ဘုရားသခင်၏ စစ်ဆေးမှုများကို လက်ခံလော့၊ စာတန်၏ စုံစမ်းနှောင့်ယှက်မှုများကို အနိုင်ယူပြီး သင်၏ ဖြစ်တည်မှု တစ်ခုလုံးကို ဘုရားသခင်အား ရယူခွင့်ပေးလော့

16.03.2019

လူနှင့်သက်ဆိုင်သည့် ဘုရားသခင်၏ စွဲမြဲသော ထောက်ပံ့ခြင်းနှင့် ချီးမြှောက်ခြင်း အမှုအတောအတွင်းတွင်၊ ဘုရားသခင်သည် သူ၏ရည်ရွယ်ချက်များနှင့် သတ်မှတ်ချက်များ အလုံးစုံကို လူသားထံ ပြောပြပြီး သူ၏ လုပ်ဆောင်ချက်များ၊ စိတ်သဘောထားနှင့် သူ၏ အရာအားလုံးနှင့် ဖြစ်ခြင်းတို့ကို လူသားထံ ပြသလေသည်။ ရည်မှန်းချက်မှာ လူသားကို ဝိညာဉ်ရင့်ကျက်မှုဖြင့် အသင့်ပြင်ဆင် ပေးရန်နှင့် လူသားသည် ဘုရားသခင်၏ နောက်လိုက်နေစဉ် သူ့ထံမှ အမျိုးမျိုးသော သမ္မာတရားများကို၊ စာတန်ကို တိုက်ခိုက်ရန် လူသားကို ဘုရားသခင်က ပေးထားသည့် လက်နက်များဖြစ်သည့် သမ္မာတရားများကို ရရှိစေရန်ဖြစ်သည်။ ထိုသို့ဖြင့် အသင့်ပြင်ဆင်လျက်၊ လူသားသည် ဘုရားသခင်၏ စစ်ဆေးမှုများကို ရင်ဆိုင်ရမည် ဖြစ်သည်။ လူသားကို စစ်ဆေးရန် ဘုရားသခင်၌ နည်းလမ်းများနှင့် လမ်းကြောင်းများစွာ ရှိသော်လည်း၊ ထိုအရာများ တစ်ခုစီတိုင်းသည် ဘုရားသခင်၏ ရန်သူဖြစ်သော စာတန်၏ “ပူးပေါင်းဆောင်ရွက်မှု” ကို လိုအပ်သည်။ ဆိုလိုသည်မှာ၊ စာတန်နှင့် တိုက်ရန် လက်နက်များကို လူသားအား ပေးပြီးလျက်၊ ဘုရားသခင်သည် လူသားကို စာတန်ထံ လွှဲအပ်လိုက်ပြီး စာတန်အား လူသား၏ ဝိညာဉ်ရင့်ကျက်မှုကို “စစ်ဆေး” ခွင့်ပေးလေသည်။ အကယ်၍ လူသားသည် စာတန်၏ တိုက်ပွဲဆင်သည့် ပုံစံများထဲမှ ထိုးဖောက်နိုင်ပါက၊ သူသည် စာတန်၏ ဝန်းရံခြင်းမှ လွတ်မြောက်ပြီး အသက်ရှင်နိုင်ဆဲဖြစ်ပါက၊ လူသားသည် စစ်ဆေးမှုကို အောင်မြင် လိမ့်မည် ဖြစ်သည်။ သို့သော်လည်း အကယ်၍ လူသားသည် စာတန်၏ တိုက်ပွဲဆင်သည့် ပုံစံများထဲကို မစွန့်နိုင်သကဲ့သို့၊ စာတန်ကို အလျှော့ပေးပါက၊ သူသည် စစ်ဆေးမှုကို အောင်မြင်မည် မဟုတ်ပေ။ လူသား၏ မည်သည့် ရှုထောင့်ကို ဘုရားသခင် စစ်ဆေးသည်ဖြစ်စေ သူ၏ စစ်ဆေးခြင်း စံသတ်မှတ်ချက်များမှာ လူသားသည် စာတန်၏ တိုက်ခိုက်ခြင်းကို ခံရသည့်အချိန်တွင် သူ၏ သက်သေခံချက်၌ မြဲမြံစွာ ရပ်တည်နိုင်ခြင်း ရှိ မရှိဆိုသည်နှင့် သူသည် စာတန်၏ ကျော့ကွင်း၌ မိနေစဉ် ဘုရားသခင်ကို စွန့်ပယ်ပြီး စာတန်ထံ အရှုံးပေးအညံ့ခံခြင်း ရှိ မရှိ ဆိုသည်တို့ ဖြစ်သည်။ လူသားသည် ကယ်တင်ခံရနိုင်ခြင်း ရှိမရှိဆိုသည်မှာ သူသည် စာတန်ကို အောင်နိုင်ကာ အနိုင်ယူနိုင်ခြင်း ရှိ မရှိဆိုသည့်အပေါ် မူတည်ပြီး သူသည် လွတ်လပ်မှုကို ရနိုင်ခြင်း ရှိ မရှိဆိုသည်မှာ သူသည် စာတန်အား မျှော်လင့်ချက် လုံးလုံးလျားလျား စွန့်လွှတ်စေပြီး သူ့ကို အသာထားစေလျက်၊ စာတန်၏ ချုပ်နှောင်မှုကို ကျော်လွှားရန် ဘုရားသခင် သူ့အား ပေးထားသော လက်နက်များကို သူကိုယ်တိုင် မနိုင်စွမ်း ရှိ မရှိဆိုသည့်အပေါ် မူတည်သည်ဟု ဆိုကောင်း ဆိုနိုင်ပေသည်။ အကယ်၍ စာတန်သည် မျှော်လင့်ချက်ကို စွန့်လွှတ်ပြီး တစ်စုံတစ်ဦးအား လက်လျှော့ပါက၊ ဤသည်မှာ စာတန်သည် ဤလူအား ဘုရားသခင်ထံမှယူရန် မည်သည့်အခါမျှ တစ်ဖန် ကြိုးစားမည် မဟုတ်၊ ဤလူနှင့်ပတ်သက်၍ မည်သည့်အခါမျှ တစ်ဖန်စွပ်စွဲမည်မဟုတ်သကဲ့သို့ နှောင့်ယှက်မည် မဟုတ်၊ ၎င်းတို့အား မည်သည့်အခါမျှ တစ်ဖန် အကြောင်းမဲ့ ညှဉ်းဆဲမည် မဟုတ်၊ သို့မဟုတ် တိုက်ခိုက်မည် မဟုတ်သည်ကို ဆိုလိုပေသည်။ ဤသို့သော လူတစ်စုံတစ်ဦးသည်သာ ဘုရားသခင်၏ ရယူခြင်းကို အမှန်တကယ် ခံရပြီးဖြစ်လိမ့်မည်။ ဤသည်မှာ ဘုရားသခင်သည် လူတို့အား ရယူသည့် ဖြစ်စဉ်တစ်ခုလုံး ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင် ကိုယ်တော်တိုင် (၂)

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

ယောဘကို စာတန် နောက်ထပ်တစ်ဖန် စုံစမ်းနှောင့်ယှက်လေ၏ (ယောဘ၏ ခန္ဓာကိုယ်အနှံ့ နာကျင်သော အနာစိမ်းများ စွဲကပ်ခြင်း) (အပိုင်း ၂)

ယောဘနှင့်ပတ်သက်၍ လူတို့၏ များစွာသော နားလည်မှု လွဲမှားခြင်းများ ယောဘခံစားခဲ့ရသည့် ဆင်းရဲဒုက္ခသည် ဘုရားသခင် စေလွှတ်ခဲ့သော စေတမန်များ၏...

ယောဘအား စာတန်ထံသို့ ဘုရားသခင် လွှဲအပ်ခြင်းနှင့် ဘုရားသခင်အမှု၏ ရည်မှန်းချက်များအကြားရှိ ဆက်နွှယ်မှု

ယခုတွင် လူအများစုက ယောဘသည် စုံလင်ကာ ဖြောင့်မတ်ပြီး သူသည် ဘုရားသခင်ကို ကြောက်ရွံ့ကာ မကောင်းမှု ရှောင်ကြဉ်သည်ကို အသိအမှတ်ပြုကြသော်လည်း၊...

နောင်မျိုးဆက်များကို ယောဘ၏ သက်သေခံချက်က ပေးသည့် သတိပေးချက်နှင့် အသိဉာဏ်ပွင့်လင်းခြင်း

ဘုရားသခင်က တစ်စုံတစ်ဦးကို လုံးလုံးလျားလျား ရယူသော ဖြစ်စဉ်ကို နားလည်သည်နှင့် တစ်ချိန်တည်းတွင်၊ ယောဘကို စာတန်ထံ ဘုရားသခင် အပ်နှံခြင်း၏...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။