တာဝန်ဆိုသည်မှာ မည်သည့်အရာဖြစ်ပြီး လူတစ်ယောက်သည် မိမိ၏တာဝန်ကို မည်သို့ သဘောထားသင့်သနည်း

12.03.2021

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

ငါတို့၏ဖြစ်တည်မှုအလုံးစုံသည် ဘုရားသခင်ထံမှလာပြီး ဘုရားသခင်၏ အချုပ်အခြာအာဏာကြောင့် တည်ရှိသည့်အတွက်၊ လူသားမျိုးနွယ်ဝင်များနှင့် ဘုရားတရားကိုင်းရှိုင်းသော ခရစ်ယာန်များ အနေဖြင့် ဘုရားသခင်၏တာဝန်ပေးစေခိုင်းချက်ကို ဖြည့်ဆည်းခြင်းအတွက် ငါတို့၏ စိတ်နှင့် ခန္ဓာများကို ဆက်ကပ်ပူဇော်ရန်မှာ ငါတို့အားလုံး၏ တာဝန်နှင့် ဝတ္တရားဖြစ်သည်။ အကယ်၍ ငါတို့၏စိတ်နှင့် ခန္ဓာတို့သည် ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်အတွက် မဟုတ်သကဲ့သို့၊ လူသားမျိုးနွယ်၏ ဖြောင့်မတ်ခြင်း အကြောင်းတရားအတွက် မဟုတ်ပါက၊ ငါတို့၏ ဝိညာဉ်များသည် ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်အတွက် မာတုရဖြစ်ခဲ့ကြသူများနှင့် မထိုက်တန်ဟု ခံစားရလိမ့်မည် ဖြစ်ပြီး၊ ငါတို့ကို အရာရာ ထောက်ပံ့ပေးပြီးဖြစ်သည့် ဘုရားသခင်အတွက် များစွာသာ၍ မထိုက်တန်ဟု ခံစားရလိမ့်မည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ နောက်ဆက်တွဲ (၂)- လူသားမျိုးနွယ်တစ်ရပ်လုံး၏ ကံကြမ္မာအပေါ် ဘုရားသခင် တာဝန်ယူဦးဆောင်သည်

လူ၏တာဝန်နှင့် သူ ကောင်းချီးခံစားရခြင်း သို့မဟုတ် ကျိန်ခြင်းခံရခြင်း ရှိမရှိဆိုသည်တို့ကြားတွင် အချင်းချင်း ဆက်နွှယ်နေမှု မရှိပေ။ တာဝန်သည် လူက ဖြည့်ဆည်းသင့်သည့်အရာ ဖြစ်သည်။ ယင်းသည် ကောင်းကင်ဘုံပေးသည့် သူ၏အသက်မွေးအလုပ် ဖြစ်ပြီး၊ ဆုလာဘ်၊ အခြေအနေများ သို့မဟုတ် အကြောင်းရင်းများပေါ်တွင် မမူတည်သင့်ပေ။ ထိုအခါမှသာ သူ၏တာဝန်ကို သူ လုပ်ဆောင်နေခြင်း ဖြစ်သည်။ ကောင်းချီးမင်္ဂလာ ခံစားရဖို့ဟူသည်မှာ တစ်စုံတစ်ဦးသည် တရားစီရင်ခြင်းကို ကြုံရပြီးနောက် စုံလင်စေခြင်းခံရကာ ဘုရားသခင်၏ ကောင်းချီးမင်္ဂလာများကို မွေ့လျော်ရခြင်း ဖြစ်သည်။ ကျိန်ခြင်းအမင်္ဂလာခံရဖို့ဟူသည်မှာ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့ကို ကြုံရပြီးနောက် တစ်စုံတစ်ဦး၏ စိတ်သဘောထား မပြောင်းလဲခြင်း ဖြစ်သည်၊ ယင်းမှာ ၎င်းတို့သည် စုံလင်စေခြင်းကို မတွေ့ကြုံရဘဲ အပြစ်ပေးခံရသည့်အချိန် ဖြစ်သည်။ ၎င်းတို့ ကောင်းချီးပေး ခံရသည်ဖြစ်စေ၊ ကျိန်ခြင်းခံရသည်ဖြစ်စေ၊ ဖန်ဆင်းခံသတ္တဝါများသည် ၎င်းတို့ လုပ်ဆောင်သင့်သည့်အရာကို လုပ်ဆောင်ရင်းနှင့် လုပ်ဆောင်နိုင်သည့်အရာကို လုပ်ဆောင်ရင်း၊ ၎င်းတို့၏တာဝန်ကို ဖြည့်ဆည်းသင့်ကြပေသည်။ ဤသည်မှာ လူတစ်ဦး၊ ဘုရားသခင်နောက်ကိုလိုက်သည့် လူတစ်ဦးက အနည်းဆုံး လုပ်ဆောင်သင့်သည့်အရာ ဖြစ်သည်။ သင်သည် ကောင်းချီးမင်္ဂလာ ခံစားရရန်သာ သင်၏တာဝန်ကို မလုပ်ဆောင်သင့်သကဲ့သို့၊ ကျိန်ခြင်း ခံရမည်ကို ကြောက်ရွံ့ခြင်းအတွက် ဆောင်ရွက်ရန် မငြင်းဆန်သင့်ပေ။ ဤအရာတစ်ခုကို သင်တို့အား ငါပြောပါရစေ- သူ၏တာဝန်နှင့်သက်ဆိုင်သည့် လူ၏ စွမ်းဆောင်မှုသည် သူ လုပ်ဆောင်သင့်သည့်အရာ ဖြစ်ပြီး၊ သူသည် သူ၏တာဝန်ကို ဆောင်ရွက်နိုင်စွမ်း မရှိပါက၊ ဤသည်မှာ သူ၏ ပုန်ကန်မှုကြောင့် ဖြစ်သည်။ လူသည် တဖြည်းဖြည်း ပြောင်းလဲသည်မှာ သူ၏တာဝန်ကို လုပ်ဆောင်ခြင်း ဖြစ်စဉ်မှတစ်ဆင့်ဖြစ်ပြီး သူ၏ သစ္စာစောင့်သိမှုကို ပြသသည်မှာ ဤဖြစ်စဉ်မှတစ်ဆင့် ဖြစ်ပေသည်။ ထိုသို့ဖြင့် သင်သည် သင်၏တာဝန်ကို ပို၍ လုပ်ဆောင်နိုင်လေ၊ သာ၍ များသည့် သမ္မာတရားကို သင် ရရှိလေဖြစ်လိမ့်မည် ဖြစ်ပြီး၊ သင်၏ဖော်ပြချက်သည် သာ၍ စစ်မှန်လာလေ ဖြစ်လိမ့်မည် ဖြစ်သည်။ ၎င်းတို့၏တာဝန်ကို လုပ်ဆောင်ရာတွင် ဟန်ဆောင်လုပ်ပြရုံမျှလုပ်ပြပြီး သမ္မာတရားကို မရှာဖွေသောသူတို့သည် အဆုံးတွင် သုတ်သင်ပယ်ရှင်းခြင်းကို ခံရလိမ့်မည်၊ အဘယ့်ကြောင့်ဆိုသော် ထိုသို့သော လူတို့သည် ၎င်းတို့၏ တာဝန်ကို သမ္မာတရားအား လက်တွေ့လုပ်ဆောင်ခြင်းဖြင့် မလုပ်ဆောင်ကြသကဲ့သို့၊ ၎င်းတို့၏ တာဝန်ကို ဖြည့်ဆည်းခြင်းတွင် သမ္မာတရားကို လက်တွေ့မလုပ်ဆောင်ကြသည့် အတွက် ဖြစ်သည်။ ၎င်းတို့သည် မပြောင်းမလဲ ရှိနေသူများဖြစ်ပြီး ကျိန်ခြင်းကို ခံကြရလိမ့်မည်။ ၎င်းတို့၏ ဖော်ပြချက်များသည် မစင်ကြယ်သည်သာမက၊ ၎င်းတို့ ဖော်ပြသည့် အရာတိုင်းသည် ဆိုးယုတ်လေသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လူ့ဇာတိခံ ဘုရားသခင်၏အမှုတော်နှင့် လူ၏တာဝန်ကြား ကွဲပြားခြားနားမှု

တာဝန်မှာ မည်သည့်အရာ ဖြစ်သနည်း။ သင်၏တာဝန်ကို သင်စီမံသည် မဟုတ်ပေ၊ ၎င်းမှာ သင်၏စီမံကိန်း သို့မဟုတ် သင်၏ကိုယ်ပိုင်အလုပ် မဟုတ်ပေ။ ယင်းအစား ၎င်းမှာ ဘုရားသခင်၏အမှု ဖြစ်သည်။ ဘုရားသခင်၏အမှုသည်၊ သင်၏ပူးပေါင်းဆောင်ရွက်မှုလိုအပ်ပေသည်၊ ယင်းက သင်၏တာဝန်ကို ဖြစ်ပေါ်စေခြင်း ဖြစ်၏။ လူသား ပူးပေါင်းဆောင်ရွက်ရမည့် ဘုရားသခင်၏ အမှု အစိတ်အပိုင်းမှာ လူသား၏တာဝန် ဖြစ်သည်။ တာဝန်မှာ ဘုရားသခင်၏ အမှု အစိတ်အပိုင်း ဖြစ်သည်- သင်၏စီမံကိန်း၊ သင်၏ အိမ်တွင်းရေးကိစ္စမဟုတ်သကဲ့သို့ ဘဝထဲက သင်၏ ပုဂ္ဂိုလ်ရေး ကိစ္စမဟုတ်ပေ။ သင်၏ တာဝန်သည် အပြင်ပိုင်း အရေးကိစ္စများကို ကိုင်တွယ်ဖြေရှင်းဖို့ဖြစ်စေ အတွင်းရေးကိစ္စများကို ကိုင်တွယ်ဖြေရှင်းဖို့ဖြစ်စေ ၎င်းမှာ ဘုရားသခင်၏ အိမ်တော်၏အလုပ် ဖြစ်သည်၊ ၎င်းမှာ ဘုရားသခင်၏ စီမံခန့်ခွဲမှုအစီအစဉ်၏ အစိတ်အပိုင်းတစ်ခု ဖြစ်ပြီး၊ သင့်ကို ဘုရားသခင် ပေးခဲ့ပြီးသော တာဝန်ပေးစေခိုင်းချက် ဖြစ်သည်။ ယင်းသည် သင်၏ ကိုယ်ပိုင်လုပ်ငန်းမဟုတ်ချေ။

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ“သမ္မာတရား၏အခြေခံသဘောတရားများကို ရှာဖွေခြင်းဖြင့်သာမိမိ၏တာဝန်ကို ကောင်းစွာ ထမ်းဆောင်နိုင်သည်” မှ

တာဝန် မည်သို့မည်ပုံ ပေါ်ပေါက်လာသနည်း။ ကျယ်ကျယ်ပြန့်ပြန့်ဆိုရလျှင် လူသားတို့ထံ ကယ်တင်ခြင်းကို ယူဆောင်လာခြင်းတည်းဟူသော ဘုရားသခင့် စီမံခန့်ခွဲမှုအလုပ်၏ ရလဒ်တစ်ခုအဖြစ် ပေါ်ပေါက်လာသည်။ အတိအကျ ဆိုရလျှင် ဘုရားသခင်၏ စီမံခန့်ခွဲမှုအလုပ်သည် လူသားတို့ကြားတွင် သိသာထင်ရှားလာသည်နှင့်အမျှ ဆောင်ရွက်ရန်လိုအပ်သော အလုပ်တာဝန်ပေါင်းစုံ ပေါ်ပေါက်လာကာ၊ ယင်းအလုပ်များသည် လူတို့ပူးပေါင်းဆောင်ရွက်ရန်နှင့် ပြီးစီးအောင်လုပ်ရန် လိုအပ်လာသည်။ ယင်းမှ လူတို့ဖြည့်ဆည်းရန် တာဝန်များနှင့် အထူးတာ၀န်များ ပေါ်ပေါက်လာရာ ယင်းတာဝန်များနှင့် အထူးတာ၀န်များသည် ဘုရားသခင်က လူသားမျိုးနွယ်အပေါ် ပေးသနားသည့် တာဝန်များပေတည်း။ ထို့ကြောင့် ဘုရားသခင်၏ အိမ်တော်တွင် လူတို့၏ ပူးပေါင်းဆောင်ရွက်မှု လိုအပ်သည့် အလုပ်အမျိုးမျိုးမှာ ၎င်းတို့ဖြည့်ဆည်းသင့်သည့် တာဝန်များဖြစ်သည်။ ထို့ကြောင့် တာဝန်များကြားတွင် သာ၍ကောင်းမွန်ခြင်းနှင့် သာ၍ဆိုးခြင်း၊ မြင့်မားခြင်းနှင့် နိမ့်ကျခြင်း၊ သို့မဟုတ် ကြီးမြတ်ခြင်းနှင့် သေးငယ်ခြင်းတို့အရ ခြားနားချက်များရှိသလော။ ထိုသို့သော ခြားနားချက်များ မတည်ရှိပေ။ တစ်စုံတစ်ရာသည် ဘုရားသခင်၏ စီမံခန့်ခွဲခြင်းအမှုနှင့် ပတ်သက်သရွေ့၊ တစ်စုံတစ်ရာသည် သူ၏အမှုကို ဘုရားသခင်ဆောင်ရွက်ခြင်းနှင့်ဆိုင်သော သတ်မှတ်ချက်တစ်ခု ဖြစ်သရွေ့၊ သို့မဟုတ် သူ့အိမ်တော်အမှု၏ သတ်မှတ်ချက်တစ်ခု ဖြစ်သရွေ့၊ ယင်းသည် လူတစ်ဦး၏ တာဝန်ဖြစ်သည်။ ဤသည်မှာ တာဝန်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်နှင့် ဇာစ်မြစ်ဖြစ်သည်။ ဘုရားသခင်၏ စီမံခန့်ခွဲခြင်းအမှု မရှိဘဲနှင့်၊ ကမ္ဘာပေါ်ရှိ လူတို့၌- ၎င်းတို့မည်သို့အသက်ရှင်ကြသည်ဖြစ်စေ- တာဝန်များ ရှိကြမည်လော။ (ရှိမည်မဟုတ်ပါ။) ဖန်ဆင်းခံသတ္တဝါများ၏ တာဝန်များနှင့် လူသားမျိုးနွယ်ကို ကယ်တင်ခြင်းနှင့် သက်ဆိုင်သော ဘုရားသခင်၏ စီမံခန့်ခွဲခြင်း အမှုတို့ကြားတွင် တိုက်ရိုက်ဆက်နွှယ်မှုတစ်ခု ရှိသည်ကို ယခု သင်တို့မြင်ရပြီ။ လူသားမျိုးနွယ်ကို ဘုရားသခင်၏ကယ်တင်ခြင်း မရှိဘဲ၊ ထို့ပြင် လူသားကြားတွင်၊ ကမ္ဘာမြေပေါ်တွင် သူအစပျိုးထားသည့် စီမံခန့်ခွဲခြင်းအမှု မရှိဘဲ၊ လူတို့၌ ပြောစရာ မည်သည့်တာဝန်များမျှ ရှိမည်မဟုတ်ကြောင်း ဆိုနိုင်သည်။ ယင်းကို ဤရှုထောင့်မှ ကြည့်သည့်အခါ၊ တာဝန်သည် ဘုရားသခင်နောက်လိုက်သည့် လူတိုင်းအတွက် အရေးကြီး၏၊ ဟုတ်သည် မဟုတ်လော။ ကျယ်ကျယ်ပြန့်ပြန့် ပြောရမည်ဆိုလျှင်၊ သင်သည် ဘုရားသခင်၏ စီမံခန့်ခွဲခြင်း အစီအစဉ်နှင့် သက်ဆိုင်သော အမှုတွင် ပါဝင်နေခြင်း ဖြစ်သည်။ သာ၍ တိတိကျကျပြောရလျှင်၊ သင်သည် မတူကွဲပြားသော အချိန်များနှင့် မတူကွဲပြားသော လူစုတို့အလယ် လိုအပ်သည့် ဘုရားသခင်၏ အလုပ်အမျိုးအစား အမျိုးမျိုးကို ပူးပေါင်းဆောင်ရွက်နေခြင်း ဖြစ်သည်။ သင်၏တာဝန်သည် မည်သည့်အရာဖြစ်နေပါစေ ယင်းသည် သင့်ကို ဘုရားသခင်ပေးထားသည့် လုပ်ငန်းတာဝန်ဖြစ်၏။ တစ်ခါတစ်ရံ အရေးကြီးသော အရာဝတ္ထုတစ်ခုကို စောင့်ရှောက်ဖို့၊ သို့မဟုတ် ကာကွယ်ပေးဖို့ သင်သည် တောင်းဆိုခံရကောင်း ခံရနိုင်သည်။ ဤသည်မှာ ယှဉ်ကြည့်လျှင် သင်၏ တာဝန်တစ်ခုအဖြစ်သာ ဆိုနိုင်သည့် အသေးအဖွဲကိစ္စတစ်ခု ဖြစ်ကောင်းဖြစ်မည်၊ သို့သော် ယင်းသည် သင့်ကို ဘုရားသခင်ပေးထားသည့် တာဝန်တစ်ခု ဖြစ်သည်။ ယင်းကို သူ့ထံမှ သင်လက်ခံရရှိခြင်း ဖြစ်သည်။ သာ၍ ယေဘုယျကျသော ဝေါဟာရများဖြင့် ပြောရလျှင်၊ ဧဝံဂေလိတရား ဖြန့်ဝေဖို့၊ သို့မဟုတ် အသင်းတော်တစ်ပါးကို ဦးဆောင်ဖို့ ဖြစ်ကောင်းဖြစ်မည့်၊ သို့မဟုတ် သာ၍ပင် အန္တရာယ်များပြီး သာ၍ပင် အရေးကြီးမည့်အလုပ် ဖြစ်ကောင်းဖြစ်မည့် လုပ်ငန်းတာဝန်တစ်ခုကို ဘုရားသခင်က သင့်ကို ပေး၏။ မည်သို့ပင်ဖြစ်စေ ယင်းသည် ဘုရားသခင်၏အမှု၊ သူ့အိမ်တော်၏အမှုနှင့် ပတ်သက်သရွေ့၊ လူတို့သည် ယင်းကို ဘုရားသခင်ထံမှ တာဝန်တစ်ခုအဖြစ် လက်ခံသင့်ပေသည်။ သာ၍ ယေဘုယျကျသော ဝေါဟာရများဖြင့် ပြောရလျှင်၊ တာဝန်ဆိုသည်မှာ လူတစ်ဦး၏ လုပ်ငန်းတာဝန်တစ်ခု၊ ဘုရားသခင် ပေးအပ်သည့် တာဝန်ပေးစေခိုင်းချက်တစ်ခု ဖြစ်သည်။ သာ၍ တိကျစွာပြောရလျှင်၊ ယင်းသည် သင်၏တာဝန်၊ သင်၏ဝတ္တရားဖြစ်၏။ ယင်းသည် သင်၏လုပ်ငန်းတာဝန်၊ သင့်ကို ဘုရားသခင်ပေးအပ်ထားသည့် တာဝန်ပေးစေခိုင်းချက်တစ်ခုဖြစ်သည့်အပြင် သင်၏တာဝန်နှင့် ဝတ္တရားဖြစ်သည်ကို ထောက်ဆသော်၊ ယင်းသည် သင်၏ကိုယ်ရေးကိုယ်တာ အရေးကိစ္စများနှင့် မည်သို့မျှ မပတ်သက်ပေ။

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ“ပြည့်မီသော တာဝန်ထမ်းဆောင်မှုဆိုသည်မှာ အဘယ်နည်း။” မှ

ဘုရားသခင်၏ဖန်ဆင်းခံတို့သည် ၎င်းတို့၏တာဝန်ကို ထမ်းဆောင်သင့်သည်၊ သင်သည် ဘုရားသခင်၏ အုပ်စိုးမှုအောက်၌ အသက်ရှင်လျက်ရှိကာ ဘုရားသခင်ပေးသောအရာအားလုံး၊ ဘုရားသခင်ထံမှလာသော အရာခပ်သိမ်းကို လက်ခံသောကြောင့် သင်သည် သင်၏တာဝန်နှင့် ဝတ္တရားများကို ဖြည့်ဆည်းသင့်သည်၊ ဤသည်မှာ သင်၏တာဝန်ပင် ဖြစ်သည်။ ထိုမှတစ်ဆင့် လူတို့အနေဖြင့် ဘုရားသခင်၏ဖန်ဆင်းခံတစ်ဦးနှင့်ဆိုင်သည့် တာဝန်ကို ထမ်းဆောင်ခြင်းသည် ဤလူ့ကမ္ဘာတွင်အသက်ရှင်စဉ် အခြားမည်သည့်အရာကိုမဆို လုပ်ဆောင်ခြင်းထက် ပို၍ ဖြောင့်မတ်ကာ တင့်တယ်ပြီး မြင့်မြတ်ကြောင်း တွေ့မြင်နိုင်သည်။ ဘုရားသခင်၏ဖန်ဆင်းခံတစ်ဦးနှင့်ဆိုင်သည့် တာဝန်ကို ထမ်းဆောင်ခြင်းထက် လူတို့အကြားတွင် မည်သည့်အရာကမျှ ပို၍အဓိပ္ပာယ်မရှိ၊ သို့မဟုတ် ပို၍တန်ဖိုးမရှိသည့်အပြင် မည်သည့်အရာကမျှ ဘုရားသခင့်ဖန်ဆင်းခံတစ်ဦး၏ အသက်တာအတွင်းသို့ သာ၍ကြီးမားသော အဓိပ္ပာယ်နှင့် အနှစ်သာရကို မဆောင်ကြဉ်းပေ။ ဘုရားသခင်၏ ဖန်ဆင်းခံတစ်ဦးအနေဖြင့် ဘုရားသခင်၏ဖန်ဆင်းခံတစ်ဦးနှင့်ဆိုင်သည့် တာဝန်ကို ထမ်းဆောင်နိုင်ခြင်း၊ ဖန်ဆင်းရှင်ကို ကျေနပ်မှုပေးနိုင်ခြင်းသည် လူတို့အကြားတွင် ဝမ်းမြောက်ဖွယ်အကောင်းဆုံးအရာဖြစ်ပြီး၊ ယင်းသည် လူတို့အကြားတွင် ချီးကျူးဂုဏ်ပြုသင့်သောအရာပင် ဖြစ်သည်။ ဖန်ဆင်းရှင်က ဘုရားသခင်၏ဖန်ဆင်းခံများထံ အပ်နှံထားသော မည်သည့်အရာကိုမဆို ၎င်းတို့က အကြွင်းမဲ့လက်ခံသင့်သည်၊ ယင်းသည် လူတို့အတွက် မင်္ဂလာရှိကာ အသရေပွင့်သောအရာဖြစ်ပြီး၊ ဘုရားသခင့်ဖန်ဆင်းခံတစ်ဦး၏တာဝန်ကို ထမ်းဆောင်သော လူမျိုးနွယ်အားလုံးအတွက် မည်သည့်အရာကမျှ ပို၍ ဝမ်းမြောက်ဖွယ်၊ သို့မဟုတ် အောက်မေ့ဂုဏ်ပြုထိုက်ဖွယ် မကောင်းပေ၊ ဤသည်မှာ အပြုသဘောဆောင်သောအရာပင် ဖြစ်သည်။ ဖန်ဆင်းရှင်က ဘုရားသခင့်ဖန်ဆင်းခံတစ်ဦး၏ တာဝန်ကို ထမ်းဆောင်သောသူတို့ကို ဆက်ဆံပုံနှင့် သူတို့ကို ကတိပေးသောအရာနှင့် ပတ်သက်၍မူ ယင်းသည် ဖန်ဆင်းရှင်နှင့်ဆိုင်သည့် ကိစ္စရပ်သာဖြစ်ပြီး၊ လူတို့၏ ကိစ္စမဟုတ်ပေ။ ပွင့်ပွင်းလင်းလင်းဆိုရသော် ယင်းသည် ဘုရားသခင်နှင့်သာ ဆိုင်သည်၊ သင်သည် သင့်အား ဘုရားသခင်ပေးသော မည်သည့်အရာကိုမဆို ရလိမ့်မည်ဖြစ်ပြီး၊ သူသည် သင့်အား မည်သည့်အရာကိုမျှ မပေးပါက သင်သည် ဤအရာနှင့်စပ်လျဉ်း၍ မည်သည့်အရာကိုမျှ ပြော၍မရပေ။ ဘုရားသခင်၏ ဖန်ဆင်းခံတစ်ဦးအနေဖြင့် ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်ကို လက်ခံကာ မိမိ၏တာဝန်ကို ထမ်းဆောင်ရန်နှင့် ၎င်းတို့လုပ်ဆောင်နိုင်သည်ကို လုပ်ဆောင်ရန် ဖန်ဆင်းရှင်နှင့် လက်တွဲပူပေါင်းပါက ယင်းသည် အပေးအယူတစ်ရပ်၊ သို့မဟုတ် ကုန်သွယ်မှုတစ်ခု မဟုတ်ပေ၊ ဘုရားသခင်၏ ဖန်ဆင်းခံများသည် ဘုရားသခင်ထံမှ ကောင်းချီးများ၊ သို့မဟုတ် ကတိတော်များကို လဲလှယ်ရယူရန် မည်သည့်သဘောထား၊ သို့မဟုတ် မည်သည့်အရာကိုမျှ အသုံးပြုရန် မကြိုးပမ်းရပေ။ ဖန်ဆင်းရှင်က ဤအမှုကို သင်တို့ထံတွင် အပ်နှံထားသောအခါ ဘုရားသခင်၏ ဖန်ဆင်းခံများအနေဖြင့် သင်တို့သည် ဤတာဝန်နှင့် တာဝန်ပေးစေခိုင်းချက်ကို လက်ခံခြင်းက မှန်ကန်ပြီး သင့်လျော်ပေသည်၊ အပေးအယူလုပ်ခြင်း မပါဝင်ပေ။ ဖန်ဆင်းရှင်ဘက်တွင် သူသည် ဤတာဝန်ပေးစေခိုင်းချက်ကို သင်တို့တစ်ဦးတစ်ယောက်ချင်းစီထံတွင် အပ်နှံလိုသည်၊ ဖန်ဆင်းခံလူတို့ဘက်တွင် လူတို့သည် ထိုအရာကို ၎င်းတို့၏ ဘဝပေးဝတ္တရားနှင့် ဤအသက်တာတွင် ၎င်းတို့အရိုးထုတ်သွားသင့်သည့် တန်ဖိုးအဖြစ် သဘောထားကာ ဤတာဝန်ကို ဝမ်းပန်းတသာ လက်ခံသင့်သည်။ ၎င်းတွင် မည်သည့်ဆုလာဘ်၊ သို့မဟုတ် မည်သည့်အဓိပ္ပာယ်မျိုးမျှ ပါဝင်ရန်ဝေးစွ၊ ဤနေရာတွင် အပေးအယူလုပ်ခြင်းမပါဝင်ပေ၊ ဤအရာသည် တူညီသောအလဲအလှယ်ပြုလုပ်ခြင်း မဟုတ်ပေ။ ယင်းသည် ကုန်သွယ်မှုမဟုတ်၊ ယင်းသည် လူတို့အနေဖြင့် ၎င်းတို့တာဝန်ကို ထမ်းဆောင်သောအခါ လူတို့ထည့်ဝင်သော လုပ်အား၊ သို့မဟုတ် လူတို့ပေးသော တန်ဖိုးအတွက် အလဲအလှယ်တစ်ခု မဟုတ်ပေ။ ဘုရာသခင်သည် ထိုအရာကို မည်သည့်အခါမျှ မပြောခဲ့သကဲ့သို့ လူတို့အနေဖြင့်လည်း ထိုကဲ့သို့ နားလည်မထားသင့်ပေ။

အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၌ “၎င်းတို့သည် မိမိတို့ကိုယ်ကိုယ် ထင်ရှားကျော်ကြားမှု ရစေဖို့... ၎င်းတို့၏တာဝန်ကို ထမ်းဆောင်ခြင်းဖြစ်သည်။... (၇)” မှ

ဘုရားသခင်၏ တာ၀န်ပေးစေခိုင်းချက်များကို သင် မည်သို့ ယူမှတ်သည်မှာ အလွန်အရေးကြီးသော ကိစ္စရပ်တစ်ခု ဖြစ်သည်။ သင့်ကို ဘုရားသခင် အပ်နှံထားသည့်အရာကို သင် မပြည့်စုံစေနိုင်လျှင်၊ သင်သည် သူ၏ မျက်မှောက်တော်တွင် အသက်ရှင်ရန် မသင့်တော်သကဲ့သို့၊ အပြစ်ပေးခံရသင့်ပေသည်။ ဘုရားသခင် အပ်နှံသည့် မည်သည့် တာဝန်များကိုမဆို ပြည့်စုံစေဖို့မှာ လူသားများအတွက် ကောင်းကင်ဘုံ၏ ဥပဒေဖြစ်ပြီး မြေကြီး၏ အခြေခံသဘောတရား ဖြစ်ပေသည်၊ ဤသည်မှာ ၎င်းတို့၏ အမြင့်ဆုံး တာဝန်ဖြစ်ပြီး၊ ၎င်းတို့၏ တကယ့် အသက်တမျှပင် အရေးကြီးပေသည်။ ဘုရားသခင်၏ တာ၀န်ပေး စေခိုင်းချက်များကို သင် အလေးအနက်မထားလျှင်၊ သင်သည် သူ့ကို အဆိုးရွားဆုံးသော နည်းလမ်းဖြင့် သစ္စာဖောက်နေခြင်း ဖြစ်သည်၊ ဤတွင်၊ သင်သည် ယုဒထက် ပိုမိုကြေကွဲဝမ်းနည်းဖွယ်ကောင်းပြီး ကျိန်ဆဲခံရသင့်ပေသည်။ လူတို့သည် ၎င်းတို့အပေါ် ဘုရားသခင် အပ်နှံသည့်အရာကို ရှုမြင်ပုံနှင့်ပတ်သက်၍ အကုန်အစင် သိနားလည်မှုတစ်ခု ရရှိရမည်ဖြစ်ပြီး၊ အနည်းဆုံးအနေဖြင့်၊ လူသားမျိုးနွယ်ကို သူ အပ်နှံသည့် တာဝန်ပေးစေခိုင်းချက်များသည် ဘုရားသခင်ထံမှ ချီးမြှောက်ခြင်းများနှင့် အထူး မျက်နှာသာပေးခြင်းများ ဖြစ်သည်၊ ၎င်းတို့သည် ဂုဏ်ကျက်သရေအရှိဆုံးသော အရာများ ဖြစ်သည်ကို သဘောပေါက်ရမည်။ အခြားအရာအားလုံးကို စွန့်ပစ်နိုင်သည်- လူတစ်ဦးသည် မိမိ၏ အသက်ကို စွန့်လွှတ်ရမည်ဖြစ်လျှင်ပင်၊ သူသည် ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်ကို ဖြည့်ဆည်းမြဲ ဖြည့်ဆည်းရမည်။

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ“လူ့သဘာဝကို သိရှိရန် နည်းလမ်း” မှ

သင့်အား ဘုရားသခင်နှင့် ဆက်သွယ်ပေးသည့် ရင်းနှီးမှုကို တိုက်ရိုက်၊ သိသိသာသာ အထင်ဟပ်ဆုံးသော အရာသည် သင့်အပေါ် ဘုရားသခင်မှ အပ်နှံသည့် အကြောင်းအရာများ၊ သင့်ကို ဘုရားသခင် ချပေးသည့် အလုပ်တာဝန်များအပေါ် သင် ခံယူသည့် ပုံစံနှင့် သင့်တွင်ရှိသော သဘောထားဖြစ်သည်။ တိုက်ရိုက်အကျဆုံး ကြည့်ရှုလေ့လာနိုင်သောအရာမှာ ဤပြဿနာ ဖြစ်သည်။ ဤအရေးပါသော အချက်ကို သင် နားလည်သဘောပေါက်ပြီး ဘုရားသခင်မှ သင့်ကို ပေးအပ်သော စေခိုင်းချက်ကို ဖြည့်ဆည်းသည့်အခါတွင် ဘုရားသခင်နှင့် သင်၏ ဆက်ဆံရေးသည် ပုံမှန်ဖြစ်လိမ့်မည်။ ဘုရားသခင်က သင့်အား အလုပ်တာဝန်တစ်ခုကို အပ်နှံသောအခါ၊ သို့မဟုတ် တာဝန်တစ်ခုကို ထမ်းဆောင်ရန် ပြောသောအခါ သင်၏ သဘောထားသည် ပြီးစလွယ်ဖြင့် စိတ်မပါဖြစ်နေလျှင်၊ ပထမဦးစားပေးအဖြစ် သင် မမှတ်ယူလျှင် ဤသည်မှာ သင်၏ စိတ်နှလုံးနှင့် ခွန်အားအလုံးစုံကို ပေးခြင်းနှင့် ဆန့်ကျင်ဘက် အတိအကျပင် မဟုတ်သလော။ ထို့ကြောင့် သင့်တာဝန်ကို ထမ်းဆောင်ရာ၌ သင်၏ သဘောထားသည် အလွန်အရေးကြီးသကဲ့သို့ သင် ရွေးချယ်သည့် နည်းလမ်းနှင့် လမ်းကြောင်းမှာလည်း ထိုကဲ့သို့ပင်ဖြစ်သည်။ သင်၏တာဝန်ကို ပြီးစလွယ်နှင့် ကပျာကယာ ဆောင်ရွက်ခြင်းနှင့် ယင်းကို ပေါ့ပေါ့တန်တန် သဘောထားခြင်း၏ ရလဒ်မှာ အဘယ်နည်း။ ယင်းသည် သင်၏ တာဝန်နှင့်သက်ဆိုင်သည့် ညံ့ဖျင်းသော စွမ်းဆောင်မှု ဖြစ်သည်၊ သင့်အနေဖြင့် သင်၏ တာဝန်ကို ကောင်းကောင်းမွန်မွန် ဆောင်ရွက်နိုင်စွမ်းရှိသော်လည်း- သင်၏ တာဝန်သည် စံမီလိမ့်မည်မဟုတ်သကဲ့သို့၊ သင်၏ တာဝန်ပေါ် ထားရှိသည့် သင်၏ သဘောထားနှင့်ပတ်သက်၍ ဘုရားသခင် စိတ်ကျေနပ်လိမ့်မည် မဟုတ်ပေ။ မူလက၊ သင်သည် ပုံမှန် ကြိုးစားခဲ့ပြီး ပူးပေါင်းလုပ်ဆောင်ခဲ့ပြီးဖြစ်ပါက၊ ယင်းကို သင်၏ အတွေးများအားလုံး ပေးအပ်မြှုပ်နှံခဲ့ပြီး ဖြစ်ပါက၊ ယင်းကို လုပ်ဆောင်ခြင်းထဲသို့ သင်၏ စိတ်နှလုံးနှင့် ဝိညာဉ်တို့ကို ထားရှိပြီး၊ သင်၏ အားထုတ်မှုအားလုံးကို စိုက်ထုတ်ပြီးဖြစ်ကာ သင်၏ အားထုတ်မှု၊ သင်၏ ကြိုးပမ်းမှုနှင့် သင်၏ အတွေးများကို အချိန်ကာလတစ်ခုကြာ ပေးအပ်မြှုပ်နှံခဲ့ပြီးဖြစ်ပါက၊ သို့မဟုတ် စာပေများကို ကိုးကားခြင်းအား အချိန်တစ်ချို့ ပေးအပ်မြှုပ်နှံခဲ့ပြီးဖြစ်ကာ သင်၏ စိတ်နှင့်ခန္ဓာတစ်ခုလုံးကို ထိုအရာ၌ နှစ်မြှုပ်ထားခဲ့ပြီးဖြစ်ပါက၊ သင်သည် ထိုသို့ ပူးပေါင်းလုပ်ဆောင်နိုင်စွမ်း ရှိပါက၊ ဘုရားသခင်သည် သင့်ကို လမ်းပြလျက် ရှေ့တွင်ရှိမည်ဖြစ်သည်။ သင့်အနေဖြင့် ခွန်အားစိုက်ထုတ်ဖို့ များစွာ မလိုအပ်ပေ။ ပူးပေါင်းလုပ်ဆောင်မှုတွင် သင်သည် မခြွင်းမချန် အားထုတ်သည့်အခါတွင်၊ ဘုရားသခင်သည် သင့်အတွက် အရာရာ စီစဉ်နှင့်ပြီး ဖြစ်လိမ့်မည်။ သင်သည် ဉာဏ်များကာ သစ္စာဖောက်ပြီး၊ အလုပ်ကို တစ်ဝက်တစ်ပျက်လုပ်လျက်၊ စိတ်နှလုံးပြောင်းလဲကာ လမ်းလွဲပါက၊ ဘုရားသခင်သည် သင့်ကို လုံးဝစိတ်ဝင်စားမည် မဟုတ်ပေ။ သင်သည် ဤအခွင့်အရေးကို ဆုံးရှုံးပြီးဖြစ်လိမ့်မည်ဖြစ်ပြီး၊ ဘုရားသခင်က၊ “သင်သည် ကျေနပ်လောက်အောင် မကောင်းပေ။ သင်သည် အသုံးမကျပေ။ ဘေးထွက်ရပ်လော့။ သင်သည် ပျင်းရိရသည်ကို နှစ်သက်သည် မဟုတ်လော။ လှည့်ဖြားတတ်ခြင်းနှင့် ကောက်ကျစ်တတ်ခြင်းကို သင် နှစ်သက်သည် မဟုတ်လော။ အနားယူရသည်ကို သင် နှစ်သက်သလော။ ကဲ ထိုသို့ဆိုလျှင် အနားယူလော့” ဟု ဆိုလိမ့်မည်။ ဘုရားသခင်သည် ဤကျေးဇူးတော်နှင့် အခွင့်အရေးကို နောက်လူအား ပေးလိမ့်မည်။ သင် မည်သည့်အရာ ပြောသနည်း- ဤသည်မှာ ဆုံးရှုံးမှုတစ်ခုလော၊ အောင်မြင်မှုတစ်ခုလော။ ယင်းမှာ ဧရာမ ဆုံးရှုံးမှုတစ်ခု ဖြစ်သည်။

ဘုရားသခင်၏ မိတ်သဟာယဖွဲ့ခြင်း မှ

လူအချို့သည် ၎င်းတို့၏တာဝန်များကို ဖြည့်ဆည်းခြင်းအား အရင်းအနှီးအဖြစ် မြင်ကြသည်၊ အချို့က ၎င်းတို့၏တာဝန်များကို ဖြည့်ဆည်းခြင်းအား ၎င်းတို့၏ကိုယ်ပိုင် ကိုယ်ရေးကိုယ်တာ အလုပ်များအဖြစ် မြင်ကြပြီး အချို့က ၎င်းတို့၏တာဝန်များကို ဖြည့်ဆည်းခြင်းအား ၎င်းတို့၏ကိုယ်ပိုင်အလုပ်၊ လုပ်ငန်းများ၊ သို့မဟုတ် သီးသန့်ကိစ္စများအဖြစ် မြင်ကြသည်၊ သို့တည်းမဟုတ် တာဝန်တစ်ခုကို ဝါသနာပါ၍လုပ်သော အလုပ်မျိုး၊ ဖြေဖျော်မှုမျိုး၊ သို့မဟုတ် အချိန်ဖြုန်းရန် ဝါသနာတစ်ခုမျိုးအဖြစ် မြင်ကြသည်။ တိုတိုပြောရလျှင်၊ သင်၌ သင်၏တာဝန်အပေါ် မည်သည့်သဘောထား ရှိသည်ဖြစ်စေ၊ ယင်းကို ဘုရားသခင်ထံမှ သင်မရရှိခဲ့ပါက၊ ပြီးလျှင် ယင်းကို ဘုရားသခင်၏ စီမံခန့်ခွဲခြင်းအမှုအတွင်းရှိ ဖန်ဆင်းခံသတ္တဝါတစ်ဦး လုပ်ဆောင်သင့်သည့်၊ သို့မဟုတ် ယင်းနှင့်အတူ ပူးပေါင်းလုပ်ဆောင်သင့်သည့် အလုပ်တစ်ခုအဖြစ် သင်သဘောမထားနိုင်ပါက၊ သင်လုပ်ဆောင်နေသည့်အရာမှာ သင်၏တာဝန်ကို ဖြည့်ဆည်းခြင်း မဟုတ်ပေ။ ဤအကြောင်းအရာများကို အဘယ်ကြောင့် ငါဖော်ထုတ်ပြောသနည်း။ ယင်းတို့အကြောင်းကို မိတ်သဟာယပြုခြင်းအားဖြင့် မည်သည့်ပြဿနာများကို ဖြေရှင်းဖို့ ငါကြိုးစားနေသနည်း။ မိမိတို့၏တာဝန်များအပေါ် လူတို့ထားရှိကြသည့် မမှန်ကန်သော သဘောထားများကို ပြုပြင်ဖို့ ငါကြိုးပမ်းနေခြင်းဖြစ်၏။ ဤသမ္မာတရားများကို ၎င်းတို့နားလည်သွားသည်နှင့်တစ်ပြိုင်နက်၊ ၎င်းတို့၏တာဝန်များအပေါ် ၎င်းတို့ထားသည့် သဘောထားများသည် သမ္မာတရားနှင့် တဖြည်းဖြည်း တစ်ပြေးညီဖြစ်လာလိမ့်မည်ဖြစ်ကာ ယင်း၏ အခြေခံမူများအပြင် ဘုရားသခင်၏ သတ်မှတ်ချက်များနှင့်လည်း ကိုက်ညီလာလိမ့်မည်။ အနည်းဆုံးအနေဖြင့်၊ သင်၏တာဝန်နှင့်စပ်လျဉ်း၍ သင်၏ရှုထောင့်နှင့် သဘောထားတို့သည် သမ္မာတရားနှင့် ဘုရားသခင်၏ သတ်မှတ်ချက်များနှင့် တစ်ပြေးညီဖြစ်သင့်ပေသည်။ တာဝန်များဟူသည်မှာ ဘုရားသခင်မှ လူတို့အား အပ်ထားသော အလုပ်များဖြစ်သည်။ ယင်းတို့မှာ လူတို့ပြီးမြောက်ရမည့် အထူးတာဝန်များဖြစ်သည်။ သို့သော်လည်း တာဝန်တစ်ခုဟူသည်မှာ သင်ကိုယ်တိုင် ကိုယ်တိုင်ကိုယ်ကျ စီမံရသည့် လုပ်ငန်းမဟုတ်သည်မှာ အသေအချာပင်ဖြစ်သကဲ့သို့ အများသူငါထဲမှ သင် ပိုမိုပေါ်လွင်ဖို့အတွက် အသာစီးရခြင်းတစ်ခုလည်း မဟုတ်ပေ။ လူအချို့က ၎င်းတို့၏တာဝန်များကို ၎င်းတို့၏ကိုယ်ပိုင် စီမံအုပ်ချုပ်မှုထဲ ပါဝင်ပတ်သက်ဖို့ နှင့် အုပ်စုများ ဖွဲ့ဖို့ အခွင့်အရေးများအဖြစ် အသုံးချတတ်သည်၊ သူတို့အနေဖြင့် သူတို့၏တာဝန်များကို ဆောင်ရွက်နေသရွေ့ သူတို့သည် ဘုရားသခင်၏အိမ်တော်နှင့် လူသားအတွက် ဘုရားသခင်စီမံပေးသည့် အံ့သြဖွယ်ကောင်းသော ခရီးဆုံးပန်းတိုင်ကို မျှဝေခံစားကြရလိမ့်မည်ဟု တွေးထင်လျက်၊ အချို့က မိမိတို့၏အလိုဆန္ဒများကို ဖြည့်ဆည်းရန်၊ အချို့က မိမိတို့အထဲတွင် ခံစားရသော လစ်ဟာမှုများကို ပြည့်စေရန်နှင့် အချို့က မိမိတို့၏ ကံကို ယုံ၍ဆူးပုံနင်းသော စိတ်ထားကို ကျေနပ်စေရန် မိမိတို့၏ တာဝန်များကို အခွင့်အရေးများအဖြစ် အသုံးချတတ်ကြလေသည်။ တာဝန်နှင့်ပတ်သက်၍ ထိုသို့သော သဘောထားများမှာ မမှန်ကန်ပေ။ ယင်းတို့က ဘုရားသခင်ကို စက်ဆုပ်ရွံရှာစေသဖြင့် အဆောတလျင် ဖြေရှင်းရမည်ဖြစ်သည်။

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ“ပြည့်မီသော တာဝန်ထမ်းဆောင်မှုဆိုသည်မှာ အဘယ်နည်း။” မှ

သမ္မာတရားကို သင်ပိုင်ဆိုင်သည်ဟု ပေါ်လွင်သည့် သင်၏တာဝန်အပေါ် မှန်ကန်သည့် သဘောထားမှာ အဘယ်နည်း။ ပထမဦးစွာ ယင်းကို မည်သူက စီစဉ်သည်၊ မည်သည့်ခေါင်းဆောင်မှုအဆင့်က တာဝန်ပေးသည်တို့ကို သင်က စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေး၍မရချေ— သင်သည် ယင်းကို ဘုရားသခင်ထံမှ လက်ခံသင့်သည်။ ထို့အပြင် သင်၏တာဝန် မည်သို့ပင်ဖြစ်ပါစေ၊ အထက်အောက် မခွဲခြားနှင့်။ သင်သည် “ဤအလုပ်သည် ဘုရားသခင်မှ အပ်နှံသည့်အလုပ်နှင့် ဘုရားသခင်အိမ်တော်၏ အလုပ်ဖြစ်သော်လည်း၊ အကယ်၍ ငါလုပ်ပါက လူအများက ငါ့ကိုအထင်သေးနိုင်သည်။ တစ်ပါးသူများက သူတို့အား ထင်ရှားစေသောအလုပ်ကို လုပ်ကြသည်။ ငါ့ကိုမထင်ရှားစေဘဲ နောက်ကွယ်တွင် ကြိုးပမ်းအားထုတ်ရစေသည့် ငါရထားသောအလုပ်ကို တာဝန်ဟု အဘယ်သို့ ခေါ်နိုင်မည်နည်း။ ဤအလုပ်သည် ငါလက်မခံနိုင်သောအလုပ်ဖြစ်သည်။ ဤအလုပ်သည် ငါ့တာဝန်မဟုတ်။ ငါ၏တာဝန်သည် သူတစ်ပါးတို့ရှေ့တွင် ငါ့အားထင်ရှားစေသောအလုပ် ဖြစ်ပြီး၊ ငါ့ကိုကျော်ကြားစေသောအလုပ် ဖြစ်ရမည်။ ထို့အပြင် အကယ်၍ငါ မကျော်ကြားပါက သို့မဟုတ် မထင်ရှားပါက၊ ထိုအလုပ်မှ ငါအကျိုးအမြတ်ရဖို့နှင့် ရုပ်ပိုင်းဆိုင်ရာ အပူအပင်ကင်းဖို့ လိုသည်။” ဟု သင်ကပြောသည် ဆိုပါစို့။ ယင်းသည် လက်ခံနိုင်ဖွယ် သဘောထားလော။ ဇီဇာကြောင်ခြင်းဟူသည် ဘုရားသခင်ထံမှ လာသည့်အရာကို မလက်ခံခြင်း ဖြစ်သည်။ သင့်အကြိုက်များအတိုင်း ရွေးချယ်ခြင်းဖြစ်သည်။ ဤသည်မှာ သင်၏တာဝန်ကို လက်ခံခြင်းမဟုတ်၊ သင်၏တာ၀န်ကို ငြင်းပယ်ခြင်းဖြစ်သည်။ စံရွေးရန်အားထုတ်သည်နှင့်၊ အမှန်တကယ် လက်ခံမှုကို သင်မတတ်နိုင်တော့ပေ။ ထိုကဲ့သို့သော ဇီဇာကြောင်မှုဟူသည် သင်၏ပုဂ္ဂိုလ်ရေးအကြိုက်များ၊ အလိုဆန္ဒများဖြင့် ရောနေသည်။ သင်သည် သင့်ကိုယ်ကျိုး၊ သင့်ဂုဏ်သတင်း၊ စသည်တို့ကို ထည့်သွင်းစဉ်းစားသောအခါ၊ တာဝန်အပေါ်ထားရှိသော သင်၏သဘောထားသည် နာခံမှု မဟုတ်ပေ။ တာဝန်အပေါ်ထားရှိရမည့် သဘောထားမှာ- ပထမအနေဖြင့် ယင်းကို သင်မဆန်းစစ်ရသကဲ့သို့ သင့်ကိုမည်သူက အလုပ်ပေးသည်ကို မစဉ်းစားရ။ ယင်းအစား ဘုရားသခင်ထံမှလာသော သင့်တာဝန်နှင့် သင်လုပ်သင့်သည့်အလုပ်အနေဖြင့် လက်ခံသင့်သည်။ ဒုတိယအနေဖြင့် တာဝန်ကို အမြင့်နှင့်အနိမ့် ခွဲခြားခြင်း မပြုလေနှင့်။ ထို့အပြင်ယင်းကိုလူရှေ့တွင် လုပ်ရသလော၊ ၎င်းတို့ ကွယ်ရာတွင် လုပ်ရသလော၊ သင့်ကိုထင်ရှားစေသလော၊ မထင်ရှားစေသလော၊ စသည်ဖြင့် ယင်း၏ သဘောသဘာဝအပေါ် မစိုးရိမ်နှင့်။ ယင်းအရာများကို မစဉ်းစားလေနှင့်။ ၎င်းတို့မှာ လူများ သူတို့၏တာဝန်ဆီ ချဉ်းကပ်ရာတွင် ရှိရမည့်အင်္ဂါနှစ်ရပ်ပေတည်း။

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ“ပြည့်မီသော တာဝန်ထမ်းဆောင်မှုဆိုသည်မှာ အဘယ်နည်း။” မှ

တာဝန်အပေါ် တစ်ဦးတစ်ယောက် ရှိသင့်သည့် အခြေခံအကျဆုံးသော သဘောထားမှာ အဘယ်နည်း။ သင်က၊ “ဘုရားသခင်၏ အိမ်တော်က ဤတာဝန်ကို ကျွန်ုပ်အား ပေးထားသည့်အတွက်၊ ယင်းသည် ကျွန်ုပ်နှင့် သက်ဆိုင်ပြီး ယင်းကို ကျွန်ုပ်လိုချင်သည့် မည်သည့်နည်းနှင့်မဆို ဖြည့်ဆည်းနိုင်သည်” ဟု ပြောပါက၊ ဤသည်မှာ လက်ခံ၍ရနိုင်သော သဘောထားတစ်ခုဖြစ်မည်လော။ လုံးဝဖြစ်မည်မဟုတ်။ သင်၌ ထိုသို့သော အတွေးများ ရှိပါက၊ ယင်းတို့က ပြဿနာဖြစ်စေလိမ့်မည်ပြီး၊ ယင်းမှာ သင်သည် မကောင်းသော လမ်းကြောင်းတစ်ခုကို စတင်ပြီးဖြစ်သည်ဟု ဆိုလိုသည်။ ဤနည်းဖြင့် သင်မစဉ်းစားရ။ သို့ဆိုလျှင်၊ မှန်ကန်သော တွေးခေါ်ခြင်း နည်းလမ်းမှာ အဘယ်နည်း။ ပထမဦးစွာ၊ သင်သည် သမ္မာတရားနှင့် အခြေခံမူများကို ရှာဖွေရမည်။ ဤအရာများကို ရှာဖွေလော့- ဤတာဝန်ကို မည်သို့ဖြည့်ဆည်းသင့်သည်၊ မည်သည့်အရာကို ဘုရားသခင်တောင်းဆိုသည်၊ လူတို့အပေါ် ဘုရားသခင်၏ သတ်မှတ်ချက်များနှင့်သက်ဆိုင်သော အခြေခံမူများက မည်သည့်အရာတို့ဖြစ်သည်၊ အမှု၏ မည်သည့်အစိတ်အပိုင်းများကို သင်ပြည့်စုံစေသင့်သည်နှင့် ဤတာဝန်ကို ဖြည့်ဆည်းနေစဉ်တွင် လုံးဝဆက်ကပ်ပြီး တာဝန်ယူဖို့ သင်မည်သို့ပြုမူသင့်သည်တို့ ဖြစ်သည်။ သို့ဆိုလျှင်၊ မည်သူ့ကို ဆည်းကပ်မှု ပေးသင့်သနည်း။ ဘုရားသခင်ကို ဖြစ်၏- သင်သည် သူ့ကို ဆည်းကပ်သင့်သည်၊ အခြားလူများအပေါ် တာဝန်ယူသင့်ပြီး၊ သင်ကိုယ်တိုင်အတွက်မူ၊ သင်သည် အခြေခံမူကို လိုက်နာစောင့်ထိန်းပြီး သင်၏တာဝန်ကို ထိန်းသိမ်းသင့်သည်။ အခြေခံမူကို လိုက်နာစောင့်ထိန်းဖို့ဆိုသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ အခြေခံမူကို လိုက်နာစောင့်ထိန်းဖို့ဆိုသည်မှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် သမ္မာတရားနှင့်အညီ ဆောင်ရွက်ဖို့ ဖြစ်သည်။ သို့ဖြစ်လျှင် တာဝန်ကို ထိန်းသိမ်းဖို့ဆိုသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ ဥပမာအားဖြင့် တစ်နှစ်၊ နှစ်နှစ်အတွက် တာဝန်တစ်ခုကို သင့်ထံ ပေးထားသော်လည်း ယခုထက်ထိ မည်သူကမျှ သင်နှင့်ပတ်သက်၍ စစ်ဆေးခြင်းမရှိဟု ဆိုပါစို့။ မည်သည့်အရာကို သင်လုပ်ဆောင်သင့်သနည်း။ မည်သူကမျှ သင်နှင့်ပတ်သက်၍ စစ်ဆေးခြင်းမရှိပါက၊ ယင်းမှာ တာဝန်ကုန်ဆုံးသွားပြီဟု ဆိုလိုသလော။ သင်နှင့်ပတ်သက်၍ တစ်ဦးတလေက စစ်ဆေးခြင်း ရှိမရှိ၊ သို့မဟုတ် သင်မည်သို့လုပ်ဆောင်သည်ကို မြင်ခြင်း ရှိမရှိကို အလေးဂရုမပြုနှင့်။ ဤတာဝန်ကို သင့်အား ပေးအပ်ထားပြီးဖြစ်ကာ ယင်းသည် သင်၏ကိုယ်ရေးကိုယ်တာ လုပ်ငန်းမဟုတ်သော်လည်း၊ ယင်းကို သင့်အား တာဝန်ပေးထားခဲ့ခြင်းဖြစ်၍ ယင်းသည် သင့်တာဝန်ဖြစ်၏။ ဤအလုပ်ကို မည်သို့လုပ်ဆောင်သင့်ကာ ယင်းကို မည်သို့ကောင်းမွန်စွာ လုပ်ဆောင်နိုင်သည်ကို သင်စဉ်းစားသင့်ပြီး၊ ယင်းမှာ သင်လုပ်ဆောင်သင့်ပုံ ဖြစ်သည်။ အခြားသူများက သင့်အပေါ် စစ်ဆေးဖို့အတွက်၊ ၎င်းတို့ သင့်ကို ကြီးကြပ်ဖို့နှင့် တိုက်တွန်းဖို့အတွက် သင်အမြဲစောင့်ဆိုင်းနေပါက၊ ဤသည်မှာ သင်၏တာဝန်တွင် သင်ထားရှိသင့်သည့် သဘောထားလော။ ဤသည်မှာ မည်သည့်သဘောထားမျိုး ဖြစ်သနည်း။ ဤသည်မှာ မတုန်မလှုပ်သော သဘောထားတစ်ခု ဖြစ်သည်။ ဤသည်မှာ သင်၏တာဝန်အပေါ် သင်ခံယူသင့်သည့် သဘောထား မဟုတ်ပေ။

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ“ပြည့်မီသော တာဝန်ထမ်းဆောင်မှုဆိုသည်မှာ အဘယ်နည်း။” မှ

သင်တို့သည် ပွင့်လင်းပြီး ရိုးသားသော စိတ်နှလုံးများဖြင့် သင်တို့၏တာဝန်ကို အစွမ်းကုန် အသီးသီး လုပ်ဆောင်သင့်ပြီး၊ လိုအပ်သည့် မည်သည့်အဖိုးအခကိုမဆို ပေးရန် လိုလားလျက် ရှိနေသင့်ပေသည်။ သင်တို့ ပြောကြပြီးသည့်အတိုင်း၊ နေ့ရက်အချိန် ကျရောက်လာသည့်အခါ၊ ဘုရားသခင်သည် သူ့အတွက် ဆင်းရဲဒုက္ခခံခဲ့သူ သို့မဟုတ် အဖိုးအခတစ်ခု ပေးဆပ်ခဲ့သူ မည်သူမဆိုအပေါ် တာဝန်ပေါ့လျော့မည် မဟုတ်ပေ။ ဤသို့သော ခံယူချက်မျိုးသည် ထိန်းသိမ်းထားထိုက်သကဲ့သို့၊ ယင်းကို သင်တို့ မည်သည့်အခါမျှ မမေ့သင့်သည်မှာ မှန်ပေသည်။ ဤနည်းဖြင့်သာ ငါသည် သင်တို့နှင့်ပတ်သက်၍ ငါ၏ စိတ်ကို သက်သာစေနိုင်ပေသည်။ သို့မဟုတ်ပါက၊ သင်တို့သည် ငါ၏ စိတ်ကို သက်သာစေနိုင်မည် မဟုတ်သည့် လူများ ထာဝရ ဖြစ်ကြလိမ့်မည်ဖြစ်ပြီး၊ သင်တို့သည် ငါ၏ စက်ဆုပ်ခြင်းကို ခံကြရသူများ ထာဝရ ဖြစ်ကြလိမ့်မည်။ သင်တို့ အားလုံးသည် ငါ၏အမှုအတွက် မည်သည့်အားထုတ်မှုမျှ မချန်ဘဲလျက်၊ ပြီးလျှင် ငါ၏ ဧဝံဂေလိအမှုအဖို့ တစ်သက်တာ အားအင်ကို ဆက်ကပ်ရင်း၊ သင်တို့၏ အသိစိတ်ကို လိုက်နာနိုင်ပြီး ငါ့အတွက် သင်တို့၏ အရာအားလုံးကို ပေးနိုင်ပါက၊ ငါ၏စိတ်နှလုံးသည် သင်တို့အတွက်ကြောင့် ဝမ်းမြောက်မှုဖြင့် မကြာခဏ ခုန်ပေါက် လိမ့်မည် မဟုတ်လော။ ဤနည်းဖြင့်၊ ငါသည် သင်တို့နှင့်စပ်လျဉ်း၍ ငါ၏ စိတ်ကို လုံးလုံးလျားလျား သက်သာစေနိုင်မည်၊ မဟုတ်လော။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ခရီးပန်းတိုင်နှင့်ပတ်သက်၍

ယနေ့တွင် သင် စွမ်းဆောင်ရရှိရန် လိုအပ်သည်မှာ နောက်ထပ်တောင်းဆိုမှုများ မဟုတ်ဘဲ၊ လူ၏ တာဝန်နှင့် လူအားလုံးက လုပ်ဆောင်သင့်သည့်အရာ ဖြစ်သည်။ အကယ်၍ မိမိ၏တာဝန်ကိုပင် သင်တို့ လုပ်ဆောင်နိုင်စွမ်း မရှိပါက၊ သို့မဟုတ် ယင်းကို ကောင်းစွာ လုပ်ဆောင်နိုင်စွမ်းမရှိပါက၊ သင်တို့သည် မိမိကိုယ်ကိုယ် ဒုက္ခရောက်စေခြင်း မဟုတ်လော။ သင်သည် သေခြင်းတရားကို ဖိတ်ခေါ်နေသည် မဟုတ်လော။ အနာဂတ်နှင့် အလားအလာများရှိဖို့ သင်သည် အဘယ်သို့ မျှော်လင့်နိုင်ဦးမည်နည်း။ ဘုရားသခင်၏ အမှုသည် လူသားမျိုးနွယ်အတွက် လုပ်ဆောင်ခြင်းဖြစ်ပြီး၊ လူ၏ ပူးပေါင်းဆောင်ရွက်မှုသည် ဘုရားသခင်၏ စီမံခန့်ခွဲမှုအတွက် ပေးထားခြင်း ဖြစ်သည်။ ဘုရားသခင်သည် သူလုပ်ဆောင်သင့်သည့်အရာ အားလုံးကို လုပ်ဆောင်ပြီးနောက်တွင်၊ လူသည် သူ၏ လက်တွေ့လုပ်ဆောင်မှုတွင် တွန့်တိုခြင်း မရှိရန်နှင့် ဘုရားသခင်နှင့် ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ပေသည်။ ဘုရားသခင်၏အမှုတွင် လူသည် မည်သည့်လုံ့လကိုမျှ မချန်သင့်၊ သူ၏သစ္စာစောင့်သိမှုကို ဆက်ကပ်သင့်ပြီး၊ အတော်များသော အယူအဆများတွင် မမွေ့လျော်သင့်ပေ သို့မဟုတ် မလှုပ်မယှက်ထိုင်ကာ သေခြင်းကို မစောင့်ဆိုင်းသင့်ပေ။ ဘုရားသခင်သည် မိမိကိုယ်ကိုယ် လူသားအတွက် စတေးနိုင်သည်၊ သို့ဆိုလျှင် လူသည် သူ၏သစ္စာစောင့်သိခြင်းကို ဘုရားသခင်အား အဘယ်ကြောင့် မဆက်ကပ်နိုင်သနည်း။ ဘုရားသခင်သည် လူသားအပေါ် တစ်စိတ်တစ်ဝမ်းတည်းရှိသည်၊ သို့ဆိုလျှင် လူသည် အဘယ်ကြောင့် ပူးပေါင်းဆောင်ရွက်မှု အနည်းငယ်ကို မဆက်ကပ်နိုင်ရသနည်း။ ဘုရားသခင်က လူသားမျိုးနွယ်အတွက် အမှုပြုသည်၊ သို့ဆိုလျှင် လူသည် ဘုရားသခင်၏ စီမံခန့်ခွဲမှုအတွက် မိမိ၏ တာဝန်အချို့ကို အဘယ်ကြောင့် မဆောင်ရွက်နိုင်သနည်း။ ဘုရားသခင်၏ အမှုသည် ဤအထိ ရောက်ရှိလာလေပြီ၊ သို့သော် သင်သည် မြင်သော်ငြား မလုပ်ဆောင်၊ ကြားသော်ငြား မလှုပ်ရှားချေ။ ထိုသို့သော လူများသည် ထာဝရ ပြစ်ဒဏ်ခံရသူများ ဖြစ်သည် မဟုတ်လော။ ဘုရားသခင်သည် သူ၏အရာအားလုံးကို လူသားအဖို့ ဆက်ကပ်အပ်နှံထားပြီး ဖြစ်သည်၊ သို့ဆိုလျှင် ယနေ့တွင် လူသည် သူ၏တာဝန်ကို အဘယ်ကြောင့် စိတ်အားထက်သန်စွာ ဆောင်ရွက်နိုင်စွမ်း မရှိသနည်း။ ဘုရားသခင် အတွက်၊ သူ၏အမှုသည် ပထမ ဦးစားပေးဖြစ်ပြီး၊ သူ့စီမံခန့်ခွဲခြင်း အမှုသည် အရေးအကြီးဆုံး ဖြစ်သည်။ လူသားအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်ခြင်းနှင့် ဘုရားသခင်၏ သတ်မှတ်ချက်များကို ဖြည့်ဆည်းခြင်းတို့သည် သူ၏ ပထမ ဦးစားပေးဖြစ်သည်။ ဤအရာကို သင်တို့အားလုံး နားလည်သင့်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်၏ အမှုနှင့် လူ၏လက်တွေ့လုပ်ဆောင်မှု

၎င်းတို့၏တာဝန်နှင့်သက်ဆိုင်သည့် လူ၏ ဆောင်ရွက်မှုသည် အမှန်အားဖြင့် လူသားအတွင်းရှိ ရှိရင်းစွဲ အရာအားလုံးနှင့်ဆိုင်သည့် ပြီးမြောက်အောင်မြင်ခြင်း ဖြစ်သည်၊ ဆိုလိုသည်မှာ လူသားအတွက် ဖြစ်နိုင်သည့် အရာဖြစ်သည်။ ထိုအခါ ယင်းမှာ ၎င်း၏တာဝန်ကို ဖြည့်ဆည်းခြင်း ဖြစ်ပေသည်။ သူ၏အစေခံမှုအတွင်း လူသား၏ အပြစ်အနာအဆာများသည် တိုးတက်သည့် အတွေ့ကြုံနှင့် တရားစီရင်ခြင်းအား သူ၏ကြုံရခြင်း ဖြစ်စဉ်မှတစ်ဆင့် တဖြည်းဖြည်း လျော့နည်းလာသည်။ ယင်းတို့သည် လူသား၏တာဝန်ကို မတားဆီးပေ သို့မဟုတ် မထိခိုက်ပေ။ အစေခံမှုကို ရပ်စဲသောသူ သို့မဟုတ် ၎င်းတို့၏ အစေခံမှုတွင် ချွက်ယွင်းချက်များ ရှိကောင်းရှိနိုင်သည်ဟု ကြောက်ရွံ့ခြင်းအတွက် အလျှော့ပေးကာ နောက်ပြန်ဆုတ်သူများသည် အားလုံးထဲတွင် သတ္တိ အနည်းဆုံးသောသူများ ဖြစ်သည်။ လူတို့သည် အစေခံမှုအတွင်းတွင် ၎င်းတို့ ဖော်ပြသင့်သည့်အရာကို မဖော်ပြနိုင်သကဲ့သို့ သို့မဟုတ် ၎င်းတို့အတွက် ပင်ကိုအားဖြင့် ဖြစ်နိုင်သည့်အရာကို စွမ်းဆောင် မရရှိနိုင်သကဲ့သို့၊ ယင်းအစား တည်ကြည်လေးနက်မှု မရှိဘဲ ဟန်ဆောင်လုပ်ပြပါက၊ ၎င်းတို့သည် ဖန်ဆင်းခံ တစ်ဦး ရှိသင့်သည့် အလုပ်တာဝန်ကို ဆုံးရှုံးကြပြီး ဖြစ်ပေသည်။ ထိုသို့သော လူတို့သည် “သာမညောင်ညများ” ဟု သိရသောအရာများ ဖြစ်သည်။ ၎င်းတို့သည် အသုံးမဝင်သော အမှိုက်သရိုက် ဖြစ်ကြသည်။ ထိုသို့သောလူတို့ကို ဖန်ဆင်းခံများဟု အဘယ်သို့ ကောင်းမွန်စွာ ခေါ်ဆို၍ ရနိုင်မည်နည်း။ ၎င်းတို့သည် အပြင်ပန်းတွင် တောက်ပြောင်သော်လည်း၊ အတွင်း၌ ပုပ်သိုးသော ဖောက်ပြန်ပျက်စီးသည့် သတ္တဝါများ ဖြစ်သည် မဟုတ်လော။ အကယ်၍ လူသားတစ်ဦးသည် မိမိကိုယ်ကိုယ် ဘုရားသခင်ဟူ၍ ခေါ်ဝေါ်သမုတ်သော်လည်း၊ ဘုရားသဘောသဘာဝ၏ ဖြစ်ခြင်းကို မဖော်ပြနိုင်ပါက၊ ဘုရားသခင် ကိုယ်တိုင်၏အမှုကို မပြုနိုင်ပါက၊ သို့မဟုတ် ဘုရားသခင်ကို ကိုယ်စားမပြုနိုင်ပါက၊ သူသည် ဘုရားသခင်၏ အနှစ်သာရ မရှိသည့်အတွက်၊ ဘုရားသခင် မဟုတ်သည်မှာ သေချာပြီး၊ ဘုရားသခင်က ပင်ကိုအားဖြင့် စွမ်းဆောင်ရရှိနိုင်သည့်အရာသည် သူ၏ အတွင်းတွင် မတည်ရှိပေ။ အကယ်၍ လူသားသည် ပင်ကိုအားဖြင့် သူ ရယူနိုင်သည့်အရာကို ဆုံးရှုံးရပါက၊ ၎င်းကို လူသားဟု ယူဆ၍ မရနိုင်တော့သကဲ့သို့၊ ဖန်ဆင်းခံသတ္တဝါအဖြစ် ရပ်တည်ရန် သို့မဟုတ် ဘုရားသခင် ရှေ့မှောက် လာရန်နှင့် သူ့ကို အစေခံရန် မထိုက်တန်ချေ။ ထို့အပြင် ၎င်းသည် ဘုရားသခင်၏ကျေးဇူးတော်ကို ရရှိရန် သို့မဟုတ် ဘုရားသခင်၏ ကြည့်ရှုစောင့်ရှောက်ခြင်း ခံရရန်၊ ကွယ်ကာခြင်း ခံရရန်နှင့် ဘုရားသခင်၏ စုံလင်စေခြင်းကို ခံရရန် မထိုက်တန်ပေ။ ဘုရားသခင်၏ ယုံကြည်မှုကို ဆုံးရှုံးသောသူ များစွာသည် ဘုရားသခင်၏ ကျေးဇူးတော်ကို ဆက်လက် ဆုံးရှုံးရသည်။ ၎င်းတို့သည် မိမိတို့၏ မကောင်းမှုများကို မစက်ဆုပ်ကြသည်သာမက၊ ဘုရားသခင်၏ လမ်းခရီးသည် မမှန်ကန်ဟူသော အယူအဆကို အရှက်မရှိ ဖြန့်ကြပြီး၊ ပုန်ကန်တတ်သောသူများသည် ဘုရားသခင်၏ တည်ရှိခြင်းကိုပင် ငြင်းပယ်ကြလေသည်။ ထိုသို့သော ပုန်ကန်မှုကို ပိုင်ဆိုင်သည့် ထိုသို့သော လူများသည် ဘုရားသခင်၏ ကျေးဇူးတော်ကို မွေ့လျော်ခံစားပိုင်ခွင့် မည်သို့ ရှိနိုင်မည်နည်း။ မိမိတို့၏တာဝန်ကို မဆောင်ရွက်သောသူတို့သည် ဘုရားသခင်ကို အလွန် ပုန်ကန်တတ်ကြပြီး ဘုရားသခင်နှင့်ပတ်သက်၍ များစွာအကြွေးတင် ရှိကြပေသည်၊ သို့သော် ၎င်းတို့သည် လှည့်ကာ ဘုရားသခင် မှားယွင်းသည်ဟု ပယ်ပယ်နယ်နယ် ဝေဖန်ရှုတ်ချကြလေသည်။ ထိုသို့သော လူစားမျိုးသည် စုံလင်စေခြင်းခံရရန် မည်ကဲ့သို့ ထိုက်တန်နိုင်မည်နည်း။ ဤသည်မှာ သုတ်သင်ပယ်ရှင်းခြင်းနှင့် အပြစ်ပေးခြင်းကို ခံရဖို့ဖြစ်သည့် ရှေ့ပြေးနိမိတ်ဖြစ်သည် မဟုတ်လော။ ဘုရားသခင်၏ရှေ့မှောက်တွင် မိမိ၏တာဝန်ကို မလုပ်ဆောင်သော လူတို့သည် ပြစ်မှုများထဲမှ စက်ဆုပ်ရွံရှာဖွယ် အကောင်းဆုံးသော အပြစ်ရှိနှင့်ပြီးသားဖြစ်သည်၊ ယင်းအတွက် သေခြင်းတရားသည်ပင် မလုံလောက်သော ပြစ်ဒဏ်တစ်ခု ဖြစ်သည်၊ သို့သော် ၎င်းတို့သည် ဘုရားသခင်နှင့် ငြင်းခုံရဲကြသည်သာမက၊ မိမိတို့ကိုယ်ကိုယ် ဘုရားသခင်နှင့် တုပြိုင်ရဲကြလေသည်။ ထိုသို့သော လူများကို စုံလင်စေခြင်း၏ ထိုက်တန်မှုမှာ အဘယ်နည်း။ အကယ်၍ လူတို့သည် ၎င်းတို့၏တာဝန်ကို မဖြည့်ဆည်းနိုင်ပါက၊ ၎င်းတို့သည် အပြစ်ရှိခြင်းနှင့် အကြွေးတင်ရှိခြင်းတို့ကို ခံစားသင့်သည်။ ၎င်းတို့သည် ၎င်းတို့၏ အားနည်းချက်နှင့် အသုံးမကျမှု၊ ၎င်းတို့၏ ဆန့်ကျင်ပုန်ကန်မှုနှင့် ဖောက်ပြန်ပျက်စီးမှုတို့ကို စက်ဆုပ်ရွံရှာသင့်သည်၊ ထို့အပြင် ၎င်းတို့၏ အသက်တာကို ဘုရားသခင်အား ပေးသင့်ကြသည်။ ထိုအခါမှသာ ၎င်းတို့သည် ဘုရားသခင်ကို အမှန်တကယ် ချစ်မြတ်နိုးသော ဖန်ဆင်းခံများ ဖြစ်ကြပြီး၊ ထိုသို့သော လူများသည်သာ ဘုရားသခင်၏ ကောင်းချီးမင်္ဂလာများနှင့် ကတိတော်ကို မွေ့လျော်ခံစားထိုက်ပြီး သူ၏ စုံလင်စေခြင်း ခံရထိုက်ပေသည်။ ပြီးလျှင် သင်တို့ အများစုသည် အဘယ်သို့နည်း။ သင်တို့အလယ် အသက်ရှင်သော ဘုရားသခင်ကို သင်တို့ မည်သို့ ဆက်ဆံကြသနည်း။ သင်တို့သည် သူ၏ ရှေ့မှောက်တွင် သင်တို့၏တာဝန်ကို မည်သို့ ဆောင်ရွက်ကြသနည်း။ သင်တို့ လုပ်ဆောင်ရန် ပန်ကြားသည့် အရာအားလုံးကို သင်တို့၏ ကိုယ်ပိုင် အသက်ကိုပင် အဆုံးရှုံးအနစ်နာခံလျက်၊ လုပ်ဆောင်ကြပြီးပြီလော။ သင်တို့သည် မည်သည့်အရာကို စွန့်လွှတ်အနစ်နာခံပြီးပြီနည်း။ ငါ့ထံမှ သင်တို့ များစွာ မရရှိသေးသလော။ သင်တို့ သိမြင်နိုင်သလော။ သင်တို့သည် ငါ့အား မည်မျှ သစ္စာစောင့်သိကြသနည်း။ ငါ့အား မည်သို့ အစေခံကြပြီး ပြီနည်း။ ပြီးလျှင် သင်တို့အပေါ် ငါအပ်နှင်းပြီးဖြစ်ကာ သင်တို့အတွက် ငါပြုပြီးသော အရာအားလုံးသည် သင်တို့နှင့် မသက်ဆိုင်တော့ပြီလော။ ထိုအရာအားလုံးကို သင်တို့နှိုင်းဆချင့်ချိန်ပြီးပြီလော။ သင်တို့အားလုံးသည် ဤအရာကို သင်တို့အတွင်းရှိသည့် အသိစိတ် အနည်းငယ်ဖြင့် အကဲဖြတ်ကာ နှိုင်းယှဉ် ပြီးပြီလော။ မည်သူသည် သင်တို့၏စကားများ၊ လုပ်ရပ်များနှင့် ထိုက်တန်နိုင်မည်နည်း။ သင်တို့၏ ထိုသို့သော မပြောပလောက်သည့် စွန့်လွှတ်အနစ်နာခံခြင်းသည် သင်တို့အပေါ် ငါ ပေးအပ်ခဲ့သမျှနှင့် ထိုက်တန်နိုင်သလော။ ငါသည် အခြားရွေးချယ်စရာ မရှိဘဲ၊ သင်တို့ကို စိတ်ပါလက်ပါ အစဉ်ချစ်ခင်ကာ သစ္စာရှိခဲ့သော်လည်း၊ သင်တို့သည် ဆိုးယုတ်သည့် ရည်ရွယ်ချက်များကို သိုထားကြပြီး ငါ့အပေါ် စိတ်မပါတပါ ဖြစ်ကြသည်။ ယင်းမှာ သင်တို့ တာဝန်၏ အတိုင်းအတာ၊ သင်တို့၏ တစ်ခုတည်းသော လုပ်ငန်းတာဝန် ဖြစ်သည်။ ဤသို့ မဟုတ်သလော။ သင်တို့သည် ဖန်ဆင်းခံတစ်ဦး၏ တာဝန်ကို လုံးဝ မဖြည့်ဆည်းနိုင်သေးသည်ကို မသိကြသလော။ သင်တို့ကို ဖန်ဆင်းခံသတ္တဝါဟူ၍ မည်သို့ ယူဆနိုင်မည်နည်း။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လူ့ဇာတိခံ ဘုရားသခင်၏အမှုတော်နှင့် လူ၏တာဝန်ကြား ကွဲပြားခြားနားမှု

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။