အနန္တတန်ခိုးရှင် ဘုရားသခင် ဖော်ပြသည့် နှုတ်ကပတ်တော်များသည် သမ္မာတရားဖြစ်သည်ကို ကျွန်ုပ် အသိအမှတ်ပြုသော်လည်း၊ကျွန်ုပ်၏ မိသားစုသည် တရုတ်ကွန်မြူနစ်ပါတီနှင့် ဘာသာရေး အသိုင်းအဝိုင်းက ဖြန့်သည့် မုသားများနှင့် အတွေးမှားများကို ယုံစားမိကြပြီး ဖြစ်သည်။ ၎င်းတို့သည် အနန္တတန်ခိုးရှင် ဘုရားသခင်၏ နောက်ဆုံးသော ကာလ အမှုတော်ကို စုံစမ်းစစ်ဆေးခြင်းမှ ကျွန်ုပ်ကို ရပ်တန့်ဖို့ ၎င်းတို့ တတ်နိုင်သမျှ အရာရာတိုင်းကို လုပ်ဆောင်ကြလေသည်။ ကျွန်ုပ်သည် အနန္တတန်ခိုးရှင် ဘုရားသခင်၌ ကျွန်ုပ်၏ ယုံကြည်မှုကြောင့် ကျွန်ုပ်၏ မိသားစုနှင့် စကားမများချင်ပါ၊ သို့သော် အနန္တတန်ခိုးရှင် ဘုရားသခင်၌ ကျွန်ုပ်၏ ယုံကြည်မှုကိုလည်း လက်မလျော့ချင်သကဲ့သို့ ဘုရားသခင်၏ ကယ်တင်ခြင်း၌ ကျွန်ုပ်၏ အခွင့်အရေးကိုလည်း မဆုံးရှုံးချင်ပါ။ ကျွန်ုပ်အတွက် လုပ်ဆောင်ဖို့ မှန်ကန်သည့်အရာမှာ မည်သည့်အရာ ဖြစ်သနည်း။
ကိုးကားရန် သမ္မာကျမ်းပိုဒ်များ-
“အကြင်သူသည် ငါ့ကိုချစ်သည်ထက် မိဘကိုသာ၍ချစ်၏။ ထိုသူသည် ငါနှင့်မထိုက်မတန်။ အကြင်သူ သည် ငါ့ကို ချစ်သည်ထက် သားသမီးကို သာ၍ချစ်၏။ ထိုသူသည် ငါနှင့်မထိုက်မတန်။ အကြင်သူသည် မိမိလက်ဝါးကပ်တိုင်ကို ထမ်း၍ ငါ့နောက်သို့မလိုက်၊ ထိုသူသည် ငါနှင့် မထိုက် မတန်။” (ရှင်မဿဲခရစ်ဝင် ၁၀:၃၇-၃၈)
“ဖြောင့်မတ်ခြင်းတရားကြောင့် နှောင့်ရှက်ညှဉ်းဆဲခြင်းကို ခံရသောသူတို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ ကောင်းကင်နိုင်ငံတော်သည် ထိုသူတို့၏ နိုင်ငံဖြစ်၏။” (ရှင်မဿဲခရစ်ဝင် ၅:၁၀)
ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-
အကယ်၍ ယခုတွင် ငါသည် သင်တို့ရှေ့၌ ငွေကြေးအချို့ကို ပုံပေးပြီး လွတ်လပ်စွာ ရွေးချယ်ခွင့်ပေးပါက၊ ထို့ပြင် ငါသည် သင်တို့၏ ရွေးချယ်မှုအတွက် သင်တို့ကို ပြစ်တင်ရှုတ်ချမည် မဟုတ်ပါက အများစုသည် ငွေကြေးကိုသာ ရွေးပြီး သမ္မာတရားကို ပစ်ပယ်ကြပေလိမ့်မည်။ သင်တို့ထဲက ပိုကောင်းသောလူများသည် ငွေကြေးကို မယူဘဲ သမ္မာတရားကို အင်တင်တင်နှင့် ရွေးချယ်ကြလိမ့်မည်၊ ထိုနှစ်မျိုးကြားထဲမှ လူများမှာမူ လက်တစ်ဖက်နှင့် ငွေကြေးကို ဖမ်းကိုင်လျက် ကျန်လက်တစ်ဖက်နှင့် သမ္မာတရားကို ဖမ်းကိုင်ကြလိမ့်မည်။ ဤနည်းနှင့်ဆိုပါက သင်တို့၏ ဗီဇရုပ်များသည် ပကတိအတိုင်း ရှင်းသွားလိမ့်မည် မဟုတ်လော။ သမ္မာတရားနှင့် သင်တို့သစ္စာစောင့်သိသော အရာတစ်ခုခုကို ရွေးကြစတမ်း ဆိုပါက သင်တို့အားလုံးသည် ထိုကဲ့သို့သော ရွေးချယ်မှုမျိုးကိုသာ ပြုကြလိမ့်မည်ဖြစ်ပြီး သင်တို့၏ သဘောထားသည် တစ်ပုံစံတည်း ရှိနေရစ်မည်ဖြစ်သည်။ ထိုသို့ဖြစ်သည် မဟုတ်လော။ သင်တို့ထဲ၌ အမှားနှင့် အမှန်ကြား ဗျာများနေသောသူများ များစွာရှိသည် မဟုတ်လော။ အပြုသဘောနှင့် အနုတ်သဘော၊ အဖြူနှင့် အမည်းကြားရှိ ယှဉ်ပြိုင်ပွဲများ၌ သင်တို့သည် မိသားစုနှင့် ဘုရားသခင်ကြား၊ သားသမီးများနှင့် ဘုရားသခင်ကြား၊ ငြိမ်းချမ်းခြင်းနှင့် ပြိုကွဲပျက်စီးခြင်းကြား၊ ချမ်းသာခြင်းနှင့် ဆင်းရဲခြင်းကြား၊ ဂုဏ်ဒြပ်ရှိခြင်းနှင့် ဂုဏ်ဒြပ်မဲ့ခြင်းကြား၊ ထောက်ခံမှုခံရခြင်းနှင့် ဘေးဖယ်ထားမှုခံရခြင်း အစရှိသည်တို့အကြား၌ သင်တို့ပြုခဲ့သော ရွေးချယ်မှုများကို သင်တို့ အသေအချာသိသည်။ ငြိမ်းချမ်းသော မိသားစုနှင့် အိမ်ထောင်ကွဲ မိသားစုအကြားဆိုလျှင် သင်တို့သည် တုံ့ဆိုင်းမနေဘဲ ပထမတစ်ခုကို ရွေးကြသည်၊ စည်းစိမ်ဥစ္စာနှင့် တာဝန်ဝတ္တရား ဆိုလျှင်လည်း ကမ်းခြေသို့ ပြန်ဆိုက်က လိုစိတ်ပင် မရှိဘဲ ပထမတစ်ခုကိုသာ ထပ်ရွေးကြသည်၊ စည်းစိမ်ရှိခြင်းနှင့် ဆင်းရဲမှုအကြားဆိုလျှင်လည်း ပထမတစ်ခုကိုသာ ရွေးကြသည်၊ သမီး၊ သား၊ ဇနီး၊ ယောက်ျားနှင့် ငါ၏အကြားဆိုလျှင်လည်း ပထမတစ်ခုကိုသာ ရွေးကြသည်၊ အယူအဆနှင့် သမ္မာတရား ဆိုလျှင်လည်း ပထမတစ်ခုကိုသာ ရွေးကြသည်။ သင်တို့၏ ဒုစရိုက်လုပ်ရပ်များ အားလုံးကို ရင်ဆိုင်ရပြီးသောနောက် သင်တို့အပေါ်ထားသော ငါ၏ယုံကြည်မှုမှာ လုံးဝပင် ပျောက်ဆုံးသွား၏။ သင်တို့၏စိတ်နှလုံးများသည် ပျော့ပျောင်းဖို့ တင်းခံနိုင်လွန်းကြသည်ကို ငါအလွန်အံ့သြမိသည်။ ကြည့်ရ သရွေ့ နှစ်ပေါင်းများစွာတိုင်အောင် ပေးအပ်မြှုပ်နှံမှုနှင့် လုံ့လထုတ်မှုသည် ကျောခိုင်းမှုနှင့် သင်တို့၏ စိတ်ပျက် အားလျော့ခြင်းတို့ကိုသာ ငါ့ထံယူဆောင်လာပေးခဲ့သည်။ သို့သော် တစ်ယောက်ချင်းစီ၏ရှေ့၌ ငါ၏နေ့ရက်ကို အလုံးစုံချခင်းထားပြီး ဖြစ်သည့်အတွက် သင်တို့အပေါ်ထားသော ငါ၏မျှော်လင့်ချက်များမှာ တစ်နေ့ပြီးတစ်နေ့ ပိုကြီးထွားလာ၏။ သို့သော်လည်း သင်တို့သည် အမှောင်ထုအပြင် မကောင်းမှုနှင့် သက်ဆိုင်သောအရာများကို မလျှော့တမ်း ရှာဖွေနေကြပြီး ၎င်းတို့ကို စွန့်လွှတ်ဖို့ ငြင်းဆန်ကြသည်။ ထိုသို့ဆိုလျှင် သင်တို့၏ ရလဒ်ကား အဘယ်အရာဖြစ်မည်နည်း။ ဤအကြောင်းကို သင်တို့ သေသေချာချာ တွေးကြည့်ဖူးသလော။ အကယ်၍ သင်တို့ကို ထပ်ရွေးခိုင်းပါက သင်တို့၏ရပ်တည်ချက်သည် မည်သို့ဖြစ်လိမ့်မည်နည်း။ ယခင်အတိုင်းပင် ဖြစ်ကြဦးမည်လော။ သင်တို့က ငါ့ကို စိတ်ပျက်မှုနှင့် စုတ်ချာချာ ဝမ်းနည်းမှုတို့ကို ထပ်ပေးဦးမည်လော။ သင်တို့၏ နှလုံးသားများသည် ငွေ့ငွေ့လေးသာ နွေးနေဦးမည်လော။ ငါ၏ နှလုံးသားကို နှစ်သိမ့်စေဖို့ရန်အတွက် အဘယ်အရာလုပ်ရမည်ကို သင်တို့ မသိဘဲနေဦးမည်လော။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သင်မည်သူ့ကို သစ္စာစောင့်သိသနည်း
သင့်အနေဖြင့် ယုံကြည်ခြင်းမရှိခဲ့လျှင် ဤပြစ်တင်ဆုံးမမှုမျိုး သို့မဟုတ် ဤတရားစီရင်ခြင်းမျိုးကို သင်ခံစားရမည်မဟုတ်ဟု သင်ပြောကောင်း ပြောလိမ့်မည်။ သို့သော် သင်သိသင့်သည်မှာ ယုံကြည်ခြင်းမရှိလျှင် အနန္တတန်ခိုးရှင်ထံမှ ဤပြစ်တင်ဆုံးမမှုမျိုး သို့မဟုတ် ဤပြုစုစောင့်ရှောက်မှုမျိုးကို သင်လက်ခံရရှိနိုင်လိမ့်မည် မဟုတ်သည်သာမက ဖန်ဆင်းရှင်ကို မြင်တွေ့ဖို့ အခွင့်အလမ်းကိုလည်း သင်ထာဝရ ဆုံးရှုံးလိမ့်မည် ဖြစ်သည်။ သင်သည် လူသားမျိုးနွယ်၏ မူလအစကို ဘယ်သောအခါမျှ သိလိမ့်မည်မဟုတ်သလို လူ့အသက်တာ၏ အရေးပါမှုကိုလည်း လုံးဝ နားလည်လိမ့်မည် မဟုတ်။ သင့်ကိုယ်ခန္ဓာ သေဆုံးပြီး သင်၏ဝိညာဉ်ထွက်ခွာလျှင်ပင် ဖန်ဆင်းရှင်၏ လုပ်ဆောင်မှုအားလုံးကို သင် နားလည်လိမ့်ဦးမည် မဟုတ်ပေ။ လူသားမျိုးနွယ်ကို ဖန်ဆင်းပြီးနောက် ဖန်ဆင်းရှင်သည် ကမ္ဘာမြေကြီးပေါ် ဤမျှ ကြီးမားသော အလုပ်ကို လုပ်ဆောင်တော်မူခဲ့သည်ကို သင် သာ၍ပင် သိမည်မဟုတ်ပေ။ သူဖန်ဆင်းသော လူသားမျိုးနွယ်၏ အဖွဲ့ဝင်တစ်ဦးအဖြစ် သင်သည် မသိနားမလည်စွာဖြင့် မှောင်မိုက်ထဲသို့ ဤသို့လဲကျပြီး ထာဝရ ပြစ်ဒဏ်စီရင်ခြင်းကို ခံစားလိုသလော။ သင်သည် ယနေ့ပြစ်တင်ဆုံးမှုနှင့် တရားစီရင်ခြင်းတို့မှ သင့်ကိုယ်သင် ခွဲခွာမည်ဆိုပါက၊ သင်မည့်သည့်အရာနှင့် တွေ့ဆုံမည်နည်း။ လက်ရှိတရားစီရင်ခြင်းမှ ကွဲကွာသည်နှင့်တပြိုင်နက် ဤခက်ခဲသောဘဝမှ သင်လွတ်မြောက်နိုင်လိမ့်မည်ဟု ထင်သလော။ “ဤအရပ်” ကို သင်စွန့်ခွာလျှင် သင်ကြုံတွေ့ရမည့်အရာမှာ နတ်ဆိုးပေးသည့် နာကျင်သောညှဉ်းဆဲခြင်း သို့မဟုတ် ရက်စက်သော ညှဉ်းပန်းနှိပ်စက်ခြင်းများ ဖြစ်သည်မှာ အမှန်မဟုတ်လော။ သည်းမခံနိုင်သော နေ့နှင့်ညများကို သင် ရင်ဆိုင်နိုင်သလော။ ယနေ့ ဤတရားစီရင်ခြင်းမှ သင်လွတ်မြောက်သောကြောင့် အနာဂတ်ညှဉ်းပန်းနှိပ်စက်ခြင်းကို သင်ထာဝရ ရှောင်လွှဲနိုင်သည်ဟု သင်ထင်သလော။ သင့်လမ်း၌ အဘယ်အရာ လာလိမ့်မည်နည်း။ သင်မျှော်လင့်သော ရှန်ဂရီလာ အမှန်ပင် ဖြစ်နိုင်သလော။ သင်သည် ယခုသင်ပြုနေသကဲ့သို့ လက်တွေ့ဘ၀မှ အဝေးသို့ ပြေးရုံဖြင့်သာ နောက်နောင် ထာဝရ ပြစ်တင်ဆုံးမမှုမှ သင် လွတ်မြောက်နိုင်သည်ဟု ထင်သလော။ ယနေ့ပြီးနောက် ဤအခွင့်အလမ်းမျိုးနှင့် ဤကောင်းချီးမင်္ဂလာမျိုး နောက်တဖန် သင်ရှာတွေ့နိုင်လိမ့်ဦးမည်လော။ သင့်အပေါ် ဘေးဥပဒ်ကျရောက်သောအခါ ၎င်းတို့ကို သင်ရှာတွေ့နိုင်လိမ့်မည်လော။ လူသားမျိုးနွယ်အားလုံး ချမ်းသာထဲသို့ ဝင်ရောက်သောအခါ ၎င်းတို့ကို သင်ရှာတွေ့နိုင်လိမ့်မည်လော။ သင်၏ လက်ရှိပျော်ရွှင်သောဘဝနှင့် သဟဇာတဖြစ်သော သင့်မိသားစုငယ်လေး— ၎င်းတို့က သင်၏အနာဂတ် ထာဝရ ပန်းတိုင်ကို အစားထိုးနိုင်သလော။ သင့်အနေဖြင့် စစ်မှန်သော ယုံကြည်ခြင်း ရှိလျှင်၊ သင်၏ ယုံကြည်ခြင်းအားဖြင့် ကြီးစွာ ရရှိလျှင် ထိုအရာအားလုံးသည်— အဖန်ဆင်းခံ သတ္တဝါတစ်ခုဖြစ်သော— သင်ရရှိသင့်သည့် အရာဖြစ်ပြီး ကနဦးကတည်းက သင်၌ ရှိခဲ့သင့်သော အရာလည်း ဖြစ်သည်။ သင်၏ယုံကြည်ခြင်းနှင့်ဘ၀အတွက် မည်သည့်အရာမျှ ဤသိမ်းပိုက်ခြင်းမျိုးထက် သာ၍အကျိုးမပြုပေ။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သိမ်းပိုက်ခြင်းအလုပ်၏ အတွင်းသမ္မာတရား (၁)
သမ္မာတရားအတွက် ခက်ခဲမှုကို သင်ခံစားရမည်၊ သမ္မာတရားထံ သင့်ကိုယ်သင် ပေးအပ်ရမည်၊ သမ္မာတရားအတွက် အရှက်တကွဲ ဖြစ်ခြင်းကို သင်ခံရမည်၊ ထို့နောက် သမ္မာတရားကို သင်ပိုမိုရရှိရန်အတွက် ပို၍ပင် ဒုက္ခဆင်းရဲခံရပေမည်။ ဤသည်မှာ သင်လုပ်သင့်သည့်အရာဖြစ်သည်။ ငြိမ်းချမ်းသော မိသားစုဘဝ တစ်ခုအတွက် သမ္မာတရားကို သင်လက်မလွှတ်ရ၊ တဒင်္ဂပျော်ရွှင်မှု အတွက် သင့်ဘဝ၏ ဂုဏ်သိက္ခာနှင့် သမာဓိကို အဆုံးရှုံးမခံရ။ နှစ်သက်ဖွယ်ဖြစ်ကာ ကောင်းမွန်သောအရာအားလုံးကို သင် လေ့လာလိုက်စားသင့်ပြီး၊ အသက်တာတွင် ပိုမိုအဓိပ္ပာယ် ရှိသော လမ်းကြောင်းကို သင် လိုက်စားသင့်သည်။ ထိုသို့သော အောက်တန်းကျသည့်ဘဝကို သင်နေထိုင်ပြီး မည်သည့် ရည်မှန်းချက်ကိုမျှ သင် မလိုက်စားပါက၊ သင့်ဘဝကို သင် ဖြုန်းတီးသည် မဟုတ်လော။ ထိုသို့သောဘဝမှ မည်သည့်အရာကို သင် ရရှိနိုင်သနည်း။ သမ္မာတရားတစ်ခုအတွက် ဇာတိပကတိ၏ ပျော်မွေ့မှုများ အားလုံးကို သင်စွန့်လွတ်သင့်ပြီး၊ ပျော်ရွှင်မှု အနည်းငယ်အတွက် သမ္မာတရားအားလုံးကို မလွှင့်ပစ်သင့်ပေ။ ဤကဲ့သို့သော လူများသည် သမာဓိ သို့မဟုတ် ဂုဏ်သိက္ခာ မရှိပေ။ ၎င်းတို့၏ တည်ရှိခြင်းတွင် အဓိပ္ပာယ် မရှိပေ။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ပေတရု၏ အတွေ့အကြုံများ- ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့နှင့်သက်ဆိုင်သည့် သူ၏အသိပညာ
ဘုရားသခင်၏ နှုတ်ကပတ်တော်များထဲတွင် လူတို့သည် တစ်ဦးနှင့်တစ်ဦး မည်သို့ဆက်ဆံသင့်ကြောင်းနှင့် ပတ်သက်၍ မည်သည့် အခြေခံသဘောတရားကို ဖော်ပြထားသနည်း။ ဘုရားသခင် ချစ်သောအရာကို ချစ်၍ ဘုရားသခင် မုန်းသောအရာကို မုန်းလော့။ တစ်နည်းဆိုသော် သမ္မာတရားကို အမှန်တကယ် လေ့လာလိုက်စားပြီး ဘုရားသခင်၏အလိုတော်ကို လုပ်ဆောင်သည့် ဘုရားသခင်ချစ်သော လူများသည် သင်ချစ်သင့်သောသူများ စင်စစ်ဖြစ်သည်။ ဘုရားသခင်၏ အလိုတော်ကို မဆောင်သောသူ၊ ဘုရားသခင်ကို မုန်းတီးသောသူ၊ သူ့ကို မနာခံသောသူနှင့် ဘုရားသခင်က ရွံမုန်းသောသူများမှာ ငါတို့လည်း ရွံမုန်းပြီး ငြင်းပယ်သင့်သောသူများ ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်၏ နှုတ်ကပတ်တော်က တောင်းဆိုသော အရာဖြစ်သည်။ သင်၏ မိဘများက ဘုရားသခင်ကို မယုံကြည်ပါက၊ သူ့ကို ၎င်းတို့ မုန်းကြပေသည်။ သူ့ကို ၎င်းတို့ မုန်းပါက၊ ဘုရားသခင်သည် ၎င်းတို့ကို သေချာပေါက် စက်ဆုပ်သည်။ ထို့ကြောင့်၊ သင်၏ မိဘများကို မုန်းရန် သင့်ကို ပြောပါက၊ သင် လုပ်ဆောင်နိုင်မည်လော။ ၎င်းတို့သည် ဘုရားသခင်ကို ခုခံကာ ပုတ်ခတ်ဝေဖန်ပါက၊ ၎င်းတို့သည် ဘုရားသခင် မုန်းကာ ကျိန်သော လူများ သေချာပေါက် ဖြစ်ကြပေသည်။ ထိုသို့သော အခြေအနေများအောက်တွင်၊ သင်၏ မိဘများက ဘုရားသခင်၌ သင်၏ ယုံကြည်ခြင်းအား နှောင့်ယှက်သည်ဖြစ်စေ၊ မနှောင့်ယှက်သည်ဖြစ်စေ၊ သင်သည် ၎င်းတို့ကို မည်သို့ ဆက်ဆံသင့်သနည်း။ ကျေးဇူးတော်ခေတ်အတွင်း တစ်ချိန်က သခင်ယေရှု ပြောခဲ့သည်မှာ “ကိုယ်တော်က ငါ့အမိ၊ ငါ့ညီကား အဘယ်သူနည်းဟု မေးတော်မူ၏။...ကောင်းကင်ဘုံ၌ ရှိတော်မူသော ငါ့အဘ၏အလိုတော်ကို ဆောင်သောသူသည် ငါ့ညီ၊ ငါ့နှမ၊ ငါ့အမိ ဖြစ်သတည်းဟု မိန့်တော်မူ၏” ထိုမြွက်ဟချက်သည် ယခင်ကျေးဇူးတော်ခေတ်အတွင်း၌ ရှိနှင့်ပြီးဖြစ်ကာ ယခုဆိုလျှင် ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် ပို၍ပင် ဆီလျော်နေသည်။ “ဘုရားသခင် ချစ်မြတ်နိုးရာများကို ချစ်မြတ်နိုးပြီး၊ ကိုယ်တော် ရွံမုန်းသောအရာများကို ရွံမုန်းလော့။” ယင်းနှုတ်ကပတ်တော်များသည် တိုတိုနှင့်လိုရင်းကိုပြောခြင်း ဖြစ်သော်လည်း လူများသည် ၎င်း၏စစ်မှန်သော အဓိပ္ပါယ်ကို နားလည်နိုင်စွမ်း မရှိတတ်ကြပေ။
—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ မိမိ၏ကိုယ်ပိုင်လွဲမှားသောအမြင်များကို သတိပြုခြင်းဖြင့်သာ အမှန်တကယ် ပြောင်းလဲနိုင်သည်
ချစ်ခြင်းနှင့် မုန်းခြင်းအပေါ် ယောဘ၏ ခွဲခြားမှု
ယောဘ၏ လူ့သဘာဝနှင့်သက်ဆိုင်သည့် အခြားဖက်ခြမ်းကို သူနှင့် သူ၏ဇနီးအကြား ဤအပြန်အလှန်ပြောဆိုမှုတွင် ပြထားပေသည်- “ထိုအခါမယားက၊ သင်သည် ဖြောင့်မတ်သော တရားကို စွဲလမ်းသေးသလော။ ဘုရားသခင်ကို စွန့်ပယ်၍ သေလော့ဟုဆို၏။ ယောဘကလည်း၊ မိန်းမမိုက်ပြောတတ်သကဲ့သို့ သင်သည်ပြော၏။ အဘယ်သို့နည်း။ ငါတို့သည် ဘုရားသခင်၏ လက်တော်မှ သုခချမ်းသာကို ခံယူသည်ဖြစ်၍၊ ဒုက္ခဆင်းရဲကို မခံမယူရာသလောဟုဆို၏။” (ယောဘ ၂:၉-၁၀) ယောဘ ခံစားနေရသော ညှဉ်းဆဲမှုကို မြင်တွေ့ရလျက်၊ သူ၏ဇနီးက ယောဘအား သူ၏ ညှဉ်းဆဲမှုထဲမှ လွတ်မြောက်ရန် ကူညီဖို့ အကြံဉာဏ်ပေးရန် ကြိုးစားခဲ့သည်၊ သို့သော်လည်း သူမ၏ “စေတနာများ” မှာ ယောဘ၏ လက်ခံခြင်းကို မရခဲ့ပေ။ ယင်းအစား သူမသည် ယေဟောဝါဘုရားသခင်ကို သူ၏ယုံကြည်ခြင်းနှင့် နာခံခြင်းတို့အား ငြင်းပယ်ခဲ့ပြီး၊ ယေဟောဝါဘုရားသခင်၏ တည်ရှိခြင်းကိုလည်း ငြင်းပယ်ခဲ့သည့်အတွက်၊ ထိုအကြံပြုချက်များက သူ၏ဒေါသကို နှိုးဆွခဲ့လေသည်။ သူသည် အခြားသူများကို ထည့်မတွက်နှင့်ဦးတော့၊ ဘုရားသခင်ကို ဆန့်ကျင်သည့် အရာ တစ်ခုတစ်လေ သို့မဟုတ် ထိခိုက်နာကျင်စေသော အရာ တစ်ခုတစ်လေကို ပြုရန် သူ့ကိုယ်သူ မည်သည့်အခါမျှ အခွင့်မပေးခဲ့သည့်အတွက်၊ ဤသည်မှာ ယောဘအဖို့ သည်းမခံနိုင်စရာ ဖြစ်ခဲ့သည်။ ဘုရားသခင်ကို ပြစ်မှားပြီး စော်ကားသည့် စကားများကို ပြောဆိုသော အခြားသူများကို သူမြင်သည့်အခါ၊ သူသည် အဘယ်သို့ ဂရုမစိုက်ဘဲ နေနိုင်ခဲ့မည်နည်း။ ထို့ကြောင့် သူ၏ဇနီးအား “မိန်းမမိုက်” တစ်ဦးဟု ခေါ်ခဲ့ခြင်းဖြစ်သည်။ သူ၏ဇနီးအပေါ် ယောဘ၏ သဘောထားမှာ ဒေါသနှင့် အမုန်းပါသည့်အပြင် အပြစ်တင်ပြီး အပြစ်ဖော်ဆုံးမသည့် သဘောထားတစ်ခု ဖြစ်ခဲ့သည်။ ဤသည်မှာ ယောဘ၏ သဘောထားနှင့်သက်ဆိုင်သည့် အလိုအလျောက် ဖြစ်သော ဖော်ပြချက်- ချစ်ခြင်းနှင့် မုန်းခြင်းအကြား ပိုင်းခြားမှု- ဖြစ်ပြီး သူ၏ ဖြောင့်မတ်သော လူ့သဘာဝ၏ စစ်မှန်သည့် ကိုယ်စားပြုချက်တစ်ခု ဖြစ်ခဲ့သည်။ ယောဘသည် တရားမျှတသော အသိစိတ်တစ်ခု- ဆိုးယုတ်မှု လေများနှင့် လှိုင်းများကို မုန်းတီးပြီး၊ ဖြစ်နိုင်အခြေမရှိသော မိစ္ဆာဒိဌိအယူ၊ အဓိပ္ပာယ်မရှိသော အငြင်းပွားမှုများနှင့် သဘာဝမကျသည့် အဆိုများကို စက်ဆုပ်ရွံရှာစေသည့်၊ ပြစ်တင်ရှုတ်ချစေပြီး ငြင်းပယ်စေကာ သူသည် လူစုလူဝေးများ၏ ငြင်းပယ်ခံခဲ့ရပြီး သူနှင့် ရင်းနှီးခဲ့သော သူများ၏ စွန့်ခွာခြင်းကို ခံခဲ့ရချိန်၊ မိမိကိုယ်ကိုယ်၊ မှန်ကန်သော အခြေခံသဘောတရားများနှင့် ရပ်တည်ချက်တို့ကို သူ့အား ဆုပ်ကိုင်စေခဲ့သည်။
—နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင် ကိုယ်တော်တိုင် (၂)
သင်၏အတွင်း၌ ငါ၏သတ္တိကို သင် ပိုင်ဆိုင်ရမည် ဖြစ်ပြီး၊ မယုံကြည်သော ဆွေမျိုးများနှင့် ရင်ဆိုင် လာရသည့်အခါတွင် သင်သည် ကိုယ်ကျင့်တရားများ ရှိရမည်။ သို့သော် ငါ့အတွက် သင်သည် မည်သည့် အမှောင်အင်အားစုကိုမျှလည်း အလျှော့မပေးရ။ စုံလင်သော လမ်းကို လျှောက်လှမ်းရန် ငါ၏ဉာဏ်ပညာကို အမှီပြုလော့။ စာတန်၏ မည်သည့် လျှို့ဝှက်ကြံစည်ခြင်းကိုမျှ ထိန်းချုပ်ခွင့် မပေးနှင့်။ ငါ၏ရှေ့မှောက်သို့ သင်၏စိတ်နှလုံးထားရှိရာတွင် သင်၏ရှိသမျှလုံ့လစိုက်လော့၊ ပြီးလျှင် ငါသည် သင့်ကို နှစ်သိမ့်ကာ သင့်ထံ ငြိမ်သက်ခြင်းနှင့် ပျော်ရွှင်ခြင်း ယူဆောင်လာပေးမည်။ အခြားသူတို့ရှေ့တွင် ပုံစံတစ်မျိုး ဖြစ်ဖို့ မကြိုးပမ်းနှင့်။ ငါ့ကို ကျေနပ်စေခြင်းသည် သာ၍တန်ဖိုးရှိပြီး အလေးသာသည် မဟုတ်လော။ ငါ့ကို ကျေနပ်စေခြင်းဖြင့်၊ သင်သည် ထာဝရတည်ပြီး ရာသက်ပန်ဖြစ်သော ငြိမ်သက်ခြင်းနှင့် ပျော်ရွှင်ခြင်းတို့ဖြင့် သာ၍ပင် ပြည့်လိမ့်မည်မဟုတ်လော။ သင်၏ လတ်တလော ဆင်းရဲဒုက္ခသည် သင်၏ အနာဂတ် ကောင်းချီးမင်္ဂလာများ မည်မျှ ကြီးမားမည်ကိုသာ ဖော်ပြ၏။ ၎င်းတို့သည် ဖော်ပြမရနိုင်အောင် ဖြစ်သည်။ သင် ရရှိမည့် ကောင်းချီးမင်္ဂလာများ၏ ကြီးမားမှုကို သင် မသိပေ။ ယင်းကို သင့်အနေဖြင့် စိတ်ကူးယဉ်၍ပင် ရနိုင်မည်မဟုတ်။ ယနေ့တွင် ထိုအရာသည် အမှန်တကယ်ဖြစ်လာလေပြီ။ အလွန့်အလွန်ကို အမှန်တကယ် ဖြစ်ပေသည်။ ဤသည်မှာ အလှမ်းဝေးလွန်းလှသည် မဟုတ်- သင်မြင်နိုင်သလော။ ဤအရာ၏ ရှိသမျှတိုင်းသည် ငါ၏အတွင်းတွင်ရှိ၏။ ရှေ့ကလမ်းသည် တောက်ပလှပေစွတကား။ သင်၏ မျက်ရည်များကို သုတ်လော့၊ ပြီးလျှင် နာကျင်ခြင်း သို့မဟုတ် ဝမ်းနည်းခြင်းတို့ကို နောက်ထပ် မခံစားနှင့်။ အရာအားလုံးကို ငါ၏လက်များဖြင့် စီစဉ်ထားပြီး ငါ၏ ရည်မှန်းချက်မှာ သင်တို့ကို မကြာမီ အောင်မြင်သောသူများ ဖြစ်စေကာ ငါနှင့်အတူ ဘုန်းအသရေထဲသို့ သင်တို့ကို ခေါ်ဆောင်ရန်ဖြစ်သည်။ သင်၌ ဖြစ်ပျက်သမျှ အားလုံး အတွက်၊ သင့်အနေဖြင့် လိုက်လျောညီထွေစွာ ကျေးဇူးတင်ကာ ချီးမွမ်းခြင်းဖြင့် ပြည့်သင့်ပေသည်။ ယင်းက ငါ့ကို နက်ရှိုင်းသည့် စိတ်ကျေနပ်မှု ယူဆောင် လာပေးလိမ့်မည်။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ၊ အခန်း (၁၀)
ယုံကြည်သော ခင်ပွန်းသည်တစ်ဦးနှင့် မယုံကြည်သော ဇနီးတစ်ဦးအကြားတွင် မည်သည့် ဆက်နွှယ်မှုမျှ မရှိသကဲ့သို့၊ ယုံကြည်သော သားသမီးများနှင့် မယုံကြည်သော မိဘများကြားတွင် မည်သည့်ဆက်နွှယ်မှုမျှ မရှိပေ။ ဤလူနှစ်မျိုးနှစ်စားသည် လုံးဝ သဟဇာတ မဖြစ်ပေ။ ငြိမ်သက်ခြင်း ချမ်းသာထဲသို့ မဝင်ရောက်မီတွင်၊ တစ်ဦးတစ်ယောက်သည် ရုပ်ခန္ဓာပိုင်းဆိုင်ရာ ဆွေမျိုးများရှိသော်လည်း၊ ငြိမ်သက်ခြင်းချမ်းသာထဲသို့ ဝင်ရောက်ပြီးသည်နှင့်တစ်ပြိုင်နက်၊ ပြောဆိုစရာ ရုပ်ခန္ဓာပိုင်းဆိုင်ရာ ဆွေမျိုးများ ရှိတော့မည် မဟုတ်ပေ။ မိမိတို့၏ တာဝန်ကို လုပ်ဆောင်သူများသည် မလုပ်ဆောင်သူများ၏ ရန်သူများ ဖြစ်ကြသည်။ ဘုရားသခင်ကို ချစ်မြတ်နိုးသူများနှင့် ဘုရားသခင်ကို မုန်းတီးသော သူတို့သည် တစ်ဦးနှင့်တစ်ဦး ဆန့်ကျင်ကြသည်။ ငြိမ်သက်ခြင်း ချမ်းသာထဲသို့ ဝင်ရောက်မည့်သူများနှင့် ဖျက်ဆီးခြင်းခံရပြီးဖြစ်မည့်သူများသည် သဟဇာတ မဖြစ်သည့် ဖန်ဆင်းခံသတ္တဝါအမျိုးအစား နှစ်မျိုး ဖြစ်သည်။ ၎င်းတို့၏ တာဝန်များကို ဖြည့်ဆည်းသော ဖန်ဆင်းခံသတ္တဝါတို့သည် ရှင်သန်နိုင်ကြလိမ့်မည် ဖြစ်သော်လည်း၊ ၎င်းတို့၏တာဝန်များကို မဖြည့်ဆည်းသော သူတို့သည် ဖျက်ဆီးခြင်းခံရမည့် သူများ ဖြစ်ကြလိမ့်မည်။ ထို့အပြင် ဤသည်မှာ ထာဝရကာလတစ်လျှောက် တည်တံ့လိမ့်မည်။ သင်သည် ဖန်ဆင်းခံသတ္တဝါ တစ်ဦးအဖြစ် မိမိတာဝန်ကို ဖြည့်ဆည်းရန်အလို့ငှာ သင်၏ခင်ပွန်းကို ချစ်သလော။ သင်သည် ဖန်ဆင်းခံသတ္တဝါတစ်ဦးအဖြစ် မိမိတာဝန်ကို ဖြည့်ဆည်းရန်အလို့ငှာ သင်၏ဇနီးကို ချစ်သလော။ သင်သည် ဖန်ဆင်းခံသတ္တဝါတစ်ဦးအဖြစ် မိမိတာဝန်ကို ဖြည့်ဆည်းရန်အလို့ငှာ မယုံကြည်သော သင်၏မိဘများကို ဝတ္တရားကျေသလော။ ဘုရားသခင်ကို ယုံကြည်ခြင်းနှင့်ပတ်သက်၍ လူသား၏ အမြင်သည် မှန်သလော၊ သို့မဟုတ် မှားသလော။ ဘုရားသခင်ကို အဘယ်ကြောင့် သင်ယုံကြည်သနည်း။ သင်သည် အဘယ်အရာကို ရရှိရန် ဆန္ဒရှိသနည်း။ ဘုရားသခင်ကို သင် မည်သို့ချစ်သနည်း။ ဖန်ဆင်းခံသတ္တဝါများအဖြစ် မိမိတို့၏တာဝန်များကို မဖြည့်ဆည်းနိုင်သူများနှင့် အပြည့်အဝ အားထုတ်မှု မပြုနိုင်သူတို့သည် ဖျက်ဆီးခြင်း ခံကြရမည့်သူများ ဖြစ်လာကြလိမ့်မည်။ ယနေ့လူများကြားတွင် ရုပ်ပိုင်းဆိုင်ရာ ဆက်ဆံရေးများရှိကြသည့်အပြင် အသွေးအားဖြင့်လည်း နှီးနွှယ်ဆက်စပ်မှုများ ရှိကြသည်၊ သို့သော် အနာဂတ်တွင် ဤအရာအားလုံး အစိတ်စိတ်အမြွှာမြွှာ ကွဲသွားလိမ့်မည်။ ယုံကြည်သူများနှင့် မယုံကြည်သူများသည် သဟဇာတ မဖြစ်ကြပေ။ ယင်းထက် ၎င်းတို့သည် တစ်ဦးနှင့် တစ်ဦး ဆန့်ကျင်ကြသည်။ ငြိမ်သက်ခြင်း ချမ်းသာ၌ ရှိသူတို့သည် ဘုရားသခင် တစ်ဆူရှိသည်ဟု ယုံကြည်ကြပြီး ဘုရားသခင်ကို ကျိုးနွံနာခံကြသည်၊ ဘုရားသခင်ကို မနာခံသော သူတို့အားလုံးမှာမူ ဖျက်ဆီးခြင်းခံရပြီး ဖြစ်ကြလိမ့်မည်။ ကမ္ဘာမြေကြီးပေါ်တွင် မိသားစုများ တည်ရှိတော့မည် မဟုတ်။ မိဘများ သို့မဟုတ် ကလေးများ သို့မဟုတ် ခင်ပွန်းများနှင့် ဇနီးများအကြား ဆက်ဆံမှုများ မည်သို့ရှိနိုင်မည်နည်း။ ယုံကြည်မှုနှင့် မယုံကြည်မှု၏ လွန်စွာ သဟဇာတမဖြစ်ခြင်းသည် ထိုသို့သော ရုပ်ပိုင်းဆိုင်ရာ ဆက်ဆံရေးများကို လုံးဝ ဖြတ်တောက်ပြီး ဖြစ်လိမ့်မည်။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်နှင့် လူသားသည် ငြိမ်သက်ခြင်းချမ်းသာထဲသို့ အတူတကွ ဝင်ရောက်ကြလိမ့်မည်
အောက်ခြေမှတ်စု(များ)-
က။ ကမ်းခြေသို့ ပြန်ဆိုက်- ဤသည်မှာ တရုတ်ဓလေ့သုံးစကားဖြစ်ပြီး “ဒုစရိုက်လမ်းများကို ကျောခိုင်းသည်” ဟု အဓိပ္ပာယ်ရ၏။
မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။