ယောဘသည် ဘုရားသခင်အကြောင်းကို နားနှင့်ကြားရ၏ (အပိုင်း ၁)

16.03.2019

ယောဘ ၉:၁၁ ငါ့ရှေ့မှာကြွတော်မူ၍ ကိုယ်တော်ကိုငါမမြင်ရ။ လျှောက်သွားတော်မူ၍ ကိုယ်တော်ကို ငါမရိပ်မိရ။

ယောဘ ၂၃:၈-၉ ယခုမူကား၊ ငါတက်လျှင် ဘုရားသခင်ရှိတော်မမူ။ ဆုတ်လျှင် ကိုယ်တော်ကို မရိပ်မိ၊ လုပ်တော်မူရာ လက်ဝဲဘက်သို့သွားလျှင် ကိုယ်တော်ကို မဖူးမတွေ့ရ။ လက်ျာဘက်၌ ပုန်းရှောင်လျက် နေတော်မူသောကြောင့်၊ ကိုယ်တော်ကို မမြင်ရ။

ယောဘ ၄၂:၂-၆ ကိုယ်တော်သည် အလုံးစုံတို့ကို တတ်နိုင်တော်မူ ကြောင်းကို၎င်း၊ အကြံအစည်တော်ကို အဘယ်သူမျှ မဆီးတား နိုင်ကြောင်းကို၎င်း အကျွန်ုပ်သိပါ၏။ ပညာမရှိဘဲ အကြံအစည်တော်ကို မိုက်စေသော သူကားအဘယ်သူနည်း။ သို့ရာတွင် အကျွန်ုပ်သည် နားမလည်သောအရာတို့ကို၎င်း၊ ကိုယ်တိုင်မသိ၊ အံ့ဩ၍ မကုန်နိုင်သော အရာတို့ကို၎င်း ပြောမိပါပြီ။ နားထောင်တော်မူပါ။ အကျွန်ုပ်လျှောက်ပါမည်။ အကျွန်ုပ်မေးလျှောက်သော အရာတို့ကို သွန်သင်တော်မူပါ။ သတင်းတော်ကို အကျွန်ုပ်သည် နားနှင့်ကြားဖူး ပါပြီ။ ယခုမူကား၊ ကိုယ်တော်ကို မျက်စိနှင့်မြင်ရပါ၏။ ထို့ကြောင့် အကျွန်ုပ်သည် ကိုယ်ကိုရွံရှာပါ၏။ မြေမှုန့်နှင့် မီးဖိုပြာ၌ထိုင်၍ နောင်တရပါ၏။

ဘုရားသခင်သည် သူ့ကိုယ်သူ ယောဘထံ ထုတ်ဖော်မပြခဲ့သော်လည်း၊ ယောဘသည် ဘုရားသခင်၏ အချုပ်အခြာအာဏာကို ယုံကြည်၏

ဤစကားများ၏ ဆိုလိုရင်းမှာ အဘယ်နည်း။ ဤနေရာတွင် အမှန်တရားတစ်ခု ရှိသည်ကို သင်တို့ထဲမှ တစ်ဦးတစ်လေက သဘောပေါက်ပြီးပြီလော။ ပထမဦးစွာ ဘုရားသခင် တစ်ပါးရှိသည်ကို ယောဘ မည်ကဲ့သို့ သိရှိခဲ့သနည်း။ ထို့နောက် ကောင်းကင်၊ မြေကြီးနှင့် အရာခပ်သိမ်းအား ဘုရားသခင် အုပ်စိုးသည်ကို သူ မည်သို့ သိရှိခဲ့သနည်း။ ဤမေးခွန်းနှစ်ခုကို အဖြေပေးသော ကျမ်းပိုဒ်တစ်ပိုဒ် ရှိသည်- “သတင်းတော်ကို အကျွန်ုပ်သည် နားနှင့်ကြားဖူး ပါပြီ။ ယခုမူကား၊ ကိုယ်တော်ကို မျက်စိနှင့်မြင်ရပါ၏။ ထို့ကြောင့် အကျွန်ုပ်သည် ကိုယ်ကိုရွံရှာပါ၏။ မြေမှုန့်နှင့်မီးဖိုပြာ၌ထိုင်၍ နောင်တရပါ၏။” ယောဘသည် ဘုရားသခင်ကို သူ၏မျက်စိဖြင့် မြင်ဖူးခြင်းထက်၊ ဘုရားသခင်အကြောင်းကို ဒဏ္ဍာရီမှ လေ့လာသိရှိခဲ့သည်ကို ဤနှုတ်ကပတ်တော်များမှ ငါတို့သိရသည်။ ဘုရားသခင် နောက်လိုက်လျှောက်သော လမ်းကြောင်းကို သူစတင် လျှောက်လှမ်းခဲ့သည်မှာ ဤအခြေအနေများအောက်၌ ဖြစ်ခဲ့သည်၊ ယင်းနောက်တွင် သူသည် သူ၏အသက်တာထဲနှင့် အရာခပ်သိမ်း အလယ်တွင် ဘုရားသခင်၏ တည်ရှိခြင်းကို သူအတည်ပြုခဲ့သည်။ ဤနေရာ၌ မငြင်းနိုင်သော အမှန်တရား တစ်ခုရှိသည်- ထိုအမှန်တရား အဘယ်နည်း။ ဘုရားသခင်ကို ကြောက်ရွံ့ခြင်းနှင့် မကောင်းမှုကို ရှောင်ကြဉ်ခြင်း လမ်းခရီးကို လိုက်လျှောက်နိုင်ခြင်းရှိသော်လည်း၊ ယောဘသည် ဘုရားသခင်ကို မည်သည့်အခါမျှ မမြင်ဖူးခဲ့ပေ။ ဤအရာ၌ သူသည် ယနေ့ခေတ် လူများနှင့် တူညီခဲ့သည် မဟုတ်လော။ ယောဘသည် ဘုရားသခင်ကို မည်သည့်အခါမျှ မမြင်ဖူးခဲ့ပေ၊ ယင်း၏ ဆိုလိုချက်မှာ သူသည် ဘုရားသခင်အကြောင်းကို ကြားဖူးခဲ့သော်လည်း၊ ဘုရားသခင် မည်သည့်နေရာ၌ ရှိခဲ့သည် သို့မဟုတ် ဘုရားသခင် မည်ကဲ့သို့ရှိသည် သို့မဟုတ် ဘုရားသခင် မည်သည့်အရာ လုပ်ဆောင်နေခဲ့သည်ကို သူမသိခဲ့ပေ။ ဤအရာအားလုံးသည် ဓမ္မဓိဌာန်မကျသော အကြောင်းရင်းများ ဖြစ်သည်။ ဓမ္မဓိဌာန်ကျကျ ပြောရလျှင်၊ သူသည် ဘုရားသခင်နောက်သို့ လိုက်လျှောက်ခဲ့သော်လည်း၊ ဘုရားသခင်သည် သူ့ထံ မည်သည့်အခါမျှ ပေါ်ထွန်းခဲ့ခြင်းမရှိပေ သို့မဟုတ် သူ့ကို စကားပြောခဲ့ခြင်း မရှိပေ။ ဤသည်မှာ အဖြစ်မှန်တစ်ခု ဖြစ်သည် မဟုတ်လော။ ဘုရားသခင်သည် ယောဘကို စကားမပြောခဲ့ဖူးသော်လည်း သို့မဟုတ် ယောဘကို အမိန့်တစ်ခုတစ်လေ မပေးဖူးခဲ့သော်လည်း၊ ယောဘသည် ဘုရားသခင်၏ တည်ရှိခြင်းကို မြင်ခဲ့ပြီးဖြစ်ကာ အရာခပ်သိမ်း အလယ်နှင့် သူ၏နားဖြင့် ဘုရားသခင်အကြောင်း ကြားခဲ့ဖူးသော ဒဏ္ဍာရီထဲမှ ဘုရားသခင်၏ အချုပ်အခြာအာဏာကို ရှုမြင်ခဲ့ရပြီး ဖြစ်သည်၊ ယင်းနောက်တွင် သူသည် ဘုရားသခင်ကို ကြောက်ရွံ့ခြင်းနှင့် မကောင်းမှုကို ရှောင်ကြဉ်ခြင်း အသက်တာကို စတင်ခဲ့လေသည်။ ယင်းမှာ ဘုရားသခင်နောက်သို့ ယောဘ လိုက်လျှောက်ခဲ့သည့် ဇာစ်မြစ်များနှင့် ဖြစ်စဉ်တို့ ဖြစ်ခဲ့ပေသည်။ သို့သော် သူသည် ဘုရားသခင်ကို မည်သို့ ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်ခဲ့သည်ဖြစ်စေ၊ သူ၏ တည်ကြည်မှုကို မည်မျှ ခိုင်မြဲစွာ သူ ထိန်းသိမ်းခဲ့ပါစေ၊ ဘုရားသခင်သည် သူ့ထံ လုံးဝ မပေါ်ထွန်းခဲ့ပေ။ ဤကျမ်းပိုဒ်ကို ဖတ်ကြပါစို့။ သူက၊ “ငါ့ရှေ့မှာကြွတော်မူ၍ ကိုယ်တော်ကိုငါမမြင်ရ။ လျှောက်သွားတော်မူ၍ ကိုယ်တော်ကို ငါမရိပ်မိရ။” (ယောဘ ၉:၁၁) ဟူ၍ ဆိုခဲ့သည်။ ဤနှုတ်ကပတ်တော်များက ဆိုနေသောအရာမှာ ယောဘသည် သူ၏ အနီးအနားတွင် ဘုရားသခင်ကို ခံစားရကောင်း ခံစားရမည် သို့မဟုတ် ခံစားရကောင်းခံစားရမည်မဟုတ်- သို့သော်လည်း သူသည် ဘုရားသခင်ကို မည်သည့်အခါမျှ မြင်ဖူးခြင်း မရှိနိုင်ခဲ့ပေ။ ဘုရားသခင်သည် သူ၏ရှေ့၌ ဖြတ်သွားခြင်း သို့မဟုတ် လုပ်ဆောင်နေခြင်း သို့မဟုတ် လူသားကို လမ်းပြနေခြင်းအား သူစိတ်ကူးမိခဲ့သည့် အချိန်များ ရှိခဲ့သော်လည်း၊ မည်သည့်အခါမျှ သူ မသိခဲ့ဖူးပေ။ ဘုရားသခင်သည် လူသားအပေါ် လူသား မမျှော်လင့်ထားသည့် အချိန်၌ ကြွလာတတ်သည်။ လူသားသည် သူ့ထံ ဘုရားသခင် မည်သည့်အချိန်၌ ကြွလာသည်ကို သို့မဟုတ် သူ့အပေါ် မည်သည့်နေရာတွင် ကြွလာသည်ကို မသိပေ။ အဘယ့်ကြောင့်ဆိုသော် လူသားသည် ဘုရားသခင်ကို မမြင်နိုင်သောကြောင့်ဖြစ်ပြီး၊ ထိုကြောင့် လူသားအဖို့ ဘုရားသခင်သည် သူ့ထံမှ ကွယ်ဝှက်လေသည်။

ဘုရားသခင်၌ ယောဘ၏ ယုံကြည်ခြင်းသည် ဘုရားသခင်က သူ့ထံမှ ကွယ်ဝှက်သည်ဟူသော အချက်အားဖြင့် တုန်လှုပ်ခြင်း မရှိပေ

သမ္မာကျမ်း၏ အောက်ပါကျမ်းပိုဒ်တွင်၊ ထိုအခါ ယောဘက၊ “ယခုမူကား၊ ငါတက်လျှင် ဘုရားသခင်ရှိတော်မမူ။ ဆုတ်လျှင် ကိုယ်တော်ကို မရိပ်မိ၊ လုပ်တော်မူရာ လက်ဝဲဘက်သို့သွားလျှင် ကိုယ်တော်ကို မဖူးမတွေ့ရ။ လက်ျာဘက်၌ ပုန်းရှောင်လျက် နေတော်မူသောကြောင့်၊ ကိုယ်တော်ကိုမမြင်ရ။” (ယောဘ ၂၃:၈-၉) ဟု ဆိုလေသည်။ ဤဖြစ်စဉ်၌၊ ယောဘ၏ အတွေ့အကြုံများတွင် ဘုရားသခင်သည် တစ်လျှောက်လုံး သူ့အဖို့ ပုန်းကွယ်ခဲ့ပြီးဖြစ်သည်ကို ငါတို့သိရသည်။ ဘုရားသခင်သည် သူ့ထံ ပွင့်ပွင့်လင်းလင်း ပေါ်မလာခဲ့ဖူးသကဲ့သို့၊ သူ့အား စကားတစ်ခွန်းကိုမျှ ပွင့်ပွင့်လင်းလင်း မပြောခဲ့ဖူးပေ၊ သို့သော် သူ၏ စိတ်နှလုံးထဲ၌ ယောဘသည် ဘုရားသခင်၏ တည်ရှိခြင်းနှင့်သက်ဆိုင်၍ စိတ်ချယုံကြည်ခဲ့သည်။ ဘုရားသခင်သည် သူ၏ရှေ့၌ လျှောက်လှမ်းနေနိုင်သည်၊ သို့မဟုတ် သူ၏နံဘေး၌ အရေးယူဆောင်ရွက်နေနိုင်ပြီး၊ ဘုရားသခင်ကို သူမမြင်နိုင်ခဲ့သော်လည်း၊ ဘုရားသခင်သည် သူနှင့်ပတ်သက်သမျှ အရာရာတိုင်းကို အုပ်စိုးရင်း သူ၏ဘေး၌ ရှိခဲ့သည်ဟု အမြဲ ယုံကြည်ခဲ့သည်။ ယောဘသည် ဘုရားသခင်ကို မည်သည့်အခါမျှ မမြင်ခဲ့ဖူးသော်လည်း၊ သူ၏ ယုံကြည်ခြင်းအတိုင်း နေနိုင်ခဲ့သည်၊ ယင်းမှာ အခြားမည်သည့်လူမျှ မလုပ်ဆောင်နိုင်ခဲ့သည့် အရာ ဖြစ်သည်။ အဘယ်ကြောင့် ယင်းကို အခြားလူများ မလုပ်နိုင်ခဲ့သနည်း။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်သည် ယောဘထံ စကားမပြောခဲ့သောကြောင့် သို့မဟုတ် သူ့ထံ ပေါ်မလာခဲ့သောကြောင့် ဖြစ်ပြီး၊ အကယ်၍ သူသည် အမှန်တကယ် မယုံကြည်ခဲ့ဖူးပါက၊ သူရှေ့ဆက်သွားနိုင်ခဲ့မည် မဟုတ်သကဲ့သို့ ဘုရားသခင်ကို ကြောက်ရွံ့ခြင်းနှင့် မကောင်းမှုကို ရှောင်ကြဉ်ခြင်း လမ်းခရီးကို မြဲမြံစွာ ထိန်းထားနိုင်ခဲ့မည် မဟုတ်ပေ။ ဤသည်မှာ မှန်သည် မဟုတ်လော။ ယောဘက ဤစကားများ ပြောနေသည်ကို သင်ဖတ်ရသည့်အခါ မည်ကဲ့သို့ ခံစားရသနည်း။ ယောဘ၏ စုံလင်ခြင်းနှင့် ဖြောင့်မတ်ခြင်း၊ ပြီးလျှင် ဘုရားသခင်ရှေ့၌ သူ၏ဖြောင့်မတ်ခြင်းတို့မှာ စစ်မှန်ပြီး ဘုရားသခင်ဘက်မှ ပုံကြီးချဲ့ပြောခြင်းတစ်ခု မဟုတ်သည်ကို သင် ခံစားရသလော။ ဘုရားသခင်သည် ယောဘအား အခြားလူများနည်းတူ ဆက်ဆံခဲ့ပြီး သူ့ထံ ပေါ်မလာခဲ့သော်လည်း သို့မဟုတ် စကားမပြောခဲ့သော်လည်း၊ ယောဘသည် သူ၏တည်ကြည်မှုကို ဆက်၍ မြဲမြံစွာ ထိန်းသိမ်းဆဲဖြစ်ခဲ့သည်၊ ဘုရားသခင်၏ အချုပ်အခြာအာဏာကို ယုံကြည်ဆဲဖြစ်ခဲ့သည့်အပြင်၊ ဘုရားသခင်ကို ပြစ်မှားမိမည်ကို သူ၏ ကြောက်ရွံ့မှု အကျိုးဆက်အနေဖြင့် ဘုရားသခင်ရှေ့၌ မီးရှို့ရာယဇ်များကို မကြာခဏ ပူဇော်ဆက်ကပ်ကာ ဆုတောင်းခဲ့သည်။ ဘုရားသခင်ကို မမြင်ရဘဲ ဘုရားသခင်အား ယောဘ၏ ကြောက်ရွံ့နိုင်စွမ်းတွင်၊ သူသည် အပြုသဘောဆောင်သော အရာများကို မည်မျှ ချစ်မြတ်နိုးသည်ဆိုသည်နှင့် သူ၏ယုံကြည်ခြင်းက မည်မျှ ခိုင်မာပြီး စစ်မှန်သည်ကို ငါတို့မြင်ကြရသည်။ ဘုရားသခင်သည် သူ့ထံမှ ပုန်းကွယ်ခဲ့သောကြောင့်၊ ဘုရားသခင်၏ တည်ရှိမှုကို သူ မငြင်းပယ်ခဲ့သကဲ့သို့၊ ဘုရားသခင်ကို မည်သည့်အခါမျှ မမြင်ခဲ့ဖူးသောကြောင့်၊ သူ၏ယုံကြည်ခြင်းကို မဆုံးရှုံးခဲ့သကဲ့သို့ ဘုရားသခင်ကို မစွန့်ပစ်ခဲ့ပေ။ ယင်းအစား အရာခပ်သိမ်းအပေါ် အုပ်စိုးခြင်းနှင့်သက်ဆိုင်သည့် ဘုရားသခင်၏ ကွယ်ဝှက်သော အမှုအလယ်တွင် ဘုရားသခင်၏ တည်ရှိခြင်းကို သူ နားလည်ခဲ့ပြီး ဖြစ်ကာ ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် တန်ခိုးကို ခံစားခဲ့ရပြီး ဖြစ်သည်။ ဘုရားသခင် ပုန်းကွယ်ခဲ့သောကြောင့် ဖြောင့်မတ်ခြင်း အပေါ် သူလက်မလျှော့ခဲ့သာမက၊ ဘုရားသခင်သည် မည်သည့်အခါမျှ သူ့ထံ မပေါ်ထွန်းခဲ့သောကြောင့် ဘုရားသခင်ကို ကြောက်ရွံ့ခြင်းနှင့် မကောင်းမှု ရှောင်ကြဉ်ခြင်း လမ်းခရီးကို သူမစွန့်ပယ်ခဲ့ပေ။ ယောဘသည် အရာခပ်သိမ်း၏အလယ်၌ ဘုရားသခင်၏ အချုပ်အခြာ အာဏာကို ရှုမြင်ခဲ့နှင့်ပြီးဖြစ်သကဲ့သို့ သူသည် အခြားသူများ မရခဲ့ဖူးသည့် ကောင်းချီးမင်္ဂလာများနှင့် ကျေးဇူးတော်များကို ရရှိခဲ့ပြီးဖြစ်သည်ဟု ယုံကြည်ခဲ့သည့်အတွက်၊ ဘုရားသခင်၏ တည်ရှိမှုကို သက်သေပြရန် ဘုရားသခင်အား သူ့ထံ ပွင့်လင်းစွာ ပေါ်ထွန်းလာဖို့ မည်သည့်အခါမျှ သူ မတောင်းဆိုခဲ့ပေ။ ဘုရားသခင်သည် ယောဘထံမှ ကွယ်ဝှက်မြဲကွယ်ဝှက် နေခဲ့သော်လည်း၊ ဘုရားသခင်၌ ယောဘ၏ ယုံကြည်ခြင်းသည် မည်သည့်အခါမျှ မတုန်လှုပ်ခဲ့ပေ။ ထို့ကြောင့် သူသည် အခြားသူများ မရိတ်သိမ်းခဲ့ဖူးသည့် ဘုရားသခင်၏ လက်ခံခြင်းနှင့် ဘုရားသခင်၏ ကောင်းချီးမင်္ဂလာကို ရိတ်သိမ်းခဲ့ရပေသည်။

ယောဘသည် ဘုရားသခင်၏ နာမကို ကောင်းချီးပေးပြီး ကောင်းချီးမင်္ဂလာများ သို့မဟုတ် ဘေးဒုက္ခ အကြောင်း မတွေးပေ

သမ္မာကျမ်းစာထဲရှိ ယောဘ၏ အဖြစ်အပျက်များကို မည်သည့်အခါမျှ ရည်ညွှန်းခဲ့ခြင်း မရှိသော အမှန်တရား တစ်ခုရှိပြီး၊ ဤအမှန်တရားမှာ ယနေ့ ငါတို့အာရုံပြုမည့်အရာ ဖြစ်သည်။ ယောဘသည် ဘုရားသခင်ကို မည်သည့်အခါမျှ မမြင်ခဲ့ဖူးသော်လည်း သို့မဟုတ် သူ၏ နားဖြင့် ဘုရားသခင်၏ စကားများကို မကြားခဲ့ဖူးသော်လည်း၊ ဘုရားသခင်သည် ယောဘ၏ စိတ်နှလုံးထဲ၌ နေရာတစ်ခု ရှိခဲ့သည်။ ဘုရားသခင်အပေါ် ယောဘ၏ သဘောထားမှာ အဘယ်အရာဖြစ်ခဲ့သနည်း။ ယင်းမှာ ယခင်က ရည်ညွှန်း ခဲ့သည့်အတိုင်း၊ “ယေဟောဝါ၏ နာမတော်သည် မင်္ဂလာရှိပါစေ။” ဟူ၍ ဖြစ်သည်။ ဘုရားသခင်၏နာမကို သူ၏ကောင်းချီးပေးခြင်းသည် ခြွင်းချက်မရှိပေ၊ မည်သည့် အခြေအနေတွင်မဆို ဖြစ်ပြီး၊ မည်သည့်အကြောင်းရင်းဖြင့်မျှ ဘောင်ခတ်မထားပေ။ ယောဘသည် ဘုရားသခင်အား ထိန်းချုပ်ခွင့်ပေးလျက် သူ၏စိတ်နှလုံးကို ပေးခဲ့သည်ကို ငါတို့မြင်ရသည်။ သူတွေးသမျှ၊ သူဆုံးဖြတ်သမျှနှင့် သူ၏စိတ်နှလုံးထဲ၌ သူကြံစည်သမျှအားလုံးသည် ဘုရားသခင်အဖို့ ဖွင့်ချထားခဲ့ပြီး ဘုရားသခင်ထံမှ ပိတ်ပင်မထားခဲ့ပေ။ သူ၏ စိတ်နှလုံးသည် ဘုရားသခင်ကို မဆန့်ကျင်ခဲ့သကဲ့သို့၊ ဘုရားသခင်အား သူ့အတွက် တစ်ခုတစ်လေ လုပ်ဆောင်ပေးရန် သို့မဟုတ် သူ့အား တစ်ခုတစ်လေ ပေးရန် မည်သည့်အခါမျှ မတောင်းဆိုခဲ့ပေ၊ ပြီးလျှင် ဘုရားသခင်အား သူ၏ကိုးကွယ်ခြင်းမှ တစ်ခုတစ်လေကို ရရှိမည်ဟူသော လွန်ကဲသည့် အလိုဆန္ဒများကို သူ သိုထားခြင်း မရှိခဲ့ပေ။ ယောဘသည် ဘုရားသခင်နှင့် အပေးအယူစကားများ မပြောခဲ့သကဲ့သို့၊ ဘုရားသခင်အပေါ် တောင်းခံချက်များနှင့် တောင်းဆိုချက်များ မပြုလုပ်ခဲ့ပေ။ ဘုရားသခင်၏နာမကို သူ၏ချီးမွမ်းခြင်းသည် အရာခပ်သိမ်းကို အုပ်စိုးခြင်းထဲက ဘုရားသခင်၏ ကြီးမြတ်သော တန်ခိုးနှင့် ဩဇာအာဏာကြောင့် ဖြစ်ခဲ့ပြီး၊ ယင်းသည် ကောင်းချီးမင်္ဂလာများကို သူရခဲ့ခြင်း ရှိမရှိ သို့မဟုတ် ဘေးဒုက္ခ ဆိုက်ရောက်သည်ကို ခံခဲ့ရခြင်း ရှိမရှိဆိုသည့်အပေါ် မမူတည်ခဲ့ပေ။ ဘုရားသခင်သည် လူတို့အား ကောင်းချီးပေးသည် ဖြစ်စေ၊ ၎င်းတို့အပေါ် ဘေးဒုက္ခ ကျရောက်စေသည်ဖြစ်စေ၊ ဘုရားသခင်၏ တန်ခိုးနှင့် ဩဇာအာဏာသည် ပြောင်းလဲလိမ့်မည် မဟုတ်သကဲ့သို့ ထိုသို့ဖြင့်၊ လူတစ်ဦး၏ အခြေအနေများကို ပဓာနမထားဘဲ၊ ဘုရားသခင်၏ နာမကို ချီးမွမ်းသင့်သည်ဟု သူ ယုံကြည်ခဲ့သည်။ လူသားသည် ဘုရားသခင်၏ ကောင်းချီးမင်္ဂလာကို ခံစားရသည်မှာ ဘုရားသခင်၏ အချုပ်အခြာအာဏာကြောင့် ဖြစ်ပြီး လူသားအပေါ် ဘေးဒုက္ခ ကျရောက်သည့်အခါတွင်လည်း ယင်းမှာ ဘုရားသခင်၏ အချုပ်အခြာ အာဏာကြောင့် ဖြစ်ပေသည်။ ဘုရားသခင်၏ တန်ခိုးနှင့် ဩဇာအာဏာသည် လူသားနှင့်ပတ်သက်သည့် အရာရာတိုင်းအပေါ် အုပ်စိုးပြီး ပြင်ဆင်၏။ လူသား ကံကြမ္မာ၏ မတည်တံ့ခြင်းများမှာ ဘုရားသခင်၏ တန်ခိုးနှင့် ဩဇာအာဏာတို့၏ သရုပ်သကန်များ ဖြစ်ကြပြီး၊ တစ်ဦးတစ်ယောက်၏ အမြင်ကို ပဓာနမထားဘဲ၊ ဘုရားသခင်၏ နာမကို ချီးမွမ်းသင့်ပေသည်။ ဤသည်မှာ ယောဘသည် သူ၏ အသက်တာ နှစ်ကာလများအတွင်းတွင် တွေ့ကြုံခံစားခဲ့ပြီး သိရှိလာခဲ့သည့် အရာ ဖြစ်သည်။ ယောဘ၏ အတွေးများနှင့် လုပ်ရပ်အားလုံးသည် ဘုရားသခင်၏ နားသို့ရောက်ရှိခဲ့ပြီး ဘုရားသခင်ရှေ့သို့ ရောက်ရှိခဲ့ကာ ဘုရားသခင်က အရေးကြီးသည်ဟု မြင်ခဲ့သည်။ ဘုရားသခင်သည် ယောဘ၏ ဤအသိပညာကို မြတ်နိုးခဲ့ပြီး ထိုသို့သော စိတ်နှလုံး တစ်ခုရှိခြင်းအတွက် ယောဘကို တန်ဖိုးထားခဲ့သည်။ ဤစိတ်နှလုံးသည် ဘုရားသခင်၏ အမိန့်ကို အမြဲတစေ စောင့်ဆိုင်းခဲ့ပြီး နေရာအားလုံးနှင့် မည်သည့်အချိန် သို့မဟုတ် မည်သည့်နေရာတွင်ဖြစ်စေ ယင်းသည် သူ့အပေါ် ကျရောက်သည့် အရာမှန်သမျှကို လက်ခံကြိုဆိုခဲ့သည်။ ယောဘသည် ဘုရားသခင်အပေါ် မည်သည့်တောင်းဆိုချက်မျှ မပြုခဲ့ပေ။ မိမိကိုယ်ကိုယ် သူတောင်းဆိုခဲ့သည်မှာ ဘုရားသခင်ထံမှလာသော အစီအစဉ်အားလုံးကို စောင့်ဆိုင်းရန်၊ လက်ခံရန်၊ ရင်ဆိုင်ရန်နှင့် ကျိုးနွံနာခံရန်ဖြစ်သည်။ ဤသည်မှာ သူ၏တာဝန်ဖြစ်သည်ဟု ယောဘယုံကြည်ခဲ့ပြီး ယင်းမှာ ဘုရားသခင် အလိုရှိခဲ့သောအရာ အတိအကျ ဖြစ်ခဲ့ပေသည်။ ယောဘသည် ဘုရားသခင်ကို တစ်ကြိမ်တစ်ခါမျှ မြင်ဖူးခဲ့ခြင်း မရှိသကဲ့သို့၊ စကားတစ်ခွန်းတစ်လေ သူပြောသည်ကို၊ အမိန့်တစ်ခုတစ်လေ သူထုတ်ပြန်သည်ကို၊ သွန်သင်ချက် တစ်ခုတစ်လေ သူပေးသည်ကို သို့မဟုတ် သူ့အား တစ်ခုတစ်လေ ညွှန်ကြားသည်ကို ကြားခဲ့ဖူးခြင်းလည်း မရှိပေ။ ယနေ့ စကားများဖြင့်၊ ဘုရားသခင်သည် သူ့အား သမ္မာတရားနှင့် စပ်လျဉ်းသည့် အသိဉာဏ်ပွင်းလင်းစေခြင်း၊ လမ်းပြခြင်း သို့မဟုတ် ထောက်ပံ့မှုတို့ကို မပေးခဲ့ချိန်တွင် သူ့အတွက် ထိုသို့သော အသိပညာတစ်ခုနှင့် ဘုရားသခင်အပေါ် သဘောထားကို ပိုင်ဆိုင်နိုင်ဖို့ဆိုသည်မှာ- ဤသည်မှာ အဖိုးထိုက်ပြီး သူ့အတွက်မူကား ထိုသို့သော အရာများကို ထင်ရှားစေခြင်းသည် ဘုရားသခင်အတွက် လုံလောက်ခဲ့ပြီး သူ၏ သက်သေခံချက်သည် ဘုရားသခင်၏ ချီးကျူးခြင်းနှင့် ဘုရားသခင်၏ မြတ်နိုးခြင်းကို ခံခဲ့ရလေသည်။ ယောဘသည် ဘုရားသခင်ကို တစ်ကြိမ်တစ်ခါမျှ မြင်ခဲ့ဖူးခြင်း မရှိ သို့မဟုတ် သူ့ထံ ဘုရားသခင်က ကိုယ်တိုင်ကိုယ်ကျ သွန်သင်ချက် တစ်ခုတစ်လေကို ဖွင့်ဟပြောဆိုခြင်းကို ကြားခဲ့ဖူးခြင်း မရှိသော်လည်း၊ ဘုရားသခင်အတွက် သူ၏ စိတ်နှလုံးနှင့် သူကိုယ်တိုင်သည် ဘုရားသခင်ရှေ့တွင် အလွန်လေးနက်သော သဘောတရားအရသာ ပြောဆိုနိုင်သောသူများ၊ ဝါကြွားရုံသာဝါကြွားနိုင်သောသူများနှင့် ယဇ်များကို ပူဇော်ခြင်း အကြောင်း ပြောသော်လည်း၊ ဘုရားသခင်နှင့်သက်ဆိုင်သည့် စစ်မှန်သော အသိပညာ လုံးဝ မရှိခဲ့ဖူးသကဲ့သို့၊ ဘုရားသခင်ကို မည်သည့်အခါမှ အမှန်တကယ် မကြောက်ရွံ့ခဲ့ဖူးသောသူများထက် သာ၍ပင် အဖိုးထိုက်တန် ခဲ့ပေသည်။ အကြောင်းမှာ ယောဘ၏ စိတ်နှလုံးသည် ဖြူစင်ခဲ့ပြီး ဘုရားသခင်ထံမှ မကွယ်ဝှက်ခဲ့သကဲ့သို့၊ သူ၏လူ့သဘာဝသည် ရိုးသားပြီး ကြင်နာစိတ်ရှိကာ တရားမျှတမှုနှင့် အပြုသဘောဆောင်သော အရာကို နှစ်သက်ခဲ့သောကြောင့် ဖြစ်သည်။ ထိုသို့သော စိတ်နှလုံးနှင့် လူ့သဘာဝကို ပိုင်ဆိုင်ထားခဲ့သော ဤကဲ့သို့ လူသားတစ်ဦးတည်းသာ ဘုရားသခင်၏ လမ်းခရီးနောက်သို့ လိုက်နိုင်ပြီး ဘုရားသခင်ကို ကြောက်ရွံ့ကာ မကောင်းမှုကို ရှောင်ကြဉ်နိုင်စွမ်းရှိခဲ့ပေသည်။ ထိုသို့သော လူသား တစ်ဦးသည် ဘုရားသခင်၏ အချုပ်အခြာအာဏာကို မြင်နိုင်မည်ဖြစ်သည်၊ သူ၏ ကြဇာအာဏာနှင့် တန်ခိုးကို မြင်နိုင်မည်ဖြစ်ပြီး သူ၏ အချုပ်အခြာ အာဏာနှင့် အစီအစဉ်များကို ကျိုးနွံနာခံခြင်းအား စွမ်းဆောင် ရရှိနိုင်ခဲ့ပေသည်။ ဤကဲ့သို့သော လူသားတစ်ဦးတည်းသာ ဘုရားသခင်၏နာမကို အမှန်တကယ် ချီးမွမ်းနိုင်ခဲ့ပေသည်။ ယင်းမှာ အဘယ်ကြောင့်ဆိုသော် သူသည် ဘုရားသခင်က သူ့အား ကောင်းချီးပေးမည် မပေးမည် သို့မဟုတ် သူ့အပေါ် ဘေးဒုက္ခ ရောက်စေမည် မရောက်စေမည်ကို မကြည့်ခဲ့သောကြောင့် ဖြစ်သည်၊ အဘယ်ကြောင့်ဆိုသော် အရာရာတိုင်းသည် ဘုရားသခင်၏ လက်တော်ဖြင့် ထိန်းချုပ်ခံရပြီး လူသားအတွက် စိုးရိမ်ဖို့ဆိုသည်မှာ မိုက်မဲမှု၊ မသိနားမလည်မှုနှင့် အသိစိတ် ကင်းမဲ့မှုအပြင် အရာခပ်သိမ်းအပေါ် ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် သက်ဆိုင်သည့် အမှန်တရားအပေါ် သံသယဖြစ်ခြင်းနှင့် ဘုရားသခင်အား မကြောက်ရွံ့ခြင်းတို့၏ လက္ခဏာရပ်တစ်ခု ဖြစ်သည်။ ယောဘ၏ အသိပညာမှာ ဘုရားသခင် အလိုရှိခဲ့သော အရာ အတိအကျ ဖြစ်ခဲ့ပေသည်။ သို့ဆိုလျှင် ယောဘသည် သင်တို့ထက် ဘုရားသခင်နှင့်သက်ဆိုင်သည့် သာ၍ကြီးမားသော အယူအဆဆိုင်ရာ အသိပညာ ရှိခဲ့သလော။ ထိုအချိန်က ဘုရားသခင်၏ အမှုနှင့် မိန့်မြွက်ချက်များမှာ နည်းပါးခဲ့သောကြောင့်၊ ဘုရားသခင်နှင့် သက်ဆိုင်သည့် အသိပညာကို ရရန်မှာ လွယ်သည့်ကိစ္စ မဟုတ်ခဲ့ပေ။ ယောဘ၏ ထိုသို့သော အောင်မြင်မှုတစ်ခုမှာ ခက်ခဲသည့် စွမ်းဆောင်မှုမဟုတ်ခဲ့ပေ။ သူသည် ဘုရားသခင်၏ အမှုကို ကြုံတွေ့ခဲ့ဖူးခြင်း မရှိခဲ့သကဲ့သို့၊ ဘုရားသခင် စကားပြောသည်ကို ကြားဖူးခြင်း သို့မဟုတ် ဘုရားသခင်၏ မျက်နှာကို မြင်ဖူးခြင်းလည်း မရှိပေ။ ဘုရားသခင်အပေါ် ထိုသို့သော သဘောထားတစ်ခု သူရှိနိုင်ခဲ့သည်မှာ ယနေ့ခေတ်လူတို့ ပိုင်ဆိုင်ခြင်းမရှိသော သူ၏ လူ့သဘာဝနှင့် သူ၏ ကိုယ်တိုင်ကိုယ်ကျ လိုက်စားမှုတို့၏ အကျိုးဆက် လုံးလုံးလျားလျား ဖြစ်ခဲ့ပေသည်။ ထို့ကြောင့် ထိုခေတ်၌ ဘုရားသခင်က၊ “မြေကြီးပေါ်တွင် သူနှင့် တူသောသူ တစ်ဦးမျှမရှိ၊ စုံလင်ပြီး တည်ကြည်သောသူ” ဟုဆိုခဲ့ခြင်း ဖြစ်သည်။ ထိုခေတ်၌ ဘုရားသခင်သည် သူနှင့်သက်ဆိုင်သည့် ထိုသို့သော အကဲဖြတ်ချက်တစ်ခုကို ပြုလုပ်နှင့်ပြီးဖြစ်ကာ ထိုသို့သော ကောက်ချက်ချမှုတစ်ခုကို ချမှတ်ခဲ့ခြင်း ဖြစ်သည်။ ယင်းသည် ယနေ့တွင် မည်မျှ သာ၍ မှန်ကန်မည်နည်း။

—နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင် ကိုယ်တော်တိုင် (၂)

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

ယောဘအကြောင်း

စမ်းသပ်မှုများကို ယောဘ မည်ကဲ့သို့ ဖြတ်ကျော်ခဲ့ပုံကို သိရခြင်းဖြင့်၊ သင်တို့ထဲမှ အများစုသည် ယောဘကိုယ်တိုင်နှင့် ပတ်သက်သည့်၊ အထူးသဖြင့်...

ယောဘကို စာတန် နောက်ထပ်တစ်ဖန် စုံစမ်းနှောင့်ယှက်လေ၏ (ယောဘ၏ ခန္ဓာကိုယ်အနှံ့ နာကျင်သော အနာစိမ်းများ စွဲကပ်ခြင်း) (အပိုင်း ၂)

ယောဘနှင့်ပတ်သက်၍ လူတို့၏ များစွာသော နားလည်မှု လွဲမှားခြင်းများ ယောဘခံစားခဲ့ရသည့် ဆင်းရဲဒုက္ခသည် ဘုရားသခင် စေလွှတ်ခဲ့သော စေတမန်များ၏...

ယောဘနှင့်သက်ဆိုင်၍ ဘုရားသခင်နှင့် သမ္မာကျမ်းစာထဲက အကဲဖြတ်မှုများ

ယောဘ ၁:၁ ယောဘ အမည်ရှိသောသူတယောက်သည် ဥဇပြည်၌နေ၏။ ထိုသူသည် စုံလင်ဖြောင့်မတ်ခြင်းရှိ၏။ ဘုရားသခင်ကို ကြောက်ရွံ့သောသူ၊ မကောင်းသောအကျင့်ကို...

နောင်မျိုးဆက်များကို ယောဘ၏ သက်သေခံချက်က ပေးသည့် သတိပေးချက်နှင့် အသိဉာဏ်ပွင့်လင်းခြင်း

ဘုရားသခင်က တစ်စုံတစ်ဦးကို လုံးလုံးလျားလျား ရယူသော ဖြစ်စဉ်ကို နားလည်သည်နှင့် တစ်ချိန်တည်းတွင်၊ ယောဘကို စာတန်ထံ ဘုရားသခင် အပ်နှံခြင်း၏...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။