ဘုရားသခင်သည် လူသားထံမှ ကွယ်ဝှက်သော်လည်း၊ အရာခပ်သိမ်း အလယ် သူ၏ လုပ်ဆောင်ချက်များသည် လူသားအတွက် သူ့ကို သိရန် လုံလောက်ပေသည်
ယောဘသည် ဘုရားသခင်၏ အမှုကို ကိုယ်တိုင်ကိုယ်ကျ တွေ့ကြုံခဲ့ဖူးရန်မဆိုထားနှင့်၊ ဘုရားသခင်၏ မျက်နှာကို မြင်ဖူးခဲ့ခြင်း သို့မဟုတ် ဘုရားသခင်ပြောဆိုသော စကားများကို ကြားဖူးခဲ့ခြင်း မရှိပေ၊ သို့သော် သူ၏စမ်းသပ်မှုများအတောအတွင်းတွင် ဘုရားသခင်ကို သူ၏ကြောက်ရွံ့ခြင်းနှင့် သူ၏သက်သေခံချက်ကို အားလုံး မျက်မြင်တွေ့ကြရကာ၊ ယင်းတို့သည် ဘုရားသခင်၏ချစ်ခြင်း၊ နှစ်သက်ခြင်းနှင့် ချီးကျူးခြင်းကို ခံရလေသည်၊ ပြီးလျှင် လူတို့သည် ယင်းတို့ကို အားကျကြပြီး သဘောကျကြကာ၊ ယင်းထက်ပို၍ပင် ၎င်းတို့၏ ချီးမွမ်းခြင်းများကို သီဆိုကြလေသည်။ သူ၏အသက်တာနှင့် ပတ်သက်၍ ကြီးမြတ်သည့်အရာ သို့မဟုတ် သာမန်ထက် လွန်ကဲသည့်အရာ မည်သည့်အရာမျှမရှိခဲ့ပေ။ သာမန်လူ တစ်ဦးတစ်လေကဲ့သို့ပင်၊ သူသည် နေထွက်ချိန် အလုပ်သွားပြီး နေဝင်ချိန် အနားယူရန် အိမ်ပြန်လာရင်း၊ သာမည အသက်တာ တစ်ခုကို အသက်ရှင်ခဲ့သည်။ ကွဲပြားခြားနားမှုမှာ သူ့ဘဝ၏ အချို့သော သာမည ဆယ်စုနှစ်များတစ်လျှောက်လုံးတွင် အခြားမည်သည့်လူကမျှ မရရှိဖူးသကဲ့သို့၊ ဘုရားသခင်၏လမ်းခရီးကို ထိုးထွင်းသိမြင်မှုတစ်ခု သူရရှိခဲ့ပြီး ဘုရားသခင်၏ ကြီးမြတ်သော တန်ခိုးနှင့် အချုပ်အခြာအာဏာကို သဘောပေါက်ကာ နားလည်ခဲ့သည်။ သူသည် မည်သည့်သာမန်လူမျှထက် သာ၍ မလိမ္မာမပါးနပ်ခဲ့ပေ၊ သူ၏အသက်တာသည် အထူးသဖြင့် ဇွဲမကြီးခဲ့သည့်အပြင်၊ သူသည် မမြင်ရသော အထူး ကျွမ်းကျင်မှုများလည်း မရှိခဲ့ပေ။ သို့သော် သူအမှန်တကယ် ပိုင်ဆိုင်ခဲ့သည်မှာ ရိုးသားပြီး ကြင်နာစိတ်ရှိကာ၊ ဖြောင့်မတ်သော လူ့သဘာဝ၊ မျှတမှု၊ ဖြောင့်မတ်ခြင်းတရားနှင့် အပြုသဘောဆောင်သော အရာများကို နှစ်သက်သော လူ့သဘာဝ တစ်ခု ဖြစ်သည်- ဤအရာများထဲမှာ မည်သည့်အရာကိုမျှ သာမန်လူ အများစုက မပိုင်ဆိုင်ကြပေ။ သူသည် ချစ်ခြင်းနှင့် မုန်းခြင်းကြား ပိုင်းခြားသိမြင်ခဲ့သည်၊ တရားသော အသိစိတ်တစ်ခု ရှိခဲ့သည်၊ အလျှော့မပေးတတ်သကဲ့သို့ ဇွဲကောင်းခဲ့ပြီး၊ သူ၏ စဉ်းစားတွေးခေါ်မှုတွင် အသေးစိတ်ကို စေ့စေ့စပ်စပ် အာရုံစိုက်ခဲ့သည်။ ထို့ကြောင့် ကမ္ဘာမြေပေါ်က သူ၏ သာမည အချိန်ကာလ တစ်လျှောက်လုံးတွင် ဘုရားသခင် ပြုခဲ့ပြီးသော သာမန်ထက် လွန်ကဲသည့် အမှုအရာများ အားလုံးကို သူမြင်ခဲ့ရပြီး ဘုရားသခင်၏ ကြီးမြတ်ခြင်း၊ သန့်ရှင်းခြင်းနှင့် ဖြောင့်မတ်ခြင်းတို့ကို မြင်ခဲ့ရသည်၊ ဘုရားသခင်၏ ပူပန်မှု၊ သဘောထားကြီးမှုနှင့် လူသားအတွက် ကွယ်ကာမှုတို့ကို သူမြင်ခဲ့ရပြီး အထွတ်အမြတ်ဖြစ်သော ဘုရားသခင်၏ ဂုဏ်အသရေရှိခြင်းနှင့် ဩဇာအာဏာကို သူမြင်ခဲ့ရလေသည်။ မည်သည့် ပုံမှန်လူကိုမဆို ကျော်လွန်သည့် ဤအရာများကို ယောဘရနိုင်ခဲ့သည့် ပထမဆုံး အကြောင်းရင်းမှာ သူသည် ဖြူစင်သော စိတ်နှလုံးရှိခဲ့ပြီး၊ သူ၏ စိတ်နှလုံးသည် ဘုရားသခင်နှင့် သက်ဆိုင်ကာ ဖန်ဆင်းရှင်၏ ဦးဆောင်မှုကို ခံခဲ့ရသောကြောင့် ဖြစ်သည်။ ဒုတိယ အကြောင်းရင်းမှာ သူ၏လိုက်စားမှုဖြစ်သည်- အပြစ်အနာအဆာကင်းကာ စုံလင်ခြင်းနှင့် ကောင်းကင်ဘုံ၏အလိုနှင့် ကိုက်ညီသည့်၊ ဘုရားသခင်၏ ချစ်ခြင်းကိုခံရကာ မကောင်းမှုကို ရှောင်ကြဉ်သည့် လူတစ်ဦးဖြစ်ခြင်းနှင့်သက်ဆိုင်သော သူ၏ လိုက်စားခြင်း ဖြစ်သည်။ ယောဘသည် ဘုရားသခင်ကို မမြင်နိုင်စဉ်တွင် သို့မဟုတ် ဘုရားသခင်၏ စကားများကို မကြားနိုင်စဉ်တွင် ဤအရာများကို ပိုင်ဆိုင်ပြီး လိုက်စားခဲ့သည်။ သူသည် ဘုရားသခင်ကို တစ်ကြိမ်တစ်ခါမျှ မမြင်ခဲ့ဖူးသော်လည်း၊ အရာခပ်သိမ်းအပေါ် ဘုရားသခင် အုပ်စိုးသော နည်းလမ်းများကို သူသိလာခဲ့ပြီးဖြစ်ကာ ထိုသို့ ဘုရားသခင်ပြုသော ဉာဏ်ပညာကို နားလည်ခဲ့သည်။ ယောဘသည် ဘုရားသခင် ပြောဆိုသော စကားများကို တစ်ကြိမ်တစ်ခါမျှ မကြားခဲ့ဖူးသော်လည်း၊ သူသည် လူကို ဆုချီးမြှင့်ခြင်းနှင့် လူသားထံမှ ယူဆောင်သွားခြင်း လုပ်ဆောင်ချက် အားလုံးက ဘုရားသခင်ထံမှ လာသည်ကို သိခဲ့သည်။ သူ၏ အသက်တာ နှစ်များမှာ အခြားသော မည်သည့် သာမန်လူမဆို၏ နှစ်များနှင့် မကွာခြားခဲ့သော်လည်း၊ သူ၏ အသက်တာ သာမည ဖြစ်ခြင်းကို အရာခပ်သိမ်းအပေါ် ဘုရားသခင်၏ အချုပ်အခြာ အာဏာနှင့် ပတ်သက်သည့် သူ၏အသိပညာကို ထိခိုက်ဖို့ သို့မဟုတ် ဘုရားသခင်ကို ကြောက်ရွံ့ခြင်းနှင့် မကောင်းမှုကို ရှောင်ကြဉ်ခြင်း လမ်းခရီးနောက် သူ၏လိုက်လျှောက်ခြင်းအပေါ် ထိခိုက်စေရန် သူအခွင့်မပေးခဲ့ပေ။ သူ၏အမြင်တွင်၊ အရာခပ်သိမ်း၏ နိယာမများသည် ဘုရားသခင်၏ လုပ်ဆောင်ချက်များဖြင့် ပြည့်လျက်ရှိပြီး၊ ဘုရားသခင်၏ အချုပ်အခြာအာဏာကို လူတစ်ဦး အသက်တာ၏ မည်သည့် အစိတ်အပိုင်း၌မဆို မြင်၍ရနိုင်ခဲ့သည်။ သူသည် ဘုရားသခင်ကို မြင်ခဲ့ဖူးခြင်း မရှိသော်လည်း၊ ဘုရားသခင်၏ လုပ်ဆောင်ချက်များသည် နေရာတကာ၌ ရှိသည်ကို သူသဘောပေါက်နိုင်ခဲ့ပြီး၊ ကမ္ဘာမြေကြီးပေါ်၌ သူ၏ သာမည အချိန်ကာလအတောအတွင်း၊ သူ၏ အသက်တာ၏ နေရာတိုင်းတွင် ဘုရားသခင်၏ သာမန်ထက် လွန်ကဲပြီး အံ့သြဖွယ်ကောင်းသော လုပ်ဆောင်ချက်များကို သူ မြင်နိုင်ခဲ့သကဲ့သို့ သဘောပေါက်နိုင်ခဲ့ပြီး၊ ဘုရားသခင်၏ အံ့သြဖွယ်ကောင်းသော အစီအစဉ်များကို မြင်နိုင်ခဲ့သည်။ ဘုရားသခင်၏ ကွယ်ဝှက်ခြင်းနှင့် နှုတ်ဆိတ်ခြင်းသည် ဘုရားသခင်၏ လုပ်ဆောင်ချက်များအပေါ် ယောဘ၏ နားလည်သဘောပေါက်ခြင်းအား မတားဆီးခဲ့သကဲ့သို့၊ ယင်းတို့သည် အရာခပ်သိမ်းအပေါ် ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် သက်ဆိုင်သည့် သူ၏ အသိပညာကို မထိခိုက်ခဲ့ပေ။ သူ၏ နေ့စဉ် အသက်တာ ကာလတစ်လျှောက်လုံးတွင် သူ၏ ဘဝသည် ခပ်သိမ်းသောအရာတို့၏ အလယ်၌ ကွယ်ဝှက်နေသော ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် အစီအစဉ်များကို သဘောပေါက်မိခြင်း ဖြစ်ခဲ့ပေသည်။ သူ၏ နေ့စဉ် အသက်တာထဲတွင် အရာခပ်သိမ်း အလယ်၌ နှုတ်ဆိတ်နေသော်လည်း၊ အရာခပ်သိမ်း၏ ဥပဒေသများကို စိုးမိုးခြင်းဖြင့် သူ၏ စိတ်နှလုံး သဘောထားနှင့် သူ၏ နှုတ်ကပတ်တော်များကို ဖော်ပြသော ဘုရားသခင်၏ စိတ်နှလုံး သဘောထားနှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကိုလည်း ကြားပြီး နားလည်ခဲ့သည်။ ထိုအခါတွင် အကယ်၍ လူတို့သည် ယောဘကဲ့သို့ အလားတူ လူ့သဘာဝနှင့် လိုက်စားမှုရှိပါက၊ ယောဘကဲ့သို့ အလားတူ သဘောပေါက်ခြင်းနှင့် အသိပညာကို ရရှိနိုင်ပြီး၊ အရာခပ်သိမ်းအပေါ် ဘုရားသခင်၏ အချုပ်အခြာ အာဏာနှင့်သက်ဆိုင်သည့် အလားတူ သိနားလည်မှုနှင့် အသိပညာတို့ကို ယောဘကဲ့သို့ ရရှိနိုင်သည်ကို သင်တို့ မြင်ရပေသည်။ ဘုရားသခင်သည် ယောဘထံ မပေါ်ထွန်ဖူးခဲ့ သို့မဟုတ် သူ့ကို စကားမပြောခဲ့ဖူးသော်လည်း၊ ယောဘသည် စုံလင်ပြီး ဖြောင့်မတ်နိုင်ခဲ့သကဲ့သို့၊ ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်ကြဉ်နိုင်ခဲ့သည်။ တစ်နည်းအားဖြင့် လူသားထံ ဘုရားသခင် ပေါ်ထွန်းလာခြင်း သို့မဟုတ် စကားပြောဆိုခြင်း မရှိဘဲ၊ အရာခပ်သိမ်းအလယ် ဘုရားသခင်၏ လုပ်ဆောင်ချက်များနှင့် အရာခပ်သိမ်းအပေါ် ဘုရားသခင်၏ အချုပ်အခြာအာဏာတို့သည် ဘုရားသခင်၏ တည်ရှိခြင်း၊ တန်ခိုးနှင့် ဩဇာအာဏာကို သိလာရန် လူသားအတွက် လုံလောက်ပြီး ဘုရားသခင်၏တန်ခိုးနှင့် ဩဇာအာဏာသည် လူအား ဘုရားသခင်ကို ကြောက်ရွံ့ခြင်းနှင့် မကောင်းမှု ရှောင်ကြဉ်ခြင်း လမ်းခရီးကို လိုက်လျှောက်စေဖို့ လုံလောက်ပေသည်။ ယောဘကဲ့သို့သော သာမန်လူသားတစ်ဦးသည် ဘုရားသခင်ကို ကြောက်ရွံ့ခြင်းနှင့် မကောင်းမှုကို ရှောင်ကြဉ်ခြင်းအား စွမ်းဆောင်ရရှိနိုင်ခဲ့သည့်အတွက်၊ ဘုရားသခင်နောက်သို့လိုက်သော သာမန်လူတိုင်းသည်လည်း စွမ်းဆောင်ရရှိနိုင်သင့်သည်။ ဤစကားများသည် ကျိုးကြောင်းဆီလျော်သော ကောက်ချက်သဖွယ် ထင်ရနိုင်သော်လည်း၊ ဤအရာသည် အမှုအရာများ၏ ဥပဒေသများကို ဆန့်ကျင်ခြင်း မရှိပေ။ သို့သော်လည်း အဖြစ်မှန်များသည် မျှော်လင့်ချက်များနှင့် ကိုက်ညီခြင်း မရှိသေးပေ- ဘုရားသခင်ကို ကြောက်ရွံ့ခြင်းနှင့် မကောင်းမှုကို ရှောင်ကြဉ်ခြင်းသည် ယောဘနှင့် ယောဘ တစ်ဦးတည်း၏ ကျွမ်းကျင်မှု ဖြစ်သည်ဟု ထင်ရပေမည်။ “ဘုရားသခင်ကို ကြောက်ရွံ့ခြင်းနှင့် မကောင်းမှုကို ရှောင်ကြဉ်ခြင်း” ဟုဆိုရာတွင်၊ လူတို့က ဘုရားသခင်ကို ကြောက်ရွံ့ခြင်းနှင့် မကောင်းမှုကို ရှောင်ကြဉ်ခြင်း လမ်းခရီးမှာ ယောဘ၏ အမည်ဖြင့်သာ တံဆိပ်တပ်ထားပြီး အခြားလူများနှင့် မည်သို့မျှ မပတ်သက်သည့်အလား၊ ဤသည်မှာ ယောဘသာလျှင် လုပ်ဆောင်သင့်သည်ဟု ထင်ကြလေသည်။ ဤအရာအတွက် အကြောင်းရင်းမှာ သိသာထင်ရှားပေသည်- ယောဘ တစ်ဦးတည်းသာလျှင် ရိုးသားသော၊ ကြင်နာစိတ်ရှိကာ ဖြောင့်မတ်သကဲ့သို့၊ မျှတမှုနှင့် ဖြောင့်မတ်ခြင်းအပြင် အပြုသဘောဆောင်သော အရာများကို နှစ်သက်သည့် ပင်ကိုစရိုက်တစ်ခုကို ပိုင်ဆိုင်ခဲ့သောကြောင့်ဖြစ်သည်၊ ထို့ကြောင့် ယောဘ တစ်ဦးတည်းသာလျှင် ဘုရားသခင်ကို ကြောက်ရွံ့ခြင်းနှင့် မကောင်းမှုကို ရှောင်ခြင်း လမ်းခရီးကို လိုက်လျှောက်နိုင်ခဲ့ခြင်း ဖြစ်သည်။ ဤနေရာတွင် ဆိုလိုချက်ကို သင်တို့အားလုံး နားလည်ထားပြီးဖြစ်ရမည်- အဘယ်ကြောင့်ဆိုသော် ရိုးသားသော၊ ကြင်နာစိတ်ရှိပြီး၊ ဖြောင့်မတ်ကာ၊ မျှတမှုနှင့် ဖြောင့်မတ်ခြင်း၊ ပြီးလျှင် အပြုသဘောဆောင်သော အရာကို နှစ်သက်သော လူ့သဘာဝတစ်ခုကို မည်သူမျှ မပိုင်ဆိုင်သောကြောင့်၊ ဘုရားသခင်ကို မည်သူမျှ မကြောက်ရွံ့နိုင်သကဲ့သို့ မကောင်းမှုကို မရှောင်နိုင်ကြပေ၊ ထို့ကြောင့် ၎င်းတို့သည် ဘုရားသခင်၏ ဝမ်းမြောက်ခြင်းကို မည်သည့်အခါမျှ မရရှိနိုင်ပေ သို့မဟုတ် စမ်းသပ်မှုများအလယ်တွင် မြဲမြံစွာ မရပ်တည်နိုင်ကြပေ။ ဤသည်မှာ ယောဘမှလွဲ၍ လူအားလုံးသည် စာတန်၏ ချုပ်နှောင်ခြင်းကို ခံရဆဲဖြစ်ပြီး ပိတ်မိခြင်း ခံရဆဲဖြစ်သည်ကိုလည် ဆိုလိုပေသည်။ ၎င်းတို့ အားလုံးသည် စာတန်၏ စွပ်စွဲခြင်း၊ တိုက်ခိုက်ခြင်းနှင့် နှိပ်စက်ခြင်းကို ခံကြရသည်။ ၎င်းတို့သည် စာတန်က ဝါးမြိုရန် ကြိုးစားနေသည့် သူများဖြစ်ကြပြီး၊ ၎င်းတို့အားလုံးသည် လွတ်လပ်မှု ကင်းမဲ့ကြသည်၊ စာတန်၏ ဖမ်းဆီးခြင်းကို ခံခဲ့ရပြီးသော အကျဉ်းသားများ ဖြစ်ကြလေသည်။

အကယ်၍ လူ၏ စိတ်နှလုံးသည် ဘုရားသခင်ကို ရန်လိုပါက၊ လူသည် ဘုရားသခင်ကို အဘယ်သို့ ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်နိုင်မည်နည်း
ယနေ့ လူများသည် ယောဘကဲ့သို့ အလားတူ လူ့သဘာဝကို မပိုင်ဆိုင်ကြသည့်အတွက်၊ ၎င်းတို့၏ သဘာဝ အနှစ်သာရ အဖြစ်အနေနှင့် ဘုရားသခင်အပေါ် ၎င်းတို့၏ သဘောထားမှာ အဘယ်နည်း။ ၎င်းတို့သည် ဘုရားသခင်ကို ကြောက်ရွံ့ကြသလော။ မကောင်းမှုကို ရှောင်ကြဉ်ကြသလော။ ဘုရားသခင်ကို မကြောက်ရွံ့သောသူများ သို့မဟုတ် မကောင်းမှု မရှောင်ကြဉ်သူများကို စကားလုံးအနည်းငယ်ဖြင့်သာ ပေါင်းရုံးဖော်ပြ၍ ရသည်- “ဘုရားသခင်၏ ရန်သူများ” ဟူ၍ ဖြစ်သည်။ သင်တို့သည် ဤစကားများကို မကြာခဏ ပြောကြသော်လည်း၊ ယင်းတို့၏ အဓိပ္ပာယ်အမှန်ကို လုံးဝ မသိကြပေ။ “ဘုရားသခင်၏ ရန်သူများ” ဟူသော စကားလုံးများတွင် အနှစ်သာရရှိသည်- ယင်းတို့က ဘုရားသခင်သည် လူသားကို ရန်သူအဖြစ် မြင်သည်ဟု ပြောနေခြင်း မဟုတ်ဘဲ၊ လူက ဘုရားသခင်ကို ရန်သူအဖြစ် မြင်နေခြင်း ဖြစ်သည်။ ပထမဦးစွာ လူတို့သည် ဘုရားသခင်ကို စတင်ယုံကြည်သည့်အခါတွင်၊ ၎င်းတို့ထဲမှ မည်သူသည် မိမိတို့၏ ကိုယ်ပိုင် ရည်မှန်းချက်များ၊ ကြံရွယ်ချက်များနှင့် မျှော်မှန်းချက်များ မရှိသနည်း။ ၎င်းတို့၏ တစ်စိတ်တစ်ဒေသသည် ဘုရားသခင်၏ တည်ရှိခြင်းကို ယုံကြည်ပြီး ဘုရားသခင်၏ တည်ရှိခြင်းကို မြင်ဖူးသော်လည်း၊ ဘုရားသခင်၌ ၎င်းတို့၏ ယုံကြည်မှုတွင် ကြံရွယ်ချက်များ ပါရှိနေဆဲဖြစ်ပြီး ဘုရားသခင်ကို ယုံကြည်ရာတွင် ၎င်းတို့၏ အဆုံးစွန်သော ရည်မှန်းချက်မှာ သူ၏ကောင်းချီးမင်္ဂလာများနှင့် ၎င်းတို့ အလိုရှိသော အရာများကို ရရှိရန် ဖြစ်သည်။ လူတို့၏ ဘဝအတွေ့အကြုံများတွင်၊ ၎င်းတို့သည် မိမိတို့ကိုယ်ကိုယ် မကြာခဏ တွေးတတ်ကြသည်၊ ကျွန်ုပ်သည် ဘုရားသခင်အတွက် ကျွန်ုပ်၏ မိသားစုနှင့် အသက်မွေးအလုပ်ကို လက်လွှတ်ပြီးလေပြီ၊ ကိုယ်တော်သည် အကျွန်ုပ်ကို မည်သည့်အရာ ပေးပြီးပြီနည်း။ ကျွန်ုပ်သည် ထပ်ဖြည့်ကာ အတည်ပြုရမည်။ လတ်တလောတွင် ကောင်းချီးမင်္ဂလာ တစ်ခုတစ်လေကို ကျွန်ုပ် ရရှိပြီးပြီလော။ အကျွန်ုပ်သည် ဤအချိန်အတောအတွင်းတွင် များစွာ ပေးပြီးဖြစ်သည်၊ အကျွန်ုပ် ပြေးလျက်နေခဲ့ပြီး များစွာ ဆင်းရဲဒုက္ခခံစားရပြီးဖြစ်သည်။ ဘုရားသခင်သည် အပြန်အလှန်အနေဖြင့် အကျွန်ုပ်အား ကတိတစ်ခုတစ်လေကို ပေးပြီးပြီလော။ ကိုယ်တော်သည် အကျွန်ုပ်၏ ကောင်းသော လုပ်ဆောင်ချက်များကို အမှတ်ရပြီးပြီလော။ ကျွန်ုပ်၏ အဆုံးသတ်မှာ အဘယ်အရာ ဖြစ်လိမ့်မည်နည်း။ ကျွန်ုပ်သည် ဘုရားသခင်၏ ကောင်းချီးမင်္ဂလာများကို ရရှိနိုင်သလော...။ အယောက်တိုင်းသည် ထိုသို့သော တွက်ချက်မှုများကို ၎င်းတို့၏ စိတ်နှလုံးအတွင်းတွင် စဉ်ဆက်မပြတ် ပြုတတ်ကြပြီး ဘုရားသခင်ထံ ၎င်းတို့၏ ကြံရွယ်ချက်များ၊ ရည်မှန်းချက်များနှင့် အပေးအယူဆိုင်ရာ စိတ်နေစိတ်ထားပါရှိသည့် တောင်းဆိုချက်များကို ပြုလုပ်ကြသည်။ ဆိုလိုသည်မှာ လူသားသည် သူ၏ စိတ်နှလုံးထဲတွင် ဘုရားသခင်ကို စဉ်ဆက်မပြတ် စစ်ဆေးနေသည်၊ ဘုရားသခင်နှင့်ပတ်သက်၍ အစီအစဉ်များကို စဉ်ဆက်မပြတ် ဖန်တီးနေပြီး၊ သူ၏ကိုယ်ပိုင် တစ်ကိုယ်ရေ အဆုံးသတ်အတွက် အရေးကိစ္စကို ဘုရားသခင်နှင့် အဆက်မပြတ် ငြင်းခုံနေသကဲ့သို့၊ ဘုရားသခင်ထံမှ ထွက်ဆိုချက်တစ်ခုကို နှိုက်ယူရန် ကြိုးစားနေသည်၊ ဘုရားသခင်က သူအလိုရှိသော အရာကို ပေးမည်၊ မပေးမည်ကို ကြည့်နေလေသည်။ တစ်ချိန်တည်းတွင် ဘုရားသခင်ကို လိုက်စားနေသည်နှင့်အမျှ၊ လူသားသည် ဘုရားသခင်ကို ဘုရားသခင်အဖြစ် သဘောမထားပေ။ လူသည် ဘုရားသခင်အပေါ် မရပ်မနား တောင်းဆိုချက်များ ပြုလုပ်ရင်းနှင့် ခြေလှမ်းတိုင်းတွင် သူ့ကို ဖိအားပေးလျက်၊ ရလေလိုလေ အိုတစ္ဆေ ဖြစ်လျက်၊ ဘုရားသခင်နှင့် အပေးအယူများ လုပ်ရန် အမြဲကြိုးစားပြီးဖြစ်သည်။ ဘုရားသခင်နှင့် အပေးအယူများ လုပ်ရန် ကြိုးစားနေသည်နှင့်အမျှ တစ်ချိန်တည်းတွင် လူသားသည် ဘုရားသခင်နှင့်ငြင်းခုံပြီး စမ်းသပ်မှုများ ၎င်းတို့အပေါ် ကျရောက်ချိန်တွင် သို့မဟုတ် အချို့သော အခြေအနေများ၌ ၎င်းတို့ မိမိတို့ကိုယ်ကိုယ် ရောက်ရှိနေသည်ကို သိချိန်တွင် မကြာခဏ အားနည်းလာကာ၊ အပျက်သဘောဆောင်လာပြီး ၎င်းတို့၏ အလုပ်၌ ပေါ့ဆလာပြီး ဘုရားသခင်နှင့်ပတ်သက်၍ ညည်းညူမှုများ အပြည့်ရှိသည့် လူများပင် ရှိလေသည်။ လူက ဘုရားသခင်ကို ပထမဦးဆုံး စတင်ယုံကြည်ခဲ့ချိန်မှစ၍၊ သူသည် ဘုရားသခင်ကို ပေါင်းလန်အောင် များပြားခြင်းတစ်ခု၊ ဆွစ်တပ်မတော် စွယ်စုံသုံးဓားတစ်ခုအဖြစ် သဘောထားခဲ့ပြီး ဘုရားသခင်ထံမှ ကောင်းချီးမင်္ဂလာများနှင့် ကတိများကိုရရန် ကြိုးစားခြင်းမှာ သူ၏ ရှိရင်းစွဲ အခွင့်အရေးနှင့် တာဝန်ဝတ္တရားဖြစ်စဉ်တွင် ဘုရားသခင်၏ တာဝန်မှာ လူသားကို ကာကွယ်ကာ စောင့်ရှောက်ရန်နှင့် ထောက်ပံ့ရန် ဖြစ်သည့်အလား၊ သူ့ကိုယ်သူ ဘုရားသခင်၏ အကြီးဆုံးသော ကြွေးရှင်အဖြစ် သဘောထားခဲ့လေသည်။ ယင်းမှာ ဘုရားသခင်ကို ယုံကြည်သော သူအားလုံး၏ “ဘုရားသခင်အပေါ် ယုံကြည်မှု” ၏ အခြေခံသိနားလည်မှုဖြစ်ပြီး၊ ယင်းမှာ ဘုရားသခင်၌ ယုံကြည်မှု အယူအဆနှင့်ဆိုင်သော ၎င်းတို့၏ အနက်ရှိုင်းဆုံးသော သိနားလည်မှု ဖြစ်သည်။ လူ၏ သဘာဝ အနှစ်သာရမှသည် သူ၏ ဓမ္မဓိဋ္ဌာန်မကျသော လိုက်စားမှုအထိ၊ ဘုရားသခင်ကို ကြောက်ရွံ့ခြင်းနှင့် သက်ဆိုင်သောအရာ တစ်ခုမျှ မရှိပေ။ ဘုရားသခင်ကို ယုံကြည်ရာ၌ လူသား၏ ရည်မှန်းချက်မှာ ဘုရားသခင်ကို ကိုးကွယ်ခြင်းနှင့် မည်သည့်အရာမျှ ပတ်သက်နိုင်ခြေ မရှိပေ။ ဆိုလိုသည်မှာ ဘုရားသခင်၌ ယုံကြည်ခြင်းသည် ဘုရားသခင်ကို ကြောက်ရွံ့ခြင်းနှင့် ဘုရားသခင်ကို ကိုးကွယ်ခြင်း လိုအပ်သည်ကို လူသားက မည်သည့်အခါမျှ မယူဆဖူးသကဲ့သို့ နားလည်ဖူးခြင်းလည်း မရှိပေ။ ထိုသို့သော အခြေအနေများအရ လူသား၏ အနှစ်သာရသည် သိသာထင်ရှားပေသည်။ ဤအနှစ်သာရမှာ အဘယ်အရာ ဖြစ်သနည်း။ လူသား၏ စိတ်နှလုံးသည် မလိုမုန်းထားတတ်သည်၊ သစ္စာမဲ့ခြင်းနှင့် လှည့်ဖြားမှုကို သိုထားသည်၊ မျှတမှုနှင့် ဖြောင့်မတ်ခြင်း သို့မဟုတ် အပြုသဘောဆောင်သော အရာကို မနှစ်သက်သကဲ့သို့၊ ယင်းသည် စက်ဆုပ်ဖွယ်ဖြစ်ကာ အလိုကြီးလေသည်။ လူသား၏ စိတ်နှလုံးသည် ဘုရားသခင်နှင့် သာ၍ နီးကပ်နိုင်ခြင်း မရှိပေ။ သူသည် စိတ်နှလုံးကို ဘုရားသခင်အား လုံးဝ ပေးအပ်ခြင်း မရှိလေပြီ။ ဘုရားသခင်သည် လူသား၏ စစ်မှန်သော စိတ်နှလုံးကို တစ်ကြိမ်တစ်ခါမျှ မမြင်ဖူးသကဲ့သို့ သူသည် လူသား၏ ကိုးကွယ်ခြင်းကိုလည်း ခံရဖူးခြင်း မရှိပေ။ ဘုရားသခင် ပေးသည့် အဖိုးအခ မည်မျှ ကြီးမားသည်ဖြစ်စေ သို့မဟုတ် အမှုမည်မျှကို သူ ပြုပါစေ၊ သို့မဟုတ် လူသားကို မည်မျှ ထောက်ပံ့ပါစေ၊ လူသားသည် ကျိုးကြောင်းမမြင်မြဲရှိသကဲ့သို့ ယင်းကို လုံးဝ စိတ်ဝင်စားမှု မရှိပေ။ လူသားသည် သူ၏ စိတ်နှလုံးကို ဘုရားသခင်အား မည်သည့်အခါမျှ ပေးဖူးခြင်း မရှိပေ၊ သူ၏စိတ်နှလုံးကို သူကိုယ်တိုင်သာ ဂရုစိုက်ရန်၊ သူ၏ ကိုယ်ပိုင် ဆုံးဖြတ်ချက်များကို ချရန် အလိုရှိလေသည်။ ယင်း၏ သွယ်ဝိုက်သော အဓိပ္ပာယ်မှာ လူသားသည် ဘုရားသခင်ကို ကြောက်ရွံ့ခြင်းနှင့် မကောင်းမှုကို ရှောင်ကြဉ်ခြင်း လမ်းခရီးကို မလိုက်လျှောက်ချင် သို့မဟုတ် ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် အစီအစဉ်များကို မကျိုးနွံမနာခံချင်သကဲ့သို့ ဘုရားသခင်ကို ဘုရားသခင်အဖြစ် မကိုးကွယ်ချင်ပေဟု ဖြစ်သည်။ ယင်းမှာ ယနေ့ လူသား၏ အခြေအနေ ဖြစ်သည်။ ယခုတွင် ငါတို့ ယောဘကို တစ်ဖန် ကြည့်ကြစို့။ ပထမဆုံးအနေဖြင့်၊ သူသည် ဘုရားသခင်နှင့် အပေးအယူ တစ်ခု လုပ်ခဲ့သလော။ ဘုရားသခင်ကို ကြောက်ရွံ့ခြင်းနှင့် မကောင်းမှုကို ရှောင်ကြဉ်ခြင်း လမ်းခရီးကို မြဲမြံစွာ ထိန်းသိမ်းရာတွင် ဖုံးကွယ်ထားသော ရည်မှန်းချက် တစ်ခုတလေ သူ၌ရှိခဲ့ပါသလော။ ထိုအချိန်က ဘုရားသခင်သည် ရောက်လာမည့် အဆုံးသတ်ကို တစ်ဦးတစ်ယောက်အား ပြောဖူးပါသလော။ ထိုအချိန်က ဘုရားသခင်သည် အဆုံးသတ်နှင့် ပတ်သက်၍ မည်သူ့ကိုမျှ ကတိများ မပေးခဲ့ဖူးသကဲ့သို့၊ ယင်းသည် ယောဘက ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်နိုင်ခဲ့သည်ဟူသော ဤနောက်ခံအကြောင်းအရာနှင့် ဆန့်ကျင်ဘက် ဖြစ်ခဲ့ပေသည်။ ယနေ့လူများသည် ယောဘနှင့် နှိုင်းယှဉ်ခြင်းကို ခံနိုင်ပါသလော။ ကွာဟချက် အလွန်များလှ၏။ ၎င်းတို့သည် မတူညီသော အတန်းအစားများ၌ ရှိကြသည်။ ယောဘသည် ဘုရားသခင်နှင့် သက်ဆိုင်သည့် အသိပညာ များစွာ မရှိခဲ့သော်လည်း၊ သူသည် သူ၏စိတ်နှလုံးကို ဘုရားသခင်ထံ ပေးခဲ့ပြီးဖြစ်ကာ ယင်းသည် သူ၏ ဘုရားသခင်နှင့် သက်ဆိုင်ခဲ့သည်။ သူသည် ဘုရားသခင်နှင့် မည်သည့်အခါမျှ အပေးအယူ မလုပ်ခဲ့သကဲ့သို့၊ ဘုရားသခင်အပေါ် လွန်ကဲသော အလိုဆန္ဒများ သို့မဟုတ် တောင်းဆိုချက်များ မရှိခဲ့ပေ။ ယင်းအစား “ယေဟောဝါသည် ပေးတော်မူ၏၊ ပြီးလျှင် ယေဟောဝါသည် ပြန်နုတ်သိမ်းတော်မူ၏။” ဟူ၍ သူယုံကြည်ခဲ့သည်။ ဤသည်မှာ ဘဝ၏ နှစ်များစွာတစ်လျှောက်လုံးတွင် ဘုရားသခင်ကို ကြောက်ရွံ့ခြင်းနှင့် မကောင်းမှုကို ရှောင်ကြဉ်ခြင်း လမ်းခရီးအတိုင်း ထိန်းသိမ်းရာမှ သူမြင်ပြီး ရရှိခဲ့ပြီးဖြစ်သည့်အရာ ဖြစ်သည်။ ထို့နည်းတူ “ငါတို့သည် ဘုရားသခင်၏လက်တော်မှ သုခချမ်းသာကို ခံယူသည်ဖြစ်၍၊ ဒုက္ခဆင်းရဲကို မခံမယူရာသလော” ဟူသည့် နှုတ်ကပတ်တော်များတွင် ပါရှိသည့် ရလဒ်ကိုလည်း သူရခဲ့ပြီးဖြစ်သည်။ ဤဝါကျနှစ်ကြောင်းမှာ သူ၏အသက်တာ အတွေ့အကြုံများကာလအတောအတွင်း ဘုရားသခင်အပေါ် သူ၏ကျိုးနွံနာခံခြင်း သဘောထား၏ အကျိုးဆက်တစ်ခုအဖြစ် သူမြင်ခဲ့ကာ သိလာခဲ့ပြီးဖြစ်သည့် အရာဖြစ်ပြီး၊ ယင်းတို့သည် စာတန်၏ စုံစမ်းနှောင့်ယှက်မှုများအတောအတွင်းတွင် သူ့ကို အောင်နိုင်စေခဲ့သော တန်ခိုးအရှိဆုံး လက်နက်များလည်း ဖြစ်သကဲ့သို့၊ ဘုရားသခင်ကို သက်သေခံရာတွင် သူ၏ မြဲမြံစွာ ရပ်တည်ရခြင်း အုတ်မြစ်လည်း ဖြစ်ခဲ့ပေသည်။ ဤနေရာတွင် သင်တို့သည် ယောဘအား နှစ်လိုဖွယ်ကောင်းသူ တစ်ဦးအဖြစ် တွေးကြည့်ကြသလော။ သင်တို့သည် ထိုသို့သော သူတစ်ဦးဖြစ်ရန် မျှော်လင့်ကြသလော။ သင်တို့သည် စာတန်၏ စုံစမ်းနှောင့်ယှက်မှုများကို ကြုံရမည်ကို ကြောက်ရွံ့မိကြသလော။ ယောဘကဲ့သို့ တူညီသော စမ်းသပ်မှုများကို သင်တို့အား ခံစေရန် ဘုရားသခင်ထံ ဆုတောင်းဖို့ သင်တို့ စိတ်ဆုံးဖြတ်ပါသလော။ ထိုသို့သောအရာများအတွက် လူအများစုသည် ဆုတောင်းဝံ့မည် မဟုတ်သည်မှာ သံသယ ဖြစ်ဖွယ် မရှိပေ။ သို့ဆိုလျှင် သင်တို့၏ ယုံကြည်ခြင်းသည် သနားစရာကောင်းလောက်အောင် သေးငယ်သည်မှာ သိသာပေသည်။ ယောဘနှင့် နှိုင်းယှဉ်ပါက၊ သင်တို့၏ ယုံကြည်ခြင်းသည် ဖော်ပြရန်ပင် မထိုက်တန်ပေ။ သင်တို့သည် ဘုရားသခင်၏ ရန်သူများ ဖြစ်ကြ၏၊ သင်တို့သည် ဘုရားသခင်ကို ကြောက်ရွံ့ခြင်း မရှိကြ၊ ဘုရားသခင်အား သင်တို့ သက်သေခံချက်တွင် မြဲမြံစွာ ရပ်တည်နိုင်စွမ်း မရှိကြသကဲ့သို့၊ စာတန်၏ တိုက်ခိုက်မှုများ၊ စွပ်စွဲချက်များနှင့် စုံစမ်းနှောင့်ယှက်မှုများကို သင်တို့ မအောင်မြင်နိုင်ကြပေ။ ဘုရားသခင်၏ ကတိများကို ရရှိရန် မည်သည့်အရာက သင်တို့ကို အရည်အချင်းပြည့်မီစေသနည်း။ ယောဘ၏ အဖြစ်အပျက်ကို ကြားကာ လူသားကို ကယ်တင်ရာ၌ ဘုရားသခင်၏ ရည်ရွယ်ချက်နှင့် လူသား၏ ကယ်တင်ခြင်း အဓိပ္ပာယ်ကို နားလည်လျက်ဖြင့်၊ ယောဘကဲ့သို့ တူညီသော စမ်းသပ်မှုများကို လက်ခံရန် ယခု သင်တို့၌ ယုံကြည်ခြင်း ရှိသလော။ ဘုရားသခင်ကို ကြောက်ရွံ့ခြင်း မကောင်းမှုကို ရှောင်ကြဉ်ခြင်း လမ်းခရီးကို လိုက်လျှောက်ဖို့ မိမိတို့ကိုယ်ကိုယ် အခွင့်ပေးရန် သင်တို့၌ စိတ်ဆုံးဖြတ်ချက် အနည်းငယ် ရှိသင့်သည် မဟုတ်လော။
ဘုရားသခင်၏ စမ်းသပ်မှုများနှင့် ပတ်သက်၍ ဒွိဟများ မရှိစေနှင့်
ယောဘ၏ စမ်းသပ်မှုများ အဆုံးသတ်ပြီးနောက် သူ့ထံမှ သက်သေခံချက်ကို ရပြီးသည့်နောက်တွင်၊ ယောဘကဲ့သို့သော လူများ ပါဝင်သည့် အုပ်စုတစ်စု- သို့မဟုတ် တစ်စုထက်ပိုသော- အုပ်စုများကို ရယူမည်ဟု ဘုရားသခင် စိတ်ဆုံးဖြတ်ခဲ့သည်၊ သို့သော် စာတန်က ဘုရားသခင်နှင့် အလောင်းအစား လုပ်ခြင်းအားဖြင့် ယောဘအား စုံစမ်းနှောင့်ယှက်ကာ၊ တိုက်ခိုက်ခဲ့ပြီး နှိပ်စက်ညှဉ်းပန်းခဲ့သော နည်းလမ်းများကို အသုံးပြုလျက် အခြားမည်သည့်လူကိုမျှ တိုက်ခိုက်ရန် သို့မဟုတ် နှိပ်စက်ရန် စာတန်ကို မည်သည့်အခါမျှ တစ်ဖန် အခွင့်မပေးရန် ဘုရားသခင် စိတ်ဆုံးဖြတ်ခဲ့သည်။ ခွန်အားနည်းပြီး မိုက်မဲကာ မသိနားမလည်သော လူသားအပေါ် ထိုသို့သော အရာများကို တစ်ဖန်လုပ်ဆောင်ရန် စာတန်အား ဘုရားသခင် ခွင့်မပြုခဲ့ပေ- ယောဘကို စာတန် စုံစမ်းနှောင့်ယှက်ခဲ့ပြီးဖြစ်သည်မှာ လုံလောက်ခဲ့ပေသည်။ လူတို့ကို အလိုရှိသည့်အတိုင်း နှိပ်စက်ညှဉ်းပန်းရန် စာတန်အား ဘုရားသခင် အခွင့်မပေးခြင်းသည် ဘုရားသခင်၏ သနားခြင်းကရုဏာ ဖြစ်သည်။ ဘုရားသခင်အတွက်မူကား ယောဘသည် စာတန်၏ စုံစမ်းနှောင့်ယှက်ခြင်းနှင့် နှိပ်စက်မှုကို ခံခဲ့ပြီးသည်မှာ လုံလောက်ခဲ့သည်။ ဘုရားသခင်နောက်သို့ လိုက်သောလူများ၏ အသက်နှင့် အရာရာတိုင်းကို ဘုရားသခင်အုပ်စိုးပြီး စီစဉ်ညွှန်ကြားသည့်အတွက်၊ ထိုသို့သော အရာများကို တစ်ဖန်လုပ်ဆောင်ရန် စာတန်ကို ဘုရားသခင် ခွင့်မပြုခဲ့သကဲ့သို့၊ စာတန်သည် အလိုရှိသည်အတိုင်း ဘုရားသခင် ရွေးချယ်ထားသောသူများကို ကြိုးကိုင်ညွှန်ကြားရန် အခွင့်မရှိပေ- ဤအချက်နှင့်ပတ်သက်ပြီး သင်တို့ ရှင်းလင်းစွာ သိသင့်သည်။ ဘုရားသခင်သည် လူသား၏ အားနည်းချက်ကို ဂရုစိုက်ပြီး သူ၏မိုက်မဲခြင်းနှင့် မသိနားမလည်မှုကို နားလည်၏။ လူသားအနေဖြင့် အလျှင်း ကယ်တင်ခံရနိုင်ရန်အလို့ငှာ၊ ဘုရားသခင်သည် သူ့ကို စာတန်လက်သို့ လွှဲအပ်လိုက်ရသော်လည်း၊ စာတန်၏အရူးလုပ်ခြင်းနှင့် နှိပ်စက်ညှဉ်းပန်းခြင်းတို့အား လူသားခံရသည်ကို မြင်ရန် ဘုရားသခင် လိုလားခြင်းမရှိသကဲ့သို့၊ လူသား အမြဲတစေ ဆင်းရဲဒုက္ခ ခံစားရသည်ကိုလည်း ဘုရားသခင် မမြင်ချင်ပေ။ လူသားကို ဘုရားသခင်က ဖန်ဆင်းခဲ့ပြီး လူသားနှင့် ပတ်သက်၍ အရာရာတိုင်းကို ဘုရားသခင် အုပ်စိုးကာ စီစဉ်သည်မှာ လုံးဝ သဘာဝကျပြီး ကျိုးကြောင်းခိုင်လုံမျှတခြင်း ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်၏ တာဝန်ဖြစ်ပြီး အရာခပ်သိမ်းအပေါ် ဘုရားသခင် အုပ်စိုးသည့် ဩဇာအာဏာ ဖြစ်သည်။ ဘုရားသခင်သည် စာတန်အား လူသားကို သဘောရှိ ညှဉ်းပန်းရန်နှင့် နှိပ်စက်ရန် ခွင့်မပြုပေ၊ လူသားကို လမ်းလွှဲစေရန် အမျိုးမျိုးသော နည်းလမ်းများကို အသုံးပြုဖို့ စာတန်အား သူအခွင့်မပေးသည့်အပြင်၊ လူသားအပေါ် ဘုရားသခင်၏ အချုပ်အခြာ အာဏာကို ဝင်ရောက်နှောင့်ယှက်ရန် စာတန်အား အခွင့်မပေးသကဲ့သို့၊ လူသားမျိုးနွယ်ကို စီမံခန့်ခွဲပြီး ကယ်တင်သော ဘုရားသခင်၏ ကြီးမြတ်သည့် အမှုကို ထည့်မတွက်နှင့်ဦးတော့၊ အရာခပ်သိမ်းအပေါ် ဘုရားသခင် အုပ်စိုးသော ဥပဒေသများကို နင်းခြေရန်နှင့် ဖျက်ဆီးရန် ခွင့်မပြုပေ။ ဘုရားသခင် ကယ်တင်လိုသောသူများနှင့် ဘုရားသခင်အား သက်သေခံနိုင်သောသူများသည် ဘုရားသခင်၏ နှစ်ခြောက်ထောင် စီမံခန့်ခွဲမှု အစီအစဉ်နှင့်သက်ဆိုင်သည့် အမှု၏ အချက်အချာနှင့် ပုံဆောင်ခဲဖြစ်သည့်အပြင် သူ၏ နှစ်ခြောက်ထောင် အမှုထဲက သူ၏ကြိုးပမ်းမှုများ၏ အဖိုးအခလည်း ဖြစ်သည်။ ဘုရားသခင်သည် ဤလူများကို စာတန်အား သာမန်ကာလျှံကာ အဘယ်သို့ ပေးနိုင်မည်နည်း။
လူတို့သည် ဘုရားသခင်၏ စမ်းသပ်မှုများနှင့်ပတ်သက်၍ မကြာခဏ စိုးရိမ်ကြပြီး ကြောက်ရွံ့တတ်ကြသော်လည်း၊ ၎င်းတို့သည် စာတန်၏ ကျော့ကွင်းနှင့် စာတန် တိုက်ခိုက်မှုနှင့် နှိပ်စက်မှုတို့ကို ၎င်းတို့ခံရသည့် အန္တရာယ်များသော နယ်မြေထဲ၌ အချိန်တိုင်း အသက်ရှင်နေသည်- သို့သော် ၎င်းတို့သည် ကြောက်ရွံ့ရမှန်း မသိကြသကဲ့သို့ တုန်လှုပ်ချောက်ချားခြင်းလည်း မရှိပေ။ အဘယ်သို့ ဖြစ်ကုန်သနည်း။ ဘုရားသခင်၌ လူသား၏ ယုံကြည်ခြင်းသည် သူမြင်နိုင်သော အရာများအထိသာ ကန့်သတ်ထားပေသည်။ သူသည် လူသားအတွက် ဘုရားသခင်၏ ချစ်ခြင်းနှင့် ပူပန်ခြင်း သို့မဟုတ် လူသားအပေါ် သူ၏ကြင်နာမှုနှင့် စာနာထောက်ထားမှုတို့ကို အနည်းငယ်မျှ အသိအမှတ်ပြုခြင်း မရှိပေ။ သို့သော် ဘုရားသခင်၏ စမ်းသပ်မှုများ၊ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်း၊ ဘုန်းအာနုဘော်နှင့် အမျက်ဒေါသတို့ နှင့်ပတ်သက်၍ အနည်းငယ် စိုးရိမ်ပူပင်ခြင်းနှင့် ကြောက်ရွံ့ခြင်းတို့အတွက်မူ၊ လူသားသည် ဘုရားသခင်၏ အပင်ပန်းခံသော ရည်ရွယ်ချက်များအပေါ် အနည်းငယ်မျှ သိနားလည်မှု မရှိပေ။ စမ်းသပ်မှုများအကြောင်း ဖော်ပြရာတွင်၊ လူတို့သည် ဘုရားသခင်၌ ဖုံးကွယ်ထားသော ရည်မှန်းချက်များ ရှိသည့်အလား ထင်မြင်ကြပြီး၊ အချို့က ဘုရားသခင်သည် ၎င်းတို့ကို မည်သည့်အရာ အမှန်တကယ် ပြုမည်ကို မသိဘဲ၊ ဘုရားသခင်သည် မကောင်းသော အကြံအစည်များ သိုထားသည်ဟုပင် ယုံကြည်ကြလေသည်။ ထို့ကြောင့် ဘုရားသခင်၏ အချုပ်အခြာ အာဏာနှင့် အစီအစဉ်များကို ကျိုးနွံနာခံသည်ဟု ကြွေးကြော် နေသည်နှင့်အမျှ တစ်ချိန်တည်းတွင်၊ အကယ်၍ ၎င်းတို့သည် သတိမထားပါက ဘုရားသခင်၏ လှည့်စားခြင်း ခံရကြမည်၊ အကယ်၍ ၎င်းတို့သည် ၎င်းတို့၏ ကိုယ်ပိုင် ကံကြမ္မာကို ဆက်လက်မဆုပ်ကိုင်ပါက၊ ၎င်းတို့၌ ရှိသမျှကို ဘုရားသခင် ရုပ်သိမ်းနိုင်ပြီး ၎င်းတို့၏ အသက်ပင်လျှင် အန္တရာယ်ရှိအံ့ဆဲဆဲ ဖြစ်နိုင်သည်ဟု ယုံကြည်ကြသည့်အတွက်၊ ၎င်းတို့သည် လူသားအပေါ် ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် လူသားအတွက် အစီအစဉ်များကို ခုခံရန်နှင့် ဆန့်ကျင်ရန် ၎င်းတို့ တတ်နိုင်သမျှကို လုပ်ဆောင်ကြလေသည်။ လူသားသည် စာတန်၏ စခန်းထဲ၌ ရှိသော်လည်း၊ သူသည် စာတန်အားဖြင့် နှိပ်စက်ခံရခြင်းအကြောင်းကို တစ်ကြိမ်တစ်ခါမျှ စိုးရိမ်ပူပန်ခြင်း မရှိသကဲ့သို့၊ သူသည် စာတန်၏ နှိပ်စက်ခြင်းကို ခံရသော်လည်း၊ စာတန်၏ ဖမ်းဆီးချုပ်နှောင်ခြင်း ခံရမည်ကို တစ်ကြိမ်တစ်ခါမျှ ကြောက်ရွံ့ခြင်း မရှိပေ။ သူသည် ဘုရားသခင်၏ ကယ်တင်ခြင်းကို လက်ခံသည်ဟု ဆိုမြဲဆိုနေသော်လည်း၊ ဘုရားသခင်ကို ယုံကြည်ခြင်း သို့မဟုတ် ဘုရားသခင်သည် စာတန်၏ လက်ခုပ်မှလူသားကို အမှန်တကယ် ကယ်တင်လိမ့်မည်ဟု မည်သည့်အခါမျှ ယုံကြည်ခြင်း မရှိပေ။ အကယ်၍ လူသားသည် ယောဘကဲ့သို့ ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုများနှင့် အစီအစဉ်များကို ကျိုးနွံနာခံနိုင်ပြီး သူ၏ ဖြစ်တည်မှုတစ်ခုလုံးကို ဘုရားသခင်၏ လက်ထဲသို့ ပေးအပ်နိုင်ပါက၊ လူသား၏ အဆုံးသတ်သည် ယောဘ၏ အဆုံးသတ်ကဲ့သို့ ဘုရားသခင်၏ ကောင်းချီးမင်္ဂလာများကို လက်ခံရရှိခြင်းနှင့် တူညီလိမ့်မည် မဟုတ်လော။ အကယ်၍ လူသားသည် ဘုရားသခင်၏ အချုပ်အခြာအာဏာကို လက်ခံကာ ကျိုးနွံနာခံနိုင်ပါက၊ ဆုံးရှုံးရန်အကြောင်း အဘယ်ရှိသနည်း။ ထို့ကြောင့်၊ သင်တို့အား သင်တို့၏ လုပ်ရပ်များတွင် ဂရုစိုက်ရန်နှင့် သင်တို့အပေါ် ရောက်လာတော့မည့် အရာရာတိုင်းအပေါ် သတိရှိရန် ငါအကြံပြုသည်။ မဆင်မခြင် သို့မဟုတ် စိတ်လိုက်မာန်ပါ မပြုကြနှင့်၊ ပြီးလျှင် ဘုရားသခင်နှင့် သင့်အတွက် သူ စီစဉ်ပြီးဖြစ်သော လူများ၊ ကိစ္စရပ်များ၊ အရာဝတ္ထုများအပေါ် သင်၏ ပူသောသွေး သို့မဟုတ် သင်၏ သဘာဝဖြစ်ခြင်းပေါ် မူတည်၍ သို့မဟုတ် သင်၏ စိတ်ကူးများနှင့် အယူအဆများအတိုင်း မဆက်ဆံနှင့်။ သင်တို့သည် ဘုရားသခင်၏ အမျက်ဒေါသအား လှုံ့ဆော်မိခြင်းကို ရှောင်ရှားရန် သင်တို့၏ လုပ်ရပ်များ၌ သတိရှိရမည် ဖြစ်ပြီး ဆုတောင်းကာ သာ၍ ရှာဖွေရမည် ဖြစ်သည်။ ဤအရာကို အောက်မေ့လော့။
—နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင် ကိုယ်တော်တိုင် (၂)