မိမိ၏တာဝန်ကို ထမ်းဆောင်ခြင်းနှင့် အစေခံမှုကို ပေးအပ်ခြင်းတို့ကြား ကွဲပြားခြားနားချက်များမှာ အဘယ်နည်း
ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-
၎င်းတို့၏တာဝန်နှင့်သက်ဆိုင်သည့် လူ၏ ဆောင်ရွက်မှုသည် အမှန်အားဖြင့် လူသားအတွင်းရှိ ရှိရင်းစွဲ အရာအားလုံးနှင့်ဆိုင်သည့် ပြီးမြောက်အောင်မြင်ခြင်း ဖြစ်သည်၊ ဆိုလိုသည်မှာ လူသားအတွက် ဖြစ်နိုင်သည့် အရာဖြစ်သည်။ ထိုအခါ ယင်းမှာ ၎င်း၏တာဝန်ကို ဖြည့်ဆည်းခြင်း ဖြစ်ပေသည်။ သူ၏အစေခံမှုအတွင်း လူသား၏ အပြစ်အနာအဆာများသည် တိုးတက်သည့် အတွေ့ကြုံနှင့် တရားစီရင်ခြင်းအား သူ၏ကြုံရခြင်း ဖြစ်စဉ်မှတစ်ဆင့် တဖြည်းဖြည်း လျော့နည်းလာသည်။ ယင်းတို့သည် လူသား၏တာဝန်ကို မတားဆီးပေ သို့မဟုတ် မထိခိုက်ပေ။ အစေခံမှုကို ရပ်စဲသောသူ သို့မဟုတ် ၎င်းတို့၏ အစေခံမှုတွင် ချွက်ယွင်းချက်များ ရှိကောင်းရှိနိုင်သည်ဟု ကြောက်ရွံ့ခြင်းအတွက် အလျှော့ပေးကာ နောက်ပြန်ဆုတ်သူများသည် အားလုံးထဲတွင် သတ္တိ အနည်းဆုံးသောသူများ ဖြစ်သည်။ လူတို့သည် အစေခံမှုအတွင်းတွင် ၎င်းတို့ ဖော်ပြသင့်သည့်အရာကို မဖော်ပြနိုင်သကဲ့သို့ သို့မဟုတ် ၎င်းတို့အတွက် ပင်ကိုအားဖြင့် ဖြစ်နိုင်သည့်အရာကို စွမ်းဆောင် မရရှိနိုင်သကဲ့သို့၊ ယင်းအစား တည်ကြည်လေးနက်မှု မရှိဘဲ ဟန်ဆောင်လုပ်ပြပါက၊ ၎င်းတို့သည် ဖန်ဆင်းခံ တစ်ဦး ရှိသင့်သည့် အလုပ်တာဝန်ကို ဆုံးရှုံးကြပြီး ဖြစ်ပေသည်။ ထိုသို့သော လူတို့သည် “သာမညောင်ညများ” ဟု သိရသောအရာများ ဖြစ်သည်။ ၎င်းတို့သည် အသုံးမဝင်သော အမှိုက်သရိုက် ဖြစ်ကြသည်။ ထိုသို့သောလူတို့ကို ဖန်ဆင်းခံများဟု အဘယ်သို့ ကောင်းမွန်စွာ ခေါ်ဆို၍ ရနိုင်မည်နည်း။ ၎င်းတို့သည် အပြင်ပန်းတွင် တောက်ပြောင်သော်လည်း၊ အတွင်း၌ ပုပ်သိုးသော ဖောက်ပြန်ပျက်စီးသည့် သတ္တဝါများ ဖြစ်သည် မဟုတ်လော။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လူ့ဇာတိခံ ဘုရားသခင်၏အမှုတော်နှင့် လူ၏တာဝန်ကြား ကွဲပြားခြားနားမှု
အစေခံခြင်းနှင့် မိမိတာဝန်ကို ထမ်းဆောင်ခြင်းအကြား ခြားနားချက်မှာ အဘယ်နည်း။ အစေခံမှုပြုခြင်း ဆိုသည်မှာ အနည်းဆုံးအနေဖြင့် သင်လုပ်ဆောင်သည့်အရာသည် ဘုရားသခင်၏ စိတ်သဘောထားကို ပုန်ကန်ပြစ်မှားခြင်းမရှိမှသာ၊ သင်သည် သင်လုပ်ဆောင်ချင်သည့် မည်သည့်အရာကိုမဆို လုပ်ဆောင်သည်ဟု ဆိုလိုသည်။ မည်သူကမျှ သင်၏လုပ်ရပ်များကို မစုံစမ်းသရွေ့၊ ပြီးလျှင် သင်လုပ်ဆောင်သည့်အရာသည် အသင့်အတင့်ဖြစ်သရွေ့၊ ယင်းသည် လုံလုံလောက်လောက် ကောင်းပေ၏။ သင်သည် ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုများနှင့် အစီအစဉ်များကို မည်သို့ကျိုးနွံနာခံရမည်၊ သို့မဟုတ် သင်၏တာဝန်ကို မည်သို့ကောင်းမွန်စွာ လုပ်ဆောင်ပြီး ဘုရားသခင်ထံ ယင်းကို မည်သို့ပြန်ပြောရမည်တို့ကို စိတ်ဝင်စားဖို့ မဆိုထားနှင့်၊ စိတ်သဘောထား၏ ပြောင်းလဲခြင်းများ၊ သမ္မာတရား အခြေခံမူများနှင့်အညီ အမှုအရာများ လုပ်ဆောင်ခြင်း၊ ဘုရားသခင်၏ အလိုကို ဖြည့်ဆည်းခြင်းတို့အား စိတ်မဝင်စားချေ။ သင်သည် ဤအရာများထဲမှ မည်သည့်အရာကိုမျှ ဂရုမထားသကဲ့သို့၊ ဤသည်မှာ အစေခံမှုပြုခြင်းဟု ခေါ်သည့်အရာ ဖြစ်သည်။ အစေခံမှုပြုခြင်းသည် မိမိ၏အစွမ်းရှိသမျှဖြင့် အားထုတ်ကြိုးပမ်းခြင်းဖြစ်ပြီး ကျွန်တစ်ဦးအလား မနက်မှ ညအထိ အလုပ်လုပ်ခြင်း ဖြစ်သည်။ ထိုသို့သော လူတစ်ဦးကို သင်က၊ “ဤခါးသီးသော နှစ်များအားလုံး၌ သင့်ကိုယ်သင် မြှပ်နှံထားခဲ့သည့် အလုပ်ကြိုးစားမှုအားလုံးသည် မည်သည့်အတွက် ဖြစ်လေပြီနည်း” ဟု မေးလျှင် ၎င်းတို့က၊ “အကြောင်းရင်းမှာ ကောင်းချီးမင်္ဂလာများကို ကျွန်ုပ်ရရှိနိုင်ဖို့အလို့ငှာဖြစ်သည်” ဟု ပြန်ဖြေလိမ့်မည်။ ဘုရားသခင်ကို ယုံကြည်လာခဲ့သည့် ဤနှစ်များအားလုံး၏ အကျိုးဆက်အနေဖြင့် ၎င်းတို့၏ စိတ်သဘောထား၌ အချို့သော ပြောင်းလဲမှုများ ရှိပြီးခြင်း ရှိမရှိ၊ ဘုရားသခင်၏ တည်ရှိခြင်းနှင့်သက်ဆိုင်၍ ၎င်းတို့သေချာလာကြခြင်း ရှိမရှိ၊ ဖန်ဆင်းရှင်၏ စီစဉ်ညွှန်ကြားမှုများနှင့် အစီအစဉ်များနှင့်သက်ဆိုင်သည့် စစ်မှန်သော သိနားလည်မှု၊ သို့မဟုတ် အတွေ့အကြုံ အတိုင်းအတာအချို့ ရှိမရှိဆိုသည်တို့ကို ၎င်းတို့အား သင်မေးပါက၊ ဤအရာအားလုံးအဖို့ အဖြေသည် ပြတ်သားတိကျသော “မရှိပါ” ဟူ၍ဖြစ်လိမ့်မည်ဖြစ်ပြီး၊ ဤအရာများနှင့်သက်ဆိုင်သည့် မည်သည့်အရာကိုမျှ ၎င်းတို့ပြောနိုင်ကြလိမ့်မည် မဟုတ်။ စိတ်သဘောထားထဲရှိ အပြောင်းအလဲများနှင့်ဆက်နွှယ်သည့် အညွှန်းတိုင်းတွင် မည်သည့်မွမ်းမံမှု၊ သို့မဟုတ် မည်သည့်တိုးတက်မှုမျှ မရှိသေးသည့်အခါ၊ ထိုသို့သော လူတစ်ဦးသည် စဉ်ဆက်မပြတ် အစေခံနေခြင်းသာ ဖြစ်၏။ လူတစ်ဦးအနေဖြင့် နှစ်ပေါင်းများစွာ အစေခံပြီး သတိမထားမိလိုက်ပါဘဲနှင့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခုကို ၎င်းတို့ပိုင်ဆိုင်ကြောင်း၊ ဘုရားသခင်ကို ၎င်းတို့ မကြာခဏ ပုန်ကန်ကြောင်း၊ စောဒကတက်မှုများကို ၎င်းတို့ မကြာခဏ မြွက်ဆိုကြောင်း၊ ဘုရားသခင်ကို မကြာခဏ ၎င်းတို့နာခံနိုင်ခြင်းမရှိကြောင်း၊ ၎င်းတို့သည် အလွန်အမင်း ဖောက်ပြန်ပျက်စီးနေကြောင်း၊ ဘုရားသခင်က သူ့ကို ကျိုးနွံနာခံရန် ၎င်းတို့အား မည်သို့ပြောဆိုသည်ဖြစ်စေ ၎င်းတို့အနေဖြင့် ထိုသို့မလုပ်ဆောင်နိုင်ကြောင်းတို့ကို နားလည်လာသည် ဆိုပါစို့။ ၎င်းတို့သည် မိမိတို့ကိုယ်ကို ချုပ်တည်းဖို့ ကြိုးပမ်းကြသော်လည်း၊ ဤအရာက အလုပ်မဖြစ်သကဲ့သို့၊ မိမိတို့ကိုယ်ကို ကျိန်ဆဲခြင်း၊ သို့မဟုတ် ကျမ်းသစ္စာများ ကျိန်ဆိုခြင်းသည်လည်း အလုပ်မဖြစ်ပေ။ အဆုံးတွင်၊ ၎င်းတို့ရှာဖွေတွေ့ရှိကြသည်- “လူသားသည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခုကို အမှန်တကယ် ပိုင်ဆိုင်ပြီး ယင်းကြောင့်ပင် သူသည် ဘုရားသခင်ကို ပုန်ကန်နိုင်ရခြင်း ဖြစ်သည်။ တစ်စုံတစ်ရာ ဖြစ်ပျက်သည့်အခါတိုင်း လူတို့၌ ၎င်းတို့၏ ကိုယ်ပိုင်စိတ်ဆန္ဒများ အမြဲရှိကြပြီး ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုများနှင့် အစီအစဉ်များကို အမြဲသုတေသနနေကြ၏။ ၎င်းတို့သည် အားထုတ်ကြိုးပမ်းကြရန် လိုလားနေကြသော်လည်း၊ တစ်စုံတစ်ရာက ၎င်းတို့၏စိတ်သဘောထားအပြင် ၎င်းတို့၏ ရိုင်းစိုင်းသော ရည်မှန်းချက်များနှင့် စိတ်ဆန္ဒများ၊ ရည်ရွယ်ချက်များနှင့် ဆန္ဒများကို ငြိစွန်းသည့်အခိုက်တွင်၊ ၎င်းတို့သည် ယင်းတို့ကို မစွန့်လွှတ်နိုင်၊ သို့မဟုတ် လက်မလွှတ်နိုင်ပေ။ ၎င်းတို့သည် အမှုအရာများကို မိမိတို့စိတ်ကျေနပ်သည့် နည်းလမ်းဖြင့် အမြဲလုပ်ဆောင်ချင်ကြသည်။ ဤသည်မှာ ကျွန်ုပ်ဖြစ်သည်၊ ကျွန်ုပ်သည် အမှန်တကယ် အုပ်ထိန်းရခက်သောလူတစ်ဦး ဖြစ်သည်။ မည်သည့်အရာကို လုပ်ဆောင်နိုင်သနည်း။” ဤအရာများကို ၎င်းတို့ စတင်တွေးဆကြပြီးဖြစ်ပါက၊ လူသားနည်းလမ်းများနှင့်သက်ဆိုင်သည့် သေးငယ်သော သိနားလည်မှုအချို့ ၎င်းတို့၌ ရှိနှင့်ပြီဖြစ်သည်။ တစ်ခါတစ်ရံတွင် အစေခံမှုပြုခြင်း၌ ပါဝင်သော လူတို့သည် တကယ့်အလုပ်ကို တာဝန်ယူနိုင်ပါက၊ စိတ်သဘောထား ပြောင်းလဲခြင်းများအပေါ် ၎င်းတို့၏စိတ်ကို အာရုံစိုက်နိုင်ပါက၊ စင်စစ်အားဖြင့် ၎င်းတို့သည်လည်း ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခုကို ပိုင်ဆိုင်ကြောင်း၊ ၎င်းတို့သည်လည်း မာနထောင်လွှားပြီး ဘုရားသခင်ကို ကျိုးနွံနာခံနိုင်ခြင်းမရှိသကဲ့သို့ ဤနည်းအတိုင်း ဆက်သွားဖို့မှာ အလုပ်ဖြစ်လိမ့်မည် မဟုတ်ကြောင်းတို့ကို သိနားလည်မှု ရရှိကြပါက၊ ဤအရာများကို ၎င်းတို့တွေးနိုင်သည့်အချိန် ရောက်လာပါက၊ ၎င်းတို့သည် မိမိတို့ကိုယ်ကို စတင်ပြောင်းလဲကြပြီးဖြစ်လိမ့်မည်ဖြစ်ပြီး၊ ၎င်းတို့၏ စိတ်သဘောထား ပြောင်းလဲကာ ၎င်းတို့ ကယ်တင်ခြင်း ရကောင်းရနိုင်မည့် မျှော်လင့်ချက် ရှိပေသည်။ ၎င်းတို့လက်ထဲရှိ အလုပ်ကို ပြီးစီးခြင်းသည် ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်ကို ပြည့်စုံစေဖို့ လိုအပ်သမျှအားလုံးဖြစ်ပြီး၊ ၎င်းတို့အနေဖြင့် အားထုတ်ကြိုးပမ်းပြီးသည်နှင့်တစ်ပြိုင်နက်၊ ၎င်းတို့သည် မိမိတို့၏ တာဝန်ကို မှန်ကန်စွာ ထမ်းဆောင်ပြီးဖြစ်လိမ့်မည်ဟု တွေးထင်ရင်း၊ ဘုရားသခင်၏ သတ်မှတ်ချက်များက မည်သည့်အရာတို့ဖြစ်ကြောင်း၊ သမ္မာတရားက မည်သည့်အရာဖြစ်ကြောင်း၊ သို့မဟုတ် ၎င်းတို့အား ဘုရားသခင်ကို နာခံသောသူ တစ်စုံတစ်ဦးအဖြစ် မှတ်ယူနိုင်ခြင်း ရှိမရှိတို့ကို မည်သည့်အခါတွင်မျှ စဉ်းစားခြင်းမရှိဘဲ၊ တစ်စုံတစ်ဦးက ဤအရာများကို မည်သည့်အခါတွင်မျှ မတွေးသကဲ့သို့၊ ၎င်းတို့သိသမျှအားလုံးမှာ မည်သို့အလုပ်လုပ်ရမည်ဆိုသည့်အရာသာ ဖြစ်သည်ဆိုပါစို့- ၎င်းတို့သည် ဤအရာများကို မည်သည့်အခါတွင်မျှ မတွေးဆကြပေ။ ထိုသို့သော နည်းလမ်းဖြင့် ၎င်းတို့၏ တာဝန်ကို ချည်းကပ်သော တစ်စုံတစ်ဦးသည် ကယ်တင်ခြင်း ရရှိနိုင်သလော။ အဖြေမှာ မရနိုင်ပေ။ ၎င်းတို့သည် ကယ်တင်ခြင်းကို ရရှိခြင်း လမ်းကြောင်းပေါ်၊ သို့မဟုတ် ဘုရားသခင်၌ ယုံကြည်မှု လမ်းကြောင်းမှန်ပေါ် ခြေမချကြသေးသကဲ့သို့၊ ဘုရားသခင်နှင့် ပုံမှန် ဆက်ဆံရေးကို မတည်ဆောက်ကြသေးချေ။ သို့သော် ၎င်းတို့သည် အားထုတ်ကြိုးပမ်းကြဆဲဖြစ်ပြီး ဘုရားသခင်၏ အိမ်တော်၌ အစေခံမှုပြုခြင်းတွင် ပါဝင်ကြဆဲ ဖြစ်သည်။ ဤလူစားမျိုးသည် ဘုရားသခင်၏ အိမ်တော်တွင် အစေခံမှု လုပ်ဆောင်ပြီး ဘုရားသခင်က ၎င်းတို့ကို စောင့်ရှောက်ကာ ကွယ်ကာသော်လည်း ၎င်းတို့ကို ကယ်တင်ဖို့ သူမစီစဉ်သကဲ့သို့ ၎င်းတို့ကို ကိုင်တွယ်ဖြေရှင်းခြင်းလည်း မရှိ၊ ၎င်းတို့ကို ပြုပြင်ခြင်းလည်း မရှိသည့်အပြင် တရားစီရင်ကာ ပြစ်တင်ဆုံးမခြင်းလည်း မရှိသကဲ့သို့၊ စမ်းသပ်မှုများ၊ သို့မဟုတ် စစ်ဆေးမှုများကိုလည်း မခံစေပေ။ သူသည် ၎င်းတို့အား ဤတစ်သက်တာတွင် ကောင်းချီးမင်္ဂလာ အတိုင်းအတာအချို့ကို ရရှိခွင့်သာပေးပြီး နောက်ထပ်ဘာမျှ မလုပ်ပေးပေ။ ဤလူတို့သည် ဤအရာများပေါ် သုံးသပ်ဆင်ခြင်ဖို့ သိရှိပြီး ၎င်းတို့ကြားနာသည့် တရားဒေသနာများကို နားလည်ကြသည့် အချိန်တစ်ချိန် ရောက်လာပါက၊ ၎င်းတို့က၊ “ဘုရားသခင်ကို ယုံကြည်ခြင်းဆိုသည်မှာ ဤအရာပင် ဖြစ်တော့သည်ကိုး။ သို့ဖြစ်လျှင်၊ ကယ်တင်ခြင်း ရရှိဖို့ ကျွန်ုပ်ကြိုးစားရမည်။ ကျွန်ုပ်မကြိုးစားဘဲ ထိုအစား အစေခံမှု ပေးခြင်းကို မကျေမနပ်နှင့် လက်ခံပါက၊ ယင်းသည် ဘုရားသခင်ကို ယုံကြည်မှုနင့် မည်သည့်ပတ်သက်မှုမျှ ရှိလိမ့်မည်မဟုတ်ပါ” ဟု နားလည်ကြလိမ့်မည်။ ထို့နောက် ၎င်းတို့က၊ “ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား၏ မည်သည့်သွင်ပြင်လက္ခဏာများကို ငါပိုင်ဆိုင်သနည်း။ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားဟူသည့် ဤအရာမှာ မည်သည့်အရာအတိအကျနည်း။ မည်သည့်အရာဖြစ်ပါစေ၊ ပထမဦးဆုံး ဘုရားသခင်ကို ငါကျိုးနွံနာခံရမည်” ဟု တွေးဆကြသည်။ ဤအရာများသည် သမ္မာတရားနှင့် စိတ်သဘောထား ပြောင်းလဲမှုတို့နှင့် ဆက်နွှယ်ပြီး ၎င်းတို့အတွက် မျှော်လင့်ချက်ရှိ၏။
နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ“သမ္မာတရား၏အခြေခံသဘောတရားများကို ရှာဖွေခြင်းဖြင့်သာမိမိ၏တာဝန်ကို ကောင်းစွာ ထမ်းဆောင်နိုင်သည်” မှ
သင်မည်သည့်တာဝန်ကို ထမ်းဆောင်သည်ဖြစ်ပါစေ၊ သင်၏တာဝန်နှင့်ပတ်သက်၍ ဘုရားသခင်၏အလိုတော်နှင့် ကိုယ်တော်၏ သတ်မှတ်ချက်များကို နားလည်သဘောပေါက်ရန် အစဉ်ကြိုးစားရမည်၊ သို့မှသာ အမှုကိစ္စများကို ကိုယ်ကျင့်တရားနှင့်အညီ ကိုင်တွယ်ဖြေရှင်းနိုင်မည် ဖြစ်သည်။ သင်၏တာဝန်ကို ထမ်းဆောင်ရာတွင် သင်ပြုလိုသည်အတိုင်း ပြုခြင်း၊ သင် လုပ်၍ပျော်သည့်အရာနှင့် လုပ်ဆောင်ရန် သက်သောင့်သက်သာရှိသော အရာမှန်သမျှ၊ သို့မဟုတ် သင့်ကို အကောင်းမြင်စေမည့် အရာမှန်သမျှကိုသာ လုပ်ဆောင်ခြင်းဖြင့် သင်၏ ကိုယ်ပိုင်နှစ်သက်မှုများအရ လုံး၀ မပြုနိုင်ပေ။ အကယ်၍ သင်သည် သင်၏ကိုယ်ပိုင်နှစ်သက်မှုများကို ဘုရားသခင်အပေါ် အတင်းအကျပ် သတ်မှတ်ခြင်း သို့မဟုတ် ၎င်းတို့အား သမ္မာတရားကဲ့သို့ လက်တွေ့လုပ်ဆောင်ပါက၊ ၎င်းတို့မှာ သမ္မာတရား အခြေခံသဘောတရားများဖြစ်သည့်အလား ၎င်းတို့အား လိုက်နာပါက၊ ၎င်းမှာ သင်၏တာဝန်ကို ကျေပွန်အောင် ထမ်းဆောင်နေခြင်း မဟုတ်၊ ထို့အပြင် သင်၏တာဝန်ကို ဤကဲ့သို့ ထမ်းဆောင်နေခြင်းကို ဘုရားသခင်မှ အမှတ်ရမည် မဟုတ်ပေ။ လူအချို့တို့သည် သမ္မာတရားကို နားမလည်ကြသကဲ့သို့၊ ၎င်းတို့၏ တာဝန်များကို ကောင်းစွာ ဖြည့်ဆည်းခြင်းမှာ မည်သည့်အရာကို ဆိုလိုသည်ကို သူတို့ မသိကြ။ ၎င်းတို့၏ စိတ်နှလုံးနှင့် အားထုတ်မှုတို့ကို ယင်းတွင် ထားရှိပြီးဖြစ်ကာ၊ မိမိတို့၏ ဇာတိပကတိကို စွန့်လွှတ်ပြီး ဆင်းရဲဒုက္ခခံစားပြီး ဖြစ်သည့်အတွက်၊ ၎င်းတို့၏ တာဝန်များကို ဖြည့်ဆည်းခြင်းသည် စံချိန်မီသင့်သည်ဟု ၎င်းတို့ ခံစားကြသည်- သို့ဆိုလျှင်၊ ဘုရားသခင်သည် အဘယ်ကြောင့် အစဉ်အမြဲ စိတ်မကျေမနပ်ဖြစ်နေသနည်း။ ဤလူတို့သည် မည်သည့်နေရာတွင် မှားယွင်းခဲ့ကြပြီနည်း။ ၎င်းတို့၏ အမှားမှာ ဘုရားသခင်၏ သတ်မှတ်ချက်များကို ရှာဖွေရန် မကြိုးစားဘဲ၊ ယင်းအစား မိမိတို့၏ ကိုယ်ပိုင် စိတ်ကူးအတိုင်း ပြုမူကြခြင်း ဖြစ်သည်၊ ၎င်းတို့၏ ကိုယ်ပိုင် စိတ်ဆန္ဒများ၊ နှစ်သက်မှုများနှင့် တစ်ကိုယ်ကောင်းဆန်သော ရည်ရွယ်ချက်များကို သမ္မာတရားအဖြစ် ၎င်းတို့ သဘောထားကြသည်။ ပြီးလျှင် သူတို့သည် ထိုအရာများကို ဘုရားသခင် နှစ်သက်သည့် အရာဖြစ်သကဲ့သို့၊ သူ၏ စံနှုန်းများနှင့် သတ်မှတ်ချက်များ ဖြစ်သည့်အလား သဘောထားကြသည်။ သူတို့သည် မှန်ကန်၊ ကောင်းမြတ်ပြီး လှပသည်ဟု သူတို့ ယုံကြည်သည့်အရာများကို သမ္မာတရားအဖြစ် မြင်ကြလေသည်။ ဤသည်မှာ မှားယွင်း၏။ အမှန်တွင်၊ လူတို့သည် တစ်စုံတစ်ရာ မှန်ကန်သည်၊ ပြီးလျှင် ယင်းသည် သမ္မာတရားနှင့် ကိုက်ညီသည်ဟု တစ်ခါတစ်ရံ ထင်ကောင်းထင်ကြမည် ဖြစ်သော်လည်း၊ ယင်းသည် ဘုရားသခင်၏ အလိုတော်နှင့် ကိုက်ညီသည်ဟု သေချာပေါက် မဆိုလိုပေ။ တစ်စုံတစ်ရာ မှန်ကန်သည်ဟု လူတို့ တွေးထင်လေလေ၊ ၎င်းတို့အနေဖြင့် သတိရှိသင့်လေလေဖြစ်ပြီး၊ ၎င်းတို့ စဉ်းစားနေသည့်အရာသည် ဘုရားသခင်၏ သတ်မှတ်ချက်များနှင့် ပြည့်မီခြင်းရှိမရှိ သိဖို့ရန် သမ္မာတရားကို ရှာဖွေသင့်လေလေ ဖြစ်သည်။ ယင်းသည် သူ၏ သတ်မှတ်ချက်များနှင့် ဆန့်ကျင်ပြီး သူ၏ နှုတ်ကပတ်တော်များနှင့် ဆန့်ကျင်လျက်ရှိပါက၊ ထိုအရာမှန်ကန်သည်ဟု သင် တွေးထင်သည်လျှင်ပင်၊ ယင်းက လက်ခံနိုင်ဖွယ် မရှိပေ၊ ယင်းသည် လူသားအတွေးသာ ဖြစ်ပြီး၊ သင် မှန်ကန်သည်ဟု မည်သို့ တွေးထင်ပါစေ သမ္မာတရားနှင့် သေချာပေါက် ကိုက်ညီလိမ့်မည်မဟုတ်ပေ။ အမှန်၊ အမှားတို့နှင့်ဆိုင်သော သင်၏ စိတ်ပိုင်းဖြတ်ခြင်းသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များပေါ်တွင် လုံးဝဥဿုံ အခြေခံရမည်ဖြစ်ပြီး၊ တစ်စုံတစ်ရာကို သင် မှန်ကန်သည်ဟု မည်မျှ တွေးထင်ပါစေ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များထဲတွင် ယင်းအတွက် အခြေပြုချက် မရှိပါက၊ ယင်းကို သင် စွန့်ပစ်ရမည်။ တာဝန်ကား အဘယ်နည်း။ ယင်းမှာ လူတို့ကို ဘုရားသခင် အပ်နှံထားသည့် တာဝန်ပေးစေခိုင်းချက်တစ်ခု ဖြစ်သည်။ ဤသို့ဆိုလျှင် သင်၏တာဝန်ကို သင် အဘယ်သို့ ဖြည့်ဆည်းသင့်သနည်း။ လူသား၏ ဓမ္မဓိဋ္ဌာန်မကျသော စိတ်ဆန္ဒများအပေါ် အခြေခံသည်ထက် ဘုရားသခင်၏ သတ်မှတ်ချက်များနှင့် စံနှုန်းများနှင့်အညီ ပြုမူခြင်းနှင့် သမ္မာတရား အခြေခံသဘောတရားများပေါ် သင်၏ အပြုအမူကို အခြေခံခြင်းအားဖြင့် ဖြစ်သည်။ ဤနည်းအားဖြင့် သင်၏ တာဝန်များကို ဖြည့်ဆည်းခြင်းမှာ စံချိန်မီလိမ့်မည်ဖြစ်သည်။
နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ“သမ္မာတရား၏အခြေခံသဘောတရားများကို ရှာဖွေခြင်းဖြင့်သာမိမိ၏တာဝန်ကို ကောင်းစွာ ထမ်းဆောင်နိုင်သည်” မှ
လူတို့သည် မည်သည့်ပါရမီများ၊ ဆုကျေးဇူးများ၊ သို့မဟုတ် အစွမ်းအစများကို ပိုင်ဆိုင်ပါစေ၊ ၎င်းတို့သည် အမှုအရာများကို တကယ်လုပ်ဆောင်ကာ၊ ၎င်းတို့၏တာဝန်ကို ထမ်းဆောင်ရာ၌ ၎င်းတို့၏ခွန်အားကိုသာ အသုံးပြုကြပါက၊ မည်သည့်အရာကို ၎င်းတို့ပြုပါစေ၊ ၎င်းတို့သည် ၎င်းတို့၏စိတ်ကူးများ၊ အယူအဆများ၊ သို့မဟုတ် အလိုအလျောက် တုံ့ပြန်မှုများအပေါ် အမှီပြုကြပါက၊ ၎င်းတို့သည် မိမိတို့၏ အစွမ်းအစများကို လွယ်လွယ်ရှေ့ထားပြီး၊ ဘုရားသခင်၏အလိုတော်ကို မည်သည့်အခါမျှ ရှာဖွေခြင်းမရှိသည့်အပြင်၊ ၎င်းတို့၏စိတ်နှလုံးများထဲ၌ အမြင်သဘောထား သို့မဟုတ် လိုအပ်ချက်များ မရှိကြဘဲ၊ “ငါသည် သမ္မာတရားကို လက်တွေ့ကျင့်သုံးရမည်၊ ငါ့တာဝန်ကို ငါ ဆောင်ရွက်နေသည်”ဟု ဆိုကြပါက၊ ၎င်းတို့၏အတွေးများက အလုပ်ကို ကောင်းစွာလုပ်ဆောင်ခြင်းနှင့်၎င်းတို့၏ အလုပ်များ ပြီးစီးစေခြင်းတို့ဖြင့်သာ အစပြုပါက၊ ၎င်းတို့သည် ၎င်းတို့၏ဆုကျေးဇူးများ၊ ပါရမီများ၊ စွမ်းရည်များနှင့် တတ်ကျွမ်းမှုများအားဖြင့် လုံးလုံးလျားလျား အသက်ရှင်သော လူများ ဖြစ်ကြပါသလော။ ဤကဲ့သို့သော လူများစွာ ရှိပါသလော။ ယုံကြည်ခြင်းတွင် ၎င်းတို့သည် မိမိတို့ကိုယ်ကိုယ် အားထုတ်ကြိုးပမ်းရန် ၎င်းတို့၏ကိုယ်ပိုင်လုပ်အားကို ရောင်းစားရန်နှင့် ၎င်းတို့၏အစွမ်းအစများကို ရောင်စားရန်သာ စဉ်းစားကြသည်။ အထူးသဖြင့် ဘုရားသခင်၏အိမ်တော်က ၎င်းတို့ လုပ်ဆောင်ရန် အထွေထွေအလုပ်များကို ပေးသောအခါ လူအများစုသည် ဤအမြင်ဖြင့် အမှုအရာများကို ချဉ်းကပ်ကြ၏။ ၎င်းတို့ပြုသမျှမှာ ၎င်းတို့ကိုယ်ကို အားထုတ်ကြိုးပမ်းခြင်း ဖြစ်၏။ တစ်ခါတစ်ရံတွင် ၎င်းတို့၏ပါးစပ်ကို အသုံးပြုခြင်း၊ တစ်ခါတစ်ရံ ၎င်းတို့၏လက်များနှင့် ကာယခွန်အားကို အသုံးပြုခြင်း၊ တစ်ခါတစ်ရံ ဟိုဒီ ပြေးလွှားခြင်းကို ဆိုလိုသည်။ ထိုအရာများအားဖြင့် အသက်ရှင်ခြင်းမှာ လူတစ်ဦး၏ခွန်အားကို အသုံးပြုခြင်းဖြစ်ပြီး၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း မဟုတ်ဟု အဘယ်ကြောင့် ဆိုထားသနည်း။ တစ်စုံတစ်ဦးသည် ဘုရားသခင်၏အိမ်တော်က အလုပ်တစ်ခုကို ပေးအပ်ခံရပြီး၊ ယင်းကို ရရှိခြင်းနှင့် ပတ်သက်၍ ၎င်းတို့သည် အသင်းတော်ခေါင်းဆောင်များကို ပြောပြနိုင်ပြီး ၎င်းတို့၏ချီးကျူးခြင်းကို ခံနိုင်ရန်အတွက် ဤအလုပ်ကို အမြန်ဆုံးမည်ကဲ့သို့ လုပ်ဆောင်ပြီးစီးရန်အကြောင်းကိုသာ စဉ်းစားကြ၏။ ၎င်းတို့၌ တစ်ဆင့်ပြီးတစ်ဆင့် အစီအစဉ်တစ်ခု စိတ်ကူးရကောင်းရနိုင်သည်။ ၎င်းတို့သည် အလွန်အလေးအနက်ထားပုံ ရသော်လည်း ၎င်းတို့သည် အလုပ်ကို ပုံပန်းအတွက် လုပ်ဆောင်ခြင်းထက်ပို၍ မည်သည့်အရာကိုမျှ အာရုံမထားကြပေ၊ သို့မဟုတ် ၎င်းတို့ လုပ်ဆောင်နေသည့်အခါ ၎င်းတို့သည် ပျော်ရွှင်ခြင်းနှင့် ရောင့်ရဲခြင်းကို ခံစားကြရပြီး ၎င်းတို့ကြိုးပမ်းသော စုံလင်ခြင်းအဆင့်သို့ ရောက်ရှိကြရန် ၎င်းတို့အတွက် လုပ်ဆောင်ပုံနှင့်ပတ်သက်၍ ကိုယ်ပိုင်စံနှုန်းကို သတ်မှတ်ကြ၏။ ၎င်းတို့သည် မည်သည့် စံနှုန်းကိုသတ်မှတ်ကြပါစေ၊ သမ္မာတရားနှင့်ဆက် နွှယ်မှုမရှိပါက၊ အရေးယူလုပ်ဆောင်ခြင်း မပြုမီ သမ္မာတရားကို ရှာဖွေခြင်း သို့မဟုတ် ၎င်းတို့ကို ဘုရားသခင်စေခိုင်းသော အရာတို့ကို နားလည်ပြီး အတည်ပြုခြင်း မရှိသော်လည်း၊ ဆန့်ကျင်ဘက်အနေဖြင့် ၎င်းတို့သည် မမြင်မစမ်း စိတ်ရှုပ်ထွေး၍ ဆင်ကန်းတောတိုး ပြုမူလုပ်ဆောင်ပါက ဤသည်မှာ ၎င်းတို့ကိုယ်ကို အားထုတ်ကြိုးပမ်းခြင်းသာ ဖြစ်၏။ ၎င်းတို့သည် ၎င်းတို့၏အလိုဆန္ဒများ၊ ၎င်းတို့၏ဦးနှောက် သို့မဟုတ် ဆုကျေးဇူးများ၊ သို့မဟုတ် ၎င်းတို့၏စွမ်းရည်များနှင့် တတ်ကျွမ်းမှုများအလျောက် ပြုမူလုပ်ဆောင်နေကြခြင်းဖြစ်၏။ ထို့ကြောင့် ဤနည်းဖြင့် ၎င်းတို့အလုပ်လုပ်ဆောင်ခြင်း၏ အကျိုးဆက်မှာ အဘယ်နည်း။ အလုပ်သည် ပြီးမြောက်ကောင်း ပြီးမြောက်နိုင်ခဲ့သည်၊ မည်သူမျှ အမှားအယွင်း တစ်စုံတစ်ခုကိုမျှ သိခြင်းမရှိဘဲ၊ သင်သည် ၎င်းနှင့်ပတ်သက်၍ အလွန်ပျော်ရွှင်ကောင်း ပျော်ရွှင်နေနိုင်သည်။ သို့သော်လည်း ၎င်းကို လုပ်ဆောင်နေစဉ် နံပါတ်တစ်- သင်သည် ဘုရားသခင်၏ရည်ရွယ်ချက်ကို နားမလည်ခဲ့ပေ၊ ထို့အပြင် နံပါတ်နှစ်- သင်သည် ၎င်းကို သင်၏စိတ်နှလုံးအကြွင်းမဲ့နှင့် ခွန်အားရှိသမျှဖြင့် လုပ်ဆောင်ခဲ့ခြင်းမရှိပေ၊ သင်စိတ်ပါလက်ပါလုပ်ဆောင်ခဲ့ခြင်းမရှိပေ။ အကယ်၍ သင်သည် သမ္မာတရား၏နိယာမများကို ရှာာဖွေခဲ့ပြီးဖြစ်ပါက၊ အကယ်၍ သင်သည် ဘုရားသခင်၏အလိုတော်ကို ရှာဖွေခဲ့ပြီးဖြစ်ပါက၊ သင်သည် အလုပ်ကို ပြီးမြောက်အောင် လုပ်ဆောင်ရာတွင် ၉၀ ရာခိုင်နှုန်း ထိရောက်မှု ရှိခဲ့မည် ဖြစ်ပြီး၊ သင်သည် သမ္မာတရား၏ စစ်မှန်မှုထဲသို့လည်း ဝင်ရောက်နိုင်ခဲ့ပြီး သင် လုပ်ဆောင်နေသောအရာမှာ ဘုရားသခင်၏ အလိုတော်နှင့်ညီကြောင်း သင် မှန်ကန်စွာ နားလည်ခဲ့ပြီးဖြစ်လိမ့်မည်။ သို့ရာတွင် အကယ်၍ သင်သည် သတိလက်လွတ်နှင့် ဖြစ်ကတတ်ဆန်း ဖြစ်ခဲ့ပါက၊ အလုပ်ပြီးမြောက်ကောင်း ပြီးမြောက်ခဲ့နိုင်သော်လည်း သင်၏စိတ်နှလုံးထဲ၌ ၎င်းကို သင် မည်မျှကောင်းစွာ လုပ်ဆောင်ခဲ့ကြောင်းနှင့်ပတ်သက်၍ ရှင်းလင်းလိမ့်မည် မဟုတ်ပေ။ သင်၌ စံအမှတ် ရှိလိမ့်မည်မဟုတ်ပေ၊ ၎င်းမှာ ဘုရားသခင်၏အလိုတော်နှင့် ညီမညီ သိလိမ့်မည်မဟုတ်ပေ၊ သို့မဟုတ် သမ္မာတရားနှင့် ညီမညီ သိလိမ့်မည်မဟုတ်ပေ။ ထို့ကြောင့် ဤအခြေအနေမျိုးတွင် တာဝန်များကို လုပ်ဆောင်သောအခါတိုင်း၊ သင့်ကိုယ်သင် အားထုတ်ကြိုးစားခြင်းဟူသော စကားလုံးနှစ်လုံးဖြင့် ဤအရာကို ရည်ညွှန်းနိုင်ပါသည်။
ဘုရားသခင်ကို ယုံကြည်သောသူတိုင်း သူ၏ အလိုတော်ကို နားလည်သင့်၏။ ၎င်းတို့၏ တာဝန်များကို မှန်မှန်ကန်ကန် ဖြည့်ဆည်းသော သူတို့သာ ဘုရားသခင်ကို စိတ်ကျေနပ်စေနိုင်ကြပြီး၊ ၎င်းတို့ကို သူ အပ်နှံသည့် အလုပ်တာဝန်များကို ဖြည့်ဆည်းခြင်းအားဖြင့်သာ ၎င်းတို့၏ တာဝန်များကို ၎င်းတို့ ဖြည့်ဆည်းခြင်းက စံချိန်မီလိမ့်မည်ဖြစ်သည်။ ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်အား ပြီးမြောက်စေခြင်းအတွက် စံနှုန်းများရှိသည်။ သခင်ယေရှုက၊ “သင်၏ဘုရားသခင် ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့၊ ဉာဏ်ရှိသမျှ၊ ကိုယ်စွမ်းရှိသမျှနှင့်ချစ်လော့” ဟု ပြောခဲ့သည်။ ဘုရားသခင်ကို ချစ်ခြင်းမှာ လူတို့အပေါ် ဘုရားသခင် သတ်မှတ်ထားသောအရာထဲမှ ရှုထောင့်တစ်ခုဖြစ်၏။ အမှန်အားဖြင့် ဘုရားသခင်သည် လူတို့အား တာဝန်ပေးစေခိုင်းချက်တစ်ခုကို ပေးသောအခါ၊ ၎င်းတို့သည် ၎င်းတို့၏တာဝန်ကို ယုံကြည်ခြင်းဖြင့် ထမ်းဆောင်သောအခါ၊ ၎င်းတို့အား ကိုယ်တော်သတ်မှတ်ထားသော စံနှုန်းများမှာ ဤအရာများဖြစ်ကြ၏- သင်၏စိတ်နှလုံးအကြွင်းမဲ့၊ ဉာဏ်ရှိသမျှ၊ ကိုယ်စွမ်းရှိသမျှဟူ၍ ဖြစ်သည်။ အကယ်၍ သင်သည် ရောက်လာသော်လည်း သင်၏စိတ်နှလုံးမပါသော်၊ သင်၏ဦးခေါင်းဖြင့် အလုပ်များအကြောင်းကို တွေးပြီး မှတ်ဉာဏ်၌ မှတ်သားသော်လည်း သင်၏စိတ်နှလုံးကို ၎င်းတို့ထဲ၌ မထားသော်၊ သင်၏ကိုယ်ပိုင်အစွမ်းအစများကို အသုံးပြု၍အမှုအရာများကို လုပ်ဆောင်ပြီးစီးလျှင် ယင်းမှာ ဘုရားသခင်၏တာဝန်ပေးစေခိုင်းချက်ကို ပြီးပြည့်စုံစေခြင်းဖြစ်သလော။ ထို့ကြောင့် သင်၏တာဝန်ကို မှန်မှန်ကန်ကန် ထမ်းဆောင်ရန်နှင့် သင့်ကို ဘုရားသခင် အပ်နှံထားသောအရာ ဖြစ်မြောက်စေရန်နှင့် သင်၏တာဝန်ကို သစ္စာရှိရှိ ထမ်းဆောင်ရန်အတွက် မည်သည့်စံနှုန်း ပြည့်မီရမည်နည်း။ ယင်းမှာ သင်၏တာဝန်ကို သင်၏စိတ်နှလုံးအကြွင်းမဲ့၊ ဉာဏ်ရှိသမျှ၊ ကိုယ်စွမ်းရှိသမျှဖြင့် လုပ်ဆောင်ခြင်းဖြစ်၏။ ဘုရားသခင်ကို ချစ်သော စိတ်နှလုံးတစ်ခု သင်၌မရှိလျှင်၊ သင်၏ တာဝန်ကို မှန်မှန်ကန်ကန် ဖြည့်ဆည်းရန် ကြိုးပမ်းခြင်းက အလုပ်ဖြစ်လိမ့်မည် မဟုတ်။ ဘုရားသခင်အတွက် သင်၏ ချစ်ခြင်းမေတ္တာ ပိုတိုး၍ ခိုင်မာလာပြီး ပို၍ပို၍ စစ်မှန်လာလျှင်၊ သင်၏ တာဝန်ကို သင့်စိတ်နှလုံး၊ သင့် ဝိညာဉ်၊ သင့် စိတ်နှင့် ခွန်အား အားလုံးတို့ဖြင့် အလိုအလျောက် သင်ဆောင်ရွက်နိုင်လိမ့်မည် ဖြစ်သည်။
နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ“လူတို့ အသက်ရှင်ဖို့ မှီခိုနေခဲ့ကြသည့် အရာအတိအကျ” မှ
လူများစုသည် ၎င်းတို့၏ တာဝန်များကို- “တစ်စုံတစ်ဦးက ဦးဆောင်ပါက ကျွန်ုပ်နောက်ကလိုက်မည်။ ၎င်းတို့ဦးဆောင်သည့် နေရာတိုင်းသို့ ၎င်းတို့နောက် ကျွန်ုပ်လိုက်မည်ဖြစ်ပြီး၊ ၎င်းတို့ လုပ်ဖို့ခိုင်းသည့်အရာတိုင်းကို ကျွန်ုပ်လုပ်မည်” ဟူသော စိတ်အခြေအနေတွင် လုပ်ဆောင်ကြ၏။ တစ်ဘက်တွင် တာဝန် သို့မဟုတ် အမှုထားစရာကိစ္စကို လက်ခံခြင်း သို့မဟုတ် လိုအပ်သည်ထက်ပို၍ အာရုံစိုက်ပေးခြင်းတို့သည် ၎င်းတို့စွမ်းဆောင်၍ မရရှိနိုင်သည့်အရာများ ဖြစ်ပြီး၊ ၎င်းတို့ ပေးဆပ်ရန် လိုလားခြင်းမရှိသည့် အဖိုးအခများ ဖြစ်သည်။ ကာယပိုင်းဆိုင်ရာ အားထုတ်မှုတွင် ၎င်းတို့ ပါ၀င်မှုရှိကြသော်လည်း၊ တာဝန်ကို မျှဝေလုပ်ဆောင်ခြင်း မရှိကြချေ။ ဤသည်မှာ မိမိ၏ တာဝန်ကို အမှန်တကယ် လုပ်ဆောင်ခြင်း မဟုတ်ပေ။ သင်သည် သင်၏ တာဝန်ကို စိတ်ပါလက်ပါ လုပ်ဆောင်ဖို့ သင်ယူရမည်။ လူတစ်ဦးတွင် စိတ်နှလုံးရှိပါက၊ ယင်းကို အသုံးပြုနိုင်ရမည်ဖြစ်သည်။ တစ်စုံတစ်ဦးသည် မိမိ၏ စိတ်နှလုံးကို မည်သည့်အခါတွင်မျှ အသုံးမပြုပါက၊ ဤအရာက ၎င်းသည် စိတ်နှလုံးသား ကင်းမဲ့သည်ကို သက်သေပြပြီး၊ စိတ်နှလုံးကင်းမဲ့သော လူတစ်ဦးသည် သမ္မာတရားကို မရရှိနိုင်ပေ။ ၎င်းတို့သည် သမ္မာတရားကို အဘယ်ကြောင့် မရရှိနိုင်သနည်း။ ၎င်းတို့သည် ဘုရားသခင်၏ ရှေ့မှောက်သို့ မည်သို့ လာရမည်ကို မသိကြပေ။ ဘုရားသခင်၏ ဉာဏ်အလင်းပေးခြင်းနှင့် အလင်းပြခြင်းတို့ကို သတိမူမိခြင်းထဲသို့ မိမိတို့၏ စိတ်နှလုံး မည်သို့ ထားရှိရမည်၊ သို့မဟုတ် စဉ်စားချင့်ချိန်ခြင်းထဲသို့ မိမိတို့၏ စိတ်နှလုံး မည်သို့ ထားရှိရမည်၊ သို့မဟုတ် သမ္မာတရားကို ရှာဖွေခြင်း သို့မဟုတ် ဘုရားသခင်၏ အလိုတော်ကို ရှာဖွေခြင်း၊ နားလည်ခြင်းနှင့် အရေးထားမှုကို ပြသခြင်းထဲသို့ မိမိတို့၏ စိတ်နှလုံး မည်သို့ ထားရှိရမည်ကို မသိကြချေ။ သင်သည် ဘုရားသခင်၏ ရှေ့မှောက်တွင် မကြာခဏ ငြိမ်သက်နိုင်သည့် အခြေအနေများ၊ ပြီးလျှင် မည်သည့်အရာ ဖြစ်ပေါ်ပါစေ၊ သင်၏တာဝန် မည်သည့်အရာ ဖြစ်ပါစေ၊ သင်သည် ဘုရားသခင်၏ ရှေ့မှောက်သို့ မကြာခဏ လာနိုင်ပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ချင့်ချိန်စဉ်းစားဖို့ သင်၏ စိတ်နှလုံးကို အသုံးပြုနိုင်ကာ သမ္မာတရားကို ရှာဖွေခြင်းနှင့် သင်၏ တာဝန်အား မည်သို့ ဆောင်ရွက်သင့်သည်ကို ချင့်ချိန်စဉ်းစားခြင်းထဲသို့ သင်၏ စိတ်နှလုံးကို ထားရှိနိုင်သည့် အခြေအနေများ ရှိသလော။ ထိုသို့သော အချိန်များ များစွာ ရှိသလော။ သင်၏ တာဝန်ထဲသို့ သင်၏ စိတ်နှလုံးကို ထားရှိခြင်းနှင့် တာဝန် ယူနိုင်ခြင်းသည် သင့်အနေဖြင့် ဆင်းရဲဒုက္ခခံစားပြီး အဖိုးအခတစ်ခု ပေးဆပ်ဖို့ လိုအပ်ပေသည်- ယင်းနှင့်ပတ်သက်၍ ပြောဆိုဆွေးနွေးခြင်း သက်သက်သည် မလုံလောက်ပေ။ သင်၏ တာဝန်ထဲသို့ သင်၏ စိတ်နှလုံးကို မထားရှိဘဲ ယင်းအစား ကာယပိုင်းဆိုင်ရာ အားထုတ်မှုများ အမြဲအသုံးပြုချင်နေပါက၊ သင်၏ တာဝန်သည် သေချာပေါက် ကောင်းကောင်းမွန်မွန် ပြီးမြောက်လိမ့်မည်မဟုတ်ပေ။ သင်သည် ဟန်ဆောင်လုပ်ပြရုံမျှသာ လုပ်ပြလိမ့်မည်ဖြစ်ပြီး ထိုထက် ပိုလိမ့်မည်မဟုတ်ဘဲ၊ သင်၏ တာဝန်ကို သင် မည်မျှကောင်းကောင်း လုပ်ဆောင်ပြီးဖြစ်သည်ကို သင် သိရှိလိမ့်မည် မဟုတ်ပေ။ သင်၏ တာဝန်ထဲသို့ သင်၏ စိတ်နှလုံးကို ထားရှိပါက၊ သင်သည် သမ္မာတရားကို တဖြည်းဖြည်း သိနားလည်လာလိမ့်မည်။ သင် မထားရှိပါက၊ သိနားလည်လိမ့်မည် မဟုတ်။ သင်၏ တာဝန်ကို ဆောင်ရွက်ခြင်းနှင့် သမ္မာတရားကို လိုက်စားခြင်းထဲသို့ သင်၏ စိတ်နှလုံးကို ထားရှိသည့်အခါတွင်၊ သင်သည် ဘုရားသခင်၏ အလိုကို တဖြည်းဖြည်း သိနားလည်လာနိုင်လိမ့်မည်၊ သင်ကိုယ်တိုင်၏ ဖောက်ပြန်ပျက်စီးခြင်းနှင့် မပြည့်စုံခြင်းတို့ကို တွေ့ရှိနိုင်လိမ့်မည် ဖြစ်ပြီး သင်၏ အခြေအနေမျိုးစုံကို ထိန်းသိမ်းနိုင်လိမ့်မည်ဖြစ်သည်။ မိမိကိုယ်ကိုယ် ဆန်းစစ်ရန် သင်၏ စိတ်နှလုံးကို အသုံးမပြုဘဲ၊ အပြင်ပန်း ရုပ်ပိုင်းဆိုင်ရာ အားထုတ်မှုများ ပြုလုပ်ခြင်းကိုသာ သင် အာရုံစိုက်ပါက၊ သင်၏ စိတ်နှလုံးထဲတွင် ထွက်ပေါ်သည့် အမျိုးမျိုးသော အခြေအနေများနှင့် မတူညီသည့် အပြင်ပန်းပတ်ဝန်းကျင်များအဖို့ သင်၌ ရှိသည့် တုန့်ပြမှုများကို သင် ရှာတွေ့နိုင်လိမ့်မည် မဟုတ်ပေ။ မိမိကိုယ်ကိုယ် ဆန်းစစ်ဖို့ သင်၏ စိတ်နှလုံးကို အသုံးမပြုပါက၊ သင်၏ စိတ်နှလုံးထဲရှိ ပြဿနာများကို ဖြေရှင်းဖို့ သင့်အတွက် ခက်ခဲလိမ့်မည် ဖြစ်သည်။ ထို့ကြောင့်၊ ဘုရားသခင်ကို ချီးမွမ်း၍ ကိုးကွယ်ဖို့ သင်၏ စိတ်နှလုံးနှင့် ရိုးသားမှုကို သင် အသုံးပြုရမည်။ ဘုရားသခင်ကို ကိုးကွယ်ဖို့ သင်၏ စိတ်နှလုံးနှင့် ရိုးသားမှုကို အသုံးပြုရာတွင် တည်ငြိမ်ပြီး ရိုးသားစစ်မှန်သော စိတ်နှလုံးတစ်ခု သင်၌ ရှိရမည်။ သင့် စိတ်နှလုံး၏ အနက်ရှိုင်းဆုံး နေရာများတွင်၊ ဘုရားသခင်၏ အလိုနှင့် သမ္မာတရား ရှာဖွေဖို့ သင် သိရှိရမည်ဖြစ်ပြီး သင့်တာဝန်၏ မည်သည့် အစိတ်အပိုင်းများကို သင် နားမလည်သေးကြောင်းနှင့် သင်၏ တာဝန်အား ပိုမိုကောင်းမွန်စွာ မည်သို့လုပ်ဆောင်ရမည်ဆိုသည်တို့ကို တွေးဆရင်း၊ သင်၏ တာဝန်ကို မည်သို့ ကောင်းမွန်စွာ လုပ်ဆောင်ရမည်ကို သင် တွေးဆရမည်။ သင်၏ စိတ်နှလုံးထဲတွင် ဤရာများကို မကြာခဏ တွေးတောခြင်းအားဖြင့်သာ၊ သမ္မာတရားကို သင် ရရှိနိုင်လိမ့်မည်။ ဤအရာများသည် သင်၏ စိတ်နှလုံးထဲ၌ သင် မကြာခဏ တွေးဆသည့်အရာများ မဟုတ်သကဲ့သို့၊ ယင်းအစား သင်၏ စိတ်နှလုံးသည် စိတ်နှင့်ဆိုင်သော အရာများ သို့မဟုတ် ပြင်ပအရာများဖြင့်သာ ပြည့်နှက်နေပါက၊ ဘုရားသခင်ကို ကိုးကွယ်ဖို့ သင်၏ စိတ်နှလုံးနှင့် ရိုးသားမှုကို အသုံးပြုခြင်းနှင့် လုံးဝမသက်ဆိုင်သည့်- ယင်းနှင့် မည်သို့မျှ ပတ်သက်မှုမရှိသည့်- ထိုသို့သော အရာများဖြင့် နေရာယူထားခြင်းခံရပါက၊ သင်သည် သမ္မာတရားကို ရရှိနိုင်သလော။ သင်သည် ဘုရားသခင်နှင့် ဆက်ဆံရေးတစ်ရပ် ရှိပါသလော။
နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ“ရိုသားခြင်းအားဖြင့်သာ စစ်မှန်သော လူသားပုံသဏ္ဌာန်ကို အသက်ရှင်နေထိုင်နိုင်သည်” မှ
သင်၏ တာဝန်အပေါ် သင်၏ သဘောထားမှာ ငါမည်မျှ နည်းပါးစွာ လုပ်နိုင်သည်၊ မည်မျှနှင့် ပြီးသွားနိုင်သည်ကို ငါ ကြည့်မည်ဟူ၍ ဖြစ်သည်၊ မည်မျှကြာကြာ သင် နှောင့်နှေးစေမိသည်ကို အရေးမစိုက်ဘဲလျက် သင်အချိန်ဆွဲ၏။ သို့သော် အမှုအရာများကို သင် အလေးအနက်ထားပါက၊ ၎င်းတို့ကို လျင်မြန်စွာ လုပ်ဆောင်ပြီးလိမ့်မည် ဖြစ်သည်။ အဘယ်သို့ လုပ်ဆောင်ရမည်ကို သင် မသိသည့် အရာအချို့ရှိ၏၊ ထို့ကြောင့် တိကျသော ညွှန်ကြားချက်များကို သင့်အား ငါပေးပေသည်။ သင့်အနေဖြင့် စဉ်းစားဖို့မလို၊ နားထောင်ပြီး ဆက်လုပ်ဖို့သာ လိုသည်- သို့သော် ယင်းသည်ပင် သင် မတတ်နိုင်သောအရာ ဖြစ်သည်။ သင်၏ သစ္စာရှိခြင်းမှာ အဘယ်မှာနည်း။ မည်သည့်နေရာတွင်မျှ မမြင်ရ။ သင်တို့သည် စကားသာပြောကြပြီး နှလုံးသားမရှိကြ။ သင်၏ စိတ်နှလုံးက နားလည်သည့်အခါတွင်ပင် သင်တို့ ဘာမျှမလုပ်ဆောင်ကြ။ ဤသည်မှာ သမ္မာတရားကို မချစ်သော သူတစ်ဦးဖြစ်သည်။ သင်တို့၏ မျက်စိများဖြင့် ထိုအရာကို မြင်နိုင်ကာ သင်၏ စိတ်နှလုံးထဲတွင် ခံစားနိုင်သော်လည်း မည်သည့်အရာမျှ မလုပ်ဆောင်သေးပါက၊ အဘယ်ကြောင့် နှလုံးသားပင် ရှိကြသနည်း။ သင်၏ အသိစိတ် အစအနက သင်၏ လုပ်ရပ်များကို မထိန်းချုပ်၊ သင်၏ အတွေးများကို မညွှန်ကြားပေ- သို့ဆိုလျှင် ထိုအရာသည် အဘယ်အသုံးဝင်သနည်း။ မည်သည့်အရာတွက်မျှ အရေးမပါပေ။ တန်ဆာဆင်ခြင်း မျှသာ ဖြစ်၏။ လူသား၏ ယုံကြည်ခြင်းသည် အမှန်တကယ် သနားစဖွယ်ဖြစ်၏။ ပြီးလျှင် ယင်းနှင့်ပတ်သက်၍ မည်သည့်အရာသည် သနားဖွယ်ဖြစ်သနည်း။ သမ္မာတရားကို သူ နားလည်သည့်အခါတွင်ပင်၊ လက်တွေ့မလုပ်ဆောင်ပေ။ ပြဿနာကို မြင်သည့်အခါတွင်ပင်၊ ယင်းအတွက် ကြိုးစားပြီး တာဝန်ယူခြင်း မရှိချေ။ ယင်းမှာ သူ၏ တာဝန်ဖြစ်သည်ကို သူသိသော်လည်း ထိုအထဲသို့ စိတ်ပါလက်ပါလုပ်ဆောင်ခြင်း မရှိချေ။ သင်တတ်နိုင်သည့် တာဝန်များကို သင် မယူပါက၊ သင် လက်ခံဆောင်ရွက်သည့် ထိုမဖြစ်စလောက် တာဝန်ဝတ္တရားများ၏ တန်ဖိုးမှာ အဘယ်နည်း။ ယင်းတို့တွင် မည်သည့် အကျိုးသက်ရောက်မှု ရှိသနည်း။ သင်သည် စကားအဖြစ်သာပြောဆိုလျက်၊ အားထုတ်မှုတစ်ခုကို မည်ကာမတ္တ ပြုလုပ်နေခြင်းသာ ဖြစ်သည်။ ထိုအရာကို သင်၏ အားအင်ရှိသမျှ မဆိုထားနှင့်၊ သင့်အနေဖြင့် စိတ်ပါလက်ပါ လုပ်ဆောင်ခြင်း မရှိချေ။ ဤသည်မှာ လက်ခံနိုင်သည့် အဆင့်အတန်းတစ်ခုအထိ သင်၏ တာဝန်ကို ဆောင်ရွက်နေခြင်း မဟုတ်၊ မည်သည့် သစ္စာစောင့်သိခြင်းမျှ မပါဝင်ပေ။ သင်သည် ဘုရားသခင်၏ နောက်လိုက်တစ်ဦးအဖြစ် နေ၍ရရုံနေလျက် ကိုယ်တိုင်ကြိုးစားရုန်းကန်မှုဖြင့် အသက်ရှင်နေခြင်းသာ ဖြစ်သည်။ ဤကဲ့သို့သော ယုံကြည်ခြင်းတွင် အဓိပ္ပာယ် တစ်စုံတစ်ရာ ရှိသလော။ ထိုသို့သော ယုံကြည်ခြင်းသည် သေးနုပ်လှ၏- မည်သည့်တန်ဖိုး ရှိသနည်း။ သင်၏ တာဝန်ကို ဆောင်ရွက်သည့်အခါ၊ အဖိုးအခတစ်ခု ပေးရမည်။ ယင်းကို သင် လေးလေးနက်နက် ထားရမည်။ လေးလေးနက်နက်ထားဖို့ဆိုသည်မှာ မည်သည်ကို ဆိုလိုသနည်း။ လေးလေးနက်နက် ထားခြင်းဆိုသည်မှာ အနည်းငယ်မျှ အားထုတ်မှုပြုခြင်း သို့မဟုတ် ရုပ်ခန္ဓာ ညှဉ်းဆဲမှုတစ်ရပ် ခံစားခြင်းကို မဆိုလိုပေ။ အဓိကအချက်မှာ သင်၏ စိတ်နှလုံးထဲ ဘုရားသခင် ရှိပြီး ဝန်တာတစ်ခု ရှိခြင်း ဖြစ်သည်။ သင်၏ စိတ်နှလုံးထဲတွင်၊ သင့်တာဝန်၏ အရေးပါမှုကို ချိန်ဆရမည်ဖြစ်ပြီးနောက် ဤဝန်တာနှင့် ဝတ္တရားတို့ကို သင်လုပ်သမျှအားလုံးတွင် သယ်ဆောင်ရမည်ဖြစ်ကာ ထိုအရာကို စိတ်ပါလက်ပါ လုပ်ဆောင်ရမည်ဖြစ်သည်။ သင်သည် ဘုရားသခင်က သင့်ကို ပေးထားသည့် စေခိုင်းချက်တာဝန်အပြင် သင့်အတွက် ဘုရားသခင် လုပ်ဆောင်ပြီးသမျှ အရာရာတိုင်း၊ ထို့ပြင် သင့်အတွက် ကိုယ်တော်၏ မျှော်လင့်ချက်များတို့နှင့် မိမိကိုယ်ကိုယ် ထိုက်တန်အောင် လုပ်ရမည်။ ထိုသို့လုပ်ဆောင်ခြင်းသည်သာ လေးနက်နေခြင်းဖြစ်သည်။ သင် ဟန်ဆောင်လုပ်ပြခြင်းသည် ဘာအသုံးမျှမဝင်ပေ။ လူတို့ကို သင် လှည့်စားနိုင်သော်လည်း ဘုရားသခင်ကို သင် အရူးလုပ်၍မရ။ သင်၏ တာဝန်ကို ဆောင်ရွက်သည့်အခါ စစ်မှန်သော အဖိုးအခနှင့် သစ္စာစောင့်သိခြင်း မရှိပါက၊ ယင်းသည် စံနှုန်းမမီပေ။ ဘုရားသခင်အပေါ် သင်၏ယုံကြည်ခြင်းနှင့် သင်၏တာ၀န်ကို ထမ်းဆောင်ခြင်းကို သင်အလေးအနက် မခံယူပါက၊ မယုံကြည်သူ တစ်ဦးက သူ့သူဌေး၏အလုပ်ကို လုပ်နေသကဲ့သို့ အမြဲ ဟန်ဆောင်လုပ်ပြနေပြီး သင်၏ လုပ်ဆောင်ချက်များကို ဝတ်ကျေတန်းကျေလုပ်ပါက၊ ကြုံလျှင်ကြုံသလို အိုးနင်းခွက်နင်းနှင့် လုပ်ဆောင်သွားရင်း၊ ပြဿနာများကို မြင်သည့်အခါ လျစ်လျူရှုလျက်၊ တစ်စုံတစ်ရာ ဖိတ်စင်နေသည်ကို မြင်ပြီး ဆေးကြောသန့်စင်ခြင်း မပြုသကဲ့သို့၊ သင်၏ ကိုယ်ကျိုးအဖို့ မဟုတ်သောအရာတိုင်းကို လက်လွတ်စပယ် အရေးမထားလျက်၊ အဖြစ်သဘော အားထုတ်မှုတစ်ခုကို မည်ကာမတ္တ ပြုလုပ်ပါက- ဤသည်မှာ ပြဿနာ မဟုတ်လော။ ဤကဲ့သို့သော သူတစ်ဦးသည် ဘုရားသခင်၏ အိမ်တော်သားတစ်ဦး အဘယ်သို့ ဖြစ်နိုင်မည်နည်း။ ထိုသို့သော လူများသည် အပြင်လူများ ဖြစ်ကြ၏။ ဘုရားသခင်၏ အိမ်တော်နှင့် မသက်ဆိုင်ကြချေ။ သင်သည် တာဝန်ဆောင်ရွက်သည့်အချိန်တွင် စစ်မှန်မှုရှိမရှိ၊ လေးနက်မှုရှိမရှိ ဆိုသည်ကို သင်၏စိတ်နှလုံးထဲတွင် ရှင်းရှင်းလင်းလင်းဖြစ်ပြီး၊ ဘုရားသခင်သည်လည်း အလေးဂရုပြု၏။ ထို့ကြောင့်၊ သင်၏ တာဝန်ကို ဆောင်ရွက်ခြင်းအား သင် အလေးအနက် သဘောထားဖူးသလော။ ယင်းကို သင် စိတ်ပါလက်ပါ ရှိဖူးသလော။ သင်၏ တာဝန်၊ သင်၏ ဝတ္တရားအဖြစ် သဘောထားဖူးသလော။ ယင်းကို သင် တာဝန်ခံမှုရှိဖူးသလော။ သင်၏ တာဝန်ကို ဆောင်ရွက်ချိန်တွင် ပြဿနာတစ်ခု ရှာတွေ့သည့်အခါ သင် ထုတ်ပြောဖူးပါသလော။ ပြဿနာတစ်ခုကို ရှာတွေ့ပြီးနောက် သင် ဘယ်သောအခါမျှ ထုတ်မပြောဖူးသကဲ့သို့ ထုတ်ပြောရန် တွေးပင်မတွေးဖူးပါက၊ ထိုသို့သော အရာများ၌ ပတ်သက်ဖို့ ဆန္ဒမရှိဘဲ၊ ဒုက္ခနည်းလေ ကောင်းလေဟု တွေးပါက- ယင်းသည် ထိုအရာများအပေါ် သင် ထားသည့် အခြေခံသဘောတရားဖြစ်ပါက၊ သင်သည် သင်၏တာဝန်ကို ဆောင်ရွက်နေခြင်း မဟုတ်ပေ။ သင်သည် ကိုယ်တိုင်ကြိုးစားရုန်းကန်မှုဖြင့် အသက်ရှင်နေခြင်းဖြစ်ပြီး အစေခံမှုကို လုပ်ဆောင်နေခြင်း ဖြစ်သည်။ အစေခံသူများသည် ဘုရားသခင်၏ အိမ်တော်နှင့် မသက်ဆိုင်ပေ။ ၎င်းတို့သည် ဝန်ထမ်းများဖြစ်ကြသည်။ မိမိတို့၏ အလုပ်ပြီးစီးပြီးနောက် ၎င်းတို့သည် မိမိတို့ ငွေကို ယူပြီး ထွက်သွားကြသည်၊ အသီးသီး ကိုယ့်လမ်းကိုယ် သွားကြပြီး အချင်းချင်း သူစိမ်းဖြစ်သွားကြသည်။ ယင်းမှာ ဘုရားသခင်၏ အိမ်တော်နှင့် ၎င်းတို့၏ ဆက်ဆံရေး ဖြစ်သည်။ ဘုရားသခင်၏ အိမ်တော်သားများမှာ မတူပေ။ ဘုရားသခင်၏အိမ်တော်ရှိ အရာရာတိုင်းအပေါ် ၎င်းတို့ အပတ်တကုတ် လုပ်ဆောင်ကြသည်၊ တာဝန်ယူကြသည်၊ ၎င်းတို့၏ မျက်စိများက ဘုရားသခင်၏ အိမ်တော်ထဲတွင် လိုအပ်သည့်အရာကို မြင်ပြီး ထိုအလုပ်ကို စိတ်ထဲတွင်ထားကြသည်၊ ၎င်းတို့ တွေးကာမြင်သည့် အရာရာတိုင်းကို ၎င်းတို့ မှတ်မိကြသည်၊ ၎င်းတို့သည် လေးလံသောဝန်ကို ထမ်းကြသည်၊ တာဝန်သိစိတ်ရှိကြသည်- ဤသူများမှာ ဘုရားသခင်၏ အိမ်တော်သားများ ဖြစ်ကြပေသည်။ ဤအဆင့်ကို သင်တို့ ရောက်ကြပြီးပြီလော။ (မရောက်ကြသေးပါ) သို့ဆိုလျှင် သင်တို့အနေဖြင့် လုပ်စရာ များစွာကျန်သေး၏၊ ထို့ကြောင့် သင်တို့ ဆက်လက် ဆည်းပူးရမည်။ သငအနေဖြင့် မိမိတို့ကိုယ်ကိုယ် ဘုရားသခင်၏ အိမ်တော်သားတစ်ဦးဟု မယူဆဘဲ၊ သင့်ကိုယ်သင် ဖယ်ရှင်းပါက၊ ဘုရားသခင်သည် သင့်အပေါ် မည်သို့ကြည့်မြင်ပါသနည်း။ ဘုရားသခင်သည် သင့်ကို အပြင်လူတစ်ဦးအဖြစ် သဘောမထားပေ။ မိမိကိုယ်ကိုယ် ကိုယ်တော်၏ အိမ်တံခါး အလွန်တွင် ထားရှိသူမှာ သင် ဖြစ်၏။ ထို့ကြောင့်၊ အရှိကိုအရှိအတိုင်း ပြောဆိုပါက၊ သင်သည် အဘယ်လူစားမျိုး အတိအကျဖြစ်သနည်း။ သင်သည် ကိုယ်တော်၏ အိမ်တော်ထဲတွင် မရှိပေ။ ဤအရာသည် ဘုရားသခင် ပြောဆို၊ ဆုံးဖြတ်သောအရာနှင့် သက်ဆိုင်မှုတစ်ခုတစ်လေ ရှိသလော။ သင်၏ နိဂုံးနှင့် အနေအထားကို ဘုရားသခင်၏ အိမ်တော်ပြင်ပတွင် ထားရှိသူမှာ သင်ဖြစ်၏- အခြား အပြစ်တင်စရာ မည်သူရှိပါသနည်း။
နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ“တာဝန်ကို ကောင်းမွန်စွာ ဆောင်ရွက်ခြင်းက အနည်းဆုံးအနေဖြင့် အသိစိတ်တစ်ခု လိုအပ်သည်” မှ
အပေါ်ယံတွင် လူအချို့၌ မည်သည့်အရေးကြီးသည့် ပြဿနာမျှ ရှိသည့်ပုံမပေါ်ပေ။ ၎င်းတို့သည် နှောင့်ယှက်ဖျက်ဆီးခြင်းတို့ မပြုလုပ်ပေ၊ သို့မဟုတ် ကောက်ကျစ်သောသူတို့ လုပ်ဆောင်သည့်အရာကို မပြုလုပ်ပေ၊ ထို့ပြင် အန္တိခရစ်တို့၏ လမ်းကြောင်းကို မလျှောက်ပေ။ ၎င်းတို့၏တာဝန်ကို ထမ်းဆောင်ရာတွင် အခြေခံစည်းမျဉ်းများနှင့်သက်ဆိုင်သော အမှားတစ်စုံတစ်ရာ၊ သို့မဟုတ် ပြဿနာတစ်စုံတစ်ရာပေါ်ပေါက်လာခြင်းမရှိပေ။ သို့တိုင်အောင် သတိမမူမိလိုက်ဘဲ ၎င်းတို့သည် ဖော်ထုတ်ခြင်းခံရသည်။ အဘယ်ကြောင့် ဤသို့ဖြစ်သနည်း။ လူတို့သည် အကြောင်းကိစ္စတစ်ခုကို မမြင်နိုင်သော်လည်း ဘုရားသခင်က ၎င်းတို့၏ အတွင်းအကျဆုံးသော စိတ်နှလုံးကို ဆန်းစစ်ပြီး ပြဿနာကို မြင်သည်။ အချိန်ကြာလာပြီး ၎င်းတို့သည် နောင်တမရဘဲ ရှိနေသောအခါ ၎င်းတို့ကို ဖော်ထုတ်မှဖြစ်မည်။ နောင်တမရဘဲရှိနေသည်ဆိုသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ ယင်းမှာ ၎င်းတို့သည် လွဲမှားသော သဘောထား၊ ဂရုမစိုက်ခြင်းနှင့် ပေါ့ဆခြင်း သဘောထား၊ သာမန်ကာလျှံကာ သဘောထားတစ်ခုဖြင့် အစဉ် ပြုမူဆောင်ရွက်ပြီး စိတ်နှစ်မြှုပ်လုပ်ကိုင်ဖို့ မဆိုထားနှင့်၊ မည်သည့်အခါမျှ တာဝန်သိတတ်ခြင်းမရှိဆိုသည်ကို ဆိုလိုခြင်းဖြစ်သည်။ ၎င်းတို့သည် အနည်းငယ် လုံ့လစိုက်ထုတ်ကောင်း စိုက်ထုတ်နိုင်သည်၊ သို့သော် ၎င်းတို့သည် ဟန်ပြလုပ်ဆောင်နေခြင်းသာဖြစ်သည်။ ၎င်းတို့သည် အစွမ်းကုန် အားထုတ်ဆောင်ရွက်ခြင်းမရှိသည့်အပြင် ၎င်းတို့၏ပြစ်မှားမှုတို့သည် အဆုံးမရှိပေ။ ဘုရားသခင်သည် အထက်မှနေ၍ ၎င်းတို့နောင်တရသည်ကို၊ သို့မဟုတ် ၎င်းတို့၏ ဂရုမစိုက်၊ ပေါ့ဆသည့်သဘောထားအား ၎င်းတို့ပြောင်းလဲသည်ကို မည်သည့်အခါမျှ မမြင်တွေ့ရပေ— တစ်နည်းဆိုရလျှင် ၎င်းတို့သည် ၎င်းတို့လက်ထဲရှိ မကောင်းမှုကို စွန့်လွှတ်ပြီး ဘုရားသခင်ထံ နောင်တရခြင်းမရှိပေ။ ဘုရားသခင်သည် ၎င်းတို့အတွင်း၌ နောင်တရခြင်းသဘောထားကို မမြင်ရ၊ ၎င်းတို့၏ သဘောထားတွင် ပြောင်းပြန်လှန်ပစ်မှုကို မမြင်ရပေ။ ၎င်းတို့သည် ၎င်းတို့၏တာဝန်နှင့် ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်တို့အပေါ် ဤသို့သော သဘောထား၊ ဤသို့သော နည်းလမ်းမျိုး ထားရှိခြင်းကို ဆက်လက်ပြုလုပ်ကြသည်။ အချိန်တစ်လျှောက်လုံးတွင် ဤခေါင်းမာသော၊ မလျှော့သော စိတ်သဘောထားတွင် ပြောင်းလဲမှုမရှိပေ။ ထို့အပြင် ၎င်းတို့သည် ဘုရားသခင်အပေါ် အကြွေးတင်သည်ဟု လုံးဝ မခံစားရ၊ ၎င်းတို့၏ ဂရုမစိုက်ခြင်းနှင့် ပေါ့ဆခြင်းသည် ပြစ်မှားမှုဖြစ်သည်၊ မကောင်းသည့် လုပ်ရပ်ဖြစ်သည်ဟု လုံးဝ မခံစားရပေ။ ၎င်းတို့၏ စိတ်နှလုံးထဲတွင် မိမိကိုယ်ကို စွပ်စွဲဖို့မဆိုထားနှင့်၊ အကြွေးတင်ခြင်း၊ အပြစ်ရှိသည်ဟုခံစားရခြင်း၊ မိမိကိုယ်ကို အပြစ်တင်ခြင်းတို့ မရှိပေ။ အချိန်များစွာ ကုန်ဆုံးလာသည်နှင့်အမျှ ဤလူသည် ကုစား၍မရနိုင်တော့ဆိုသည်ကို ဘုရားသခင်က မြင်သည်။ ဘုရားသခင်က မည်သည့်အရာကို ပြောသည်ဖြစ်စေ၊ တရားဒေသနာမည်မျှကို ၎င်းတို့ကြားသည်ဖြစ်စေ၊ သို့မဟုတ် သမ္မာတရားကို မည်မျှနားလည်သည်ဖြစ်စေ ၎င်းတို့စိတ်နှလုံးသည် တို့ထိခံရခြင်း မရှိဘဲ ၎င်းတို့သဘောထားသည်လည်း ပြောင်းလဲခြင်း၊ သို့မဟုတ် နောက်ပြန်လှည့်ခြင်းမရှိပေ။ ဘုရားသခင်က “ဤလူအတွက် မျှော်လင့်ချက်မရှိတော့။ ငါပြောသည့် မည်သည့်အရာကမျှ ၎င်းတို့စိတ်နှလုံးကို မတို့ထိ။ ငါပြောသည့် မည်သည့်အရာကမျှ ၎င်းတို့ကို နောက်ပြန်မလှည့်စေပေ။ ၎င်းတို့ကို ပြောင်းလဲရန် နည်းလမ်းမရှိ။ ဤသူသည် တာဝန်ကို ထမ်းဆောင်ရန် မသင့်တော်။ ငါ၏အိမ်တွင် အစေခံရန် မသင့်တော်” ဟု ဆိုသည်။ အဘယ်ကြောင့် ဤသို့ဆိုသနည်း။ ယင်းမှာ ၎င်းတို့သည် ၎င်းတို့တာဝန်ကို ထမ်းဆောင်ပြီး အလုပ်လုပ်သောအခါ သည်းခံခြင်းနှင့် စိတ်ရှည်ခြင်းတို့ကို မည်မျှလက်ကမ်းခံရပါစေ သက်ရောက်မှုမရှိဘဲ ၎င်းတို့ကို မပြောင်းလဲနိုင်သောကြောင့်ဖြစ်သည်။ ယင်းက ၎င်းတို့ကို ပိုမိုကောင်းမွန်စွာ ဆောင်ရွက်အောင် မပြုလုပ်နိုင်ပေ၊ သမ္မာတရားကို အမှန်တကယ်လိုက်စားခြင်း လမ်းကြောင်းပေါ်သို့ စတင်လျှောက်လှမ်းရန် အခွင့်ကို မပေးနိုင်ပေ။ ဤသူသည် ကုစား၍မရနိုင်တော့ပေ။ လူတစ်ယောက်သည် ကုစား၍ မရနိုင်တော့ဟု ဘုရားသခင်က သတ်မှတ်သောအခါ သူသည် ဤသူအပေါ်တွင် တင်းကျပ်စွာ ထိန်းချုပ်ထားဦးမည်လော။ ဤသို့ ပြုလုပ်မည်မဟုတ်ပေ။ ဘုရားသခင်က ၎င်းတို့ကို စွန့်လွှတ်လိမ့်မည်ဖြစ်သည်။ အချို့လူတို့က “ဘုရားသခင်၊ ကျွန်ုပ်ကို သက်ညှာတော်မူပါ။ ဒုက္ခခံစားရစေရန် မပြုလုပ်ပါနှင့်။ ကျွန်ုပ်ကို ပဲ့ပြင်ဆုံးမခြင်း မပြုလုပ်ပါနှင့်။ ကျွန်ုပ်ကို လွတ်လပ်ခွင့်အချို့ပေးပါလော့။ အမှုအရာများကို အနည်းငယ် ဂရုမစိုက်စွာ၊ ပေါ့ဆစွာ လုပ်ဆောင်ခွင့်ပြုပါ။ အနည်းငယ် အပျော်အပါးလိုက်စားခွင့်ပေးပါ” ဟူ၍ အစဉ်သဖြင့် တောင်းပန်ကြသည်။ ၎င်းတို့သည် ချုပ်ထိန်းခြင်းကို မခံလိုကြပေ။ ဘုရားသခင်က “သင်သည် မှန်သောလမ်းကို မလျှောက်လိုသောကြောင့် ငါသင့်ကို စွန့်လွှတ်မည်။ ငါသည် သင့်ကို လွတ်လပ်ခွင့်ပေးမည်။ သွား၍ သင်အလိုရှိသောအရာကို လုပ်ဆောင်လော့။ သင်သည် ကုစား၍မရနိုင်တော့သောကြောင့် ငါသင့်ကို ကယ်တင်မည်မဟုတ်” ဟု ဆိုသည်။ ကုစား၍မရနိုင်တော့သောသူတို့၌ အသိတရားတစ်စုံတစ်ရာရှိသလော။ အကြွေးတင်သည်ဟူသော ခံစားချက်တစ်စုံတစ်ရာရှိသလော။ အပြစ်တင်သည့် ခံစားချက်တစ်စုံတစ်ရာရှိသလော။ ၎င်းတို့သည် ဘုရားသခင်၏ အပြစ်တင်မှု၊ ပဲ့ပြင်ဆုံးမမှု၊ ရိုက်နှက်မှုနှင့် တရားစီရင်မှုကို ခံစားသိရှိနိုင်သလော။ ယင်းကို ၎င်းတို့မခံစားနိုင်ပေ။ ဤအရာတို့တွင် မည်သည့်အရာကိုမျှ ၎င်းတို့သတိမပြုမိပေ။ ဤအရာတို့သည် ၎င်းတို့စိတ်နှလုံးထဲတွင် မှေးမှိန်နေသည်၊ သို့မဟုတ် ရှိပင် မရှိပေ။ လူတစ်ယောက်သည် ဤအဆင့်သို့ ရောက်ရှိသောအခါ စိတ်နှလုံးထဲတွင် ဘုရားသခင်မရှိတော့၍ ကယ်တင်ခြင်းကို ရရှိနိုင်သေးသလော။ ပြောရန် ခက်သည်။ လူတစ်ယောက်၏ ယုံကြည်ခြင်းသည် ဤသို့သောနေရာသို့ ရောက်သောအခါတွင် သူသည် ဒုက္ခရောက်ပြီဖြစ်သည်။ သင်တို့သည် ဤအကျိုးဆက်ကို ရှောင်ကြဉ်ပြီး ဤသို့သောအခြေအနေ မပေါ်ပေါက်စေဖို့ သေချာစေရန်အတွက် မည်သို့အားထုတ်သင့်သည်၊ မည်သို့လက်တွေ့လုပ်ဆောင်သင့်သည်နှင့် မည်သည့်လမ်းကြောင်းကို ရွေးချယ်သင့်သည်တို့ကို သိကြသလော။ အရေးကြီးဆုံးအရာမှာ ပထမဦးစွာ မှန်ကန်သောလမ်းကြောင်းကို ရွေးချယ်ဖို့ဖြစ်သည်။ ထို့နောက် လက်ရှိအချိန်တွင် သင်ထမ်းဆောင်သင့်သည့် တာဝန်ကို ကောင်းမွန်စွာ ထမ်းဆောင်ခြင်းတွင် အာရုံစူးစိုက်ရန်ဖြစ်သည်။ ဤသည်မှာ အရေးအကြီးဆုံးအရာဖြစ်၏။ သင့်အား ဘုရားသခင်နှင့် ဆက်သွယ်ပေးသည့် ရင်းနှီးမှုကို တိုက်ရိုက်၊ သိသိသာသာ အထင်ဟပ်ဆုံးသော အရာသည် သင့်အပေါ် ဘုရားသခင်မှ အပ်နှံသည့် အကြောင်းအရာများ၊ သင့်ကို ဘုရားသခင် ချပေးသည့် အလုပ်တာဝန်များအပေါ် သင် ခံယူသည့် ပုံစံနှင့် သင့်တွင်ရှိသော သဘောထားဖြစ်သည်။ တိုက်ရိုက်အကျဆုံး ကြည့်ရှုလေ့လာနိုင်သောအရာမှာ ဤပြဿနာ ဖြစ်သည်။ ဤအရေးပါသော အချက်ကို သင် နားလည်သဘောပေါက်ပြီး ဘုရားသခင်မှ သင့်ကို ပေးအပ်သော စေခိုင်းချက်ကို ဖြည့်ဆည်းသည့်အခါတွင် ဘုရားသခင်နှင့် သင်၏ ဆက်ဆံရေးသည် ပုံမှန်ဖြစ်လိမ့်မည်။ ဘုရားသခင်က သင့်အား အလုပ်တာဝန်တစ်ခုကို အပ်နှံသောအခါ၊ သို့မဟုတ် တာဝန်တစ်ခုကို ထမ်းဆောင်ရန် ပြောသောအခါ သင်၏ သဘောထားသည် ပြီးစလွယ်ဖြင့် စိတ်မပါဖြစ်နေလျှင်၊ ပထမဦးစားပေးအဖြစ် သင် မမှတ်ယူလျှင် ဤသည်မှာ သင်၏ စိတ်နှလုံးနှင့် ခွန်အားအလုံးစုံကို ပေးခြင်းနှင့် ဆန့်ကျင်ဘက် အတိအကျပင် မဟုတ်သလော။ ထို့ကြောင့် သင့်တာဝန်ကို ထမ်းဆောင်ရာ၌ သင်၏ သဘောထားသည် အလွန်အရေးကြီးသကဲ့သို့ သင် ရွေးချယ်သည့် နည်းလမ်းနှင့် လမ်းကြောင်းမှာလည်း ထိုကဲ့သို့ပင်ဖြစ်သည်။ သင်၏တာဝန်ကို ပြီးစလွယ်နှင့် ကပျာကယာ ဆောင်ရွက်ခြင်းနှင့် ယင်းကို ပေါ့ပေါ့တန်တန် သဘောထားခြင်း၏ ရလဒ်မှာ အဘယ်နည်း။ ယင်းသည် သင်၏ တာဝန်နှင့်သက်ဆိုင်သည့် ညံ့ဖျင်းသော စွမ်းဆောင်မှု ဖြစ်သည်၊ သင့်အနေဖြင့် သင်၏ တာဝန်ကို ကောင်းကောင်းမွန်မွန် ဆောင်ရွက်နိုင်စွမ်းရှိသော်လည်း- သင်၏ တာဝန်သည် စံမီလိမ့်မည်မဟုတ်သကဲ့သို့၊ သင်၏ တာဝန်ပေါ် ထားရှိသည့် သင်၏ သဘောထားနှင့်ပတ်သက်၍ ဘုရားသခင် စိတ်ကျေနပ်လိမ့်မည် မဟုတ်ပေ။ မူလက၊ သင်သည် ပုံမှန် ကြိုးစားခဲ့ပြီး ပူးပေါင်းလုပ်ဆောင်ခဲ့ပြီးဖြစ်ပါက၊ ယင်းကို သင်၏ အတွေးများအားလုံး ပေးအပ်မြှုပ်နှံခဲ့ပြီး ဖြစ်ပါက၊ ယင်းကို လုပ်ဆောင်ခြင်းထဲသို့ သင်၏ စိတ်နှလုံးနှင့် ဝိညာဉ်တို့ကို ထားရှိပြီး၊ သင်၏ အားထုတ်မှုအားလုံးကို စိုက်ထုတ်ပြီးဖြစ်ကာ သင်၏ အားထုတ်မှု၊ သင်၏ ကြိုးပမ်းမှုနှင့် သင်၏ အတွေးများကို အချိန်ကာလတစ်ခုကြာ ပေးအပ်မြှုပ်နှံခဲ့ပြီးဖြစ်ပါက၊ သို့မဟုတ် စာပေများကို ကိုးကားခြင်းအား အချိန်တစ်ချို့ ပေးအပ်မြှုပ်နှံခဲ့ပြီးဖြစ်ကာ သင်၏ စိတ်နှင့်ခန္ဓာတစ်ခုလုံးကို ထိုအရာ၌ နှစ်မြှုပ်ထားခဲ့ပြီးဖြစ်ပါက၊ သင်သည် ထိုသို့ ပူးပေါင်းလုပ်ဆောင်နိုင်စွမ်း ရှိပါက၊ ဘုရားသခင်သည် သင့်ကို လမ်းပြလျက် ရှေ့တွင်ရှိမည်ဖြစ်သည်။ သင့်အနေဖြင့် ခွန်အားစိုက်ထုတ်ဖို့ များစွာ မလိုအပ်ပေ။ ပူးပေါင်းလုပ်ဆောင်မှုတွင် သင်သည် မခြွင်းမချန် အားထုတ်သည့်အခါတွင်၊ ဘုရားသခင်သည် သင့်အတွက် အရာရာ စီစဉ်နှင့်ပြီး ဖြစ်လိမ့်မည်။ သင်သည် ဉာဏ်များကာ သစ္စာဖောက်ပြီး၊ အလုပ်ကို တစ်ဝက်တစ်ပျက်လုပ်လျက်၊ စိတ်နှလုံးပြောင်းလဲကာ လမ်းလွဲပါက၊ ဘုရားသခင်သည် သင့်ကို လုံးဝစိတ်ဝင်စားမည် မဟုတ်ပေ။ သင်သည် ဤအခွင့်အရေးကို ဆုံးရှုံးပြီးဖြစ်လိမ့်မည်ဖြစ်ပြီး၊ ဘုရားသခင်က၊ “သင်သည် ကျေနပ်လောက်အောင် မကောင်းပေ။ သင်သည် အသုံးမကျပေ။ ဘေးထွက်ရပ်လော့။ သင်သည် ပျင်းရိရသည်ကို နှစ်သက်သည် မဟုတ်လော။ လှည့်ဖြားတတ်ခြင်းနှင့် ကောက်ကျစ်တတ်ခြင်းကို သင် နှစ်သက်သည် မဟုတ်လော။ အနားယူရသည်ကို သင် နှစ်သက်သလော။ ကဲ ထိုသို့ဆိုလျှင် အနားယူလော့” ဟု ဆိုလိမ့်မည်။ ဘုရားသခင်သည် ဤကျေးဇူးတော်နှင့် အခွင့်အရေးကို နောက်လူအား ပေးလိမ့်မည်။ သင် မည်သည့်အရာ ပြောသနည်း- ဤသည်မှာ ဆုံးရှုံးမှုတစ်ခုလော၊ အောင်မြင်မှုတစ်ခုလော။ ယင်းမှာ ဧရာမ ဆုံးရှုံးမှုတစ်ခု ဖြစ်သည်။
ဘုရားသခင်၏ မိတ်သဟာယဖွဲ့ခြင်း မှ
လူအချို့အတွက် ၎င်းတို့၏တာဝန်များကို ထမ်းဆောင်ရာ၌ မည်သည့်ပြဿနာကို တွေ့ကြုံကောင်း တွေ့ကြုံကြပါစေ၊ ၎င်းတို့သည် သမ္မာတရားကို မရှာဖွေဘဲ ၎င်းတို့၏ကိုယ်ပိုင် အတွေးများ၊ အယူအဆများ၊ စိတ်ကူးများနှင့် အလိုဆန္ဒများနှင့်အညီ အစဉ်ပြုမူလုပ်ဆောင်ကြ၏။ ၎င်းတို့သည် ၎င်းတို့၏ တစ်ကိုယ်ကောင်းဆန်သော အလိုဆန္ဒများကို စဉ်ဆက်မပြတ် ဖြည့်ဆည်းနေကြပြီး ၎င်းတို့၏ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများသည် ၎င်းတို့၏လုပ်ဆောင်ချက်များကို အမြဲ ထိန်းချုပ်နေ၏။ ၎င်းတို့သည် ၎င်းတို့အား သတ်မှတ်ခွဲဝေပေးထားသည့် တာဝန်များကို ပြီးမြောက်အောင် ဆောင်ရွက်ကောင်း ဆောင်ရွက်နိုင်ကြသော်လည်း မည်သည့်သမ္မာတရားကိုမျှ မရရှိကြပေ။ ထို့ကြောင့် ထိုသို့သော လူတို့သည် မိမိတို့၏ တာဝန်များကို ဆောင်ရွက်နေချိန်တွင် မည်သည့်အရာများအပေါ် မှီခိုနေကြသနည်း။ ၎င်းတို့သည် သမ္မာတရားအပေါ် မှီခိုနေခြင်း မဟုတ်သကဲ့သို့ ဘုရားသခင်ကို မှီခိုနေခြင်းလည်း မဟုတ်ပေ။ ၎င်းတို့နားလည်သော ထိုသမ္မာတရားအနည်းငယ်သည် ၎င်းတို့၏စိတ်နှလုံးများထဲ၌ အချုပ်အခြာအာဏာ မရယူထားပေ။ ၎င်းတို့သည် ၎င်းတို့၏ကိုယ်ပိုင် အထုံပါရမီများနှင့် အစွမ်းအစများ၊ ၎င်းတို့ ဆည်းပူးရရှိခဲ့သော မည်သည့် အသိပညာမဆိုနှင့် ၎င်းတို့၏ ပင်ကိုစွမ်းရည်များအပြင်၊ ဤတာဝန်များကို ပြီးစီးစေရန် ၎င်းတို့၏ စိတ်စွမ်းအား သို့မဟုတ် ကောင်းသော ရည်ရွယ်ချက်များအပေါ် မှီခိုနေကြပေသည်။ ဤသည်မှာ ၎င်းတို့၏တာဝန်ကို ကောင်းစွာ ထမ်းဆောင်ခြင်း ဖြစ်သလော။ ဤသည်မှာ ၎င်းတို့၏တာဝန်ကို ကျေနပ်ဖွယ်ရာ ထမ်းဆောင်ခြင်း ဖြစ်သလော။ သင်သည် တစ်ခါတစ်ရံတွင် သင်၏တာဝန်ကို ဖြည့်ဆည်းဖို့ သင်၏သဘာဝကျခြင်း၊ စိတ်ကူးစိတ်သန်း၊ အယူအဆများ၊ အသိပညာနှင့် သင်ယူခြင်းတို့ကို အမှီပြုကောင်း အမှီပြုနိုင်သော်လည်း၊ သင် လုပ်ဆောင်သည့် အရာတစ်ချို့တွင် ကိုယ်ကျင့်တရားဆိုင်ရာ မည်သည့် ပြဿနာများမျှ မထွက်ပေါ်ပေ။ အပေါ်ယံအားဖြင့်၊ သင်သည် လမ်းမှား လိုက်ခဲ့ခြင်း မရှိသေးသည့်အလား ထင်ရသော်လည်း၊ လျစ်လျူရှု၍မရသော အရာတစ်ခုရှိ၏- သင်၏တာ၀န်ကို ဆောင်ရွက်ခြင်း လုပ်ငန်းစဉ်အတွင်းတွင်၊ အကယ်၍ သင်၏အယူအဆများ၊ စိတ်ကူးများနှင့် ကိုယ်ပိုင်အလိုဆန္ဒများ မည်သည့်အခါမျှ မပြောင်းလဲဘဲ သမ္မာတရားနှင့် မည်သည့်အခါမျှ အစားထိုးခြင်း မရှိပါက၊ ပြီးလျှင် သင်၏လုပ်ရှားမှုများနှင့် လုပ်ဆောင်ချက်များမှာ သမ္မာတရား အခြေခံသဘောတရားများနှင့်အညီ မည်သည့်အခါမျှ လုပ်ဆောင်ခြင်းမရှိပါက၊ နောက်ဆုံးရလဒ်မှာ မည်သို့ ဖြစ်လိမ့်မည်နည်း။ သင်သည် အစေခံသူတစ်ဦး ဖြစ်လာလိမ့်မည်။ ဤသည်မှာ သမ္မာကျမ်းစာထဲ၌ “ထိုနေ့၌ကား၊ သခင်၊ သခင်၊ အကျွန်ုပ်တို့သည် ကိုယ်တော်အခွင့်နှင့် ဆုံးမဩဝါဒပေးပါပြီ မဟုတ် လော။ ကိုယ်တော်အခွင့်နှင့် နတ်ဆိုးတို့ကို နှင်ထုတ်ပါပြီ မဟုတ်လော။ ကိုယ်တော်အခွင့်နှင့် များစွာသော တန်ခိုးတို့ကို ပြပါပြီမဟုတ်လောဟု အများသော သူတို့သည် လျှောက်ကြလိမ့်မည်။ ထိုသို့လျှောက်ကြသောအခါ သင်တို့ကို ငါအလျှင်းမသိ၊ အဓမ္မအမှုကို ပြုသောသူတို့၊ ငါ့ထံမှ ဖယ်ကြဟု ထိုသူတို့အား အတည့်အလင်း ငါပြောမည်။” (ရှင်မဿဲခရစ်ဝင် ၇:၂၂-၂၃) ဟု အတိအကျ ရေးသားထားသည့်အရာ ဖြစ်သည်။ ဘုရားသခင်သည် လုံ့လဝီရိယကို အသုံးပြုပြီး အစေခံခြင်းကို လုပ်ဆောင်သော ဤလူတို့အား “အဓမ္မအမှုကိုပြုသောသူတို့” ဟု အဘယ့်ကြောင့် ခေါ်သနည်း။ ငါတို့တွင် သေချာနိုင်သော အချက်တစ်ချက်ရှိသည်၊ ယင်းမှာ မည်သည့် တာဝန်များ သို့မဟုတ် အလုပ်ကို ဤလူတို့က လုပ်ဆောင်ပါစေ၊ ၎င်းတို့၏ အရင်းခံအကြောင်းရင်းများ၊ တွန်းအား၊ ရည်ရွယ်ချက်များနှင့် အတွေးများသည် သူတို့၏ တစ်ကိုယ်ကောင်းဆန်သော စိတ်ဆန္ဒများမှ လုံးလုံးလျားလျား ထွက်ပေါ်လာကာ၊ ၎င်းတို့၏ကိုယ်ပိုင် ထင်မြင်ချက်များနှင့် ကိုယ်ကျိုးများအပေါ် လုံးဝအခြေခံထားပြီး၊ ၎င်းတို့၏ အရေးထားမှုနှင့် အစီအစဉ်များသည် ၎င်းတို့၏ နာမည်ဂုဏ်သတင်း၊ အဆင့်အတန်း၊ ဝင့်ဝါမှုနှင့် အနာဂတ်မျှော်လင့်ချက်များကို လုံးဝ ဗဟိုပြုပေသည်။ စိတ်ထဲတွင်၊ ၎င်းတို့သည် သမ္မာတရား လုံး၀မပိုင်ဆိုင်ကြသကဲ့သို့၊ သမ္မာတရား အခြေခံသဘောတရားများနှင့်အညီ ၎င်းတို့ မပြုမူကြပေ။ ထို့ကြောင့်၊ ယခု သင်တို့အတွက် ရှာဖွေဖို့ အရေးကြီးသောအရာမှာ မည်သည့်အရာနည်း။ (သမ္မာတရားကို ကျွန်ုပ်တို့ ရှာဖွေသင့်ပြီး ဘုရားသခင်၏ အလိုတော်နှင့် ပြဋ္ဌာန်းချက်များနှင့်အညီ ကျွန်ုပ်တို့၏ တာဝန်များကို ဆောင်ရွက်သင့်ပါသည်။) ဘုရားသခင်၏ ပြဋ္ဌာန်းချက်များနှင့်အညီ သင်တို့၏ တာဝန်များကို ထမ်းဆောင်ရာတွင် အတိအကျအားဖြင့် မည်သည့်အရာကို သင်တို့ လုပ်ဆောင်သင့်သနည်း။ တစ်စုံတစ်ခု လုပ်ဆောင်သောအခါ သင်၏ ရည်ရွယ်ချက်များ၊ ထင်မြင်ချက်များနှင့် စပ်လျဉ်း၍ ၎င်းတို့သည် သမ္မာတရားနှင့် ကိုက်ညီမှုရှိမရှိ ဆိုသည့်အပြင်၊ သင်၏ ရည်ရွယ်ချက်များနှင့် စိတ်ကူးများသည် သင်၏ကိုယ်ပိုင် အတ္တဆန်သော စိတ်ဆန္ဒများ သို့မဟုတ် ဘုရားသခင်၏ အိမ်တော်၏ အကျိုးအမြတ်များကို ဖြည့်ဆည်းရန် စီမံထားခြင်း ရှိမရှိဆိုသည်ကို မည်သို့ သိမြင်ရမည်ကို သင် သင်ယူရမည်။ သင်၏ ရည်ရွယ်ချက်များနှင့် စိတ်ကူးများသည် သမ္မာတရားနှင့် ကိုက်ညီမှုရှိပါက သင်၏တာဝန်ကို သင်၏ အတွေးနှင့်အညီ သင် လုပ်ဆောင်နိုင်၏။ သို့သော်၊ ၎င်းတို့သည် သမ္မာတရားနှင့် ကိုက်ညီမှုမရှိပါက သင်သည် အလျင်အမြန် ပြန်လှည့်ပြီး ထိုလမ်းကြောင်းကို စွန့်ခွာရမည်။ ထိုလမ်းကြောင်းသည် မမှန်ကန်သကဲ့သို့၊ ထိုအတိုင်း သင်လက်တွေ့လုပ်ဆောင်၍ မရပေ။ ထိုလမ်းကြောင်းအတိုင်း သင် ဆက်လက်လျှောက်လှမ်းပါက၊ သင်သည် မကောင်းမှု ကျူးလွန်ခြင်းဖြင့် အဆုံးသတ်လိမ့်မည်။
နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ“လူတစ်ဦး၏တာဝန်များထဲ၌ ဘုရားသခင်၏နှုတ်ကပတ်တော်များကို ခံစားနည်း” မှ
ပေတရုသည် ကိုင်တွယ်ဖြေရှင်းခြင်းနှင့် စစ်ဆေးခြင်းတို့မှတစ်ဆင့် စုံလင်စေခြင်း ခံခဲ့ရသည်။ သူက “ငါသည် အချိန်တိုင်းတွင် ဘုရားသခင်၏ စိတ်ဆန္ဒကို ဖြည့်ဆည်းရမည်။ ငါပြုသော အရာအားလုံး၌ ဘုရားသခင်၏ စိတ်ဆန္ဒကို ဖြည့်ဆည်းပေးဖို့သာ ငါ ရှာဖွေပြီး၊ ငါသည် ပြစ်တင်ဆုံးမခံရသည် ဖြစ်စေ၊ တရားစီရင်ခြင်း ခံရသည်ဖြစ်စေ၊ ထိုသို့ လုပ်ဆောင်ရန် ငါပျော်ရွှင်ဆဲ ဖြစ်သည်။” ဟု ပြောခဲ့သည်။ ပေတရုသည် သူ၏ အလုံးစုံကို ဘုရားသခင်အား ပေးခဲ့ပြီး၊ သူ၏အလုပ်၊ စကားများနှင့် အသက်တာတစ်ခုလုံးသည် ဘုရားသခင်အား ချစ်ခြင်းအတွက်သာ ဖြစ်ခဲ့သည်။ သူသည် သန့်ရှင်းခြင်းကို ဖွေရှာသောသူတစ်ဦး ဖြစ်ခဲ့ပြီး၊ သူ သာ၍ တွေ့ကြုံခဲ့ရလေလေ၊ သူ၏စိတ်နှလုံးထဲတွင် ဘုရားသခင်အတွက် သူ၏ ချစ်ခြင်းသည် သာ၍ ကြီးမားလေလေ ဖြစ်သည်။ သို့သော်လည်း ပေါလုမှာ အပြင်ပန်း အလုပ်ကိုသာ လုပ်ဆောင်ခဲ့ပြီး၊ သူသည်လည်း ကြိုးစားလုပ်ဆောင်ခဲ့ သော်ငြားလည်း၊ သူ၏ အားထုတ်မှုများမှာ သူ၏ အလုပ်ကို ကောင်းမွန်စွာ လုပ်ဆောင်ရန်အတွက်ဖြစ်ခဲ့ပြီး၊ ထိုသို့ဖြင့် ဆုလာဘ်ရယူရန်အတွက် ဖြစ်သည်။ သူသည် မည်သည့် ဆုလာဘ်မျှ ရရှိမည် မဟုတ်သည်ကို သိခဲ့ပါက၊ သူသည် သူ၏ အလုပ်ကို လက်လျှော့မိပြီး ဖြစ်ပေမည်။ ပေတရု အလေးထားခဲ့သော အရာမှာ သူ၏ နှလုံးသားအတွင်းရှိ စစ်မှန်သော ချစ်ခြင်းမေတ္တာ ဖြစ်ပြီး၊ ယင်းသည် လက်တွေ့ကျကာ စွမ်းဆောင်ရရှိ၍ ရနိုင်ပေသည်။ သူသည် ဆုလာဘ် ရရှိမည်၊ မရရှိမည်ကို အရေးမစိုက်ခဲ့ဘဲ၊ သူ၏ စိတ်သဘောထား ပြောင်းလဲနိုင်ခြင်း ရှိ မရှိကို အရေးစိုက်ခဲ့သည်။ ပေါလုသည် သာ၍ အလုပ်ကြိုးစားလုပ်ခြင်းကို အရေးစိုက်ခဲ့သည်၊ သူသည် အပြင်ပန်း အလုပ်နှင့် ဆက်ကပ်ခြင်း၊ ပြီးလျှင် ပုံမှန်လူများက မတွေ့ကြုံသည့် အယူဝါဒများကို အရေးစိုက်ခဲ့သည်။ သူ၏အတွင်းနက်နက်ရှိ ပြောင်းလဲမှုများကို သူ အရေးမစိုက်ခဲ့သကဲ့သို့၊ ဘုရားသခင်ကို စစ်မှန်သော ချစ်ခြင်းကိုလည်း အရေးမစိုက်ခဲ့ပေ။ ပေတရု၏ အတွေ့အကြုံများသည် ဘုရားသခင်နှင့်သက်ဆိုင်သည့် စစ်မှန်သော ချစ်ခြင်းနှင့် စစ်မှန်သော အသိပညာတို့ကို စွမ်းဆောင်ရရှိရန် အလို့ငှာ ဖြစ်ခဲ့သည်။ သူ၏ အတွေ့အကြုံများသည် ဘုရားသခင်နှင့် သာ၍ နီးကပ်သော ဆက်ဆံရေးကို ရရှိရန်နှင့် လက်တွေ့ကျသော အသက်ရှင်နေထိုင်ခြင်း ရှိရန်အလို့ငှာ ဖြစ်ခဲ့သည်။ ပေါလု၏ အလုပ်မှာ ယေရှုက သူ့ကို ပေးအပ်ခဲ့သည့်အရာကြောင့် ဖြစ်ခဲ့ပြီး၊ သူတောင့်တသော အရာများကို ရရှိရန်အလို့ငှာ ဖြစ်ခဲ့သည်၊ သို့သော်ငြားလည်း ဤအရာများသည် သူကိုယ်တိုင်နှင့် ဘုရားသခင်နှင့်ဆိုင်သော အသိပညာနှင့် မည်သည့် ဆက်နွှယ်မှုမျှ မရှိခဲ့ပေ။ သူ၏ အလုပ်သည် ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့မှ ရုန်းထွက်လွတ်မြောက်ရန်အတွက် လုံးဝဥဿုံ ဖြစ်ခဲ့သည်။ ပေတရု ဖွေရှာခဲ့သော အရာမှာ ဖြူစင်သော ချစ်ခြင်းဖြစ်ပြီး၊ ပေါလု ဖွေရှာခဲ့သော အရာမှာ ဓမ္မသရဖူ ဖြစ်ခဲ့သည်။ ပေတရုသည် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်များကို နှစ်ပေါင်းများစွာ ကိုယ်တွေ့ကြုံခဲ့ရပြီး၊ ခရစ်တော်နှင့် ပတ်သက်၍ လက်တွေ့ကျသော အသိပညာရှိခဲ့သည့်အပြင်၊ မိမိကိုယ်တိုင်နှင့် ပတ်သက်၍ သိမ်မွေ့လေးနက်သော အသိပညာ ရှိခဲ့သည်။ ထို့ကြောင့် ဘုရားသခင်အား သူ၏ချစ်ခြင်းသည် ဖြူစင်ခဲ့ပေသည်။ နှစ်ပေါင်းများစွာကြာသော စစ်ဆေးခြင်းသည် ယေရှု၊ အသက်နှင့် ပတ်သက်သည့် သူ၏ အသိပညာကို မြှင့်တင်ပေးခဲ့ပြီးဖြစ်သကဲ့သို့၊ သူ၏ ချစ်ခြင်းသည် အခြေအနေအပေါ် မမူတည်သော ချစ်ခြင်း ဖြစ်သည်၊ ယင်းသည် အလိုအလျောက် ဖြစ်သော ချစ်ခြင်း ဖြစ်ကာ သူသည် အပြန်အလှန်အနေဖြင့် မည်သည့်အရာကိုမျှ မတောင်းခဲ့သကဲ့သို့၊ မည်သည့် အကျိုးအမြတ်ကိုမျှ မမျှော်လင့်ခဲ့ပေ။ ပေါလုသည် နှစ်ပေါင်းများစွာ အလုပ်လုပ်ခဲ့သော်လည်း၊ သူသည် ခရစ်တော်နှင့် ပတ်သက်သည့် ကြီးမားသော အသိပညာကို မပိုင်ဆိုင်ခဲ့သကဲ့သို့၊ မိမိကိုယ်တိုင်နှင့် ပတ်သက်သည့် သူ၏ အသိပညာသည်လည်း သနားစရာကောင်းလောက်အောင် သေးနုပ်ခဲ့သည်။ သူသည် ခရစ်တော်ကို ချစ်ခြင်း တကယ်ကို မရှိခဲ့သကဲ့သို့၊ သူ၏ အလုပ်နှင့် သူပြေးခဲ့သော လမ်းကြောင်းသည် နောက်ဆုံး အောင်ပန်းကို ရရှိနိုင်ရန်အလို့ငှာ ဖြစ်သည်။ သူဖွေရှာခဲ့သော အရာသည် အကောင်းဆုံးသော သရဖူ ဖြစ်ပြီး၊ အစင်ကြယ်ဆုံး ချစ်ခြင်း မဟုတ်ခဲ့ပေ။ သူသည် တက်ကြွစွာ ဖွေရှာခြင်း မရှိခဲ့ဘဲ၊ မတုန်မလှုပ်ဖြစ်ခဲ့သည်။ သူသည် သူ၏ တာဝန်အား ထမ်းဆောင်နေခဲ့ခြင်း မဟုတ်ဘဲ၊ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်အားဖြင့် သိမ်းပိုက်ခံရခြင်းနောက်တွင် သူ၏ လိုက်စားမှု မဖြစ်မနေလုပ်ခဲ့ရခြင်း ဖြစ်သည်။ ထို့ကြောင့် သူ၏ လိုက်စားခြင်းက သူသည် ဘုရားသခင်၏ အရည်အချင်း ပြည့်မီသော ဖန်ဆင်းခံ သတ္တဝါတစ်ဦးဖြစ်သည်ကို သက်သေ မပြပေ။ မိမိ၏ တာဝန်ကို ထမ်းဆောင်ပြီး ဘုရားသခင်၏ အရည်အချင်း ပြည့်မီသော ဖန်ဆင်းခံ သတ္တဝါတစ်ဦးဖြစ်ခဲ့သူမှာ ပေတရု ဖြစ်သည်။ ဘုရားသခင်ကို ပံ့ပိုးမှုတစ်ခု ပြုသူ အားလုံးသည် ဆုလာဘ် ရရှိသင့်သည်ဟု လူက ထင်သည်၊ ပံ့ပိုးမှု သာ၍ ကြီးမားလေလေ၊ ၎င်းတို့သည် ဘုရားသခင်၏ မျက်နှာသာကို လက်ခံရရှိသင့်သည်မှာ မှန်သည်ဟု မှတ်ယူလေလေ ဖြစ်သည်။ လူ့ အမြင်ရှုထောင့်၏ အနှစ်သာရသည် အပေးအယူသဘော ဆန်ပြီး၊ သူသည် ဘုရားသခင်၏ ဖန်ဆင်းခံ သတ္တဝါတစ်ဦးအနေနှင့် သူ၏ တာဝန်ကို တက်ကြွစွာ ထမ်းဆောင်ရန် သူ မကြိုးစားပေ။ ဘုရားသခင် အတွက်မူ၊ လူများသည် ဘုရားသခင်ကို စစ်မှန်သော ချစ်ခြင်းနှင့် ဘုရားသခင်အား ပြီးပြည့်စုံသော နာခံခြင်းကို ပို၍ ရှာလေလေ၊ ယင်းသည် ဘုရားသခင်၏ ဖန်ဆင်းခံ သတ္တဝါတစ်ဦးအနေနှင့် ၎င်းတို့၏ တာဝန်ကို ထမ်းဆောင်ရန် ကြိုးစားခြင်းဟုလည်း ဆိုလိုသကဲ့သို့၊ ဘုရားသခင်၏ လက်ခံမှုကို ပို၍ ရရှိလေလေ ဖြစ်သည်။ ဘုရားသခင်၏ ရှုထောင့်အမြင်သည် လူအား သူ၏ နဂိုမူလ တာဝန်နှင့် အဆင့်အတန်းကို ပြန်ရရန် တောင်းဆိုဖို့ ဖြစ်သည်။ လူသည် ဘုရားသခင်၏ ဖန်ဆင်းခံ သတ္တဝါတစ်ဦးဖြစ်သည်၊ ထို့ကြောင့် လူသည် ဘုရားသခင်အား တောင်းဆိုမှုများ ပြုခြင်းဖြင့် မိမိကိုယ်ကိုယ် ဘောင်မကျော်သင့်သကဲ့သို့၊ ဘုရားသခင်၏ ဖန်ဆင်းခံ သတ္တဝါတစ်ဦးအနေနှင့် သူ၏ တာဝန်အား ထမ်းဆောင်ခြင်းမှလွဲ၍ မည်သည့်အရာမျှ မလုပ်ဆောင်သင့်ပေ။ ပေါလုနှင့် ပေတရုတို့၏ ခရီးပန်းတိုင်များကို ဘုရားသခင်၏ ဖန်ဆင်းခံ သတ္တဝါတစ်ဦးအနေနှင့် ၎င်းတို့၏ တာဝန်ကို ၎င်းတို့ ထမ်းဆောင်နိုင်ခြင်း ရှိ မရှိဆိုသည်အရ တိုင်းတာခြင်း ဖြစ်ပြီး၊ ၎င်းတို့၏ ပံ့ပိုးမှု အတိုင်းအတာအရ မဟုတ်ပေ။ ၎င်းတို့၏ ခရီးပန်းတိုင်များသည် အစကတည်းမှ ၎င်းတို့ ကြိုးစားခဲ့ကြသည့် အရာအတိုင်း သတ်မှတ်ခံခဲ့ရခြင်း ဖြစ်ပြီး၊ ၎င်းတို့ အလုပ်မည်မျှ လုပ်ဆောင်ခဲ့သည်၊ သို့မဟုတ် ၎င်းတို့အပေါ် အခြားသူများ၏ ထင်မြင်ယူဆချက်များအတိုင်း မဟုတ်ပေ။ ထို့ကြောင့် ဘုရားသခင်၏ ဖန်ဆင်းခံ သတ္တဝါတစ်ဦးအနေနှင့် မိမိ၏ တာဝန်ကို တက်ကြွစွာ ထမ်းဆာင်ရန် ကြိုးစားခြင်းသည် အောင်မြင်မှုဆီသို့ လမ်းကြောင်း ဖြစ်သည်။ ဘုရားသခင်ကို စစ်မှန်သော ချစ်ခြင်း၏ လမ်းကြောင်းအား ဖွေရှာခြင်းသည် အမှန်ကန်ဆုံးသော လမ်းကြောင်း ဖြစ်သည်။ မိမိ၏ ဟောင်းသော စိတ်သဘောထား၌ ပြောင်းလဲမှုများကို ရှာဖွေခြင်းနှင့် ဘုရားသခင်အတွက် ဖြူစင်သော ချစ်ခြင်းအား ဖွေရှာခြင်းသည် အောင်မြင်မှုဆီသို့ လမ်းကြောင်း ဖြစ်သည်။ ထိုသို့သော အောင်မြင်မှုဆီသို့ လမ်းကြောင်းသည် ဘုရားသခင်၏ ဖန်ဆင်းခံ သတ္တဝါတစ်ဦး၏ နဂိုမူလတာဝန်နှင့် နဂိုမူလ အသွင်အပြင်ကို ပြန်ရရှိခြင်း လမ်းကြောင်းဖြစ်သည်။ ယင်းသည် ပြန်ရရှိခြင်း လမ်းကြောင်း ဖြစ်ပြီး၊ အစအဦးမှ အဆုံးထိတိုင် ဘုရားသခင်၏ အမှုအားလုံး၏ ရည်မှန်းချက်လည်း ဖြစ်သည်။ အကယ်၍ လူ၏ လိုက်စားခြင်းသည် ကိုယ်ရေးကိုယ်တာ လွန်ကဲသော တောင်းဆိုမှုများနှင့် ယုတ္တိမတန်သော တောင့်တခြင်းများဖြင့် စွန်းထင်းပါက၊ စွမ်းဆောင်ရရှိသည့် အကျိုးတရားသည် လူ၏ စိတ်သဘောထား၌ ပြောင်းလဲခြင်းများ ဖြစ်လိမ့်မည် မဟုတ်။ ဤအရာသည် ပြန်ရရှိခြင်း အလုပ်နှင့် ဆန့်ကျင်သည်။ ယင်းသည် သန့်ရှင်းသော ဝိညာဉ်တော်က လုပ်ဆောင်သည့် အလုပ် ဧကန်မုချ မဟုတ်ပေ၊ ထို့ကြောင့် ဤအရာက ဤကဲ့သို့သော လိုက်စားခြင်းမျိုးကို ဘုရားသခင်က လက်မခံသည်ကို သက်သေပြပေသည်။ ဘုရားသခင်က လက်မခံသည့် လိုက်စားခြင်းတစ်ခုသည် မည်သည့် အရေးပါမှု ရှိပါသနည်း။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အောင်မြင်မှု သို့မဟုတ် ရှုံးနိမ့်မှုသည် လူလျှောက်သော လမ်းကြောင်းအပေါ်တွင် မူတည်သည်
ပေတရု ဖွေရှာခဲ့သည့် အရာအားလုံးမှာ ဘုရားသခင်၏ နှလုံးသားနှင့် ညီညွှတ်ခဲ့သည်။ သူသည် ဘုရားသခင်၏ စိတ်ဆန္ဒကို ဖြည့်ဆည်းရန် ကြိုးပမ်းခဲ့ပြီး၊ ဆင်းရဲဒုက္ခနှင့် အခက်အခဲတို့ကို ပဓာနမထားဘဲ၊ သူသည် ဘုရားသခင်၏ စိတ်ဆန္ဒကို ဖြည့်ဆည်းရန် လိုလားနေဆဲ ဖြစ်ခဲ့သည်။ ဘုရားသခင်၌ ယုံကြည်သူတစ်ယောက်အားဖြင့် သာ၍ ကြီးမြတ်သော လိုက်စားခြင်း မရှိချေ။ ပေါလု ဖွေရှာခဲ့သည့်အရာမှာ သူ၏ ဇာတိပကတိ၊ သူကိုယ်တိုင်၏ အယူအဆများ၊ သူကိုယ်တိုင်၏ အစီအစဉ်များနှင့် အကြံအစည်များဖြင့် စွန်းထင်းခဲ့သည်။ သူသည် ဘုရားသခင်၏ အရည်အချင်းပြည့်မီသော ဖန်ဆင်းခံ သတ္တဝါတစ်ဦး လုံးဝ မဟုတ်ခဲ့ပေ၊ ဘုရားသခင်၏ စိတ်ဆန္ဒကို ဖြည့်ဆည်းရန် ကြိုးစားသောတစ်ဦး မဟုတ်ခဲ့ချေ။ ပေတရုသည် ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုများကို ကျိုးနွံနာခံရန် ကြိုးစားခဲ့ပြီး၊ သူ လုပ်ဆောင်ခဲ့သော အလုပ်သည် မကြီးမားခဲ့သော်လည်း၊ သူ၏ လိုက်စားခြင်း နောက်ကွယ်ရှိ ကြံရွယ်ချက်နှင့် သူလျှောက်ခဲ့သော လမ်းကြောင်းတို့ မှန်ကန်ခဲ့ပေသည်။ သူသည် လူများစွာကို မရရှိနိုင်ခဲ့သော်ငြားလည်း၊ သူသည် သမ္မာတရား၏ လမ်းခရီးကို လိုက်စားနိုင်ခဲ့သည်။ ဤအရာကြောင့် သူသည် ဘုရားသခင်၏ အရည်အချင်းပြည့်မီသော ဖန်ဆင်းခံ သတ္တဝါတစ်ဦးဖြစ်သည်ဟု ဆိုနိုင်ပေသည်။ ယနေ့ခေတ်တွင် သင်သည် အမှုတော်ဆောင်တစ်ဦး မဟုတ် လျှင်ပင်၊ သင်သည် ဘုရားသခင်၏ ဖန်ဆင်းခံ သတ္တဝါတစ်ဦး၏ တာဝန်ကို ထမ်းဆောင်နိုင်သင့်ပြီး၊ ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုများ အားလုံးကို ကျိုးနွံနာခံရန် ကြိုးစားနိုင်သင့်ပေသည်။ ဘုရားသခင် မည်သည့်အရာကို ပြောသည်ဖြစ်စေ သင်သည် နာခံနိုင်သင့်ပြီး၊ ဆင်းရဲဒုက္ခများနှင့် စစ်ဆေးခြင်း မျိုးစုံတို့ကို တွေ့ကြုံခံစားနိုင်သင့်သည်၊ ပြီးလျှင် သင်သည် အားနည်းသော်ငြားလည်း၊ သင်၏ စိတ်နှလုံးတွင် ဘုရားသခင်ကို သင် ချစ်နိုင်ဆဲ ဖြစ်သင့်ပေသည်။ မိမိတို့၏ ကိုယ်ပိုင် အသက်တာအတွက် တာဝန်ယူသော သူများသည် ဘုရားသခင်၏ ဖန်ဆင်းခံ သတ္တဝါတစ်ဦး၏ တာဝန်ကို ထမ်းဆောင်ရန် လိုလားနေကြပြီး၊ ထိုသို့သော လူများ၏ လိုက်စားခြင်းအပေါ် ရှုထောင့်အမြင်သည် မှန်ကန်သည့် ရှုထောင့်အမြင်တစ်ခု ဖြစ်သည်။ ဤသည်မှာ ဘုရားသခင် လိုအပ်သော လူများ ဖြစ်သည်။ အကယ်၍ သင်သည် အလုပ်များစွာ လုပ်ဆောင်ကာ၊ အခြားသူများက သင်၏ သွန်သင်ချက်များကို ရယူနိုင်ကြသော်လည်း၊ သင်ကိုယ်၌က မပြောင်းလဲခဲ့သကဲ့သို့ မည်သည့် သက်သေမျှ မခံခဲ့ပါက၊ သို့မဟုတ် စစ်မှန်သော မည်သည့် အတွေ့အကြုံမျှ မရှိခဲ့သည်မှာ သင့်အသက်တာ၏ အဆုံးတွင်၊ သင်လုပ်ဆောင်ပြီးဖြစ်သည့်အရာများထဲမှ မည်သည့်အရာကမျှ သက်သေမခံပါက၊ သင်သည် ပြောင်းလဲပြီးသော သူတစ်ဦး ဖြစ်ပါသလော။ သင်သည် သမ္မာတရားကို လိုက်စားသောသူတစ်ဦး ဖြစ်ပါသလော။ ထိုအချိန်တွင် သန့်ရှင်းသော ဝိညာဉ်တော်သည် သင့်ကို အသုံးပြုခဲ့သော်လည်း၊ သူသည် သင့်ကို အသုံးပြုသောအခါ၊ အလုပ်အဖို့ အသုံးပြုနိုင်သည့် အပိုင်းကိုသာ အသုံးပြုခဲ့ပြီး၊ အသုံးပြု၍ မရနိုင်မည့် အပိုင်းကို အသုံးမပြုခဲ့ချေ။ အကယ်၍ သင်သည် ပြောင်းလဲရန် ကြိုးစားခဲ့ပါက၊ သင်သည် အသုံးပြုခြင်းခံရသည့် ဖြစ်စဉ်အတောအတွင်းတွင် တဖြည်းဖြည်း စုံလင်စေခြင်း ခံရမည်ဖြစ်သည်။ သို့သော် သန့်ရှင်းသော ဝိညာဉ်တော်သည် နောက်ဆုံးတွင် သင် ရယူခြင်းခံရမည်၊ မခံရမည် ဆိုသည်အတွက် တာဝန်မယူသကဲ့သို့၊ ဤသည်မှာ သင်၏ လိုက်စားခြင်း နည်းဟန်ပေါ်တွင် မူတည်ပေသည်။ သင်၏ ကိုယ်ပိုင် စိတ်သဘောထားတွင် မည်သည့် ပြောင်းလဲခြင်းမျှ မရှိပါက၊ ယင်းမှာ လိုက်ခြင်းအပေါ် သင်၏ ရှုထောင့်အမြင်သည် မှားယွင်းသောကြောင့် ဖြစ်သည်။ သင်သည် မည်သည့် ဆုလာဘ်မျှ အပ်နှင်းမခံရပါက၊ ယင်းမှာ သင်ကိုယ်တိုင်၏ ပြဿနာ ဖြစ်ပြီး၊ သင်ကိုယ်တိုင်သည် သမ္မာတရားကို လက်တွေ့မလုပ်ဆောင်သကဲ့သို့ ဘုရားသခင်၏ စိတ်ဆန္ဒကို မဖြည့်ဆည်းနိုင်သောကြောင့် ဖြစ်သည်။ ထို့ကြောင့် သင်၏ ကိုယ်ပိုင် အတွေ့အကြုံများထက် မည်သည့်အရာကမျှ သာ၍ အရေးမကြီးသကဲ့သို့ သင်၏ ကိုယ်ပိုင် ဝင်ရောက်မှုထက် မည်သည့်အရာကမျှ သာ၍ အရေးမပါချေ။ အဆုံးတွင် အချို့သော လူများက၊ “အကျွန်ုပ်သည် ကိုယ်တော့်အတွက် အလွန် များလှစွာသော အလုပ်ကို လုပ်ဆောင်ပြီးဖြစ်ကာ၊ မည်သည့် ထင်ရှားသော စွမ်းဆောင်အောင်မြင်မှုတို့ ပြုကောင်းပြုနိုင်မည်မဟုတ်သော်လည်း၊ အကျွန်ုပ်သည် အကျွန်ုပ်၏ အားထုတ်မှုများတွင် လုံ့လရှိဆဲဖြစ်လေပြီ။ အသက်၏အသီးကို စားသုံးရန် ကောင်းကင်ဘုံထဲသို့ ကိုယ်တော်သည် အကျွန်ုပ်အား ဝင်ခွင့်သာပေး၍ မရသလော။” ဟူ၍ ပြောကြပေလိမ့်မည်။ မည်ကဲ့သို့သော လူမျိုးကို ငါ လိုချင်သည်ကို သင်သိရမည်။ မဖြူစင်သော သူများကို နိုင်ငံတော်အထဲသို့ ဝင်ရောက်ရန် အခွင့်မပြုထားပေ၊ မဖြူစင်သော သူများကို သန့်ရှင်းသောမြေအား အသရေဖျက်စေရန် အခွင့်မပြုထားပေ။ သင်သည် အလွန်များသော အလုပ်ကို လုပ်ဆောင်ပြီးဖြစ်ကာ နှစ်ပေါင်းများစွာ အလုပ်လုပ်ပြီး ဖြစ်ကောင်းဖြစ်နိုင်သော်လည်း၊ အဆုံး၌ သင်သည် မနှစ်မြို့ဖွယ်ရာ ညစ်ညူးနေဆဲ ဖြစ်ပါက၊ သင်သည် ငါ့နိုင်ငံတော်ထဲသို့ ဝင်ရောက်လိုသည်မှာ ကောင်းကင်ဘုံ၏ ဥပဒေသအဖို့ သည်းမခံနိုင်ဖွယ် ဖြစ်ပေလိမ့်မည်။ ကမ္ဘာလောကကို အုတ်မြစ်ချသည့် အချိန်မှသည် ယနေ့အထိ၊ ငါ့ကို မျက်နှာလို မျက်နှာရ ပြုကြသော ထိုသူများအား ငါ့နိုင်ငံတော်ထဲသို့ မည်သည့်အခါမျှ လွယ်ကူစွာ ဝင်ရောက်ခွင့် မပေးဖူးပေ။ ဤသည်မှာ ကောင်းကင်ဘုံဆိုင်ရာ စည်းမျဉ်း ဖြစ်ပြီး၊ မည်သူမျှ ချိုးဖောက်၍မရနိုင်။ သင်သည် အသက်အား ရှာဖွေရမည်။ ယနေ့ခေတ်တွင် ပြီးပြည့် စုံလင်စေခြင်း ခံရမည့် သူများသည် ပေတရုကဲ့သို့သော သူများ ဖြစ်ကြသည်။ ၎င်းတို့သည် မိမိတို့၏ ကိုယ်ပိုင် စိတ်သဘောထားတွင် ပြောင်းလဲမှုများကို ရှာဖွေသောသူများ ဖြစ်ကြပြီး၊ ဘုရားသခင်အား သက်သေခံရန်နှင့် ဘုရားသခင်၏ ဖန်ဆင်းခံ သတ္တဝါတစ်ဦး အနေဖြင့် ၎င်းတို့၏ တာဝန်ကို ထမ်းဆောင်ရန် လိုလားနေကြသူများ ဖြစ်သည်။ ဤကဲ့သို့သော လူများသာ စုံလင်စေခြင်း ခံရပေလိမ့်မည်။ အကယ်၍ သင်သည် ဆုလာဘ်များကိုသာ မျှော်လင့်ပြီး၊ သင်၏ကိုယ်ပိုင် အသက်စိတ်သဘောထားကို ပြောင်းလဲရန် မကြိုးစားပါက၊ သင်၏ အားထုတ်မှု အားလုံးသည် အချည်းနှီး ဖြစ်သွားလိမ့်မည်၊ ဤသည်မှာ ပြောင်းလဲ၍ မရနိုင်သော သမ္မာတရားတစ်ခု ဖြစ်သည်။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အောင်မြင်မှု သို့မဟုတ် ရှုံးနိမ့်မှုသည် လူလျှောက်သော လမ်းကြောင်းအပေါ်တွင် မူတည်သည်
မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။