အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် အပလီကေးရှင်း

ဘုရားသခင်၏ အသံတော်ကို နားထောင်၍ သခင်ယေရှု ပြန်ကြွလာတော်မူခြင်းကို ကြိုဆိုလော့။

သမ္မာတရားကို ရှာဖွေနေသူများ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် ဖိတ်ခေါ်ပါသည်။

ယောဘကို စာတန် နောက်ထပ်တဖန် စုံစမ်းနှောင့်ယှက်လေ၏ (ယောဘ၏ ခန္ဓာကိုယ် တစ်ခုလုံး၌ ဆိုးသောအနာစိမ်းများ စွဲကပ်ခြင်း)

17

က။ ဘုရားသခင် ပြောသော စကားများ

ယောဘ ၂:၃ ထာဝရဘုရားကလည်း၊ ငါ့ကျွန် ယောဘကို ဆင်ခြင်မိပြီလော။ မြေကြီးပေါ်မှာ သူနှင့်အတူသောသူ တယောက်မျှမရှိ။ စုံလင်ဖြောင့်မတ်ပေ၏။ ဘုရားသခင်ကို ကြောက်ရွံ့သောသူ၊ မကောင်းသောအကျင့်ကို ရှောင်သောသူဖြစ်၏။ အကြောင်းမရှိဘဲ သူ့ကို ပျက်စီးစေခြင်းငှါ သင်သည် ငါ့ကို တိုက်တွန်းသော်လည်း၊ သူသည် ဖြောင့်မတ်သောသဘောကို စွဲလမ်းလျက်နေသည်ဟု စာတန်အား မိန့်တော်မူ၏။

ယောဘ ၂:၆ ထာဝရဘုရားကလည်း၊ သူသည် သင့်လက်၌ ရှိ၏။ သူ့အသက်တခုကိုသာ လွတ်စေဟုမိန့်တော်မူလျှင်။

ခ။ စာတန် ပြောသော စကားများ

ယောဘ ၂:၄-၅ စာတန်ကလည်း၊ အရေဘို့အရေဟုဆိုသကဲ့သို့၊ လူသည်မိမိအသက်ဘို့ မိမိဥစ္စာရှိသမျှကိုပေးပါလိမ့်မည်။ ယခုတဖန် လက်တော်ကိုဆန့်၍ သူ့အရိုးနှင့် သူ့အသားကို ထိခိုက်တော်မူလျှင်၊ သူသည် မျက်မှောက် တော်၌ ကိုယ်တော်ကို စွန့်ပယ်ပါလိမ့်မည်ဟု ထာဝရဘုရားကို ပြန်လျှောက်လေ၏။

ဂ။ စမ်းသပ်မှုကို ယောဘ ကိုင်တွယ်ဖြေရှင်းပုံ

ယောဘ ၂:၉-၁၀ ထိုအခါမယားက၊ သင်သည် ဖြောင့်မတ်သောတရားကို စွဲလမ်းသေးသလော။ ဘုရားသခင်ကို စွန့်ပယ်၍ သေလော့ဟုဆို၏။ ယောဘကလည်း၊ မိန်းမမိုက်ပြောတတ်သကဲ့သို့ သင်သည်ပြော၏။ အဘယ်သို့နည်း။ ငါတို့သည် ဘုရားသခင်၏လက်တော်မှ သုခချမ်းသာကို ခံယူသည်ဖြစ်၍၊ ဒုက္ခဆင်းရဲကို မခံမယူရာသလောဟုဆို၏။ ယောဘသည် ဤအမှုများနှင့် တွေ့ကြုံသော်လည်း နှုတ်ဖြင့်မျှမမှားယွင်း။

ယောဘ ၃:၃ ငါဘွားသော နေ့ရက်ပျက်စီးပါစေ။ သားယောက်ျားကို ပဋိသန္ဓေယူပြီဟု သိတင်းကြားပြောသော ညဉ့်လည်း ပျက်စီးပါစေ။

ဘုရားသခင်၏ နည်းလမ်းအပေါ် ယောဘ၏ ချစ်ခြင်းမှာ အခြားအရာခပ်သိမ်းထက် သာလွန်ခြင်း

သမ္မာကျမ်းသည် ဘုရားသခင်နှင့် စာတန်အကြား ပြောသောစကားများကို ဤကဲ့သို့ မှတ်တမ်းတင်ထားသည်- “ ထာဝရဘုရားကလည်း၊ ငါ့ကျွန်ယောဘကို ဆင်ခြင်မိပြီလော။ မြေကြီးပေါ်မှာသူနှင့်တူသောသူ တယောက်မျှမရှိ။ စုံလင်ဖြောင့်မတ်ပေ၏။ ဘုရားသခင်ကို ကြောက်ရွံ့သောသူ၊ မကောင်းသောအကျင့်ကို ရှောင်သောသူဖြစ်၏။ အကြောင်းမရှိဘဲ သူကိုပျက်စီးစေခြင်းငှါ သင်သည် ငါ့ကို တိုက်တွန်းသော်လည်း၊ သူသည် ဖြောင့်မတ်သောသဘောကို စွဲလမ်းလျက်နေသည်ဟု စာတန်အား မိန့်တော်မူ၏။” (ယောဘ၂:၃) အပြန်အလှန်ပြောသော ဤစကားထဲတွင် ဘုရားသခင်သည် စာတန်အား တူညီသောမေးခွန်းကို ထပ်၍မေးလေ၏။ ၎င်းမှာ ပထမအကြိမ် စမ်းသပ်မှုအတောအတွင်း ယောဘ လက်တွေ့ပြခဲ့ပြီး အသက်ရှင်နေထိုင်ခဲ့သော အရာအပေါ် ယေဟောဝါဘုရားသခင်၏ ထောက်ခံကြောင်းပြသည့် အကဲဖြတ်ချက်ကိုပြသော မေးခွန်းတစ်ခုဖြစ်ပြီး စာတန်၏ စုံစမ်းနှောင့်ယှက်ခြင်းကို မကျော်ဖြတ်မီ ယောဘအပေါ် ဘုရားသခင်၏ အကဲဖြတ်ချက်နှင့် မကွဲပြားသော အရာတစ်ခု ဖြစ်သည်။ တစ်နည်းအားဖြင့်ဆိုသော် ယောဘအပေါ် စုံစမ်းနှောင့်ယှက်ခြင်း မရောက်လာမီ ဘုရားသခင်၏ အမြင်တွင် သူသည် ဖြောင့်မတ်ခြင်းကြောင့် ဘုရားသခင်သည် သူနှင့် သူ၏မိသားစုကို ကာကွယ်ခဲ့ပြီး သူ့ကို ကောင်းချီးပေးခဲ့ခြင်း ဖြစ်သည်၊ သူသည် ဘုရားသခင်၏ အမြင်တွင် ကောင်းချီးပေးခြင်းကို ခံထိုက်သောသူ ဖြစ်ခဲ့သည်။ စုံစမ်းနှောင့်ယှက်ခြင်းပြီးနောက် ယောဘသည် သူ၏ဥစ္စာပစ္စည်းနှင့် သားသမီးများကို ဆုံးရှုံးခဲ့ရခြင်းကြောင့် သူ၏နှုတ်ခမ်းများဖြင့် မပြစ်မှားဘဲ ယေဟောဝါဘုရားသခင်၏နာမကို ဆက်၍ ချီးမွမ်းခဲ့သည်။ သူ၏ပြုမူပုံအမှန်သည် သူ့အား ဘုရားသခင် ချီးကျူးပြီး အမှတ်ပြည့်ပေးစေခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ယောဘ၏အမြင်တွင် သူ၏သားသမီး သို့မဟုတ် သူ၏ ပိုင်ဆိုင်မှုများသည် ဘုရားသခင်ကို သူစွန့်ပစ်ရန် လုံလောက်ခြင်း မရှိခဲ့ပေ။ တစ်နည်းဆိုသော် သူ၏ စိတ်နှလုံးထဲမှ ဘုရားသခင်၏ နေရာကို သူ၏သားသမီးများ သို့မဟုတ် ဥစ္စာပစ္စည်း တစ်စုံတစ်ရာဖြင့် အစားထိုးနိုင်ခဲ့ခြင်း မရှိပေ။ ယောဘအပေါ် ပထမအကြိမ် စုံစမ်းနှောင့်ယှက်ခြင်း ကျရောက်စဉ် ဘုရားသခင်အပေါ် သူ၏ချစ်ခြင်းနှင့် ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်သည့် နည်းလမ်းအပေါ် သူ၏ချစ်ခြင်းသည် အခြား အရာအားလုံးထက် သာလွန်ကြောင်းကို ဘုရားသခင်အား သူပြခဲ့သည်။ ဤစမ်းသပ်မှုသည် ယောဘအား ယေဟောဝါဘုရားသခင်ထံမှ ဆုလာဘ်တစ်ခုကို လက်ခံရရှိပြီး သူ၏ ဥစ္စာပစ္စည်းနှင့် သားသမီးများကို ဘုရားသခင် ရုပ်သိမ်းသည့် အတွေ့အကြုံကို ပေးခဲ့ရုံမျှသာ ဖြစ်သည်။

ယောဘ ဆုတောင်း

ယောဘအတွက်မူကား ဤသည်မှာ သူ၏ စိတ်ဝိညာဉ်ကို သန့်စင်ဆေးကြောပေးသည့် စစ်မှန်သော အတွေ့အကြုံ တစ်ခု ဖြစ်ခဲ့သည်၊ ၎င်းမှာ သူ၏ ရှင်သန်ဖြစ်တည်မှုကို ပြည့်ဝစေသော အသက်ဗတ္တိဇံ တစ်မျိုး ဖြစ်သည် သာမက ဘုရားသခင်အပေါ် သူ၏ နာခံခြင်းနှင့် ကြောက်ရွံ့ခြင်းကို စုံစမ်းခဲ့သော ခမ်းနားသည့် ဧည့်ခံပွဲ တစ်ခုဖြစ်ခဲ့သည်။ ဤစုံစမ်းနှောင့်ယှက်ခြင်းသည် ယောဘအား သူဌေးသူကြွယ်တစ်ဦးအဖြစ် ရပ်တည်နေရာမှ ဘာမျှမရှိသောသူ တစ်စုံတစ်ဦးအဖြစ် ပြောင်းလဲခဲ့ပြီး ၎င်းသည် လူသားမျိုးနွယ်အပေါ် စာတန်၏ နှိပ်စက်ညှဉ်းပန်းမှုကိုလည်း သူ့အား ကြုံတွေ့ခံစားစေရန် အခွင့်ပေးခဲ့သည်။ သူ၏ပျက်စီးခြင်းသည် သူ့အား စာတန်ကို ရွံရှာစေခဲ့ခြင်း မရှိဘဲ သူသည် စာတန်၏ ဆိုးညစ်သော လုပ်ရပ်များထဲမှ စာတန်၏ အကျည်းတန်မှုနှင့် စက်ဆုပ်မှုတို့ကို သာမက ဘုရားသခင်အား စာတန်၏ ရန်လိုမှုနှင့် ပုန်ကန်မှုတို့ကို မြင်ခဲ့ပြီး ဤအရာသည် ဘုရားသခင်အား ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်သည့် နည်းလမ်းကို ခိုင်မြဲစွာ အစဉ်ဆုပ်ကိုင်စေရန် သူ့အား ပို၍ တိုက်တွန်းအားပေးခဲ့သည်။ သူသည် ဥစ္စာပစ္စည်း၊ သားသမီးများ သို့မဟုတ် ဆွေမျိုးရင်းချာများစသည့် ပြင်ပအကြောင်းရင်းများကြောင့် မည်သည့်အခါမျှ ဘုရားသခင်ကို စွန့်ပယ်ပြီး ဘုရားသခင်၏ လမ်းကို ကျောခိုင်းမည် မဟုတ်သည့်အပြင် စာတန်၏ ကျွန်တစ်ဦး၊ ပိုင်ဆိုင်မှု သို့မဟုတ် တစ်စုံတစ်ဦး ဖြစ်မည် မဟုတ်ဘဲ ယေဟောဝါဘုရားသခင်မှအပ မည်သူမျှ သူ၏အရှင်သခင် သို့မဟုတ် သူ၏ဘုရားသခင် ဖြစ်နိုင်မည် မဟုတ်ကြောင်း သူသစ္စာဆိုခဲ့သည်။ ယင်းတို့မှာ ယောဘ၏ ပြင်းပြသောဆန္ဒများ ဖြစ်ခဲ့သည်။ စုံစမ်းနှောင့်ယှက်ခြင်း၏ အခြားတစ်ဖက်တွင် ယောဘသည် တစ်စုံတစ်ခုကိုလည်း ရရှိခဲ့သည်၊ သူအပေါ် ဘုရားသခင်ပေးခဲ့သော စမ်းသပ်မှုများကြားတွင် ကြီးစွာသော ချမ်းသာကြွယ်ဝမှုများကို သူရခဲ့သည်။

ယောဘအတွက်မူကား ဤသည်မှာ သူ၏ စိတ်ဝိညာဉ်ကို သန့်စင်ဆေးကြောပေးသည့် စစ်မှန်သော အတွေ့အကြုံ တစ်ခု ဖြစ်ခဲ့သည်၊ ၎င်းမှာ သူ၏ ရှင်သန်ဖြစ်တည်မှုကို ပြည့်ဝစေသော အသက်ဗတ္တိဇံ တစ်မျိုး ဖြစ်သည် သာမက ဘုရားသခင်အပေါ် သူ၏ နာခံခြင်းနှင့် ကြောက်ရွံ့ခြင်းကို စုံစမ်းခဲ့သော ခမ်းနားသည့် ဧည့်ခံပွဲ တစ်ခုဖြစ်ခဲ့သည်။ ဤစုံစမ်းနှောင့်ယှက်ခြင်းသည် ယောဘအား သူဌေးသူကြွယ်တစ်ဦးအဖြစ် ရပ်တည်နေရာမှ ဘာမျှမရှိသောသူ တစ်စုံတစ်ဦးအဖြစ် ပြောင်းလဲခဲ့ပြီး ၎င်းသည် လူသားမျိုးနွယ်အပေါ် စာတန်၏ နှိပ်စက်ညှဉ်းပန်းမှုကိုလည်း သူ့အား ကြုံတွေ့ခံစားစေရန် အခွင့်ပေးခဲ့သည်။ သူ၏ပျက်စီးခြင်းသည် သူ့အား စာတန်ကို ရွံရှာစေခဲ့ခြင်း မရှိဘဲ သူသည် စာတန်၏ ဆိုးညစ်သော လုပ်ရပ်များထဲမှ စာတန်၏ အကျည်းတန်မှုနှင့် စက်ဆုပ်မှုတို့ကို သာမက ဘုရားသခင်အား စာတန်၏ ရန်လိုမှုနှင့် ပုန်ကန်မှုတို့ကို မြင်ခဲ့ပြီး ဤအရာသည် ဘုရားသခင်အား ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်သည့် နည်းလမ်းကို ခိုင်မြဲစွာ အစဉ်ဆုပ်ကိုင်စေရန် သူ့အား ပို၍ တိုက်တွန်းအားပေးခဲ့သည်။ သူသည် ဥစ္စာပစ္စည်း၊ သားသမီးများ သို့မဟုတ် ဆွေမျိုးရင်းချာများစသည့် ပြင်ပအကြောင်းရင်းများကြောင့် မည်သည့်အခါမျှ ဘုရားသခင်ကို စွန့်ပယ်ပြီး ဘုရားသခင်၏ လမ်းကို ကျောခိုင်းမည် မဟုတ်သည့်အပြင် စာတန်၏ ကျွန်တစ်ဦး၊ ပိုင်ဆိုင်မှု သို့မဟုတ် တစ်စုံတစ်ဦး ဖြစ်မည် မဟုတ်ဘဲ ယေဟောဝါဘုရားသခင်မှအပ မည်သူမျှ သူ၏အရှင်သခင် သို့မဟုတ် သူ၏ဘုရားသခင် ဖြစ်နိုင်မည် မဟုတ်ကြောင်း သူသစ္စာဆိုခဲ့သည်။ ယင်းတို့မှာ ယောဘ၏ ပြင်းပြသောဆန္ဒများ ဖြစ်ခဲ့သည်။ စုံစမ်းနှောင့်ယှက်ခြင်း၏ အခြားတစ်ဖက်တွင် ယောဘသည် တစ်စုံတစ်ခုကိုလည်း ရရှိခဲ့သည်၊ သူအပေါ် ဘုရားသခင်ပေးခဲ့သော စမ်းသပ်မှုများကြားတွင် ကြီးစွာသော ချမ်းသာကြွယ်ဝမှုများကို သူရခဲ့သည်။

ဘုရားသခင်သည် လူသား၏ အတွင်းကျဆုံး အတွေးများနှင့် လူသား ပြောသမျှနှင့် ပြုသမျှတို့ကို လေ့လာစောင့်ကြည့်မူ၏။ ယောဘ၏ အတွေးများကို ယေဟောဝါဘုရားသခင် ကြားခဲ့ပြီး သူ၏ ဆုတောင်းသံများကို ဘုရားသခင် နားထောင်ခဲ့သည်၊ ဤနည်းဖြင့် ယောဘအတွက် ဘုရားသခင်၏ နောက်ထပ် စမ်းသပ်မှုသည် မျှော်လင့်ထားခဲ့သည့်အတိုင်း ရောက်လာခဲ့ခြင်း ဖြစ်သည်။

ပြင်းထန်လွန်းသော ဒုက္ခဆင်းရဲကြားမှ လူသားမျိုးနွယ်အပေါ် ဘုရားသခင်၏ စောင့်ရှောက်မှုကို စစ်မှန်စွာ ယောဘ သဘောပေါက်လာခြင်း

ယေဟောဝါဘုရားသခင်သည် စာတန်အား မေးခွန်းများကို မေးပြီးနောက် စာတန်သည် တိတ်တဆိတ် ပျော်ခဲ့သည်။ ဤအရာမှာ အဘယ်ကြောင့်ဆိုသော် စာတန်သည် ဘုရားသခင်၏ အမြင်တွင် စုံလင်သော လူသားတစ်ဦးကို နောက်ထပ်တစ်ကြိမ် တိုက်ခိုက်ရန် အခွင့်ရရှိမည်ကို သိခြင်းကြောင့် ဖြစ်သည်၊ ၎င်းမှာ စာတန်အတွက် ကြုံတောင့်ကြုံခဲ အခွင့်အရေးတစ်ခု ဖြစ်ခဲ့သည်။ စာတန်သည် ယောဘ၏ ခံယူချက်ကို လုံးလုံးလျားလျား လျော့ပါးစေရန်၊ ဘုရားသခင်အပေါ် ယုံကြည်ခြင်း ပျက်စေကာ ဘုရားသခင်အား ဆက်လက်၍ မကြောက်ရွံ့စေရန် သို့မဟုတ် ယေဟောဝါဘုရားသခင်၏ နာမကို ကောင်းချီးပေးခြင်း မရှိတော့စေရန် ဤအခွင့်အရေးကို အသုံးပြုလိုခဲ့သည်။ ဤအရာသည် စာတန်အား အခွင့်အရေးတစ်ခုကို ပေးလိမ့်မည် ဖြစ်သည်၊ မည်သည့်အချိန် သို့မဟုတ် နေရာတွင်မဆို ၎င်းသည် ၎င်း၏ အမိန့်ပေးခြင်းအောက်တွင် ယောဘအား ကစားစရာ တစ်ခုဖြစ်အောင် လုပ်နိုင်ခဲ့လိမ့်မည် ဖြစ်သည်။ စာတန်သည် ၎င်း၏ ကောက်ကျစ်စဉ်းလဲသော အကြံအစည်များကို သဲလွန်စ မကျန်စေဘဲ ဝှက်ခဲ့သော်လည်း ၎င်းသည် ၎င်း၏ ဆိုးယုတ်သော သဘာဝကိုမူ မပေါ်လွင်အောင် ထိန်းချုပ်နိုင်ခဲ့ခြင်း မရှိပေ။ ဤအမှန်တရားသည် သမ္မာကျမ်းထဲတွင် မှတ်တမ်းတင်ခဲ့သည်နှင့်အညီ ယေဟောဝါဘုရားသခင်၏ စကားများကို အဖြေပြန်ပေးသော ၎င်း၏ အဖြေထဲတွင် အရိပ်အမြွက်ပြထားသည်၊ “ စာတန်ကလည်း၊ အရေဘို့အရေဟုဆိုသကဲ့သို့၊ လူသည်မိမိအသက်ဘို့ မိမိဥစ္စာရှိသမျှကိုပေးပါလိမ့်မည်။ ယခုတဖန် လက်တော်ကိုဆန့်၍ သူ့အရိုးနှင့် သူ့အသားကို ထိခိုက်တော်မူလျှင်၊ သူသည် မျက်မှောက်တော်၌ ကိုယ်တော်ကို စွန့်ပယ်ပါလိမ့်မည်ဟု ထာဝရဘုရားကို ပြန်လျှောက်လေ၏။” (ယောဘ၂:၄-၅) ဘုရားသခင်နှင့် စာတန်အကြား အပြန်အလှန်ပြောသော ဤစကားထဲမှ စာတန်၏ အငြိုးထားခြင်းအကြောင်း အခြေအမြစ်ရှိသော သိခြင်းနှင့် အသိတစ်ခုကိုရရန် ဖြစ်နိုင်ခြေရှိသည်။ စာတန်၏ မှားယွင်းသော ဤအတွေးများကို ကြားပြီးနောက်၊ သမ္မာတရားကို ချစ်မြတ်နိုးပြီး မကောင်းမှုကို ရွံမုန်းသောသူအားလုံးသည် စာတန်၏ ယုတ်ညံ့ခြင်းနှင့် အရှက်ကင်းမဲ့ခြင်းကို လွန်စွာ မုန်းတီးကြမည်မှာ သိသာပြီး၊ စာတန်၏ မှားယွင်းသောအတွေးများကြောင့် စိတ်ပျက်ပြီး စက်ဆုပ်ရွံ့ရှာကြလိမ့်မည်ဖြစ်၍ တစ်ချိန်တည်းတွင် ယောဘအတွက် အတွင်းကျသော ဆုတောင်းချက်များနှင့် အလွန်လေးနက်သော တောင်းဆုများကို ပေးကာ၊ ဖြောင့်မတ်သော ဤလူသားသည် စုံလင်ခြင်းကို ရနိုင်မည့်အကြောင်း ဆုတောင်း၍ ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်သော ဤလူသားသည် စာတန်၏ စုံစမ်းနှောင့်ယှက်ခြင်းများကို အစဉ် အောင်မြင်မည့်အကြောင်းနှင့် အလင်းထဲတွင် အသက်ရှင်ကာ ဘုရားသခင်၏ လမ်းပြမှုနှင့် ကောင်းချီးမင်္ဂလာများအကြားတွင် အသက်ရှင်ရမည့်အကြောင်း ဆန္ဒပြုကြသည်၊ ထို့အပြင် ယောဘ၏ ဖြောင့်မတ်သော လုပ်ဆောင်ချက်များသည် ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်သည့် နည်းလမ်းကို လေ့လာလိုက်စားသော သူအပေါင်းကို အစဉ် လှုံ့ဆော်ပေးပြီး တိုက်တွန်းအားပေးနိုင်မည့်အကြောင်း ဆန္ဒပြုကြလိမ့်မည်။ ဤထုတ်ဖော်ပြောဆိုချက်ထဲတွင် စာတန်၏ အငြိုးထားသော အကြံကို မြင်နိုင်သော်လည်း ဘုရားသခင်သည် စာတန်၏ “ တောင်းဆိုချက်” ကို အပူအပင်ကင်းစွာ ခွင့်ပြုခဲ့သော်လည်း သူ၌ သတ်မှတ်ချက်တစ်ခု ရှိခဲ့သည် “ သူသည် သင့်လက်၌ ရှိ၏။ သူ့အသက်တခုကိုသာ လွတ်စေဟုမိန့်တော်မူလျှင်။” (ယောဘ ၂:၆) အဘယ်ကြောင့်ဆိုသော် ဤတစ်ကြိမ်တွင် စာတန်သည် သူ၏လက်ကို ဆန့်တန်းကာ ယောဘ၏ ခန္ဓာကိုယ်နှင့် အရိုးများကို အန္တရာယ်ပေးရန် တောင်းဆိုခဲ့ပြီး ဘုရားသခင်က “ သူ့အသက်တခုကိုသာလွတ်စေ” ဟု ဆိုခဲ့ခြင်းကြောင့် ဖြစ်သည်။ ဤစကားများ၏ အဓိပ္ပာယ်မှာ သူသည် ယောဘ၏ ခန္ဓာကိုယ်ကို စာတန်အား ပေးခဲ့သော်လည်း သူသည် ယောဘ၏ အသက်ကို ထိန်းသိမ်းထားခဲ့ကြောင်းကို ဆိုလိုသည်။ စာတန်သည် ယောဘ၏ အသက်ကို မနုတ်ယူနိုင်ခဲ့သော်လည်း ဤအရာမှလွဲ၍ စာတန်သည် ယောဘကို အန္တရာယ်ပေးရန် မည်သည့် နည်းလမ်း သို့မဟုတ် ပုံစံမျိုးကိုမဆို အသုံးပြုနိုင်ခဲ့သည်။

ဘုရားသခင်၏ ခွင့်ပြုချက်ကို ရပြီးနောက် စာတန်သည် ယောဘထံ အလျင်အမြန် သွား၍ ၎င်း၏ လက်ကို ဆန့်ကာ သူ၏အရေပြားကို နှိပ်စက်၍ သူ၏တစ်ကိုယ်လုံး၌ ဆိုးသောအနာစိမ်းများ ပေါက်စေသဖြင့် ယောဘသည် သူ၏ အရေပြားပေါ်တွင် နာကျင်မှုကို ခံစားခဲ့ရလေ၏။ ယောဘသည် ယေဟောဝါဘုရားသခင်၏ အံ့သြဖွယ်နှင့် သန့်ရှင်းခြင်းကို ချီးမွမ်းခဲ့သည်၊ ယင်းသို့ ချီးမွမ်းခြင်းသည် စာတန်အား သူ၏ ရဲတင်းမှုကို ပို၍ပင် ပြောင်ပြောင်တင်းတင်း ကျူးလွန်ရန် အကြောင်းဖြစ်စေခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ၎င်းသည် လူသားအား နာကျင်စေရသည်ကို ဝမ်းသာသဖြင့် စာတန်သည် ၎င်း၏လက်ကိုဆန့်၍ ယောဘ၏ ခန္ဓကိုယ်ကို မွှေနှောက်ခဲ့ပြီး သူ၏ ဆိုးသောအနာစိမ်းများကို ပြည်တည်စေခဲ့သည်။ ယောဘသည် နှိုင်းယှဉ်စရာ မရှိအောင်ပင် သူ၏ ခန္ဓာကိုယ်ပေါ်၌ နာကျင်မှုနှင့် နှိပ်စက်မှုကို ချက်ချင်း ခံစားရခဲ့ပြီး သူသည် ဦးခေါင်းမှ ခြေထောက်တိုင်အောင် သူ၏ လက်ဖြင့် မနှိပ်နယ်ဘဲ မနေနိုင်ခဲ့ပေ၊ ဤသို့နှိပ်နယ်ခြင်းမှာ ဤခန္ဓာကိုယ် နာကျင်မှုမှတစ်ဆင့် သူ၏ ဝိညာဉ်အား ထိုးနှက်မှုကို သက်သာရာရစေသကဲ့သို့ ဖြစ်သည်။ ဘုရားသခင်သည် သူ၏နံဘေး၌ နေ၍ သူ့အား စောင့်ကြည့်နေကြောင်း သူသဘောပေါက်ခဲ့ပြီး သူ့ကိုယ်သူ စိတ်တင်းထားရန် အကောင်းဆုံး ကြိုးစားခဲ့သည်။ သူသည် မြေပေါ် နောက်တစ်ကြိမ် ဒူးထောက်ပြီး၊ ကိုယ်တော်သည် လူသား၏ အတွင်းစိတ်နှလုံးကို ကြည့်တော်မူ၏၊ ကိုယ်တော်သည် သူ၏ နာကျင်မှုဝေဒနာကို သိတော်မူ၏၊ သူ၏ အားနည်းခြင်းသည် ကိုယ်တော်နှင့် အဘယ်သို့ သက်ဆိုင်သနည်းဟု ဆိုခဲ့သည်။ ယေဟောဝါဘုရားသခင်၏ နာမသည် ချီးမွမ်းခြင်းခံထိုက်ပေ၏။ စာတန်သည် ယောဘ၏ သည်းမခံနိုင်လောက်သော နာကျင်မှုကို မြင်ခဲ့သော်လည်း ၎င်းသည် ယေဟောဝါဘုရားသခင်၏ နာမကို ယောဘ စွန့်ပစ်ခဲ့ခြင်းကို မမြင်ခဲ့ပေ။ ထို့ကြောင့် ၎င်းသည် ၎င်း၏ လက်ကို အလျင်အမြန် ဆန့်ကာ ယောဘ၏ အရိုးများကို နှိပ်စက်ကာ ခြေလက်အင်္ဂါ တစ်ပိုင်းနှင့် တစ်ပိုင်း ဆုတ်ဖြဲပစ်ရန် အသည်းအသန် ဖြစ်လေ၏။ ချက်ချင်းဆိုသလိုပင် ယောဘသည် မကြုံစဖူးသော နှိပ်စက်ခြင်းကို ခံစားခဲ့ရသည်၊ ထိုနှိပ်စက်ခြင်းမှာ သူ၏ ခန္ဓာကိုယ်သည် အရိုးများမှ ပြဲထွက်သည့်အလား၊ သူ၏ အရိုးများသည် အပိုင်းပိုင်း ရိုက်ချိုးခြင်းကို ခံရသည့်အလား ဖြစ်ခဲ့သည်။ မချိမဆန့်ခံစားရသော ဤနှိပ်စက်ညှဉ်းပန်းမှုသည် သူ့အား သေဆုံးခြင်းမှာ ပို၍ပင်ကောင်းကြောင်း တွေးစေခဲ့သည် … သူ၏ သည်းခံနိုင်စွမ်းသည် အဆုံးစွန်ရောက်ခဲ့ပြီး ဖြစ်သည် … သူ အော်ဟစ်လိုခဲ့သည်၊ နာကျင်မှု သက်သာစေရန် သူ၏ ကိုယ်ခန္ဓာပေါ်မှ အရေပြားကို ဆုတ်ခွာလိုခဲ့သည်၊ သို့သော် သူ၏ အော်သံများကို သူချုပ်တည်းခဲ့ပြီး သူ၏ ကိုယ်ခန္ဓာပေါ်မှ အရေပြားကို မဆုတ်ခွာခဲ့ပေ၊ အဘယ်ကြောင့်ဆိုသော် သူ၏အာနည်းချက်ကို စာတန်အား မမြင်စေလိုသောကြောင့် ဖြစ်သည်။ ထို့ကြောင့် သူနောက်ထပ်တစ်ကြိမ် ဒူးထောက်ခဲ့သော်လည်း ဤအကြိမ်တွင် သူသည် ယေဟောဝါ ဘုရားသခင်၏ မျက်မှောက်ကို မခံစားခဲ့ရပေ။ သူသည် မကြာခဏ သူ၏ အရှေ့၊ အနောက်နှင့် နံဘေးတစ်ဖက်ဖက်တွင် ရှိခဲ့ကြောင်းကို သူသိသည်။ သို့သော်လည်း သူ၏ နာကျင်မှုကာလအတွင်း ဘုရားသခင်သည် မည်သည့်အခါမျှ စောင့်ကြည့်ခဲ့ခြင်း မရှိပါ၊ သူသည် သူ၏မျက်နှာကို ကာ၍ ပုန်းကွယ်နေခဲ့သည်၊ အဘယ်ကြောင့်ဆိုသော် လူသားကို သူဖန်ဆင်းခြင်း၏ အဓိပ္ပာယ်မှာ လူသားအပေါ် ဒုက္ခဆင်းရဲကို ယူဆောင်လာရန် မဟုတ်ခြင်းကြောင့် ဖြစ်သည်။ ဤအကြိမ်တွင် ယောဘသည် ငိုကြွေးလျက်နေခဲ့ပြီး ဤရုပ်ပိုင်းဆိုင်ရာ မချိမဆံ့ဝေဒနာကို တောင့်ခံရန် သူအကောင်းဆုံး ကြိုးပမ်းနေခဲ့သော်လည်း ဘုရားသခင်အား ကျေးဇူးတော် ဆက်၍ မချီးမွမ်းဘဲ မနေနိုင်ခဲ့ပေ၊ လူသည် ပထမ ထိုးနှက်ချက်တွင် ကျဆုံးသည်၊ သူသည် အားနည်း၍ တန်ခိုး မရှိပေ၊ သူသည် ငယ်ရွယ်ပြီး ပညာမဲ့သည်၊ ကိုယ်တော်သည် အဘယ်ကြောင့် သူ့အပေါ် အလွန်ဂရုစိုက်၍ ကြင်နာရန် ဆန္ဒရှိသနည်း။ ကိုယ်တော်သည် ကျွန်ုပ်ကို ရိုက်နှက်သော်လည်း ထိုသို့ရိုက်နှက်ခြင်းသည် ကိုယ်တော့်အား စိတ်ထိခိုက်စေပြီ။ လူသားသည် ကိုယ်တော်၏ ဂရုစိုက်ခြင်းနှင့် စိုးရိမ်ခြင်းကို အဘယ်သို့ ခံထိုက်သနည်း။ ယောဘ၏ ဆုတောင်းသံများကို ဘုရားသခင်ကြားခဲ့ပြီး ဘုရားသခင်သည် နှုတ်ဆိတ်ကာ အသံမပြုဘဲ ကြည့်ရုံသာကြည့်နေခဲ့သည် …. စာအုပ်ထဲမှ လှည့်ကွက်အမျိုးမျိုးကို အချည်းနှီး စမ်းသုံးခဲ့ပြီးနောက် စာတန်သည် တိတ်ဆိတ်စွာ ထွက်သွားခဲ့လေပြီ၊ သို့သော်လည်း ဤအရာသည် ယောဘအပေါ် ဘုရားသခင်၏ စမ်းသပ်မှု၏ ဆုံးခန်းသို့ ရောက်စေခဲ့ခြင်း မရှိပေ။ ယောဘ၌ ထုတ်ဖော်ခဲ့သော ဘုရားသခင်၏ တန်ခိုးသည် လူသိရှင်ကြား မပြုခဲ့သေးခြင်းကြောင့် ယောဘ၏ ဇာတ်လမ်းသည် စာတန်၏ နောက်ဆုတ်ခြင်းဖြင့် အဆုံးမသတ်သွားခဲ့ပေ။ အခြားဇာတ်ကောင်များ ဝင်ရောက်လာခဲ့ခြင်းကြောင့် ပို၍ ခမ်းနားကြီးကျယ်သော အဖြစ်အပျက်များ မရောက်လာခဲ့သေးပေ။

ဘုရားသခင်အပေါ် ယောဘ၏ ကြောက်ရွံ့ခြင်းနှင့် မကောင်းမှုကို ရှောင်ခြင်း၏ အခြားသော သရုပ်သကန်မှာ အရာခပ်သိမ်း၌ ဘုရားသခင်၏နာမကို ထောမနာပြုခြင်း ဖြစ်သည်

စမ်းသပ်မှုကို ယောဘ ကိုင်တွယ်ဖြေရှင်းပုံ

ယောဘသည် စာတန်၏ ဖျက်ဆီးမှုဒဏ်များကို ခံစားခဲ့ရသော်လည်း သူသည် ယေဟောဝါဘုရားသခင်၏ နာမကို မစွန့်ပစ်ခဲ့ပေ။ ဦးစွာ ရှေ့သို့ ထွက်၍ ယောဘအား တိုက်ခိုက်သည့် စာတန်၏ အခန်းကဏ္ဍကို လုပ်ခဲ့သူမှာ သူ၏ဇနီး ဖြစ်ခဲ့ကြောင်းကို မြင်နိုင်သည်။ မူရင်းစာသားတွင် ဤသို့ ဖော်ပြထားသည်၊ “ ထိုအခါမယားက၊ သင်သည် ဖြောင့်မတ်သောတရားကို စွဲလမ်းသေးသလော။ ဘုရားသခင်ကို စွန့်ပယ်၍ သေလော့ဟုဆို၏။” (ယောဘ ၂:၉) ဤသည်မှာ စာတန်သည် လူသားယောင်ဆောင်၍ ပြောခဲ့သော စကားများဖြစ်သည်။ ၎င်းတို့မှာ တိုက်ခိုက်မှု၊ စွပ်စွဲမှု သာမက သွေးဆောင်ဖြားယောင်းမှု၊ စုံစိမ်းနှောင့်ယှက်မှုနှင့် မဟုတ်မမှန်ပြောဆိုမှုပင် ဖြစ်သည်။ ယောဘ၏ ခန္ဓာကိုယ်အား တိုက်ခိုက်ရာ၌ ရှုံးနိမ့်ခဲ့ပြီးနောက် စာတန်သည် ယောဘ၏ တည်ကြည်မှုကို တိုက်ရိုက် တိုက်ခိုက်ခဲ့ပြီး ဤအရာကို အသုံးပြုကာ ယောဘသည် သူ၏ တည်ကြည်မှုကို လက်လွှတ်စေရန်၊ ဘုရားသခင်ကို စွန့်လွှတ်ရန်နှင့် အသက်ရှင်ခြင်းကို ရပ်တန့်ရန် ဆန္ဒရှိခဲ့သည်။ ထိုနည်းတူပင် စာတန်သည် ယင်းကဲ့သို့ စကားများကို အသုံးပြု၍ ယောဘကို စုံစမ်းနှောင့်ယှက်လိုသည်၊ အကယ်၍ ယောဘသည် ယေဟောဝါဘုရားသခင်၏ နာမကို စွန့်ပစ်ခဲ့ပါက သူသည် ယင်းကဲ့သို့ နှိပ်စက်ညှဉ်းပန်းမှုကို တောင့်ခံရန် မလိုအပ်ဘဲ၊ ခန္ဓာကိုယ် နှိပ်စက်ညှဉ်းပန်းမှုမှ သူ့ကိုယ်သူ လွတ်မြောက်စေနိုင်ခဲ့မည် ဖြစ်သည်။ သူ၏ ဇနီးပေးသော အကြံဉာဏ်နှင့် ရင်ဆိုင်ခဲ့ရသည့် ယောဘသည် ဤသို့ဆိုကာ သူမအား အပြစ်ဖော်ပြဆုံးမခဲ့လေသည်၊ “ ယောဘကလည်း၊ မိန်းမမိုက်ပြောတတ်သကဲ့သို့ သင်သည်ပြော၏။ အဘယ်သို့နည်း။ ငါတို့သည် ဘုရားသခင်၏လက်တော်မှ သုခချမ်းသာကို ခံယူသည်ဖြစ်၍၊ ဒုက္ခဆင်းရဲကို မခံမယူရာသလောဟုဆို၏။ ယောဘသည် ဤအမှုများနှင့် တွေ့ကြုံသော်လည်း နှုတ်ဖြင့်မျှမမှားယွင်း။” (ယောဘ ၂:၁၀) ယောဘသည် ဤ စကားများကို သိခဲ့သည်မှာ ကြာပြီဖြစ်သော်လည်း ဤအချိန်တွင် ထိုစကားများအပေါ် ယောဘ၏ စစ်မှန်သော သိခြင်းကို သက်သေပြခဲ့သည်။

ဘုရားသခင်အား ကျိန်ဆဲ၍ သေရန် သူ၏ဇနီးက သူ့အား အကြံပေးသည့်အခါ၊ သူဆိုလိုသည့် အဓိပ္ပာယ်မှာ၊ သင်၏ ဘုရားသခင်သည် သင့်အား ဤကဲ့သို့ ဆက်ဆံသဖြင့် အဘယ်ကြောင့် သူ့အား မကျိန်ဆဲသနည်းဟူ၍ ဖြစ်သည်။ သင်ဆက်၍ အသက်ရှင်ကာ ဘာလုပ်မည်နည်း။ သင်၏ ဘုရားသခင်သည် သင့်အား အလွန်မတရားသော်လည်း ယေဟောဝါဘုရားသခင်၏နာမ မင်္ဂလာရှိစေသတည်းဟု သင် ဆိုသေးသည်။ သူ၏နာမကို သင်ကောင်းချီးပေးလျက်နှင့် သူသည် သင့်အပေါ် ဘေးဒုက္ခကို အဘယ်အတွက်ကြောင့် ဆောင်လာခဲ့နိုင်သနည်း။ ဘုရားသခင်၏နာမကို အလျင်အမြန်စွန့်ပြီး သူ့နောက် ဆက်၍မလိုက်နှင့်။ ဤနည်းဖြင့် သင်၏ ဒုက္ခပြဿနာများ ပြီးဆုံးလိမ့်မည်။ ဤအခိုက်အတန့်တွင် ယောဘထဲ၌ ဘုရားသခင် မြင်လိုသော သက်သေခံချက် ထွက်ခဲ့သည်။ သာမန်လူမည်သူမျှ ယင်းကဲ့သို့ သက်သေခံချက်မျိုးကို သက်သေခံနိုင်ခဲ့မည် မဟုတ်သကဲ့သို့ ၎င်းကို သမ္မာကျမ်းစာထဲမှ ဖြစ်ရပ်တစ်စုံတစ်ခုထဲ၌ ငါတို့ ဖတ်ကြရမည် မဟုတ်ပေ၊ သို့သော်လည်း ယောဘသည် ဤစကားများကို မပြောမီ ဘုရားသခင်သည် ယခင်ကတည်းက မြင်ခဲ့ပြီး ဖြစ်သည်။ ဘုရားသခင်သည် ဤအခွင့်အရေးကို အသုံးပြုရန် ဆန္ဒရှိခဲ့ရုံမျှသာဖြစ်၍ ဘုရားသခင် မှန်ကြောင်း အားလုံးကို သက်သေပြရန်အတွက် ယောဘကို အခွင့်ပေးခဲ့ခြင်း ဖြစ်သည်။ သူ၏ ဇနီးပေးသော အကြံဉာဏ်ကို ရင်ဆိုင်ခဲ့ရသည့် ယောဘသည် သူ၏ တည်ကြည်မှုကို လက်လွှတ်ခဲ့ခြင်း သို့မဟုတ် ဘုရားသခင်ကို စွန့်လွှတ်ခဲ့ခြင်း မရှိသည့်အပြင် သူ၏ ဇနီးအား၊ “ ငါတို့သည် ဘုရားသခင်၏လက်တော်မှ သုခချမ်းသာကို ခံယူသည်ဖြစ်၍၊ ဒုက္ခဆင်းရဲကို မခံမယူရာသလော” ဟူ၍လည်း ဆိုခဲ့သည်။ ဤစကားများသည် အလွန် အလေးချိန်စီးသလော။ ဤနေရာတွင် ဤစကားများ၏ အလေးချိန်ကို သက်သေပြနိုင်စွမ်းရှိသည့်အချက် တစ်ခုတည်းသာ ရှိသည်။ ဤစကားများ၏ အလေးချိန်မှာ ဘုရားသခင်သည် ထိုစကားများကို သူ၏ စိတ်နှလုံးထဲတွင် လက်ခံခဲ့ခြင်း၊ ၎င်းတို့မှာ ဘုရားသခင် တောင့်တသော အရာ ဖြစ်ခြင်း၊ ၎င်းတို့မှာ ဘုရားသခင် ကြားလိုသော အရာဖြစ်ခြင်းနှင့် ၎င်းတို့မှာ ဘုရားသခင်မြင်ရန် တောင့်တခဲ့သော ရလဒ် ဖြစ်ခြင်းပင် ဖြစ်သည်၊ ဤစကားများမှာ ယောဘ၏ သက်သေခံချက်၏ အနှစ်သာရလည်း ဖြစ်သည်။ ဤထဲတွင် ယောဘ၏ စုံလင်ခြင်း၊ ဖြောင့်မတ်ခြင်း၊ ဘုရားသခင်ကို ကြောက်ရွံ့ခြင်းနှင့် မကောင်းမှုကို ရှောင်ခြင်းတို့ကို သက်သေပြခဲ့သည်။ ယောဘ၏ အဖိုးတန်မှုသည် သူမည်သည့်အချိန်တွင်၊ မည်ကဲ့သို့ စုံစမ်းနှောင့်ယှက်ခံရခြင်းအပေါ် မူတည်ခဲ့ပြီး သူ၏ တစ်ကိုယ်လုံး၌ ဆိုးသောအနာစိမ်းများ ဖုံးလွှမ်းခဲ့သည့် အချိန်၊ အဆုံးစွန် နှိပ်စက်ညှဉ်းပန်းမှုကို သူတောင့်ခံခဲ့သည့် အချိန်နှင့် သူ၏ဇနီးနှင့် ဆွေမျိုးရင်းချာတို့က တိုက်တွန်းခဲ့သည့် အချိန်များ၌ပင်လျှင် သူသည် ယင်းကဲ့သို့ စကားများကို မြွက်ဆိုဆဲဖြစ်သည်။ ၎င်းကို အခြားနည်းဖြင့်ဆိုပါက မည်သည့် စုံစမ်းနှောင့်ယှက်မှုများ ဖြစ်ပါစေ၊ သို့မဟုတ် ဆင်းရဲဒုက္ခများ သို့မဟုတ် နှိပ်စက်ညှဉ်းပန်းမှု မည်သို့ပင် ဆိုးရွားပြင်းထန်ပါစေ၊ အကယ်၍ သေခြင်းသည် သူ့အပေါ် ရောက်လာခဲ့လျှင်လည်း သူသည် ဘုရားသခင်ကို စွန့်လွှတ်မည် သို့မဟုတ် ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်သည့် နည်းလမ်းကို ပစ်ပယ်မည် မဟုတ်ကြောင်း သူ၏ စိတ်နှလုံးထဲတွင် သူယုံကြည်ခဲ့သည်။ ထိုအခါ သူ၏ စိတ်နှလုံးထဲမှ အရေးကြီးဆုံးသော နေရာ၌ ဘုရားသခင် ရှိကြောင်းနှင့် သူ၏ စိတ်နှလုံးထဲ၌ ဘုရားသခင်သာလျှင် ရှိကြောင်း သင်မြင်ရပေမည်။ ဤအရာကြောင့် သမ္မာကျမ်းထဲတွင် ယင်းကဲ့သို့ သူ့အကြောင်း ဖော်ပြချက်များကို ဤကဲ့သို့ ဖတ်ရှုရခြင်းဖြစ်သည်၊ ဤအမှုများနှင့် တွေ့ကြုံသော်လည်း နှုတ်ဖြင့်မျှ မမှားယွင်း။ သူသည် သူ၏နှုတ်ဖြင့် မှားယွင်းခြင်း မရှိခဲ့သည်သာမက သူ၏ စိတ်နှလုံးထဲ၌လည်း ဘုရားသခင်အား ညည်းတွားခြင်း မရှိခဲ့ပေ။ ဘုရားသခင်နှင့်ပတ်သက်၍ ထိခိုက်စေသော စကားများကို သူမပြောခဲ့သည့်အပြင် ဘုရားသခင်ကို ပြစ်မှားခဲ့ခြင်း မရှိပေ။ သူ၏ပါးစပ်ဖြင့် ဘုရားသခင်၏ နာမကို ကောင်းချီးပေးခဲ့သည်သာမက သူ၏စိတ်နှလုံးဖြင့်လည်း ဘုရားသခင်၏ နာမကို ကောင်းချီးပေးခဲ့သည်၊ သူ၏ပါးစပ်နှင့် စိတ်နှလုံးတို့မှာ တစ်ထပ်တည်း ဖြစ်ခဲ့ကြသည်။ ဤသည်မှာ ဘုရားသခင် မြင်ခဲ့သော စစ်မှန်သည့် ယောဘဖြစ်၍ ဤသည်မှာ ယောဘကို ဘုရားသခင် တန်ဖိုးထားသော အကြောင်းရင်းပင် ဖြစ်ခဲ့သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ မှ

သက်ဆိုင်သည့် အကြောင်းအရာ