သမ္မာကျမ်းစာသည် ဘုရားသခင်၏အမှုတော်ကို သက်သေခံချက်ဖြစ်၏၊ သခင့်ကို ယုံကြည်သူများသည် ဘုရားသခင်က ကောင်းကင်၊ မြေကြီးနှင့် အရာခပ်သိမ်းတို့ကို ဘုရားသခင် ဖန်ဆင်းခဲ့သည်ကို သတိပြုလာကြပြီး ဘုရားသခင်၏ အံ့ဖွယ် လုပ်ဆောင်ချက်များ၊ သူ၏ ကြီးမြတ်မှုနှင့် အနန္တတန်ခိုရှိခြင်းတို့ကို မြင်နိုင်ကြသည်မှာ သမ္မာကျမ်းစာ ဖတ်ရှုခြင်းမှတဆင့်သာ ဖြစ်သည်။ သမ္မာကျမ်းစာတွင် ဘုရားသခင်၏ နှုတ်ကပတ်တော်များစွာအပြင် လူသား၏ အတွေ့အကြုံ သက်သေခံချက်များလည်း ပါရှိပါသည်၊ ၎င်းတို့က လူတို့၏ အသက်တာများအတွက် အာဟာရအပြင် ကြီးမားသည့် စိတ်ဓာတ်မြှင့်တင်ခြင်းကိုလည်း ပေးနိုင်သည်၊ ထို့ကြောင့် ကျွန်ုပ် ရှာဖွေချင်သည့်အရာမှာ၊ သမ္မာကျမ်းစာကို ဖတ်ခြင်းမှတဆင့် ထာဝရအသက်ကို ကျွန်ုပ်တို့ အမှန်တကယ် ရရှိနိုင်ပါသလား။ သမ္မာကျမ်းစာထဲတွင် ထာဝရအသက်လမ်း မရှိသည်မှာ ဖြစ်နိုင်ပါသလား။

18.11.2021

အဖြေ-

သမ္မာကျမ်းစာကြောင့်သာ အရာအားလုံး၏ ဖန်ဆင်းရှင်က ဘုရားသခင်ဖြစ်ကြောင်းကို ကျွန်တော်တို့ နားလည်ရပါသည်။ ကိုယ်တော့်၏ အံ့သြဖွယ်ရာ လုပ်ဆောင်ချက်များကို မြင်တွေ့ခွင့်ရ စေသည်။ ဤသည်မှာ သမ္မာကျမ်းစာက ဘုရားသခင့် အတိတ်က အမှုတော်များ၏ အသက်သေခံချက်တစ်ခု ဖြစ်သောကြောင့်ပင်တည်း။ ကိုယ်တော့် နှုတ်ကပတ်တော်နှင့် အမှုတော်များ၏ မှတ်တမ်းတစ်ခု ဖြစ်ပြီး၊ ပထမအဆင့် နှစ်ဆင့်က လူများ၏ သက်သေခံချက်ဖြစ်ပါသည်။ ထို့ကြောင့် သမ္မာကျမ်းစာက ကျွန်တော်တို့၏ ယုံကြည်ခြင်းအတွက် အရေးကြီးပါသည်။ သမ္မာကျမ်းစာကြောင့်သာ မဟုတ်ပါက၊ လူများ သခင့်နှုတ်ကပတ်တော်ကို နားလည်ဖို့ မဖြစ်နိုင်သည်မှာ မှန်ပါသည်။ ဘုရားသခင့်လုပ်ဆောင်ချက်များနှင့် လူ၏စစ်မှန်သည့် ယုံကြည်ခြင်းကို ရင့်သန်လာစေဖို့ထက်ပိုပြီး မည်သို့ သိနိုင်မည်နည်း။ သမ္မာကျမ်းစာကို မဖတ်ပါက၊ ခေတ်အဆက်ဆက်က သန့်ရှင်းသူများ ဘုရားသခင်ကို နာခံသည့် သက်သေခံချက်များကို ကျွန်တော်တို့ မည်သို့သိနိုင် မည်နည်း။ ထို့ကြောင့် သမ္မာကျမ်းစာဖတ်ခြင်းက ယုံကြည်ခြင်းကို လက်တွေ့ လုပ်ဆောင်ဖို့အတွက် အမှန်တကယ် အရေးပါပါသည်၊ သခင့်ကို ယုံကြည်သူများ သမ္မာကျမ်းစာကို မဖတ်၍ မဖြစ်ပါ။ သမ္မာကျမ်းစာကနေ သွေဖည်သူက သခင်ကို မယုံကြည်သူဟု ပြောနိုင်ပါသည်။ ခေတ်အဆက်ဆက်က ယုံကြည်သူများက ဤအချက် မှန်ကန်ကြောင်း အတည်ပြုခဲ့ကြပြီးပါပြီ။ ယုံကြည်ခြင်းကို လက်တွေ့လုပ်ဆောင်ခြင်းနှင့် ပတ်သက်လာသည့်အခါ၊ သမ္မာကျမ်းစာ၏ တန်ဖိုးကို မည်သူမျှမငြင်းနိုင်ပါ။ သို့ပါက ခေတ်အဆက်ဆက်က သန့်ရှင်းသူများက သမ္မာကျမ်းစာကို အလွန်အရေးကြီးပြီး၊ ဖတ်သင့်ကြောင်း အားလုံးက သဘောတူခဲ့ကြ ပါသည်။ တစ်ချို့က ပြေပါသည်၊ သမ္မာကျမ်းစာဖတ်ခြင်းနှင့် ဆုတောင်းခြင်းက ကျွန်တော်တို့ ခြေနှစ်ချောင်းလိုအပ်သကဲ့သို့ပင် မရှိမဖြစ်လိုအပ်ပါသည်ဟု ဆိုသည်။ သခင်ယေရှု ပြောခဲ့သည်မှာ- “ကျမ်းစာအားဖြင့် ထာဝရအသက်ကို ရမည်ဟု စိတ်ထင်နှင့် သင်တို့သည် ကျမ်းစာကိုစေ့စေ့ကြည့်ရှု ကြ၏။ ထိုကျမ်းစာပင်ငါ၏သက်သေဖြစ်၏။ သင်တို့သည် အသက်ကိုရအောင် ငါ့ထံသို့ လာခြင်းငှါအလိုမရှိကြ။(ယော ၅:၃၉-၄၀) အချို့ကမူ ဇဝေဇဝါဖြစ်နေပါသည်။ သမ္မာကျမ်းစာက ဘုရားသခင့် နှုတ်ကပတ်တော်နှင့် လူ့သက်သေခံချက်များ ပါရှိသည့် အတွက်၊ သမ္မာကျမ်းစာဖတ်ခြင်းက လူကို ထာဝရအသက် ရရှိစေသင့်သည်ဟု သူတို့ထင်နေပါသည်။ သခင်ယေရှုက သမ္မာကျမ်းစာ ထဲတွင် ထာဝရအသက်မရှိဟု အဘယ့်ကြောင့် ပြောသနည်း။ အမှန်မှာမူ ယင်းမှာ နားလည်ဖို့ သိပ်မခက်ပါ။ ပညတ်တော်ခေတ်နှင့် ကျေးဇူးတော်ခေတ် ထဲက ဘုရားသခင့် အမှုတော်၏ အတွင်းဇာတ်လမ်းကို ကျွန်တော်တို့ နားလည်ရုံနှင့်၊ ပြီးလျှင် တစ်ခေတ်ချင်းစီမှာ ရရှိနိုင်ကြောင်းကို နားလည်ရုံနှင့်၊ သမ္မာကျမ်းစာ ထဲကနေ ထာဝရအသက်ကို အဘယ့်ကြောင့် မရရှိနိုင်ကြောင်းကို ကျွန်တော်တို့ နားလည်လာနိုင်မည် ဖြစ်သည််။ ပညတ်တော်ခေတ်ကို ကြည့်ရအောင်၊ ဤခေတ်ထဲမှာ ယေဟောဝါက လူများလိုက်နာဖို့ ပညတ်တရားနှင့် ပညတ်ချက်များကို ချမှတ်ခဲ့သည်။ ကိုယ်တော့် နှုတ်ကပတ်တော်က အသစ်မွေးဖွားခဲ့သည့် လူသားမျိုးနွယ်အတွက် လမ်းညွှန်တစ်ခု ဖြစ်ပါသည်။ ဤနှုတ်ကပတ်တော်များက လူ၏ စိတ်သဘောထားကို ပြောင်းလဲခြင်း များ မပါဝင်ပါ။ ထို့ကြောင့်၊ ပညတ်တော်ခေတ်ထဲမှာ လူများကို ပညတ်တရားများနှင့် ပညတ်ချက်များကို ဘုရားသခင်က နာခံ၊ လိုက်နာစေခဲ့ခြင်းပါသည်။ ဤနှုတ်ကပတ်တော် များက သမ္မာတရားမှန်သော်လည်း၊ အလွန်အခြေခံကျသည့် သမ္မာတရားကို ကိုယ်စားပြုပါသည်။ ကျေးဇူးတော်ခေတ် အတောအတွင်းမှာတော့၊ သခင်ယေရှု၏ နှုတ်ကပတ်တော်နှင့် အမှုတော်များက အဲဒီအစား ရွေးနှုတ်ခြင်းအပေါ် ပိုပြီးအာရုံစိုက်လာသည်။ ကိုယ်တော့် နှုတ်ကပတ်တော်များက ရွေးနှုတ်ခြင်းနှင့် ပတ်သတ်ပါသည်၊ ပြီးလျှင် လူများကို သွန်သင်သည်၊ လူများကို အပြစ်ဝန်ချဖို့နှင့် နောင်တရဖို့၊ ပြီးလျှင် အမှားလုပ်ခြင်းများကို ရှောင်ကြည်ဖို့၊ ပြီးလျှင် မည်သို့ဆုတောင်းရမည် တို့ကို သွန်သင်ခဲ့သည်။ ပြီးလျှင် လူများ သခင့်ကိုစိတ်နှလုံးအကြွင်းမဲ့ချစ်ဖို့၊ ကိုယ်နှင့် စပ်ဆိုင်သည့်သူကို ကိုယ်နှင့်အမျှချစ်ဖို့၊ စိတ်ရှည်ဖို့၊ သည်းခံဖို့၊ သူတစ်ပါးကို ခုနှစ်ကြိမ် ခုနှစ်လီ အပြစ်လွှတ်ဖို့ စသဖြင့် သွန်သင်ခဲ့သည်။ ၎င်းတို့အားလုံးက အပြစ်နောင်တရခြင်းထဲမှာ ပါဝင်ပါသည်။ သို့ပါက သမ္မာကျမ်းစာဖတ် ခြင်းအားဖြင့် ပညတ်တော်ခေတ် နှင့် ကျေးဇူးတော်ခေတ်ထဲက ဘုရားသခင့် အမှုတော်များကို ကျွန်တော်တို့ နားလည်ရသည်။ အရာအားလုံးကို ဘုရားသခင် ဖန်ဆင်းခဲ့ကြောင်း ကျွန်တော်တို့ လေ့လာခဲ့ရသည်၊ ပြီးလျှင်၊ ကမ္ဘာပေါ်မှာ မည်သို့အသက်ရှင် နေထိုင်ရမည်၊ ဘုရားသခင်ကို မည်သို့ဝတ်ပြုကိုးကွယ်ရမည် စသည်တို့ကို လေ့လာရသည်။ မည်သည့်အရာက အပြစ်ဖြစ်သည်၊ မည်သူ့ကို ဘုရားသခင်က ကောင်းချီးပေးသည်၊ မည်သူ့ကို ဘုရားသခင် ကျိန်ဆဲသည် စသည်တို့ကို ကျွန်တော်တို့ နားလည်လာသည်။ အပြစ်များကို မည်သို့ဝန်ချပြီး၊ နောင်တရရမည်ကို ကျွန်တော်တို့ သိလာသည်။ နှိမ့်ချခြင်း၊ သည်းခံခြင်းနှင့် အပြစ်လွှတ်ခြင်းတို့ကို သင်ယူရသည်။ ပြီးလျှင် မည်သို့သော ကားတိုင်ထမ်းပြီး သခင့်နောက်လိုက်ရ မည်ကိုလည်းသင်ယူရပါသည်။ အဆုံးမရှိသည့် ကရုဏာတော်နှင့် သခင်ယေရှု၏ သနားကြင်နာခြင်းကို ကျွန်တော်တို့ သင်ယူရသည်။ ပြီးလျှင် သခင်ယေရှုထံကို ယုံကြည်ခြင်းနှင့် လာမှသာလျှင်၊ ကိုယ်တော့်၏ ကြွယ်ဝသည့် ကျေးဇူးတော်နှင့် သမ္မာတရားများကို ကျွန်တော်တို့ ခံစားရမည်ဟု သင်ယူရသည်။ သမ္မာကျမ်းစာထဲမှာ ရေးထားသည့် ပညတ်တော်ခေတ်နှင့် ကျေးဇူးတော်ခေတ်ထဲက ဘုရားသခင်၏ နှုတ်ကပတ်တော်နှင့် အမှုတော်အကြောင်းများက ထိုချိန်က လူများ၏ လိုအပ်ချက်နှင့် ကိုယ်တော့်စီမံခန့်ခွဲမှု အစီအစဉ်အတိုင်း ဘုရားသခင် မြွက်ကြားသည့် သမ္မာတရားများ ပင် ဖြစ်ပါသည်။ ဤသမ္မာတရားများက လူများကို ကောင်းမွန်သော အကျင့်စရိုက်များ ကျင့်ကြံစေသော်လည်း လူ၏ စိတ်သဘောထားကို ပြောင်းလဲဖို့အတွက် အပြစ်၏ အရင်းအမြစ်ကို မရှင်းလင်းပစ်နိုင်ပါ၊ ထိုကဲ့သို့ပင်လူများကို သန့်စင်စေခြင်း၊ ကယ်တင်ခြင်းနှင့် ပြည့်စုံခြင်းကို ရရှိစေဖို့ မဖြစ်စေနိုင်ပါ။ ထို့ကြောင့် ထိုခေတ်မှာ သခင်ယေရှု၏ နှုတ်ကပတ်တော်က ပြောထားသည်မှာ အပြစ်ဝန်ချခြင်းလမ်းဟုသာ ခေါ်နိုင်သော်လည်း၊ ထာဝရအသက်လမ်း မဟုတ်ပါ။

သို့ပါက ထာဝရအသက်လမ်းက မည်သည့်အရာ ဖြစ်သနည်း။ ထာဝရအသက်လမ်းက လူများကို ထာဝရအသက်ရှင်စေသည့် သမ္မာတရားလမ်းဖြစ်ပါသည်၊ လူကို သူ့၏အပြစ်သဘာဝကို စွန့်ပစ် စေသည့်၊ သူ့သဘောထား သူကိုယ်တိုင်ပြောင်းလဲဖို့နှင့် သမ္မာတရားကို အသက်အဖြစ် ရရှိဖို့၊ စာတန်၏ အုပ်စိုးမှုအောက်က လွတ်မြောက်ဖို့နှင့် ခရစ်တော်နှင့် သင့်မြတ်ဖို့စေဖို့ လမ်းဖြစ်ပါသည်။ လူများ ဘုရားသခင်ကို သိစေ၊ နာခံစေပြီး ကြောက်ရွံ့စေသည်၊ သို့မှသာ အပြစ်နောက်ထပ်မလုပ်တော့၊ ဘုရားသခင်ကို မဆန့်ကျင်၊ သစ္စာမဖောက်တော့မည် ဖြစ်ပါသည်။ သို့မှသာလျှင် ထာဝရ အသက်လမ်းဟု ခေါ်နိုင်ပါသည်။ လူများက အပြစ်၏အခကြောင့် သေကြသည်။ လူသာ သမ္မာတရားကိုအသက်ကို ရရှိပြီး၊ သူ့အပြစ်ကို ပြေစေပြီးပြီဆိုပါက၊ ဘုရားသခင်က သူ့ကို ထာဝရအသက်နှင့် ကောင်းချီးပေးမည် ဖြစ်သည်။ သို့မှသာ နောက်ဆုံးသောကာလထဲမှာ ကယ်တင်ခြင်းကို ရရှိခြင်းဖြင့်၊ ဘုရားသခင် ကျွန်တော်တို့ကို ပေးသနားသည့် ထာဝရအသက်လမ်းတွင် ပျော်မွေ့နိုင်မည် ဖြစ်သည်။ သခင်ယေရှု ပြောခဲ့သည်မှာ- “ငါသည် ထမြောက်ခြင်းအကြောင်း၊ အသက်ရှင်ခြင်းအကြောင်းဖြစ်၏။ ငါ့ကို ယုံကြည် သောသူသည် သေလွန်သော်လည်း ရှင်လိမ့်မည်။ ငါ့ကိုယုံကြည်၍ အသက်ရှင်သောသူရှိသမျှတို့သည်လည်း သေခြင်းနှင့် အစဉ်မပြတ်ကင်းလွတ်လိမ့် မည်။(ယော ၁၁:၂၅-၂၆) ဤအရာကက ဘုရားသခင့်လက်ထဲတွင် လူ၏ ရှင်ခြင်းနှင့် သေခြင်း ရှိသည်ကို ပြသသည်။ ဤသည်မှာ ဘုရားသခင်၏ သြဇာအာဏာဖြစ်ပြီး မည်သည့်လူသားမျှ ၎င်းတို့၏ ကံကြမ္မာကို မပြောင်းလဲနိုင်ပါ။ နောက်ဆုံးသောကာလတွင် ဘုရားသခင်၏ အမှုတော်ကို လက်ခံခြင်းအားဖြင့် ကယ်တင်ခြင်းကို ရရှိပြီး သမ္မာတရားကို ၎င်းတို့၏ ကိုယ်ပိုင်အသက်တာအဖြစ် ရယူသောသူတို့သည်သာ ထာဝရအသက်ကို ရရှိနိုင်သည်။ ဤသည်မှာ အကြွင်းမဲ့ သေချာသောအရာဖြစ်သည်။ ထို့ကြောင့်၊ ကျေးဇူးတော်ခေတ်တွင် ရွေးနှုတ်ခြင်းအမှုကို သခင်ယေရှု ပြည့်စုံစေပြီးနောက်တွင်၊ သူပြန်ကြွလာမည်ဟု ကတိပေးခဲ့ပါသည်၊ ထိုအချိန်ကာလတွင် သူက၊ “သင်တို့အား ငါပြောစရာ စကားအများ ရှိသော်လည်း၊ သင်တို့သည် ယခုမခံနိုင်ကြ။ သမ္မာတရားနှင့်ပြည့်စုံသော ထိုဝိညာဉ်တော်သည် ရောက်လာသောအခါ၊ သမ္မာတရားကို သင်တို့အား အကြွင်းမဲ့ သွန်သင်ပြလိမ့်မည်။ ထိုဝိညာဉ်တော်သည် ကိုယ်အလိုအလျောက် ဟောပြောမည်အဟုတ်။ ကြားသမျှတို့ကို ဟောပြောလိမ့်မည်။ နောင်လာလတ္တံ့သောအရာတို့ကိုလည်း သင်တို့အား ဖော်ပြ လိမ့်မည်။(ယော ၁၆:၁၂-၁၃) ပြန်ကြွလာသော သခင်ယေရှုအားဖြင့် ဖော်ပြသော သမ္မာတရားသည် တစ်ခုတည်းသော ထာဝရအသက်လမ်းဖြစ်ပြီး ဤအရာက ခရစ်တော်သည် သမ္မာတရား၊ လမ်းခရီးနှင့် အသက်ဖြစ်သည်ကို ပြသပါသည်။ အဘယ်ကြောင့် သမ္မာကျမ်းစာတွင် ထာဝရအသက်လမ်း မပါရှိသနည်း။ ယင်းမှာ အဓိကအားဖြင့် ကျမ်းစာသည် ဘုရားသခင့်အမှုတော်၏ ယခင် အဆင့်နှစ်ဆင့်ကို မှတ်တမ်းတင်ထားသော်လည်း လူသားမျိုးနွယ်ကို သန့်စင်ပြီး ကယ်တင်ရန် နောက်ဆုံးသောကာလ၌ ဘုရားသခင်အားဖြင့် ဖော်ပြသော သမ္မာတရားအားလုံး မပါရှိသောကြောင့် ဖြစ်သည်။ ထို့ကြောင့် သမ္မာကျမ်းစာတွင် ထာဝရအသက်လမ်း မပါရှိပါ။ သို့သော်၊ ဤအရာက သမ္မာကျမ်းစာကို ဘုရားသခင်အဖို့ သက်သေခံချက်အဖြစ် သို့မဟုတ် ၎င်း၏ ဖတ်ရှုသူများအပေါ်၌ရှိသည့် သက်ရောက်မှုအား မသေးသိမ်စေပါ။ ယင်းမှာ အတိအကျအားဖြင့် သမ္မာကျမ်းထဲရှိ ဘုရားသခင်၏ သက်သေခံချက်သည် မှန်ကန်သောကြောင့် လည်းကောင်း၊ ဘုရားသခင်၏ ကောင်းကင်၊ မြေကြီးနှင့် အရာခပ်သိမ်းကို ဖန်ဆင်းခြင်းသည် မှန်ကန်သောကြောင့် လည်းကောင်း၊ သန့်ရှင်းသူတို့၏ မျိုးဆက်များအားဖြင့် ဘုရားသခင်ကို နာခံခြင်းနှင့် သစ္စာစောင့်သိခြင်းတို့နှင့်ဆိုင်သော သက်သေခံချက်သည် မှန်ကန်သောကြောင့် လူ့စိတ်နှလုံးထဲရှိ သမ္မာကျမ်းစာ၏ အနေအထားမှာ ဘယ်သောအခါမျှ မယိမ်းယိုင်ခဲ့ခြင်းကြောင့် လည်းကောင်း ဖြစ်သည်။ သန့်ရှင်းသူတို့၏ မျိုးဆက်များသည် သမ္မာကျမ်းစာမှ ၎င်းတို့ ရရှိသော စိတ်ဓါတ်မြင့်တင်ရေးများကြောင့် ကြီးထွားကာ ရင့်ကျက်ခဲ့ကြခြင်းဖြစ်သည်ဟု ဆိုနိုင်ပါသည်။ ၎င်းတို့၏ အတွင်းတွင် လူသားမျိုးနွယ်၏ ဖောက်ပြန်ပျက်ဆီးသော စိတ်သဘောထားများ ရှိမြဲရှိနေ ခြင်း၊ ၎င်းတို့၏ ဆိုးယုတ်သော သဘာဝများ တည်ရှိဆဲဖြစ်ခြင်း၊ ၎င်းတို့သည် အမှန်တကယ် သန့်စင်ခံရမှုမရှိခြင်း စသည့် အချက်များရှိသော်လည်း၊ မည်သို့ဆိုစေကာမူ သန့်ရှင်းသူတို့၏ ဘုရားသခင်ကို ယုံကြည်ခြင်းနှင့် သစ္စာစောင့်သိခြင်းတို့သည် မယိမ်းယိုင်ပဲရှိနေခဲ့သည်။ များစွာသော သူတို့သည် သခင့်အတွက် မာတုရများ ဖြစ်လာကြပြီး ၎င်းတို့ အားလုံးသည် သခင့်အတွက် လှပပြီး ထူးကဲသော သက်သေခံချက်ကို ဖန်တီးခဲ့ကြသည်။ ဤအရာများသည် ပညတ်တော်ခေတ်နှင့် ကျေးဇူးတော်ခေတ်များထဲက ဘုရားသခင့် အမှုတော်၏ ရလဒ်များ ဖြစ်ကြသည်။ သခင့်အား ယုံကြည်ခြင်းရှိသောသူတို့သည် မရေတွက်နိုင် လောက်အောင် ရှိသည်ကို ကျွန်ုပ်တို့အားလုံးရှင်းလင်းစွာသိနိုင်ကြပြီး ၎င်းတို့ သန့်စင်ခြင်း မခံခဲ့ရကြသော်လည်း၊ ၎င်းတို့၏ အသက်တာ စိတ်သဘောထား မပြောင်းလဲသော်လည်း၊ ဘုရားသခင်ကို မှန်ကန်သော သိနားလည်မှု ကင်းမဲ့ကြသော်လည်း၊ မည်သို့ဆိုစေကာမူ ၎င်းတို့၏ ယုံကြည်ခြင်းမှာ မှန်ကန်ပါသည်။ ဤလူတို့ကို ဘုရားသခင် မစွန့်ပစ်ဘဲ ယင်းအစား ၎င်းတို့အားလုံး သူ၏ ရှေ့မှောက်သို့ ချီမခြင်းခံရပြီး၊ သန့်စင်ခံရကာ စုံလင်ခံရသော အချိန်ကို စောင့်လျက်ရှိပါသည်။ ဤနည်းအားဖြင့် သခင့် အပေါ် စစ်မှန်သော ယုံကြည်ခြင်း ရှိသောသူနှင့် သမ္မာတရားကို ချစ်မြတ်နိုးသော သူအားလုံးသည် နောက်ဆုံးသောကာလ၌ ဘုရားသခင်အားဖြင့် နှင်းအပ်သော ထာဝရအသက်ကို ရရှိလိမ့်မည်ဖြစ်သည်။ ယခုတွင် သမ္မာကျမ်းစာက အဘယ်ကြောင့် ထာဝရအသက်ကို မပေးအပ်နိုင်သည့် အကြောင်းကိစ္စကို နားလည်ကြပေပြီ၊ ဟုတ်ပါသလော။

နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ မှ

နောက်တစ်ခုသို့- ပြီးခဲ့သည့် အနှစ်နှစ်ထောင်ကြာ လူသား၏ သခင့်အပေါ် ယုံကြည်မှုသည် ကျမ်းစာပေါ် အခြေပြုခဲ့ပြီး၊ သခင်ယေရှု၏ ကြွလာခြင်းက ဓမ္မဟောင်းကျမ်းကို ငြင်းဆိုခြင်း မပြုခဲ့ပါ။ အနန္တတန်ခိုးရှင် ဘုရားသခင်က သူ၏ နောက်ဆုံးသော ကာလ အမှုတော်ကို လုပ်ဆောင်ပြီးသည့်နောက်တွင်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ကို လက်ခံကြသူတိုင်းသည် သူ၏ နှုတ်ကပတ်တော်များ ဖတ်ရှုခြင်းကို အာရုံစိုက်ကြလိမ့်မည်ဖြစ်ပြီး သမ္မာကျမ်းစာကို ဖတ်ခဲကြလိမ့်မည်။ ကျွန်ုပ် ရှာဖွေချင်သည့်အရာမှာ၊ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နောက်ဆုံးသော ကာလ အမှုတော်ကို လက်ခံပြီးသည့်နောက်တွင်၊ လူတစ်ဦး၌ ရှိသင့်သည့် သမ္မာကျမ်းစာကို မှန်ကန်သည့် ချဉ်းကပ်မှု အတိအကျမှာ အဘယ်နည်း၊ ပြီးလျှင် ယင်းကို မည်သို့ အသုံးပြုသင့်သနည်း။ ယုံကြည်ခြင်း လမ်းကြောင်းပေါ် လျှောက်လှမ်းပြီး ဘုရားသခင်၏ ကယ်တင်ခြင်းကို ရရှိဖို့ရန်အလို့ငှာ လူတစ်ဦးသည် ဘုရားသခင်၌ သူ၏ ယုံကြည်ခြင်းကို မည်သည့်အရာအပေါ် အခြေပြုသင့်သနည်း။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

သမ္မာကျမ်းစာသည် ဘုရားသခင်၏အမှုတော်ကို သက်သေခံချက်ဖြစ်၏၊ သခင့်ကို ယုံကြည်သူများသည် ဘုရားသခင်က ကောင်းကင်၊ မြေကြီးနှင့် အရာခပ်သိမ်းတို့ကို ဘုရားသခင် ဖန်ဆင်းခဲ့သည်ကို သတိပြုလာကြပြီး ဘုရားသခင်၏ အံ့ဖွယ် လုပ်ဆောင်ချက်များ၊ သူ၏ ကြီးမြတ်မှုနှင့် အနန္တတန်ခိုရှိခြင်းတို့ကို မြင်နိုင်ကြသည်မှာ သမ္မာကျမ်းစာ ဖတ်ရှုခြင်းမှတဆင့်သာ ဖြစ်သည်။ သမ္မာကျမ်းစာတွင် ဘုရားသခင်၏ နှုတ်ကပတ်တော်များစွာအပြင် လူသား၏ အတွေ့အကြုံ သက်သေခံချက်များလည်း ပါရှိပါသည်၊ ၎င်းတို့က လူတို့၏ အသက်တာများအတွက် အာဟာရအပြင် ကြီးမားသည့် စိတ်ဓာတ်မြှင့်တင်ခြင်းကိုလည်း ပေးနိုင်သည်၊ ထို့ကြောင့် ကျွန်ုပ် ရှာဖွေချင်သည့်အရာမှာ၊ သမ္မာကျမ်းစာကို ဖတ်ခြင်းမှတဆင့် ထာဝရအသက်ကို ကျွန်ုပ်တို့ အမှန်တကယ် ရရှိနိုင်ပါသလား။ သမ္မာကျမ်းစာထဲတွင် ထာဝရအသက်လမ်း မရှိသည်မှာ ဖြစ်နိုင်ပါသလား။

အဖြေ- သမ္မာကျမ်းစာကြောင့်သာ အရာအားလုံး၏ ဖန်ဆင်းရှင်က ဘုရားသခင်ဖြစ်ကြောင်းကို ကျွန်တော်တို့ နားလည်ရပါသည်။ ကိုယ်တော့်၏ အံ့သြဖွယ်ရာ...

ပြီးခဲ့သည့် အနှစ်နှစ်ထောင်ကြာ လူသား၏ သခင့်အပေါ် ယုံကြည်မှုသည် ကျမ်းစာပေါ် အခြေပြုခဲ့ပြီး၊ သခင်ယေရှု၏ ကြွလာခြင်းက ဓမ္မဟောင်းကျမ်းကို ငြင်းဆိုခြင်း မပြုခဲ့ပါ။ အနန္တတန်ခိုးရှင် ဘုရားသခင်က သူ၏ နောက်ဆုံးသော ကာလ အမှုတော်ကို လုပ်ဆောင်ပြီးသည့်နောက်တွင်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ကို လက်ခံကြသူတိုင်းသည် သူ၏ နှုတ်ကပတ်တော်များ ဖတ်ရှုခြင်းကို အာရုံစိုက်ကြလိမ့်မည်ဖြစ်ပြီး သမ္မာကျမ်းစာကို ဖတ်ခဲကြလိမ့်မည်။ ကျွန်ုပ် ရှာဖွေချင်သည့်အရာမှာ၊ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နောက်ဆုံးသော ကာလ အမှုတော်ကို လက်ခံပြီးသည့်နောက်တွင်၊ လူတစ်ဦး၌ ရှိသင့်သည့် သမ္မာကျမ်းစာကို မှန်ကန်သည့် ချဉ်းကပ်မှု အတိအကျမှာ အဘယ်နည်း၊ ပြီးလျှင် ယင်းကို မည်သို့ အသုံးပြုသင့်သနည်း။ ယုံကြည်ခြင်း လမ်းကြောင်းပေါ် လျှောက်လှမ်းပြီး ဘုရားသခင်၏ ကယ်တင်ခြင်းကို ရရှိဖို့ရန်အလို့ငှာ လူတစ်ဦးသည် ဘုရားသခင်၌ သူ၏ ယုံကြည်ခြင်းကို မည်သည့်အရာအပေါ် အခြေပြုသင့်သနည်း။

အဖြေ- သမ္မာကျမ်းစာသည် ဘုရားသခင့်အမှုတော် အဆင့်နှစ်ဆင့်၏ စစ်မှန်သော မှတ်တမ်းတစ်ခုဖြစ်သည်။ တနည်းအားဖြင့်ဆိုရသော်၊ ယင်းသည် ကောင်းကင်၊...

Leave a Reply

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။