အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် အပလီကေးရှင်း

ဘုရားသခင်၏ အသံတော်ကို နားထောင်၍ သခင်ယေရှု ပြန်ကြွလာတော်မူခြင်းကို ကြိုဆိုလော့။

သမ္မာတရားကို ရှာဖွေနေသူများ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် ဖိတ်ခေါ်ပါသည်။

အမှီအခိုကင်းခြင်း- တတိယ ဆုံမှတ်

29

လူတစ်ယောက်သည် ကလေးဘဝ၊ ကြီးကောင်ဝင်ချိန်ကို ဖြတ်သန်းပြီး ရင့်ကျက်သည့်အရွယ်ကို တဖြည်းဖြည်းနှင့် ရှောင်လွှဲလို့မရဘဲ ရောက်လာသည့်အခါ နောက်တစ်ဆင့်က သူတို့အတွက် သူတို့၏ငယ်ရွယ်မှုကို လုံးဝနှုတ်ဆက်လိုက်ဖို့၊ သူတို့၏မိဘများကို နှုတ်ဆက်ပြီး အမှီအခိုကင်းသည့် အရွယ်ရောက်ပြီး သူတစ်ယောက်အနေနှင့် ရှေ့လမ်းကို ရင်ဆိုင်ဖို့အတွက် ဖြစ်ပါသည်။ ဤအချိန်တွင်က အရွယ်ရောက်ပြီးသူ တစ်ယောက် ကြုံတွေ့ရမည့်၊ သူတို့ကံကြမ္မာကွင်းဆက်၏ အချိတ်အဆက်များအားလုံးကို ရင်ဆိုင်ရမည့် လူများ၊ အဖြစ်အပျက်များနှင့် အကြောင်းအရာများအားလုးကို သူတို့ရင်ဆိုင်ရပါမည်။ ဤကားလူတစ်ယောက် ဖြတ်သန်းသွားရမည့် တတိယဆုံမှတ်ပါ။

၁။ အမှီအခိုကင်းပြီးနောက်တွင် လူတစ်ယောက်သည် ဖန်ဆင်းရှင်၏ အခွင့်အာဏာကို စတင်ကြုံတွေ့လာသည်

အမှီအခိုကင်းပြီးနောက်တွင် လူတစ်ယောက်သည် ဖန်ဆင်းရှင်၏ အခွင့်အာဏာကို စတင်ကြုံတွေ့လာသည်

လူတစ်ယောက်၏ မွေးဖွားခြင်းနှင့် ကြီးပြင်းခြင်းသည် သူ၏ဘဝခရီးအတွက် “ကြိုတင်ပြင်ဆင်ခြင်း ကာလ” ဖြစ်ပြီး၊ လူတစ်ယောက်၏ ကံကြမ္မာ၏ အုတ်မြစ်ချခြင်း ဖြစ်ပါသည်။ ထို့နောက်တွင် လူတစ်ယောက်၏ အမှီအခို ကင်းခြင်းသည် သူ့ဘဝကံကြမ္မာက ဖွင့်ပြလာသည့် ဖော်ပြချက်ဖြစ်ပါသည်။ လူတစ်ယောက်၏ မွေးဖွားခြင်းနှင့် ကြီးပြင်းခြင်းသည် သူတို့ဘဝကံကြမ္မာအတွက် စုဆောင်းခဲ့သည့် ချမ်းသာမှုဖြစ်မည်ဆိုလျှင်၊ လူတစ်ယောက်၏ အမှီအခိုကင်းခြင်းသည် ဤချမ်းသာခြင်းကို သူတို့အသုံးချသည့်အချိန် သို့မဟုတ် ဖြည့်စွက်သည့်အချိန်ပင် ဖြစ်ပါသည်။ လူတစ်ယောက်သည် မိဘများကို ထားခဲ့ပြီး ကိုယ်တိုင်ရပ်တည်သူ တစ်ယောက်ဖြစ်လာသည့်အခါ သူလျှင်ဆိုင်ရသည့် လူမှုရေးရာ အခြေအနေများ၊ သူရရှိနိုင်သည့် အလုပ်နှင့် လုပ်ငန်းအမျိုးအစားနှစ်ခုလုံးသည် ကံကြမ္မာ၏ စီရင်ထုံးဖွဲ့ခြင်းကို ခံရခြင်းဖြစ်ပြီး သူ့မိဘတွေနှင့် မည်သို့မျှ သက်ဆိုင်ခြင်းမရှိပါ။ လူအချို့က မေဂျာ ကောင်းကောင်းကို ရွေးချယ်ပြီး ဘွဲ့ရပြီးနောက် ကျေနပ်စရာကောင်းသည့်အလုပ်ကို ရှာဖွေတွေ့ရှိရင်း သူတို့ဘဝခရီးတွင် အောင်မြင်သည့် ပထမခြေလှမ်းကို လှမ်းရင်း အဆုံးသတ်ကြသည်။ လူအချို့က ပညာအမျိုးမျိုးကို သင်ယူပြီး ကျွမ်းကျင်သော်လည်း သူတို့နှင့် သင့်တော်သည့် အလုပ် သို့မဟုတ် သူတို့၏ ရာထူးနေရာကို လုံးဝရှာမတွေ့ပါ။ လုပ်ငန်းတစ်ခုရှိဖို့ ပိုပြီးမဖြစ်နိုင်ပါ။ သူတို့၏ ဘဝခရီးအစတွင် အလှည့်အပြောင်း တိုင်းမှာ ပိတ်ပင်တားဆီးခံရခြင်း၊ ပြဿနာများ ဝန်းရံလာခြင်း၊ သူတို့ရှေ့ရေးသည် စိတ်ညစ်စရာဖြစ်လာပြီး သူတို့၏ဘဝသည် သေချာမှုမရှိပါ။ လူအချို့တို့တို့သည် စာကို လုံ့လရှိရှိနှင့် အသုံးချသည်။ သို့သော်လည်း ပိုမြင့်သည့် ပညာရေးရရန် သူတို့၏ အခွင့်အရေးအားလုံး ကျဉ်းမြောင်းစွာနှင့် လွဲချော်သွားခဲ့ပြီး အောင်မြင်မှုမရရန် သေချာသည့်ပုံစံဖြစ်သွားသည်။ သူတို့ဘဝခရီးတွင် သူတို့၏ပထမဆုံး စိတ်အားထက်သန်မှုသည် လေထဲ ပျောက်ကွယ်သွားသည်။ ရှေ့မှာရှိသည့်လမ်းက ချောမွေ့သလော သို့မဟုတ် ကြမ်းတမ်းသလောဆိုတာ မသိဘဲ လူသား၏ ပန်းတိုင်အမျိုးမျိုးက မည်မျှထိ များပြားနေသနည်းဆိုတာကို ပထမဆုံးအကြိမ် သူတို့ခံစားကြရပြီး ဘဝကို မျှော်လင့်ခြင်း၊ စိုးရိမ်ခြင်းတို့နှင့် မှတ်ယူကြသည်။ လူအချို့တို့က ပညာသိပ်မတတ်ကြသော်လည်း စာအုပ်များရေးပြီး အောင်မြင်မှု အတိုင်းအတာ တစ်ခုအထိ ရရှိကြသည်။ တစ်ချို့ကတော့ လုံးဝ စာမတတ်သော်လည်း စီးပွားရေးနှင့် ဝင်ငွေရှာပြီး ဤနည်းနှင့် သူတို့ကိုယ်သူတို့ ထောက်ပံ့နိုင်သည်။ လူတစ်ယောက် မည်သည့်အလုပ်အကိုင် ရွေးချယ်သည်၊ မည်သို့ အသက်မွေးဝမ်းကျောင်း ပြုလုပ်သည်၊ လူတွေက ကောင်းမွန်သည့် ရွေးချယ်မှု သို့မဟုတ် မကောင်းသည့် ရွေးချယ်မှုလုပ်သည့်အပေါ်မှာ ထိန်းချုပ်မှုရှိသလော။ လူတွေက သူတို့၏ဆန္ဒနှင့် ဆုံးဖြတ်ချက်အပေါ်မှာ ကိုက်ညီကြသလော။ လူအများစုက အလုပ်နည်းနည်းလုပ်ပြီး ပိုက်ဆံများများရချင်ကြသည်။ နေပူထဲ မိုးထဲတွင် မလုပ်ဖို့၊ အဝတ်ကောင်းကောင်းဝတ်ပြီး နေရာတိုင်းမှာ လင်းလက်တောက်ပနေဖို့၊ တစ်ခြားလူတွေထက် မြင့်ဖို့၊ သူတို့၏ ဘိုးဘေးတွေ ဂုဏ်ယူကြဖို့ ဆန္ဒရှိကြသည်။ လူတို့၏ ဆန္ဒသည် အလွန် ပြီးပြည့်စုံသည်။ သို့သော်လည်း လူတွေက သူတို့ဘဝခရီးတွင် ပထမခြေလှမ်းကို စလှမ်းသည့်အခါ လူသား၏ပန်းတိုင်က မည်မျှထိ ပြည့်စုံမှုမရှိသနည်းဆိုတာကို တဖြည်းဖြည်း သိမြင်လာကြပြီး လူတစ်ယောက်က သူ၏အနာဂတ်အတွက် ခိုင်မာသည့် အစီအစဉ်များကို ချမှတ်နိုင်သော်လည်း၊ လူတစ်ယောက်သည် ရဲတင်းသည့် စိတ်ကူးယဉ်ဆန်မှုများကို သိမ်းဆည်း ထားနိုင်သော်လည်း၊ သူ၏ သို့မဟုတ် သူမ၏ အိပ်မက်တွေကို အကောင်အထည်ဖော်ဖို့ မည်သူမှ အရည်အချင်း သို့မဟုတ် အစွမ်းမရှိကြပါ၊ မည်သူကမှ သူ၏ သို့မဟုတ် သူမ၏ ကိုယ်ပိုင်အနာဂတ်ကို ထိန်းချုပ်နိုင်သည့်နေရာတွင် မရှိဘူးဆိုသည့်အချက်ကို ပထမဆုံးအကြိမ် အမှန်တကယ် နားလည်လာကြသည်။ လူတစ်ယောက်၏ အိပ်မက်နှင့် အမှန်တရားကြားမှာ သူရင်ဆိုင်ရမည့် အကွာအဝေးတစ်ချို့ အမြဲရှိနေပါလိမ့်မည်။ အကြောင်းအရာများသည် လူတစ်ယောက် ဖြစ်စေချင်သည့်အတိုင်း ဘယ်သောအခါမှမဖြစ်ပါ။ ဤအမှန်တရားနှင့် ရင်ဆိုင်ရသည့်အခါ လူတို့သည် စိတ်ကျေနပ်မှု သို့မဟုတ် အားရကျေနပ်မှု ဘယ်တော့မှ မရရှိကြပါ။ တစ်ချို့လူတို့သည် စိတ်ကူးလို့ရသည့် အတိုင်းအတာအထိ သွားကြလိမ့်မည်။ သူတို့၏ကိုယ်ပိုင် ကံကြမ္မာကို ပြောင်းလဲဖို့ ရည်ရွယ်ချက်နှင့် သူတို့၏ အသက်မွေးဝမ်းကျောင်းနှင့် အနာဂတ်အတွက် ကြီးမားသည့် အားစိုက်မှုများ ပြုလုပ်ပြီး ကြီးမားသည့် စွန့်လွတ်မှုများ ပြုလုပ်ကြသည်။ သို့သော်လည်း အဆုံးမှာ သူတို့၏ ကိုယ်ပိုင်ကြိုးစားမှုများနှင့် အိပ်မက်များကို အကောင်အထည် ဖော်နိုင်ခဲ့သည့်တိုင် သူတို့၏ ကံကြမ္မာတွေကို ဘယ်သောအခါမှ မပြောင်းလဲ နိုင်ပါ။ မည်မျှပင်ဇွဲကြီးကြီးနှင့် ကြိုးစားပါစေ ကံတရားက သူတို့ကို ပိုင်းခြား သတ်မှတ်ပေးသည်ထက် ဘယ်သောအခါမှ ကျော်လွန်နိုင်မှာမဟုတ်ပါ။ အရည်အချင်း၊ ဉာဏ်ရည်ဉာဏ်ကဲ၊ စိတ်ဓါတ်စွမ်းအား မတူညီမှုများနှင့် မသက်ဆိုင်ဘဲ လူအားလုံးသည် ကံကြမ္မာ၏ ရှေ့မှောက်တွင် ညီတူညီမျှဖြစ်ပြီး ကြီးမားခြင်းနှင့် သေးငယ်ခြင်းကြား၊ အမြင့်နှင့် အနိမ့်ကြား၊ ပီတိဖြစ်ခြင်းနှင့် စိတ်တိုခြင်းကြားတွင် ခြားနားချက်မရှိပါ။ လူတစ်ယောက်က ဘာအလုပ်အကိုင် လုပ်ဖို့ကြိုးစားသည်၊ စားဝတ်နေရေးအတွက် မည်သည့်အလုပ်လုပ်သည်၊ ဘဝတွင် ချမ်းသာမှုများ မည်မျှစုစည်းထားသည် စသည်တို့သည် သူ၏မိဘ၊ သူ့ ပါရမီ၊ အားစိုက်ထုတ်မှု သို့မဟုတ် ရည်ရွယ်ချက်တို့နှင့် သတ်မှတ်ဆုံးဖြတ်ခြင်းမဟုတ်ဘဲ ဖန်ဆင်းရှင်မှ ကြိုတင်သတ်မှတ်ထားခြင်း ဖြစ်ပါသည်။

၂။ မိဘများ ကို စွန့်ခွာပြီး ဘဝဇာတ်ခုံပေါ်တွင် ကပြဖို့အတွက် လေးနက်ခိုင်မာစွာ စတင်ခြင်း

လူတစ်ယောက်သည် အရွယ်ရောက်ပြီး ရင့်ကျက်လာသည့်အခါ မိဘများကို စွန့်ခွာပြီး ကိုယ်တိုင် ရပ်တည်လာနိုင်ပါသည်။ ကိုယ့်တာဝန်ကိုယ်ယူရန် အမှန်တကယ် စတင်ပြုလုပ်သည့် အချိန်လည်းဖြစ်သည်။ သူ့ဘဝတာဝန်က ဝေဝါးမနေတော့ဘဲ တဖြည်းဖြည်း ရှင်းလင်းလာသည့် အချိန်လည်း ဖြစ်ပါသည်။ မိဘများနှင့် အနည်းငယ်တော့ နီးကပ်စွာ နေထိုင်ပါသေးသည်။ သို့သော်လည်း ဘဝမှာ သူ့တာဝန်နှင့် အခန်းကဏ္ဍကို လုပ်ဆောင်ခြင်းက သူ့အမေအဖေနှင့် ဘာမှမသက်ဆိုင်သည့်အတွက် အမှန်တကယ်တွင် လူတစ်ယောက်သည် တဖြည်းဖြည်း ကိုယ်ပိုင်ရပ်တည်လာနိုင်သည်နှင့်အမျှ ဤနီးစပ်နေသည့် ချည်နှောင်ကြိုးက တဖြည်းဖြည်းနှင့် ပျက်ပြယ်လာပါသည်။ မျိုးရိုးရှုထောင့်မှကြည့်လျှင် လူတို့သည် မိဘအပေါ်မသိစိတ်က မှီခိုမိနေပါသေးသည်။ သို့သော်လည်း အရှိအတိုင်း ပြောရမည်ဆိုလျှင် သူတို့တွေ အရွယ်ရောက်လာသည်နှင့် သူတို့၏ မိဘများနှင့် လုံးဝခွဲထွက်သွားပြီး သူတို့ တာဝန်ယူထားသည့် အခန်းကဏ္ဍများကို အမှီအခိုကင်းစွာ ပြုလုပ် ဆောင်ရွက်ကြပါလိမ့်မည်။ မွေးဖွားခြင်းနှင့် ပြုစုပျိုးထောင်ခြင်းအပြင် ကလေးတစ်ယောက်၏ဘဝတွင် မိဘ၏ တာဝန်ဝတ္တရားက သူကြီးပြင်းဖို့ ကောင်းမွန်သည့် ပတ်ဝန်းကျင်နှင့်အတူ သူ့ကို သို့မဟုတ် သူမကို ပံ့ပိုးဖို့ဖြစ်ပါသည်။ ဖန်ဆင်းရှင်၏ ကြိုတင်သတ်မှတ်ခြင်းကလွဲပြီး ဘယ်အရာကမှ လူတစ်ယောက်၏ ကံကြမ္မာပေါ် ဆက်နွယ်မှု မရှိပါ။ လူတစ်ယောက်က မည်သို့အနာဂတ်မျိုး ရှိမည်ကို ဘယ်သူကမှ မထိန်းချုပ်နိုင်ပါ။ ရှေးကတည်းက ကြိုတင်သတ်မှတ်ပြီး ဖြစ်ပါသည်။ သူ့မိဘများကပင် သူ့ကံကြမ္မာကို မပြောင်းလဲ နိုင်ပါ။ ကံကြမ္မာက ဆက်စပ်နေသရွေ့ လူတိုင်းက အမှီအခိုကင်းပါသည်။ လူတိုင်းက သူ၏ သို့မဟုတ် သူမ၏ ကိုယ်ပိုင်ကံကြမ္မာရှိသည်။ ထို့ကြောင့် မည်သူ၏ မိဘကမှ ကလေး၏ ဘဝကံကြမ္မာကို မပိတ်ပင်နိုင်ပါ။ သို့မဟုတ် ဘဝတွင် သူပြုမှုလှုပ်ရှားသည့် အခန်းကဏ္ဍအပေါ် လွှမ်းမိုးမှုအနည်းငယ်ပင် မသက်ရောက် နိုင်ပါ။ လူတစ်ယောက်က သူမွေးဖွားခံရဖို့ သတ်မှတ်ထားသည့် မိသားစု၊ သူကြီးပြင်းသည့် ပတ်ဝန်းကျင်၊ ယင်းတို့သည် သူ့ဘဝ တာဝန်ကို ပြီးမြောက်စေဖို့အတွက် ကြိုတင်သတ်မှတ်ချက်များ ဖြစ်ခြင်းထက် ဘာမှမပိုပါ။ ဤ အရာတွေက လူတစ်ယောက်၏ ဘဝကံကြမ္မာကို သို့မဟုတ် လူတစ်ယောက် ကသူ၏ သို့မဟုတ် သူမ၏ တာဝန်ကို ပြီးမြောက်စေသည့် ပန်းတိုင်မျိုးကို ဘယ်နည်းနှင့်မှ သတ်မှတ်ခြင်းမရှိပါ။ သို့အတွက်ကြောင့် မည်သူ၏ မိဘကမှ ကလေး၏ ဘဝတာဝန်ကို ပြီးမြောက်စေဖို့ ကူညီ၍မရပါ။ မည်သူ၏ ဆွေမျိုးများမှ သူ့ကို ဘဝတွင် သူ့အခန်းကဏ္ဍကို တာဝန်မယူပေးနိုင်ပါ။ သူ့တာဝန်ကို သူမည်သို့ ပြီးမြောက်အောင် ပြုလုပ်သည်၊ သူ့အခန်းကဏ္ဍကို မည်သို့ ပတ်ဝန်းကျင်မျိုးမှာ ဆောင်ရွက်သည် ဆိုတာတွေက လုံးဝ သူ့ဘဝ ကံကြမ္မာအားဖြင့် သတ်မှတ်ပြီး ဖြစ်ပါသည်။ တစ်ခြားနည်းနှင့်ပြောရလျှင် ဖန်ဆင်းရှင်က ကြိုတင်သတ်မှတ်ထားသည့် လူတစ်ယောက်၏ တာဝန်ကို တစ်ခြား ဘယ်ဦးတည်ချက် အခြေအနေတွေကမှ မလွှမ်းမိုးနိုင်ပါ။ လူအားလုံးက သူတို့၏ ကိုယ်ပိုင်တစ်ဦးချင်းစီ ကြီးပြင်းလာသည့် ပတ်ဝန်းကျင်မှာ ရင့်ကျက်လာကြပြီး တဖြည်းဖြည်းနှင့် တစ်ဆင့်ပြီးတစ်ဆင့် သူတို့၏ ကိုယ်ပိုင် ဘဝလမ်းမတွေပေါ်မှာ ခရီးစတင်လာကြသည်။ ဖန်ဆင်းခံတွေအနေနှင့် ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာအတွက်၊ ဖန်ဆင်းရှင်၏ ကြိုတင်သတ်မှတ်ချက်အတွက် သူတို့၏ တာဝန် ဝတ္တရားတွေကို ပြီးမြောက်စေဖို့ စတင်လုပ်သည့်နေရာဖြစ်သည့် လူသားမျိုးနွယ် ပင်လယ်ပြင်ကျယ်ကြီးထဲကို အလိုအလျောက်ဝင်လာပြီး ဘဝမှာ သူတို့၏ ကိုယ်ပိုင်နေရာတွေကို ခန့်မှန်းယူဆရင်း ဖန်ဆင်းရှင်က သူတို့အတွက် စီစဉ်ထားသည့် ပန်းတိုင်တွေကို ပြီးမြောက်ဖို့ဆောင်ရွက်ကြသည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ မှ

အောက်ခြေမှတ်စု(များ)-

က။ မူရင်းစာသားတွင် “ဤ အချိန်တွင်” ဟူသော စကားရပ် မပါဝင်ပါ။

ခ။ မူရင်းစာသားတွင် “မသိဘဲ” ဟူသော စကားရပ် မပါဝင်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ