ပြီးခဲ့သည့် အနှစ်နှစ်ထောင်ကြာ လူသား၏ သခင့်အပေါ် ယုံကြည်မှုသည် ကျမ်းစာပေါ် အခြေပြုခဲ့ပြီး၊ သခင်ယေရှု၏ ကြွလာခြင်းက ဓမ္မဟောင်းကျမ်းကို ငြင်းဆိုခြင်း မပြုခဲ့ပါ။ အနန္တတန်ခိုးရှင် ဘုရားသခင်က သူ၏ နောက်ဆုံးသော ကာလ အမှုတော်ကို လုပ်ဆောင်ပြီးသည့်နောက်တွင်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ကို လက်ခံကြသူတိုင်းသည် သူ၏ နှုတ်ကပတ်တော်များ ဖတ်ရှုခြင်းကို အာရုံစိုက်ကြလိမ့်မည်ဖြစ်ပြီး သမ္မာကျမ်းစာကို ဖတ်ခဲကြလိမ့်မည်။ ကျွန်ုပ် ရှာဖွေချင်သည့်အရာမှာ၊ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နောက်ဆုံးသော ကာလ အမှုတော်ကို လက်ခံပြီးသည့်နောက်တွင်၊ လူတစ်ဦး၌ ရှိသင့်သည့် သမ္မာကျမ်းစာကို မှန်ကန်သည့် ချဉ်းကပ်မှု အတိအကျမှာ အဘယ်နည်း၊ ပြီးလျှင် ယင်းကို မည်သို့ အသုံးပြုသင့်သနည်း။ ယုံကြည်ခြင်း လမ်းကြောင်းပေါ် လျှောက်လှမ်းပြီး ဘုရားသခင်၏ ကယ်တင်ခြင်းကို ရရှိဖို့ရန်အလို့ငှာ လူတစ်ဦးသည် ဘုရားသခင်၌ သူ၏ ယုံကြည်ခြင်းကို မည်သည့်အရာအပေါ် အခြေပြုသင့်သနည်း။

18.11.2021

အဖြေ-

သမ္မာကျမ်းစာသည် ဘုရားသခင့်အမှုတော် အဆင့်နှစ်ဆင့်၏ စစ်မှန်သော မှတ်တမ်းတစ်ခုဖြစ်သည်။ တနည်းအားဖြင့်ဆိုရသော်၊ ယင်းသည် ကောင်းကင်၊ မြေကြီးနှင့် အရာခပ်သိမ်းတို့အပြင် လူသားမျိုးနွယ်၏ ဖန်ဆင်းခြင်းပြီးနောက် လူသားမျိုးနွယ်ကို ဦးဆောင်လမ်းပြခြင်းနှင့် ကယ်တင်ခြင်းတို့ပါဝင်သော ဘုရားသခင့် အမှုတော်၏ ပထမအဆင့်နှစ်ဆင့်နှင့်ဆိုင်သော သက်သေခံချက်ဖြစ်ပေသည်။ သမ္မာကျမ်းစာကို ဖတ်ရှုခြင်းမှ၊ ဘုရားသခင်က လူသားများကို ပညတ်တော်ခေတ်တွင် အဘယ်သို့ ဦးဆောင်ခဲ့ပြီး သူ့ရှေ့မှောက်တွင် အသက်ရှင်ရန်နှင့် သူ့ကို ကိုးကွယ်ရန် ၎င်းတို့အား အဘယ်သို့ သွန်သင်ပေးခဲ့သည်ကို လူတိုင်း တွေ့မြင်နိုင်သည်။ ဘုရားသခင်က လူသားမျိုးနွယ်ကို ကျေးဇူးတော်ခေတ်တွင် အဘယ်သို့ ရွေးနှုတ်ခဲ့ပြီး ၎င်းတို့အပေါ် ငြိမ်သက်ခြင်း၊ ဝမ်းမြောက်ခြင်း နှင့် ကျေးဇူးတော်အလုံးစုံကို အပ်နှင်းလျက် ၎င်းတို့၏ အတိတ်က အပြစ်များအားလုံးအတွက် ၎င်းတို့ကို အဘယ်သို့ ခွင့်လွှတ်ခဲ့သည်ကိုလည်း ကျွန်ုပ်တို့ မြင်တွေ့နိုင်သည်။ ဘုရားသခင်သည် လူသားမျိုးနွယ်ကို ဖန်ဆင်းပြီး ၎င်းတို့ကို စဉ်ဆက်မပြတ် ဦးဆောင်လမ်းပြခဲ့သည်ကို တွေ့မြင်နိုင်ရုံသာမက ထို့နောက်တွင် ၎င်းတို့ကို သူရွေးနှုတ်ခဲ့သည်ကိုလည်း တွေ့မြင်နိုင်ပေသည်။ ထိုအချိန်အတောအတွင်း၊ ဘုရားသခင်သည် လူသားမျိုးနွယ်အတွက် ထောက်ပံ့ပေးခဲ့ပြီး ကွယ်ကာခဲ့သည်။ ထို့အပြင်၊ နောက်ဆုံးသောကာလတွင် ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် သူ၏လူတို့ကို တရားစီရင်ရန်နှင့် သန့်ရှင်းစေရန် မီးကဲ့သို့ လောင်ကျွမ်းလိမ့်မည်ကို သမ္မာကျမ်းဆိုင်ရာ ပရောဖက်ပြုချက်များမှ ကျွန်ုပ်တို့ ဖတ်ရှုရကြပေသည်။ ၎င်းင်းတို့သည် လူသားမျိုးနွယ်ကို အပြစ်တရားများအားလုံးမှ ကယ်တင်လိမ့်မည်ဖြစ်ပြီး ဘုရားသခင်ထံ ကျွနုပ်တို့ လုံးဝ လှည့်ပြန်ပြီး နောက်ဆုံးတွင် သူ၏ကောင်းကြီးမင်္ဂလာများနှင့် ကတိတော်ကို အမွေခံကြရဖို့အလို့ငှာ စာတန်၏ အမှောင်စွမ်းအားမှ လွတ်မြောက်ဖို့ ကျွန်ုပ်တို့ကို ကူညီမစပါလိမ့်မည်။ ဤသည်မှာ ဘုရားသခင်က၊ “ထိုကျမ်းစာပင်ငါ၏သက်သေဖြစ်၏။” ဟု မိန့်ဆိုချိန်တွင် ဆိုလိုသောအရာဖြစ်သည်။ ထို့ကြောင့်၊ သမ္မာကျမ်းစာကို တာဝန်သိသိ ဖတ်ရှုသူတိုင်းက ဘုရားသခင်၏ အချို့သော လုပ်ဆောင်ချက်များကို တွေ့မြင်နိုင်ပြီး သူ၏ တည်ရှိမှု၊ အနန္တတန်ခိုးရှိခြင်း နှင့် ကောင်းကင်နှင့် မြေကြီးပေါ်က အရာရာတိုင်းကို သူ ဖန်ဆင်းပြီး စိုးမိုးခြယ်လှယ်ကာ အုပ်စိုးခဲ့သည့် ဉာဏ်ပညာတို့ကို အသိအမှတ်ပြုနိုင်သည်။ ထို့ကြောင့်၊ ဘုရားသခင်ကို ယုံကြည်ရာတွင်၊ ဘုရားသခင်ကို သိရှိခြင်းနှင့် မှန်ကန်သော ယုံကြည်ခြင်းလမ်းကြောင်းကို လျှောက်လှမ်းရာတို့တွင် သမ္မာကျမ်းစာသည် လူတို့အဖို့နက်နဲစွာ အဓိပ္ပါယ်ရှိလှပေသည်။ ဘုရားသခင်ကို စိတ်ရင်းအတိုင်း ယုံကြည်ပြီး သမ္မာတရားကို ချစ်သောသူ မည်သူမဆိုက သမ္မာကျမ်းစာကို ဖတ်ရှုခြင်းအားဖြင့် ဘဝ၌ ရည်မှန်းချက်နှင့် ဦးတည်ချက်တို့ကို ရှာတွေ့နိုင်ပြီး ကိုယ်တော့်ကို ယုံကြည်ရန်၊ သူ့အပေါ် မှီခိုရန်၊ သူ့ကို နာခံရန် နှင့် ကိုးကွယ်ရန်တို့ကို လေ့လာသင်ယူနိုင်ပေသည်။ ဤအရာများသည် ဘုရားသခင်နှင့်ဆိုင်သော သမ္မာကျမ်းစာ၏ သက်သေခံချက်၏ အကျိုး သက်ရောက်မှုများအားလုံးဖြစ်သည်။ ဤသည်မှာ ငြင်းမရနိုင်သော အချက်တစ်ခုဖြစ်သည်။

............

သမ္မာကျမ်းစာ၏ တန်ဖိုးမှာ သမ္မာကျမ်းစာတွင်ရှိသော ဘုရားသခင်၏ အမှုတော် အဆင့်နှစ်ဆင့်မှတ်တမ်းထဲ၌ တည်လေသည်။ လူတို့သည် ကျမ်းစာထဲရှိ ဘုရားသခင်၏ မိန့်မြွက်ချက်များနှင့် အမှုတော်တို့ကို ဖတ်ရှုနိုင်ပြီး အရာခပ်သိမ်းကို သူဖန်ဆင်းပြီး အုပ်စိုးရာတွင် အသုံးပြုခဲ့သည် အနန္တတန်ခိုးရှိခြင်း နှင့် ဉာဏ်ပညာတို့နှင့်ဆိုင်သော ယုံကြည်ခြင်းနှင့် အသိပညာတို့ ရှိကြလျှင်၊ ဤအရာသည် ဘုရားသခင်ကို သိကျွမ်းခြင်း၊ လိုက်လျှောက်ခြင်းနှင့် ကိုးကွယ်ခြင်းတွင် နက်ရှိုင်းသော အရေးပါမှု ရှိလိမ့်မည်ဖြစ်သည်။ ဤအကြောင်းကြောင့်၊ သမ္မာကျမ်းစာသည် ဘုရားသခင်၏ အမှုတော် သက်သေခံချက် သက်သက်ဖြစ်ပြီး အခြေခံအုတ်မြစ်တစ်ခုကို တည်ဆောက်ရန် ယုံကြည်သူများကို ကူညီနိုင်သည်။ ယင်းသည် ဘုရားသခင်ကို ယုံကြည်သော လူတို့အတွက် လိုအပ်သော စာအုပ်တစ်အုပ်ဖြစ်ခြင်းသည်လည်း မှန်ပါသည်။ သမ္မာကျမ်းစာက လူသားမျိုးနွယ်ကို ကယ်တင်ရန် ဘုရားသခင်၏ အမှုတော် ပထမအဆင့်နှစ်ဆင့်ကို နားလည်စေဖို့ လူတို့ကို ကူညီနိုင်ပြီး၊ ၎င်းတို့ သမ္မာတရားကို သိနားလည်ခြင်းနှင့် အသက်တာထဲသို့ ၎င်းတို့ ဝင်ရောက်ခြင်းအပေါ် အလွန်အမင်း အကျိုးပြုသောအရာ ဖြစ်သည်။ သို့သော်၊ ကိုယ်တော်၏ မျက်မှောက်ခေတ် မိန့်မြွက်ချက်များကိုမဆိုထားနှင့် နောက်ဆုံးသော ကာလ၌ ဘုရားသခင်၏ အမှုတော်နေရာကို ၎င်းက မယူနိုင်ပါ။ ယင်းက ဘုရားသခင်၏ အမှုတော် ပထမအဆင့်နှစ်ဆင့်ကို သဘောပေါက်ရန်နှင့် သူ၏ စိတ်သဘောထား၊ အနန္တတန်ခိုးရှိခြင်း နှင့် ဉာဏ်ပညာတို့ကို သိရှိရန်သာ ကျွန်ုပ်တို့အား ကူညီနိုင်သည်။ ဤသည်မှာ သမ္မာကျမ်းစာအပေါ် ဘုရားသခင်၏ စိတ်နှလုံးတော်နှင့် ညီညွှတ်သည့် တစ်ခုတည်းသော ရှုမြင်ခြင်းနည်းလမ်းဖြစ်ပြီး၊ ဤသည်မှာ သမ္မာကျမ်းရေးသူများနှင့် ပြုစုသူများ၏ ဘုံရည်ရွယ်ချက်လည်း ဖြစ်သည်ကို ကျွန်ုပ်တို့ ယုံကြည်သင့်ပေသည်။

အထက်အရပ်မှ မိတ်သဟာယပြုခြင်း မှ

သမ္မာကျမ်းစာသည် ဘုရားသခင့်အမှုတော်၏ မှတ်တမ်းတစ်ခုမျှသာဖြစ်ပြီး ဘုရားသခင်ကို သက်သေခံချက်တစ်ခုဖြစ်သည်။ ယင်းသည် လူသားမျိုးနွယ်၏ အကျိုးအတွက် အလွန်အသုံးဝင်သော်လည်း မည်သည့်အခြေအနေများ အောက်တွင် ဖြစ်ပါစေ သန့်ရှင်းသောဝိညာဉ်တော်၏ အမှုတော်ကို အစားမထိုးနိုင်ပါ။ ဘုရားသခင်၌ ယုံကြည်ခြင်းရှိသော ကျွန်ုပ်တို့အတွက်၊ ကယ်တင်ခြင်းကို ရရှိခြင်းသည် သန့်ရှင်းသောဝိညာဉ်တော်၏ အမှုတော်အပေါ်တွင် အခြေပြုရမည်ဖြစ်သည်။ ကျွန်ုပ်တို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုတော် မပါပဲ သမ္မာကျမ်းစာကို လိုက်လျှောက်ရုံမျှ ရှိခဲ့ကြလျှင် ကျွန်ုပ်တို့၏ ကိုယ်ပိုင်လမ်းကြောင်းသို့ ကျဆင်းကြလိမ့်မည်ဖြစ်သည်။ ဖာရိရှဲတို့၏ ဘုရားသခင်ကို ယုံကြည်သော်လည်း သူ့ကို အာခံခြင်း၏ ကျရှုံးမှုက တစ်ဦးတစ်ယောက်၏ ယုံကြည်ခြင်းကို သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုတော်အပေါ်တွင် မဟုတ်ပဲ သမ္မာကျမ်းပေါ်တွင်သာ အခြေခံခြင်းမှာ မှားယွင်းကြောင်း ကောင်းမွန်သော သာဓကအဖြစ် တည်ရှိနေပါသည်။ လူများစွာတို့သည် သမ္မာကျမ်းစာကို နှစ်များစွာ သုတေသနပြုလေ့လာခဲ့ကြသော်လည်း သန့်ရှင်းသော ဝိညာဉ်တော်၏ ဉာဏ်အလင်းပေးခြင်းနှင့် အလင်းပြခြင်းတို့ ကင်းမဲ့ကြပြီး နောက်ဆုံးတွင် ၎င်းတို့သည် သမ္မာတရားကို သိနားလည်ခြင်း သို့မဟုတ် ဘုရားသခင်ကို သိကျွမ်းခြင်းအား မရရှိနိုင်ခဲ့ကြပါ။ ထို့ကြောင့်၊ ဘုရားသခင်၌ ယုံကြည်ခြင်းရှိသော ကျွန်ုပ်တို့သည် သမ္မာကျမ်းစာကို မှန်မှန်ကန်ကန် ချဉ်းကပ်ပြီး အသုံးပြုကြရပါမည်။ သမ္မာကျမ်းစာကို ကျွန်ုပ်တို့ မျက်ကန်းယုံကြည်မှု လုံးဝ ထားရမည်မဟုတ်သကဲ့သို့ ကိုးကွယ်ရမည်မဟုတ်ပါ။ သမ္မာကျမ်းစာထဲတွင် ဘုရားသခင်၏ နှုတ်ကပတ်တော်အပြင် လူကို ကယ်တင်ရန် သူ၏အမှုကို ဘုရားသခင် မည်ကဲ့သို့လုပ်ဆောင်သည်ကိုလည်း ကျွန်ုပ်တို့တွေ့ရသည်၊ သို့သော် ၎င်းကို ကျွန်ုပ်တို့ သိနားလည်ခြင်းမှာ အထူးသဖြင့် ဘုရားသခင်၏ နှုတ်ကပတ်တော်နှင့် ပတ်သက်၍ အမြဲ လွန်စွာပင် ကန့်သတ်ထားမှု ရှိလိမ့်မည်ဖြစ်သည်။ သန့်ရှင်းသော ဝိညာဉ်တော်၏ ဉာဏ်အလင်းပေးခြင်းနှင့် အလင်းပြခြင်းတို့ မရှိပဲ၊ စာအနေဖြင့် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ကျွန်ုပ်တို့ အလွတ်ကျက်မှတ်ထားနိုင်သော်လည်း သမ္မာတရားကို နားမလည်ကြသေးချေ။ ဤအရာကို ဘုရားသခင်၏ အမှုတော်ကို တွေ့ကြုံခဲ့ကြသော သမိုင်းတလျှောက် မရေတွက်နိုင်သည့် သန့်ရှင်းသူများ အားဖြင့် အတည်ပြုခဲ့ပြီးဖြစ်သည်။ သမ္မာကျမ်းစာကို မျက်ကန်းယုံကြည်ခြင်း ရှိပြီး ကိုးကွယ်သော ဘာသာရေးသမားအတော်များများ ရှိကြသော်လည်း ကျမ်းစာကို ကိုးကွယ်ရာတွင်၊ သူတို့ စိတ်နှလုံးများထဲတွင် ဘုရားသခင်ကို မကြောက်ရွံ့ကြသလို ဘုရားသခင်ကို ၎င်းတို့၏ အယူအဆများနှင့် စိတ်ကူးစိတ်သန်းများအတွင်းတွင် ဘောင်ခတ်ထားကြသည်။ နောက်ဆုံးသော ကာလ၏ လူ့ဇာတိခံယူထားသော အနန္တတန်ခိုးရှင် ဘုရားသခင်သည် သူ၏ တရားစီရင်ခြင်း အမှုတော်ကို ဆောင်ရွက်ပြီး လူကို သန့်စင်ပြီး ကယ်တင်မည့် သမ္မာတရားများကို ဖော်ပြသောအခါ၊ ဤလူတို့သည် ဘုရားသခင်၏ အသံတော်ကို အသိအမှတ်မပြုကြပါ။ ယင်းအစား၊ ၎င်းတို့သည် ဘုရားသခင်ကို အမှုမဲ့အမှတ်မဲ့ အကဲဖြတ်ဝေဖန်ပြီး ပြစ်မှားစော်ကားကြလျက် ဘုရားသခင်ကို ရှုတ်ချပြီး အာခံကြသည်။ အနန္တတန်ခိုးရှင် ဘုရားသခင်၏ အသင်းသားများက အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ၎င်းတို့၏ စုဝေးပွဲများတွင် စားသောက်ကြပြီး ကျမ်းစာအား ဆွေးနွေးတိုင်ပင်ခြင်းတို့မှာ ၎င်းတို့၏ အားလပ်သောအချိန်တွင် ပြုလုပ်စရာတစ်ခု ဖြစ်လာခဲ့သည်ကို မြင်ကြသောအခါ ပို၍ပင် ရှုတ်ချပြီး ဝေဖန်ကြလေသည်။ ၎င်းတို့သည် သမ္မာတရားကို အမှန်တကယ် နားလည်ကြသလော သို့မဟုတ် ဘုရားသခင်ကို သိရှိကြပါသလော။ လုံးဝ မဟုတ်ပါ။ ၎င်းတို့သည် ဖာရိရှဲများကဲ့သို့ပင် ဘုရားသခင်ကို အာခံသော ကျမ်းစာ ကိုးကွယ်သူများ ဖြစ်ကြသည်။ ဖာရိရှဲတို့သည် သခင်ယေရှု၏ နောက်လိုက်များက ၎င်းတို့၏ စုဝေးပွဲများတွင် သခင်ယေရှု၏ စကားများနှင့် အမှုတော်အပေါ်၌သာ မိတ်သဟာယပြု ကြသည်ကို မြင်ကြသောအခါ၊ သမ္မာကျမ်းစာကို မဖတ်ပဲ သခင်ယေရှု၏ စကားများကိုသာ ဖတ်ရှုကြသည်ဟုဆိုရင်း ဖာရိရှဲများက ၎င်းတို့ကို ဝေဖန်ခဲ့ကြသည်။ ဤသည်မှာ ခေတ်သစ် သင်းအုပ်ဆရာများနှင့် အကြီးအကဲများ ပြောသောအရာနှင့် ဆင်တူလေသည်၊ ၎င်းတို့အားလုံးက ဘုရားခင်နောက်လိုက်ခြင်းဆိုသည်မှာ အဘယ်အရာကိုဆိုလိုသည် နှင့် ဘုရားသခင်၏ အမှုတော်ကို တွေ့ကြုံခြင်းဆိုသည်မှာ အဘယ်အရာကိုဆိုလိုသည်ကို သိရှိခြင်းမရှိပဲ ဘုရားသခင်၏ အမှုတော်ကို ရှုတ်ချကြသည်။ ၎င်းတို့ လုပ်ဆောင်နိုင်သမျှမှာ ကျမ်းစာကို ရှင်းပြခြင်း၊ ဘာသာရေးအခမ်းအနားများကို ကျင်းပခြင်းနှင့် ဘာသာရေး စည်းမျဉ်းစည်းကမ်းများကို လိုက်နာစောင့်ထိန်းခြင်းတို့ဖြစ်သည်။ ကျေးဇူးတော်ခေတ်တွင် သခင့်၌ ယုံကြည်သူတို့သည် ၎င်းတို့ စုဝေးသောအခါ ဓမ္မာဟောင်းကျမ်းကိုသာ ဖတ်ခဲ့ကြလျှင်၊ သခင်ယေရှု၏လက်ခံမှုကို ၎င်းတို့ ရခဲ့ကြလိမ့်မည်လော။ ယခုတွင်၊ သခင်ယေရှု ပြန်လာပြီဖြစ်ပြီး သမ္မာတရားများကို ဖော်ပြကာ နောက်ဆုံးသောကာလ တရားစီရင်ခြင်းအမှုကို လုပ်ဆောင်သည်။ ကျွန်ုပ်တို့သည် သမ္မာကျမ်း၏ ဘာသာရေး ထုံးတမ်းဓလေ့များနှင့် စည်းမျဉ်းစည်းကမ်းများကို ဖက်တွယ်နေစဉ်တွင် နောက်ဆုံးသောကာလ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် အမှုတော်တို့ကို ဘေးဖယ်ထားနိုင်သလော။ ဘုရားသခင်၌ ယုံကြည်ဖို့ရန်ဆိုသည်မှာ အမှန်တကယ်တွင် မည်သည့်အရာကို ဆိုလိုပါသနည်း။ ယုံကြည်သူတစ်ဦးသည် လက်ရှိ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို မစား၊ မသောက်၊ မတွေ့ကြုံလျှင် ဤသည်မှာ အမှန်တကယ် ဘုရားသခင်၌ ယုံကြည်ခြင်းလော။ ဘာသာရေးသမားများစွာတို့သည် ဘုရားသခင်၌ ယုံကြည်ခြင်းအကြောင်း အခြေခံအကျဆုံး အသိပညာနှင့် သမ္မာတရားတို့ကိုပင်လျှင် ကင်းမဲ့ကြ၏။ ၎င်းတို့က သမ္မာကျမ်းစာအားလုံးသည် ဘုရားသခင်၏ နှုတ်ကပတ်တော်ဖြစ်ပြီး မျိုးဆက် တစ်ဆက်ပြီး တစ်ဆက်က သမ္မာကျမ်းစာကို အစဉ်အမြဲ လိုက်လျှောက်ရမည်ဖြစ်ကာ သမ္မာကျမ်းစာကို ခိုင်ခိုင်မာမာ စွဲကိုင်ခြင်းသည် ဘုရားသခင်၌ ယုံကြည်ခြင်းနှင့် ညီမျှသည်ဟု ခံစားကြသည်။ ယင်းသည် ဘုရားသခင်၌ ယုံကြည်ခြင်း၏ သမ္မာတရားနှင့် ကိုက်ညီပါသလား။ ဘုရားသခင်၏ အမှုတော်သည် အစဉ်အမြဲ ရှေ့ဆက်နေပြီး တိုးတက်နေကာ၊ နှစ်တစ်ထောင်ကာလတွင်ပင် ဘုရားသခင်သည် လူသားမျိုးနွယ်အားလုံးကို ဦးဆောင်လမ်းပြဖို့ သူ၏ နှုတ်ကပတ်တော်ကို အသုံးပြုဦးမည်ဖြစ်သည်။ စည်းမျဉ်းစည်းကမ်းများနောက် ဘုရားသခင် မလိုက်ပါ- ဘုရားသခင်သည် အစဉ်အမြဲ သစ်လွင်ပြီး ဘယ်တော့မှ ဟောင်းမသွားပါ၊ သူ၏ နှုတ်ကပတ်တော်နှင့် အမှုတော်သည် အမြဲ ရှေ့သို့ ရွေ့လျားနေသည်၊ ဘယ်တော့မှ ရပ်တန့်မသွားပေ။ သို့သော်လည်း များစွာသောသူတို့သည် ဤအချက်ကို နားမလည်ကြပါ။ ၎င်းတို့သည် အဓိပ္ပါယ်မဲ့ကြသည် မဟုတ်လော။ နောက်ဆုံးသော ကာလ ဘုရားသခင်၏ အမှုတော်ကို လက်ခံပြီးနောက် သမ္မာကျမ်းစာကို ဘုရားသခင်၏ အလိုတော်နှင့်အညီ မည်သို့ကိုင်တွယ်ရမည်နှင့် ပတ်သက်၍ မရှင်းလင်းသေးသောသူများစွာရှိ၏။ ဤကိစ္စနှင့် ပတ်သက်၍ သမ္မာတရားကို အနန္တတန်ခိုးရှင် ဘုရားသခင်အားဖြင့် ရှင်းလင်းစွာ ဖော်ပြထားပါသည်၊ ထို့ကြောင့် သူ၏ နှုတ်ကပတ်တော် စာပိုဒ်အနည်းငယ်ကို ဖတ်ကြပါစို့။

အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “ယနေ့တွင် ငါသည် သမ္မာကျမ်းစာအား ဤနည်းဖြင့် စိတ်ဖြာ လေ့လာဆွေးနွေးနေပြီး ယင်းမှာ ငါသည် ထိုကျမ်းစာကို မုန်းသည်၊ သို့မဟုတ် ထိုကျမ်းစာ၏ကိုးကားချက် တန်ဖိုးကို ငြင်းဆိုသည်ဟု မဆိုလိုပေ။ သမ္မာကျမ်းစာ၏ ပင်ကိုတန်ဖိုးနှင့် ဇာစ်မြစ်များကို သင်နားလည်အောင် ရှင်းပြနေရခြင်းက သင်အမှောင်ထဲတွင် ရှိနေခြင်းကို ရပ်တန့်ရန်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် လူတို့သည် သမ္မာကျမ်းစာနှင့် ပတ်သက်ပြီး များပြားလှသော အမြင်များရှိကြကာ၊ အများစုက မှားယွင်းကြသည့်အတွက် ဖြစ်သည်။ ယခုကဲ့သို့သော နည်းလမ်းဖြင့် သမ္မာကျမ်းစာကို ဖတ်ရှုခြင်းက လူတို့အနေနှင့် ရသင့်သည့်အရာကို မရရှိရန် ဟန့်တားနေရုံသာမက၊ သာ၍ အရေးပါသည်မှာ ၎င်းသည် ငါပြုလုပ်ရန် ရည်ရွယ်သည့် အမှုကို နှောင့်ယှက်နေသည်။ ၎င်းသည် အနာဂတ် အလုပ်ကို အလွန့်အလွန် ဝင်ရောက်နှောင့်ယှက်ပြီး ကောင်းကျိုးများ မပေးဘဲ၊ ဆိုးကျိုးများသာ ပေး၏။ သို့ဖြစ်၍၊ ငါသင်တို့ကို သွန်သင်နေသည့်အရာမှာ သမ္မာကျမ်းစာ၏ အနှစ်သာရနှင့် အတွင်းပိုင်း အကြောင်းအရာတို့ပင် ဖြစ်သည်။ ငါသည် သင့်အား သမ္မာကျမ်းစာကို မဖတ်ဖို့ သို့မဟုတ် ဟိုဟိုသည်သည် သွားကာ ထိုအရာက တန်ဖိုးမဲ့ကြောင်းကို ကြေညာဖို့ တောင်းဆိုနေခြင်း မဟုတ်ဘဲ၊ သင်၌ သမ္မာကျမ်းစာဆိုင်ရာ မှန်ကန်သည့် အသိပညာနှင့် အမြင် ရှိစေဖို့ရန်သာ ဖြစ်သည်။ အလွန်အကျွံ တစ်ဖက်သတ် မဆန်လေနှင့်။ သမ္မာကျမ်းစာသည် လူသားများက ရေးသားခဲ့သည့် သမိုင်းစာအုပ် ဖြစ်သော်ငြားလည်း၊ ၎င်းသည် ရှေးခေတ် သန့်ရှင်းသူများနှင့် ပရောဖက်များက ဘုရားသခင်အား အစေခံရာတွင် အသုံးပြုခဲ့သည့် အခြေခံသဘောတရား များစွာအပြင်၊ များမကြာမီကတမန်တော်များ ဘုရားသခင်ကို အစေခံရာ၌ အတွေ့အကြုံများကိုလည်း မှတ်တမ်းတင်လေသည်- ယင်းအချက်များ အားလုံးကို ဤလူတို့က အမှန်ပင် မြင်ကာ သိခဲ့ကြပြီး ဤခေတ် လူတို့အတွက် မှန်သော လမ်းခရီးကို လိုက်စားရာတွင် ရည်ညွှန်းချက်အဖြစ် အသုံးချနိုင်ပေသည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သမ္မာကျမ်းစာနှင့် ပတ်သက်၍ (၄))

သမ္မာကျမ်းစာသည် ထောင်စုနှစ်အချို့ကြာ လူ့သမိုင်း၏ အစိတ်အပိုင်းတစ်ခု ဖြစ်ခဲ့ပြီးဖြစ်သည်။ ထို့အပြင်၊ နောက်ဆုံးသော ကာလတွင် ကျမ်းစာက ဘုရားသခင်၏နေရာကို ယူထားလိုက်သည်အထိ လူတို့သည် ကျမ်းစာကို ဘုရားသခင်အလား သဘောထား ကြပြီး၊ ယင်းက ဘုရားသခင်ကို စက်ဆုပ်စေ၏။ ထို့ကြောင့်၊ အခွင့်သာသည့်အခါတွင်၊ ဘုရားသခင်သည် သမ္မာကျမ်းစာ၏ အတွင်းပိုင်း ဇာတ်ကြောင်းနှင့် ဇာစ်မြစ်တို့ကို ရှင်းလင်းစေဖို့ တာဝန်ရှိသည်ဟု ခံစားခဲ့သည်။ ဤအရာကို သူ မလုပ်ဆောင်ပါက၊ သမ္မာကျမ်းစာသည် လူတို့၏ စိတ်နှလုံးများ ထဲတွင် ဘုရားသခင်၏နေရာကို ဆက်လက်ယူထားလိမ့်မည် ဖြစ်ပြီး လူတို့သည် ဘုရားသခင်၏ လုပ်ဆောင်ချက်များကို အကဲဖြတ်ရန်နှင့် ရှုတ်ချရန် ကျမ်းစာ၏ ကျမ်းဟောင်းတရားများကို အသုံးပြုကြပေလိမ့်မည်။ ကျမ်းစာ၏ အနှစ်သာရ၊ ဖွဲ့စည်းတည်ဆောက်ပုံနှင့် အပြစ်အနာအဆာများကို ရှင်းပြခြင်းအားဖြင့်၊ ဘုရားသခင်သည် သမ္မာကျမ်းစာ၏ တည်ရှိခြင်းကို လုံးဝ ငြင်းပယ်နေခြင်း မဟုတ်သကဲ့သို့၊ ရှုတ်ချနေခြင်းလည်း မဟုတ်ပေ။ ယင်းထက်၊ ကျမ်းစာကို ၎င်းတို့ မကိုးကွယ်တော့ရန်နှင့် ၎င်းတို့ လမ်းမပျောက်တော့ရန်အလို့ငှာ သမ္မာကျမ်းစာ၏ နဂိုမူလ ပုံရိပ်ကို ပြန်လည်ရရှိစေသည့်၊ သမ္မာကျမ်းစာအပေါ် လူတို့ ထားရှိသည့် နားလည်မှုလွဲခြင်းများကို ဖြေရှင်းပြီး ကျမ်းစာနှင့် သက်ဆိုင်သည့် မှန်ကန်သော အမြင်ကို ၎င်းတို့အား ပေးသည့် သင့်တင့်လျောက်ပတ်သော ဖော်ပြချက်တစ်ခုကို သူက ပေးနေခဲ့ခြင်း ဖြစ်သည်။ ယင်းမှာ ၎င်းတို့၏ ကျိုးကြောင်းမမြင်သော သမ္မာကျမ်းစာ၌ ယုံကြည်ခြင်းအား ဘုရားသခင်၌ယုံကြည်ခြင်းနှင့် ဘုရားသခင်ကို ကိုးကွယ်ခြင်းကဲ့သို့ မမှားတော့ဖို့ရန်အလို့ငှာ၊ သမ္မာကျမ်းစာ၏ မှန်ကန်သော နောက်ခံအကြောင်းအရာနှင့် ချွတ်ယွင်းချက်များကို ရင်ဆိုင်ရန်ပင် မကြောက်ရွံ့တော့ဖို့ရန် အလို့ငှာ ဖြစ်သည်ဟု ဆိုလိုသည်။ သမ္မာကျမ်းစာနှင့် သက်ဆိုင်သော သိနားလည်မှု စစ်စစ်တစ်ခု လူတို့ ရရှိသည်နှင့်တစ်ပြိုင်နက်၊ စိတ်မလုံမလဲဖြစ်ခြင်း မရှိဘဲ ယင်းကို ၎င်းတို့ ဘေးဖယ်ထားနိုင်ပြီး ဘုရားသခင်၏ အသစ်သော နှုတ်ကပတ်တော်များကို ရဲဝံ့စွာ လက်ခံနိုင်ပေသည်။ ဤသည်မှာ ဤအခန်းများထဲက ဘုရားသခင်၏ ရည်မှန်းချက်ပန်းတိုင် ဖြစ်သည်။ ဤနေရာတွင် လူတို့ကို ဘုရားသခင် ပြောလိုသည့် သမ္မာတရားမှာ မည်သည့်အယူအဆ သို့မဟုတ် အချက်အလက်ကမျှ ဘုရားသခင်၏ ယနေ့ အမှုတော်နှင့် နှုတ်ကပတ်တော်များ၏ နေရာကို မယူနိုင်သည့် အကြောင်းနှင့် ဘုရားသခင်၏ကိုယ်စား မည်သည့်အရာမျှ မရပ်တည်နိုင်သည့်အကြောင်း ဖြစ်သည်။ သမ္မာကျမ်းစာ၏ ထောင်ချောက်မှ လူတို့ မလွတ်နိုင်ပါက၊ ဘုရားသခင်၏ ရှေ့မှောက်သို့ ၎င်းတို့ မည်သည့်အခါတွင်မျှ လာနိုင်ကြလိမ့်မည် မဟုတ်ပေ။ ဘုရားသခင်၏ ရှေ့မှောက် ၎င်းတို့ လာလိုပါက၊ ဦးစွာပထမ သူ့ကို အစားထိုးနိုင်သည့် မည်သည့်အရာမဆိုကို ၎င်းတို့၏ စိတ်နှလုံးများမှ သန့်ရှင်းစေရမည်ဖြစ်သည်။ ထိုအခါ ၎င်းတို့သည် ဘုရားသခင်အဖို့ ကျေနပ်စရာ ဖြစ်ပေလိမ့်မည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အသင်းတော်များတွင် ခရစ်တော် လျှောက်သွားစဉ် သူ၏ နှုတ်ကပတ်တော်များ၊ နိဒါန်း)

သင်က ယနေ့၏လမ်းကြောင်း အသစ်အတိုင်း လျှောက်သွားချင်ပါက၊ သင်သည် သမ္မာကျမ်းစာမှ သွေဖည်ရမည်ဖြစ်သည်၊ သင်သည် သမ္မာကျမ်းစာထဲက အနာဂတ္တိကျမ်း စာအုပ်များ သို့မဟုတ် သမိုင်းကို ကျော်လွန်ပြီးသွားရမည်။ သို့ဖြစ်မှသာ သင်သည် လမ်းကြောင်းအသစ်ကို မှန်ကန်စွာ လျှောက်နိုင်မည် ဖြစ်သည်၊ ထို့အပြင် ထိုအခါကျမှသာ သင်သည် လောကသစ်နှင့် အမှုသစ်ထဲကို ဝင်ရောက်နိုင်မည် ဖြစ်သည်။ ယနေ့ သင့်ကို သမ္မာကျမ်းစာ မဖတ်ကြားတော့ရန် မှာကြားနေရသည်မှာ၊ သမ္မာကျမ်းစာနှင့် ကွဲပြားသည့် အခြားအမှုတစ်ခု ရှိနေရသည်မှာ၊ ဘုရားသခင်က သမ္မာကျမ်းစာထဲ၌ ပိုသစ်ပြီး ပိုအသေးစိတ်ကျသည့် လက်တွေ့လုပ်ဆောင်မှုကို ရှာမကြည့်သည်မှာ၊ ၎င်းအစား သမ္မာကျမ်းစာ ပြင်ပ၌ ပိုကြီးမြတ်သည့်အမှု ရှိနေသည်မှာ အဘယ်ကြောင့်နည်း ဆိုသည်ကို သင် နားလည်ရမည်။ ဤသည်အားလုံးသည် သင်တို့ နားလည်သင့်သည့် အရာဖြစ်သည်။ သင်သည် အမှုအဟောင်းနှင့် အသစ်အကြား ခြားနားချက်ကို နားလည်ရမည်၊ ပြီးလျှင် သင်သည် သမ္မာကျမ်းစာကို မဖတ်သည့်တိုင်အောင် ၎င်းကို စိစစ်နိုင်စွမ်း ရှိရမည်၊ သို့မဟုတ်လျှင် သင်သည် သမ္မာကျမ်းစာကို ကိုးကွယ်မြဲ ကိုးကွယ်နေမည် ဖြစ်၍၊ သင်သည် အမှုသစ်ထဲကို ဝင်ရန်နှင့် အပြောင်းအလဲ အသစ်များကို ကြုံတွေ့ရန် ခဲယဉ်းလိမ့်မည်။ ပိုမြင့်မားသည့် လမ်းခရီး ရှိနေသောကြောင့်၊ နိမ့်ကျပြီး ဟောင်းနေသည့် လမ်းခရီးကို အဘယ့်ကြောင့် လေ့လာနေသနည်း။ ပိုသစ်သည့် မိန့်မြွက်ချက်များနှင့် ပိုသစ်သည့်အမှု ရှိနေလျှင်၊ သမိုင်းမှတ်တမ်း အဟောင်းများအကြားတွင် အဘယ့်ကြောင့် နေထိုင်နေသေးသနည်း။ မိန့်ကြားချက် အသစ်များက သင့်ကို ပံ့ပိုးပေးနိုင်သည်၊ ဤအချက်က ယင်းသည် အမှုသစ် ဖြစ်ကြောင်းကို သက်သေပြနေသည်၊ မှတ်တမ်းအဟောင်းများက သင့်ကိုဆန္ဒ ပြည့်ဝစေနိုင်ခြင်း၊ သင်၏လက်ရှိ လိုအပ်ချက်များကို ဖြည့်ဆည့်းပေးနိုင်ခြင်း မရှိဘဲ၊ ၎င်းတို့သည် သမိုင်းဖြစ်ပြီး ယခုအချိန် ယခုနေရာ၏ အမှုမဟုတ်ကြောင်းကို သက်သေပြနေသည်။ အမြင့်ဆုံးလမ်းခရီးသည် အသစ်ဆုံးအမှုဖြစ်ပြီး၊ အမှုသစ်နှင့်ဆိုလျှင် အတိတ်က လမ်းခရီး မည်မျှပင် မြင့်မားခဲ့ပါစေ၊ ၎င်းသည် လူတို့၏ ပြန်ပြောင်းဆင်ခြင် သုံးသပ်ချက်များ၏ သမိုင်းဖြစ်နေဆဲ ဖြစ်ပြီး၊ ရည်ညွှန်း ပြောဆိုချက်အဖြစ် ၎င်း၏တန်ဖိုးမှာ မည်သို့ပင်ရှိပါစေ၊ ယင်းသည် လမ်းခရီးဟောင်း ဖြစ်နေဆဲ ဖြစ်သည်။ ၎င်းကို ‘သန့်ရှင်းသည့် ကျမ်းစာအုပ်’ ထဲ မှတ်တမ်းတင်ထားစေကာမူ၊ လမ်းခရီးဟောင်းသည် သမိုင်းဖြစ်သည်၊ ‘သန့်ရှင်းသည့် ကျမ်းစာအုပ်’ ထဲမှာ မည်သို့မျှ ရေးမှတ် မထားသော်လည်း၊ လမ်းခရီးသစ်သည် ယခုအချိန် ယခုနေရာမှာ ရှိနေ၏။ ၎င်းလမ်းခရီးသည် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ဖြစ်သည့် အတွက်ကြောင့်၊ သင့်ကို ကယ်တင်နိုင်ပြီး ဤလမ်းခရီးသည် သင့်ကို ပြောင်းလဲနိုင်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သမ္မာကျမ်းစာနှင့် ပတ်သက်၍ (၁))

ဓမ္မဟောင်းကျမ်းသည် ပညတ်တော်ခေတ်၌ သူ၏ အမှုတော်ကို ဘုရားသခင် အဆုံးသတ်ပြီးနောက်တွင် ထွက်ပေါ်လာခဲ့ပြီး ဓမ္မသစ်ကျမ်းမှာ သခင်ယေရှုက သူ၏ ရွေးနှုတ်ခြင်းအမှုတော် အဆုံးသတ်သည့်အချိန်တွင် ဖြစ်ပေါ်သည်။ ပြီးခဲ့သည့်နှစ် ၂၀၀၀ ကာလတွင်၊ သမ္မာကျမ်းစာထက် မည်သည့်အရာမျှ ကျယ်ကျယ်ပြန့်ပြန့် မထုတ်ဝေ သို့မဟုတ် မဖတ်ရှုခဲ့ကြပါ။ လူသားမျိုးနွယ်သည် သမ္မာကျမ်းစာမှ ကြီးမားသော အကျိုးကျေးဇူးကို ရရှိခဲ့ပြီးဖြစ်သည်။ သူ၏ အမှုတော်ကာလအတွင်း ဖော်ပြခဲ့သော ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သမ္မာကျမ်းစာထဲတွင် မှတ်တမ်းတင်ထားခဲ့ပြီး ဘုရားသခင်အားဖြင့် အသုံးပြုခြင်းခံရသူတို့၏ အတွေ့အကြုံများနှင့် သက်သေခံချက်တို့ကို ရေးသားထားသော စာရင်းတစ်ခုအနေဖြင့်လည်း တည်ရှိသောကြောင့် လူတို့သည် ယင်းမှ ဘုရားသခင်၏ တည်ရှိမှုအပြင် ဘုရားသခင်၏ ပေါ်ထွန်ခြင်းနှင့် အမှုတော်တို့ကို တွေ့မြင်နိုင်ကြသည်။ ယင်းမှ၊ ဘုရားသခင်သည် အရာခပ်သိမ်းတို့၏ ဖန်ဆင်းရှင် နှင့် အုပ်စိုးရှင်ဖြစ်သည်ဟူသော အချက်ကို ၎င်းတို့ သိမှတ်နိုင်ကြပြီး လူသားမျိုးနွယ်ကို ဖန်ဆင်းခြင်းပြီးနောက်တွင် ဘုရားသခင် ပြုတော်မူခဲ့သော ပညတ်တော်ခေတ်နှင့် ကျေးဇူးတော်ခေတ်ထဲက အမှုတော်၏ အဆင့်နှစ်ဆင့်ကိုလည်း သိရှိလာနိုင်ကြသည်။ ဤသည်မှာ သခင်ယေရှုက သူ၏ ရွေးနှုတ်ခြင်းအမှုကို ဦးဆောင်ဦးရွက်ပြုခဲ့သောအချိန်၊ လူသားမျိုးနွယ် အပေါ်သူ၏ များပြားပြည့်လျှံသော ကျေးဇူးတော်ကို နှင်းအပ်ပြီး သမ္မာတရား များစွာကို ဖော်ပြခဲ့သောအချိန်ဖြစ်သည့် ကျေးဇူးတော်ခေတ်၏ သမ္မာကျမ်းမှတ်တမ်းနှင့် စပ်လျဉ်း၍ အထူးသဖြင့် မှန်ကန်ပါသည်။ ဤအရာက လူသားမျိုးနွယ်အတွက် ဘုရားသခင်ထားရှိသော စစ်မှန်သည့် ချစ်ခြင်းမေတ္တာကို ကျွန်ုပ်တို့အား တွေ့မြင်ခွင့်ပေးသည်။ လူသားအနေဖြင့် ဘဝ၏ မှန်ကန်သော လမ်းကြောင်းပေါ်တွင်ရှိဖို့ရန် ဘုရားသခင်၌ ယုံကြည်ခြင်းရှိပြီး ဘုရားသခင်ထံ အပ်နှံရမည်ဖြစ်ကြောင်း နားလည်စေသည်။ သမ္မာတရားကို ကျွန်ုပ်တို့၏ တကယ့်အသက်တာအနေဖြင့် ကျွန်ုပ်တို့ ရယူသောအခါမှသာ ဘုရားသခင်ထံမှ ကယ်တင်ခြင်းကို ရရှိပြီး ဘုရားသခင်၏ သဘောကျမှုကို ရရှိနိုင်မည်ဖြစ်ကြောင်း သိနားလည်စေပါသည်။ ဤအရာများသည် လူသားမျိုးနွယ်အပေါ် ဤဘုရားသခင့်အမှုတော်၏ အဆင့်နှစ်ဆင့်က ရရှိသော ရလဒ်များဖြစ်သည်။ သမ္မာကျမ်းအားဖြင့် ထောက်ပံ့ပေးထားသော မှတ်တမ်းကြောင့်သာ မဟုတ်လျှင် လူသားမျိုးနွယ်အတွက် ဘုရားသခင်၏ ယခင်အမှုတော်ကို နားလည်သဘောပေါက်ဖို့ရန်မှာ အလွန်ခက်ခဲလိမ့်မည် ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်၌ယုံကြည်ခြင်းရှိသော ကျွန်ုပ်တို့အတွက် သမ္မာကျမ်းစာ ဖတ်ဖို့ လိုအပ်ရသည့်အကြောင်းရင်း ဖြစ်သည်။ သို့သော်၊ သမ္မာကျမ်းစာသည် အဘယ်မျှ တန်ဖိုးရှိပါလေ့စေ၊ သမ္မာကျမ်းစာအား ဘုရားသခင်နှင့် တန်းတူ ကျွန်ုပ်တို့ ထားရမည်မဟုတ်သလို၊ ပိုမိုအရေးကြီးသည်မှာ ဘုရားသခင်အား ကိုယ်စားပြုဖို့ သို့မဟုတ် ဘုရားသခင်၏ အမှုတော်ကို အစားထိုးဖို့ရန် အသုံးပြုရမည်မဟုတ်ပေ။ ထို့ကြောင့် သမ္မာကျမ်းစာကို မှန်မှန်ကန်ကန် ကိုင်တွယ်တတ်ရမည်ဖြစ်ပြီး သမ္မာကျမ်းစာအပေါ်တွင် ဘယ်သောအခါမျှ မျက်ကန်းယုံကြည်မှု ထားခြင်း သို့မဟုတ် ကိုးကွယ်ခြင်း မပြုရပါ။ ထို့အပြင် မည်သည်တို့က ဘုရားသခင်၏နှုတ်ကပတ်တော်များဖြစ်ပြီး၊ မည်သည့် အရာများက လူ့စကားများဖြစ်သည်တို့နှင့် သက်ဆိုင်သော အရေးကိစ္စအပေါ် သမ္မာကျမ်းစာက ဘုရားသခင်က မည်သည့်အရာကို ပြောထားသည်၊ လူက မည်သည့်အရာကို ပြောသည်ဟူ၍ ရှင်းလင်းစွာ ညွှန်ပြပါသည်။ ယင်းမှာ တစ်ချက်ကြည့်ရုံနှင့် သိသာပါသည်။ သို့သော်၊ များစွာသောလူတို့သည် တမန်တော်များ၏ စာစောင်များ၊ လူ့အတွေ့အကြုံများနှင့် သက်သေခံချက်များနှင့် သက်ဆိုင်သော အစိတ်အပိုင်းများနှင့် ပတ်သက်လာသောခါ ချင့်ချိန်နိုင်စွမ်း ကင်းမဲ့ကြသည်။ တချို့က၊ သန့်ရှင်းသော ဝိညာဉ်တော်၏ ဉာဏ်အလင်းပေးခြင်းမှ စီးဆင်းလာသော စကားတိုင်း သို့မဟုတ် သမ္မာတရားနှင့် ကိုက်ညီသော စကားတိုင်းသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များဖြစ်သည်ဟူ၍ပင် ယုံကြည်ကြသည်။ သို့သော် ယင်းမှာ အဓိပ္ပါယ်မဲ့သည် မဟုတ်လော။ လူသည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ဖော်ပြနိုင်သလော။ သန့်ရှင်းသော ဝိညာဉ်တော်က လူကို ဉာဏ်အလင်းပြကာ အလင်းပေးပြီး လူက အလင်းရောင် အတင့်အသင့်ရသောအခါ၊ ယင်းမှာ သန့်ရှင်းသော ဝိညာဉ်တော်က ဘုရားသခင်၏ စကားများကို လူ့ထံသို့ ဖော်ပြနေခြင်း သို့မဟုတ် သူ့ကို ဤနှုတ်ကပတ်တော်များဖြင့် လှုံ့ဆော်နေခြင်းဖြစ်သလော။ သန့်ရှင်းသော ဝိညာဉ်တော်၏လုပ်ဆောင် မှုတွင် ရည်ရွယ်သော အကျိုးတရားမှာ လူကို သမ္မာတရားအား နားလည်စေရန်နှင့် သမ္မာတရား၏ လက်တွေ့အရှိတရားထဲသို့ ဝင်ရောက်စေဖို့ရန်ဖြစ်သည်။ လူက သမ္မာတရားကို နားလည်သဘောပေါက်ပြီး ယင်း၏ လက်တွေ့အရှိတရားထဲသို့ ဝင်ရောက်ခြင်းနှင့်ဆိုင်သော သက်သေခံချက်မှာ အမှန်တကယ်ပင် ဘုရားသခင်အားဖြင့် ဖော်ပြသော နှုတ်ကပတ်တော်များ ဖြစ်နိုင်သလော။ ကျွန်ုပ်တို့အနေဖြင့် လူ့စကားများက သမ္မာတရားနှင့် ကိုက်ညီသောအခါ၌ ပင်လျင် ယင်းတို့ကိုယ်၌က သမ္မာတရားဖြစ်သည် သို့မဟုတ် ဘုရားသခင်၏ နှုတ်ကပတ်တော်ဖြစ်သည်ဟု အမှန်တကယ် သဘောထား၍ မရနိုင်သည်ကို အလွန်ရှင်းရှင်းလင်းလင်းသိရပါမည်။ လူ့စကားများနှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို တူညီသော ဝင်သက်ထွက်သက်တစ်ခုတွင် ဖောပြ၍မရနိုင်ပါ၊ အဘယ့်ကြောင့်ဆိုသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များသည်သာ သမ္မာတရားဖြစ်သောကြောင့်ဖြစ်သည်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များသည်သာ လူကို ရွေးနှုတ်၊ ကယ်တင်နိုင်ပြီး လူ၏ အသက်ဖြစ်နိုင်သည်။ လူ၏ စကားများက ၎င်းတို့၏ ကိုယ်ပိုင်အတွေ့အကြုံများနှင့် သိနားလည်မှုကိုသာ ကိုယ်စားပြုနိုင်ပြီး ကိုးကားဖို့ရန်အတွက်သာ ဖြစ်သည်။ ၎င်းတို့အနေဖြင့် လူတို့အတွက် အကူအညီနှင့် စိတ်ဓါတ်မြင့်တင်နိုင်သောအရာဖြစ်နိုင်သော်လည်း ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လုံးဝ အစားမထိုးနိုင်ပါ။ သမ္မာကျမ်းထဲရှိ ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် ဘယ်သောအခါမျှ ဆန့်ကျင်ခြင်းမရှိသလို သင့်အနေဖြင့် သမ္မာကျမ်းထဲက လူ့စကားများကို ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် နှိုင်းယှဉ်ပါက ရှေ့နောက်မညီမှုအချို့ ဖြစ်ပေါ်လိမ့်မည်ဖြစ်သည်။ သို့သော် ခေတ်ကာလများတစ်လျှောက် ဘုရားသခင်၏ အမှုတော်များ သို့မဟုတ် နှုတ်ကပတ်တော်များထဲ၌ ဆန့်ကျင်မှုမရှိပေ။ ယေဟောဝါ၏ နှုတ်ကပတ်တော်များ၊ သမ္မာကျမ်းထဲ၌ မှတ်တမ်းတင်ထားသော သခင်ယေရှု၏ နှုတ်ကပတ်တော်များ နှင့် နောက်ဆုံးသောကာလ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော်များ အားလုံး၏ အရင်းအမြစ်မှာ ဘုရားတစ်ပါးတည်း၏ အမှုတော်ဖြစ်သည်။ ၎င်းတို့အားလုံး သန့်ရှင်းသော ဝိညာဉ်တော်၏ နှုတ်ကပတ်တော်များမှ ထွက်ပေါ်လာကြခြင်းဖြစ်သည်။ ဤအရာသည် အဘယ်သူမျှ ငြင်း၍ မရသော အချက်ဖြစ်သည်။ သို့သော် ဘာသာရေးသမားများစွာက သမ္မာကျမ်းအတွင်းရှိ လူ၏ စကားများကို မကြာခဏ ယူပြီး ဘုရားသခင်၏ လက်ရှိ နှုတ်ကပတ်တော်များနှင့် နှိုင်းဆကြသည်။ ဤအရာကို ဖာရိရှဲတို့သည်လည်း လုပ်ဆောင်ခဲ့ကြသည်။ ၎င်းတို့သည် စူးစမ်းလေ့လာရန်အတွက် ကျမ်းစာထဲရှိ စကားများကို အစဉ်အသုံးပြုပြီး ထိုစကားများကို သခင်ယေရှု၏ နှုတ်ကပတ်တော်တို့နှင့် နှိုင်းယှဉ်ကြည့်ကြသည်။ အသုံးပြုခဲ့ကြလေသည်။ ရလဒ်အနေဖြင့်၊ သခင်ယေရှုကို ငြင်းပယ်ဖို့ အကြောင်းပြချက်များစွာကို ဖာရိရှဲတို့ မြင်တွေ့ခဲ့ကြပြီး သခင်ယေရှုကို ကားစင်တင်ကြသည်အထိပင် ပြုလုပ်ကြလျက် သခင်ယေရှုကို အရူးအမူး အာခံပြီး ရှုတ်ချခဲ့ကြလေသည်။ ဤသို့ဆိုလျင် ဤနေရာတွင် ပြဿနာမှာ အဘယ်နည်း။ ယနေ့တွင် ဤအရာကို ရှင်းရှင်းလင်းလင်း နားမလည်သေးသောသူများစွာ ရှိ၏။ ဘုရားသခင်၏ အမှုတော်သည် ဘယ်သောအခါမျှ သမ္မာကျမ်းစာပေါ်တွင် အခြေခံပြီး မပြီးမြောက်ခဲ့ပါ၊ ထို့အပြင်၊ ဘုရားသခင်သည် သမ္မာကျမ်းစာအားဖြင့် ဘောင်ခတ်ခြင်းမခံရပါ။ ကျွန်ုပ်တို့သည် ဘုရားသခင်ကို သမ္မာကျမ်းပေါ် အခြေခံပြီး အမြဲ လေ့လာလျှင် သို့မဟုတ် ဘုရားသခင်၏ လက်ရှိအမှုတော်ကို ထိုနည်းလမ်းဖြင့် တိုင်းတာလျှင်၊ အကြိမ်ကြိမ် ကျွန်ုပ်တို့ ကျရှုံးမည်ဖြစ်ပြီး ကျွန်ုပ်တို့၏ ကျဆင်းမှုများသည် ပို၍ပင် ဆိုးရွားလာလိမ့်မည်ဖြစ်သည်။ ယနေ့တွင် ဘာသာရေးသမားများစွာတို့သည် အနန္တတန်ခိုးရှင် ဘုရားသခင်နှင့် သူ၏ နောက်ဆုံးသောကာလ အမှုတော်တို့ကို လေ့လာရန် သမ္မာကျမ်းစာမှ စကားများကို အသုံးပြုကြပြီး အနန္တတန်ခိုးရှင် ဘုရားသခင်ကို အာခံရန်နှင့် ရှုတ်ချရန်အတွက် ကျမ်းစာကို အဆက်အစပ်မရှိ ကိုးကားရန်အထိပင် ဝေးဝေးသွားခဲ့ကြသည်။ သမ္မာကျမ်းစာမှ စကားများ၊ အထူးသဖြင့် လူ၏ စကားများကို သူတို့ ယူကြပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များအတွက် အစားထိုးပစ္စည်းအနေဖြင့် ၎င်းတို့ကို အသုံးပြုကြသည်။ ထို့အပြင် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လွဲမှားစွာအနက်ပြန်ကြပြီး နောက်ဆုံးသောကာလ ဘုရားသခင်၏ အမှုတော်ကို ရှုတ်ချပြီး အာခံရန် လူ၏ စကားများကို လွဲမှားစွာ အသုံးပြုကြသည်။ ဤသည်မှာ ဖာရိရှဲတို့က သခင်ယေရှုကို အာခံရာတွင် အတိအကျ လုပ်ဆောင်ခဲ့သည့်အရာဖြစ်သည်၊ ဤသို့ဆိုလျင် အဆုံးသတ်မှာ အဘယ်အရာဖြစ်လိမ့်မည်နည်း။ ၎င်းတို့သည်လည်း ထပ်တူညီစွာပင် ဘုရားသခင်အားဖြင့် ကျိန်ဆဲခြင်းခံရကြ မည်ဖြစ်သည်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “ဘုရားသခင်ကို ကားစင်တင်ကြသော သူတို့၌ အမင်္ဂလာ ရှိစေသတည်း။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဆိုးညစ်သောသူများသည် အပြစ်ဒဏ်ပေးခြင်းကို မုချခံကြရလိမ့်မည်) ဟု ပြောပါသည်။ ဘုရားသခင်ကို အာခံဖို့ရန် သမ္မာကျမ်းဆိုင်ရာ အယူအဝါဒကို ကျွန်ုပ်တို့ ဆက်လက်အသုံးပြုကြမည်ဆိုလျှင်၊ အန္တိခရစ်များအဖြစ် ထုတ်ဖော်ပြခံရကြမည်ဖြစ်ပြီး ဘုရားသခင်အားဖြင့် ကျိန်ဆဲခြင်း ခံရကြမည် ဖြစ်သည်။ ယင်းမှာ အမှန်တရားတစ်ခု ဖြစ်သည် မဟုတ်လော။

ဤ ဘာသာရေးလိုက်စားသည့် ဖာရိရှဲများ၏ ဘုရားသခင်၌ ယုံကြည်ခြင်းတွင် ကျရှုံးမှုက ဘုရားသခင် အမှုသစ်ပြုသောအခါ လူသားအနေဖြင့် လက်ရှိတည်ရှိနေသော သမ္မာကျမ်းစာ၏ ပြင်ပကို ကြည့်ရှုရမည်ဖြစ်ပြီး ဘုရားသခင်၏ လက်ရှိနှုတ်ကပတ်တော်များနှင့် အမှုတော်ကို လက်ခံပြီး အပ်နှံရမည်ဖြစ်ကြောင်း ကျွန်ုပ်တို့ကို သွန်သင်ပါသည်။ ဤသည်မှာ ပညတ်တော်ခေတ်တွင် လူသည် ဘုရားသခင်၏ ကောင်းကြီမင်္ဂလာများကို ရရှိဖို့ရန် ယေဟာဝါဘုရားသခင် ထုတ်ပြန်ခဲ့သော ပညတ်တရားများနှင့် ပညတ်ချက်များကို လိုက်နာခဲ့ရသည့်ပုံစံနှင့် ဆင်တူပါသည်။ ကျေးဇူးတော်ခေတ်တွင်၊ သခင်ယေရှုသည် သူ၏ ရွေးနှုတ်ခြင်းအမှုတော်ကို လုပ်ဆောင်ရန် ကြွလာခဲ့ပြီး လူ့အနေဖြင့် ကိုယ်တော်၏လက်ခံမှုကို ရရှိနိုင်ဖို့ရန်အလို့ငှာ သခင်ယေရှု၏ နှုတ်ကပတ်တော်များနှင့် အမှုတော်တို့ကို လက်ခံပြီး အပ်နှံဖို့ရန် ပညတ်တရားပြင်ပသို့ ထွက်ခဲ့ရသည်။ နောက်ဆုံးသောကာလတွင်၊ အနန္တတန်ခိုးရှင် ဘုရားသခင်သည် ဘုရားသခင့်အိမ်တော်မှအစပြုသော တရားစီရင်ခြင်း အမှုတော်ကို လုပ်ဆောင်သည်။ ကျေးဇူးတော်ခေတ်ကို သူအဆုံးသတ်ခဲ့ပြီး နိုင်ငံတော်ခေတ်ကို အစပြုခဲ့သည်။ ထို့ကြောင့် ကျွန်ုပ်တို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုတော်ကို ရရှနိုင်ရန်၊ ကျွန်ုပ်တို့အသက်အဖြစ် သမ္မာတရားကို ရယူနိုင်ရန်၊ ဘုရားသခင်ကို သိရှိသူတစ်ယောက် ဖြစ်လာနိုင်ရန်၊ ဘုရားသခင်အား အပ်နှံပြီး ကြောက်ရွံ့သောသူတစ်ဦးဖြစ်လာနိုင်ရန် နှင့်ဘုရားသခင်၏ ကယ်တင်ခြင်း မှတဆင့် ဘုရားသခင်၏ ရယူခြင်းခံရသောသူတစ်ဦး ဖြစ်လာဖို့ရန်အလို့ငှာ နောက်ဆုံးသောကာလ၏ အနန္တတန်ခိုးရှင် ဘုရားသခင့်အမှုတော်ကို လက်ခံပြီး အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်ကာ တွေ့ကြုံခံစားကြရမည်ဖြစ်သည်။ ဤသည်မှာ လူသည် ကိုယ်တော်၏ နိုင်ငံတော်ထဲသို့ ဝင်ရောက်မှုကို ရရှိနိုင်သည့် တစ်ခုတည်းသော လမ်းဖြစ်သည်။ ဤအရာမှ ကျွန်ုပ်တို့ မြင်ရသည်မှာ၊ ကျွန်ုပ်တို့၏ ယုံကြည်ခြင်းသည် ဘုရားသခင်၏ အမှုတော်ကို အမှီလိုက်ရမည်ဖြစ်ပြီး သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုတော်ကို ကျွန်ုပ်တို့ ရရှိကြရမည်ဖြစ်သည်၊ အဘယ်ကြောင့်ဆိုသော် ထို့နောက်တွင်မှ သမ္မာတရားကို ကျွန်ုပ်တို့နားလည်နိုင်ပြီး ဘုရားသခင်ကို သိရှိကာ သမ္မာတရား၏ လက်တွေ့အရှိတရားထဲသို့ ဝင်ရောက်နိုင်ကြမည် ဖြစ်သောကြောင့်ဖြစ်သည်။ ကျွန်ုပ်တို့၏ ယုံကြည်ခြင်းက သမ္မာကျမ်းစာကို ဖတ်ရှုခြင်းနှင့် သမ္မာကျမ်းစာ၏ စာများကို တင်းတင်းကျပ်ကျပ် လိုက်နာစောင့်ထိန်းခြင်းတို့အပေါ်သာ အခြေပြုလျှင် ကျွန်ုပ်တို့သည် ဖာရိရှဲများကဲ့သို့ပင် ကျမ်းစာကို စောင့်ထိန်းရုံသာ စောင့်ထိန်းသော်လည်း ဘုရားသခင်ကို အာခံပြီး ထိုသို့အားဖြင့် ၎င်းတို့ကိုယ်တိုင်အပေါ် ဘုရားသခင်၏ ကျိန်ခြင်းအမင်္ဂလာများကို ယူဆောင်ခဲ့ကြလျက် ဘုရားသခင်၏ အမှုတော်အားဖြင့် ပယ်ရှင်းခံရကာ ဖယ်ရှားခြင်းခံရကြလိမ့်မည်ဖြစ်သည်။ သမ္မာကျမ်းစာကို လိုက်နာ စောင့်ထိန်းခြင်းသည် ကျွန်ုပ်တို့၏ ဘုရားသခင်၌ ယုံကြည်ခြင်းအတွက် အခြေခံဖြစ်သလော။ ကျွန်ုပ်တို့၏ ဘုရားသခင်၌ ယုံကြည်ခြင်းသည် သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုတော် ကင်းမဲ့လျှင် မှန်သောလမ်းခရီးမှ ကျွန်ုပ်တို့ သွေဖည်နှင့်ကြပြီဖြစ်ပြီး ဘုရားသခင်၏ ကယ်တင်ခြင်းကို ရယူနိုင်ဖို့ နည်းလမ်းမရှိပေ။ ထို့ကြောင့် ကျွန်ုပ်တို့၏ ယုံကြည်ခြင်းသည် သမ္မာကျမ်းစာကို တင်းတင်းကျပ်ကျပ် လိုက်နာစောင့်ထိန်းခြင်းအပေါ် အခြေမပြုနိုင်ပါ၊ ဘုရားသခင်၏ အမှုတော်ကို ကျွန်ုပ်တို့ အမှီလိုက်ရမည်ဖြစ်ပြီး ဘုရားသခင်၏ လက်ရှိ နှုတ်ကပတ်တော်များကို ဖတ်ရှုကာ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို ရရှိကြရပါမည်။ ဤသည်မှာ ဘုရားသခင်၌ ယုံကြည်ခြင်း၏ အခြေခံအုတ်မြစ်ဖြစ်ပြီး ၎င်း၏ အရေးပါဆုံးသော ကဏ္ဍဖြစ်သည်။ ယခုတွင်၊ ယုံကြည်သူများအနေဖြင့် ကျွန်ုပ်တို့သည် သမ္မာကျမ်းစာကို မည်သို့ ချဉ်းကပ်သင့်သည်၊ ယုံကြည်ခြင်းလမ်းကြောင်းပေါ် လျှောက်လှမ်းရာတွင် ဘုရားသခင်၏ သဘောကျမှုကို ရရှိနိုင်ဖို့ရန်အလို့ငှာ တစ်ဦးတစ်ယောက်၏ ယုံကြည်ခြင်းသည် မည်သည့်အရာအပေါ် အခြေပြုရမည်တို့နှင့်ပတ်သက်၍ ရှင်းလင်းပြတ်သားမှု ရှိသင့်ကြသည်၊ ဟုတ်သည် မဟုတ်လော။

ရုပ်ရှင်ဇာတ်ညွှန်း မေးခွန်းများအတွက် အဖြေများ မှ

အရှေ့သို့- သမ္မာကျမ်းစာသည် ဘုရားသခင်၏အမှုတော်ကို သက်သေခံချက်ဖြစ်၏၊ သခင့်ကို ယုံကြည်သူများသည် ဘုရားသခင်က ကောင်းကင်၊ မြေကြီးနှင့် အရာခပ်သိမ်းတို့ကို ဘုရားသခင် ဖန်ဆင်းခဲ့သည်ကို သတိပြုလာကြပြီး ဘုရားသခင်၏ အံ့ဖွယ် လုပ်ဆောင်ချက်များ၊ သူ၏ ကြီးမြတ်မှုနှင့် အနန္တတန်ခိုရှိခြင်းတို့ကို မြင်နိုင်ကြသည်မှာ သမ္မာကျမ်းစာ ဖတ်ရှုခြင်းမှတဆင့်သာ ဖြစ်သည်။ သမ္မာကျမ်းစာတွင် ဘုရားသခင်၏ နှုတ်ကပတ်တော်များစွာအပြင် လူသား၏ အတွေ့အကြုံ သက်သေခံချက်များလည်း ပါရှိပါသည်၊ ၎င်းတို့က လူတို့၏ အသက်တာများအတွက် အာဟာရအပြင် ကြီးမားသည့် စိတ်ဓာတ်မြှင့်တင်ခြင်းကိုလည်း ပေးနိုင်သည်၊ ထို့ကြောင့် ကျွန်ုပ် ရှာဖွေချင်သည့်အရာမှာ၊ သမ္မာကျမ်းစာကို ဖတ်ခြင်းမှတဆင့် ထာဝရအသက်ကို ကျွန်ုပ်တို့ အမှန်တကယ် ရရှိနိုင်ပါသလား။ သမ္မာကျမ်းစာထဲတွင် ထာဝရအသက်လမ်း မရှိသည်မှာ ဖြစ်နိုင်ပါသလား။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

ပြီးခဲ့သည့် အနှစ်နှစ်ထောင်ကြာ လူသား၏ သခင့်အပေါ် ယုံကြည်မှုသည် ကျမ်းစာပေါ် အခြေပြုခဲ့ပြီး၊ သခင်ယေရှု၏ ကြွလာခြင်းက ဓမ္မဟောင်းကျမ်းကို ငြင်းဆိုခြင်း မပြုခဲ့ပါ။ အနန္တတန်ခိုးရှင် ဘုရားသခင်က သူ၏ နောက်ဆုံးသော ကာလ အမှုတော်ကို လုပ်ဆောင်ပြီးသည့်နောက်တွင်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ကို လက်ခံကြသူတိုင်းသည် သူ၏ နှုတ်ကပတ်တော်များ ဖတ်ရှုခြင်းကို အာရုံစိုက်ကြလိမ့်မည်ဖြစ်ပြီး သမ္မာကျမ်းစာကို ဖတ်ခဲကြလိမ့်မည်။ ကျွန်ုပ် ရှာဖွေချင်သည့်အရာမှာ၊ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နောက်ဆုံးသော ကာလ အမှုတော်ကို လက်ခံပြီးသည့်နောက်တွင်၊ လူတစ်ဦး၌ ရှိသင့်သည့် သမ္မာကျမ်းစာကို မှန်ကန်သည့် ချဉ်းကပ်မှု အတိအကျမှာ အဘယ်နည်း၊ ပြီးလျှင် ယင်းကို မည်သို့ အသုံးပြုသင့်သနည်း။ ယုံကြည်ခြင်း လမ်းကြောင်းပေါ် လျှောက်လှမ်းပြီး ဘုရားသခင်၏ ကယ်တင်ခြင်းကို ရရှိဖို့ရန်အလို့ငှာ လူတစ်ဦးသည် ဘုရားသခင်၌ သူ၏ ယုံကြည်ခြင်းကို မည်သည့်အရာအပေါ် အခြေပြုသင့်သနည်း။

အဖြေ- သမ္မာကျမ်းစာသည် ဘုရားသခင့်အမှုတော် အဆင့်နှစ်ဆင့်၏ စစ်မှန်သော မှတ်တမ်းတစ်ခုဖြစ်သည်။ တနည်းအားဖြင့်ဆိုရသော်၊ ယင်းသည် ကောင်းကင်၊...

Leave a Reply

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။