ဘာသာရေး သင်းအုပ်ဆရာများနှင့် အကြီးအကဲများက သမ္မာကျမ်းစာထဲ ရှိသမျှအရာတိုင်းသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များဖြစ်သည်ဟု ယုံကြည်လျက်၊ “ထိုကျမ်းစာရှိသမျှသည် ဘုရားသခင် မှုတ်သွင်းတော်မူသော အားဖြင့်ဖြစ်၍။” (၂ တိ ၃:၁၆) ဟူသော သမ္မာကျမ်းစာထဲက ရှင်ပေါလု၏ စကားများကို စွဲကိုင်ထားကြသည်။ သို့သော် သင်တို့က သမ္မာကျမ်းစာသည် လုံးဝ ဘုရားသခင်၏ နှုတ်ကပတ်တော်များဖြင့် မပြုလုပ်ထားပါဟု ဆိုသည်၊ ထိုသို့ဆိုလျှင် ဤအရာအားလုံးမှာ အဘယ်နည်း။
အဖြေ-
အစပြုရန်အတွက်၊ သမ္မာကျမ်းစာက မည်သို့ ပုံသွင်းခံခဲ့ရသည်နှင့် မည်သည့်အချိန်တွင် ထုတ်လုပ်ထားခဲ့သည်ကို နားလည်ရန် လိုအပ်သည်။ မူရင်းသမ္မာကျမ်းစာအုပ်မှာ ဓမ္မဟောင်းကျမ်းကို ရည်ညွှန်းခြင်းဖြစ်သည်။ ယင်းမှာ၊ ဣသရေလလူများဖြစ်သည့် ဂျုးများက ဓမ္မဟောင်းကျမ်းကိုသာ သမ္မာကျမ်းစာဟု ခေါ်ကြသည်။ ပြီးနောက်၊ ကျေးဇူးတော်ခေတ်တွင်၊ သခင်ယေရှုသည် ရွေးနှုတ်ခြင်းအမှုတော်၏ အဆင့်တစ်ခုကို လုပ်ဆောင်ခဲ့သည်။ သခင်ပေါ်ထွန်းပြီးနောက် နှစ်ပေါင်း သုံးရာကျော်တွင်၊ ထိုအချိန်က အသင်းတော်ခေါင်းဆောင်များသည် အစည်းအဝေးတစ်ခု ကျင်းပရန် အတူတကွ လာခဲ့ကြသည်။ ၎င်းတို့က နောက်ဆုံးသောကာလ နီးလာပြီဖြစ်ပြီး တပည့်တော်များ ရေးသားခဲ့သည့် စာစောင်များနှင့်အတူ သခင်ယေရှု မိန့်ဆိုခဲ့သည့် စကားများကို ဓမ္မဟောင်းနှင့် ဆင်တူသော စာအုပ်တစ်အုပ်ဖွဲ့ရန် အတူတကွ စုပေါင်းအနှစ်ချုပ်သင့်ပြီး နေရာတိုင်းက အသင်းတော်များထံ ပို့သင့်သည်ဟု ယုံကြည်ခဲ့ကြသည်။ ဤနည်းဖြင့်၊ စာပေများကို ကောင်းကောင်းမွန်မွန် ကာကွယ်လိမ့်မည်ဖြစ်ပြီး အသင်းတော်များ၏ အသက်တာကို မှန်ကန်သော လမ်းကြောင်းပေါ် ထားရှိနိုင်မည် ဖြစ်သည်။ ထို့ကြောင့်၊ သခင်ယေရှု၏ တမန်တော်များနှင့် တပည့်တော်များ၏ စာပေများအားလုံးကို ရွေးပြီး အတူတကွ ယူဆောင်ခဲ့ကြကာ နောက်ဆုံးတွင်၊ သုတေသနကို ဆောင်ရွက်ပြီးနောက်၊ စာပေ၏ လက်ရွေးစင် အစိတ်အပိုင်း နှစ်ဆယ့်ခုနှစ်ခုကို ဓမ္မသစ်ကျမ်း၏ တရားဝင်စံအဖြစ် သတ်မှတ်ခဲ့ကြသည်။ နောက်ပိုင်းတွင်၊ ၎င်းတို့က ဓမ္မသစ်ကျမ်း၏ တရားဝင်စံဖြစ်သည့် လက်ရာ နှစ်ဆယ့်ခုနှစ်ခုနှင့် ဓမ္မဟောင်းကျမ်းတို့ကို သမ္မာကျမ်းစာ၏ အလုံးစုံအကြောင်းအရာများဖြစ်လာရန် ပေါင်းစပ်ခဲ့သည်။ ဤသည်မှာ ဓမ္မသစ်ကျမ်းနှင့် ဓမ္မဟောင်းကျမ်းများ၏ ကျမ်းအုပ်တစ်ခုလုံးကို ထုတ်လုပ်ခြင်းအတွက် အခြေခံဖြစ်သည်။ သမ္မာကျမ်းစာ တစ်ခုလုံးမှာ ဘုရားသခင် မှုတ်သွင်းထားခြင်း ဖြစ်သည်ဟု ယုံကြည်သောသူအချို့ရှိကြသည်၊ အထူးသဖြင့်၊ ထိုအချိန်က ပေါလုက၊ “ထိုကျမ်းစာရှိသမျှသည် ဘုရားသခင် မှုတ်သွင်းတော်မူသော အားဖြင့်ဖြစ်၍” ဟု ဆိုခဲ့သည်။ ဤစကားလုံးများနောက်တွင် အချက်တစ်ချက်ရှိပါသည်။ ထိုအချိန်တုန်းက၊ ၎င်းတို့ကြားရသည်မှာ၊ ဓမ္မသစ်ကျမ်းသည် စာအုပ်ဖြစ်မလာခဲ့သေးသောကြောင့် ဓမ္မသစ်ကျမ်း မရှိခဲ့သလို အသင်းတော်အသီးသီး၏ ထိန်းသိမ်းစောင့်ရှောက်မှုထဲတွင် ပျောက်ဆုံးသော စာစောင် ဒါဇင်ပေါင်းများစွာ ရှိခဲ့သေးသည်ဟူ၍ ဖြစ်သည်။ ဤသို့သော နောက်ခံသမိုင်းကို ဆန့်ကျင်၍၊ နောက်ဆုံးတွင် ရှင်ပေါလု၏ စကားများသည် မည်သည့်အရာကို ရည်ညွှန်းပါသနည်း။ ဟုတ်ပေ၏။ ၎င်းတို့သည် ဓမ္မသစ်ကျမ်းကို ရည်ညွှန်းမှုတစ်ခုဖြစ်သည်။ ထို့ကြောင့်၊ တိမောသေသြဝါဒစာ ဒုတိယစောင်ထဲက ရှင်ပေါလု၏ ကြေငြာချက်ဖြစ်သည့်၊ “ထိုကျမ်းစာရှိသမျှသည် ဘုရားသခင် မှုတ်သွင်းတော်မူသော အားဖြင့်ဖြစ်၍” ဟူသည်မှာ ဓမ္မဟောင်းကျမ်းကို ညွှန်ပြပြီး ဓမ္မသစ်ကျမ်းကို မဟုတ်ပါ။ ဤသည်မှာ အမှန်တရား တစ်ခုဖြစ်သည်။ သို့သော်၊ နောက်ဆုံးသောကာလ လူတို့သည် ရှင်ပေါလု ပြောခဲ့သည့် “ထိုကျမ်းစာ” ကို ဓမ္မဟောင်းနှင့် ဓမ္မသစ်ကျမ်း တစ်ခုလုံးကို ဆိုလိုသည်ဟု ယူကြလေသည်။ ဤအရာသည် ထိုအချိန်တုန်းက ဖြစ်ရပ်မှန်များနှင့် ဆန့်ကျင်လျက်ရှိပြီး ထိုအချိန်က ရှင်ပေါလုပြောခဲ့သည့်အရာ၏ နောက်ခံသမိုင်းကို ဆန့်ကျင်နေပေသည်။ ထို့ကြောင့်၊ ယင်းသည် အချက်အလက်များနှင့် မကိုက်ညီသလို ဘက်လိုက်ပြီး မှားယွင်းသော အနက်ပြန်ခြင်းတစ်ခု ဖြစ်သည်။ ဤအရာမှလွဲ၍၊ ဓမ္မဟောင်းကျမ်းသည် ဘုရားသခင် မှုတ်သွင်းတော်မူခြင်း အားဖြင့် ဖြစ်သည်ဟု ဆိုထားလျှင် ဤသည်မှာ ယုတ္တိရှိပါသလား။ “ဘုရားသခင်၏ မှုတ်သွင်းတော်မူခြင်းအားဖြင့် ဖြစ်သည်” ဟု ဆိုသည်မှာ မည်သည့်အရာကို ကိုယ်စားပြုပါသနည်း။ မှုတ်သွင်းတော်မူခြင်းဆိုသည်မှာ ဘာကိုဆိုလိုသနည်း။ ဓမ္မဟောင်းကျမ်း ပညတ်တော်ခေတ်တွင်၊ မောရှေသည် ဘုရားသခင်အားဖြင့် ခန့်အပ်ထားသော ဣသရေလတို့၏ ခေါင်းဆောင်နှင့် အမှုတော်ဆောင်တစ်ဦးဖြစ်သည်၊ ယင်းမှာ ဣသရေလလူမျိုးများကို အဲဂုတ္တုမှ ဦးဆောင်ခေါ်ထုတ်ခဲ့သော လူတစ်ဦးဖြစ်ပြီး ဘုရားသခင်၏ ပညတ်တော်များကို လက်ဆင့်ကမ်း ခဲ့သူဖြစ်သည်။ ပညတ်တော်ခေတ်၏ အမှုတော်မှာ မောရှေမှတဆင့် ဘုရားသခင်အားဖြင့် ပြီးမြောက်ခဲ့ပေသည်။ မောရှေသည် ဓမ္မဟောင်းကျမ်းကို ရှင်းပြရန် သြဇာအာဏာအရှိဆုံးဖြစ်ပြီး အခြားသူများကတော့ ဤအရည်အချင်းကို မရှိခဲ့ကြပါ။ ကောင်းပြီ၊ မောရှေ၏ ကျမ်းအုပ် ငါးအုပ်ထဲတွင်၊ သူရေးသားခဲ့သော အရာသည် ဘုရားသခင်၏ မှုတ်သွင်းတော်မူခြင်းအားဖြင့် ဖြစ်သည်ဟု သူပြောခဲ့ပါသလား။ ပထမဦးစွာ၊ ဤအရာကို မောရှေ မပြောခဲ့ပါ။ ဒုတိယအနေဖြင့်၊ ဓမ္မဟောင်းခေတ်တွင် ဘုရားသခင် အသုံးပြုခဲ့သည် ဤပရောဖက်များအားလုံးထဲတွင်၊ အကြီးမြတ်ဆုံး ပရောဖက်များ ဖြစ်သည့် ဟေရှာယ၊ ဒံယေလ နှင့် ယေဇကျေလတို့ထဲမှ အဘယ်သူမျှ ဤစကားများကို မပြောခဲ့ကြပါ။ “ထိုကျမ်းစာရှိသမျှသည် ဘုရားသခင် မှုတ်သွင်းတော်မူသော အားဖြင့်ဖြစ်၍” ဟုဆိုသော စာကြောင်းမှာ နောက်ပိုင်းမှ ရှင်ပေါလုအားဖြင့် ပြောဆိုခဲ့ခြင်းဖြစ်ပြီး ထို့ကြောင့် ယင်းကို သက်သေအထောက်အထားအဖြစ် လုံးဝယူ၍ မရနိုင်ပါ။ အကယ်၍ ဘုရားသခင်ကသာ ဓမ္မဟောင်းကျမ်း တစ်ခုလုံးသည် ဘုရားသခင် မှုတ်သွင်းတော်မူခြင်းအားဖြင့် ဖြစ်သည်ဟု ဆိုခဲ့လျှင် ပရောဖက်များမှတဆင့် သူပြောခဲ့ရပေမည်။ သို့သော် ဤအရာက ပရောဖက်များ၏ စကားများထဲတွင် မထွက်ပေါ်ခဲ့ပါ။ မောရှေက ဤအမြင်ကို ယူနိုင်ခဲ့လျှင် သူလည်း ထိုသို့ ပြောခဲ့ပေလိမ့်မည်၊ သို့သော် မောရှေပြောခဲ့သောအရာများထဲတွင် ထိုကဲ့သို့သော စကားများ မရှိခဲ့ပေ။ ဤသည်မှာ သမ္မာကျမ်းစာ ထုတ်လုပ်ခြင်းနှင့် ယင်း၏ ဖွဲ့စည်းတည်ဆောက်ပုံနှင့် စပ်လျှဉ်း၍ ကျွန်ုပ်တို့ ရှိထားသင့်သည့် နားလည်မှုမျိုးဖြစ်သည်။ ဤသည်မှာ အဘယ်ကဲ့သို့ သမ္မာကျမ်းစာကို အတိအကျ ပုံသွင်းခဲ့ရသည်၊ အဘယ်သူရေးခဲ့သည်နှင့် ယင်း၏ မှတ်တမ်းကို အဘယ်သူ ပြုလုပ်ခဲ့သည်တို့ကို ကျွန်ုပ်တို့ကို သိရှိခွင့်ပေးသည့် သမ္မာကျမ်းစာ၏ အတွင်းပိုင်းဇာတ်ကြောင်းဖြစ်သည်ဟု ဆိုနိုင်သည်။ သမ္မာကျမ်းစာတွင် ဘုံသိနားလည်ခြင်း နှင့် ဘုံအမြင် တူညီသည့် စာရေးသူ ဒါဇင်ပေါင်းများစွာ ရှိသည်။ ၎င်းတို့ထဲ၌ အဘယ်မျှလောက်က ထိုအရာအားလုံးတွင် ဘုရားသခင်၏ မှုတ်သွင်းတော်မူခြင်းအားဖြင့် ဖြစ်သည်ဟု ဆိုခဲ့ကြသနည်း။ ထိုအချိန်တုန်းက ရှင်ပေါလုက သမ္မာကျမ်းတစ်ခုလုံးမှာ ဘုရားသခင် မှုတ်သွင်းတော်မူခြင်းအားဖြင့် ဖြစ်သည်ဟု ပြောခဲ့ပြီး ယင်းက ဓမ္မဟောင်းကျမ်းကို ညွှန်ပြခဲ့သည်။ နောက်နှစ်ပေါင်းများစွာတွင် မည်သည့်အရာကို အနက်ပြန်ခဲ့ကြ သနည်း။ ဓမ္မဟောင်းကျမ်းနှင့် ဓမ္မသစ်ကျမ်းအားလုံးမှာ ဘုရားသခင်၏ မှုတ်သွင်းတော်မူခြင်းအားဖြင့် ဖြစ်သည်ဟူ၍ ပြောဆိုထားလေသည်။ ထိုကဲ့သို့သော အနက်ပြန်ခြင်းက မဖြစ်နိုင်သောအရာဖြစ်ပြီး ယုံကြည် လက်ခံ၍မရနိုင်သော အရာဖြစ်သည် မဟုတ်လော။
ဓမ္မသစ်ကျမ်းနှင့် ဓမ္မဟောင်းကျမ်းတို့ကို အတူတကွ ထားရှိပြီးနောက်၊ ရှင်ပေါလု၏ စကားများကို လူတို့က ဖတ်ရှုကြ သောအခါ၊ သူပြောသောအရာမှာ ဓမ္မဟောင်းကျမ်းနှင့် ဓမ္မသစ်ကျမ်း နှစ်ခုလုံးကို ရည်ညွှန်းခဲ့သည်ဟု ယုံကြည်ခဲ့ကြသည်။ အကယ်၍ ရှင်ပေါလုသာ အသက်ရှင်နေသေးပြီး သူ၏ နောင်လာမျိုးဆက်များ အားဖြင့် ထိုသို့သော ရှင်းပြချက်ကို ကြားခဲ့လျှင်၊ သူသည် ချက်ချင်း၊ “ငါ အဲဒီအချိန်တုန်းက ပြောခဲ့တာဟာ ဓမ္မဟောင်းကျမ်းကို ရည်ညွှန်းခဲ့ တာပါ၊ ဓမ္မသစ်ကျမ်းမပါပါဘူး” ဟု ကြေငြာပေလိမ့်မည်။ ထို့အပြင် ရှင်ပေါလု၊ ပေတရု နှင့် ဓမ္မသစ်ကျမ်း၏ စာစောင်များကို ရေးသားခဲ့ကြသော အခြားသူများသည် နောက်ဆုံးသောကာလ၏ ဂိုဏ်းဂဏများထဲက လူတို့က ၎င်းတို့ ရေးသားခဲ့ကြသည့် စာစောင်များကို ဘုရားသခင်၏ နှုတ်ကပတ်တော်ဖြစ်သကဲ့သို့ သဘောထားနေကြသည်ကို မြင်ခဲ့ကြလျှင် မည်သည့်အရာကို ကြေငြာချက်ထုတ်ခဲ့ကြလိမ့်မည်နည်း။ ဤအချက်ကို ၎င်းတို့ လက်ခံနိုင်ကြလိမ့်မည်လော။ မည်သည့်အရာကို ၎င်းတို့ ပြောဖို့ရှိခဲ့လိမ့်မည်နည်း။ ၎င်းတို့က၊ “အိုဒါ ခက်ခဲတဲ့အရာပဲ။ ခင်ဗျားတို့အားလုံး အမှားကြီးကြီးတစ်ခု လုပ်လိုက်ကြပြီ၊ အခု ခင်ဗျားတို့က အယူလွဲနေကြတာပဲ။ ကျွန်တော်တို့က ခင်ဗျားတို့ရဲ့ ညီအစ်ကိုတွေဖြစ်ပြီး ကျွန်တော်တို့ ပြောခဲ့တာတွေက ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်ကို ကိုယ်စားမပြုပါဘူး။ ဘယ်လိုဖြစ်ပြီး ခင်ဗျားတို့ အရမ်းမျက်စိကန်းနိုင်ကြတာလဲ၊ ကျွန်တော်တို့ရဲ့ စကားတွေကို ဘုရားသခင်ရဲ့နှုတ်ကပတ်တော်အဖြစ် ခင်ဗျားတို့ ဘာလို့ယူနိုင်ရတာလဲ” ဟု ပြောကြပါလိမ့်မည်။ ၎င်းတို့ တုန်လှုပ်ကြလိမ့်မည်၊ မှန်ပါသလော။ ပေါလုနှင့် ပေတရုတို့သည် ၎င်းတို့၏ စာစောင်များကို သခင်ယေရှု ကောင်းကင်ထက်တက်ကြွပြီးနောက်တွင် ချက်ချင်း မရေးသားခဲ့ကြပါ။ ၎င်းတို့၏ စာစောင်များ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာခဲ့သည်မှာ သခင်ယေရှု တက်ကြွခြင်းပြီးနောက် နှစ်သုံးဆယ်အကြာတွင် ဖြစ်သည်။ ၎င်းတို့သည် နှစ် နှစ်ဆယ် သို့မဟုတ် သုံးဆယ်ကြာ တရားဟောခဲ့ကြသည်အထိတိုင် ၎င်းတို့၏ စာစောင်များကို ရေးသားခြင်းကို တရားဝင်မစတင်ခဲ့ကြပါ။ ၎င်းတို့ ရေးသားခဲ့သော ဤစာစောင်များကို အသင်းတော်များထံသို့ ပေးပို့ခဲ့ပြီးနောက်၊ အသင်းတော်များထဲမှာ ညီအစ်ကို မောင်နှမများက ၎င်းတို့ကို မည်သို့ မြင်ခဲ့ကြပါသနည်း။ ၎င်းတို့က၊ “ဒါ ဘုရားသခင်ရဲ့ အသံတော်ပဲ။ ဒါ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်ပဲ” ဟု ပြောနိုင်ခဲ့ကြလိမ့်မည်လော။ ဤအရာကို ၎င်းတို့ ပြောခဲ့ကြလိမ့်မည်လော။ ၎င်းတို့က၊ “ဒါ ညီအစ်ကို ပေတရုဆီက စာပဲ၊ ကြည့်ပါဦး၊ ဒီစာထဲမှာ သူရေးထားတာ တကယ်ကောင်းတယ်၊ တကယ်ကို အကျိုးရှိတယ်၊” “ဒါ ညီအစ်ကို ပေါလုဆီက စာပဲ၊” “ဒါ ဗာနဗဆီက စာပဲ၊” “ဒါ မဿဲဆီက စာပဲ၊”...ဟု ဆိုကြလိမ့်မည်ဖြစ်သည်။ ထိုအချိန်တွင်၊ တပည့်တော်များထံမှ ဤစာစောင်များကို ဘုရားသခင်၏ နှုတ်ကပတ်တော်အဖြစ် အချို့က မှတ်ယူနိုင်ခဲ့ကြမည်လော။ တစ်ရာရာခိုင်နှုန်း မဟုတ်ပါ။ အဘယ်ကြောင့်ဆိုသော်၊ ပေတရု၊ မဿဲနှင့် အခြားသူများက ၎င်းတို့က ဘုရားဖြစ်သည် သို့မဟုတ် လူ့ဇာတိခံ ဘုရားသခင်ဖြစ်သည်ဟု ဘယ်သောအခါမျှ မပြောခဲ့ကြသောကြောင့် ဖြစ်သည်။ ၎င်းတို့အားလုံးက ၎င်းတို့သည် သခင်ယေရှု၌ ယုံကြည်သူများ၊ သခင်ယေရှု၏ နောက်တပည့်တော်များဖြစ်သည်ဟု သိမှတ်ခဲ့ကြသည်။ ထို့ကြောင့်၊ ထိုအချိန်က အသင်းတော်များ၏ ညီအစ်ကို မောင်နှမများကလည်း ၎င်းတို့ကို ညီအစ်ကိုများအဖြစ် မြင်ခဲ့ကြပြီး ၎င်းတို့၏ စာများနှင့် ၎င်းတို့ ပြောခဲ့ကြသည့်အရာများကို ညီအစ်ကိုများ၏ စကားများ၊ မိတ်သဟာယပြုခြင်း နှင့် သက်သေခံချက်များအဖြစ် ယူခဲ့ကြသည်။ ဤသည်မှာ လုံးဝမှန်ကန်ပြီး နောက်ခံသမိုင်းကြောင်းနှင့်လည်း ကိုက်ညီပေသည်။ သို့သော်၊ ယနေ့ခေတ်လူတို့သည် ဤတပည့်တော်များ၏ စကားများကို ဘုရားသခင်၏ နှုတ်ကပတ်တော်အဖြစ် မှတ်ယူကြပြီး တစ်ချိန်တည်းမှာပင် ၎င်းတို့ကို ဘုရားသခင်၏ နှုတ်ကပတ်တော်အဖြစ် ဖော်ပြခဲ့ကြသည်။ ဤသည်မှာ အချိန်ကာလ၏ သမိုင်းဆိုင်ရာ အချက်အလက်များနှင့် ဆန့်ကျင်သည် မဟုတ်လော။ ယနေ့ခေတ်လူတို့သည် ၎င်းတို့၏ မျက်လုံးများ ကျယ်ကျယ် ဖွင့်လျှက်ပင် သမိုင်းအချက်အလက်များကို ဆန့်ကျင်ဝံ့ကြပြီး ၎င်းတို့ အမှားပြုမိသည်ဟု ခံစားချက်မရှိပဲ ဤလူများ၏ စကားများကို ဘုရားသခင်၏ စကားများအဖြစ် ယူဝံ့ကြလေသည်။ အကယ်၍ တစ်စုံတစ်ဦးက ဤအချက်ကို ဖော်ထုတ်လျှင်၊ ၎င်းတို့သည် ဘုရားသခင်၏နှုတ်ကပတ်တော်များကို မိမိတို့ ခုခံချေပချက်ထဲတွင် ကိုးကားကြပေလိမ့်မည်။ ထိုစကားများအတွက် အခြေခံအကြောင်းရင်း တစ်ခုခု ရှိပါသလား။ ၎င်းတို့ မည်သည့်အရာကို ရည်ညွှန်းကြပါသနည်း။ ၎င်းတို့ကို သင်နားလည်ပါသလား။ ဤအကျိုးဆက်အတွက် စကားများ တပည့်တော်များ၏ စာစောင်များထဲတွင် ရှိပါသည်။ ပေတရုက ညီအစ်ကို ပေါလု၏ စကားများ၊ စာစောင်များထဲတွင် သန့်ရှင်းသော ဝိညာဉ်တော်၏ ဉာဏ်အလင်းပေးခြင်းနှင့် အမှုတော် ပါရှိသည်ဟု ဖောပြခဲ့သည်။ သို့သော်၊ ရှင်ပေါလု၏ စကားများက ဘုရားသခင်၏ နှုတ်ကပတ်တော်ဖြစ်သည်ဟု ပေတရု မပြောခဲ့ပါ။ ပေတရုက ပေါလု၏ စကားများမှာ အားလုံး သန့်ရှင်းသော ဝိညာဉ်တော်၏ မှုတ်သွင်းတော်မူခြင်းအားဖြင့်ဖြစ်ပြီး ၎င်းတို့ကို ဘုရားသခင်၏ နှုတ်ကပတ်တော်အဖြစ် သဘောထားရမည်ဟု မပြောခဲ့ဘဲ ဤသို့ သဘောထားလျှင် မှားယွင်းလိမ့်မည်ဟု ပြောခဲ့သည်။ ပေါလုကလည်း သူ၏စကားများသည် ဘုရားသခင်အားဖြင့် ထုတ်ဖော်ပြခဲ့ပြီး ဘုရားသခင်၏ မှုတ်သွင်းတော်မူခြင်းအားဖြင့် ဖြစ်သည်ဟု အရဲစွန့်မပြောခဲ့ပါ။ ပေါလုဖြစ်စေ၊ ပေတရုဖြစ်စေ သူတို့ကိုယ်တိုင် ပြောသော အရာသည် ဘုရားသခင်၏ နှုတ်ကပတ်တော်ဖြစ်သည်ဟု သက်သေမခံဝံ့ခဲ့ကြပါ၊ ထို့ကြောင့် နောက်ဆုံးသောကာလ ယုံကြည်သူများသည် ၎င်းတို့၏ စကားများကို ဘုရားသခင်၏ နှုတ်ကပတ်တော်အဖြစ် အဘယ်သို့ သဘောထားနိုင်သနည်း။ မည်သည့်အမှားကို ၎င်းတို့ လုပ်ကြသနည်း။ ဘာသာရေးလောက တစ်ခုလုံး တစ်လျှောက် သမ္မာကျမ်းစာ အနက်ပြန်သူတို့သည် ၎င်းတို့ကို မှန်မှန်ကန်ကန် နားလည်သဘောပေါက်ခဲ့ကြသည် သို့မဟုတ် မပေါက်ခဲ့ကြပါဟု သင်တို့ ပြောလိမ့်မည်လော။ ထိုကဲ့သို့ ကြီးမားပြီး၊ အဓိပ္ပါယ်မဲ့သည့် အမှားကို ထိပ်တိုက်တွေ့ရလျက် ယင်းကို ၎င်းတို့ သတိမထားမိကြ၊ ယင်းကို သိနားလည်မှုမရှိကြသလို မမြင်နိုင်ကြပါ။ ဤလူတို့သည် ၎င်းတို့ကိုယ်တိုင် သမ္မာတရားကို မပိုင်ဆိုင်ကြသလို အမှုအရာများကို ထွင်းဖောက်မမြင်နိုင်ကြချေ။ သို့သော်၊ အခြားလူများက ၎င်းတို့ကို မမြင်မကန်းနှင့် ကိုးကွယ်ကြသည်။ လူတို့၏ ယုံကြည်ခြင်းတွင် ၎င်းတို့သည် လူ့အပေါ်တွင် မမြင်မကန်းဖြင့် ယုံကြည်ကြသည်။ ၎င်းတို့ကို ပြောသမျှအရာတိုင်းအား ယုံကြည် ကြသည်။ ဘာသာဝင်တို့က သမ္မာကျမ်းစာသည် ဘုရားသခင်ကို ကိုယ်စားပြုပြီး အားလုံးက သမ္မာကျမ်းစာနှင့်အညီဖြစ်သင့်သည်ဟု တွေးထင်လျက် သမ္မာကျမ်းစာနှင့်ပတ်သက်ပြီး အစွဲအလန်းကြီး ကြသည်။ သမ္မာကျမ်းစာကို ကိုးကွယ်ကြသည်။ ဘုရားသခင်၏ အထက်တွင် ထားကြသည်။ ထိုကဲ့သို့ သမ္မာကျမ်းစာအတွက် မျက်ကန်းယုံကြည်မှုများနှင့် အလေးအမြတ်ထားခြင်းတို့ကို စွဲကိုင်ထားခြင်းသည် ရယ်ရွှင်ဖွယ်ကောင်းမှုကို ပြသခြင်းတစ်ခု ဖြစ်သည် မဟုတ်လော။ လူတို့သည် သမ္မာကျမ်းစာအပေါ် မျက်ကန်းယုံကြည်မှုကို မည်သည့်နည်းလမ်းဖြင့် စွဲကိုင်ကြသနည်း။ ၎င်းတို့သည် ယင်းကို သမိုင်းဆိုင်ရာ အချက်အလက်များနှင့်အညီ သဘောမထားကြပါ။ ၎င်းတို့သည် သမ္မာတရားကို အမှန်တကယ် မလိုက်လျှောက်ကြသလို ကျမ်းစာကို သန့်ရှင်းသော ဝိညာဉ်တော်၏ ဉာဏ်အလင်းပေးခြင်းနှင့် အလင်းပြခြင်းတို့နှင့်အညီ မချဉ်းကပ်ကြပဲ၊ ယင်းအစား ကျော်ကြားသော လူတို့ကို မမြင်မကန်းနှင့် ကိုးကွယ်ကြသည်။ မည်သူက မည်သည့်အရာပြောပါစေ၊ အားလုံးကို အမှန်ကဲ့သို့ မှတ်ယူကြပြီး အားလုံးကို လက်ခံကြသည်။ ပြီးလျှင် လက်လွတ်စပယ် အသုံးပြုကြသည်။ ပေါလုသည် အမှားကင်း ခဲ့ပါသလား။ သူပြောခဲ့သည့်အရာသည် တိကျမှန်ကန်ခဲ့ပါသလား။ သူသည်လည်း လူတစ်ဦးပင်ဖြစ်သည်၊ ထို့ကြောင့် မစင်ကြယ်မှုများမှ ကင်းလွတ်ဖို့ရန် လူတစ်ဦးအတွက် အဘယ်သို့ ဖြစ်နိုင်သနည်း။ ထို့ကြောင့်၊ ကျေးဇူးတော်ခေတ်အတွင်းက လူတို့သည် တပည့်တော်တို့၏ စာစောင်များကို ဘုရားသခင်၏ နှုတ်ကပတ်တော်နှင့် အတူတကွ ပြုစုခဲ့ကြသည်မှာ အမှားတစ်ခု ဖြစ်သည် မဟုတ်လော။ လူအားဖြင့်ပြောသောအရာသည် လူ၏ စကားဖြစ်ပြီး သမ္မာကျမ်းထဲရှိ ဘုရားသခင်၏ စကားများသည် ဘုရားသခင်၏ နှုတ်ကပတ်တော်ဖြစ်သည်။ သမ္မာကျမ်းစာထဲရှိ မည်သည့်စကားများသည် ဘုရားသခင်၏ နှုတ်ကပတ်တော် ဖြစ်သနည်း။ ဤအရာအပေါ် ကျွန်ုပ်တို့ သိမြင်မှုရှိသင့်သည်။ ယေဟောဝါဘုရားသခင်ကိုယ်တော်တိုင်အားဖြင့် ပြောဆိုခဲ့သောအရာ၊ ယေဟောဝါ ဘုရားသခင်က မောရှေကို ပြောဆိုရန် ညွှန်ကြားခဲ့သောအရာ၊ ယေဟောဝါ ဘုရားသခင်က ပရောဖက်များကို ပြောဆိုရန် ညွှန်ကြားခဲ့သောအရာ၊ အသိပေးရန်အတွက် ပရောဖက်များ ခိုင်းစေခံခဲ့ရသည့်အရာနှင့် သခင်ယေရှု ကိုယ်တော်တိုင် ပြောဆိုခဲ့သော အရာများသည်လည်း ဘုရားသခင်၏ စစ်မှန်သော နှုတ်ကပတ်တော် ဖြစ်သည်။ ပရောဖက်များ၏ စကားများထဲတွင် အထူးသဖြင့် သင်္ကေတဖြစ်သောအရာ တစ်စုံတစ်ခုကို သင်တွေ့ဖူးပါသလော။ ၎င်းတို့က၊ “ယေဟောဝါ မိန့်တော်မူသည်ကား၊” “ဤသည်မှာ ယေဟောဝါ မိန့်တော်မူသည့်အရာဖြစ်သည်” ဟု ပြောကြပြီး၊ “ထို့ကြောင့် ငါ ဒံယေလ (ငါ ယေရှာယ) ပြောသည်မှာ” ဟု မပြောကြပါ။ ဤအရာက၊ ပရောဖက်များသည် ဘုရားသခင်၏ မူရင်းစကားများကို အသိပေးခဲ့ကြခြင်းဖြစ်သည်ကို လူတို့အတွက် ရှင်းလင်းပြတ်သား စေသည်။ ထို့ကြောင့်၊ ပရောဖက်များအားဖြင့် အသိပေးခဲ့သည့် ဘုရားသခင်၏ မူရင်းစကားများအားလုံးသည် ဘုရားသခင်၏ စစ်မှန်သော နှုတ်ကပတ်တော်ဖြစ်ပြီး၊ ယေဟောဝါကိုယ်တိုင် ပြောခဲ့သည့်အရာများအဖြစ် မှတ်တမ်းတင်ထားသည့် အရာများ အားလုံးသည် ဘုရားသခင်၏ စစ်မှန်သော နှုတ်ကပတ်တော်ဖြစ်ကာ၊ သခင်ယေရှုကိုယ်တိုင် မိန့်ကြားခဲ့ခြင်းအဖြစ် တပည့်တော်များက မှတ်တမ်းတင်ထားသည့် အရာများအားလုံးမှာ ဘုရားသခင်၏ နှုတ်ကပတ်တော်ဖြစ်သည်။ သမ္မာကျမ်းစာ၏ ဤအစိတ်အပိုင်းများ သည်သာ ဘုရားသခင်၏ စစ်မှန်သော နှုတ်ကပတ်တော်ဖြစ်ပြီး ယင်းမှလွဲ၍ တပည့်တော်များ ပြောခဲ့သည့် အရာများအားလုံးနှင့် ဘုရားသခင်၏ အစေခံများ မှတ်တမ်းတင်ခဲ့သည့် အရာရာတိုင်းတို့သည် လူသားသက်သေခံချက်ဖြစ်သည်။ လူသားသက်သေခံချက် အကြောင်းကို ကျွန်ုပ်တို့ပြောလိုက်သည်နှင့် တပြိုင်နက်၊ ပြဿနာ ရှိလေသည်။ တခါတရံတွင်၊ ၎င်းတို့ ပြောသောအရာသည် မပြည့်စုံ သို့မဟုတ် မခိုင်မာလှပါ။ တစ်စုံတစ်ရာ ကင်းမဲ့နေသည်။ ဤသည်မှာ ဘုရားသခင်သည် ထိုအချိန်မှအချက်အလက်အချို့ကို နောက်ဆုံးသောကာလ သူ၏အမှုတော်ထဲတွင် ထုတ်ဖော်ပြခြင်း အကြောင်းရင်းဖြစ်သည်။ ဥပမာအားဖြင့်၊ ပေါလု၏ အခြေအနေများ မည်သည့်အရာဖြစ်သည်၊ ပေတရု၏ အခြေအနေများ မည်သည့်အရာ ဖြစ်ကြသည်၊ စသည်တို့ ဖြစ်သည်။ ဘုရားသခင်သည် ဤအရာများကို သူ၏ နောက်ဆုံးသောကာလအမှုတော်ထဲတွင် ဖြည့်စွက်သည်။ ထို့ကြောင့်၊ လူက ပြောဆိုခဲ့သမျှအရာတို့သည် အချက်အလက်ဆိုင်ရာ နောက်ခံသမိုင်းနှင့် လုံးလုံး ကိုက်ညီမှုမရှိသည်ကို ဤအရာမှ ကျွနုပ်တို့ မြင်နိုင်ပါသည်။ ဤသည်မှာ ဘုရားသခင်က နောက်ဆုံးသောကာလ သူ၏ အမှုတော်ထဲတွင် ထုတ်ဖော်ပြခဲ့သည့် ကိစ္စတစ်ခုဖြစ်သည်။
အထက်အရပ်မှ မိတ်သဟာယပြုခြင်း မှ
သြဝါဒစာစောင်များ ထဲတွင် ပေါလုက၊ သမ္မာကျမ်းစာ အားလုံးမှာ ဘုရားသခင် မှုတ်သွင်းတော်မူခြင်းအားဖြင့် ဖြစ်သည်ဟု တစ်ကြိမ် ဖော်ပြခဲ့သောကြောင့်၊ နောက်ပိုင်းတွင်၊ ဘာသာရေး အသိုင်းအဝိုင်းများက သမ္မာကျမ်းစာထဲတွင် ရေးသားထားသည့် အရာရာတိုင်းကို ဘုရားသခင်၏ မှုတ်သွင်းခြင်းနှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များအဖြစ် စတင် ဘောင်ခတ်လိုက်ကြသည်။ ပေါလု ပြောခဲ့သော အရာသည် ခိုင်လုံသော အထောက်အထား မရှိပါ၊ အဘယ့်ကြောင့်ဆိုသော် ဘုရားသခင်သည် ဤနည်းလမ်းဖြင့် သမ္မာကျမ်းစာကို ဘယ်သောအခါမျှ သက်သေမခံခဲ့ သောကြောင့် ဖြစ်သကဲ့သို့၊ သခင်ယေရှုက သမ္မာကျမ်းစာသည် ဘုရားသခင် မှုတ်သွင်းတော်မူခြင်းအားဖြင့် ဖြစ်ပြီး ဘုရားသခင်၏ နှုတ်ကပတ်တော် လုံးလုံးလျားလျား ဖြစ်သည်ဟု ဘယ်သောအခါမျှ မမိန့်ဆိုခဲ့ဖူး သောကြောင့် ဖြစ်ပေသည်။ ပေါလု၏ သမ္မာကျမ်းစာကို သက်သေခံချက်မှာ ယင်းနှင့်ပတ်သက်ပြီး သူ၏ ပုဂ္ဂိုလ်ရေး အသိပညာ အပေါ်မျှသာ အခြေခံထားသည်၊ သူသည် ဘုရားသခင် ကိုယ်စား စကားပြောနေခဲ့ခြင်း လုံးဝ မဟုတ်ပါ။ သန့်ရှင်းသော ဝိညာဉ်တော်နှင့် လူ့ဇာတိခံယူထားသော ဘုရားသခင်တို့ သည်သာ သမ္မာကျမ်းစာသည် မည်သည့်အရာ ဖြစ်ကြောင်း နှင့် သက်ဆိုင်သည့် အတွင်းပိုင်းဇာတ်ကြောင်းကို သိကြပြီး အဖန်ဆင်းခံ လူသားမျိုးနွယ်သည် ယင်းကို စေ့စေ့စပ်စပ် နားမလည်နိုင်ကြချေ။ ဤသည်မှာ အမှန်တရားဖြစ်သည်။ သခင်ယေရှုက သမ္မာကျမ်းစာမှာ ဘုရားသခင်၏ သက်သေခံချက်ဖြစ်သည်ဟုမျှသာ ဆိုခဲ့သည်၊ ယင်းမှာ ဘုရားသခင်အားဖြင့် အားလုံးမှုတ်သွင်းထားခြင်း ဖြစ်ပြီး၊ ဘုရားသခင်၏ နှုတ်ကပတ်တော်ဖြစ်သည်ဟု မပြောဆိုခဲ့ပါ။ ထို့အပြင် သန့်ရှင်းသော ဝိညာဉ်တော် ကလည်း မည်သူ့ကိုမျှ ထိုကဲ့သို့ သမ္မာကျမ်းစာ၏ သက်သေခံချက်မျိုး မပေးခဲ့ပါ။ ထို့ကြောင့် ပေါလုပြောဆိုခဲ့သောအရာသည် အခြေခံအုတ်မြစ် မရှိပါ။ သူသည် သန့်ရှင်းသော ဝိညာဉ်တော်၏ ကိုယ်စား ပြောဖို့ နေနေသာသာ ဘုရားသခင်ကိုယ်စား ပြောနေခဲ့ခြင်းပင် မဟုတ်ပါ။ သမ္မာကျမ်းစာ၏ ပါဝင်သည့် အကြောင်းအရာများ သည် ဘုရားသခင်ကို အစေခံသော လူတို့ ရေးသားခဲ့ကြသည့် တကယ့် အဖြစ်အပျက်များနှင့် ဘုရားသခင်၏ အမှုတော်နှင့် ဆက်စပ်သော အတွေ့အကြုံများ၏ သက်သေခံချက်များ နှင့် ဆိုင်သော မှတ်တမ်းများအားလုံး ဖြစ်ကြသည်။ အခန်းကြီးတစ်ခုမျှ ဘုရားသခင် ကိုယ်တော်တိုင် ရေးသားခဲ့ခြင်း မဟုတ်ပါ။ ၎င်းတို့၏ စာရေးသူများသည် ဘုရားသခင်၏ နာမတော်နှင့် အမှုတော်တို့ကို သက်သေခံရန် အလို့ငှာ သန့်ရှင်းသော ဝိညာဉ်တော်၏ ဉာဏ်အလင်းပေးခြင်း နှင့် အလင်းပြခြင်းတို့ကို ခံရပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ပေးရုံ သို့မဟုတ် ၎င်းတို့၏ ကိုယ်ပိုင်အတွေ့အကြုံများ နှင့် သိနားလည်မှုများကို ဖော်ပြရုံ သက်သက်သာ ဖြစ်ကြသည်။ ဤသည်မှာ အမှန်တရား ဖြစ်သည်။ တမန်တော်များ၏ ရေးသားထားသည့် မှတ်တမ်းများနှင့် သြဝါဒစာစောင်များသည် သန့်ရှင်းသော ဝိညာဉ်တော်အားဖြင့် ဉာဏ်အလင်းပေး ထားခြင်းဖြစ် သော်လည်း၊ ၎င်းတို့က ဘုရားသခင်၏ အမှုတော်ကို ကိုယ်စားမပြုကြပါ၊ အဘယ့်ကြောင့်ဆိုသော် သန့်ရှင်းသော ဝိညာဉ်တော်သည် လူပုဂ္ဂိုလ်အသီးသီးအား သမ္မာတရားကို သိနားလည်ခြင်း တစ်ခုကို လက်လှမ်းမီပြီး၊ ဘုရားသခင်ကို သိကျွမ်းခြင်းအား သူ သို့မဟုတ် သူမ ရရှိစေဖို့အလို့ငှာ၊ သူ သို့မဟုတ် သူမ၏ တစ်ဦးချင်းအခြေအနေအရ အလင်းပြကာ၊ ဉာဏ်အလင်းပေးပြီး လမ်းပြသောကြောင့် ဖြစ်ပေသည်။ ဤသည်မှာ၊ သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုတော် ရလဒ်ဖြစ်သည်။ ထို့ကြောင့်၊ သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုတော်အားဖြင့် ယူဆောင်လာခဲ့သော ဤဉာဏ်အလင်းပေး ခြင်းနှင့် အလင်းပြခြင်းသည် ဘုရားသခင်၏ နှုတ်ကပတ်တော် နှင့် မညီမျှပါ၊ ဘုရားသခင်၏ မိန့်မြွက်ချက်များသည် ဘုရားသခင်၏ အသက်တာစိတ်သဘောထားကို ကိုယ်စားပြုပြီး အားလုံးက သူ၏ အသက်တာ စိတ်သဘောထားနှင့် ဆိုင်သော သမ္မာတရား၏ အနှစ်သာရကို သယ်ဆောင်ပေသည်။ ဘုရားသခင် မိန့်ဆိုသော မည်သည့်စာကြောင်းမျှ လူသားတို့အားဖြင့် လုံးလုံး တွေ့ကြုံမခံစားနိုင်ပါ၊ အဘယ့်ကြောင့်ဆိုသော် သူ၏ မိန့်မြွက်ချက်များတွင် ကျွန်ုပ်တို့အတွက် ဘဝသက်တမ်းတစ်ခု၏ နည်းပါးသော အတွေ့အကြုံအတွင်း အသက်ရှင်ဖို့ရန် အင်မတန်များပြား လွန်းသော သမ္မာတရား၏ အနှစ်သာရ ပါရှိသောကြောင့် ဖြစ်သည်။ ဤအရာကြောင့်၊ လူတို့သည် သမ္မာတရားကို မည်မျှနားလည်သည်ဖြစ်စေ၊ သို့မဟုတ် ဘုရားသခင်ကို မည်မျှ သိကျွမ်းသည်ဖြစ်စေ၊ ၎င်းတို့သည် သူ၏ နှုတ်ကပတ်တော်ကို ဘယ်သောအခါမျှ ဖော်ပြနိုင်လိမ့်မည် မဟုတ်ပါ။ ထို့ကြောင့်၊ သမ္မာတရားကို နားလည်သဘောပေါက်ဖို့ရန်အတွက် သန့်ရှင်းသော ဝိညာဉ်တော်၏ ဉာဏ်အလင်းပေးခြင်းနှင့် အလင်းပြခြင်း တို့သည် လူသားတို့အား နားလည်မှုနှင့် လမ်းပြမှု အချို့တို့ကို ထောက်ပံ့ ပေးရုံသာရှိသည်ကို မြင်နိုင်ပါသည်၊ ၎င်းတို့၏ အတွေ့အကြုံများနှင့် သက်သေခံချက်များ မည်မျှပင် နက်ရှိုင်းပါစေ၊ ဤအရာများကို ဘုရားသခင်၏ မိန့်မြွက်ချက်များနှင့်အတူ တစ်ချိန်တည်းတွင် ဖော်ပြဖို့ရန်ပင် မသင့်ချေ။ အဘယ်ကြောင့်ဆိုသော်၊ လူသားများ၏ အနှစ်သာရများနှင့် ဘုရားသခင်၏ အနှစ်သာရတို့မှာ နေ့နှင့်ညကဲ့သို့ ကွဲပြားခြားနားပြီး၊ လူသားတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဘယ်သောအခါမျှ ဖော်ပြနိုင်လိမ့်မည် မဟုတ်ပါ။ ဘုရား၏သဘောသဘာဝနှင့်ဆိုင်သော အနှစ်သာရကို နှင်းအပ်ခံရသည့် ခရစ်တော်သည်သာ လုပ်ဆောင်နိုင်သည်။ ပရောဖက်များက ဘုရားသခင်၏ နှုတ်ကပတ်တော်ကို လက်ဆင့်ကမ်း နိုင်ရုံသာ ရှိသည်။ သန့်ရှင်းသော ဝိညာဉ်တော်အားဖြင့် အသုံးပြုခြင်း ခံရသော လူတို့ပင်လျှင် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို မဖော်ပြနိုင်ကြချေ၊ သို့သော် ၎င်းတို့၏ ကိုယ်ပိုင်အတွေ့အကြုံများနှင့် ၎င်းတို့ကိုယ်တိုင် မျက်မြင်ကြုံတွေ့ခဲ့ကြသည့်အရာတို့ကိုသာ ပြောဆို နိုင်ကြသည်။ လူသားများသည် ၎င်းတို့၏ ကိုယ်ပိုင်အနှစ်သာရ အတိုင်းသာ ဖော်ပြနိုင်ကြသည်၊ ၎င်းတို့၏ အသက်ရှင်နေထိုင်ခြင်းက၊ တစ်ပြန်တစ်လှည့် အားဖြင့်၊ ၎င်းတို့၏ သက်သေခံချက်များကို အဆုံးအဖြတ်ပေး သည်။ ဘုရားသခင်သည် ဘုရားသဘောသဘာဝ၏ အနှစ်သာရကို ပိုင်ဆိုင်သောကြောင့် သူသည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို သဘာဝအလျောက် ဖော်ပြလေသည်၊ ကျွန်ုပ်တို့ လူသားများသည် ကျွန်ုပ်တို့ လူ့သဘာဝ၏ အနှစ်သာရ ရှိကြသောကြောင့်၊ ကျွန်ုပ်တို့ ဖော်ပြသောအရာမှာ ကျွန်ုပ်တို့၏ အတွေ့အကြုံများနှင့် ကျွန်ုပ်တို့ မျက်မြင်ကြုံခဲ့ ကြသည့်အရာ တို့အပေါ် သဘာဝအလျောက် အခြေခံပေသည်။ ဤသည်မှာ မှန်ကန်သည် နှင့်အညီ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များဖြစ်သော လူသားတို့ အားဖြင့် ပေးသိခဲ့သည့် အစိတ်အပိုင်းများမှလွဲ၍၊ ကျန်သည့်အရာ များသည် လူသား အတွေ့အကြုံများနှင့် သိနားလည်ခြင်းတို့၏ မှတ်တမ်းများ ဧကန်မုချဖြစ် ပေသည်။ ဤအရာများသည် သမ္မာတရားနှင့် ကိုက်ညီကောင်း ကိုက်ညီနိုင်သည့်တိုင်၊ လူ့သဘာဝ၏ အနှစ်သာရမှာ ဘုရားသခင်၏ အနှစ်သာရနှင့် တခြားစီဖြစ်သည့် အတွက် ၎င်းတို့ကို ဘုရားသခင် နှုတ်ကပတ်တော်နှင့် လုံးဝ နှိုင်းယှဉ်၍မရနိုင်ပါ။ ထို့ကြောင့်၊ သမ္မာကျမ်းစာကို ဖတ်ရှုစဉ်တွင်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်နှင့်ဆိုင်သော အပိုင်းများနှင့် လူသားများ အားဖြင့် ပြောဆိုသော အရာများကြား ရှင်းလင်းသည့် ခွဲခြားခြင်းတစ်ခုကို လုပ်ဆောင်သင့်ပေသည်။ ဤနည်းအား ဖြင့်သာ၊ ကျွန်ုပ်တို့သည် သမ္မာကျမ်းစာကို တာဝန်သိသိနှင့် ဘုရားသခင်၏ အလိုတော်ဖြင့်် ကိုက်ညီသော ပုံစံဖြင့် မှတ်ယူနိုင်ကြပေသည်။ ထို့အပြင်၊ ဘာသာရေး အသိုင်းအဝိုင်းက သမ္မာကျမ်းထဲ ရေးသားထားသမျှသည် ဘုရားသခင်၏ နှုတ်ကပတ်တော် ဖြစ်သည်ဟု အခိုင်အမာဆိုချိန်တွင်၊ ဤသည်မှာ ထိုအချိန်ကာလ၏ သမိုင်းကြောင်းဆိုင်ရာ အချက်အလက်များနှင့် မကိုက်ညီပေ။ ဥပမာအားဖြင့်၊ ကျေးဇူးတော်ခေတ်တွင်၊ သန့်ရှင်းသော ဝိညာဉ်တော်သည် တမန်တော်များအားဖြင့် ရေးသားထားသည့် သြဝါဒစာစောင်များ နှင့် သက်သေခံချက်များသည် ဘုရားသခင်၏ မှုတ်သွင်းတော်မူခြင်းအားဖြင့် ဖြစ်သည်ဟု ဘယ်သောအခါမျှ သက်သေမခံခဲ့ပေ။ ထို့အပြင်၊ တမန်တော်များကိုယ်တိုင်က ယင်းမှာ ဘုရားသခင်၏ တကယ့်နှုတ်ကပတ်တော်ဖြစ်သည်ဟု အခိုင်အမာ ပြောဝံ့ဖို့ မဆိုထားနှင့်၊ ၎င်းတို့ ရေးသားခဲ့သည်အရာသည် ဘုရားသခင်၏ မှုတ်သွင်းတော်မူခြင်းမှ လာသည်ဟု ဘယ်သောအခါမျှ မပြောခဲ့ကြပေ။ ထိုအချိန်က အသင်းတော်များထံ ပေးပို့ခဲ့သော သြဝါဒစာစောင်များ အားလုံးသည် တမန်တော်များနှင့်ပတ်သက်သော ညီအစ်ကို များအားဖြင့် ရေးသားထားခဲ့ကြောင်း မြင်တွေ့ရပေသည်၊ တစ်ဦးတစ်ယောက်ကမျှ ၎င်းတို့သည် ဘုရားသခင်အားဖြင့် မှုတ်သွင်းခဲ့သော ဘုရားသခင်၏ နှုတ်ကပတ်တော်ဖြစ်သည်ဟု မပြောခဲ့ပါ။ ဤသည်မှာ ထိုအချိန်က အမှန်တရားဖြစ်ခဲ့သည်။ ယင်းမှာ ယနေ့တွင် အမှန်တရား မဟုတ်တော့ပြီလော။ ယခု နောက်ဆုံးသောကာလတွင်၊ သြဝါဒစာစောင်များသည် ဘုရားသခင်၏ နှုတ်ကပတ်တော်ဖြစ်သည်ဟု ခိုင်ခိုင်မာမာ ပြောဆိုသော လူများသည် သမိုင်းကြောင်းဆိုင်ရာ အချက်အလက်များကို အတိုက်အခံပြုနေကြ ပေသည်။ ပညတ်တော်ခေတ်တွင်၊ ဘုရားသခင်၏ အစေခံများနှင့် ပရောဖက်များက ၎င်းတို့၏ စကားများသည် ဘုရားသခင် မှုတ်သွင်းတော်မူခြင်းများဖြစ်သည်ဟု မပြောခဲ့ကြသကဲ့သို့ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်ဖြစ်သည်ဟု မပြောခဲ့ကြပါ။ ၎င်းတို့ ရေးသားခဲ့သော စာအုပ်များအတွက်မူ၊ ထိုအချိန်က ဣသရေလလူတို့သည် ၎င်းတို့ကို ဘုရားသခင်၏ အစေခံများ သို့မဟုတ် ပရောဖက်များအားဖြင့် ရေးသား ထားခြင်းဖြစ်သကဲ့သို့ သေချာပေါက် မြင်ခဲ့ကြပေလိမ့်မည်။ ၎င်းတို့၏ စာပေ များထဲတွင် ၎င်းတို့ ဖော်ပြခဲ့ကြသည့် ဘုရားသခင်၏ နှုတ်ကပတ်တော်များမှအပ၊ ကျန်သောအရာ တို့ကို ဘုရားသခင့်အမှုတော်၏ မှတ်တမ်းအဖြစ် အမျိုးအစားခွဲ၍ ရနိုင်ပေသည်။ အကယ်၍ ဣသရေလလူတို့ သည် အစေခံများနှင့် ပရောဖက်များအားဖြင့် ရေးသား ထားသော စာအုပ်များသည် အားလုံး ဘုရားသခင်၏ မှုတ်သွင်းတော်မူခြင်းများနှင့် မိန့်မြွက်ချက်များဖြစ်သည်ဟု ဘယ်သောအခါမျှ သက်သေမခံခဲ့ကြလျှင်၊ နှစ်ပေါင်းနှစ်ထောင် ကြာပြီးနောက် အသက်ရှင်ကြသော လူသားများက ထိုအချိန်ကာလ၏ သမိုင်းကြောင်းဆိုင်ရာ အချက်အလက်များ ကို မည်သို့ အတိုက်အခံပြုနိုင်သနည်း။ လူအားဖြင့် ရေးသားထားသော သမ္မာကျမ်းစာ၏ စကားများမှာ အမှန်တကယ် ဘုရားသခင်၏ နှုတ်ကပတ်တော်ဖြစ်သည်ဟု အဘယ်ကြောင့် ၎င်းတို့ ပြောင်ပြောင်တင်းတင်း ခိုင်ခိုင်မာမာ ပြောဆိုနိုင်ကြသနည်း။ ဤသည်မှာ သမိုင်းကြောင်းဆိုင်ရာ အချက်အလက်များနှင့် ကိုက်ညီမှုမရှိပါ။ သမ္မာကျမ်းစာကို နောက်ဆုံးသောကာလထဲက လူတို့ ရှုမြင်ပုံနှင့်အတူ မျက်ကန်းယုံကြည်ခြင်းနှင့် အမြတ်တနိုး ကိုးကွယ်ခြင်းတို့သည် လူသား၏ အယူအဆများနှင့် စိတ်ကူး စိတ်သန်းများမှ လုံးလုံးလျားလျား လာပေသည်။ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်ထဲ၌ အခြေခံခြင်း လုံးဝ မရှိဘဲ၊ ဘာသာရေးအသိုင်းအဝိုင်းက လူတို့ကို လှည့်ဖြားပြီး ဘုရားသခင်ကို ဖီဆန်သည့် နည်းလမ်းများထဲတွင် လုံးလုံးလျားလျား ရှိနေကြပေသည်။ ဤသည်မှာ အန္တိခရစ် အင်အားစုများက လူတို့ကို လှည့်စားပြီး၊ သမ္မာကျမ်းစာကို မမြင်မကန်း ယုံကြည်ခြင်းနှင့် အမြတ်တနိုး ကိုးကွယ်ခြင်းတို့ ဖြစ်လာစေရန် ဒွိဟဖြစ်စေသည့် နည်းဖြစ်သည်။ ဤအရာက ဂိုဏ်းဂဏများစွာ ဖြစ်ပေါ်စေသည်၊ အသင်းတော်အသက်တာ နှင့် လူတို့၏ အသက်တာဝင်ရောက်မှုတို့ကို ရုတ်တရက် ပရမ်းပတာဖြစ် စေပြီး၊ အပျက်သဘောဆောင်သော အကျိုးဆက်များစွာကို ဖြစ်ပေါ်စေခဲ့သည်။ ဤအချက်နှင့် ပတ်သက်၍၊ လူအားလုံးသည် မိမိတို့ကိုယ်ကို ဆင်ခြင်သုံးသပ်ပြီး နားလည်သင့်သည်၊ မှန်ကန်သော လမ်းကြောင်းမှ သွေဖည်ခြင်းကို ရှောင်ကြဉ်ဖို့ရန်အလို့ငှာ ဤပြဿနာကို ဖြေရှင်းဖို့ သမ္မာတရားကို ရှာဖွေသင့် ကြပေသည်။
အထက်အရပ်မှ မိတ်သဟာယပြုခြင်း မှ
ဘာသာတရားအများစုက ကျမ်းစာထဲက အရာအားလုံးက ဘုရား၏ နှုတ်ကပတ်တော်ဖြစ်ကြောင်းကို ဆုံးဖြတ်ရာမှာ “ထိုကျမ်းစာရှိသမျှသည် ဘုရားသခင် မှုတ်သွင်းတော်မူသော အားဖြင့်ဖြစ်၍၊” (တိမောသေ ဩဝါဒစာ ဒုတိယစောင် ၃:၁၆) ဆိုသည့် ရှင်ပေါလု၏ စကားများအပေါ် မှီခိုကြပြီး၊ ကျမ်းစာကို စွဲကိုင်နေသရွေ့ ကောင်းကင်နိုင်ငံထဲကို ခေါ်ဆောင်ခြင်းခံရမည်ဟု မှီခိုအားထားကြသည်။ အထူးသဖြင့်၊ နောက်ဆုံးသောကာလမှာ သခင့်ကို ယုံကြည်သူအများစုက ဤအရာကို ယုံနေကြဆဲ ဖြစ်သည်။ သို့သော်လည်း ဤအမြင်က သမ္မာတရားနှင့် အချက်အလက်များနှင့် ကိုက်ညီမှုရှိပါသလား။ “ထိုကျမ်းစာရှိသမျှသည် ဘုရားသခင် မှုတ်သွင်းတော်မူသော အားဖြင့်ဖြစ်၍” ဟုပြောခဲ့သည်မှာ သခင်ယေရှု ဖြစ်ပါသလား။ ဤအရာကို သန့်ရှင်းသော ဝိညာဉ်တော်က သက်သေခံခဲ့လား။ မခံခဲ့ပါ။ ဤအရာများက ရှင်ပေါလု ပြောခဲ့ခြင်း ဖြစ်သည်။ ယုံကြည်သူအများစုက ကျမ်းစာထဲက စကားလုံးတိုင်းက ဘုရားမှုတ်သွင်း ထားခြင်း ဖြစ်ပြီး၊ ဘုရား၏နှုတ်ကပတ်တော် ဖြစ်သည် ဆိုသည့် သူတို့ ယုံကြည်မှု၏ အခြေပြုချက်အနေနှင့် ရှင်ပေါလုဆီက ဤစကားများကို သုံးကြသည်။ ဤသည်မှာ ကြီးမားသည့် အမှားပင် မဟုတ်ပါလား၊ လူတစ်ချို့ကလည်း ယင်းက လူသားတစ်ဦး ပြောခြင်းဖြစ်လျှင်ပင်၊ ကျမ်းစာထဲမှာ ရေးမှတ်ထားသရွေ့ ဘုရား၏ နှုတ်ကပတ်တော်ဖြစ်သည်ဟု ယုံကြသည်။ ဤကဲ့သို့ အမြင်က အရမ်းကို လွဲမှားပြီး အဓိပ္ပါယ်မဲ့မနေပါလား။ သခင့်ကို ယုံကြည်သူများ အနေနှင့် ကျမ်းစာဆိုသည်မှာ ဘုရား၏ သက်သေခံချက်တစ်ခုနှင့် ဘုရား အမှုတော်ကို ရေးမှတ်ထားသည့် မှတ်တမ်းတစ်ခုသာ ဖြစ်ကြောင်း ရှင်းရှင်း သိသင့်ပါသည်။ ကျမ်းစာကို ဖန်ဆင်းခြင်းက ဘုရားသခင်၏ လူသားမျိုးနွယ်ကို ကယ်တင်ခြင်းအမှုအပေါ် အခြေပြုခဲ့သည်။ ဘုရားအမှုတော်၏ အဆင့်တိုင်းက ဘုရားသခင်နှင့် စာတန်၏ ဆိုးညစ်သည့် အင်အားစုများကြားက စစ်ပွဲနှင့်ပြည့်နေ ပါသည်။ ကျမ်းစာထဲမှာ တခြားလူများ၏ စကားများနှင့် စာတန်၏စကားများပင် ရှိနေသည်နှင့်အညီ ယင်းက ကျမ်းစာထဲမှာ ဘုရား၏ နှုတ်ကပတ်တော်ကိုသာ မှတ်တမ်းတင် ထားတာမဟုတ်သည့် အကြောင်းရင်းပင် ဖြစ်ပါသည်။ ဤအရာက ရှင်းလင်းသည့် အချက်တစ်ခု ဖြစ်ပါသည်။ ကျမ်းစာထဲက စကားလုံးရှိသမျှက ဘုရား၏နှုတ်ကပတ်တော်ဖြစ်သည် ဆိုသည်မှာ ယုတ္တိတန်သည့် ဆွေးနွေးမှုတစ်ခု ဖြစ်ပါသလား။ ဤအရာက သမ္မာတရားကို လိုရာဆွဲပြောပြီး အဖြူ အမဲ ရောထွေးစေခြင်းမဟုတ်လား။ လူများက အဘယ့်ကြောင့် ဤကဲ့သို့မှားနေသည့် ယုံကြည်မှုကို ဖြစ်စေနိုင်သေး သနည်း။ အချက်အလက်များနှင့်အညီ အဘယ့်ကြောင့် သူတို့မပြော နိုင်ရသနည်း။ ကျမ်းစာဖတ်သည့်သူတိုင်းက သမ္မာကျမ်းစာမှာ ဘုရားသခင်နှင့် မောရှေ၊ ဘုရားသခင်နှင့် ယောဘ၊ ဘုရားနှင့် သူရွေးကောက်ထားသည့်လူမျိုး၊ ဘုရားနှင့် စာတန်တို့ကြားက စကားပြောခြင်းများ ပါကြောင်း သိပါသည်။ သို့ပါက ဘုရားနှင့် စကားပြောသည့် ပုဂ္ဂိုလ်ကပြောဆိုသည့် စကားများက ဘုရား၏နှုတ်ကပတ်တော် ဖြစ်လာနိုင်လား။ ယင်းမှာအလွန် အဓိပ္ပါယ်မဲ့လွန်းမနေပါလား။ ထို့ကြောင့် “ထိုကျမ်းစာရှိသမျှသည် ဘုရားသခင် မှုတ်သွင်းတော်မူခြင်း အားဖြင့် ဖြစ်ပြီး ဘုရား၏ နှုတ်ကပတ်တော် ဖြစ်တယ်” ဆိုသည်မှာ တကယ့်ကို ယုတ္တိမရှိနိုင်ပါ။ တစ်ချို့ အဓိပ္ပါယ်မရှိသည့် လူများက ကျမ်းစာထဲက လူ့စကားက ဘုရား၏ နှုတ်ကပတ်တော်ဖြစ်သည်ဟု ထင်ရာမြင်ရာ ခုခံပြောဆို ကြသည်။ ဤသည်မှာ သမ္မာတရားနှင့် လုံးဝကို ဆန့်ကျင်နေခြင်း ဖြစ်သည်။ ဤသည်မှာဘုရားကို သက်သက်နာမည်ပျက် စေသည်။ ဘုရားကို ပြစ်မှားစော်ကာပြီး၊ ဘုရား၏ စိတ်သဘောထားကို အပြင်းအထန် ပုန်ကန်ပြစ်မှားခြင်း ဖြစ်သည်။ ဘုရား၏ စကားများက ဘုရား၏ စကားများဖြစ်ပြီး လူ့စကားများ၏ လူ့စကားများဖြစ်သည်။ စာတန်၏စကားများကလည်း စာတန်၏ စကားများသာဖြစ်သည်။ အဘယ့်ကြောင့် လူများက ရောလိုက်ကြသနည်း။ ဘုရား၏ နှုတ်ကပတ်တော်များက အမြဲတမ်း သမ္မာတရားဖြစ်မည်၊ လူ့စကားများက မည်သည့်အခါမျှသမ္မာတရားမဖြစ်နိုင်ပါ၊ အများဆုံး အနေနှင့် သမ္မာတရားနှင့် ကိုက်ညီခြင်းသာဖြစ်နိုင်သည်။ စာတန်၏ စကားများက အမြဲ မုသာဝါဒနှင့် အလိမ်အညာများသာဖြစ်မည်။ အကြိမ်တစ်သောင်းမြွက်ဆိုလျှင်ပင် အလိမ်အညာနှင့် မုသာဝါဒများ ဖြစ်နေဦးမည်ပင်။ အမြော်အမြင်ရှိသည့်လူများက ဤအချက်ကို ဝန်ခံသင့်သည်။ မိုက်မဲသည့်လူများကသာ မှားယွင်းသည့် အမြင်များအပေါ် မရမကပြောနေကြမည်။
ဤမေးခွန်းနှင့် ပတ်သက်ပြီး၊ ကျွန်တော်တို့ ပိုပြီး နားလည် သဘောပေါက်နိုင်ဖို့ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော်က ကျမ်းပိုဒ်နှစ်ပိုဒ်ကို ဖတ်ကြရအောင်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “ယနေ့ခေတ်တွင် လူတို့က သမ္မာကျမ်းစာသည် ဘုရားသခင် ဖြစ်သည်၊ ဘုရားသခင်သည်လည်း သမ္မာကျမ်းစာ ဖြစ်သည်ဟု ယုံကြည်ကြသည်။ ထို့ကြောင့် သမ္မာကျမ်းစာထဲမှ စကားလုံးများသည်သာ ဘုရားသခင်ပြောကြားခဲ့သည့် စကားလုံးများ ဖြစ်ကြပြီး ထိုစကားလုံးများအားလုံးကို ဘုရားသခင် ပြောခဲ့သည်ဟုလည်း ယုံကြည်ကြသည်။ ဘုရားသခင်ကို ယုံကြည်ကြသည့် သူများသည် ဓမ္မဟောင်းနှင့် ဓမ္မသစ်ကျမ်းများထဲက ကျမ်းပေါင်း ခြောက်ဆယ့်ခြောက်ကျမ်းကို လူများက ရေးခဲ့ကြသော်လည်း ထိုကျမ်းအားလုံးကို ဘုရားသခင်က မှုတ်သွင်းတော်မူခြင်းအားဖြင့် ပေးအပ်ခဲ့ပြီး သန့်ရှင်းသောဝိညာဉ်တော်၏ မိန့်မြွက်ချက်များနှင့်ဆိုင်သော မှတ်တမ်းတစ်ခု ဖြစ်သည်ဟုပင်လျှင် ယူဆကြသည်။ ဤသည်မှာ လူတို့၏ မှားယွင်းသော သဘောပေါက်နားလည်မှုဖြစ်ပြီး အချက်အလက်များနှင့် လုံးဝ ကိုက်ညီခြင်း မရှိကြပါ။ အမှန်တွင် အနာဂတ္တိကျမ်းများမှအပ ဓမ္မဟောင်းကျမ်းထဲမှ ကျမ်းအများစုသည် သမိုင်းမှတ်တမ်းများ ဖြစ်သည်။ ဓမ္မသစ်ကျမ်းထဲမှ သြဝါဒစာအချို့သည် လူတို့၏ ဘဝအတွေ့အကြုံများမှ လာခြင်းဖြစ်ပြီး တစ်ချို့မှာ သန့်ရှင်းသောဝိညာဉ်တော်၏ ဉာဏ်အလင်းဖွင့်ပြမူကြောင့် လာခြင်း ဖြစ်သည်။ ဥပမာအားဖြင့် ပေါလု၏ စာများသည် လူတစ်ဦး၏ လုပ်ဆောင်ချက်မှ ထွက်ပေါ်လာခဲ့ပြီး ၎င်းတို့ အားလုံးသည် သန့်ရှင်းသောဝိညာဉ်တော်၏ ဉာဏ်အလင်းဖွင့်ပြမှုကြောင့် ပေါ်ပေါက်လာသော ရလဒ် ဖြစ်ကာ အသင်းတော်များအတွက် ရေးခဲ့သော စာများဖြစ်ပြီး အသင်းတော်မှ ညီအစ်ကိုမောင်နှမများကို နှိုးဆော်အားပေးသော စကားများ ဖြစ်သည်။ ထိုစကားများသည် သန့်ရှင်းသောဝိညာဉ်တော်က ပြောသောစကားများ မဟုတ်ပါ— ပေါလုသည် သန့်ရှင်းသောဝိညာဉ်တော်၏ ကိုယ်စား မပြောနိုင်သကဲ့သို့ သူသည် ယောဟန် ရှုမြင်ခဲ့ရသော ရူပါရုံများကို မြင်ခဲ့ဖို့ရန်ဝေးစွ၊ ပရောဖက်တစ်ဦးပင် မဟုတ်ခဲ့ပါ။ ပေါလုရေးခဲ့သော သြဝါဒစာများသည် ဧဖက်မြို့၊ ဖိလဒေလဖိမြို့၊ ဂလာတိပြည်နှင့် အခြားသော အသင်းတော်များအတွက် ရေးသောစာများ ဖြစ်သည်။ သို့ဖြစ်၍ ဓမ္မသစ်ကျမ်းထဲရှိ ပေါလု၏ သြဝါဒစာများသည် အသင်းတော်များအတွက် ပေါလုရေးခဲ့သော သြဝါဒစာများသာဖြစ်ပြီး သန့်ရှင်းသော ဝိညာဉ်တော်၏ စေ့ဆော်ချက်များလည်း မဟုတ်သကဲ့သို့ သန့်ရှင်းသောဝိညာဉ်တော်၏ တိုက်ရိုက် မိန့်မြွက်ချက်များလည်း မဟုတ်ပေ။...အကယ်၍ လူတို့သည် ဓမ္မသစ်ကျမ်းမှ သြဝါဒစာများ သို့မဟုတ် ပေါလု၏ စကားများကဲ့သို့သော စကားများကို သန့်ရှင်းသောဝိညာဉ်တော်၏ ပြောကြားချက်များအဖြစ် မြင်ကြပြီး ၎င်းတို့ကို ဘုရားကဲ့သို့ ကိုးကွယ်မည်ဆိုလျှင် လူတို့သည် အလွန်အမင်း မဆင်မခြင်ပြုမူနေခြင်း ဖြစ်သည်ဟုသာ ဆိုနိုင်ပေသည်။ သာ၍ ခပ်ကြမ်းကြမ်း ပြောရမည်ဆိုလျှင် ဤသည်မှာ ဘုရားသခင်ကို ပြစ်မှားစော်ကားနေကြခြင်းပင် ဖြစ်သည်မဟုတ်လော။ လူတစ်ယောက်က ဘုရားသခင်ကိုယ်စား မည်သို့ ပြောဆိုနိုင်ပါမည်နည်း။ ထို့အပြင် လူတို့သည် ပေါလု၏ သြဝါဒစာများနှင့် သူပြောသော စကားများနှင့်ဆိုင်သော မှတ်တမ်းကို သန့်ရှင်းသော ကျမ်းစာ သို့မဟုတ် ကောင်းကင်ဘုံမှလာသော ကျမ်းစာဖြစ်သည့်အလား သတ်မှတ်ကာ ၎င်းတို့ရှေ့၌ မည်သို့ ပျပ်ဝပ်နိုင်သနည်း။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လူတစ်ယောက်က သာမန်ကာလျှံကာ ပြောနိုင်ပါမည်လော။ လူတစ်ယောက်က ဘုရားသခင်ကိုယ်စား မည်သို့ ပြောဆိုနိုင်ပါမည်နည်း။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သမ္မာကျမ်းစာနှင့် ပတ်သက်၍ (၃))
“သမ္မာကျမ်းစာထဲရှိသည့် အရာတိုင်းသည် ဘုရားသခင် ကိုယ်တိုင် ပြောခဲ့သည့် စကားလုံးများကို မှတ်တမ်းတင်ထားခြင်း မဟုတ်ပါ။ သမ္မာကျမ်းစာသည် ဘုရားသခင်၏ ယခင်အမှု အဆင့်နှစ်ဆင့်အကြောင်းကို ရေးမှတ်ထားခြင်းသာဖြစ်ပြီး၊ ၎င်းတို့အနက် တစ်ပိုင်းမှာ ပရောဖက်များ၏ အနာဂတ္တိ ဟောကြားချက်များကို ရေးထားသည့် မှတ်တမ်းဖြစ်ပြီး၊ နောက်တစ်ပိုင်းမှာ ခေတ်အဆက်ဆက်၌ ဘုရားသခင် အသုံးပြုခဲ့သည့် လူများက အတွေ့အကြုံများနှင့် အသိပညာတို့ကို ရေးထားခြင်းဖြစ်သည်။ လူ၏ အတွေ့အကြုံများသည် လူ၏ အယူအဆများ၊ အသိပညာများနှင့် စွန်းထင်းနေကြပါသည်၊ ယင်းကို ရှောင်ရှား၍ မရနိုင်ပါ။ သမ္မာကျမ်းစာ၏ ကျမ်းအများအပြားသည် လူ၏ ခံယူချက်များ၊ ပုဂ္ဂိုလ်စွဲ သို့မဟုတ် အယူစွဲဖြင့် ဘက်လိုက်ပြီး ရှုမြင်သည့် လူ၏သဘောများ၊ လူ၏ အဓိပ္ပာယ်မရှိသည့် သဘောပေါက်နားလည်မှုများ ဖြစ်ကြသည်။ မှန်ပါသည်၊ စကားလုံးအများစုသည် သန့်ရှင်းသော ဝိညာဉ်တော်၏ ဉာဏ်အလင်းဖွင့်ပြမှုနှင့် အလင်းပေးမှု၏ ရလဒ်ဖြစ်ပြီး ၎င်းတို့သည် မှန်ကန်သည့် သိနားလည်မှုများ ဖြစ်ကြသည်။ သို့သော် ၎င်းတို့သည် သမ္မာတရား၏ လုံးဝတိကျသော ထုတ်ဖောပြခြင်းများဖြစ်သည်ဟု ပြော၍ မရနိုင်သေးပါ။ အချို့သော အရာများနှင့်ပတ်သက်လျှင် ၎င်းတို့၏ အမြင်များသည် ကိုယ်ပိုင် အတွေ့အကြုံမှ လာသောအသိ သို့မဟုတ် သန့်ရှင်းသော ဝိညာဉ်တော်၏ ဉာဏ်အလင်းဖွင့်ပြမှုသာ ဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သမ္မာကျမ်းစာနှင့် ပတ်သက်၍ (၃))
ဤနှုတ်ကပတ်တော်များ ဖတ်ခြင်းအားဖြင့် ကျွန်တော်တို့ အားလုံး တွေ့မြင်နိုင်သည်မှာ သမ္မာကျမ်းစာ ရှိရှိသမျှက ဘုရားသခင် မှုတ်သွင်းတော်မူခြင်း မဟုတ်သကဲ့သို့၊ ဘုရားသခင်၏ နှုတ်ကပတ်တော် များလည်း မဟုတ်ပါ။ သမ္မာကျမ်းစာ၏ မည်သည့်အပိုင်းက ဘုရားသခင်၏ နှုတ်ကပတ်တော်ဖြစ်ပြီး၊ မည်သည့်အပိုင်းက လူများ၏ စကားဖြစ်ကြောင်းကို ခွဲခြားသိမြင်နိုင်သည့် သူများအတွက်က ရှင်းပါသည်။ ကျမ်းစာတစ်အုပ်ချင်းစီတိုင်းမှာ ရေးသားသူ၏ အမည်ပေး ထားပါသည်။ ပြီးလျှင် သမ္မာကျမ်းစာ၏ မည်သည့်အပိုင်းမှာ ဘုရားသခင်၏ နှုတ်ကပတ်တော် ပါရှိကြောင်းကိုလည်း ရှင်းရှင်းလင်းလင်း ဖော်ပြထားပါသည်။ သို့ပါက မျက်တောင်တစ်ချက် မခတ် လူများနှင့် စာတန်၏စကားများကို ဘုရားသခင်၏ နှုတ်ကပတ်တော်များဟု လူများ မည်သို့ ဆက်ပြီး ခံယူကြသနည်း။ ဤသည်မှာ မျှမျှတတပြောခြင်း ဟုတ်ပါသလား။ ယုံကြည်သူများသာ သမ္မာကျမ်းစာထဲက လူများ၏စကားကို ဘုရားသခင်၏ နှုတ်ကပတ်တော်ဟု အခိုင်အမာပြောနေသေးပါက၊ ဘုရားသခင် မည်သို့ခံစားရမည်ဟု သင်တို့ထင်ပါသနည်း။ ဘုရားသခင်အတွက် တရားပါသလား။ ဤသည်မှာဘုရားသခင်ကို ပြစ်မှားခြင်း၊ ပုတ်ခတ်ပြောဆိုခြင်းသာ ဖြစ်သည် မဟုတ်ပါလား။ လူများ၏စကားက ဘုရားသခင်၏မျက်စိထဲမှာ မည်သို့လေးနက်နိုင်မည်နည်း။ ကျွန်တော်တို့ ခဏမျှအချိန်ယူပြီး မစဉ်းစားကြည့်သင့်ပါလား။ လူများ၏စကားကို ဘုရားသခင်၏နှုတ်ကပတ်တော်နှင့် မည်သို့ နှိုင်းယှဉ်နိုင်မည်နည်း။ လူများ၏ အနှစ်သာရနှင့် ဘုရားသခင်၏ အနှစ်သာရ မတူပါ။ ထိုကဲ့သို့ပင်၊ လူများ၏စကားကလည်း ဘုရားသခင်၏ နှုတ်ကပတ်တော်နှင့် အများကြီး ကွာခြားပါသည်။ လူများ၏ စကားအားဖြင့် ဉာဏ်အလင်းရခြင်းက သမ္မာတရားနှင့် ကိုက်ညီပါက၊ ဤသည်မှာ တကယ့်ကို ရလဒ်ကြီးကြီးတစ်ခုဖြစ်ပါသည်။ လူများ၏စကားသာ သန့်ရှင်းသောဝိညာဉ်တော်၏ လမ်းပြမှုမရှိပါက၊ ဤသည်မှာ အယူမှားနှင့် အလိမ်အညာများ မဟုတ်ပါလား။ ဘုရားသခင်၏ ယုံကြည်သူများက ဤအရာကိုမမြင်နိုင်ပါက၊ ကျွန်တော်စိုးရိမ်မိသည်။ သူတို့က အလွန်မိုက်မဲပြီး၊ မာနထောင်လွှားကြသည့် သူများ ဖြစ်လေသည်။ ယနေ့ ဘာသာရေးလောကက သမ္မာကျမ်းစာထဲက လူများ၏စကားကို ဘုရားသခင်၏နှုတ်ကပတ်တော်ဟု မှတ်ယူနေ ကြသည်။ ဤသည်မှာ ဘာသာရေးလောကထဲက မည်သည့်သူကမှ ဘုရားသခင်ကို မှန်မှန်ကန်ကန်မသိကြကြောင်းကို ပြနေခြင်း ဖြစ်သည်။ ဘာသာရေး လောကက ခေါင်းဆောင်အများစုက သူတော်ကောင်း ယောင်ဆောင်သည့် ဖာရိရှဲများဖြစ်ပါသည်။ ဘုရားသခင်ကို အမှန်သိသည့်သူများက၊ သမ္မာကျမ်းစာ ရှိရှိသမျှသည် ဘုရားသခင် မှုတ်သွင်းတော်မူခြင်းဖြစ်ပြီး အားလုံးက ဘုရားသခင်၏ နှုတ်ကပတ်တော် ဖြစ်သည်ဟု မျက်စိစုံမှိတ် ကိုးကွယ်နေမည်မဟုတ်ပါ။ ဘုရားသခင်ကဲ့သို့ သမ္မာကျမ်းစာကို သူတို့ ဆက်ဆံမည်မဟုတ်ပါ။ ဘာသာရေးလောကက သမ္မာကျမ်းစာ ရှိရှိသမျှသည် ဘုရားသခင် မှုတ်သွင်းတော်မူပြီး၊ ဘုရားသခင်၏ နှုတ်ကပတ်တော်ဖြစ်သည်၊ ပြီးလျှင် ဘုရားသခင်၏ကိုယ်စား ဖြစ်သည်ဟု ယုံကြည်ကြသည်။ ဤသည်မှာ ဘာသာရေးလောက၏ ယုတ္တိမရှိဆုံးသော အယူမှားတစ်ခုဖြစ်ပါသည်။ ယခုအခါတွင် ကျွန်တော်တို့သည် ဤအရာကို ရှင်းရှင်းလင်းလင်း မြင်နိုင်ပါသည်။
နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ မှ
မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။