မိမိကိုယ်ကိုယ်နှင့်ပတ်သက်သော စစ်မှန်သည့် အသိပညာမှာ မည်သည့်အရာဖြစ်ပြီး ယင်းတွင် မည်သည့်အရာ ပါဝင်သနည်း

06.12.2021

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

နှစ်ထောင်ပေါင်းများစွာ ဖောက်ပြန်ပျက်စီးခဲ့ပြီးနောက် လူသားသည် ထုံတေပြီး နုံအသည်၊ လူသား၏ ဘုရားသခင်ကို တော်လှန်ပုန်ကန်မှုသည် သမိုင်းစာအုပ်များတွင် မှတ်တမ်းတင်ရပြီး လူသားကိုယ်တိုင်ပင် မိမိ၏ပုန်ကန်သည့် အပြုအမူနှင့် ပတ်သက်သည့် ဖြစ်စဉ်ကို ကုန်စင်အောင် ဖော်ပြနိုင်စွမ်း မရှိသည့်အတိုင်းအတာအထိ ဘုရားသခင်ကို ဆန့်ကျင်သော နတ်ဆိုးဖြစ်လာခဲ့သည်- အဘယ်ကြောင့်ဆိုသော် လူသားသည် စာတန်၏ အကြီးအကျယ် ဖျက်ဆီးခြင်းကို ခံခဲ့ရပြီး စာတန်၏ လမ်းလွဲသွားစေခြင်းကို ခံရပြီးဖြစ်သည်မှာ သူသည် မည်သည့်အရာကို ရှေ့ဆက်လုပ်ရမည်ကို လုံးဝ မသိသောကြောင့် ဖြစ်သည်။ ယနေ့ပင်လျှင် လူသားသည် ဘုရားသခင်ကို သစ္စာဖောက်လျက်ရှိသည်- လူသားသည် ဘုရားသခင်ကို တွေ့မြင်သောအခါ၊ သူ့ကို သစ္စာဖောက်သည်၊ ဘုရားသခင်ကို မမြင်မတွေ့နိုင်သောအခါတွင်လည်း၊ သူ့ကို သစ္စာဖောက်သည်။ ဘုရားသခင်၏ ကျိန်ဆဲခြင်းနှင့် အမျက်တော်ကို မျက်မြင်တွေ့ခဲ့ရပြီးနောက်၊ ဘုရားသခင်ကို သစ္စာဖောက်ဆဲဖြစ်သည့်သူများပင် ရှိသေးသည်။ ထို့ကြောင့် လူ့အသိစိတ်သည် ယင်း၏နဂိုအသုံးဝင်မှု ပျောက်ဆုံးကာ လူ့အသိတရားသည်လည်း နဂိုအသုံးဝင်မှု ပျောက်ဆုံးလေပြီဟု ငါဆိုသည်။ ငါကြည့်မျှော်သော လူသားသည် လူအရေခြုံထားသော သားရဲတစ်ကောင်၊ အဆိပ်ပြင်းသော မြွေတစ်ကောင်ဖြစ်သည်၊ ပြီးလျှင် ငါ့မျက်စိရှေ့တွင် သနားဖွယ်ဖြစ်ပုံပေါက်ဖို့ သူ မည်မျှကြိုးစားသော်လည်း၊ ငါသည် သူ့ကို မည်သည့်အခါမျှ သနားကရုဏာ ထားရှိမည်မဟုတ်၊ အဘယ်ကြောင့်ဆိုသော် လူသားသည် အဖြူနှင့်အမဲကြားရှိ ခြားနားချက်ကို နားလည်ခြင်းမရှိ၊ သမ္မာတရားနှင့် သမ္မာတရား မဟုတ်ခြင်းကြားရှိ ခြားနားချက်ကို နားလည်ခြင်း မရှိသောကြောင့် ဖြစ်သည်။ လူသား၏အသိစိတ်သည် ထုံထိုင်းလှသော်လည်း၊ ကောင်းချီးမင်္ဂလာများကို ရရှိရန် သူ တောင့်တဆဲဖြစ်သည်။ သူ၏ လူ့သဘာဝသည် အလွန်ဂုဏ်အသရေမဲ့သော်လည်း၊ သူသည် ရှင်ဘုရင်၏ အချုပ်အခြာအာဏာကို ပိုင်ဆိုင်ရန် ဆန္ဒရှိဆဲဖြစ်သည်။ ထိုကဲ့သို့သော အသိစိတ်ဖြင့် သူသည် မည်သူတို့၏ ရှင်ဘုရင် ဖြစ်နိုင်မည်နည်း။ ထိုသို့သော လူ့သဘာဝဖြင့် ရာဇပလ္လင်ပေါ်တွင် သူ မည်သို့တက်ထိုင်နိုင်မည်နည်း။ လူသားသည် အကယ်စင်စစ်ပင် အရှက်မရှိပေတကား။ သူသည် စိတ်ကြီးဝင်နေသော အကောင်ယုတ် ဖြစ်ပေသည်။ သင်တို့အထဲတွင် ကောင်းချီးမင်္ဂလာများကို ရယူလိုသူများအတွက် ကြည့်မှန်တစ်ခုကို အရင်ရှာပြီး အကျည်းတန်သော မိမိ၏ ပုံရိပ်ကို ရှုစားကြရန် ငါအကြံပြုသည်။ သင့်တွင် ရှင်ဘုရင်ဖြစ်ရန်အရည်အသွေး ရှိသလော။ ကောင်းချီးမင်္ဂလာများကို ခံစားနိုင်သူ၏မျက်နှာကို ပိုင်ဆိုင်ခြင်း ရှိသလော။ သင်၏ စိတ်သဘောထားထဲ၌ ပြောင်းလဲခြင်း စိုးစဉ်းမျှ မရှိဘဲ၊ သင်သည် မည်သည့် သမ္မာတရားကိုမျှလည်း လက်တွေ့လုပ်ဆောင်ခြင်း မရှိသော်လည်း၊ အံ့မခန်းဖွယ် မနက်ဖြန်ကို တောင့်တနေသေးသည်။ သင်သည် မိမိကိုယ်ကိုယ် လှည့်ဖြားနေ၏။ ဤမျှညစ်ညမ်းသောမြေတွင် မွေးဖွားလာလျက်၊ လူသားသည် လူ့အဖွဲ့အစည်း၏ ပြင်းထန်စွာ ထိခိုက်ဖျက်ဆီးခြင်းကို ခံခဲ့ရပြီးဖြစ်သည်၊ သူသည် ရှေးဆန်သော လူ့ကျင့်ဝတ်များ၏ လွှမ်းမိုးခြင်းခံရပြီးဖြစ်ကာ “အဆင့်မြင့် ပညာသင်ကျောင်းများ” တွင် သင်ယူခဲ့ပြီးဖြစ်သည်။ ခေတ်နောက်ကျသော စဉ်းစားတွေးတောခြင်း၊ ဖောက်ပြန်ပျက်စီးသော အကျင့်စာရိတ္တ၊ ဘဝနှင့်ပတ်သက်သည့် နုံချာသော အမြင်ရှုထောင့်၊ အသက်ရှင်သန်ခြင်းအတွက် စက်ဆုပ်ဖွယ် အတွေးအခေါ်၊ လုံးဝဥဿုံ တန်ဖိုးမရှိသော တည်ရှိမှု၊ စာရိတ္တပျက်ပြားသော အသက်ရှင်နေထိုင်ပုံနှင့် ဓလေ့စရိုက်များ- ဤအရာများအားလုံးသည် လူ့စိတ်နှလုံး အတွင်းသို့ ပြင်းပြင်းထန်ထန် ကျူးကျော်ဝင်ရောက်ကာ လူသား၏ အသိစိတ်ကို ပြင်းထန်စွာ အားလျော့စေခဲ့၍ တိုက်ခိုက်ခဲ့သည်။ အကျိုးဆက်အနေဖြင့် လူသားသည် ဘုရားသခင်နှင့် ဝေးသည်ထက် ဝေးသွားသည့်အပြင် သူ့ကို ယခင်ကထက် ပိုမို ဆန့်ကျင်လာသည်။ လူ့စိတ်သဘောထားသည် တစ်နေ့ပြီးတစ်နေ့ ပိုမို ဆိုးယုတ်လာကာ ဘုရားသခင်အတွက် မည်သည့်အရာကိုမဆို လိုလိုလားလား စွန့်လွှတ်လိုသည့်သူနှင့် ဘုရားသခင်ကို လိုလိုလားလား နာခံလိုစိတ်ရှိသူ တစ်ဦးတစ်လေမျှ မရှိသည့်အပြင် ဘုရားသခင်၏ ပေါ်ထွန်းမှုကို လိုလိုလားလား ရှာဖွေလိုသော ဆန္ဒရှိသူလည်း တစ်ဦးတစ်လေမျှ မရှိပေ။ ထိုအစား လူသားသည် ရွှံ့မြေထဲ၌ ဇာတိပကတိ၏ ဖောက်ပြန်ပျက်စီးခြင်းထံ မိမိကိုယ်ကိုယ် လုံးလုံးပေးအပ်ထားလျက်၊ စာတန်၏ အုပ်စိုးမှုအောက်တွင် မည်သည့်အရာကိုမှ လုပ်ဆောင်ခြင်းမရှိဘဲ အပျော်အပါးကို လိုက်စားပေသည်။ အမှောင်ထုတွင် နေထိုင်ကြသော လူသားတို့သည် သမ္မာတရားကို ကြားသောအခါ၌ပင်၊ လက်တွေ့လုပ်ဆောင်ရန် မတွေးတောကြသကဲ့သို့၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းကို ဖူးမြင်ခဲ့ရလျှင်ပင် ဘုရားသခင်ကို ရှာဖွေလိုခြင်း မရှိကြပေ။ ထိုမျှလောက် စာရိတ္တပျက်ပြားသော လူသားမျိုးနွယ်တစ်ရပ်သည် ကယ်တင်ခြင်းရရှိရန် အခွင့်အရေး မည်သို့ ရှိနိုင်မည်နည်း။ ထိုမျှ ယိုယွင်းသော လူသားမျိုးနွယ်တစ်ရပ်သည် အလင်းထဲတွင် မည်သို့နေနိုင်မည်နည်း။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ မပြောင်းလဲသော စိတ်သဘောထား ရှိခြင်းသည် ဘုရားသခင်ကို ရန်ဘက်ပြုခြင်းဖြစ်သည်

သင့်ကိုယ်သင် သိရှိဖို့ဆိုသည်မှာ သင်၏ စကားနှင့် လုပ်ဆောင်ချက်တိုင်း၊ သင်၏ လှုပ်ရှားမှုတိုင်းနှင့် လုပ်ရပ်တိုင်းကို သိရှိဖို့ ဖြစ်သည်။ ယင်းသည် သင်၏ စိတ်နှင့် အတွေးများ၊ သင်၏ ကြံရွယ်ချက်များ၊ သင်၏ အယူအဆများနှင့် စိတ်ကူးစိတ်သန်းများကို သိရှိဖို့ဖြစ်သည်။ ယင်းသည် အသက်ရှင်ခြင်းအတွက် လောကနှင့်သက်ဆိုင်သည့် သင်၏ အတွေးအခေါ်များနှင့် သင့်အတွင်းရှိ စာတန်၏ အဆိပ်အတောက် အမျိုးမျိုးတို့အပြင် ကျောင်းတွင် သင် ရရှိခဲ့သည့် အသိပညာနှင့် ပညာရေးတို့ကိုပင် သိရှိဖို့ ဖြစ်၏။ ဤအရာအားလုံးကို စိတ်ဖြာလေ့လာရမည်။ လူတစ်ဦးသည် ဘုရားသခင်ကို ယုံကြည်ခြင်း ရှိလာကတည်းက ကောင်းသော အလုပ်များစွာကို လုပ်ဆောင်ပြီး ဖြစ်ကောင်းဖြစ်နိုင်သော်လည်း၊ ၎င်းတို့အဖို့ အမှုအရာများစွာသည် နားလည်ရန်ခက်ခဲကောင်း ခက်ခဲနိုင်သေးပြီး၊ ၎င်းတို့သည် သမ္မာတရားနှင့် သက်ဆိုင်သည့် သိနားလည်မှုတစ်ခု သာ၍ပင် ရှိမလာနိုင်သေးပေ၊ သို့သော်၊ ၎င်းတို့၏ ကောင်းသော အလုပ်များစွာကြောင့်၊ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၌ အသက်ရှင်လာနှင့်ကြပြီးဖြစ်ကာ သူ့ကို ကျိုးနွံနာခံနှင့်ကြပြီးဖြစ်သကဲ့သို့ သူ၏ အလိုကို အတော်အတန် ဖြည့်ဆည်းကြပြီးဖြစ်သည်ဟု ၎င်းတို့ ခံစားကြသည်။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် မကောင်းသော အခြေအနေများ မဖြစ်ပေါ်သည့်အခါတွင် သင်သည် သင့်ကို ပြောထားသည့် မည်သည့်အရာကိုမဆို လုပ်ဆောင်သောကြောင့် ဖြစ်သည်။ သင်သည် သင်၏ တာဝန်ကို ထမ်းဆောင်ခြင်းနှင့် ပတ်သက်၍ စိတ်ထင့်ခြင်းများ မရှိသကဲ့သို့ သင် မခုခံပေ။ ဧဝံဂေလိတရား ဖြန့်ဝေဖို့ သင့်ကို ပြောသည့်အခါ၊ ယင်းသည် သင် ခံနိုင်သည့် အခက်အခဲတစ်ခုဖြစ်ပြီး၊ မည်သည့် ညည်းညူခြင်းမျှ သင် မပြုသကဲ့သို့၊ ဟိုဟိုသည်သည် ပြေးလွှားဖို့ သို့မဟုတ် ကာယအလုပ် လုပ်ဖို့ သင့်ကို ပြောသည့်အခါ၊ ထိုသို့ သင် လုပ်ဆောင်၏။ ဤပြသခြင်းများကြောင့်၊ သင်သည် ဘုရားသခင်ကို ကျိုးနွံနာခံသူတစ်ဦးနှင့် သမ္မာတရားနှင့်သက်ဆိုင်၍ စစ်မှန်သော လိုက်စားသူတစ်ဦး ဖြစ်သည်ဟု ခံစားရလေသည်။ သို့သော် လူတစ်ဦးက သာ၍ လေးနက်စွာ သင့်ကို မေးခွန်းထုတ်ပြီး၊ “သင်သည် ရိုးသားသော လူတစ်ဦးလော။ သင်သည် ဘုရားသခင်ကို စစ်မှန်စွာ ကျိုးနွံနာခံသော လူတစ်ဦးဖြစ်သလော။ ပြောင်းလဲသည့် စိတ်သဘောထားတစ်ခုရှိသည့် လူတစ်ဦးလော”ဟု အမေးခံခဲ့ရပါက၊ ထိုသို့ မေးခွန်းထုတ်ခံခဲ့ရပါက၊ ထိုသို့ စိစစ်ခြင်းအတွက် သမ္မာတရားနှင့်ယှဉ်၍ ပြခံရပါက၊ သင်သည်- လုံးဝ မည်သူမဆိုဟုလည်း ဆိုကောင်းဆိုနိုင်သည်- ချို့တဲ့နေသည်ကို တွေရမည်ဖြစ်သကဲ့သို့ မည်သည့်လူကမျှ သမ္မာတရားအတိုင်း အမှန်တကယ် လက်တွေ့မလုပ်ဆောင်နိုင်ကြပေ။ ထို့ကြောင့် လူသား၏ လုပ်ရပ်များနှင့် လုပ်ဆောင်ချက်များအားလုံး၏ အရင်းအမြစ်အပြင် သူ၏ လုပ်ရပ်များ၏ အနှစ်သာရနှင့် သဘာဝတို့ကို သမ္မာတရားနှင့် ယှဉ်ပြသောအခါ အားလုံး ပြစ်တင်ရှုတ်ချခံရလေသည်။ ဤအရာအတွက် အကြောင်းရင်းမှာ အဘယ်နည်း။ ယင်းမှာ လူသားသည် မိမိကိုယ်ကိုယ် မသိသောကြောင့် ဖြစ်၏။ သူသည် ဘုရားသခင်ကို သူ ကိုယ်တိုင်၏ နည်းလမ်းဖြင့် အမြဲ ယုံကြည်သည်၊ သူ၏ တာဝန်ကို သူကိုယ်တိုင်၏ နည်းလမ်းဖြင့် ထမ်းဆောင်ပြီး ဘုရားသခင်ကို သူကိုယ်တိုင်၏ နည်းလမ်းဖြင့် အစေခံ၏။ ထို့အပြင် သူ၌ ယုံကြည်ခြင်း၊ ဆင်ခြင်တုံတရားတို့နှင့် ပြည့်ဝနေသည်ဟု ခံစားရကာ၊ အဆုံးတွင် သူသည် များစွာ ရရှိပြီးဖြစ်သည်ဟု ခံစားရ၏။ ယင်းကို သူ၏ သိရှိခြင်းမရှိဘဲနှင့်၊ သူသည် ဘုရားသခင်၏ အလိုနှင့်အညီ ဆောင်ရွက်နေနှင့်သကဲ့သို့ ထိုအလိုကို လုံးဝ ပြည့်စုံစေပြီးဖြစ်ကာ သူသည် ဘုရားသခင်၏ သတ်မှတ်ချက်များကို ပြည်မီနှင့်ပြီးဖြစ်သကဲ့သို့ သူ၏ အလိုကို လိုက်လျှောက်နေသည်ဟု ခံစားလာရလေသည်။ ဤသည်မှာ သင် ခံစားသည့်ပုံဖြစ်ပါက သို့မဟုတ် ဘုရားသခင်ကို သင်၏ ယုံကြည်မှု နှစ်အချို့တွင် သင်သည် အကျိုးတရားအချို့ကို ရိတ်သိမ်းရပြီးဖြစ်သည်ဟု သင် ခံစားရပါက၊ သင်သည် မိမိကိုယ်ကိုယ် သုံးသပ်ဆင်ခြင်ဖို့ သာ၍ပင် ဘုရားသခင်၏ ရှေ့မှောက်သို့ ပြန်လာသင့်ပေသည်။ သင်၏ ယုံကြည်ခြင်း နှစ်များတစ်လျှောက် သင် လျှောက်လှမ်းပြီးဖြစ်သည့် လမ်းကြောင်းကို ကြည့်သင့်ပြီး ဘုရားသခင်၏ ရှေ့မှောက်ရှိ သင်၏ လုပ်ရပ်များနှင့် အပြုအမူအားလုံးသည် သူ၏ စိတ်နှလုံးနှင့် လုံးလုံးလျားလျား ညီညွတ်ခြင်း ရှိမရှိ၊ သင် လုပ်ဆောင်သည့် မည်သည့်အရာက ဘုရားသခင်ကို ခုခံသည်၊ သင် လုပ်ဆောင်သည့် မည်သည့်အရာက ဘုရားသခင်ကို စိတ်ကျေနပ်စေနိုင်သည်နှင့် သင် လုပ်ဆောင်သည့် အရာက ဘုရားသခင်၏ သတ်မှတ်ချက်များကို ပြည့်မီပြီး သူ၏ အလိုနှင့် လုံးဝ ကိုက်ညီနိုင်ခြင်း ရှိမရှိဆိုသည်တို့ကို မြင်သင့်သည်၊ ဤအရာအားလုံးနှင့်ပတ်သက်၍ သင်သည် ရှင်းလင်းသင့်၏။

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ“သင်၏လွဲမှားသောအယူအဆကြောင့် ပေါ်ပေါက်သည့်အမြင်များကိုသတိပြုခြင်းဖြင့်သာ သင့်ကိုယ်သင် သိနိုင်မည်” မှ

သင့်တို့ကိုယ်သင်တို့သိခြင်းမှာ သင်တို့၏စိတ်ကူးများနှင့် သဘောထားများထဲတွင် ဘုရားသခင်ကို ဆန့်ကျင်ပြီး သမ္မာတရားနှင့် လိုက်လျောညီထွေမှု လုံးဝမရှိသည့်အပြင် သမ္မာတရားကို မပိုင်ဆိုင်ထားသော မည်သည့်အရာများရှိကြောင်း သိခြင်းဖြစ်သည်။ ဥပမာ၊ လူသားတို့၏ မာနထောင်လွှားမှု၊ မိမိကိုယ်ကိုမှန်ကန်သည်ဟု ယူမှတ်မှု၊ အလိမ်အညာများနှင့် လှည့်ဖြားခြင်းတို့ကို သိနားလည်ခြင်း- ဤသည်တို့မှာ သတိပြုမိရန် လွယ်ကူသည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများဖြစ်သည်။ ထို့အပြင် လူတိုင်းသည် မာနထောင်လွှားမှုနှင့် လိမ်လည်လှည့်ဖြားမှုကို မတူညီသော အတိုင်းအတာများဖြင့် ပိုင်ဆိုင်သည်။ သင်သည် သမ္မာတရားကို အကြိမ်အနည်းငယ် မိတ်သဟာယပြုခြင်းအားဖြင့် သို့မဟုတ် မကြာခဏ မိတ်သဟာယပြုခြင်းအားဖြင့် သို့မဟုတ် သင်၏ ညီအစ်ကို မောင်နှမများအား သင်၏ အခြေအနေကို ထောက်ပြစေခြင်းအားဖြင့် ယင်းတို့နှင့်သက်ဆိုင်သည့် အသိပညာအချို့ကို တကယ်ရလာနိုင်ပေသည်။ ထို့အပြင် လူတိုင်းသည် မာနထောင်လွှားမှုနှင့် လိမ်လည်လှည့်ဖြားမှုကို မတူညီသော အတိုင်းအတာများဖြင့် ပိုင်ဆိုင်သည်။ သို့သော်လည်း လူတို့၏ စိတ်ကူးများနှင့် သဘောထားများမှာ သိနားလည်ရန် မလွယ်ကူပေ။ ၎င်းတို့မှာ လူတို့၏ စိတ်သဘောထားများကို သိရှိခြင်းလောက် မလွယ်ကူပေ။ ဤသည်တို့မှာ နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်ထားသော အရာများဖြစ်ကြသည်။ ထို့ကြောင့် သင်၏ အမူအကျင့်နှင့် အပြင်ပန်း အနေအထိုင်တို့တွင် အနည်းငယ်သော ပြောင်းလဲမှုကို သင် ရရှိထားသောအခါ ဘုရားသခင်နှင့် ဆန့်ကျင်ပြီး သင်ရှာဖွေတွေ့ရှိမထားသေးသည့် သင်၏ အတွေးအခေါ်၊ အယူအဆများ၊ သဘောထားများနှင့် သင်ရရှိထားသည့် ရိုးရာယဉ်ကျေးမှုဆိုင်ရာ အသိပညာတို့ တည်းဟူသော သွင်ပြင်လက္ခဏာများစွာ ရှိနေသေးသည်။ ထိုကဲ့သို့သော အရာများမှာ ဘုရားသခင်အား သင်၏ဆန့်ကျင်နေခြင်း၏ မူလဇာစ်မြစ်ပင် ဖြစ်ပေသည်။ ထို့ကြောင့်၊ သင်၏ အယူအဆများနှင့် မကိုက်ညီသည့် တစ်စုံတစ်ရာ သို့မဟုတ် ဘုရားသခင် လုပ်ဆောင်ဖို့ သင် စိတ်ကူးသည့်အရာမှ ကွဲပြားသည့် တစ်စုံတစ်ရာကို ဘုရားသခင်က လုပ်ဆောင်သည့်အခါ၊ သင်သည် ယင်းကို ခုခံကာ ဆန့်ကျင်လိမ့်မည်။ ဘုရားသခင်က ထိုသို့ အဘယ်ကြောင့် ဆောင်ရွက်ခဲ့သည်ကို သင် နားလည်လိမ့်မည် မဟုတ်သကဲ့သို့ ဘုရားသခင် လုပ်ဆောင်သည့်အရာတိုင်းတွင် သမ္မာတရားရှိသည်ကို သင် သိရှိပြီး ကျိုးနွံနာခံရန် သင် ဆန္ဒရှိကောင်း ရှိနိုင်သော်လည်း၊ ထိုသို့ မလုပ်ဆောင်နိုင်သည်ကို သင့်ကိုယ်သင် တွေရလိမ့်မည်။ အဘယ်ကြောင့် သင်သည် ကျိုးနွံနာခံနိုင်ခြင်း မရှိသနည်း။ အဘယ်ကြောင့် ထိုသို့ ခုံခံခြင်းနှင့် ဆန့်ကျင်ခြင်း ရှိသနည်း။ အကြောင်းရင်းမှာ လူသား၏ အတွေးများနှင့် အမြင်များထဲတွင် ဘုရားသခင်ကို ရန်လိုပြီး သူ ဆောင်ရွက်သည့် အခြေခံသဘောတရားများနှင့် သူ၏ အနှစ်သာရကို ရန်လိုသည့် အရာအချို့ ရှိသောကြောင့် ဖြစ်သည်။ ဤအတွေးများနှင့် အမြင်များသည် လူသားအတွက် သိရှိဖို့ ခက်ခဲပေသည်။

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ“သင်၏လွဲမှားသောအယူအဆကြောင့် ပေါ်ပေါက်သည့်အမြင်များကိုသတိပြုခြင်းဖြင့်သာ သင့်ကိုယ်သင် သိနိုင်မည်” မှ

မိမိကိုယ်ကို သိခြင်းတွင် အဘယ်အရာများ ပါဝင်သနည်း။ ဦးစွာ သင်၏စကားလုံးများနှင့် လုပ်ဆောင်ချက်များတွင် မည်သည့်စိတ်သဘောထားအား ထုတ်ဖော်ပြသည်ကို သင်သိရမည်။ တစ်ခါတစ်ရံတွင် ယင်းသည် မာနထောင်လွှားခြင်းဖြစ်သည်။ တစ်ခါတစ်ရံတွင် ကောက်ကျစ်ခြင်းဖြစ်သည်။ တစ်ခါတစ်ရံတွင် ဆိုးယုတ်ခြင်းဖြစ်သည်။ ထို့အပြင် ပြဿနာများကို သင်ကြုံတွေ့ရသောအခါ သင်၏ရည်ရွယ်ချက်များသည် ဘုရားသခင်၏အလိုတော်နှင့် မကိုက်ညီနေခြင်း ရှိမရှိ၊ သို့မဟုတ် သမ္မာတရားနှင့် မကိုက်ညီခြင်း ဖြစ်မဖြစ်ကို သိရမည်။ သင့်တာဝန်အပေါ်ထားသော သင်၏သဘောထားသည် ဝန်ထုပ်ဝန်ပိုးကို ထမ်းရွက်ခြင်း သဘောထား ဟုတ်မဟုတ်၊ သို့မဟုတ် စိတ်နှစ်မြှုပ်လုပ်ကိုင်ခြင်း သဘောထား ဟုတ်မဟုတ်၊ ဘုရားသခင်အတွက် သင့်ကိုယ်သင် အသုံးခံရာတွင် သင်သည် စစ်မှန်ရိုးသားခြင်း ရှိမရှိ၊ သို့မဟုတ် ထိုသို့ပြုလုပ်နေခြင်းသည် အရောင်းအဝယ်သဘောမျိုး ပြုလုပ်နေခြင်း ဟုတ်မဟုတ်ကိုလည်း သိရမည်။ သင်၌ ဘုရားသခင်အပေါ် အလွန်အကျူး တောင်းဆိုမှုများ ရှိမရှိ၊ သင့်တွင် ကျိုးနွံနာခံသော စိတ်နှလုံး ရှိမရှိနှင့် ပတ်ဝန်းကျင်များ၊ လူများ၊ ဖြစ်ရပ်များ၊ ဘုရားသခင်စီစဉ်ညွှန်ကြားသော အရာများနှင့် ရင်ဆိုင်ရသည့်အခါ သမ္မာတရားကို ရှာဖွေနိုင်ခြင်း ရှိမရှိတို့ကိုလည်း သင်သိရမည်။ သင်သည် သမ္မာတရားကို ချစ်သောသူ ဟုတ်မဟုတ်၊ သင့်တွင် မည်သည့်လူ့သဘာဝရှိသည်၊ အသိစိတ်နှင့် ဆင်ခြင်တုံတရားကို သင်ပိုင်ဆိုင်ခြင်း ရှိမရှိ၊ ပြဿနာများကို သင်ကြုံတွေ့ရသောအခါတွင် ကျိုးကြောင်းဆင်ခြင်ခြင်းနှင့် ညှိုနှိုင်းခြင်းအခြေအနေတွင် သင်ရှိမရှိ၊ သို့မဟုတ် သမ္မာတရားကို ရှာဖွေနိုင်ပြီး သင်၏ကိုယ်ပိုင်အယူအဆများနှင့် စိတ်ကူးထင်မြင်ချက်များ၊ ရည်မှန်းချက်များ၊ လိုအင်ဆန္ဒများ၊ အစီအစဉ်များကို စွန့်လွှတ်နိုင်ခြင်း ရှိမရှိနှင့် သင်သည် သမ္မာတရားကို ရှာဖွေသောသူ ဟုတ်မဟုတ်တို့ကိုလည်း သိရမည်။ ထို့အပြင် မိမိကိုယ်ကို သိခြင်း၏ အခြားအချက်တစ်ခုမှာ မိမိ၏စရိုက်လက္ခဏာကို နားလည်ခြင်း၊ မိမိသည် ဖြောင့်မတ်သောသူ ဟုတ်မဟုတ်၊ မိမိတွင် အသိစိတ်နှင့် ကြင်နာတတ်သော နှလုံးသား ရှိမရှိကို သိခြင်းဖြစ်သည်။ ပတ်ဝန်းကျင်၊ လူပုဂ္ဂိုလ်၊ ဖြစ်ရပ်နှင့် အမှုကိစ္စအမျိုးအစားတိုင်းအပေါ် သင်၏ချဉ်းကပ်မှုတွင် သင်၏ကိုယ်ပိုင်စရိုက်လက္ခဏာကို မြင်နိုင်ပြီး သင်သည် သမ္မာတရားကို ချစ်ကာ ဘုရားသခင်အပေါ် စစ်မှန်သော ယုံကြည်မှုရှိသောသူတစ်ယောက် ဟုတ်မဟုတ်ကို သိရှိလာနိုင်သည်။ ဘုရားသခင်နှင့် တိုက်ရိုက်သက်ဆိုင်သော အရေးကိစ္စများ— သူ့ကို မည်သို့ရည်ညွှန်းပြောဆိုပုံ၊ သူ၏အမည်နာမ၊ သူ၏လူ့ဇာတိခံယူခြင်း— သင်သည် ရိုသေကိုင်းရှိုင်းသလော၊ ကျိုးနွံနာခံသလော ဆိုသည်တို့တွင် သင်၌ မည်သည့်သဘောထားမျိုးရှိသည်ကိုလည်း ကြည့်လော့။ အခြားမည်သည့်အရာရှိသေးသနည်း။ (ကျွန်ုပ်တို့၏ အစွမ်းအစ အတိုင်းအတာကို သိခြင်း။) (ဘဝအပေါ် ကျွန်ုပ်တို့၏ ရှုမြင်ချက်၊ ကျွန်ုပ်တို့၏ စံတန်ဖိုးများနှင့် မည်သည့်အရာနှင့်အညီ ကျွန်ုပ်တို့အသက်ရှင်သည်တို့ကို နားလည်ခြင်း။ ကျွန်ုပ်တို့ လိုက်စားသည့်အရာ၊ ကျွန်ုပ်တို့လျှောက်လှမ်းနေသည့် လမ်းကြောင်းတို့ကို သိရှိခြင်း။) ဤအရာတို့သည် လူတို့နားလည်သင့်သည့် အရာအားလုံးဖြစ်သည်။ အားလုံးခြုံငုံကြည့်လျှင် ကဏ္ဍတိုင်း၌ မိမိကိုယ်ကို သိခြင်းသည် အခြေခံအားဖြင့် ဤသို့ဖြစ်သည်— မိမိ၏အစွမ်းအစကို သိခြင်း၊ မိမိ၏ပင်ကိုစရိုက်ကို သိခြင်း၊ မိမိ၌ သမ္မာတရားကိုချစ်ခြင်း ရှိမရှိကို သိခြင်း၊ မိမိလျှောက်လှမ်းသော လမ်းကြောင်းကို သိခြင်း၊ ဘဝနှင့် မိမိစံတန်ဖိုးများအပေါ် မိမိ၏ရှုမြင်ချက်ကို သိခြင်းနှင့် ဘုရားသခင်အပေါ် သင်ထားရှိသော သဘောထားအမျိုးအစားတိုင်းကို သိခြင်းတို့ဖြစ်သည်။ ဤအရာအားလုံးတို့ ပါဝင်၏။

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ“အယောင်ဆောင်ခေါင်းဆောင်များကို ခွဲခြားဖော်ထုတ်ခြင်း (၂)” မှ

သင်၏မိမိကိုယ်ကိုသိမှုတွင် အပေါ်ယံကျသောအရာများကို ပြီးစလွယ် သတိပြုမိခြင်းသာပါဝင်လျှင်— သင်သည် မာနထောင်လွှားပြီး ကိုယ့်ကိုယ်ကိုယ် ဖြောင့်မတ်သည်ဟု မှတ်ယူကြောင်း၊ သင်သည် ဘုရားသခင်အား ပုန်ကန်၊ အာခံကြောင်းကို ပြောဆိုရုံမျှသာပြုလျှင်— ဤသည်မှာ စစ်မှန်သည့် အသိအမြင်မဟုတ်ဘဲ အယူဝါဒသာဖြစ်သည်။ ဤအရာကို အမှန်တရားများဖြင့် သင်ပေါင်းစပ်ရမည်— မည်သည့်ကဏ္ဍများတွင် လွဲမှားသောအမြင်၊ သို့မဟုတ် ဆုံးဖြတ်ချက်လွဲမှားသော ထင်မြင်ချက်များကို သင်စွဲကိုင်ထားသည်ဖြစ်စေ မိတ်သဟာယပြုရန်၊ ပိုင်းခြားလေ့လာရန်အတွက် သင်၏အတွင်း၌ရှိသော အရင်းခံတွန်းအားတို့ကို သင်ထုတ်ဖော်ရမည်။ ဤသည်သာ အသိပညာကို အမှန်တကယ် ပိုင်ဆိုင်ခြင်းဖြစ်သည်။ သင်၏အရင်းခံတွန်းအားနှင့် သင့်အနှစ်သာရ၏ အရင်းအမြစ်ကို သိဖို့ရန် အာရုံစိုက်ရမည်။ သင်၏လုပ်ရပ်များမှတစ်ဆင့်သာ နားလည်မှုကို သင်မရရှိသင့်ပေ။ ယင်း၏ အရေးကြီးဆုံးအချက်ကို သင်နားလည်သဘောပေါက်ရမည်ဖြစ်ပြီး ပြဿနာ၏ အရင်းအမြစ်ကို ဖြေရှင်းရမည်။ အချိန်ကာလတစ်ခု ပြီးဆုံးသွားသည်နှင့် သင့်ကိုယ်သင် ပြန်လည်ဆင်ခြင်ရမည်ဖြစ်ပြီး မည်သည့်ပြဿနာများကို သင်ဖြေရှင်းပြီးခဲ့သည်၊ မည်သည့်ပြဿနာများက ကျန်ရှိနေသေးသည်၊ ယင်းတို့ကို မည်သို့ကိုင်တွယ်သင့်သည် ဆိုသည်တို့ကို အနှစ်ချုပ်ရမည်။ အလားတူပင် သမ္မာတရားကိုလည်း သင်ရှာဖွေရမည်။ အခြားသူများအား သင့်ကို အစဉ်သဖြင့် ဦးဆောင်ခွင့်မပေးရပေ။ အသက်အတွင်းသို့ ဝင်ရောက်မှုအတွက် သင့်တွင် ကိုယ်ပိုင်လမ်းကြောင်းရှိရမည်။ သင်မှားယွင်းစွာ လုပ်ဆောင်နေသော၊ သမ္မာတရားနှင့် မကိုက်ညီသော အရာများက အဘယ်အရာများဖြစ်သည်၊ သင်၏မည်သည့်စကားများနှင့် အရင်းခံတွန်းအားတို့က မှားယွင်းနေသည်၊ မည်သည့်စိတ်သဘောထားကို သင်ထုတ်ဖော်ပြနေသည်ဟူ၍ သင့်ကိုယ်သင် မကြာခဏ စစ်ဆေးရမည်။ ဤသည်မှာ သင်အပြောင်းအလဲမရှိစွာ ဝင်ရောက်သည့် နည်းလမ်းဖြစ်လျှင်၊ သင့်ကိုယ်သင် တင်းကျပ်စွာ တောင်းဆိုမှုများ ပြုလုပ်လျှင် ဤအရေးကိစ္စအပေါ် ပိုမိုနားလည်မှုကို တဖြည်းဖြည်းချင်း သေချာပေါက်ရရှိလိမ့်မည်။ အဆုံးတွင် သင်သည် အားလုံးကို အတူတကွ ဆက်စပ်ကြည့်ပြီး သင်သည် အကယ်ပင် မကောင်းသည်ကို မြင်ရလိမ့်မည်။ ထိုကဲ့သို့သော အသိပညာကို အမှန်တကယ် ပိုင်ဆိုင်သောနေ့ကို ရောက်သည့်အခါတွင် သင်သည် မာနထောင်လွှားနိုင်ခြင်း ရှိတော့မည်မဟုတ်ပေ။ ယခုအချိန်တွင် မည်သည့်အရာက အရေးပါလှသနည်း။ မိတ်သဟာယပြုကာ ပိုင်းခြားလေ့လာပြီးနောက်တွင် လူတို့သည် ဤအရာများကို သတိပြုမိပြီး သိရှိလာကြသော်လည်း ၎င်းတို့သည် မိမိတို့ကိုယ်ကို မသိရှိကြသေးပေ။ အချို့က “ငါသည် အဘယ်သို့လျှင် မိမိကိုယ်ကို မသိနိုင်ရမည်နည်း။ မာနထောင်လွှားမှုကို ငါဖော်ပြသည့် အခြေအနေတို့ကို ငါသတိပြုမိသည်” ဟု ဆိုကြသည်။ သင်သတိပြုမိသည်ဆိုလျှင် သင်၏စိတ်သဘောထားက မာနထောင်လွှားသည်ကို သင်မည်သို့သတိမပြုမိသနည်း။ ပုဂ္ဂိုလ်ရေးရာ တိုးတက်မှုများကို သင်ရှာဖွေသော၊ ဂုဏ်အဆင့်အတန်းနှင့် ဘွဲ့ထူးဂုဏ်ထူးများကို သင်မက်မောသောအချိန်များ အဘယ်ကြောင့်ရှိနေရသနည်း။ ဤသည်မှာ သင်၏မာနထောင်လွှားသော သဘာဝကို အမြစ်ဖြတ်ရှင်းလင်းပြီးခြင်း မရှိသည်ကို ဆိုလိုသည်။ ထို့ကြောင့် သင်၏လုပ်ဆောင်မှုများနောက်တွင် အရင်းခံတွန်းအား၊ အမြင်၊ ထင်မြင်ချက်များမှတစ်ဆင့် အပြောင်းအလဲကို စတင်ရမည်။ လူတို့ပြောသည့်အရာများစွာသည် မခံချိမခံသာဖြစ်စေပြီး အဆိပ်ရှိကြောင်း၊ ၎င်းတို့၏ လေသံတွင် မာနထောင်လွှားမှုအရိပ်အယောင် ပါဝင်နေကြောင်းကို သင်တို့အသိအမှတ်ပြုသလော။ ၎င်းတို့၏ စကားလုံးများတွင် ၎င်းတို့၏ အရင်းခံတွန်းအားနှင့် ကိုယ်ပိုင်ထင်မြင်ချက်တို့ ပါဝင်သည်။ ဤအရာကို ၎င်းတို့ပြောသည့်အရာမှ မြင်နိုင်သည်။ မာနထောင်လွှားမှု မပေါ်လွင်သည့်အခါတွင် စကားပြောဆိုသည့်၊ အမူအရာဖော်ပြသည့် ပုံစံတစ်မျိုးရှိသော သူများရှိသည်။ သို့သော်လည်း ၎င်းတို့၏ မာနထောင်လွှားမှုက ရုပ်လုံးပေါ်လာသောအခါ ၎င်းတို့၏ တင်ပြပုံက ပြောင်းလဲသွားသည်— စာတန်၏ အကျည်းတန်သောမျက်နှာက ရုပ်လုံးပေါ်လာပြီဖြစ်သည်။ လူတိုင်းတွင် အရင်းခံတွန်းအားများ ခိုအောင်းနေကြသည်။ ကောက်ကျစ်သောသူများကို ကြည့်လော့— ၎င်းတို့သည် စကားပြောဆိုသည့်အခါတွင် အစဉ်သဖြင့် တိုးညှင်းစွာပြောဆိုပြီး မျက်စိကို မှေးထားသည်။ ဤတွင် ပါဝင်သော အရင်းခံတွန်းအားများရှိသည်။ အချို့လူများက ခိုးကြောင်ခိုးဝှက်ဖြင့် နိမ့်သောအသံဖြင့် ပြောဆိုသည်။ ၎င်းတို့၏ စကားလုံးများတွင် အကြံအစည်များပါဝင်သော်လည်း လေသံ၊ သို့မဟုတ် မျက်နှာရိပ်မျက်နှာကဲဖြင့် မည်သည့်အရာကိုမျှ မသိစေရပေ။ ထိုကဲ့သို့သောသူတို့သည် ပို၍ပင် သစ္စာဖောက်တတ်ပြီး ကယ်တင်ရန် အလွန်ခက်ခဲသည်။

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ“အသစ်သောကာလသို့ ကူးပြောင်းနည်း” မှ

သင်တို့ထုတ်ဖော်သော ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထား— သင်သည် မည်သည့်ဖောက်ပြန်ပျက်စီးသည့် အရာများကို ထုတ်ဖော်ပြနိုင်ဖွယ် ရှိသေးသည်၊ မည်သည့်အရာများကို သင်လုပ်နိုင်ဖွယ် ရှိသေးသည်တို့ကို ယခုအခါ သင်တို့သည် အတော်အတန် သတိပြုမိနိုင်စွမ်းရှိကြသည်။ ဤအရာများလုံးကို သင်သိသည်။ သို့ရာတွင် အခက်ခဲဆုံးသောအရာမှာ သင့်ကိုယ်သင် ထိန်းချုပ်နိုင်ခြင်း ဖြစ်သည်။ သင်သည် မည်သည့်အချိန်တွင် တစ်စုံတစ်ခုကို လုပ်ဆောင်မည်ကိုလည်းကောင်း၊ မည်သည့်စိုးရိမ်ဖွယ်ဖြစ်သော အရာများကို သင်လုပ်ဆောင်နိုင်သည်ကိုလည်းကောင်း သင်မသိပေ။ သင်မည်သည့်အခါမျှ မလုပ်မည့် အရာများ၊ သို့မဟုတ် မည်သည့်အခါမျှ မပြောမည့် စကားများ ရှိကောင်းရှိနိုင်သော်လည်း တစ်ချိန်ချိန်၊ သို့မဟုတ် ပတ်ဝန်းကျင် တစ်ခုခုတွင်မူ ယင်းတို့ကို သင်အမှန်တကယ် လုပ်ခဲ့သည်၊ သို့မဟုတ် ပြောခဲ့သည်။ လူများသည် မျှော်လင့်မထားသော ဤအမှုကိစ္စများကို မထိန်းချုပ်နိုင်ချေ။ ဤသည်မှာ အဘယ်သို့ ဖြစ်ရသနည်း။ ယင်းမှာ လူများသည် မိမိတို့၏သဘာဝနှင့် အနှစ်သာရကို နှံ့နှံ့စပ်စပ် နားမလည်သောကြောင့် ဖြစ်သည်။ ယင်းနှင့်ပတ်သက်သည့် ၎င်းတို့၏အသိပညာသည် လုံလုံလောက်လောက် မနက်ရှိုင်းသောကြောင့် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းသည် ၎င်းတို့အတွက် အလွန်ပင်ပန်းရသည်။ ဥပမာအနေဖြင့်၊ လူအချို့သည် အတော်ပင် လှည့်ဖြားတတ်ကာ စကားနှင့် လုပ်ဆောင်ချက်တို့တွင် မရိုးသားကြသော်လည်း ၎င်းတို့၏ဖောက်ပြန်ပျက်စီးခြင်း၌ မည်သည့်အရာက အပြင်းထန်ဆုံးဖြစ်သည်ကို ၎င်းတို့အား သင်မေးမြန်းလျှင် ၎င်းတို့က “ကျွန်ုပ်သည် အနည်းငယ် လှည့်ဖြားတတ်သည်” ဟု ပြောလိမ့်မည်။ ၎င်းတို့သည် အနည်းငယ် လှည့်ဖြားတတ်သည်ဟုသာ ၎င်းတို့ ပြောရုံမျှပြောသော်လည်း ၎င်းတို့၏သဘာဝကိုယ်နှိုက်က လှည့်ဖြားတတ်သည်ဟု ၎င်းတို့မပြောသကဲ့သို့ ၎င်းတို့သည် လှည့်ဖြားတတ်သော လူတစ်ဦးဖြစ်သည်ဟုလည်း ၎င်းတို့မပြောပေ။ ၎င်းတို့၏သဘာဝကို ၎င်းတို့က ထိုမျှ နက်နက်ရှိုင်းရှိုင်း မမြင်တွေ့ကြဘဲ ယင်းကို စိုးရိမ်ဖွယ်ရာ တစ်ခုအဖြစ် မကြည့်သကဲ့သို့ အခြားသူများကဲ့သို့ နှံ့နှံ့စပ်စပ်လည်း မကြည့်ပေ။ ဤလူသည် အလွန်လှည့်ဖြားတတ်ပြီး အလွန်မရိုးဖြောင့်ကြောင်း၊ ၎င်းတို့၏စကားလုံးတိုင်းတွင် လိမ်လည်မှုရှိကြောင်း၊ ၎င်းတို့၏စကားများနှင့် လုပ်ရပ်များသည် မည်သည့်အခါမျှ မရိုးသားကြောင်း အခြားသူများက မြင်ကြသည်— သို့ရာတွင် ၎င်းတို့သည် မိမိတို့ကိုယ်ကို ထိုမျှ နက်ရှိုင်းစွာ မမြင်နိုင်ပေ။ ၎င်းတို့၌ တိုက်တိုက်ဆိုင်ဆိုင် ရှိနေသည့် မည်သည့်အသိပညာမဆိုသည် အပေါ်ယံမျှသာ ဖြစ်သည်။ ၎င်းတို့ပြောဆိုပြီး ပြုမူတိုင်း ၎င်းတို့၏သဘာဝ၌ တစ်စုံတစ်ခုကို ၎င်းတို့ထုတ်ဖော်သော်လည်း ၎င်းတို့က ဤအရာကို သတိမပြုမိကြပေ။ ၎င်းတို့လုပ်ဆောင်နေသည့်အရာတွင် ရိုးသားနေခြင်းဖြစ်ပြီး သမ္မာတရားနှင့်အညီ အမှုကိစ္စများကို လုပ်ဆောင်နေသည်ဟု ၎င်းတို့က တွေးထင်ကြသည်။ တစ်နည်းအားဖြင့်ဆိုရလျှင်၊ လူတို့သည် ၎င်းတို့၏ ကိုယ်ပိုင်သဘာဝဗီဇနှင့် သက်ဆိုင်သော အလွန်အပေါ်ယံဆန်သည့် သိနားလည်မှု ရှိကြပြီး၊ ဤအရာနှင့် ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ထုတ်ဖော်ပြခြင်းနှင့်ဆိုင်သည့် နှုတ်ကပတ်တော်များကြားတွင် ကြီးမားသော ခြားနားချက်တစ်ခု ရှိ၏။ ဤသည်မှာ ဘုရားသခင် ထုတ်ဖော်သောအရာထဲမှ အမှားအယွင်းတစ်ခု မဟုတ်ပေ၊ အမှန်မှာ လူသားမျိုးနွယ်သည် သူ၏သဘာဝဗီဇအကြောင်း လေးနက်သောသိနားလည်မှု ကင်းမဲ့ခြင်းပင် ဖြစ်သည်။ လူတို့၌ သူတို့ကိုယ်သူတို့ အခြေခံကျသော သို့မဟုတ် ပဓာနကျသော သိနားလည်မှု မရှိကြပေ၊ ထို့ထက် သူတို့သည် သူတို့၏ လုပ်ဆောင်ချက်များနှင့် အပြင်ပန်းဖော်ပြချက်များအပေါ် အာရုံစိုက်၍ သူတို့၏စွမ်းအားကို မြှပ်နှံထားကြသည်။ အကယ်၍ လူတစ်ဦးက သူ့ကိုယ်သူ သိနားလည်သည့်အကြောင်း တစ်ခုခုကို ရံဖန်ရံခါ ပြောခဲ့လျှင်လည်း ၎င်းမှာ အလွန်လေးနက်မည် မဟုတ်ချေ။ ဤကဲ့သို့သောအရာမျိုးကို ပြုလုပ်ထားပြီးဖြစ်သောကြောင့် သို့မဟုတ် တစ်ခုခုကို ထုတ်ဖော်ထားပြီးဖြစ်သောကြောင့် သူသည် ဤကဲ့သို့သောလူစားမျိုးဖြစ်ကြောင်း သို့မဟုတ် ဤကဲ့သို့သော သဘာဝဗီဇမျိုး ရှိကြောင်းကို မည်သူကမျှ တစ်ခါမျှ တွေးဖူးကြမည် မဟုတ်ပေ။ ဘုရားသခင်သည် လူသားမျိုးနွယ်၏ သဘာဝနှင့် ပဓာနကျခြင်းတို့ကို ထုတ်ဖော်ခဲ့ပြီးဖြစ်သည်၊ သို့သော်လည်း လူတို့သည် သူတို့၏ ပြောပုံဆိုပုံနှင့် လုပ်နည်းကိုင်နည်းတို့မှာ အားနည်းချက်ရှိကြောင်းနှင့် မပြည့်စုံကြောင်းကို နားလည်ကြ၏၊ ထို့ကြောင့် သမ္မာတရားကို လက်တွေ့ကျင့်ဆောင်ရန်မှာ လူတို့အတွက် အားသွန်ခွန်စိုက်လုပ်ရသော အလုပ်တစ်ခု ဖြစ်လေသည်။ လူတို့က သူတို့၏ အမှားများမှာ ၎င်းတို့၏ ဗီဇသဘာဝ ထုတ်ဖော်ချက်များ မဟုတ်ဘဲ အမှတ်တမဲ့ ထွက်ပေါ်လာသည့် ခေတ္တခဏမျှဖြစ်သော သရုပ်သကန်များသာ ဖြစ်သည်ဟု ထင်ကြသည်။ ဤသို့ တွေးထင်သော လူတို့သည် သမ္မာတရားကို လက်တွေ့မလုပ်ဆောင်နိုင်ကြချေ။ အဘယ့်ကြောင့်ဆိုသော် သမ္မာတရားအား သမ္မာတရားအဖြစ် သူတို့ လက်မခံနိုင်သကဲ့သို့ သမ္မာတရားကို ဆာငတ်ခြင်းမရှိကြသောကြောင့် ဖြစ်၏။ ထို့ကြောင့် သမ္မာတရားကို လက်တွေ့ကျင့်ဆောင်သည့်အခါ သူတို့သည် ဝတ်ကျေတမ်းကျေ လုပ်ကြပြီး စည်းမျဉ်းများကိုသာ လိုက်နာကြသည်။ လူတို့က သူတို့၏ သဘာဝဗီဇများမှာ အလွန်ဖောက်ပြန်ပျက်စီးသည်ဟု မရှုမြင်ကြချေ၊ ပြီးလျှင် ၎င်းတို့ ဖျက်ဆီးခံသင့်ဖို့ သို့မဟုတ် အပြစ်ပေးခံသင့်ဖို့ ၎င်းတို့ သိပ်မဆိုးကြဟု ယုံကြည်ကြလေသည်။ ရံဖန်ရံခါ လိမ်ညာသည်မှာ သိပ်အရေးမကြီးဟု ၎င်းတို့ ထင်ကြပြီး၊ ၎င်းတို့ကိုယ်၎င်းတို့ ယခင်ကထက် များစွာပိုကောင်းကြသည်ဟု ထင်မှတ်ကြသည်။ သို့သော်လည်း သူတို့သည် သမ္မာတရားကို အမှန်တကယ် လက်တွေ့မကျင့်ဆောင်ကြသောအခါ၌၊ လူတို့၌ အပြင်ပန်းအားဖြင့် သမ္မာတရားကို မချိုးဖောက်သည့် လုပ်ဆောင်ချက်များအချို့သာ ရှိသောကြောင့်၊ အမှန်တွင် ၎င်းတို့သည် စံပြည့်မီဖို့ မည်သည့်နေရာတွင်မျှ မနီးစပ်ကြချေ။

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ“မိမိ၏ သဘာဝအကြောင်း သိနားလည်ခြင်းနှင့် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း” မှ

မျက်မှောက်ခေတ်တွင် လူအများစုက မိမိကိုယ်ကိုယ်မိမိအပေါ် အလွန်ပင် အပေါ်ယံဆန်သော သိနားလည်ခြင်း ရှိကြသည်။ ၎င်းတို့သည် မိမိတို့သဘာဝ၏ အစိတ်အပိုင်းဖြစ်သော အမှုအရာများကို ရှင်းလင်းစွာ သိမြင်လာခြင်း လုံးဝမရှိခဲ့ကြပေ။ ၎င်းတို့သည် မိမိတို့၏ ဖောက်ပြန်ပျက်စီးသော အခြေအနေများ အနည်းငယ်၊ သူတို့ပြုလုပ်တတ်သည့် အမှုအရာများ၊ သို့မဟုတ် သူတို့၏ အားနည်းချက်များ အနည်းငယ်ကိုသာ သိကြပြီး၊ ဤအရာက ၎င်းတို့အား မိမိကိုယ်ကိုယ်သိသည်ဟု ယုံကြည်စေသည်။ ထို့ပြင် အကယ်၍ ၎င်းတို့သည် စည်းကမ်းအနည်းငယ်ကို လိုက်နာကာ အချို့သော ကဏ္ဍများတွင် အမှားမလုပ်မိရန် သေချာစေပြီး၊ ထိုထိုသော ကျူးလွန်ပြစ်မှားခြင်းများ မလုပ်မိအောင် ရှောင်ကြဉ်နိုင်လျှင် ဘုရားသခင်အပေါ် သူတို့၏ယုံကြည်ခြင်း၌ စစ်မှန်မှုပိုင်ဆိုင်သည်ဟု မိမိကိုယ်ကိုယ် သဘောထားပြီး ကယ်တင်ခံရလိမ့်မည်ဟု ယူဆတတ်ကြသည်။ ဤသည်မှာ လုံးလုံးလျားလျားပင် လူသား၏ စိတ်အထင်ဖြစ်သည်။ ထိုအရာများကို သင်လိုက်နာလျှင် မည်သည့် ကျူးလွန်ပြစ်မှားခြင်းကိုမျှ မလုပ်မိစေဖို့ သင် အမှန်တကယ် ရှောင်ကြဉ်လာနိုင်လိမ့်မည်လော။ စိတ်သဘောထား၌ စစ်မှန်သောပြောင်းလဲမှုကို သင်ရရှိပြီးဖြစ်လိမ့်မည်လော။ လူသားတစ်ဦး၏ ပုံသဏ္ဌာန်ကို သင် အမှန်တကယ် အသက်ရှင်နေလိမ့်မည်လော။ သင်သည် ဘုရားသခင်ကို ထိုနည်းအတိုင်း အမှန်ပင် ကျေနပ်စေနိုင်သလော။ လုံးဝကျေနပ်စေနိုင်မည် မဟုတ်၊ ဤသည်မှာ သေချာ၏။ ဘုရားသခင်၌ ယုံကြည်ခြင်းသည် လူတစ်ဦးက မြင့်မားသော စံနှုန်းများရှိပြီး သမ္မာတရားနှင့် သူ၏ အသက်တာစိတ်သဘောထား၌ အသွင်ပြောင်းလဲမှု အတော်အတန် ရရှိထားသောအခါမှသာ အလုပ်ဖြစ်လေသည်။ ထို့ကြောင့် လူတို့၏ မိမိကိုယ်ကိုယ် သိကျွမ်းခြင်းက အလွန်ပေါ့တန်လျှင်၊ ပြဿနာများကို ဖြေရှင်းဖို့ မဖြစ်နိုင်သည်ကို ၎င်းတို့ တွေ့ရလိမ့်မည်ဖြစ်ပြီး၊ ၎င်းတို့၏ အသက်တာ စိတ်သဘောထား တကယ်ကို ပြောင်းလဲလိမ့်မည်မဟုတ်။ မိမိကိုယ်ကိုယ် နက်နဲသိမ်မွေ့သော အဆင့်တစ်ခုအထိ သိရှိရန် လိုအပ်၏၊ ယင်းမှာ မိမိ၏ ကိုယ်ပိုင်သဘာဝအား သိရှိခြင်းကို ဆိုလိုသည်- ထိုသဘာဝတွင် မည်သည့် အရိပ်လက္ခဏာများ ပါဝင်သည်၊ ဤအရာများ မည်သို့ ပေါ်ပေါက်သည်၊ ထို့ပြင် ၎င်းတို့ မည်သည့်အရပ်မှ လာခဲ့သည် စသည်တို့ဖြစ်သည်။ ထို့အပြင်၊ ဤအရာများကို သင် အမှန်တကယ် မုန်းတီးနိုင်ပါသလော။ သင်၏ ကိုယ်ပိုင် အကျည်းတန်သော ဝိညာဉ်နှင့် သင်၏ ဆိုးယုတ်သော သဘာဝကို သင် မြင်ပြီးပြီလော။ မိမိကိုယ်ကိုယ်၏ အမှန်တရားကို သင် အမှန်တကယ် တွေ့မြင်နိုင်လျှင်၊ သင်သည် မိမိကိုယ်ကိုယ် စတင်စက်ဆုပ်ရွံရှာလိမ့်မည်။ မိမိကိုယ်ကိုယ် စက်ဆုပ်ရွံရှာပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်ကို သင် လက်တွေ့လုပ်ဆောင်သောအခါ၊ သင်သည် ဇာတိပကတိကို စွန့်လွှတ်နိုင်လိမ့်မည်ဖြစ်ပြီး အခက်အခဲမရှိဘဲ သမ္မာတရားကို ဆောင်ရွက်ဖို့ ခွန်အား သင်ရှိပါလိမ့်မည်။ အဘယ်ကြောင့် လူများစွာတို့သည် မိမိတို့၏ သွေးသား နှစ်သက်မှုများနောက် လိုက်ကြသနည်း။ ၎င်းတို့သည် မိမိတို့ကိုယ်ကိုယ် အတော်ကောင်းသည်ဟု ထင်မှတ်ကြကာ ၎င်းတို့၏ လုပ်ရပ်များမှာ မှန်ကန်ပြီး တရားသည်၊ ၎င်းတို့တွင် အမှားများမရှိသကဲ့သို့ မှန်ကန်မှုတွင် လုံးလုံးလျားလျား ရှိသည်ဟုပင် ခံစားကြသောကြောင့် ၎င်းတို့သည် တရားမျှတခြင်းက ၎င်းတို့ဖက်တွင် ရှိသည်ဟု ယူဆချက်ဖြင့် လုပ်ဆောင်နိုင်စွမ်း ရှိကြလေ၏။ လူတစ်ဦးသည် မိမိ၏ စစ်မှန်သော သဘာဝဗီဇမှာ မည်မျှအကျည်းတန်ကြောင်း၊ မည်မျှ စက်ဆုပ်ရွံရှာဖွယ်ကောင်းကြောင်းနှင့် မည်မျှသနားစဖွယ် ဖြစ်ကြောင်း အသိအမှတ်ပြုသည့်အခါ သူသည် ယခင်ကကဲ့သို့ မိမိကိုယ်ကိုယ် လွန်စွာမောက်မာခြင်း၊ လွန်လွန်ကဲကဲပင် မာနကြီးခြင်းနှင့် မိမိကိုယ်ကိုယ် အလွန်ကျေနပ်အားရခြင်း ရှိမည်မဟုတ်ပေ။ “ကျွန်ုပ်သည် အလွန်အလေးအနက်ထားပြီး လက်တွေ့ကျကာ ဘုရားသခင်၏ နှုတ်ကပတ်တော်အချို့ကို လက်တွေ့ကျင့်ဆောင်ရမည်။ ထိုသို့မဟုတ်လျှင် ကျွန်ုပ်သည် လူသားဖြစ်ခြင်း၏ စံချိန်နှင့် မှန်းချက်ကိုက်ညီလိမ့်မည် မဟုတ်သည့်အပြင် ဘုရားသခင်၏ မျက်မှောက်ထဲ၌ အသက်ရှင်ရန် ရှက်လိမ့်မည်” ဟု သူ ခံစားရသည်။ သူသည် သူ့ကိုယ်သူ အမှန်တကယ် အသုံးမကျသူ၊ အမှန်တကယ် အရေးမပါသူအဖြစ် မြင်လေ၏။ ဤအချိန်တွင် သမ္မာတရားကို ကျင့်ဆောင်ရန် သူ့အတွက် လွယ်ကူပြီး သူ၌ လူသားတစ်ဦးဖြစ်သည့်အတိုင်း အတော်ပင်တူလာမည်။ လူတို့သည် မိမိတို့ကိုယ်ကိုယ် အမှန်တကယ် စက်ဆုပ်သည့်အခါမှသာ ဇာတိပကတိကို ၎င်းတို့ စွန့်လွှတ်နိုင်ပေသည်။ ၎င်းတို့ မိမိကိုယ်ကိုယ် မစက်ဆုပ်လျှင်၊ ဇာတိပကတိကို ၎င်းတို့ စွန့်လွှတ်နိုင်လိမ့်မည်မဟုတ်။ မိမိကိုယ်ကိုယ် အမှန်တကယ် စက်ဆုပ်ခြင်းတွင် အရာအချို့ ပါဝင်၏- ပထမဦးစွာ၊ မိမိ၏ ကိုယ်ပိုင် သဘာဝကို သိရှိခြင်းနှင့်၊ ဒုတိယ၊ မိမိကိုယ်ကိုယ် ချို့တဲ့ပြီး နုံချာသောသူအဖြစ် မြင်ခြင်း၊ မိမိကိုယ်ကိုယ် အလွန်အမင်း သေးနုပ်ပြီး အရေးမပါသူအဖြစ် မြင်ခြင်းနှင့် နုံချာပြီး ညစ်ပတ်သော မိမိ၏ ကိုယ်ပိုင် ဝိညာဉ်ကို မြင်ခြင်းတို့ ဖြစ်သည်။ မိမိ အမှန်တကယ် မည်သည့်အရာဖြစ်သည်ကို အပြည့်အဝ မြင်ပြီး ဤရလဒ်ရရှိသည့်အခါတွင်၊ လူတစ်ဦးသည် မိမိကိုယ်ကိုယ် သိကျွမ်းခြင်းအား အမှန်တကယ်ရရှိပြီး၊ မိမိကိုယ်ကိုယ် အပြည့်အဝ သိရှိလာပြီဟု ဆိုနိုင်ပေသည်။ ထိုအခါတွင်မှ မိမိကိုယ်ကိုယ် ကျိန်ဆဲမိသည်အထိ ရောက်လျက် မိမိကိုယ်ကိုယ် အမှန်တကယ် မုန်းတီးနိုင်ပြီး၊ လူသားတစ်ဦးနှင့် မဆင်တော့သည်အထိ စာတန်အားဖြင့် အကြီးအကျယ် ဖောက်ပြန်ပျက်စီးခံခဲ့ရသည်ကို အမှန်တကယ် ခံစားနိုင်ပေသည်။ ထို့နောက်တွင်၊ တစ်နေ့၊ သေခြင်း၏ ခြိမ်းခြောက်မှု ထွက်ပေါ်သောအခါ၊ ထိုသို့သော လူတစ်ဦးက၊ “ဤသည်မှာ ဘုရားသခင်၏ ဖြောင့်မတ်သော အပြစ်ပေးခြင်း ဖြစ်သည်။ ဘုရားသခင်သည် အမှန်ပင် ဖြောင့်မတ်ပေ၏၊ ကျွန်ုပ် အမှန်တကယ် သေသင့်သည်တကား။” ဟု တွေးလိမ့်မည်။ ဤအချိန်တွင် သူသည် ဘုရားသခင်ကို အပြစ်တင်ဖို့မဆိုထားနှင့်၊ မကျေနပ်ချက်ပင် တင်လိမ့်မည်မဟုတ်ဘဲ၊ သူသည် အလွန်နုံချာပြီး သနားစဖွယ်ဖြစ်သည်၊ ဘုရားသခင်အားဖြင့် ချေမှုန်းခံသင့်သည်အထိ အလွန် ညစ်ညမ်းပြီး ဖောက်ပြန်ပျက်စီးသကဲ့သို့၊ သူ၏ ဝိညာဉ်ကဲ့သို့သော ဝိညာဉ်သည် ကမ္ဘာမြေပေါ်တွင် အသက်ရှင်ဖို့ရန် မသင့်တော်ဟု တကယ်ကို ခံစားရပေသည်။ ဤအချိန်တွင် ဤလူသည် ဘုရားသခင်ကို သစ္စာဖောက်ဖို့ မဆိုထားနှင့်၊ ဘုရားသခင်ကို အာခံလိမ့်မည်မဟုတ်ပေ။ အကယ်၍ လူတစ်ဦးသည် မိမိကိုယ်ကိုယ် မသိရှိသကဲ့သို့ မိမိကိုယ်ကိုယ် အတော်ကောင်းမွန်သည်ဟု ထင်မှတ်သေးလျှင်၊ သေခြင်းက တံခါးခေါက်သည့်အခါ၊ ဤလူက၊ “ကျွန်ုပ်၏ ယုံကြည်ခြင်းတွင် ကျွန်ုပ်သည် အလွန်ကောင်းစွာ ပြုခဲ့ပေပြီ။ ကျွန်ုပ် အလွန်များစွာ ရှာဖွေပြီးဖြစ်သည်။ အလွန်များစွာ ကျွန်ုပ် ပေးဆပ်ခဲ့ပြီးဖြစ်သည်၊ အလွန်များစွာ ကျွန်ုပ် ဒုက္ခခံစားပြီးဖြစ်သည်၊ သို့တိုင် နောက်ဆုံးတွင်၊ ဘုရားသခင်က ယခု ကျွန်ုပ်ကို သေခိုင်းလေပြီ။ ဘုရားသခင်၏ ဖြောင့်မတ်ခြင်းတရား အဘယ်မှာရှိသည်ကို ကျွန်ုပ်မသိ။ အဘယ်ကြောင့် ကျွန်ုပ်ကို သေဖို့ သူ စေခိုင်းနေရပါသနည်း။ ကျွန်ုပ်ကဲ့သို့သော လူတစ်ဦးပင် သေရမည်ဆိုလျှင်၊ မည်သူ ကယ်တင်ခံရလိမ့်မည်နည်း။ လူသားမျိုးနွယ်သည် အဆုံးသတ်သို့ ရောက်ရှိလိမ့်မည် မဟုတ်လော”ဟု တွေးလိမ့်မည်။ ပထမဦးစွာ၊ ဤလူသည် ဘုရားသခင်နှင့် ပတ်သက်သော အယူအဆများ ရှိ၏။ ဒုတိယ၊ ဤလူသည် မည်သည့် ကျိုးနွံနာခံခြင်း တစ်ခုတစ်လေကိုမျှ မပြသဘဲလျက် ညည်းညူနေပေသည်။ ဤသည်မှာ ပေါလုကဲ့သို့ ဖြစ်၏- သူသေခါနီးအချိန်တွင်၊ သူသည် မိမိကိုယ်ကိုယ် မသိရှိခဲ့သကဲ့သို့၊ ဘုရားသခင်၏ တရားစီရင်ခြင်း နီးကပ်လာသည့်အချိန်တွင်၊ နောင်တရဖို့ အလွန် နောက်ကျခဲ့ပေသည်။

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ“မိမိကိုယ်ကိုယ် သိခြင်းသည် အဓိကအားဖြင့် လူ့သဘာဝကို သိခြင်းအကြောင်းဖြစ်၏” မှ

ပေတရု ကြိုးစားခဲ့သည့်အရာမှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ စစ်ဆေးခြင်းနှင့် သူ့အတွက် ဘုရားသခင် ပေးခဲ့သည့် အမျိုးမျိုးသော စမ်းသပ်မှုများ အတွင်းမှတစ်ဆင့် သူ့ကိုယ်သူ သိရှိလာဖို့ရန်နှင့် သူ့အထဲတွင် ထုတ်ဖော်ပြခဲ့ပြီး ဖြစ်သည့်အရာကို မြင်လာဖို့ရန် ဖြစ်၏။ မိမိကိုယ်ကိုယ် အမှန်တကယ် သူ သိနားလည်လာခဲ့သည့် အချိန်တွင်၊ လူသားများက မည်မျှနက်ရှိုင်းစွာ ဖောက်ပြန်ပျက်စီးသည်နှင့် ၎င်းတို့ ဘုရားသခင်ကို အစေခံခြင်းငှာ မည်မျှ တန်ဖိုးမဲ့ပြီး မထိုက်တန်ပုံနှင့် သူ၏ရှေ့မှောက်တွင် အသက်ရှင်ရန် လူသားက မထိုက်တန်သည်ဆိုသည်တို့ကိုသာ ပေတရု နားလည်ခဲ့ရသည်။ ထို့နောက် ပေတရုသည် ဘုရားသခင်၏ ရှေ့တွင် လဲကျပျပ်ဝပ်ခဲ့သည်။ နောက်ဆုံးတွင် သူက၊ “ဘုရားသခင်ကို သိကျွမ်းခြင်းသည် တန်ဖိုးအရှိဆုံးသော အရာဖြစ်၏။ ဘုရားသခင်ကို မသိကျွမ်းမီ ငါသေခဲ့လျှင်၊ အင်မတန် ဝမ်းနည်းစရာ ဖြစ်လိမ့်မည်၊ ဘုရားသခင်ကို သိကျွမ်းခြင်းသည် အရေးကြီးဆုံး၊ အဓိပ္ပာယ်အရှိဆုံးသော အရာဖြစ်သည်ဟု ကျွန်ုပ် ခံစားရ၏။ လူသားသည် ဘုရားသခင်ကို မသိလျှင်၊ အသက်ရှင်ဖို့ မထိုက်သကဲ့သို့ အသက်မရှိပါ” ဟု တွေးခဲ့သည်။ ပေတရု၏ အတွေ့အကြုံ ဤအဆင့်သို့ ရောက်ရှိသည့် အချိန်တွင်၊ သူသည် မိမိ၏ ကိုယ်ပိုင် သဘာဝကို သိလာပြီး ယင်းနှင့်သက်ဆိုင်သည့် အတော်အတန် ကောင်းမွန်သော သိနားလည်မှု ရရှိခဲ့ပြီးဖြစ်သည်။ လူတို့ ယနေ့ခေတ်တွင် ရှင်းပြနိုင်မည်ဖြစ်သကဲ့သို့ ယင်းကို ရှင်းပြနိုင်ခဲ့လိမ့်မည် မဟုတ်သော်လည်း၊ ပေတရုသည် ဤအခြေအနေသို့ ဧကန်အမှန် ရောက်ရှိခဲ့ပြီးဖြစ်သည်။ ထို့ကြောင့် အသက်ကို လိုက်စားရှာဖွေခြင်းနှင့် ဘုရားသခင်အားဖြင့် စုံလင်စေခြင်းကို ကြိုးပမ်းရရှိခြင်းသည် ဘုရားသခင်၏ မိန့်မြွက်ချက်များအတွင်းမှ မိမိ၏ ကိုယ်ပိုင်သဘာဝကို သိနားလည်ခြင်းကို လိုအပ်သည့်အပြင် စကားလုံးများဖြင့် ရှင်းလင်းစွာနှင့် ရိုးရှင်းစွာ ပြောရင်း၊ မိမိသဘာဝ၏ ရှုထောင့်များကို သဘောပေါက်ခြင်းနှင့် ယင်းကို တိတိကျကျ ဖော်ပြခြင်းတို့ ပါဝင်လေသည်။ ဤသည်သာလျှင် သင့်ကိုယ်သင် အမှန်တကယ် သိခြင်းဖြစ်ပြီး၊ သင်သည် ဘုရားသခင် တောင်းဆိုသည့် ရလဒ်ကို ကြိုးပမ်းရရှိလိမ့်မည် ဖြစ်သည်။ သင်၏ အသိပညာသည် ဤအဆင့်သို့ မရောက်သေးသော်လည်း၊ သင်က မိမိကိုယ်ကိုယ် သိရှိပြီး၊ အသက်ရရှိပြီးဖြစ်သည်ဟု အခိုင်အမာဆိုလျှင်၊ သင် လေလုံးထွားနေခြင်း သက်သက်သာ မဟုတ်လော။ သင်သည် မိမိကိုယ်ကိုယ် မသိရှိသကဲ့သို့၊ ဘုရားသခင်ရှေ့တွင် သင် မည်သည့်အရာ ဖြစ်သည်၊ လူသား ဖြစ်ခြင်း၏ စံနှုန်းများကို သင် အမှန်တကယ် ပြည့်မီသည် မပြည့်မီသည် သို့မဟုတ် သင့်အတွင်းတွင် ဆိုးယုတ်သော အရိပ်လက္ခဏာများ မည်မျှ သင် ရှိသေးသည်ကိုလည်း သင် မသိပေ။ သင် မည်သူနှင့် သက်ဆိုင်သည်ကို မရှင်းလင်းသေးသကဲ့သို့၊ မိမိကိုယ်ကိုယ် သိရှိခြင်း တစ်ခုတလေမျှပင် သင် မရှိပေ၊ ထို့ကြောင့် ဘုရားသခင်ရှေ့တွင် သင် မည်သို့ ဆင်ခြင်တုံတရား ပိုင်ဆိုင်နိုင်မည်နည်း။ ပေတရုက အသက်ကို ရှာဖွေလိုက်စားသည့် အချိန်တွင်၊ မိမိကိုယ်ကိုယ် သိနားလည်ခြင်းနှင့် သူ၏ စမ်းသပ်မှုများ ဖြစ်စဉ်တစ်လျှောက် မိမိ၏ စိတ်သဘောထား အသွင်ပြောင်းလဲခြင်း အပေါ် သူ အာရုံစိုက်ခဲ့ပြီး၊ ဘုရားသခင်ကို သိရှိရန် သူကြိုးပမ်းခဲ့ကာ၊ နောက်ဆုံးတွင် သူက၊ “လူတို့သည် ဘဝတွင် ဘုရားသခင်ကို သိနားလည်မှု ရှာဖွေရမည်၊ ကိုယ်တော့်ကို သိရှိခြင်းသည် အရေးပါဆုံးသောအရာ ဖြစ်သည်။ ဘုရားသခင်ကို ကျွန်ုပ် မသိလျှင်၊ ကျွန်ုပ်သေဆုံးသည့်အခါ ငြိမ်းချမ်းစွာ အနားယူနိုင်မည် မဟုတ်ပါ။ ကျွန်ုပ် သူ့ကို သိရှိသည်နှင့်တစ်ပြိုင်နက်၊ ဘုရားသခင်က ကျွန်ုပ်ကို ထိုအချိန်တွင် သေစေလျှင်၊ ထိုသို့လုပ်ဆောင်ရန် ကျွန်ုပ် အဝမ်းမြောက်ဆုံး ခံစားရလိမ့်ဦးမည် ဖြစ်သည်၊ ကျွန်ုပ် စိုးစဉ်းမျှ ညည်းညူလိမ့်မည် မဟုတ်သကဲ့သို့၊ ကျွန်ုပ်၏ ဘဝတစ်ခုလုံး ကျေနပ်ရပါလိမ့်မည်” ဟု တွေးသည်။ ပေတရုသည် ဘုရားသခင်ကို စတင်ယုံကြည်ခဲ့ပြီးသည့်နောက်တွင် ချက်ချင်း ဤသိနားလည်မှု အဆင့်ကို ရရှိနိုင်ခဲ့သည်မဟုတ်ပါ သို့မဟုတ် ဤအခြေအနေကို ရောက်ရှိနိုင်ခဲ့သည် မဟုတ်ပါ၊ ဦးစွာပထမ ကြီးမားသော စမ်းသပ်မှုများစွာ သူ ကြုံခဲ့ရသည်။ သူ၏ အတွေ့အကြုံသည် သမိုင်းမှတ်တိုင် တစ်ခုခုသို့ ရောက်ခဲ့ရပြီး၊ ဘုရားသခင်ကို သိရှိခြင်း၏ တန်ဖိုးကို သူ မသိနိုင်မီ မိမိကိုယ်ကိုယ် လုံးဝ နားလည်ဖို့ရန် ဖြစ်ခဲ့သည်။ ထို့ကြောင့် ပေတရု လျှောက်ခဲ့သည့် လမ်းကြောင်းသည် အသက်ကို ရရှိခြင်းနှင့် စုံလင်ခံရခြင်း လမ်းကြောင်းတစ်ခု ဖြစ်ခဲ့သည်။ ဤသည်မှာ သူ၏ တိကျသော လက်တွေ့လုပ်ဆောင်မှုကို အဓိက အာရုံစိုက်ခဲ့သည့် ရှုထောင့်တစ်ခု ဖြစ်သည်။

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ“ပေတရု၏လမ်းကြောင်းအတိုင်း လျှောက်လှမ်းနည်း” မှ

ယနေ့ သင်တို့ကို ထိုသို့ ငါ တရားစီရင်သည်နှင့်အမျှ၊ အဆုံးတွင် သင်တို့ မည်သည့် အတိုင်းအတာအထိ နားလည်မှု ရှိလိမ့်မည်နည်း။ သင်တို့၏ အဆင့်အတန်း မမြင့်သော်လည်း ဘုရားသခင်၏ မြှင့်တင်ခြင်းကို ခံစားခဲ့ရသည်ဟု သင်တို့ဆိုကြလိမ့်မည်။ သင်တို့သည် နိမ့်ကျစွာ မွေးဖွား လာခဲ့သောကြောင့် သင်တို့၌ အဆင့်အတန်း မရှိပေ၊ သို့သော် ဘုရားသခင်သည် သင့်ကို မြှင့်တင်သော‌ကြောင့် သင် အဆင့်အတန်း ရရှိပေသည်- ယင်းမှာ ဘုရားသခင် သင်တို့အား ပေးသနားသောအရာဖြစ်သည်။ ယနေ့ သင်တို့သည် ဘုရားသခင်၏ လေ့ကျင့်သင်ကြားပေးခြင်း၊ သူ၏ ပြစ်တင်ဆုံးမခြင်းနှင့် သူ၏ တရားစီရင်ခြင်းကို ကိုယ်တိုင်ကိုယ်ကျ လက်ခံရရှိနိုင်သည်။ ဤသည်မှာ သူ၏ မြှင့်တင်ပေးခြင်း သာ၍ပင်ဖြစ်သည်။ သင်တို့သည် သူ၏ သန့်စင်ပေးခြင်းနှင့် လောင်မြိုက်စေခြင်းကို ကိုယ်တိုင်ကိုယ်ကျ လက်ခံရရှိနိုင်သည်။ ဤသည်မှာ ဘုရားသခင်၏ ကြီးမားသော ချစ်ခြင်းမေတ္တာ ဖြစ်သည်။ ခေတ်ကာလများတစ်လျှောက်တွင် သူ၏ သန့်စင်ပေးခြင်းနှင့် လောင်မြိုက်စေခြင်းကို လက်ခံ ရရှိခဲ့သောသူ တစ်ဦးတစ်ယောက်မျှ မရှိခဲ့သကဲ့သို့၊ သူ၏ နှုတ်ကပတ်တော်များအားဖြင့် စုံလင်ခြင်းခံရသည့် လူတစ်ဦးမျှ မရှိခဲ့ပေ။ ဘုရားသခင်သည် ယခု သင်တို့အား မျက်နှာချင်းဆိုင် စကားပြောနေသည်၊ သင်တို့အား သန့်စင်ပေးနေသည်၊ သင်တို့၏ ဆန့်ကျင်ပုန်ကန်လိုသော အတွင်းသဘောကို ထုတ်ဖော်ပြသ နေပေသည်- ဤသည်မှာ သူ၏ မြှင့်တင်ပေးခြင်း အစစ်အမှန်ပင် ဖြစ်သည်။ လူတို့သည် မည်သည့် အရည်အချင်းများ ရှိကြသနည်း။ ၎င်းတို့သည် ဒါဝိဒ်၏မျိုးဆက် သို့မဟုတ် မောဘ၏ သားစဉ်မြေးဆက်များ ဖြစ်ပါစေ အကျဉ်းချုပ်အားဖြင့်၊ လူများသည် ဝါကြွားစရာ အကြောင်းမရှိသော ဖန်ဆင်းခံများ ဖြစ်ကြသည်။ သင်တို့သည် ဘုရားသခင်၏ ဖန်ဆင်းခံများ ဖြစ်ကြသည့်အတွက် သင်တို့သည် ဖန်ဆင်းခံတစ်ဦး၏ တာဝန်ကို ထမ်းရွက်ရမည်။ သင်တို့အပေါ် အခြားသော သတ်မှတ်ချက်များ မရှိပေ။ သင်တို့သည်- “အို ဘုရားသခင်။ ကျွန်ုပ်၌ အဆင့်အတန်း ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ၊ ကျွန်ုပ် ကိုယ့်ကိုယ်ကိုယ် ယခု သဘောပေါက်ပါပြီ။ အကယ်၍ ကျွန်ုပ်၏ အဆင့်အတန်း မြင့်ပါက ၎င်းမှာ ကိုယ်တော်၏ ချီးမြှောက်ခြင်းကြောင့်ဖြစ်ပြီး၊ အဆင့်အတန်း နိမ့်ပါက ကိုယ်တော်၏ စီမံပေးခြင်းကြောင့် ဖြစ်ပါ၏။ အရာခပ်သိမ်းသည် ကိုယ်တော်၏ လက်တော်ထဲ၌ ရှိပါ၏။ ကျွန်ုပ်၌ ရွေးချယ်စရာ မရှိသကဲ့သို့ ညည်းတွားစရာအကြောင်း တစ်စုံတစ်ရာ မရှိပါ။ ကျွန်ုပ်သည် ဤနိုင်ငံနှင့် ဤလူမျိုးအကြားတွင် မွေးဖွားလာမည့် အကြောင်းနှင့် အရာခပ်သိမ်းသည် ကိုယ်တော်၏စီမံမှုအတွင်း ရှိခြင်းကြောင့် ကျွန်ုပ် လုပ်ဆောင်သင့်သမျှမှာ ကိုယ်တော်၏ အုပ်စိုးမှုအောက်တွင် အကြွင်းမဲ့ နာခံဖို့ဖြစ်ကြောင်းကို ကိုယ်တော် စီမံခဲ့ခြင်း ဖြစ်ပါ၏။ ကျွန်ုပ်သည် အဆင့်အတန်းအပေါ် အာရုံမစိုက်ပါ၊ အမှန်မှာတော့ ကျွန်ုပ်သည် ဖန်ဆင်းခံတစ်ဦးသာ ဖြစ်ပါ၏။ အကယ်၍ ကိုယ်တော်သည် အကျွန်ုပ်အား အဆုံးမဲ့သော တွင်းနက်၊ ကန့်နှင့်ရောသော မီးအိုင်ထဲသို့ ထည့်လျှင်လည်း ကျွန်ုပ်သည် ဘာမျှမဟုတ်ဘဲ ဖန်ဆင်းခံ တစ်ဦးမျှသာ ဖြစ်ပါ၏။ အကယ်၍ ကိုယ်တော်သည် ကျွန်ုပ်ကို အသုံးပြုပါက ကျွန်ုပ်သည် ဖန်ဆင်းခံတစ်ဦး ဖြစ်ပါ၏။ အကယ်၍ ကိုယ်တော်သည် ကျွန်ုပ်ကို စုံလင်စေလျှင်၊ ကျွန်ုပ်သည် ဖန်ဆင်းခံ တစ်ဦးသာ ဖြစ်ပါသေး၏။ အကယ်၍ ကိုယ်တော်သည် ကျွန်ုပ်ကို စုံလင်စေခြင်း မပြုလျှင်လည်း၊ ကျွန်ုပ်သည် ဖန်ဆင်းခံ တစ်ဦးထက် မပိုခြင်းကြောင့် ကျွန်ုပ်သည် ကိုယ်တော့်အား ဆက်၍ ချစ်နေဦးမည် ဖြစ်သည်။ ကျွန်ုပ်သည် ဖန်ဆင်းရှင်သခင်၏ ဖန်ဆင်းခြင်းကိုခံခဲ့ရသော ဘာမျှ မပြောပလောက်သည့် ဖန်ဆင်းခံ တစ်ဦးထက် ဘာမျှမပိုပါ၊ အဖန်ဆင်းခံ လူသားအားလုံးထဲမှ တစ်ဦးသာ ဖြစ်ပါ၏။ ကျွန်ုပ်အား ဖန်ဆင်းခဲ့သူမှာ ကိုယ်တော်ဖြစ်ပြီး ယခု ကိုယ်တော်သည် အကျွန်ုပ်အား ကိုယ်တော်၏ အလိုရှိသည့် အတိုင်း ပြုရန် ကိုယ်တော်၏ လက်တော်ထဲ၌ တစ်ဖန် ထားတော်မူ၏။ အရာခပ်သိမ်းသည် ကိုယ်တော် စီမံပြီးဖြစ်သည့် အရာ ဖြစ်သောကြောင့် ကျွန်ုပ်သည် ကိုယ်တော်၏ တန်ဆာပလာနှင့် ကိုယ်တော်၏ အဖြည့်ခံဖြစ်ရန် လိုလားပါ၏။ မည်သူမျှ ထိုအရာကို မပြောင်းလဲနိုင်ပါ။ ခပ်သိမ်းသော အရာနှင့် အဖြစ်အပျက်မှန်သမျှသည် ကိုယ်တော်၏ လက်တော်ထဲ၌ ရှိကြပါ၏။” ဟု ဆုတောင်းသင့်သည်။ ရာထူးအဆင့်အတန်း အပေါ် သင်အာရုံ မပြုတော့မည့်အချိန် ရောက်လာသည့်အခါ၊ သင်သည် ထိုအရာမှ လွတ်မြောက်လိမ့်မည် ဖြစ်သည်။ ထိုအခါမှသာ သင်သည် ယုံကြည်ရဲရင့်စွာ ကြိုးစားနိုင်လိမ့်မည် ဖြစ်ပြီး၊ ထိုအခါမှသာ သင်၏ စိတ်နှလုံးသည် မည်သည့် ချုပ်နှောင်မှုမဆိုထံမှ လွတ်မြောက်လာနိုင်ပေမည်။ လူတို့သည် ဤအရာများမှ ကယ်ထုတ်ခြင်းကို ခံရသည်နှင့်တစ်ပြိုင်နက်၊ ၎င်းတို့၌ စိုးရိမ်ပူပန်စရာများ ရှိတော့မည် မဟုတ်ပေ။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အဖြည့်ခံဖြစ်ရန် သင်အဘယ်ကြောင့် လိုလားခြင်းမရှိသနည်း

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

Leave a Reply

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။