အမျိုးမျိုးသော ဘာသာရေး ဂိုဏ်ဂဏများသည် ယခုတွင် ဘာသာရေး ဟိတ်ဟန်ကို ဝတ်ကျေတမ်းကျေ လိုက်နာကြပုံပေါ်ကြသော်လည်း၊ သင်းအုပ်ဆရာများက သမ္မာကျမ်းစာမှ စကားများနှင့် စကားရပ်များ၊ ပြီးလျှင် ဓမ္မပညာဆိုင်ရာ သဘောတရားများကို ဟောပြောခြင်းအပေါ်သာ အာရုံစိုက်ကြပြီး၊ သန့်ရှင်းသော ဝိညာဉ်တော်၏ ဉာဏ်အလင်းပေးခြင်းနှင့် အလင်းပြခြင်းတို့ လုံးဝ မရှိပါ။ ယုံကြည်သူများ၏ အသက်တာများသည် လုံးဝ အထောက်ပံ့မခံရကြပါ။ ၎င်းတို့သည် သခင့်ကို နှစ်ပေါင်းများစွာ ယုံကြည်ပြီးဖြစ်သော်လည်း၊ သမ္မာတရားကို မသိနားမလည်ကြသကဲ့သို့ သခင်၏ နှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်နိုင်စွမ်းမရှိကြချေ။ သခင်၌ ၎င်းတို့၏ ယုံကြည်ခြင်းသည် ဘာသာရေး ယုံကြည်မှုတစ်ခုသာ ဖြစ်လာပြီးဖြစ်သည်။ ယနေ့ အသင်းတော်များသည် အဘယ်ကြောင့် ဘာသာတရားအဖြစ်သို့ ကျဆင်းကြရပြီးဖြစ်သည်ကို ကျွန်ုပ် နားမလည်နိုင်ပါ။

07.12.2021

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

ဘုရားသခင်၏ အမှု အဆင့်အသီးသီးတွင်၊ လူသားနှင့်ဆိုင်သော လိုက်လျောညီထွေသည့် သတ်မှတ်ချက်များလည်း ရှိပေသည်။ သန့်ရှင်းသော ဝိညာဉ်တော်၏ ရေစီးကြောင်းအတွင်း ရှိသူအားလုံးသည် သန့်ရှင်းသော ဝိညာဉ်တော်၏ မျက်မှောက်နှင့် ဆုံးမပဲ့ပြင်ခြင်းတို့ကို ပိုင်ဆိုင်ကြပြီး၊ သန့်ရှင်းသော ဝိညာဉ်တော်၏ ရေစီးကြောင်းအတွင်း မရှိသူများသည် စာတန်၏ ကွပ်ကဲမှုအောက်တွင်ရှိကာ သန့်ရှင်းသော ဝိညာဉ်တော်၏ မည်သည့် လုပ်ဆောင်မှုမျှမရှိပေ။ သန့်ရှင်းသော ဝိညာဉ်တော်၏ ရေစီးကြောင်း၌ ရှိသူများသည် ဘုရားသခင်၏ အမှုသစ်ကို လက်ခံသူများ ဖြစ်ပြီး၊ ဘုရားသခင်၏ အမှုသစ်တွင် ပူးပေါင်းဆောင်ရွက်သူများ ဖြစ်သည်။ ဤရေစီးကြောင်းအတွင်း ရှိသူများသည် ပူးပေါင်းဆောင်ရွက်နိုင်စွမ်း မရှိကြသကဲ့သို့၊ ဤအချိန်အတောအတွင်း ဘုရားသခင် တောင်းဆိုသည့် သမ္မာတရားကို လက်တွေ့မလုပ်ဆောင်နိုင်ကြပါက၊ ၎င်းတို့သည် ဆုံးမပဲ့ပြင်ခြင်းကို ခံရလိမ့်မည်ဖြစ်ပြီး၊ အဆိုးဆုံးအနေဖြင့် သန့်ရှင်းသော ဝိညာဉ်တော်၏ စွန့်ပစ်ခြင်းကို ခံရလိမ့်မည်။ သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက်သစ်ကို လက်ခံသူများသည်၊ သန့်ရှင်းသော ဝိညာဉ်တော်၏ ရေစီးကြောင်းအတွင်းတွင် အသက်ရှင်ကြလိမ့်မည် ဖြစ်ပြီး၊ သန့်ရှင်းသော ဝိညာဉ်တော်၏ စောင့်ရှောက်ခြင်းနှင့် ကာကွယ်ခြင်းကို ရရှိကြလိမ့်မည်။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန် လိုလားနေသူများသည် သန့်ရှင်းသော ဝိညာဉ်တော်၏ အသိဉာဏ်ပွင့်လင်းစေခြင်းခံကြရကာ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန် လိုလားခြင်းမရှိသူများသည် သန့်ရှင်းသော ဝိညာဉ်တော်၏ ဆုံးမပဲ့ပြင်ခြင်းကို ခံရပြီး၊ အပြစ်ပေးခြင်းကိုပင် ခံရကောင်းခံရနိုင်သည်။ ၎င်းတို့သည် မည်သည့် လူစားမျိုးဖြစ်ပါစေ၊ သန့်ရှင်းသော ဝိညာဉ်တော်၏ ရေစီးကြောင်းအတွင်း ၎င်းတို့ရှိမှသာ၊ ဘုရားသခင်သည် သူ၏အမှုသစ် လက်ခံသည့်သူအားလုံးကို သူ၏ နာမအတွက် တာဝန်ယူလိမ့်မည်။ သူ၏နာမကို ဘုန်းထင်ရှားစေပြီး၊ သူ၏နှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်ရန် လိုလားနေသူများသည် သူ၏ကောင်းချီးမင်္ဂလာများကို ရရှိကြလိမ့်မည်။ သူ့ကိုပုန်ကန်သကဲ့သို့ သူ၏နှုတ်ကပတ်တော်များကို လက်တွေ့ မလုပ်ဆောင်သူများသည် သူ၏အပြစ်ပေးခြင်းကို ခံရလိမ့်မည်။ သန့်ရှင်းသော ဝိညာဉ်တော်၏ ရေစီးကြောင်းတွင် ရှိသည့် လူများသည် အမှုသစ်ကို လက်ခံသူများဖြစ်ပြီး၊ အမှုသစ်ကို ၎င်းတို့ လက်ခဲ့ပြီးဖြစ်သည့်အတွက်၊ ၎င်းတို့သည် ဘုရားသခင်နှင့် သင့်တင့်လျောက်ပတ်စွာ ပူးပေါင်းဆောင်ရွက်သင့်သကဲ့သို့၊ မိမိတို့၏တာဝန်ကို မထမ်းဆောင်သည့် ပုန်ကန်သူများကဲ့သို့ မပြုမူသင့်ပေ။ ဤသည်မှာ လူသားနှင့်သက်ဆိုင်သည့် ဘုရားသခင်၏ တစ်ခုတည်းသော သတ်မှတ်ချက်ဖြစ်သည်။ အမှုသစ်ကို လက်မခံသည့် လူများအတွက်မူ ထိုသို့မဟုတ်ပေ။ ၎င်းတို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏ ရေစီးကြောင်းပြင်ပတွင် ရှိကြပြီး၊ သန့်ရှင်းသော ဝိညာဉ်တော်၏ ဆုံးမပဲ့ပြင်မှုနှင့် အပြစ်တင်မှုတို့သည် သူတို့နှင့် မသက်ဆိုင်ပေ။ ဤလူများသည် တစ်နေ့တာလုံး ဇာတိပကတိအတွင်း၌ အသက်ရှင်ကြသည်၊ ၎င်းတို့၏ စိတ်အတွင်း၌ အသက်ရှင်ကြပြီး၊ ၎င်းတို့လုပ်ဆောင်သမျှအားလုံးသည် ၎င်းတို့ကိုယ်ပိုင် ဦးနှောက်များ၏ စိစစ်မှုနှင့် သုတေသနပြုခြင်းမှ ထွက်ပေါ်သည့် အယူဝါဒများအတိုင်းသာ ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်နှင့် ပူးပေါင်းဆောင်ရွက်မှု ဖြစ်ရန်မဆိုထားနှင့်၊ သန့်ရှင်းသောဝိညာဉ်တော်၏ အမှုသစ်က တောင်းဆိုသည့်အရာပင် မဟုတ်ပေ။ ဘုရားသခင်၏ အမှုသစ်ကို လက်မခံသူများသည် ဘုရားသခင်၏ မျက်မှောက် ကင်းမဲ့သည့်အပြင်၊ ဘုရားသခင်၏ ကောင်းချီးမင်္ဂလာများနှင့် ကာကွယ်ခြင်းတို့ မရှိပေ။ ၎င်းတို့၏ စကားများနှင့် လုပ်ဆောင်မှု အများစုတို့သည် သန့်ရှင်းသော ဝိညာဉ်တော် လုပ်ဆောင်ချက်၏ ယခင် သတ်မှတ်ချက်များကို ထိန်းသိမ်းထားလေသည်။ ယင်းတို့သည် အယူဝါဒ ဖြစ်ပြီး၊ သမ္မာတရား မဟုတ်ချေ။ ထိုသို့သော အယူဝါဒနှင့် စည်းမျဉ်းသည် ဤလူများ အတူတကွ စုစည်းခြင်းက ဘာသာတရားမျှသာ ဖြစ်သည်ကို သက်သေပြရန် လုံလောက်သည်။ ၎င်းတို့သည် ရွေးချယ်ခံရသူများ၊ သို့မဟုတ် ဘုရားသခင်၏ အမှု ရည်မှန်းချက်များ မဟုတ်ပေ။ ၎င်းတို့အားလုံးအလယ် စုစည်းမှုကို ဘာသာတရား၏ ကြီးကျယ်သော ညီလာခံတစ်ခုအဖြစ်သာ ခေါ်ဆိုနိုင်ပြီး၊ အသင်းတော်တစ်ခုအဖြစ် ခေါ်ဆို၍ မရနိုင်ပေ။ ဤသည်မှာ ပြောင်းလဲ၍မရသည့် အချက်တစ်ခုဖြစ်သည်။ ၎င်းတို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက်သစ် မရှိကြပေ။ ၎င်းတို့လုပ်ဆောင်သည့်အရာသည် ဘာသာရေးရနံ့များ လှိုင်နေသည့်ပုံပေါ်သည်၊ ၎င်းတို့ အသက်ရှင်နေထိုင်သည့်အရာသည် ဘာသာတရားနှင့် ပြည့်နှက်ပုံ ပေါ်လေသည်။ ၎င်းတို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏ ဆုံးမပဲ့ပြင်မှုနှင့် အသိဉာဏ်ပွင့်လင်းစေခြင်းကို ရရှိရန် သင့်လျော်ဖို့ မဆိုထားနှင့် သန့်ရှင်းသော ဝိညာဉ်တော်၏ မျက်မှောက်နှင့် လုပ်ဆောင်ချက်ကိုပင် မပိုင်ဆိုင်ကြပေ။ ဤလူအားလုံးသည် အသက်မဲ့သည့် အလောင်းကောင်များနှင့် ဝိညာဉ်ရေးရာ လုံးဝမရှိသည့် လောက်ကောင်များ ဖြစ်ကြသည်။ ၎င်းတို့သည် ဘုရားသခင်၏ အမှုအားလုံးနှင့် ဘုရားသခင်၏ လက်ရှိရည်ရွယ်ချက်များကို သိရန်မဆိုထားနှင့်၊ လူ၏ပုန်ကန်မှုနှင့် ဆန့်ကျင်မှုတို့နှင့်သက်ဆိုင်သည့် အသိပညာမရှိ၊ လူသား၏ မကောင်းမှုပြုခြင်း အားလုံးနှင့်ဆိုင်သည့် အသိပညာ မရှိကြချေ။ ၎င်းတို့အားလုံးသည် မသိနားမလည်ကြသည့် လူများ၊ ယုတ်ညံ့သော လူများ ဖြစ်ကြပြီး၊ ယုံကြည်သူများဟု ခေါ်ဆိုရန် မထိုက်တန်သော ဆန်ကုန်မြေလေးများ ဖြစ်သည်။ ၎င်းတို့ လုပ်ဆောင်သည့် မည်သည့်အရာကမျှ ဘုရားသခင်၏ အစီအစဉ်များကို ထိခိုက်နိုင်ရန် မဆိုထားနှင့်၊ ဘုရားသခင်၏ စီမံခန့်ခွဲမှုနှင့် မည်သို့မျှ မဆက်စပ်ပေ။ ၎င်းတို့၏စကားများနှင့် လုပ်ရပ်များက အလွန် စက်ဆုပ်ရွံရှာဖွယ်ကောင်းလှသည်၊ အလွန် သနားဖွယ်ကောင်းလှပြီး၊ ဖော်ပြပြောဆိုရန် တကယ်ကို မထိုက်တန်ချေ။ သန့်ရှင်းသော ဝိညာဉ်တော်၏ ရေစီးကြောင်းအတွင်း မရှိသူတို့ လုပ်ဆောင်သည့် အရာမှန်သမျှသည် သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက်သစ်နှင့် မည်သို့မျှ သက်ဆိုင်မှုမရှိချေ။ ဤအရာကြောင့် ၎င်းတို့မည်သည့်အရာကို လုပ်ဆောင်သည်ဖြစ်စေ ၎င်းတို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏ ဆုံးမပဲ့ပြင်မှု မရှိသည့်အပြင်၊ သန့်ရှင်းသော ဝိညာဉ်တော်၏ အသိဉာဏ်ပွင့်လင်းစေခြင်း မရှိကြပေ။ အကြောင်းမှာ ၎င်းတို့အားလုံးသည် သမ္မာတရားအတွက် ချစ်ခြင်းမေတ္တာ မရှိကြသူများနှင့် သန့်ရှင်းသော ဝိညာဉ်တော်၏ မုန်းတီးခြင်းနှင့် ပစ်ပယ်ခြင်းကို ခံရပြီးသည့်သူများ ဖြစ်သည့်အတွက်ဖြစ်သည်။ ၎င်းတို့သည် ဇာတိပကတိ၌ လျှောက်လှမ်းကြပြီး၊ ဘုရားသခင်၏ ဆိုင်းဘုတ်အောက်တွင် ၎င်းတို့စိတ်ကျေနပ်သည့် မည်သည့်အရာကိုမဆို လုပ်ဆောင်ကြသောကြောင့်၊ ၎င်းတို့ကို မကောင်းမှုပြုသူများဟု ခေါ်သည်။ ဘုရားသခင် အမှုပြုစဉ်တွင်၊ ၎င်းတို့သည် တမင်တကာ သူ့ကိုရန်လိုပြီး သူနှင့်ဆန့်ကျင်ဘက်သို့ ပြေးကြလေသည်။ လူသားသည် ဘုရားသခင်နှင့် ပူးပေါင်းမဆောင်ရွက်နိုင်ခြင်းမှာ အဆုံးစွန် ပုန်ကန်ခြင်း သက်သက်ဖြစ်သည်၊ သို့ဆိုလျှင် ဘုရားသခင်နှင့် ဆန့်ကျင်ဘက်သို့ တမင်တကာ ပြေးကြသောသူတို့သည် အထူးသဖြင့် ၎င်းတို့နှင့် ထိုက်တန်သော ဒဏ်ခတ်ခြင်းကို ရရှိကြလိမ့်မည် မဟုတ်လော။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်၏ အမှုနှင့် လူ၏လက်တွေ့လုပ်ဆောင်မှု

“ငါဆိုသည်ကား၊ ဤအရပ်၌ ဗိမာန်တော်ထက်သာ၍ ကြီးမြတ်သောအရာရှိ၏။ ယဇ်ပူဇော်ခြင်း အကျင့်ထက် သနားခြင်းကရုဏာအကျင့်ကို ငါနှစ်သက်၏ဟူသော ကျမ်းစကားကို သင်တို့သည် နားလည်လျှင်၊ အပြစ်ကင်းသော သူတို့ကို အပြစ်မတင် မစီရင်ကြပြီ။ လူသားသည် ဥပုသ်နေ့ကို အစိုးရသည်ဟု မိန့်တော်မူ၏။” (ရှင်မဿဲခရစ်ဝင် ၁၂:၆-၈) ဤနေရာတွင် “ဗိမာန်တော်” ဟူသည့် စကားက မည်သည်ကို ရည်ညွှန်းသနည်း။ ရိုးရိုးရှင်းရှင်းပြောရလျှင်၊ ယင်းသည် ခမ်းနားသော မြင့်မားသော အဆောက်အဦးကို ရည်ညွှန်းပြီး၊ ပညတ်တော်ခေတ်တွင် ဗိမာန်တော်သည် ယဇ်ပုရောဟိတ်တို့အတွက် ဘုရားသခင်ကို ကိုးကွယ်ရန် နေရာတစ်ခုဖြစ်ခဲ့သည်။ သခင်ယေရှုက၊ “ဤအရပ်၌ ဗိမာန်တော်ထက်သာ၍ ကြီးမြတ်သောအရာရှိ၏။” ဟူ၍ပြောသောအခါတွင်၊ “အရာ” ဆိုသည်မှာ မည်သည်ကို ရည်ညွှန်းသနည်း။ “အရာ” ဆိုသည်မှာ သိသာထင်ရှားစွာပင် လူ့ဇာတိ၌ရှိသော သခင်ယေရှု ဖြစ်၏၊ အဘယ်ကြောင့်ဆိုသော် သူသာလျှင် ဗိမာန်တော်ထက် ကြီးမြတ်သူဖြစ်သောကြောင့် ဖြစ်သည်။ ထိုစကားလုံးတို့က လူတို့ကို မည်သည့်အရာ ပြောပြခဲ့ပါသနည်း။ ဗိမာန်တော်ထဲမှ ထွက်ရန် လူတို့ကို ပြောခဲ့ပေသည်။ ဘုရားသခင်သည် ဗိမာန်တော်ကို စွန့်ခွာနှင့်ပြီး ဖြစ်ကာ ထိုအထဲတွင် အလုပ်မလုပ်တော့ပေ၊ ထို့ကြောင့် လူတို့သည် ဘုရားသခင်၏ ခြေလှမ်းများကို ဗိမာန်တော်၏ အပြင်ဖက်တွင် ရှာဖွေသင့်ပြီး၊ သူ၏အမှုသစ်တွင် သူ၏ ခြေလှမ်းများနောက် လိုက်သင့်ပေသည်။ ဤအရာကို သခင်ယေရှုပြောခဲ့ချိန်တွင်၊ သူ၏ စကားများနောက်ကွယ်တွင် အကြောင်းပြချက်တစ်ခုရှိသည်၊ ယင်းမှာ ပညတ်တော် အောက်တွင် လူတို့သည် ဗိမာန်တော်ကို ဘုရားသခင် ကိုယ်တိုင်ထက် သာ၍ကြီးမြတ်သည့် အရာတစ်ခုသကဲ့သို့ မြင်လာခဲ့ကြပြီး ဖြစ်သည်။ ဆိုလိုသည်မှာ လူတို့သည် ဘုရားသခင်ကို ကိုးကွယ်ခြင်းထက် ဗိမာန်တော်ကို ကိုးကွယ်ခဲ့ကြခြင်း ဖြစ်သည်၊ ထို့ကြောင့် သခင်ယေရှုက ရုပ်တုတို့ကို မကိုးကွယ်ဘဲ ယင်းအစား၊ ဘုရားသခင်သည် သာလွန်ကြီးမြတ်သည့်အတွက်၊ ဘုရားသခင်ကို ကိုးကွယ်ရန် ၎င်းတို့ကို သတိပေးခဲ့သည်။ ထို့ကြောင့် “ယဇ်ပူဇော်ခြင်း အကျင့်ထက် သနားခြင်းကရုဏာအကျင့်ကို ငါနှစ်သက်၏” ဟု သူပြောခဲ့ပေသည်။ ယင်းမှာ သခင်ယေရှု၏အမြင်တွင် ပညတ်တော် အောက်တွင် အသက်ရှင်နေကြသော လူအများစုသည် ယေဟောဝါကို မကိုးကွယ်ကြတော့ဘဲ ယဇ်ပူဇော်ခြင်းကို ဟန်ဆောင်လုပ်ရုံလုပ်နေကြပြီး၊ သခင်ယေရှုက ဤသည်မှာ ရုပ်တုကိုးကွယ်ခြင်းဖြစ်သည်ဟု သတ်မှတ်ခဲ့သည်။ ဤရုပ်တုကိုးကွယ်သူတို့သည် ဗိမာန်တော်ကို ဘုရားသခင်ထက် ပိုကြီးမြတ်ပြီး၊ ပိုမြင့်မားသော အရာတစ်ခုအဖြစ် မြင်ခဲ့ကြသည်။ ၎င်းတို့၏ နှလုံးသားများတွင် ဘုရားသခင်မရှိဘဲ၊ ဗိမာန်တော်သာ ရှိပြီး၊ ဗိမာန်တော်ကို ၎င်းတို့ ဆုံးရှုံးသွားခဲ့မည်ဆိုပါက၊ ၎င်းတို့ နေထိုင်ရာအရပ်ကို ဆုံးရှုံးသွားမည်ဖြစ်သည်။ ဗိမာန်တော်မရှိဘဲ၊ ၎င်းတို့သည် ကိုးကွယ်ရန်နေရာမရှိသကဲ့သို့၊ ၎င်းတို့၏ ယဇ်ပူဇော်ခြင်းများကို မဆောင်ရွက်နိုင်ခဲ့ကြချေ။ ၎င်းတို့၏ နေထိုင်ရာအရပ်ဆိုသည်မှာ ဗိမာန်တော်ထဲတွင် နေထိုင်ပြီး မိမိတို့၏ ကိုယ်ပိုင် အရေးကိစ္စများကို ဆောင်ရွက်ဖို့အလို့ငှာ၊ ယေဟောဝါ ဘုရားသခင်ကို ကိုးကွယ်ခြင်းနှင့်ဆိုင်သည့် အတုအယောင် ဟန်ဆောင်မှုကို အသုံးချကြသည့်နေရာ ဖြစ်သည်။ ၎င်းတို့၏ “ယဇ်ပူဇော်ခြင်း” ဆိုသည်မှာ ဗိမာန်တော်ထဲတွင် ၎င်းတို့၏အစေခံခြင်းကို ဦးစီးဦးရွက်ပြုခြင်း အယောင်ဆောင်မှု အောက်တွင် ၎င်းတို့၏ကိုယ်ပိုင် ရှက်ဖွယ်ကောင်းသော အရောင်းအဝယ်ကို ဆောင်ရွက်ခြင်းသာ ဖြစ်သည်။ ဤသည်မှာ ထိုအချိန်က လူတို့သည် ဗိမာန်တော်ကို ဘုရားသခင်ထက် ကြီးမြတ်သည်ဟု မြင်ခဲ့ကြသည့် အကြောင်းရင်းဖြစ်သည်။ ၎င်းတို့သည် ဗိမာန်တော်ကို ဗန်းပြတစ်ခုအနေဖြင့် အသုံးပြုပြီး ယဇ်ပူဇော်မှုများကို လူတို့အား လိမ်ညာခြင်းနှင့် ဘုရားသခင်ကို လှည့်စားခြင်းအတွက် အယောင်ပြခြင်းအဖြစ် အသုံးပြု ခဲ့ကြသောကြောင့်၊ သခင်ယေရှုက လူတို့ကို သတိပေးခြင်း တစ်ခုအနေဖြင့် ဤစကားများကို ပြောခဲ့ခြင်း ဖြစ်သည်။ သင်တို့သည် ဤစကားများကို လက်ရှိအချိန်အတွက် ကျင့်သုံးပါက၊ ယင်းတို့သည် တန်းတူ ခိုင်လုံမှုရှိပြီး တန်းတူ အကျုံးဝင်ဆဲ ဖြစ်သည်။ ယနေ့လူတို့သည် ပညတ်တော်ခေတ်က လူတို့ ကြုံတွေ့ရခဲ့သည်ထက် မတူကွဲပြားသော ဘုရားသခင်၏ အမှုကို ကြုံတွေ့ကြရပြီးဖြစ်သော်လည်း၊ ၎င်းတို့၏ သဘာဝ အနှစ်သာရမှာ တူညီပေသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင် ကိုယ်တော်တိုင် (၃)

ဘုရားသခင်ကို ယုံကြည်သူတစ်ဦးသည် သမ္မာတရားအား ပြဋ္ဌာန်းထားသော စည်းမျဉ်းစည်းကမ်းများဖြစ်သည့်အလား လိုက်နာစောင့်ထိန်းပါက ၎င်းတို့၏ ယုံကြည်မှုသည် ဘာသာရေး ဓလေ့ထုံးတမ်းတွင် ပတ်သက်မှုတစ်ခု ဖြစ်လာဖွယ်ရှိသည် မဟုတ်လော။ (ဟုတ်ပါသည်။) ဘာသာရေး ထုံးတမ်းဓလေ့များကို လိုက်နာခြင်းသည် တကယ်ကို ခရစ်ယာန်ဘာသာနှင့် မခြားပေ။ ထိုသို့ လုပ်ဆောင်သူများသည် သင်ကြားခြင်းနှင့် သဘောတရားအရ ပို၍ အဆင့်မြင့်ကာ တိုးတက်ရုံမျှသာရှိပြီး ၎င်းတို့၏ ယုံကြည်ခြင်းတွင် အနည်းငယ်ပို၍ မြင့်မားကာ ခရီးရောက်ကြရုံသာ ရှိ၏။ ထိုမျှသာဖြစ်သည်။ ဘုရားသခင်ကို ယုံကြည်မှုသည် ဘာသာရေးယုံကြည်မှုအဖြစ်သို့၊ ဓမ္မပညာ လေ့လာမှုတစ်ခုအဖြစ်သို့၊ ပြဋ္ဌာန်းထားသော စည်းမျဉ်းစည်းကမ်းများ၊ သို့မဟုတ် ထုံးတမ်းဓလေ့များအဖြစ်သို့ ပြောင်းလဲပါက ယင်းသည် ခရစ်ယာန်ဘာသာအဖြစ်သို့ ပြောင်းလဲသွားလေပြီ မဟုတ်လော။ သွန်သင်ချက်အသစ်များနှင့် သွန်သင်ချက်အဟောင်းများကြား ခြားနားမှုတစ်ခု ရှိသော်လည်း သင် လုပ်ဆောင်သမျှသည် သမ္မာတရားကို အယူဝါဒအဖြစ် သိနားလည်ခြင်းဖြစ်ကာ သင်သည် ဘုရားသခင်၏ အမှုတော်ကို မည်သို့ တွေ့ကြုံရမည်ကို မဆိုထားနှင့်၊ သမ္မာတရားအား မည်သို့ လက်တွေ့လုပ်ဆောင်ရမည်ကို မသိပါက၊ ပြီးလျှင် ဘုရားသခင်ကို နှစ်ပေါင်းမည်မျှကြာ သင်ယုံကြည်သည်ဖြစ်စေ၊ အခက်အခဲမည်မျှ သင်ကြုံရသည်ဖြစ်စေ၊ အပြုအမူကောင်းမည်မျှ သင် ရှိသည်ဖြစ်စေ၊ မည်သို့ပင်ဖြစ်စေကာမူ သင် ရှိသည့်အရာသည် သမ္မာတရားအပေါ် စစ်မှန်သည့် သိနားလည်မှု မဟုတ်သကဲ့သို့ သမ္မာတရားကို သင် မရရှိသေးပါက၊ သို့မဟုတ် ထိုသမ္မာတရား စစ်မှန်မှုထဲသို့ မဝင်ရောက်သေးပါက သင်၏ ယုံကြည်မှုပုံစံသည် ခရစ်ယာန်ဘာသာ၏ ယုံကြည်မှုပုံစံ ဖြစ်သည် မဟုတ်လော။ ယင်းသည် ခရစ်ယာန်ဘာသာ၏ အနှစ်သာရဖြစ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) သို့ဆိုလျှင် သင်၏ လုပ်ရပ်များတွင်၊ သို့မဟုတ် သင်၏ တာဝန်ကို ထမ်းဆောင်မှုတွင် ခရစ်ယာန်ဘာသာရှိ လူများ၏ အမြင်များ၊ သို့မဟုတ် အခြေအနေများနှင့် ဆင်တူသည့်၊ သို့မဟုတ် တူညီသည့် မည်သည့် အမြင်များ၊ သို့မဟုတ် အခြေအနေများ သင်တို့၌ ရှိကြသနည်း။ (ကျွန်ုပ်တို့သည် စည်းမျဉ်းစည်းကမ်းများကို လိုက်နာစောင့်ထိန်းပြီး မိမိတို့ကိုယ်ကို စကားများနှင့် အယူဝါဒများဖြင့် ပြင်ဆင်ကြပါသည်။) စည်းမျဉ်းစည်းကမ်းများကို လိုက်နာစောင့်ထိန်းခြင်း၊ စကားများနှင့် အယူဝါဒများကို ဟောပြောခြင်း၊ သမ္မာတရားကို စကားများနှင့် အယူဝါဒများအဖြစ် ယူမှတ်ခြင်းတို့အပြင် အခြားမည်သည့်အရာ ရှိသေးသနည်း။ (ကျွန်ုပ်တို့သည် အသက်ဝင်ရောက်ခြင်းအပေါ် မဟုတ်ဘဲ အလုပ်လုပ်ခြင်းအပေါ် အာရုံစိုက်ကြပါသည်။) သင်တို့သည် အသက်ရရှိခြင်း၊ သို့မဟုတ် သမ္မာတရား စစ်မှန်မှုထဲသို့ ဝင်ရောက်ခြင်းကို မဟုတ်ဘဲ အားထုတ်ကြိုးပမ်းခြင်းအပေါ်သာ အာရုံစိုက်ကြသည်။ အခြား မည်သည့်အရာ ရှိသေးသနည်း။ (ကျွန်ုပ်တို့သည် ဝိညာဉ်ရေးရာ ပြည့်ဝမှု သွင်ပြင်နှင့် အပြုအမူကောင်းအပေါ် အာရုံစိုက်ကြသည်။) သင်တို့သည် ယခု အနည်းငယ် ပြောကြလေပြီ။ ထို့ကြောင့် ငါ အကျဉ်းချုပ်မည်။ အပြုအမူကောင်းသည့် သွင်ပြင်ကို လိုက်စားခြင်းနှင့် မိမိကိုယ်ကို အပေါ်ယံ ဟန်ဆောင်ထားသည့် ဝိညာဉ်ရေးရာပြည့်ဝမှုဖြင့် မိမိကိုယ်ကို လွှမ်းခြုံရန် လွန်စွာ ကြိုးစားခြင်း၊ ပြီးလျှင် လူတို့က မိမိတို့၏ အယူအဆများနှင့် စိတ်ကူးများတွင် မှန်ကန်သောအရာအဖြစ် စွဲကိုင်သည့် အရာများ၊ လူတို့ ထောက်ခံချက်ပေးတတ်သည့် အရာများကို လုပ်ဆောင်ခြင်းတို့သည် အတုအယောင် ဝိညာဉ်ရေးပြည့်ဝမှုကို လိုက်စားခြင်းတစ်ခု ဖြစ်သည်။ ထိုသို့သော လူတစ်ဦးသည် စကားများနှင့် အယူဝါဒများကို ဟောပြောရန် မိမိတို့၏ တရားဟောစင်ပေါ် ရပ်သည့်၊ ကောင်းမှုများပြုနှင့် လူကောင်းများဖြစ်ရန် အခြားသူများကို သွန်သင်သည့်၊ ဝိညာဉ်ရေးရာ လူတစ်ဦးကဲ့သို့ ဟန်ဆောင်သည့် ကြောင်သူတော်တစ်ဦး ဖြစ်သည်။ သို့တိုင် အခြားသူများကို ၎င်းတို့၏ ကိုင်တွယ်ဖြေရှင်းခြင်းနှင့် ကိစ္စများကို ကိုင်တွယ်ခြင်း၊ ပြီးလျှင် မိမိတို့တာဝန်ကို ထမ်းဆောင်ခြင်းတွင် သမ္မာတရားကို ၎င်းတို့ လုံးဝ မရှာဖွေကြဘဲ ဆိုးယုတ်သော စိတ်သဘောထားများဖြင့် အသက်ရှင်ကြ၏။ ၎င်းတို့အပေါ် မည်သည့်အရာ ကျရောက်သည်ဖြစ်စေ၊ ဘုရားသခင်ကို ဘေးဖယ်ထားလျက် မိမိတို့ကိုယ်ပိုင် အလိုဆန္ဒဖြင့် လုပ်ဆောင်ကြ၏။ သမ္မာတရား စည်းမျဉ်းများအတိုင်း မည်သည့်အခါတွင်မျှ ၎င်းတို့ မပြုမူကြပေ။ စည်းမျဉ်းစည်းကမ်းများကို လိုက်နာစောင့်ထိန်းရုံမျှ စောင့်ထိန်းကြသည်။ သမ္မာတရားကို ၎င်းတို့ လုံးဝ နားမလည်ကြသကဲ့သို့ ဘုရားသခင်၏ ရည်ရွယ်ချက်များ သို့မဟုတ် လူအတွက် သူ၏ သတ်မှတ်ချက်များနှင့် သက်ဆိုင်သည့် စံနှုန်းများ၊ သို့မဟုတ် လူကို ကယ်တင်ခြင်းအားဖြင့် သူ စွမ်းဆောင်ရရှိမည့်အရာကိုလည်း နားမလည်ကြချေ။ သမ္မာတရား၏ ဤအသေးစိတ် အချက်အလက်များကို ၎င်းတို့ မည်သည့်အခါတွင်မျှ လေးနက်စွာ မစစ်ဆေးကြ၊ သို့မဟုတ် ထိုအရာများအကြောင်း မမေးမြန်းကြချေ။ လူ၏ ဤဆိုရိုးများနှင့် အပြုအမူများက ထုတ်ဖော်ပြသမျှမှာ ကြောင်သူတော်ဖြစ်ခြင်း ကိစ္စ ဖြစ်သည်။ ထိုသို့သော လူများ၏ စိတ်နှလုံးများထဲရှိ စစ်မှန်သော အခြေအနေများကို ၎င်းတို့၏ အပြင်ပန်း အပြုအမူနှင့်အတူ ကြည့်ပြီးနောက်တွင် ၎င်းတို့အနေဖြင့် သမ္မာတရား စစ်မှန်မှုတစ်ခုမျှ မရှိကြကြောင်း၊ အမှန်တွင် ၎င်းတို့က ကြောင်သူတော် ဖာရိရှဲများဖြစ်ကြောင်း၊ ဘာသာတရားမရှိသူများ ဖြစ်ကြောင်း သေချာနိုင်ပေသည်။ တစ်စုံတစ်ဦးသည် ဘုရားသခင်ကို ယုံကြည်သော်လည်း သမ္မာတရားကို မလိုက်စားပါက ၎င်း၏ ယုံကြည်မှုသည် စစ်မှန်ပါ၏လော။ (မစစ်မှန်ပါ။) နှစ်ပေါင်း မည်ရွေ့မည်မျှကြာ ဘုရားသခင်ကို ယုံကြည်သော်လည်း သမ္မာတရားကို လုံးဝ လက်မခံသည့် သူတစ်ဦးသည် ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်ကြဉ်လာနိုင်သလော။ (မရှောင်ကြဉ်နိုင်ပါ။) ယင်းကို ၎င်းတို့ မစွမ်းဆောင်နိုင်ကြပေ။ သို့ဆိုလျှင် ယင်းကဲ့သို့သောလူများ၏ အပြုအမူနှင့် သက်ဆိုင်သည့် သဘောသဘာဝမှာ အဘယ်နည်း။ မည်သည့်လမ်းကြောင်းမျိုးကို ၎င်းတို့ လျှောက်နိုင်သနည်း။ (ဖာရိရှဲတို့၏ လမ်းကြောင်း ဖြစ်ပါသည်။) ၎င်းတို့သည် မိမိတို့ကိုယ်ကို မည်သည့်အရာများဖြင့် ပြင်ဆင်ပြီး ၎င်းတို့၏ နေ့ရက်များကို ကုန်လွန်စေကြသနည်း။ စကားများနှင့် အယူဝါဒများဖြင့် မဟုတ်လော။ ၎င်းတို့သည် ၎င်းတို့ကိုယ်ကို ဖာရိရှဲများ၊ သာ၍ ဝိညာဉ်ရေးရာပြည့်ဝပြီး ဘုရားသခင်ကို အစေခံသည့်လူများနှင့် ပို၍တူစေရန်၊ စကားများနှင့် အယူဝါဒများဖြင့် ၎င်းတို့ကိုယ်ကို ပြင်ဆင်ခြင်း၊ ဝတ်ဆင်ခြင်းဖြင့် ၎င်းတို့၏နေ့ရက်များကို ကုန်လွန်စေကြသည်မဟုတ်လော။ ဤလုပ်ဆောင်ချက်များအားလုံး၏ သဘာဝမှာ မည်သည့်အရာသာဖြစ်သနည်း။ ဘုရားသခင်ကို ကိုးကွယ်ခြင်းလော။ ကိုယ်တော်၌ စစ်မှန်သော ယုံကြည်ခြင်းလော။ (မဟုတ်ပါ။) သို့ဆိုလျှင် ၎င်းတို့ မည်သည့်အရာကို လုပ်ဆောင်နေကြပါသနည်း။ ၎င်းတို့သည် ဘုရားသခင်ကို လှည့်ဖြားနေကြခြင်း ဖြစ်သည်၊ ၎င်းတို့သည် ဖြစ်စဉ်တစ်ခု၏ အဆင့်များကို ဖြတ်သန်းနေခြင်း ဖြစ်သည်။ ၎င်းတို့သည် ယုံကြည်ခြင်းအလံကို လှုပ်ယမ်းကြပြီး ဘာသာရေးထုံးတမ်းများကို လုပ်ဆောင်ခြင်း၊ ကောင်းချီးမင်္ဂလာခံစားရစေရန် ရည်မှန်းချက် ပြည့်မီရေးအတွက် ဘုရားသခင်ကို လိမ်လည်လှည့်ဖြားရန် ကြိုးပမ်းခြင်းတို့ကို ပြုကြသည်။ ဤလူများသည် ဘုရားသခင်ကို ကိုးကွယ်ခြင်း လုံးဝမပြုကြပေ။ အဆုံးတွင် ယင်းကဲ့သို့ လူတစ်စုသည် ဘုရားဝတ်ပြုဆောင်များအတွင်း ဘုရားသခင်ကို အစေခံသည်ဟု ယူဆရပြီး ဘုရားသခင်ကို ယုံကြည်ပြီး နောက်လိုက်ကြသောသူများကဲ့သို့ပင် အဆုံးသတ်လိမ့်မည်။

—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ ဘုရားသခင်ကို ကြောက်ရွံ့ခြင်းဖြင့်သာ ကယ်တင်ခြင်းလမ်းကြောင်းပေါ်တွင် လျှောက်လှမ်းနိုင်သည်

ပညတ်တော်ခေတ်၏ ထိုဂျူးလူမျိုး ဖာရိရှဲများ၊ ယဇ်ပရောဟိတ် အကြီးအကဲများနှင့် ကျမ်းတတ်ပုဂ္ဂိုလ်များသည် အမည်နာမအရ ဘုရားသခင်ကို ယုံကြည်ခဲ့ကြသော်လည်း သူ၏ လမ်းခရီးကို ကျောခိုင်းကာ လူ့ဇာတိခံ ဘုရားသခင်ကိုပင် ကားစင်တင်သတ်ခဲ့ကြသည်။ သို့ဆိုလျှင် ၎င်းတို့၏ ယုံကြည်လက်ခံမှုသည် ဘုရားသခင်၏ အသိအမှတ်ပြုခြင်းကို ရရှိနိုင်မည်လော။ (မရရှိနိုင်ပါ။) ဘုရားသခင်က ၎င်းတို့ကို ဂျူးလူမျိုးယုံကြည်သူများအဖြစ်၊ ဘာသာရေး အုပ်စုတစ်စု၏ အဖွဲ့ဝင်များအဖြစ် သတ်မှတ်နှင့်ခဲ့ပြီးသား ဖြစ်သည်။ ပြီးလျှင် ထိုနည်းတူ ယနေ့တွင် ယေရှုကို ယုံကြည်သောသူတို့အားလည်း ဘာသာရေး အုပ်စုတစ်စု၏ အဖွဲ့ဝင်များအဖြစ် ဘုရားသခင် မြင်လေသည်။ ယင်းတွင် သူသည် ၎င်းတို့ကို သူ့အသင်းတော်၏ အသင်းသားများ သို့မဟုတ် သူ့ကို ယုံကြည်သူများအဖြစ် အသိအမှတ်မပြုပေ။ ဘုရားသခင်သည် အဘယ်ကြောင့် ဘာသာရေးလောကကို ထိုသို့ ရှုတ်ချမည်နည်း။ အဘယ်ကြောင့်ဆိုသော် ဘာသာရေးအုပ်စုများ၏ အဖွဲ့ဝင်များအားလုံး၊ အထူးသဖြင့် အမျိုးမျိုးသော ဂိုဏ်ဂဏများ၏ အဆင့်မြင့်မားသည့် ခေါင်းဆောင်များသည် ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံး ကင်းမဲ့ကြသကဲ့သို့ ဘုရားအလိုတော်ကို လိုက်လျှောက်ကြသည့်သူများ မဟုတ်ကြသောကြောင့် ဖြစ်သည်။ ၎င်းတို့အားလုံးသည် မယုံကြည်သူများ ဖြစ်သည်။ ၎င်းတို့သည် သမ္မာတရားကို လက်ခံကြဖို့မပြောနှင့်၊ လူ့ဇာတိခံယူခြင်းကို မယုံကြည်ကြချေ။ ၎င်းတို့သည် ဘုရားသခင်၏ နောက်ဆုံးသော ကာလ အမှုတော် သို့မဟုတ် သူ ဖော်ပြသည့် သမ္မာတရားများကို မည်သည့်အခါတွင်မျှ ရှာဖွေခြင်း၊ သတင်းမေးမြန်းခြင်း၊ ဆန်းစစ်ခြင်း သို့မဟုတ် လက်ခံခြင်း မရှိကြချေ၊ ထိုအစား ဘုရားသခင်၏ နောက်ဆုံးသောကာလ လူ့ဇာတိခံခြင်း၏ အမှုတော်ကို ရှုတ်ချခြင်းနှင့် ပြစ်မှားစော်ကားခြင်းကို တန်းလုပ်ကြသည်။ ဤတွင် ၎င်းတို့သည် ဘုရားသခင်ကို အမည်နာမအရ ယုံကြည်ကောင်းယုံကြည်နိုင်သော်လည်း ဘုရားသခင်က ၎င်းတို့အား သူ့ကို ယုံကြည်သူများအဖြစ် အသိအမှတ်မပြုသည်ကို ရှင်းလင်းစွာ မြင်နိုင်ပေသည်။ ၎င်းတို့သည် မကောင်းမှုပြုသူများ ဖြစ်ကြောင်း၊ ၎င်းတို့ လုပ်ဆောင်သည့် မည်သည့်အရာမျှသည် သူ၏ ကယ်တင်ခြင်း အမှုတော်နှင့် အနည်းငယ်မျှ ဆက်နွှယ်မှုမရှိကြောင်း၊ ၎င်းတို့သည် သူ့နှုတ်ကပတ်တော်များ ပြင်ပတွင်ရှိသည့် ဘာသာတရားမရှိသူများ ဖြစ်ကြောင်း သူ ဆိုသည်။ သင်သည် ယခု သင် ယုံကြည်သည့်အတိုင်း ဘုရားသခင်ကို ယုံကြည်လျှင် သင်သည်လည်း ဘာသာရေး နောက်လိုက်များအဖြစ်သို့ အဆင့်လျှော့ချခံရသည့် နေ့ရက် ရောက်လာလိမ့်မည် မဟုတ်လော။ ဘုရားသခင်ကို ဘာသာတရားအတွင်းမှ ယုံကြည်ခြင်းသည် ကယ်တင်ခြင်း မရရှိနိုင်။ ဤသည်မှာ အတိအကျ အဘယ်ကြောင့် ဖြစ်သနည်း။ ဤသည်မှာ အဘယ်ကြောင့်ဖြစ်သည်ကို သင်တို့ မပြောနိုင်ပါက သင်တို့သည် သမ္မာတရားဖြစ်စေ၊ ဘုရားသခင်၏ ရည်ရွယ်ချက်များကိုဖြစ်စေ တစ်စက်မျှ နားမလည်ကြောင်း ပြပေသည်။ ဘုရားသခင်ကို ယုံကြည်မှုအား ဖြစ်ပျက်နိုင်သည့် ဝမ်းနည်းစရာ အကောင်းဆုံးသော အရာမှာ ဘာသာတရားအဖြစ်သို့ အဆင့်လျှော့ချခံရခြင်းနှင့် ဘုရားသခင်၏ ဖယ်ရှားရှင်းလင်းခံရခြင်းတို့ ဖြစ်သည်။ ဤသည်မှာ လူအဖို့ မစဉ်းစားတတ်အောင် ဖြစ်သောအရာတစ်ခု ဖြစ်ပြီး သမ္မာတရားကို နားမလည်သော သူတို့သည် ဤကိစ္စရပ်ကို ရှင်းလင်းစွာ မမြင်နိုင်ပေ။ ငါ့ကို ပြောလော့၊ အသင်းတော်တစ်ပါးသည် ယင်း၏ ကနဦးကတည်းမှ ရှည်ကြာသည့် နှစ်များစွာတစ်လျှောက်တွင် ဘုရားသခင်၏ အမြင်၌ ဘာသာတရားတစ်ခုအဖြစ်သို့ တဖြည်းဖြည်း ပြောင်းလဲကာ ဂိုဏ်းဂဏတစ်ခု ဖြစ်လာပြီးချိန်တွင် ထိုအသင်းတော်ရှိ လူတို့သည် ဘုရားသခင်၏ ကယ်တင်ခြင်းကို ခံရသူများ ဖြစ်သလော။ ၎င်းတို့သည် သူ၏ မိသားစုဝင်များ ဖြစ်ကြသလော။ (မဟုတ်ပါ။) မဟုတ်ကြချေ။ စစ်မှန်သော ဘုရားသခင်ကို အမည်နာမအရ ယုံကြည်သော်လည်း ဘာသာရေးသမားများအဖြစ် သူ တွေးသည့် ဤလူများ လျှောက်သည်မှာ မည်သည့် လမ်းဖြစ်သနည်း။ ၎င်းတို့ လျှောက်သည့် လမ်းမှာ ဘုရားသခင်ကို ယုံကြည်လက်ခံမှု အောင်လံသယ်ဆောင်သော်လည်း သူ၏ လမ်းခရီးကို လုံးဝ မလိုက်လျှောက်ကြသည့် လမ်းတစ်ခု ဖြစ်သည်။ ယင်းမှာ သူ့ကို ၎င်းတို့ ယုံကြည်သည့်တိုင် မကိုးကွယ်ကြသကဲ့သို့ စွန့်ပင်စွန့်လွှတ်ကြသည့် လမ်းတစ်ခု ဖြစ်သည်။ ယင်းမှာ ဘုရားသခင်၏ နာမ၊ စစ်မှန်သည့် ဘုရားသခင်ကို အမည်ခံ ယုံကြည်သည့်တိုင် စာတန်နှင့် နတ်ဆိုးများကို ကိုးကွယ်လျက် လူသား စီးပွားရေးလုပ်ငန်းများတွင် ပါဝင်ပတ်သက်ကာ အမှီအခိုကင်းသည့်၊ လူသား နိုင်ငံတစ်ခု တည်ထောင်လျက် ဘုရားသခင်ကို ယုံကြည်ရန် ၎င်းတို့ အခိုင်အမာဆိုသည့်တိုင် သူ့ကို အတိုက်အခံ လုပ်ကြသည့် လမ်းတစ်ခု ဖြစ်သည်။ ယင်းမှာ ၎င်းတို့ လျှောက်ကြသည့် လမ်းဖြစ်သည်။ ၎င်းတို့ လျှောက်သည့်လမ်းကို ကြည့်သည့်အခါ ၎င်းတို့သည် ဘုရားသခင်ကို အတိအလင်း အတိုက်အခံလုပ်ပြီး သူ၏ အမှုတော်ကို နှောင့်ယှက်ရန် စတင်ကြသည့် မယုံကြည်သူများတစ်သိုက်၊ အန္တိခရစ်ဂိုဏ်းတစ်ဂိုဏ်၊ စာတန်များနှင့် နတ်ဆိုးများ အုပ်စုတစ်စု ဖြစ်သည်မှာ သိသာပေသည်။ ယင်းမှာ ဘာသာရေးလောက၏ အနှစ်သာရ ဖြစ်သည်။ ထိုသို့သော လူတစ်စုသည် လူ၏ ကယ်တင်ခြင်းအတွက် ဘုရားသခင်၏ စီမံခန့်ခွဲမှု အစီအစဉ်နှင့် ပတ်သက်စရာအကြောင်း တစ်ခုတလေ ရှိသလော။ (မရှိပါ။) ဘုရားသခင်အား ယုံကြည်သူတို့သည် မည်မျှပင် များပြားနိုင်စေကာမူ သူတို့၏ ယုံကြည်ခြင်းကို ဘုရားသခင်က ဘာသာရေးအုပ်စုတစ်ခု၏ ယုံကြည်ခြင်းအဖြစ် သတ်မှတ်တော်မူပါက ဤလူတို့သည် ဘုရားသခင်၏ အမှုတော်နှင့် ကယ်တင်ခြင်းကို ခံရမည့်သူများ မဟုတ်ကြဘဲ ဤကိစ္စနှင့်ပတ်သက်၍ ဘုရားသခင်သည် စိတ်တော်ပိုင်းဖြတ်ပြီးဖြစ်၏။ ဤလူတို့သည် ကယ်တင်ခြင်းခံရနိုင်မည် မဟုတ်ကြပေ။ ဤသည်ကို အဘယ့်ကြောင့် ငါ ပြောသနည်း။ ဘုရားသခင်ကို လုံးဝ ကျိုးနွံနာခံခြင်း သို့မဟုတ် ကိုးကွယ်ခြင်းမရှိသည့် ဘုရားသခင်၏ အမှုတော် သို့မဟုတ် လမ်းပြမှု မရှိသည့် အုပ်စုတစ်စုသည် ဘုရားသခင်ကို အမည်ခံ ယုံကြည်သော်လည်း ၎င်းတို့ လိုက်လျှောက်ပြီး နာခံသည်မှာ ဘာသာတရား၏ သင်းအုပ်ဆရာများနှင့် အကြီးအကဲများဖြစ်ပြီး ဘာသာရေး သင်းအုပ်ဆရာများနှင့် အကြီးအကဲများသည် စာတန်၏ အနှစ်သာရရှိပြီး သူတော်ကောင်းယောင်ဆောင်တတ်ကြပေသည်။ ထို့ကြောင့် ထိုလူများ လိုက်လျှောက်ပြီး နာခံသည့်အရာမှာ စာတန်များနှင့် နတ်ဆိုးများ ဖြစ်သည်။ ၎င်းတို့၏ စိတ်နှလုံးများတွင် ၎င်းတို့သည် ဘုရားသခင်ကို ယုံကြည်လက်ခံမှုအား လက်တွေ့လုပ်ဆောင်နေကြသော်လည်း အမှန်တွင် လူ၏ ကြိုးကိုင်ခြယ်လှယ်ခြင်း ခံနေရသည်၊ လူသား စီစဉ်ညွှန်ကြားမှုများနှင့် ချိုးနှိမ်ထိန်းချုပ်ခြင်းကို ခံနေရပေသည်။ ထို့ကြောင့် ပဓာနကျသော သတ်မှတ်ချက်အရ ၎င်းတို့ လိုက်လျှောက်ပြီး နာခံသည်မှာ စာတန်များနှင့် နတ်ဆိုးများ၊ ဘုရားသခင်ကို အတိုက်အခံလုပ်ကာ ဘုရားသခင်၏ ရန်သူများ ဖြစ်ကြသည့် ဆိုးယုတ်သော အင်အားစုများ ဖြစ်သည်။ ဤသို့သော လူများနှင့်ဆိုင်သည့် ဂိုဏ်းတစ်ဂိုဏ်းကို ဘုရားသခင် ကယ်တင်မည်လော။ (မကယ်တင်ပါ။) အဘယ်ကြောင့် မကယ်တင်သနည်း။ ကောင်းပြီ၊ ထိုသို့သော လူများသည် နောင်တရနိုင်စွမ်း ရှိကြသလော။ မရှိကြပေ၊ ၎င်းတို့ နောင်တရကြလိမ့်မည် မဟုတ်။ ၎င်းတို့သည် ဘုရားသခင်၏ ပစ်ပစ်ခါခါ ငြင်းခြင်းကို တွေ့ရမည့် နောက်ဆုံး အဆုံးသတ်ဖြင့် လူ၏ ကယ်တင်ခြင်းအတွက် ဘုရားသခင်၏ စီမံခန့်ခွဲမှု အစီအစဉ်ကို ဆန့်ကျင်လျက် ဘုရားသခင်ကို ယုံကြည်ခြင်း အောင်လံအောက်တွင် လူသား လုပ်ငန်းများနှင့် လူသား စီမံကိန်းများ၌ ပါဝင်ကြ၏။ ဤလူများကို ဘုရားသခင် ကယ်တင်ရန်မှာ မဖြစ်နိုင်ပေ။ ၎င်းတို့သည် နောင်တရနိုင်စွမ်း မရှိကြသကဲ့သို့ စာတန်၏ အတင်းခေါ်ဆောင်ခြင်း ခံရသည်နှင့်အမျှ ဘုရားသခင်သည် ၎င်းတို့ကို စာတန်ထံ လက်လွှဲလိုက်လေသည်။ အကြင်သူ၏ ဘုရားသခင်ကို ယုံကြည်ခြင်းက သူ၏ အသိအမှတ်ပြုခြင်းအတွက် စံမီခြင်းရှိမရှိသည် ထိုယုံကြည်ခြင်း၏ နှစ်ကာလများ ရှည်ကြာမှုအပေါ် မူတည်သလော။ အကြင်သူ လိုက်နာသည့် ထုံးတမ်းဓလေ့မျိုး သို့မဟုတ် ထိန်းသိမ်းသည့် စည်းမျဉ်းစည်းကမ်းများအပေါ် မူတည်သလော။ လူသား လက်တွေ့လုပ်ဆောင်မှုများကို ဘုရားသခင် ကြည့်သလော။ ၎င်းတို့၏ ကိန်းကဏန်းများကို သူ ကြည့်သလော။ (မကြည့်ပါ။) သို့ဆိုလျှင် မည်သည့်အရာကို သူ ကြည့်သနည်း။ လူတစ်စုကို ဘုရားသခင် ရွေးချယ်ပြီးသည့်အခါ ၎င်းတို့ ကယ်တင်ခံရနိုင်ခြင်း ရှိမရှိ၊ ၎င်းတို့ကို သူ ကယ်တင်မည် ဟုတ်မဟုတ် ဆိုသည်ကို မည်သည့်အခြေခံအကြောင်းရင်းပေါ် သူ တိုင်းတာသနည်း။ ယင်းသည် သမ္မာတရားကို ၎င်းတို့ လက်ခံနိုင်ခြင်း ရှိမရှိဆိုသည့်အပေါ် အခြေခံ၏။ ၎င်းတို့ လျှောက်လှမ်းသည့် လမ်းအပေါ် အခြေခံ၏။ ဘုရားသခင်သည် ယခုတွင် ပြောသလောက် သမ္မာတရားများစွာကို ကျေးဇူးတော်ခေတ်တွင် လူကို ပြောကောင်းမပြောနိုင်သော်လည်း၊ ယင်းတို့သည် ထိုမျှတိကျမည် မဟုတ်သော်လည်း သူသည် လူကို စုံလင်အောင်ပြုနိုင်ဆဲဖြစ်ကာ ကယ်တင်ခံရနိုင်သည့် လူများ ရှိနေကြဆဲ ဖြစ်သည်။ ထို့ကြောင့် သမ္မာတရားများစွာ ကြားပြီးဖြစ်ကာ ဘုရားသခင်၏ ရည်ရွယ်ချက်များကို နားလည်သည့် လက်ရှိခေတ်၏ လူတို့သည် သူ၏ လမ်းခရီးကို မလိုက်လျှောက်နိုင် သို့မဟုတ် ကယ်တင်ခြင်း လမ်းကြောင်းပေါ် မစတင်နိုင်ပါက အဆုံးတွင် ၎င်းတို့၏ အဆုံးသတ်သည် မည်သည့်အရာ ဖြစ်လိမ့်မည်နည်း။ ၎င်းတို့၏ နောက်ဆုံး အဆုံးသတ်သည် ခရစ်ယာန်ဘာသာနှင့် ယုဒဘာသာထဲရှိ ယုံကြည်သူများ၏ အဆုံးသတ်နှင့် အတူတူပင် ဖြစ်လိမ့်မည်။ ၎င်းတို့ကဲ့သို့ပင် ကယ်တင်ခံရလိမ့်မည် မဟုတ်။ ဤသည်မှာ ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထား ဖြစ်သည်။ တရားဒေသနာ မည်မျှ သင် ကြားပြီးဖြစ်သည်၊ သို့မဟုတ် သမ္မာတရား မည်မျှ သင် နားလည်ပြီးဖြစ်သည်မှာ အရေးမကြီးပေ။ လူနောက် သင် လိုက်နေဆဲဖြစ်ပါက စာတန်နောက် သင် လိုက်နေဆဲဖြစ်ပြီး အဆုံးတွင် ဘုရားသခင်၏ လမ်းခရီးကို သင် မလိုက်လျှောက်နိုင်သကဲ့သို့ သူ့ကို ကြောက်ရွံ့ကာ မကောင်းမှုကို မရှောင်ကြဉ်နိုင်ပါက ထိုသို့သောလူများသည် ဘုရားသခင်က ပစ်ပစ်ခါခါ ငြင်းသူများ ဖြစ်သည်။ ဘာသာတရားရှိ သူတို့သည် သမ္မာကျမ်းဆိုင်ရာ အသိပညာကို များစွာ ဟောကောင်းဟောနိုင်ပြီး ဝိညာဉ်ရေးရာ အယူဝါဒအချို့ကို နားလည်ကောင်းနားလည်နိုင်သော်လည်း ဘုရားသခင်၏ အမှုတော်ကို ကျိုးနွံနာခံနိုင်ခြင်း မရှိ သို့မဟုတ် သူ၏ နှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်နိုင်ခြင်းနှင့် တွေ့ကြုံနိုင်ခြင်း မရှိ သို့မဟုတ် သူ့ကို အမှန်တကယ် ကိုးကွယ်နိုင်ခြင်း မရှိကြသကဲ့သို့ သူ့ကို ကြောက်ရွံ့ကာ မကောင်းမှုကို ရှောင်ကြဉ်နိုင်ခြင်း မရှိကြချေ။ ၎င်းတို့အားလုံးသည် သူတော်ကောင်းယောင်ဆောင်သူများ ဖြစ်ကြသည်၊ ဘုရားသခင်ကို အမှန်တကယ် ကျိုးနွံနာခံသည့် လူများ မဟုတ်ပေ။ ဘုရားသခင်၏ အမြင်တွင် ထိုသို့သောလူများသည် ဂိုဏ်းဂဏတစ်ခု၊ လူသားအုပ်စုတစ်စု၊ လူသားဂိုဏ်းတစ်ဂိုဏ်းနှင့် စာတန်၏ နေထိုင်ရာအဖြစ် သတ်မှတ်ခံရပေသည်။ စုပေါင်း၍ ၎င်းတို့သည် စာတန်၏ ဂိုဏ်း၊ အန္တိခရစ်များ၏ နိုင်ငံဖြစ်ပြီး ၎င်းတို့ကို ဘုရားသခင်က လုံးဝ ပစ်ပစ်ခါခါ ငြင်းသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ ဘုရားသခင်ကို ကြောက်ရွံ့ခြင်းဖြင့်သာ ကယ်တင်ခြင်းလမ်းကြောင်းပေါ်တွင် လျှောက်လှမ်းနိုင်သည်

အရှေ့သို့- သခင်၏ ပြန်ကြွလာခြင်းနှင့် စပ်လျဉ်းသည့် သမ္မာကျမ်းစာထဲရှိ ပရောဖက်ပြုချက်များသည် ယခုတွင် အားလုံး အဓိကအားဖြင့် ပြည့်စုံကြပြီးဖြစ်ကာ သခင်သည် ဤနေရာတွင် ကောင်းကောင်း ရှိနှင့်ပြီးဖြစ်နိုင်သည်။ အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်က အနန္တတန်ခိုးရှင် ဘုရားသခင်သည် သခင်ယေရှု၏ ပြန်ကြွလာခြင်းဖြစ်သည်ဟု အွန်လိုင်းတွင် လူသိရှင်ကြား သက်သေခံနေကြပြီး၊ သခင့်ကို အမှန်တကယ် ယုံကြည်ပြီး ဘုရားသခင်၏ ပေါ်ထွန်းခြင်းကို တမ်းတကြသည့် ဘာသာတရားများနှင့် ဂိုဏ်ဂဏများအားလုံးမှ လူများစွာတို့သည် အနန္တတန်ခိုးရှင် ဘုရားသခင်ထံ ပြန်လာကြပြီးဖြစ်သည်။ အနန္တတန်ခိုးရှင် ဘုရားသခင်ည် ဘုရားသခင်၏ ပေါ်ထွန်းခြင်း ဖြစ်သည်၊ မဖြစ်သည်ဆိုသည်ကိုသာ ကျွန်ုပ်တို့ သိချင်ပါသည်။
နောက်တစ်ခုသို့- ယနေ့တွင်၊ ဘာသာရေးလောကထဲရှိ လူများစွာတို့သည် သင်းအုပ်ဆရားများ၏ ဟောပြောမှုများတွင် အလင်းမရှိဟု ခံစားကြရသည်။ ယုံကြည်သူများ၏ ယုံကြည်ခြင်း တစ်စတစ်စ လျော့ပါးနေသည်ကို ၎င်းတို့ မြင်ကြပြီး လူတို့သည် ရုပ်ပိုင်းဆိုင်ရာ ပျော်ရွှင်မှုများကိုသာ ဆွေးနွေးကြပြီး လောက၏ ရေပန်းစားမှုများနောက် လိုက်ကြကာ၊ အချို့သည် အသင်းတော်များထဲတွင် စီးပွားရေးလုပ်ငန်းများပင် လုပ်ဆောင်ကြလေသည်။ ၎င်းတို့ အသင်းတော်သည် မှားယွင်းသည့် အသင်းတော်တစ်ပါး ဖြစ်ကာ သခင် ပြန်ကြွလာသည့်အခါတွင် သူ၏ စွန့်ပစ်ခြင်း ခံကြရမည်ကို ၎င်းတို့ စိုးရိမ်မိကြလေသည်။ သို့သော် ၎င်းတို့အနေဖြင့် သမ္မာကျမ်းစာ ပြိုင်ပွဲများ၊ သန့်ရှင်းသော ပွဲတော်နှင့် ပွဲတော်အမျိုးမျိုးကို ကျင်းပခြင်းများကဲ့သို့ စည်ကားသည့် ပွဲများ ကျင်းပကြသောကြောင့် ၎င်းတို့၏ အသင်းတော်များသည် မှားယွင်းသော အသင်းတော်များ ဖြစ်နိုင်မည်မဟုတ်ဟု ယုံကြည်ကြသူများလည်း ရှိလေသည်။ သို့ဆိုလျှင် မှားယွင်းသည့် အသင်းတော်များကို ကျွန်ုပ်တို့ မည်သို့ ပိုင်းခြားသိမြင် သင့်သနည်း။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

လူတို့က၊ “ကောင်းတာလုပ်ရင် ကောင်းတာရမယ်၊ မကောင်းတာ လုပ်ရင် မကောင်းတာရမယ်” ဟု မကြာခဏ ပြောဆိုကြသည်၊ သို့ဆိုလျှင်၊ ဘုရားသခင်က အဘယ်ကြောင့် ဆိုးညစ်သောလူအားလုံးကို ယခု မပယ်ရှင်းပါသနည်း။

ကိုးကားရန် သမ္မာကျမ်းပိုဒ်များ- “ခပ်သိမ်းသော အမှုအရာတို့သည် မိမိတို့အချိန် ရှိ၏။ မိုဃ်းကောင်းကင်အောက်၌ ကြံစည်သမျှ အသီးသီး ကို့ကို...

အသင်းတော်များသည် ဘာသာတရားများအဖြစ် ပြောင်းလဲသွားရသည်မှာ အဘယ်ကြောင့်နည်း။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ- ဘုရားသခင်၏အိမ်တော်ဆိုသည်မှာ မည်သည့်အရာအတိအကျ ဖြစ်သနည်း။ ယင်းကို သဘောတရားအရ သတ်မှတ်ရပါက...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။