ရိုးသားသော လူတစ်ဦးဆိုသည်မှာ အဘယ်အရာဖြစ်ပြီး ဘုရားသခင်သည် အဘယ်ကြောင့် လူများကို ရိုးသားဖို့ တောင်းဆိုပါသနည်း

12.03.2021

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

ဘုရားသခင်က ရိုးသားသူကို နှစ်သက်မှန်း သင်တို့သိထားသင့်သည်။ ဘုရားသခင်၌ သစ္စာရှိခြင်း၏ အနှစ်သာရ ရှိသဖြင့် သူ၏နှုတ်ကပတ်တော်များကို အမြဲ ယုံကြည်စိတ်ချနိုင်သည်။ ထို့အပြင် သူ၏ လုပ်ဆောင်ချက်များမှာ အမှားကင်းပြီး သံသယ ရှိရန်မလိုပေ၊ ထိုအကြောင်းကြောင့် သူ့အပေါ် ပကတိ ရိုးသားဖြောင့်မတ်သူများကို ဘုရားသခင်က နှစ်သက်ခြင်း ဖြစ်သည်။ ရိုးသားဖြောင့်မတ်ခြင်းဆိုသည်မှာ ဘုရားသခင်ထံ သင့်နှလုံးသားကို ပေးအပ်ခြင်း၊ အရာခပ်သိမ်းတွင် ဘုရားသခင်ကို သဘောရိုးအတိုင်း ဆက်ဆံခြင်း၊ အရာအားလုံးတွင် ဘုရားသခင်နှင့် ပွင့်လင်းမှုရှိခြင်း၊ အမှန်တရားကို မည်သည့်အခါမျှ ကွယ်ဝှက်မထားခြင်း၊ မိမိအထက်မှ လူများနှင့် အောက်မှလူများကို လှည့်စားခြင်းကို မည်သည့်အခါမျှ မပြုခြင်းနှင့်၊ ဘုရားသခင်အား မျက်နှာလိုမျက်နှာရ မပြုခြင်းတို့ပင် ဖြစ်သည်။ အတိုချုံး၍ဆိုရလျှင် ရိုးသားဖြောင့်မတ်မှုရှိခြင်း ဆိုသည်မှာ သင်၏ လုပ်ရပ်များနှင့် စကားများတွင် စင်ကြယ်ဖို့နှင့် ဘုရားသခင်ကို ဖြစ်စေ၊ လူသားကိုဖြစ်စေ မလှည့်စားခြင်းဖြစ်သည်။ ငါပြောသောအရာမှာ အလွန် ရိုးရှင်းသော်ငြားလည်း၊ သင်တို့အတွက် နှစ်ဆ ခက်ခဲနေပေလိမ့်မည်။ အများစုမှာ ရိုးသားစွာ ပြောဆိုပြုမူခြင်းထက် ငရဲသို့ စီရင်ခြင်းကိုသာ ခံလိုကြသည်။ မရိုးဖြောင့်သောသူများ အတွက် ငါ၌ ကုစားမှု အခြားတစ်ခု ရှိသေးသည်မှာ အံ့သြဖွယ်မကောင်းပေ။ သင်တို့သည် ရိုးသားဖို့ မည်မျှ ခက်ခဲသည်ကို ငါကောင်းစွာ သိသည်မှာ မှန်ပေ၏။ သင်တို့အားလုံးသည် အလွန် လိမ္မာပါးနပ်ကာ၊ သင်တို့၏သေးနုပ်သော စံပေတံလေးနှင့် လူများကို တိုင်းတာရာတွင် အလွန် ကျွမ်းကျင်လှသောကြောင့် ငါ့အမှုသည် သာ၍ ရိုးရှင်းသွားသည်။ ထို့အပြင် သင်တို့တစ်ဦးစီသည် သင်တို့၏ လျှို့ဝှက်ချက်များကို သင်တို့၏ရင်ခွင်၌ ပိုက်ထွေးထားသည့်အတွက်၊ သို့ဆိုလျှင် သင်တို့ တစ်ဦးပြီးတစ်ဦးကို မီးဖြင့် “သင်ယူဖို့ရန်” ဒုက္ခဆင်းရဲထဲသို့ စေလွှတ်မည်၊ သို့မှသာ ယင်းနောက်တွင် သင်တို့သည် ငါ၏ နှုတ်ကပတ်တော်များကို အကြွင်းမဲ့ ယုံကြည် လာနိုင်မည်ဖြစ်သည်။ နောက်ဆုံး၌ “ဘုရားသခင်သည် သစ္စာစောင့်သိသော ဘုရားသခင်တစ်ပါး” ဆိုသည့် စကားများကို သင်တို့၏ နှုတ်မှ ငါ ဆွဲနုတ်ယူမည် ဖြစ်ပြီး၊ သို့ဖြစ်၍ သင်တို့သည် ရင်ဘတ်စည်တီး၍ “လှည့်ဖျားတတ်သည်မှာ လူသား၏ နှလုံးသားဖြစ်သည်။” ဟု ငိုချင်းချလိမ့်မည်။ ဤအချိန်တွင် သင်တို့ စိတ်အခြေအနေမှာ အဘယ်သို့ ရှိမည်နည်း။ သင်သည် ယခုကဲ့သို့ အောင်မြင်၍ တက်ကြွပျော်မြူးအားရနေလိမ့်မည် မဟုတ်ဟု ငါထင်သည်။ ထို့အပြင် သင်သည် ယခုကဲ့သို့ “သိမ်မွေ့ပြီးနက်နဲ” ရန်မှာ သာ၍ နည်းပေမည်။ တချို့သူများသည် ဘုရားသခင် ရှေ့မှောက်တွင် အလွန် မှန်ကန်စွာပြုမူ၍ “အပြုအမူကောင်းများ” ရှိရန် အလွန် ကြိုးစားသော်လည်း၊ ဝိညာဉ်တော် ရှေ့မှောက်တွင်မူ ခြိမ်းခြောက်သည့် ဟန်ပန်များ လှပ်ပြလေသည်။ ရိုးသားခြင်း အဆင့်များထဲတွင် ထိုကဲ့သို့သော လူသားကို သင်တို့ ထည့်တွက်မည်လား။ အကယ်၍ သင်သည် ကြောင်သူတော် တစ်ဦးဖြစ်ပြီး “အပြန်အလှန် ဆက်ဆံရေးများ” အထူးကျွမ်းကျင်ပါက၊ သင်သည် ဘုရားသခင်အား မထီမဲ့မြင်ပြုသူ ဖြစ်သည်မှာ သေချာသည်ဟု ငါဆိုသည်။ အကယ်၍ သင့်စကားများက ဆင်ခြေများ၊ အဖိုးမတန်သော ကျိုးကြောင်းပြချက်များနှင့် ပြည့်နှက်နေမည် ဆိုပါက၊ သင်သည် သမ္မာတရား လက်တွေ့ကျင့်သုံး ရမည်ကို အလွန်တရာကို စက်ဆုပ်သောသူတစ်ဦး သာဖြစ်သည်ဟု ငါဆို၏။ အကယ်၍ သင်ထံတွင် လျှို့ဝှက်ကိစ္စများစွာ ရှိသဖြင့် သင်သည် ဝေမျှရန် ဝန်လေးနေပါက၊ သင်သည် အလင်း၏ လမ်းကို ရှာဖွေဖို့ အခြားသူများရှေ့တွင် သင်၏ လျှို့ဝှက်ချက်များကို- သင်၏ အခက်အခဲများကို- ချခင်းပြရန် အပြင်းအထန် ငြင်းဆန်နေပါက- သင်သည် ကယ်တင်ခြင်းကို အလွယ်တကူ မရရှိနိုင်သောသူ၊ အမှောင်ထုထဲမှ လွယ်ကူစွာ မထွက်နိုင်သူ ဖြစ်သည်ဟုငါဆို၏။ သမ္မာတရား၏ လမ်းခရီးကိုရှာဖွေခြင်းသည် သင့်ကို ကောင်းစွာ သဘောကျ ကျေနပ်စေသည်ဆိုပါက၊ သင်သည် အလင်းထဲ၌ အစဉ်အမြဲ နေထိုင်သူတစ်ဦးဖြစ်သည်။ အကယ်၍ သင်သည် ဘုရားသခင်၏ အိမ်တော်၌ မထင်မရှားနေပြီး ကြိုးကြိုးစားစားနှင့် တာဝန်သိသိ အသိဉာဏ်ရှိရှိ အလုပ်လုပ်လျက်၊ အမြဲတမ်းပေးကမ်း၍ မည်သည့်အခါမျှ ရယူခြင်းမရှိသော အစေခံသူတစ်ဦး ဖြစ်ရသည်ကို အလွန် ဝမ်းမြောက်ပါက၊ သင်သည် သစ္စာရှိသော သန့်ရှင်းသူ တစ်ယောက် ဖြစ်သည်ဟု ငါဆိုသည်၊ အဘယ်ကြောင့်ဆိုသော် သင်သည် ဆုလာဘ်ကို မမျှော်ကိုးဘဲ၊ ပကတိ ရိုးသားသူတစ်ယောက်သာ ဖြစ်သောကြောင့်တည်း။ သင်သည် ပွင့်လင်းရန် လိုလိုလားလား ရှိလျှင်၊ သင်သည် သင်၏အလုံးစုံကို အသုံးခံရန် လိုလိုလားလားရှိလျှင်၊ သင်သည် ဘုရားသခင်အတွက် သင့်ဘဝကိုစတေးနိုင်ကာ သက်သေရပ်တည် နိုင်လျှင်၊ သင်သည် မိမိအတွက် မစဉ်းစားဘဲ သို့မဟုတ် မိမိကိုယ်ကျိုးမပါဘဲ ဘုရားသခင် ကျေနပ်သဘောကျရန်ကိုသာ သိသောအဆင့်အထိ ရိုးသားသည်ဆိုပါက၊ ဤလူတို့သည် အလင်းထဲတွင် အားဖြည့်ပေးခြင်းခံရကာ နိုင်ငံတော်တွင် ထာဝရ အသက်ရှင်မည့်သူများ ဖြစ်သည်ဟု ငါဆိုသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သတိပေးချက် သုံးချက်

အခြားသူများအပေါ် သံသယမထားသည့်သူများကို ငါသဘောကျသည်၊ ထို့အပြင် သမ္မာတရားကို မဆိုင်းမတွ လက်ခံသောသူများကိုလည်း ငါနှစ်သက်၏၊ ထိုသို့သောလူနှစ်မျိုးကို ငါအလွန်ဂရုစိုက်သည်၊ အဘယ်ကြောင့်ဆိုသော် ငါ၏အမြင်၌ သူတို့သည် ရိုးသားသောသူများ ဖြစ်ကြသောကြောင့်ဖြစ်သည်။ အကယ်၍ သင်တို့သည် လိမ်လည်လှည့်ဖျားတတ်လျှင် လူတိုင်းနှင့် ကိစ္စတိုင်းကို သတိထားပြီး သံသယဝင်နေမည်ဖြစ်၍ ငါ့အပေါ်၌ထားသော သင်တို့၏ ယုံကြည်ခြင်းသည် သံသယအုတ်မြစ်အပေါ်၌ တည်ထားသည့် ယုံကြည်ခြင်း ဖြစ်နေလိမ့်မည်။ ထိုသို့သော ယုံကြည်ခြင်းကို မည်သည့်အခါမျှ ငါအသိအမှတ်ပြုနိုင်မည် မဟုတ်ပေ။ စစ်မှန်သော ယုံကြည်ခြင်း မရှိသော သင့်တွင် စစ်မှန်သော ချစ်ခြင်းမေတ္တာ သာ၍ပင် ကင်းမဲ့နေသည်။ အကယ်၍ သင်သည် ဘုရားသခင်ကို သံသယဝင်တတ်သည့်အပြင် သင်ဆန္ဒရှိသည့်အတိုင်း သူ့အကြောင်းကို ထင်ကြေးပေးတတ်လျှင် သင်သည် လူတို့ထဲတွင် အလိမ်လည် အလှည့်ဖျားတတ်ဆုံးသူဖြစ်သည်မှာ သံသယဖြစ်စရာ မလိုပေ။ ခွင့်မလွှတ်နိုင်သော အပြစ်များဖြင့် ပြည့်နေသော၊ သေးသိမ်သည့် စရိုက်လက္ခဏာရှိသော၊ တရားမျှတမှုနှင့် ဆင်ခြင်တုံတရား ကင်းမဲ့သော၊ တရားမျှတသောသဘော ကင်းမဲ့သော၊ ရက်စက်သည့် နည်းပရိယာယ်များ ပြုတတ်သော၊ ဖောက်ပြန်ပြီး ကောက်ကျစ်သော၊ ဆိုးယုတ်မှုနှင့် အမှောင်ထုကို နှစ်သက်သော စသည့်စရိုက်လက္ခဏာများရှိသူ လူသားနှင့် ဘုရားသခင်တူနိုင်မတူနိုင်ကို သင်မှန်းဆသည်။ လူတို့၌ ဘုရားသခင်နှင့်ပတ်သက်သည့် အသိပညာ စိုးစဉ်းမျှပင် မရှိသောကြောင့် ၎င်းတို့တွင် ထိုသို့သောအတွေးများရှိခြင်းဖြစ်သည် မဟုတ်လော။ ထိုသို့သော ယုံကြည်ခြင်းသည် အပြစ်နှင့်ဘာမျှမထူး။ ထို့အပြင် ငါနှစ်သက်သောသူများသည် ခယဝယလုပ်ကာ ဖားတတ်သောသူများ အတိအကျပင်ဖြစ်ကြောင်း၊ ထိုသို့မလုပ်တတ်သူများသည် ဘုရားသခင်၏ အိမ်တော်တွင် ကြိုဆိုခြင်းခံရမည်မဟုတ်ဘဲ သူတို့သည် ထိုအိမ်တော်ရှိ မိမိတို့၏နေရာကို ဆုံးရှုံးလိမ့်မည်ဖြစ်ကြောင်း ယုံကြည်ကြသူအချို့ပင် ရှိသည်။ ဤနှစ်များတစ်လျှောက် သင်တို့ဆည်းပူးထားသည်မှာ ဤအသိပညာတစ်ခုသာလော။ ဤသည်မှာ သင်တို့ရရှိခဲ့သောအရာလော။ ထို့ပြင် ငါနှင့်ပတ်သက်သော သင်တို့၏အသိအမြင်သည် ထိုသို့သော အထင်အမြင်မှားများသာမကပေ၊ သာ၍ဆိုးသည်မှာ ဘုရားသခင်၏ ဝိညာဉ်တော်ကို သင်တို့၏ စော်ကားခြင်းနှင့် ကောင်းကင်ဘုံကို ရှုတ်ချပြောဆိုခြင်းတို့ဖြစ်သည်။ ထို့ကြောင့် သင်တို့၏ ထိုသို့သော ယုံကြည်ခြင်းသည် ငါနှင့်ဝေးရာသို့ သင်တို့ကို လမ်းလွဲသွားစေ မည်သာဖြစ်ပြီး သင်တို့အား ငါ့ကို ပိုပြီးဆန့်ကျင်သူများ ဖြစ်စေမည်သာ ဖြစ်သည်ဟု ငါပြောခြင်းဖြစ်၏။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ မြေကြီးပေါ်ရှိ ဘုရားသခင်ကို သိရှိနိုင်ပုံ

ငါသည် တစ်လျှောက်လုံး လူသားကို တင်းကျပ်သော စံနှုန်းတစ်ခု သတ်မှတ်ထားပြီးဖြစ်သည်။ အကယ်၍ သင်၏ သစ္စာစောင့်သိမှုသည် ရည်ရွယ်ချက်များနှင့် သတ်မှတ်ချက်များဖြင့် လာပါက၊ ၎င်းတို့၏ ရည်ရွယ်ချက်များမှတစ်ဆင့် ငါ့ကို လှည့်ဖြားပြီး၊ သတ်မှတ်ချက်များဖြင့် ငါ့ကို ခြိမ်းခြောက်ညှစ်ယူသောသူတို့ကို ငါ စက်ဆုပ်သည့်အတွက်၊ သင်၏ သစ္စာစောင့်သိမှုဟု ခေါ်သောအရာမရှိဘဲသာ နေလိုက်ချင်သည်။ လူ့အနေဖြင့် ငါ့အား လုံးဝ သစ္စာစောင့်သိကြရန်နှင့်- ယုံကြည်ခြင်း- ဟူသော စကားလုံး တစ်လုံးအတွက်- သက်သေပြရန်အလို့ငှာ- အရာခပ်သိမ်းကို လုပ်ဆောင်ဖို့ကိုသာ ငါ အလိုရှိသည်။ ငါသည် သင်တို့ကို စစ်မှန်ရိုးသားမှုဖြင့် အမြဲ ဆက်ဆံခဲ့ပြီး၊ ထို့ကြောင့် သင်တို့သည်လည်း ငါ့အပေါ် စစ်မှန်သော ယုံကြည်ခြင်းဖြင့် ပြုမူရန် ငါ ဆန္ဒရှိသည့်အတွက်၊ ငါကို ဝမ်းမြောက်စေရန် ကြိုးစားဖို့ သင်တို့၏ ချော့လုံးမြောက်လုံးများ အသုံးပြုခြင်းကို ငါ စက်ဆုပ်ရွံရှာသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သင်သည် ဘုရားသခင်ကို ယုံကြည်သူစစ်စစ်တစ်ယောက် ဖြစ်သလော

ရိုးသားသောလူတစ်ဦး၏ ဖော်ပြချက်များမှာ အဘယ်နည်း။ ထိုအရေးကိစ္စ၏အခရာမှာ အရာခပ်သိမ်းတွင် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ဖို့ ဖြစ်သည်။ သင်သည် ရိုးသားသည်ဟု ဆိုသော်လည်း၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သင် မစဉ်းစားဘဲ၊ သင်လုပ်လိုသည့်အရာကို အမြဲ လုပ်ဆောင်ပါက၊ ဤသည်မှာ ရိုးသားသောလူတစ်ဦး၏ ဖော်ပြချက်တစ်ခု ဖြစ်သလော။ သင်က “ကျွန်ုပ်၏ အစွမ်းအစသည် နည်းပါသော်လည်း၊ ကျွန်ုပ်သည် စိတ်နှလုံးထဲတွင် ရိုးသားသည်။” ဟု ပြောသည်။ သို့ရာတွင် သင့်ထံ တာဝန်တစ်ခု ကျရောက်သည့်အခါတွင်၊ သင်သည် ဒုက္ခခံရမည်ကို သို့မဟုတ် ထိုတာဝန်ကို သင် ကောင်းစွာ မဖြည့်ဆည်းပါက၊ တာဝန်ယူရမည်ကို ကြောက်ရွံ့သည်၊ ထို့ကြောင့် သင်သည် ယင်းကို ရှောင်ရှားဖို့ ဆင်ခြေများ ပေးပြီး အခြားသူများက ယင်းကို ပြုလုပ်ဖို့ သင် အကြံပြုလေသည်။ ဤသည်မှာ ရိုးသားသောလူတစ်ဦး၏ ဖော်ပြချက်ဖြစ်သလော။ မဟုတ်သည်မှာ သိသာထင်ရှားပေသည်။ သို့ဆိုလျှင် ရိုးသားသော လူတစ်ဦးသည် မည်သို့ ပြုမူသင့်သနည်း။ ၎င်းတို့သည် လက်ခံပြီးနာခံသင့်သည်၊ ထို့နောက်တွင် ဘုရားသခင်၏ အလိုတော်ကို ဖြည့်ဆည်းဖို့ ကြိုးပမ်းလျက်၊ ၎င်းတို့၏တာဝန်များကို တတ်နိုင်သမျှ အစွမ်းကုန် ဆောင်ရွက်ရာတွင် လုံးလုံး ဆက်ကပ်အပ်နှံထားသင့်သည်။ ဤသည်ကို နည်းလမ်းအမျိုးမျိုးဖြင့် ဖော်ပြထားသည်။ နည်းလမ်းတစ်ခုမှာ သင်သည် အခြားမည်သည့်အရာကိုမျှ မတွေးဘဲ၊ သင်၏တာဝန်ကို ရိုးသားမှုဖြင့် လက်ခံသင့်ပြီး၊ ယင်းနှင့်ပတ်သက်၍ စိတ်မပါ့တပါ ဖြစ်နေသင့်ပေ။ သင်ကိုယ်တိုင်၏ အကျိုးကျေးဇူးအတွက် အကွက်မချနှင့်။ ဤသည်မှာ ရိုးသားမှု၏ ဖော်ပြချက်တစ်ခုဖြစ်သည်။ နောက်ထပ်နည်းလမ်းမှာ ယင်းထဲတွင် သင်၏ခွန်အားနှင့် စိတ်နှလုံး အားလုံး အစွမ်းရှိသမျှ လုပ်ဆောင်ခြင်းဖြစ်သည်။ သင်က “ဤသည်မှာ ကျွန်ုပ်လုပ်ဆောင်နိုင်သမျှ အားလုံးဖြစ်သည်။ ကျွန်ုပ်သည် စွမ်းရည်အားလုံးကို စတင်ထုတ်သုံးပြီး ဘုရားသခင်ကို လုံးလုံး ဆက်ကပ်ပါမည်။” ဟု ပြောသည်။ ဤသည်မှာ ရိုးသားမှု၏ ဖော်ပြချက်တစ်ခု မဟုတ်လော။ သင်သည် သင့်ထံတွင်ရှိသမျှအားလုံးနှင့် သင်လုပ်နိုင်သမျှ အားလုံးတို့ကို ဆက်ကပ်သည်၊ ဤသည်မှာ ရိုးသားမှု၏ ဖော်ပြချက်တစ်ခုဖြစ်သည်။ သင်၌ရှိသမျှအားလုံးကို ဆက်ကပ်ဖို့ မလိုလားပါက၊ ယင်းကို သင်ဖုံးကွယ်ပြီး ဝှက်ထားပါက၊ သင်သည် သင်၏ လုပ်ဆောင်ချက်များတွင် ယုံကြည်၍မရဘဲ၊ သင်၏ တာဝန်ကို ခေါင်းရှောင်ပြီး အလုပ်ကောင်းစွာ မလုပ်ခြင်းအတွက် အကျိုးဆက် ခံစားရမည်ကို ကြောက်သောကြောင့် အခြားတစ်ယောက်ကို လုပ်ဆောင်ခိုင်းပါက၊ ဤသည်မှာ ရိုးသားခြင်း ဖြစ်သလော။ မဟုတ်ပေ။ ထို့ကြောင့် ရိုးသားသောလူတစ်ဦး ဖြစ်ခြင်းသည် ဆန္ဒတစ်ခုရှိခြင်းမျှသာ မဟုတ်ပေ။ အမှုအရာများ သင်၌ ကျရောက်သည့်အခါ၊ သင်သည် ယင်းကို လက်တွေ့မလုပ်ဆောင်ပါက၊ သင်သည် ရိုးသားသော လူတစ်ဦး မဟုတ်ပေ။ သင်သည် ပြဿနာများ ကြုံရသည့်အခါ၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရမည် ဖြစ်ပြီး၊ လက်တွေ့ကျသည့် ဖော်ပြချက်များ ရှိရမည်။ ဤသည်မှာ ရိုးသားသော လူတစ်ဦးဖြစ်ဖို့ တစ်ခုတည်းသော နည်းလမ်းဖြစ်ပြီး၊ ဤသည်တို့သာလျှင် ရိုးသားသောစိတ်နှလုံး၏ ဖော်ပြချက်များ ဖြစ်ပေ၏။ ရိုးသားသောလူတစ်ဦး ဖြစ်ဖို့သည် သမ္မာတရားကို ပြောပြီး မုသား မပြောရုံဖြင့်သာ လုံလောက်သည်ဟု လူအချို့က ထင်ကြသည်။ ရိုးသားခြင်း၏ အနက်အဓိပ္ပာယ်သည် အမှန်တကယ် အလွန် ကျဉ်းမြောင်းသလော။ လုံးဝ မဟုတ်ပေ။ သင်သည် သင်၏ စိတ်နှလုံးကို ထုတ်ဖော်ပြီး ဘုရားသခင်ကို ပေးရမည် ဖြစ်သည်။ ဤသည်မှာ ရိုးသားသောလူတစ်ဦး ရှိသင့်သည့် သဘောထားဖြစ်သည်။ ထို့ကြောင့် ရိုးသားမှုသည် အလွန်တရာ အဖိုးတန်လေသည်။ ဤနေရာတွင် သွယ်ဝိုက်ညွှန်းဆိုချက်မှာ အဘယ်နည်း။ ယင်းက ဤစိတ်နှလုံးသည် သင်၏ အပြုအမူကို ထိန်းချုပ်နိုင်ပြီး သင်၏အခြေအနေများကို ထိန်းချုပ်နိုင်သည်ဟု ဖြစ်သည်။ ဤစိတ်နှလုံးသည် အလွန် အဖိုးတန်သည်။ သင့်ထံတွင် ဤရိုးသားမှုမျိုးရှိပါက၊ သင်သည် ဤအခြေအနေမျိုးတွင် အသက်ရှင်သင့်သည်၊ ဤအပြုအမူမျိုးကို ထုတ်ဖော်ပြသင့်သည်၊ ပြီးလျှင် ဤအသုံးခံမှုမျိုး ရှိသင့်သည်။

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ“ရိုသားသောလူတစ်ဦး ဖြစ်ခြင်းအားဖြင့်သာ လူတစ်ဦးသည် အမှန်တကယ် ပျော်ရွှင်နိုင်၏” မှ

ဘုရားသခင်ကို သင်ယုံကြည်လာသည်မှာ နှစ်များစွာ ကြာနေပြီး လူတို့က သင်နှင့် ပိုမိုဆက်ဆံလေလေ၊ သင်က ရိုးသားသည်၊ သင်၏စကားများ၌ ရိုးသားမှုရှိသည်၊ သူတစ်ပါးတို့အပေါ် ရိုးသားသည်၊ သင်၏တာဝန်များကို ထမ်းဆောင်ရာတွင် ရိုးသားသည်ဟု ၎င်းတို့က ထင်မြင်လေလေဖြစ်လျှင်၊ တစ်နည်းဆိုရလျှင် သင်သည် နားလည်လွယ်ကာ ပွင့်လင်းမြင်သာသည့် လူတစ်ယောက်ဖြစ်ပြီး သင်၏စကားများနှင့် လုပ်ဆောင်မှုများတွင် ပွင့်လင်းမြင်သာသည်ဟု ၎င်းတို့ထင်မြင်လေလေဖြစ်လျှင်၊ ထို့ပြင် သူတစ်ပါးတို့နှင့် သင်စကားပြောသည့်အခါ ၎င်းတို့က သင့်စိတ်နှလုံး၊ သင့်စရိုက်လက္ခဏာ၊ သင့်စိတ်သဘောထားနှင့် လိုက်စားမှုအပြင် သင်၏ အတွင်းအကျဆုံး ရည်မှန်းချက်များနှင့် ပန်းတိုင်များကို သင်လုပ်ဆောင်ပြောဆိုသည့်အရာမှတစ်ဆင့်၊ သင်ဖော်ပြသည့် အမြင်များမှတစ်ဆင့်၊ သင်ထမ်းဆောင်သည့် တာဝန်များမှတစ်ဆင့်၊ သင်၏ ရိုးသားသော သဘောထားမှတစ်ဆင့် ထိုးထွင်းမြင်နိုင်ပြီး သင်သည် ရိုးသားသောသူတစ်ယောက်ဖြစ်သည်ဟု ၎င်းတို့မြင်နိုင်လျှင် သင်သည် ရိုးသားသူတစ်ယောက်ဖြစ်သည်။ သင်သည် အချိန်အတော်ကြာအထိ ဘုရားသခင်ကို ယုံကြည်ထားပြီး သင့်တာဝန်ကို ထမ်းဆောင်ထားသော်လည်း သင်သည် စကားပြောရာတွင် မပွင့်လင်းမမြင်သာဘဲ သင်၏အမြင်များက မည်သို့ဖြစ်သည်ကို လူတို့က အတိအကျမပြောဆိုနိုင်လျှင်သော်လည်းကောင်း၊ အမှုအရာများကို သင်လုပ်ဆောင်သည့်အခါ လူတို့သည် သင့်စိတ်နှလုံးကို၊ သို့မဟုတ် သင်၏ အတွင်းအကျဆုံး ရည်ရွယ်ချက်များနှင့် ရည်မှန်းချက်များကို မမြင်နိုင်လျှင်သော်လည်းကောင်း၊ ထို့ပြင် သင်သည် လျှို့ဝှက်သောသူဖြစ်ပြီး သင့်ကိုယ်သင် ဖုံးကွယ်ခြင်း၊ ဖုံးဖိခြင်း၊ အယောင်ဆောင်ခြင်းနှင့် ကောင်းစွာ ဟန်လုပ်ခြင်းတို့တွင် အလွန်ကျွမ်းကျင်လျှင်သော်လည်းကောင်း၊ သူတစ်ပါးတို့က သင်နှင့် နှစ်အတော်ကြာ ဆက်ဆံလာခဲ့သော်လည်း သင့်စိတ်နှလုံးကို ထိုးထွင်းမမြင်နိုင်သေးဘဲ သင့်စိတ်နှင့် စရိုက်လက္ခဏာကို တီးခေါက်မိရုံသာ ရှိသေးပြီး သင့်တွင် ပေါက်ကွဲတတ်သော စိတ်ဒေါသရှိမရှိ၊ သို့မဟုတ် သင်သည် စိတ်ခံစားချက်မဲ့သူဖြစ်မဖြစ်၊ သို့မဟုတ် သင်သည် လူ့အကြိုက်လိုက်သူတစ်ယောက် ဟုတ်မဟုတ်ကို သိလျှင်သော်လည်းကောင်း— လူတို့သည် သင်၏စရိုက်လက္ခဏာကိုသာ မြင်နိုင်ပြီး သင်၏ အတွင်းကျဆုံး စိတ်သဘောထား၏ အနှစ်သာရက မည်သည့်အရာဖြစ်သည်ကို မမြင်နိုင်လျှင် သင်သည် ဒုက္ခရောက်ပြီဖြစ်သည်။ ဤသည်မှာ မည်သည့်အရာကို သက်သေပြသနည်း။ ဤသည်မှာ သင့်စိတ်နှလုံးသည် စာတန်၏ ချုပ်ကိုင်ခြင်းကို ခံထားရဆဲဖြစ်သည်ကိုလည်းကောင်း၊ သမ္မာတရားအနည်းငယ်မျှကိုပင် သင်ရရှိထားခြင်းမရှိဆိုသည်ကိုလည်းကောင်း၊ သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားသည် သန့်စင်ခံထားရခြင်း လုံးဝမရှိသည်ကိုလည်းကောင်း သက်သေပြသည်။ ဤကဲ့သို့သောသူသည် ကယ်တင်ခံရရန် အလွန်ခက်ခဲသည်။ ၎င်းတို့သည် တိမ်းရှောင်တတ်ပြီး သူတစ်ပါးတို့အနီးတွင် ဝေ့ဝိုက်ပြောဆိုတတ်သော်လည်း တော်၍ ဉာဏ်ပြေးသည်။ ထို့ပြင် ၎င်းတို့သည် လူအချင်းချင်းဆက်ဆံပြောဆိုရာတွင် တော်ပြီး ၎င်းတို့နှင့် အလုပ်လုပ်သူ မည်သူမဆိုသည် မသေချာမှု၊ စိတ်မချရမှု၊ မယုံကြည်ထိုက်မှု ခံစားချက်တစ်ခု— ၎င်းတို့သည် ယုံကြည်၍မရဟူသည့် စိတ်ခံစားချက်တစ်ခုကို အစဉ်သဖြင့် ခံစားမိကြသည်။ ၎င်းတို့တွင် သာမန်ထက်ပိုသည့်၊ နားမလည်နိုင်သော တစ်စုံတစ်ခုရှိနေသည်ဟု ၎င်းတို့နှင့် အလုပ်လုပ်သောသူတို့က ခံစားကြရသည်။ ဤသည်မှာ ဘုရားသခင်ကို စစ်မှန်စွာ ယုံကြည်သူတစ်ယောက်မဟုတ်ပေ။

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ“ရိုသားခြင်းအားဖြင့်သာ စစ်မှန်သော လူသားပုံသဏ္ဌာန်ကို အသက်ရှင်နေထိုင်နိုင်သည်” မှ

လူများသည် ရိုးသားသင့်ကြောင်းကို ဘုရားသခင်သည် အဘယ်ကြောင့် အစဉ် အလေးအနက် ပြောခဲ့သနည်း။ အဘယ်ကြောင့်ဆိုသော် ၎င်းမှာ အလွန်အရေးကြီးသောကြောင့် ဖြစ်ပြီး၊ ၎င်းသည် သင် ကယ်တင်ခြင်းကို ခံရမည့် သို့မဟုတ် မခံရမည့်အကြောင်းနှင့် တိုက်ရိုက် သက်ဆိုင်သောကြောင့် ဖြစ်၏။ လူအချို့က၊ “ကျွန်ုပ် မနာထောင်လွှားသည်၊ မိမိကိုယ်ကိုယ် မှန်သည်ဟု မှတ်ယူသည်၊ ကျွန်ုပ်သည် စိတ်မြန်သည်၊ မကြာမဏ ကျွန်ုပ်၏ သဘာဝကျခြင်းကို ကျွန်ုပ် ဖော်ထုတ်သည်၊ ကျွန်ုပ်သည် အပေါ်ယံဆန်ပြီး စိတ်ကြီးဝင်သည်၊ လူတို့အား ရယ်မောစေခြင်းကို နှစ်သက်သည်၊ အခြားသူများ၏ လက်ခံမှုကို ကျွန်ုပ် အမြဲ လိုချင်သည်။...” ဟု ပြောဆိုကြသည်။ ဤအရာများသည် အသေးအဖွဲများသာ ဖြစ်သည်။ ၎င်းတို့နှင့် ပတ်သက်၍ စကားကြော မရှည်လေနှင့်။ သင်၏ စိတ်သဘောထား သို့မဟုတ် ပင်ကိုစရိုက်ကို ပဓာနမထားဘဲ၊ သင်သည် ဘုရားသခင် တောင်းဆိုသည့်အတိုင်း ရိုးသားနိုင်သရွေ့၊ ကယ်တင်ခံရနိုင်၏။ သို့ဆိုလျှင် သင် သဘောတူသလော၊ ရိုးသားဖို့သည် အရေးကြီးသလော။ ဤသည်မှာ အရေးကြီးဆုံးသော အရာဖြစ်၏၊ ထို့ကြောင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့်ဆိုင်သော သတိပေးချက် သုံးချက် ကျမ်းပိုဒ်တွင်၊ ရိုးသားခြင်းအကြောင်းကို ဘုရားသခင် ပြောဆိုပေသည်။ စိတ်နှလုံးအားဖြင့် မည်သို့ အသက်ရှင်ရမည်၊ သို့မဟုတ် မှန်ကန်သော အသင်းတော် အသက်တာအား မည်သို့ အသက်ရှင်ရမည်၊ သို့မဟုတ် သာမန် လူ့သဘာဝအား မည်သို့ အသက်ရှင်ရမည်ကို ဘုရားသခင်က အခြားစာများတွင် ပြောဆိုသည့်အချက်ရှိသော်လည်း၊ မည်သည့်နေရာတွင်မျှ သူသည် လူတို့အား မည်သည့် လူစားမျိုး ဖြစ်ရမည်၊ သို့မဟုတ် မည်သို့ လက်တွေ့လုပ်ဆောင်ရမည်ကို တိတိကျကျ မပြောပြပေ၊ သို့သော် ရိုးသားခြင်းအကြောင်း ပြောဆိုရာတွင်၊ သူသည် လူတို့အား လမ်းကြောင်းတစ်ခုကို ပြပြီး ယင်းတို့ မည်သို့ လက်တွေ့လုပ်ဆောင်ရမည်ကို ၎င်းတို့အား ပြောပြ၏။ ဤသည်မှာ အလွန် တိကျပေသည်။ ရားသခင်က ပြောသည်- “အကယ်၍ သင်ထံတွင် လျှို့ဝှက်ကိစ္စများစွာ ရှိသဖြင့် သင်သည် ဝေမျှရန် ဝန်လေးနေပါက၊ သင်သည် အလင်း၏ လမ်းကို ရှာဖွေဖို့ အခြားသူများရှေ့တွင် သင်၏ လျှို့ဝှက်ချက်များကို- သင်၏ အခက်အခဲများကို- ချခင်းပြရန် အပြင်းအထန် ငြင်းဆန်နေပါက- သင်သည် ကယ်တင်ခြင်းကို အလွယ်တကူ မရရှိနိုင်သောသူ၊ အမှောင်ထုထဲမှ လွယ်ကူစွာ မထွက်နိုင်သူ ဖြစ်သည်ဟုငါဆို၏။” သားခြင်းသည် ကယ်တင်ခြင်း ရရှိခြင်းနှင့် ဆက်နွှယ်သည်။ သင် သဘောတူသလော၊ ရိုးသားခြင်းသည် အရေးကြီးသလော။ (အရေးကြီးပါသည်။) ရားသခင်အလိုရှိသောအရာမှာ ရိုးသားသောလူများ ဖြစ်သည်။ အကယ်၍ သင်သည် မုသားများနှင့် လှည့်ဖြားခြင်း တတ်စွမ်းနိုင်ပါက၊ သင်သည် သစ္စာမဲ့ပါက၊ ကောက်ကျစ်၍ အန္တရာယ်ပြုမည့် လက္ခဏာရှိသော လူတစ်ဦးဖြစ်ပြီး ရိုးသားသော လူတစ်ဦး မဟုတ်ပေ။ အကယ်၍ သင်သည် ရိုးသားသောသူတစ်ဦး မဟုတ်ပါက ဘုရားသခင်သည် သင့်ကို ကယ်တင်ရန် အခွင့်အရေးရှိမည် မဟုတ်သကဲ့သို့ သင်သည် ကယ်တင်ခြင်းကို ခံရနိုင်မည်မဟုတ်ပေ။ င်သည် ရိုးသားသောသူ တစ်ဦးအဖြစ်သို့ မပြောင်းလဲသေးသကဲ့သို့ သင်သည် ဘာသာတရား အလွန်ရိုသေကိုင်းရှိုင်းနှင့်သည်၊ သင်သည် မာနထောင်လွှားခြင်း သို့မဟုတ် မိမိကိုယ်ကိုယ် မှန်သည်ဟု မှတ်ယူခြင်းမရှိ၊ သင်သည် အဖိုးအခတစ်ခုကို ကောင်းကောင်း ပေးနိုင်သည်၊ သို့မဟုတ် ဧဝံဂေလိတရားကို သင် ဖြန့်ဝေနိုင်ပြီး များစွာသော လူတို့ကို ဘုရားသခင်ထံ သင် ခေါ်ဆောင်နိုင်သည်ဟု သင် ပြော၏။ သို့သော် သင်သည် မရိုးသားသကဲ့သို့၊ လှည့်ဖြားတတ်ဆဲဖြစ်ပြီး၊ လုံးဝ မပြောင်းလဲသေးပေ။ သင်သည် ကယ်တင်ခံရနိုင်သလော။ (ကယ်တင်မခံရနိုင်ပါ။) ထို့ကြောင့် ကယ်တင်ခံရဖို့ရန် ပထမဦးဆုံးအနေဖြင့် ငါတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် သတ်မှတ်ချက်များနှင့်အညီ ရိုးသားရမည်ဖြစ်သည်ကို ဘုရားသခင်၏ ဤနှုတ်ကပတ်တော်များသည် ငါတို့ အယောက်တိုင်းအား သတိပေးပေသည်။ ငါတို့သည် မိမိတို့ကိုယ်ကိုယ် ဖွင့်ဟရမည်၊ ငါတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ထုတ်ဖော်ပြရမည်၊ ငါတို့၏ ကြံရွယ်ချက်များနှင့် လျှို့ဝှက်ချက်များကို ထုတ်ဖော်ပြနိုင်ရမည်ဖြစ်ပြီး အလင်း၏ လမ်းခရီးကို ရှာဖွေနိုင်ရမည် ဖြစ်သည်။

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ“ရိုးသားသောလူတစ်ဦးဖြစ်ခြင်း၏ အခြေခံအကျဆုံး လက်တွေ့လုပ်ဆောင်ချက်” မှ

လူတို့အား ရိုးသားကြရန် ဘုရားသခင်တောင်းဆိုခြင်းမှာ သူသည် လိမ်လည်လှည့်ဖြားသောသူများကို တကယ်ကို စက်ဆုပ်ရွံရှာကြောင်းနှင့်၊ လိမ်လည်လှည့်ဖြားသော လူများကို မနှစ်သက်ကြောင်း သက်သေပြခြင်းဖြစ်သည်။ လိမ်လည်လှည့်ဖြားသောလူများကို ဘုရားသခင် မနှစ်သက်ရခြင်းမှာ သူသည် ၎င်းတို့၏ အပြုအမူများ၊ စိတ်သဘောထားနှင့် အရင်းခံအကြောင်းများကို မကြိုက်ကြောင်း ဆိုလိုခြင်းဖြစ်သည်။ ဆိုလိုသည်မှာ ၎င်းတို့ အမှုအရာများအား လုပ်ဆောင်ပုံကို သူမကြိုက်ခြင်း ဖြစ်သည်။ ထို့ကြောင့် အကယ်၍ ငါတို့သည် ဘုရားသခင်ကို ကျေနပ်အားရစေရမည် ဆိုပါက၊ ငါတို့သည် ပထမဦးစွာ ငါတို့၏အပြုအမူများနှင့် ငါတို့ ရပ်တည်သည့် နည်းလမ်းကို ပထမဦးစွာ ပြောင်းလဲရမည်။ ယခင်က လူတို့အကြားတွင် အသက်ရှင်ရန် မုသားများနှင့် ဟန်ဆောင်ခြင်းတို့အပေါ် ငါတို့ မှီခိုကြ၏။ ဤအရာကို ငါတို့၏ အရင်းအနှီး၊ ငါတို့ ကိုယ့်ကိုယ်ကိုယ် ပြုမူနေထိုင်ကြသည့် ဖြစ်တည်မှုဆိုင်ရာ အခြေခံအကြောင်းရင်း၊ ဘဝနှင့် အခြေခံအုတ်မြစ်အဖြစ် အသုံးပြုခဲ့ကြသည်။ ဤသည်မှာ ဘုရားသခင် စက်ဆုပ်ရွံရှာသော အရာတစ်ခုဖြစ်သည်။ လောကကြီး၏ မယုံကြည်သူများကြားတွင်၊ မည်သို့ ခြယ်လှယ်ရန် သို့မဟုတ် လှည့်ဖြားတတ်ရန် သင် မသိလျှင်၊ ခိုင်ခိုင်မာမာ ရပ်တည်ဖို့ သင့်အတွက် ခက်ခဲနိုင်သည်။ မုသားများကိုသာ သင်ပြောနိုင်လိမ့်မည်၊ လိမ်လည်လှည့်စားမှုကိုသာ လုပ်ဆောင်နိုင်ပြီး၊ ပိုမိုကောင်းမွန်သော ဘဝကို ရရှိဖို့ရန်အလို့ငှာ မိမိကိုယ်ကိုယ် ကာကွယ်ပြီး ဖုံးကွယ်ရန်အတွက် ဒုက္ခပေးတတ်ပြီး ခိုးကြောင်ခိုးဝှက် နည်းစနစ်များကိုသာ သင် သုံးနိုင်လိမ့်မည်။ ဘုရားသခင်၏ အိမ်တော်တွင်၊ အတိအကျ ဆန့်ကျင်ဘက်ဖြစ်၏- သင် ပိုမိုလှည့်ဖြားတတ်လေလေ၊ မိမိကိုယ်ကိုယ် ဟန်ဆောင်မှုပြုရန်နှင့် ပြရုပ်တင်ရန် ဆန်းပြားသော ကြိုးကိုင်ခြယ်လှယ်ခြင်းကို သင်အသုံးချလေလေဖြစ်ပြီး၊ ခိုင်ခိုင်မာမာ ရပ်တည်နိုင်ရန် သင် လျော့နည်းလေလေ ဖြစ်သည်၊ ထို့အပြင် ထိုသို့သော လူတို့ကို ဘုရားသခင် ပိုမို စက်ဆုပ်ရွံရှာပြီး ငြင်းပယ်လေလေ ဖြစ်သည်။ ရိုးသားသော လူတို့သာ ကောင်းကင်နိုင်ငံတော်တွင် ပါဝင်ဖို့ ကဏ္ဍတစ်ခု ရှိလိမ့်မည်ဖြစ်သည်ဟု ဘုရားသခင်က ရှေးမဆွက ခွဲခန့်မှတ်သားထားပြီးဖြစ်သည်။ သင် မရိုးသားလျှင်၊ ထို့အပြင် သင့်အသက်တာတွင် သင်၏ လက်တွေ့လုပ်ဆောင်မှုက ရိုးသားခြင်းဆီသို့ ဦးတည်ခြင်း မပြုသကဲ့သို့ သင်၏ ကိုယ်ပိုင်စရိုက်မှန်ကို သင် မထုတ်ဖော်လျှင်၊ ဘုရားသခင်၏ အမှုတော်ကို ရရှိခြင်းနှင့် ဘုရားသခင်၏ ချီးမွမ်းခြင်းကို ရရှိခြင်း အခွင့်အရေးတစ်ခုကိုမျှ သင် ဘယ်သောအခါမျှ ရရှိလိမ့်မည် မဟုတ်။

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ“ရိုးသားသောလူတစ်ဦးဖြစ်ခြင်း၏ အခြေခံအကျဆုံး လက်တွေ့လုပ်ဆောင်ချက်” မှ

လူများကို မလှည့်စားဘဲ၊ ရိုးသားဖို့၊ ရိုးသားစွာပြောဆိုဖို့နှင့် ရိုးသားသော အမှုအရာများကို လုပ်ဆောင်ဖို့ ဘုရားသခင်က ပြောသည်။ ဤအရာကို ဘုရားသခင် ပြောရခြင်း၏ အဓိပ္ပာယ်မှာ လူများကို မြေကြီးပေါ်တွင် လိမ်ကောက်တွားသွားသည့် မြွေကဲ့သို့ စကားပြောကာ အမှုကိစ္စတစ်ခု၏ အမှန်တရားကို အစဉ် အဓိပ္ပာယ် အမျိုးမျိုး ထွက်စေပြီး မရှုပ်ရှုပ်အောင် လုပ်တတ်သည့် စာတန်၏ ပုံသဏ္ဌာန်မရှိဘဲ၊ စစ်မှန်သော လူသားပုံသဏ္ဌာန် တစ်ခု ရှိစေဖို့ ဖြစ်သည်။ လူများသည် မှောင်မိုက်သော စိတ်ထား မရှိဘဲ၊ အရှက်ရစရာ တစ်ခုတစ်လေမျှ မရှိဘဲ၊ သန့်ရှင်းသော စိတ်နှလုံးဖြင့်၊ အပြင်ပန်းတွင် ရှိသောအရာသည် စိတ်အတွင်းရှိသော အရာနှင့် သဟဇာတဖြစ်လျက်၊ စကားရော၊ လုပ်ဆောင်ချက်တွင်ပါ သိက္ခာရှိပြီး တည်ကြည်သော အသက်တာဖြင့် ရှင်သန်နိုင်စေဖို့အလို့ငှာ ယင်းကို ပြောရခြင်း ဖြစ်သည်။ ၎င်းတို့က မည်သည့်အရာမျှ မထိမ်ချန်ထားဘဲ၊ ၎င်းတို့၏ စိတ်နှလုံးသည် သန့်စင်သောမြေတစ်ခုကဲ့သို့ ဖြစ်ကာ၊ သူတို့၏ စိတ်နှလုံးထဲတွင် ရှိသည့် မည်သည့်အရာကိုမဆို ပြောဆိုပြီး မည်သူ့ကိုမျှ မလှည့်စားသကဲ့သို့၊ ဘုရားသခင်ကိုလည်း မလှည့်စားကြပေ။ ဤသည်မှာ လူများကို ရိုးသားသောလူများဖြစ်ဖို့ တောင်းဆိုခြင်းအားဖြင့် ဘုရားသခင်၏ ရည်ရွယ်ချက် ဖြစ်လေသည်။

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ“လူသည် ဘုရားသခင်၏ စီမံခန့်ခွဲမှုအစီအစဉ်၏အကြီးမားဆုံးသော အကျိုးခံစားရသူဖြစ်သည်” မှ

လူတို့သည် ရိုးသားဖို့ကြိုးစားကြမှသာ ၎င်းတို့ မည်မျှ အလွန်အမင်း ဖောက်ပြန်ပျက်စီးပြီး လူသားနှင့် တစ်စုံတစ်ရာ တူခြင်း ရှိမရှိဆိုသည်ကို သိနိုင်ပေသည်။ ရိုးသားမှုကို ၎င်းတို့ လက်တွေ့လုပ်ဆောင်နေသည့် အခါမှသာ ၎င်းတို့ မုသားများ မည်မျှပြောဆိုပြီး ၎င်းတို့၏ လှည့်ဖြားခြင်းနှင့် မရိုးသားမှုတို့ မည်မျှ နက်ရှိုင်းစွာ ကွယ်ဝှက်ထားသည်ကို သိလာနိုင်ပေသည်။ ရိုးသားခြင်းကို လက်တွေ့လုပ်ဆောင်ခြင်း အတွေ့အကြုံ ရှိကြစဉ်တွင်သာ လူတို့သည် ၎င်းတို့ ကိုယ်တိုင်၏ ဖောက်ပြန်ပျက်စီးခြင်းနှင့်ဆိုင်သည့် သမ္မာတရားကို တဖြည်းဖြည်း သိလာနိုင်ပြီး၊ ၎င်းတို့ ကိုယ်တိုင်၏ သဘာဝဗီဇ အနှစ်သာရကို သတိပြုမိနိုင်ကာ၊ ထိုအခါမှသာ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများသည် စဉ်ဆက်မပြတ် သန့်စင်ခံရနိုင်ပေသည်။ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ စဉ်ဆက်မပြတ် သန့်စင်ခံရခြင်း ဖြစ်စဉ်တွင်သာ လူတို့သည် သမ္မာတရားကို ရရှိနိုင်ကြပေသည်။ ဤနှုတ်ကပတ်တော်များကို အချိန်ယူ၍ တွေ့ကြုံခံစားလော့။ ဘုရားသခင်သည် လှည့်ဖြားသောသူများကို မစုံလင်စေပေ။ အကယ်၍ သင်၏စိတ်နှလုံး မရိုးဖြောင့်ပါက၊ သင်သည် ရိုးသားသောသူတစ်ဦးမဟုတ်ပါက၊ သင်သည် ဘုရားသခင်၏ ရယူခြင်းကို မည်သည့်အခါမျှ ခံရလိမ့်မည်မဟုတ်ပေ။ ထိုနည်းတူ သင်သည် သမ္မာတရားကို မည်သည့်အခါမျှ ရရှိလိမ့်မည်မဟုတ်သကဲ့သို့၊ ဘုရားသခင်ကို ရရှိနိုင်စွမ်းလည်း ရှိလိမ့်မည်မဟုတ်ပေ။ အကယ်၍ သင်သည် ဘုရားသခင်ကို မရရှိနိုင်သကဲ့သို့၊ သမ္မာတရားကို သင်နားမလည်ပါက၊ ဤသည်မှာ မည့်အရာကို ဆိုလိုပါသနည်း။ ယင်းမှာ သင်သည် ဘုရားသခင်ကို ရန်လိုသည်၊ သင်သည် ဘုရားသခင်နှင့် သဟဇာတ မဖြစ်သကဲ့သို့၊ သူသည် သင်၏ဘုရားသခင် မဟုတ်ဟု ဆိုလိုပေသည်။ အကယ်၍ ဘုရားသခင်သည် သင်၏ဘုရားသခင် မဟုတ်ပါက၊ သင်သည် ကယ်တင်ခြင်း မရနိုင်ပေ။ အကယ်၍ သင်သည် ကယ်တင်ခြင်း မရနိုင်ပါက၊ သင်သည် ဘုရားသခင်၏နာကြည်းသော ရန်သူတစ်ဦး ထာဝရဖြစ်ပြီး သင်၏ရလဒ် ချမှတ်ခံရလိမ့်မည်။ ထို့ကြောင့်၊ လူတို့သည် ကယ်တင်ခံရရန် ဆန္ဒရှိကြပါက၊ ရိုးသားခြင်းဖြင့် စတင်ရမည်။ နောက်ဆုံးတွင် ဘုရားသခင်၏ ရယူခြင်း ခံရမည့် သူများကို အမှတ်အသားပြုသည့် လက္ခဏာတစ်ခု ရှိသည်။ ယင်းမှာ မည်သည့်အရာဖြစ်သည်ကို သင် သိသလော။ ယင်းကို သမ္မာကျမ်းစာထဲက ဗျာဒိတ်ကျမ်းတွင် ရေးသားထားသည်- “အပြစ်နှင့်ကင်းလွတ်ကြသည်ဖြစ်၍ သူတို့နှုတ်၌ မုသာမရှိ။” “သူတို့” ဆိုသည်မှာ မည်သူများဖြစ်သနည်း။ ၎င်းတို့သည် ဘုရားသခင်၏ စုံလင်စေခြင်း ခံရပြီး ရယူခြင်းခံရကာ ကယ်တင်ခံရသူများ ဖြစ်သည်။ ဤလူများကို ဘုရားသခင်က မည်သို့ ဖော်ပြသနည်း။ ၎င်းတို့ လုပ်ရပ်များ၏ ထူးခြားသော လက္ခဏာများနှင့် ဖော်ပြချက်များမှာ အဘယ်နည်း။ (၎င်းတို့သည် အပြစ်နှင့်ကင်းလွတ်ကြသည်။ မုသားများ မပြောကြပါ။) မုသားများ မပြောဆိုခြင်းက မည်သည့်အရာ ဆိုလိုသည်ကို သင်တို့အားလုံး နားလည်ကာ သဘောပေါက်သင့်သည်- ယင်းမှာ ရိုးသားခြင်းကို ဆိုလိုပေသည်။ အပြစ်နှင့်ကင်းလွတ်ခြင်းသည် မည်သည့်အရာကို ဆိုလိုသနည်း။ အပြစ်နှင့်ကင်းလွတ်သူတစ်ဦးအား ဘုရားသခင်က မည်သို့ သတ်မှတ်ထားသနည်း။ အပြစ်နှင့်ကင်းလွတ်သူတို့သည် ဘုရားသခင်ကို ကြောက်ရွံ့နိုင်ကြပြီး ဆိုးယုတ်မှုကို ရှောင်ကြဉ်နိုင်ကြသည်။ ၎င်းတို့သည် ဘုရားသခင်၏ လမ်းခရီးကို လိုက်နာစောင့်ထိန်းနိုင်သူများ ဖြစ်ကြသည်။ ထိုသို့သော လူတို့သည် ဘုရားသခင်၏ အမြင်တွင် စုံလင်သည်။ ၎င်းတို့သည် အပြစ်နှင့်ကင်းလွတ်ကြသည်။

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ“ဘဝတွင် တိုးတက်ခြင်း၏ အညွှန်းခြောက်ခု” မှ

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။