စစ်မှန်သော မိမိကိုယ်ကိုယ် သိကျွမ်းခြင်းကို အောင်မြင်ရရှိသည့်နည်းလမ်း

06.12.2021

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

လူတို့ကို မိမိတို့ကိုယ်ကိုယ် သိခွင့်ပေးရန်၊ ဘုရားသခင်သည် မတူကွဲပြားသော နည်းစနစ်များစွာကို အသုံးပြုခဲ့ပေပြီ။ အတွေ့အကြုံမှတဆင့် မိမိတို့ကိုယ်ကိုယ် သိကျွမ်းမှုကို တဖြည်းဖြည်းရရှိရန် လူတို့ကို သူ အခွင့်ပေး၏။ စမ်းသပ်မှုများဖြစ်စေ၊ တရားစီရင်ခြင်း သို့မဟုတ် ပြစ်တင်ဆုံးမခြင်းကို ဖြစ်စေ၊ ဘုရားသခင်သည် သူ၏ နှုတ်ကပတ်တော်များနှင့် တကယ့်ဖြစ်ရပ်မှန်များထဲတွင် လူတို့ မရပ်မနား တွေ့ကြုံရန် အခွင့်ပေး၏။ လူတို့သည် ဘုရားသခင်၏နှုတ်ကပတ်တော်များ၏ တရားစီရင်ခြင်း၊ ပြစ်တင်ဆုံးမခြင်းနှင့် ဆုံးမပဲ့ပြင်ခြင်းတို့ကို တွေ့ကြုံရပြီး၊ ဘုရားသခင်၏နှုတ်ကပတ်တော်များ၏ ဉာဏ်အလင်းပေးခြင်းနှင့် အလင်းပြခြင်းတို့ကိုလည်း သူတို့ တွေ့ကြုံရသည်။ တစ်ချိန်တည်းတွင်၊ လူတို့ကို မိမိတို့၏ ဖောက်ပြန်ပျက်စီးခြင်း၊ ပုန်ကန်လိုခြင်းနှင့် မိမိတို့၏သဘာဝတို့ကို သတိပြုရန် သူ အခွင့်ပေး၏။ သို့ဆိုလျှင် ဤအရာအားလုံး၏ နောက်ဆုံး ရည်မှန်းချက်ပန်းတိုင်မှာ အဘယ်နည်း။ ဤနောက်ဆုံး ပန်းတိုင်မှာ ဘုရားသခင်၏ အမှုတော်ကို တွေ့ကြုံသော လူပုဂ္ဂိုလ်တိုင်းအား လူတို့သည် မည်သည့်အရာဖြစ်ကြသည်ကို သိခွင့်ပေးဖို့ရန် ဖြစ်သည်။ “လူတို့ ဖြစ်သည့်အရာ” ဆိုသည်တွင် မည်သည့်အရာ ပါဝင်သနည်း။ ယင်းသည် လူတို့ကို မိမိတို့၏ ကိုယ်ပိုင် လက္ခဏာ၊ ရာထူး၊ ဝတ္တရားနှင့် တာဝန်တို့ကို သိခွင့်ပေးခြင်း ပါဝင်၏။ ယင်းသည် လူတို့ မည်သူမည်ဝါဖြစ်ကြသည်နှင့် သင်ကိုယ်တိုင် မည်သူမည်ဝါဖြစ်သည်ကို သိခွင့်ပေးဖို့ ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်က လူတို့ကို မိမိတို့ကိုယ်ကိုယ် သိခွင့်ပေးခြင်း၏ နောက်ဆုံး ရည်မှန်းချက် ပန်းတိုင်ဖြစ်သည်။

ဘုရားသခင်၏ မိတ်သဟာယဖွဲ့ခြင်း မှ

စိတ်သဘောထား၌ ပြောင်းလဲမှုတစ်ခု ရရှိခြင်းတွင် အဓိကသော့ချက်မှာ မိမိ၏ ကိုယ်ပိုင်သဘာဝကို သိရှိရန်ဖြစ်ပြီး၊ ဤအရာသည် ဘုရားသခင်ထံမှ ထုတ်ဖော်ခြင်းနှင့်အညီ ဖြစ်ပျက်ရမည်ဖြစ်၏။ ဘုရားသခင်၏ နှုတ်ကပတ်တော်၌သာ တစ်ဦးတစ်ယောက်သည် မိမိ၏ ကိုယ်ပိုင်အကျည်းတန်သော သဘာဝကို သိရှိနိုင်သည်၊ မိမိ၏ ကိုယ်ပိုင်သဘာဝထဲက စာတန်၏ အမျိုးမျိုးသော အဆိပ်များကို သတိပြုနိုင်သည်၊ မိမိ မိုက်မဲပြီး မသိနားမလည်သည်ကို နားလည်နိုင်ပြီး မိမိ၏ သဘာဝထဲက အားနည်းပြီး အပျက်သဘောဆောင်သော အရိပ်လက္ခဏာများကို သတိပြုမိနိုင်သည်။ ဤအရာများကို အပြည့်အဝ သိရှိပြီး၊ မိမိကိုယ်ကိုယ် စစ်မှန်စွာ မုန်းတီးနိုင်ပြီး ဇာတိပကတိကို စွန့်လွှတ်ပြီးနောက်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို တစ်သမတ်တည်း ဆောင်ရွက်ပြီး၊ သန့်ရှင်းသော ဝိညာဉ်တော်နှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို လုံးဝ ကျိုးနွံနာခံဖို့ အလိုဆန္ဒ ရှိပြီးနောက်တွင်၊ ပေတရု၏ လမ်းကြောင်းပေါ် သင် စတင်ပြီး ခဲ့လိမ့်မည်ဖြစ်သည်။ ဘုရားသခင်၏ ကျေးဇူးတော်မပါဘဲနှင့် သန့်ရှင်းသော ဝိညာဉ်တော်ထံမှ ဉာဏ်အလင်းပေးခြင်းနှင့် လမ်းပြမှုတို့ မပါဘဲ၊ လူတို့သည် သမ္မာတရားကို မပိုင်ဆိုင်ကြသကဲ့သို့၊ မိမိတို့ကိုယ်ကိုယ် သစ္စာမဖောက်နိုင်ကြသောကြောင့် ဤလမ်းကြောင်းကို လျှောက်လှမ်းဖို့ ခက်ခဲပေလိမ့်မည်။ ပေတရု၏ စုံလင်ခြင်းလမ်းကြောင်းကို လိုက်လျှောက်ခြင်းသည် အဓိကအားဖြင့် စိတ်ဆုံးဖြတ်ထားခြင်း၊ ယုံကြည်ချက် ရှိခြင်းနှင့် ဘုရားသခင်ကို ကိုးစားခြင်းတို့အပေါ် တည်မှီပေသည်။ ထို့အပြင်၊ သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက်ကို ကျိုးနွံနာခံရမည်။ အရာခပ်သိမ်းတွင်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များမပါဘဲ လုပ်ဆောင်၍ မရပေ။ ဤအရာများသည် အဓိက ရှုထောင့်များဖြစ်သည်၊ ယင်းထဲမှ မည်သည့်အရာကိုမျှ ချိုးဖောက်၍ မရပေ။ အတွေ့အကြုံမှတစ်ဆင့် မိမိကိုယ်ကိုယ် သိရှိခြင်းသည် အလွန် ခက်ခဲ၏။ သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက်မရှိဘဲနှင့်၊ ထိုအရာထဲသို့ ဝင်ရောက်ဖို့ အလွန်ခက်ခဲပေသည်။

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ“မိမိကိုယ်ကိုယ် သိခြင်းသည် အဓိကအားဖြင့် လူ့သဘာဝကို သိခြင်းအကြောင်းဖြစ်၏” မှ

သင့်ကိုယ်သင် သိရှိရန်၊ သင်၏ဖောက်ပြန်ပျက်စီးခြင်း နှင့်ဆိုင်သော ဖော်ပြချက်များ၊ သင်ကိုယ်တိုင်၏ ပဓာနကျသော အားနည်းချက်များ၊ သင်၏ စိတ်သဘောထား၊ သင်၏သဘာဝ အနှစ်သာရတို့ကို သင် သိရမည်။ သင်သည် သင်၏ ရည်ရွယ်ချက်များ၊ သင်၏ ရှုထောင့်အမြင်များနှင့် သင်၏ သဘောထားကဲ့သို့သော သင်၏ နေ့စဉ်ဘဝတွင် ထုတ်ဖော်ပြသည့် အရာများကိုလည်း၊ သင် အိမ်တွင် ရှိသည်ဖြစ်စေ အပြင်၌ရှိသည်ဖြစ်စေ၊ စုဝေးကြသည့်အခါများ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သင် စားသောက် နေသည့်အခါ၊ သို့မဟုတ် သင် ကြုံရသည့် ကိစ္စရပ်တစ်ခု စီတိုင်းတွင် တကယ့်နောက်ဆုံး အသေးစိတ်အချက်အလက် အထိ သင် သိရှိရမည်။ ဤအရာများမှတစ်ဆင့် သင့်ကိုယ်သင် သိရှိလာမည်။ သင့်ကိုယ်သင် ပိုမိုနက်ရှိုင်းသော အဆင့်၌ သိရှိဖို့၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သင် ပေါင်းစပ်ရမည်၊ သူ၏ နှုတ်ကပတ်တော်များအပေါ် အခြေပြု၍ သင့်ကိုယ်သင် သိရှိခြင်းအားဖြင့်သာ ရလဒ်များကို သင် ရရှိနိုင်ပေသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ တရားစီရင်ခြင်းကို လက်ခံရရှိသောအခါ၊ ငါတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များက ငါတို့၏ စိတ်နှလုံးများကို ထိုးဖောက်မည်ကို ကြောက်ရွံ့ခြင်း ရှိဖို့မဆိုထားနှင့်၊ ဆင်းရဲဒုက္ခကို ကြောက်ရွံ့ရမည်မဟုတ်သကဲ့သို့ နာကျင်မှုကိုလည်း မစိုးရွံ့သင့်ပေ။ ငါတို့သည် ငါတို့ကို တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းနှင့် ငါတို့၏ ပျက်စီးသော အနှစ်သာရများကို ဖော်ထုတ်ခြင်းတို့နှင့်သက်ဆိုင်သော သူ၏ မိန့်မြွက်ချက််များကို သာ၍ ဖတ်ရှုသင့်သည်။ ကျွန်ုပ်တို့သည် ၎င်းတို့ကို ဖတ်ရှုပြီး ၎င်းတို့နှင့်ကိုက်ညီအောင် မိမိတို့ကိုယ်ကိုယ် ပို၍ ထိန်းသိမ်းရမည်။ အခြားသူများကို ၎င်းတို့နှင့် မနှိုင်းယှဉ်ပါနှင့်- ငါတို့သည် မိမိတို့ကိုယ်ကိုယ် ၎င်းတို့နှင့်နှိုင်းယှဉ်ရမည်။ ငါတို့သည် ဤအရာများ တစ်ခုချင်းစီ၌ မချို့တဲ့ကြပါ။ ငါတို့သည် ဤအရာများနှင့် အားလုံးကိုက်ညီနိုင်သည်။ သင် မယုံကြည်ပါက၊ ကိုယ်တိုင် သွား၍ တွေ့ကြုံခံစားလော့။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုပြီးနောက်တွင်၊ လူအချို့သည် ထိုနှုတ်ကပတ်တော်များကို မိမိတို့ကိုယ်ကိုယ်အဖို့ ကျင့်သုံးနိုင်စွမ်းမရှိကြပေ။ ၎င်းတို့က ဤနှုတ်ကပတ်တော်များ၏ အစိတ်အပိုင်းများသည် ၎င်းတို့နှင့် မပတ်သက်ဘဲ၊ ယင်းအစား အခြားလူများနှင့် ပတ်သက်သည်ဟု ထင်ကြ၏။ ဥပမာအားဖြင့်၊ ဘုရားသခင်က လူတို့ကို မိန်းမပျက်များနှင့် ပြည့်တန်ဆာများအဖြစ် ဖော်ထုတ်သည့်အခါတွင်၊ ညီအစ်မအချို့က ၎င်းတို့သည် ၎င်းတို့၏ လင်ယောက်ျားများကို မလွဲမသွေ သစ္စာရှိကြပြီးဖြစ်သောကြောင့်၊ ထိုသို့သော နှုတ်ကပတ်တော်များသည် ၎င်းတို့ကို ရည်ညွှန်းခြင်း ဖြစ်ရမည်မဟုတ်ဟု ခံစားရသည်။ ညီအစ်မ အချို့က၊ ၎င်းတို့အနေဖြင့် အိမ်ထောင်မပြုကြသကဲ့သို့ မည်သည့်အခါတွင်မျှ လိင်ဆက်ဆံခြင်းမရှိဖူးသည့်အတွက်၊ ထိုသို့သော နှုတ်ကပတ်တော်များသည် ၎င်းတို့နှင့်လည်း ပတ်သက်မည်မဟုတ်ဟု ခံစားကြလေသည်။ ညီအစ်ကို အချို့က ဤနှုတ်ကပတ်တော်များသည် အမျိုးသမီးများကိုသာ ရည်ရွယ်ထားပြီး ၎င်းတို့နှင့် မည်သို့မျှ ပတ်သက်မှုမရှိဟု ထင်ကြသည်။ လူအချို့က ထိုသို့သော ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် ကြားမကောင်းလွန်းလှဟု ယုံကြည်ကြပြီး ထိုနှုတ်ကပတ်တော်များကို လက်ခံဖို့ ငြင်းဆန်ကြသည်။ အချို့ဖြစ်ရပ်များတွင်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် မှားယွင်းသည်ဟု ပြောဆိုသော လူများပင် ရှိလေသည်။ ဤသည်မှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များအပေါ် ရှိသင့်သော မှန်ကန်သည့် သဘောထား ဖြစ်ပါသလော။ လူတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များပေါ် အခြေခံကာ မိမိတို့ကိုယ်ကိုယ် သုံးသပ်ဆင်ခြင်နိုင်စွမ်းမရှိကြချေ။ ဤနေရာ၌၊ “မိန်းမပျက်များ” နှင့် “ပြည့်တန်ဆာများ” သည် လူတို့၏ လိင်မှုထွေပြားခြင်းနှင့်သက်ဆိုင်သည့် ဖောက်ပြန်ပျက်စီးခြင်းကို ရည်ညွှန်းပေသည်။ ယောက်ျားဖြစ်စေ မိန်းမဖြစ်စေ၊ အိမ်ထောင်ရှိသူဖြစ်စေ အိမ်ထောင်မရှိသူ ဖြစ်စေ၊ အယောက်တိုင်းသည် လိင်မှုထွေပြားခြင်းနှင့်သက်ဆိုင်သည့် ဖောက်ပြန်ပျက်စီးခြင်းကို ပိုင်ဆိုင်ထားကြ၏- သို့ဆိုလျှင် ယင်းသည် သင်နှင့် မည်သို့မျှ မပတ်သက်ဘဲ ရှိနိုင်သနည်း။ ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် လူ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖော်ထုတ်၏။ အမျိုးသား ဖြစ်စေ၊ အမျိုးသမီးဖြစ်စေ၊ တစ်ဦးတစ်ယောက်၏ ဖောက်ပြန်ပျက်စီးခြင်း အဆင့်သည် တူညီပေသည်။ ဤသည်မှာ အမှန်တရားတစ်ခု မဟုတ်လော။ အခြားမည်သည့်အရာကိုမျှ မလုပ်ဆောင်မီ၊ ဤမိန့်မြွက်ချက်များက နားကြားကောင်းသည် ဖြစ်စေ၊ မကောင်းသည်ဖြစ်စေ၊ ပြီးလျှင် ၎င်းတို့က ခါးသီးသော ခံစားမှုကို ပေးသည်ဖြစ်စေ၊ ချိုမြိန်သော ခံစားမှုတစ်ခုကို ပေးသည်ဖြစ်စေ၊ ဘုရားသခင် ပြောဆိုထားသည့် နှုတ်ကပတ်တော်များ တစ်ခုတိုင်းကို ငါတို့ လက်ခံရမည်ဖြစ်သည်ကို ငါတို့ နားလည်ထားရမည်ဖြစ်သည်။ ယင်းမှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များအပေါ် ငါတို့ ရှိသင့်သည့် သဘောထား ဖြစ်သည်။ ဤသည်မှာ မည်သို့သောသဘောထားမျိုးဖြစ်သနည်း။ ယင်းသည် ဆက်ကပ်မှုရှိသော သဘောထား၊ သည်းခံမှုရှိသော သဘောထား သို့မဟုတ် ဆင်းရဲဒုက္ခကို ပွေ့ဖက်သည့် သဘောထား တစ်ခုလော။ သင်တို့ကိုငါပြောသည်၊ ဤအရာများထဲမှ တစ်ခုမျှမဟုတ်ပေ။ ငါတို့သည် ဘုရားသခင်ကို ယုံကြည်ရာ၌ ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် သမ္မာတရား ဖြစ်ကြောင်း အတည်ပြုရမည်။ ၎င်းတို့သည် သမ္မာတရား ဖြစ်သောကြောင့် ငါတို့သည် ၎င်းတို့ကို ဆင်ခြင်တုံတရားဖြင့် လက်ခံသင့်သည်။ ငါတို့သည် ၎င်းကို လက်ခံနိုင်ခြင်း သို့မဟုတ် အသိအမှတ်ပြုနိုင်ခြင်း ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ငါတို့၏ ပထမ သဘောထားမှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ခြွင်းချက်မရှိ လက်ခံခြင်း ဖြစ်သင့်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ စာတစ်ကြောင်းစီတိုင်းက တိကျသော အခြေအနေတစ်ခုနှင့် ဆက်စပ်သည်။ ဆိုလိုသည်မှာ၊ သူ၏ မိန့်မြွက်ချက်များ၏ စာကြောင်းများထဲမှ မည်သည့်စာကြောင်းမျှ ပြင်ပ စည်းမျဉ်းများ သို့မဟုတ် လူတို့ထဲက ရိုးရှင်းသော အပြုအမူ ပုံစံတစ်ခုအကြောင်း ဖြစ်ဖို့မဆိုထားနှင့်၊ အပြင်ပန်း သွင်ပြင်များအကြောင်း မဟုတ်ပေ။ ၎င်းတို့သည် ထိုကဲ့သို့ မဟုတ်ပေ။ ဘုရားသခင် မိန့်မြွက်သော စာကြောင်းတိုင်းကို လူသား၏ ရိုးရှင်းသော အပြုအမူအမျိုးအစားတစ်ခုနှင့် ပတ်သက်သည့်အရာအဖြစ် သို့မဟုတ် အပြင်ပန်း သွင်ပြင်တစ်ခုအဖြစ် သင် မြင်လျှင်၊ သင်သည် ဝိညာဉ်ရေးရာ သိနားလည်မှုမရှိသကဲ့သို့ သမ္မာတရားက မည်သည့်အရာဖြစ်သည်ကို သင် မသိပေ။ ဘုရားသခင်၏ နှုတ်ကပတ်တော်များက လေးနက်၏။ မည်သို့ လေးနက်ကြသနည်း။ ဘုရားသခင် ပြောဆိုသည့်အရာတိုင်း၊ ထုတ်ဖော်ပြသည့်အရာတိုင်းသည် လူတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများနှင့် သူတို့၏ အသက်တာများအတွင်း ပဓာနကျပြီး နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်သော အကြောင်းအရာတို့အကြောင်း ဖြစ်သည်။ ၎င်းတို့သည် ပဓာနကျသောအရာများဖြစ်ပြီး၊ အပြင်ပန်း သွင်ပြင်များ မဟုတ်သကဲ့သို့ အထူးသဖြင့် အပြင်ပန်း အပြုအမူများ မဟုတ်ပေ။

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ“သမ္မာတရားအား အားထုတ်ခြင်း၏ အရေးပါမှုနှင့် လမ်းကြောင်း” မှ

ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုစဉ် ပေတရုသည် ဓမ္မအတွေးအခေါ်ဆိုင်ရာအသိပညာ ရရှိခြင်းအပေါ် အာရုံစိုက်ဖို့ မဆိုထားနှင့်၊ သူသည် သြဝါဒများကို နားလည်ခြင်းအပေါ်၌ပင် အာရုံမစိုက်ခဲ့ချေ။ ယင်းအစား သူသည် သမ္မာတရားကို နားလည်ခြင်းနှင့် ဘုရားသခင်၏ အလိုတော်ကို နားလည် သဘောပေါက်ခြင်းအပေါ် အာရုံစိုက်ခဲ့သကဲ့သို့ ဘုရားသခင်၏ စိတ်သဘောထားနှင့် သူ၏ နှစ်လိုဖွယ်ကောင်းခြင်းကို နားလည်ခြင်းအပေါ် အာရုံထားခဲ့သည်။ ပေတရုသည် လူသား၏ အမျိုးမျိုးသော ယိုယွင်းပျက်စီးသည့် အခြေအနေများအပြင် လူသား၏ ယိုယွင်းပျက်စီးသော သဘောသဘာဝနှင့် တကယ့် ချို့ယွင်းချက်များကို ဘုရားသခင်၏ နှုတ်ကပတ်တော်များမှ နားလည်ရန်လည်း ကြိုးစားအားထုတ်ရင်း၊ ထိုသို့ဖြင့် ဘုရားသခင်ကို စိတ်ကျေနပ်စေရန်အလို့ငှာ လူသားအပေါ် ဘုရားသခင်၏ တောင်းဆိုချက်များနှင့်ယှဉ်သော ကဏ္ဍအားလုံးကို ဖြည့်ဆည်းပေးခဲ့သည်။ ပေတရု၌ ဘုရားသခင်၏ နှုတ်ကပတ်တော်များအတိုင်း လိုက်နာခဲ့သည့် မှန်ကန်သော လက်တွေ့ကျင့်ဆောင်ချက်များစွာ ရှိခဲ့သည်။ ဤသည်မှာ ဘုရားသခင်၏ အလိုတော်နှင့် အကိုက်ညီဆုံးပင်ဖြစ်ပြီး ဘုရားသခင်၏ အလုပ်ကို ကြုံတွေ့စဉ် လူတစ်ဦးက ပူးပေါင်းဆောင်ရွက်နိုင်သည့် အကောင်းဆုံးသောနည်းလမ်းပင် ဖြစ်ခဲ့သည်။ ပေတရုသည် ဘုရားသခင်ထံမှ ရာချီသော စမ်းသပ်မှုများကို တွေ့ကြုံနေရစဉ် လူသားအပေါ် ဘုရားသခင်၏ တရားစီရင်မှုနှင့်ဆိုင်သည့် နှုတ်ကပတ်တော်အားလုံး၊ လူသား အကြောင်း ဘုရားသခင်၏ ထုတ်ဖော်ခြင်းနှင့်ဆိုင်သည့် နှုတ်ကပတ်တော်အားလုံး၊ ထို့ပြင် လူသားအပေါ် ကိုယ်တော်၏ တောင်းဆိုချက်များနှင့်ဆိုင်သည့် နှုတ်ကပတ်တော် အားလုံးတို့နှင့်ယှဉ်လျက် သူ့ကိုယ်သူ တင်းကြပ်စွာ ဆန်းစစ်ခဲ့ပြီး ထိုနှုတ်ကပတ်တော်များ၏ ဆိုလိုရင်းကို နားလည် သဘောပေါက်ရန် ကြိုးပမ်းခဲ့သည်။ သူသည် ယေရှုက သူ့အားပြောခဲ့သည့် နှုတ်ကပတ်တော်အားလုံးကို ဆင်ခြင် တွေးဆပြီး အာဂုံဆောင်ထားရန် အသည်းအသန် ကြိုးစားခဲ့ပြီး အလွန်ကောင်းမွန်သော ရလဒ်များကို ရရှိခဲ့သည်။ ဤသို့ လက်တွေ့လုပ်ဆောင်ခြင်းပုံစံအားဖြင့် သူသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များမှ သူ့ကိုယ်သူသိနားလည်ခြင်းကို ရရှိရန် စွမ်းဆောင်နိုင်ခဲ့သည်၊ လူသား၏ ဖောက်ပြန်ပျက်စီးသည့် အခြေအနေမျိုးစုံတို့ကို သူသိနားလည်လာခဲ့ရုံသာမက လူသား၏ အနှစ်သာရ၊ သဘာဝဗီဇနှင့် အမျိုးမျိုးသော အားနည်းချက် မျိုးစုံတို့ကိုလည်း သိနားလည်လာခဲ့သည်။ ဤသည်မှာ မိမိကိုယ်ကိုယ် အမှန်တကယ် သိနားလည်ခြင်း၏ အဓိပ္ပာယ်ဖြစ်သည်။

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ“ပေတရု၏လမ်းကြောင်းအတိုင်း လျှောက်လှမ်းနည်း” မှ

လူ၏သဘာဝကို သိရှိခြင်းနှင့် ပတ်သက်လာသည့်အခါ၊ အရေးကြီးဆုံးသော အရာမှာ ယင်းကို လူသား၏ လောကအမြင်၊ ဘဝအမြင်နှင့် တန်ဖိုးများ၏ ရှုထောင့်မှ ကြည့်ရန် ဖြစ်သည်။ နတ်ဆိုးနှင့်သက်ဆိုင်သော သူအားလုံးသည် မိမိတို့ကိုယ်ကိုယ်အတွက် အသက်ရှင်ကြ၏။ ၎င်းတို့၏ ဘဝအမြင်များနှင့် ဆိုရိုးများက၊ “လူတိုင်းက ကိုယ့်အတွက်ပဲ၊ ဘယ်သူသေသေ ငတေမာရင်ပြီးရော” ဆိုသကဲ့သို့သော စာတန်၏ ဆိုရိုးစကားများမှ အဓိက လာလေသည်။ ထိုနတ်ဆိုးဘုရင်များ၊ ကြီးမြတ်သူများနှင့် ကမ္ဘာမြေ၏ အတွေးအခေါ်ပညာရှင်များက ပြောဆိုသည့် စကားများသည် လူသား၏ တကယ့်ဘဝ ဖြစ်လာကြသည်။ အထူးသဖြင့်၊ တရုတ်လူမျိုးများက “ပညာရှိ”ဟု အမွှမ်းတင်ခံရသူ ကွန်ဖြူးရှပ်၏ စကားအများစုမှာ လူသား၏ ဘဝ ဖြစ်လာပြီးဖြစ်သည်။ ဗုဒ္ဓဘာသာနှင့် ဒေါင်အယူဝါဒတို့၏ နာမည်ကျော် စကားပုံများနှင့် နာမည်ကျော် ပုဂ္ဂိုလ်အမျိုးမျိုးတို့၏ မကြာခဏ ကိုးကားခံရသည့် ဂန္တဝင် ဆိုရိုးစကားများလည်း ရှိပေသည်၊ ဤအရာအားလုံးသည် စာတန်၏ အတွေးအခေါ်များနှင့် စာတန်၏ သဘာဝတို့၏ အနှစ်ချုပ်များ ဖြစ်ကြသည်။ ၎င်းတို့သည် စာတန်၏ သဘာဝနှင့်ဆိုင်သော အကောင်းဆုံး သာဓကများနှင့် ရှင်းပြချက်များလည်း ဖြစ်ကြသည်။ လူသား၏ စိတ်နှလုံးထဲသို့ သွင်းပေးခံခဲ့ရသည့် ဤအဆိပ်များအားလုံး စာတန်ထံမှ လာလေသည်၊ ၎င်းတို့ထဲမှ နည်းနည်းမျှ ဘုရားသခင်ထံမှ မလာပေ။ ထိုသို့သော ဆိုးယုတ်သည့် စကားများသည် ဘုရားသခင်၏ နှုတ်ကပတ်တော်နှင့်လည်း တိုက်ရိုက် ဆန့်ကျင်လျက် ရှိ၏။ အပြုသဘောဆောင်သော အရာများအားလုံး၏ လက်တွေ့အရှိတရားများသည် ဘုရားသခင်ထံမှ လာပြီး၊ လူသားကို အဆိပ်ခတ်သည့် အပျက်သဘောဆောင်သော အရာများအားလုံးက စာတန်ထံမှာ လာသည်မှာ လုံးဝ ရှင်းသည်။ ထို့ကြောင့်၊ သင်သည် လူပုဂ္ဂိုလ်တစ်ဦး၏ သဘာဝဗီဇနှင့် သူသည် မည်သူနှင့် သက်ဆိုင်ကြောင်းကို သူ၏ဘဝအမြင်များနှင့် တန်ဖိုးများမှ သင် ထိုးထွင်းသိမြင်နိုင်သည်။ စာတန်သည် နိုင်ငံတော်အစိုးရများ၊ ကျော်ကြားသူများနှင့် ကြီးမြတ်သူများ၏ ပညာရေးနှင့် လွှမ်းမိုးမှုမှတစ်ဆင့် လူတို့ကို ဖျက်ဆီးသည်။ သူတို့၏ ဆိုးယုတ်သော စကားများသည် လူသား၏ ဘဝနှင့် သဘာဝဗီဇ ဖြစ်လာပြီးဖြစ်သည်။ “လူတိုင်းက ကိုယ့်အတွက်ပဲ၊ ဘယ်သူသေသေ ငတေမာရင်ပြီးရော” ဆိုသည်မှာ လူတိုင်းအထဲသို့ သွတ်သွင်းပေးထားသကဲ့သို့ လူသား၏ဘဝ ဖြစ်လာခဲ့သည့် လူသိများသော စာတန်နှင့်ဆိုင်သည့် ဆိုရိုးတစ်ခုဖြစ်သည်။ ဤကဲ့သို့သော ရှင်သန်ခြင်းအတွက် အခြားသော ဒဿနများနှင့်ဆိုင်သည့် စကားလုံးများလည်း ရှိသည်။ စာတန်သည် လူတို့ကို ပညာပေးဖို့ နိုင်ငံတစ်နိုင်ငံစီ၏ နှစ်လိုဖွယ်ကောင်းသော ရိုးရာယဉ်ကျေးမှုကို အသုံးပြုလျက် လူသားမျိုးနွယ်ကို အတိုင်းမသိ ပျက်စီးခြင်း၏ ချောက်နက်ထဲသို့ ကျဆင်းကာ ဝါးမျိုခံရစေပြီး အဆုံးတွင် လူတို့သည် စာတန်ကိုအစေခံ၍ ဘုရားသခင်ကို ခုခံသောကြောင့် ဘုရားသခင်၏ ဖျက်ဆီးခြင်းကို ခံကြရသည်။ လူ့အဖွဲ့အစည်းထဲ၌ ဆယ်စုနှစ်ချီ၍ တက်ကြွလှုပ်ရှားလာပြီးဖြစ်သော လူတစ်ဦးအား- “သင့်အနေဖြင့် လောကကြီးထဲ၌ ကြာမြင့်စွာ အသက်ရှင်လာခဲ့ပြီး များစွာ စွမ်းဆောင်ရရှိပြီးသည်ကို ထောက်ဆလျှင်၊ သင်လက်ခံထားသည့် အဓိကထင်ရှားသော ဆိုရိုးများ အဘယ်နည်း။” ဟူ၍ မေးသည်ဟု စိတ်ကူးကြည့်လော့။ “‘အရာရှိများသည် တံစိုးလက်ဆောင်ပေးသူများကို မရိုက်ပုတ်၊ ထို့ပြင် ခယဝယ မလုပ်သောသူတို့သည် မည်သည့်အရာမျှ မပြီးမြောက်နိုင်။’ ဟူသည်မှာ အရေးအကြီးဆုံးတစ်ခုပင် ဖြစ်သည်” ဟု သူပြောကောင်း ပြောလိမ့်မည်။ ဤစကားများသည် ထိုလူ၏သဘာဝဗီဇကို ကိုယ်စားပြုသည် မဟုတ်လော။ ရာထူးရရန် မည်သည့်နည်းလမ်းကိုမဆို မရိုးမဖြောင့် အသုံးပြုခြင်းသည် သူ၏သဘာဝဗီဇ ဖြစ်လာပြီး၊ အရာရှိတစ်ဦးဖြစ်ခြင်းသည် သူ့ကိုအသက်ပေးသောအရာ ဖြစ်နေသည်။ လူတို့၏ အသက်တာ၌၊ သူတို့၏ အမူအကျင့်နှင့် အပြုအမူထဲတွင် စာတန်၏ အဆိပ်များစွာ ရှိနေသေးသည်။ ၎င်းတို့သည် သမ္မာတရားကို လုံးဝနီးပါး ပိုင်ဆိုင်ခြင်းမရှိကြချေ။ ဥပမာအားဖြင့် သူတို့၏ အသက်ရှင်သန်ခြင်း အတွက် သဘောတရားခံယူချက်များ၊ သူတို့၏ အမှုအရာများကို ဆောင်ရွက်သည့် နည်းလမ်းများနှင့် သူတို့၏နီတိများ၊ အားလုံးတို့သည် အဆင်းနီသော နဂါးကြီး၏ အဆိပ်များနှင့် ပြည့်နှက်နေပြီး၊ ၎င်းတို့အားလုံးသည် စာတန်ထံမှ လာကြသည်။ ထို့ကြောင့် လူတို့၏ အရိုးများနှင့် အသွေးတို့၌ စီးဆင်းကြသော အရာအားလုံးသည် စာတန်၏ အရာများ အားလုံး ဖြစ်ပေသည်။ ထိုအရာရှိများ၊ သြဇာအာဏာရှိသူများနှင့် ပြောင်မြောက်သော သူများ အားလုံးတို့တွင် မိမိ၏ကိုယ်ပိုင် လမ်းကြောင်းများနှင့် အောင်မြင်မှုအတွက် လျှို့ဝှက်ချက်များ ရှိပေသည်။ ထိုကဲ့သို့သော လျှို့ဝှက်ချက်များသည် သူတို့သဘာဝဗီဇကို ပြည့်စုံစွာ ကိုယ်စားပြုသည် မဟုတ်လော။ သူတို့သည် လောကထဲ၌ ထိုသို့သော ကြီးမားသည့်အရာများကို လုပ်ဆောင်ထားကြပြီး၊ ၎င်းတို့၏ နောက်ကွယ်တွင်ရှိသည့် အကြံအစည်များနှင့် ခြေပုန်းခုတ်ခြင်းများကို မည်သူကမျှ မရိပ်စားမိနိုင်ကြပေ။ ဤအရာက ထိုသူတို့၏သဘာဝဗီဇမှာ အဘယ်မျှပင် စဉ်းလဲဉာဏ်များပြီး အငြိုးထားတတ်ကြောင်းကို ပြသသည်။ လူသားသည် စာတန်၏ နက်ရှိုင်းစွာ ဖျက်ဆီးခြင်း ခံခဲ့ရသည်။ စာတန်၏ အဆိပ်သည် ခပ်သိမ်းသော လူပုဂ္ဂိုလ်တိုင်း၏ အသွေးထဲ၌ စီးဆင်းနေပြီး လူသား၏ သဘာဝဗီဇသည် ဖောက်ပြန်ကာ ဆိုးယုတ်၍ ခေတ်နောက်ပြန်ဆွဲတတ်ပြီး စာတန်၏ ဒဿနများနှင့် ပြည့်နှက်နေ၍ ထိုဒဿနများထဲ၌ နစ်မြုပ်နေ၏၊ ၎င်းတစ်ရပ်လုံးသည် ဘုရားသခင်ကို ဆန့်ကျင်ပုန်ကန်သော သဘာဝဗီဇတစ်ခုပင် ဖြစ်သည်။ ထို့ကြောင့်ပင် လူတို့သည် ဘုရားသခင်ကို ခုခံကြပြီး ဆန့်ကျင်ကြခြင်း ဖြစ်သည်။ ဤနည်းဖြင့် ၎င်း၏သဘာဝကို ခွဲခြမ်းစိတ်ဖြာကြည့်၍ရပါက၊ လူသားသည် သူ့ကိုယ်သူ အလွယ်တကူ သိလာနိုင်သည်။

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ“လူ့သဘာဝကို သိရှိရန် နည်းလမ်း” မှ

လူတို့သည် ဘုရားသခင်၏ အမှုကို တွေ့ကြုံရပြီး သမ္မာတရားကို ရရှိပြီးသည်အထိ အတွင်း၌ သူတို့ကို ထိန်းချုပ်၍ အုပ်စိုးသည်မှာ စာတန်၏ သဘာဝဗီဇဖြစ်၏။ အတိအကျဆိုရလျှင် ထိုသဘာဝဗီဇကို မည်သည့်အရာက ဖြစ်ပေါ်စေသနည်း။ ဥပမာ၊ သင်သည် အဘယ်ကြောင့် တစ်ကိုယ်ကောင်းဆန်ရသနည်း။ သင်၏ကိုယ်ပိုင် ရာထူးဂုဏ်ဒြပ်ကို အဘယ်ကြောင့် ကာကွယ် သနည်း။ သင်သည် အဘယ်ကြောင့် ထိုသို့သော အားကောင်းသည့် စိတ်ခံစားချက်များ ရှိသနည်း။ ထိုမဖြောင့်မတ်သော အရာများကို သင်သည် အဘယ်ကြောင့် မွေ့လျော်ခံစားသနည်း။ သင်သည် အဘယ်ကြောင့် ထိုမကောင်းမှုများကို နှစ်သက်သနည်း။ ထိုသို့သော အရာများကို သင်၏ ကြိုက်နှစ်သက်ခြင်း၏ အခြေခံအကြောင်းရင်းက အဘယ်နည်း။ ဤအရာတို့သည် အဘယ်အရပ်က လာကြသနည်း။ ၎င်းတို့အား လက်ခံသည်ကို သင် အဘယ်ကြောင့် အလွန်ပျော်ရွှင်နေသနည်း။ ဤအရာများအားလုံး၏ နောက်ကွယ်ရှိ အဓိက အကြောင်းရင်းမှာ သင်တို့အတွင်းတွင် စာတန်၏အဆိပ်ရှိခြင်းကြောင့် ဖြစ်ကြောင်း ယခုတွင် သင်တို့အားလုံး နားလည်လာကြပြီ။ စာတန်၏အဆိပ်မှာ မည်သည့်အရာဖြစ်ကြောင်းနှင့် ပတ်သက်၍၊ ယင်းကို စကားလုံးများဖြင့် အပြည့်အဝ ဖော်ပြနိုင်၏။ ဥပမာအားဖြင့်၊ ဒုစရိုက်ကိုပြုသူအချို့ကို ၎င်းတို့ အဘယ်ကြောင့် မကောင်းမှုပြုကြသည်ကို သင်မေးပါက၊ သူတို့က “လူတိုင်း ကိုယ့်အတွက်သာ ကိုယ်ကြည့်ပြီး၊ ဘယ်သူသေသေ ငတေမာပြီးရော ဖြစ်သောကြောင့်” ဟု ဖြေကြလိမ့်မည်။ ဤတစ်ခုတည်းသောစကားစုက ပြဿနာ၏ တကယ့်အရင်းအမြစ်ကို ဖော်ပြလေသည်။ စာတန်၏ တွေးခေါ်မှုစနစ်သည် လူသားတို့၏ အသက်တာများ ဖြစ်လာပြီဖြစ်သည်။ သူတို့သည် အမှုအရာများကို ဤရည်ရွယ်ချက် သို့မဟုတ် ထိုရည်ရွယ်ချက်အတွက် ပြုလုပ်ကောင်းပြုလုပ်ကြသော်လည်း၊ ထိုသူတို့သည် ယင်းကို မိမိတို့အတွက်သာ ပြုကြခြင်းဖြစ်သည်။ ကိုယ့်အတွက်သာ ကိုယ်ကြည့်၊ ဘယ်သူသေသေ ငတေမာပြီးရော ဖြစ်သောကြောင့်၊ သူတို့သည် မိမိတို့၏ကိုယ်ပိုင် အကျိုးအတွက်သာ အသက်ရှင်သင့်ပြီး၊ အစားအစာနှင့် ကောင်းမွန်သော အဝတ်အစားအတွက် ရာထူးကောင်းတစ်နေရာ ရရှိရန် သူတို့ အရာရာကို အစွမ်းကုန် ကြိုးစားလုပ်ဆောင်သင့်သည်ဟု အယောက်တိုင်းက ထင်မှတ်ကြသည်။ “ကိုယ့်အတွက်ပဲ ကိုယ်ကြည့်၊ ဘယ်သူသေသေ ငတေမာပြီးရော” ဟူသော ဤအရာမှာ လူသား၏အသက်နှင့် ဒဿနအမြင်ဖြစ်ပြီး ၎င်းက လူသား၏ သဘာဝဗီဇကိုလည်း ကိုယ်စားပြုလေသည်။ စာတန်၏ ဤစကားများမှာ အတိအကျဆိုရလျှင် စာတန်၏ အဆိပ်ဖြစ်ပြီး၊ လူတို့က ယင်းကို နှလုံးသွင်းကြသည့်အခါတွင်၊ ယင်းသည် သူတို့၏ သဘာဝဗီဇ ဖြစ်လာသည်။ စာတန်၏ သဘာဝဗီဇမှာ ဤစကားလုံးများအားဖြင့် ထုတ်ဖော်ခြင်းခံရသည်။ ယင်းတို့က ၎င်းကို လုံးလုံး ကိုယ်စားပြု၏။ ဤအဆိပ်သည် လူတို့၏ အသက်များဖြစ်လာသည့်အပြင်၊ သူတို့တည်ရှိမှု၏ အခြေခံအုတ်မြစ်ဖြစ်လာပြီး ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်က နှစ်ထောင်ချီ၍ ဤအဆိပ်၏ အုပ်စိုးခြင်းကို မပြောင်းမလဲ ခံလာရပြီဖြစ်သည်။ စာတန်ပြုသမျှအရာတိုင်းမှာ ၎င်းအတွက်သာပင် ဖြစ်သည်။ ယင်းသည် ဘုရားသခင်ထက် သာလွန်ရန်၊ ဘုရားသခင်ထံမှ လွတ်မြောက်ကင်းကွာရန်၊ ၎င်းကိုယ်တိုင် တန်ခိုးကိုင်စွဲရန်နှင့် ဘုရားသခင်၏ ဖန်ဆင်းခြင်း အားလုံးကို ပိုင်ဆိုင်ရန် ဆန္ဒရှိသည်။ ထို့ကြောင့် လူသား၏ သဘာဝဗီဇသည် စာတန်၏ သဘာဝဗီဇဖြစ်သည်။ အမှန်တွင် လူများစွာတို့၏ ဆောင်ပုဒ်များသည် ၎င်းတို့၏ သဘာဝကို ကိုယ်စားပြုပြီး ထင်ဟပ်နိုင်၏။ လူတို့သည် မိမိတို့ကိုယ်ကိုယ် ဖုံးကွယ်ရန် မည်သို့ ကြိုးစားပါစေ၊ ၎င်းတို့ လုပ်ဆောင်သမျှတိုင်းနှင့် ပြောသမျှတိုင်းတွင်၊ ၎င်းတို့ မည်သူဖြစ်သည်ကို မဖုံးကွယ်နိုင်ကြ။ အမှန်တရားကို ဘယ်သောအခါမျှ မပြောဘဲ ဟန်ဆောင်ကောင်းသောသူ အချို့ရှိ၏၊ သို့သော် အခြားသူများက ၎င်းတို့နှင့် တစ်ခဏကြာ အပြန်အလှန် ဆက်ဆံပြီးသည်နှင့်တစ်ပြိုင်နက်၊ ၎င်းတို့၏ လှည့်ဖြားတတ်သော သဘာဝနှင့် လုံးဝ မရိုးဖြောင့်မှုကို မြင်တွေ့ရပေသည်။ နောက်ဆုံးတွင် အခြားသူတို့သည် အောက်ပါ ကောက်ချက်ကို ချကြလေသည်- ထိုလူသည် ဘယ်သောအခါမျှ မှန်သည့်စကား တစ်လုံးကို မပြောသကဲ့သို့ လှည့်ဖြားတတ်၏။ ဤထွက်ဆိုချက်သည် လူတစ်ဦး၏ သဘာဝကဲ့သို့သောအရာကို ကိုယ်စားပြုပေသည်။ ယင်းသည် ၎င်းတို့၏ သဘာဝ အနှစ်သာရနှင့်ဆိုင်သော အကောင်းဆုံး သာဓကနှင့် သက်သေ ဖြစ်၏။ ၎င်းတို့၏ ဘဝဒဿနမှာ မည်သူ့ကိုမျှ အမှန်တရား မပြောရန်ဖြစ်သည့်အပြင်၊ မည်သူ့ကိုမျှလည်း မယုံကြည်ရန် ဖြစ်သည်။ လူသား၏ ဆိုးယုတ်သော သဘာဝတွင် ဤအတွေးအခေါ် အမြောက်အမြား ပါဝင်သည်။ သင်သည် တစ်ခါတစ်ရံ သင်ကိုယ်တိုင် ယင်းကို သတိပင်မထားမိသကဲ့သို့ နားမလည်ပေ၊ သို့သော် သင့်ဘဝ၏ တဒင်္ဂတိုင်းသည် ယင်းအပေါ် အခြေခံလေသည်။ ထို့အပြင် ဤအတွေးအခေါ်မှာ အတော်အတန် မှန်ကန်ပြီး ကျိုးကြောင်းဆီလျော်ကာ လုံးဝ မမှားယွင်းဟု သင်ထင်သည်။ ဤသည်မှာ စာတန်၏ အတွေးအခေါ်သည် လူတို့၏ သဘာဝ ဖြစ်လာပြီးဖြစ်ကာ၊ ၎င်းတို့သည် ယင်းကို စိုးစဉ်းမျှ တွန်းလှန်ခြင်းမရှိဘဲ၊ ယင်းနှင့်လုံးဝအညီ အသက်ရှင်နေကြသည်ကို ပြသရန် လုံလောက်ပေသည်။ ထို့ကြောင့် ၎င်းတို့သည် ၎င်းတို့၏ ဆိုးယုတ်သော သဘာဝကို စဉ်ဆက်မပြတ် ထုတ်ဖော်နေကြပြီး၊ ကဏ္ဍအားလုံးတွင် ၎င်းတို့သည် စာတန်၏ အတွေးအခေါ်အားဖြင့် ဆက်လက် အသက်ရှင်ကြလေသည်။ စာတန်၏ သဘာဝသည် လူသားမျိုးနွယ်၏ အသက်ဖြစ်သည်။

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ“ပေတရု၏လမ်းကြောင်းအတိုင်း လျှောက်လှမ်းနည်း” မှ

လူသားသဘာဝကို သင် မည်သို့ နားလည်ပါသနည်း။ သင်၏ သဘာဝကို နားလည်ခြင်းသည် အမှန်တကယ်တွင် သင့်စိတ်ဝိညာဉ်၏ အတွင်းကျကျအရာများကို စိတ်ဖြာလေ့လာခြင်းဟု အဓိပ္ပာယ်ရ၏၊ ယင်းသည် သင်၏အသက်၌ ရှိသည့်အရာ နှင့် ပတ်သက်သည်။ သင် အသက်ရှင်နေခဲ့သည်မှာ စာတန်၏ ဆင်ခြင်တွေးခေါ်မှုစနစ်နှင့် စာတန်၏ ရှုထောင့်အမြင်များ ဖြစ်၏။ ဆိုလိုသည်မှာ ယင်းသည် သင် အသက်ရှင်နေခဲ့သည့် စာတန်၏ အသက်ဖြစ်၏။ သင့်ဝိညာဉ်၏ နက်ရှိုင်းသော အတွင်းနေရာက အစိတ်အပိုင်းများကို တူးဖော်ခြင်းအားဖြင့်သာ၊ သင်၏ သဘာဝကို သင် နားလည်နိုင်သည်။ ဤအရာများကို မည်သို့ တူးဖော်နိုင်သနည်း။ ၎င်းတို့သည် ဖြစ်ရပ် တစ်ခု၊ နှစ်ခုမျှဖြင့် တူးဖော်၍မရနိုင်ပေ သို့မဟုတ် စိတ်ဖြာလေ့လာ၍ မရနိုင်ပေ။ အကြိမ်များစွာ၊ တစ်စုံတစ်ခုကို လုပ်ဆောင်ခြင်း သင် ပြီးစီးသည့်နောက်တွင်၊ သိနားလည်ခြင်းသို့ သင် ရောက်ရှိခြင်းမရှိသေးပေ။ သဘောပေါက်မိခြင်းနှင့် သိနားလည်ခြင်း အနည်းငယ်မျှကို သင်ရရှိဖို့ သုံးနှစ် သို့မဟုတ် ငါးနှစ် ကြာနိုင်ပေသည်။ အခြေအနေများစွာတွင်၊ သင်သည် မိမိကိုယ်ကိုယ် ဆန်းစစ်ရမည်ဖြစ်ပြီး၊ မိမိကိုယ်ကိုယ် သိလာရမည်ဖြစ်ကာ၊ နက်နက်တူးဖော်ခြင်းကို သင် လုပ်ဆောင်ပြီးသည့်အခါမှသာ၊ ရလဒ်များကို သင် မြင်ရလိမ့်မည်။ သမ္မာတရားနှင့်ဆိုင်သော သင်၏ သိနားလည်မှု တိုး၍ နက်နဲသထက်နက်နဲလာသည်နှင့်အမျှ၊ သင်သည် မိမိကိုယ်ကိုယ် ဆန်းစစ်ခြင်းနှင့် မိမိကိုယ်ကိုယ် သိရှိခြင်းတို့မှတစ်ဆင့် သင်၏ ကိုယ်ပိုင်သဘာဝ အနှစ်သာရကို တဖြည်းဖြည်း သိရှိလာလိမ့်မည်။ သင်၏ သဘာဝကို သိရှိဖို့ရန်အလို့ငှာ၊ အရာအချို့ကို သင် ပြီးမြောက်ရမည်။ ပထမဦးစွာ၊ သင်နှစ်သက်သောအရာကို သင် ရှင်းရှင်းလင်းလင်း သိရမည်။ ဤအရာက သင် စားလို၊ ဝတ်လိုသည့်အရာကို မရည်ညွှန်းပါ။ ယင်းထက်၊ သင် မွေ့လျော်သည့် အရာများ၊ သင် အားကျသည့် အရာများ၊ သင် ကိုးကွယ်သည့်အရာများ၊ သင် ရှာဖွေသည့်အရာများနှင့် သင်၏ စိတ်နှလုံးတွင် သင် အာရုံစိုက်သည့် အရာမျိုးများကို ဆိုလိုသည်။ ထိတွေ့ဆက်သွယ်ရာ၌ သင်ပျော်မွေ့သည့် လူအမျိုးအစားများ၊ သင်ပြုလုပ်လိုသည့် အရာများနှင့် သင့်စိတ်နှလုံးတွင် သင်ပုဂ္ဂိုလ်ရေး ကိုးကွယ်မိသည့် လူအမျိုးအစားများပင်ဖြစ်သည်။ ဥပမာအားဖြင့် လူအများစုက ကြီးမြတ်သည့် အဆင့်အတန်းရှိသည့် လူများ၊ ၎င်းတို့၏ ပြောပုံဆိုပုံနှင့် ကိုယ်ဟန်အမူအရာတို့တွင် ရည်မွန်သော လူတို့ကို နှစ်သက်ကြသည်၊ သို့မဟုတ် မြှောက်လုံးပင့်လုံး စကားပြောကောင်းသော သူများ သို့မဟုတ် ဟန်ဆောင်တတ်သော သူတို့ကို နှစ်သက်ကြသည်၊ အထက်ရည်ညွှန်းပါ ပုဂ္ဂိုလ်မှာ မည်သည့်လူတို့ကို ၎င်းတို့ အပြန်အလှန်ဆက်ဆံချင်သည့် အကြောင်းဖြစ်သည်။ လူတို့ နှစ်သက်သည့် အရာများအတွက်မူ၊ လုပ်ရန် လွယ်ကူသည့် အချို့သော အရာများကို လုပ်ဆောင်လိုခြင်း၊ အခြားသူများက ကောင်းမြတ်သည်ဟု ထင်ပြီး လူတို့ကို ချီးမွမ်းသီဆိုစေပြီး ချီးကျူးစကားများ ပြောစေသည့် အရာများကို လုပ်ဆောင်ခြင်းအား ပျော်မွေ့ခြင်းတို့ ပါဝင်သည်။ လူတို့၏ သဘာဝများတွင်၊ ၎င်းတို့ နှစ်သက်သည့် အမှုအရာများ၏ ဖြစ်နေကျလက္ခဏာရပ်တစ်ခု ရှိ၏။ ယင်းမှာ၊ အခြားသူများက အပြင်ပန်း ပုံသဏ္ဌာန်များကြောင့် မနာလိုဖြစ်ကြရသည့် လူများ၊ အဖြစ်အပျက်များနှင့် အမှုအရာများကို ၎င်းတို့ နှစ်သက်ကြသည်၊ လှပပြီး ဇိမ်ခံပစ္စည်းများနှင့် ပြည့်စုံပုံရသည့် အရာများကို ၎င်းတို့ နှစ်သက်ကြကာ၊ ပုံပန်းများကြောင့် အခြားသူများအား ၎င်းတို့ကို ကိုးကွယ်စေသည့် လူများ၊ အဖြစ်အပျက်များနှင့် အမှုအရာများကို ၎င်းတို့ နှစ်သက်ကြလေသည်။ လူတို့ မြတ်နိုးသော ဤအရာများမှာ ကြီးမြတ်သည်၊ ထူးချွန်ပြောင်မြောက်သည်၊ အလွန်လှပပြီး ခမ်းနားပေသည်။ လူအားလုံးက ဤအရာများကို ကိုးကွယ်ကြ၏။ လူတို့သည် မည်သည့် သမ္မာတရားမျှ မပိုင်ဆိုင်သကဲ့သို့၊ စစ်မှန်သော လူသားများ၏ ပုံသဏ္ဌာန်ကို ၎င်းတို့ မပိုင်ဆိုင်သည်ကို မြင်နိုင်ပေသည်။ ဤအရာများကို ကိုးကွယ်ရာတွင် အရေးပါမှု အတိုင်းအတာအနည်းငယ်မျှ မရှိသော်လည်း၊ လူတို့သည် ၎င်းတို့ကို နှစ်သက်ကြဆဲဖြစ်၏။ လူများနှစ်သက်ကြသည့် ဤအရာများသည် ဘုရားသခင်ကို မယုံကြည်သည့်သူများအတွက် အထူးသဖြင့် ကောင်းမွန်ပုံရပြီး ၎င်းတို့သည် ဤအရာများကို လိုက်စားဖို့ အထူးသဖြင့် ဆန္ဒရှိကြသည်။...ဤအရာများကို ရရှိလိုခြင်းသည် လောကီလူများနှင့် ဒုစရိုက်နွံထဲတွင် မွေ့လျော်ခြင်းသာ ဖြစ်သည်။ ဤအရာကို ဘုရာသခင်က အလွန်မုန်းတီးလေသည်။ ယင်း၌ သမ္မာတရားမရှိ၊ လူ့သဘာဝ မရှိသကဲ့သို့၊ ယင်းမှာ ဆိုးယုတ်လေသည်။ လူတစ်ဦး၏ သဘာဝကို ၎င်းတို့၏ နှစ်သက်မှုများအတွင်းမှ တူးဆွကြည့်ခြင်းဆိုသည်မှာ ဤအရာပင် ဖြစ်သည်။ လူများ၏ နှစ်သက်မှုများကို ၎င်းတို့ဝတ်စားဆင်ယင်ပုံတွင် တွေ့မြင်နိုင်သည်— လူအချို့က အာရုံဖမ်းစားနိုင်သည့် အရောင်စုံသော အဝတ်အစား၊ သို့မဟုတ် သဘာဝ ယုတ္တိနှင့်မညီသော ဝတ်စုံများကို ဝတ်ဖို့ လိုလားကြသည်။ ယခင်က မည်သူမျှ မကိုင်ဆောင်ဖူးသည့် အသုံးအဆောင်ပစ္စည်းများကို ၎င်းတို့ကိုင်ဆောင်လိမ့်မည်ဖြစ်ပြီး ဆန့်ကျင်ဘက်လိင်ကို စွဲဆောင်နိုင်သည့် အရာများကို ၎င်းတို့က နှစ်သက်ကြသည်။ ဤအဝတ်အစားများနှင့် အသုံးအဆောင်များကို ၎င်းတို့ဝတ်ဆင်သည်မှာ ၎င်းတို့၏ အသက်တာများနှင့် ၎င်းတို့၏စိတ်နှလုံး နက်ရှိုင်းရာတွင် ဤအရာများအတွက် ၎င်းတို့၌ ရှိသည့် နှစ်သက်မှုများကို ပြလေသည်။ ၎င်းတို့နှစ်သက်သည့် အရာများသည် သိက္ခာမရှိသကဲ့သို့ သင့်တင့်လျောက်ပတ်ခြင်းလည်း မရှိချေ။ ၎င်းတို့သည် အမှန်တကယ် စစ်မှန်သည့် လူတစ်ဦး၏ အရာများ မဟုတ်ပေ။ ယင်းတို့ကို ၎င်းတို့နှစ်သက်ရာတွင် မဖြောင့်မတ်ခြင်း ရှိနေသည်။ ၎င်းတို့၏ သဘောထားအမြင်သည် လောကီလူများ၏ သဘောထားအမြင်နှင့် အတိအကျ တစ်ထေရာတည်း ဖြစ်လေသည်။ ၎င်းတို့၌ သမ္မာတရား စိုးစဉ်းမျှ မမြင်နိုင်ပေ။ ထို့ကြောင့် သင်နှစ်သက်သောအရာ၊ သင် အာရုံစိုက်သည့်အရာ၊ သင် ကိုးကွယ်သည့်အရာ၊ သင် အားကျသည့်အရာနှင့် သင့်စိတ်နှလုံးတွင် နေ့တိုင်း သင် တွေးသည့်အရာအားလုံးတို့သည် သင့်သဘာဝ၏ ကိုးစားပြုချက်များ ဖြစ်ကြသည်။ ယင်းမှာ သင့် သဘာဝက မဖြောင့်မတ်ခြင်းကို နှစ်သက်ပြီး စိုးရိမ်ရသည့် အခြေအနေတွင် ရှိသည်၊ သင့် သဘာဝသည် ဆိုးယုတ်ပြီး ကုသ၍မရနိုင်သည်ကို သက်သေပြရန် လုံလောက်၏။ ဤနည်းဖြင့် သင်၏ သဘာဝကို သင် စိစစ်သင့်၏။ ဆိုလိုသည်မှာ၊ သင့် ဘဝတွင် သင် မြတ်နိုးသောအရာနှင့် သင် စွန့်လွှတ်သောအရာကို ဆန်းစစ်လော့။ သင်သည် တစ်စုံတစ်ဦးအပေါ် အချိန်တစ်ခုကြာ ကောင်းနေနိုင်သည်၊ သို့သော် ဤအရာက ၎င်းတို့ကို သင် နှစ်သက်သည်ဟု သက်သေမပြပေ။ သင်အမှန်တကယ် နှစ်သက်သောအရာများသည် သင်၏သဘာဝတွင် ရှိသည့်အရာ အတိအကျပင်ဖြစ်၏။ သင်၏ အရိုးများ ကွဲကြေခဲ့လျှင်ပင်၊ ယင်းကို သင် နှစ်သက်ပျော်မွေ့ဆဲဖြစ်လိမ့်မည်ဖြစ်ပြီး ဘယ်သောအခါမျှ စွန့်ပစ်နိုင်မည်မဟုတ်။ ဤသည်မှာ ပြောင်းလဲရန် မလွယ်ကူပေ။ ဥပမာ၊ အဖော်ကို ရှာဖွေခြင်းအား ကြည့်လော့။ အမျိုးသမီးတစ်ဦးသည် တစ်စုံတစ်ဦးနှင့် အမှန်တကယ် ချစ်ကျွမ်းဝင်မိပါက၊ သူမကို မည်သူမျှ တားဆီးနိုင်မည် မဟုတ်ပေ။ သူ၏ ခြေထောက်များ ကျိုးလျှင်ပင်၊ သူမသည် ထိုသူနှင့်အတူ ရှိချင်ဦးမည်ဖြစ်သည်။ သူမ သေဆုံးရမည်ဆိုလျှင်ပင်၊ ထိုသူကို လက်ထပ်ချင်မည်ဖြစ်သည်။ ဤအရာမှာ မည်သို့များ ဖြစ်နိုင်သနည်း။ ယင်းမှာ အဘယ့်ကြောင့်ဆိုသော် လူတို့က မိမိတို့ကိုယ်ကိုယ်အတွင်း နက်နက်ရှိုင်းရှိုင်း ရှိထားသည့်အရာကို မည်သူမျှ မပြောင်းလဲနိုင်သောကြောင့် ဖြစ်သည်။ လူတစ်ဦးသေလျှင်ပင်၊ သူ၏ စိတ်ဝိညာဉ်သည် အလားတူသောအရာများကို နှစ်သက်ဦးမည် ဖြစ်သည်။ ဤအရာများသည် လူသားသဘာဝနှင့်ဆိုင်သော အမှုအရာများဖြစ်ပြီး၊ ယင်းတို့က လူတစ်ယောက်၏ အနှစ်သာရကို ကိုယ်စားပြုပေသည်။ လူတို့ နှစ်သက်သော အရာများတွင် မဖြောင့်မတ်မှု အချို့ ပါရှိ၏။ အချို့သည် ထိုအရာများအတွက် ၎င်းတို့၏ နှစ်သက်မှုတွင် သိသာကြသော်လည်း အချို့မှာ မသိသာပေ။ အချို့သည် ယင်းတို့အတွက် အားကောင်းသည့် နှစ်သက်မှုရှိသော်လည်း အချို့မှာ မရှိချေ။ လူအချို့သည် မိမိကိုယ်ကိုယ် ထိန်းချုပ်မှုရှိသော်လည်း အခြားသူတို့မှာ မိမိကိုယ်ကိုယ် မထိန်းချုပ်နိုင်ကြချေ။ လူအချို့သည် မကောင်းသော အရာများထဲသို့ နှစ်မြှုပ်တတ်သည်၊ ယင်းက ၎င်းတို့သည် အသက်အနည်းငယ်မျှပင် မပိုင်ဆိုင်သည်ကို သက်သေပြပေသည်။ လူတို့သည် ဤအရာများဖြင့် နေရာယူခြင်းမခံရသကဲ့သို့ ဘောင်ခတ်ခြင်းမခံရနိုင်ပါက၊ ယင်းမှာ ၎င်းတို့၏ စိတ်သဘောထားများသည် အနည်းငယ် ပြောင်းလဲပြီးဖြစ်သကဲ့သို့၊ ဝိညာဉ်ရင့်ကျက်မှုအနည်းငယ် ရှိကြသည်ကို သက်သေပြပေသည်။ လူအချို့သည် သမ္မာတရားအချို့ကို နားလည်ပြီး၊ ၎င်းတို့က အသက်ရှိကာ ဘုရားသခင်ကို ချစ်ကြသည်ဟု ခံစားကြသည်။ အမှန်တွင်၊ ယင်းသည် အလွန်စောလွန်းသေးပြီး၊ တစ်ဦးတစ်ယောက်၏ စိတ်သဘောထားထဲက ပြောင်းလဲမှုကို ကြုံခြင်းသည် ရိုးရှင်းသည့် ကိစ္စတစ်ခု မဟုတ်ပေ။ မိမိ၏ သဘာဝသည် နားလည်ဖို့ လွယ်ကူပါသလော။ သင်သည် အနည်းငယ် နားလည်လျှင်ပင်၊ ပြောင်းလဲဖို့ လွယ်ကူလိမ့်မည်မဟုတ်ပေ။ ဤသည်မှာ လူတို့အတွက် အခက်အခဲ နယ်ပယ်တစ်ခု ဖြစ်သည်။ သင်၏ အနီးတစ်ဝိုက်ရှိ လူများ၊ ကိစ္စရပ်များ၊ သို့မဟုတ် အမှုအရာများ မည်သို့ ပြောင်းလဲနိုင်သည်ဖြစ်စေ၊ ပြီးလျှင် ကမ္ဘာလောကသည် လုံးဝ ပြောင်းလဲနိုင်သည်ဖြစ်စေ၊ သမ္မာတရားသည် အတွင်းမှ သင့်ကို လမ်းပြနေပါက၊ ယင်းသည် သင်၏ အတွင်းတွင် အမြစ်တွယ်ပြီး ဖြစ်ကာ ဘုရားသခင်၏ နှုတ်ကပတ်တော်များက သင်၏ အသက်တာ၊ သင်၏ နှစ်သက်မှုများ၊ သင်၏ အတွေ့အကြုံများနှင့် သင်၏ တည်ရှိမှုတို့ကို လမ်းပြပါက၊ ထိုအခြေအနေတွင် သင်သည် အမှန်တကယ် ပြောင်းလဲပြီး ဖြစ်လိမ့်မည်။ ယခုတွင် ပြောင်းလဲမှုဆိုသည့် ဤအရာသည် လူတို့ အနည်းငယ် ပူးပေါင်းဆောင်ရွက်ခြင်း၊ စိတ်အားထက်သန်မှုနှင့် ယုံကြည်ခြင်း အနည်းငယ် ရှိခြင်းတို့သာ ဖြစ်သည်၊ သို့သော် ဤအရာကို အသွင်ပြောင်းလဲခြင်းအဖြစ် ယူဆမရနိုင်သကဲ့သို့၊ လူတို့က အသက်ရှိသည်ဟု သက်သေမပြပေ။ ယင်းမှာ လူတို့၏ နှစ်သက်မှုများသာ ဖြစ်သည်- နောက်ထပ် မည်သည့်အရာမျှ မဟုတ်ပေ။

လူများ၏ သဘာဝဗီဇများထဲရှိ ၎င်းတို့မြတ်နိုးသော အရာများကို ဖော်ထုတ်ခြင်းအပြင်၊ သူတို့၏ သဘာဝဗီဇများနှင့် သက်ဆိုင်သည့် အခြားသွင်ပြင်များကိုလည်း ဖော်ထုတ်ရန်လိုအပ်သည်။ ဥပမာအားဖြင့် အမှုအရာများအပေါ် လူတို့၏ သဘောထားများ၊ အသက်တာထဲ၌ လူတို့၏ နည်းစနစ်များနှင့် ပန်းတိုင်များအပြင် လူတို့၏ ဘဝတန်ဖိုးများနှင့် အသက်တာအပေါ် အမြင်များအပြင် သမ္မာတရားနှင့်စပ်လျဉ်း၍ အရာခပ်သိမ်းအပေါ် အမြင်များပင် ဖြစ်ကြသည်။ ဤအရာများမှာ လူတို့၏ စိတ်ဝိညာဉ်များထဲတွင် နက်ရှိုင်းစွာ ရှိသောအရာများ အားလုံးဖြစ်ပြီး ၎င်းတို့သည် စိတ်သဘောထားပြောင်းလဲခြင်းနှင့် တိုက်ရိုက်ဆက်နွှယ်မှု ရှိနေသည်။ ထိုသို့ဖြစ်လျှင်၊ ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်၏ ဘဝအမြင်မှာ အဘယ်နည်း။ ယင်းကို ဤသို့ ပြော၍ရနိုင်သည်- “ကိုယ့်အတွက်ပဲ ကိုယ်ကြည့်၊ ဘယ်သူသေသေ ငတေမာပြီးရော” ဟူ၍ ဖြစ်သည်။ လူများအားလုံးသည် မိမိတို့ကိုယ်ကိုယ်အတွက်သာ အသက်ရှင်ကြသည်၊ သာ၍ ရှင်းရှင်းလင်းလင်း ပြတ်ပြတ်သားသား ပြောရလျှင်၊ ၎င်းတို့သည် ဇာတိပကတိအတွက် အသက်ရှင်ကြပေသည်။ ၎င်းတို့သည် မိမိတို့၏ ပါးစပ်များထဲ အစားအစာများ ထည့်ဖို့သာ အသက်ရှင်နေကြ၏။ ဤတည်ရှိမှုသည် တိရစ္ဆာန်များ၏ တည်ရှိမှုနှင့် မည်သို့ ကွာခြားပါသနည်း။ ဤသို့ အသက်ရှင်ခြင်းတွင် အဓိပ္ပာယ်တစ်ခုတစ်လေ ရှိဖို့မဆိုထားနှင့်၊ တန်ဖိုး မည်သို့မျှ မရှိချေ။ မိမိ၏ ဘဝအမြင်သည် လောကတွင် သင်ရှင်သန်နေထိုင်ဖို့ရန် အမှီပြုသည့်အရာ၊ သင် မည်သည့်အရာအတွက် အသက်ရှင်သည် နှင့် သင် အသက်ရှင်သည့်ပုံတို့အကြောင်း ဖြစ်ပြီး၊ ဤအရာများအားလုံးသည် လူသား သဘာဝ၏ အနှစ်သာရနှင့် သက်ဆိုင်ပေသည်။ လူတို့၏ သဘာဝများကို စိတ်ဖြာလေ့လာခြင်းမှတစ်ဆင့်၊ လူများအားလုံးသည် ဘုရားသခင်ကို ခုခံနေကြသည်ကို သင် တွေ့ရလိမ့်မည်။ ၎င်းတို့အားလုံးသည် မကောင်းဆိုးဝါးများသာ ဖြစ်ကြပြီး၊ အမှန်တကယ် ကောင်းသောလူ ဟူ၍မရှိပေ။ လူတို့၏ သဘာဝများကို စိတ်ဖြာလေ့လာခြင်း အားဖြင့်သာလျှင်၊ သင်သည် လူ၏ အနှစ်သာရနှင့် ဖောက်ပြန်ပျက်စီးခြင်းကို အမှန်တကယ် သိရှိနိုင်ပြီး၊ လူတို့ အမှန်တကယ် သက်ဆိုင်သည့်အရာ၊ လူတို့ အမှန်တကယ် ချို့တဲ့သည့်အရာ၊ ၎င်းတို့ ပြင်ဆင်ထားသင့်သည့်အရာနှင့် လူသားပုံသဏ္ဌာန်တစ်ခု၌ မည်သို့ အသက်ရှင်သင့်သည်တို့ကို နားလည်နိုင်ပေသည်။ လူတစ်ဦး၏ သဘာဝကို အမှန်တကယ် စိတ်ဖြာလေ့လာခြင်းသည် မလွယ်ကူသကဲ့သို့၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို တွေ့ကြုံခြင်း သို့မဟုတ် စစ်မှန်သော အတွေ့အကြုံများ ရှိခြင်း မရှိဘဲနှင့် လုပ်ဆောင်၍မရနိုင်ပေ။

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ“မိမိ၏စိတ်သဘောထား ပြောင်းလဲခြင်းအကြောင်း သိထားသင့်သည့်အရာ” မှ

အကယ်၍ လူတို့သည် ၎င်းတို့ကိုယ်ကိုယ် နားလည်ရမည်ဆိုပါက သူတို့သည် သူတို့၏ စစ်မှန်သော အခြေအနေများကို နားလည်ရမည်။ မိမိ၏ ကိုယ်ပိုင်အခြေအနေကို နားလည်ခြင်းနှင့်ဆိုင်သော အရေးကြီးဆုံးကဏ္ဍမှာ မိမိ၏ ကိုယ်ပိုင်အတွေးများနှင့် စိတ်ကူးများကို နားလည်သဘောပေါက်မှု ရှိရန်ပင် ဖြစ်သည်။ အချန်ကာလတိုင်းတွင် လူတို့၏ အတွေးများသည် အဓိကကျသော အရာတစ်ခု၏ ထိန်းချုပ်ခြင်းကို ခံထားရပြီးဖြစ်သည်။ အကယ်၍ သင်သည် သင်၏အတွေးများအပေါ် ထိန်းချုပ်မှုကို ရရှိနိုင်ပါက သင်သည် ၎င်းတို့ နောက်ကွယ်၌ရှိသော အရာများအပေါ် ထိန်းချုပ်မှုကို ရရှိနိုင်မည်ဖြစ်သည်။ လူတို့သည် မိမိတို့၏ အတွေးများနှင့် စိတ်ကူးများကို မထိန်းချုပ်နိုင်ကြသော်လည်း၊ ဤအတွေးများနှင့် စိတ်ကူးများ မည်သည့်အရပ်မှ လာသည်၊ ၎င်းတို့ နောက်ကွယ်တွင် မည်သည့်အကြောင်းရင်းများ ရှိသည်၊ ဤအတွေးများနှင့်စိတ်ကူးများ မည်သို့ ထွက်ပေါ်သည်၊ မည်သည့်အရာက ၎င်းတို့ကို ထိန်းချုပ်သည်ဆိုသည်နှင့် ၎င်းတို့၏ သဘာဝက မည်သည့်အရာဖြစ်သည်တို့ကို ၎င်းတို့ သိဖို့လိုအပ်သည်။ သင်၏ စိတ်သဘောထား ပြောင်းလဲပြီးနောက်တွင်၊ သင်၏ ပြောင်းလဲသော အစိတ်အပိုင်းများက ထွက်ပေါ်စေခဲ့သည့် သင်၏ အတွေးများနှင့် စိတ်ကူးများ၊ သင်၏ စိတ်နှလုံးက လိုက်လံရှာဖွေသည့် ဆန္ဒများနှင့် လိုက်စားမှုနှင့် ပတ်သက်သည့် သင်၏ ရှုထောင့်အမြင်များသည် ကွဲပြားလိမ့်မည်ဖြစ်သည်။ သင်၏ မပြောင်းလဲသော အစိတ်အပိုင်းများမှ ပေါ်ပေါက်သည့် အတွေးများနှင့် စိတ်ကူးများ၊ သင် ရှင်းရှင်းလင်းလင်း နားမလည်သော အရာများနှင့် သမ္မာတရားအပေါ် အတွေ့အကြုံများဖြင့် သင် အစားမထိုးရသေးသည့် အရာများတို့သည် ညစ်ညူးပြီး ညစ်ပတ်ကာ အကျည်းတန်ပေသည်။ ဘုရားသခင်၏အမှုကို နှစ်ပေါင်းအချို့ တွေ့ကြုံခံစားထားပြီးဖြစ်သော ယနေ့ခေတ် လူတို့၌ ဤကိစ္စရပ်များနှင့် ပတ်သက်၍ အသိတရားနှင့် နားလည်သဘောပေါက်မှုအချို့ ရှိသည်။ ဘုရားသခင်၏အမှုကို အချိန်ကာလတစ်ခဏသာ တွေ့ကြုံခံစားထားရသော သူများကမူ ဤကိစ္စရပ်များကို နားမလည်ကြသေးပေ၊ ထိုသူတို့သည် မရှင်းကြသေးပေ။ ထိုသူတို့သည် မိမိတို့၏ ပျော့ကွက်မှာ အဘယ်နေရာ၌ရှိသည်၊ သို့မဟုတ် မည်သည့်နယ်ပယ်များတွင် မိမိတို့ကျရှုံးရန်မှာ လွယ်ကူသည်ကို မသိကြ။ မိမိသည် မည်သို့သောလူအမျိုးအစားဖြစ်သည်ကို လက်ရှိတွင် သင်တို့မသိကြ၊ ထို့ပြင် သင်သည် မည်သို့သောလူအမျိုးအစားဖြစ်သည်ကို အခြားလူများက အတိုင်းအတာတစ်ခုအထိ မြင်နိုင်ကြသော်လည်း သင်ကမူ ထိုအရာကို သတိမပြုမိနိုင်ပေ။ သင်သည် သင်၏ သာမန်အတွေးများနှင့် ရည်ရွယ်ချက်များကို ရှင်းလင်းစွာ မခွဲခြားနိုင်၊ ထို့ပြင် ဤကိစ္စရပ်များ၏ အနှစ်သာရမှာ အဘယ်အရာဖြစ်သည့်အကြောင်း ရှင်းလင်းသော နားလည်မှု သင်၌မရှိချေ။ ရှုထောင့်တစ်ခုကို သင် ပိုမိုနက်နက်ရှိုင်းရှိုင်း သိနားလည်လေလေ၊ ထိုရှုထောင့်တွင် သင် ပိုမို ပြောင်းလဲလေလေ ဖြစ်မည်၊ ထိုသို့ဖြင့်၊ သင် လုပ်ဆောင်မည့်အရာများသည် သမ္မာတရားနှင့် ကိုက်ညီလိမ့်မည်၊ ဘုရားသခင်၏ သတ်မှတ်ချက်များကို သင် ဖြည့်ဆည်းနိုင်လိမ့်မည်ဖြစ်ပြီး၊ သင်သည် ဘုရားသခင်၏ အလိုတော်နှင့် ပိုမို နီးစပ်လိမ့်မည်ဖြစ်သည်။ ဤနည်းဖြင့် ကြိုးစားခြင်းအားဖြင့်သာ ရလဒ်များကို သင် ရရှိနိုင်သည်။

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ“ဘုရားသခင်အပေါ် အမြဲတစေ တောင်းဆိုချက်များပြုသည့်လူများသည် ဆင်ခြင်တုံတရား အနည်းဆုံးလူများ ဖြစ်သည်” မှ

မိမိကိုယ်ကို ဆင်ခြင်သုံးသပ်ခြင်းနှင့် ကိုယ့်ကိုကိုယ်သိခြင်း သော့ချက်မှာ ဤသို့ဖြစ်သည်- အချို့သော ကဏ္ဍများတွင် သင်ကောင်းစွာပြုခဲ့ပြီးသည် သို့မဟုတ် မှန်ကန်သောအရာကို ပြုလုပ်ခဲ့ပြီးသည်ဟု သင်ပို၍ခံစားရလေ၊ ထို့ပြင် သင်သည် ဘုရားသခင်၏ အလိုတော်ကို ကျေနပ်စေနိုင်သည် သို့မဟုတ် အချို့သောကဏ္ဍများတွင် ကြွားဝါ၍ရသည်ဟု ပိုထင်လေဆိုလျှင် ထိုကဏ္ဍများ၌ သင့်ကိုယ်သင်သိရန် ပို၍ထိုက်တန်ပြီး သင်၌ မည်သည့်မစင်ကြယ်မှုများ ရှိကြောင်းကိုသိရန် ၎င်းတို့ကို နက်နဲစွာတူးဖော်ရန်လည်းကောင်း၊ သင့်အထဲရှိ မည်သည့်အရာများသည် ဘုရားသခင်၏အလိုတော်ကို ကျေနပ်စေနိုင်ခြင်း မရှိကြောင်းကို ကြည့်ရန် ပို၍ထိုက်တန်လေ ဖြစ်သည်။ ပေါလုကို ပုံဥပမာတစ်ခုအဖြစ် ယူကြစို့။ ပေါလုသည် အထူးနှံ့စပ်သိရှိပြီး သူ၏ ဟောပြောခြင်းအလုပ်တွင် ဆင်းရဲဒုက္ခများစွာ ခံစားခဲ့ပေသည်။ သူသည် အထူးသဖြင့် များစွာသောသူတို့၏ ကြည်ညိုမှုကို ခံခဲ့ရသည်။ အကျိုးဆက်အနေဖြင့်၊ အလုပ်များစွာ ပြီးစီးသည့်နောက်တွင်၊ သူ့အတွက် သရဖူတစ်ခု ဖယ်ထားပြီးဖြစ်လိမ့်မည်ဟု သူ ထင်မှတ်ခဲ့သည်။ ဤအရာက သူ့ကို နောက်ဆုံး ဘုရားသခင်အားဖြင့် အပြစ်ပေးခံရသည်အထိ မှားယွင်းသော လမ်းကြောင်းတစ်လျှောက် သာ၍ ဝေးဝေး ဆက်သွားစေခဲ့သည်။ ထိုအချိန်တွင်၊ သူသည် မိမိကိုယ်ကိုယ် ဆင်ခြင်သုံးသပ်ပြီး စိတ်ဖြာလေ့လာခဲ့လျှင်၊ ယင်းကို သူ တွေးခဲ့လိမ့်မည် မဟုတ်ပေ။ တနည်းအားဖြင့်၊ ပေါလုသည် သခင်ယေရှု၏ နှုတ်ကပတ်တော်များထဲက သမ္မာတရားကို ရှာဖွေခြင်းအပေါ် အာရုံမစိုက်ခဲ့ပေ၊ သူသည် သူ၏ ကိုယ်ပိုင် အယူအဆများနှင့် စိတ်ကူးများကိုသာ ယုံကြည်ခဲ့သည်။ ကောင်းမွန်သော အရာအနည်းငယ်ကို သူ လုပ်ဆောင်ပြီး အပြုအမူကောင်းကို ပြသသရွေ့၊ ဘုရားသခင်၏ ချီးမွမ်းခြင်းနှင့် ဆုချီးမြှင့်ခြင်းခံရမည်ဟု သူ ထင်ခဲ့သည်။ နောက်ဆုံးတွင်၊ သူ၏ ကိုယ်ပိုင်အယူအဆများနှင့် စိတ်ကူးများက သူ၏ စိတ်ဝိညာဉ်ကို ကန်းစေခဲ့ပြီး သူ၏ စရိုက်မှန်ကို ဖုံးကွယ်ခဲ့သည်။ သို့သော်၊ ဤအရာကို လူတို့သည် မသိခဲ့ကြဘဲ၊ ဤအရာကို ဘုရားသခင်၏ ဖော်ထုတ်ပေးခြင်းမရှိဘဲနှင့် ပေါလုကို သူတို့ ရည်မှန်းရမည့် စံနှုန်းတစ်ခု၊ အသက်ရှင်ရမည့် စံနမူနာတစ်ခုအဖြစ် ဆက်လက်ထားရှိခဲ့ကြပြီး၊ သူ့ကို ၎င်းတို့ ဖြစ်လိုသည့်သူ တစ်ဦးအဖြစ် ၎င်းတို့ ရှာဖွေလိုက်စားခြင်း၏ ရည်မှန်းချက်နှင့် အတုယူရမည့် တစ်စုံတစ်ဦးအဖြစ် မှတ်ယူကြလေသည်။ ပေါလုနှင့်ပတ်သက်သော ဤအဖြစ်အပျက်သည် ဘုရားသခင်၌ ယုံကြည်သောသူတိုင်းအတွက် သတိပေးချက်တစ်ခုအဖြစ် အသုံးဝင်သည်၊ ယင်းမှာ ကျွန်ုပ်တို့သည် အထူးသဖြင့် ကောင်းစွာပြုလုပ်ပြီးပြီဟု ခံစားရသည့်အခါ သို့မဟုတ် ကျွန်ုပ်တို့သည် အချို့သောအရာ၌ အထူးသဖြင့် အထုံပါရမီရှိသည်ဟု ယုံကြည်သည့်အခါ သို့မဟုတ် အချို့သောအရာ၌ ကျွန်ုပ်တို့သည် ပြောင်းလဲရန် သို့မဟုတ် ကိုင်တွယ်ခံခြင်းခံရရန် မလိုအပ်ကြောင်း ထင်ရသည့်အခါ ကျွန်ုပ်တို့သည် ထိုအရာ၌ မိမိကိုယ်ကိုယ် ဆင်ခြင်ရန်နှင့် ပို၍သိနားလည်ရန် ကြိုးပမ်းသင့်လေသည်၊ ဤသည်မှာ အရေးပါလှသည်။ ဤသည်မှာ သင်တို့ကိုယ်တိုင်၏ ကဏ္ဍများ၌ ဘုရားသခင်ကို ဆန့်ကျင်သည့်အရာတစ်ခုခု အမှန်တကယ်ပါရှိသည် မပါရှိသည်ကို သိမြင်ဖို့အလို့ငှာ ကောင်းမြတ်သည်ဟု သင် ယုံကြည်သည့် ကဏ္ဍများကို သင် ဧကန်မုချ တူးဖော်ခြင်း၊ အာရုံစိုက်ခြင်း သို့မဟုတ် ခွဲခြမ်းလေ့လာခြင်း မပြုခဲ့သေးခြင်းကြောင့်ပင် ဖြစ်ပါသည်။

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ“သင်၏လွဲမှားသောအယူအဆကြောင့် ပေါ်ပေါက်သည့်အမြင်များကိုသတိပြုခြင်းဖြင့်သာ သင့်ကိုယ်သင် သိနိုင်မည်” မှ

လူတစ်ဦး၏ အနှစ်သာရမှာ အဘယ်အရာဖြစ်သည်ကို သင် မည်သို့ ပြောနိုင်မည်နည်း။ လူတို့သည် မည်သည့်အရာမျှ မပြုလုပ်သည့်အခါ သို့မဟုတ် သူတို့ အသေးအဖွဲကိစ္စ ပြုလုပ်သည့်အခါ၊ လူတစ်ဦး၏ သဘာဝ အနှစ်သာရက အဘယ်အရာဖြစ်သည်ကို သင်မပြောနိုင်ပေ။ ဤအရာတို့ကို သူတို့၏ လုပ်ဆောင်ချက်များ နောက်ကွယ်ရှိ အကြောင်းရင်းများ၊ သူတို့ ပြုလုပ်သည့်အရာ၏ နောက်ကွယ်ရှိ ကြံရွယ်ချက်များ၊ သူတို့ လက်ခံသိုလှောင်ထားသည့် ဆန္ဒများနှင့် သူတို့ လျှောက်လှမ်းသည့် လမ်းကြောင်းတွင် ပုံမှန်ပြသထားသည်။ ပို၍ပင် အရေးကြီးသည်မှာ ဤအရာများသည် ဘုရားသခင် စီစဉ်ထားသည့် ပတ်ဝန်းကျင်တစ်ခုနှင့် သူတို့ ကြုံတွေ့သောအခါ၊ သူတို့အပေါ် ဘုရားသခင်ကိုယ်တိုင် လုပ်ဆောင်သည့် တစ်စုံတစ်ရာနှင့် သူတို့ ကြုံတွေ့သောအခါ၊ စမ်းသပ်ခြင်းနှင့် စစ်ဆေးခြင်းကို သူတို့ခံရသောအခါ၊ သို့မဟုတ် ကိုင်တွယ်ခြင်းနှင့် ပြုပြင်ခြင်းကို ခံရသောအခါ၊ သို့မဟုတ်ပါက သူတို့ကို ဘုရားသခင်ကိုယ်တော်တိုင် အလင်းပေးပြီး လမ်းပြသောအခါ သူတို့၏ တုံ့ပြန်ပုံ၌ ပြသထားသည်။ ဤအရာအားလုံးသည် အဘယ်အရာနှင့် ဆက်စပ်သနည်း။ ယင်းသည် လူတစ်ဦး၏ လုပ်ဆောင်ချက်များ၊ သူတို့ အသက်ရှင်နေထိုင်ပုံနှင့် သူတို့ကိုယ်သူတို့ ပြုမူနေထိုင်သည့် အခြေခံသဘောတရားများနှင့် ဆက်စပ်လေသည်။ ယင်းသည် သူတို့ ရှာဖွေလိုက်စားမှု၏ ဦးတည်ချက်နှင့် ပန်းတိုင်များနှင့် သူတို့ရှာဖွေလိုက်စားသည့် နည်းလမ်းများနှင့် ဆက်စပ်သည်။ တစ်နည်းအားဖြင့်၊ ယင်းမှာ ဤလူလျှောက်လှမ်းသည့် လမ်းကြောင်း၊ သူတို့အသက်ရှင်ပုံ၊ သူတို့ခံယူသည့်အရာနှင့် သူတို့ဖြစ်တည်ခြင်း၏ အခြေခံအကြောင်းရင်းမှာ အဘယ်အရာဖြစ်သည် ဟူသည်နှင့် ဆက်စပ်လေသည်။

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ“ပေါလု၏ သဘောသဘာဝနှင့် အနှစ်သာရကို ထိုးထွင်းသိမြင်နည်း” မှ

ဘုရားသခင်သည် လူသားကို အပြုသဘောဆောင်သော ရှုထောင့်၌သော်လည်းကောင်း၊ အပျက်သဘောဆောင်သော ရှုထောင့်၌သော်လည်းကောင်း စုံလင်စေနိုင်သည်။ ထိုအချက်မှာ သင့်အနေဖြင့် တွေ့ကြုံခံစားနိုင်ခြင်းရှိမရှိအပေါ် မူတည်ပြီး၊ ဘုရားသခင်အားဖြင့် စုံလင်စေခြင်း ခံနေရခြင်းကို သင်လိုက်စားမှု ရှိ၊ မရှိအပေါ် မူတည်သည်။ အကယ်၍ သင်သည် ဘုရားသခင်၏ စုံလင်စေနေခြင်းကို အမှန်တကယ် ရှာဖွေလျှင်၊ အပျက်သဘောသည် သင့်အား ဆုံးရှုံးမှုကို မခံရစေနိုင်ပေ၊ သို့သော် သာ၍စစ်မှန်သောအရာများကို သင့်ထံယူဆောင်လာနိုင်ပြီး သင်၏အထဲတွင် ချို့တဲ့နေသော အရာများကို သာ၍သိရှိစေနိုင်မည် ဖြစ်သည့်အပြင်၊ သင်၏ အခြေအနေအမှန်များကိုလည်း သာ၍ နားလည်စေနိုင်မည်ဖြစ်ပြီး၊ လူသား၌ ဘာမျှမရှိ၊ လူသားသည် ဘာမှမဟုတ်ဟူသည်ကို သိမြင်စေနိုင်သည်၊ အကယ်၍ သင်သည် စမ်းသပ်မှုများကို မကြုံရလျှင်၊ သိရှိမည်မဟုတ်ဘဲ မိမိကိုယ်မိမိ အခြားသူများ၏ အထက်၌ရှိကာ အခြားသူများအားလုံးထက် သာသည်ဟု အမြဲထင်မည် ဖြစ်သည်။ ဤအရာများအားလုံးအားဖြင့် သင်သည် ယခင်ဖြစ်ပွားခဲ့သည့် အရာများအားလုံးသည် ဘုရားသခင် လုပ်ဆောင်ခဲ့သည့် အရာများဖြစ်ပြီး ဘုရားသခင် ကာကွယ်စောင့်ရှောက်သည့်အရာများ ဖြစ်သည်ကို သင်သိလာလိမ့်မည် ဖြစ်သည်။ စမ်းသပ်မှုများအတွင်းသို့ ဝင်ရောက်ခြင်းသည် သင့်အား ချစ်ခြင်းနှင့်ယုံကြည်ခြင်း ကင်းမဲ့စေကာ၊ ဆုတောင်းခြင်းလည်း မရှိ၊ ဓမ္မသီချင်းများလည်း သီဆိုနိုင်စွမ်းမရှိ ဖြစ်စေမည်၊ ထို့ပြင် ထိုကဲ့သို့သောအချိန်မျိုးတွင် သင်သည် သတိမထားမိဘဲနှင့် မိမိကိုယ်မိမိ သိကျွမ်းလာမည်ဖြစ်သည်။ ဘုရားသခင်တွင် လူသားကို စုံလင်စေခြင်းအတွက် လုပ်ဆောင်နည်း အမျိုးမျိုးရှိသည်။ လူသား၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ကိုင်တွယ်ရန်အတွက် ပတ်ဝန်းကျင်အမျိုးမျိုးကို သူအသုံးချပြီး၊ လူသားကို ဖော်ထုတ်ပြရန်အလို့ငှာ အရာအမျိုးမျိုးကို အသုံးပြုသည်၊ တစ်ဖက်တွင် လူသားကို သူကိုင်တွယ်ပြီး၊ နောက်တစ်ဖက်တွင် လူသားကို ဖော်ထုတ်ပြကာ အခြားတစ်ဖက်တွင် လူသား၏ စိတ်နှလုံးအတွင်း နက်ရှိုင်းရာ၌ရှိသော “နက်နဲရာများ” ကို တူးဆွကာ ဖော်ပြလျက်၊ သူ၏ အခြေအနေများ အများအပြားကို ဖော်ပြခြင်းအားဖြင့် လူသားအား သူ၏သဘောသဘာဝကို သိရှိစေလျက်၊ လူသားကို ဖွင့်ဟပြသည်။ ဘုရားသခင်သည် လက်တွေ့ကျသော ဘုရားဖြစ်သည်ကို လူသားသိစေရန် ဘုရားသခင်သည် ဖော်ပြခြင်း၊ ကိုင်တွယ်ဆုံးမခြင်း၊ စစ်ဆေးခြင်းနှင့် ပြစ်တင်ဆုံးမခြင်း စသည့် နည်းလမ်းအမျိုးမျိုးသုံးကာ လူသားကို စုံလင်အောင်ပြုလုပ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လက်တွေ့လုပ်ဆောင်ခြင်းကို အာရုံစိုက်သူများသာ စုံလင်စေခြင်းခံရနိုင်သည်

တစ်ဖက်တွင် လူသားသည် ဘုရားသခင်၏ စမ်းသပ်မှုကာလများအတွင်း သူ၏အားနည်းချက်များကို သိလာပြီး သူသည် အရေးမပါကြောင်း၊ စက်ဆုပ်ဖွယ်ဖြစ်ကြောင်း၊ နိမ့်ကျကြောင်း၊ သူ၌ မည်သည့်အရာမျှ မရှိကြောင်းနှင့် သူသည် အနတ္တဖြစ်ကြောင်း မြင်လေ၏။ အခြားတစ်ဖက်တွင် ဘုရားသခင်သည် သူ၏စမ်းသပ်မှု ကာလများအတွင်း သူ၏နှစ်လိုဖွယ်ကောင်းခြင်းကို လူသားအား ပိုမိုတွေ့ကြုံခံစားနိုင်စေသည့် မတူညီသော ပတ်ဝန်းကျင်များကို လူသား အတွက် ဖန်တီးပေး၏။ နာကျင်မှုသည် ကြီးမားပြီး တစ်ခါတစ်ရံ ပြင်းထန်သော ပူဆွေးမှုအဆင့်ကို ရောက်သည်အထိပင် မကျော်လွှားနိုင် ဖြစ်ရသော်လည်း၊ ၎င်းကို တွေ့ကြုံခံစားပြီးနောက် လူသားသည် သူ့အထဲ၌ ဘုရားသခင်၏အမှုမှာ မည်မျှနှစ်လိုဖွယ်ကောင်းကြောင်း မြင်လေ၏၊ ထို့ပြင် ဤအုတ်မြစ် အပေါ်၌သာ လူသားအတွင်းတွင် ဘုရားသခင်အတွက် စစ်မှန်သည့် ချစ်ခြင်းမေတ္တာ မွေးဖွားလာခြင်းဖြစ်သည်။ ယနေ့ကာလတွင် လူသားသည် ဘုရားသခင်၏ ကျေးဇူးတော်၊ ချစ်ခြင်းမေတ္တာနှင့် သနားကရုဏာ သက်သက်ဖြင့်သာဆိုလျှင် လူ့အနှစ်သာရကို သိရန် မဆိုထားနှင့်၊ သူ့ကိုယ်သူပင် အမှန်တကယ် မသိနိုင်ကြောင်း မြင်လေ၏။ ဘုရားသခင်၏ စစ်ဆေးခြင်းနှင့် တရားစီရင်ခြင်းနှစ်ခုလုံးဖြင့်သာ၊ ထိုကဲ့သို့သော စစ်ဆေးခြင်းကာလအတွင်း၌သာ လူသားသည် သူ၏ အားနည်းချက်များကို သိနိုင်ပြီး သူ၌ဘာမျှမရှိကြောင်းကို သိနိုင်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ နာကျင်သည့်စမ်းသပ်မှုများကို တွေ့ကြုံခြင်းဖြင့်သာ ဘုရားသခင်၏နှစ်လိုဖွယ်ကောင်းခြင်းကို သိနိုင်မည်

အကြိမ်များစွာ ကျရှုံးခြင်းနှင့် ပြိုလဲကျခြင်းသည် ဆိုးသည့် အရာမဟုတ်သလို၊ ဖော်ထုတ်ခံနေရခြင်းသည်လည်း ဆိုးသည့် အရာ မဟုတ်ပါ။ သင် ကိုင်တွယ်ဖြေရှင်းခံရသည်ဖြစ်စေ၊ ပြုပြင်ခံရသည်ဖြစ်စေ၊ သို့မဟုတ် ဖော်ထုတ်ခံရသည်ဖြစ်စေ၊ ဤအရာကို တစ်ချိန်လုံး သင် မှတ်မိရမည်- ဖော်ထုတ်ခံရခြင်းဆိုသည်မှာ သင်သည် ရှုတ်ချခံနေရခြင်း ဖြစ်သည်ဟု မဆိုလိုပေ။ ဖော်ထုတ်ခံနေရခြင်းသည် ကောင်းမွန်သော အရာတစ်ခု ဖြစ်သည်၊ မိမိကိုယ်ကိုယ် သိရှိရန် ယင်းမှာ သင့်အတွက် အကောင်းဆုံးသော အခွင့်အရေး ဖြစ်သည်။ ယင်းက သင်၏ ဘဝအတွေ့အကြုံတွင် အလှည့်အပြောင်းတစ်ခုကို ယူဆောင်လာနိုင်သည်။ ထိုအရာမရှိဘဲ၊ သင်သည် သင်၏ ဖောက်ပြန်ပျက်စီးခြင်းနှင့်ဆိုင်သော အမှန်တရားကို သိနားလည်ခြင်းသို့ရောက်နိုင်ဖို့ အခွင့်အရေးရော အခြေအနေကိုပါ ပိုင်ဆိုင်လိမ့်မည်မဟုတ်သလို ဆက်စပ်စဉ်းစားရမည့် အကြောင်းအရာကိုလည်း သင်ပိုင်ဆိုင်လိမ့်မည်မဟုတ်။ သင့်အတွင်းရှိ အမှုအရာများ၊ သတိပြုမိဖို့ ခဲယဉ်းပြီး တူးဖော်ဖို့ ခက်ခဲသည့် သင့်အတွင်းရှိ နက်နက်ရှိုင်းရှိုင်း ကွယ်ဝှက်ထားသည့် ထိုရှုထောင့်များအားလုံးကို သင် သိရှိလာနိုင်လျှင်၊ ဤသည်မှာ ကောင်းသော အရာတစ်ခု ဖြစ်သည်။ သင့်ကိုယ်သင် အမှန်တကယ် သိရှိလာနိုင်ခြင်းသည် သင်၏လမ်းများကို ပြုပြင်ပြီး လူသစ်တစ်ဦးဖြစ်လာဖို့ သင့်အတွက် အကောင်းဆုံးသော အခွင့်အရေးဖြစ်သည်၊ ယင်းမှာ သင့်အနေဖြင့် အသက်တာသစ်ကို ရရှိရန် အကောင်းဆုံးသော အခွင့်အရေးဖြစ်သည်။ သင်သည် မိမိကိုယ်ကိုယ် အမှန်တကယ် သိရှိသည်နှင့်တစ်ပြိုင်နက်၊ သမ္မာတရားက တစ်ဦးတစ်ယောက်၏ အသက်ဖြစ်လာသည့်အခါ၊ အမှန်ပင် တန်ဖိုးရှိသည့်အရာဖြစ်သည်ကို သင် တွေ့မြင်နိုင်လိမ့်မည်ဖြစ်ပြီး၊ သမ္မာတရားအတွက် သင် ဆာငတ်လိမ့်မည်ဖြစ်ပြီး စစ်မှန်မှုထဲသို့ သင် ဝင်ရောက်လိမ့်မည်ဖြစ်သည်။ ဤသည်မှာ လွန်စွာ ကြီးမြတ်သည့်အရာတစ်ခု ဖြစ်ပေ၏။ သင်ကျရှုံးသည့်အခါတိုင်း သို့မဟုတ် လဲကျသည့်အခါတိုင်း ဤအခွင့်အရေးကို သင် ဆုပ်ကိုင်နိုင်ပြီး အလွန်စိတ်ထက်သန်စွာ မိမိကိုယ်ကိုယ် ဆင်ခြင်သုံးသပ်ကာ မိမိကိုယ်ကိုယ် စစ်မှန်သည့် သိကျွမ်းမှု ရရှိလျှင်၊ အပျက်သဘောဆောင်ခြင်းနှင့် အားနည်းချက်များကြားတွင်၊ သင်သည် ပြန်ထရပ်နိုင်လိမ့်မည်။ ဤအတိုင်းအတာကို သင်ဖြတ်ကျော်ပြီးသည်နှင့်တစ်ပြိုင်နက်၊ ရှေ့ဆက် ကြီးမားသည့် ခြေလှမ်းကို သင် လှမ်းနိုင်လိမ့်မည်ဖြစ်ပြီး သမ္မာတရား စစ်မှန်မှုထဲသို့ ဝင်ရောက်နိုင်လိမ့်မည်ဖြစ်၏။

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သမ္မာတရားကို ရရှိရန်၊သင့်အနေဖြင့် သင့်ဝန်းကျင်ရှိ လူများ၊ ကိစ္စရပ်များနှင့် အမှုအရာများမှ သင်ယူရမည်” မှ

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

Leave a Reply

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။