လှည့်ဖြားတတ်သော လူတစ်ဦးဆိုသည်မှာ အဘယ် အရာဖြစ်ပြီး ၎င်းတိုက မည်သို့ထင်ရှားပြသနည်း

12.03.2021

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

လူတို့သည် ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော ဆိုးယုတ်သည့် စိတ်သဘောထားများအတွင်းတွင် ရှင်သန်သောအခါ မည်သည့်အရာကို ၎င်းတို့လုပ်ဆောင်သည်ဖြစ်စေ ၎င်းတို့သည် အယောင်ဆောင်ပြုလုပ်ကြလိမ့်မည်၊ မိမိတို့ကိုယ်ကို ဟန်လုပ်ကြလိမ့်မည်၊ လျှို့ဝှက်သောလှည့်ကွက်များကို ကျင့်သုံးကြလိမ့်မည်။ ၎င်းတို့သည် လှည့်စားမှုကို လက်တွေ့လုပ်ဆောင်ခြင်း၊ ပရိယာယ်များကို အသုံးပြုခြင်းမှာ အောက်ကျစရာ ဘာမျှမရှိဟု ယုံကြည်လျက် အရာရာတိုင်းတွင် လှည့်စားမှုကို အသုံးပြုကြလိမ့်မည်။ ဝယ်ယူမှုတစ်ခုပြုလုပ်ခြင်းကဲ့သို့သော သာမန်အရာတစ်ခုကို လုပ်ဆောင်သည့်အခါတွင်ပင် လှည့်စားမှု ကိန်းအောင်းနေသောသူများရှိကြသည်။ ဥပမာ ဤလူတစ်ယောက်သည် အလွန်ဖက်ရှင်ကျသည့် ရှူးဖိနပ်တစ်စုံကို ဝယ်သည်။ သူသည် “ညီအစ်ကိုမောင်နှမများက ငါ ဤရှူးဖိနပ် စီးသည်ကို မြင်လျှင် အကျိုးရှိသောအရာများတွင် ငါ့ပိုက်ဆံကို မသုံးဟူ၍ သေချာပေါက် ပြောကြလိမ့်မည်။ ထို့ကြောင့် သူတို့ရှေ့တွင် ဤရှူးဖိနပ်ကို ငါမစီး။ ဝတ်ပြုအစည်းအဝေး မလုပ်သည့်အခါတွင် ဝတ်ရန် စောင့်နေလိုက်မည်။ ဤရှူးဖိနပ်က ဖက်ရှင်မကျတော့ဘဲ မည်သည့်တန်ဖိုးမျှ မရှိသည့်ပုံပေါက်သည်အထိ စောင့်ပြီးမှ ယင်းကို ငါစီးမည်” ဟု စဉ်းစားသည်။ ဤအရာနှင့်ပတ်သက်ပြီး သင်မည်သို့ပြုမူလုပ်ဆောင်သည်ဖြစ်စေ— ဤအရာကို သင်မည်သို့ပင် ကြည့်ကြည့်— သင်သည် ဤတွက်ချက်တတ်သည့် တွေးခေါ်မှုအလေ့အထဖြင့် လှည့်စားမှုကို လက်တွေ့လုပ်ဆောင်နေခြင်းမဟုတ်လော။ သင်သည် လှည့်စားမှုတွင် ရှင်သန်နေပြီ ဖြစ်သည်၊ ဤသို့ပြုမူဆောင်ရွက်ရန် သင်ပြင်ဆင်ပြီးဖြစ်သည်။ ဤသို့ဆိုလျှင် သင်သည် အဘယ်ကြောင့် လှည့်စားမှုကို လက်တွေ့လုပ်ဆောင်ရသနည်း။ သင်ကိုယ်တိုင်၏ အရင်းခံတွန်းအားများနှင့် ရည်ရွယ်ချက်များ၏ ထိန်းချုပ်ခြင်းကို ခံနေရသလော။ သင်၏ ဤရည်ရွယ်ချက်များက ကျိုးကြောင်းညီညွတ်မှုရှိသလော။ ယင်းတို့၏ အနှစ်သာရမှာ အဘယ်နည်း။ သင့်ကို ထိန်းချုပ်နေသည်မှာ သင်၏ ဆိုးယုတ်သော စိတ်သဘောထားဖြစ်သည်မဟုတ်လော။ သင်၏ ရည်ရွယ်ချက်ကို အောင်မြင်ရရှိရန်အတွက် နည်းဗျူဟာနှင့် ကျင့်သုံးမှုအချို့ကို သင်ခံယူထားသည်။ ဤသို့မဟုတ်သလော။ လူရှေ့တွင် သင်တစ်မျိုးပြုမူဆောင်ရွက်ပြီး ၎င်းတို့၏ နောက်ကွယ်တွင် တစ်မျိုးပြုမူသည်။ သင်သည် နှစ်ဘက်လုံးတွင် ပြုမူလှုပ်ရှားလျက်ဖြင့် ဉာဏ်များနေခြင်းဖြစ်သည်— ဤအပြုအမူမျိုးသည် လှည့်စားမှုကို လက်တွေ့လုပ်ဆောင်ခြင်းဖြစ်သည်။ ဤအရာနှင့်ပတ်သက်ပြီး မည်သည့်အရာကို သင်တို့ပြောဆိုမည်နည်း— လှည့်စားတတ်သောသူတို့သည် မိုက်မဲကြသည်မဟုတ်လော။ လူအချို့သည် မိမိတို့ကိုယ်ကို ပိုင်းခြားစိစစ်ရန် ခိုင်းစေခံရသည်နှင့်တစ်ပြိုင်နက် စိတ်ဖိစီးကြသည်မှာ အဘယ်ကြောင့်နည်း။ ယင်းမှာ ၎င်းတို့၏ ကောက်ကျစ်သော မာယာများက မိုက်မဲသည့်၊ လိမ္မာပါးနပ်မှုမရှိသည့်၊ ယုတ်ညံ့သည့်ပုံစံပေါ်သောကြောင့် ဖြစ်သည်— သူတစ်ပါးတို့ကို ပြရန် ၎င်းတို့သည် အလွန်ရှက်ရွံ့နေကြသည်၊ ၎င်းတို့သည် ယုတ်ညံ့သောလူတို့၏ ကလိမ်ကကျစ်ကျသော ဆက်ဆံပုံများဖြစ်သည်။ လှည့်စားတတ်သောသူများ၏ အမှုကိစ္စများကို လူအားလုံးမြင်ရန်အတွက် မည်သည့်အခါမျှ ပွင့်ပွင့်လင်းလင်း ထုတ်ဖော်၍မရပေ။ အဘယ်ကြောင့်နည်း။ အဘယ့်ကြောင့်ဆိုသော် ၎င်းတို့သည် မိမိတို့ကိုယ်ကို ဖွင့်ချပြလုနီးတွင် “ဤအရာကို ပြုလုပ်သည်အထိ ငါသည် မည်သို့လျှင် မိုက်မဲလွန်းရသနည်း။ ငါသည် အဘယ်သို့ အလွန်စက်ဆုပ်ရွံရှာဖွယ်ကောင်းနေရသနည်း” ဟူ၍ ရုတ်တရက် သတိပြုမိကြသည်။ ၎င်းတို့သည်ပင်လျှင် မိမိတို့ကိုယ်ကို ရွံရှာမိကြသည်။ သို့သော်လည်း ၎င်းတို့သည် ယင်းကို လုပ်ဆောင်နေသောအခါတွင် မိမိတို့ကိုယ်ကို မထိန်းနိုင်ကြပေ— ၎င်းတို့သည် အစဉ်သဖြင့် ထိုသို့ ပြုမူဆောင်ရွက်လိုကြသည်။ ၎င်းတို့သည် သဘောသဘာဝအလျောက် လှည့်စားတတ်သောကြောင့်ဖြစ်သည်။ မည်သည့်အရာကို လုပ်ဆောင်သည်ဖြစ်စေ ၎င်းတို့သည် သာမန်ကဲ့သို့ပင် ၎င်းတို့၏ လှည့်စားတတ်သည့် သဘာဝကို ထုတ်ဖော်ပြသည်— အလွန်သေးငယ်သော ကိစ္စတွင်ပင် ၎င်းတို့၏ လှည့်စားတတ်သည့် သဘာဝကို ထုတ်ဖော်ပြလိမ့်မည်။ မည်သည့်အရာတစ်ခုတွင်မျှ မိမိတို့ကိုယ်ကို မချုပ်ထိန်းနိုင်ကြပေ။ ဤသည်မှာ ၎င်းတို့၏ အားနည်းချက်ဖြစ်သည်။...လှည့်စားတတ်သောသူတို့သည် မထိန်းနိုင်ဘဲ ၎င်းတို့၏ လှည့်စားတတ်မှုကို ထုတ်ဖော်ပြကြ၏၊ ထိုမျှမကသေး အချိန်မရွေး၊ နေရာမရွေးတွင် ထိုသို့လုပ်ဆောင်ကြသည်။ ဤသည်မှာ ၎င်းတို့ သင်ယူလေ့လာဖို့လိုသည့် အရာတစ်ခုမဟုတ်၊ သို့မဟုတ် သူတစ်ပါးတို့၏ သင်ကြားပေးခြင်းကို လိုအပ်သောအရာမဟုတ်ပေ။ လုံးဝ ရိုးရှင်းသော ကိစ္စရပ်တစ်ခု၊ လိမ်ညာမှု၊ သို့မဟုတ် မရိုးသားမှုများပြုရန် မလိုသော ကိစ္စတစ်ခုတွင် ၎င်းတို့သည် မရိုးသားသောလမ်းကြောင်းကို ရွေးချယ်ဦးမည်ဖြစ်ပြီး လူတို့ကိုလိမ်ညာရန် မုသားများကို လုပ်ကြံပြောဆိုလိမ့်မည်။

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ“ရိုးသားသောလူတစ်ဦးဖြစ်ခြင်း၏ အခြေခံအကျဆုံး လက်တွေ့လုပ်ဆောင်ချက်” မှ

လှည့်စားတတ်သောသူတို့၏ အဓိက စရိုက်လက္ခဏာမှာ ၎င်းတို့သည် မည်သူနှင့်မဆို မိတ်သဟာယပြုသည့်အခါတွင် မည်သည့်အခါမှ ပွင့်ပွင့်လင်းလင်းပြောဆိုခြင်း မရှိပေ။ သူတို့ကိုယ်သူတို့ နက်ရှိုင်းစွာ ဖုန်းကွယ်ထားကြသည်။ ထို့အပြင် ၎င်းတို့ပြောဆိုသည့်အရာသည် မှန်သည်၊ မှားသည်ကို မည်သူကမျှ မသိနိုင်ပေ။ ပြီးလျှင် ၎င်းတို့သည် အထူးသဖြင့် ဟန်ဆောင်လိမ်ညာခြင်း၌ ကျွမ်းကျင်ကြသည်။ ကောင်းမြတ်သောသူ၊ အကျင့်သီလ ပြည့်စုံသောသူ၊ ရိုးဖြောင့်သောသူ၊ သူတစ်ပါးတို့က ချစ်မြတ်နိုးပြီး ကြည်ညိုသောသူအဖြစ် ဟန်ဆောင်ကြသည်။ ၎င်းတို့နှင့် ဆက်ဆံရာတွင် ၎င်းတို့သည် စိတ်အတွင်း၌ မည်သည့်အရာကို စဉ်းစားနေသည်ကို လုံးဝ သိမည် မဟုတ်ပေ။ အမှုအရာများအပေါ် ၎င်းတို့၏အမြင် သို့မဟုတ် သဘောထားက အမှန်တကယ် မည်သို့ရှိသည်ကို ၎င်းတို့က မည်သူ့ကိုမျှ မပြောပေ၊ ၎င်းတို့နှင့် အနီးစပ်ဆုံးသူများပင် မသိကြပေ။ ၎င်းတို့၏ စိတ်နှလုံးကို မဖွင့်ဟကြ။ မည်သည့်အရာကိုမှ ထုတ်ဖော်မပြောပေ။ ထိုမျှပင်မကဘဲ ၎င်းတို့သည် လူ့သဘာဝကို ပိုင်ဆိုင်သည်၊ ဝိညာဉ်ရေးရာ မြင့်မားသည်၊ သမ္မာတရားကို အားထုတ်သည်ဟူ၍လည်း ဟန်ဆာင်ကြသည်။ ၎င်းတို့သည် ထိုသို့ မဟုတ်ဟု မည်သူကမှ မထင်ကြပေ။

အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၌ “ဘုရားသခင် တည်ရှိမှုကို မယုံကြည်ကြဘဲ ခရစ်တော်၏ အနှစ်သာရကို ငြင်းပယ်သည် (၁)” မှ

အကယ်၍ သင်တို့သည် လိမ်လည်လှည့်ဖျားတတ်လျှင် လူတိုင်းနှင့် ကိစ္စတိုင်းကို သတိထားပြီး သံသယဝင်နေမည်ဖြစ်၍ ငါ့အပေါ်၌ထားသော သင်တို့၏ ယုံကြည်ခြင်းသည် သံသယအုတ်မြစ်အပေါ်၌ တည်ထားသည့် ယုံကြည်ခြင်း ဖြစ်နေလိမ့်မည်။ ထိုသို့သော ယုံကြည်ခြင်းကို မည်သည့်အခါမျှ ငါအသိအမှတ်ပြုနိုင်မည် မဟုတ်ပေ။ စစ်မှန်သော ယုံကြည်ခြင်း မရှိသော သင့်တွင် စစ်မှန်သော ချစ်ခြင်းမေတ္တာ သာ၍ပင် ကင်းမဲ့နေသည်။ အကယ်၍ သင်သည် ဘုရားသခင်ကို သံသယဝင်တတ်သည့်အပြင် သင်ဆန္ဒရှိသည့်အတိုင်း သူ့အကြောင်းကို ထင်ကြေးပေးတတ်လျှင် သင်သည် လူတို့ထဲတွင် အလိမ်လည် အလှည့်ဖျားတတ်ဆုံးသူဖြစ်သည်မှာ သံသယဖြစ်စရာ မလိုပေ။ ခွင့်မလွှတ်နိုင်သော အပြစ်များဖြင့် ပြည့်နေသော၊ သေးသိမ်သည့် စရိုက်လက္ခဏာရှိသော၊ တရားမျှတမှုနှင့် ဆင်ခြင်တုံတရား ကင်းမဲ့သော၊ တရားမျှတသောသဘော ကင်းမဲ့သော၊ ရက်စက်သည့် နည်းပရိယာယ်များ ပြုတတ်သော၊ ဖောက်ပြန်ပြီး ကောက်ကျစ်သော၊ ဆိုးယုတ်မှုနှင့် အမှောင်ထုကို နှစ်သက်သော စသည့်စရိုက်လက္ခဏာများရှိသူ လူသားနှင့် ဘုရားသခင်တူနိုင်မတူနိုင်ကို သင်မှန်းဆသည်။ လူတို့၌ ဘုရားသခင်နှင့်ပတ်သက်သည့် အသိပညာ စိုးစဉ်းမျှပင် မရှိသောကြောင့် ၎င်းတို့တွင် ထိုသို့သောအတွေးများရှိခြင်းဖြစ်သည် မဟုတ်လော။ ထိုသို့သော ယုံကြည်ခြင်းသည် အပြစ်နှင့်ဘာမျှမထူး။ ထို့အပြင် ငါနှစ်သက်သောသူများသည် ခယဝယလုပ်ကာ ဖားတတ်သောသူများ အတိအကျပင်ဖြစ်ကြောင်း၊ ထိုသို့မလုပ်တတ်သူများသည် ဘုရားသခင်၏ အိမ်တော်တွင် ကြိုဆိုခြင်းခံရမည်မဟုတ်ဘဲ သူတို့သည် ထိုအိမ်တော်ရှိ မိမိတို့၏နေရာကို ဆုံးရှုံးလိမ့်မည်ဖြစ်ကြောင်း ယုံကြည်ကြသူအချို့ပင် ရှိသည်။ ဤနှစ်များတစ်လျှောက် သင်တို့ဆည်းပူးထားသည်မှာ ဤအသိပညာတစ်ခုသာလော။ ဤသည်မှာ သင်တို့ရရှိခဲ့သောအရာလော။ ထို့ပြင် ငါနှင့်ပတ်သက်သော သင်တို့၏အသိအမြင်သည် ထိုသို့သော အထင်အမြင်မှားများသာမကပေ၊ သာ၍ဆိုးသည်မှာ ဘုရားသခင်၏ ဝိညာဉ်တော်ကို သင်တို့၏ စော်ကားခြင်းနှင့် ကောင်းကင်ဘုံကို ရှုတ်ချပြောဆိုခြင်းတို့ဖြစ်သည်။ ထို့ကြောင့် သင်တို့၏ ထိုသို့သော ယုံကြည်ခြင်းသည် ငါနှင့်ဝေးရာသို့ သင်တို့ကို လမ်းလွဲသွားစေ မည်သာဖြစ်ပြီး သင်တို့အား ငါ့ကို ပိုပြီးဆန့်ကျင်သူများ ဖြစ်စေမည်သာ ဖြစ်သည်ဟု ငါပြောခြင်းဖြစ်၏။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ မြေကြီးပေါ်ရှိ ဘုရားသခင်ကို သိရှိနိုင်ပုံ

တစ်စုံတစ်ယောက်က ၎င်းတို့တွေးသည့်အရာကို အခြားသူများအား မည်သည့်အခါမျှ ရင်မဖွင့်ဘဲ၊ ဆွေးနွေးပြောဆိုခြင်း မရှိဘဲ ဖြစ်နိုင်သည်။ ၎င်းတို့ လုပ်သမျှတွင် ၎င်းတို့သည် အခြားသူများကို မည်သည့်အခါမျှ မတိုင်ပင်ဘဲ၊ ထိုအစား ၎င်းတို့က သီးသန့်နေပြီး အချိန်တိုင်း အခြားသူများကို သတိထားနေပုံရကြသည်။ ၎င်းတို့သည် မိမိတို့ကိုယ်ကိုယ် အတတ်နိုင်ဆုံး တင်းတင်းကျပ်ကျပ် ကွယ်ဝှက်ထားသည်။ ဤသည်မှာ ကောက်ကျစ်သော လူတစ်ယောက် မဟုတ်လော။ ဥပမာအားဖြင့် ၎င်းတို့က တီထွင်ဉာဏ် ကောင်းသည်ဟု ထင်ထားသည့် အကြံဉာဏ်တစ်ခု ရှိပြီး “အခု လောလောဆယ်တော့ ကိုယ့်စိတ်ထဲပဲ ထားလိုက်မယ်။ အဲဒါကို ဝေမျှလိုက်ရင်၊ ခင်ဗျားတို့က သုံးလိုက်ပြီး ငါချီးကျူးခံရမဲ့ဟာကို လုသွားနိုင်တယ်။ မပြောသေးဘူး။” ဟု တွေးကြသည်။ သို့မဟုတ် ၎င်းတို့ အပြည့်အဝ နားမလည်သည့်အရာ တစ်စုံတစ်ခု ရှိပါက၊ ၎င်းတို့က “ငါအခု မပြောပြသေးဘူး။ ငါက ပြောလိုက်ပြီး၊ တစ်ယောက်ယောက်က ပိုကောင်းတဲ့အရာ တစ်ခုခုကို ပြောလာရင်၊ ငါက အရူးလိုဖြစ်မှာ မဟုတ်ဘူးလား။ လူတိုင်းက ငါ့ကို ရိပ်စားမိသွားမယ်၊ ဒီနေရာမှာ ငါ့အားနည်းချက်ကို မြင်ကြမယ်။ ငါ တစ်ခုမှ မပြောသင့်ဘူး။” ဟု တွေးကြလိမ့်မည်။ ထို့ကြောင့် အမြင်ရှုထောင့် သို့မဟုတ် တွေးခေါ်မျှော်မြင်မှု မည်သို့ရှိပါစေ၊ တကယ့် ရည်ရွယ်ချက်က မည်သို့ရှိပါစေ၊ လူတိုင်းက သူတို့ကို ရိပ်စားမိမည်ကို စိုးရွံ့နေကြသည်။ ၎င်းတို့က ၎င်းတို့၏ကိုယ်ပိုင်တာဝန်၊ လူများ၊ အမှုကိစ္စများနှင့် ဖြစ်ရပ်များကို ဤအမြင်ရှုထောင့်မျိုးနှင့် သဘောထားမျိုးတို့ဖြင့် အမြဲတစေ ချဉ်းကပ်ကြသည်။ ဤသည်မှာ မည်သည့် စိတ်သဘောထားမျိုး ဖြစ်သနည်း။ ကောက်ကျစ်သော၊ လှည့်စားသော၊ ပြီးလျှင် ဆိုးယုတ်သော စိတ်သဘောထား တစ်ခု ဖြစ်လေသည်။ အပေါ်ယံတွင် ၎င်းတို့သည် ၎င်းတို့ပြောနိုင်သမျှ အရာရာတိုင်းကို သူတစ်ပါးတို့အား ပြောဆိုပြီးဖြစ်သည်ဟု ထင်မြင်ရသည်။ သို့သော် အပေါ်ယံ၏အောက်တွင် ၎င်းတို့သည် အချို့ကိစ္စများကို ထိမ်ချန်ထား၏။ ၎င်းတို့၏ ဂုဏ်သတင်း၊ အကျိုးစီးပွားနှင့် ပတ်သက်နေသည့်အရာများကို မည်သည့်အခါမျှ မပြော— မည်သူ့ကိုမျှမပြော၊ ၎င်းတို့၏ မိဘများကိုပင် မပြောပေ။ ၎င်းတို့သည် ဤအရာတို့ကို လုံးဝ မပြောပေ။ ဤသည်မှာ ပြဿနာ ဖြစ်သည်။

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ“သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းအားဖြင့်သာ ပုံမှန်လူသားသဘာဝကို ပိုင်ဆိုင်နိုင်သည်” မှ

လူအချို့သည် မည်သူတစ်ဦးတစ်ယောက်ကိုမျှ အမှန်တရားကို မပြောပေ။ တစ်ခါတစ်ရံတွင် ၎င်းတို့ပြောနေသည့်အရာက မှား၏၊ မှန်၏ကိုပင် ၎င်းတို့မသိကြပေ— ၎င်းတို့ကိုယ်နှိုက်က ရောထွေးနေကြသည်။ အခြားသူများနှင့် ၎င်းတို့စကားပြောသည့်အခါ ၎င်းတို့သည် အစဉ် တွေးတောနေပြီး တစ်စုံတစ်ခုကို ပြောခြင်းကြောင့် အဘယ်အကျိုးဆက်များ ဖြစ်လာမည်နည်းဟူ၍ ၎င်းတို့၏စိတ်က အစဉ် လှုပ်ရှားတွက်ချက်နေသည်။ တစ်စုံတစ်ခုကို ၎င်းတို့မပြောမီ ယင်းကို နည်းတစ်မျိုးနှင့် ပြောခြင်းဖြင့် ရရှိနိုင်မည့်အရာနှင့် အခြားနည်းတစ်မျိုးနှင့် ပြောခြင်းဖြင့် ရရှိနိုင်မည့်အရာ၊ ပြီးလျှင် အခြားသူများကို အရူးလုပ်နိုင်ပြီး အကြောင်းကိစ္စ၏ အမှန်တရားကို ထိုသူတို့နားလည်ခြင်းမှ ဟန့်တားနိုင်မည့်အရာတို့ကို ၎င်းတို့က တွက်ချက်ပြီး ကြိုတင်ခန့်မှန်းကြသည်။ ဤသည်မှာ အဘယ်စိတ်သဘောထားနည်း။ ယင်းသည် လှည့်စားတတ်မှုဖြစ်၏။ တစ်စုံတစ်ဦးအနေဖြင့် လှည့်စားတတ်သော စိတ်သဘောထားကို ပြောင်းလဲဖို့ လွယ်ကူသလော။ စိတ်သဘောထားနှင့်သက်ဆိုင်သည့် မည်သည့်အရာမျှ ပြောင်းလဲဖို့ မလွယ်ကူချေ။ လူအချို့က မိမိတို့၏ တစ်စုံတစ်ခုကို ထုတ်ဖော်ပြပြီးသည့်နောက် “သူတို့ကို ငါ၏တကယ့်အတွေးများ သိခွင့်ပေးလိုက်မိ၏။ ဤသည်မှာ မကောင်းပေ။ ဤအရာကို ပြန်ပြောင်းဖို့— အမှန်တရားကို ၎င်းတို့မသိကြစေဖို့ငှာ ယင်းကို မတူညီသော နည်းလမ်းဖြင့် ပြောဖို့ ငါနည်းလမ်းရှာရမည်” ဟု တွေးကြသည်။ ဤသည်မှာ ၎င်းတို့တွေးပြီး စီစဉ်သည့်ပုံစံဖြစ်သည်၊ ပြီးလျှင် ၎င်းတို့ လုပ်ဆောင်တော့မည့်အချိန်တွင် စိတ်သဘောထားတစ်မျိုးကို ၎င်းတို့ထုတ်ဖော်ကြသည်— လှည့်ဖြားခြင်းပင်တည်း။ ၎င်းတို့သည် ဆိုးယုတ်သောအရာတစ်ခုကို လုပ်ဆောင်တော့မည် ဖြစ်သည်။ တစ်စုံတစ်ခုကိုမျှ မလုပ်ဆောင်မီတွင်ပင် ၎င်းတို့သည် မိမိတို့၏ လှည့်စားတတ်မှုကို ထုတ်ဖော်ပြပြီးဖြစ်သည်။ ဤသည်မှာ စိတ်သဘောထားတစ်မျိုး ဖြစ်သည်။ တစ်စုံတစ်ရာကို သင်ပြောထားသည်ဖြစ်စေ၊ မပြောထားသည်ဖြစ်စေ၊ သို့မဟုတ် တစ်စုံတစ်ရာကို သင်လုပ်ဆောင်ထားသည်ဖြစ်စေ၊ မလုပ်ဆောင်ထားသည်ဖြစ်စေ ကိစ္စမရှိပေ— ဤစိတ်သဘောထားသည် သင့်ကို လှည့်စားမှုများပြုစေပြီး လိမ်လည်စေကာ လူများကို ကလိစေ၍ အမှန်တရားကို ဖုံးကွယ်စေပြီး သင့်ကိုယ်သင် ကောင်းစွာ ပြရုပ်တင်စေလျက် သင့်အတွင်းတွင် အစဉ် ရှိနေသည်။ ဤသည်မှာ လှည့်စားတတ်ခြင်း ဖြစ်သည်။ လှည့်စားတတ်သည့် လူများသည် အဘယ်အထူးအမှုကိစ္စများကို ပြုသနည်း။ ဥပမာအနေဖြင့် လူနှစ်ယောက် စကားစမြည်ပြောနေသည် ဆိုကြပါစို့၊ တစ်ဦးက “ယခုတလောတွင် အခြေအနေအချို့ကို ကျွန်ုပ်ကျော်ဖြတ်ခဲ့ရပြီး ဘုရားသခင်ကို နှစ်ချီ၍ ယုံကြည်လာသည်မှာ အကယ်ပင် အချည်းနှီးဖြစ်သည်ဟု ကျွန်ုပ်ခံစားရသည်။ ကျွန်ုပ်သည် လူတစ်ယောက်အနေဖြင့် ကျရှုံးသူ ဖြစ်သည်။ ဆုတ်ယုတ်သည်၊ နုံချာသည်။ ကျွန်ုပ်ကောင်းကောင်း မလုပ်ဆောင်သည်မှာ အတော်ကြာပြီဖြစ်သည်။ အနာဂတ်တွင် မိမိကိုယ်ကို အဖတ်ဆယ်ဖို့ ကျွန်ုပ်ကြိုးစားမည်” ဟု ပြောသည်။ ဤအရာကို ၎င်းတို့ပြောခြင်းက မည်သည့်အကျိုးသက်ရောက်မှုမျိုး ဖြစ်စေမည်နည်း။ အခြားသူများက ယင်းကို ကြားပြီး “ဤလူသည် နောင်တရပြီးဖြစ်သည်— လုံးလုံးလျားလျား နောင်တရပြီးဖြစ်သည်။ ယင်းက စစ်မှန်၏။ ငါသံသယဝင်၍ မရနိုင်။ ၎င်းတို့သည် အကောင်းဘက်ကို ပြောင်းလဲလာကြပြီဖြစ်သည်။ ၎င်းတို့သည် လူသားတစ်ဦးအနေဖြင့် ကျရှုံးသူများဖြစ်ကြောင်းနှင့် ယခုတလော ၎င်းတို့ကြုံတွေ့ရသည့် ပြဿနာများအားလုံးကို ဘုရားသခင်က စီစဉ်ညွှန်ကြားထားခြင်းသာ ဖြစ်ကြောင်းကိုပင် ပြောသွားသည်။ ၎င်းတို့ကျိုးနွံနာခံနိုင်ပေသည်” ဟု တွေးကြသည်။ နားထောင်သူ၌ ထိုကဲ့သို့သော အကျိုးသက်ရောက်မှု ဖြစ်သွားရာတွင် ပြောသွားသူ၏ ရည်မှန်းချက်က အထမြောက် အောင်မြင်ပြီလော။ (အောင်မြင်ပါသည်။) သို့ဆိုလျှင် ၎င်းတို့၏ စစ်မှန်သော အခြေအနေသည် ၎င်းတို့ပြောသကဲ့သို့ အတိအကျ ဖြစ်သလော။ သေချာပေါက် မဟုတ်ချေ။ ၎င်းတို့ပြောသည့်အရာသည် ထိုကဲ့သို့သော အကျိုးသက်ရောက်မှုတစ်ခုကို စွမ်းဆောင်ရရှိခဲ့သော်လည်း ၎င်းတို့ပြုသည့်အရာသည် ၎င်းတို့ပြောသကဲ့သို့ မဟုတ်ပေ။ ဤအရာကို ၎င်းတို့ပြောခြင်း၌ အဓိကအချက်က ၎င်းတို့ပြောသည့် နည်းလမ်း၊ ၎င်းတို့စွမ်းဆောင်ရရှိလိုသည့် ရလဒ်ဖြစ်သည်။ စကားပြောရာတွင် ၎င်းတို့သည် တစ်စုံတစ်ခုကို စွမ်းဆောင်ရရှိဖို့ အစဉ် ကြိုးစားနေကြသည်၊ ၎င်းတို့၌ ကြံရွယ်ချက်အချို့ အစဉ်ရှိကြသည်၊ ၎င်းတို့သည် ၎င်းတို့၏ ရည်မှန်းချက်များကို စွမ်းဆောင်ရရှိဖို့ အချို့သော နည်းစနစ်၊ သို့မဟုတ် အချို့သော စကားများကို အစဉ် အသုံးပြုကြသည်။ ဤသည်မှာ မည်သည့်စိတ်သဘောထားမျိုး ဖြစ်သနည်း။ ယင်းသည် လှည့်စားတတ်ခြင်းဖြစ်ပြီး ယင်းသည် အမှန်တကယ်ပင် တစိမ့်စိမ့်နှင့် အန္တရာယ်ပေးတတ်လေသည်။ အမှန်တွင်မူ ၎င်းတို့သည် ဆိုးရွားကာ ဆုတ်ယုတ်ပြီး နုံချာသည်ကို ၎င်းတို့နည်းနည်းမျှ သတိမမူမိကြပေ။ ၎င်းတို့သည် မိမိတို့ကိုယ်ကို နားလည်ကာ နောင်တရပြီးဖြစ်သည်ဟု သင့်အနေဖြင့် ခံစားရဖို့အလို့ငှာ ၎င်းတို့က သင်၏ထောက်ခံမှုကိုရရန်၊ ၎င်းတို့အား သင်အကောင်းမြင်စေရန် ဝိညာဉ်ရေးရာ ဘာသာစကားတစ်ခုခုနှင့် စကားလုံးအချို့ကိုသာ အသုံးပြုခြင်း ဖြစ်သည်။ ထိုသို့သော အကျိုးသက်ရောက်မှုတစ်ခုကို စွမ်းဆောင်ရရှိခြင်းသည် လှည့်စားတတ်ခြင်း မဟုတ်ပေလော။

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ“စိတ်သဘောထား၌ အပြောင်းအလဲဖြစ်ရန်အလို့ငှာဖောက်ပြန်ပျက်စီးသော စိတ်သဘောထား၏ ရှုထောင့်ခြောက်ခုကို နားလည်ရမည်” မှ

လှည့်ဖြားတတ်သော လူများသည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ကြသည့်အခါ၊ လှည့်ဖြားမှုတွင် ပါဝင်ပတ်သက်ကြသလော။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းသည် ၎င်းတို့အား အဖိုးအခတစ်ခု ပေးဖို့၊ ၎င်းတို့ကိုယ်တိုင်၏ အကျိုးစီးပွားများကို စွန့်လွှတ်ဖို့၊ အခြားသူများထံ မိမိတို့ကိုယ်ကိုယ် ထုတ်ဖော်ပြဖို့ တောင်းဆို၏။ သို့သော် ၎င်းတို့သည် တစ်စုံတစ်ရာကို ချုပ်တည်းထားကြသည်။ ၎င်းတို့ စကားပြောသည့်အခါ၊ ၎င်းတို့သည် တစ်ဝက်တစ်ပျက်သာ ပြောပြီး ကျန်သည့်အရာများကို ဆိုင်းထားကြသည်။ အခြားသူများမှာ ၎င်းတို့ မည်သည့်အရာ ဆိုလိုသည်ကို အမြဲ မှန်းဆကြရသည်၊ ၎င်းတို့၏ ဆိုလိုရင်းကို အဖြေရှာဖို့ အသေးစိတ်များကို အမြဲ ဆက်စပ်ကြရသည်။ ၎င်းတို့သည် တစ်မျိုးပြောင်းဖို့ မိမိတို့ကိုယ်ကိုယ် အမြဲခွင့်ပြုကြသည်၊ အခြားတစ်နည်းပြောင်းဖို့ အခွင့်အရေးအချို့ မိမိတို့ကိုယ်ကိုယ် ပေးကြလေသည်။ ၎င်းတို့ လှည့်ဖြားတတ်သည်ကို အခြားသူများက မြင်လျှင်မြင်ချင်း၊ ထိုသူတို့သည် ၎င်းတို့နှင့် အပြန်အလှန်ဆက်ဆံ လိုခြင်းမရှိကြချေ၊ ၎င်းတို့နှင့် ဆက်ဆံနေချိန်တွင် ထိုသူတို့သည် ကြိုတင်ကာကွယ်မှု အမြဲ ယူကြပြီး၊ ၎င်းတို့ ပြောသည်အရာ မှန်သည်၊ မှားသည်ဆိုသည်နှင့် ထိုအရာမည်မျှ ရောနှောထားသည်ကို တွေးတောရင်း၊ ၎င်းတို့ပြောသည့် မည်သည့်အရာကိုမဆို မယုံကြည်ကြချေ။ ထို့ကြောင့် မိမိတို့၏ စိတ်နှလုံးများတွင် လူတို့သည် ၎င်းတို့၌ ယုံကြည်မှု မကြာခဏ ပျောက်ဆုံးကြသည်၊ ၎င်းတို့သည် လူတို့၏ စိတ်နှလုံးများတွင် ဩဇာသက်ရောက်မှု အလွန် နည်းပါး၏ သို့မဟုတ် လုံးဝ ဩဇာသက်ရောက်မှု မရှိကြချေ။ ယင်းမှာ သင်၏ အဆင့်အတန်းနှင့် လူတို့၏ စိတ်နှလုံးများ၌ သင် သယ်ဆောင်သည့် ဩဇာသက်ရောက်မှု ဖြစ်သည်။ သို့ဆိုလျှင် သင့်ကို ဘုရားသခင်က သူ၏ မျက်မှောက်တွင် အဘယ်သို့ မြင်လိမ့်မည်နည်း။ လူသားနှင့် နှိုင်းစာလျှင်၊ ဘုရားသခင်သည် လူတို့ကို သာ၍ တိကျမှန်ကန်စွာ၊ သာ၍ ပြတ်သားစွာနှင့် သာ၍ လက်တွေ့ကျစွာ မြင်၏။

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ“ရိုးသားသောလူတစ်ဦးဖြစ်ခြင်း၏ အခြေခံအကျဆုံး လက်တွေ့လုပ်ဆောင်ချက်” မှ

သင်သည် သင်၏ ဇာတိကပတိနှင့် သင်၏ ကိုယ်ပိုင်ရှေ့ရေးတို့ကို အစဉ်စဉ်းစားသည်။ သင်သည် ဇာတိကပတိ၏ ဒုက္ခခံစားရမှုကို အစဉ်သဖြင့် လျော့ပါးစေလိုသည်၊ အားထုတ်မှုကို လျော့၍ လုပ်လိုသည်၊ လျော့၍ စိတ်နှစ်မြှုပ်လိုသည်၊ အဖိုးအခကို လျော့၍ ပေးဆပ်လိုပြီး ကိုင်တွယ်လှည့်စားရန် အခွင့်အလမ်းကို အစဉ်သဖြင့် သင်ရှာဖွေသည်— ဤသည်မှာ သင်၏ လှည့်စားတတ်သော သဘောထားဖြစ်သည်။ သင်သည် ဘုရားသခင်အတွက် အသုံးတော်ခံသောအခါတွင် “အိုး၊ ဘုရားသခင်အတွက် ငါ့ကိုယ်ငါ ဆက်ကပ်အပ်နှံရမည်ဟူသလော။ ကောင်းမွန်စွာ စားသောက်နေထိုင်ရန်အတွက် ငါလုပ်ဆောင်ရဦးမည်။ ဘုရားသခင်၏ အမှုက မပြီးဆုံးလျှင် ငါမည်သို့ပြုရမည်နည်း။ ထို့ကြောင့် ငါအလုံးစုံမပေးဆပ်။ ဘုရားသခင်၏ နှုတ်ကပတ်တော်သည် မည်သည့်အခါတွင် ပြည့်စုံမည်ဆိုသည်ကို ငါတို့မသိ၊ ထို့ကြောင့် ငါဂရုစိုက်ရမည်၊ သေချာစဉ်းစားရမည်။ ငါ၏မိသားစုဘဝကို စီမံပြီးသည့်အခါတွင်၊ ငါ၏အနာဂတ်ရှေ့ရေးကို စီစဉ်ပြီး ဖြေရှင်းပြီးသည့်အခါတွင် ဘုရားသခင်အတွက် ငါ့ကိုယ်ငါ ဆက်ကပ်အပ်နှံမည်” ဟု ပြောလျက် သင်သည် သေချာစဉ်းစားခြင်းလည်း ပြုသည်။ ဤသို့ဖြင့် လျှိုဝှက်ထားခြင်းသည်လည်း လှည့်စားခြင်းဖြစ်ပြီး လှည့်စားလျက် ဆောင်ရွက်ခြင်းဖြစ်သည်။ ဤသည်မှာ ရိုးသားသော သဘောထားတစ်ခု မဟုတ်ပေ။ ၎င်းတို့၏ညီအစ်ကိုမောင်နှမများဖြင့် အပြန်အလှန်ပြောဆိုသော်အခါ လူအချို့က ၎င်းတို့၏စိတ်နှလုံးအတွင်းမှ အခက်အခဲများကို ညီအစ်ကိုမောင်နှမများက တွေ့ရှိပြီး ၎င်းတို့နှင့်ပတ်သက်၍ တစ်စုံတစ်ရာပြောရန်ရှိမည် သို့မဟုတ် ၎င်းတို့ကို အထင်အမြင်သေးမည်ကို စိုးရိမ်ကြသည်။ ၎င်းတို့စကားပြောစဉ် ၎င်းတို့သည် အမှန်တကယ် စိတ်အားထက်သန်ကြောင်း၊ ဘုရားသခင်ကို အမှန်တကယ် အလိုရှိကြောင်းနှင့် သမ္မာတရားကို လက်တွေ့ကျင့်ဆောင်ရန် အမှန်တကယ် ဆန္ဒရှိကြောင်း ထင်မြင်ချက်ကို ပေးရန် အမြဲကြိုးစားကြသည်၊ သို့သော်လည်း အမှန်မှာ ၎င်းတို့၏စိတ်နှလုံးထဲ၌ ၎င်းတို့သည် အလွန်အမင်းအားနည်းပြီး မတုန်မလှုပ် ရှိကြသည်။ ၎င်းတို့၏သဘောသဘာ၀ အစစ်အမှန်ကို မည်သူမျှ မရိပ်မိစေရန် ၎င်းတို့သည် ကြံ့ခိုင်ချင်ယောင်ဆောင်ကြသည်။ ဤအရာမှာလည်း လိမ်လည်လှည့်ဖြားမှု ဖြစ်သည်။ အကျဉ်းချုပ်အားဖြင့် သင် မည်သည့်အရာကို ပြုပါစေ၊ ၎င်းသည် အသက်တာထဲ၌ဖြစ်စေ၊ ဘုရားသခင်ကို အစေခံရာ၌ဖြစ်စေ၊ သို့မဟုတ် သင်၏တာဝန်ကို ထမ်းဆောင်နေစဉ်ဖြစ်စေ၊ အကယ်၍ သင်သည် လူတို့အား မျက်နှာအတုအယောင်တစ်ခုကို ပြသပြီး လူတို့အား လှည့်စားရန်၊ သင့်ကို ၎င်းတို့ အထင်ကြီးအောင် လုပ်ရန် သို့မဟုတ် သင့်ကို အထင်မသေးစေရန် ထိုမျက်နှာကို အသုံးပြုပါက သင်သည် လိမ်လည်လှည့်ဖြားနေခြင်း ဖြစ်သည်။

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ“ရိုးသားသောလူတစ်ဦးဖြစ်ခြင်း၏ အခြေခံအကျဆုံး လက်တွေ့လုပ်ဆောင်ချက်” မှ

ဤအရာနှင့်ပတ်သက်ပြီး သင်တို့ မည်သို့ဆိုမည်နည်း— လှည့်စားတတ်သောသူတို့နှင့် ယှဉ်တွဲနေထိုင်ရခြင်းသည် ပင်ပန်းသည်မဟုတ်လော။ (ပင်ပန်းပါသည်။) ၎င်းတို့အတွက် ပင်ပန်းသလော။ ၎င်းတို့အတွက်လည်း ပင်ပန်းသည်၊ အဘယ်ကြောင့်ဆိုသော် လှည့်စားခြင်းသည် ရိုးသားခြင်းနှင့် ကွာခြားသည်။ ရိုးသားသူတစ်ယောက်သည် ရိုးရှင်း၏— ၎င်းတို့၏ စဉ်းစားပုံသည် ထိုမျှ မရှုပ်ထွေးပေ။ သို့သော် လှည့်စားတတ်သူတစ်ယောက်၏ အခြေအနေတွင် သူသည် အစဉ်သဖြင့် ဝေ့ဝိုက်ပြောဆိုသည်၊ မည်သည့်အရာကိုပြောဆိုသည်ဖြစ်စေ မည်သည့်အခါမျှ တည့်မတ်ခြင်းမရှိ။ ယင်းမှာ ၎င်းတို့အတွက်လည်း ပင်ပန်းသည်။ လှည့်ကွက်များ အစဉ်သဖြင့် အသုံးပြုပြီး ၎င်းတို့၏ အလိမ်အညာများကို ဖုံးဖိနေရခြင်းသည် ပင်ပန်းဖွယ်ဖြစ်သည်။ ၎င်းတို့သည် ပေါ့ဆလိုက်သည့် အချိန်ခဏတွင် တစ်စုံတစ်ခုကို ထုတ်ပြောမိမည်ကို ကြောက်ရွံ့လျက် အစဉ်သဖြင့် ဦးနှောက်ခြောက်ခံ အကြံထုတ်ပြီး အလွန်အမင်း စဉ်းစားကြသည်။ လှည့်ကွက်များကို အသုံးချရာတွင် အချို့လူတို့သည် မည်မျှအထိ လုပ်ဆောင်ကြလိမ့်မည်ကို သင်သိသလော။ ၎င်းတို့သည် လူတိုင်းနှင့် ယှဉ်ပြိုင်ကြသည်။ စိတ်ပင်ပန်းလွန်ဝေဒနာ ဖြစ်သည်အထိ ကြိုးပမ်းကြပြီး ညတွင် အိပ်၍ပင်မပျော်နိုင်ပေ။ ဤအရာမှ ၎င်းတို့၏ လှည့်စားမှုအဆင့်ကို မြင်နိုင်သည်။ ရိုးသားသူတစ်ယောက်အဖြစ် ဘဝကို ရှင်သန်ခြင်းသည် ပင်ပန်းခြင်းမရှိပေ— ရိုးသားသူတစ်ယောက်သည် အရာရာ၌ ဘုရားသခင်၏ အလိုတော်ကို ရှာဖွေပြီး ဘုရားသခင်၏ အလိုတော်နှင့်အညီ ဆောင်ရွက်လျက် သူ၏စိတ်တွင်ရှိသမျှကို ပြောဆိုသည်၊ စဉ်းစားနေသည့်အရာမှန်သမျှကို ထုတ်ဖော်ပြသည်၊ စဉ်းစားနေသည့်အရာမှန်သမျှအတိုင်း ဆောင်ရွက်သည်။ ၎င်းတို့ မသိနားမလည်သည့် နေရာများသာ ရှိနိုင်သည်။ ထို့ကြောင့် နောင်ကာလတွင် ၎င်းတို့သည် ပို၍ ဉာဏ်ပညာရှိရမည်ဖြစ်ပြီး တိုးတက်မှုကို မည်သည့်အခါမျှ မရပ်တန့်ရပေ။ သို့သော် လှည့်စားတတ်သောသူတို့သည် ဤသို့မဟုတ်ပေ။ ၎င်းတို့သည် စာတန်၏ အတွေးအခေါ်အပေါ်တွင် အခြေခံပြီး၊ ၎င်းတို့ကိုယ်တိုင်၏ လှည့်စားတတ်သော သဘာဝနှင့် အနှစ်သာရအပေါ် အခြေခံပြီး ရှင်သန်နေထိုင်ကြသည်။ သူတစ်ပါးတို့က ၎င်းတို့၏ အကြောင်းတစ်စုံတစ်ခုကို သိမည်စိုးသောကြောင့် ၎င်းတို့သည် အရာရာ၌ သတိထားရသည်။ ၎င်းတို့သည် အနှေးနှင့်အမြန် မိမိတို့ကိုယ်ကို ဖော်မိမည်ကို စိုးရိမ်သောကြောင့် ၎င်းတို့၏ သရုပ်မှန်ကို ဖုန်းကွယ်ရန်အတွက် ၎င်းတို့လုပ်ဆောင်သည့် အရာရာတွင် ၎င်းတို့ကိုယ်တိုင်၏ နည်းလမ်းများ၊ လှည့်စားသော၊ ကောက်ကျစ်သော မာယာများကို အသုံးပြုရသည်— ၎င်းတို့ဖုန်းကွယ်ထားခြင်းသည် ပေါ်လာသည့်အခါတွင် အဆင်ပြေအောင် ဖြေရှင်းရမည်ဖြစ်သည်။ ၎င်းတို့ဖုံးဖိထားခြင်းကို ကယ်တင်ဖို့ ကြိုးစားရာတွင် အလွန်လွယ်ကူလှသည့် အချိန်များရှိပြီး အဆင်မပြေသည့်အခါတွင်မူ ၎င်းတို့သည် အလွန်ပင် ကယောက်ကယက်ဖြစ်ကာ သူတစ်ပါးတို့က ၎င်းတို့ကို ရိပ်စားမိမည်ကို ကြောက်ရွံ့ကြသည်။ ထိုသို့ဖြစ်သောအခါတွင် ၎င်းတို့သည် အခြားလူတို့ရှေ့တွင် အရှက်ရခဲ့ပြီဟု ခံစားရပြီး အခြေအနေကို ပြောင်းလဲရန်အတွက် တစ်ခုခုပြောဆိုရန် စဉ်းစားရသည်။ ဤအရာအားလုံးက အပြန်အလှန် ဖြစ်ပေါ်နေရာတွင် ၎င်းတို့သည် ဤအရာကို ပင်ပန်းသည်ဟု မြင်မည်မဟုတ်လော။ ၎င်းတို့၏ ဦးနှောက်သည် အစဉ်သဖြင့် လှုပ်ရှားနေသည်။ မလှုပ်ရှားလျှင် ၎င်းတို့၏ စကားလုံးများသည် မည်သည့်နေရာက လာမည်နည်း။ သင်သည် ရိုးသားပြီး ပြောဆိုပြုမူရာတွင် ဖုံးကွယ်ထားသော ရည်ရွယ်ချက်များ မရှိလျှင် သင်၏ တကယ့်အသွင်အပြင်ကို ပြသမိမည်ကို စိတ်ပူစရာမလိုဘဲ မည်သည့်အရာကို သင်လုပ်ဆောင်သည်ဖြစ်စေ သင်လုပ်ဆောင်ပြီးသောအခါ ပြီးဆုံးပြီဖြစ်သည်။ သင်သည် မည်သို့ ပင်ပန်းနိုင်မည်နည်း။ သို့သော် လှည့်စားတတ်သောသူတို့ ပြောသည့်၊ လုပ်ဆောင်သည့်အရာများ၏ နောက်ကွယ်တွင် ဖုံးကွယ်ထားသော ရည်ရွယ်ချက်တစ်ခု အစဉ်သဖြင့် ရှိနေသည်။ ထိုအရာသည် ပေါ်ပေါက်သွားသည်နှင့် တစ်ပြိုင်နက် ၎င်းတို့ ဖုံးဖိထားခြင်းကို ဖာထေးရန် နည်းလမ်းများကို တီထွင်ကြံဆဖို့ အလုအယက် ကြိုးပမ်းရသည်။ ပြီးနောက်တွင် ဤသည်မှာ လုံးဝ မတူညီသည့် ကိစ္စရပ်ဖြစ်သည်ဟု ထင်မြင်အောင် သင့်ကို လှည့်ဖြားရန်အတွက် အခြားအတုအယောင်တစ်ခုကို ထုတ်ပြကြလိမ့်မည်။ ဤသည်မှာ ၎င်းတို့အတွက် အထူးပင်ပန်းရသည်။ သင်သည် ၎င်းတို့နှင့် ဆက်ဆံရာတွင် ၎င်းတို့က ဤသို့ ပြုမူဆောင်ရွက်သည်မှာ မည်မျှမိုက်မဲသည်ကိုလည်းကောင်း၊ ဤအရာအားလုံးတို့ကို ပြောသည်မှာ မည်မျှပင် လိုအပ်ခြင်းမရှိသည်ကိုလည်းကောင်း သင်သတိပြုမိသည်။ ၎င်းတို့ အမှန်တကယ်ပင် ရှင်းပြရန်မလိုသည့် အရာအချို့ရှိသည်။ သင့်အနေဖြင့် ယင်းတို့ကို မည်သို့မျှ တွေးမိမည်မဟုတ်သော်လည်း ၎င်းတို့သည် ရှင်းပြရန်၊ အခြေအနေကို အဖတ်ဆယ်ရန်အတွက် သင်နားထောင်ရသည်မှာ စိတ်ကုန်လာသည်အထိ အလွန်အမင်း ကြိုးပမ်းကြသည်။ ၎င်းတို့က အရာရာကို ရှင်းပြရန်မလိုလျှင် အလွန်ပင်ပန်းရမည်မဟုတ်ဟု ၎င်းတို့ကိုယ်တိုင်လည်း ခံစားရကြသည်။ ၎င်းတို့ကို သင်လက်ခံယုံကြည်စေရန်အလို့ငှာ ၎င်းတို့ကို သင်အထင်လွဲခြင်းမှ မည်သို့ကာကွယ်ရန်၊ ၎င်းတို့၏ စကားများ၊ သို့မဟုတ် လုပ်ဆောင်မှုများ၏ နောက်ကွယ်တွင် မကောင်းသည့်စိတ်မပါဝင်ကြောင်း သင့်ကို မည်သို့အယုံသွင်းရန်တို့ကို အဖြေရှာရန်အတွက် ၎င်းတို့၏ ဦးနှောက်သည် အဆက်မပြတ် အလုပ်လုပ်လျက်ရှိသည်။ ဤသို့ဖြင့် ၎င်းတို့သည် ကြာရှည်စွာ တွေးတောကြသည်။ ညတွင် ၎င်းတို့အိပ်မပျော်သည့်အခါ ဤအကြောင်းကို စဉ်းစားကြသည်။ နေ့တွင် မစားသောက်နိုင်လျှင် ဤအကြောင်းကို တွေးနေကြသည်၊ သို့မဟုတ် သူတစ်ပါးတို့ထံမှ အခြားကိစ္စနှင့်ပတ်သက်၍ အကြံဉာဏ်ရယူနေသောအခါတွင် ၎င်းတို့သည် ဤအရာကို စုံစမ်းစစ်ဆေးရန် လုပ်ဆောင်နေဆဲဖြစ်သည်။ ၎င်းတို့သည် ထိုကဲ့သို့သောလူစားမျိုးမဟုတ်၊ လူကောင်းဖြစ်သည်ဟု သင်ခံစားရစေရန်၊ သို့မဟုတ် ဤသည်မှာ ၎င်းတို့ဆိုလိုသည့်အရာမဟုတ်ဟု သင်ခံစားရအောင် ပြုလုပ်ရန်အတွက် ၎င်းတို့သည် အစဉ်သဖြင့် ဖုံးဖိဟန်ဆောင်ကြသည်။ လှည့်စားတတ်သောသူတို့သည် ဤကဲ့သို့ ဖြစ်သည်။

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ“ရိုးသားသောလူတစ်ဦးဖြစ်ခြင်း၏ အခြေခံအကျဆုံး လက်တွေ့လုပ်ဆောင်ချက်” မှ

သဘာဝနှင့်ဆိုင်သည့် အရေးကိစ္စများသည် အားနည်းသည့် အခိုက်အတန့်တွင်သာ ဖြစ်သည့်အရာများ မဟုတ်ဘဲ ဘဝတစ်လျှောက်လုံး မပြတ်မစဲရှိနေခြင်း ဖြစ်သည်။ လူတစ်ဦးလုပ်ဆောင်သမျှ၌ သူ၏အနံ့အသက် ပါဝင်သည်၊ သူ့သဘာဝ၏ အရိပ်လက္ခဏာ ပါဝင်နေသည်။ ထိုအရိပ်လက္ခဏာများသည် တစ်ခါတစ်ရံ မထင်ရှားသည့်တိုင် သူ့အတွင်း၌ တည်ရှိနေကြသည်။ ဥပမာအနေဖြင့် လှည့်ဖြားတတ်သည့်သူတစ်ဦးက အခြေအနေတစ်ရပ်တွင် ရိုးသားစွာ စကားပြောသည့်အခါ သူ့စကားအတွင်း၌ ပြောပုံဆိုပုံက ရှိနေဆဲဖြစ်ပြီး လှည့်ဖြားတတ်မှုက ရောထွေးနေ၏။ လိမ်လည်လှည့်ဖြားတတ်သော လူတစ်ဦးသည် သူ၏ ဆွေမျိုးသားချင်းများအပါအဝင် မည်သူ့ကိုမဆို လှည့်စားလိမ့်မည်၊ သူ၏သားသမီးများကိုပင် လှည့်စားလေမည်။ သူ့အပေါ် သင် မည်သို့ပွင့်လင်းစေကာမူ သင့်ကို သူဆော့ကစားလိမ့်မည်။ ဤသည်မှာ သူ့ဗီဇသဘာဝ၏ သရုပ်မှန်ဖြစ်၏၊ သူ့ကို ဤသဘာဝဗီဇက ပိုင်ဆိုင်၏။ ယင်းကို ပြောင်းလဲရန်ခက်ခဲပြီး သူသည် အချိန်တိုင်း ထိုကဲ့သို့ပင်ဖြစ်၏။ ရိုးသားသောလူများသည် တစ်ခါတစ်ရံ လိမ်လည်ပြီး လှည့်ဖြားသောအရာ တစ်စုံတစ်ခုကို ပြောကောင်းပြောနိုင်သော်လည်း ထိုကဲ့သို့သော လူတစ်ဦးမှာ အများအားဖြင့် အတော်ပင် ရိုးသား၏၊ သူသည် အရေးကိစ္စများကို တိုက်ရိုက်ကိုင်တွယ်ပြီး အခြားသူများနှင့် ဆက်ဆံမှုများတွင် ၎င်းတို့အပေါ် မတရားသဖြင့် အခွင့်ကောင်း မယူတတ်ပေ။ သူသည် အခြားသူများနှင့် စကားပြောသောအခါ ၎င်းတို့ကိုစမ်းသပ်ရန် သူသည် အမှုအရာများကို တမင်တကာ မပြောဆိုတတ်ပေ၊ သူသည် ရင်ဖွင့်ပြောပြပြီး အခြားသူများနှင့် ဆက်ဆံနိုင်ပြီး သူသည် တကယ့်ကို ရိုးသားသည်ဟု လူတိုင်းက ဆိုကြသည်။ လိမ်လည်လှည့်ဖြားခြင်း အနည်းငယ်ဖြင့် သူစကားပြောသော အချိန်များ ရှိသည်။ ယင်းမှာ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား၏ သရုပ်သကန် တစ်ခုမျှသာဖြစ်ပြီး သူ၏ သဘာဝဗီဇကို ကိုယ်စားပြုခြင်းမရှိပေ၊ အဘယ်ကြောင့်ဆိုသော် သူသည် လှည့်ဖြားတတ်သော လူတစ်ဦး မဟုတ်ပေ။

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ“လူ့သဘာဝကို သိရှိရန် နည်းလမ်း” မှ

အန္တိခရစ်များဖြစ်သည့် လူတန်းစားများအကြား အရိုးစွဲနေသည့် တမင်လိမ်လည်လှည့်စားခြင်းသည် ၎င်းတို့၏ လူ့သဘာဝအားဖြင့် ထုတ်ဖော်ပြသည့် အဓိက ပင်ကိုအရည်အချင်းများထဲမှ တစ်ခုဖြစ်သည်။ ၎င်းတို့၏ ဘာသာစကားမှတစ်ဆင့်၊ ၎င်းတို့ပြောသည့် အရာများနှင့် ထိုအရာများကို ၎င်းတို့ပြောသည့် နည်းလမ်း၊ ၎င်းတို့၏ မျက်နှာအမူအရာ ဟန်ပန်၊ ၎င်းတို့စကားများ၏ အဓိပ္ပာယ်နှင့် ထိုစကားများနောက်ကွယ်မှ အရင်းခံအကြောင်းတို့မှတစ်ဆင့် ဤလူများသည် ပုံမှန်လူ့သဘာဝ ချို့တဲ့ကြောင်း၊ ပုံမှန်လူ့သဘာဝမှ ဘုရားသခင်လိုလားသည့် ရိုးသားမှုကို ၎င်းတို့မပိုင်ဆိုင်ကြောင်းကို မြင်တွေ့နိုင်သည်။ ထို့အပြင် ဤလူများ၏ လူ့သဘာဝ၌ အရိုးစွဲနေသည့် တမင်လိမ်လည် လှည့်စားခြင်းသည် သာမန်လူများ၏ အလိမ်အညာများနှင့် လှည့်စားမှုများထက် သာ၍ ကြီးလေးသည်။ ဤသည်မှာ ရိုးရိုးဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားမျိုး မဟုတ်သကဲ့သို့၊ ရိုးရိုးပုံမှန်မဟုတ်သည့် လူ့သဘာဝမျိုး၏ သရုပ်သကန်လည်း မဟုတ်ပေ။ ၎င်းတို့၏ အလိမ်အညာများသည် လူအများစု၏ အလိမ်အညာများထက် ပို၍ အလွယ်တကူ ထွက်ပေါ်လာသည်၊ ပြီးလျှင် ၎င်းတို့သည် သာ၍ ကျွမ်းကျင်ကြသည်။ လူအများစု လိမ်ညာသည့်အခါ ၎င်းတို့သည် မုသားကို လုပ်ကြံပြောဆိုရသည်၊ ယင်းကို ဂရုတစိုက် တွေးတောရသည်။ သို့ရာတွင် ဤလူစားမျိုးသည် မည်သည့်အရာကိုမျှ လုပ်ကြံပြောဆိုစရာမလိုသကဲ့သို့ မည်သည့်အတွေးမျှ တွေးစရာမလိုပေ။ ၎င်းတို့၏ပါးစပ်ကို ဖွင့်လိုက်သည်နှင့် မုသားက ထွက်ပေါ်လာပေသည်— ပြီးလျှင် သင်မသိလိုက်မီမှာပင် သင်သည် လှည့်စားခံရပြီး ဖြစ်သည်။ ၎င်းတို့၏ မုသားများနှင့် လှည့်စားခြင်းသည် ဉာဏ်နှေးသော လူများအတွက် နားလည်သဘောပေါက်ဖို့ နှစ်ရက်သုံးရက် ကြာသည်အထိပင် ဖြစ်သည်။ ထို့နောက်မှသာလျှင် ဤလူက မည်သည့်အရာ ဆိုလိုသည်ကို ၎င်းတို့သဘောပေါက်ကြသည်။ ထုံထိုင်းသည့်၊ သို့မဟုတ် ဉာဏ်ရည်နိမ့်သည့်လူများသည် နှစ်အနည်းငယ် ကြာပြီးသည့်နောက်တွင်ပင် နားမလည်နိုင်သေးဘဲ ဖြစ်ကောင်း ဖြစ်နိုင်သည်။ ထိုစကားများအားဖြင့် ထိုလူက မည်သည့်အရာ ဆိုလိုသည်ကို ၎င်းတို့တစ်သက်လုံး မသိနိုင်ခြင်းမျိုး ဖြစ်ကောင်း ဖြစ်နိုင်သည်။ အန္တိခရစ်များသည် လိမ်ညာခြင်းကို အကျင့်ပါနေကြသည်။ ၎င်းတို့လူ့သဘာဝ၏ ထူးခြားသော လက္ခဏာမှာ အဘယ်နည်း။ ယင်းမှာ ပုံမှန်လူ့သဘာဝ၏ တစ်စိတ်တစ်ပိုင်း မဟုတ်သည်မှာ သိသာထင်ရှားပေသည်။ အတိအကျဆိုရပါက ယင်းမှာ နတ်ဆိုးတစ်ကောင်၏ သဘာဝဖြစ်သည်။ ၎င်းတို့၏ အရိုးစွဲနေသည့် တမင်လိမ်လည်လှည့်စားခြင်း၊ အလိမ်အညာများနှင့် လှည့်စားခြင်း— ဤလုပ်ကိုင်ပြုမူပုံ နည်းလမ်းများကို ကျောင်းတွင် သင်ယူတတ်မြောက်ခဲ့ကြခြင်းလော။ ယင်းတို့သည် အသိပညာ လွန်ကဲခြင်း၏ အကျိုးဆက်လော။ ယင်းတို့သည် မိဘများ၏ သွန်သင်ချက်နှင့် ဩဇာလွှမ်းမိုးမှုတို့ကြောင့်လော။ (မဟုတ်ပါ။) ဤအရာများသည် ၎င်းတို့၏ ပင်ကိုသဘာဝ ဖြစ်သည်။ ၎င်းတို့သည် ဤအရာများဖြင့် မွေးဖွားလာကြသည်။ မည်သူကမျှ ဤအရာများကို ၎င်းတို့အား အတင်းအကျပ် မပြုစေသကဲ့သို့ မည်သူတစ်ဦးတစ်ယောက်ကမျှ ၎င်းတို့အား ဤအရာများကို သင်ကြားပေးထားခြင်း မဟုတ်။ ဤသည်မှာ ၎င်းတို့၏ ဖြစ်ခြင်းသာ ဖြစ်သည်— တမင်လိမ်လည်လှည့်စားနေကျ ဖြစ်သည်။ ထိုမျှမကသေး ၎င်းတို့သည် မိမိတို့၏ မုသားများကြောင့် အရှက်ရခြင်း၊ သို့မဟုတ် စိတ်အနှောင့်အယှက် ဖြစ်ခြင်းတို့ကို မည်သည့်အခါမျှ မခံစားရပေ၊ ၎င်းတို့သည် မည်သည့်အခါမျှ သောကမပွားသကဲ့သို့ စိတ်မအေးခြင်းလည်း မရှိပေ။ ၎င်းတို့သည် ၎င်းတို့၏ မုသားများကြောင့် သောကမရောက်ကြသည်သာမကဘဲ မိမိတို့ကိုယ်ကို အလွန်တော်ကာ ဉာဏ်ရည်မြင့်မားသည်ဟု မကြာခဏ ထင်ကြသည်။ ၎င်းတို့က အခြားသူများကို မုသားများနှင့် အခြားသော နည်းဗျူဟာများကို အသုံးပြုကာ ကြိုးကိုင်ခြယ်လှယ်ပြီး လှည့်စားနိုင်သည်ကို ကံကောင်းသည်ဟု ခံစားရသည်၊ ဂုဏ်ယူကြပြီး တိတ်တဆိတ် ပျော်ရွှင်ကြသည်။ အန္တိခရစ်များသည် အခြားသူများကို ကြိုးကိုင်ခြယ်လှယ်ပြီး လှည့်စားရန် မုသားများကို အစဉ်သဖြင့် အသုံးပြုသော လူတန်းစားမျိုး ဖြစ်သည်။ ရိုးသားသည့်လူတစ်ဦး မည်သို့ ဖြစ်လာနိုင်ပုံအပေါ် အခြားသူများ၏ ဒေသနာ၊ သို့မဟုတ် မိတ်သဟာယပြုခြင်းတို့ကို နားထောင်ပြီးသည့်အခါ ၎င်းတို့သည် သောကရောက်ကြသလော။ ၎င်းတို့သည် မိမိတို့ကိုယ်ကို အပြစ်တင်သလော။ (မတင်ပါ။) ၎င်းတို့သည် မိမိတို့ကိုယ်ကို အပြစ်တင်မှုကို မခံစားရကြောင်း၊ ၎င်းတို့သည် သောက မရောက်ကြောင်းကို မည်သို့သိမြင်နိုင်သနည်း။ ၎င်းတို့သည် မိမိတို့ကိုယ်ကို စိတ်ဖြာလေ့လာခြင်းမရှိသည့် အချက်အားဖြင့် သိမြင်နိုင်ပေသည်။ ၎င်းတို့သည် မည်သည့်အခါမျှ ရင်ဖွင့်ခြင်းနှင့် ၎င်းတို့၏ မုသားများကို ဖွင့်ချပြခြင်း မရှိသကဲ့သို့ ၎င်းတို့မရိုးသားသည်ကိုလည်း မည်သည့်အခါမျှ အသိအမှတ်ပြုခြင်း မရှိပေ။ ဤအရာအပြင် ၎င်းတို့သည် လိုအပ်သည်ဟု ခံစားရသည့်အခါ လူများကို ဆက်လက်လိမ်ညာပြီး လှည့်စားကြသည်။ ယင်းမှာ ၎င်းတို့၏ သဘာဝဖြစ်ပြီး ယင်းကို ပြောင်းလဲဖို့ မဖြစ်နိုင်ပေ။ ဤသဘာဝသည် ပုံမှန်လူ့သဘာဝ၏ ဖော်ပြချက် မဟုတ်ပေ။ အမှန်တကယ် ဆိုရလျှင် ယင်းမှာ နတ်ဆိုးတစ်ကောင်၏ သဘာဝ ဖြစ်သည်။

အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၌ “အသေးစိတ်ရှင်းလင်းချက် ၄- အန္တိခရစ်များ၏ ထူးခြားသော လက္ခဏာနှင့် ၎င်းတို့၏ စိတ်သဘောထားနှင့် သက်ဆိုင်သည့် အဖြစ်အနေတို့ကို အနှစ်ချုပ်ခြင်း (အပိုင်း ၁)” မှ

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။