အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် အပလီကေးရှင်း

ဘုရားသခင်၏ အသံတော်ကို နားထောင်၍ သခင်ယေရှု ပြန်ကြွလာတော်မူခြင်းကို ကြိုဆိုလော့။

သမ္မာတရားကို ရှာဖွေနေသူများ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် ဖိတ်ခေါ်ပါသည်။

ယောဘကို ပထမဆုံးအကြိမ် စာတန်စုံစမ်းခြင်း (သူ၏ ခြံမွေးတိရစ္ဆာန်များ အခိုးယူခံရပြီး သူ၏ သားသမီးများအပေါ် ဘေးဒုက္ခဆိုက်ခြင်း)

0

က။ ဘုရားသခင်ပြောသော နှုတ်ကပတ်တော်များ

ယောဘ ၁:၈ ထာဝရဘုရားကလည်း၊ ငါ့ကျွန်ယောဘကို ဆင်ခြင်ပြီလော။ မြေကြီးပေါ်မှာ သူနှင့်တူသောသူ တယောက်မျှမရှိ။ စုံလင်ဖြောင့်မတ်ပေ၏။ ဘုရားသခင်ကို ကြောက်ရွံ့သောသူ၊ မကောင်းသောအကျင့်ကို ရှောင်သောသူဖြစ်သည်ဟု စာတန်အား မိန့်တော်မူ၏။

ယောဘ ၁:၁၂ ထာဝရဘုရားကလည်း၊ သူ၏ဥစ္စာရှိသမျှသည် သင့်လက်၌ရှိ၏။ သူ့ကိုယ်တခုကိုသာ မထိမခိုက်နှင့်ဟု မိန့်တော်မူလျှင်၊ စာတန်သည် ထာဝရဘုရားထံတော်မှ ထွက်သွားလေ၏။

ခ။ စာတန်၏ ပြန်ဖြေကြားချက်

ယောဘ ၁:၉-၁၁ စာတန်ကလည်း၊ ယောဘသည် အကျိုးမရဘဲ ဘုရားဝတ်ကို ပြုသလော။ ကိုယ်တော်သည် သူ့ကိုယ်မှစ၍ သူ့အိမ်နှင့် သူ့ဥစ္စာရှိသမျှ ပတ်လည်၌ စောင်ရန်းကာတော်မူသည် မဟုတ်လော။ သူပြုလေသမျှတို့ကို ကောင်းကြီးပေးတော်မူပြီ။ သူ့ သိုးနွားအစရှိသော တိရစ္ဆာန်တို့သည် မြေပေါ်မှာ အလွန်ပွားများကြပြီ။ ယခုမူကား၊ လက်တော်ကိုဆန့်၍ သူ၏ ဥစ္စာရှိသမျှကို ထိခိုက်တော်မူလျှင်၊ သူသည် မျက်မှောက်တော်၌ ကိုယ်တော်ကို စွန့်ပယ်ပါလိမ့်မည်ဟု ထာဝရဘုရားကို ပြန်လျှောက်လေ၏။

ယောဘ၏ ယုံကြည်ခြင်း စုံလင်ခြင်းသို့ရောက်စေမည့်အကြောင်း ယောဘကို စုံစမ်းနှောင့်ယှက်ရန် စာတန်ကို ဘုရားသခင် အခွင့်ပေးခြင်း

 

ယောဘ ၁:၈ သည် သမ္မာကျမ်းစာထဲတွင် ငါတို့ မြင်ရသည့် ယေဟောဝါဘုရားသခင်နှင့် စာတန်တို့ အပြန်အလှန် ပြောသောစကား၏ ပထမဆုံးမှတ်တမ်းဖြစ်သည်။ ဘုရားသခင်သည် မည်သည့်အရာကို ပြောခဲ့သနည်း။ မူရင်းစာသားသည် ဆက်လက်ဖော်ပြပါ ဖြစ်စဉ်ကို ဖော်ပြထားသည်၊ “ ထာဝရဘုရားကလည်း၊ ငါ့ကျွန်ယောဘကို ဆင်ခြင်ပြီလော။ မြေကြီးပေါ်မှာ သူနှင့်တူသောသူ တယောက်မျှမရှိ။ စုံလင်ဖြောင့်မတ်ပေ၏။ ဘုရားသခင်ကို ကြောက်ရွံ့သောသူ၊ မကောင်းသောအကျင့်ကို ရှောင်သောသူဖြစ်သည်ဟု စာတန်အား မိန့်တော်မူ၏။” ဤသည်မှာ စာတန်ရှေ့တွင် ယောဘအပေါ် ဘုရားသခင်၏ အကဲဖြတ်ခြင်း ဖြစ်ခဲ့သည်၊ သူသည် စုံလင်၍ ဖြောင့်မတ်သော လူတစ်ဦးဖြစ်သည်၊ ဘုရားသခင်ကို ကြောက်ရွံ့၍ မကောင်းမှုကို ရှောင်သူဖြစ်သည်ဟု ဘုရားသခင်က ဆိုခဲ့ပါသည်။ ဘုရားသခင်နှင့် စာတန်အကြား ဤစကားများမပြောမီ ဘုရားသခင်က သူသည် စာတန်ကို အသုံးပြု၍ ယောဘကို စုံစမ်းနှောင့်ယှက်စေမည်၊ ယောဘကို စာတန်လက်သို့ အပ်မည်ဟု ဆုံးဖြတ်ခဲ့ပြီး ဖြစ်သည်။ အချက်တစ်ချက်အနေဖြင့် ယောဘကို ဘုရားသခင်၏ မှတ်ချက်ချခြင်းနှင့် သုံးသပ်ခြင်းတို့မှာ မှန်ကန်ခဲ့ပြီး အမှားအယွင်း မရှိခဲ့ကြောင်း ဤအရာက သက်သေပြပြီး ယောဘ၏ သက်သေခံချက်အားဖြင့် စာတန်ကို အရှက်ရစေမည် ဖြစ်သည်၊ အခြားအချက်အနေဖြင့် ၎င်းသည် ဘုရားသခင်အား ယောဘ၏ ယုံကြည်ခြင်းနှင့် ဘုရားသခင်အား ကြောက်ရွံ့ခြင်းကို စုံလင်စေမည် ဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်ရှေ့သို့ စာတန်လာသည့်အခါ ဘုရားသခင်သည် မလိမ့်တစ်ပတ် မပြောခဲ့ပါ။ သူသည် လိုရင်းတိုရှင်း ဖြတ်၍ စာတန်အား “ ငါ့ကျွန်ယောဘကို ဆင်ခြင်ပြီလော။ မြေကြီးပေါ်မှာ သူနှင့်တူသောသူ တယောက်မျှမရှိ။ စုံလင်ဖြောင့်မတ်ပေ၏။ ဘုရားသခင်ကို ကြောက်ရွံ့သောသူ၊ မကောင်းသောအကျင့်ကို ရှောင်သောသူဖြစ်သည်ဟု” မေးခဲ့ခြင်း ဖြစ်သည်။ ဘုရားသခင်၏ မေးခွန်းထဲတွင် ဆက်လက်ဖော်ပြပါ အဓိပ္ပာယ်ရှိသည်၊ စာတန်သည် အရပ်တကာသို့ လှည့်လည်သွားလာခဲ့ပြီးကြောင်းနှင့် ဘုရားသခင်၏ အစေခံ ဖြစ်သော ယောဘအပေါ် မကြာခဏ စောင့်ကြည့်ခဲ့ပြီးကြောင်းကို ဘုရားသခင်သိသည်။ ၎င်းသည် သူ့ကို မကြာခဏ စုံစမ်းနှောင့်ယှက်ပြီး တိုက်ခိုက်ခဲ့ကာ ဘုရားသခင်အပေါ် ယောဘ၏ ယုံကြည်ခြင်းနှင့် ဘုရားသခင်အား ကြောက်ရွံ့ခြင်းသည် မခိုင်မြဲနိုင်ကြောင်းကို သက်သေပြရန်အတွက် ယောဘအပေါ် ပျက်စီးခြင်း ကျရောက်စေမည့် နည်းလမ်းတစ်ခုကို ရှာရန် ကြိုးစားနေခဲ့သည်။ ယောဘသည် ဘုရားသခင်ကို စွန့်ပစ်ပြီး ဘုရားသခင်၏လက်ထဲမှ သူ့ကို ဖမ်းဆီးရန် စာတန်ကို အခွင့်ပေးမည့်အကြောင်း စာတန်သည် ယောဘကို မွှေနှောက်ဖျက်ဆီးရန် အခွင့်အရေးများကိုလည်း အဆင်သင့် ရှာခဲ့သည်။ သို့သော်လည်း ဘုရားသခင်သည် ယောဘ၏ စိတ်နှလုံးအတွင်းသို့ကြည့်ပြီး သူသည် စုံလင်၍ ဖြောင့်မတ်ကြောင်းနှင့် သူသည် ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်ကြောင်းကို မြင်ခဲ့သည်။ ယောဘသည် ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်သည့် စုံလင်၍ ဖြောင့်မတ်သော လူတစ်ဦးဖြစ်ကြောင်း၊ ယောဘသည် ဘုရားသခင်ကို စွန့်ပစ်ကာ စာတန်နောက် မည်သည့်အခါမျှ လိုက်မည် မဟုတ်ကြောင်းကို စာတန်အား ပြောရန် ဘုရားသခင်သည် မေးခွန်းတစ်ခုကို အသုံးပြုခဲ့သည်။ ယောဘအပေါ် ဘုရားသခင်၏ ချီးကျူးခြင်းကို ကြားပြီးသည့်အခါ စာတန်အထဲတွင် အရှက်ကွဲခြင်းကြောင့် ဒေါသူပုန်ထခြင်း ဖြစ်ပေါ်လာပြီး ၎င်းသည် ပို၍ စိတ်ဆိုး၍ ယောဘကို ဆတ်ခနဲလုယူရန် ပို၍ ဆန္ဒစောလာခဲ့သည်၊ အဘယ်ကြောင့်ဆိုသော် တစ်စုံတစ်ဦးသည် စုံလင်၍ ဖြောင့်မတ်နိုင်ကြောင်း၊ သို့မဟုတ် ၎င်းတို့သည် ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်နိုင်ကြောင်းကို စာတန်သည် မည်သည့်အခါမျှ မယုံကြည်ခဲ့ခြင်းကြောင့် ဖြစ်သည်။ တစ်ချိန်တည်းတွင် စာတန်သည် လူထဲမှ စုံလင်ခြင်းနှင့် ဖြောင့်မတ်ခြင်းကိုလည်း မလိုလားခဲ့ဘဲ ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်နိုင်သော လူများကို မုန်းတီးခဲ့သည်။ ထို့ကြောင့် ယောဘ ၁:၉ ထဲ၌ “ ယောဘသည် အကျိုးမရဘဲ ဘုရားဝတ်ကို ပြုသလော။ ကိုယ်တော်သည် သူ့ကိုယ်မှစ၍ သူ့အိမ်နှင့် သူ့ဥစ္စာရှိသမျှ ပတ်လည်၌ စောင်ရန်းကာတော်မူသည် မဟုတ်လော။ သူပြုလေသမျှတို့ကို ကောင်းကြီးပေးတော်မူပြီ။ သူ့သိုးနွားအစရှိသော တိရစ္ဆာန်တို့သည် မြေပေါ်မှာ အလွန်ပွားများကြပြီ။ ယခုမူကား၊ လက်တော်ကိုဆန့်၍ သူ၏ ဥစ္စာရှိသမျှကို ထိခိုက်တော်မူလျှင်၊ သူသည် မျက်မှောက်တော်၌ ကိုယ်တော်ကို စွန့်ပယ်ပါလိမ့်မည်ဟု” ရေးထားခြင်း ဖြစ်သည်။ ဘုရားသခင်သည် စာတန်၏ အငြိုးထားတတ်သော သဘာဝကို အတွင်းကျကျ သိကျွမ်းပြီး စာတန်သည် ယောဘအပေါ်သို့ ပျက်စီးခြင်း ကျရောက်စေရန် ကြံစည်နေခဲ့သည်မှာ ကာလအတန်ကြာခဲ့ပြီ ဖြစ်ကြောင်းကို အစုံအစေ့ ကောင်းစွာ သိခဲ့ပြီးဖြစ်သည်၊ ထို့ကြောင့် ဤအရာထဲ၌ ယောဘသည် စုံလင်၍ ဖြောင့်မတ်ကြောင်းနှင့် သူသည် ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်ကြောင်း စာတန်ကို နောက်တဖန် ဆိုခြင်းအားဖြင့် ဘုရားသခင်သည် စာတန်ကို လက်ခံစေရန်၊ သူ၏ သရုပ်မှန်ကို ထုတ်ဖော်ရန်နှင့် ယောဘကို တိုက်ခိုက်ပြီး စုံစမ်းနှောင့်ယှက်စေရန် ဘုရားသခင် အလိုရှိခဲ့သည်။ တစ်နည်းဆိုသော် ယောဘသည် စုံလင်၍ ဖြောင့်မတ်ကြောင်းနှင့် သူသည် ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်ကြောင်းကို ဘုရားသခင်သည် တမင်တကာ အသားပေးခဲ့ပြီး ယောဘသည် စုံလင်ပြီး ဖြောင့်မတ်သော လူတစ်ဦးဖြစ်ပုံ၊ ဘုရားသခင်အား ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်သူဖြစ်ပုံအပေါ် စာတန်၏ မုန်းတီးခြင်းနှင့် အမျက်ဒေါသကြောင့် ဤနည်းလမ်းအားဖြင့် စာတန်အား ယောဘကို တိုက်ခိုက်စေခဲ့သည်။ ရလဒ်အနေဖြင့် ယောဘသည် စုံလင်၍ ဖြောင့်မတ်သောသူ တစ်ဦးဖြစ်ခြင်း၊ ဘုရားသခင်ကို ကြောက်ရွံ့၍ မကောင်းမှုကို ရှောင်သောသူဖြစ်ခြင်း အကြောင်းကြောင့် ဘုရားသခင်သည် စာတန်ကို အရှက်ရစေမည်ဖြစ်ပြီး စာတန်သည် လုံးလုံးလျားလျား အရှက်တကွဲဖြစ်၍ ရှုံးနိမ့်မည်ဖြစ်သည်။ ယင်းနောက်တွင် စာတန်သည် ယောဘ၏ စုံလင်ခြင်း၊ ဖြောင့်မတ်ခြင်း၊ ဘုရားသခင်ကို ကြောက်ရွံ့ခြင်း သို့မဟုတ် မကောင်းမှု ရှောင်ခြင်းနှင့်ပတ်သက်ပြီး ဆက်၍ သံသယရှိလိမ့်မည် သို့မဟုတ် စွဲချက်များ တင်လိမ့်မည် မဟုတ်တော့ပေ။ ဤနည်းဖြင့် ဘုရားသခင်၏ စမ်းသပ်မှုနှင့် စာတန်၏ စုံစမ်းနှောင့်ယှက်ခြင်းမှာ ရှောင်လွှဲ၍ မရသည့်နီးနီး ဖြစ်ခဲ့သည်။ ဘုရားသခင်၏ စမ်းသပ်မှုနှင့် စာတန်၏ စုံစမ်းနှောင့်ယှက်ခြင်းကို ကြံ့ကြံ့ခံနိုင်ခဲ့သည့် တစ်ဦးတည်းသောသူမှာ ယောဘ ဖြစ်သည်။ ဤသို့ အပြန်အလှန် ပြောဆိုပြီးနောက်တွင် စာတန်သည် ယောဘကို စုံစမ်းနှောင့်ယှက်ရန် အခွင့် ရရှိခဲ့သည်။ ထို့ကြောင့် စာတန်၏ ပထမအကြိမ် တိုက်ခိုက်မှုများ စတင်ခဲ့သည်။ ဤတိုက်ခိုက်မှုများ၏ ပစ်မှတ်မှာ ယောဘ၏ ဥစ္စာပစ္စည်း ဖြစ်ခဲ့သည်၊ အဘယ်ကြောင့်ဆိုသော် စာတန်က ယောဘအား ဆက်လက်ဖော်ပြပါအတိုင်း စွဲချက်တင်ခဲ့ခြင်းကြောင့် ဖြစ်သည်၊ “ ယောဘသည် အကျိုးမရဘဲ ဘုရားဝတ်ကို ပြုသလော။ … သူပြုလေသမျှတို့ကို ကောင်းကြီးပေးတော်မူပြီ။ သူ့သိုးနွားအစရှိသော တိရစ္ဆာန်တို့သည် မြေပေါ်မှာ အလွန်ပွားများကြပြီ။” ရလဒ်တစ်ခုအနေဖြင့် ဘုရားသခင်သည် ယောဘ၌ ရှိသမျှကို နုတ်ယူရန် စာတန်ကို အခွင့်ပေးခဲ့သည်၊ ၎င်းမှာ စာတန်အား ဘုရားသခင် စကားပြောခဲ့ရခြင်း၏ ရည်ရွယ်ချက် ဖြစ်သည်။ သို့သော်လည်း ဘုရားသခင်သည် စာတန်အား တောင်းဆိုခဲ့သည့် တောင်းဆိုချက်တစ်ခုမှာ၊ “ ထာဝရဘုရားကလည်း၊ သူ၏ဥစ္စာရှိသမျှသည် သင့်လက်၌ရှိ၏။ သူ့ကိုယ်တခုကိုသာ မထိမခိုက်နှင့်” (ယောဘ ၁:၁၂) ဟူ၍ ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်သည် ယောဘကို စုံစမ်းနှောင့်ယှက်ရန် စာတန်အား ခွင့်ပြုခဲ့ပြီး ယောဘကို စာတန်၏ လက်ထဲသို့ အပ်ပြီးသည့်နောက်တွင် ဘုရားသခင် ချမှတ်ခဲ့သော သတ်မှတ်ချက် တစ်ခုဖြစ်ပြီး စာတန်အတွက် သူသတ်မှတ်ခဲ့သော ကန့်သတ်ချက် ဖြစ်သည်၊ ယောဘကို အန္တရာယ်မပြုရန် စာတန်ကို သူအမိန့်ပေးခဲ့သည်။ ယောဘသည် စုံလင်ပြီး ဖြောင့်မတ်သည်ကို ဘုရားသခင် အသိအမှတ်ပြုခဲ့ပြီး သူ့ရှေ့၌ ယောဘ၏ စုံလင်ခြင်းနှင့် ဖြောင့်မတ်ခြင်းမှာ သံသယ ဖြစ်ဖွယ်မရှိကြောင်းနှင့် စစ်ဆေးခြင်းကို ခံရပါက ကြံ့ကြံ့ခံနိုင်မည်ဖြစ်ကြောင်း သူ၌ ယုံကြည်ခြင်း ရှိခဲ့ခြင်းကြောင့် ဘုရားသခင်သည် ယောဘကို စုံစမ်းနှောင့်ယှက်ရန် စာတန်ကို ခွင့်ပြုခဲ့ခြင်း ဖြစ်သော်လည်း စာတန်အပေါ် ကန့်သတ်ချက် တစ်ခုကို သတ်မှတ်ခဲ့သည်၊ စာတန်သည် ယောဘ၏ ဥစ္စာပစ္စည်း အားလုံးကို နုတ်ယူရန် အခွင့်ရခဲ့သော်လည်း သူ့အပေါ် လက်ချောင်းတစ်ချောင်းပင် မတင်နိုင်ခဲ့ချေ။ ဤသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ ၎င်းမှာ ဘုရားသခင်သည် ယောဘကို စာတန်ထံ လုံးလုံးလျားလျား မပေးအပ်ခဲ့ကြောင်းကို ဆိုလိုခြင်း ဖြစ်သည်။ စာတန်သည် ယောဘကို ၎င်းအလိုရှိသည့် မည်သည့် နည်းလမ်းဖြင့်မဆို စုံစမ်းနှောင့်ယှက်နိုင်ခဲ့သော်လည်း ယောဘကို ထိခိုက်နာကျင်စေနိုင်ခြင်း မရှိ၊ သူ၏ ဦးခေါင်းပေါ်မှ ဆံပင် တစ်ပင်ကိုပင်လျှင် မထိခိုက်စေနိုင်ပါ၊ အဘယ်ကြောင့်ဆိုသော် လူ၏ အရာခပ်သိမ်းကို ဘုရားသခင် ထိန်းချုပ်ထားပြီး လူ၏ရှင်ခြင်း သို့မဟုတ် သေခြင်းတို့ကို ဘုရားသခင် ဆုံးဖြတ်ပြီး စာတန်၌ ယင်းခွင့်ပြုချက် မရှိခြင်းကြောင့် ဖြစ်သည်။ ဤစကားများကို စာတန်အား ဘုရားသခင် ဆိုခဲ့ပြီးနောက်တွင် စာတန်သည် အလုပ်စရန် မစောင့်နိုင်ခဲ့ပေ။ ၎င်းသည် နည်းလမ်း အမျိုးမျိုးကို အသုံးပြု၍ ယောဘကို စုံစမ်းနှောင့်ယှက်ခဲ့ပြီး များမကြာမီ ယောဘသည် သူ့ကို ဘုရားသခင် ပေးခဲ့သော တောင်တစ်တောင်စာရှိသော သိုး နွားများနှင့် ဥစ္စာပစ္စည်း အားလုံးကို ဆုံးရှုံးခဲ့ရသည် … ဤသို့ဖြင့် ဘုရားသခင်၏ စမ်းသပ်မှုများသည် သူ့အပေါ် ရောက်လာခဲ့သည်။

ယောဘကို ပထမဆုံးအကြိမ် စာတန်စုံစမ်းခြင်း

သမ္မာကျမ်းစာသည် ငါတို့အား ယောဘ စုံစမ်းနှောင့်ယှက်ခံရခြင်း၏ ဇာစ်မြစ်များကို ပြောပြသော်လည်း ဤစုံစမ်းနှောင့်ယှက်ခြင်းများကို ခံရသော ယောဘကိုယ်တိုင်သည် မည်သည့်အရာများ ဖြစ်နေသည်ကို သိခဲ့သလော။ ယောဘသည် သေမျိုးဖြစ်သော လူသားတစ်ဦးမျှသာ ဖြစ်သည်၊ သူ့နောက်ကွယ်၌ ဖွင့်ဟထားသော ဇာတ်ကြောင်းကို သူသိခဲ့မည် မဟုတ်သည်မှာ အမှန်ပင် ဖြစ်သည်။ သို့သော်လည်း သူ့အပေါ် ဘုရားသခင်၏ စမ်းသပ်မှုများ ရောက်လာခဲ့ပြီ ဖြစ်ကြောင်းကို ဘုရားသခင်အား သူ၏ ကြောက်ရွံ့ခြင်းနှင့် သူ၏ စုံလင်ခြင်းနှင့် ဖြောင့်မတ်ခြင်းတို့က သူ့အား သဘောပေါက်စေခဲ့သည်။ ဝိညာဉ်ရေးရာ လောကထဲ၌ မည်သည်တို့ ဖြစ်ပျက်ခဲ့ကြောင်းနှင့် ဤစမ်းသပ်မှုများ၏ နောက်ကွယ်မှ ဘုရားသခင်၏ ရည်ရွယ်ချက်များမှာ မည်သည်တို့ ဖြစ်ကြောင်းကို သူမသိခဲ့ချေ။ သို့သော်လည်း သူ၌ မည်သည်တို့ ဖြစ်ပျက်ခဲ့ပါစေ သူ၏စုံလင်ခြင်းနှင့် ဖြောင့်မတ်ခြင်းကို စစ်မှန်စွာ ဆုပ်ကိုင်ပြီး ဘုရားသခင်ကို ကြောက်ရွံ့၍ မကောင်းမှုကို ရှောင်သည့် လမ်းကို လိုက်နာသင့်ကြောင်းကို သူအမှန် သိခဲ့သည်။ ယောဘ၏ သဘောထားနှင့် ဤအမှုအရာများအပေါ် တုံ့ပြန်မှုကို ဘုရားသခင်သည် ရှင်းလင်းစွာ ရှုမြင်ခဲ့သည်။ ဘုရားသခင်သည် မည်သည်တို့ကို မြင်ခဲ့သနည်း။ ဘုရားသခင်ကို ကြောက်ရွံ့သည့် ယောဘ၏ စိတ်နှလုံးကို သူမြင်ခဲ့သည်၊ အဘယ်ကြောင့်ဆိုသော် အစအဦးမှ ယောဘ စစ်ဆေးခံရသည့် အချိန်အထိ ယောဘ၏ စိတ်နှလုံးသည် ဘုရားသခင်အား လမ်းဖွင့်ပေးခဲ့ခြင်း၊ စိတ်နှလုံးကို ဘုရားသခင် ရှေ့၌ ချထားခဲ့ခြင်းနှင့် ယောဘသည် သူ၏ စုံလင်ခြင်းနှင့် ဖြောင့်မတ်ခြင်းကို စွန့်လွှတ်ခဲ့ခြင်း မရှိသည့်အပြင် ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်သည့် လမ်းကို ပစ်ပယ်ခြင်း သို့မဟုတ် ထိုလမ်းမှ လှည့်သွားခြင်း မရှိခြင်းကြောင့်ဖြစ်သည်၊ ဘုရားသခင်အား ထိုထက်ပို၍ ကျေနပ်ဝမ်းမြောက်စေနိုင်သောအရာ တစ်စုံတစ်ခုမျှ မရှိခဲ့ပေ။ ဆက်လက်၍ ယောဘ ဖြတ်ကျော်ခဲ့သော စုံစမ်းနှောင့်ယှက်ခြင်းများမှာ မည်သည့်အရာများ ဖြစ်ကြောင်းနှင့် ဤစမ်းသပ်မှုများကို သူမည်ကဲ့သို့ သဘောထားကြောင်းကို ငါတို့ကြည့်ကြမည်။ ကျမ်းပိုဒ်များကို ဖတ်ကြပါစို့။

ဂ။ ယောဘ၏ တုံ့ပြန်မှု

ယောဘ ၁:၂၀-၂၁ ထိုအခါ ယောဘသည် ထ၍ မိမိဝတ်လုံကို ဆုတ်လေ၏။ ဆံပင်ကိုလည်း ရိတ်၍ မြေပေါ်မှာဝပ်လျက် ကိုးကွယ်ပြီးလျှင်၊ ငါသည် အဝတ်မပါဘဲ အမိဝမ်းထဲကထွက်လာ၏။ အဝတ်မပါဘဲ အမိဝမ်းထဲသို့ ပြန်သွားတော့မည်။ ထာဝရဘုရားပေးတော်မူ၏။ ထာဝရဘုရားလည်း ရုပ်သိမ်းတော်မူ၏။ ထာဝရဘုရား၏ နာမတော်သည် မင်္ဂလာရှိပါစေသတည်းဟု ဆိုလေ၏။

ယောဘသည် မည်သူမျှပြောရန်မလိုဘဲ သူပိုင်ဆိုင်သမျှကို ပြန်ပေးခြင်းမှာ ဘုရားသခင်အပေါ် သူ၏ ကြောက်ရွံ့ခြင်းမှ အရင်းခံခြင်းဖြစ်၏

ဘုရားသခင်က စာတန်အား “ သူ၏ဥစ္စာရှိသမျှသည် သင့်လက်၌ရှိ၏။ သူ့ကိုယ်တခုကိုသာ မထိမခိုက်နှင့်” ဟု ဆိုပြီးနောက်တွင် စာတန်သည် ထွက်သွားပြီး များမကြာမီ ယောဘသည် ရုတ်တရက် ပြင်းထန်သော တိုက်ခိုက်မှုများကို ခံခဲ့ရသည်၊ ပထမဦးစွာ သူ၏နွားများနှင့် မြည်းများ လုယက်ခြင်းကို ခံခဲ့ရပြီး သူ၏ အစေခံများ အသတ်ခံခဲ့ရသည်၊ နောက်တွင် သူ၏သိုးများနှင့် အစေခံများသည် မီးရှို့ဖျက်ဆီးခြင်းကို ခံရသည်၊ ထို့နောက် သူ၏ ကုလားအုပ်များ အသိမ်းခံရပြီး သူ၏ အစေခံများ အသတ်ဖြတ်ခံခဲ့ရသည်၊ နောက်ဆုံးတွင် သူ၏ သားများနှင့် သမီးများ၏ အသက်များနုတ်ယူခြင်း ခံခဲ့ရသည်။ တသီတတန်းဖြစ်သော ဤတိုက်ခိုက်မှုများမှာ ပထမ စုံစမ်းနှောင့်ယှက်မှု အတောအတွင်း ယောဘ ခံစားခဲ့ရသော ညှဉ်းဆဲခြင်း ဖြစ်သည်။ ဘုရားသခင် အမိန့်ပေးခဲ့သည်နှင့်အညီ ဤတိုက်ခိုက်မှုများ အတောအတွင်း စာတန်သည် ယောဘ၏ ဥစ္စာပစ္စည်းနှင့် သူ၏ သားသမီးများကိုသာ ပစ်မှတ်ထားခဲ့ပြီး ယောဘကို အန္တရာယ်ပေးခဲ့ခြင်း မရှိပေ။ သို့သော်လည်း ယောဘသည် ကြီးစွာသော ကြွယ်ဝချမ်းသာခြင်းကို ပိုင်ဆိုင်ခဲ့သော သူဌေးတစ်ဦးအဖြစ်မှ မည်သည့်အရာမျှ မရှိသော သူတစ်စုံတစ်ဦးအဖြစ် ချက်ချင်း ပြောင်းလဲခြင်းကို ခံခဲ့ရသည်။ မျှော်လင့်မထားသော အလွန်အံ့အားသင့်ဖွယ် ဤထိုးနှက်မှုကို ကြံ့ကြံ့ခံနိုင်မည့်သူ သို့မဟုတ် ၎င်းကို မှန်မှန်ကန်ကန် တုံ့ပြန်နိုင်မည့်သူ တစ်ယောက်မျှ ရှိခဲ့မည် မဟုတ်ပေ၊ သို့သော်လည်း ယောဘသည် သူ၏ အံ့မခန်းသော သဘောထားကို အထင်အရှားပြခဲ့သည်။ သမ္မာကျမ်းတွင် ဆက်လက်၍ ဤသို့ ဖော်ပြထားသည်၊ “ ထိုအခါ ယောဘသည် ထ၍ မိမိဝတ်လုံကို ဆုတ်လေ၏။ ဆံပင်ကိုလည်း ရိတ်၍ မြေပေါ်မှာဝပ်လျက် ကိုးကွယ်ပြီးလျှင်။” ဤသည်မှာ ယောဘသည် သူ၏သားသမီးများနှင့် သူ၏ဥစ္စာပစ္စည်း အားလုံးကို ဆုံးရှုံးခဲ့ပြီဖြစ်ကြောင်း ကြားသိပြီးနောက်တွင် သူ၏ပထမဦးဆုံး တုံ့ပြန်မှု ဖြစ်သည်။ အရာအားလုံးထက်ဆိုပါက သူသည် အံ့အားသင့်သည့်ပုံ သို့မဟုတ် အထိတ်တလန့် ဖြစ်သည့်ပုံ မပေါ်သည် သာမက သူသည် ဒေါသ သို့မဟုတ် အမုန်းကို ဖော်ပြခဲ့ခြင်းလည်း မရှိခဲ့ပေ။ သူ၏စိတ်နှလုံးထဲတွင် ဤဘေးဒုက္ခများသည် မတော်တဆဖြစ်မှုတစ်ခု မဟုတ်ကြောင်း၊ သို့မဟုတ် လူ၏လက်မှ ဖြစ်ပွားလာခြင်း မဟုတ်ကြောင်း သာမက ၎င်းတို့သည် ဝဋ်လည်ခြင်း သို့မဟုတ် ပြစ်ဒဏ်ခတ်ခြင်း ကျရောက်ခြင်း မဟုတ်ကြောင်းကို လက်ခံထားနှင့်ပြီး ဖြစ်သည်။ ထိုအရာများအစား ယေဟောဝါဘုရားသခင်၏ စမ်းသပ်မှုများသည် သူ့အပေါ် ရောက်လာခဲ့သည်၊ သူ၏ ဥစ္စာပစ္စည်းနှင့် သားသမီးများကို နုတ်ယူရန် အလိုရှိခဲ့သူမှာ ယေဟောဝါဘုရားသခင်ပင် ဖြစ်သည်။ ယောဘသည် ထိုစဉ်က အလွန်ငြိမ်သက်ပြီး အမြင်ကြည်လင်ခဲ့သည်။ သူ၏ စုံလင်ပြီး ဖြောင့်မတ်သော လူသဘာဝသည် သူ့အပေါ် ကျရောက်ခဲ့ပြီးသော ဘေးဒုက္ခများနှင့်ပတ်သက်၍ မှန်ကန်သော အကဲဖြတ်ချက်များနှင့် ဆုံးဖြတ်ချက်များကို အကျိုးသင့်အကြောင်းသင့်နှင့် သဘာဝကျကျ ချမှတ်နိုင်စေခဲ့သည်၊ အကျိုးဆက်အနေဖြင့် “ ထိုအခါ ယောဘသည် ထ၍ မိမိဝတ်လုံကို ဆုတ်လေ၏။ ဆံပင်ကိုလည်း ရိတ်၍ မြေပေါ်မှာဝပ်လျက် ကိုးကွယ်ပြီးလျှင်” ဟူ၍ သူသည် တစ်မူထူးခြားသော ငြိမ်သက်မှုဖြင့် ပြုမူခဲ့သည်။ “ မိမိဝတ်လုံကို ဆုတ်လေ၏” ဆိုသည်မှာ သူသည် အဝတ် မဝတ်ထားခြင်းနှင့် မည်သည့်အရာကိုမျှ မပိုင်ဆိုင်ကြောင်းကို ဆိုလိုသည်၊ “ ဆံပင်ကိုလည်း ရိတ်၍” ဆိုသည်မှာ သူသည် ဘုရားသခင် ရှေ့သို့ မွေးကင်းစကလေးတစ်ဦးအဖြစ် ပြန်လာခဲ့ခြင်းကို ဆိုလိုသည်၊ “ မြေပေါ်မှာဝပ်လျက် ကိုးကွယ်ပြီးလျှင်” ဆိုသည်မှာ သူသည် လောကထဲသို့ ကိုယ်လုံးတီး လာခဲ့ပြီး ယနေ့တွင် တစ်စုံတစ်ရာမှ မပါဘဲ သူသည် ဘုရားသခင်ထံ မွေးကင်းစကလေးသူငယ် တစ်ဦးအဖြစ် ပြန်ရောက်သွားခြင်းကို ဆိုလိုသည်။ ယောဘပေါ်သို့ ကျရောက်သမျှအပေါ် သူ၏ သဘောထားကို ဘုရားသခင်၏ မည်သည့် ဖန်ဆင်းခံ သတ္တဝါမျှ ရယူနိုင်ခဲ့မည် မဟုတ်ပေ။ ယောဟောဝါဘုရားသခင်အပေါ် သူ၏ယုံကြည်ခြင်းသည် ယုံကြည်မှု နယ်ပယ်ထက် ကျော်လွန်သွားခဲ့သည်၊ ဤသည်မှာ ဘုရားသခင်အပေါ် သူ၏ကြောက်ရွံ့ခြင်းနှင့် ဘုရားသခင်အား နာခံခြင်းဖြစ်ပြီး သူ့အား ပေးသည့်အတွက် ဘုရားသခင်ကို သူ ကျေးဇူးတော် ချီးမွမ်းတတ်သည် သာမက သူထံမှ နုတ်ယူသည့်အတွက်လည်း ကျေးဇူးတော် ချီးမွမ်းတတ်သည်။ ဆက်လက်၍ သူသည် မည်သူမျှ ပြောရန်မလိုဘဲ သူ၏အသက် အပါအဝင် သူ ပိုင်ဆိုင်သမျှကို ပြန်ပေးနိုင်စွမ်း ရှိခဲ့သည်။

ဘုရားသခင်အပေါ် ယောဘ၏ ကြောက်ရွံ့ခြင်းနှင့် နာခံခြင်းသည် လူသားမျိုးနွယ်အတွက် ဥပမာတစ်ခု ဖြစ်ပြီး သူ၏စုံလင်ခြင်းနှင့် ဖြောင့်မတ်ခြင်းတို့သည် လူသားတို့ ပိုင်ဆိုင်သင့်သော လူ့သဘာဝ၏ အထွတ်အထိပ်ပင် ဖြစ်ခဲ့သည်။ သူသည် ဘုရားသခင်ကို မမြင်ခဲ့သော်လည်း ဘုရားသခင် အမှန်တကယ် တည်ရှိကြောင်းကို သူသဘောပေါက်ခဲ့ပြီး ဤသို့ သဘောပေါက်ခြင်းကြောင့် ဘုရားသခင်ကို သူကြောက်ရွံ့ခဲ့သည်၊ ဘုရားသခင်ကို သူကြောက်ရွံ့ခဲ့ခြင်းကြောင့် ဘုရားသခင်ကို သူနာခံနိုင်ခဲ့ခြင်း ဖြစ်သည်။ သူ၌ရှိသမျှကို ယူရန် ဘုရားသခင်အား လွတ်လပ်စွာ လုပ်ပိုင်ခွင့်ကို သူပေးခဲ့သည့်အပြင် သူ၌ ညည်းညူမှု မရှိဘဲ ဘုရားသခင် ရှေ့တွင် ပြပ်ဝပ်ကာ ဤအခိုက်အတန့်တွင် ဘုရားသခင်သည် သူ၏ ခန္ဓာကိုယ်ကိုပင် နုတ်ယူခဲ့ပါကလည်း သူသည် မညည်းညူဘဲ ဝမ်းမြောက်စွာ အခွင့်ပေးမည်ဟု ဘုရားသခင်အား သူ ပြောခဲ့သည်။ သူ၏ ပြုမူလုပ်ဆောင်ပုံ အားလုံးမှာ သူ၏ စုံလင်ဖြောင့်မတ်သော လူ့သဘာဝကြောင့်ပင် ဖြစ်သည်။ တစ်နည်းအားဖြင့်ဆိုသော် သူ၏ အပြစ်ကင်းစင်မှု၊ ရိုးသားမှုနှင့် ကြင်နာမှု ရလဒ်ကြောင့် ယောဘသည် ဘုရားသခင်၏ တည်ရှိမှုအပေါ် သူ၏ သဘောပေါက်ခြင်းနှင့် အတွေ့အကြုံတို့မှာ မြဲမြံခိုင်မာနေခဲ့ပြီး ဤအခြေခံအုတ်မြစ်ပေါ်တွင် သူသည် သူ့ကိုယ်သူ လိုအပ်ချက်များကို သတ်မှတ်ခြင်းနှင့် သူ၏ အတွေးအခေါ်၊ အပြုအမူ၊ လုပ်ဆောင်ပုံနှင့် ဘုရားသခင် ရှေ့တွင် ပြုမူလုပ်ဆောင်မှု နိယာမများကို သူ့အပေါ် ဘုရားသခင်၏ လမ်းပြမှုနှင့် အရာအားလုံးအကြားတွင် သူမြင်ခဲ့ပြီးသော ဘုရားသခင်၏ လုပ်ဆောင်ချက်များနှင့်အညီ စံကိုက်ခဲ့သည်။ အချိန်လွန်လာသည်နှင့်အမျှ သူ၏ အတွေ့အကြုံများသည် သူ့အထဲ၌ ဘုရားသခင်အပေါ် စစ်မှန်သည့် အမှန်တကယ် ကြောက်ရွံ့မှုတစ်ခုကို ဖြစ်စေပြီး သူ့အား မကောင်းမှုကို ရှောင်ရှားစေခဲ့သည်။ ဤသည်မှာ ယောဘ မြဲမြံစွာ ဆုပ်ကိုင်ခဲ့သော တည်ကြည်မှု၏ အရင်းအမြစ် ဖြစ်ခဲ့သည်။ ယောဘသည် ရိုးသားသော၊ အပြစ်ကင်းပြီး ကြင်နာတတ်သော လူ့သဘာဝကို ပိုင်ဆိုင်ခဲ့ပြီး သူ၌ ဘုရားသခင်အား ကြောက်ရွံ့သည့်၊ နာခံပြီး မကောင်းမှုကို ရှောင်သည့် အမှန်တကယ် အတွေ့အကြုံ ရှိခဲ့သည် သာမက “ ထာဝရဘုရားပေးတော်မူ၏။ ထာဝရဘုရားလည်း ရုပ်သိမ်းတော်မူ၏” ဟူသော အသိပညာ ရှိခဲ့သည်။ ဤအရာများကြောင့်သာလျှင် သူသည် စာတန်၏ ယင်းကဲ့သို့ ပြင်းထန်သော တိုက်ခိုက်မှုများကြားတွင် ခိုင်ခံ့စွာ ရပ်တည်ပြီး သက်သေခံနိုင်ခဲ့ခြင်း ဖြစ်၍ ၎င်းတို့ကြောင့်သာလျှင် သူသည် ဘုရားသခင်အား စိတ်မပျက်စေဘဲ ဘုရားသခင်၏ စမ်းသပ်မှုများ သူ့အပေါ် ရောက်လာသည့်အခါ အားရကျေနပ်ဖွယ် အဖြေတစ်ခုကို ဘုရားသခင်အား ပေးနိုင်ခဲ့ခြင်း ဖြစ်သည်။ ပထမအကြိမ် စုံစမ်းနှောင့်ယှက်မှု အတောအတွင်း ယောဘ၏ ပြုမူပုံသည် အလွန် ရိုးရှင်းခဲ့သော်လည်း နောက်မျိုးဆက်များသည် တစ်ဘဝလုံး ကြိုးပမ်းပြီးနောက်တွင်လည်း ယင်းကဲ့သို့ ရိုးရှင်းမှုမျိုးကို ရယူနိုင်မည်ဟု အသေအချာ မဆိုနိုင်ခဲ့သည့်အပြင် ၎င်းတို့သည် အထက်တွင် ဖော်ပြခဲ့သော ယောဘ၏ ပြုမူပုံကို သေချာပေါက် ပိုင်ဆိုင်လိမ့်မည် မဟုတ်ပေ။ ယနေ့တွင် ယောဘ၏ ရိုးရှင်းသော ပြုမူပုံကို ရင်ဆိုင်ခဲ့ရပြီး ထိုရိုးရှင်းသော ပြုမူပုံကို ဘုရားသခင်အား ယုံကြည်ပြီး ဘုရားသခင် နောက်လိုက်သည်ဟု အခိုင်အမာ ဆိုကြသောသူများ ဘုရားသခင်အား ပြသသည့် “ အကြွင်းမဲ့ နာခံခြင်းနှင့် သေသည့်တိုင် သစ္စာရှိခြင်း” ဟူသော သန္နိဌာန်နှင့် ကြွေးကြော်သံများနှင့် နှိုင်းယှဉ်ပါက သင်တို့သည် အလွန်တရာ ရှက်ကြသလော သို့မဟုတ် မရှက်ကြသလော။

ယောဘ

သမ္မာကျမ်းထဲတွင် ယောယနှင့် သူ၏ မိသားစု ခံစားခဲ့ရသမျှကို သင်ဖတ်သည့်အခါ သင်၏တုံ့ပြန်မှုမှာ အဘယ်နည်း။ သင်၏ အတွေးများထဲ၌ သင်ပျောက်ဆုံးသွားသလော။ သင်အလွန် အံ့အားသင့်သလော။ ယောဘအပေါ် ကျရောက်သည့် စမ်းသပ်မှုများမှာ “ ထိတ်လန့်တုန်လှုပ်ဖွယ်” ဖြစ်သည်ဟု ဖော်ပြနိုင်သလော။ တစ်နည်းဆိုသော် သမ္မာကျမ်းထဲတွင် ဖော်ပြထားသော ယောဘ၏ စမ်းသပ်မှုများကို ဖတ်ခြင်းသည်ပင် အလွန် တုန်လှုပ်ချောက်ချားဖွယ် ကောင်းသည်၊ ၎င်းတို့သည် လက်တွေ့တွင် အဘယ်သို့ဖြစ်ခဲ့လိမ့်မည်နှင့်ပတ်သက်၍မူ ဆိုဖွယ်ရာပင် မရှိတော့ချေ။ ထို့အခါ သင်သည် ယောဘအပေါ် ကျရောက်ခဲ့သည့် အရာများမှာ “ လက်တွေ့ လေ့ကျင့်ခန်း” တစ်ခု မဟုတ်ဘဲ “ သေနတ်အစစ်များ” နှင့် “ ကျည်ဆန်အစစ်များ” ကို ပါဝင်သော “ တိုက်ပွဲ” အစစ်အမှန်တစ်ခု ဖြစ်ကြောင်း မြင်ရမည်။ သို့သော် သူသည် မည်သူ၏ လက်အားဖြင့် ဤစမ်းသပ်မှုများကို ခံခဲ့ရသနည်း။ ၎င်းတို့မှာ အမှန်အားဖြင့် စာတန် လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်၊ ၎င်းတို့ကို စာတန် ကိုယ်တိုင် လုပ်ဆောင်ခဲ့ခြင်း ဖြစ်သော်လည်း ၎င်းတို့ကို ဘုရားသခင် အခွင့်ပေးခဲ့ခြင်း ဖြစ်သည်။ ယောဘအား စုံစမ်းနှောင့်ယှက်ရန် နည်းလမ်းများကို စာတန်အား ဘုရားသခင် ပြောပြခဲ့သလော။ သူမပြောခဲ့ပါ။ ဘုရားသခင်သည် ၎င်းကို သတ်မှတ်ချက် တစ်ခုကို ပေးခဲ့ရုံမျှသာဖြစ်ပြီး ယင်းနောက်တွင် ယောဘအပေါ် စုံစမ်းနှောင့်ယှက်ခြင်း ရောက်လာခဲ့ခြင်း ဖြစ်သည်။ ယောဘအပေါ် စုံစမ်းနှောင့်ယှက်ခြင်း ရောက်လာခဲ့သည့်အခါ ၎င်းသည် လူတို့အား စာတန်၏ ဆိုးယုတ်မှုနှင့် အကျည်းတန်မှု၊ လူအပေါ် ၎င်း၏ အငြိုးထားမှုနှင့် စက်ဆုပ်ရွံ့ရှာမှုနှင့် ဘုရားသခင်အား ရန်လိုမှုအကြောင်း အသိတစ်ခုကို ပေးခဲ့သည်။ ဤစုံစမ်းနှောင့်ယှက်ခြင်းသည် မည်မျှပင် ရက်စက်ကြောင်းကို စကားလုံးများဖြင့် ဖော်ပြ၍ မရနိုင်ကြောင်းကို ဤအရာထဲမှ ငါတို့မြင်ရသည်။ စာတန်သည် အငြိုးထားသော သဘာဝဖြင့် လူကို နှိပ်စက်ညှဉ်းပန်းမှုနှင့် ၎င်း၏ အကျည်းတန်သော မျက်နှာသည် ဤအခိုက်အတန့်တွင် အပြည့်အဝ ပေါ်ထွက်ခဲ့သည်ဟု ဆိုနိုင်ပါသည်။ စာတန်သည် ဘုရားသခင်၏ ခွင့်ပြုချက်အားဖြင့် ပေးခဲ့သော ဤအခွင့်အရေးကို အသုံးပြုကာ ယောဘအား ပျာယာခတ်စေပြီး အကြင်နာမဲ့သော ညှဉ်းပန်းနှိပ်စက်မှုကို ခံစေသည်၊ ရက်စက်ကြမ်းကြုတ်မှု နည်းလမ်းနှင့် အဆင့် နှစ်မျိုးစလုံးကို ယနေ့ခေတ် လူများ စိတ်ကူးနိုင်မည် မဟုတ်သည့်အပြင် လုံးဝ ခံနိုင်ကြမည် မဟုတ်ပေ။ ယောဘသည် စာတန်၏ စုံစမ်းနှောင့်ယှက်ခြင်းကို ခံခဲ့ရပြီး ဤစုံစမ်းနှောင့်ယှက်မှု အတောအတွင်း သူ၏ သက်သေခံချက်၌ ခိုင်ခံ့စွာ ရပ်တည်ခဲ့သည်ဟု ဆိုခြင်းထက် သူ့အတွက် ဘုရားသခင် စီစဉ်ခဲ့သော စမ်းသပ်မှုများထဲတွင် ယောဘသည် သူ၏ စုံလင်ခြင်းနှင့် ဖြောင့်မတ်ခြင်းကို ကာကွယ်ရန်နှင့် ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုရှောင်သည့်နည်းကို ခုခံရန်အတွက် စာတန်နှင့် ပြိုင်ပွဲတစ်ပွဲကို စတင်ခဲ့သည်ဟု ဆိုခြင်းမှာ ပို၍ကောင်းသည်။ ဤပြိုင်ပွဲတွင် ယောဘသည် တောင်တစ်တောင်စာရှိသော သိုးများနှင့် ကျွဲနွားတိရစ္ဆာန်များကို ဆုံးရှုံးခဲ့သည်၊ သူ၏ဥစ္စာပစ္စည်း အားလုံးကို ဆုံးရှုံးခဲ့ပြီး သူ၏သားများနှင့် သမီးများကို ဆုံးရှုံးခဲ့သည်၊ သို့သော်လည်း သူ၏စုံလင်ခြင်း၊ ဖြောင့်မတ်ခြင်း သို့မဟုတ် ဘုရားသခင်အပေါ် ကြောက်ရွံ့ခြင်းကို သူစွန့်ပစ်ခဲ့ခြင်း မရှိချေ။ တစ်နည်းဆိုသော် စာတန်နှင့် ယှဉ်ပြိုင်သည့် ဤပြိုင်ပွဲတွင် သူသည် သူ၏စုံလင်ခြင်း၊ ဖြောင့်မတ်ခြင်းနှင့် ဘုရားသခင်အပေါ် ကြောက်ရွံ့ခြင်းကို ဆုံးရှုံးရမည်ထက် ဥစ္စာပစ္စည်းနှင့် သားသမီးများ ချို့ငဲ့ရမည်ကို ပို၍ ဆန္ဒရှိခဲ့သည်။ လူသားတစ်ဦးဖြစ်ခြင်း၏ အဓိပ္ပာယ် အရင်းအမြစ်ကို စွဲကိုင်ရန် သူပို၍ ဆန္ဒရှိခဲ့သည်။ သမ္မာကျမ်းတွင် ယောဘသည် သူ၏ ပိုင်ဆိုင်မှုများကို ဆုံးရှုံးခဲ့ရပုံ အသေးစိတ် ဖြစ်စဉ်ကို ကျစ်လစ်ပြည့်စုံစွာ ဖော်ပြထားပြီး ယောဘ၏ ပြုမူပုံနှင့် သဘောထားကိုလည်း မှတ်တမ်းတင်ထားသည်။ ဤစုံစမ်းနှောင့်ယှက်ခြင်းကို ရင်ဆိုင်ရာ၌ ယောဘသည် စိုးရိမ်သောက ကင်းလုနီးပါး ဖြစ်ခဲ့ကြောင်းကို တိုတောင်း၍ လိုရှင်းတိုရှင်းဖြစ်သော ဤဖြစ်ရပ်များက သတိပြုမိစေသော်လည်း အကယ်၍ စာတန်၏ အငြိုးထားသော သဘာဝကို ထည့်သွင်း၍ အမှန်တကယ် ဖြစ်ပျက်ခဲ့သည်တို့ကို ပြန်လည်ဖန်တီးခဲ့မည်ဆိုပါက၊ အမှုအရာများသည် ဤစာကြောင်းများထဲတွင် ဖော်ပြထားသကဲ့သို့ ရိုးရှင်းလိမ့်မည် သို့မဟုတ် လွယ်ကူလိမ့်မည် မဟုတ်ပေ။ လက်တွေ့မှာ ပို၍ပင် ရက်စက်ကြမ်းကြုတ်မည်ဖြစ်သည်။ ယင်းမှာ လူသားမျိုးနွယ်နှင့် ဘုရားသခင်၏ လက်ခံခြင်းကို ခံရသောသူ အားလုံးအပေါ် စာတန် သဘောထားသည့် ကြီးစွာသော ပျက်စီးခြင်းနှင့် အမုန်းတရား၏ အဆင့်ဖြစ်သည်။ အကယ်၍ ယောဘကို အန္တရာယ်မပြုရန် စာတန်အား ဘုရားသခင် မတောင်းဆိုခဲ့ပါက စာတန်သည် စိတ်မလုံမလဲဖြစ်ခြင်း တစ်စုံတစ်ရာမရှိဘဲ သူ့ကိုသတ်ဖြတ်မည်မှာ သံသယဖြစ်ဖွယ်ရှိမည် မဟုတ်ပေ။ စာတန်သည် မည်သူတစ်ဦးတစ်ယောက်မျှ ဘုရားသခင်အား မကိုးကွယ်စေလိုသည်သာမက ၎င်းသည် ဘုရားသခင်၏အမြင်တွင် ရိုးဖြောင့်ပြီး စုံလင်ဖြောင့်မတ်သောသူများ ဘုရားသခင်ကို ဆက်လက်ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်ရှားမည်ကို အလိုမရှိပေ။ လူတို့သည် ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်သည်ဟု ဆိုရာ၌ ၎င်းတို့သည် စာတန်ကို ရှောင်ပြီး ကျောခိုင်းရမည်ကို ဆိုလိုသည်၊ ထို့ကြောင့် စာတန်သည် ၎င်း၏ ပြင်းထန်သောအမျက်နှင့် အမုန်းအားလုံးကို သက်ညှာမှုမရှိဘဲ ယောဘအပေါ် စုပုံရန် ဘုရားသခင်၏ ခွင့်ပြုချက်ကို အခွင့်အရေးယူခဲ့သည်။ ထိုအခါ စိတ်မှ ခန္ဓာအထိ၊ အပြင်မှ အတွင်းအထိ ယောဘ ခံစားခဲ့ရသည့် ညှဉ်းပန်းနှိပ်စက်မှုမှာ မည်မျှကြီးမားကြောင်း သင်မြင်ရခြင်း ဖြစ်သည်။ ယနေ့တွင် ၎င်းသည် ထိုအချိန်က မည်ကဲ့သို့ ဖြစ်ကြောင်းကို ငါတို့ မကြည့်ဘဲ ယောဘသည် ထိုစဉ်က နှိပ်စက်ညှဉ်းပန်းမှုကို ခံရသည့်အချိန် သူ၏ စိတ်ခံစားချက်များကို အကြမ်းဖျင်းမြင်သော အမြင်တစ်ခုကိုသာ သမ္မာကျမ်းစာ ဖြစ်ရပ်များထဲမှ ရနိုင်ပါသည်။

ယောဘ၏ ယိမ်းယိုင်မှုမရှိသော တည်ကြည်ခြင်းသည် စာတန်အား အရှက်ရစေပြီး ၎င်းအား တုန်လှုပ်၍ ထွက်ပြေးစေသည်

ထို့အပြင် ယောဘသည် ဤညှဉ်းပန်းနှိပ်စက်မှုကို ခံရသည့်အချိန်တွင် ဘုရားသခင်သည် မည်သည့်အရာကို ပြုခဲ့သနည်း။ ဘုရားသခင်သည် ရလဒ်ကို လေ့လာ၊ စောင့်ကြည့်ပြီး စောင့်ဆိုင်းခဲ့သည်။ ဘုရားသခင်သည် လေ့လာပြီး စောင့်ကြည့်နေစဉ် မည်ကဲ့သို့ ခံစားခဲ့ရသနည်း။ သူသည် ပူပင်သောကကို ခံစားခဲ့ရမည်မှာ အမှန်ပင် ဖြစ်သည်။ သို့သော်လည်း သူ၏ ပူပင်သောက ရလဒ်ကြောင့် ယောဘအား စာတန်စုံစမ်းနှောင့်ယှက်ရန် သူခွင့်ပြုခဲ့ခြင်းကို သူနောင်တရနိုင်ခဲ့မည်လော။ အဖြေမှာ မဟုတ်ပါ၊ သူနောင်တရနိုင်ခဲ့မည် မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် ယောဘသည် စုံလင်ပြီး ဖြောင့်မတ်၍ သူသည် ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်သည်ကို သူအခိုင်အမာ ယုံကြည်ခဲ့ခြင်းကြောင့် ဖြစ်သည်။ ဘုရားသခင်ရှေ့တွင် ယောဘ၏ ဖြောင့်မတ်ခြင်းအား အတည်ပြုစစ်ဆေးရန်နှင့် စာတန်၏ ကောက်ကျစ်စဉ်းလဲမှုနှင့် စက်ဆုပ်ဖွယ်ဖြစ်မှုကို ထုတ်ဖော်ရန် ဘုရားသခင်သည် စာတန်အား ရိုးရှင်းစွာ အခွင့်အရေး ပေးခဲ့ခြင်း ဖြစ်သည်။ ဆက်လက်၍ ၎င်းမှာ ကမ္ဘာသူကမ္ဘာသား၊ စာတန်နှင့် ဘုရားသခင်နောက်သို့ လိုက်သောသူများ၏ ရှေ့တွင်ပင်လျှင် သူ၏ဖြောင့်မတ်ခြင်း၊ ဘုရားသခင်အပေါ် သူ၏ ကြောက်ရွံ့ခြင်းနှင့် မကောင်းမှု ရှောင်ခြင်းတို့ကို သက်သေခံရန် ယောဘအတွက် အခွင့်အရေးတစ်ရပ် ဖြစ်ခဲ့သည်။ နောက်ဆုံး ရလဒ်သည် ယောဘအား ဘုရားသခင်၏ စုံစမ်းခြင်းမှာ အလွဲအမှား မရှိဘဲ မှန်ကြောင်း သက်သေပြခဲ့သလော။ ယောဘသည် စာတန်ကို အမှန်တကယ် အောင်မြင်ခဲ့သလော။ ဤနေရာတွင် ငါတို့သည် ယောဘ ပြောခဲ့သော သမားရိုးကျ စကားများကို ဖတ်ခဲ့ရပြီး ထိုစကားများမှာ သူသည် စာတန်အား အောင်မြင်ခဲ့ပြီး ဖြစ်ကြောင်း သက်သေများပင် ဖြစ်သည်။ သူက “ ငါသည် အဝတ်မပါဘဲ အမိဝမ်းထဲကထွက်လာ၏။ အဝတ်မပါဘဲ အမိဝမ်းထဲသို့ ပြန်သွားတော့မည်” ဟု ဆိုခဲ့သည်။ ဤသည်မှာ ဘုရားသခင်အပေါ် ယောဘ၏ နာခံတတ်သော သဘောထားပင် ဖြစ်သည်။ ဆက်လက်၍ သူက “ ထာဝရဘုရားပေးတော်မူ၏။ ထာဝရဘုရားလည်း ရုပ်သိမ်းတော်မူ၏။ ထာဝရဘုရား၏ နာမတော်သည် မင်္ဂလာရှိပါစေသတည်း” ဆိုခဲ့ပြန်သည်။ ယောဘ ပြောခဲ့သော ဤစကားများမှာ ဘုရားသခင်သည် လူသား၏ စိတ်နှလုံး အတိမ်အနက်တို့ကို လေ့လာကြောင်း၊ သူသည် လူသား၏ အတွင်းစိတ်ကို မြင်နိုင်ကြောင်း သက်သေပြပြီး ယောဘအပေါ် သူ၏ ထောက်ခံမှုမှာ အမှားအယွင်း မရှိကြောင်း၊ ဘုရားသခင်၏ ထောက်ခံခြင်းကို ခံခဲ့ရသော ဤ လူသားမှာ ဖြောင့်မတ်ခဲ့ကြောင်းကို သက်သေပြခြင်း ဖြစ်သည်။ “ ထာဝရဘုရားပေးတော်မူ၏။ ထာဝရဘုရားလည်း ရုပ်သိမ်းတော်မူ၏။ ထာဝရဘုရား၏ နာမတော်သည် မင်္ဂလာရှိပါစေသတည်း။” ဤစကားများမှာ ဘုရားသခင်အား ယောဘ၏ သက်သေခံချက် ဖြစ်သည်။ စာတန်ကို ခြောက်လှန့်ခဲ့၍ ၎င်းကို အရှက်ရစေခဲ့ပြီး ထိတ်လန့်မှုဖြင့် ထွက်ပြေးစေခဲ့သည့်အရာမှာ ဤသာမန်စကားများပင် ဖြစ်သည်၊ ထိုမျှမက ထိုစကားများသည် စာတန်အား ချုပ်နှောင်ပြီး ၎င်း၏ အကြံအဖန်များကို ကင်းမဲ့စေခဲ့သည်။ ထို့ကြောင့် ဤစကားများသည် ယေဟောဝါဘုရားသခင်၏ လုပ်ဆောင်ချက်များမှာ အံ့သြဖွယ်ဖြစ်ပြီး အင်အားကြီးမားကြောင်းကို စာတန်အား ခံစားရစေပြီး ဘုရားသခင်၏ နည်းလမ်းအားဖြင့် အုပ်စိုးခြင်းကို ခံရသောသူတစ်ဦး၌ရှိသော စိတ်နှလုံး၏ သာမန်ထက်လွန်ကဲ့သော သြဇာတိက္ကမနှင့် ပြည့်စုံခြင်းကို အမှန်ပင် မြင်စေခဲ့သည်။ ထို့အပြင် ၎င်းတို့သည် ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်သည့် လမ်းကို စောင့်ထိန်းရာ၌ သေးငယ်၍ အရေးမပါသော လူသားတစ်ဦး ပြသခဲ့သည့် တန်ခိုးနှင့်ပြည့်သော တက်ကြွမှုကို စာတန်အား အထင်အရှားပြခဲ့သည်။ ထို့ကြောင့် ပထမအကြိမ် ပြိုင်ပွဲတွင် စာတန် အရေးနိမ့်ခဲ့ရသည်။ ၎င်း၏ “ ခဲယဉ်းစွာကြိုးပမ်း၍ ရခဲ့သောဉာဏ်” ရှိစေကာမူ စာတန်သည် ယောဘကို အလွတ်ပေးရန် ရည်ရွယ်ချက် မရှိခဲ့သည့်အပြင် ၎င်း၏ အငြိုးထားတတ်သော သဘာဝမှာလည်း တစ်စုံတစ်ရာ အပြောင်းအလဲ မရှိခဲ့ပေ။ စာတန်သည် ယောဘကို ဆက်လက် တိုက်ခိုက်ရန် ကြိုးစားခဲ့ပြီး ထိုအတွက်ကြောင့် ဘုရားသခင် ရှေ့သို့ နောက်တဖန် လာရောက်ခဲ့သည် …

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ မှ

XXX