သမ္မာကျမ်းစာသည် ခရစ်ယာန်ဘာသာ၏ စံဖြစ်ပြီး ယုံကြည်သူများ၏ သခင့်ကို ယုံကြည်ခြင်းသည် နှစ်နှစ်ထောင်ကြာ သမ္မာကျမ်းစာပေါ် အခြေပြုခဲ့သည်။ ထို့အပြင်၊ ဘာသာရေးလောကထဲက လူအများစုက သမ္မာကျမ်းစာသည် သခင့်ကို ကိုယ်စားပြုသည်၊ သခင့်ကို ယုံကြည်ခြင်းသည် ကျမ်းစာကို ယုံကြည်ခြင်းဖြစ်ပြီး အပြန်အလှန် ဖြစ်ကာ၊ လူတစ်ဦးသည် ကျမ်းစာမှ သွေဖည်လျှင် သူတို့ကို ယုံကြည်သူဟု ခေါ်၍မရနိုင်ဟူ၍ ယုံကြည်ကြသည်။ သခင့်ကို ဤနည်းဖြင့် ယုံကြည်ခြင်းသည် ကိုယ်တော်၏ အလိုတော်နှင့် ကိုက်ညီသည်၊ မကိုက်ညီသည်ကို ကျွန်ုပ် သိချင်ပါသည်။

18.11.2021

အဖြေ-

အများစုက သမ္မာကျမ်းစာက သခင်နှင့် ဘုရားသခင်ကို ကိုယ်စားပြုသည် ဟု ယုံကြည်ကြပြီး၊ သခင့်ကို ယုံကြည်ခြင်းက၊ သမ္မာကျမ်းစာကို ယုံကြည်ခြင်းနှင့် တူညီသည်ဟု ယုံကြည်ကြသည်။ လူများက ဘုရားသခင်ကို သမ္မာကျမ်းစာနှင့် တစ်တန်းတည်း ထားပစ်လိုက်ကြသည်။ သမ္မာကျမ်းစာကို သိမှတ်ဝန်ခံပြီး၊ ဘုရားသခင်ကို မဝန်ခံသည့်သူများပင် ရှိသည်။ သူတို့က သမ္မာကျမ်းစာကို အကြီးမြတ်ဆုံးဟု သတ်မှတ်ကြပြီး၊ ဘုရားသခင်၏ နေရာမှာပင် အစားထိုးလိုက်ကြသည်။ သမ္မာကျမ်းစာကို သိမှတ်ဝန်ခံပြီး၊ ခရစ်တော်ကို မဝန်ခံသည့် ဘာသာရေး ခေါင်းဆောင်များပင် ရှိကြသည်၊ ပြီးလျှင် သခင်၏ ဒုတိယအကြိမ် ပြန်လည်ကြွချီ လာခြင်းကို ဟောပြောသည့်သူများက မိစ္ဆာဒိဌိများသာ ဖြစ်သည်ဟု အခိုင်အမာ ပြောကြသည်။ ဤနေရာတွင် ပြဿနာမှာ အဘယ်နည်း။ ဘာသာရေးလောကက သမ္မာကျမ်းစာကို သိမှတ်ဝန်ခံဖို့ အထိလောက်သာ နစ်မြှပ်နေကြပြီး၊ သခင့်ပြန်အလာကို မယုံကြည်ကြသည်မှာ သိသာထင်ရှားလှသည်၊ သူတို့ကို ကယ်တင်၍ မရနိုင်ပါ။ ဘာသာရေးလောကက ဘုရားသခင်ကို ဆန့်ကျင်ပြီး၊ သူတို့၏ရန်သူဟု သတ်မှတ်ထားသည့် အန္တိခရစ်များ ဖြစ်လာသည်မှာ ထင်ရှားနေပါသည်။ ဘာသာရေးခေါင်းဆောင်အများစုက သူတော် ကောင်းယောင်ဆောင်နေသည့် ဖာရိရှဲများ ဖြစ်ကြောင်းကို ငြင်း၍မရနိုင်ပါ။ အထူးသဖြင့်၊ “သခင့်ပြန်လည်ကြွချီ လာခြင်းကို ဟောပြောတဲ့သူတွေဟာ မိစ္ဆာဒိဌိတွေပဲ” ဟု ပြောသည့်သူများ အားလုံးက အန္တိခရစ်များ၊ နှင့် မယုံကြည်သူများ ဖြစ်ပါသည်။ လူအများစုက သခင့်အပေါ် ယုံကြည်ခြင်း ဆိုသည်မှာ မည်သည့် အရာဖြစ်ကြောင်း အတိအကျ မသိသည့် သဘောမှာ ရှိပါသည်။ သူတို့က ဤမရေရာသည့် ဘုရားသခင် အပေါ် သူတို့၏ ယုံကြည်ခြင်းကို “အများယုံကြည် လက်ခံသည့်အယူဝါဒ ယုံကြည်ခြင်း” ဟု ခေါ်နေကြပြီး၊ ဘုရားသခင်၏ နေရာမှာ သမ္မာကျမ်းစာကို အစားထိုး၍ပင် ယုံကြည်ကြသည်။ နောက်ဆုံးသော ကာလ၏ ခရစ်တော် လူ့ဇာတိခံယူခြင်းကိုပင် သူတို့က ငြင်းပယ်ပြီး ရှုတ်ချကြသည်။ ခရစ်တော်၏ဖော်ပြသည့် မည်သည့် သမ္မာတရားများကို မဆို ဥပေက္ခာပြုကြ၊ ငြင်းဆန်ကြသည်။ ဤနေရာတွင် ပြဿနာမှာ အဘယ်နည်း။ ယင်းမှာ အတော် နက်နဲသည့် မေးခွန်းတစ်ခု ဖြစ်သည်။ ယခင်က သခင်ယေရှု သူ့အမှုတော်များ ပြုခဲ့သည့်အချိန်တွင်၊ ဂျုးလူမျိုးများက ထိုကဲ့သို့နည်းအတိုင်းပင် ပြုမူခဲ့ကြသည်။ ခရစ်တော် သူ့၏အမှုတော်များကို လုပ်ဆောင်ဖို့ ပေါ်ထွန်းမလာခင်တုန်းက၊ လူများအားလုံးက သူတို့၏ ဘုရားသခင်အပေါ် ယုံကြည်ခြင်းကို သမ္မာကျမ်းစာအပေါ်မှာသာ လုံးဝအခြေခံထားကြသည်။ မည်သူ့ယုံကြည်ခြင်းက စစ်မှန်ပြီး၊ မည်သူ့ ယုံကြည်ခြင်းက မှားသည်၊ ပြီးလျှင် မည်သူက ဘုရားသခင်ကို အစစ်အမှန်နာခံနေပြီး၊ မည်သူက ကိုယ်တော်ကို ဆန့်ကျင်နေသည်ကို မည်သူကမှ မပြောနိုင်ကြပါ။ သခင်ယေရှုခရစ် လူ့ဇာတိခံယူပြီး၊ သူ့အမှုတော်များ ဆောင်ရွက်စဉ်က၊ လူအမျိုးမျိုးကို အဘယ့်ကြောင့် ဖော်ပြခဲ့သနည်း။ ဤသည်မှာ ဘုရားသခင်၏ အနန္တတန်ခိုး နှင့် ဉာဏ်ပညာ တို့ရှိပါသည်။ နောက်ဆုံးသောကာလ၏ ခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင် ပေါ်ထွန်းလာပြီး၊ သူ၏အမှုတော်များကို ဆောင်ရွက်သည့်အခါ၊ ပညာရှိ သတို့သမီးများက သူ့အသံတော်ကို ကြားပြီး၊ ဘုရားသခင်၏ ခြေရာအတိုင်း တစ်သွေမတိမ်း လိုက်ကြသည်။ ထို့ကြောင့် သူတို့က ဘုရားသခင်၏ ပလ္လင်တော်ရှေ့ကို သဘာဝအလျောက် ဆောင်ယူသွားခြင်း ခံရသည့်သူများဖြစ်လာ ကြသည်။ မိုက်မဲသည့် သတို့သမီးများကမူ၊ သူတို့က သမ္မာတရားကိုသာ အခိုင်အမာ လက်ခံပြီး၊ နောက်ဆုံးသောကာလ၏ ခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်က စစ်မှန်သောဘုရားသခင် ဖြစ်ကြောင်းကို သတိမပြုနိုင်သည့်အတွက်၊ သူတို့က ထုတ်ဖော်ခံရပြီး၊ နှင်ထုတ်ခြင်းခံကြရသည်။ ယခုအခါတွင် သူတို့ပြောသည့် ယုံကြည်ခြင်းဟု ခေါ်သည့် အရာကို မြဲမြဲဆုပ်ကိုင်၊ တွယ်ကပ်ထားကြ သော်လည်း၊ ကပ် ဘေးကြီးများရောက်လာသည့်အခါ၊ ငိုကြွေး ပူဆွေးပြီး၊ အံကြိတ်ခြင်းနှင့် အဆုံးသတ်ရလိမ့်မည်။ သမ္မာကျမ်းစာကို တွယ်ကပ်ပြီး၊ သမ္မာတရားကို လက်မခံနိုင်သည့်သူများ၊ ကောင်းကင်ဘုံက ဘုရားသခင်ကို ယုံကြည်ပြီး လူ့ဇာတိခံယူသည့် ခရစ်တော်ကို လက်မခံသည့်သူများ အားလုံးက၊ မယုံကြည်သူများ ဖြစ်ပြီး၊ ဘုရားသခင်၏ ပယ်ရှင်းခြင်းခံရမဲ့သူများသာဖြစ်သည်ကို ဤအရာမှနေပြီး ကျွန်မတို့ မြင်တွေ့နိုင်ပါသည်။ ဤသည်မှာ အမှန်တရား ဖြစ်သည်။ အနန္တတန်ခိုးရှင် ဘုရားသခင် က ဤအကြောင်းအရာနှင့် ပတ်သက်ပြီး မည်သည့်အရာ ပြောသည်ကို ကြည့်လိုက်ရအောင်။

အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “သမ္မာကျမ်းစာ ရှိသည့် အချိန်မှ စ၍၊ သခင့်အပေါ် လူတို့၏ ယုံကြည်မှုသည် သမ္မာကျမ်းစာအား ယုံကြည်မှုပင် ဖြစ်ခဲ့သည်။ လူများသည် သခင်ကို ယုံကြည်ကြသည်ဟု ပြောမည့်အစား၊ သူတို့သည် သမ္မာကျမ်းစာကို ယုံကြည်ကြသည်ဟု ပြောလျှင် ပိုကောင်းသည်။ သူတို့သည် သမ္မာကျမ်းစာကို စတင် ဖတ်ရှုနေကြပြီဟု ပြောမည့်အစား၊ သူတို့သည် သမ္မာကျမ်းစာကို စတင်ယုံကြည်နေကြပြီဟု ပြောလျှင် ပိုကောင်း မည်ဖြစ်ပြီး၊ သူတို့သည် သခင့်ရှေ့မှောက် ပြန်လာခဲ့ကြပြီဟု ပြောမည့်အစား သူတို့သည် သမ္မာကျမ်းစာရှေ့မှောက် ပြန်လာခဲ့ကြပြီဟု ပြောလျှင် ပိုကောင်းလိမ့်မည်။ ဤနည်းဖြင့်၊ လူတို့သည် သမ္မာကျမ်းစာကို ဘုရားသခင်သဖွယ်၊ ၎င်းသည် သူတို့၏ အသက်သွေးကြောသဖွယ် ကိုးကွယ်ကြပြီး၊ သမ္မာကျမ်းစာကို ဆုံးရှုံးခြင်းသည် သူတို့၏ အသက်ကို ဆုံးရှုံးရခြင်းနှင့် တူညီလေသည်။ လူများသည် သမ္မာကျမ်းစာကို ဘုရားသခင်ကဲ့သို့ပင် မြင့်မြတ်သည်ဟု မြင်ပြီး၊ ဘုရားသခင်ထက်ကိုပင် ပိုမြင့်မြတ်သည် ဟု မြင်သူများပင် ရှိကြသည်။ လူများသည် သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်မှုမပါဘဲ၊ သူတို့သည် ဘုရားသခင်ကို မခံစားနိုင်ကြဘဲ၊ ဆက်ပြီး အသက်ရှင် နေထိုင်နိုင်ကြသည်— သို့သော် သူတို့သည် သမ္မာကျမ်းစာ ပျောက်သွားပါက၊ သို့မဟုတ် သမ္မာကျမ်းစာထဲမှ နာမည်ကြီး အခန်းကြီးများနှင့်၊ ပြောဆိုချက်များ ပျောက်သွားပါက၊ သူတို့၏ အသက်များကို ဆုံးရှုံးသွားသည့်အလား ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သမ္မာကျမ်းစာနှင့် ပတ်သက်၍ (၁))

၎င်းတို့သည် သမ္မာကျမ်းစာ၏ အတိုင်းအတာအတွင်း၌သာ ငါ၏တည်ရှိမှုကို ယုံကြည်ကြပြီး ငါ့ကို သမ္မာကျမ်းစာနှင့် တန်းတူထား၏၊ သမ္မာကျမ်းစာမရှိဘဲ ငါသည်မရှိ၊ ငါမရှိဘဲ သမ္မာကျမ်းစာမရှိ။ ၎င်းတို့သည် ငါ၏တည်ရှိခြင်း သို့မဟုတ် ငါ၏လုပ်ဆောင်ချက်များကို လုံးဝဂရုမစိုက်ကြဘဲ၊ ၎င်းအစား သမ္မာကျမ်းစာ၏စကားလုံးတိုင်းကို အလွန်အကျွံ အထူးဂရုပြုကြ၏။ ထို့အပြင် သမ္မာကျမ်းစာမှ ကြိုတင်ဟောကြားခြင်း မရှိပါက ငါလုပ်ဆောင်လိုသည့် မည်သည့်အရာကိုမျှ မလုပ်သင့်ဟု သာ၍များပြားသောသူတို့က ယုံကြည်ကြသည်။ ၎င်းတို့သည် သမ္မာကျမ်းစာကို အလွန်အကျွံ အရေးပေးကြ၏။ ၎င်းတို့သည် ငါပြောသည့် နှုတ်ကပတ်တော်တိုင်းကို အကဲဖြတ်ရန်နှင့် ငါ့ကို ပြစ်တင်ရှုတ်ချရန် သမ္မာကျမ်းစာမှ ကျမ်းပိုဒ်များကို အသုံးပြုသည်အထိ ကျမ်းစာထဲရှိ စကားလုံးများနှင့် ဖော်ပြချက်များကို အရေးကြီးလွန်းသည်ဟု မြင်ကြသည်ဟု ဆိုနိုင်၏။ ၎င်းတို့ရှာဖွေသည်မှာ ငါနှင့်သဟဇာတဖြစ်ရန် လမ်းမဟုတ်၊ သမ္မာတရားနှင့် သဟဇာတဖြစ်ရန် လမ်းလည်း မဟုတ်ဘဲ သမ္မာကျမ်းစာရှိစကားလုံးများနှင့် သဟဇာတဖြစ်ရန် လမ်းသာဖြစ်၍၊ သမ္မာကျမ်းစာနှင့် ကိုက်ညီခြင်းမရှိသည့် မည်သည့်အရာမဆိုသည် ခြွင်းချက်မရှိ ငါ၏အမှုမဟုတ်ဟု ၎င်းတို့ ယုံကြည်သည်။ ထိုကဲ့သို့သောလူတို့သည် ဖာရိရှဲများ၏ တာဝန်ကျေသော သားစဉ်မြေးဆက်များ မဟုတ်ပေဘူးလော။ ယုဒ ဖာရိရှဲတို့သည် ယေရှုကို ပြစ်တင်ရှုတ်ချရန် မောရှေ၏ပညတ်ကို အသုံးပြုခဲ့ကြ၏။ ၎င်းတို့သည် ထိုကာလကယေရှုနှင့် သဟဇာတဖြစ်ရန် ကြိုးပမ်းခြင်း မပြုခဲ့ကြသော်လည်း၊ အပြစ်မဲ့သောယေရှုကို ဓမ္မဟောင်းကျမ်း၏ ပညတ်တော်ကို မလိုက်နာခြင်း၊ မေရှိယ မဟုတ်ခြင်းတို့ဖြင့် တရားစွဲဆိုပြီးနောက်၊ အဆုံးတွင် ကားစင်တင်သည့်အထိ ပညတ်တရားကို ဝီရိယရှိစွာ အတိအကျလိုက်နာခဲ့၏။ ၎င်းတို့၏ပင်ကိုသဘာဝကား အဘယ်နည်း။ ယင်းမှာ ၎င်းတို့သည် သမ္မာတရားနှင့် သဟဇာတဖြစ်သည့်လမ်းကို မရှာဖွေခဲ့ခြင်း မဟုတ်သလော။ ၎င်းတို့သည် သမ္မာကျမ်းစာ၏စကားလုံး တစ်လုံးချင်းစီအပေါ် စွဲလမ်းခဲ့ကြသော်လည်း ငါ၏အလိုဆန္ဒသော်လည်းကောင်း ငါ့အမှု၏အဆင့်များနှင့် နည်းလမ်းများကိုသော်လည်းကောင်း လုံးဝဂရုပြုခြင်း မရှိပေ။ ၎င်းတို့သည် သမ္မာတရားကို ရှာဖွေခဲ့ကြသူများ မဟုတ်ဘဲ စကားလုံးများကို တင်းတင်းကျပ်ကျပ် ဖက်တွယ်ခဲ့ကြသူများဖြစ်ခဲ့၏။ ၎င်းတို့သည် ဘုရားသခင်ကို ယုံကြည်ခဲ့ကြသူများ မဟုတ်ဘဲ သမ္မာကျမ်းစာကို ယုံကြည်ခဲ့ကြသူများ ဖြစ်၏။ အဓိကအားဖြင့် ၎င်းတို့သည် ကျမ်းစာကို စောင့်ကြပ်သူများ ဖြစ်ခဲ့ကြ၏။ သမ္မာကျမ်းစာ၏အကျိုးစီးပွားတို့ကို ကာကွယ်ရန်၊ သမ္မာကျမ်းစာ၏ဂုဏ်ကို ထိန်းသိမ်းထားရန်နှင့် သမ္မာကျမ်းစာ၏ ဂုဏ်သတင်းကို ကာကွယ်ရန်၊ ၎င်းတို့သည် ကရုဏာရှင်ယေရှုကို ကားစင်တင်သည်အထိ ပြုခဲ့ကြ၏။ ၎င်းတို့သည် သမ္မာကျမ်းစာကို ကာကွယ်ရုံအတွက်နှင့် လူတို့၏နှလုံးသားတွင် သမ္မာကျမ်းစာ၏ စကားလုံးတိုင်း၏ အနေအထားကို ထိန်းသိမ်းထားရန်အတွက်သာ ဤသို့ပြုခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် ၎င်းတို့သည် သမ္မာကျမ်းစာ၏ အယူဝါဒနှင့် ကိုက်ညီခြင်းမရှိခဲ့သော ယေရှုအား သေဒဏ်ချမှတ်ရေးအတွက် ၎င်းတို့၏အနာဂတ်နှင့် အပြစ် ဖြေရာယဇ်တို့ကို စွန့်ပယ်ရန် ပိုမိုလိုလားခဲ့ကြ၏။ ထိုသူတို့သည် သမ္မာကျမ်းစာ၏ စကားလုံးတိုင်း၏ လက်ပါးစေများ ဖြစ်ခဲ့သည် မဟုတ်လော။

ယနေ့လူတို့ရော မည်သို့ရှိသနည်း။ ခရစ်တော်သည် သမ္မာတရားကို ထုတ်ပြန်ရန် ကြွလာခဲ့သော်လည်း ၎င်းတို့သည် ကောင်းကင်ဘုံသို့ ဝင်ရောက်နိုင်ရန်နှင့် ကျေးဇူးတော် လက်ခံရရှိရန်အတွက် သူ့အား ဤလောကမှ နှင်ထုတ်ရန်ကို သာ၍လိုလားခဲ့ကြ၏။ သမ္မာကျမ်းစာ၏ အကျိုးစီးပွားတို့ကို ကာကွယ်ရန် ၎င်းတို့သည် သမ္မာတရားကြွလာခြင်းကို လုံးဝငြင်းဆိုရန်ကို သာ၍လိုလားခဲ့ကြကာ၊ သမ္မာကျမ်းစာ ထာဝရတည်ရှိအောင် ပြုလုပ်ရန်အတွက် လူ့ဇာတိခံ၍ တစ်ဖန်ပြန်ကြွလာသော ခရစ်တော်ကို တစ်ဖန်ကားစင်တင်ရန်ကို သာ၍လိုလားခဲ့ကြ၏။ လူသား၏နှလုံးသားတွင် မလိုမုန်းထားမှုများ များလွန်းပြီး၊ သူ၏သဘာဝသည် ငါ့ကိုဆန့်ကျင်လွန်းသောအခါ၊ သူသည် ငါ၏ကယ်တင်ခြင်းကို မည်သို့လက်ခံရရှိနိုင်မည်နည်း။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သင်သည် ခရစ်တော်နှင့် သဟဇာတဖြစ်ရာလမ်းကို ရှာဖွေသင့်သည်)

သခင့်ကိုယုံကြည်ခြင်း ဆိုသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ သမ္မာကျမ်းစာကို ယုံကြည်ခြင်းသည် မည်သည့်အရာကို ဆိုလိုသနည်း။ သခင်နှင့် သမ္မာကျမ်းစာနှင့် ကြားမှ ဆက်နွယ်မှုမှာ မည်သည့်အရာ ဖြစ်သနည်း။ မည်သည့်အရာ အရင်လာသနည်း၊ သမ္မာကျမ်းစာလား၊ သခင်လား။ သို့ပါက ကယ်တင်ခြင်းအမှုကို မည်သူကဆောင်ရွက်သနည်း။ သမ္မာကျမ်းစာက သခင့်၏အမှုတော်ကို လုပ်ဆောင်နိုင်ပါသလား။ သမ္မာကျမ်းစာက သခင့်ကိုကိုယ်စားပြု နိုင်ပါသလား။ သမ္မာကျမ်းစာကို လူများက မျက်စိမှိတ်ယုံနေကြပါက၊ ဤသည်မှာ ကျွန်မတို့က ဘုရားသခင်ကို ယုံကြည်ပြီး ကိုးကွယ်သည်ဟု ဆိုလိုပါသလား။ သမ္မာကျမ်းစာကို စွဲကိုင်ထားခြင်းက ဘုရားသခင်၏ နှုတ်ကပတ်တော်ကို လက်တွေ့လုပ်ဆောင်ခြင်းနှင့် တွေ့ကြုံခံစားခြင်း တို့ဖြင့် အဖိုးတူညီပါသလား။ သမ္မာကျမ်းစာကို စွဲကိုင်ထားခြင်းက သခင့်လမ်းကိုလိုက်ခြင်း ဖြစ်သည်ဟု ဆိုလိုနိုင်ပါသလား။ ထို့ကြောင့်၊ ကျွန်မတို့က သမ္မာကျမ်းစာကို အရာအားလုံးထက်ပိုပြီး ရှေးရှုပါက၊ သခင့်ကို ကြီးမြတ်ခြင်းအဖြစ် ကိုးကွယ်နေသည်ဟု ဆိုလိုပါသလား၊ သူတို့က သခင်ကိုချစ်ကြောက် ရိုသေပြီး၊ နာခံသည်ဟု ဆိုလိုပါသလား။ ဤပြဿနာများ၏ သမ္မာတရားကို မည်သူမျှ မမြင်ကြပါ။ နှစ်ပေါင်းများစွာ လူများသည် သမ္မာကျမ်းစာကို မျက်စိစုံမှိတ်ပြီး ကိုးကွယ်ကာ၊ သမ္မာကျမ်းစာကို သခင်နှင့် တစ်တန်းတည်းထား ရှိကြပါသည်။ အချို့က သခင်နှင့် သူ့အမှုတော်များ၏ နေရာမှာ အစားထိုးဖို့ပင် သမ္မာကျမ်းစာကို အသုံးပြုကြသည်၊ သို့သော်လည်း မည်သူမျှ သခင့်ကိုအမှန်မသိကြ၊ မနာခံကြပါ။ ဖာရိရှဲများက သမ္မာကျမ်းစာကို စွဲကိုင်ထားကြသောကြောင့် သခင်ယေရှုကို ကားတိုင်တင်ခဲ့ကြသည်။ ပြဿနာမှာ မည်သည့်အရာ ဖြစ်ခဲ့သနည်း။ သမ္မာကျမ်းစာကို နားလည်ခြင်းက ဘုရားသခင်ကို သိကျွမ်းခြင်းဟု ဆိုလိုပါသလား။ သမ္မာကျမ်းစာကို စွဲကိုင်ခြင်းက သခင့်လမ်းကို လိုက်နေခြင်းဟု ဆိုလိုပါသလား။ ဖာရိရှဲများက သမ္မာကျမ်းစာ အနက်ဖွင့်ခြင်းကို ကျွမ်းကျင်သည့်သူများ ဖြစ်ပါသည်၊ သို့သော်လည်း သူတို့က ဘုရားသခင်ကို မသိကျွမ်းကြပါ။ ထိုအစား ကယ်တင်ခြင်းအမှုကို လုပ်ဆောင်ပြီး၊ သမ္မာတရားကို ဖော်ပြသည့် သခင်ယေရှုကို ကားတိုင်တွင် သံမှိုစွဲကြသည်။ ဤသည်မှာ အမှန်တရား မဟုတ်ပါသလား။ ဘုရားသခင်ကို အမှန်တကယ် သိကျွမ်းခြင်းက မည်သည့်အရာကို အတိအကျ ဆိုလိုသနည်း။ သမ္မာကျမ်းစာကို အနက်ဖွင့်နိုင်ခြင်း၊ သမ္မာကျမ်းစာ ဗဟုသုတများကို နားလည်ခြင်း တို့က ဘုရားသခင်ကို သိကျွမ်းခြင်းအဖြစ် အရည်အချင်း ပြည့်မီပါသလား။ ယင်းမှာ အမှန်တရား ဖြစ်ပါက၊ ဖာရိရှဲများက သမ္မာကျမ်းစာကို အနက်ဖွင့်ခဲ့သည့်အချိန်တွင်၊ သခင်ယေရှုကို အဘယ့်ကြောင့် ပြစ်တင်ရှုတ်ချပြီး ဆန့်ကျင်ကြသနည်း။ လူတစ်ဦးက ဘုရားသခင်ကို အမှန်တကယ် သိကျွမ်းပြီး နာခံနိုင်ခြင်း ရှိမရှိနှင့် ပတ်သက်သည့် အဓိကသော့ချက်မှာ လူ့ဇာတိခံ ခရစ်တော်ကို သိပြီးနာခံခြင်း ရှိမရှိ ဖြစ်ပါသည်။ လူ့ဇာတိခံ ဘုရားသခင်က လူသားအားလုံးကို ထုတ်ဖော်ခဲ့ပါသည်၊ ဤသည်မှာ လူအများစု သတိမထားမိလိုက်ကြသည့် အရာ ဖြစ်သည်။ ဖာရိရှဲများကို သခင်ယေရှု ကျိန်ဆဲခြင်းက ဘုရားသခင်က လူသားအားလုံးကို ဖြောင့်မတ်ခြင်းနှင့် ဆက်ဆံကြောင်း သက်သေပင် ဖြစ်သည်။ လူတစ်ယောက်က သခင့်ကို မနာခံ၊ မကိုးကွယ်ဘဲ၊ သမ္မာကျမ်းစာကိုသာ မျက်စိမှိတ်ယုံကြည်ပြီး ကိုးကွယ်နေပါက၊ ဘုရားသခင်၏ ထောက်ခံမှုကို ရရှိမည် မဟုတ်သည်မှာ ရှင်းလင်းပါသည်။ လူတစ်ယောက်၏ ယုံကြည်ခြင်းက သမ္မာကျမ်းစာတစ်ခုတည်းကိုသာ လိုက်နာပြီး၊ သခင့်အတွက် သူတို့နှလုံးသားထဲမှာ နေရာမရှိပါက၊ သခင့်ကို ကြီးမြတ်သူကဲ့သို့ မကိုးကွယ်နိုင်ဘဲ၊ ကိုယ်တော့်နှုတ်ကပတ်တော်များကို လက်တွေ့ မလုပ်ဆောင်နိုင်ပါက။ ဘုရားသခင်၏အမှုတော်နှင့် လမ်းညွှန်မှုကို လက်မခံနိုင်ပါက၊ မနာခံနိုင်ပါက၊ ထိုသို့သော လူတစ်ယောက်သည် သူတော်ကောင်းယောင်ဆောင်နေသည့် ဖာရိရှဲသာ မဟုတ်ပါလား။ ထိုကဲ့သို့ လူမျိုးက ဘုရားသခင်ကို ရန်ဘက်ပြုနေသည့်၊ အန္တိခရစ်တစ်ယောက်သာ မဟုတ်ပေလား။ ထို့ကြောင့် ကျွန်မတို့က သမ္မာကျမ်းစာကိုသာ ဖက်တွယ်နေပါက၊ ဤသည်မှာ သမ္မာတရားနှင့် အသက်ကို သေချာပေါက် ရရှိပြီဟု သေချာပေါက် မဆိုလိုပါ။ သမ္မာကျမ်းစာကို မျက်စိမှိတ်ကိုးကွယ်ပြီး၊ လိုက်နာသည်မှာ မှားသည်၊ ထိုသို့လုပ်ခြင်းဖြင့် သခင့်ထောက်ခံမှုကို ဧကန်မုချ မရရှိနိုင်ပါ။ ကျွန်မတို့က အဆုံးသတ်တွင် ဘုရားသခင်ကို နာခံနိုင်ရန်၊ ကိုးကွယ်နိုင်ရန် နှင့် ဘုရားသခင်၏ ရယူခြင်းကို ခံရရန် အလို့ငှာ၊ ဘုရားသခင်က လူသားကို သန့်စင်ဖို့နှင့် ကယ်တင်ဖို့၊ စာတန်၏ စွမ်းအားကနေ ကယ်တင်ဖို့အတွက် လူ့ဇာတိခံယူပြီး၊ သမ္မာတရားကို ဖော်ပြခဲ့သည်။ ဤသည်မှာ လူ့ဇာတိခံဘုရားသခင်က သူ့အမှုတော်များ လုပ်ဆောင်သည့် ရည်ရွယ်ချက်နှင့် အဓိပ္ပါယ် ဖြစ်ပါသည်။ ကျွန်တော်တို့ ယုံကြည်ခြင်း၏ သော့ချက်က သမ္မာတရားကို ရှာဖွေခြင်း၊ သခင့်နှုတ်ကပတ်တော်ကို တွေ့ကြုံခံစားခြင်း နှင့် လက်တွေ့လုပ်ဆောင်ခြင်းတို့ ဖြစ်သည်။ သို့ပါက့၊ ကျွန်တော်တို့ သန့်ရှင်းသောဝိညာဉ်တော်၏ အမှုတော်ကို လက်ခံရရှိပြီး၊ ဘုရားသခင်ကို သိကျွမ်းကြလိမ့်မည်။ သို့မှသာ ဘုရားသခင်ကို ကျွန်မတို့ ချစ်ကြောက်ရိုသေပြီး၊ ကျွန်မတို့ နှလုံးသားတွင် သခင့်ကို ကြီးစွာ အလေးထားလိမ့်မည်။ ထို့အပြင် ကျွန်မတို့ စစ်မှန်သော နာခံခြင်းနှင့် ယုံကြည်ခြင်းရရှိမည်။ ဤသည်မှာကျွန်မတို့ သခင့်ကို ယုံကြည်ခြင်း၏ စစ်မှန်သော အဓိပ္ပါယ်ဖြစ်ပါသည်။ ဤနည်းဖြင့် ယုံကြည်ခြင်းကို လက်တွေ့ လုပ်ဆောင်ခြင်းသည် သာလျှင် ကျွန်မတို့သည် သခင့်ထောက်ခံမှုကို လက်ခံရရှိလိမ့်မည်။ ဤအရာ မှနေပြီး သမ္မာကျမ်းစာကို ယုံကြည်ခြင်း သည် ဘုရားသခင်ကို ယုံကြည်ခြင်းနှင့် တန်ဖိုးမတူညီကြောင်းကို လူတိုင်း ရှင်းလင်းစွာ တွေ့မြင်နိုင်ပါသည်။ ထို့ကြောင့် ဘုရားသခင်နှင့် သမ္မာကျမ်းစာတို့ ကြားမှ ဆက်နွယ်မှုမှာ အဘယ်နည်း။ ဤမေးခွန်းနှင့် ပတ်သက်ပြီး သခင်ယေရှုက အလွန်ရှင်းလင်းစွာ ပြောထားသည်။ ရှင်ယောဟန် ခရစ်ဝင် အခန်းကြီး ၅ အငယ် ၃၉-၄၀ ကို ကြည့်ပါ။ “ကျမ်းစာအားဖြင့် ထာဝရအသက်ကိုရမည်ဟု စိတ်ထင်နှင့် သင်တို့သည် ကျမ်းစာကို စေ့စေ့ကြည့်ရှု ကြ၏။ ထိုကျမ်းစာပင်ငါ၏သက်သေဖြစ်၏။ သင်တို့သည် အသက်ကိုရအောင် ငါ့ထံသို့ လာခြင်းငှါအလိုမရှိကြ။” သမ္မာကျမ်းစာသည် ဘုရားသခင်ကို သက်သေခံခြင်းသာ ဖြစ်ကြောင်း သခင်ယေရှု၏ နှုတ်ကပတ်တော်များမှ အလွန်ရှင်းလင်းနေပါသည်။ သမ္မာကျမ်းစာတွင် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် အမှုတော်တို့နှင့် ပတ်သက်ပြီး နည်းပါးသည့် အကြောင်းအရာသာ ပါဝင်သောကြောင့် သမ္မာကျမ်းစာသည် ဘုရားသခင်ကို ကိုယ်စားမပြုပါ။ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် အမှုတော်တို့နှင့် ပတ်သက်ပြီး ဤနည်းပါးသည့် အကြောင်းအရာသည် ဘုရားသခင်ကို မည်သို့ ကိုယ်စားပြုနိုင်မည်နည်း။ ဘုရားသခင်က ဖန်ဆင်းရှင်ဖြစ်သည်၊ ကိုယ်တော်က အရာအားလုံး၏ သခင်ဖြစ်သည်။ ဘုရားသခင်၏ အသက်တာက အကန့်အသတ်မရှိသည့်အပြင်၊ မကုန်ခမ်းနိုင်ပါ။ ဘုရားသခင်၏ ကြီးမြတ်ခြင်းနှင့် ပေါလျှံကြွယ်ဝခြင်းများကို လူတို့ မည်သည့်အခါမျှ မနားလည်နိုင်ပါ။ သမ္မာကျမ်းစာထဲက တွေ့ရသည့် ထိုနည်းပါးသော ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် အမှုတော်တို့က ဘုရားသခင်၏ ကျယ်ပြန့်သော အသက်ပင်လယ်ထဲက ရေတစ်ပေါက်မျှသာ ရှိပါသည်။ သမ္မာကျမ်းစာက ဘုရားသခင်ကို မည်ကဲ့သို့ ကိုယ်စားပြုနိုင်မည်နည်း။ သမ္မာကျမ်းစာသည် ဘုရားသခင်နှင့် မည်သို့ တန်းတူ ဖြစ်နိုင်မည်နည်း။ ဘုရားသခင်က လူကို ကယ်တင်ရန် အမှုပြုနိုင်သည်၊ သမ္မာကျမ်းစာက လူကို ကယ်တင်ဖို့ အမှုပြုနိုင်ပါသလား။ ဘုရားသခင်က သမ္မာတရားကို ဖော်ပြနိုင်သည်၊ သမ္မာကျမ်းစာက ထိုသို့ ပြုနိုင်သလား။ ဘုရားသခင်သည် လူကို အချိန်မရွေး ဉာဏ်အလင်းပေး၊ အလင်းပြပြီး၊ လမ်းပြနိုင်သည်၊ သမ္မာကျမ်းစာက ထိုသို့ ပြုနိုင်သလား။ မပြုနိုင်ပါ။ ထို့ကြောင့် သမ္မာကျမ်းစာသည် ဘုရားသခင်ကို ကိုယ်စားမပြုနိုင်ပါ။ လူအချို့က သမ္မာကျမ်းစာကို ဘုရားသခင်နှင့် တန်းတူထားပြီး၊ သမ္မာကျမ်းစာက ဘုရားသခင်ကို ကိုယ်စားပြုသည်ဟု ထင်မြင် ကြသည်။ ဤသည်မှာ ဘုရားသခင်ကို သေးငယ်အောင်လုပ်ခြင်း နှင့် ပြစ်မှားစော်ကားခြင်း တို့မဟုတ်ပါလား။ ကျွန်မတို့က သမ္မာကျမ်းစာကို ဘုရားသခင်၏ အမှုနေရာတွင် အသုံးပြုပါက၊ ဤသည်မှာ ဘုရားသခင်ကို ငြင်းပယ်ခြင်း နှင့် သစ္စာဖောက်ခြင်း မဟုတ်ပါလား။ ဘုရားသခင်သည် ဘုရားသခင် ဖြစ်သည်၊ သမ္မာကျမ်းစာသည် သမ္မာကျမ်းစာ ဖြစ်သည်။ သမ္မာကျမ်းစာသည် ဘုရားသခင်ကို ကိုယ်စားမပြုနိုင်သကဲ့သို့၊ ဘုရားသခင်၏ အမှုနေရာတွင်လည်း မရပ်တည်နိုင်ပါ။ သမ္မာကျမ်းစာသည် ဘုရားသခင်၏ အမှုတော်နှင့် ပတ်သက်သည့် မှတ်တမ်းတစ်ခု ဖြစ်သည်။ သမ္မာကျမ်းစာထဲမှ ဘုရားသခင်၏ နှုတ်ကပတ်တော်များက သမ္မာတရားဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင်၏ အသက်တာစိတ်သဘောထားနှင့် ပတ်သက်ပြီး ထင်ရှားပြခြင်း တစ်ခုဖြစ်သည်၊ ပြီးလျှင် ဘုရားသခင်၏ အလိုတော်ကို ပြနိုင်သည်။ သို့သော်လည်း ဘုရားသခင်၏ အဆင့်တစ်ခုချင်းစီသည် ထိုအဆင့်အတွင်းရှိ လူသားမျိုးနွယ်အတွက် ဘုရားသခင်၏ သတ်မှတ်ချက်များနှင့် အလိုတော်တို့ကိုသာ ကိုယ်စားပြုသည်။ ၎င်းတို့က အခြားအဆင့်များမှ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် အမှုတော်တို့ကို ကိုယ်စားမပြုပါ။ ဤအရာနှင့် ပတ်သက်ပြီး ကျွန်မတို့ ယခု ရှင်းလင်းပါပြီလား။

သမ္မာကျမ်းစာ၏ အတွင်းကျကျ အကြောင်းအရာများနှင့် ပတ်သက်ပြီး၊ ကျွန်မတို့ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ ကျမ်းပိုဒ်အချို့ကို ဖတ်နိုင်ပါသည်။ “သမ္မာကျမ်းစာသည် ဘုရားသခင်၏ အမှုနှင့်ဆိုင်သည့် သမိုင်းဆိုင်ရာမှတ်တမ်းတစ်ခု သက်သက်ဖြစ်ပြီး၊ ဘုရားသခင်၏ ယခင်အမှုအဆင့်နှစ်ဆင့်ဆိုင်ရာ သက်သေဖြစ်ကာ၊ ယင်းသည် ဘုရားသခင်၏အမှု၏ ရည်မှန်းချက်များနှင့်ဆိုင်သည့် သိနားလည်မှုကို သင့်ကို လုံး၀ မပေးကြောင်း သမ္မာကျမ်းစာ၏ အရှိတရားကို မည်သူမျှ မသိရှိချေ။ သမ္မာကျမ်းစာကို ဖတ်ရှုဖူးသူတိုင်းက ၎င်းသည် ပညတ်တော်ခေတ်နှင့် ကျေးဇူးတော်ခေတ် အတောအတွင်း ဘုရားသခင်၏အမှု အဆင့်နှစ်ဆင့်ကို မှတ်တမ်းတင်ထားခြင်း ဖြစ်ကြောင်း သိကြသည်။ ဓမ္မဟောင်းကျမ်းသည် ဣသရေလနိုင်ငံ၏ သမိုင်းနှင့် ဖန်ဆင်းခြင်းအချိန်မှစပြီး ပညတ်တော်ခေတ် ပြီးဆုံးသည်အထိ ယေဟောဝါ၏ လုပ်ဆောင်မှုကို မှတ်တမ်းတင်ထားသည်။ ဓမ္မသစ်ကျမ်းသည် ခရစ်ဝင်ကျမ်း လေးကျမ်းတွင်ပါရှိသည့် ကမ္ဘာမြေပေါ်တွင် ယေရှု၏ အလုပ်နှင့် ပေါလု၏ အလုပ်တို့ကို ဖော်ပြထားသည်- ဤအရာတို့သည် သမိုင်းဆိုင်ရာ မှတ်တမ်းများ မဟုတ်ပေလော။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သမ္မာကျမ်းစာနှင့် ပတ်သက်၍ (၄))

ထိုအချိန် မတိုင်မီက အစ္စရေးလူမျိုးများသည် ဓမ္မဟောင်းကျမ်းကိုသာ ဖတ်ရှုခဲ့ကြသည်။ ယင်းမှာ ကျေးဇူးတော်ခေတ်၏ အစပိုင်းမှ လူများသည် ဓမ္မဟောင်းကျမ်းကို ဖတ်ရှုခဲ့ကြသည်ဟု ဆိုရပေမည်။ ဓမ္မသစ်ကျမ်းသည် ကျေးဇူးတော် ခေတ်အတွင်းတွင်သာ ပေါ်ပေါက်လာခဲ့သည်။ ယေရှု အလုပ်လုပ်ခဲ့သည့် အချိန်က ဓမ္မသစ်ကျမ်း မရှိခဲ့ပေ။ ယေရှု ရှင်ပြန်ထမြောက်ပြီးနောက် ကောင်းကင်သို့ ပျံတက်သွားပြီးနောက်တွင် လူတို့သည် ယေရှု၏ အမှုကို မှတ်တမ်းတင်ခဲ့ကြသည်။ ထိုအချိန်ကျမှသာ ခရစ်ဝင်ကျမ်း လေးကျမ်း၊...လူတို့ မှတ်တမ်းတင်ခဲ့ကြသော အရာများသည် သူတို့၏ ပညာရေး အဆင့်အတန်းနှင့် လူ့အစွမ်းအစအပေါ်၌မူတည်သောအရာများ ဖြစ်သည်ဟု ပြောနိုင်ပါသည်။ သူတို့ မှတ်တမ်းတင်ခဲ့ကြသော အရာများသည် လူတို့၏ အတွေ့အကြုံများဖြစ်ပြီး တစ်ဦးချင်းဆီ၌ ကိုယ်ပိုင်မှတ်တမ်းတင်နည်းများနှင့်၊ သိနိုင်သည့် နည်းလမ်းများ ရှိသောကြောင့် ၎င်းတို့၏ မှတ်တမ်းများသည် တစ်ခုနှင့်တစ်ခု မတူကြပေ။ သို့ဖြစ်၍ သင်က သမ္မာကျမ်းစာကို ဘုရားသခင်အဖြစ် ကိုးကွယ်နေလျှင် သင်သည် အလွန်အမင်း ပညာမဲ့သူ၊ မိုက်မဲသူဖြစ်သည်။ ဘုရားသခင် ယနေ့ လုပ်ဆောင်သည့် အမှုကို သင်အဘယ်ကြောင့် မရှာဖွေသနည်း။ ဘုရားသခင်၏ အမှုကသာလျှင် လူကို ကယ်တင်နိုင်သည်။ သမ္မာကျမ်းစာသည် လူကို မကယ်တင်နိုင်ပါ။ လူတို့သည် ယင်းကို နှစ်ပေါင်းထောင်နှင့်ချီပြီး ဖတ်ရှုနိုင်ခဲ့ကြသော်လည်း ယင်းတို့အထဲတွင် အပြောင်းအလဲ စိုးစဉ်းမျှရှိခဲ့မည် မဟုတ်ခဲ့ချေ။ သင်က သမ္မာကျမ်းစာကို ကိုးကွယ်နေလျှင် သန့်ရှင်းသောဝိညာဉ်၏ လုပ်ဆောင်ချက်ကို ဘယ်တော့မှ ရမည် မဟုတ်ပါ။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သမ္မာကျမ်းစာနှင့် ပတ်သက်၍ (၃))

သမ္မာကျမ်းစာအား လူတို့၏ ချဉ်းကပ်ကြပုံမှာ စွဲလမ်းမှုနှင့် ယုံကြည်မှုသာရှိပြီး၊ သမ္မာကျမ်းစာ၏ အတွင်းဇာတ်လမ်း သို့မဟုတ် အနှစ်သာရနှင့် ပတ်သက်လာလျှင် မည်သူမျှ လုံးဝ ရှင်းလင်းစွာ မသိနိုင်ပါ။ ထို့ကြောင့်၊ သမ္မာကျမ်းစာနှင့် ပတ်သက်လာလျှင် ယနေ့ လူများသည် ဖော်ပြမရနိုင်အောင် အံ့သြရသည့် ခံစားချက်ရှိနေဆဲဖြစ်ပြီး သူတို့သည် သမ္မာကျမ်းစာကို ပို၍ပင် စွဲလမ်းနေကြပြီး ယုံကြည်နေကြသည်။ ယနေ့တွင်၊ လူတိုင်းက နောက်ဆုံးသောကာလ အမှုတော်၏ ပရောဖက်ပြုချက်များကို သမ္မာကျမ်းစာထဲမှာ ရှာတွေ့လိုနေကြပြီး၊ ဘုရားသခင်သည် နောက်ဆုံးသောကာလအတွင်းတွင် မည်သည့်အမှုကို လုပ်ဆောင်သည်၊ ထို့အပြင် နောက်ဆုံးသော ကာလအတွက် မည်သည့် နိမိတ်လက္ခဏာများ ရှိကြသည် ဆိုသည်ကို ၎င်းတို့က သိလိုကြသည်။ ဤနည်းဖြင့်၊ သမ္မာကျမ်းစာကို သူတို့ကိုးကွယ်မှုသည် သာ၍ပင် ထက်သန်လာနေပြီး နောက်ဆုံးသောကာလသို့ ပို၍ နီးကပ်လာလေလေ သူတို့သည် သမ္မာကျမ်းစာထဲမှ ပရောဖက်ပြုချက်များကို၊ အထူးသဖြင့် နောက်ဆုံးသောကာလနှင့် ပတ်သက်သည့်အရာများကို အကျိုးအကြောင်းမဲ့စွာ ပို၍ လက်ခံယုံကြည်လာလေလေ ဖြစ်သည်။ သမ္မာကျမ်းစာကို ထိုကဲ့သို့ မျက်ကန်းယုံကြည်မှုဖြင့်၊ သမ္မာကျမ်းစာကို ထိုကဲ့သို့ အားကိုးခြင်းဖြင့်၊ သူတို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက်ကို မရှာဖွေလိုတော့ပေ။ လူတို့၏ အယူအဆများထဲတွင်၊ သမ္မာကျမ်းစာကသာလျှင် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ် ယူဆောင်ပေးနိုင်သည်ဟု သူတို့ ယုံကြည်ကြသည်၊ ဘုရားသခင်၏ ခြေလှမ်းများကို သမ္မာကျမ်းစာထဲတွင်သာ သူတို့ တွေ့ရှိနိုင်သည်၊ ဘုရားသခင်၏ အမှု၏ နက်နဲရာများကို သမ္မာကျမ်းစာထဲတွင်သာ ဝှက်ထားသည်၊ မည်သည့်အခြားစာအုပ် သို့မဟုတ် လူများမဟုတ်ဘဲ၊ သမ္မာကျမ်းစာကသာလျှင် ဘုရားသခင်၏ အရာအားလုံးနှင့် ဘုရားသခင် အမှု အလုံးစုံကို ရှင်းလင်းပေးနိုင်သည်၊ သမ္မာကျမ်းစာသည် ကောင်းကင်ဘုံ အမှုကို ကမ္ဘာကြီးထံ ယူဆောင်ပေးနိုင်သည်၊ ထို့အပြင် သမ္မာကျမ်းစာသည် ခေတ်များကို စတင်နိုင်သကဲ့သို့ အဆုံးသတ်နိုင်သည်ဟုလည်း ယုံကြည်ကြသည်။ ဤအယူအဆများကြောင့်၊ လူတို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို ရှာဖွေလိုစိတ် မရှိကြတော့ပေ။ ထို့ကြောင့်၊ အတိတ်ကာလများက လူတို့ကို သမ္မာကျမ်းစာက မည်မျှပင် ကူညီပေးခဲ့ပါစေ၊ ၎င်းသည် ဘုရားသခင်၏ နောက်ဆုံးသောအမှုအတွက် အတားအဆီး တစ်ခု ဖြစ်လာသည်။ သမ္မာကျမ်းစာ မရှိဘဲ၊ လူတို့သည် ဘုရားသခင်၏ ခြေလှမ်းများကို အခြားတစ်နေရာမှာ ရှာနိုင်ကြမည် ဖြစ်သော်လည်း၊ ယနေ့တွင် ဘုရားသခင်၏ ခြေလှမ်းများကို သမ္မာကျမ်းစာက ထိန်းချုပ်ထားပြီး၊ ဘုရားသခင်၏ နောက်ဆုံးသော အမှုကို တိုးချဲ့ခြင်းသည် နှစ်ဆနှစ်ပြန် ခဲယဉ်းလာလျက်၊ လေထန်ရေဆန် ရုန်းကန်ရမှုတစ်ခု ဖြစ်တော့သည်။ အားလုံး ထိုသို့ဖြစ်လာရသည်မှာ၊ သမ္မာကျမ်းစာထဲက နာမည်ကြီးအခန်းများနှင့် မိန့်ကြားချက်များကြောင့် ဖြစ်သလို၊ သမ္မာကျမ်းစာထဲက အမျိုးမျိုးသော ပရောဖက်ပြုချက်များကြောင့်လည်း ဖြစ်သည်။ သမ္မာကျမ်းစာသည် လူများ၏ စိတ်ထဲမှာ ကိုးကွယ်ရာတစ်ခု ဖြစ်လာပြီး၊ ၎င်းသည် သူတို့၏ ဦးနှောက်များထဲ၌ ပဟေဠိတစ်ခု ဖြစ်လာ၍၊ ဘုရားသခင်သည် သမ္မာကျမ်းစာ၏ပြင်ပတွင် အမှုပြုနိုင်သည်ကို ၎င်းတို့ တကယ့်ကို ယုံကြည်လက်ခံနိုင်စွမ်း မရှိကြပေ၊ လူတို့သည် ဘုရားသခင်ကို သမ္မာကျမ်းစာ၏ ပြင်ပတွင် ရှာတွေ့နိုင်ခြင်းကို ယုံကြည်နိုင်စွမ်း မရှိကြသည့်အပြင်၊ နောက်ဆုံးသော အမှုအတွင်းမှာ ဘုရားသခင်သည် သမ္မာကျမ်းစာက သွေဖည်လျက် အသစ်တစ်ဖန် စတင်နိုင်ခြင်းကို ယုံကြည်နိုင်စွမ်း သာ၍ပင် မရှိကြပေ။ လူတို့သည် ဤအရာကို မစဉ်းစားရဲကြပေ။ သူတို့သည် ၎င်းကို မယုံနိုင်ကြသလို၊ ၎င်းကို စိတ်ကူးကြည့်၍ပင် မရနိုင်ကြပေ။ လူတို့အနေနှင့် ဘုရားသခင်၏ အမှုသစ်ကို လက်ခံရေးတွင် သမ္မာကျမ်းစာသည် ဧရာမအဟန့်အတားတစ်ခု ဖြစ်လာကာ ဘုရားသခင်၏ ဤအမှုသစ် တိုးချဲ့ရေးအတွက် အခက်အခဲ ဖြစ်လာသည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သမ္မာကျမ်းစာနှင့် ပတ်သက်၍ (၁))

အမှန်စင်စစ် ပိုကြီးမြတ်သည်က မည်သည့်အရာနည်း- ဘုရားသခင်လော၊ သမ္မာကျမ်းစာလော။ ဘုရားသခင်သည် မည်သည့်အတွက်ကြောင့် သမ္မာကျမ်းစာနှင့်အညီ အမှုပြုရမည်နည်း။ ဘုရားသခင်သည် သမ္မာကျမ်းစာကို ကျော်လွန်ခွင့် မရှိခြင်းကြောင့်များ ဖြစ်နိုင်သလော။ ဘုရားသခင်သည် သမ္မာကျမ်းစာမှ သွေဖည်လျက် အခြားအမှုကို မပြုနိုင်ပေဘူးလော။ ယေရှုနှင့် သူ၏ တပည့်များက ဥပုသ်နေ့ကို မစောင့်ထိန်းခဲ့ကြသည်မှာ အဘယ့်ကြောင့်နည်း။ ယေရှုသည် ဥပုသ်နေ့ကို စောင့်ထိန်းလျက် ဓမ္မဟောင်းကျမ်းလာ ပညတ်များကို လက်တွေ့လုပ်ဆောင်ခဲ့မည် ဆိုပါက၊ သူလာပြီးနောက် ယေရှုသည် ဥပုသ်နေ့ကို မစောင့်ထိန်းခဲ့ဘဲနှင့် ယင်းအစား ခြေကိုဆေးကြောခြင်း၊ ခေါင်းကိုဖုံးအုပ်ခြင်း၊ မုန့်ကိုချိုးဖဲ့ခြင်းနှင့် စပျစ်ရည်ကို သောက်သုံးခြင်း ပြုလုပ်ခဲ့သည်မှာ အဘယ်ကြောင့်နည်း။ ထိုအချက်များ အားလုံးသည် ဓမ္မဟောင်းကျမ်းလာ ပညတ်များ၌ ကင်းမဲ့နေသည် မဟုတ်လော။ ယေရှုက ဓမ္မဟောင်းကျမ်းကို လေးစားခဲ့သည်ဆိုလျှင်၊ သူသည် ထိုအယူဝါဒများကို ချိုးဖောက်ခဲ့သည်မှာ အဘယ်ကြောင့်နည်း။ ဦးစွာလာသည်မှာ ဘုရားသခင်လော၊ သမ္မာကျမ်းစာလော ဆိုသည်ကို သင် သိသင့်သည်။ ဥပုသ်နေ့၏ သခင်ဖြစ်လျက်၊ သူသည် သမ္မာကျမ်းစာ၏ သခင်ပါ မဖြစ်နိုင်လော။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သမ္မာကျမ်းစာနှင့် ပတ်သက်၍ (၁))

သမ္မာကျမ်းစာသည် ဘုရားသခင်ကို ကိုယ်စားပြု၏မပြု၏ နှင့် သမ္မာကျမ်းစာနှင့် ဘုရားသခင်တို့အကြား ဆက်နွယ်မှုမှာ မည်သည့်အရာဖြစ်ကြောင်း တို့နှင့် ပတ်သက်သည့် မေးခွန်းအတွက် သမ္မာတရားကို ရှာဖွေခြင်းနှင့် လေ့လာစူးစမ်းခြင်းတို့သည် အဆုံးစွန် အရေးကြီးလှပါသည်။ ပထမဦးစွာ၊ ဘုရားသခင်က မည်သည့် ဘုရားမျိုး ဖြစ်ကြောင်း ကို ကျွန်မတို့သိရမည်။ ဘုရားသခင်က အရာအားလုံး၏ ဖန်ဆင်းရှင်ဖြစ်ပါသည်၊ အရာအားလုံးကို အုပ်စိုးသူ ဖြစ်ကြောင်း ကျွန်မတို့ အားလုံး သိပြီး ဖြစ်သည် ဘုရားသခင်သည် ဘုရားဖြစ်ပြီး၊ သူသည် တန်ခိုးတော်အနန္တ၊ ပညာဉာဏ်နှင့် ပြည့်စုံတော်မူပါသည်။ ဘုရားသခင်တစ်ပါးတည်းသာ လူများကို ကယ်တင်နိုင်ပြီး၊ လမ်းညွှန်ပေးနိုင်ပါသည်။ ဘုရားသခင် တစ်ပါးတည်းကသာ လူများ၏ ကံကြမ္မာကို အဆုံးအဖြတ်ပေး နိုင်သည်။ ဤအရာကို ကျယ်ကျယ်ပြန့်ပြန့် လက်ခံကြသည်။ သမ္မာကျမ်းစာကို မည်သို့ ရေးသားခဲ့သနည်း။ ဘုရားသခင်က သူ့အမှုတော်များ လုပ်ဆောင် ပြီးသည့်နောက်မှာ၊ သူ အသုံးပြုခဲ့သည့် လူများက သူတို့၏ သက်သေခံချက်များနှင့် အတွေ့အကြုံများကို ရေးသားခဲ့ပြီး၊ ထို သက်သေခံချက်များနှင့် အတွေ့အကြုံများကို နောက်ပိုင်းတွင် သမ္မာကျမ်းစာအဖြစ် ပြန်လည်စုပေါင်းထားခြင်း ဖြစ်ပါသည်။ ဤသည်မှာ အမှန်တရားဖြစ်သည်။ ဤအကြောင်း အရင်းကြောင့် ကျွန်မတို့က သမ္မာကျမ်းစာသည် အတိတ်ကာလက ဘုရားသခင်၏ အမှုတော်၏ မှတ်တမ်းတစ်ခုမျှသာ ဖြစ်ပြီး၊ ဘုရားသခင့် အမှုတော်၏ သက်သေများထက် မပိုကြောင်း အလွန်သံသယကင်းစွာဖြင့် ဖော်ပြ ပြောဆိုနိုင်ပါသည်။ သမ္မာကျမ်းစာက ဘုရားသခင်ကို ကိုယ်စားမပြု နိုင်သကဲ့သို့၊ လူကို ကယ်တင်ခြင်း အမှုပြုဖို့ ဘုရားသခင် နေရာမှာထား၍လည်း မရနိုင်ပါ။ ကျွန်မတို့၏ ယုံကြည်ခြင်းက သမ္မာကျမ်းစာဖတ်ခြင်း တစ်ခုတည်းပေါ်ကိုပဲ အာရုံစိုက်နေပြီး၊ ဘုရားသခင် အမှုတော်ကို တွေ့ကြုံခံစားခြင်း မရှိပါက၊ ကျွန်မတို့က သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုတော်ကို ရရှိမှာမဟုတ်သည့်အပြင်၊ ကယ်တင်ခြင်းခံရမည် မဟုတ်ပါ။ အဘယ့်ကြောင့်ဆိုသော် ဘုရားသခင်၏ ကယ်တင်ခြင်း အမှုတော်က အစဉ်မပြတ် တိုးတက်နေသောကြောင့် ဖြစ်သည်။ ထို့ကြောင့် ကျွန်မတို့က ဘုရားသခင့် အမှုတော်၏ အဆင့် နှစ်ဆင့်လောက်ကိုသာ စွဲလမ်းနေ၍ မရပါ။ ကျွန်မတို့က ဘုရားသခင်က လူများကို ကယ်တင်သည့်အမှုတော် ပြီးမြောက်သည့်အထိ၊ ကိုယ်တော့် အမှုတော်၏ ခြေရာတော်ကို လိုက်နေရမည်။ ဤနည်းနှင့်သာ၊ ဘုရားသခင်၏ ကယ်တင်ခြင်းကို အပြည့်အဝရရှိပြီး၊ ကျွန်မတို့၏ လှပသော ပန်းတိုင်ကို ဝင်ရောက်နိုင်မည်။ ဘုရားသခင်၏ ကယ်တင်ခြင်း စီမံခန့်ခွဲမှု အစီအစဉ်မှာ အဆင့်သုံးဆင့်ရှိပါသည်။ ပညတ်တော်ခေတ်၊ ကျေးဇူးတော်ခေတ်၊ နှင့် နိုင်ငံတော်ခေတ် တို့နှင့် ပတ်သက်သည့် အမှုတော်များ ဖြစ်ပါသည်။ ပညတ်တော်ခေတ်သည် ဘုရားသခင်က ပညတ်တော်များကို အသုံးပြုပြီး၊ လူများကို လမ်းညွှန်ခဲ့သည့် အချိန်ဖြစ်ပါသည်။ ကျေးဇူးတော်ခေတ်က ဘုရားသခင်က လူသားမျိုးနွယ် အပေါ် ရွေးနှုတ်ခြင်းအမှုတော်ကို လုပ်ဆောင်ခဲ့ပါသည်။ သခင်ယေရှု လူများကို စာတန်၏ အုပ်စိုးမှုအောက်ကနေ ရွေးနှုတ်ဖို့၊ သူတို့၏အပြစ်များကို ခွင့်လွှတ်ဖို့နှင့်၊ ဘုရားသခင်၏ ရှေ့တော်ကိုလာရန် အရည်အချင်း ပြည့်စေနိုင်ဖို့၊ ဘုရားသခင်ကို ဆုတောင်းနိုင်ဖို့ နှင့် သူနှင့် ရင်းနှီးကျွမ်းဝင်နိုင်ဖို့ ကားတိုင်တွင် သံမှိုစွဲခံခဲ့ရပါသည်။ နိုင်ငံတော်ခေတ် ထဲက စီရင်ခြင်းမှာမူ၊ ဤသည်မှာ လူများကို သန့်စင်၊ စုံလင်စေပြီး၊ ကယ်တင်သည့်အမှုတော် ဖြစ်သည်။ လူသားမျိုးနွယ်က ပညတ်တော်ခေတ်နှင့် ကျေးဇူးတော်ခေတ်ကိုပဲ ဖြတ်သန်းပြီး၊ နောက်ဆုံးသောကာလမှာ ဘုရားသခင်၏ တရားစီရင်ခြင်းကို လက်မခံနိုင်ပါက၊ သူတို့က ဘုရားသခင်၏ ကယ်တင်ခြင်းနှင့် ရယူခြင်းကို လုံးလုံးလျားလျား ခံရမည် မဟုတ်ပါ။ ကျေးဇူးတော်ခေတ်တွင် သခင်ယေရှု၏ အမှုတော်သည် လူသားမျိုးနွယ်ကို ကယ်တင်ရန်သာ ဖြစ်ကြောင်း ကျွန်မတို့အားလုံး တွေ့မြင်နိုင်သည်။ ဤခေတ်တွင် သခင့်ကို ယုံကြည်ခြင်းဖြင့် ကျွန်မတို့သည် မိမိတို့၏ အပြစ်များမှ လွှတ်ခံရသည်၊ ဘုရားသခင်ကို ဆုတောင်းရန်နှင့် ဘုရားသခင်၏ ကျေးဇူးတော်ကို နှစ်သက်ခံစားရန် အရည်အချင်းပြည့်စေသည်၊ သို့သော်လည်း ကျွန်မတို့သည် ဤခေတ်တွင် သန့်စင်ခြင်းကို မရရှိနိုင်ပါ။ အဘယ့်ကြောင့်နည်း။ ကျွန်မတို့သည် အတွင်းတွင် အပြစ်ရှိသော သဘာဝရှိပြီး၊ အပြစ်ကို မကြာခဏ ကျူးလွန်သည်၊ ဘုရားသခင်ကို ပုန်ကန်ပြီး ဆန့်ကျင်ကြသောကြောင့်၊ သခင်ယေရှုက သူသည် တစ်ဖန်ပြန်ကြွ လာမည့် အကြောင်း နှင့် ဘုရားသခင်၏ အသံတော်ကို ကြားပြီး၊ ဘုရားသခင်၏ ပလ္လင်တော် ရှေ့မှောက်သို့ ဆောင်ကြဉ်းခံရသူများ အားလုံးကို နောက်ဆုံးသောကာလတွင် သန့်စင်ဖို့အတွက် လူသားမျိုးနွယ်ကို ကယ်တင်သည့် သမ္မာတရားများ အားလုံးကို ဖော်ပြမည် ဖြစ်ကြောင်းတို့ကို ကတိတော်ထားခဲ့သည်။ သခင်ယေရှု ကြိုတင်ပြောခဲ့သကဲ့သို့ပင် ဖြစ်ပါသည်။ “သင်တို့အား ငါပြောစရာ စကားအများ ရှိသော်လည်း၊ သင်တို့သည် ယခုမခံနိုင်ကြ။ သမ္မာတရားနှင့်ပြည့်စုံသော ထိုဝိညာဉ်တော်သည် ရောက်လာသောအခါ၊ သမ္မာတရားကို သင်တို့အား အကြွင်းမဲ့ သွန်သင်ပြလိမ့်မည်။ ထိုဝိညာဉ်တော်သည် ကိုယ်အလိုအလျောက်ဟောပြောမည်အဟုတ်။ ကြားသမျှတို့ကို ဟောပြောလိမ့်မည်။ နောင်လာလတ္တံ့သော အရာတို့ကိုလည်း သင်တို့အား ဖော်ပြလိမ့်မည်။(ယော ၁၆:၁၂-၁၃) အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော်နှင့် အမှုတော်က ရှင်ယောဟန်၏ ကျမ်းပိုဒ်ကို ပြည့်စုံစေပါသည်။ “သမ္မာတရားနှင့် ပြည့်စုံသော ထိုဝိညာဉ်တော်သည် ရောက်လာသောအခါ၊ သမ္မာတရားကို သင်တို့အား အကြွင်းမဲ့ သွန်သင်ပြလိမ့်မည်။” ထို့ကြောင့် အနန္တတန်ခိုးရှင် ဘုရားသခင်က တဖန်ပြန်ကြွလာသည့် သခင်ယေရှုဖြစ်သည်။ အနန္တတန်ခိုးရှင် ဘုရားသခင်က လက်ရှိတွင် နောက်ဆုံးသောကာလ၌ တရားစီရင်ခြင်း အမှုကို ပြုလျက်ရှိသည်၊ ပြီးလျှင် သူ့ပလ္လင်တော် ရှေ့ရောက်လာသည့်သူတိုင်းကို တရားစီရင်ခြင်း များ၊ သန့်စင်ခြင်းနှင့် စုံလင်စေခြင်းတို့ကို လုပ်ဆောင်ပေးသည်၊ ယင်းမှာ သူ့အသံတော်ကြားပြီး သူ့ဆီပြန်လှည့်လာသည့် ပညာရှိ သတို့သမီးများကို အောင်မြင်သောသူများ အဖြစ် စုံလင်စေပြီး၊ သူတို့ကို ဘုရားသခင်၏ နိုင်ငံတော်ဆီကို ခေါ်ဆောင်သွားမည်။ ဘုရားသခင်က သူ့အမှုတော်များကို အဆင့်သုံးဆင့်နှင့် လုပ်ဆောင်ခြင်းက၊ လူများကို ဦးဆောင်လမ်းပြပြီး၊ ကယ်တင်ဖို့ အစဉ်အမြဲလုပ်ဆောင်နေသည်ကို ကျွန်မတို့အား မြင်တွေ့စေပါသည်။ ဘုရားသခင်၏ အမှုတော် တဆင့်ချင်းစီက တဆင့်ထက်တဆင့် ပို၍ နက်ရှိုင်းလာသည်။ ကျွန်မတို့ကဲ့သို့ ဘုရားသခင်ကို ယုံကြည်သူများ အတွက် သမ္မာကျမ်းစာက အရေးကြီးသည့်စာအုပ်တစ်အုပ်ထက် မပိုပါ။ သမ္မာကျမ်းစာက ဘုရားသခင်၏ အမှုတော်များ ဖြစ်သည့် လူသားများကို ကယ်တင်ခြင်း၊ လမ်းညွှန်ခြင်းများကို မလုပ်ဆောင် နိုင်ပါ။

သမ္မာကျမ်းစာက ဘုရားသခင်၏ အမှုတော်နှင့် ပတ်သက်သည့် မှတ်တမ်းတစ်ခုဖြစ်သည်။ ဘုရားသခင်၏ အမှုတော်များ စုံလင် သည့်အခါ၊ လူများက သူ့နှုတ်ကပတ်တော်များနှင့် အမှုတော်တို့ကို စာဖြင့် ရေးသားမှတ်တမ်းတင်ခဲ့ပြီး၊ ထိုစုစည်းထားသည့် စာများက သမ္မာကျမ်းစာ ဖြစ်လာခဲ့သည်။ ကျွန်မတို့ ယုံကြည်မှုအတွက် သမ္မာကျမ်းစာက မရှိမဖြစ်သော်လည်း၊ သန့်ရှင်းသောဝိညာဉ်တော်၏ အမှုတော်ကို လက်ခံရရှိခြင်းဖြင့် သာလျှင် ကျွန်မတို့သည် သမ္မာကျမ်းစာနှင့် သမ္မာတရားကို အမှန်တကယ် နားလည်နိုင်မည်။ ဤသည်မှာအမှန်တရား ဖြစ်သည်။ ထို့ကြောင့် သခင့်ကို ယုံကြည်ခြင်းသည် သိုးသငယ်၏ ခြေလှမ်းများနောက်ကို ကျွန်မတို့ လိုက်ဖို့၊ နောက်ဆုံးသောကာလတွင် ဘုရားသခင်၏ စီရင်ခြင်း အမှုတော်ကို လက်ခံပြီး နာခံဖို့ လိုအပ်ပါသည်။ ဤနည်းဖြင့်သာ၊ သန့်ရှင်းသောဝိညာဉ်တော်၏ အမှုတော်၊ ဘုရားသခင်၏ ကယ်တင်ခြင်းနှင့် ပြည့်စုံခြင်းတို့ကို ကျွန်မတို့ ရရှိမည် ဖြစ်သည်။ သမ္မာကျမ်းစာကိုသာ ကျွန်မတို့ ဖတ်နေမည်၊ နောက်ဆုံးသောကာလ ဘုရားသခင်၏ အမှုတော်နှင့် နှုတ်ကပတ်တော်များကို လက်မခံ ဆိုပါက၊ သန့်စင်ခြင်းနှင့် ကယ်တင်ခြင်း ခံရမှာမဟုတ်။ အမှန်မှာမူ ဘုရားသခင်၏ နှုတ်ကပတ်တော်များ အားလုံးကို သမ္မာကျမ်းစာထဲတွင် မှတ်တမ်းတင်ထားခဲ့လျှင်ပင်၊ သန့်ရှင်းသော ဝိညာဉ်တော်၏ အမှု မရှိပါက၊ ကျွန်မတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို နားလည်မနိုင်ဆဲ၊ မသိကျွမ်းနိုင်ဆဲသာ ဖြစ်မည်။ သမ္မာတရားကို နားလည်ဖို့အတွက်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ကျွန်မတို့ တွေ့ကြုံခံစားပြီး၊ လက်တွေ့လုပ်ဆောင် ရမည်။ သန့်ရှင်းသော ဝိညာဉ်တော်၏ ဉာဏ်အလင်းပေးခြင်းနှင့် အလင်းပေးခြင်း တို့ကို ရရှိရမည်။ သို့မှသာလျှင်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ကျွန်မတို့ နားလည်ပြီး၊ သမ္မာတရားကို နားလည်ကာ၊ သမ္မာတရား၏ စစ်မှန်မှုထဲကို ဝင်ရောက်နိုင်မည်။ ဒါကိုသိရင်းနှင့် ကျွန်မတို့ နားလည်ဖို့ တစ်ခုလိုသေးသည်။ အချက်အလက်များက လူသား၏ ကယ်တင်ခြင်း၏ အဓိကသော့ချက်သည် သန့်ရှင်းသောဝိညာဉ်တော်၏ လုပ်ဆောင်ချက် ဖြစ်ကြောင်း၊ သန့်ရှင်းသောဝိညာဉ်တော်၏ စုံလင်စေခြင်း ဖြစ်ကြောင်းကို သက်သေပြရန် လုံလောက်ပါသည်။ သို့ပါက သန့်ရှင်းသော ဝိညာဉ်တော်သည် မည်သူနည်း။ သန့်ရှင်းသော ဝိညာဉ်တော်သည် ဘုရားသခင် ကိုယ်တော်တိုင် မဟုတ်ပါသလား။ သမ္မာကျမ်းစာသည် အတိတ်မှ ဘုရားသခင်၏ အမှုတော်နှင့် ပတ်သက်သည့် မှတ်တမ်း တစ်ခု ဖြစ်သည်။ ထို့ကြောင့် ၎င်းက ဘုရားသခင် ကိုယ်တော်တိုင် အတွက် မည်သို့ ရပ်တည်နိုင်မည်နည်း။ ထို့ကြောင့် ကျွန်မ ပြောခဲ့သည့်အတိုင်းပင်၊ ဘုရားသခင် တစ်ပါးတည်းသာလျှင် လူသားကို ကယ်တင်နိုင်ပြီး၊ သမ္မာကျမ်းစာသည် လူသားကို ကယ်တင်နိုင်စွမ်း မရှိပါ။ လူတစ်ဦး၏ ယုံကြည်မှုသည် သမ္မာကျမ်းစာကို လိုက်နာစောင့်ထိန်းခြင်းသာ ပါဝင်ပြီး၊ နောက်ဆုံးသောကာလမှ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် အမှုတော်တို့ကို လက်ခံရရှိခြင်း မရှိပါက၊ သူသည် ဘုရားသခင်၏ အမှုတော် နှုန်းအတိုင်း မလိုက်ပါက၊ သူသည် စွန့်ပစ်ခံရပြီး၊ သုတ်သင်ဖယ်ရှင်းခံရမည်။ ပညတ်တော်ခေတ်တွင် သခင်ယေရှု၏ အမှုတော်ကို လက်မခံနိုင်သည့်သူ များစွာ ရှိခဲ့သည်၊ သူတို့က သုတ်သင်ဖယ်ရှင်းခံခဲ့ရသည်။ သခင်ယေရှကို ယုံကြည်သော်လည်း၊ နောက်ဆုံးသောကာလတွင် အနန္တတန်ခိုးရှင် ဘုရားသခင်ကို လက်မခံနိုင်သူများသည်လည်း စွန့်ပစ်ခံရပြီး၊ သုတ်သင်ဖယ်ရှင်း ခံရမည်။ ထိုလူများသည် မျက်စိမမြင်သကဲသို့၊ ဘုရားသခင်ကို မသိကျွမ်းကြောင်း ပြောနိုင်ပါသည်။ သူတို့အတွက် ကျန်သည့် အရာမှာ ကပ်ဘေးဆိုက်ရောက်ခြင်း၏ အပြင်းဆုံးဒဏ်ကို ခံစားရန်၊ ငိုကြွေးဟစ်အော်ပြီး သူတို့သွားများကို အံကြိတ်ရန် တို့သာ ဖြစ်ပါသည်။

သမ္မာတရားကို ဖော်ပြခြင်းအားဖြင့် နောက်ဆုံးသောကာလတွင် အနန္တတန်ခိုးရှင်ဘုရားသခင် ပြုတော်မူသည့် တရားစီရင်ခြင်း အမှုတော်သည် လူသားမျိုးနွယ်တစ်ခုလုံးကို ကယ်တင်ရန် ဘုရားသခင်၏ စီမံခန့်ခွဲခြင်း အစီအစဉ် တွင် အဓိကအမှုတော် ဖြစ်သည်။ ယင်းမှာ လူသားမျိုးနွယ်ကို လုံးလုံးလျားလျား သန့်စင်ရန်၊ ကယ်တင်ရန် နှင့် စုံလင်စေရန် ဘုရားသခင့် အမှုတော်၏ နောက်ဆုံးအဆင့်လည်း ဖြစ်ပါသည်။ ထို့ကြောင့် ကျွန်မတို့က သမ္မာကျမ်းစာတွင် ဖော်ပြထားသည့် ပထမအဆင့်နှစ်ခုကိုသာ စွဲကိုင်ထားသော်လည်း၊ နောက်ဆုံးသောကာလ၏ ခရစ်တော်၏ သန့်စင်ခြင်းနှင့် ကယ်တင်ခြင်းနှင့် ပတ်သက်သည့် အမှုတော်ကို လက်မခံပါက၊ ကျွန်မတို့သည် မည်သည့်အခါမျှ ကယ်တင်မခံရ သည့်အပြင်၊ နိုင်ငံတော်ကို ဝင်ရောက်လိမ့်မည် မဟုတ်ပါ။ နောက်ဆုံးသောကာလ၏ အနန္တတန်ခိုးရှင် ဘုရားသခင်၏ ကယ်တင်ခြင်းကို ငြင်းပယ်ကြသူများအားလုံးသည် ဘုရားသခင်၏ ပြိုင်ဖက်များ ဖြစ်ကြပြီး၊ သူတော်ကောင်းယောင်ဆောင်သော ဖာရိရှဲများ ဖြစ်သောကြောင့် ကျွန်မတို့ ယုံကြည်ခြင်းကို နှစ်ပေါင်း မည်မျှကြာအောင် လက်တွေ့လုပ်ဆောင်ခဲ့ပါစေ၊ ၎င်းတို့အားလုံးသည် အချည်းနှီးသာ ဖြစ်သည်။ ဤအရာနှင့် ပတ်သက်ပြီး မေးခွန်းထုတ်ရန် လုံးဝမရှိပါ။ ဖာရိရှဲများသည် သမ္မာကျမ်းစာကို အခြေခံပြီး သခင်ယေရှုကို ငြင်းပယ်ခဲ့သည့်အပြင်၊ နောက်ဆုံးသောကာလတွင် အကြီးအကဲများနှင့် သင်းအုပ်ဆရာများသည် သမ္မာကျမ်းစာကို အခြေပြုပြီး အနန္တတန်ခိုးရှင်ဘုရားသခင်ကို ငြင်းပယ်ခဲ့သော်လည်း၊ သူတို့၏ ငြင်းခုံမှုများက မခိုင်လုံပါ။ အကြောင်းမှာ သူတို့က မိမိတို့၏ ငြင်းခုံမှုကို ဘုရားသခင်၏ နှုတ်ကပတ်တော်ပေါ်တွင် အခြေမပြုဘဲ၊ သမ္မာကျမ်းစာ၏ စာပေါ်တွင် အခြေပြုသောကြောင့် ဖြစ်သည်။ သူတို့ မည်မျှသော ငြင်းခုံမှု ရှိနေပါစေ နောက်ဆုံးသောကာလတွင် အနန္တတန်ခိုးရှင် ဘုရားသခင်၏ အမှုတော်ကို လက်မခံသူများသည် ဘုရားသခင်၏ ရန်ဘက် နှင့် သစ္စာဖောက်သူ တစ်ယောက် ဖြစ်သည်။ ဘုရားသခင်၏ အမြင်တွင် သူတို့အားလုံးက မကောင်းမှုပြုသူများ ဖြစ်သည်၊ ဘုရားသခင်က သူတို့ကို မည်သည့်အခါမျှ အသိအမှတ် ပြုမည် မဟုတ်ပါ။ နောက်ဆုံးသောကာလမှာ ဖော်ထုတ်ခံရမည့်၊ မယုံကြည်သူများနှင့် အန္တိခရစ်များက ကပ်ဘေးဒါဏ်ကြီး၏ အပြစ်ဒဏ်ပေးခြင်းကို ငိုယိုဟစ်ကြွေးခြင်း နှင့် အံကြိတ်ခြင်းတို့ဖြင့် ခံရမည်။ ဘုရားသခင်က သူတို့အားလုံးကို နှင်ထုတ်ပစ်လိုက်ပြီး၊ သုတ်သင်ဖယ်ရှင်း ပစ်လိမ့်မည်၊ ပြီးလျှင် နောက်ထပ်သူတို့ မည်သည့်အခါမျှ ဘုရားသခင်ကို မြင်ခွင့်ရမည်မဟုတ်သည့်အပြင်၊ သူ့ထောက်ခံမှုကိုလည်း လက်ခံရရှိမည် မဟုတ်ပါ။ ယင်းမှာ အမှန်တရား ဖြစ်သည်။ ယခုအခါတွင် ကျွန်မတို့က အမှန်တရား တစ်ခုကို နားလည်လာခဲ့ပြီ။ သမ္မာကျမ်းစာက ဘုရားသခင်ကို ကိုယ်စားမပြုနိုင်ပါ၊ ပြီးလျှင် ဘုရားသခင့်အမှုတော်နေရာကို အစားထိုး၍မရပါ။ ဘုရားသခင်သည် ဘုရားသခင်ဖြစ်ပြီး၊ သမ္မာကျမ်းစာ ကလည်း သမ္မာကျမ်းစာဖြစ်သည်။ ကျွန်မတို့ ယုံကြည်သည့် အားလျော်စွာ၊ ဘုရားသခင်၏ အမှုတော်များကို ကြုံတွေ့ရမည်၊ ဘုရားသခင့်အမှုတော်၏ နှုန်းအတိုင်း လိုက်ရမည်၊ ကျွန်မတို့က နောက်ဆုံးသောကာလတွင် ဘုရားသခင်၏နှုတ်ကပတ်တော်ကို စားသောက်ကြရမည်၊ ပြီးလျှင် ဘုရားသခင်ဖော်ပြသည့် သမ္မာတရားများကို လက်ခံပြီး လိုက်နာကြ ရမည်။ ဤသည်မှာ ဘုရားသခင်ကို အမှန်တကယ် ယုံကြည်ခြင်း ဖြစ်ပါသည်။ ဘုရားသခင် လူ့ဇာတိခံယူပြီး၊ သူ့အမှုတော် လုပ်ဆောင်မည့်် အချိန်တိုင်း၊ ဘုရားသခင်ကို မနာခံကြဘဲ၊ သမ္မာကျမ်းစာကိုပဲ လိုက်နာကြသည့်သူ အားလုံးကို ကိုယ်တော်ဖယ်ထုတ်ပြီး၊ သုတ်သင်ဖယ်ရှင်း ရမည်။ ထို့ကြောင့် ကျွန်မတို့ “ဘုရားသခင်ကို ယုံကြည်ခြင်းဟာ သမ္မာကျမ်းစာနဲ့ ကိုက်ညီရမယ်၊ သမ္မာကျမ်းစာကို လိုက်နာခြင်းသည် ဘုရားသခင်ကို စစ်မှန်သောယုံကြည်ခြင်းပဲ၊ သမ္မာကျမ်းစာသည် ဘုရားသခင်ကို ကိုယ်စားပြုတယ်” ဆိုသည့် အတွေးအခေါ်များက အမှားများ ဖြစ်ကြောင်း ယုံကြည်ချက်အပြည့်နှင့် ပြောနိုင်သည်၊ ဤအခိုင်အမာ ပြောဆိုချက်များသည် ယုတ္တိအမှား သက်သက်သာ ဖြစ်သည်။ ထိုကဲ့သို့ အခိုင်အမာပြောဆိုသည့် လူတိုင်းသည် မျက်စိစုံမှိတ်ပြီး၊ ဘုရားသခင်ကို မသိကြပါ။ လူတစ်ယောက်က သမ္မာကျမ်းစာကို အရာအားလုံးထက် ရှေးရှုပြီး၊ ဘုရားသခင့် နေရာမှာပင် ထားလိုက်ပါက၊ သူကဖာရိရှဲများ၏ လမ်းစဉ်ကိုလိုက် နေခြင်းသာ မဟုတ်ပါလား။ ဖာရိရှဲများက သမ္မာကျမ်းစာကို စောင့်ထိန်း ကြပြီး၊ ဘုရားသခင်ကို ဆန့်ကျင်ကြသည်၊ ရလဒ်အနေဖြင့် သူတို့က ဘုရားသခင်၏ ကျိန်ဆဲခြင်းကို ကြုံကြရသည်။ ဤသည်မှာ အမှန်တရားမဟုတ် ပါလား။

နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ မှ

လူတို့သည် ဘုရားသခင်၌ ၎င်းတို့၏ ယုံကြည်ခြင်းမှတဆင့် အသက်ရရှိသည် မရရှိသည်မှာ သမ္မာတရားကို ၎င်းတို့ ရရှိခြင်း မရရှိခြင်းအပေါ် မူတည်သည်။ သမ္မာတရားကိုရရှိလျှင်၊ ဘုရားသခင်ကို ၎င်းတို့ အမှန်တကယ် သိရှိကြပေသည်။ ထိုသို့ လုပ်ဆောင်ခဲ့ပြီးသူတို့သာ အသက်ကို အမှန်တကယ်ရခဲ့ကြပြီဖြစ်သည်။ ဘုရားသခင်ကို အမှန်တကယ် မသိသောသူတို့သည် သမ္မာတရားကို မရရှိခဲ့ကြပါ၊ ထို့ကြောင့်၊ ထိုသို့သောသူတို့သည် အသက်ကို မရရှိခဲ့ကြချေ။ ဤသည်မှာ သံသယရှိစရာမလိုဘဲ သေချာပါသည်။ ထိုသို့ဆိုလျှင် သမ္မာတရားကို ရရှိသည်မှာ အဘယ်အရာကို အတိအကျ ဆိုလိုပါသနည်း။ ဤသည်မှာ ခရစ်တော်ကို သိကျွမ်းမှုရှိခြင်း လိုအပ်သည်။ အဘယ့်ကြောင့်ဆိုသော်၊ သူသည် လူသားတို့အကြားက လူ့ဇာတိခံဘုရားသခင်ဖြစ်ပြီး သမ္မာတရားအားလုံးကို ဖော်ပြသောသူ တစ်ဦး ဖြစ်သောကြောင့်ဖြစ်သည်။ သမ္မာတရားသည် ဘုရားသခင်၏ အသက်မှ ပေါ်ပေါက်ပြီး သူ၏ အနှစ်သာရမှာ သမ္မာတရား၊ လမ်းခရီးနှင့် အသက်ဖြစ်သော ခရစ်တော်၏ ဖော်ပြချက် လုံးလုံးဖြစ်ပေသည်။ ခရစ်တော်သည်သာ သမ္မာတရားနှင့် အသက်၏ အနှစ်သာရကို ပိုင်ဆိုင်သည်၊ ထို့ကြောင့် သင်သည် သူ့ကို သိပြီး သူ့ကို ရရှိသောအခါ၊ သမ္မာတရားကို သင် အမှန်တကယ်ရရှိသည်။ ဤအရာမှ၊ ဘုရားသခင်၌ ယုံကြည်သူများကြားတွင်၊ ခရစ်တော်ကို သိရှိပြီး သူ့ကို ရရှိသော သူတို့သည်သာ အသက်ကို အမှန်တကယ် ရရှိကြပြီး ဘုရားသခင်ကို သိရှိကြသည်။ ထာဝရအသက်ကို ရိတ်သိမ်းကြရလေသည်။ ဤအရာက သမ္မာကျမ်းထဲတွင် ရေးသားထားသော၊ “သားတော်ကို ယုံကြည်သောသူသည် ထာဝရအသက်ကိုရ၏။ သားတော်ကို ပယ်သောသူမူကား အသက်ကို မတွေ့ရ။ ထိုသူ၏အပေါ်၌ ဘုရားသခင်၏ အမျက်တော်တည်နေသည်ဟု ယောဟန်ဟောလေ၏။(ယော ၃:၃၅) ဆိုသည်ကို အတိအကျ ပြည့်စုံစေသည်။ သားတော်ကို ယုံကြည်ခြင်းသည် လူ့ဇာတိခံ ခရစ်တော်၌ ယုံကြည်ခြင်းကို ဧကန်မုချ ရည်ညွှန်းပေသည်။ ဘုရားသခင်၌ ယုံကြည်သူများထဲမှ၊ ခရစ်တော်ကို သမ္မာတရား၊ လမ်းခရီးနှင့် အသက်အဖြစ် သိမှတ်သောသူတို့သာလျှင် ဘုရားသခင်ကို အမှန်သိရှိကာ၊ ကယ်တင်ခံရပြီး စုံလင်ခံနိုင်ရကြသည်။ ၎င်းတို့သာလျှင် ဘုရားသခင်၏ လက်ခံမှုကို ရရှိလိမ့်မည်။ ဘုရားသခင်ကို ယုံကြည်ပြီး ခရစ်တော်ကို ငြင်းပယ်နိုင်ဆဲ၊ အာခံနိုင်ဆဲ၊ သို့မဟုတ် စွန့်လွှတ်နိုင်ဆဲ ရှိသောသူ မည်သူမဆိုသည် ယုံကြည်ခြင်းကို လက်တွေ့လုပ်ဆောင်သော်လည်း ဘုရားသခင်ကို အာခံပြီး သစ္စာဖောက်သောသူလည်း ဖြစ်ပေသည်။ ဤသို့ဖြင့်၊ သူသည် ကယ်တင်ခြင်း သို့မဟုတ် စုံလင်ခြင်းကို ရရှိနိုင်လိမ့်မည်မဟုတ်ပေ။ အကယ်၍၊ တစ်စုံတစ်ဦးက ဘုရားသခင်ကို ယုံကြည်သော်လည်း ခရစ်တော်အပေါ် အာခံခြင်း သို့မဟုတ် မုန်းတီးခြင်းဖြစ်လျက် ကျမ်းစာကိုသာ မမြင်မကန်း ကိုးကွယ်ပြီး သက်သေခံလျှင် ထိုလူသည် အန္တိခရစ်၏ လမ်းကြောင်းပေါ် ရောက်ရှိနှင့်ပြီဖြစ်ပြီး ဘုရားသခင်၏ ရန်သူ ဖြစ်လာခဲ့ပြီဖြစ်သည်။ အန္တိခရစ်တစ်ဦးအနေဖြင့်၊ ထိုသို့သော လူသည် ဘုရားသခင်အားဖြင့် ပြစ်ဒဏ်ပေးခံရပြီး ကျိန်ခြင်းခံရလိမ့်မည် ဖြစ်ကာ ထာဝရပြစ်ဒဏ်နှင့် ပျက်ဆီးခြင်းထဲသို့ ဖြတ်သန်းခြင်းဖြင့် အဆုံးသတ်ရလိမ့်မည်။ ဘုရားသခင်ကို ယုံကြည်သောသူတို့အတွက်၊ ဤသည်မှာ အဆိုးရွားဆုံးသော ကျရှုံးမှု နှင့် ပူဆွေးမှုဖြစ်ပေသည်။

သမ္မာကျမ်းစာအရ ကောင်းကင်ဘုံ၌ရှိသည့် မရေရာသော ဘုရားကိုသာ ယုံကြည်သော်လည်း ခရစ်တော်ကို လူ့ဇာတိခံ ဘုရားသခင်အဖြစ်၊ ဖောက်ပြန်ပျက်ဆီးသော လူသားမျိုးနွယ်၏ ကယ်တင်ရှင်အဖြစ်၊ သို့မဟုတ် လူသားတို့ကို ကယ်တင်သော လက်တွေ့ကျသည့် ဘုရားသခင်အဖြစ် လက်ခံဖို့နေနေသာသာ၊ ဘုရားသခင်က ဇာတိပကတိဖြစ်လာနိုင်သည်ကို မယုံကြည်ကြသော လူများစွာရှိလေသည်။ ထိုသို့သော လူတို့သည် ခရစ်တော်က သမ္မာတရား၊ လမ်းခရီးနှင့် အသက်ဖြစ်သည်ကို မသိကြချေ၊ ထို့အပြင်၊ ခရစ်တော်နှင့် ၎င်းတို့ သဟဇာတ မဖြစ်နိုင်ကြပါ။ ၎င်းတို့သည် သေချာပေါက် သမ္မာတရားအပေါ် တိုး၍ ငြီးငွေ့ကြပြီး မုန်းတီးမှုကို ခံစားကြသော လူမျိုးများဖြစ်သည်။ ဂျူး ယဇ်ပရောဟိတ် အကြီးအကဲများ၊ ကျမ်းတတ်ဆရာများ နှင့် ဖာရိရှဲတို့သည် ဘုရားသခင်ကို ၎င်းတို့ ဘဝတစ်ခုလုံးတွင် ယုံကြည်ကြသော်လည်း လူ့ဇာတိခံ သခင်ယေရှုကို လက်ခံရန် ငြင်းဆန်ခဲ့ကြသည်မှာ ယေရှုခရစ်တော်ကို ကားစင်တင်ပြီး သတ်ခဲ့ကြသည်အထိ ဖြစ်ခဲ့သည်ကို သမ္မာကျမ်းစာထဲတွင် ကျွနုပ်တို့အားလုံး ဖတ်ရှုနိုင် ပေသည်။ အကျိုးဆက်အနေဖြင့်၊ ၎င်းတို့သည် ဘုရားသခင်ကို အာခံပြီး သစ္စာဖောက်ကြသူများ ဖြစ်လာကြပြီး၊ ထို့ကြောင့် သူ့အားဖြင့် ပြစ်ဒဏ်ပေးခံရကာ ကျိန်ဆဲခြင်း ခံရကြလေသည်။ သူတို့သည် တစ်သက်လုံး ယုံကြည်ခဲ့ကြသော်လည်း၊ ဘုရားသခင်၏ ကောင်းကြီးမင်္ဂလာများနှင့် ကတိတော်ကို သူတို့ ရရှိရန် မတတ်နိုင်ခဲ့ကြပါ။ အဘယ်မျှ သနားစရာကောင်းပြီး ဝမ်းနည်းစရာ အဆုံးသတ်ဖြစ်သနည်း။ ထို့ကြောင့်၊ လူတို့သည် ၎င်းတို့ ယုံကြည်ခြင်း၌ အောင်မြင်သည် မအောင်မြင်သည်မှာ ၎င်းတို့က ခရစ်တော်ကို သိရှိပြီး ရရှိခြင်း မရရှိခြင်းအပေါ် မူတည်လေသည်။ ကိစ္စရပ်၏ အခရာမှာ၊ ခရစ်တော်အားဖြင့် ဖော်ပြသော သမ္မာတရားအားလုံးကို ၎င်းတို့ လက်ခံပြီး ဘုရားသခင်၏ အမှုတော်အားလုံးကို နာခံစွာ တွေ့ကြုံခြင်းရှိသည် မရှိသည်၊ ကိုယ်တော်နှင့် ၎င်းတို့ သဟဇာတ ဖြစ်သည်အထိတိုင် ခရစ်တော်ကို ၎င်းတို့ ချီးမြှောက်ပြီး သက်သေခံနိုင်ခြင်းရှိ မရှိ ဖြစ်လေသည်။ ဤသည်မှာ ၎င်းတို့ ဘုရားသခင်ကို ယုံကြည်ခြင်း၏ အောင်မြင်ခြင်း သို့မဟုတ် ကျရှုံးခြင်းကို အဆုံးအဖြတ်ပေးသောအရာဖြစ်သည်။ သို့သော်၊ များစွာသော လူတို့သည် သဘောမတူကြချေ၊ ၎င်းတို့က သမ္မာကျမ်းစာကို အခြားအရာခပ်သိမ်းအထက်တွင် ရှိသည့်အရာအဖြစ် မြင်ကြပြီး ၎င်းတို့ နှလုံးသားများထဲတွင် ဘုရားသခင်ကို အစားထိုးဖို့ပင်လျှင် ယင်းကို အသုံးပြုကြလေသည်။ အမှုပြုရန် လူ့ဇာတိခံ ဘုရားသခင် ကြွလာသောအခါ၊ ဤလူတို့သည် ခရစ်တော်ကို အမှန်တကယ် ငြင်းပယ်နိုင်သည်၊ ပစ်ပယ်နိုင်ပြီး ဆန့်ကျင်နိုင်ကြ လေသည်။ အကယ်၍ ခရစ်တော်၏ စကားများ နှင့် လုပ်ဆောင်ချက်များက ကျမ်းစာ၏ အချို့သော စည်းမျဉ်းများနှင့် မကိုက်ညီလျှင်၊ ဤလူတို့သည် သူ့ကို ရှုတ်ချဖို့၊ ပစ်ပယ်ဖို့ နှင့် စွန့်ပစ်ဖို့ရန်အထိပင် လုပ်ဆောင်ကြလေသည်။ ဘုရားသခင်၌ ယုံကြည်ခြင်းထက်၊ ၎င်းတို့က ကျမ်းစာကို ယုံကြည်သည်ဟု ဆိုလျှင် ပို၍ မှန်ကန်တိကျပေလိမ့်မည်။ ၎င်းတို့၏ မျက်လုံးများထဲတွင်၊ သမ္မာကျမ်းစာသည် ၎င်းတို့၏ သခင်၊ ၎င်းတို့၏ ဘုရားဖြစ်လေသည်။ ၎င်းတို့အတွက်၊ ဘုရားသခင်ဖြစ်သည့် သခင်မှာ သမ္မာကျမ်းစာထဲတွင် ရှိပြီး ယင်းက သူ့ကို ကိုယ်စားပြုသည်၊ ထို့ကြောင့် သမ္မာတရားသည် သမ္မာကျမ်းစာနှင့် လုံးဝသဘောတူညီမှုရှိသော မည်သည့်အရာမဆို ဖြစ်သည်၊ သမ္မာကျမ်းစာမှ ကွဲပြားသော မည်သည့်အရာမဆိုကတော့ သမ္မာတရားမဖြစ်နိုင်ပါ၊ ဟု ၎င်းတို့ ယုံကြည်ကြသည်။ သမ္မာကျမ်းစာသည်သာ သမ္မာတရားဖြစ်သည်။ ၎င်းတို့သည် သမ္မာကျမ်းစာကို သမ္မာတရားအားလုံးထက် ပိုမြင့်မားသောအရာအဖြစ် မြင်ကြသည်၊ သမ္မာကျမ်းစာမှ သွေဖည်ဖို့ရန်မှာ သမ္မာတရားမှ သွေဖည်ဖို့ဖြစ်ပေမည်။ ဘုရားသခင်၏ အမှုတော် နှင့် မိန့်မြွက်ချက်များသည် ယင်း၏ စာမျက်နှာအတွင်းတွင် စာရင်းမှတ်ထားသည့် အရာများသာ ဖြစ်သည်ဟု ၎င်းတို့ ထင်မှတ်ကြသည်၊ သမ္မာကျမ်းစာ၏ ပြင်ပတွင် ကိုယ်တော်လုပ်ဆောင် နိုင်ခဲ့သောအရာ သို့မဟုတ် မိန့်ဆိုနိုင်ခဲ့သောအရာ တစ်ခုခုကို အသိအမှတ်ပြုရန် ၎င်းတို့ ငြင်းဆန်ကြသည်။ ထို့ကဲ့သို့သော လူတို့သည် သမ္မာကျမ်းစာကိုသာ သိမှတ်ကြသော်လည်း ဘုရားသခင်ကို မည်သို့မျှ မသိရှိကြသော ဂျူးယဇ်ပရောဟိတ်အကြီးအကဲ၊ ကျမ်းပြုဆရာများနှင့် ဖာရိရှဲများဖြစ်ကြပြီး ၎င်းတို့သည် လူ့ဇာတိခံ ခရစ်တော်၏ တည်ရှိမှုကိုပင် လက်ခံရန် လိုလားမှု ပိုမိုနည်းပါးခဲ့ကြပေသည်။ ၎င်းတို့က သမ္မာကျမ်းစာနှင့် ခရစ်တော်တို့ကို ဆန့်ကျင်ဖက်ထားကြပြီး သူသည် သမ္မာတရား၊ လမ်းခရီးနှင့် အသက်ဖြစ်သည်ကို လုံးဝ သိမြင်ခြင်း မရှိကြချေ၊ သမ္မာကျမ်းစာကို ၎င်းတို့ ချီးမြှောက်ပြီး သက်သေခံကြကာ ခရစ်တော်ကို ကားတိုင်ပေါ်တွင် သံမှိုစွဲခဲ့ကြပြီး ထိုသို့ဖြင့် ဘုရားသခင်ကို အာခံခြင်းဖြစ်သည့် ကြောက်ခမန်းလိလိ အပြစ်တစ်ခုကို ကျူးလွန်ခဲ့ကြသည်။ ထို့ကြောင့်၊ ဘုရားသခင်ကို ၎င်းတို့ ယုံကြည်ကောင်း ယုံကြည်ခဲ့ကြလိမ့်မည်ဖြစ်သော်လည်း ကယ်တင်မခံရ ခဲ့ကြပါ၊ ဆန့်ကျင်ဖက်အနေဖြင့်၊ ၎င်းတို့သည် ဘုရားသခင်၏ ရန်သူများနှင့် အန္တိခရစ်များ ဖြစ်လာကြပြီး သူ့အားဖြင့် ပြစ်ဒဏ်ပေးပြီး ကျိန်ခြင်းခံရဖို့ သတ်မှတ်ပြီးဖြစ်လေသည်။ ဤသည်မှာ ဘုရားသခင်ကို ဘာသာတရားထဲ၌ ယုံကြည်ကြသူများ၊ ယဇ်ပရောဟိတ် အကြီးအကဲများ၊ ကျမ်းတတ်ဆရာများနှင့် ဖာရိရှဲတို့အားဖြင့် လှည့်ဖြားခံရကာ ထိန်းချုပ်ခံရပြီး အန္တိခရစ်၏ လမ်းကြောင်းပေါ် ရောက်နေကြသူများ၏ တိုက်ရိုက်အကျိုးဆက်ဖြစ်ပေသည်။ ထိုအရာက သခင်ယေရှုပြောသည့်၊ “လူကန်းချင်းတဦးကို တဦးလမ်းပြလျှင်၊ နှစ်ဦးတို့သည် တွင်းထဲသို့ကျကြလိမ့်မည်။(ရှင်မဿဲခရစ်ဝင် ၁၅:၁၄) ဆိုသည့်အရာမှာ မှန်ကန်သည်ကို ပြနေပေသည်။ ထိုကဲ့သို့သော လူတို့သည် ကယ်တင်ခြင်း သို့မဟုတ် စုံလင်ခြင်းကို သေချာပေါက် မရရှိနိုင်ပါ။

သမ္မာကျမ်းစာထဲတွင် ခရစ်တော်၏ အနှစ်သာရကို အကောင်းဆုံး ကိုယ်စားပြုသော စာကြောင်းတစ်ကြောင်း ပါရှိသည်။ ယင်းမှာ သခင်ယေရှု ပြောခဲ့သည့်၊ “ငါသည်လမ်းခရီးဖြစ်၏။ သမ္မာတရား ကိုလည်းဖြစ်၏။ အသက်သည်လည်းဖြစ်၏။ ငါ့ကို အမှီ မပြုလျှင် အဘယ်သူမျှ ခမည်းတော်ထံသို့မရောက်ရ။(ယော ၁၄:၆) ဟူသော အရာဖြစ်သည်။ ဤစကားများနှင့်အတူ၊ သခင်ယေရှုသည် တိကျ မှန်ကန်သော အဖြေကို ပေးခဲ့ပြီး ဘုရားသခင်၌ ယုံကြည်ခြင်း၏ အကြီးမြတ်ဆုံး နက်နဲသောအရာကို ထုတ်ဖော်ပြခဲ့သည်။ ခရစ်တော်ကို သိရှိပြီး ရရှိခြင်းအားဖြင့်သာ လူတို့သည် ကယ်တင်ခြင်းကို ရရှိနိုင်သည် ဟူသည့် အချက်ဖြစ်သည်။ ဤသည်မှာ၊ ဘုရားသခင်သည် ခရစ်တော်အဖြစ် လူ့ဇာတိခံယူသောအခါမှသာ လူသားမျိုးနွယ်ကို သူ လုံးလုံးလျားလျား ကယ်တင်နိုင်သောကြောင့်ဖြစ်သည်။ ခရစ်တော်သည် သူ၏သိုးများအတွက် ကောင်းကင်နိုင်ငံထဲ ဝင်ရောက်ဖို့ရန် တစ်ခုတည်းသော ဂိတ်တံခါးဖြစ်ပြီး လူ့ဇာတိခံ ခရစ်တော်သည်သာ လူသားများထံ ကယ်တင်ခြင်းယူဆောင်ပေးနိုင်သော လက်တွေ့ကျသည့် ဘုရားသခင်ဖြစ်သည်။ ဘုရားသခင်ကို ၎င်းတို့ ယုံကြည်ကြသောအခါတွင်၊ ခရစ်တော်ကို လက်ခံခြင်းနှင့် နောက်သို့လိုက်လျှောက်ခြင်းအားဖြင်သာ ကယ်တင်ခြင်းနှင့် စုံလင်ခြင်း လမ်းကြောင်းပေါ်သို့ ၎င်းတို့ ရောက်ရှိနိုင်ကြပေသည်။ ၎င်းတို့သည် ကောင်းကင်ဘုံရှိ ဖခမည်းတော်၏ အလိုတော်ကို လုပ်ဆောင်သောသူများ ဖြစ်လာနိုင်ကြပြီး ဤအကျိုးရလဒ်အားဖြင့် ကောင်းကင်နိုင်ငံထဲသို့ ဝင်ရောက်နိုင်ကြဖို့ရန် ဤအရာသည် တစ်ခုတည်းသော နည်းလမ်းဖြစ်သည်။ ဤအရာမှ၊ ဘုရားသခင်ကို ယုံကြည်သောသူတို့သည် ၎င်းတို့ ကယ်တင်ခံရပြီး၊ စုံလင်ခံရကာ ဘုရားသခင်၏ လက်ခံမှုကို မရရှိမီတွင် လူ့ဇာတိခံ ခရစ်တော်ကို လက်ခံပြီး နာခံကြရမည်ကို ကျွနုပ်တို့ သိရပေသည်။ ဤသည်မှာ ဘုရားသခင်က လူတို့ သူ့ကို ယုံကြည်ပြီး ကယ်တင်ခြင်းရရှိဖို့ လူတို့အတွက် စီမံထားသောအရာဖြစ်သည်။ ထို့ကြောင့်၊ ဘုရားသခင်ကို ယုံကြည်သောလူတို့သည် ခရစ်တော်ကို သိရှိပြီး ခရစ်တော်ကို ရရှိပြီးခဲ့ခြင်း ရှိ မရှိဆိုသည့် မေးခွန်းမှာ အဆုံးစွန် အရေးကြီးသောအရာ ဖြစ်ပြီး ၎င်းတို့၏ ခရီးပန်းတိုင်နှင့် အဆုံးသတ်အပေါ် တိုက်ရိုက် သက်ဆိုင်မှုရှိလေသည်။

ကမ္ဘာမြေသို့ သခင်ယေရှု ကြွလာခဲ့ချိန် ကျေးဇူးတော်ခေတ်ကို အစပြုရန် လုပ်ဆောင်ခဲ့သည့် အမှုတော်ကို ပြန်လည်အမှတ်ရ မိသောအခါ၊ ဘာသာတရားထဲမှ မည်သည့်ယုံကြည်သူမှ သူ့ကို မသိရှိကြ သို့မဟုတ် နောက်သို့မလိုက်ခဲ့ကြပါ။ ဤသည်မှာ အထူးသဖြင့် ဂျုးဘာသာ၏ ယဇ်ပရောဟိတ်အကြီးအကဲများ၊ ကျမ်းပြုဆရာများ၊ ဖာရိရှဲများနှင့် ခရစ်တော်ကို သိမှတ်ရန် သို့မဟုတ် လက်ခံရန် ငြင်းပယ်ကြခဲ့ကြသူအားလုံးနှင့် သက်ဆိုင်၍ မှန်ကန်လှပေသည်။ ထို့အပြင်၊ ဤလူတို့သည် သခင်ယေရှုကို သမ္မာကျမ်းထဲ ရေးသား ထားသည့်အရာအရ ငြင်းပယ်ပြီး အကဲဖြတ်ဝေဖန်ကာ ရှုတ်ချခဲ့ကြလေသည်။ ၎င်းတို့သည် သူ့ကို ကားစင်ပင်တင်ခဲ့ကြပြီး၊ ဤနည်းအတိုင်း ဘုရားသခင်ကို အာခံခြင်းနှင့်ဆိုင်သော ကြောက်ခမန်းလိလိ အပြစ်ကို ကျူးလွန်ခဲ့ကြပြီး ဘုရားသခင်ကို ယုံကြည်သော်လည်း သူ့ကို အာခံပြီး သစ္စာဖောက်ခဲ့ကြကာ ထို့အတွက်ကြောင့် ဘုရားသခင်၏ ပြစ်ဒဏ်ပေးခြင်းနှင့် ကျိန်ခြင်း အမင်္ဂလာများကို ခံစားဖို့ ဖြစ်လာကြရသည့် လွန်ခဲ့သော နှစ်နှစ်ထောင်ကာလတစ်လျှောက် လူတို့၏ ပုံဥပမာများ ဖြစ်လာခဲ့ ကြသည်။ အမှန်တွင်၊ အစောပိုင်း၌၊ တရားဟောစဉ်တွင် သခင်ယေရှုသည် ဘာသာရေးလောက၏ အနှစ်သာရမှာ ဘုရားသခင်ကို အာခံသည့်အရာတစ်ခုဖြစ်သည့်အချက်ကို တွေးဆမိခဲ့နှင့်ပြီးဖြစ်ကာ ကြီးမားသည့် မှန်ကန်တိကျမှုနှင့်အတူ ဘုရားသခင်ကို ဖာရိရှဲတို့ အာခံမှု၏အရင်းအမြစ်နှင့် အနှစ်သာရတို့ကို တိုက်ရိုက် ဖော်ထုတ်ခဲ့သည်။ “နှုတ်ကပတ်တော်သည်လည်း သင်တို့၌မတည်။ အကြောင်းမူကား၊ စေလွှတ်တော်မူသောသူကို သင်တို့ သည် မယုံကြည်ဘဲနေကြ၏။ ကျမ်းစာအားဖြင့် ထာဝရအသက်ကို ရမည်ဟု စိတ်ထင်နှင့် သင်တို့သည် ကျမ်းစာကိုစေ့စေ့ကြည့်ရှု ကြ၏။ ထိုကျမ်းစာပင်ငါ၏သက်သေဖြစ်၏။ သင်တို့သည် အသက်ကိုရအောင် ငါ့ထံသို့ လာခြင်းငှါအလိုမရှိကြ။(ယော ၅:၃၈-၄၀) သခင်ယေရှု၏ စကားများသည် ဘာသာရေး အသိုင်းအဝိုင်းက ဘုရားသခင်ကို ယုံကြည်ကြသော်လည်း အာခံကြပုံ၏ အမှန်တရားနှင့် အနှစ်သာရတို့ကို ထုတ်ဖော်ပြလေသည်။ တပြိုင်နက်၊ ၎င်းတို့က သမ္မာကျမ်းစာနှင့် ခရစ်တော်ကြားက ဆက်နွယ်မှု၏ အနှစ်သာရအပေါ် အလင်းပြပေး လေသည်။ ဤသည်မှာ ဘုရားသခင်ကို ယုံကြည်ကြသော လူတို့အတွက် အလွန်ကြီးမားသော ကယ်တင်ခြင်းတစ်ခု ဧကန်မုချ ဖြစ်ပေသည်။ သို့သော်၊ ယနေ့ ဘာသာရေး အသိုင်းအဝိုင်းထဲတွင်၊ လူအများစုက သမ္မာကျမ်းစာကို မျက်စိစုံမှိတ်ပြီး ယုံကြည်ကိုးကွယ်ကာ သက်သေခံကြဆဲဖြစ်ပြီး ယင်းကို ခရစ်တော်နှင့် ခရစ်တော်၏ သက်သေခံချက်တို့အပေါ် ဖျာလိုလိပ် ထိပ်ပေါ်တင်ထားလျက် ရှိကြသည်။ ဤသည်မှာ အထူးသဖြင့်၊ နောက်ဆုံးသော ကာလ၌ လူ့ဇာတိခံ ခရစ်တော်ကို သူဖော်ပြသော သမ္မာတရားရှိစေကာမူ ဖာရိရှဲများကဲ့သို့ သမ္မာကျမ်းစာအရ ဆက်လက် ဝေဖန်ပြီး ရှုတ်ချကာ ပြစ်မှားစော်ကားကြသော ဘာသာရေး ခေါင်းဆောင်များ၊ သင်းအုပ်ဆရာများ နှင့် သက်ဆိုင်၍ မှန်ကန်ပေသည်။ ၎င်းတို့၏ လုပ်ဆောင်ချက်များက ခရစ်တော်ကို ဒုတိယအကြိမ် ကားစင်တင်ခြင်း တည်းဟူသော နောက်ဆုံး အဖြစ်ဆိုးဆီသို့ ဆိုက်ရောက်စေလေပြီး အချိန်ကြာမြင့်စွာကပင် ဘုရားသခင်၏ အမျက်ဒေါသကို နှိုးဆွခဲ့ လေသည်။ အကျိုးဆက်မှာ၊ အနန္တတန်ခိုးရှင် ဘုရားသခင်က “ဘုရားသခင်ကို ကားစင်တင်ကြသော သူတို့၌ အမင်္ဂလာ ရှိစေသတည်း။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဆိုးညစ်သောသူများသည် အပြစ်ဒဏ်ပေးခြင်းကို မုချခံကြရလိမ့်မည်) ဟု အစောပိုင်း၌ သတိပေးခဲ့သည့်အတွက်၊ ဆိုးရွားပေသည်။ ထို့ကြောင့်၊ လူတိုင်းက သမ္မာကျမ်းစာကို မှန်မှန်ကန်ကန် သဘောထားဖို့၊ ခရစ်တော်ကို လက်ခံဖို့၊ ဘုရားသခင်၏ လက်ခံမှုကို ရရှိရန် သူ၏ အမှုတော်ကို နာခံနိုင်ဖို့အလို့ငှာ သမ္မာကျမ်းစာနှင့် ခရစ်တော်ကြားက ဆက်နွယ်မှုအကြောင်း ရှင်းလင်းသော မိတ်သဟာယတစ်ခုပေးရန် လုံးဝ လိုအပ်ပေသည်။

............

သမ္မာကျမ်းစာနှင့် စပ်လျဉ်း၍၊ သခင်ယေရှုက၊ “ထိုကျမ်းစာပင်ငါ၏သက်သေဖြစ်၏။” ဟု တစ်ခါက မိန့်ဆိုခဲ့သည်။ ဤနေရာတွင် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို အလွန် ရှင်းလင်းပြတ်သားမှုနှင့်အတူ ပြောဆိုထားသည်။ သမ္မာကျမ်းစာသည် သူ့အကြောင်း သက်သေခံချက်များကို တစ်ပေါင်းတည်း စုစည်းထားမှု တစ်ခုမျှသာ ဖြစ်သည်။ သမ္မာကျမ်းစာမှာ ဘုရားသခင်၏ အမှုတော် ပထမ အဆင့်နှစ်ဆင့်တို့၏ စစ်မှန်သော မှတ်တမ်းတစ်ခုဖြစ်သည်ကို ကျွန်ုပ်တို့ အားလုံးနားလည်ကြသည်။ တနည်းအားဖြင့်ဆိုရသော်၊ ယင်းသည် ကောင်းကင်၊ မြေကြီးနှင့် အရာခပ်သိမ်းတို့အပြင် လူသားမျိုးနွယ်၏ ဖန်ဆင်းခြင်းပြီးနောက် လူသားမျိုးနွယ်ကို ဦးဆောင်လမ်းပြခြင်းနှင့် ကယ်တင်ခြင်းတို့ပါဝင်သော ဘုရားသခင့် အမှုတော်၏ ပထမအဆင့်နှစ်ဆင့်နှင့်ဆိုင်သော သက်သေခံချက် ဖြစ်ပေသည်။ သမ္မာကျမ်းစာကို ဖတ်ရှုခြင်းမှ၊ ဘုရားသခင်က လူသားများကို ပညတ်တော်ခေတ်တွင် အဘယ်သို့ ဦးဆောင်ခဲ့ပြီး သူ့ရှေ့မှောက်တွင် အသက်ရှင်ရန်နှင့် သူ့ကို ကိုးကွယ်ရန် ၎င်းတို့အား အဘယ်သို့ သွန်သင်ပေးခဲ့သည်ကို လူတိုင်း တွေ့မြင်နိုင်သည်။ ဘုရားသခင်က လူသားမျိုးနွယ်ကို ကျေးဇူးတော်ခေတ်တွင် အဘယ်သို့ ရွေးနှုတ်ခဲ့ပြီး ၎င်းတို့အပေါ် ငြိမ်သက်ခြင်း၊ ဝမ်းမြောက်ခြင်း နှင့် ကျေးဇူးတော်အလုံးစုံကို အပ်နှင်းလျက် ၎င်းတို့၏ အတိတ်က အပြစ်များအားလုံးအတွက် ၎င်းတို့ကို အဘယ်သို့ ခွင့်လွှတ်ခဲ့သည်ကိုလည်း ကျွန်ုပ်တို့ မြင်တွေ့နိုင်သည်။ ဘုရားသခင်သည် လူသားမျိုးနွယ်ကို ဖန်ဆင်းပြီး ၎င်းတို့ကို စဉ်ဆက်မပြတ် ဦးဆောင်လမ်းပြခဲ့သည်ကို တွေ့မြင်နိုင်ရုံသာမက ထို့နောက်တွင် ၎င်းတို့ကို သူရွေးနှုတ်ခဲ့သည်ကိုလည်း တွေ့မြင်နိုင်ပေသည်။ ထိုအချိန်အတောအတွင်း၊ ဘုရားသခင်သည် လူသားမျိုးနွယ်အတွက် ထောက်ပံ့ပေးခဲ့ပြီး ကွယ်ကာခဲ့သည်။ ထို့အပြင်၊ နောက်ဆုံးသောကာလတွင် ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် သူ၏လူတို့ကို တရားစီရင်ရန်နှင့် သန့်ရှင်းစေရန် မီးကဲ့သို့ လောင်ကျွမ်းလိမ့်မည်ကို သမ္မာကျမ်းဆိုင်ရာ ပရောဖက်ပြုချက်များမှ ကျွန်ုပ်တို့ ဖတ်ရှုရကြပေသည်။ ၎င်းင်းတို့သည် လူသားမျိုးနွယ်ကို အပြစ်တရားများအားလုံးမှ ကယ်တင်လိမ့်မည်ဖြစ်ပြီး ဘုရားသခင်ထံ ကျွနုပ်တို့ လုံးဝ လှည့်ပြန်ပြီး နောက်ဆုံးတွင် သူ၏ကောင်းကြီး မင်္ဂလာများနှင့် ကတိတော်ကို အမွေခံကြရဖို့အလို့ငှာ စာတန်၏ အမှောင်စွမ်းအားမှ လွတ်မြောက်ဖို့ ကျွန်ုပ်တို့ကို ကူညီမစပါလိမ့်မည်။ ဤသည်မှာ ဘုရားသခင်က၊ “ထိုကျမ်းစာပင်ငါ၏သက်သေဖြစ်၏။” ဟု မိန့်ဆိုချိန်တွင် ဆိုလိုသောအရာဖြစ်သည်။ ထို့ကြောင့်၊ သမ္မာကျမ်းစာကို တာဝန်သိသိ ဖတ်ရှုသူတိုင်းက ဘုရားသခင်၏ အချို့သော လုပ်ဆောင်ချက်များကို တွေ့မြင်နိုင်ပြီး သူ၏ တည်ရှိမှု၊ အနန္တတန်ခိုးရှိခြင်း နှင့် ကောင်းကင်နှင့် မြေကြီးပေါ်က အရာရာတိုင်းကို သူ ဖန်ဆင်းပြီး စိုးမိုးခြယ်လှယ်ကာ အုပ်စိုးခဲ့သည့် ဉာဏ်ပညာတို့ကို အသိအမှတ်ပြုနိုင်သည်။ ထို့ကြောင့်၊ ဘုရားသခင်ကို ယုံကြည်ရာတွင်၊ ဘုရားသခင်ကို သိရှိခြင်းနှင့် မှန်ကန်သော ယုံကြည်ခြင်း လမ်းကြောင်းကို လျှောက်လှမ်းရာတို့တွင် သမ္မာကျမ်းစာသည် လူတို့အဖို့နက်နဲစွာ အဓိပ္ပါယ်ရှိလှပေသည်။ ဘုရားသခင်ကို စိတ်ရင်းအတိုင်း ယုံကြည်ပြီး သမ္မာတရားကို ချစ်သောသူ မည်သူမဆိုက သမ္မာကျမ်းစာကို ဖတ်ရှုခြင်းအားဖြင့် ဘဝ၌ ရည်မှန်းချက်နှင့် ဦးတည်ချက်တို့ကို ရှာတွေ့နိုင်ပြီး ကိုယ်တော်ကို ယုံကြည်ရန်၊ သူ့အပေါ် မှီခိုရန်၊ သူ့ကို နာခံရန် နှင့် ကိုးကွယ်ရန်တို့ကို လေ့လာသင်ယူနိုင်ပေသည်။ ဤအရာများသည် ဘုရားသခင်နှင့် ဆိုင်သော သမ္မာကျမ်းစာ၏ သက်သေခံချက်၏ အကျိုး သက်ရောက်မှုများ အားလုံးဖြစ်သည်။ ဤသည်မှာ ငြင်းမရနိုင်သော အချက်တစ်ခုဖြစ်သည်။ သို့သော်၊ သခင်ယေရှုက “ကျမ်းစာအားဖြင့် ထာဝရအသက်ကိုရမည်ဟု စိတ်ထင်နှင့် သင်တို့သည် ကျမ်းစာကိုစေ့စေ့ကြည့်ရှု ကြ၏။” နှင့် “သင်တို့သည် အသက်ကိုရအောင် ငါ့ထံသို့ လာခြင်းငှါအလိုမရှိကြ။” ဟု ဆိုသောအချိန်တွင် ပို၍ပင် အရေးကြီးသော အချက်တစ်ခုကိုလည်း ဖော်ပြခဲ့ပေသည်။ ဤစကားများသည် အလွန် အရေးကြီးလှပေသည်။ ဘုရားသခင်ကို ယုံကြည်သောလူတို့သည် သမ္မာတရားနှင့် အသက်ကို ရရှိရန် ဆန္ဒရှိကြလျှင်၊ သမ္မာကျမ်းစာ၏ သက်သေခံချက်အပေါ် မှီခိုခြင်းမျှသည် မလုံလောက်ပါ၊ သမ္မာတရားနှင့် အသက်ကို ရရှိဖို့ရန် ခရစ်တော် ထံသို့လည်း လာကြရမည်ဖြစ်သည်။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် ခရစ်တော်သည်သာ သမ္မာတရားကို ဖော်ပြနိုင်ပြီး၊ လူသားမျိုးနွယ်ကို ရွေးနုတ်ကာ ကယ်တင်နိုင် သောကြောင့် ဖြစ်သည်။ ဘုရားသခင်သည် ကျွနုပ်တို့အား အသက်ကို ပေးသောသူတစ်ဦး ဖြစ်သည်။ သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုတော်ကိုမဆိုနှင့် သူ၏ တန်ခိုးအာဏာ၏ နေရာကိုပင် သမ္မာကျမ်းစာက မယူနိုင်သလို ဘုရားသခင်ကိုယ်စား လူသားတို့အပေါ် အသက်ကို မနှင်းအပ်နိုင်ပါ။ ခရစ်တော်ကို လက်ခံခြင်းနှင့် နာခံခြင်းအားဖြင့်သာ ကျွန်ုပ်တို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုတော်ကို ရရှိပြီး သမ္မာတရားနှင့် အသက်ကို ရရှိနိုင်မည်ဖြစ်သည်။ အကယ်၍ လူတို့သည် လက်တွေ့ကျသော လူ့ဇာတိခံ ဘုရားသခင်ကို လက်ခံခြင်းမရှိပဲ ကျမ်းစာကိုသာ ယုံကြည်လျှင်၊ ကျမ်းစာသည် ဘုရားသခင် မဟုတ်သောကြောင့် အသက်ကို ၎င်းတို့ ရရှိနိုင်ကြလိမ့်မည်မဟုတ်ပေ၊ ယင်းသည် ဘုရားသခင်၏ အမှုတော်အဖို့ သက်သေခံချက်မျှသာ ဖြစ်ပေသည်။ ဘုရားသခင်ကို ယုံကြည်ရာတွင်၊ လူသားမျိုးနွယ်ကို ကယ်တင်ခြင်းနှင့် သက်ဆိုင်သော သူ၏ အမှုတော်တွင် အဆင့်များရှိသည်ကို ကျွန်ုပ်တို့ သဘောပေါက်သင့် ကြသည်၊ ၎င်းတို့သည် ဘုရားသခင်ထံသို့ အမှန်တကယ် လှည့်ပြန် ကြပြီး သူ့အားဖြင့် ရယူခြင်းခံကြရဖို့အလို့ငှာ လူသားမျိုးနွယ်ကို စာတန်၏ စွမ်းအားမှ လုံးလုံးလျားလျား ကယ်တင်ဖို့ အမှုတော်၏ အဆင့်သုံးဆင့် လိုအပ်ပေသည်။ ထို့ကြောင့်၊ လူသားများ တွေ့ကြုံကြရသော ဘုရားသခင့်အမှုတော်၏ အဆင့်တိုင်းက ကိုယ်တော်၏ ကယ်တင်ခြင်း အစိတ်အပိုင်းကို ၎င်းတို့ထံ ယူဆောင် လေသည်။ သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုတော် အရှိန်အဟုန်ကို နီးကပ်စွာ လိုက်လျှောက်ခြင်းနှင့် နောက်ဆုံးသောကာလ ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ကို တွေ့ကြုံခြင်းအားဖြင့်သာ ကျွန်ုပ်တို့သည် ဘုရားသခင်၏ ပိုလျှံပြည့်ဝသော ကယ်တင်ခြင်းကို ရရှိနိုင်ပေသည်။ ဥပမာအားဖြင့်၊ ယေဟောဝါ ဘုရားသခင်အပေါ် ၎င်းတို့၏ ယုံကြည်ခြင်းတွင်၊ ဣသရေလလူတို့သည် ဘုရားသခင်၏ ကတိတော်ကို ပညတ်တော်ခေတ်အတွင်း၌သာ ခံစားနိုင်ခဲ့ကြသည်။ အကယ်၍ သခင်ယေရှု၏ ကယ်တင်ခြင်းကို ၎င်းတို့ လက်မခံခဲ့ကြလျှင်၊ သခင့်အားဖြင့် အပ်နှင်းသော ငြိမ်သက်ခြင်း၊ ဝမ်းမြောက်ခြင်းနှင့် ပေါများလှသော ကျေးဇူးတော်များကို ပျော်မွေ့ခံစားရဖို့မဆိုထားနှင့်၊ ၎င်းတို့၏ အပြစ်များပင်လျှင် ခွင့်လွှတ်ခံရနိုင်လိမ့်မည်မဟုတ်ပါ၊ ဤသည်မှာ အမှန်တရားတစ်ခုဖြစ်သည်။ လူတို့သည် ၎င်းတို့၏ အပြစ်များ ခွင့်လွှတ်ခံရဖို့အပြင်၊ ဘုရားသခင်အားဖြင့် နှင်းအပ်သော ကျေးဇူးတော်များစွာကို ခံစားဖို့ရန် သခင်ယေရှု၏ ရွေးနှုတ်ခြင်းကို လက်ခံသော်လည်း နောက်ဆုံးသော ကာလတွင် သူ၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်း အမှုတော်ကို လက်မခံလျှင်၊ ၎င်းတို့သည် သမ္မာတရား သို့မဟုတ် အသက်ကို မရရှိနိုင်သလို ၎င်းတို့၏ အသက်တာ စိတ်သဘောထားတွင်လည်း ပြောင်းလဲမှုကို ရရှိနိုင်ကြလိမ့်မည်မဟုတ်ချေ။ ဤသို့ဖြင့်၊ ၎င်းတို့သည် ဘုရားသခင်၏ ကတိတော်များကို အမွေခံရန် နှင့် ကောင်းကင်နိုင်ငံထဲသို့ ဝင်ရောက်ရန် အရည်အချင်းပြည့်မှီလိမ့်မည်မဟုတ်ပေ။ ဘုရားသခင်၏ အမှုတော် အဆင့်အသီးသီးသည် မိမိ၏ကိုယ်ပိုင် အသီးအပွင့်ကို သယ်ဆောင်ပြီး နောက်ဆုံးထက် ပိုပြီး မြင့်မားလေသည်။ ဤအဆင့်အားလုံးက အချင်းချင်း ဖြည့်စွက်ကြသည်၊ တစ်ခုတစ်လေကိုမျှ ကျော်၍မရပါ။ ၎င်းတို့သည် တဖြည်းဖြည်းနှင့် စုံလင်ခြင်းသို့ ဦးတည်သွားကြသည်။ အကယ်၍ တစ်ဦးတစ်ယောက်သည် ဘုရားသခင့် အမှုတော်၏ အဆင့်များထဲမှာ တစ်ခုကို လက်မခံခဲ့လျှင်၊ ထိုလူသည် ကိုယ်တော်၏ ကယ်တင်ခြင်းကို အားလုံးမဟုတ်ပဲ တစ်စိတ်တစ်ပိုင်းသာ ရရှိပေ လိမ့်မည်။ ဤသည်မှာလည်း အမှန်တရားတစ်ခု ဖြစ်သည်။ အကယ်၍ လူတို့သည် နောက်ဆုံးသော ကာလ၌ ခရစ်တော်ကို လက်ခံခြင်းမရှိပဲ သမ္မာကျမ်းစာကိုသာ ယုံကြည်လျှင် ၎င်းတို့သည် ဘုရားသခင်ကို အာခံပြီး သစ္စာဖောက်သော လူများဖြစ်လာကြ လိမ့်မည်။ ရလဒ်အနေဖြင့်၊ ၎င်းတို့သည် ဘုရားသခင်၏ နောက်ဆုံးသော၊ ပြည့်ဝသော ကယ်တင်ခြင်းကို ဆုံးရှုံးကြလိမ့်မည် ဖြစ်သည်။ တနည်းအားဖြင့်၊ သခင်ယေရှုကိုသာ ယုံကြည်ပြီး နောက်ဆုံးသောကာလ၌ အနန္တတန်ခိုးရှင် ဘုရားသခင်ဖြစ်သော သူ၏ ပြန်ကြွလာခြင်းအားဖြင့် ယူဆောင်လာခဲ့သော ကယ်တင်ခြင်းကို လက်မခံလျှင် ၎င်းတို့၏ ယုံကြည်ခြင်းသည် လမ်းတစ်ဝက် အရောက်တွင် ပျက်စီးလိမ့်မည်ဖြစ်ပြီး အချည်းနှီးဖြစ်လာလိမ့်မည်။ အဘယ်မျှ သနားစရာ ကောင်းလိမ့်မည်နည်း။ အဘယ်မျှ ဝမ်းနည်းစရာ ကောင်းသနည်း။ ထို့ကြောင့်၊ လူ့ဇာတိခံ ခရစ်တော်ကို လက်မခံခြင်းက အသက်ကို မရနိုင်သည့် အဖြစ်သို့ ဆိုက်ရောက်စေသည်။ သမ္မာကျမ်းစာကိုသာ ယုံကြည်ခြင်းအားဖြင့်၊ လူတို့သည် ကယ်တင်မခံရနိုင် သို့မဟုတ် အသက်ကို မရရှိနိုင်သလို ဘုရားသခင်ကို ဘယ်သောအခါမျှ သိရှိနိုင်လိမ့်မည်မဟုတ်ချေ၊ အဘယ့်ကြောင့်ဆိုသော် သမ္မာကျမ်းစာသည် ဘုရားသခင် မဟုတ်သောကြောင့် ဖြစ်သည်။ ယင်းမှာ သူ၏ သက်သေခံချက်မျှသာ ဖြစ်သည်။ ထို့ကြောင့် လူတို့သည် ခရစ်တော်ကို လက်ခံခြင်းမရှိပဲ သမ္မာကျမ်းစာကိုသာ ယုံကြည်လျှင် သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုတော်ကို ၎င်းတို့ မရရှိနိုင်ပါ။ ရလဒ်အနေဖြင့်၊ ၎င်းတို့သည် ဘုရားသခင်အားဖြင့် ကယ်တင်မခံ ရနိုင်ချေ၊ သူ့အားဖြင့် ပယ်ရှင်းခြင်းသာ ခံရလိမ့်မည်ဖြစ်သည်။ ယင်းမှာ သံသယရှိစရာမလိုအောင် သေချာလှပေသည်။ ဤသည်မှာ ကျမ်းစာဖတ်ခြင်းအားဖြင့် တွေ့မြင်နိုင်သော အချက်တစ်ခုဖြစ်သည်။ ထို့အပြင်၊ ဤသည်မှာ အဘယ်ကြောင့် ဘာသာရေးခေါင်းဆောင်များနှင့် သင်းအုပ်ဆရာများက ဘုရားသခင်ကို ယုံကြည်သော်လည်း ဘုရားသခင်ကို ဆန့်ကျင်ကြသည့် အရင်းခံအကြောင်းရင်း ဖြစ်လေ သည်။ ယင်းက ၎င်းတို့၏ ယုံကြည်မှု၌ ကျရှုံးမှုသို့ ဆိုက်ရောက် စေလေသည်။

အထက်အရပ်မှ မိတ်သဟာယပြုခြင်း မှ

အရှေ့သို့- သခင်ယေရှုသည် အနန္တတန်ခိုးရှင် ဘုရားသခင်အဖြစ် ပြန်ကြွလာနှင့်ပြီးဖြစ်သည်၊ သူသည် လူတို့ကို သန့်စင်ခြင်း ရရှိဖို့နှင့် ကယ်တင်ခံရဖို့ အခွင့်ပေးမည့် သမ္မာတရား အလုံးစုံကို ဖော်ပြပြီး၊ လက်ရှိတွင် ဘုရားအိမ်တော်မှ အစပြုသော တရားစီရင်ခြင်း အမှုတော်ကို လုပ်ဆောင်နေသည်ဟု သင်တို့ သက်သေခံကြသည်၊ သို့သော် ကျွန်ုပ်တို့ ဤအရာကို လက်မခံဝံ့ပါ။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော်၊ ဘာသာရေး သင်းအုပ်ဆရာများနှင့် အကြီးအကဲများက ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် အမှုတော်အားလုံးကို သမ္မာကျမ်းစာထဲတွင် ရေးမှတ်ထားပြီး၊ သမ္မာကျမ်းစာ ပြင်ပတွင် ဘုရားသခင်၏ အခြားသော နှုတ်ကပတ်တော်များ သို့မဟုတ် အမှုတော် မရှိသလို၊ သမ္မာကျမ်းစာကို ဆန့်ကျင်သည့် သို့မဟုတ် ကျော်လွန်သည့်အရာတိုင်းသည် မိစ္ဆာအယူဝါဒဖြစ်သည်ဟု ကျွန်ုပ်တို့ကို သွန်သင်ကြသောကြောင့် ဖြစ်သည်။ ဤကိစ္စရပ်အပေါ် ပိုင်းခြားသိမြင်မှု ကျွန်ုပ်တို့ မရှိပါ။ ကျွန်ုပ်တို့အတွက် ထိုအရာကို ရှင်းပြပေးနိုင်ပါမည်လား။
နောက်တစ်ခုသို့- သမ္မာကျမ်းစာသည် ဘုရားသခင်၏အမှုတော်ကို သက်သေခံချက်ဖြစ်၏၊ သခင့်ကို ယုံကြည်သူများသည် ဘုရားသခင်က ကောင်းကင်၊ မြေကြီးနှင့် အရာခပ်သိမ်းတို့ကို ဘုရားသခင် ဖန်ဆင်းခဲ့သည်ကို သတိပြုလာကြပြီး ဘုရားသခင်၏ အံ့ဖွယ် လုပ်ဆောင်ချက်များ၊ သူ၏ ကြီးမြတ်မှုနှင့် အနန္တတန်ခိုရှိခြင်းတို့ကို မြင်နိုင်ကြသည်မှာ သမ္မာကျမ်းစာ ဖတ်ရှုခြင်းမှတဆင့်သာ ဖြစ်သည်။ သမ္မာကျမ်းစာတွင် ဘုရားသခင်၏ နှုတ်ကပတ်တော်များစွာအပြင် လူသား၏ အတွေ့အကြုံ သက်သေခံချက်များလည်း ပါရှိပါသည်၊ ၎င်းတို့က လူတို့၏ အသက်တာများအတွက် အာဟာရအပြင် ကြီးမားသည့် စိတ်ဓာတ်မြှင့်တင်ခြင်းကိုလည်း ပေးနိုင်သည်၊ ထို့ကြောင့် ကျွန်ုပ် ရှာဖွေချင်သည့်အရာမှာ၊ သမ္မာကျမ်းစာကို ဖတ်ခြင်းမှတဆင့် ထာဝရအသက်ကို ကျွန်ုပ်တို့ အမှန်တကယ် ရရှိနိုင်ပါသလား။ သမ္မာကျမ်းစာထဲတွင် ထာဝရအသက်လမ်း မရှိသည်မှာ ဖြစ်နိုင်ပါသလား။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

သမ္မာကျမ်းစာသည် ဘုရားသခင်၏အမှုတော်ကို သက်သေခံချက်ဖြစ်၏၊ သခင့်ကို ယုံကြည်သူများသည် ဘုရားသခင်က ကောင်းကင်၊ မြေကြီးနှင့် အရာခပ်သိမ်းတို့ကို ဘုရားသခင် ဖန်ဆင်းခဲ့သည်ကို သတိပြုလာကြပြီး ဘုရားသခင်၏ အံ့ဖွယ် လုပ်ဆောင်ချက်များ၊ သူ၏ ကြီးမြတ်မှုနှင့် အနန္တတန်ခိုရှိခြင်းတို့ကို မြင်နိုင်ကြသည်မှာ သမ္မာကျမ်းစာ ဖတ်ရှုခြင်းမှတဆင့်သာ ဖြစ်သည်။ သမ္မာကျမ်းစာတွင် ဘုရားသခင်၏ နှုတ်ကပတ်တော်များစွာအပြင် လူသား၏ အတွေ့အကြုံ သက်သေခံချက်များလည်း ပါရှိပါသည်၊ ၎င်းတို့က လူတို့၏ အသက်တာများအတွက် အာဟာရအပြင် ကြီးမားသည့် စိတ်ဓာတ်မြှင့်တင်ခြင်းကိုလည်း ပေးနိုင်သည်၊ ထို့ကြောင့် ကျွန်ုပ် ရှာဖွေချင်သည့်အရာမှာ၊ သမ္မာကျမ်းစာကို ဖတ်ခြင်းမှတဆင့် ထာဝရအသက်ကို ကျွန်ုပ်တို့ အမှန်တကယ် ရရှိနိုင်ပါသလား။ သမ္မာကျမ်းစာထဲတွင် ထာဝရအသက်လမ်း မရှိသည်မှာ ဖြစ်နိုင်ပါသလား။

အဖြေ- သမ္မာကျမ်းစာကြောင့်သာ အရာအားလုံး၏ ဖန်ဆင်းရှင်က ဘုရားသခင်ဖြစ်ကြောင်းကို ကျွန်တော်တို့ နားလည်ရပါသည်။ ကိုယ်တော့်၏ အံ့သြဖွယ်ရာ...

ပြီးခဲ့သည့် အနှစ်နှစ်ထောင်ကြာ လူသား၏ သခင့်အပေါ် ယုံကြည်မှုသည် ကျမ်းစာပေါ် အခြေပြုခဲ့ပြီး၊ သခင်ယေရှု၏ ကြွလာခြင်းက ဓမ္မဟောင်းကျမ်းကို ငြင်းဆိုခြင်း မပြုခဲ့ပါ။ အနန္တတန်ခိုးရှင် ဘုရားသခင်က သူ၏ နောက်ဆုံးသော ကာလ အမှုတော်ကို လုပ်ဆောင်ပြီးသည့်နောက်တွင်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ကို လက်ခံကြသူတိုင်းသည် သူ၏ နှုတ်ကပတ်တော်များ ဖတ်ရှုခြင်းကို အာရုံစိုက်ကြလိမ့်မည်ဖြစ်ပြီး သမ္မာကျမ်းစာကို ဖတ်ခဲကြလိမ့်မည်။ ကျွန်ုပ် ရှာဖွေချင်သည့်အရာမှာ၊ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နောက်ဆုံးသော ကာလ အမှုတော်ကို လက်ခံပြီးသည့်နောက်တွင်၊ လူတစ်ဦး၌ ရှိသင့်သည့် သမ္မာကျမ်းစာကို မှန်ကန်သည့် ချဉ်းကပ်မှု အတိအကျမှာ အဘယ်နည်း၊ ပြီးလျှင် ယင်းကို မည်သို့ အသုံးပြုသင့်သနည်း။ ယုံကြည်ခြင်း လမ်းကြောင်းပေါ် လျှောက်လှမ်းပြီး ဘုရားသခင်၏ ကယ်တင်ခြင်းကို ရရှိဖို့ရန်အလို့ငှာ လူတစ်ဦးသည် ဘုရားသခင်၌ သူ၏ ယုံကြည်ခြင်းကို မည်သည့်အရာအပေါ် အခြေပြုသင့်သနည်း။

အဖြေ- သမ္မာကျမ်းစာသည် ဘုရားသခင့်အမှုတော် အဆင့်နှစ်ဆင့်၏ စစ်မှန်သော မှတ်တမ်းတစ်ခုဖြစ်သည်။ တနည်းအားဖြင့်ဆိုရသော်၊ ယင်းသည် ကောင်းကင်၊...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။