ရိုးသားသော လူတစ်ဦးနှင့် လှည့်ဖြားတတ်သော လူတစ်ဦးကြား ခြားနားချက်မှာ အဘယ်နည်း။

15.03.2021

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

အခြားသူများအပေါ် သံသယမထားသည့်သူများကို ငါသဘောကျသည်၊ ထို့အပြင် သမ္မာတရားကို မဆိုင်းမတွ လက်ခံသောသူများကိုလည်း ငါနှစ်သက်၏၊ ထိုသို့သောလူနှစ်မျိုးကို ငါအလွန်ဂရုစိုက်သည်၊ အဘယ်ကြောင့်ဆိုသော် ငါ၏အမြင်၌ သူတို့သည် ရိုးသားသောသူများ ဖြစ်ကြသောကြောင့်ဖြစ်သည်။ အကယ်၍ သင်တို့သည် လိမ်လည်လှည့်ဖျားတတ်လျှင် လူတိုင်းနှင့် ကိစ္စတိုင်းကို သတိထားပြီး သံသယဝင်နေမည်ဖြစ်၍ ငါ့အပေါ်၌ထားသော သင်တို့၏ ယုံကြည်ခြင်းသည် သံသယအုတ်မြစ်အပေါ်၌ တည်ထားသည့် ယုံကြည်ခြင်း ဖြစ်နေလိမ့်မည်။ ထိုသို့သော ယုံကြည်ခြင်းကို မည်သည့်အခါမျှ ငါအသိအမှတ်ပြုနိုင်မည် မဟုတ်ပေ။ စစ်မှန်သော ယုံကြည်ခြင်း မရှိသော သင့်တွင် စစ်မှန်သော ချစ်ခြင်းမေတ္တာ သာ၍ပင် ကင်းမဲ့နေသည်။ အကယ်၍ သင်သည် ဘုရားသခင်ကို သံသယဝင်တတ်သည့်အပြင် သင်ဆန္ဒရှိသည့်အတိုင်း သူ့အကြောင်းကို ထင်ကြေးပေးတတ်လျှင် သင်သည် လူတို့ထဲတွင် အလိမ်လည် အလှည့်ဖျားတတ်ဆုံးသူဖြစ်သည်မှာ သံသယဖြစ်စရာ မလိုပေ။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ မြေကြီးပေါ်ရှိ ဘုရားသခင်ကို သိရှိနိုင်ပုံ

တချို့သူများသည် ဘုရားသခင် ရှေ့မှောက်တွင် အလွန် မှန်ကန်စွာပြုမူ၍ “အပြုအမူကောင်းများ” ရှိရန် အလွန် ကြိုးစားသော်လည်း၊ ဝိညာဉ်တော် ရှေ့မှောက်တွင်မူ ခြိမ်းခြောက်သည့် ဟန်ပန်များ လှပ်ပြလေသည်။ ရိုးသားခြင်း အဆင့်များထဲတွင် ထိုကဲ့သို့သော လူသားကို သင်တို့ ထည့်တွက်မည်လား။ အကယ်၍ သင်သည် ကြောင်သူတော် တစ်ဦးဖြစ်ပြီး “အပြန်အလှန် ဆက်ဆံရေးများ” အထူးကျွမ်းကျင်ပါက၊ သင်သည် ဘုရားသခင်အား မထီမဲ့မြင်ပြုသူ ဖြစ်သည်မှာ သေချာသည်ဟု ငါဆိုသည်။ အကယ်၍ သင့်စကားများက ဆင်ခြေများ၊ အဖိုးမတန်သော ကျိုးကြောင်းပြချက်များနှင့် ပြည့်နှက်နေမည် ဆိုပါက၊ သင်သည် သမ္မာတရား လက်တွေ့ကျင့်သုံး ရမည်ကို အလွန်တရာကို စက်ဆုပ်သောသူတစ်ဦး သာဖြစ်သည်ဟု ငါဆို၏။ အကယ်၍ သင်ထံတွင် လျှို့ဝှက်ကိစ္စများစွာ ရှိသဖြင့် သင်သည် ဝေမျှရန် ဝန်လေးနေပါက၊ သင်သည် အလင်း၏ လမ်းကို ရှာဖွေဖို့ အခြားသူများရှေ့တွင် သင်၏ လျှို့ဝှက်ချက်များကို- သင်၏ အခက်အခဲများကို- ချခင်းပြရန် အပြင်းအထန် ငြင်းဆန်နေပါက- သင်သည် ကယ်တင်ခြင်းကို အလွယ်တကူ မရရှိနိုင်သောသူ၊ အမှောင်ထုထဲမှ လွယ်ကူစွာ မထွက်နိုင်သူ ဖြစ်သည်ဟုငါဆို၏။ သမ္မာတရား၏ လမ်းခရီးကိုရှာဖွေခြင်းသည် သင့်ကို ကောင်းစွာ သဘောကျ ကျေနပ်စေသည်ဆိုပါက၊ သင်သည် အလင်းထဲ၌ အစဉ်အမြဲ နေထိုင်သူတစ်ဦးဖြစ်သည်။ အကယ်၍ သင်သည် ဘုရားသခင်၏ အိမ်တော်၌ မထင်မရှားနေပြီး ကြိုးကြိုးစားစားနှင့် တာဝန်သိသိ အသိဉာဏ်ရှိရှိ အလုပ်လုပ်လျက်၊ အမြဲတမ်းပေးကမ်း၍ မည်သည့်အခါမျှ ရယူခြင်းမရှိသော အစေခံသူတစ်ဦး ဖြစ်ရသည်ကို အလွန် ဝမ်းမြောက်ပါက၊ သင်သည် သစ္စာရှိသော သန့်ရှင်းသူ တစ်ယောက် ဖြစ်သည်ဟု ငါဆိုသည်၊ အဘယ်ကြောင့်ဆိုသော် သင်သည် ဆုလာဘ်ကို မမျှော်ကိုးဘဲ၊ ပကတိ ရိုးသားသူတစ်ယောက်သာ ဖြစ်သောကြောင့်တည်း။ သင်သည် ပွင့်လင်းရန် လိုလိုလားလား ရှိလျှင်၊ သင်သည် သင်၏အလုံးစုံကို အသုံးခံရန် လိုလိုလားလားရှိလျှင်၊ သင်သည် ဘုရားသခင်အတွက် သင့်ဘဝကိုစတေးနိုင်ကာ သက်သေရပ်တည် နိုင်လျှင်၊ သင်သည် မိမိအတွက် မစဉ်းစားဘဲ သို့မဟုတ် မိမိကိုယ်ကျိုးမပါဘဲ ဘုရားသခင် ကျေနပ်သဘောကျရန်ကိုသာ သိသောအဆင့်အထိ ရိုးသားသည်ဆိုပါက၊ ဤလူတို့သည် အလင်းထဲတွင် အားဖြည့်ပေးခြင်းခံရကာ နိုင်ငံတော်တွင် ထာဝရ အသက်ရှင်မည့်သူများ ဖြစ်သည်ဟု ငါဆိုသည်။ သင့်အထဲ၌ စစ်မှန်သော ယုံကြည်ခြင်းနှင့် စစ်မှန်သော သစ္စာစောင့်သိမှု ရှိ မရှိ၊ သင့်ထံ၌ ဘုရားသခင်အတွက် ဆင်းရဲဒုက္ခခံမှု မှတ်တမ်းတစ်ခု ရှိ မရှိနှင့် ဘုရားသခင်ထံ၌ သင် အပြည့်အဝ ကျိုးနွံနာခံပြီးခြင်း ရှိ မရှိ စသည်တို့ကို သင်သိသင့်သည်။ သင်သည် ဤအရာများ မရှိပါက၊ သင့်အတွင်း၌ မနာခံမှု၊ လှည့်ဖြားမှု၊ လောဘနှင့် မကျေနပ်မှုများသာ ကျန်ရစ်လိမ့်မည်။ သင်၏နှလုံးသားသည် ရိုးသားမှုနှင့်အလှမ်း ကွာဝေးသကဲ့သို့၊ သင်သည် ဘုရားသခင်ထံမှ အပြုသဘောဆောင်သော အသိအမှတ်ပြုမှုကိုလည်း မည်သည့်အခါမျှ မရရှိဘဲ၊ အလင်းထဲတွင် မည်သည့်အခါမျှ မနေခဲ့ရဖူးပေ။ လူတစ်ယောက်၏ကံကြမ္မာသည် အဆုံး၌ မည်သို့ဖြစ်မည်ဆိုသည်မှာ သူ့ထံ၌ ရိုးသားမှုနှင့် သွေးသို့နီသော နှလုံးသားရှိ မရှိအပေါ်နှင့် သူ့ထံ၌ စင်ကြယ်သော စိတ်နှလုံး ရှိ မရှိတို့အပေါ်တွင် မူတည်သည်။ အကယ်၍ သင်သည် အလွန်မရိုးဖြောင့်သောသူတစ်ဦး၊ မလိုတမာစိတ်ရှိသူတစ်ဦး၊ မစင်ကြယ်သော စိတ်ဝိညာဉ်ရှိသူတစ်ဦး ဖြစ်နေပါက၊ သင်၏ ကံကြမ္မာမှတ်တမ်းတွင် ရေးသားသကဲ့သို့ လူတို့ အပြစ်ပေး ခံရသည့် နေရာတွင် သင် အဆုံးသတ်မည်မှာ သေချာ၏။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သတိပေးချက် သုံးချက်

လိမ်လည်လှည့်ဖြားတတ်သော လူတစ်ဦးသည် သူ၏ ဆွေမျိုးသားချင်းများအပါအဝင် မည်သူ့ကိုမဆို လှည့်စားလိမ့်မည်၊ သူ၏သားသမီးများကိုပင် လှည့်စားလေမည်။ သူ့အပေါ် သင် မည်သို့ပွင့်လင်းစေကာမူ သင့်ကို သူဆော့ကစားလိမ့်မည်။ ဤသည်မှာ သူ့ဗီဇသဘာဝ၏ သရုပ်မှန်ဖြစ်၏၊ သူ့ကို ဤသဘာဝဗီဇက ပိုင်ဆိုင်၏။ ယင်းကို ပြောင်းလဲရန်ခက်ခဲပြီး သူသည် အချိန်တိုင်း ထိုကဲ့သို့ပင်ဖြစ်၏။ ရိုးသားသောလူများသည် တစ်ခါတစ်ရံ လိမ်လည်ပြီး လှည့်ဖြားသောအရာ တစ်စုံတစ်ခုကို ပြောကောင်းပြောနိုင်သော်လည်း ထိုကဲ့သို့သော လူတစ်ဦးမှာ အများအားဖြင့် အတော်ပင် ရိုးသား၏၊ သူသည် အရေးကိစ္စများကို တိုက်ရိုက်ကိုင်တွယ်ပြီး အခြားသူများနှင့် ဆက်ဆံမှုများတွင် ၎င်းတို့အပေါ် မတရားသဖြင့် အခွင့်ကောင်း မယူတတ်ပေ။ သူသည် အခြားသူများနှင့် စကားပြောသောအခါ ၎င်းတို့ကိုစမ်းသပ်ရန် သူသည် အမှုအရာများကို တမင်တကာ မပြောဆိုတတ်ပေ၊ သူသည် ရင်ဖွင့်ပြောပြပြီး အခြားသူများနှင့် ဆက်ဆံနိုင်ပြီး သူသည် တကယ့်ကို ရိုးသားသည်ဟု လူတိုင်းက ဆိုကြသည်။ လိမ်လည်လှည့်ဖြားခြင်း အနည်းငယ်ဖြင့် သူစကားပြောသော အချိန်များ ရှိသည်။ ယင်းမှာ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား၏ သရုပ်သကန် တစ်ခုမျှသာဖြစ်ပြီး သူ၏ သဘာဝဗီဇကို ကိုယ်စားပြုခြင်းမရှိပေ၊ အဘယ်ကြောင့်ဆိုသော် သူသည် လှည့်ဖြားတတ်သော လူတစ်ဦး မဟုတ်ပေ။

ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “လူ့သဘာဝကို သိရှိရန် နည်းလမ်း” မှ

ကိုးကားရန်အတွက် တရားဟောချက်နှင့် မိတ်သဟာယပြုခြင်း ကောက်နုတ်ချက်များ-

ရိုးသားသောလူများနှင့် လှည့်ဖြားတတ်သော လူတို့ကြားက သဘောသဘာဝခြားနားမှုကြောင့် ၎င်းတို့၏ အပြုအမူနှင့် အနေအထိုင်တို့သည်လည်း ကြီးမားစွာ ကွဲပြားခြားနားကြသည်။ အသင်းတော်အတွင်း၌ ရိုးသားသောသူတို့သည် အလွယ်တကူ စုံလင်အောင်ပြုလုပ်ပေးခြင်း ခံရကာ၊ လှည့်ဖြားတတ်သော လူတို့မှာမူ လွယ်ကူစွာ စုံလင်အောင်ပြုလုပ်ပေးခြင်း မခံရချေ။ ဤသည်မှာ ရိုးသားသောလူတို့သည် သမ္မာတရားကို လက်ခံရန် အလိုရှိကြပြီး သမ္မာတရားကို လက်တွေ့ကျင့်သုံးနိုင်ကြကာ၊ လှည့်ဖြားတတ်သော လူတို့မှာမူ သမ္မာတရားကို ၎င်းတို့လက်ခံလျှင်ပင် သမ္မာတရားကို လက်တွေ့ကျင့်သုံးရန် အခက်အခဲတွေ့ကြသောကြောင့် ဖြစ်သည်။ ရိုးသားသောလူတို့သည် ဘုရားသခင်၌ ၎င်းတို့၏ ယုံကြည်မှုတွင် ၎င်းတို့၏ နှလုံးသားများကို ဘုရားသခင်ထံ ပေးနိုင်ကြပြီး လှည့်ဖြားတတ်သော လူတို့မှာမူ မပေးနိုင်ကြပေ။ ရိုးသားသောလူတို့သည် မိမိတို့ကိုယ်ကို ဘုရားသခင်အဘို့ အသုံးခံရန် အရာရာတိုင်းကို ဆက်ကပ်နိုင်ကြပြီး လှည့်ဖြားတတ်သော သူတို့မှာမူ အပြန်အလှန်အနေနှင့် တစ်စုံတစ်ရာကို တောင်းလေ့ရှိကြပြီး အခြေအနေများကို ဖန်တီးတတ်ကြလေသည်။ ရိုးသားသောလူတို့၏ စိတ်နှလုံးသည် ဖြူစင်ပြီး စစ်မှန်ပြီး လှည့်ဖြားတတ်သာလူတို့၏ စိတ်နှလုံးများမှာမူ ဖောက်ပြန်တတ်ပြီး ပြောင်းလဲလွယ်သည်။ ရိုးသားသောလူတို့သည် ဘုရားသခင်က ၎င်းတို့ကို တစ်စုံတစ်ရာ တောင်းဆိုသည့်အခါတိုင်း ဘုရားသခင်ကို အားရကျေနပ်စေရန် အစွမ်းကုန် လုပ်ဆောင်ကြကာ၊ လှည့်ဖြားတတ်သော လူတို့မှာမူ ၎င်းတို့လုပ်ဆောင်သည့် မည်သည့်တာဝန်တွင်မဆို ပေါ့ပေါ့ဆဆ ဖြစ်ကြပြီး ၎င်းတို့တွင် ထွက်ပေါက်ရှိရန် သေချာစေဖို့ ခြေကုပ်ယူထား တတ်ကြလေသည်။ ရိုးသားသောလူတို့သည် အပြောနှင့်အလုပ် နှစ်ခုလုံးတွင် စိတ်ချယုံကြည်နိုင်မှုအကြောင်းအပေါ် စစ်စစ်ပေါက်ပေါက် အရေးထားတတ်ပြီး၊ ဘုရားသခင်ကိုဖြစ်စေ အခြားသူများကိုဖြစ်စေ လိမ်လည်ဖို့ ၎င်းတို့ မကြိုးစားကြချေ၊ လှည့်ဖြားတတ်သော လူတို့မှာမူ လူတိုင်းကို အရှက်မရှိ လိမ်ကြပြီး ၎င်းတို့အဖို့ ၎င်းတို့၏ ကိုယ်ပိုင်ရည်မှန်းချက်များ ရရှိသရွေ့ ဤအရာသည် ၎င်းတို့အတွက် အဆင်ပြေလေသည်။ ရိုးသားသော လူတို့သည် အခြားသူများနှင့် မိတ်သဟာယပြုသောအခါ သဘောထားကြီးကြပြီး ပုဂ္ဂိုလ်ရေး ဆုံးရှုံးမှုများ သို့မဟုတ် အကျိုးအမြတ်များအပေါ် ကတ်ကတ်သတ်သတ် မပြောကြသလို စိတ်ခံစားချက်များအပေါ် အလေးထားမှုနှင့်အတူ သစ္စာရှိခြင်းကို မြှင့်တင်ကြသည်၊ လှည့်ဖြားတတ်သော လူတို့မှာမူ အကျိုးအမြတ်ရဖို့ အခြားသူများနှင့် ယှဉ်ပြိုင်ကြပြီး အခြားသူများကို ကစားတတ်လေသည်။ ရိုးသားသောသူတို့သည် ရင်ဖွင့်နိုင်ကြပြီး အခြားသူများနှင့် ၎င်းတို့၏ဆက်ဆံရေးများတွင် ၎င်းတို့ စိတ်နှလုံးထဲ ရှိသောအရာကို ပြောနိုင်ကာ ရိုးသားပွင့်လင်းကြသည်၊ လှည့်ဖြားတတ်သော သူတို့မှာမူ အခြားသူများထံမှ ထိန်းသိမ်းထားသော မကောင်းသောပုံစံများကို သိုထားတတ်ကြပြီး အခြားသူများနှင့် အဆင်ပြေပြေ နေနိုင်စွမ်း မရှိကြပေ။ ရိုးသားသောလူတို့သည် ၎င်းတို့၏ အပြောနှင့် အပြုအမူများတွင် တိုက်ရိုက်နှင့် ရိုးရိုးတန်းတန်း ပြောကြပြီး အရှိကိုအရှိအတိုင်း နှင့် ပွင့်ပွင့်လင်းလင်း ပြောတတ်ကြသည်၊ လှည့်ဖြားတတ်သော သူတို့မှာမူ ကွေ့လည်ကြောင်ပတ် လုပ်တတ်ကြပြီး ၎င်းတို့၏ အပြောနှင့် အပြုအမူတွင် ဖောက်ပြန်တတ်သော ရည်ရွယ်ချက်ကို သိုထားတတ်ကြကာ ပြောတော့တစ်မျိုး လုပ်တော့တစ်ခြား ဖြစ်ကြသည်။ ရိုးသားသောသူတို့သည် ဖြူစင်ပြီး ပွင့်လင်းသည်၊ အပြစ်ကင်းပြီး တက်ကြွကာ ဘုရားနှင့် အခြားသူတို့ နှစ်ဦးလုံးက ၎င်းတို့ကို ချစ်ခင်ကြသည်၊ လှည့်ဖြားတတ်သော သူတို့မှာမူ မကောင်းကြံမည့် ရည်ရွယ်ချက်များ သိုထားကြပြီး အခြေအနေအရ ဇာတ်ကောင်တစ်ခုကို သရုပ်ဆောင်တတ်ကြသည်၊ ၎င်းတို့သည် ဟိတ်ဟန်များသော ကိုယ်ဟန်အမူအရာများ လုပ်ဆောင်ကြသည်၊ ၎င်းတို့ထဲတွင် မုသားနှင့် သူတော်ကောင်းယောင်ဆောင်မှုများ များလွန်းလှပြီး ဘုရားသခင်နှင့် အခြားသူတို့ နှစ်ဦးလုံးက ၎င်းတို့ကို စက်ဆုပ်ကြသည်။ ဤသရုပ်သကန်များအားလုံးသည် ရိုးသားသော လူများနှင့် လှည့်ဖြားတတ်သော လူတို့ကြားက ခြားနားမှုများ ဖြစ်ပေသည်။

အထက်အရပ်မှ မိတ်သဟာယပြုခြင်း မှ

လူတို့သည် မရိုးသားကြလျှင် ဘုရားသခင်သည် သူတို့ကို သဘောကျကျေနပ်ခြင်း မရှိသကဲ့သို့ လူအုပ်အတွင်းတွင် သူတို့ ခိုင်ခိုင်မာမာ ရပ်တည်နိုင်ကြလိမ့်မည် မဟုတ်ပေ။ ရိုးသားသော လူများကို ဘုရားသခင်သာ နှစ်သက်သည်မဟုတ်၊ အခြားသူများ ကလည်း နှစ်သက်ကြလေသည်။ ရိုးသားသောလူတို့ကို အခြားသူများက အဘယ်ကြောင့် နှစ်သက်ကြသနည်း။ ရှုထောင့်တစ်ခုမှာ သူတို့သည် စိတ်ချယုံကြည်ထိုက်သောသူများဖြစ်ကြသည်။ သူတို့နှင့် သင်ပတ်သက်သောအခါတွင် တည်ငြိမ်မှုနှင့် တည်ကြည်မှုကို သင်ခံစားရပြီး ဒွိဟဖြစ်ခြင်းမှ ကင်းဝေးသည်။ အနာဂတ် ဒုက္ခပြဿနာများ အတွက် သင်ပူပန်မှုမရှိ၊ သင့်ကို ယင်းတို့က အကဲစမ်းမည်၊ လှည့်ဖြားမည် သို့မဟုတ် အန္တရာယ်ဖြစ်စေမည်ကို သင်မစိုးရိမ်ပါ။ အဓိကအရာမှာ ရိုးသားသောလူများက အခြားသူများကို ကူညီနိုင်သည်။ အခြားသူများကို ပွင့်ပွင့်လင်းလင်း ဆက်ဆံနိုင်ပြီး အခြားသူများအတွက် အကျိုးဖြစ်စေနိုင်သည်။ ရိုးသားသောလူများက ဘုရားသခင်ကို ယုံကြည်သောအခါ သမ္မာတရားကို ချစ်ပြီး သမ္မာတရားကို လက်တွေ့ကျင့်ဆောင်နိုင်သောကြောင့်လည်းကောင်း၊ ဘုရားသခင်က ရိုးသားသောလူများကို နှစ်သက်သောကြောင့် လည်းကောင်း သန့်ရှင်းသော ဝိညာဉ်တော်သည် သူတို့အထဲ၌ အလုပ်လုပ်လေသည်။ ရိုးသားသော လူတစ်ဦးထဲ၌ သန့်ရှင်းသော ဝိညာဉ်တော် အလုပ်လုပ်သောအခါ ဘုရားသခင်၏ ကျေးဇူးတော်ကို သူတို့ ရရှိလိမ့်မည်၊ သမ္မာတရားကို နားလည်နိုင်လိမ့်မည်ဖြစ်ပြီး စစ်မှန်သော လူသားတစ်ဦး၏ ပုံသဏ္ဍာန်ကို အသက်ရှင်နိုင် လိမ့်မည်ဖြစ်သည်။ ဤသည်မှာ အခြားသူများက ရိုးသားသောလူတို့ကို နှစ်သက်ကြခြင်းအကြောင်းရင်း ဖြစ်သည်။ ထို့အပြင် ရိုးသားသော လူတို့နှင့် ပတ်သက်ခြင်းက သင့်အား မိမိကိုယ်ကိုယ် မည်သို့ ပြုမူနေထိုင်ရမည်၊ မည်သို့ ဆောင်ရွက်ရမည်၊ သမ္မာတရားကို မည်သို့ လက်တွေ့ကျင့်ဆောင်ရမည်နှင့် နောက်ဆုံးတွင် သာမန် လူသားတစ်ဦး၏ ပုံသဏ္ဌာန်ကို အသက်ရှင်ရန်တို့ကို လေ့လာသင်ယူခွင့်ပြုပါလိမ့်မည်။ လူတို့သည် အဘယ်ကြောင့် လှည့်ဖြားတတ်သောလူတို့ကို မနှစ်သက်ကြသနည်း။ အဘယ်ကြောင့် ဘုရားသခင်သည် မရိုးသားသောလူတို့ကို စက်ဆုပ်သနည်း။ လှည့်ဖြားတတ်သော လူတို့၏ ဖောက်ပြန်ပျက်ဆီးခြင်းနှင့်ဆိုင်သော ဖော်ပြချက်များမှာ အဘယ်နည်း။ သူတို့၏ သဘောသဘာဝနှင့် အနှစ်သာရတို့မှာ အဘယ်နည်း။ သူတို့သည် အခြားသူများထံ မည်သည့်အရာကို ဆောင်ယူကြသနည်း။ ၎င်းတို့၏ ဖောက်ပြန်ပျက်ဆီးတတ်သော စိတ်သဘောထား၏ အနှစ်သာရမှနေ၍ လှည့်ဖြားတတ်သောလူတစ်ဦးသည် အလွန်အမင်း တစ်ကိုယ်ကောင်းဆန်လေသည်။ သူတို့သည် မိမိတို့ ကိုယ်၌အတွက် အရာရာတိုင်းကို လုပ်ဆောင်တတ်ကြသည်၊ သူတို့၏ ကိုယ်ပိုင် သာယာပျော်ရွှင်မှုများကိုသာ ရှာဖွေကြသည်၊ အခြားသူများကို ထည့်မတွက်ကြဘဲ အခြားသူများ သေသည်ဖြစ်စေ၊ ရှင်သည်ဖြစ်စေ ဂရုမစိုက်ကြပါ။ ဤသည်မှာ တစ်ကိုယ်ကောင်းအဆန်ဆုံးနှင့် စက်ဆုပ်ဖွယ်အကောင်းဆုံး လူစားမျိုးဖြစ်သည်။ မရိုးသားသော လူတစ်ဦးက အသင်းတော်အတွင်းတွင် အာဏာစွဲကိုင်ထားလျှင် ဘုရားသခင်၏ ရွေးချယ်ထားသော လူတို့သည် အကျိုးအမြတ် တစ်စုံတစ်ရာကို ရလိမ့်မည်လော။ ဘုရားသခင် ရွေးချယ်ထားသော လူတို့က ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်ခြင်းမှ တစ်စုံတစ်ရာ ရသည်ဖြစ်စေ မရသည်ဖြစ်စေ၊ သမ္မာတရားကို သူတို့ ရရှိနိုင်သည်ဖြစ်စေ၊ မရရှိနိုင်သည်ဖြစ်စေ၊ စစ်မှန်မှုထဲသို့ ဝင်ရောက်မှုရှိသည် မရှိသည် သို့မဟုတ် မှန်ကန်သော ယုံကြည်မှုလမ်းကြောင်းထဲသို့ ဝင်ရောက်ပြီး ကယ်တင်ခံရသည် မခံရသည် သူထည့်မတွက်ပါ။ သူထည့်တွက်သည်မှာ “ငါ့မှာ သာယာပျော်ရွှင်မှုနဲ့ အဆင့်အတန်းရှိနေသရွေ့၊ လူအုပ်ထဲကနေ ငါ ထင်ပေါ်ပြီး တခြားလူတွေအပေါ် ထိန်းချုပ်မှုရှိသရွေ့ ငါကျေနပ်တယ်၊ ပြီးတော့ အဆင်ပြေပြီ” ဟူ၍ ဖြစ်သည်။ သူ၏ ကိုယ်ပိုင်အသွေးအသားဆန္ဒများကို ရယူနိုင်သရွေ့ သူ၏ကိစ္စပြီးသည်။ ဘုရားသခင် ရွေးချယ်သောလူတို့ သေသေ ရှင်ရှင် သူ ထည့်မတွက်ပါ။ ဤသည်မှာ လှည့်ဖြားတတ်သောလူတစ်ဦး၏ ပဓါနအကျဆုံး သွင်ပြင်လက္ခဏာ မဟုတ်လော။ ထို့ကြောင့် လှည့်ဖြားတတ်သော လူတစ်ဦး၏ အချက်အချာမှာ မိမိကိုယ်ကိုဗဟိုပြုခြင်း၊ မိမိကိုယ်ကိုအတွက် အသွေးအသား ပျော်မွေ့မှုများကို ရှာဖွေခြင်းနှင့် အခြားသူများ၏ ခံစားချက်များကို ဂရုမစိုက်ခြင်းပင်ဖြစ်သည်။

အသက်တာထဲ ဝင်ရောက်ခြင်းအပေါ် မိတ်သဟာယဖွဲ့ခြင်းနှင့် တရားဟောချက်များ မှ

ရိုးသားသော လူများသည် သမ္မာတရားကို ချစ်ကြသောကြောင့်၊ သမ္မာတရားကို လိုက်စားကြလေသည်။ လှည့်ဖြားတတ်သောလူတို့သည် သမ္မာတရားကို မချစ်ကြ။ ၎င်းတို့သည် အယူဝါဒများကို ချစ်ကြသည်၊ လူတို့ကို အကြောင်းအရာတို့ ရှင်းပြခြင်းကို နှစ်သက်ကြပြီး၊ ပြစားရန်နှစ်သက်ကြသည်၊ ထို့ကြောင့် ၎င်းတို့သည် တရားဟောခြင်းနှင့် စကားပြောဆိုခြင်းတို့ကို များစွာ အာရုံစိုက်ကြသည်။ လှည့်ဖြားတတ်သော လူတို့သည် ၎င်းတို့၏ အပြင်ပန်း ပုံသဏ္ဌာန်နှင့်ပတ်သက်၍ ပူပန်ကြသည်။ ဤသည်မှာ အခြားသူများက ၎င်းတို့ ဆုတောင်းသည်ကို မြင်နိုင်ရန်အတွက်သာ ဘုရားသခင်ထံ ဆုတောင်းခဲ့ကြသော ဖာရိရှဲများကဲ့သို့ပင် ဖြစ်သည်။ အရပ်မျက်နှာပေါင်းစုံမှ လူတို့ မြင်စေဖို့အလို့ငှာ လမ်းဆုံလမ်းဝများတွင် ၎င်းတို့ ဆုတောင်းခဲ့ကြသည်။ အပြင်ပန်းတွင် ၎င်းတို့က အတော်ပင် ဘာသာတရား ရိုသေကိုင်းရှိုင်းပုံ ပေါ်သော်လည်း၊ အမှန်တကယ်တွင် လုံးဝ လိမ်လည်သူများနှင့် လုံးဝ အတုအယောင်များသာ ဖြစ်နေခဲ့ကြသည်။ ရိုးသားသော လူများသည် သမ္မာတရားကို ချစ်ကြ၏။ ဘုရားသခင်၏ မျက်မှောက်တော်တွင် ရှိကြသောအခါ၌၊ ၎င်းတို့သည် သမ္မာတရားကို လိုက်စားခြင်း၊ ဘုရားသခင်၏ အလိုတော်ကို နားလည် သဘောပေါက်ခြင်းနှင့် ဘုရားသခင် စိတ်ကျေနပ်စေရန် လိုလားခြင်းတို့မှလွဲ၍ အခြား မည်သည့်အတွေးမျှ မရှိကြပေ။ ဤအရာများမှလွဲ၍ မည်သည့် စိတ်ဆန္ဒမျှ မရှိကြပါ။ ၎င်းတို့သည် ကောက်ကျစ်စဉ်းလဲသော အကြံအစည်မျိုးစုံကို သိုမထားကြသလို၊ တစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်ဖွယ်ကောင်းသော စိတ်ကူးများစွာလည်း မရှိကြပါ။ ၎င်းတို့တွင် ဖြူစင်သော နှလုံးသားများ ရှိကြသည်။ အရာရာတိုင်းတွင် “ဘုရားသခင်ကို ငါ ဘယ်လို စိတ်ကျေနပ်စေနိုင်သလဲ။ ဘုရားသခင်ရဲ့ စစ်မှန်တဲ့ အလိုတော်က ဘာလဲ” ဟူသော အတွေးကိုသာ စဉ်းစားကြသည်။ ၎င်းတို့ နားမလည်လျှင်၊ ယင်းကို နားလည်သဘောပေါက်သည်အထိ မရပ်မနား ဆုတောင်းကြပြီး မရပ်မနား တွေးဆကြသည်။ ဤသို့သော လူတို့သည် ရိုးသားသောလူများ ဖြစ်ကြသည်။ ရိုးသားသော လူတို့သည် ဘုရားသခင်ရှေ့မှောက် ၎င်းတို့၏ ဆုတောင်းချက်များထဲတွင်၊ သမ္မာတရားကို ရှာဖွေခြင်းမှတစ်ပါး အခြား မည်သည့်အရာအတွက်မျှ မတောင်းလျှောက်ကြပါ။ ၎င်းတို့၏ ဆုတောင်းခြင်းများတွင် ၎င်းတို့အနေဖြင့် သမ္မာတရားကို မရှာဖွေလျှင် သို့မဟုတ် ဘုရားသခင်၏ အလိုတော်ကို သဘောမပေါက်ကြလျှင်၊ ၎င်းတို့သည် ပြောစရာ ဘာမျှမရှိဟု ခံစားမိကြပေလိမ့်မည်။ အကြောင်းမှာ ဤအရာများမှလွဲ၍ တခြားတစ်စုံတစ်ခုအတွက် ဆုတောင်းရန်မှာ အဓိပ္ပါယ်မဲ့ပြီး၊ အနှစ်သာရမရှိဟု ခံစားကြရ၍ ဖြစ်သည်။ ၎င်းတို့သည် မှားယွင်းသော အရာများကို ပြောဆိုရန် မလိုလားကြပေ။ လှည့်ဖြားတတ်သောလူတို့မှာ ဤကဲ့သို့ မဟုတ်ကြချေ။ ၎င်းတို့သည် ၎င်းတို့၏ ကိုယ်ပိုင် တွေးခေါ်မြော်မြင်မှုကို ပြောဆိုကာ၊ ၎င်းတို့၏ အရည်အသွေးများကို ပြသကြရင်း၊ ၎င်းတို့၏ အောင်မြင်မှုများကို ဖော်ပြကြရင်းဖြင့် ဘုရားသခင်ရှေ့တွင် အမြဲ ကြွားဝါနေကြလေသည်။ အမှန်တွင် ၎င်းတို့ လုပ်ဆောင်သမျှ အရာတိုင်းမှာ အခြားသူများ မြင်စေရန်ဖြစ်၍၊ ထိုသို့အားဖြင့် အခြားသူများက ၎င်းတို့ကို သဘောကျပြီး၊ ၎င်းတို့ကို ချီးမွမ်းစေရန်၊ ၎င်းတို့စကားကို နားထောင်စေရန် ဖြစ်သည်။ သမ္မာတရားကို မလိုက်စားသောသူ၊ ဘုရားသခင်၏ အလိုတော်ကို နားလည်သဘောပေါက်ရန် မရှာဖွေ၊ မကြိုးစားသောသူနှင့် သမ္မာတရားကို ဆာငတ်ခြင်းမရှိသောသူတို့အားလုံးသည် လှည့်ဖြားတတ်သောလူများ၊ သူတော်ကောင်းယောင်ဆောင်သော လူများဖြစ်ကြသည်...။

အသက်တာထဲ ဝင်ရောက်ခြင်းအပေါ် မိတ်သဟာယဖွဲ့ခြင်းနှင့် တရားဟောချက်များ မှ

အရှေ့သို့- ကျွန်ုပ်သည် နောက်ဆုံးသောနေ့ရက်များတွင် အနန္တတန်ခိုးရှင်ဘုရားသခင်အား တစ်နှစ်နီးပါးခန့် လက်ခံခဲ့သည်။ အနန္တတန်ခိုးရှင်ဘုရားသခင်၏ စကားတော်များကို ကျွန်ုပ်များစွာ ဖတ်ရှုပြီး အနန္တတန်ခိုးရှင်ဘုရားသခင်၏စကားတော်များကို သမ္မာတရားဖြစ်ကြောင်း ကျွန်ုပ်အတည်ပြုခဲ့သည်။ ဘုရားသခင့်စကားတော်များကို လေ့လာခြင်းနှင့် ကျင့်သုံးခြင်းဖြင့်သာ ကျွန်ုပ်ရရှိနိုင်ကြောင်းကိုလည်း သဘောပေါက်ပါသည် ကျွန်ုပ်ရဲ့အကျင့်ပျက်ခြစားမှုကို ဖယ်ရှားပြီး ဘဝအသက်တာ တဖြည်းဖြည်းကြီးထွားလာလိမ့်မယ်။ ဒါပေမယ့် အကြိမ်များစွာတော့ ပြောတဲ့အတိုင်း မလုပ်နိုင်ဘူး၊ ပြီးတော့ ကျွန်ုပ်လည်း ဒါကိုအရမ်းစိုးရိမ်တယ်။ တောင်းပန်ပါတယ်၊ ဒီပြဿနာကို ဘယ်လိုဖြေရှင်းနိုင်မလဲ။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။