အကယ်၍ လူ၏ စိတ်နှလုံးသည် ဘုရားသခင်ကို ရန်လိုပါက၊ လူသည် ဘုရားသခင်ကို အဘယ်သို့ ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်နိုင်မည်နည်း

13.11.2020

ယနေ့ လူများသည် ယောဘကဲ့သို့ အလားတူ လူ့သဘာဝကို မပိုင်ဆိုင်ကြသည့်အတွက်၊ ၎င်းတို့၏ သဘာဝနှင့် ဘုရားသခင်အပေါ် ၎င်းတို့ သဘောထား၏ အနှစ်သာရမှာ အဘယ်နည်း။ ၎င်းတို့သည် ဘုရားသခင်ကို ကြောက်ရွံ့ကြသလော။ မကောင်းမှုကို ရှောင်ကြဉ်ကြသလော။ ဘုရားသခင်ကို မကြောက်ရွံ့သောသူများ သို့မဟုတ် မကောင်းမှု မရှောင်ကြဉ်သူများကို စကားလုံးအနည်းငယ်ဖြင့်သာ ပေါင်းရုံးဖော်ပြ၍ ရသည်- “ဘုရားသခင်၏ ရန်သူများ” ဟူ၍ ဖြစ်သည်။ သင်တို့သည် ဤစကားများကို မကြာခဏ ပြောကြသော်လည်း၊ ယင်းတို့၏ အဓိပ္ပာယ်အမှန်ကို လုံးဝ မသိကြပေ။ “ဘုရားသခင်၏ ရန်သူများ” ဟူသော စကားလုံးများတွင် အနှစ်သာရရှိသည်- ယင်းတို့က ဘုရားသခင်သည် လူသားကို ရန်သူအဖြစ် မြင်သည်ဟု ပြောနေခြင်း မဟုတ်ဘဲ၊ လူက ဘုရားသခင်ကို ရန်သူအဖြစ် မြင်နေခြင်း ဖြစ်သည်။ ပထမဦးစွာ လူတို့သည် ဘုရားသခင်ကို စတင်ယုံကြည်သည့်အခါတွင်၊ ၎င်းတို့ထဲမှ မည်သူသည် မိမိတို့၏ ကိုယ်ပိုင် ရည်မှန်းချက်များ၊ ကြံရွယ်ချက်များနှင့် မျှော်မှန်းချက်များ မရှိသနည်း။ ၎င်းတို့၏ တစ်စိတ်တစ်ဒေသသည် ဘုရားသခင်၏ တည်ရှိခြင်းကို ယုံကြည်ပြီး ဘုရားသခင်၏ တည်ရှိခြင်းကို မြင်ဖူးသော်လည်း၊ ဘုရားသခင်၌ ၎င်းတို့၏ ယုံကြည်မှုတွင် ကြံရွယ်ချက်များ ပါရှိနေဆဲဖြစ်ပြီး ဘုရားသခင်ကို ယုံကြည်ရာတွင် ၎င်းတို့၏ အဆုံးစွန်သော ရည်မှန်းချက်မှာ သူ၏ကောင်းချီးမင်္ဂလာများနှင့် ၎င်းတို့ အလိုရှိသော အရာများကို ရရှိရန် ဖြစ်သည်။ လူတို့၏ ဘဝအတွေ့အကြုံများတွင်၊ ၎င်းတို့သည် မိမိတို့ကိုယ်ကိုယ် မကြာခဏ တွေးတတ်ကြသည်၊ ကျွန်ုပ်သည် ဘုရားသခင်အတွက် ကျွန်ုပ်၏ မိသားစုနှင့် အသက်မွေးအလုပ်ကို လက်လွှတ်ပြီးလေပြီ၊ ကိုယ်တော်သည် အကျွန်ုပ်ကို မည်သည့်အရာ ပေးပြီးပြီနည်း။ ကျွန်ုပ်သည် ထပ်ဖြည့်ကာ အတည်ပြုရမည်- လတ်တလောတွင် ကောင်းချီးမင်္ဂလာ တစ်ခုတစ်လေကို ကျွန်ုပ် ရရှိပြီးပြီလော။ အကျွန်ုပ်သည် ဤအချိန်အတောအတွင်းတွင် များစွာ ပေးပြီးဖြစ်သည်၊ အကျွန်ုပ် ပြေးလျက်နေခဲ့ပြီး များစွာ ဆင်းရဲဒုက္ခခံစားရပြီးဖြစ်သည်- ဘုရားသခင်သည် အပြန်အလှန်အနေဖြင့် အကျွန်ုပ်အား ကတိတစ်ခုတစ်လေကို ပေးပြီးပြီလော။ ကိုယ်တော်သည် အကျွန်ုပ်၏ ကောင်းသော လုပ်ဆောင်ချက်များကို အမှတ်ရပြီးပြီလော။ ကျွန်ုပ်၏ အဆုံးသတ်မှာ အဘယ်အရာ ဖြစ်လိမ့်မည်နည်း။ ကျွန်ုပ်သည် ဘုရားသခင်၏ ကောင်းချီးမင်္ဂလာများကို ရရှိနိုင်သလော...။ အယောက်တိုင်းသည် ထိုသို့သော တွက်ချက်မှုများကို ၎င်းတို့၏ စိတ်နှလုံးအတွင်းတွင် စဉ်ဆက်မပြတ် ပြုတတ်ကြပြီး ဘုရားသခင်ထံ ၎င်းတို့၏ ကြံရွယ်ချက်ုများ၊ ရည်မှန်းချက်များနှင့် အပေးအယူဆိုင်ရာ စိတ်နေစိတ်ထားပါရှိသည့် တောင်းဆိုချက်များကို ပြုလုပ်ကြသည်။ ဆိုလိုသည်မှာ လူသားသည် သူ၏ စိတ်နှလုံးထဲတွင် ဘုရားသခင်ကို စဉ်ဆက်မပြတ် စစ်ဆေးနေသည်၊ ဘုရားသခင်နှင့်ပတ်သက်၍ အစီအစဉ်များကို စဉ်ဆက်မပြတ် ဖန်တီးနေပြီး၊ သူ၏ကိုယ်ပိုင် တစ်ကိုယ်ရေ အဆုံးသတ်အတွက် အရေးကိစ္စကို ဘုရားသခင်နှင့် အဆက်မပြတ် ငြင်းခုံနေသကဲ့သို့၊ ဘုရားသခင်ထံမှ ထွက်ဆိုချက်တစ်ခုကို နှိုက်ယူရန် ကြိုးစားနေသည်၊ ဘုရားသခင်က သူအလိုရှိသော အရာကို ပေးမည်၊ မပေးမည်ကို ကြည့်နေလေသည်။ တစ်ချိန်တည်းတွင် ဘုရားသခင်ကို လိုက်စားနေသည်နှင့်အမျှ၊ လူသားသည် ဘုရားသခင်ကို ဘုရားသခင်အဖြစ် သဘောမထားပေ။ လူသည် ဘုရားသခင်အပေါ် မရပ်မနား တောင်းဆိုချက်များ ပြုလုပ်ရင်းနှင့် ခြေလှမ်းတိုင်းတွင် သူ့ကို ဖိအားပေးလျက်၊ ရလေလိုလေ အိုတစ္ဆေ ဖြစ်လျက်၊ ဘုရားသခင်နှင့် အပေးအယူများ လုပ်ရန် အမြဲကြိုးစားပြီးဖြစ်သည်။ ဘုရားသခင်နှင့် အပေးအယူများ လုပ်ရန် ကြိုးစားနေသည်နှင့်အမျှ တစ်ချိန်တည်းတွင် လူသားသည် ဘုရားသခင်နှင့်ငြင်းခုံပြီး စမ်းသပ်မှုများ ၎င်းတို့အပေါ် ကျရောက်ချိန်တွင် သို့မဟုတ် အချို့သော အခြေအနေများ၌ ၎င်းတို့ မိမိတို့ကိုယ်ကိုယ် ရောက်ရှိနေသည်ကို သိချိန်တွင် မကြာခဏ အားနည်းလာကာ၊ မတုန်မလှုပ် ဖြစ်လာပြီး ၎င်းတို့၏ အလုပ်၌ ပေါ့ဆလာပြီး ဘုရားသခင်နှင့်ပတ်သက်၍ ညည်းညူမှုများ အပြည့်ရှိသည့် လူများပင် ရှိလေသည်။ လူက ဘုရားသခင်ကို ပထမဦးဆုံး စတင်ယုံကြည်ခဲ့ချိန်မှစ၍၊ သူသည် ဘုရားသခင်ကို ပေါင်းလန်အောင် များပြားခြင်းတစ်ခု၊ ဆွစ်တပ်မတော် စွယ်စုံသုံးဓားတစ်ခုအဖြစ် သဘောထားခဲ့ပြီး ဘုရားသခင်ထံမှ ကောင်းချီးမင်္ဂလာများနှင့် ကတိများကိုရရန် ကြိုးစားခြင်းမှာ သူ၏ ရှိရင်းစွဲ အခွင့်အရေးနှင့် တာဝန်ဝတ္တရားဖြစ်စဉ်တွင် ဘုရားသခင်၏ တာဝန်မှာ လူသားကို ကာကွယ်ကာ စောင့်ရှောက်ရန်နှင့် ထောက်ပံ့ရန် ဖြစ်သည့်အလား၊ သူ့ကိုယ်သူ ဘုရားသခင်၏ အကြီးဆုံးသော ကြွေးရှင်အဖြစ် သဘောထားခဲ့လေသည်။ ယင်းမှာ ဘုရားသခင်ကို ယုံကြည်သော သူအားလုံး၏ “ဘုရားသခင်အပေါ် ယုံကြည်မှု” ၏ အခြေခံသိနားလည်မှုဖြစ်ပြီး၊ ယင်းမှာ ဘုရားသခင်၌ ယုံကြည်မှု အယူအဆနှင့်ဆိုင်သော ၎င်းတို့၏ အနက်ရှိုင်းဆုံးသော သိနားလည်မှု ဖြစ်သည်။ လူ၏ သဘာဝ အနှစ်သာရမှသည် သူ၏ ဓမ္မဓိဌာန်မကျသော လိုက်စားမှုအထိ၊ ဘုရားသခင်ကို ကြောက်ရွံ့ခြင်းနှင့် သက်ဆိုင်သောအရာ တစ်ခုမျှ မရှိပေ။ ဘုရားသခင်ကို ယုံကြည်ရာ၌ လူသား၏ ရည်မှန်းချက်မှာ ဘုရားသခင်ကို ကိုးကွယ်ခြင်းနှင့် မည်သည့်အရာမျှ ပတ်သက်နိုင်ချေ မရှိပေ။ ဆိုလိုသည်မှာ ဘုရားသခင်၌ ယုံကြည်ခြင်းသည် ဘုရားသခင်ကို ကြောက်ရွံ့ခြင်းနှင့် ဘုရားသခင်ကို ကိုးကွယ်ခြင်း လိုအပ်သည်ကို လူသားက မည်သည့်အခါမျှ မယူဆဖူးသကဲ့သို့ နားလည်ဖူးခြင်းလည်း မရှိပေ။ ထိုသို့သော အခြေအနေများအရ လူသား၏ အနှစ်သာရသည် သိသာထင်ရှားပေသည်။ ဤအနှစ်သာရမှာ အဘယ်အရာ ဖြစ်သနည်း။ လူသား၏ စိတ်နှလုံးသည် မလိုမုန်းထားတတ်သည်၊ သစ္စာမဲ့ခြင်းနှင့် လှည့်ဖြားမှုကို သိုထားသည်၊ မျှတမှုနှင့် ဖြောင့်မတ်ခြင်း သို့မဟုတ် အပြုသဘောဆောင်သော အရာကို မနှစ်သက်သကဲ့သို့၊ ယင်းသည် စက်ဆုပ်ဖွယ်ဖြစ်ကာ အလိုကြီးလေသည်။ လူသား၏ စိတ်နှလုံးသည် ဘုရားသခင်နှင့် သာ၍ နီးကပ်နိုင်ခြင်း မရှိပေ။ သူသည် စိတ်နှလုံးကို ဘုရားသခင်အား လုံးဝ ပေးအပ်ခြင်း မရှိလေပြီ။ ဘုရားသခင်သည် လူသား၏ စစ်မှန်သော စိတ်နှလုံးကို တစ်ကြိမ်တစ်ခါမျှ မမြင်ဖူးသကဲ့သို့ သူသည် လူသား၏ ကိုးကွယ်ခြင်းကိုလည်း ခံရဖူးခြင်း မရှိပေ။ ဘုရားသခင် ပေးသည့် အဖိုးအခ မည်မျှ ကြီးမားသည်ဖြစ်စေ သို့မဟုတ် အမှုမည်မျှကို သူ ပြုပါစေ၊ သို့မဟုတ် လူသားကို မည်မျှ ထောက်ပံ့ပါစေ၊ လူသားသည် ကျိုးကြောင်းမမြင်မြဲရှိသကဲ့သို့ ယင်းကို လုံးဝ စိတ်ဝင်စားမှု မရှိပေ။ လူသားသည် သူ၏ စိတ်နှလုံးကို ဘုရားသခင်အား မည်သည့်အခါမျှ ပေးဖူးခြင်း မရှိပေ၊ သူ၏စိတ်နှလုံးကို သူကိုယ်တိုင်သာ ဂရုစိုက်ရန်၊ သူ၏ ကိုယ်ပိုင် ဆုံးဖြတ်ချက်များကို ချရန် အလိုရှိလေသည်- ယင်း၏ သွယ်ဝိုက်သော အဓိပ္ပာယ်မှာ လူသားသည် ဘုရားသခင်ကို ကြောက်ရွံ့ခြင်းနှင့် မကောင်းမှုကို ရှောင်ကြဉ်ခြင်း လမ်းခရီးကို မလိုက်လျှောက်ချင် သို့မဟုတ် ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် အစီအစဉ်များကို မနာခံချင်သကဲ့သို့ ဘုရားသခင်ကို ဘုရားသခင်အဖြစ် မကိုးကွယ်ချင်ပေဟု ဖြစ်သည်။ ယင်းမှာ ယနေ့ လူသား၏ အခြေအနေ ဖြစ်သည်။ ယခုတွင် ငါတို့ ယောဘကို တစ်ဖန် ကြည့်ကြစို့။ ပထမဆုံးအနေဖြင့်၊ သူသည် ဘုရားသခင်နှင့် အပေးအယူ တစ်ခု လုပ်ခဲ့သလော။ ဘုရားသခင်ကို ကြောက်ရွံ့ခြင်းနှင့် မကောင်းမှုကို ရှောင်ကြဉ်ခြင်း လမ်းခရီးကို မြဲမြံစွာ ထိန်းသိမ်းရာတွင် ဖုံးကွယ်ထားသော ရည်မှန်းချက် တစ်ခုတစ်လေ သူ၌ရှိခဲ့ပါသလော။ ထိုအချိန်က ဘုရားသခင်သည် ရောက်လာမည့် အဆုံးသတ်ကို တစ်ဦးတစ်ယောက်အား ပြောဖူးပါသလော။ ထိုအချိန်က ဘုရားသခင်သည် အဆုံးသတ်နှင့် ပတ်သက်၍ မည်သူကိုမျှ ကတိများ မပေးခဲ့ဖူးသကဲ့သို့၊ ယင်းသည် ယောဘက ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်နိုင်ခဲ့သည်ဟူသော ဤနောက်ခံအကြောင်းအရာနှင့် ဆန့်ကျင်ဘက် ဖြစ်ခဲ့ပေသည်။ ယနေ့လူများသည် ယောဘနှင့် နှိုင်းယှဉ်ခြင်းကို ခံနိုင်ပါသလော။ ကွာဟချက် အလွန်များလှ၏။ ၎င်းတို့သည် မတူညီသော အတန်းအစားများ၌ ရှိကြသည်။ ယောဘသည် ဘုရားသခင်နှင့် သက်ဆိုင်သည့် အသိပညာ များစွာ မရှိခဲ့သော်လည်း၊ သူသည် သူ၏စိတ်နှလုံးကို ဘုရားသခင်ထံ ပေးခဲ့ပြီးဖြစ်ကာ ယင်းသည် သူ၏ ဘုရားသခင်နှင့် သက်ဆိုင်ခဲ့သည်။ သူသည် ဘုရားသခင်နှင့် မည်သည့်အခါမျှ အပေးအယူ မလုပ်ခဲ့သကဲ့သို့၊ ဘုရားသခင်အပေါ် လွန်ကဲသော အလိုဆန္ဒများ သို့မဟုတ် တောင်းဆိုချက်များ မရှိခဲ့ပေ။ ယင်းအစား “ယေဟောဝါသည် ပေးတော်မူ၏၊ ပြီးလျှင် ယေဟောဝါသည် ပြန်နုတ်သိမ်းတော်မူ၏။” ဟူ၍ သူယုံကြည်ခဲ့သည်။ ဤသည်မှာ ဘဝ၏ နှစ်များစွာတစ်လျှောက်လုံးတွင် ဘုရားသခင်ကို ကြောက်ရွံ့ခြင်းနှင့် မကောင်းမှုကို ရှောင်ကြဉ်ခြင်း လမ်းခရီးအတိုင်း ထိန်းသိမ်းရာမှ သူမြင်ပြီး ရရှိခဲ့ပြီးဖြစ်သည့်အရာ ဖြစ်သည်။ ထို့နည်းတူ “ငါတို့သည် ဘုရားသခင်၏လက်တော်မှ သုခချမ်းသာကို ခံယူသည်ဖြစ်၍၊ ဒုက္ခဆင်းရဲကို မခံမယူရာသလော” ဟူသည့် နှုတ်ကပတ်တော်များတွင် ပါရှိသည့် ရလဒ်ကိုလည်း သူရခဲ့ပြီးဖြစ်သည်။ ဤဝါကျနှစ်ကြောင်းမှာ သူ၏အသက်တာ အတွေ့အကြုံများကာလအတောအတွင်း ဘုရားသခင်အပေါ် သူ၏နာခံခြင်း သဘောထား၏ အကျိုးဆက်တစ်ခုအဖြစ် သူမြင်ခဲ့ကာ သိလာခဲ့ပြီးဖြစ်သည့် အရာဖြစ်ပြီး၊ ယင်းတို့သည် စာတန်၏ စုံစမ်းနှောင့်ယှက်မှုများအတောအတွင်းတွင် သူ့ကို အောင်နိုင်စေခဲ့သော တန်ခိုးအရှိဆုံး လက်နက်များလည်း ဖြစ်သကဲ့သို့၊ ဘုရားသခင်ကို သက်သေခံရာတွင် သူ၏ မြဲမြံစွာ ရပ်တည်ရခြင်း အုတ်မြစ်လည်း ဖြစ်ခဲ့ပေသည်။ ဤနေရာတွင် သင်တို့သည် ယောဘအား နှစ်လိုဖွယ်ကောင်းသူ တစ်ဦးအဖြစ် တွေးကြည့်ကြသလော။ သင်တို့သည် ထိုသို့သော သူတစ်ဦးဖြစ်ရန် မျှော်လင့်ကြသလော။ သင်တို့သည် စာတန်၏ စုံစမ်းနှောင့်ယှက်မှုများကို ကြုံရမည်ကို ကြောက်ရွံ့မိကြသလော။ ယောဘကဲ့သို့ တူညီသော စမ်းသပ်မှုများကို သင်တို့အား ခံစေရန် ဘုရားသခင်ထံ ဆုတောင်းဖို့ သင်တို့ စိတ်ဆုံးဖြတ်ပါသလော။ ထိုသို့သောအရာများအတွက် လူအများစုသည် ဆုတောင်းဝံ့မည် မဟုတ်သည်မှာ သံသယ ဖြစ်ဖွယ် မရှိပေ။ သို့ဆိုလျှင် သင်တို့၏ ယုံကြည်ခြင်းသည် သနားစရာကောင်းလောက်အောင် သေးငယ်သည်မှာ သိသာပေသည်။ ယောဘနှင့် နှိုင်းယှဉ်ပါက၊ သင်တို့၏ ယုံကြည်ခြင်းသည် ဖော်ပြရန်ပင် မထိုက်တန်ပေ။ သင်တို့သည် ဘုရားသခင်၏ ရန်သူများ ဖြစ်ကြ၏၊ သင်တို့သည် ဘုရားသခင်ကို ကြောက်ရွံ့ခြင်း မရှိကြ၊ ဘုရားသခင်အား သင်တို့ သက်သေခံချက်တွင် မြဲမြံစွာ ရပ်တည်နိုင်စွမ်း မရှိကြသကဲ့သို့၊ စာတန်၏ တိုက်ခိုက်မှုများ၊ စွပ်စွဲချက်များနှင့် စုံစမ်းနှောင့်ယှက်မှုများကို သင်တို့ မအောင်မြင်နိုင်ကြပေ။ ဘုရားသခင်၏ ကတိများကို ရရှိရန် မည်သည့်အရာက သင်တို့ကို အရည်အချင်းပြည့်မီစေသနည်း။ ယောဘ၏ အဖြစ်အပျက်ကို ကြားကာ လူသားကို ကယ်တင်ရာ၌ ဘုရားသခင်၏ ရည်ရွယ်ချက်နှင့် လူသား၏ ကယ်တင်ခြင်း အဓိပ္ပာယ်ကို နားလည်လျက်ဖြင့်၊ ယောဘကဲ့သို့ တူညီသော စမ်းသပ်မှုများကို လက်ခံရန် ယခု သင်တို့၌ ယုံကြည်ခြင်း ရှိသလော။ ဘုရားသခင်ကို ကြောက်ရွံ့ခြင်း မကောင်းမှုကို ရှောင်ကြဉ်ခြင်း လမ်းခရီးကို လိုက်လျှောက်ဖို့ မိမိတို့ကိုယ်ကိုယ် အခွင့်ပေးရန် သင်တို့၌ စိတ်ဆုံးဖြတ်ချက် အနည်းငယ် ရှိသင့်သည် မဟုတ်လော။

—နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင် ကိုယ်တော်တိုင် (၂)

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

ယောဘကို စာတန် နောက်ထပ်တစ်ဖန် စုံစမ်းနှောင့်ယှက်လေ၏ (ယောဘ၏ ခန္ဓာကိုယ်အနှံ့ နာကျင်သော အနာစိမ်းများ စွဲကပ်ခြင်း)

က။ ဘုရားသခင်ပြောသော နှုတ်ကပတ်တော်များ ယောဘ ၂:၃ ယေဟောဝါက စာတန်အား၊ ငါ၏ အစေခံ ယောဘကို သင် ဆင်ခြင်မိပြီလော၊ မြေကြီးပေါ်တွင် သူနှင့် တူသောသူ...

ယောဘအား စာတန်ထံသို့ ဘုရားသခင် လွှဲအပ်ခြင်းနှင့် ဘုရားသခင်အမှု၏ ရည်မှန်းချက်များအကြားရှိ ဆက်နွှယ်မှု

ယခုတွင် လူအများစုက ယောဘသည် စုံလင်ကာ ဖြောင့်မတ်ပြီး သူသည် ဘုရားသခင်ကို ကြောက်ရွံ့ကာ မကောင်းမှု ရှောင်ကြဉ်သည်ကို အသိအမှတ်ပြုကြသော်လည်း၊...

ဘုရားသခင်၌ ယောဘ၏ ယုံကြည်ခြင်းသည် ဘုရားသခင်က သူ့ထံမှ ကွယ်ဝှက်သည်ဟူသော အချက်အားဖြင့် တုန်လှုပ်ခြင်း မရှိပေ

ယောဘသည် ဘုရားသခင်အကြောင်းကို နားနှင့်ကြားရ၏ ယောဘ ၉:၁၁ ငါ့ရှေ့မှာကြွတော်မူ၍ ကိုယ်တော်ကိုငါမမြင်ရ။ လျှောက်သွားတော်မူ၍ ကိုယ်တော်ကို...

စာတန်က ယောဘကို ပထမဆုံးအကြိမ် စုံစမ်းသည် (သူ၏ ခြံမွေးတိရစ္ဆာန်များ အခိုးယူခံရပြီး သူ၏ သားသမီးများအပေါ် ဘေးဒုက္ခဆိုက်သည်)

က။ ဘုရားသခင်ပြောသော နှုတ်ကပတ်တော်များ ယောဘ ၁:၈ ယေဟောဝါက စာတန်အား၊ ငါ၏ အစေခံ ယောဘကို သင် ဆင်ခြင်မိပြီလော၊ မြေကြီးပေါ်တွင် သူနှင့် တူသောသူ...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။