သခင်ယေရှုသည် အနန္တတန်ခိုးရှင် ဘုရားသခင်အဖြစ် ပြန်ကြွလာနှင့်ပြီးဖြစ်သည်၊ သူသည် လူတို့ကို သန့်စင်ခြင်း ရရှိဖို့နှင့် ကယ်တင်ခံရဖို့ အခွင့်ပေးမည့် သမ္မာတရား အလုံးစုံကို ဖော်ပြပြီး၊ လက်ရှိတွင် ဘုရားအိမ်တော်မှ အစပြုသော တရားစီရင်ခြင်း အမှုတော်ကို လုပ်ဆောင်နေသည်ဟု သင်တို့ သက်သေခံကြသည်၊ သို့သော် ကျွန်ုပ်တို့ ဤအရာကို လက်မခံဝံ့ပါ။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော်၊ ဘာသာရေး သင်းအုပ်ဆရာများနှင့် အကြီးအကဲများက ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် အမှုတော်အားလုံးကို သမ္မာကျမ်းစာထဲတွင် ရေးမှတ်ထားပြီး၊ သမ္မာကျမ်းစာ ပြင်ပတွင် ဘုရားသခင်၏ အခြားသော နှုတ်ကပတ်တော်များ သို့မဟုတ် အမှုတော် မရှိသလို၊ သမ္မာကျမ်းစာကို ဆန့်ကျင်သည့် သို့မဟုတ် ကျော်လွန်သည့်အရာတိုင်းသည် မိစ္ဆာအယူဝါဒဖြစ်သည်ဟု ကျွန်ုပ်တို့ကို သွန်သင်ကြသောကြောင့် ဖြစ်သည်။ ဤကိစ္စရပ်အပေါ် ပိုင်းခြားသိမြင်မှု ကျွန်ုပ်တို့ မရှိပါ။ ကျွန်ုပ်တို့အတွက် ထိုအရာကို ရှင်းပြပေးနိုင်ပါမည်လား။

18.11.2021

အဖြေ-

ဘာသာရေး အသိုင်းအဝိုင်းမှ ဤသို့သော အမြင်မျိုးသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များထဲတွင် ခိုင်လုံသော အထောက်အထား ရှိပါသလား။ ဘုရားသခင်၏ နှုတ်ကပတ်တော်များ ထဲတွင် ယင်းသည် ခိုင်လုံသော အထောက်အထား မရှိပါ၊ ယင်းသည် သမ္မာကျမ်းစာကို အဓိပ္ပာယ်ကောက်လွဲခြင်း၏ ရလဒ်တစ်ခုအဖြစ် လုံးလုံးလျားလျား ဖြစ်လာခဲ့သည်။ သမ္မာကျမ်းစာက ဘုရားသခင့် အမှုတော်၏ ပထမအဆင့်နှစ်ဆင့်ကို သက်သေခံသည်၊ ဤသည်မှာ မှန်ပေသည်။ သို့သော်၊ သမ္မာကျမ်းစာထဲတွင် မှတ်တမ်းတင်ထားသည့် အရာတွင် သူ့အမှုတော်၏ အဆင့်နှစ်ဆင့်၌ ပြောဆိုထားသည့် ဘုရားသခင်၏ နှုတ်ကပတ်တော်များအားလုံးနှင့် သူ့အမှုတော်နှင့် စပ်လျဉ်းသော သက်သေခံချက်အားလုံး မပါဝင်ပါ။ သမ္မာကျမ်းထဲတွင် မှတ်တမ်းတင်ထားသော အရာသည် အကန့်အသတ်ရှိသည်။ သမ္မာကျမ်းပြုစုသူများ၏ ချန်လှပ်ထားခြင်းများနှင့် အငြင်းပွားမှုများ ကြောင့်၊ ပရောဖက်များ၏ အချို့သော ဟောကိန်းများနှင့် တမန်တော်များ၏ အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ မှာ အပယ်ခံခဲ့ရသည်၊ ဤသည်မှာ လက်ခံထားကြသည့် အချက်ဖြစ်ပါသည်။ သို့ဆိုလျှင်၊ သမ္မာကျမ်းစာမှအပ ဘုရားသခင်၏အမှုတော်၊ လူတို့၏ အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ တို့နှင့် စပ်ဆိုင်သော အခြားမှတ်တမ်းများ မရှိဟု အဘယ်ကြောင့် ဆိုနိုင်ရသနည်း။ ထိုပျောက်ကွယ် နေသော ပရောဖက်ပြုချက်များနှင့် တမန်တော်များ၏ သြဝါဒစာစောင်များ အားလုံးတို့သည် လူ့ဆန္ဒဖြင့် ရောနှောနေပါသလား။ သခင်ယေရှုက ဓမ္မသစ်ကျမ်းထဲတွင် မှတ်သားထားသော စကားများကိုသာ ပြောခဲ့ခြင်းမဟုတ်ပါ၊ ထိုထဲတွင် သူ၏ မိန့်မြွက်ချက်အချို့ နှင့် အမှုတော်အချို့ကို ရေးသားထားခြင်းမရှိပါ။ ဤမိန့်မြွက်ချက်များ နှင့် အမှုတော်များကို သမ္မာကျမ်းထဲတွင် မှတ်တမ်းမတင်ပဲ ရှိခဲ့သင့်သလော။ သမ္မာကျမ်းစာသည် ဘုရားသခင် ကိုယ်တော်တိုင်၏ လမ်းညွှန်မှုအောက်တွင် ပြုစုခဲ့ခြင်း မဟုတ်ပဲ သူ၏အမှုတော်ထဲရှိ လူများစွာအားဖြင့် ပူးပေါင်း ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။ မလွဲမရှောင်သာ၊ သဘောထားကွဲလွဲမှု များနှင့် ချန်လှပ်မှုများ ထွက်ပေါ်ခဲ့ပါလိမ့်မည်၊ သို့မဟုတ် ပြဿနာအချို့ ထွက်ပေါ်ခဲ့လိမ့်မည်။ ခေတ်သစ် လူတို့သည်ပင် သမ္မာကျမ်းစာနှင့် ပတ်သက်၍ ခြားနားသော အဓိပ္ပာယ် ကောက်ယူခြင်း များနှင့် အမြင်များရှိကြပေသည်။ သို့သော်၊ လူတို့သည် အချက်အလက်များကို လေးစားရမည်၊ ထို့ကြောင့် ဘုရားသခင်၏ မိန့်မြွက်ချက်များနှင့် အမှုတော်တို့သည် သမ္မာကျမ်းစာပြင်ပတွင် မရှိဟု မပြောဆိုနိုင်ချေ။ ဤအရာသည် အချက်အလက်များနှင့် မကိုက်ညီပါ။ မူလက၊ သမ္မာကျမ်းစာသည် ဓမ္မဟောင်းကျမ်းသာ ပါရှိသည်။ သခင်ယေရှုက သူ၏ ရွေးနှုတ်ခြင်းအမှုတော်ကို လုပ်ဆောင်နေစဉ် ပြောဆိုခဲ့သည့် မည်သည့်အရာမျှ ဓမ္မဟောင်းကျမ်းထဲတွင် မတွေ့ရှိနိုင်ပါ။ ဤသို့ဖြင့်၊ သခင်ယေရှု၏ ဖော်ပြချက်များနှင့် ရွေးနှုတ်သည့် အမှုတော်တို့ကို သမ္မာကျမ်းအတွင်းတွင် တွေ့မြင်နိုင် သလော သို့မဟုတ် ယင်း၏ ပြင်ပတွင် တွေ့မြင်နိုင်သလော။ လူတို့သည် တကယ့်အချက်အလက်များကို နားမလည်ကြပဲ၊ ဘုရားသခင် က သူ့အမှုတော်၏ အဆင့်တစ်ခုကို ပြီးစီးသည့် အခါတိုင်း ထို့နောက်တွင်မှ ထိုအချက်အလက်များသည် ဖြစ်တည်ကြ ပြီး၊ သမ္မာကျမ်းစာထဲတွင် ရေးသားခဲ့ကြရသည်ကို လုံးဝ မသိကြချေ။ ဘုရားသခင်၏ မိန့်မြွက်ချက်များနှင့် အမှုတော်တို့နှင့် ပတ်သက်ပြီး ကျမ်းစာပြင်ပတွင် မှတ်တမ်း မရှိဟု အငြင်းပွားရန်မှာ အတော်အတန် တစ်ဖက်သတ်ဆန်ပြီး အဓိပ္ပါယ်မဲ့လှသည်။ ဓမ္မဟောင်းကျမ်းနှင့် ဓမ္မသစ်ကျမ်း အသီးသီးသည် ဘုရားသခင်က သူ့အမှုတော်၏ အဆင့်တစ်ခုကို ပြည့်စုံစေပြီးနောက် ထုတ်လုပ်ခဲ့ခြင်းဖြစ်သည်၊ သို့သော်၊ သမ္မာကျမ်းစာ ထွက်ပေါ်ခဲ့ပြီးနောက်၊ ဘုရားသခင်က အခြားမည်သည့်အမှုကို ပြုလိမ့်မည် သို့မဟုတ် အခြား မည်သည့်စကားကို မိန့်ဆိုလိမ့်မည်ကို မည်သူမျှ မသိခဲ့ကြပါ၊ ဤသည်မှာ အမှန်တရားဖြစ်သည်။ လူသားများသည် သမ္မာကျမ်းစာကို ဤကဲ့သို့ ဘောင်ခတ်ရန် သို့မဟုတ် ယင်း၌ ရေးသားထားသည့် အရာပေါ် အခြေခံပြီး ဘုရားသခင်ကို ဘောင်ခတ်ရန် တကယ့်ကို အရည်အချင်းမရှိပါ။ ဤအချက်အပေါ်၊ ဖောက်ပြန်ပျက်ဆီးသော လူသားမျိုးနွယ် သည် အဘယ်မျှ အမှန်တကယ်ပင် မာနထောင်လွှားပြီး၊ မိမိကိုယ်ကိုမှန်သည်ဟု မှတ်ယူကာ အသိတရား မရှိ ဖြစ်လာခဲ့ကြသည်ကို ကျွန်ုပ်တို့အားလုံး ရှင်းလင်းစွာ မြင်နိုင်ပေသည်။ သမ္မာတရားနှင့် ရင်ဆိုင်ရသောအခါ၊ ၎င်းတို့သည် မဆင်မခြင် ကောက်ချက်များပင် ဆွဲဝံ့ကြလေသည်။ ဤသည်မှာ ဂျူးယဇ်ပရောဟိတ် အကြီးအကဲများ၊ ကျမ်းပြုဆရာများ နှင့် ဖာရိရှဲတို့က ဘုရားသခင်ကို အာခံရန် ကျမ်းစာကို အသုံးပြုခဲ့ချိန်တွင် ပြုမိခဲ့ကြသော အမှားကို ထပ်ခါလုပ်ခြင်းတစ်ခု ဖြစ်သည် မဟုတ်လော။ ထို့ကြောင့်၊ သမ္မာကျမ်းစာကို လုံးလုံး အခြေခံပြီး ကျွန်ုပ်တို့သည် ဘုရားသခင်ကို မယုံကြည်နိုင်သလို၊ သူ၏နောက်သို့မလိုက်နိုင်ပါ၊ သို့မဟုတ် မှန်သောလမ်းခရီးကို လုံးဝ မလေ့လာမစုံစမ်းနိုင်ပါ၊ အဘယ်ကြောင့်ဆိုသော် ယင်းကို ကိုးကားချက် တစ်ခုအနေဖြင့်သာ အသုံးပြုနိုင်သောကြောင့် ဖြစ်သည်။ အရေးကြီးဆုံးမှာ၊ ကျွန်ုပ်တို့၏ ဆုံးဖြတ်ချက်များကို သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုတော် ပါရှိခြင်း မပါရှိခြင်းနှင့် သမ္မာတရား ပါရှိခြင်း၊ မပါရှိခြင်းတို့အပေါ် အခြေခံရမည်၊ ဤအခြေခံအုတ်မြစ်သည်သာ မှန်ကန်တိကျပြီး၊ ထို့နောက်တွင်မှ မှန်ကန်သော ရွေးချယ်မှုကို ကျွန်ုပ်တို့ လုပ်ဆောင်နိုင်ကြပေသည်။ ထို့ကြောင့်၊ “သမ္မာကျမ်းစာကို ဆန့်ကျင်သော သို့မဟုတ် ကျော်လွန်သမျှသောအရာသည် အယူလွဲမှားမှုနှင့် အတွေးမှားမှု တစ်ခုဖြစ်သည်” ဆိုသော ခိုင်မာသည့်အဆိုပြုချက်မှာ အမှန်တကယ်ပင် မသင့်လျော်ချေ။ ကျေးဇူးတော်ခေတ်တွင်၊ ဂျူးယဇ်ပရောဟိတ် အကြီးအကဲများ၊ ကျမ်းပြုဆရာများနှင့် ဖာရိရှဲတို့သည် သခင်ယေရှုကို ၎င်းတို့ ရှုတ်ချရာတွင် သမ္မာကျမ်းစာအပေါ် အခြေပြုခဲ့ပြီး၊ သူ့ကို ကားတိုင်ထက် သံမှိုရိုက်ခဲ့သည်- ယင်းမှာ ဘုရားသခင်၏ စိတ်သဘောထားကို ပုန်ကန်ပြစ်မှားမိခဲ့ပြီး၊ ၎င်းတို့သည် ပြစ်ဒဏ်ပေးခံရပြီး ကျိန်ဆဲခံခဲ့ရသည့် လုပ်ဆောင်ချက်တစ်ခု ဖြစ်သည်။ ဤအရာအားလုံးသည် သမ္မာကျမ်းစာကို မျက်ကန်းယုံကြည်ခြင်းနှင့် အမြတ်တနိုးကိုးကွယ်ခြင်း၊ ခရစ်တော်ကို ငြင်းပယ်ခြင်း တို့၏ အကျိုးဆက်ဖြစ်သည်။ မေးရမည်ဆိုလျှင်၊ သခင်ယေရှု၏ ရွေးနှုတ်ခြင်းအမှုတော်သည် ဓမ္မဟောင်းကျမ်းနှင့် ကိုက်ညီခဲ့ပါသလော သို့မဟုတ် မကိုက်ညီခဲ့ပါသလော။ သခင်ယေရှုက သူ၏ ရွေးနုတ်ခြင်းအမှုတော်ကို ပြီးစီးခဲ့ပြီးနောက် နှစ်ပေါင်း နှစ်ထောင်အကြာတွင်၊ နောက်ဆုံးသောကာလ၌ တရားစီရင်ခြင်း အမှုတော်ကို လုပ်ဆောင်ဖို့ အနန္တတန်ခိုးရှင် ဘုရားသခင် ကြွလာခဲ့ပြီဖြစ်သည်။ ဤအရာသည် ဓမ္မသစ်ကျမ်းထဲက အကြောင်းအရာများနှင့် ကိုက်ညီမှု ရှိပါသလား။ ဘာသာရေး အသိုင်းအဝိုင်းများသည် ဘုရားသခင်၏ အမှုတော်ကို ဘောင်ခတ်ရန် သမ္မာကျမ်းစာကို အမြဲအသုံးပြုကြသည်၊ ဤသည်မှာ အလွန် မဖြစ်နိုင် သည့်အပြင်၊ အဓိပ္ပါယ်မဲ့လှပေသည်။ အပေါ်ယံအားဖြင့်၊ ၎င်းတို့သည် သမ္မာကျမ်းစာကို ရိုသေလေးစားပုံ ပေါ်ကြသော်လည်း၊ ၎င်းတို့ အမှန်တကယ် လုပ်ဆောင်သမျှ အရာအားလုံးမှာ ၎င်းတို့၏ ကိုယ်ပိုင်ရာထူးများကို ကာကွယ်ဖို့နှင့် ၎င်းတို့၏ ထိန်းချုပ်မှုကို ထိန်းသိမ်းဖို့ ကြိုးစားခြင်းဖြစ်ပေသည်။ ၎င်းတို့သည် သမ္မာတရားကို စစ်မှန်စွာ ရှာဖွေလိုက်စားခြင်း မရှိကြပေ၊ ၎င်းတို့ လျှောက်လှမ်းကြသည့် လမ်းကြောင်းသည် အမှန်တကယ်မှာမူ အန္တိခရစ်၏ လမ်းကြောင်း ဖြစ်သည်။ ဤအရာမှ၊ စစ်မှန်သည့်လမ်းကို အကဲဖြတ်ချင့်ချိန်ခြင်းနှင့် ဘုရားသခင်၏ အမှုတော်ကို လေ့လာခြင်းအတွက် သမ္မာကျမ်းစာကို အခြေခံတစ်ခုအဖြစ် အသုံးပြုခြင်းက မှားယွင်းသည်မှာ သိသာထင်ရှားပေသည်။ ယင်းက မှန်သောလမ်း နှင့် ဘုရားသခင်၏ အမှုတော် ဟုတ် မဟုတ် သေချာအောင်လေ့လာစိစစ်ဖို့ တိကျပြီး မှန်ကန်သည့် တစ်ခုတည်းသောနည်းလမ်းမှာ ကျွန်ုပ်တို့၏ စိတ်ပိုင်းဖြတ်ချက်ကို သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်နှင့် သမ္မာတရား ပါရှိခြင်း ရှိ၊ မရှိခြင်းအပေါ် အခြေပြုရန်ဖြစ်သည်။ ထို့ကြောင့်၊ သမ္မာကျမ်းစာအတွင်း ရှိသောအရာများမှအပ အခြားသော ဘုရားသခင်၏ မိန့်မြွက်ချက်များ သို့မဟုတ် အမှုတော် မရှိဟု ဆိုရန်မှာ မှားယွင်းပါသည်၊ ထိုသို့သော ပြောဆိုချက်မှာ အမှန်တကယ် အတွေးမှားတစ်ခု ဖြစ်သည်။

အထက်အရပ်မှ မိတ်သဟာယပြုခြင်း မှ

ဘာသာတရားထဲတွင် သင်းအုပ်ဆရာများနှင့် အကြီးအကဲများ ကြောင့် သခင့်ကို ယုံကြည်သူအားလုံးက ဘုရား၏ နှုတ်ကပတ်တော်နှင့် အမှုတော်များ အားလုံး ကျမ်းစာထဲမှာ ရှိသည်ဟု ထင်ကြသည်။ ကျမ်းစာထဲက ဘုရား၏ ကယ်တင်ခြင်း က ပြည့်စုံသည်၊ ကျမ်းစာပြင်ပမှာ ဘုရား၏ နှုတ်ကပတ်တော်နှင့် အမှုတော် မရှိပါ၊ သခင့်ကို ယုံကြည်ခြင်းကို သမ္မာကျမ်းနှင့် သမ္မာကျမ်းကို စွဲကိုင်မှုအပေါ် အခြေပြု ရမှာဖြစ်သည်၊ သမ္မာကျမ်းစာကို မစွန့်သရွေ့ သခင်ကြွလာ သည့်အခါ ကောင်းကင်နိုင်ငံထဲကို ကျွန်တော်တို့ ခေါ်ဆောင်ခြင်းခံကြရမှာ ဖြစ်သည် ဟု တွေးထင်ကြသည်။ ထိုကဲ့သို့သော အမြင်က လူများ၏ အယူအဆ၊ စိတ်ကူးများနှင့် ကိုက်ညီနိုင်သော်လည်း၊ သခင်ယေရှု၏ နှုတ်ကပတ်တော်များအပေါ် အခြေပြုထားပါသလား။ သမ္မာတရားနှင့် ကိုက်ညီသည်ဟု သင်အာမခံနိုင်ရဲ့လား။ ဘုရား၏ နှုတ်ကပတ်တော် နှင့် အမှုတော် အားလုံး ကျမ်းစာထဲတွင် မှတ်တမ်း တင်ထားပြီး၊ ကျမ်းစာပြင်ပတွင် ဘုရား၏ နှုတ်ကပတ်တော်နှင့် အမှုတော် များမရှိပါဟု သခင်ယေရှုက မည်သည့်အခါကမျှ မပြောခဲ့ပါ။ ဤသည်မှာ အမှန်ဖြစ်ပါသည်။ ကျမ်းစာကို နားလည်သည့်လူများ အားလုံးက ဘုရား၏အမှုတော် နောက်ပိုင်း နှစ်များစွာတွင် ကျမ်းစာကို လူသားမျိုးနွယ်က အတူစုစည်းခဲ့ခြင်းဖြစ်ကြောင်း သိကြ ပါသည်။ ဘုရား၏ အမှုတော်က အရင်လာပြီး၊ နောက်မှ ကျမ်းစာလာခြင်းဖြစ်သည်။ တစ်နည်းပြောရလျှင်၊ ဘုရားသခင်က သူ့အမှုတော်အဆင့်တစ်ခုကို ပြည့်စုံစေ သည့်အခါတိုင်းတွင် ဘုရား၏ အမှုတော်ကို တွေ့ကြုံခဲ့ရသူ များက ထိုအချိန်ရှိ ဘုရား၏ နှုတ်ကပတ်တော်နှင့် အမှုတော်များကို မှတ်တမ်း တင်လိုက်ကြပြီး၊ ထို မှတ်တမ်းများကို လူများက ကျမ်းစာထဲတွင် ပြုစုခဲ့ကြခြင်း ဖြစ်သည်။ စဉ်းစားကြည့်ပါ၊ မပြီးမြောက်သေးသည့် ဘုရားသခင်၏ အမှုတော်ကို ကျမ်းစာထဲတွင် မည်ကဲ့သို့ ကြိုတင် ပြုစုနိုင်မည်နည်း။ အထူးသဖြင့် နောက်ဆုံးသောကာလ ဘုရားသခင်၏ တရားစီရင်ခြင်း အမှုတော်ကို ကျမ်းစာထဲတွင် မှတ်တမ်း တင်ထားခြင်းသည် ဖြစ်နိုင်ချေမရှိပါ။ ဓမ္မသစ်နှင့် ဓမ္မဟောင်းကျမ်းများက နှစ် ၂၀၀၀ နီးပါး ကျမ်းစာ၏ တစ်စိတ် တစ်ပိုင်း ဖြစ်ခဲ့ပါသည်။ အနန္တတန်ခိုးရှင် ဘုရားသခင်က သူ့၏ နောက်ဆုံးသောကာလ တရားစီရင်ခြင်း အမှုကို အစပြုရုံသာရှိသေးသည်။ ထို့ကြောင့် နောက်ဆုံးသောကာလ ဘုရား၏ နှုတ်ကပတ်တော်နှင့် အမှုတော်ကို သမ္မာကျမ်းစာ ထဲတွင် လွန်ခဲ့သည့်နှစ် ထောင်ချီတုန်းက မှတ်တမ်းတင်ခဲ့ခြင်းမှာ ဖြစ်နိုင်ချေ မရှိပါ။ ထိုသည်မှာ အမှန်တရားတစ်ခု မဟုတ်ပါလား။ နောက်ဆုံးသောကာလတွင် အနန္တတန်ခိုးရှင် ဘုရားသခင်က နှုတ်ကပတ်တော် သန်းပေါင်းများစွာကို ဖော်ပြရင်း၊ ဘုရား၏ အိမ်တော်က အစပြုသည့် တရားစီရင်ခြင်းအမှုကို ဆောင်ရွက်ခဲ့ပြီ ဖြစ်သည်။ ဤနှုတ်ကပတ်တော်များအားလုံးက လူသားမျိုးနွယ်ကို သန့်စင် ကယ်တင်ပေးသည့် သမ္မာတရား ဖြစ်ပြီး နောက်ဆုံးသောကာလ၏ ခရစ်တော်ယူ ဆောင်ခဲ့သော ထာဝရအသက် လမ်းခရီး ဖြစ်သည်။ ယင်းတို့ကို နိုင်ငံတော်ခေတ်၏ ကျမ်းစာဖြစ်သည့် နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ ထဲတွင် ပြုစုထားပြီး ဖြစ်သည်။ အနန္တတန်ခိုးရှင် ဘုရားသခင်ဖော်ပြခဲ့သည့် သမ္မာတရားများကို ကျမ်းစာထဲတွင် ကြိုတင်မရေးမှတ်ခဲ့သော်လည်း၊ ၎င်းတို့က သခင်ယေရှု၏ ပရောဖက်ပြုချက်များကို လုံးဝ ပြည့်စုံစေခဲ့ကြပြီး ဖြစ်သည်၊ “သင်တို့အား ငါပြောစရာ စကားအများ ရှိသော်လည်း၊ သင်တို့သည် ယခုမခံနိုင်ကြ။ သမ္မာတရားနှင့်ပြည့်စုံသော ထိုဝိညာဉ်တော်သည် ရောက်လာသောအခါ၊ သမ္မာတရားကို သင်တို့အား အကြွင်းမဲ့ သွန်သင်ပြလိမ့်မည်။ ထိုဝိညာဉ်တော်သည် ကိုယ်အလိုအလျောက်ဟောပြောမည်အဟုတ်။ ကြားသမျှတို့ကို ဟောပြောလိမ့်မည်။ နောင်လာလတ္တံ့သောအရာတို့ကိုလည်း သင်တို့အား ဖော်ပြ လိမ့်မည်။(ရှင်ယောဟန်ခရစ်ဝင် ၁၆း၁၂-၁၃)ဝိညာဉ်တော်သည် အသင်းတော်တို့အား အဘယ်သို့ မိန့်တော်မူသည်ကို၊ နားရှိသောသူ မည်သည် ကားကြားပါစေ။(ဗျာဒိတ်ကျမ် ၂း၇) အနန္တတန်ခိုးရှင် ဘုရားသခင်ဖော်ပြသည့် သမ္မာတရားက အနန္တတန်ခိုးရှင် ဘုရားသခင်ဟာ သမ္မာတရား ဝိညာဉ်တော်၏ ပြယုဂ်ဖြစ်ကြောင်း လုံးဝအတည်ပြုပါသည်။ သူက လူ့ဇာတိခံ ဘုရားသခင် ဖြစ်သည်။ နောက်ဆုံးသောကာလ သမ္မာတရား ဝိညာဉ်တော်၏ ဖော်ပြမှုများဖြစ်သည့် အနန္တတန်ခိုးရှင် ဘုရားသခင် ဖော်ပြသည့် နှုတ်ကပတ်တော်များအားလုံးက သန့်ရှင်းသော ဝိညာဉ်တော်မှ အသင်းတော်တို့အား မြွက်ဆိုသည့် နှုတ်ကပတ်တော်များ ဖြစ်သည်။ ယင်းတို့ကို ဘုရား၏ နှုတ်ကပတ်တော်များ မဟုတ်ပါဟု ကျွန်တော်တို့ ပြောရဲပါသလား။ ဤသည်ကို ကျွန်တော်တို့ ငြင်းရဲကြသေးပါသလား။ နောက်ဆုံးသော ကာလမှာ ဘုရား၏ စကားပြောခြင်းနှင့် အမှုပြုခြင်းတို့၏ စစ်မှန်မှုကို ကျွန်တော်တို့ မြင်ပါက၊ ဘုရား၏ နှုတ်ကပတ်တော်များ အားလုံးကို ကျမ်းစာထဲမှာ မှတ်တမ်းတင်ထားပြီး ကျမ်းစာပြင်ပမှာ ဘုရား၏ နှုတ်ကပတ် တော်နှင့် အမှုတော် မရှိပါဟု ကျွန်တော်တို့ ပြောကြဦးမည်လား။ ကျမ်းစာကို မည်သို့ဖွဲ့ခဲ့ကြောင်း အတွင်းဇာတ်ကြောင်းကို ကျွန်တော်တို့ နားမလည်ကြပါ။ ဘုရားက သူ့အမှုတော်၏ အဆင့်တစ်ခုစီ ကို ပြည့်စုံစေပြီးသည့်နောက်မှာမှ၊ ကျမ်းစာကို ဖွဲ့ခဲ့သည်ဆိုသည့် အချက်ကို ကျွန်တော် တို့ မသိကြသည့်တိုင် ကျမ်းစာ၏ ပြင်ပတွင်ဘုရား၏ နှုတ်ကပတ်တော်နှင့် အမှုတော်မရှိပါဟု ကျွန်တော်တို့ ထင်ရာမြင်ရာ ကောက်ချက်ချပြီး ဆုံးဖြတ်ကြသည်။ ကျွန်တော်တို့ အတော်လေး ထင်တိုင်း ကြဲပြီး အဓိပ္ပါယ်မဲ့ မနေပါလား။

ကျမ်းစာကို ဘယ်လိုဖွဲ့ခဲ့သည်ဆိုသည်နှင့် ပတ်သက်၍ အတွင်းဇာတ် ကြောင်းကို နားမလည်ပါက၊ ဘုရားသခင်ကို ယုံကြည်မှုလမ်းကြောင်းကနေ သွေဖည်ဖို့ အရမ်းလွယ်ကူနိုင်ပါသည်။ တကယ်တော့၊ ပညတ်တော်ခေတ်နှင့် ကျေးဇူးတော်ခေတ်ထဲက ဘုရား၏ အမှုတော် အဆင့်နှစ်ခုအတွင်းမှာ ဘုရားသခင် ဖော်ပြသည့် နှုတ်ကပတ်တော်များအားလုံးကို ကျမ်းစာထဲမှာ ပြည့်စုံစွာ မှတ်တမ်းမတင်ခဲ့ပါ။ ဥပမာအနေနှင့်၊ ပညတ်တော်ခေတ်တွင် သူတို့၏ ပရောဖက်ပြုချက်များကို ကျမ်းစာထဲမှာ ရေးမှတ်ခြင်းမရှိခဲ့သည့် ပရောဖက်များ ရှိခဲ့ပါသည်။ ဤသည်မှာ ညီအစ်ကို မောင်နှမ အနည်းငယ်ကသာ သိသည့်အချက်တစ်ခု ဖြစ်ပါသည်။ နောက်ပြီး ကျေးဇူးတော်ခေတ်တွင် သခင်ယေရှု ပြောခဲ့သည့် နှုတ်ကပတ်တော်များ ပို၍တောင်များခဲ့ပါသည်။ သို့သော်လည်း ကျမ်းစာထဲတွင် မှတ်တမ်းတင် ထားသည့် နှုတ်ကပတ်တော်များက နည်းပါးလွန်းပါသည်။ စဉ်းစား သာကြည့်လိုက်ပါ။ သခင်ယေရှုက ကမ္ဘာပေါ်တွင် သုံးနှစ်ခွဲ တရားဟော ခဲ့သည်။ နှုတ်ကပတ်တော်ကို နေ့တိုင်း သူ မည်မျှပြောခဲ့မည်နည်း။ တရားဒေသနာ တစ်ခုတိုင်းတွင် နှုတ်ကပတ်တော်ကို သူမည်မျှ ပြောခဲ့မည်နည်း။ ထို သုံးနှစ်ခွဲ အတွင်းတွင် သခင်ယေရှု ပြောဆိုခဲ့သည့် နှုတ်ကပတ်တော်များနှင့် တရားဒေသနာများ အများကြီးရှိခဲ့ပါသည်။ ၎င်းကို ရေတွက်နိုင်ဖို့ ဆိုသည်မှာ မဖြစ်နိုင်ပါ။ တမန်တော် ယောဟန်က၊ “ယေရှုပြုတော်မူသော အခြားအမှုအရာအများ ရှိသေး၏။ ထိုအမှုအရာရှိသမျှတို့ကို အသီးအခြားရေးထားလျှင်၊ မြေကြီးမဆံ့နိုင်အောင် ကျမ်းစာများပြားလိမ့်မည်ဟု ထင်မှတ်ခြင်းရှိ၏။” (ရှင်ယောဟန်ခရစ်ဝင် ၂၁:၂၅) ဓမ္မသစ်ခရစ်ဝင်ကျမ်း လေးကျမ်းကို ယခု ကြည့်လိုက်ကြရအောင်။ ဤကျမ်းများတွင် ရေးမှတ်ထားသည့် သခင်ယေရှု၏ နှုတ်ကပတ်တော်များက အလွန်နည်းပါးပါသည်။ ထိုသည်မှာ ရေခဲစိုင်ကြီး၏ အဖျားလေးသာ ဖြစ်သည်။ အကယ်၍ သခင်ယေရှုက သုံးနှစ်ခွဲ အတွင်းမှာ ခရစ်ဝင်ကျမ်း ၄ ကျမ်းထဲက ထိုနှုတ်ကပတ်တော်အနည်းငယ်ကိုသာ ပြောခဲ့ပါက၊ ထိုအချိန်တွင် သူ့နောက်ကို လိုက်သည့် လူများကို သူမည်ကဲ့သို့ သိမ်းပိုက်နိုင် ခဲ့မည်နည်း။ သခင်ယေရှု၏ အမှုတော်က ယုဒပြည် တစ်ခုလုံးကို မည်သို့ ကိုင်လှုပ် နိုင်ခဲ့မည်နည်း။ ထို့ကြောင့်၊ ကျမ်းစာထဲတွင် မှတ်တမ်းတင် သည့် ဘုရား၏ နှုတ်ကပတ်တော်များက အလွန် နည်းပါးသည့် အစိတ်အပိုင်းသာ ပါဝင်ပြီး၊ သူ့အမှုတော်အတွင်းမှာ ဘုရားသခင် ပြောဆိုခဲ့သည့် နှုတ်ကပတ်တော်အားလုံး မုချမပါသည်မှာ သေချာပါသည်။ ဤသည်မှာ ဘယ်သူမှ ငြင်း၍မရသည့် အချက်ပင် ဖြစ်သည်။ ဘုရားသခင်က ဖန်ဆင်းခြင်း၏ အရှင်၊ လူသားမျိုးနွယ် အသက်၏ အရင်းအမြစ်၊ ဘယ်တော့မှ မခမ်းခြောက်သည့် အသက်စမ်းရေတွင်းဖြစ်ကြောင်းကို ကျွန်မတို့အားလုံးသိပါသည်။ ဘုရား၏ ကြွယ်ဝမှုက အထောက်အပံ့အားဖြင့် မကုန်မခမ်းနိုင်ဖြစ်ပြီး၊ ကျွန်မတို့ အသုံးပြုဖို့အတွက် အမြဲရှိနေပါသည်၊ ကျမ်းစာကတော့ ဘုရားသခင်၏ အမှုတော် ပထမအဆင့်နှစ်ခု၏ မှတ်တမ်းမျှသာ ဖြစ်သည်။ ရေးမှတ်ထားသည့် ဘုရား၏ နှုတ်ကပတ်တော်ပမာဏက အလွန် နည်းပါး လွန်းပါသည်။ ၎င်းမှာ ဘုရား၏ အသက်ပင်လယ်ထဲက ရေတစ်စက်ကဲ့သို့ပင် ဖြစ်သည်။ ဘုရား၏ နှုတ်ကပတ်တော်နှင့် အမှုတော်ကို သမ္မာကျမ်းစာနှင့်သာ မည်ကဲ့သို့ ဘောင်ခတ်၍ရမည်နည်း။ ဘုရားသခင်က ကျမ်းစာထဲမှ နှုတ်ကပတ်တော် အနည်းအကျဉ်းကိုသာ ပြောနိုင်ခဲ့သည့် အလားပင် ဖြစ်သည်။ ဤသည်မှာ ဘုရားကို ဘောင်ခတ်ခြင်း၊ သေးသိမ်စေခြင်း နှင့် ပြစ်မှားစော်ကားခြင်း မဟုတ်ပါလား။ ထို့ကြောင့် ဘုရား၏ နှုတ်ကပတ်တော်နှင့် အမှုတော်ကို ကျမ်းစာတွင် ဘောင်ခတ်ခြင်းနှင့် ကျမ်းစာပြင်ပတွင် ဘုရား၏ နှုတ်ကပတ်တော်နှင့် အမှုတော်မရှိဟု တွေးခြင်းက ကြီးမားသော အမှားတစ်ခုသာ ဖြစ်သည်။

အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော် ကျမ်းပိုဒ် အနည်းငယ်ကို ဖတ်ကြည့်ကြပါစို့။ ပြီးလျှင် ဤသမ္မာတရား၏ ရှုထောင့်ကို ကျွန်မတို့ ပို၍ပင် ရှင်းသွားမည် ဖြစ်သည်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “သမ္မာကျမ်းစာထဲတွင် မှတ်သားထားသည့် အရာများသည် အကန့်အသတ်ရှိ၏။ ၎င်းတို့သည် ဘုရားသခင်၏ လုပ်ဆောင်မှုကို အလုံးစုံ ကိုယ်စားမပြုနိုင်ပေ။ ခရစ်ဝင်ကျမ်း လေးကျမ်းသည် ယေရှုက သင်္ဘောသဖန်းပင်ကို ကျိန်ဆိုခြင်း၊ ပေတရုက သခင်ကို သုံးကြိမ်တိုင်အောင် ငြင်းပယ်ခြင်း၊ သူ၏ လက်ဝါးကားတိုင်ပေါ် အသေခံခြင်းနှင့် ရှင်ပြန်ထမြောက်ခြင်း ပြီးနောက် နောက်လိုက် တပည့်တော်များရှေ့တွင် ယေရှု၏ ကိုယ်ထင်ပြခြင်း၊ အစာရှောင်ခြင်းအကြောင်း သွန်သင်မှု၊ ဆုတောင်းခြင်းအကြောင်း သွန်သင်မှု၊ ကွာရှင်းခြင်းအကြောင်း သွန်သင်မှု၊ ယေရှု၏မွေးဖွားခြင်းနှင့် ဆွေစဉ်မျိုးဆက်စာရင်း၊ တပည့်တော်များကို ယေရှုခန့်အပ်ခြင်း စသည့် ဖြစ်ပျက်မှုများကို အရေအတွက် ကန့်သတ်ချက်ဖြင့် ရေးထားသော အခန်းကြီးများ အားလုံး တစ်ရာထက် လျော့နည်းလေသည်။ သို့သော်၊ ယနေ့ အမှုကို ယင်းတို့နှင့် နှိုင်းယှဉ်လျက်ပင် လူသားသည် ယင်းတို့ကို ရတနာများကဲ့သို့ တန်ဖိုးထားကြသည်။ ယေရှုသည် မွေးဖွားလာသည့် အချိန်မှစ၍ များစွာသော အလုပ်ကို လုပ်ဆောင်ခဲ့သည်ဟုပင် သူတို့ ယုံကြည်ကြသည်။ ဘုရားသခင်က ဤမျှသာ လုပ်နိုင်စွမ်းရှိပြီး နောက်ထပ် ဘာမျှမလုပ်တော့သည့်အလား၊ ယေရှုက သူ၏ဘဝတွင် လုပ်ခဲ့သည့် အလုပ်အားလုံးမှာ ထိုမျှသာဖြစ်သည်ဟုပင် ၎င်းတို့ ယုံကြည်ကြလေသည်။ ဤသည်မှာ ရယ်စရာ မကောင်းသလော။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လူ့ဇာတိခံယူခြင်း၏ နက်နဲရာအချက် (၁))

သင်က ပညတ်တော်ခေတ်၏ အလုပ်ကို ကြည့်လိုပြီး၊ ဣသရေလအမျိုးသားများ ယေဟောဝါ၏ လမ်းခရီးကို မည်သို့ လိုက်နာခဲ့ကြကြောင်းကို ကြည့်လိုလျှင်၊ သင်သည် ဓမ္မဟောင်းကျမ်းကို ဖတ်ရှုရမည်။ သင်သည် ကျေးဇူးတော်ခေတ်၏ အလုပ်ကို နားလည်လိုလျှင်၊ ဓမ္မသစ်ကျမ်းကို ဖတ်ရှုရမည်။ သို့သော်လည်း နောက်ဆုံးသောကာလ၏ အမှုကို သင် မည်သို့ မြင်သနည်း။ သင်သည် ယနေ့၏ဘုရားသခင်၏ ဦးဆောင်မှုကို လက်ခံလျက် ယနေ့၏အမှုတော်ထဲကို ဝင်ရောက်ကြရမည်။ အဘယ်ကြောင့်ဆိုသော် ယင်းသည် အမှုသစ်ဖြစ်ပြီး၊ မည်သူမျှ ယခင်က သမ္မာကျမ်းစာထဲတွင် မှတ်တမ်းတင် မထားခဲ့သောကြောင့် ဖြစ်သည်။...ယနေ့၏အမှုတော်သည် လူသားတို့ မည်သည့်အခါကမျှ မလျှောက်ဖူးသေးသည့် လမ်းကြောင်းဖြစ်ပြီး မည်သူကမှ မမြင်ဖူးသည့် လမ်းခရီးဖြစ်သည်။ ယင်းသည် ယခင် မည်သည့်အခါမျှ မလုပ်ခဲ့ဖူးသည့် အမှုတော်ဖြစ်သည်၊ ယင်းသည် ကမ္ဘာကြီးပေါ်က ဘုရားသခင်၏ နောက်ဆုံးအမှုတော် ဖြစ်သည်။...မည်သူသည် ယနေ့အမှု၏ တစ်ချက်ချင်းစီကို မည်သည့် အရာကိုမျှ ထိန်ချန်မထားဘဲ၊ ကြိုတင်ပြီး မှတ်တမ်းတင်ပေးနိုင်ခဲ့မည်နည်း။ မည်သူကများ ဟောင်းနွမ်းလှသည့် ထိုစာအုပ်ထဲ၌ ယခုကဲ့သို့ ပိုမို ကြီးမြတ်ပြီး ပို၍ ဉာဏ်ပညာရှိကာ၊ အစဉ်အလာကို အာခံသည့် အမှုကို မှတ်တမ်းတင်ပေးနိုင်ခဲ့မည်နည်း။ ယနေ့အမှုသည် သမိုင်းမဟုတ်ပေ၊ သို့ဖြစ်၍ သင်က ယနေ့၏လမ်းကြောင်း အသစ်အတိုင်း လျှောက်သွားချင်ပါက၊ သင်သည် သမ္မာကျမ်းစာမှ သွေဖည်ရမည်ဖြစ်သည်၊ သင်သည် သမ္မာကျမ်းစာထဲက အနာဂတ္တိကျမ်း စာအုပ်များ သို့မဟုတ် သမိုင်းကို ကျော်လွန်ပြီးသွားရမည်။ သို့ဖြစ်မှသာ သင်သည် လမ်းကြောင်းအသစ်ကို မှန်ကန်စွာ လျှောက်နိုင်မည် ဖြစ်သည်၊ ထို့အပြင် ထိုအခါကျမှသာ သင်သည် လောကသစ်နှင့် အမှုသစ်ထဲကို ဝင်ရောက်နိုင်မည် ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သမ္မာကျမ်းစာနှင့် ပတ်သက်၍ (၁))

အမှန်စင်စစ် ပိုကြီးမြတ်သည်က မည်သည့်အရာနည်း- ဘုရားသခင်လော၊ သမ္မာကျမ်းစာလော။ ဘုရားသခင်သည် မည်သည့်အတွက်ကြောင့် သမ္မာကျမ်းစာနှင့်အညီ အမှုပြုရမည်နည်း။ ဘုရားသခင်သည် သမ္မာကျမ်းစာကို ကျော်လွန်ခွင့် မရှိခြင်းကြောင့်များ ဖြစ်နိုင်သလော။ ဘုရားသခင်သည် သမ္မာကျမ်းစာမှ သွေဖည်လျက် အခြားအမှုကို မပြုနိုင်ပေဘူးလော။ ယေရှုနှင့် သူ၏ တပည့်များက ဥပုသ်နေ့ကို မစောင့်ထိန်းခဲ့ကြသည်မှာ အဘယ့်ကြောင့်နည်း။ ယေရှုသည် ဥပုသ်နေ့ကို စောင့်ထိန်းလျက် ဓမ္မဟောင်းကျမ်းလာ ပညတ်များကို လက်တွေ့လုပ်ဆောင်ခဲ့မည် ဆိုပါက၊ သူလာပြီးနောက် ယေရှုသည် ဥပုသ်နေ့ကို မစောင့်ထိန်းခဲ့ဘဲနှင့် ယင်းအစား ခြေကိုဆေးကြောခြင်း၊ ခေါင်းကိုဖုံးအုပ်ခြင်း၊ မုန့်ကိုချိုးဖဲ့ခြင်းနှင့် စပျစ်ရည်ကို သောက်သုံးခြင်း ပြုလုပ်ခဲ့သည်မှာ အဘယ်ကြောင့်နည်း။ ထိုအချက်များ အားလုံးသည် ဓမ္မဟောင်းကျမ်းလာ ပညတ်များ၌ ကင်းမဲ့နေသည် မဟုတ်လော။ ယေရှုက ဓမ္မဟောင်းကျမ်းကို လေးစားခဲ့သည်ဆိုလျှင်၊ သူသည် ထိုအယူဝါဒများကို ချိုးဖောက်ခဲ့သည်မှာ အဘယ်ကြောင့်နည်း။ ဦးစွာလာသည်မှာ ဘုရားသခင်လော၊ သမ္မာကျမ်းစာလော ဆိုသည်ကို သင် သိသင့်သည်။ ဥပုသ်နေ့၏ သခင်ဖြစ်လျက်၊ သူသည် သမ္မာကျမ်းစာ၏ သခင်ပါ မဖြစ်နိုင်လော။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သမ္မာကျမ်းစာနှင့် ပတ်သက်၍ (၁))

ဤနေရာတွင် ငါ ရှင်းပြရန် ဆန္ဒရှိသည့် အချက်မှာ ဤသို့ဖြစ်သည်- ဘုရားသခင်၏ ဖြစ်ခြင်းနှင့် အရာအားလုံးသည် ထာဝရ မကုန်ခမ်းနိုင်သကဲ့သို့ အဆုံးမရှိဖြစ်သည်။ ဘုရားသခင်သည် အသက်နှင့် အရာခပ်သိမ်း၏ အရင်းအမြစ် ဖြစ်သည်။ သူ့ကို မည်သည့် ဖန်ဆင်းခံသတ္တဝါကမျှ နားမလည်နိုင်ပေ။ နောက်ဆုံးအနေနှင့်၊ အယောက်တိုင်းကို ငါ ဆက်လက်သတိပေးရမည်။ ဘုရားသခင်အား စာအုပ်များ၊ စကားလုံးများ၊ သို့မဟုတ် သူ၏ အတိတ်က မိန့်မြွက်ချက်များဖြင့် နောက်တစ်ဖန် ဘောင်မခတ်နှင့်။ ဘုရားသခင့်အမှု၏ ထူးခြားသော ပင်ကိုလက္ခဏာအတွက် စကားလုံးတစ်လုံးသာ ရှိသည်- အသစ်ဟူ၍ ဖြစ်၏။ သူသည် လမ်းဟောင်းများကို လျှောက်ရန် သို့မဟုတ် သူ၏ အမှု တစ်ကျော့ပြန်ရန် မနှစ်သက်ပေ။ ထို့အပြင် သူသည် လူတို့အား သူ့ကို နယ်ပယ်တစ်ခုအတွင်း ဘောင်ခတ်ခြင်းအားဖြင့် မကိုးကွယ်စေချင်ပေ။ ဤသည်မှာ ဘုရားသခင်၏ စိတ်သဘောထားဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ နိဂုံးအမှာစကား)

နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ မှ

အရှေ့သို့- သမ္မာကျမ်းစာသည် သခင့်အဖို့ သက်သေဖြစ်ပြီး ယင်းသည် ကျွန်ုပ်တို့ ယုံကြည်ခြင်း၏ အခြေခံလည်း ဖြစ်သည်။ နှစ်ပေါင်းနှစ်ထောင်ကြာ၊ သခင့်ကို ယုံကြည်ပြီးသူအားလုံးသည် သမ္မာကျမ်းစာအတိုင်း ထိုသို့ လုပ်ဆောင်ကြပြီးဖြစ်သည်။ ထို့ကြောင့် သမ္မာကျမ်းစာသည် သခင့်ကို ကိုယ်စားပြုသည်၊ သခင့်ကို ယုံကြည်ဖို့ဆိုသည်မှာ သမ္မာကျမ်းစာကို ယုံကြည်ဖို့ဖြစ်ပြီး သမ္မာကျမ်းစာကို ယုံကြည်ဖို့ဆိုသည်မှာ သခင့်ကို ယုံကြည်ဖို့ဖြစ်သည်ဟု ကျွန်ုပ်တို့ ယုံကြည်သည်။ ကျွန်ုပ်တို့သည် သမ္မာကျမ်းစာမှ သွေဖည်ခဲ့မည်ဆိုပါက သခင့်ကို မည်သို့ ယုံကြည်နိုင်ကြမည်နည်း။ ကျွန်ုပ်တို့၏ သိနားလည်ခြင်းနှင့်ပတ်သက်၍ တစ်စုံတစ်ရာ မှားယွင်းသည်ဟု သင် ပြောနေခြင်း ဖြစ်ပါသလား။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

သမ္မာကျမ်းစာသည် ဘုရားသခင်၏အမှုတော်ကို သက်သေခံချက်ဖြစ်၏၊ သခင့်ကို ယုံကြည်သူများသည် ဘုရားသခင်က ကောင်းကင်၊ မြေကြီးနှင့် အရာခပ်သိမ်းတို့ကို ဘုရားသခင် ဖန်ဆင်းခဲ့သည်ကို သတိပြုလာကြပြီး ဘုရားသခင်၏ အံ့ဖွယ် လုပ်ဆောင်ချက်များ၊ သူ၏ ကြီးမြတ်မှုနှင့် အနန္တတန်ခိုရှိခြင်းတို့ကို မြင်နိုင်ကြသည်မှာ သမ္မာကျမ်းစာ ဖတ်ရှုခြင်းမှတဆင့်သာ ဖြစ်သည်။ သမ္မာကျမ်းစာတွင် ဘုရားသခင်၏ နှုတ်ကပတ်တော်များစွာအပြင် လူသား၏ အတွေ့အကြုံ သက်သေခံချက်များလည်း ပါရှိပါသည်၊ ၎င်းတို့က လူတို့၏ အသက်တာများအတွက် အာဟာရအပြင် ကြီးမားသည့် စိတ်ဓာတ်မြှင့်တင်ခြင်းကိုလည်း ပေးနိုင်သည်၊ ထို့ကြောင့် ကျွန်ုပ် ရှာဖွေချင်သည့်အရာမှာ၊ သမ္မာကျမ်းစာကို ဖတ်ခြင်းမှတဆင့် ထာဝရအသက်ကို ကျွန်ုပ်တို့ အမှန်တကယ် ရရှိနိုင်ပါသလား။ သမ္မာကျမ်းစာထဲတွင် ထာဝရအသက်လမ်း မရှိသည်မှာ ဖြစ်နိုင်ပါသလား။

အဖြေ- သမ္မာကျမ်းစာကြောင့်သာ အရာအားလုံး၏ ဖန်ဆင်းရှင်က ဘုရားသခင်ဖြစ်ကြောင်းကို ကျွန်တော်တို့ နားလည်ရပါသည်။ ကိုယ်တော့်၏ အံ့သြဖွယ်ရာ...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။