လူတစ်ဦးသည် မိမိကိုယ်ကိုယ် သိကျွမ်းမှု မရှိဘဲ၊ စိတ်သဘောထားဆိုင်ရာ ပြောင်းလဲခြင်းနှင့် ကယ်တင်ခြင်းတို့ကို မရရှိနိုင်သည့် အကြောင်းအရင်း

06.12.2021

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

လူ့စိတ်သဘောထားကို ပြောင်းလဲခြင်းသည် သူ၏ အနှစ်သာရကို သိခြင်းနှင့်သူ၏အတွေးအခေါ်၊ သဘာဝ၊ စိတ်ပိုင်းဆိုင်ရာ သဘောထားအမြင်တို့ ပြောင်းလဲခြင်းများ အားဖြင့်- အခြေခံကျသော ပြောင်းလဲမှုများအားဖြင့် စတင်သည်။ ဤနည်းဖြင့်သာ လူ့စိတ်သဘောထားအတွင်း အစစ်အမှန် ပြောင်းလဲခြင်းများ ဖြစ်မြောက်ပေမည်။ လူသား၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားသည် စာတန်၏ အဆိပ်ခတ်ခြင်းနှင့် နင်းခြေခြင်းကို ခံရခြင်းမှ၊ ၎င်း၏စဉ်းစားတွေးခေါ်မှု၊ အကျင့်စာရိတ္တ၊ ထိုးထွင်းသိမြင်မှုနှင့် အသိစိတ်တို့အပေါ် စာတန် ဒုက္ခပေးသည့် လွန်ကဲစွာ ဘေးသင့်စေမှုတို့မှ ပေါ်ပေါက်လာခြင်း ဖြစ်သည်။ ယင်းမှာ လူသား၏ ဤအခြေခံကျသော အရာများသည် စာတန်၏ ဖျက်ဆီးခြင်းကိုခံရပြီးဖြစ်ကာ၊ ၎င်းတို့သည် ဘုရားသခင်က နဂိုမူလတွင် ဖန်ဆင်းထားခဲ့ပုံနှင့် လုံးဝမတူကြသဖြင့်သာ လူသားသည် ဘုရားသခင်ကို ဆန့်ကျင်ကာ သမ္မာတရားကို နားမလည်ခြင်း အတိအကျပင် ဖြစ်သည်။ ထိုကြောင့် လူ့စိတ်သဘောထားအတွင်း၌ ပြောင်းလဲမှုသည် ဘုရားသခင်နှင့် သမ္မာတရားတို့နှင့် ပတ်သက်သည့် သူ၏ အသိပညာကို ပြောင်းလဲစေမည့် သူ၏အတွေးအခေါ်၊ ထိုးထွင်းသိမြင်မှုနှင့် အသိစိတ်တို့ ပြောင်းလဲခြင်းများဖြင့် အစပြုရမည်။ နယ်မြေအားလုံးအနက် အလွန်အမင်း ဖောက်ပြန်ပျက်စီးဆုံး မြေပေါ်၌ မွေးဖွားလာခဲ့သူများသည် ဘုရားသခင်၏ ဖြစ်ခြင်း သို့မဟုတ် ဘုရားသခင်ကို ယုံကြည်ခြင်းဟူသည်မှာ အဘယ်အရာအား ဆိုလိုသည်တို့နှင့်ပတ်သက်၍ သာ၍ပင် မသိနားမလည်ဘဲ ရှိကြသည်။ လူတို့သည် ဖောက်ပြန်ပျက်စီးလေလေ၊ ဘုရားသခင် တည်ရှိခြင်းကို ၎င်းတို့ မသိလေလေဖြစ်ပြီး၊ ၎င်းတို့၏ အသိစိတ်နှင့် ထိုးထွင်းအမြင် ညံ့ဖျင်းလေလေဖြစ်သည်။ လူသား စာတန်၏ဖျက်ဆီးခြင်းကို ခံရခြင်းသည် လူသား ဘုရားသခင်ကို အတိုက်အခံပြုခြင်းနှင့် ပုန်ကန်ခြင်း၏ အရင်းအမြစ်ဖြစ်သည်။ စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်းကြောင့်၊ လူ့အသိစိတ် တိုး၍ ထုံသွားကာ၊ သူသည် အကျင့်ပျက်ပြီး သူ၏အတွေးအခေါ်များ ဆုတ်ယုတ်၍ သူ့၌ နောက်ပြန်ဆွဲသော စိတ်ပိုင်းဆိုင်ရာ သဘောထားအမြင်လည်း ရှိသည်။ စာတန်၏ ဖျက်ဆီးခြင်းမခံရမီ၊ လူသားသည် သဘာဝအားဖြင့် ဘုရားသခင်နောက်လိုက်ကာ သူ၏နှုတ်ကပတ်တော်များကို ကြားပြီးနောက် ၎င်းတို့ကို နာခံခဲ့သည်။ သူ့၌ ပင်ကိုအားဖြင့် အကောင်းပကတိ အသိစိတ်နှင့် အသိတရားရှိခဲ့ပြီး ပုံမှန်လူ့သဘာဝ ရှိခဲ့သည်။ စာတန်၏ ဖျက်ဆီးမှုကိုခံရပြီးနောက် လူသား၏နဂိုအသိစိတ်၊ နဂိုအသိတရားနှင့် လူ့သဘာဝတို့သည် ထုံထိုင်းသွားကာ စာတန်၏ ထိခိုက်စေခြင်းကို ခံခဲ့ရသည်။ ထိုကြောင့် သူသည် ဘုရားသခင်ကို နာခံခြင်းနှင့် ဘုရားသခင်အပေါ်ချစ်ခြင်း ဆုံးရှုံးသွားခဲ့သည်။ လူ့အသိစိတ် မူမမှန်ဖြစ်သွားကာ၊ သူ၏စိတ်သဘောထားသည် တိရစ္ဆာန်၏ စိတ်သဘောထား နည်းတူဖြစ်သွားသည်၊ ပြီးလျှင် ဘုရားသခင်ကို သူ၏ပုန်ကန်ခြင်းသည် သာ၍ပင် အကြိမ်ရေစိပ်လာကာ သာ၍ပြင်းထန်လာသည်။ သို့ပါလျက် လူသားသည် ဤအရာကို သိခြင်း သို့မဟုတ် အသိအမှတ်ပြုခြင်းမရှိဘဲ၊ ကျိုးကြောင်းမမြင် ဆန့်ကျင်ပုန်ကန်ခြင်းသာ ပြုလေသည်။ လူသား၏ စိတ်သဘောထားကို သူ၏အသိစိတ်၊ ထိုးထွင်းအမြင်နှင့် အသိတရားတို့ကို ဖော်ပြခြင်း၌ ထုတ်ဖော်ပြလေသည်၊ ထို့ပြင် သူ၏အသိစိတ်နှင့် ထိုးထွင်းအမြင်တို့သည် စိတ်မချရသည့်အပြင်၊ သူ၏အသိတရားသည် အလွန်အမင်း ထိုင်းမှိုင်းသွားခြင်းကြောင့်၊ သူ့စိတ်သဘောထားသည် ဘုရားသခင်ကို ဆန့်ကျင်ပုန်ကန်ခြင်းဖြစ်သည်။ အကယ်၍ လူသား၏ အသိစိတ်နှင့် ထိုးထွင်းသိမြင်စွမ်း မပြောင်းလဲနိုင်ပါက၊ သူ့စိတ်သဘောထား ပြောင်းလဲမှုများမှာ မဖြစ်နိုင်သကဲ့သို့ပင် ဘုရားသခင်၏အလိုတော်နှင့် ကိုက်ညီဖို့လည်း မဖြစ်နိုင်ချေ။ လူ့အသိစိတ်သည် စိတ်မချရပါက၊ သူသည် ဘုရားသခင်ကို အစေခံနိုင်မည် မဟုတ်ဘဲ၊ ဘုရားသခင်က အသုံးပြုရန်လည်း မသင့်တော်ပေ။ “ပုံမှန်အသိစိတ်” ဟူသည်မှာ ဘုရားသခင်ကို နာခံခြင်းနှင့် သူ့ကို သစ္စာရှိခြင်း၊ ဘုရားသခင်ကို တမ်းတခြင်း၊ ဘုရားသခင်အပေါ် အကြွင်းမဲ့ ဖြစ်ခြင်း၊ ဘုရားသခင်နှင့်ပတ်သက်၍ အသိစိတ်ရှိခြင်း တို့ကို ရည်ညွှန်းသည်။ ဘုရားသခင်နှင့် တစ်စိတ်တစ်ဝမ်းတည်းဖြစ်ပြီး ဘုရားသခင်ကို တမင်တကာ မဆန့်ကျင်ခြင်းကို ရည်ညွှန်းသည်။ မူမမှန်သော အသိစိတ် ရှိခြင်းသည် ဤသို့မဟုတ်။ လူသားသည် စာတန်၏ ဖျက်ဆီးခြင်းကို ခံခဲ့ရသော သူဖြစ်သည့်အတွက်၊ ဘုရားသခင်နှင့်သက်ဆိုင်သည့် အယူအဆများ ဖြစ်ပေါ်ကာ၊ ဘုရားသခင်နှင့်ပတ်သက်၍ အသိစိတ်ရှိခြင်း မဆိုထားဘိ၊ ဘုရားသခင်ကို သစ္စာမရှိသကဲ့သို့ တမ်းတခြင်းလည်း မရှိပေ။ လူသားသည် ဘုရားသခင်ကို တမင်တကာဆန့်ကျင်ပြီး သူ့ကို ဝေဖန်အကဲဖြတ်သည်၊ ထို့အပြင် သူ၏ နောက်ကွယ်တွင် ဘုရားသခင်ကို ဆဲရေးခြင်းများ ပြုလုပ်သည်။ သူသည် ဘုရားသခင် ဖြစ်ကြောင်းကို ရှင်းရှင်းလင်းလင်း သိလျက်၊ လူသားသည် သူ၏ နောက်ကွယ်တွင် ဘုရားသခင်ကို ဝေဖန်အကဲဖြတ်ကာ ဘုရားသခင်ကို နာခံဖို့ ရည်ရွယ်ချက် မရှိပေ၊ ပြီးလျှင် သူ့ကို ကျိုးကြောင်းမမြင် တောင်းဆိုခြင်းနှင့် တောင်းခံခြင်းတို့ကိုသာ ပြုလုပ်သည်။ မူမမှန်သော အသိစိတ် ရှိသည့်- ဤကဲ့သို့လူများသည် မိမိကိုယ်တိုင်၏ စက်ဆုပ်ရွံရှာဖွယ် အပြုအမူကို သိနိုင်စွမ်း သို့မဟုတ် မိမိ၏ ပုန်ကန်မှုအတွက် နောင်တရနိုင်စွမ်း မရှိပေ။ အကယ်၍ လူတို့သည် မိမိတို့ကိုယ်ကိုယ် သိနိုင်စွမ်းရှိသော်၊ ၎င်းတို့၏ အသိစိတ် အနည်းငယ်မျှ ပြန်လည် ရရှိလာပြီးဖြစ်သည်။ မိမိတို့ကိုယ်ကို မသိနိုင်သေးသည့်လူများသည် ဘုရားသခင်ကို ပုန်ကန်လေလေ၊ မိမိတို့ကိုယ်ကိုယ် မသိလေလေ၊ ၎င်းတို့တွင် ခြေခြေမြစ်မြစ်ရှိသော အသိစိတ် နည်းပါးလေလေ ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ မပြောင်းလဲသော စိတ်သဘောထား ရှိခြင်းသည် ဘုရားသခင်ကို ရန်ဘက်ပြုခြင်းဖြစ်သည်

ငါတို့၏ စိတ်နှလုံးတွင်ရှိသော အရာတစ်ခုစီတိုင်းသည် ဘုရားသခင်ကို ဆန့်ကျင်နေ၏။ ဤတွင် ကောင်းမြတ်သည်ဟု ငါတို့ ထင်သည့်အရာများနှင့် အပြုသဘောဆောင်သည်ဟု ငါတို့ ယုံကြည်နှင့်သည့် အရာများပင် ပါဝင်လေသည်။ ဤအရာများကို သမ္မာတရားများအဖြစ်၊ ပုံမှန် လူ့သဘာဝ၏ အစိတ်အပိုင်းအဖြစ်နှင့် အပြုသဘောဆောင်သော အရာများအဖြစ် ငါတို့ စာရင်းသွင်းခဲ့ကြသည်၊ သို့သော်၊ ဘုရားသခင်၏ ရှုထောင့်အမြင်အရ၊ ၎င်းတို့သည် သူ စက်ဆုပ်ရွံရှာသော အရာများ ဖြစ်ကြသည်။ ငါတို့တွေးထင်သည့်အရာနှင့် ဘုရားသခင်ပြောသည့် သမ္မာတရားကြားက ကွာဟချက်သည် အတိုင်းမသိဖြစ်၏။ ထို့ကြောင့်၊ ငါတို့သည် ကိုယ့်ကိုယ်ကိုယ် သိရှိရမည်။ ငါ့တို့၏ စိတ်ကူးများ၊ ရှုထောင့်အမြင်များနှင့် လုပ်ရပ်များမှသည် ငါတို့ ရရှိပြီးသည့် ရိုးရာယဉ်ကျေးမှုနှင့်ဆိုင်သော ပညာရေးတိုင်၊ အရာအသီးသီးသည် စူးစူးစိုက်စိုက် နှိုက်နှိုက်ချွတ်ချွတ် ရှာဖွေထိုက်ပြီး စေ့စေ့စပ်စပ် စိတ်ဖြာလေ့လာထိုက်ပေသည်။ ဤအရာများထဲမှ အချို့မှာ လူမှုရေး ပတ်ဝန်းကျင်များမှ လာသည်၊ အချို့မှာ မိသားစုများမှ လာသည်၊ အချို့မှာ ကျောင်းပညာရေးမှ လာပြီး၊ အချို့မှာ စာအုပ်များမှ လာလေသည်။ အချို့သည် ငါတို့၏ စိတ်ကူးများနှင့် အယူအဆများမှလည်း လာ၏။ ၎င်းတို့က ငါတို့၏ စကားများနှင့် လုပ်ရပ်များကို ချည်နှောင်ပြီး ထိန်းချုပ်ကာ၊ ငါတို့၏ စိတ်များကို စိုးမိုးပြီး ငါတို့ လုပ်ဆောင်သည့်အရာ၌ ငါတို့၏ ရည်မှန်းချက်များ၊ ရည်ရွယ်ချက်များနှင့် ပန်းတိုင်တို့ကို ဦးဆောင်လမ်းပြသည့်အတွက် ဤအရာမျိုးများသည် ထိတ်လန့်ဖွယ်အကောင်းဆုံး ဖြစ်သည်။ ဤအရာများကို ကျွန်ုပ်တို့ မဖော်ထုတ်ပါက၊ ကျွန်ုပ်တို့အတွင်းတွင် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မည်သည့်အခါမျှ ကျွန်ုပ်တို့ အပြည့်အဝ လက်ခံလိမ့်မည် မဟုတ်ပေ၊ ထို့ပြင် ဘုရားသခင်၏ သတ်မှတ်ချက်များကို မည်သည့်အခါမျှ သံသယမရှိဘဲ လက်ခံပြီး လက်တွေ့လုပ်ဆောင်လိမ့်မည် မဟုတ်ပေ။ သင်၏ ကိုယ်ပိုင် စိတ်ကူးများနှင့် ရှုထောင့်အမြင်များ၊ မှန်သည်ဟု သင်ယုံကြည်သည့် အရာများအပေါ် လက်ခံယုံကြည်မှုများကို သင် သိုထားသရွေ့၊ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဘယ်သောအခါမျှ အပြည့်အဝ သို့မဟုတ် လုံးလုံးလျားလျား လက်ခံလိမ့်မည် မဟုတ်သကဲ့သို့၊ ၎င်းတို့၏ မူရင်းပုံစံဖြင့် ၎င်းတို့ကို သင် လက်တွေ့လုပ်ဆောင်လိမ့်မည် မဟုတ်ချေ၊ သင်သည် ၎င်းတို့ကို သင့်စိတ်ထဲတွင် ပထမဆုံး စီမံပြီးနောက်တွင်သာ ဧကန်မုချ လက်တွေ့လုပ်ဆောင်လိမ့်မည် ဖြစ်သည်။ ဤသည်မှာ အမှုအရာများကို သင် လုပ်လိမ့်မည့်ပုံဖြစ်ပြီး၊ ယင်းသည် အခြားသူများကို သင် ကူညီသည့် နည်းလမ်းလည်း ဖြစ်လိမ့်မည်- သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များအပေါ် မိတ်သဟာယပြုကောင်း ပြုနိုင်ဆဲဖြစ်သော်လည်း၊ သင်ကိုယ်တိုင်၏ မစင်ကြယ်မှုများကို အမြဲ ရောမိလိမ့်မည်ဖြစ်ပြီး၊ ဤသည်မှာ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းဟု ဆိုလိုသည့် အရာဖြစ်သည်၊ သမ္မာတရားကို သင် နားလည်ပြီးဖြစ်ကာ လိုချင်သမျှအရာအားလုံး သင်၌ ရှိသည်ဟု သင် တွေးမိပေလိမ့်မည်။ လူသား၏ အခြေအနေမှာ သနားစဖွယ်ဖြစ်သည် မဟုတ်လော။ ထိတ်လန့်ဖွယ်ရာ ဖြစ်သည် မဟုတ်လော။ ဤအရာများအား အလုံးစုံပြောပြရန် စကားတစ်လုံး၊ နှစ်လုံးသည် မလုံလောက်နိုင်ပေ။ ဟုတ်ပေ၏၊ အစောပိုင်းက အကျဉ်းချုပ်ထားသည့် စာတန် အဆိပ်တစ်ရာထက် သာ၍များသကဲ့သို့သော အခြားအရာများစွာ ဘဝတွင် ရှိပေသည်။ သင်သည် နှုတ်ကပတ်တော်များကို နားလည်ပြီးဖြစ်သော်လည်း၊ ယင်းတို့နှင့်ယှဉ်၍ သင်သည် မိမိကိုယ်ကိုယ် မည်သို့ တိုင်းတာသနည်း။ မိမိကိုယ်ကိုယ် သုံးသပ်ဆင်ခြင်ခြင်းကို သင် လုပ်ဆောင်ဖူးသလော။ သင်သည်လည်း ဤအဆိပ်များကို မျှဝေခံစားရသည် မဟုတ်လော။ ယင်းတို့က သင် တွေးသည့်ပုံကိုလည်း ထင်ဟပ်သည် မဟုတ်လော။ အမှုအရာများကို သင် လုပ်ဆောင်နေချိန်တွင်၊ ဤအဆိပ်များအပေါ် သင်သည်လည်း မှီခိုသည် မဟုတ်လော။ သင့်အနေဖြင့် သင်၏ ကိုယ်ရေးကိုယ်တာ အတွေ့အကြုံထဲသို့ နက်နက်ရှိုင်းရှိုင်း တူဖော်ရှာဖွေရမည်ဖြစ်ပြီး ယင်းကို ထိုစကားများဖြင့် ယှဉ်၍ တိုင်းတာရမည်။ သင်သည် ထိုစာတန် အဆိပ်များ၏ စာရင်းကို သာမန်ကာလျှံကာ ဖတ်ရှုရုံဖတ်ရှု သို့မဟုတ် တစ်ချက်ဝေ့ကြည့်ရုံကြည့်ပြီး၊ ထို့နောက် ချထားလိုက်ပါက၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မဆင်မခြင် ဖတ်ရှုလျက်၊ ယင်းတို့ကို လက်တွေ့အရှိတရားဆီသို့ မဆက်စပ်စေနိုင် သို့မဟုတ် ကျွန်ုပ်တို့၏ စစ်မှန်သော အခြေအနေများကို မမြင်နိုင်သကဲ့သို့၊ ကျွန်ုပ်တို့၏ လက်တွေ့လုပ်ဆောင်ခြင်းတွင် ဘုရားသခင့် နှုတ်ကပတ်တော်များ၏ ကျမ်းဟောင်းတရားနှင့် စည်းမျဉ်းတို့ကို လိုက်နာစောင့်ထိန်းရုံမျှစောင့်ထိန်းနေစဉ်တွင် သမ္မာတရားကို ကျွန်ုပ်တို့ လက်တွေ့လုပ်ဆောင်နေသည်ဟု ယူဆနေပါက- ယင်းမှာ ထိုမျှ ရိုးရှင်းပါသလော။ လူတို့သည် အသက်ရှင်သော အရာများ ဖြစ်ကြသည်- ၎င်းတို့အားလုံးက အတွေးများရှိကြပြီး ၎င်းတို့၏ အတွေးများအတွင်းရှိ ဖန်တီးသုံးစွဲသည့်အရာများသည် ၎င်းတို့၏ စိတ်နှလုံးများထဲတွင် အမြစ်တွယ်လေသည်။ လူတစ်ဦးက အရေးယူဆောင်ရွက်သည့်အခါ၊ ဤဖန်တီးသုံးစွဲထားသော အရာများသည် ထိုလူ၏ ဘဝဖြစ်လာနှင့်ပြီးဖြစ်သည့်အတွက် ထွက်ပေါ်လာဖို့ သေချာပေသည်။ ထို့ကြောင့်၊ သင် လုပ်ဆောင်သည့် အရာအသီးသီးတွင်၊ ထိုအရာကို သင် လုပ်ဆောင်သည့်ပုံအား စိုးမိုးသည့် ရှုထောင့်အ‌မြင်နှင့် အခြေခံသဘောတရားတစ်ခု ရှိပေသည်။ သင် ပြုမူသည့်အခါ၊ ထိုသို့သော အရာများ သင့်အတွင်းတွင် တည်ရှိသည် မတည်ရှိသည်ကို သင် သိလိမ့်မည်။ ဟုတ်ပေ၏၊ ယခုတွင် သင်၏ အတွေးများနှင့် အမြင်များကို သင် ဆန်းစစ်သည်နှင့်အမျှ၊ ဘုရားသခင်ကို ရန်လိုသည့်အရာ မည်သည့်အရာမျှ မရှိသည့်အလား သင် ခံစားရသည်။ သင်သည် ရိုးသားပြီး သစ္စာရှိကာ သင်၏ တာဝန်ကို လုပ်ဆောင် လိုလားသည်ထက်ပိုလျက် စွန့်လွှတ်မှုများကို ပြုလုပ်နိုင်စွမ်းရှိပြီး ဘုရားသခင်အတွက် မိမိကိုယ်ကိုယ် အသုံးတော်ခံနိုင်စွမ်းရှိကာ သင်သည် နယ်ပယ်တိုင်းတွင် အတော်အတန် အားကောင်းသည်ဟု သင် ခံစားရသည်။ သို့သော်၊ ဘုရားသခင်က သင်၏ သတ္တိသွေးကို စစ်ဆေးခဲ့မည်ဆိုပါက သို့မဟုတ် အလုပ်တာဝန်တစ်ခုကို သင် တာဝန်ယူဆောင်ရွက်ရမည်ဆိုပါက သို့မဟုတ် သင့်အပေါ်ကျရောက်သည့်အရာ တစ်စုံတစ်ခုကို ဘုရားသခင် လုပ်ဆောင်ခဲ့မည်ဆိုပါက၊ ရေတံခါးများ ကျိုးပေါက်ပြီးသည့်အလား၊ သင်၏ အတွေးများနှင့် အမြင်များသည် မရပ်မနား တစ်ဟုတ်ထိုးထွက်ကြပေသည်။ ယင်းတို့သည် သင်၏ ထိန်းချုပ်မှုကို ကျော်လွန်မည်- သင် မပိုင်တော့ဘဲဖြစ်မည်ဖြစ်ပြီး၊ သင် ဆန္ဒရှိသည့်အတိုင်း မုန်တီးပေမည်၊ ယင်းတို့သည် အလားတူ အားလုံး တစ်ဟုန်ထိုးထွက်ပေမည်၊ ဘုရားသခင်ကို ခုခံသာည့် အရာအားလုံးဖြစ်သည့် အမှုအရာများ တစ်လိပ်လိပ်တက်ခြင်း ဖြစ်ပေမည်။ သင်က၊ “ယင်းနှင့်ပတ်သက်၍ မည်သည့်အရာကိုမျှ ကျွန်ုပ် အဘယ်ကြောင့် မလုပ်ဆောင်နိုင်မည်နည်း။ ဘုရားသခင်ကိုကျွန်ုပ် မခုံခံချင်ပါ၊ သို့ဆိုလျှင် အဘယ်ကြောင့် ကျွန်ုပ် ခုခံရမည်နည်း။ ဘုရားသခင်အပေါ် ကျွန်ုပ် ဝေဖန်မှု မချမှတ်ချင်သကဲ့သို့ သူ လုပ်ဆောင်သည့်အရာနှင့်ပတ်သက်၍ အယူအများ ကျွန်ုပ် မရှိချင်ပါ၊ သို့ဆိုလျှင် ထိုသို့အယူအဆများ ကျွန်ုပ် အဘယ်သို့ ရှိနိုင်မည်နည်း” ဟု ပြောသည့်အခါ- ယင်းမှာ သင်သည် မိမိကိုယ်ကိုယ် သိရှိရန်၊ သင့်အထဲတွင် ဘုရားသခင်ကို ခုခံသည့်အရာ မည်သည့်အရာရှိသည်ဆိုသည်နှင့် သင့်အထဲတွက် မည်သည့်အရာက သူ လက်တလော လုပ်ဆောင်နေသည့် အလုပ်ကို ရန်လိုကာ ဆန့်ကျင်လိုသည်ဆိုသည်တို့ကို ဆန်းစစ်ရန် သင် ကြိုးပမ်းသင့်သည့်အချိန် ဖြစ်သည်။

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ“သင်၏လွဲမှားသောအယူအဆကြောင့် ပေါ်ပေါက်သည့်အမြင်များကိုသတိပြုခြင်းဖြင့်သာ သင့်ကိုယ်သင် သိနိုင်မည်” မှ

လူတို့အတွင်းတွင် ယင်းတို့ကို ၎င်းတို့ နားမလည်ကြသကဲ့သို့ မှားသည်ဟု မထင်ကြပါက၊ ၎င်းတို့ မည်မျှ လေးလေးနက်နက် လိုက်စားသည်ဖြစ်စေ သို့မဟုတ် ၎င်းတို့ မည်မျှ စိတ်အားထက်သန်သည်ဖြစ်စေ၊ တစ်နေ့တွင် ၎င်းတို့ လဲကျကြမည့် အခြေအနေများ ရှိလေသည်။ နောက်ဆုံးတွင်တော့၊ လူနည်းစုသည်သာ သမ္မာတရားကို ရရှိနိုင်ပေသည်။ သမ္မာတရားကို နားလည်ခြင်းသည် ရိုးရှင်းသော ကိစ္စရပ်တစ်ခု မဟုတ်ပေ။ ယင်း၏ အနည်းငယ်မျှကိုပင် နားလည်ဖို့၊ အတွေ့အကြုံဆိုင်ရာ အသိပညာ အနည်းငယ် ရရှိဖို့၊ စင်ကြယ်သော သိနားလည်ခြင်းနှင့် သက်ဆိုင်သည့် တစ်စုံတစ်ရာကို ရရှိဖို့၊ သို့မဟုတ် အလင်းအနည်းငယ်ကို ရရှိဖို့ အချိန်ကြာမြင့်သည်။ သင့်အတွင်းရှိ မစင်ကြယ်မှုအားလုံးကို သင် မဖြေရှင်းပါက၊ ထိုအလင်း အနည်းငယ်မျှသည် အချိန်မရွေး သို့မဟုတ် နေရာမရွေး ဖုံးလွှမ်းသွားခြင်းခံရနိုင်ပေသည်။ ယခုတွင် လူသား၏ အဓိက အခက်အခဲမှာ လူတိုင်းသည် ၎င်းတို့အတွင်းတွင် အချို့သော စိတ်ကူးစိတ်သန်းများ၊ အယူအဆများ၊ စိတ်ဆန္ဒများနှင့် ၎င်းတို့ မိမိတို့ကိုယ်တိုင် ရှာဖွေတွေ့ရှိနိုင်ခြင်းမရှိသည့် အနှစ်မဲ့သော စံများ ရှိလေသည်။ ဤအရာများသည် ၎င်းတို့အတွင်းတွင် ရောနှောမှုများအဖြစ် စဉ်ဆက်မပြတ် လူတို့နှင့် အတူလိုက်ပါလျက်ရှိ၏။ လူသားအတွင်းတွင် အလွန်များသော ရောနှောမှုများစွာ ရှိ၏။ လူတို့သည် သမ္မာတရားကို လိုက်စားဖို့နှင့် ဘုရားသခင်ကို လေးလေးနက်နက် ယုံကြည်ဖို့ ဆန္ဒရှိလျက်၊ ကောင်းမွန်သော ဆန္ဒပြင်းပြမှုများ ရှိကောင်းရှိနိုင်ကြသော်လည်း၊ ယင်းကို ၎င်းတို့ မစွမ်းဆောင် မရရှိနိုင်ကြသေးချေ။ ဤအရာမျိုးသည် လူအသီးသီး၏ အတွေ့အကြုံများတွင် မကြာခဏ ဖြစ်ပျက်၏။ ၎င်းတို့သည် သေးငယ်သော ကိစ္စရပ်တစ်ခုကို ကြုံရပြီး အခြားသူတို့က ၎င်းတို့အနေဖြင့် ယင်းကို အလွယ်တကူ စွန့်ပစ်နိုင်သင့်သည်ဟု တွေးကြသည်။ ၎င်းတို့ အဘယ်ကြောင့် မလုပ်နိုင်ကြသနည်း။ အချိန်အများစု အတော်အတန် အတွေ့အကြုံရှိသည့်၊ အခြားသူတို့အဖို့ အတော်အတန် အားကောင်းပုံရသကဲ့သို့ ရှင်းလင်းစွာ တွေးတောနိုင်စွမ်းရှိသည့် ၎င်းတို့သည် သေးငယ်သော ကိစ္စရပ်တစ်ခုကို ကြုံရချိန် အဘယ်ကြောင့် လဲကျပြီး အလွန် လျင်မြန်စွာ လဲကျကြသနည်း။ လူသားသည် ကံကြမ္မာ၏ မတည်တံ့ပြောင်းလဲလွယ်ခြင်းကို အမှန်တကယ် ခံရ၏။ သူသည် ယင်းကို အဘယ်သို့ ကြုံတင်ခန့်မှန်းဖို့ ဖြစ်နိုင်မည်နည်း။ လူတိုင်းအတွင်းတွင်၊ ၎င်းတို့ လိုက်စားကာ ရရှိရန် လိုလားနေကြသည့် အရာအချို့ရှိပြီး၊ အယောက်တိုင်းသည် မိမိတိုကိုယ်တိုင်၏ နှစ်သက်မှုများ ရှိကြသည်။ မကြာခဏ၊ လူတို့သည် ဤအရာကို မိမိတို့ကိုယ်တိုင် မသိမြင်နိုင်ပေ၊ သို့မဟုတ် ဤအရာများက အဆင်ပြေသည်၊ ယင်းတို့နှင့်ပတ်သက်၍ မည်သည့်အရာမျှ မမှားယွင်းဟု ၎င်းတို့ ယုံကြည်ကြသည်။ ထို့နောက်၊ တစ်နေ့တွင်၊ ဤအရာကဲ့သို့သော တစ်စုံတစ်ခု ရောက်လာပြီး ၎င်းတို့ ခလုတ်တိုက်မိကြသည်။ ၎င်းတို့ အပျက်သဘောဆောင်လာပြီး အားနည်းလာကြကာ၊ ပြန်မထနိုင်ကြချေ။ ၎င်းတို့သည် တရားပြီး ၎င်းတို့ကို မတရားဆက်ဆံခဲ့သည်မှာ ဘုရားသခင် ဖြစ်သည်ဟု တွေးရင်း၊ ပြဿနာမှာ မည်သည့်အရာဖြစ်သည်ကို ၎င်းတို့ကိုယ်တိုင် သိကောင်းသိကြမည်မဟုတ်။ လူတို့သည် မိမိတို့ကိုယ်ကိုယ် နားမလည်ကြပါက၊ ၎င်းတို့၏ အခက်အခဲများ မည်သည့်နေရာတွင် တည်ရှိသည် သို့မဟုတ် မည်သည့် နယ်ပယ်များတွင် ၎င်းတို့ ကျရှုံးတတ်ပြီး လဲကျတတ်သည်ဆိုသည်ကို မည်သည့်အခါတွင်မျှ သိနိုင်ကြလိမ့်မည်မဟုတ်ပေ။ ၎င်းတို့သည် သနားစဖွယ် ဖြစ်ကြ၏၊ ထို့ကြောင့်၊ မိမိတို့ကိုယ်ကိုယ် နားမလည်ကြသော လူတို့သည် လဲကျကောင်း လဲကျနိုင်သည်၊ ကျရှုံးကောင်း ကျရှုံးနိုင်ပြီး အချိန်ရွေး မိမိတို့ကိုယ်ကိုယ် ပျက်စီးစေနိုင်လေသည်။

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ“သင်ကိုယ်တိုင်၏ အခြေအနေကို သိနားလည်ခြင်းအားဖြင့်သာမှန်ကန်သော လမ်းကြောင်းပေါ် သင် စတင်နိုင်သည်” မှ

လက်ရှိတွင် ဤသည်မှာ လူအများစုအတွင်း၌ တည်ရှိသည့် အခြေအနေ၊ ၎င်းတို့၌ ရှိသည့် ဝိညာဉ်ရင့်ကျက်မှု အဆင့်ဖြစ်ပေသည်။ ၎င်းတို့၏အမှုကိစ္စများကို လုပ်ဆောင်သည့် နည်းလမ်းများသည် အားနည်းချက်ရှိကြောင်း၊ ၎င်းတို့သည် လူဆိုးဖြစ်ကြောင်း၊ ၎င်းတို့သည် မာရ်နတ်စာတန် ဖြစ်ကြောင်း ၎င်းတို့အသိအမှတ်ပြုကြသည်။ သို့ရာတွင် ၎င်းတို့၏ အစွမ်းအစသည် ညံ့ဖျင်းပြီး ၎င်းတို့၏ နားလည်မှုက လွဲချော်နေသည်ကိုလည်းကောင်း၊ ၎င်းတို့၏သဘာဝနှင့် အနှစ်သာရတို့၏ မည်သည့်နယ်ပယ်သည် ဘုရားသခင်ထုတ်ဖော်ပြီးဖြစ်သည့်အရာနှင့် ကိုက်ညီသည်ကိုလည်းကောင်း ၎င်းတို့ဝန်ခံခဲလှသည်။ ဤသည်မှာ မိမိကိုယ်ကို စစ်မှန်သော သိကျွမ်းမှု မရှိခြင်း ဖြစ်သည်။ မိမိတို့ကိုယ်ကို အမှန်တကယ် သိကျွမ်းခြင်း မရှိသည့်သူများက ၎င်းတို့ ဖောက်ပြန်ပျက်စီးကြောင်းကို အသိအမှတ်ပြုနိုင်သလော။ (အသိအမှတ် မပြုနိုင်ပါ။) လူများအား ၎င်းတို့ဖောက်ပြန်ပျက်စီးကြောင်းကို အသိအမှတ်ပြုစေခြင်းက လွယ်ကူသည့် လုပ်ငန်းဆောင်တာ မဟုတ်ပေ။ လူများအလယ် တစ်သမတ်တည်းဖြစ်သော အမူအကျင့်သည် မှားယွင်းသည့်အရာ တစ်စုံတစ်ခုကို လုပ်ဆောင်ပြီးသည့်နောက်တွင် ၎င်းတို့အမှားပြုပြီးသည်ကို ၎င်းတို့သတိပြုမိသော်လည်း ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားအပေါ် ၎င်းတို့၏ နားလည်မှုအကြောင်းကို ၎င်းတို့အား သင်မေးပါက ထိုအရာနှစ်ခုသည် ဆက်နွှယ်မှုမရှိကြောင်း ၎င်းတို့က ပြောကြခြင်း ဖြစ်သည်။ ယင်းမှာ တဒင်္ဂသတိလစ်ဟင်းမှုသာ ဖြစ်ကြောင်း၊ ၎င်းတို့အနေဖြင့် အမှုကိစ္စများကို အသေအချာ မစဉ်းစားခဲ့ဘဲ စိတ်ပေါက်ရာပြုခဲ့ခြင်းဖြစ်ပြီး ယင်းမှာ တမင်သက်သက်ပြုခြင်း မဟုတ်ကြောင်းတို့ကို ၎င်းတို့က အခိုင်အမာ ဆိုကြပေသည်။ အခြား ဓမ္မဓိဋ္ဌာန်ကျသော အကြောင်းပြချက်များနှင့်အတူ ယင်းမှာ တဒင်္ဂသတိလစ်ဟင်းမှုသာဖြစ်ကြောင်း၊ သို့မဟုတ် တမင်သက်သက် ပြုသည့်အရာတစ်ခု မဟုတ်ကြောင်း ပြောခြင်းသည် မိမိတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို အသိအမှတ် မပြုခြင်းအတွက် အကာအကွယ်နှင့် မူမမှန်သော အကြောင်းပြချက်တစ်ခု ဖြစ်လေ့ရှိသည်။ ဤသည်မှာ မိမိတို့၏ ဖောက်ပြန်ပျက်စီးခြင်းကို အသိအမှတ်ပြုခြင်းအစစ် ဖြစ်သလော။ အကယ်၍ သင်သည် သင်ထုတ်ဖော်ပြသည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများအတွက် အစဉ်သဖြင့် ဆင်ခြေများ ပေးခြင်းသော်လည်းကောင်း၊ ထွက်ပေါက်ထွက်လမ်းတစ်ခု ရှာနေခြင်းသော်လည်းကောင်း ပြုပါက သင်သည် သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို သိနိုင်ဖို့ မဆိုထားနှင့်၊ ယင်းကို အမှန်တကယ် ရင်ဆိုင်နိုင်ခြင်း မရှိသကဲ့သို့ စစ်မှန်စွာ အသိအမှတ်ပြုနိုင်ခြင်း မရှိပေ။...သင့်ထံ၌ တစ်စုံတစ်ခုဖြစ်ပျက်ပြီး ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားကို သင်ထုတ်ဖော်၏၊ သို့သော်လည်း သင်လုပ်ခဲ့သည့်အရာက မည်မျှမှားယွင်းသည်၊ သို့မဟုတ် အကျိုးဆက်များက မည်မျှပြင်းထန်သည်ဟု လူများက ပြောပါစေ သင်သည် အမှားတစ်ခုပြုခဲ့ကြောင်း ဝန်ခံရုံထက် မည်သည့်အရာမျှ မပြုပေ။ ဤသည်မှာ သင်၏ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ဖော်ထုတ်ခြင်းမှ ရလာသည့် အကျိုးဆက်တစ်ခုဖြစ်သည်ကို သင် အသိအမှတ်ပြုလိုခြင်း မရှိပေ။ သင်သည် အမှားကို ပြုပြင်ရန်သာ လိုလားသော်လည်း သင်၏ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား၏ တည်ရှိမှုကို မည်သည့်အခါမျှ အသိအမှတ်မပြုလိုပေ။ ထို့ကြောင့် အလားတူ ပြဿနာကို သင်တစ်ဖန်တွေ့ကြုံသည့်အခါ သင်၏အပြုအမူနှင့် အမှုကိစ္စများကို သင်၏ချဉ်းကပ်မှုတို့၌ ပြောင်းလဲမှုတစ်ခုရှိသော်လည်း၊ သင်၏စိတ်သဘောထားကမူ လုံးလုံး မပြောင်းလဲမြဲသာ ရှိပေသည်။ ဤသည်မှာ လူတစ်ဦး၏ စိတ်သဘောထားကို ပြောင်းလဲခြင်း၏ ခက်ခဲမှု ဖြစ်သည်။ သင်ထုတ်ဖော်သည့်အရာသည် သင့်စိတ်ကြိုက် ပြုမူခြင်း၊ ထင်ရာစိုင်းခြင်း၊ အခြားသူများနှင့် ကောင်းစွာ အလုပ်မလုပ်နိုင်ခြင်းနှင့် သင်၏မောက်မာခြင်းတို့ကို အကျိုးဆက်ဖြစ်စေသည့် ဖောက်ပြန်သော စိတ်သဘောထားတစ်ခု သင်၌ ရှိသောကြောင့် ဖြစ်သည်ကို သင်အသိအမှတ်ပြုပါက၊ ဤသည်မှာ မာနထောင်လွှားသော စိတ်သဘောထားတစ်ခုကြောင့် ဖြစ်သည်ကို သင်ဝန်ခံပါက သင့်အတွက် အကျိုးကျေးဇူးများမှာ အဘယ်နည်း။ ရှေ့ဆက်ရာတွင် ဤအချက်များကို သင်ဖွင့်ပြောပြီး သင်၌ ထုတ်ဖော်ခံရသည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖြေရှင်းခြင်း၌ အားထုတ်ကြိုးစားလိမ့်မည်။ သို့ရာတွင် အမှားတစ်ခုခု လုပ်ဆောင်ခြင်းကို သင်ဝန်ခံရုံမျှသာ ပြုပါက အကျိုးဆက်များမှာ အဘယ်နည်း။ သင်သည် သင်ပြုမူသည့် နည်းလမ်း၌သာ အာရုံစိုက်ပြီး အားထုတ်ကြိုးပမ်းလိမ့်မည်။ အမှုကိစ္စများကို သင်လုပ်ဆောင်သည့် ပုံစံကို သင်အမှားပြင်လိမ့်မည်ဖြစ်ပြီး အပြင်ပန်းတွင် သင်သည် ယင်းတို့ကို သင့်တင့်လျောက်ပတ်စွာ ဆောင်ရွက်နေပုံရလိမ့်မည်။ သင့်စိတ်သဘောထား၏ ထုတ်ဖော်ချက်များကို သင်ဖုံးဖိလိမ့်မည်။ ထိုသို့လုပ်ဆောင်ရာတွင် သင်သည် ယခင်ကထက် သာ၍ လှည့်စားလာပြီး အခြားသူများကို လှည့်စားသည့် သင်၏နည်းစနစ်များသည် ယခင်ကထက် သာ၍ တိုးတက်လာလိမ့်မည်။ သင်က “ဤတစ်ကြိမ်တွင် လူတိုင်းက ငါ၏အမှားကို မျက်မြင်တွေ့ရသည့် အကြောင်းအရင်းမှာ ငါ့အနေဖြင့် လုံလုံလောက်လောက် သတိမထားခဲ့သောကြောင့် ဖြစ်သည်။ ငါပြောသည့်အရာသည် အလွန်ယတိပြတ်ဖြစ်လွန်းသည်၊ ထို့ပြင် ၎င်းတို့အား ငါ၏အားနည်းသည့်အချက်များကို မြင်စေပြီး ငါ့ကို အကျပ်ကိုင်နိုင်မည့်အရာ တစ်ခုခုကို ရှာတွေ့စေခဲ့သည်။ အလားတူ အမှားကို နောက်တစ်ဖန် ငါပြုမည် မဟုတ်— ငါ့ကိုယ်ငါ လူးသာလွန့်သာ ရှိအောင်လုပ်လျက် သာ၍ မပြတ်မသားပြောမည်” ဟု တွေးလိမ့်မည်။ သင်သည် သာ၍ မယုံရဘဲ သာ၍ ခိုးကြောင်ခိုးဝှက် ဖြစ်လာကာ ဖာရိရှဲတစ်ဦး သာ၍ ဖြစ်လာရင်း သင်ပြုမူပုံပြုမူနည်းကို ပြောင်းလဲပြီး သင်၏စိတ်သဘောထားကို ကွယ်ဝှက်ထားသည်။ သင်သည် အမှုကိစ္စများကို ပြုလုပ်သည့်၊ သို့မဟုတ် ပြောဆိုသည့် သင်၏ နည်းလမ်းများကို အာရုံစိုက်ပြီး တိုးတက်အောင် အချိန်ပိုပေးသည်။ အပြင်ပန်းတွင် မည်သည့်ပြဿနာများကိုမျှ သတိမပြုမိနိုင်ဘဲ မည်သူကမျှ အမှားမတွေ့နိုင်ပေ၊ ယင်းမှာ ခြောက်ပြစ်ကင်းသဲလဲစင် ဖြစ်သည်။ သို့ရာတွင် သင်၏အတွင်းကျကျ စိတ်သဘောထားထဲတွင် စိုးစဉ်းမျှ ပြောင်းလဲမှု မရှိသေးပေ။ ယင်းကို လက်ခံခြင်းနှင့် သတိပြုမိခြင်း မရှိဘဲ သင်၏ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားသည် တကယ့်ကို မပြောင်းလဲနိုင်ပေ။

ဘုရားသခင်၏ မိတ်သဟာယဖွဲ့ခြင်း မှ

ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများသည် ဖြေရှင်းဖို့ လွယ်ကူသလော။ ဤသည်မှာ တစ်စုံတစ်ဦး၏ သဘာဝအနှစ်သာရ ပါရှိသည်။ လူများ၌ ဤအနှစ်သာရ၊ ဤအရင်းအမြစ် ရှိပြီး ယင်းကို နည်းနည်းချင်း ရှာဖွေဖော်ထုတ်ရမည် ဖြစ်သည်။ ယင်းကို အခြေအနေတိုင်းမှ၊ သင်ပြောသည့် စကားလုံးတိုင်း၏ နောက်ကွယ်ရှိ ရည်ရွယ်ချက်များမှ ရှာဖွေဖော်ထုတ်ရမည်။ ယင်းကို သင်ပြောသည့် စကားများမှ စိစစ်ပြီး နားလည်သဘောပေါက်ရမည်။ ထိုသို့သော နားလည်သဘောပေါက်မှုသည် ယခင်ကထက် သာ၍ ရှင်းလင်းလာပြီး သင်၏ဝိညာဉ်သည် ယခင်ထက်သာ၍ ပါးနပ်ချက်ချာလာသောအခါ၊ သင်သည် ပြောင်းလဲမှုကို စွမ်းဆောင်ရရှိနိုင်ပေသည်။ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖြေရှင်းခြင်းသည် ဂရုစိုက်မှုနှင့် လုံ့လဝီရိယ လိုအပ်၏။ သင်သည် အလွန်အာရုံစိုက်ရမည်ဖြစ်ပြီး သင်၏ ရည်ရွယ်ချက်များနှင့် အခြေအနေများကို နည်းနည်းချင်း ဆန်းစစ်ရမည်။ ဤအရာများကို စဉ်ဆက်မပြတ် သင် ဆန်းစစ်သည့်အခါ၊ သင် စကားပြောနေကျ နည်းလမ်းနှင့်ပတ်သက်၍ ရုတ်တရက် အသိတရား ဝင်လာသည့်နေ့ ရောက်ရှိလိမ့်မည်- “ဤသည်မှာ ဆိုးယုတ်မှုဖြစ်ပြီး၊ သာမန် လူ့သဘာဝ ဖော်ပြချက်တစ်ခု မဟုတ်ပါ။ ယင်းသည် သမ္မာတရားနှင့် သဘောကွဲလွဲပြီး ကျွန်ုပ် စကားပြောဆိုပုံကို ပြောင်းလဲရမည်။” ဤအသိကို သင် ပိုင်ဆိုင်သည့် နေ့မှစ၍၊ သင်သည် ဤဆိုးယုတ်သော စိတ်သဘောထား၏ ကြီးလေးသော ပြင်းထန်မှုကို ယခင်ထက် သာ၍ သိသိသာသာ ခံစားရလိမ့်မည်။ သို့ဆိုလျှင်၊ ၎င်းနောက် မည်သည့်အရာကို သင် လုပ်ဆောင်သင့်သနည်း။ သင် စကားပြောဆိုသည့် အလားတူနည်းလမ်းတွင် တည်ရှိသည့် ရည်ရွယ်ချက်များကို မရပ်မနား ဆန်းစစ်လော့၊ ပြီးလျှင် သင်၏ မစဲသော ဖော်ထုတ်ခြင်းဖြစ်စဉ်မှတစ်ဆင့်၊ သင်သည် ဤအနှစ်သာရနှင့် စိတ်သဘောထားမျိုး ရှိသည်ကို မှန်ကန်တိကျစွာ ယခင်ထက် သာ၍ ဆုံးဖြတ်နိုင်လိမ့်မည် ဖြစ်သည်။ သင်သည် ဆိုးယုတ်သော စိတ်သဘောထားတစ်ခု ဧကန်ရှိသည်ကို မိမိကိုယ်ကိုယ် သင် စစ်မှန်စွာ ဝန်ခံနိုင်သည့် နေ့ရက် ရောက်လာသည့်အခါ၊ နောက်ဆုံးတွင် သင်သည် ယင်းကို စက်ဆုပ်ကာ မုန်းတီးနိုင်လိမ့်မည်ဖြစ်သည်။ လူတစ်ဦးသည် ၎င်းကောင်းမြတ်သည်၊ ၎င်းဖြောင့်မတ်စွာနှင့် မျှမျှတတ ပြုမူသည်၊ ၎င်းတို့သည် တရားမျှတမှု အသိစိတ်တစ်ခု အပ်နှင်းခံရသည်၊ ၎င်းတို့သည် ရိုးသားပြီး မာယာကင်းမဲ့သည်ဟု ယုံကြည်ခြင်းမှ ၎င်းတို့၏ သဘာဝဗီဇ အနှစ်သာရအား မာနထောင်လွှားခြင်း၊ ခက်ထန်ခြင်း၊ လှည့်ဖြားတတ်ခြင်း၊ ဆိုယုတ်ခြင်းနှင့် သမ္မာတရားအတွက် ချစ်ခြင်းမေတ္တာ မရှိခြင်းတို့အဖြစ် သတိပြုမိခြင်းသို့ ပြောင်းလဲသည့်အခါ၊ ထိုအခါတွင်မှ ၎င်းသည် ၎င်း၏ နေရာကို တိကျမှန်ကန်စွာ သိနိုင်ကြလိမ့်မည်ဖြစ်ပြီး ၎င်း မည်သည့်အရာဖြစ်သည်ကို တိကျစွာ သိနိုင်လိမ့်မည်။ ၎င်းသည် ထိုသို့သော သရုပ်သကန်များနှင့် အခြေအနေများ ရှိသည်ကို အသိအမှတ်ပြုခြင်းမျှ သို့မဟုတ် ပေါ့စွာ သတိပြုခြင်းဖြင့်၊ ၎င်းသည် စစ်မှန်သော မုန်းတီးမှု ရှိနိုင်စွမ်း မရှိကြချေ။ ၎င်းအနေဖြင့် ဤစိတ်သဘောထားများနှင့် အနှစ်သာရတို့ ရှိသည်ကို ၎င်း၏ လုပ်ရပ်များတွင် သတိပြုပြီးသည်နှင့်တစ်ပြိုင်နက်မှသာ စစ်မှန်သော မုန်းတီးမှုကို ကြိုးပမ်းရရှိနိုင်ပေသည်။...

လူတို့သည် စိတ်သဘောထားအမျိုးမျိုးက ဖြစ်ပေါ်စေသည့် အမျိုးမျိုးသော အခြေအနေများကို သတိပြုနိုင်သည့်အခါမှသာ ၎င်းတို့၏ စိတ်သဘောထားများတွင် ပြောင်းလဲမှုတစ်ခု စတင်လိမ့်မည်။ ဤအခြေအနေများကို လူတို့ သတိမပြုကြပါက၊ ယင်းတို့ကို ၎င်းတို့ လက်သင့်မခံနိုင်သကဲ့သို့ မိမိတို့ကိုယ်ကိုယ်အဖို့ အသုံးမပြုနိုင်ပါက၊ ၎င်းတို့၏ စိတ်သဘောထားများတွင် ပြောင်းလဲမှုတစ်ခု ရှိနိုင်သလော။ (မရှိနိုင်ပါ။) စိတ်သဘောထား၌ ပြောင်းလဲမှုသည် အမျိုးမျိုးသော စိတ်သဘောထားများက ဖြစ်ပေါ်စေသည့် အမျိုးမျိုးသော အခြေအနေများကို သတိပြုခြင်းမှ စတင်ပေသည်။ လူတစ်ဦးသည် ဤအရာကို စတင် သတိမပြုမိပါက၊ လူတစ်ဦးသည် လက်တွေ့အရှိတရား၏ ဤသွင်ပြင်လက္ခဏာထဲသို့ မဝင်ရောက်သေးပါက၊ မိမိ၏ စိတ်သဘောထားတွင် ပြောင်းလဲမှုတစ်ခုဆိုသည်မှာ စဉ်းစားစရာ မလိုပေ။ ဤသို့ဆိုလျှင် စိတ်သဘောထားဆိုင်ရာ ပြောင်းလဲခြင်းသည် မဖြစ်နိုင်သောကြောင့် လူတို့အများစုက ၎င်းတို့၏တာဝန်ကို လုပ်ဆောင်နေစဉ်ကာလတစ်လျှောက်တွင် ဆောင်ရွက်ရသော အခန်းကဏ္ဍမှာ အဘယ်နည်း။ မိမိတို့ကိုယ်ကို အားထုတ်ကြိုးပမ်းခြင်း၊ တာဝန်များနှင့် အလုပ်များနေခြင်းတို့ ဖြစ်သည်။ ၎င်းတို့သည် ၎င်းတို့၏တာဝန်ကို လုပ်ဆောင်နေကြသော်လည်း အများစုမှာ ပင်ပန်းကြီးစွာ လုပ်ဆောင်နေကြခြင်း ဖြစ်သည်။ တစ်ခါတစ်ရံ ၎င်းတို့သည် စိတ်ရွှင်နေသောအခါတွင် ပို၍ အားစိုက်ထုတ်သည်၊ အလွန်အမင်း စိတ်ရွှင်မှုမရှိသောအခါတွင် လျော့၍ အားစိုက်ထုတ်ကြသည်။ ထိုသို့ပြုပြီးနောက်တွင် ဤအရာကို ၎င်းတို့ဆင်ခြင်တွေးတောကြပြီး အနည်းငယ် စိတ်မကောင်းဖြစ်ကြသည်၊ ထို့ကြောင့် ၎င်းတို့သည် အနည်းငယ်ပို၍ အားစိုက်ထုတ်ပြီး နောင်တရပြီးဖြစ်သည်ဟု အထင်ရောက်ကြသည်။ အမှန်တကယ်တွင် ဤသည်မှာ စစ်မှန်သော ပြောင်းလဲမှုမဟုတ်ပေ။ ဤသည်မှာ စစ်မှန်သော နောင်တရခြင်းမဟုတ်ပေ။ စစ်မှန်သော နောင်တရခြင်းသည် သင်၏အပြုအမူမှ စတင်သည်။ သင်၏အပြုအမူတွင် အပြောင်းအလဲတစ်ခုရှိလျှင်၊ သင့်ကိုယ်သင် စွန့်လွှတ်နိုင်ပြီး အမှုအရာများကို ထိုနည်းဖြင့် မလုပ်ဆောင်တော့လျှင်၊ သင်၏လုပ်ရပ်များသည် အခြေခံသဘောတရားများနှင့် ညီသည့်ပုံပေါ်လျှင်၊ ပြောဆို၊ ပြုမူရာတွင် အခြေခံသဘောတရားများကို တဖြည်းဖြည်းချင်းဖြင့် အခြေခံနိုင်လျှင် ဤသည်မှာ စိတ်သဘောထားပြောင်းလဲမှု၏ အစဖြစ်သည်။

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ“သင့်ကိုယ်သင် သိရှိသည့်အခါမှသာ သမ္မာတရားကို သင်ရှာဖွေလိုက်စားနိုင်သည်” မှ

သင်သည် သင်ကိုယ်တိုင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို တွေ့ရှိနိုင်စွမ်း ရှိလေလေ၊ ဤတွေ့ရှိခြင်းက တိကျမှန်ကန်လေလေဖြစ်ပြီး သင်ကိုယ်တိုင်၏ အနှစ်သာရကို သင် သိရှိနိုင်လေလေ၊ သင်သည် ကယ်တင်ခံရလိမ့်မည်မှာ ဖြစ်နိုင်ဖွယ်ရှိလေလေဖြစ်ပြီး သင်ကယ်တင်ခြင်းဆီ နီးကပ်စွာ လာလေလေ ဖြစ်လိမ့်မည်။ သင်သည် သင်၏ ပြဿနာများကို တွေ့ရှိနိုင်စွမ်း မရှိလေလေ၊ သင်သည် လူကောင်းတစ်ဦး၊ အတော်အတန် ထူးကဲ့သော လူတစ်ဦး ဖြစ်သည်ဟု ထင်လေလေ၊ သင်သည် ကယ်တင်ခြင်း လမ်းကြောင်းမှ ဝေးကွာလေလေဖြစ်ပြီး၊ ကြီးမားသော အန္တရာယ်တွင် ရှိနေဆဲ ဖြစ်သည်။ ၎င်းတို့၏ အောင်မြင်မှုများကို ကြွားလုံးထုတ်ရင်း၊ ၎င်းတို့သည် ကျလောက်အောင် အပြောကောင်းသည်၊ လက်တွေ့ကျသည်၊ သမ္မာတရားကို နားလည်သည်၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်ပြီး အနစ်နာခံမှုများကို ပြုလုပ်နိုင်စွမ်းရှိသည်ဟု ဆိုရင်း၊ မိမိတို့ကိုယ်ကိုယ် တစ်နေကုန် ပြစားဝင့်ဝါသူ မည်သူမဆိုသည် အထူးသဖြင့် ဝိညာဉ်ရင့်ကျက်မှု နည်းပါးပေသည်။ မည်သည့် လူစားမျိုးသည် ကယ်တင်ခြင်းနှင့်သက်ဆိုင်သည့် သာ၍ ကြီးမားသော မျှော်လင့်ချက်ရှိပြီး၊ ကယ်တင်ခြင်း လမ်းကြောင်းကို လျှောက်လှမ်းနိုင်စွမ်း ရှိသနည်း။ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို အမှန်တကယ် သိရှိသော သူများဖြစ်သည်။ ၎င်းတို့၏ အသိပညာ နက်နဲလေလေ၊ ကယ်တင်ခြင်းဆီသို့ ၎င်းတို့ နီးကပ်စွာ လာလေလေ ဖြစ်သည်။ သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို သိရှိခြင်း၊ သင်သည် အချည်းနှီး၊ အလဟဿဖြစ်သည်၊ သင်သည် အသက်ရှင်နေသော စာတန်တစ်ပါးဖြစ်သည်ကို သိရှိခြင်း၊ သင်၏ အနှစ်သာရကို သင် အမှန်တကယ် သိရှိသည့်အခါ၊ ဤသည်မှာ ဆိုးရွားသော ပြဿနာတစ်ခု မဟုတ်ပေ။ ဤသည်မှာ ကောင်းမွန်သော အရာတစ်ခု ဖြစ်၏၊ ဆိုးသော အရာမဟုတ်။ မိမိတို့ကိုယ်ကိုယ်- “အားလုံး ပြီးသွားပြီ၊ ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ ငါ့အပေါ် ကျရောက်လေပြီ၊ ယင်းသည် အပြစ်ပေးခြင်းနှင့် ပြစ်ဒဏ်ခတ်ခြင်းဖြစ်သည်၊ ဘုရားသခင်သည် ငါ့ကို မလိုချင်သကဲ့သို့ ငါ၌ ကယ်တင်ခြင်း မျှော်လင့်ချက်မရှိ” ဟု‌ တွေးရင်း၊ မိမိတို့ကိုယ်ကိုယ် သိရှိလေလေ အပျက်သဘောဆောင်လေလေ ဖြစ်သောသူ တစ်ဦးတစ်လေ ရှိသလော။ ဤလူတို့၌ ထိုသို့သော အတွေးမှားများ ရှိလိမ့်မည်လော။ အမှန်တွင်၊ ၎င်းတို့ မည်မျှ မျှော်လင့်ချက်မဲ့သည်ကို လူတို့ သတိပြုမိလေလေ၊ ၎င်းတို့အတွက် မျှော်လင့်ချက် ကြီးမားလေလေ ဖြစ်သည်။ ၎င်းတို့သည် အပျက်သဘောမဆောင်သင့်သကဲ့သို့ လက်မလျှော့သင့်ကြပေ။ သင့်ကိုယ်သင် သိရှိခြင်းသည် ကောင်းမွန်သော အရာတစ်ခုဖြစ်၏၊ ယင်းသည် ကယ်တင်ခြင်းဆီသို့ လျှောက်လှမ်းရမည့် လမ်းကြောင်းဖြစ်သည်။ သင်သည် ဘုရားသခင်ကို ဆန့်ကျင်ရာ၌ အထူးထူးအပြားပြားဖြစ်သော သင်ကိုယ်တိုင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားနှင့် သင်၏ အနှစ်သာရတို့နှင့် ပတ်သက်၍ လုံးဝ မချင့်ချိန်တတ်ပါက၊ ပြီးလျှင် သင်သည် ပြောင်းလဲဖို့ မည်သည့် အစီအစဉ်များမျှ မရှိသေးပါက၊ သင် ဒုက္ခရောက်ပေသည်။ ထိုသို့သောလူတို့သည် ထုံအသွားနှင့်ကြပြီးဖြစ်သည်၊ ၎င်းတို့သည် သေဆုံးနေကြ၏။ လူသေကို အသက်ပြန်ရှင်စေ၍ရနိုင်သလော။ ၎င်းတို့သည် သေဆုံးပြီးသားဖြစ်၏- ပြန်မရှင်နိုင်ပေ။

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ“သင့်ကိုယ်သင် သိရှိသည့်အခါမှသာ သမ္မာတရားကို သင်ရှာဖွေလိုက်စားနိုင်သည်” မှ

အသက်ကို ဖွေရှာသော သူများအလယ်တွင်၊ ပေါလုသည် မိမိ၏ ကိုယ်ပိုင် အနှစ်သာရကို မသိသောသူတစ်ဦး ဖြစ်သည်။ သူသည် လုံးဝ မနှိမ့်ချခဲ့ သို့မဟုတ် မနာခံခဲ့သကဲ့သို့၊ ဘုရားသခင်နှင့် ဆန့်ကျင်ဘက်ဖြစ်သည့် သူ၏ အနှစ်သာရကိုလည်း မသိခဲ့ချေ။ ထို့ကြောင့် သူသည် အသေးစိတ်ကျသော အတွေ့အကြုံများကို မကြုံခဲ့ရသောသူဖြစ်ပြီး၊ သမ္မာတရားကို လက်တွေ့မလုပ်ဆောင်ခဲ့သော သူတစ်ဦးလည်း ဖြစ်ခဲ့သည်။ ပေတရုမှာမူ ကွဲပြားခြားနားခဲ့၏။ သူသည် သူ၏ မပြည့်စုံမှုများ၊ အားနည်းချက်များနှင့် ဘုရားသခင်၏ ဖန်ဆင်းခံ သတ္တဝါ တစ်ဦးအနေနှင့် သူ၏ ဖောက်ပြန်ပျက်စီးနေသော စိတ်သဘောထားကို သိခဲ့သည်၊ ထို့ကြောင့် သူ၏ စိတ်သဘောထားကို ပြောင်းလဲရန် လက်တွေ့လုပ်ဆောင်ခြင်း လမ်းကြောင်းတစ်ခု သူ ရှိခဲ့သည်။ သူသည် အယူဝါဒသာ ရှိသော်လည်း၊ လက်တွေ့အရှိတရား မပိုင်ဆိုင်သော သူများထဲမှ တစ်ဦး မဟုတ်ခဲ့ချေ။ ပြောင်းလဲသော သူတို့သည် ကယ်တင်ခြင်းခံရပြီးဖြစ်သည့် လူသစ်များ ဖြစ်ကြသည်၊ ၎င်းတို့သည် သမ္မာတရားအား လိုက်စားခြင်း၌ အရည်အချင်း ပြည့်မီကြသူများ ဖြစ်ကြသည်။ မပြောင်းလဲသော လူတို့သည် အလိုအလျောက် ခေတ်နောက်ကျသွားသော သူများနှင့် သက်ဆိုင်သည်။ ၎င်းတို့သည် ကယ်တင်ခြင်း မခံရသေးသော သူများ ဖြစ်ကြသည်၊ ဆိုလိုသည်မှာ ဘုရားသခင်၏ စက်ဆုပ်ရွံရှာခြင်းနှင့် ငြင်းပယ်ခြင်းခံရသော သူများ ဖြစ်ကြပေသည်။ ၎င်းတို့၏ အလုပ်သည် မည်မျှကြီးမြတ်သည် ဖြစ်ပါစေ၊ ဘုရားသခင်၏ အောက်မေ့ခြင်းကို ခံရလိမ့်မည် မဟုတ်။ ဤအရာကို သင်၏ ကိုယ်ပိုင် လိုက်စားခြင်းနှင့် နှိုင်းယှဉ်သောအခါတွင်၊ နောက်ဆုံးတွင် သင်သည် ပေတရု သို့မဟုတ် ပေါလုကဲ့သို့သော ပုဂ္ဂိုလ်မျိုး ဖြစ်သည်၊ မဖြစ်သည်မှာ ပကတိရှင်းနေပြီးသား ဖြစ်သင့်သည်။ သင်ဖွေရှာသော အရာတွင် သမ္မာတရား မရှိသေးပါက၊ ပြီးလျှင် ယနေ့တွင်ပင်လျှင် သင်သည် ပေါလုကဲ့သို့ မာနထောင်လွှားပြီး ပမာမခန့် ဖြစ်နေဆဲဖြစ်ကာ၊ သူကဲ့သို့ ရွှန်းရွှန်းဝေအောင် ပြောတတ်ပြီး ဝါကြွားဆဲဖြစ်ပါက၊ သင်သည် ရှုံးနိမ့်သည့် အကျင့်ဆုတ်ယုတ်သူ တစ်ယောက် ဖြစ်သည်မှာ ယုံမှားဖွယ်မရှိပေ။ သင်သည် ပေတရုကဲ့သို့ ကြိုးစားပါက၊ သင်သည် လက်တွေ့လုပ်ဆောင်မှုများနှင့် စစ်မှန်သည့် ပြောင်းလဲခြင်းများကို ရှာဖွေပြီး၊ မာနမထောင်လွှားဘဲ သို့မဟုတ် တစ်ဇွတ်ထိုး မလုပ်ဘဲ၊ သင်၏ တာဝန်ကို ထမ်းဆောင်ရန် ကြိုးစားပါက၊ သင်သည် အောင်နိုင်ခြင်းကို စွမ်းဆောင်ရရှိနိုင်သည့် ဘုရားသခင်၏ ဖန်ဆင်းခံ သတ္တဝါတစ်ဦး ဖြစ်ပေလိမ့်မည်။ ပေါလုသည် မိမိကိုယ်တိုင်၏ မနာခံခြင်းကို သိရန် မဆိုထားနှင့်၊ မိမိ ကိုယ်တိုင်၏ အနှစ်သာရ သို့မဟုတ် ဖောက်ပြန်ပျက်စီးခြင်းကို မသိခဲ့ချေ။ သူသည် ခရစ်တော်နှင့် သက်ဆိုင်သည့် သူ၏ စက်ဆုပ်ဖွယ် အာခံမှုကို မဖော်ပြခဲ့သကဲ့သို့၊ သူသည် လွန်ကဲစွာ နောင်တရခြင်းလည်း မရှိခဲ့ပေ။ အကျဉ်းရုံး ရှင်းပြချက်တစ်ခုကိုသာ သူပေးခဲ့ပြီး၊ သူ၏ စိတ်နှလုံးသားထဲတွင် ဘုရားသခင်ကို လုံးဝ ကျိုးနွံနာခံခြင်း မရှိခဲ့ပေ။ သူသည် ဒမာသက်မြို့သို့ သွားရာလမ်းတွင် လဲကျခဲ့သော်လည်း၊ သူသည် မိမိ၏စိတ်တွင်း ကို မဆန်းစစ်ခဲ့ချေ။ သူသည် အလုပ်လုပ်မြဲ လုပ်နေရရုံမျှနှင့် ရောင့်ရဲခဲ့ပြီး၊ မိမိကိုယ်ကိုယ် သိခြင်းနှင့် သူ၏ စိတ်သဘောထားဟောင်းအား ပြောင်းလဲခြင်းတို့ကို အရေးပါဆုံးသော ကိစ္စရပ်များအဖြစ် သူ မမှတ်ယူခဲ့ချေ။ သမ္မာတရားအား ပြောဆိုခြင်းမျှဖြင့်၊ သူ၏ ကိုယ်ပိုင် ဩတ္တပ္ပစိတ်အတွက် အခြားသူများကို ကျွန်တစ်ဦးသဖွယ် ထောက်ပံ့ပေးခြင်းမျှဖြင့်၊ သူ့ကိုယ်သူ ဖြေသိမ့်ရန်နှင့် အတိတ်မှ သူ၏ အပြစ်များကို မိမိဘာသာ ဖြေလွှတ်ရန် ခရစ်တော်၏ နောက်လိုက်များအား နှိပ်စက်ညှဉ်းပန်းမှု မပြုတော့ခြင်းမျှဖြင့် သူသည် ကျေနပ်နေခဲ့သည်။ သူ လိုက်စားခဲ့သော ပန်းတိုင်သည် အနာဂတ် သရဖူနှင့် အချိန်ပိုင်းမျှသာခံသော အလုပ်ထက် ဘာမျှမပိုပေ၊ သူ လိုက်စားခဲ့သော ပန်းတိုင်သည် ကြွယ်ဝသော ကျေးဇူးတော် ဖြစ်သည်။ သူသည် လုံလောက်သော သမ္မာတရားကို မဖွေရှာခဲ့သကဲ့သို့၊ ယခင်က သူနားမလည်ခဲ့သော သမ္မာတရားထဲသို့လည်း သာ၍ နက်ရှိုင်းစွာ တိုးတက်ရန် မကြိုးစားခဲ့ချေ။ ထို့ကြောင့် မိမိကိုယ်တိုင်နှင့် ပတ်သက်သည့် သူ၏ အသိပညာသည် မှားယွင်းသည်ဟု ပြော၍ရပြီး၊ သူသည် ပြစ်တင်ဆုံးမခြင်း သို့မဟုတ် တရားစီရင်ခြင်းကို လက်မခံခဲ့ချေ။ သူ အလုပ်လုပ်နိုင်ခဲ့သည်မှာ သူသည် မိမိကိုယ်တိုင်၏ သဘာဝ သို့မဟုတ် အနှစ်သာရနှင့် ပတ်သက်၍ အသိပညာကို ပိုင်ဆိုင်ထားသည်ဟု မဆိုလိုပေ။ သူ၏ အာရုံစိုက်မှုမှာ အပြင်ပန်း လက်တွေ့လုပ်ဆောင်မှုများသာ ဖြစ်ခဲ့သည်။ ထို့အပြင် သူကြိုးပမ်းခဲ့သည့်အရာမှာ ပြောင်းလဲမှု မဟုတ်ဘဲ အသိပညာ ဖြစ်ခဲ့သည်။ သူ၏ အလုပ်သည် ဒမာသက်သို့ သွားရာလမ်းပေါ်တွင် ယေရှု၏ ပေါ်ထွန်းခြင်း ရလဒ် လုံးလုံးဖြစ်ခဲ့သည်။ ယင်းမှာ သူသည် မူလက လုပ်ဆောင်ရန် စိတ်ဆုံးဖြတ်ခဲ့သည့်အရာ မဟုတ်သကဲ့သို့၊ ယင်းမှာ သူ၏ စိတ်သဘောထားဟောင်းကို ပြုပြင်ခြင်းအား လက်ခံပြီးသည့်နောက်ပိုင်းတွင် ဖြစ်ပွားခဲ့သော အလုပ်လည်း မဟုတ်ခဲ့ချေ။ သူသည် မည်သို့ အလုပ်လုပ်ခဲ့သည် ဖြစ်စေ၊ သူ၏ ဟောင်းသော စိတ်သဘောထားသည် မပြောင်းလဲခဲ့ချေ၊ ထို့ကြောင့် သူ၏ အလုပ်သည် သူ၏အတိတ်က အပြစ်များကို မဖြေလွှတ်ခဲ့ဘဲ၊ ထိုအချိန်က အသင်းတော်များအလယ် အချို့သော အခန်းကဏ္ဍ၌ လုပ်ဆောင်ခဲ့ရုံမျှ ဖြစ်ခဲ့သည်။ ဤကဲ့သို့သော မိမိ၏ စိတ်သဘောထားဟောင်းကို ပြောင်းလဲခြင်း မရှိသည့် လူတစ်ယောက်အနေနှင့် ဆိုလိုသည်မှာ၊ ကယ်တင်ခြင်းအား မရရှိခဲ့သကဲ့သို့ သာ၍ပင် သမ္မာတရား မရှိသောသူတစ်ဦးအနေဖြင့် သူသည် သခင်ယေရှုက လက်ခံသော သူများထဲမှ တစ်ဦး ဖြစ်လာနိုင်စွမ်း လုံးဝ မရှိခဲ့ပေ။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အောင်မြင်မှု သို့မဟုတ် ရှုံးနိမ့်မှုသည် လူလျှောက်သော လမ်းကြောင်းအပေါ်တွင် မူတည်သည်

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။