာနှင့် တိုက်ဆိုင် နှိုင်းယှဉ်စစ်ဆေးဖို့ မကြိုးစားနိုင်ကြပေ။ ထိုအစား ၎င်းတို့သည် လိမ်လည်လှည့်စားမှုအားဖြင့် အခြားသူများ၏ ကြည်ညိုမှုနှင့် ယုံကြည်မှုတို့ကို ရရှိရန်၊ မိမိတို့ဘာသာ စီမံခန့်ခွဲရန်နှင့် ဘုရားသခင်၏ ဘုန်းအသရေကို အလွဲသုံးစားလုပ်ပြီး ခိုးယူရန် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အသုံးချကြလေသည်။ ဘုရားသခင်၏ အမှုပြုခြင်းနှင့် သူ၏ချီးကျူးခြင်းတို့ကို ရရှိရန်အလို့ငှာ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖြန့်ဝေခြင်းအားဖြင့် ရလာသည့် အခွင့်အလမ်းကို အမြတ်ထုတ်ဖို့ အချည်းနှီးမျှော်လင့်ကြ၏။ နှစ်ပေါင်းမြောက်မြားစွာ ကုန်ဆုံးသွားခဲ့သော်လည်း ဤလူတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဟောကြားစဉ်တွင် ဘုရားသခင်၏ ချီးကျူးခြင်းကို ရရှိနိုင်စွမ်း မရှိရုံသာမက၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သက်သေခံစဉ်တွင် ၎င်းတို့လိုက်လျှောက်သင့်သည့် လမ်းခရီးကို ရှာဖွေနိုင်စွမ်း မရှိရုံသာမက၊ အခြားသူများအား ဘုရားသခင်၏ နှုတ်ကပတ်တော်များဖြင့် ထောက်ပံ့ပြီး ပံ့ပိုးစဉ်တွင် မိမိတို့ကိုယ်ကို ထောက်ပံ့နိုင်စွမ်းသော်လည်းကောင်း၊ ပံ့ပိုးနိုင်စွမ်းသော်လည်းကောင်း မရှိရုံသာမက၊ ဤအရာအားလုံးကို လုပ်ဆောင်နေစဉ်တွင် ဘုရားသခင်ကို သိကျွမ်းနိုင်စွမ်းသော်လည်းကောင်း၊ မိမိတို့အတွင်း၌ ဘုရားသခင်အတွက် စစ်မှန်သော ရိုသေလေးမြတ်မှု နိုးကြားလာအောင် လုပ်နိုင်စွမ်းသော်လည်းကောင်း မရှိသည်သာမကသေးဘဲ၊ ဆန့်ကျင်ဖက်အားဖြင့် ဘုရားသခင်အပေါ် ၎င်းတို့၏ အထင်လွဲမှုများသည်လည်း တိုး၍တိုး၍ နက်ရှိုင်းလာသည်၊ သူ့အပေါ် ၎င်းတို့၏ အယုံအကြည် ကင်းမဲ့မှုများသည်လည်း ပို၍ပို၍ ဆိုးရွားလာသည်၊ ထို့ပြင် သူနှင့်ပတ်သက်သည့် ၎င်းတို့၏စိတ်ကူးများသည်လည်း ပို၍ပို၍ ချဲ့ကားလာခဲ့သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့်ပတ်သက်သည့် ၎င်းတို့၏ အယူအဆများအားဖြင့် ထောက်ပံ့ပြီး လမ်းညွှန်ခံရလျက်၊ ၎င်းတို့သည် ၎င်းတို့နှင့် လုံးဝအံကိုက်ဖြစ်သည့် အနေအထား၌ ရောက်နေသည့်အလား ထင်ရသည်၊ ၎င်းတို့၏ကျွမ်းကျင်မှုများကို အားမစိုက်ရဘဲ သက်သောင့်သက်သာ အသုံးပြုနေကြသည့်အလား၊ အသက်တာ၌ ၎င်းတို့၏ရည်ရွယ်ချက်၊ ဘဝပေးတာဝန်ကို ရှာတွေ့ထားပြီဖြစ်သည့်အလား ထင်ရသည်၊ ထို့ပြင် ၎င်းတို့သည် အသက်တာအသစ်တစ်ခုကို ကြိုးပမ်းရရှိပြီး ကယ်တင်ခံထားရပြီးသည့်အလား၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ၎င်းတို့ရွတ်ဆိုရာတွင် ထိုနှုတ်ကပတ်တော်များက ၎င်းတို့၏နှုတ်လျှာမှ ကျစ်လျစ်ပြည့်စုံစွာ လှိမ့်ဆင်းလာ၍ ၎င်းတို့အနေဖြင့် သမ္မာတရားကို ရရှိပြီးဖြစ်သည့်အလား၊ ဘုရားသခင်၏ ရည်ရွယ်ချက်များကို နားလည်သဘောပေါက်ပြီးဖြစ်သည့်အလား၊ ထို့ပြင် ဘုရားသခင်ကို သိကျွမ်းခြင်း လမ်းကြောင်းကို ရှာဖွေတွေ့ရှိပြီးဖြစ်သည့်အလား ထင်ရပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဟောကြားစဉ်တွင် ၎င်းတို့သည် ဘုရားသခင်နှင့် မကြာခဏ မျက်နှာချင်းဆိုင်တွေ့ရပြီးဖြစ်သည့်အလား ထင်ရသည်။ ထို့အပြင် ၎င်းတို့သည် မကြာခဏ ငိုပွဲများဆင်နွှဲကြသည်ထိ “တို့ထိ” ခံကြရပြီး၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များထဲတွင် “ဘုရားသခင်” ၏ မကြာခဏ ဦးဆောင်လမ်းပြခြင်းကို ခံကြရသဖြင့် ၎င်းတို့သည် ဘုရားသခင်၏ အလွန်စိတ်ထက်သန်သော ဂရုဓမ္မပြုမှုနှင့် ကြင်နာသော ရည်ရွယ်ချက်တို့ကို မရပ်မနား နားလည်သဘောပေါက်နေသည်ဟု ထင်ရပြီး၊ တစ်ချိန်တည်းမှာပင် လူသားကို ဘုရားသခင်၏ ကယ်တင်ခြင်းနှင့် ဘုရားသခင်၏စီမံခန့်ခွဲမှုတို့ကို နားလည်သဘောပေါက်ထားပြီး သူ၏အနှစ်သာရကို သိကျွမ်းထားသည့်အပြင် သူ၏ဖြောင့်မတ်သော စိတ်သဘောထားကို နားလည်သဘောပေါက်ထားသည်ဟု ထင်ရသည်။ ဤအခြေခံအုတ်မြစ်ပေါ် အခြေပြု၍ ၎င်းတို့သည် ဘုရားသခင်၏ တည်ရှိမှုကို ပို၍ပင် ခိုင်မာစွာ ယုံကြည်နေကြပုံရကာ၊ သူ၏ချီးမြှောက်ခံရသည့် အခြေအနေကို ပို၍သတိပြုမိကြပြီး၊ သူ၏ကြီးကျယ်ခမ်းနားခြင်းနှင့် ထူးကဲသာလွန်ခြင်းတို့ကို ပို၍ပင် နက်နက်ရှိုင်းရှိုင်း ခံစားနေကြပုံရသည်။ ဘုရားသခင်၏နှုတ်ကပတ်တော်များကို အပေါ်ယံမျှသာ သိသည့်အသိတွင် စုံးစုံးမြုပ်နေ၍ ၎င်းတို့၏ ယုံကြည်မှုသည် ကြီးထွားလာသည့်ပုံ၊ ဆင်းရဲဒုက္ခကို ကြံ့ကြံ့ခံမည့် ၎င်းတို့၏ သန္နိဌာန်က အားကောင်းလာသည့်ပုံ ထင်ရသည့်အပြင် ဘုရားသခင်ကို ၎င်းတို့၏သိခြင်းက ပို၍နက်ရှိုင်းလာသည့်ပုံ ထင်ရပေလိမ့်မည်။ ၎င်းတို့လုံးဝ မသိသည်မှာ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ၎င်းတို့အမှန်တကယ် တွေ့ကြုံခံစားခြင်း မရှိသေးခင်အထိ ဘုရားသခင်နှင့် ပတ်သက်သည့် ၎င်းတို့၏ အသိပညာများနှင့် ထင်မြင်ချက်များအားလုံးသည် ၎င်းတို့ဖြစ်စေချင်သော စိတ်ကူးများနှင့် မှန်းဆချက်များမှ ထွက်ပေါ်လာခြင်းသာ ဖြစ်သည်။ ၎င်းတို့၏ ယုံကြည်မှုသည် ဘုရားသခင်ထံမှလာသည့် မည်သည့်စမ်းသပ်မှုမျိုးကိုမျှ ခံနိုင်မည် မဟုတ်ပေ၊ ၎င်းတို့၏ ဝိညာဉ်ရေးနှင့် ဝိညာဉ်ရင့်ကျက်မှုဟု ဆိုသောအရာတို့သည် ဘုရားသခင်၏ စမ်းသပ်မှုကိုဖြစ်စေ၊ စစ်ဆေးမှုကိုဖြစ်စေ အကယ်ပင် ခံနိုင်မည် မဟုတ်ချေ၊ ၎င်းတို့၏ သန္နိဌာန်သည် သဲပေါ်တွင်ဆောက်ထားသည့် ရဲတိုက်တစ်ခုမျှသာ ဖြစ်၏၊ ထို့ပြင် ဘုရားသခင်နှင့်ဆိုင်သည့် ၎င်းတို့၏ အသိပညာဟုဆိုသောအရာမှာလည်း ၎င်းတို့၏ စိတ်ကူးအထင်သက်သက်သာ ဖြစ်တော့သည်။ စင်စစ်အားဖြင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် ပတ်သက်ပြီး လုံ့လများစွာ စိုက်ထည့်ထားသည့် ဤလူများသည် စစ်မှန်သော ယုံကြည်မှု၊ စစ်မှန်သော နာခံခြင်း၊ စစ်မှန်သော အရေးစိုက်မှု၊ သို့မဟုတ် ဘုရားသခင်နှင့်ဆိုင်သည့် စစ်မှန်သော အသိပညာတို့သည် မည်သည့်အရာ ဖြစ်သည်ကို လုံးဝနားမလည်ကြဘိသည့်အလားပင် ဖြစ်ပေသည်။ ၎င်းတို့သည် အယူအဆ၊ စိတ်ကူးစိတ်သန်း၊ အသိပညာ၊ ဆုကျေးဇူး၊ ရိုးရာဓလေ့၊ အယူသီးကြီးခြင်းတို့အပြင် လူသားမျိုးနွယ်၏ ကိုယ်ကျင့်တရားဆိုင်ရာ စံနှုန်းများကိုပင် ယူကြကာ ထိုအရာတို့ကို ဘုရားသခင်အား ယုံကြည်ခြင်းနှင့် သူ့နောက်လိုက်ခြင်းတို့အတွက် “အရင်းအနှီး” နှင့် “လက်နက်အမျိုးမျိုး” အဖြစ် ပြုလုပ်ကြသည်သာမကဘဲ ဘုရားသခင်အား ၎င်းတို့ယုံကြည်ခြင်းနှင့် သူ့နောက် ၎င်းတို့လိုက်ခြင်းတို့အတွက် အခြေခံအုတ်မြစ်များအဖြစ်ပင် ပြုလုပ်ကြလေသည်။ တစ်ချိန်တည်းမှာပင် ၎င်းတို့သည် ဘုရားသခင်၏ စစ်ဆေးခြင်းများ၊ စမ်းသပ်ခြင်းများ၊ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့ကို ရင်ဆိုင်ခြင်းနှင့် ဖြေရှင်းခြင်းတို့အတွက် ဤအရင်းအနှီးနှင့် လက်နက်အမျိုးမျိုးတို့ကို ယူကာ ဘုရားသခင်ကို သိကျွမ်းဖို့ အသုံးပြုသည့် မှော်အဆောင်လက်ဖွဲ့များအဖြစ် ပြုလုပ်ကြသည်။ အဆုံး၌ ၎င်းတို့ရှာမှီးသည့်အရာတွင် ဘုရားသခင်အကြောင်း ကောက်ချက်များဖြစ်သည့် ဘာသာရေးဂယက်အနက်တွင်လည်းကောင်း၊ ခေတ်နောက်ကျနေသည့် အယူသီးမှုတွင်လည်းကောင်း၊ စိတ်ကူးယဉ်ဆန်ကာ သဘာဝမကျသကဲ့သို့ ပဟေဠိဆန်သောအရာအားလုံးထဲတွင်လည်းကောင်း စုံးစုံးမြုပ်နေသည့် ကောက်ချက်များသာ ပါဝင်နေသည်။ ဘုရားသခင်ကို ၎င်းတို့သိကျွမ်းပြီး အဓိပ္ပာယ်ဖွင့်သည့်ပုံမှာ အထက်ကောင်းကင်ဘုံကိုသာ ယုံကြည်သော၊ သို့မဟုတ် မိုးကောင်းကင်ရှိ အဘိုးအိုကိုသာ ယုံကြည်ကြသော လူများနှင့် တစ်ထေရာတည်းပင်ဖြစ်သည်၊ သို့သော်လည်း စစ်မှန်သော ဘုရားသခင် ကိုယ်တော်တိုင်နှင့် ဆက်နွှယ်လျက်ရှိသော အရာအားလုံးဖြစ်သည့် ဘုရားသခင်၏ စစ်မှန်မှု၊ သူ၏အနှစ်သာရ၊ သူ၏စိတ်သဘောထား၊ သူ၏အရာအားလုံးနှင့် ဖြစ်ခြင်းစသည်တို့မှာမူ ၎င်းတို့၏ အသိပညာက နားလည်နိုင်ခြင်းမရှိသည့် အရာများဖြစ်နေသည်၊ ထိုအရာများသည် ၎င်းတို့၏ အသိပညာနှင့် လုံးလုံးကင်းကွာပြီး၊ မြောက်ဝင်ရိုးစွန်းနှင့် တောင်ဝင်ရိုးစွန်းတမျှပင် ဝေးကွာလေသည်။ ဤနည်းအားဖြင့် ဤလူများသည် ဘုရားသခင့်နှုတ်ကပတ်တော်များ၏ ထောက်ပံ့မှုနှင့် အာဟာရဖြည့်ပေးခြင်းကို ခံယူလျက် အသက်ရှင်ကြသော်လည်း ၎င်းတို့သည် ဘုရားသခင်ကို ကြောက်ရွံ့ခြင်းနှင့် မကောင်းသောအကျင့်ကို ရှောင်ခြင်း လမ်းကြောင်းကို အမှန်တကယ် လျှောက်လှမ်းနိုင်ခြင်းမရှိကြပေ။ ဤသို့ဖြစ်ရခြင်း၏ အကြောင်းအရင်းမှန်မှာ ၎င်းတို့သည် ဘုရားသခင်နှင့် မည်သည့်အခါမျှ သိကျွမ်းခဲ့ဖူးခြင်းမရှိသကဲ့သို့၊ သူနှင့် စစ်မှန်သော ဆက်သွယ်မှု၊ သို့မဟုတ် စစ်မှန်သော ဆက်ဆံရေးလည်း မရှိသောကြောင့် ဖြစ်သည်၊ ထို့ကြောင့် ၎င်းတို့အနေဖြင့် ဘုရားသခင်နှင့် အပြန်အလှန် နားလည်သဘောပေါက်မှု ရရှိဖို့ မဖြစ်နိုင်သကဲ့သို့၊ ၎င်းတို့အတွင်း၌ ဘုရားသခင်ကို စစ်မှန်စွာ ယုံကြည်ခြင်း၊ ဘုရားသခင်နောက်ကို လိုက်ခြင်း၊ သို့မဟုတ် ဘုရားသခင်ကို ကိုးကွယ်ခြင်းတို့ နိုးကြားလာအောင် လုပ်ရန်လည်း မဖြစ်နိုင်ပေ။ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် ဘုရားသခင်ကို ဤနည်းဖြင့် သဘောထားကြသည်- ဤအမြင်ရှုထောင့်နှင့် သဘောထားတို့က ၎င်းတို့ကို ၎င်းတို့၏ အားထုတ်ကြိုးပမ်းမှုများမှ လက်ချည်းသက်သက်လှည့်ပြန်ရကိန်း ဆိုက်စေခဲ့ပြီး၊ ဘုရားသခင်ကို ကြောက်ရွံ့ခြင်းနှင့် မကောင်းသောအကျင့်ကို ရှောင်ခြင်း လမ်းကြောင်းကို ထာဝရလျှောက်လှမ်းနိုင်စွမ်း မရှိသည့်ကိန်း ဆိုက်စေသည်။ ၎င်းတို့ရည်မှန်းနေသည့် ပန်းတိုင်နှင့် ၎င်းတို့သွားနေသည့် ဦးတည်ချက်တို့က ၎င်းတို့သည် ထာဝရကာလတိုင် ဘုရားသခင်၏ရန်သူများ ဖြစ်လာမည် ဖြစ်ကြောင်းနှင့် ကယ်တင်ခြင်းကို ထာဝရကာလတိုင် လုံးဝရရှိနိုင်မည် မဟုတ်ကြောင်း ညွှန်ပြနေပေသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ ကျမ်းဦးစကား

အရှေ့သို့- ဘာသာရေး လောက၏ သင်းအုပ်ဆရာများနှင့် အကြီးအကဲများအားလုံးသည် အသင်းတော်များထဲတွင် ဘုရားသခင်ကို မစေခံကြ၏။ ၎င်းတို့သည် သခင်၏ ပြန်ကြွလာခြင်းကို စောင့်ဆိုင်းရာတွင် နိုးကြားပြီး အရေးစိုက်ကြသည်ဟု ထင်ရလေသည်။ သို့ဆိုလျှင် ၎င်းတို့သည် အဘယ်ကြောင့် အနန္တတန်ခိုးရှင် ဘုရားသခင်၏ နောက်ဆုံးသော ကာလအမှုတော်ကို ရှာဖွေဖို့ သို့မဟုတ် စုံစမ်းစစ်ဆေးဖို့ အားမထုတ်ကြသည်သာမက၊ ယင်းအစား ကောလာဟလများကို ဖြန့်၊ အကဲဖြတ်ဝေဖန်မှုများကို ပြုကြပြီး အနန္တတန်ခိုးရှင် ဘုရားသခင်အပေါ် ရှုတ်ချကြကာ၊ ယုံကြည်သူများကို လှည့်ဖြားဖို့နှင့် မှန်သော လမ်းခရီးကို ရှာဖွေခြင်းမှ ၎င်းတို့ကို တားဆီးဖို့ ကြိုးစားကြသနည်း။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။