“အရာရာကို ချန်ထားခဲ့ပြီး ဘုရားသခင် နောက်လိုက်ခြင်းသည် အဘယ်နည်း”

12.03.2021

ကိုးကားရန် သမ္မာကျမ်းပိုဒ်များ-

“အကြင်သူသည် ငါ့ထံသို့လာ၍ မိဘ၊ သား မယား၊ ညီအစ်ကို၊ နှမတို့ကို၎င်း၊ ထိုမျှမက မိမိအသက်ကို ၎င်း မမုန်း၊ ထိုသူသည် ငါ့တပည့်မဖြစ်နိုင်ရာ။” (ရှင်လုကာခရစ်ဝင် ၁၄:၂၆)

“သင်တို့တွင် အကြင်သူသည် မိမိ၌ရှိသမျှကို မစွန့်ဘဲနေ၏။ ထိုသူသည် ငါ့တပည့်မဖြစ်နိုင် ရာ။” (ရှင်လုကာခရစ်ဝင် ၁၄:၃၃)

“ငါအမှန်ဆိုသည်ကား၊ အကြင်သူသည် ဘုရားသခင်၏ နိုင်ငံတော်ကြောင့်၊ အိမ်ရာ၊ မိဘ၊ ညီအစ်ကို၊ သားမယားတည်းဟူသော တစ်ပါးပါးကို စွန့်၏။ ထိုသူသည် ယခုကာလ၌ အဆများစွာသောအကျိုးကို၎င်း၊ နောင်ဘ၀၌ ထာဝရအသက်ကို၎င်း ခံရလတံ့။” (ရှင်လုကာခရစ်ဝင် ၁၈:၂၉-၃၀)

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

ဤအချိန်သည် ကြီးမားသော အမှုများကို ငါ၏ဝိညာဉ်က လုပ်ဆောင်နေချိန် ဖြစ်ပြီး တစ်ပါးအမျိုးသား တိုင်းနိုင်ငံများအကြား၌ ငါ၏အလုပ်ကို စတင်လုပ်ဆောင်ချိန် ဖြစ်သည်။ ထိုထက်ပို၍ပင် ဤအချိန်သည် ဖန်ဆင်းခံအားလုံးကို တစ်ဦးချင်း ယင်းတို့သက်ဆိုင်ရာ အုပ်စုအလိုက် ငါခွဲခြားချိန် ဖြစ်သည်။ ငါ၏ အလုပ် သာ၍ လျင်မြန်ထိရောက်စွာ ရှေ့ဆက်နိုင်ရန်အတွက် ထိုသို့လုပ်ဆောင်ခြင်း ဖြစ်သည်။ ထို့ကြောင့် ငါသင်တို့ဆီမှ တောင်းဆိုနေသည်မှာ ငါ၏အလုပ်အားလုံးအတွက် သင်၏ဖြစ်တည်ခြင်း တစ်ရပ်လုံးကို ဆက်ကပ်ရန်အပြင် သင်၌ ငါလုပ်ဆောင်ခဲ့သမျှကို သင်သည် ရှင်းရှင်းလင်းလင်း ထိုးထွင်းနားလည်ကာ သေသေချာချာ သိရန်နှင့် ငါ့အလုပ် ပိုမိုထိရောက်စေရန်အတွက် သင့်ခွန်အား အားလုံးကို အသုံးပြုရန် ဖြစ်ဆဲဖြစ်သည်။ သင်နားလည်ရမည်ကား ဤအချက် ဖြစ်သည်။ အချင်းချင်း ခိုက်ရန်ဖြစ်ခြင်း၊ နောက်ကြောင်းပြန်လှည့်ဖို့ လမ်းကို ရှာဖွေခြင်း၊ သို့မဟုတ် ဇာတိဆိုင်ရာ သက်သာမှုများ ရှာဖွေခြင်းကို ရပ်တန့်လော့။ ယင်းတို့သည် ငါ၏အလုပ်ကို နှောင့်နှေးစေမည့်အပြင် သင်၏ အံ့သြဖွယ် အနာဂတ်ကို နှောင့်နှေး စေမည့် အရာများဖြစ်သည်။ ထိုအရာများကို လုပ်ဆောင်ခြင်းသည် သင့်ကို အကာအကွယ် လုံးဝမပေးနိုင်သည့်အပြင် သင့်ကို ပျက်စီးစေမည် ဖြစ်သည်။ ယင်းသည် သင်မိုက်မဲခြင်းပင် ဖြစ်သည် မဟုတ်လော။ ယနေ့ သင်လောဘတကြီး မွေ့လျော်နေသော အရာသည် သင်၏အနာဂတ်ကို ဖျက်ဆီးမည့်အရာ ဖြစ်ပြီး၊ ယနေ့သင် ခံစားနေသည့် နာကျင်မှုသည် သင့်ကို အကာအကွယ်ပေးနေသည့် အရာပင် ဖြစ်သည်။ သင်သည် ဤအရာများကို ရှင်းရှင်းလင်းလင်း သိရမည်၊ ယင်းသည် သင့်ကိုယ်သင် လွတ်မြောက်စေရာ၌ အခက်တွေ့မည့် ဖြားယောင်းသွေးဆောင်မှုများ၏ သားကောင် ဖြစ်ခြင်းမှ ရှောင်ရှားရန်နှင့် ထူထပ်သည့်မြူထဲ၌ စမ်းတဝါးဝါးဖြစ်ပြီး နေကို မမြင်နိုင်ခြင်းအား ရှောင်ရှားရန်အလို့ငှာ ဖြစ်သည်။ ထူထပ်သည့်မြူ ရှင်းသွားသောအခါမှ ကြီးမြတ်သည့်နေ့၏ တရားစီရင်ခြင်း အလယ်၌ သင်ရောက်နေသည်ကို သင်တွေ့မည် ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဧဝံဂေလိတရားကို ဖြန့်ဝေသည့် အလုပ်သည် လူသားကို ကယ်တင်သည့် အလုပ်လည်းဖြစ်သည်

သမ္မာကျမ်းစာထဲတွင် အပိုဒ်ငယ်တစ်ခုရှိသည်၊ “သင်တို့တွင် အကြင်သူသည် မိမိ၌ရှိသမျှကို မစွန့်ဘဲနေ၏။ ထိုသူသည် ငါ့တပည့်မဖြစ်နိုင်ရာ။” (ရှင်လုကာ ၁၄:၃၃) မိမိ၌ရှိသမျှကို စွန့်ခြင်းဆိုသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ “ရှိသမျှ” ဆိုသည်မှာ ဤနေရာတွင် မည်သည့်အရာကို ဆိုလိုသနည်း။ ရာထူး၊ ကျော်ကြားမှုနှင့် ကြွယ်ဝမှု၊ မိသားစု၊ မိတ်ဆွေများ၊ ပိုင်ဆိုင်မှု...ဤအရာများအားလုံးသည် “ရှိသမျှ” ဆိုသည့် စကားလုံးတွင် ပါဝင်ပေသည်။ သို့ဆိုလျှင် သင်၏စိတ်နှလုံးထဲရှိ အရေးပါသောနေရာများတွင် မည်သည့်အရာများက နေရာယူလေ့ရှိသနည်း။ ယင်းမှာ အချို့အတွက် သားသမီးများဖြစ်သည်၊ အခြားသူများအတွက်က မိဘများဖြစ်ပြီး အခြားသူများအတွက်မူ ကြွယ်ဝမှုနှင့် ပိုင်ဆိုင်မှုတို့ ဖြစ်သည်။ အချို့က ရာထူး၊ ကျော်ကြားမှုနှင့် ကြွယ်ဝမှုတို့ကို နှစ်သက်မြတ်နိုးကြသည်။ သင်သည် ဤအရာများကို တန်ဖိုးထားပါက ယင်းတို့က သင့်ကို ထိန်းချုပ်လိမ့်မည်။ ယင်းတို့ကို သင်တန်ဖိုးမထားသကဲ့သို့ လုံးလုံးလျားလျား စွန့်လွှတ်ပါက ယင်းတို့က သင့်ကို မထိန်းချုပ်နိုင်ပေ။ ယင်းတို့အပေါ်ထားသည့် သင်၏ သဘောထားနှင့် ထိုကဲ့သို့သော အမှုကိစ္စများကို သင်မည်သို့ ကိုင်တွယ်ပုံတို့အပေါ်တွင်သာ မူတည်ပေသည်။

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ“ဘုရားသခင်အားနာခံခြင်းနှင့်ဆိုင်သော လက်တွေ့လုပ်ဆောင်မှု အခြေခံသဘောတရားများ” မှ

သင်သည် သင်၏ စိတ်နှလုံး၊ ခန္ဓာနှင့် သင်၏စစ်မှန်သော ချစ်ခြင်းမေတ္တာ အားလုံးကို ဘုရားသခင်ထံ ဆက်ကပ်အပ်နှံနိုင်ပါက၊ ယင်းတို့ကို ဘုရားသခင်ရှေ့တွင် ထားရှိနိုင်ပါက၊ သူ့အပေါ် လုံးဝ နာခံနိုင်ပြီး သူ၏အလိုကို လုံးဝ ထောက်ထားနိုင်ပါက- ဇာတိပကတိအတွက် မဟုတ်၊ မိသားစုအတွက် မဟုတ်၊ သင်၏ ကိုယ်ရေးကိုယ်တာ ဆန္ဒများအတွက် မဟုတ်ဘဲ၊ ဘုရားသခင့်အိမ်တော်၏ အကျိုးများအတွက်၊ အရာရာတွင် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို အခြေခံသဘောတရားနှင့် အခြေခံအုတ်မြစ် အဖြစ်ခံယူလျက်- ထိုသို့လုပ်ဆောင်ခြင်းဖြင့် သင်၏ ရည်ရွယ်ချက်များနှင့် သင်၏ ရှုထောင့်အမြင်များအားလုံးသည် နေရာမှန်တွင် ရှိကြလိမ့်မည်ဖြစ်ပြီး၊ ထိုအခါ သင်သည် ဘုရားသခင့်ရှေ့တွင် သူ၏ချီးမွမ်းမှုကို ရရှိသော လူတစ်ဦး ဖြစ်လိမ့်မည်။ ဘုရားသခင်နှစ်သက်သူများသည် သူ့အပေါ် အကြွင်းမဲ့ရှိသူများ ဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင်ကို လုံးဝဥဿုံ ဆက်ကပ်အပ်နှံနိုင်သော သူများ ဖြစ်သည်။ ဘုရားသခင် စက်ဆုပ်ရွံရှာသောသူများမှာ သူ့အပေါ် စိတ်မပါ့တပါဖြစ်သောသူများနှင့် သူ့ကို ဆန့်ကျင်ပုန်ကန်သောသူများ ဖြစ်သည်။ သူ့ကို ယုံကြည်ပြီး သူ့ကို အမြဲ မွေ့လျော်လိုသော်လည်း၊ သူ့အတွက် မိမိတို့ကိုယ်ကိုယ် လုံးဝ အသုံးပြုမခံနိုင်သောသူများကို သူ စက်ဆုပ်၏။ သူ့ကို ချစ်သည်ဟုပြောသော်လည်း၊ ၎င်းတို့၏ စိတ်နှလုံးများထဲတွင် သူ့အား ဆန့်ကျင်ပုန်ကန်သူများကို သူ စက်ဆုပ်၏။ လှည့်ဖြားခြင်း၌ ပါဝင်လုပ်ဆောင်ရန် စကားပြောကောင်းသည့်၊ ကွန့်လွန်းသော စကားများကို အသုံးပြုသောသူများအား သူ စက်ဆုပ်သည်။ ဘုရားသခင်အား အမှန်တကယ် မဆက်ကပ်သောသူများ သို့မဟုတ် သူ့၏ ရှေ့မှောက်တွင် သစ္စာဖာက်ပြီး အမှန်တကယ် ကျိုးနွံနာခံခြင်း မရှိသောသူများသည် သစ္စာဖေါက်ပြီး သဘာဝအားဖြင့် အလွန် မာနထောင်လွှားကြသည်။ ပုံမှန်၊ လက်တွေ့ကျသော ဘုရားသခင်ရှေ့၌ အမှန်တကယ် ကျိုးနွံနာခံနိုင်ခြင်းမရှိနိုင်သော သူများသည် သာ၍ပင် မာနထောင်လွှားကြပြီး ၎င်းတို့သည် အထူးသဖြင့် ကောင်းကင်တမန်မင်း၏ တာဝန်ကျေသော သားသမီးများ ဖြစ်ကြသည်။ ဘုရားသခင်အတွက် မိမိကိုယ်ကိုယ် အမှန်တကယ် အသုံးခံသောသူများသည် သူ၏ရှေ့တွင် ၎င်းတို့၏ ဖြစ်တည်ခြင်း တစ်ခုလုံးကို ခင်းကျင်းထားသည်။ ၎င်းတို့သည် သူ၏ မိန့်မြွက်ချက်များအားလုံးကို အမှန်တကယ် ကျိုးနွံနာခံပြီး၊ သူ၏ နှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်နိုင်ကြလေသည်။ ၎င်းတို့သည် ဘုရားသခင်၏နှုတ်ကပတ်တော်များကို ၎င်းတို့၏ တည်ရှိခြင်း အခြေခံအုတ်မြစ် ဖြစ်စေပြီး မည်သည့်အပိုင်းများအား လက်တွေ့လုပ်ဆောင်ရမည်ကို သိရှိဖို့ရန် ဘုရားသခင်၏ နှုတ်ကပတ်တော်များအတွင်း၌ စိတ်အားထက်သန်စွာ ရှာဖွေနိုင်ကြလေသည်။ ယင်းမှာ ဘုရားသခင်ရှေ့တွင် အမှန်တကယ် အသက်ရှင်သော လူများဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်အား အမှန်တကယ်ချစ်သောသူများသည် ဘုရားသခင်၏ လက်တွေ့ကျခြင်းကို အကြွင်းမဲ့ ကျိုးနွံနာခံနိုင်သောသူများ ဖြစ်သည်

သမ္မာတရားအတွက် ခက်ခဲမှုကို သင်ခံစားရမည်၊ သမ္မာတရားထံ သင့်ကိုယ်သင် ပေးအပ်ရမည်၊ သမ္မာတရားအတွက် အရှက်တကွဲ ဖြစ်ခြင်းကို သင်ခံရမည်၊ ထို့နောက် သမ္မာတရားကို သင်ပိုမိုရရှိရန်အတွက် ပို၍ပင် ဒုက္ခဆင်းရဲခံရပေမည်။ ဤသည်မှာ သင်လုပ်သင့်သည့်အရာဖြစ်သည်။ ငြိမ်းချမ်းသော မိသားစုဘဝ တစ်ခုအတွက် သမ္မာတရားကို သင်လက်မလွှတ်ရ၊ တဒင်္ဂပျော်ရွှင်မှု အတွက် သင့်ဘဝ၏ ဂုဏ်သိက္ခာနှင့် သမာဓိကို အဆုံးရှုံးမခံရ။ နှစ်သက်ဖွယ်ဖြစ်ကာ ကောင်းမွန်သောအရာအားလုံးကို သင် လေ့လာလိုက်စားသင့်ပြီး၊ အသက်တာတွင် ပိုမိုအဓိပ္ပာယ် ရှိသော လမ်းကြောင်းကို သင် လိုက်စားသင့်သည်။ ထိုသို့သော အောက်တန်းကျသည့်ဘဝကို သင်နေထိုင်ပြီး မည်သည့် ရည်မှန်းချက်ကိုမျှ သင် မလိုက်စားပါက၊ သင့်ဘဝကို သင် ဖြုန်းတီးသည် မဟုတ်လော။ ထိုသို့သောဘဝမှ မည်သည့်အရာကို သင် ရရှိနိုင်သနည်း။ သမ္မာတရားတစ်ခုအတွက် ဇာတိပကတိ၏ ပျော်မွေ့မှုများ အားလုံးကို သင်စွန့်လွတ်သင့်ပြီး၊ ပျော်ရွှင်မှု အနည်းငယ်အတွက် သမ္မာတရားအားလုံးကို မလွှင့်ပစ်သင့်ပေ။ ဤကဲ့သို့သော လူများသည် သမာဓိ သို့မဟုတ် ဂုဏ်သိက္ခာ မရှိပေ။ ၎င်းတို့၏ တည်ရှိခြင်းတွင် အဓိပ္ပာယ် မရှိပေ။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ပေတရု၏ အတွေ့အကြုံများ- ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့နှင့်သက်ဆိုင်သည့် သူ၏အသိပညာ

ယနေ့တွင် သင်သည် ငါပြောသောစကားများကို မယုံကြည်သကဲ့သို့၊ ယင်းတို့ကို သင် အာရုံမစိုက်ပေ။ ဤအမှုကို ဖြန့်ဝေရန်နှင့် ယင်း၏ အလုံးစုံကို သင် မြင်ရသည့် နေ့ရက် ရောက်လာသည့်အခါ၊ သင်နောင်တရလိမ့်မည် ဖြစ်ပြီး၊ ထိုအချိန်တွင် သင်သည် မှင်တက်နေမိလိမ့်မည်။ ကောင်းချီးမင်္ဂလာများ ရှိသော်လည်း၊ ယင်းတို့ကို ပျော်မွေ့ရကောင်းမှန်း သင်မသိသကဲ့သို့၊ သမ္မာတရား ရှိသော်လည်း၊ သင်မလိုက်စားပေ။ သင်သည် အထင်သေးခံရအောင် မိမိဘာသာပြုခြင်း မဟုတ်လော။ ယနေ့တွင် ဘုရားသခင်၏အမှု နောက်တစ်ဆင့် မစတင်ရသေးသော်လည်း၊ သင်နှင့်သက်ဆိုင်၍ ပြုလုပ်ထားသည့် တောင်းဆိုချက်များနှင့် အသက်ရှင်နေထိုင်ရန် သင့်အား တောင်းဆိုထားသော အရာများနှင့် ပတ်သက်၍ ပုံမှန်ထက်ပိုခြင်း မရှိပေ။ အလွန်များလှစွာသော အမှုရှိသကဲ့သို့၊ အလွန်များလှစွာသော သမ္မာတရားများရှိ၏။ ယင်းတို့ကို သင် သိထိုက်သည် မဟုတ်လော။ ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့သည် သင့်ဝိညာဉ်ကို နိုးထစေနိုင်စွမ်း မရှိသလော။ ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့သည် သင့်ကိုယ်သင် မုန်းတီးစေနိုင်စွမ်း မရှိသလော။ သင်သည် ငြိမ်သက်ခြင်းနှင့် ဝမ်းမြောက်ခြင်း၊ ပြီးလျှင် အနည်းငယ်သော အသွေးအသား နှစ်သိမ့်မှုဖြင့် စာတန်၏ စွမ်းအားအောက်တွင် အသက်ရှင်ဖို့ တင်းတိမ်ရောင့်ရဲနေသလော။ သင်သည် လူအားလုံးတွင် အနိမ့်ကျဆုံးဖြစ်သည် မဟုတ်လော။ ကယ်တင်ခြင်းကို ရှုမြင်ပြီးသော်လည်း၊ ယင်းကို ရရှိရန် မလိုက်စားသောသူတို့ထက် မည်သူမျှ သာ၍ မမိုက်မဲပေ။ ဤသည်တို့မှာ ဇာတိပကတိနှင့်ပတ်သက်၍ အာသာငမ်းငမ်း ပျော်ပါးပြီး၊ စာတန်ကို မွေ့လျော်သူများ ဖြစ်သည်။ ဘုရားသခင်၌ သင်၏ ယုံကြည်ခြင်းသည် မည်သည့်စိန်ခေါ်မှုများ သို့မဟုတ် အတိဒုက္ခများ သို့မဟုတ် ဆင်းရဲဒုက္ခ အနည်းငယ်ကိုမျှ ဖြစ်ပေါ်စေမည်မဟုတ်ဟု သင်မျှော်လင့်သည်။ သင်သည် အသုံးမကျသော ထိုအရာများကို အမြဲလိုက်စားပြီး၊ ဘဝကို တန်ဖိုးမထားပေ၊ ထိုအစား သင်၏ ကိုယ်ပိုင် လွန်ကဲသော အတွေးများကို သမ္မာတရားရှေ့မှောက်သို့ ထားရှိလေသည်။ သင်သည် အလွန် အသုံးမကျပါတကား။ သင်သည် ဝက်တစ်ကောင်ကဲ့သို့ အသက်ရှင်၏- သင်နှင့် ဝက်များ၊ ခွေးများကြားတွင် မည်သည့် ကွာ‌ခြားချက် ရှိပါသနည်း။ သမ္မာတရားကို မလိုက်စားဘဲ ယင်းအစား ဇာတိပကတိကို နှစ်သက်သူများ အားလုံးသည် သားရဲများ ဖြစ်ကြသည်မဟုတ်လော။ ဝိညာဉ်မရှိသော ဤအသေကောင်များ အားလုံးသည် လမ်းလျှောက် နေသည့် အလောင်းကောင်များ မဟုတ်ပေလော။ သင်တို့အလယ်တွင် နှုတ်ကပတ်တော်ပေါင်းမည်မျှ ပြောပြီးပြီနည်း။ သင်တို့အလယ်တွင် အနည်းငယ်သော အမှုကိုသာ လုပ်ဆောင်ပြီးလေပြီလော။ သင်တို့အလယ်တွင် ငါမည်မျှ ထောက်ပံ့ပေးပြီးပြီနည်း။ သို့ဆိုလျှင် သင်သည် အဘယ်ကြောင့် ယင်းကို မရရှိသေးသနည်း။ သင်သည် စောဒကတက်စရာ မည်သည့်အရာ ရှိသနည်း။ သင်သည် ဇာတိပကတိကို အလွန်နှစ်သက်သောကြောင့်၊ မည်သည့်အရာမျှ မရလေပြီမှာ ဟုတ်သည် မဟုတ်လော။ ပြီးလျှင် သင်၏အတွေးများက လွန်ကဲလွန်းသောကြောင့် ဖြစ်သည် မဟုတ်လော။ သင်သည် အလွန်မိုက်မဲလွန်းသောကြောင့် ဖြစ်သည် မဟုတ်လော။ ဤကောင်းချီးမင်္ဂလာများကို သင်သည် ရယူနိုင်စွမ်းမရှိပါက၊ သင့်ကို မကယ်တင်ခြင်းအတွက် ဘုရားသခင်ကို သင် အပြစ်တင်နိုင်သလော။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ပေတရု၏ အတွေ့အကြုံများ- ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့နှင့်သက်ဆိုင်သည့် သူ၏အသိပညာ

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။