လူတစ်ဦးသည် ၎င်း၏ ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားအားဖြင့် ရှင်သန်ပါက၊ ၎င်း၏တာဝန်ကို ပြည့်ပြည့်ဝဝ ထမ်းဆောင်နိုင်ခြင်း ရှိမရှိ

06.12.2021

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

ဘုရားသခင်ကို အစေခံခြင်းသည် ရိုးစင်းသည့် အလုပ်မဟုတ်ချေ။ မိမိတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား မပြောင်းလဲဘဲ ရှိနေသောသူတို့သည် ဘုရားသခင်ကို မည်သည့်အခါမျှ အစေမခံနိုင်ပေ။ သင်၏ စိတ်သဘောထားသည် ဘုရားသခင်၏နှုတ်ကပတ်တော်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းကို မခံရသေးပါက၊ သင်၏ စိတ်သဘောထားသည် စာတန်ကို ကိုယ်စားပြုနေဆဲဖြစ်သည်၊ ယင်းက သင်သည် သင်ကိုယ်တိုင်၏ ကောင်းမြတ်သော ရည်ရွယ်ချက်များဖြင့် ဘုရားသခင်ကို အစေခံသည်၊ သင်၏ အစေခံခြင်းသည် သင်၏စာတန်ဆန်သော သဘာဝအပေါ် အခြေခံထားသည်ကို သက်သေပြပေသည်။ သင်သည် သင်၏ သဘာဝအလျောက်ဖြစ်သော စရိုက်လက္ခဏာဖြင့်လည်းကောင်း၊ သင်၏ ပုဂ္ဂိုလ်ရေး အကြိုက်များအရလည်းကောင်း ဘုရားသခင်ကို အစေခံသည်။ ထိုထက်ပို၍၊ သင်လုပ်ဆောင်ရန် လိုလားနေသည့် အရာများသည် ဘုရားသခင်အဖို့ နှစ်သက်ဖွယ်ကောင်းသော အရာများဖြစ်ပြီး၊ သင် လုပ်ဆောင်ရန် ဆန္ဒမရှိသည့် အရာများသည် ဘုရားသခင်အဖို့ မုန်းတီးဖွယ်ရာများ ဖြစ်သည်ဟု သင် အမြဲ တွေးထင်လေသည်။ သင်သည် သင်၏ ကိုယ်ပိုင် အကြိုက်များအတိုင်းသာ လုံးလုံး အလုပ်လုပ်ပေသည်။ ဤအရာကို ဘုရားသခင်အား အစေခံခြင်းဟု ခေါ်ဆိုနိုင်သလော။ နောက်ဆုံးတွင်၊ သင်၏ အသက်စိတ်သဘောထား၌ ပြောင်းလဲခြင်း အနည်းငယ်မျှ ရှိလိမ့်မည်မဟုတ်။ ယင်းအစား၊ သင်၏ အစေခံခြင်းသည် သင့်ကို သာ၍ပင် ခေါင်းမာစေလိမ့်မည်ဖြစ်သည်၊ ဤအကြောင်းကြောင့် သင်၏ ဖောက်ပြန်ပျက်စီးခြင်းသည် နက်နက်ရှိုင်းရှိုင်း အရိုးစွဲနေကာ၊ ထိုသို့ဖြင့် သင်၏ ကိုယ်ပိုင် စရိုက်လက္ခဏာနှင့် သင်၏ကိုယ်ပိုင် စိတ်သဘောထား အတိုင်း အစေခံခြင်းမှ ရရှိခဲ့သည့် အတွေ့အကြုံများအပေါ် အဓိက အခြေခံသည့်၊ ဘုရားသခင်အား အစေခံခြင်းနှင့် ပတ်သက်သည့် စည်းမျဉ်းများသည် သင်၏အတွင်းတွင် ဖြစ်ပေါ်လိမ့်မည်ဖြစ်သည်။ ဤအရာများသည် လူသား၏ အတွေ့အကြုံများနှင့် သင်ခန်းစာများ ဖြစ်သည်။ ယင်းသည် လောကထဲ၌ အသက်ရှင်ခြင်းနှင့်ဆိုင်သည့် လူသား၏ အတွေးအခေါ်ဖြစ်သည်။ ဤသို့သော လူတို့ကို ဖာရိရှဲနှင့် ဘာသာရေး အရာရှိများအဖြစ် အမျိုးအစား သတ်မှတ်နိုင်‌ပေသည်။ ၎င်းတို့သည် လုံးဝ မနိုးထသကဲ့သို့ နောင်တမရပါက၊ နောက်ဆုံးသော ကာလတွင် လူတို့ကို လှည့်ဖြားသည့် ခရစ်တော်၏ အယောင်ကိုဆောင်သောသူများနှင့် အန္တိခရစ်များအဖြစ်သို့ ဧကန်မုချ ပြောင်းလဲသွားကြလိမ့်မည်။ အဆိုပါ ခရစ်တော်၏ အယောင်ကိုဆောင်သောသူများနှင့် အန္တိခရစ်များသည် ထိုသို့သော လူများကြားမှ ထွက်ပေါ်လိမ့်မည် ဖြစ်သည်။ ဘုရားသခင်ကို အစေခံသော သူတို့သည် မိမိတို့၏ ကိုယ်ပိုင် အကျင့်စရိုက်နောက်လိုက်ပြီး မိမိတို့ကိုယ်တိုင်၏ အလိုဆန္ဒအတိုင်း ပြုမူကြပါက၊ အချိန်မရွေး စွန့်ပစ်ခြင်းခံရနိုင်သည့် အန္တရာယ်ရှိသည်။ အခြားသောသူများ၏ စိတ်နှလုံးများကို သိမ်းသွင်းရန်၊ ၎င်းတို့ကို ဩဝါဒပေးရန်နှင့် ထိန်းချုပ်ရန်၊ ပြီးလျှင် အထက်စီး၌နေရန်၊ ဘုရားသခင်အား အစေခံရာတွင် ရရှိထားသော ၎င်းတို့၏ နှစ်များစွာ အတွေ့အကြုံကို အသုံးချသောသူများ- ပြီးလျှင် မည်သည့်အခါမျှ နောင်တမရသောသူများ၊ မိမိတို့၏ အပြစ်များကို မည်သည့်အခါတွင်မျှ ဝန်မချသောသူများနှင့် ရာထူးနေရာ၏ အကျိုးကို မည်သည့်အခါမျှ မစွန့်လွှတ်သောသူများ- ဤလူများသည် ဘုရားသခင်ရှေ့မှောက်တွင် လဲကျကြလိမ့်မည် ဖြစ်သည်။ ၎င်းတို့သည် ၎င်းတို့၏ဝါရင့်မှုကြောင့် ရောင့်တက်ကာ၊ ၎င်းတို့၏ အရည်အချင်းများကို ကြွားလုံးထုတ်ရင်း၊ ပေါလုနှင့် တစ်မျိုးတစ်စားတည်း ဖြစ်ကြ၏။ ဘုရားသခင်သည် ဤသို့သော လူများကို စုံလင်ခြင်းသို့ ရောက်စေလိမ့်မည် မဟုတ်ပေ။ ထိုသို့သော အစေခံခြင်းသည် ဘုရားသခင်၏ အမှုကို ဝင်ရောက်စွက်ဖက်လေသည်။ လူတို့သည် ဟောင်းသောအရာကို အမြဲ ဖက်တွယ်ကြ၏။ ၎င်းတို့သည် အတိတ်၏ အယူအဆများ၊ ကုန်လွန်သွားသော အချိန်ကာလများမှ အရာရာတိုင်းကို ဖက်တွယ်ကြလေသည်။ ဤသည်မှာ ၎င်းတို့၏ အစေခံခြင်းအတွက် ကြီးမားသည့် အတားအဆီး ဖြစ်ပေသည်။ သင်သည် ထိုအရာများကို မဖယ်ရှားနိုင်ပါက၊ ဤအရာများသည် သင့်ဘဝတစ်ခုလုံးကို ပိတ်ဆို့လိမ့်မည်။ ဘုရားသခင်သည် သင် ပြေးလွှားနေရင်း သင်၏ ခြေထောက်များ ကျိုးလျှင် သို့မဟုတ် အလုပ်ကြမ်းဖြင့် သင်၏ ကျောရိုး ကျိုးလျှင်ပင်၊ ဘုရားသခင်အား သင်၏အစေခံရာ၌ သင်သည် ညှဉ်းဆဲသတ်ဖြတ်ခံရလျှင်ပင်၊ သင့်ကို အနည်းငယ်မျှပင် ချီးကျူးလိမ့်မည် မဟုတ်ပေ။ အတော်အတန် ဆန့်ကျင်လျက်- သင်သည် မတရားသဖြင့် ကျင့်သောသူတစ်ဦး ဖြစ်သည်ဟု ဘုရားသခင် ပြောလိမ့်မည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘာသာရေး အစေခံခြင်းကို သန့်စင်ရမည်

ဘုရားသခင်ကို လူတို့အစေခံရာတွင် မပြုအပ်ဟု တားမြစ်ထားသော အကြီးမားဆုံးအရာမှာ မည်သည့်အရာ ဖြစ်သနည်း။ သင်တို့ သိကြသလော။ ခေါင်းဆောင်များအဖြစ် အစေခံကြသောသူများသည် အမြဲတစေ ပို၍ကြီးမားသော စဉ်းစားဉာဏ် ရှိလိုကြသည်၊ ကျန်သည့် လူများအထက်တွင် အကြီးအကဲနှင့်တာဝန်ခံ ဖြစ်လို၍ ၎င်းတို့သည် မည်မျှအမှန်တကယ် စွမ်းဆောင်နိုင်ကြောင်းကို ဘုရားသခင် မြင်စေရန် လှည့်ကွက်အသစ်များကို ရှာဖွေလိုကြသည်။ သို့သော် ၎င်းတို့သည် သမ္မာတရားကို နားလည်ခြင်း နှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်၏လက်တွေ့ကျင့်ဆောင်ခြင်းအတွင်း ၀င်ရောက်ခြင်းအပေါ် အာရုံမစိုက်ကြချေ။ ၎င်းတို့သည် အစဉ် ကြွားဝါလိုကြသည်၊ ဤသည်မှာ မာနကြီးသော သဘာဝကို ထုတ်ဖော်ခြင်းပင် မဟုတ်သလော။ အချို့က “ဤအရာကို ပြုလုပ်ခြင်းဖြင့် ဘုရားသခင်သည် အလွန်ဝမ်းမြောက်မည်မှာ ကျွန်ုပ် သေချာသည်၊ သူသည် ၎င်းကို အမှန်တကယ်ပင် နှစ်သက်လိမ့်မည်။ ဤအကြိမ်တွင် ဘုရားသခင်ကို ကျွန်ုပ် မြင်စေ၍ သူ့ကို ကောင်းသော အံ့ဖွယ်တစ်ခုကို ပေးမည်” ဟူ၍ပင် ဆိုကြသည်။ ဤ အံ့ဖွယ်၏ ရလဒ်ကြောင့် သူတို့သည် သန့်ရှင်းသောဝိညာဥ်တော်၏ အမှုကို ဆုံးရှုံးကြပြီး ဘုရားသခင်၏ သုတ်သင်ဖယ်ရှင်းခြင်းကို ခံရခြင်းဖြစ်သည်။ သင်၏ စိတ်ထဲ၌ ပေါ်လာသမျှကို မဆင်မခြင် မပြုနှင့်။ သင့် လုပ်ရပ်များ၏ အကျိုးဆက်များကို သင် မစဉ်းစားပါက မည်ကဲ့သို့ အဆင်ပြေနိုင်မည်နည်း။ ဘုရားသခင်၏ စိတ်သဘောထားကို သင် ပြစ်မှားမိသောအခါ၊ သူ၏ စီမံခန့်ခွဲရေးဆိုင်ရာ အမိန့်များကို ပြစ်မှားပြီးနောက် ပယ်ရှင်းခံရသည့်အခါ၊ သင် ပြောစရာ မည်သည့်အရာမျှ ကျန်ရှိလိမ့်မည်မဟုတ်။ သင်၏ အကြံမည်သည့်အရာဖြစ်စေ၊ ယင်းကို သင် တမင်သက်သက် လုပ်ဆောင်သည်ဖြစ်စေ၊ မလုပ်ဆောင်သည်ဖြစ်စေ၊ ဘုရားသခင်၏ စိတ်သဘောထားကို သင် နားမလည်လျှင် သို့မဟုတ် ဘုရားသခင်၏ အလိုတော်ကို သင် နားမလည်လျှင်၊ ဘုရားသခင်ကို သင် အလွယ်တကူ ပုန်ကန်ပြစ်မှားမိလိမ့်မည်ဖြစ်ပြီး သူ၏ စီမံခန့်ခွဲရေးဆိုင်ရာ အမိန့်များကို အလွယ်တကူ ပုန်ကန်ပြစ်မှားမိလိမ့်မည်၊ ဤသည်မှာ လူတိုင်း သတိထားသင့်သည့်အရာတစ်ခု ဖြစ်၏။ ဘုရားသခင်၏ စီမံခန့်ခွဲရေးဆိုင်ရာ အမိန့်များ သို့မဟုတ် ဘုရားသခင်၏ စိတ်သဘောထားကို သင် အပြင်းအထန် ပြစ်မှားမိသည်နှင့်တစ်ပြိုင်နက် ယင်းကို သင် တမင်တကာ လုပ်ဆောင်သည် မလုပ်ဆောင်သည် သို့မဟုတ် မတော်တဆ လုပ်မိသည် မလုပ်မိသည်ကို ဘုရားသခင် စဉ်းစားလိမ့်မည်မဟုတ်၊ ဤသည်မှာ သင် ရှင်းရှင်းလင်းလင်း မြင်ရမည့် အရာတစ်ခု ဖြစ်၏။ ဤကိစ္စရပ်ကို သင် နားမလည်နိုင်လျှင်၊ သင်၌ ပြဿနာတစ်ခု ရှိဖို့ရန် သေချာ၏။ ဘုရားသခင်ကို အစေခံရာတွင်၊ လူတို့သည် ကြီးမားသော ခြေလှမ်းများ လှမ်းလိုကြသည်၊ ကြီးမားသော အရာများ လုပ်ဆောင်လိုကြသည်၊ ကြီးမြတ်သော စကားများ ပြောဆိုလိုကြသည်၊ ကြီးမြတ်သော အလုပ်များ ဆောင်ရွက်လိုကြသည်၊ ကြီးမားသော စာအုပ်များ ပုံနှိပ်ထုတ်ဝေလိုကြသည်၊ ကြီးမားသော အစည်းအဝေးများ ကျင်းပပြီး ကြီးမြတ်သော ခေါင်းဆောင်များ ဖြစ်လိုကြလေ၏။ ကြီးကျယ်ခမ်းနားသည့် ရည်မှန်းချက်များ သင်၌ အမြဲရှိလျှင်၊ ဘုရားသခင်၏ စီမံခန့်ခွဲရေးဆိုင်ရာ အမိန့်များကို သင် ပြစ်မှားမိပေလိမ့်မည်။ ဤသို့သော လူတို့သည် မြန်မြန်ဆန်ဆန် သေဆုံးကြလိမ့်မည်။ အကယ်၍ သင်သည် ဘုရားသခင်ကို အစေခံရာ၌ ဖြောင့်မတ်ခြင်း၊ ဘုရားတရားကိုင်းရှိုင်းခြင်း မရှိပါက သို့မဟုတ် ပညာမဲ့ပါက သင်သည် ဘုရားသခင်၏ စီမံခန့်ခွဲမှုအမိန့်များကို အနှေးနှင့်အမြန် ပြစ်မှားမိလိမ့်မည်။

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ“သမ္မာတရား မရှိပါက ဘုရားသခင်ကို အလွယ်တကူ ပုန်ကန်ပြစ်မှားမိနိုင်သည်” မှ

ဘုရားသခင်ကို မကြည်ညိုဘဲ၊ ကြောက်ရွံ့တုန်လှုပ်သည့် စိတ်နှလုံးမရှိသူ မည်သူမဆိုသည် ဘုရားသခင်၏ စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များကို အလွယ်တကူ ချိုးဖောက်ဖြစ်လိမ့်မည်။ လူအများအပြားက ၎င်းတို့၏စိတ်အားထက်သန်မှု အင်အားကြောင့် ဘုရားသခင်ထံတွင် အစေခံကြသော်လည်း၊ ဘုရားသခင်၏ စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များကို နားမလည်ကြဘဲ၊ သူ၏ နှုတ်ကပတ်တော်များ၏ သွယ်ဝိုက်ပြောဆိုမှုကို အရိပ်အမြွက်မျှ သိနားလည်ဖို့ သာ၍ နည်းပါးနေသေးသည်။ ထို့ကြောင့် ၎င်းတို့၏ ရည်ရွယ်ချက်ကောင်းများဖြင့် အဆုံး၌ ဘုရားသခင်၏ စီမံခန့်ခွဲမှုကို မကြာခဏ နှောင့်ယှက်တတ်သည့် အရာများလုပ်ဆောင်ကြပေသည်။ ပြင်းထန်ဆိုးရွားသော ကိစ္စများ၌ ထိုသူတို့ကိုဖယ်ရှားပြီး ဘုရားသခင်၏နောက်သို့ထပ်မံ လိုက်ပါ ခွင့်မပြုတော့ဘဲ၊ အဆုံး၌ ဘုရားသခင်၏ အိမ်တော်နှင့် ဆက်နွှယ်မှု အားလုံးတို့ကို ဖြတ်တောက်ကာ ငရဲသို့ပစ်ချခံရသည်။ ဤလူများသည် ဘုရားသခင်၏ အိမ်တော်၌ ၎င်းတို့၏ မသိနားမလည်သော ရည်ရွယ်ချက်ကောင်းများ၏ ခွန်အားဖြင့် လုပ်ကိုင်ကြပြီး ဘုရားသခင်၏ စိတ်သဘောထားကို ဒေါသဖြစ်စေခြင်းဖြင့် အဆုံးသတ်ကြ၏။ လူတို့သည် ဘုရားသခင်၏ အိမ်တော်သို့ ၎င်းတို့၏အကြီးအကဲများနှင့် သခင်များကို အလုပ်အကျွေး ပြုပုံများ ယူဆောင်လာပြီး၊ ဤနေရာ၌ ၎င်းတို့ကို သက်သောင့်သက်သာ အလွယ်ကလေးနှင့် အသုံးချနိုင်မည်ဟု အချည်းနှီးတွေးထင်ကြကာ ထည့်သွင်း လုပ်ဆောင်ရန် ကြိုးပမ်းကြသည်။ ဘုရားသခင်ထံတွင် သိုး၏ စိတ်သဘောထားမရှိဘဲ၊ ခြင်္သေ့၏ စိတ်သဘောထားသာ ရှိသည်ကို ထိုသူတို့ မည်သည့်အခါမျှ မတွေးမိခဲ့ကြပေ။ ထို့ကြောင့် ဘုရားသခင်နှင့် ပထမဦးဆုံး ပတ်သက်သူများသည် ဘုရားသခင်နှင့် ဆက်သွယ်ပြောဆို၍ မရနိုင်ပေ၊ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်၏ နှလုံးသားသည် လူသား၏နှလုံးသားနှင့် မတူသောကြောင့်ဖြစ်သည်။ သမ္မာတရား များစွာကို သင်နားလည်ပြီးသည့် နောက်မှသာ ဘုရားသခင် အကြောင်းကို သင် အဆက်မပြတ် သိနိုင်လာလိမ့်မည်။ ဤအသိသည် စကား အသုံးအနှုန်းများ၊ အယူဝါဒများတို့ဖြင့် ဖွဲ့စည်းထားခြင်း မဟုတ်ဘဲ၊ ဘုရားသခင်က သင့်ကို ကျေနပ်ပီတိဖြစ်သည့် သက်သေ အဖြစ်လည်းကောင်း၊ ဘုရားသခင် ထံပါးသို့ ယုံကြည်မှုရှိရှိ ဝင်ရောက်နိုင်ခြင်းအတွက် ရတနာတစ်ပါး အနေဖြင့်လည်းကောင်း အသုံးပြုနိုင်သည်။ သင့်ထံတွင် လက်တွေ့ကျသော အသိမရှိ၊ သမ္မာတရားနှင့် ပြည့်စုံခြင်းလည်း မရှိပါက၊ သင်၏ ပြင်းပြသော အစေခံမှုသည် သင့်ထံသို့ ဘုရားသခင်၏ စက်ဆုပ်မှုနှင့် ရွံရှာမှုတို့သာ ယူဆောင်လာ ပေးနိုင်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သတိပေးချက် သုံးချက်

ယနေ့အချိန်တွင် လူတို့သည် အမှုအရာများကို ကြုံလာတိုင်း တကယ့်အခြေအနေ မည်သည့်အရာဖြစ်သည်ကို ပဓာနမထားဘဲ၊ ဟိုဒင်း ဒီဒင်းကို ၎င်းတို့ လုပ်ဆောင်နိုင်သည်ဟု တွေးထင်ကြ၏၊ ထို့ကြောင့် ၎င်းတို့သည် ၎င်းတို့၏ စိတ်နှလုံးများထဲတွင် ဘုရားသခင် မရှိကြသကဲ့သို့၊ ယင်းကို မိမိတို့၏ ကိုယ်ပိုင် လိုအင်ဆန္ဒအတိုင်း လုပ်ဆောင်ကြလေသည်။ ၎င်းတို့၏ ဆောင်ရွက်ပုံနည်းလမ်းက သင့်တော်သည် မသင့်တော်သည်၊ သို့မဟုတ် ယင်းက သမ္မာတရားနှင့် ကိုက်ညီသည် မကိုက်ညီသည်ကို ပဓာနမထားဘဲ၊ သူတို့သည် ခေါင်းမာစွာပင် ရှေ့ဆက်တတ်ပြီး၊ ၎င်းတို့၏ တစ်ကိုယ်ရေ ကြံရွယ်ချက်များအတိုင်း ပြုမူကြသည်။ ဘုရားသခင်က ၎င်းတို့၏ စိတ်နှလုံးများထဲတွင် ရှိသည်ဟု ပုံမှန်အားဖြင့် ထင်ကောင်း ထင်ရနိုင်သော်လည်း၊ အမှုအရာများကို ၎င်းတို့ လုပ်ဆောင်ကြသည့်အချိန်တွင်၊ ၎င်းတို့၏ စိတ်နှလုံးထဲတွင် ဘုရားသခင် မရှိပေ။ လူအချို့က၊ “ကျွန်ုပ် လုပ်ဆောင်သည့် အရာများတွင် ဘုရားသခင်ထံ ကျွန်ုပ် မချဉ်းကပ်နိုင်ပါ။ အတိတ်တွင်၊ ကျွန်ုပ်သည် ဘာသာရေး ဟိတ်ဟန်များကို ဆောင်ရွက်ခြင်းနှင့် နေသားကျခဲ့ပြီး ဘုရားသခင်ထံ တိုးဝင်ချဉ်းကပ်ဖို့ ကျွန်ုပ် ကြိုးစားခဲ့သော်လည်း၊ အကျိုးသက်ရောက်မှု မရှိခဲ့ပါ။ သူ့ထံ ကျွန်ုပ် တိုးဝင်ချဉ်းကပ်၍ မရနိုင်ခဲ့ပါ။” ဟု ဆိုကြလေသည်။ ထိုသို့သောလူတို့သည် ၎င်းတို့၏ နှလုံးသားများထဲ၌ ဘုရားသခင် မရှိပေ၊ ၎င်းတို့၏ နှလုံးသားများထဲ၌ ၎င်းတို့ကိုယ်တိုင်သာ ရှိပြီး၊ သူတို့ပြုသည့်အရာတိုင်း၌ သမ္မာတရားအား တကယ့်ကို လက်တွေ့မကျင့်သုံးနိုင်ကြပေ။ သမ္မာတရားနှင့်အညီ မပြုမူခြင်းမှာ ၎င်းတို့၏ မိမိအလိုအတိုင်း အမှုအရာများ ပြုလုပ်ခြင်းကို ဆိုလိုပြီး၊ ၎င်းတို့၏ မိမိအလိုအတိုင်း အမှုအရာများ ပြုလုပ်ခြင်းမှာ ဘုရားသခင်အား စွန့်ခွာခြင်းကို ဆိုလိုသည်၊ တစ်နည်းအားဖြင့် သူတို့သည် သူတို့၏ နှလုံးသားများထဲ၌ ဘုရားသခင်မရှိပေ။ လူသားတို့၏ အတွေးအခေါ်များသည် လူတို့အတွက် အများအားဖြင့် ကောင်းမွန်၍ မှန်ကန်ပုံရပြီး ၎င်းတို့သည် သမ္မာတရားကို ထိုမျှလောက် ချိုးဖောက်မည်မဟုတ်ဟု ထင်ရသည်။ လူတို့က ထိုပုံစံအတိုင်း အမှုအရာများကိုပြုခြင်းမှာ သမ္မာတရားကို လက်တွေ့ကျင့်ဆောင်ခြင်း ဖြစ်မည်ဟု ထင်ကြသည်၊ အမှုအရာများကို ထိုနည်းအတိုင်းပြုခြင်းမှာ ဘုရားသခင်ကို ကျိုးနွံနာခံခြင်း ဖြစ်မည်ဟု သူတို့ထင်ကြသည်။ အကယ်စင်စစ် လူတို့မှာ ဘုရားသခင်ကို အမှန်တကယ်ရှာဖွေနေခြင်းနှင့် ဤအရာအကြောင်းကို ဘုရားသခင်ထံ ဆုတောင်းနေခြင်း မဟုတ်သကဲ့သို့၊ သူတို့သည် ဘုရားသခင်၏ အလိုတော်ကို ဖြည့်ဆည်းရန်အလို့ငှာ ဘုရားသခင်၏ သတ်မှတ်ချက်များနှင့်အညီ ကောင်းမွန်စွာ ကြိုးပမ်းလုပ်ဆောင်နေကြခြင်း မဟုတ်ပေ။ သူတို့၌ ဤစစ်မှန်သောအခြေအနေ မရှိကြသကဲ့သို့၊ သူတို့၌ ဤမျှလောက် ဆန္ဒလည်း မရှိကြချေ။ ဤသည်မှာ လူတို့၏ လက်တွေ့လုပ်ဆောင်မှု၌ ၎င်းတို့ပြုကြသော အကြီးဆုံးအမှား ဖြစ်၏။ သင်သည် ဘုရားသခင်ကို ယုံကြည်သော်လည်း သင်သည် ဘုရားသခင်ကိုသင်၏ စိတ်နှလုံးထဲ၌ ထိန်းသိမ်းမထားပေ။ ဤအရာမှာ အပြစ်တစ်ခုမဟုတ်ဘဲ အဘယ်သို့ ဖြစ်မည်နည်း။ သင့်ကိုယ်သင် လိမ်လည်လှည့်ဖြားနေသည် မဟုတ်လော။ ထိုပုံစံဖြင့် သင် ဆက်လက်ယုံကြည်နေပါက မည်သည့် အကျိုးသက်ရောက်မှုမျိုးများကို သင်ရိတ်သိမ်းနိုင်မည်နည်း။ ထို့ပြင် ယုံကြည်ခြင်း၏ အရေးပါမှုကို အဘယ်သို့ ပေါ်လွင်အောင်ပြသနိုင်မည်နည်း။

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ“ဘုရားသခင်၏အလိုကို ရှာဖွေခြင်းမှာသမ္မာတရားကို လက်တွေ့ကျင့်ဆောင်ရန်အတွက် ဖြစ်၏” မှ

သတိမမူဘဲ လုပ်ဆောင်ခြင်းသည် တာဝန်နှင့်ပတ်သက်၍ ရွံ့မုန်းဖွယ်ရာ ဖြစ်သည်။ သင့်အနေဖြင့် ဟန်ဆောင်လုပ်ပြရုံသာလုပ်ပြလျှင်၊ သင်၏ တာဝန်ကို ပြည့်ပြည့်ဝဝ ဆောင်ရွက်နိုင်မည်မဟုတ်။ ယင်းကို သင် စိတ်ပါလက်ပါရှိရမည်။ မိမိတို့၏ တာဝန်ကို လုပ်ဆောင်ရန်အတွက် အခွင့်အရေးမှာ ရခဲသည့်အရာဖြစ်ပြီး ၎င်းတို့ကို ဘုရားသခင်ပေးသည့် အခွင့်အရေးတစ်ခုကို ၎င်းတို့ အမိအရ မဖမ်းဆုပ်လျှင်၊ ထိုအခွင့်အရေး ဆုံးရှုံးသွားပေသည်။ မိမိတို့၏ တာဝန်ကို ဆောင်ရွက်ဖို့ အခွင့်အရေးရှာတွေ့ရန် ၎င်းတို့ တစ်နေ့နေ့ တစ်ဖန်ကြိုးစားလျှင်၊ လွယ်လိမ့်မည်မဟုတ်။ အမှန်ပင်၊ ထိုသို့သော အခွင့်အရေးက လုံးဝ လာကောင်းလာနိုင်လိမ့်မည်မဟုတ်ပေ။ ဘုရားသခင်၏ အမှုတော်က မည်သူ့ကိုမျှ မစောင့်သကဲ့သို့၊ တစ်ဦးတစ်ယောက်၏ တာဝန်ကို ဆောင်ရွက်ဖို့ အခွင့်အရေးသည်လည်း မစောင့်ဆိုင်းပေ။ လူအချို့က “ကျွန်ုပ်သည် ယခင်က မိမိ၏တာဝန်ကို ကောင်းစွာ မထမ်းဆောင်ခဲ့သော်လည်း၊ ယခုမူ ယင်းကို ဖြည့်ဆည်းလိုဆဲ ဖြစ်သောကြောင့်၊ ဤတစ်ကြိမ်တွင် ကျွန်ုပ်သည် စိတ်ပိုင်းဖြတ်ထားသည်။ ကျွန်ုပ်သည် အနည်းငယ် ပို၍ တာဝန်သိကာ အနည်းငယ် ပို၍ အားစိုက်ထုတ်မည်ဖြစ်ပြီး၊ ယင်းကို ကောင်းစွာ ပြီးဆုံးအောင် လုပ်ဆောင်မည် ဖြစ်သည်” ဟု ပြောကြသည်။ သို့ရာတွင် ထိုအခွင့်အရေးက မရှိတော့ချေ။ အခွင့်အရေးများစွာ ရောက်မလာပေ၊ ထို့ကြောင့် ၎င်းတို့ကို သင် အမိအရဖမ်းဆုပ်ရမည်။ သင်၏ အားထုတ်မှုနှင့် သုံးစွဲမှု လိုအပ်ပြီး၊ သင်၏ ခန္ဓာ၊ စိတ်နှင့် အချိန်ကို ဆက်ကပ်ဖို့ လိုအပ်သည့် တာဝန်တစ်ခုနှင့် ရင်ဆိုင်ရသည့်အခါ၊ သင်သည် မည်သည့်အရာကိုမျှ ချုပ်တည်းမထားရ၊ သင်၏ သေးနုတ်သည့် လိမ္မာပါးနပ်မှုကို ကွယ်ဝှက်မထားရ၊ သို့မဟုတ် လူးသာလွန့်သာ တစ်ခုမျှ ချန်မထားရ။ သင်သည် လူးသာလွန့်သာ တစ်စုံတစ်ရာ ချန်ထားပါက၊ ချင့်တွက်နေပါက သို့မဟုတ် သင်သည် ဉာဏ်များကာ သစ္စာဖောက်ဖျက်တတ်ပါက၊ သင်သည် ညံ့ဖျင်းသော အလုပ်တစ်ခုကို လုပ်ဆောင်ဖို့ သေချာပေသည်။ သင်က၊ “ပါးနပ်သည့် နည်းလမ်းဖြင့် ငါလုပ်ဆောင်နေသည်ကို မည်သူမျှ မမြင်ပါ။ အပြတ်မိုက်လိုက်လေခြင်း” ဟု ပြောကောင်းပြောလိမ့်မည်။ ဤသည်မှာ မည်သို့သော အတွေးမျိုးနည်း။ သင်သည် လူများနှင့် ဘုရားသခင်ကိုလည်း နှစ်ပေါက်တစ်ပေါက်ရိုက်လိုက်ပြီဟု တွေးထင်သည်။ သို့သော်၊ တကယ့်အမှန်တွင်၊ သင်လုပ်ဆောင်လိုက်သည့်အရာကို ဘုရားသခင် သိသလော၊ မသိသလော။ (သူ သိပါသည်။) ယေဘုယျအားဖြင့်၊ သင်နှင့် အချိန်ကာလကြာမြင့်စွာ အပြန်အလှန်ဆက်ဆံသည့် လူများကလည်း သိရှိလိမ့်မည်ဖြစ်ပြီး၊ သင်သည် အမြဲ မယုံရသောသူ၊ မည်သည့်အခါတွင်မျှ လုံ့လမရှိသကဲ့သို့ မိမိ၏ အားထုတ်မှု ငါးဆယ် သို့မဟုတ် ခြောက်ဆယ်ရာခိုင်နှုန်း သို့မဟုတ် အများဆုံး ရှစ်ဆယ်ရာခိုင်နှုန်းသာ စိုက်ထုတ်သူဖြစ်သည်ဟု ပြောကြလိမ့်မည်။ သင်သည် သင် လုပ်ဆောင်နေသည့် မည်သည့်အရာကိုမဆို မသိကျိုးကျွန်ပြုလျက်၊ အလွန် စိတ်ရှုပ်ထွေးသော ပုံစံဖြင့် အရာရာကို လုပ်ဆောင်သည်၊ သင်သည် အလုပ်တာဝန်ကို လုံးဝကျေပွန်ခြင်းမရှိဟု ၎င်းတို့ ပြောကြလိမ့်မည်။ သင့်ကို တစ်စုံတစ်ရာ လုပ်ဆောင်စေပါက၊ ထိုအခါမှသာ အားထုတ်မှု အနည်းငယ်ကို သင် စိုက်ထုတ်လေသည်။ သင်၏ အလုပ်က စံချိန်မီခြင်း ရှိ၊ မရှိဆိုသည်ကို ကြည့်ရန် စစ်ဆေးဖို့ တစ်စုံတစ်ဦးက အနီးတစ်ဝိုက်တွင်ရှိပါက၊ သင်သည် အလုပ်ကို အနည်းငယ် သာ၍ကောင်းမွန်စွာ လုပ်ဆောင်ပေသည်- သို့သော် စစ်ဆေးဖို့ အနီးတစ်ဝိုက်တွင် မည်သူမျှမရှိပါက၊ အနည်းငယ် သင် လျှော့ချလေသည်။ သင်သည် ကိုင်တွယ်ဖြေရှင်းခြင်းခံရပါက၊ ယင်းကို သင် စိတ်ပါလက်ပါ လုပ်ဆောင်လေသည်။ သို့မဟုတ်ပါက၊ သင်သည် အလုပ်လုပ်စဉ်တစ်လျှောက် စဉ်ဆက်မပြတ် ငိုက်မျဉ်းနေပြီး၊ မည်သူမျှ သတိထားမိမည်မဟုတ်ဟု ယူဆလျက် သင် တတ်နိုင်သမျှ မည်သည့်အရာမဆိုအတွက် တာဝန်မယူရဖို့ ကြိုးစားနေပေသည်။ အချိန်ကုန်လွန်သွားကာ လူတို့က သတိပြုမိကြလေသည်။ ၎င်းတို့က၊ “ဤလူသည် အားမကိုးရသကဲ့သို့ မယုံကြည်ရပေ။ သင် သူ့ကို အရေးကြီးသည့် တာဝန်တစ်ခု ဆောင်ရွက်ဖို့ ပေးပါက၊ ကြီးကြပ်မှု လိုအပ်လိမ့်မည်။ အခြေခံသဘောတရားများ မပါဝင်သည့် သာမန် တာဝန်များနှင့် အလုပ်များကို သူ လုပ်နိုင်သော်လည်း သင်သည် သူ့ကို အလွန်အရေးပါသည့် တာဝန်တစ်ခုတစ်လေကို ဖြည့်ဆည်းဖို့ ပေးပါက၊ ယင်းကို သူကမောက်ကမဖြစ်စေမည်မှာ အလားအလာအများဆုံး ဖြစ်ပြီး၊ ထို့နောက် သင်သည် တစ်ပတ်ရိုက်ခံရပြီးဖြစ်လိမ့်မည်” ဟု ပြောကြလေသည်။ လူတို့သည် ၎င်းကို ကောင်းကောင်းကြီး ရိပ်စားမိကြလိမ့်မည်ဖြစ်ပြီး၊ ၎င်းသည် သိက္ခာနှင့် သမာဓိအားလုံး လုံးဝ ဖယ်ရှားပြီးဖြစ်လိမ့်မည်။ မည်သူမျှ သူ့ကို မယုံကြည်နိုင်ပါက၊ ဘုရားသခင်သည် မည်သို့ ယုံကြည်နိုင်မည်နည်း။ ဘုရားသခင်သည် သူ့ကို အဓိကကျသောတာဝန်များ တစ်ခုတစ်လေ ပေးအပ်မည်လော။ ထိုသို့သော လူတစ်ဦးသည် မယုံကြည်ရပေ။

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ“အသက်အတွင်း ဝင်ရောက်ခြင်းသည်မိမိ၏တာဝန်များကို ထမ်းဆောင်ခြင်း အတွေ့အကြုံဖြင့် စတင်ရမည်” မှ

လူတို့သည် တာဝန်နှင့် ဘုရားသခင် နှစ်ခုလုံးကို ရိုးသားသော စိတ်နှလုံးတစ်ခုဖြင့် ချဉ်းကပ်ရမည်- ဤသည်မှာ အမြင့်ဆုံးသော ဉာဏ်ပညာ ဖြစ်သည်။ ဘုရားသခင်ကို ရိုးသားသော စိတ်နှလုံးတစ်ခုဖြင့် ဆက်ဆံရာတွင် မည်သည့် သဘောထား လူတို့ ရှိသင့်သနည်း။ လူတို့သည် ဤအရာက ၎င်းတို့အား ဘေးဒုက္ခ ရောက်စေမည်လော သို့မဟုတ် ကောင်းချီးမင်္ဂလာ ကျရောက်စေမည်လာဆိုသည်ကို မေးမြန်းခြင်းမရှိဘဲ၊ သတ်မှတ်ချက်များ ပြုလုပ်ခြင်းမရှိဘဲနှင့် ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုများကို ကျိုးနွံနာခံခြင်းအားဖြင့် ဘုရားသခင်အတွက် မိမိတို့၏ တာဝန်တွင် မိမိတို့ကိုယ်ကိုယ် အသုံးတော်ခံသင့်ကြပေသည်။ ထိုသို့သော လူတစ်ဦးသည် ရိုးသားသော စိတ်နှလုံးတစ်ခု ပိုင်ဆိုင်ပေသည်။ အမြဲ သံသယရှိသူများ၊ သတ်မှတ်ချက်များ အမြဲ ပြုလုပ်သူများနှင့် ရပ်စဲခြင်းမရှိသော သုတေသနတွင် ပါဝင်ပတ်သက်သူများသည် ရိုးသားသော စိတ်နှလုံးတစ်ခု ပိုင်ဆိုင်ကြသလော။ ထိုသို့သော လူတစ်ဦး၏ စိတ်နှလုံးအတွင်းတွင် မည်သည့်အရာ တည်သနည်း။ ၎င်းတို့၏ စိတ်နှလုံးအတွင်းတွင် လှည့်ဖြားမှုနှင့် ဆိုးယုတ်မှုတို့ ရှိပြီး၊ ၎င်းတို့သည် သုတေသနပြုခြင်းတွင် အမြဲ ပါဝင်ပတ်သက်ကြသည်။ ၎င်းတို့၏ ကိုယ်ရေးကိုယ်တာ အကျိုးစီးပွားများကို ထိခိုက်သည့် တစ်စုံတစ်ရာ ဖြစ်ပျက်သည့်အခါ၊ ၎င်းတို့ တွေးဆကြသည်- “ဘုရားသခင်သည် ဤအရာကို ကျွန်ုပ်အား လုပ်ဆောင်ခဲ့ချိန်နှင့် ဤအခြေအနေကို ကျွန်ုပ်အတွက် သူ စီစဉ်ခဲ့ချိန်တွင် မည်သည့်အရာ သူ တွေးနေခဲ့သနည်း။ ဤသည်မှာ အခြားလူများထံ ဖြစ်ပျက်ပြီးဖြစ်သည့် တစ်စုံတစ်ရာ ဖြစ်သလော။ ဤအရာကို ကျွန်ုပ် ဖြတ်သန်းပြီးသည့်အချိန်တွင်၊ အကျိုးဆက်များမှာ မည်သည့်အရာ ဖြစ်လိမ့်မည်နည်း။” ဤမေးခွန်းများကို ၎င်းတို့ သုတေသန ပြုကြသည်။ ၎င်းတို့ မည်သည့်အရာ ရရှိနိုင်မည် သို့မဟုတ် ဆုံးရှုံးနိုင်မည်၊ အနီးတွင် ရှိသည့် ကိစ္စရပ်သည် ၎င်းတို့အား ဘေးဒုက္ခ ရောက်စေလိမ့်မည်လော သို့မဟုတ် ကောင်းချီးမင်္ဂလာ ဆောင်ကြဉ်းလိမ့်မည်လော ဆိုသည်တို့ကို ၎င်းတို့ သုတေသန ပြုကြသည်။ ဤမေးခွန်းများကို ၎င်းတို့ သုတေသနပြုသည်နှင့်တစ်ပြိုင်နက်၊ သမ္မာတရားကို ၎င်းတို့ လက်တွေ့လုပ်ဆောင်နိုင်စွမ်း ရှိကြသလော။ ဘုရားသခင်ကို ၎င်းတို့ နာခံနိုင်စွမ်း ရှိကြသလော။ (မရှိပါ။) တာဝန်တစ်ခုကို ၎င်းတို့ စတင်ချိန်တွင်၊ ယင်းကို ၎င်းတို့ သုတေသနပြုကြပြီး မေးမြန်းကြသည်- “ဤတာဝန်ကို ကျွန်ုပ် ဆောင်ရွက်ပါက၊ ကျွန်ုပ် ဆင်းရဲဒုက္ခခံရလိမ့်မည်လော။ အဝေးတွင် အချိန်များစွာ ကျွန်ုပ် ကုန်ဆုံးဖို့ လိုအပ်လိမ့်မည်လော၊ ပြီးလျှင် ကျွန်ုပ်သည် ပုံမှန် အစာနှင့် အနားယူခြင်းတို့ကို ရရှိနိုင်လိမ့်မည်လော။ မည်သည့် လူစားမျိုးများနှင့် ကျွန်ုပ် ဆက်သွယ်လာရလိမ့်မည်နည်း။” အပေါ်ယံတွင် ဤတာဝန်ကို ၎င်းတို့ လက်ခံကြသော်လည်း၊ ၎င်းတို့၏ စိတ်နှလုံးထဲတွင် လှည့်ဖြားမှုကို သိုထားကြပြီး ထိုသို့သောအရာများကို ၎င်းတို့ စဉ်ဆက်မပြတ် သုတေသနပြုနေကြလေသည်။ အမှန်တွင်၊ ၎င်းတို့ သုတေသနပြုသည့် ဤအရာအားလုံးသည် ၎င်းတို့၏ ကိုယ်ရေးကိုယ်တာ အကျိုးစီးပွားနှင့် ဆက်နွှယ်လေသည်။ ၎င်းတို့သည် ဘုရားသခင့် အိမ်တော်၏ အကျိုးစီးပွားများကို မစဉ်းစားကြချေ၊ ၎င်းတို့၏ ကိုယ်ပိုင် အကျိုးစီးပွားများကိုသာ စဉ်းစားကြသည်။ လူတို့သည် မိမိတို့၏ ကိုယ်ပိုင် အကျိုးစီးပွားများကိုသာ စဉ်းစားကြပါက၊ ၎င်းတို့အတွက် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ဖို့ မလွယ်ကူသကဲ့သို့ ဘုရားသခင်ကို စစ်မှန်သော နာခံမှု မရှိကြပေ။ ဤသုတေသနပြုခြင်းမျိုးတွင် ပါဝင်ပတ်သက်သည့် ဤလူများစွာတို့ကို အဆုံးတွင် မည်သည့်အရာ ဖြစ်ပျက်သနည်း။ အချို့သည် ဘုရားသခင်ကို ပုန်ကန်ကြ၏။ ဆိုလိုသည်မှာ၊ ၎င်းတို့သည် အလုပ်လုပ်စဉ်တွင် သေချာစွာကြည့်လျက်၊ အပျက်သဘောဆောင်သော စိတ်ခံစားချက်များ အပြည့်ဖြင့် အမှုအရာများကို လုပ်ဆောင်ကြလေသည်။ ဤစိတ်ခံစားချက်များကို ဆောင်ကြဉ်းသည်မှာ မည်သည့် စိတ်သဘောထားမျိုး ဖြစ်သနည်း။ ယင်းသည် လှည့်ဖြားပြီး ဆိုးယုတ်ပေသည်။ ဆိုးယုတ်သည်အထိ အလွန်လုပ်ဆောင်ပြီးနောက်တွင်၊ ဤလူများသည် မိမိတို့ကိုယ်ကိုယ် ဘုရားသခင်ကို ဖက်ပြိုင်အံတုစေနေကြပေသည်။ လူတို့သည် စဉ်ဆက်မပြတ် သုတေသနပြုနေကြသည့်အခါ၊ ၎င်းတို့၏ ရည်ရွယ်ချက်များ ကွဲပြားသွားသည်။ ထို့ကြောင့် ဤအခြေအနေဖြင့် ၎င်းတို့သည် မိမိတို့၏ တာဝန်ကို ကောင်းမွန်စွာ ထမ်းဆောင်နိုင်ကြသလော။ ၎င်းတို့သည် ဘုရားသခင်ကို ရိုးသားမှုနှင့် မိမိတို့၏ စိတ်ဝိညာဉ်များဖြင့် မကိုးကွယ်ကြပေ၊ ၎င်းတို့သည် ရိုးသားသော စိတ်နှလုံး မရှိကြသကဲ့သို့၊ မိမိတို့၏ တာဝန်ကို ထမ်းဆောင်စဉ်တွင်၊ ၎င်းတို့သည် အမြဲ စောင့်ကြည့်နေကြပြီး ချုပ်တည်းထားနေကြသည်။ ဤအရာမှ မည်သည့်အရာ ဖြစ်လာသနည်း။ ဘုရားသခင်သည် ၎င်းတို့အပေါ် အမှုမပြုပေ၊ မည်သည့်အရာကို ၎င်းတို့ လုပ်ဆောင်ကြသည်ဖြစ်စေ အခြေခံသဘောတရားများကို ၎င်းတို့ ရှာမတွေ့နိုင်ကြသကဲ့သို့၊ မည်သည့်အရာကို ၎င်းတို့ လုပ်ဆောင်သည်ဖြစ်စေ၊ အမြဲ မှားသွားတတ်ပေသည်။ အမှုအရာများက အဘယ်ကြောင့် အမြဲ မှားယွင်းသွားသနည်း။ တစ်ခါတစ်ရံ၊ ၎င်းတို့ကို ဘုရားသခင် ဖော်ထုတ်သည် မဟုတ်၊ ၎င်းတို့က မိမိတို့ကိုယ်ကိုယ် ပျက်စီးစေကြခြင်း ဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင့် အိမ်တော်၏ အလုပ်ကို သို့မဟုတ် ဘုရားသခင့် အိမ်တော်၏ အကျိုးစီးပွားများကို မည်သည့် အလေးထားမှုမျှ မရှိကြပေ။ ၎င်းတို့သည် မိမိတို့ ကိုယ်တိုင် ကိုယ်စား အမြဲ ကြံစည်နေကြပြီး၊ ၎င်းတို့၏ သိက္ခာနှင့် အဆင့်အတန်းအတွက် အစီအစဉ်များ ပြုလုပ်နေကြသည်။ ၎င်းတို့သည် ဤအရာကို လုပ်ဆောင်မြဲ လုပ်ဆောင်နေကြပြီးနောက်၊ စတင် သွေဖည်ကြလေသည်။ ၎င်းတို့၏ ကိုယ်ပိုင် အကျိုးစီးပွားများနှင့် အနာဂတ် အလားအလားများအတွက် အစီအစဉ်များ ပြုလုပ်ခြင်းနှင့် ဘုရားသခင့် အိမ်တော်၏ အလုပ်နှင့် ဘုရားသခင့် အိမ်တော်၏ အကျိုးစီးပွားတို့ကို အလေးထားခြင်းတို့ကြားတွင်၊ ၎င်းတို့၏ လုပ်ရပ်များမှ ရလဒ်မှာ တူညီသလော။ မတူညီပေ၊ ရလဒ်မှာ သေချာပေါက် မတူပေ။ ၎င်းတို့ ဖော်ထုတ်ခံရကြပြီး၊ ဤအပြုအမူသည် မိမိ၏ တာဝန်ကို ထမ်းဆောင်ခြင်း မဖြစ်စေပေ။ ယင်းမှာ သေးငယ်သော ဆုံးရှုံးမှု အချို့နှင့်ဆိုင်သည့် ကိစ္စရပ်တစ်ခုသာ ဖြစ်ပါက၊ ၎င်းတို့သည် ကယ်တင်ခံရနိုင်ဖွယ် ရှိဦးမည် ဖြစ်သည်- ၎င်းတို့ အခွင့်အရေးတစ်ခု ရှိလိမ့်ဦးမည် ဖြစ်သည်။ သို့သော် အကြီးစား ဆုံးရှုံးမှု ဖြစ်ပါက၊ ၎င်းတို့အတွက် အခွင့်အရေး ရှိသေးသလော။ အနီးတွင်ရှိသည့် ကိစ္စရပ်သည် နှောင့်ယှက်ခြင်းနှင့် အတားအဆီးများ ဖြစ်စေသည်အထိ ဆိုးရွာသည့် ကိစ္စတစ်ခုဖြစ်ပါက၊ ပါဝင်သည့် လူသည် အစားထိုးခံရသင့်ပြီး၊ ဖယ်ရှင်းသုတ်သင်ခံရသင့်ပေသည်။ လူအချို့သည် ဤနည်းဖြင့်သာ ဖယ်ရှင်းသုတ်သင်ခံရပြီး ဖြစ်သည်။ ဤအရာ၏ အရင်းအမြစ်တွင် ရှိသည့်အရာကို သင်တို့ တွေ့ပြီးဖြစ်သလော။ ဤကိစ္စ၏ အရင်းအမြစ်မှာ လူတို့သည် ၎င်းတို့ကိုယ်တိုင်၏ အကျိုးစီးပွားများကို အစဉ်သဖြင့် တွေးတောနေခြင်းဖြစ်သည်။ အခြေခံအုတ်မြစ်တစ်ခုပြုလုပ်ရန်အတွက် သမ္မာတရားအနည်းငယ်မျှပင် မရှိဘဲ၊ သို့မဟုတ် ဘုရားသခင်အပေါ် နာခံခြင်းသဘောထား မြူတစ်မှုန်မျှပင် မရှိဘဲ လူတို့သည် ၎င်းတို့၏ ကိုယ်ပိုင်အကျိုးစီးပွားတို့ကြောင့် စိတ်ထိန်းမနိုင်သိမ်းမရဖြစ်ကြသည်။ ဤသို့ဆိုလျှင် လူတို့သည် မည်သို့နာခံရမည်နည်း။ ဤနေရာတွင် လက်တွေ့လုပ်ဆောင်ရန် လမ်းကြောင်းတစ်ခုရှိသည်။ အရေးကိစ္စတစ်ခုကို ကြုံတွေ့သောအခါတွင် အချို့လူများ ပထမဆုံးတွေးသည့်အရာမှာ “ဤသို့ ငါလုပ်ဆောင်လျှင် ဘုရားအိမ်တော်၏ အကျိုးစီးပွားက ထိခိုက်လိမ့်မည်။ ထိုကဲ့သို့ ငါလုပ်ဆောင်လျှင် ထိခိုက်မည်မဟုတ်— သို့သော် ငါနာမည်ပျက်ပြီး ကြီးစွာ ဒုက္ခခံရမည်။ အမှုကိစ္စများကို ရှာဖွေလေ့လာရာနှင့် အခြားလူများနှင့် ဆွေးနွေးတိုင်ပင်ရာတွင် ပို၍ အချိန်ယူမှဖြစ်မည်” ဟူ၍ ဖြစ်သည်။ “ဘုရားအိမ်တော်၏ အကျိုးစီးပွားက အနည်းငယ် ထိခိုက်လျှင် ကိစ္စမရှိ။ ထိုသို့ ငါပြုလုပ်လိုက်မည်။ ဤကိစ္စတွင် ငါက အပြီးသတ် ဆုံးဖြတ်ပိုင်ခွင့်ရှိသည်။ လူတိုင်းနှင့် လိုက်ဆွေးနွေးစရာမလို” ဟု ယင်းနှင့်ပတ်သက်ပြီး ၎င်းတို့၏ စိတ်ထဲတွင် အပြန်အလှန်စဉ်းစားသည်။ ထိုသို့လုပ်ဆောင်ခြင်းသည် ၎င်းတို့၏ ဂုဏ်အဆင့်အတန်းနှင့် တန်ဖိုးကို ပြလိမ့်မည်ဟူ၍ လည်းကောင်း၊ ၎င်းတို့က ပြတ်သားသည်၊ အတွေ့အကြုံရှိပြီး လုပ်နိုင်ကိုင်နိုင်သည်၊ အားမနည်း၊ ချီတုံချတုံမဖြစ်၊ မပြတ်မသားမဖြစ်ဟု သူတစ်ပါးတို့ကို ပြလိမ့်မည်ဟူ၍ လည်းကောင်း ၎င်းတို့က ထင်ကြသည်။ သို့သော် အဆုံးတွင် အကြောင်းကိစ္စက ပြီးဆုံးသောအခါ ၎င်းတို့သည် ဘုရားအိမ်တော်၏ အမှုတော်ကို နှောင့်ယှက်သောသူ၊ ကြားဖြတ်သောသူ၊ ထိခိုက်စေသောသူများ ဖြစ်လာကြလိမ့်မည်။ ၎င်းတို့သည် ဖော်ထုတ်ခံရပြီး ဖယ်ရှားခံရမည်ဖြစ်သည်။ အကျိုးဆက်များ ရှိလာလိမ့်မည်။ သို့သော် ၎င်းတို့သည် ဘုရားသခင်၏ စီစဉ်မှုများနှင့် စီစဉ်ညွှန်ကြားမှုများကို နာခံခဲ့လျှင်၊ သမ္မာတရား အခြေခံသဘောတရားများနှင့်အညီ လုပ်ဆောင်ခဲ့လျှင် ရလဒ်က ကွာခြားလိမ့်မည်။ အရေးကိစ္စတစ်ခုကို ၎င်းတို့ကြုံတွေ့သောအခါ အပြီးသတ် ဆုံးဖြတ်ပိုင်ခွင့်ရှိသူမှာ ၎င်းတို့ဖြစ်မည်မဟုတ်ပေ။ လူအချို့က အတူတကွ မိတ်သဟာယပြုပြီး ဆွေးနွေးတိုင်ပင်ကြလိမ့်မည်။ သန့်ရှင်းသောဝိညာဉ်တော်က စတင် အလုပ်လုပ်သည်နှင့် လူတို့သည် စိတ်နှလုံးအတွင်း၌ အသိဉာဏ်ပွင့်လင်းလိမ့်မည်ဖြစ်ပြီး လူသား၏ စိတ်ကူးထင်မြင်မှုနှင့်အညီ ဆောင်ရွက်ခြင်းတွင်ရှိသော ချို့ယွင်းချက်များ၊ အမှားများကို နားလည်သဘောပေါက်ကြလိမ့်မည်၊ ပိုမိုကောင်းမွန်သောလမ်းကြောင်းကို ၎င်းတို့ ရှာတွေ့ကြလိမ့်မည်၊ ဘုရားအိမ်တော်၏ အကျိုးစီးပွားက ထိခိုက်လိမ့်မည်မဟုတ်ပေ။ လူတိုင်းက အတူတကွ မိတ်သဟာယပြုပြီး ဆွေးနွေးတိုင်ပင်ကြသည့်အခါတွင် ၎င်းတို့ တစ်ဦးချင်းစီနှင့်ဆိုင်သော ကိုယ်ပိုင်လက္ခဏာ၊ ဂုဏ်အဆင့်အတန်း၊ အမှီအခိုကင်းမှု၊ ကျွမ်းကျင်လိမ္မာမှုတို့သည် ပေါ်ပေါ်လွင်လွင် မီးမောင်းထိုးခံရမည်မဟုတ်သော်လည်း ဘုရားအိမ်တော်၏ အကျိုးစီးပွားက ထိခိုက်မည်မဟုတ်ပေ။ ထို့ကြောင့် ရလဒ်သည် ကွာခြားလိမ့်မည်။ ထို့နောက်တွင် ၎င်းတို့သည် လူစားထိုးခံရဦးမည်လော။ (မထိုးခံရပါ။) ဤသည်မှာ ဘုရားသခင်၏ အမှတ်ရခြင်းခံရသည့် အမှုကိစ္စဖြစ်သည်။ လူတို့သည် အရေးကိစ္စတစ်ခုကို ကြုံတွေ့ရသောအခါတွင် သမ္မာတရား အခြေခံသဘောတရားများနှင့်အညီ ဆောင်ရွက်နိုင်လျှင် ဘုရားသခင်က နောက်ကွယ်တွင် အရာရာတိုင်းကို ရယူပေးလိမ့်မည်။ လူတို့သည် ဘုရားအိမ်တော်၏ အကျိုးစီးပွား၊ သို့မဟုတ် ဘုရားသခင်၏ အလိုတော်ကို မစဉ်းစားဘဲ ၎င်းတို့၏ ကိုယ်ပိုင်အကျိုးစီးပွားများကို ရှာရန်အတွက် အစဉ်သဖြင့် လျှို့ဝှက်ကြံစည်နေပြီး တွက်ချက်နေကာ အကြံအစည်များကို တီထွင်ဖန်တီးနေလျှင်၊ ထို့ပြင် ဘုရားသခင်၏ စီစဉ်မှုများနှင့် စီစဉ်ညွှန်ကြားမှုများကို လိုက်နာရန် အနည်းငယ်မျှပင် ဆန္ဒမရှိလျှင်— ဤစိတ်ဆန္ဒပင် ၎င်းတို့၌ ကင်းမဲ့နေလျှင်— နောက်ဆုံးရလဒ်မှာ မည်သည့်အရာဖြစ်မည်နည်း။ ၎င်းတို့သည် အလွန်အမင်း ကျရှုံးလိမ့်မည်။ ၎င်းတို့၏ သရုပ်မှန်ကို ဖော်ထုတ်ခြင်းခံရမည်။ ဤသည်မှာ ၎င်းတို့နှင့် ထိုက်တန်သည့်အရာ ဖြစ်သလော။ ဤသို့သောသူတို့သည် စာနာထောက်ထားခြင်းနှင့် ထိုက်တန်သလော။ (မထိုက်တန်ပါ။) ဤသည်မှာ မိမိကိုယ်ပိုင်အကျိုးစီးပွားအတွက် ကြံစည်ခြင်း၏ ရှောင်လွှဲမရနိုင်သော ရလဒ်ဖြစ်သည်။

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ“သမ္မာတရား၏အခြေခံသဘောတရားများကို ရှာဖွေခြင်းဖြင့်သာမိမိ၏တာဝန်ကို ကောင်းစွာ ထမ်းဆောင်နိုင်သည်” မှ

အခြားသူများသည် မိမိတို့ထက် ပို၍ သာလွန်ပြီး ပို၍ မြင့်မားမည်ကိုလည်းကောင်း၊ မိမိတို့ကိုယ်၌က ပစ်ပယ်ခြင်းခံရစဉ်တွင် အခြားသူများက ရိုသေကြည်ညိုခြင်း ခံရမည်ကိုလည်းကောင်း အစဉ် စိုးရွံနေသည့်သူအချို့ ရှိကြသည်။ ဤအရာက သူတို့ကို အခြားသူများအား တိုက်ခိုက်ပြီး ဖယ်ကြဉ်စေသည်။ ဤသည်မှာ မိမိတို့ကိုယ်တိုင်ထက် တတ်စွမ်းနိုင်သူတို့ကို မနာလိုဝန်တိုခြင်း ကိစ္စရပ်တစ်ခု မဟုတ်လော။ ထိုသို့သော အပြုအမူက တစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်ဖွယ် ဖြစ်သည် မဟုတ်လော။ ဤသည်မှာ မည်သည့် စိတ်သဘောထားမျိုး ဖြစ်ပါသနည်း။ ယင်းမှာ မလိုတမာစိတ် ဖြစ်၏။ မိမိအတွက်ကိုသာ စဉ်းစားခြင်း၊ မိမိ၏ကိုယ်ပိုင် စိတ်ဆန္ဒများကိုသာ ဖြည့်ဆည်းခြင်းနှင့် အခြားသူများ၏ တာဝန်ဝတ္တရားများအတွက် စာနာထောက်ထားမှု လုံးဝမပြဘဲ မိမိ၏ ကိုယ်ပိုင် အကျိုးများအကြောင်းကိုသာ စဉ်းစားပြီး ဘုရားအိမ်တော်၏ အကျိုးများကို မစဉ်းစားခြင်း- ဤသို့သော လူတို့သည် ဆိုးသော စိတ်သဘောထားတစ်ခု ပိုင်ဆိုင်ပြီး သူတို့အတွက် ဘုရားသခင်တွင် ချစ်ခြင်းမေတ္တာမရှိပါ။ ဘုရားသခင်၏ အလိုတော်ကို သင် အမှန်တကယ် အရေးထားနိုင်စွမ်းရှိပါက၊ အခြားလူတို့ကို မျှမျှတတ သင် ဆက်ဆံနိုင်လိမ့်မည်။ သင်သည် လူကောင်းတစ်ဦးကို ထောက်ခံအားပေးပြီး၊ ၎င်းအား အစွမ်းအစရှိဖို့ ပြုစုပျိုးထောင် ပေးကာ၊ ထိုသို့ဖြင့် ဘုရားသခင်၏အိမ်တော်၌ ပင်ကိုစွမ်းရည် ရှိသည့် နောက်ထပ်လူတစ်ဦး ရှိမည်ဆိုပါက၊ သင်၏အလုပ်သည် လုပ်ဆောင်ဖို့ သာ၍ လွယ်ကူလိမ့်မည် မဟုတ်လော။ သို့ဆိုလျှင် သင်သည် ဤတာဝန်၌ သင်၏ သစ္စာစောင့်သိခြင်းနှင့် လျော်ညီအောင်နေလိမ့်မည် မဟုတ်လော။ ဤသည်မှာ ဘုရားသခင် ရှေ့မှောက်၌ ကောင်းမှုတစ်ခုဖြစ်သည်။ ယင်းသည် ခေါင်းဆောင်ဖြစ်သည့်သူတစ်ဦး ပိုင်ဆိုင်သင့်သည့် အနည်းဆုံး အသိစိတ်နှင့် ဆင်ခြင်တုံတရား ဖြစ်ပေသည်။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်သော သူများသည် အမှုအရာများကို လုပ်ဆောင်နေချိန်တွင် ဘုရားသခင်၏စိစစ်ခြင်းကို လက်ခံနိုင်ကြသည်။ သင်သည် ဘုရားသခင်၏စိစစ်ခြင်းကို လက်ခံသောအခါ၊ သင်၏စိတ်နှလုံးသည် အမြင်မှန်ရစေခြင်း ခံရသည်။ အကယ်၍ သင်သည် အခြားသူများ မြင်စေရန်အတွက်သာ လုပ်ဆောင်ပြီး ဘုရားသခင်၏စိစစ်ခြင်းကို လက်မခံပါက၊ သင်၏စိတ်နှလုံးထဲ၌ ဘုရားသခင် ရှိသေးသလော။ ဤကဲ့သို့သောလူများမှာ ဘုရားသခင်ကို ကြောက်ရွံ့ခြင်း မရှိကြချေ။ သင်၏အကျိုးအတွက်သာ အစဉ်မလုပ်ဆောင်နှင့်၊ ပြီးလျှင် သင်၏ ကိုယ်ပိုင် အကျိုးစီးပွားကို စဉ်ဆက်မပြတ် ထည့်သွင်းမစဉ်းစားနှင့်။ သင်၏ ကိုယ်ပိုင်အဆင့်အတန်း၊ သိက္ခာ၊ သို့မဟုတ် ဂုဏ်သတင်းကို မစဉ်းစားနှင့်။ လူ၏ အကျိုးစီးပွားများကိုလည်း ထည့်သွင်းမစဉ်းစားနှင့်။ သင်သည် ပထမဦးစွာ ဘုရားသခင်၏အိမ်တော်၏အကျိုးများကို စဉ်းစားရမည်ဖြစ်ပြီး ယင်းတို့ကို သင်၏ဦးစားပေးချက် ဖြစ်စေရမည်၊ သင်သည် ဘုရားသခင်၏အလိုတော်ကို အရေးထားသင့်ပြီး၊ သင်၏ တာဝန်ကို ဖြည့်ဆည်းရာတွင် သင်သည် မစင်ကြယ်မှု ရှိခဲ့သည် မရှိခဲ့သည်၊ သစ္စာရှိဖို့ သင် အစွမ်းကုန် လုပ်ဆောင်ပြီးခြင်း ရှိမရှိ၊ သင်၏ တာဝန်များကို ဖြည့်ဆည်းရန် အကောင်းဆုံး သင် လုပ်ဆောင်ပြီး သင်၏အရာအားလုံး ပေးပြီးခြင်း ရှိမရှိဆိုသည်အပြင်၊ သင်၏ တာဝန်နှင့် ဘုရားအိမ်တော်၏ အမှုကို စိတ်နှလုံးအကြွင်းမဲ့ဖြင့် ဆင်ခြင်ခဲ့ခြင်း ရှိမရှိ ဆိုသည်တို့ကို ချင့်ချိန်စဉ်းစားခြင်းဖြင့် အစပြုသင့်သည်။ ဤအရာများကို သင် ထည့်သွင်းစဉ်းစားရမည်။ ယင်းတို့ကို မကြာခဏ တွေးလော့၊ ပြီးလျှင် သင်၏တာဝန်ကို ကောင်းစွာ ထမ်းဆောင်ရန် သင့်အတွက် သာ၍ လွယ်ကူလိမ့်မည်။ သင်၏အရည်အချင်း ညံ့ဖျင်းပါက၊ သင်၏အတွေ့အကြုံ ပေါ့တန်ပါက သို့မဟုတ် သင်၏ အသက်မွေးမှု အလုပ်တွင် မကျွမ်းကျင်ပါက၊ သင်၏အလုပ်၌ အမှားအယွင်းများ သို့မဟုတ် အပြစ်အနာအဆာများ အချို့ ရှိကောင်းရှိနိုင်ပြီး၊ ရလဒ်များမှာလည်း အလွန်ကောင်းချင်မှ ကောင်းပေမည်- သို့သော် သင်သည် သင်၏ အကောင်းဆုံး အားထုတ်မှုကို ပေးပြီးဖြစ်ပေလိမ့်မည်။ သင် လုပ်ဆောင်သောအရာများ၌ သင်၏ ကိုယ်ပိုင် တစ်ကိုယ်ကောင်းဆန်သော စိတ်ဆန္ဒများကို စဉ်းစားခြင်းမရှိ သို့မဟုတ် သင်၏အကျိုးကို ထည့်သွင်းစဉ်းစားခြင်း မပြုသကဲ့သို့၊ ထိုသို့ပြုမည့်အစား ဘုရားသခင်၏အိမ်တော်၏ အလုပ်ကို စဉ်ဆက်မပြတ် ထည့်သွင်းစဉ်းစားပြီး၊ ယင်း၏ အကျိုးများကို စဉ်းစားနေကာ၊ သင်၏တာဝန်ကို ကောင်းစွာထမ်းဆောင်သောအခါ၊ သင်သည် ဘုရားသခင်ရှေ့၌ ကောင်းသောအကျင့်များကို စုဆောင်းနေခြင်း ဖြစ်လိမ့်မည်။ ဤကောင်းသော လုပ်ဆောင်ချက်များ ရှိကြသောလူများသည် သမ္မာတရား စစ်မှန်မှုကို ပိုင်ဆိုင်သောသူများ ဖြစ်သည်၊ ထိုသို့ဖြင့် ၎င်းတို့သည် သက်သေခံကြပြီး ဖြစ်သည်။ အကယ်၍ သင်သည် သင်၏တစ်ကိုယ်ကောင်းဆန်သော ဆန္ဒများကိုသာ စဉ်ဆက်မပြတ် ဖြည့်ဆည်းရင်း၊ ဇာတိပကတိအားဖြင့်အမြဲ အသက်ရှင်နေပါက၊ ထိုသို့သော လူများသည် သမ္မာတရား စစ်မှန်မှုကို ပိုင်ဆိုင်ခြင်းမရှိပေ။ ဤသည်မှာ ဘုရားသခင်ကို ဂုဏ်သရေညှိုးခြင်း ဆောင်ကြဉ်းမှု၏ အမှတ်အသားဖြစ်၏။ သင်က “ကျွန်ုပ်သည် မည်သည့်အရာကိုမျှ မလုပ်ရသေးပါ၊ ကျွန်ုပ်သည် ဘုရားသခင်ကို အဘယ်သို့ အရှက်ရစေခဲ့သနည်း”ဟု ဆိုသည်။ သင်၏လုပ်ဆောင်ချက်များ နောက်ကွယ်မှ သင်၏ အတွေးများနှင့် စိတ်ကူးများ၊ ရည်ရွယ်ချက်များ၊ ရည်မှန်းချက်ပန်းတိုင်များနှင့် စေ့ဆော်မှုများနှင့် သင် ပြုခဲ့ပြီးသောအရာများ၏ အကျိုးဆက်များ၌၊ သင်သည် စာတန်ကို နည်းလမ်းတိုင်းတွင် ကျေနပ်အားရနေစေ၏၊ ၎င်း၏အဟားခံရသူဖြစ်နေပြီး၊ ၎င်းအား သင့်ထံမှ တစ်စုံတစ်ရာ ရယူခွင့်ပြုလျက်နေ၏။ သင်၌ ခရစ်ယာန်တစ်ဦးအနေဖြင့် ရှိသင့်သော သက်သေခံချက် နည်းနည်းမျှ မရှိပေ။ သင်သည် အရာခပ်သိမ်း၌ ဘုရားသခင်၏နာမတော်ကို အရှက်ရစေပြီး သင်၌ စစ်မှန်သော သက်သေခံချက် မရှိပေ။ ဘုရားသခင်သည် သင်ပြုခဲ့ပြီးသောအရာများကို အမှတ်ရမည်လော။ အဆုံးတွင် ဘုရားသခင်သည် သင်၏လုပ်ဆောင်ချက်များနှင့် သင် ထမ်းဆောင်ခဲ့သော တာဝန်များနှင့်ပတ်သက်၍ မည်သည့်ကောက်ချက်ကို ချမှတ်မည်နည်း။ ထိုအရာမှ တစ်စုံတစ်ရာ၊ ထွက်ဆိုချက်တစ်မျိုး လာရမည်မဟုတ်လော။ သမ္မာကျမ်းစာထဲတွင် သခင်ယေရှုက “ထိုနေ့၌ကား၊ သခင်၊ သခင်၊ အကျွန်ုပ်တို့သည် ကိုယ်တော်အခွင့်နှင့် ဆုံးမဩဝါဒပေးပါပြီ မဟုတ်လော။ ကိုယ်တော်အခွင့်နှင့် နတ်ဆိုးတို့ကို နှင်ထုတ်ပါပြီမဟုတ်လော။ ကိုယ်တော်အခွင့်နှင့် များစွာသောတန်ခိုးတို့ကို ပြပါပြီမဟုတ်လောဟု အများသောသူတို့သည် လျှောက်ကြလိမ့်မည်။ ထိုသို့လျှောက်ကြသောအခါ သင်တို့ကို ငါအလျှင်းမသိ၊ အဓမ္မအမှုကို ပြုသောသူတို့၊ ငါ့ထံမှ ဖယ်ကြဟု ထိုသူတို့အား အတည့်အလင်း ငါပြောမည်။” ဟု ဆို၏။ သခင်ယေရှုသည် အဘယ်ကြောင့် ဤသို့ပြောခဲ့သနည်း။ သခင်၏နာမ၌ နာမကျန်းဖြစ်သူများကို ကုသပေး၍ နတ်ဆိုးများကို နှင်ထုတ်သောသူများ၊ သခင်၏နာမ၌ ဟောပြောရန် ခရီးသွားသူများသည် အဘယ်ကြောင့် အဓမ္မအမှုပြုသူများ ဖြစ်ခဲ့သနည်း။ ဤအဓမ္မအမှုပြုသူများမှာ မည်သူနည်း။ ၎င်းတို့သည် ဘုရားသခင်ကို မယုံကြည်သောသူများ ဖြစ်သလော။ ၎င်းတို့အားလုံး ဘုရားသခင်ကို ယုံကြည်ပြီး ဘုရားသခင်နောက်သို့ လိုက်ကြသည်။ ၎င်းတို့သည် ဘုရားသခင်အတွက် ပစ္စည်းဥစ္စာများကိုလည်း စွန့်လွှတ်ကြသည်၊ ဘုရားသခင်အတွက် ၎င်းတို့ကိုယ်ကို အသုံးခံကြပြီး ၎င်းတို့၏တာဝန်ကို ထမ်းဆောင်ကြသည်။ သို့သော်လည်း ၎င်းတို့၏တာဝန်ကို ထမ်းဆောင်ရာ၌ ၎င်းတို့သည် ကိုးကွယ်ဆည်းကပ်ခြင်းနှင့် သက်သေခံခြင်း ကင်းမဲ့ကြသဖြင့် ၎င်းမှာ အဓမ္မအမှုပြုခြင်း ဖြစ်ခဲ့သည်။ ဤအကြောင်းကြောင့် သခင်ယေရှုက “အဓမ္မအမှုကို ပြုသောသူတို့၊ ငါ့ထံမှ ဖယ်ကြ” ဟု ဆိုခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ“သင်၏စစ်မှန်သော စိတ်နှလုံးကို ဘုရားသခင်ထံ ပေးပြီး သမ္မာတရားကို သင် ရရှိနိုင်သည်” မှ

ငါ့နောက်ကွယ်တွင် လူအများအပြားသည် ရာထူးဂုဏ် အဆင့်အတန်းနှင့် သက်ဆိုင်သည့် ကောင်းချီးကို အငမ်းမရဖြစ်ကြသည်။ သူတို့သည် အစားအသောက်ကို တဝတပြဲ စားသောက်ကြပြီး အိပ်စက်ခြင်းကို နှစ်ခြိုက်ပြီ၊ ဇာတိပကတိကိုလုံးဝ ဂရုစိုက်ကာ ဇာတိပကတိကို ရှောင်လွှဲ၍မရဟု အစဉ် စိုးရိမ်နေ၏။ ထိုသူတို့သည် အသင်းတော်တွင် သူတို့၏ သင့်လျော်ရာတာဝန်ကို မဆောင်ရွက်ဘဲ၊ အသင်းတော်ကို ကပ်စားကြသည်။ သို့မဟုတ်ပါက ၎င်းတို့သည် သြဇာအာဏာရှိသော အနေအထားမှ အခြားသူများအပေါ် ဆရာလုပ်ကာ ၎င်းတို့၏ ညီအစ်ကို မောင်နှမများကို ငါ့နှုတ်ကပတ်တော်များဖြင့် ဆိုဆုံးမပေသည်။ ၎င်းတို့သည် ဘုရားသခင်၏အလိုတော်ကို ဆောင်ရွက်နေကြသည်ဟု ဆိုမြဲဆိုနေကြပြီး ၎င်းတို့သည် ဘုရားသခင်၏ ရင်းနှီးကျွမ်းဝင်သူများဟု အစဉ်အမြဲ ဆိုကြသည်- ဤသည်မှာ ရယ်ဖွယ်ပင် မဟုတ်လော။ အကယ်၍ သင့်ထံတွင် မှန်ကန်သော ရည်ရွယ်ချက်များရှိငြား၊ ဘုရားသခင်၏ အလိုတော်နှင့်အညီ အစေမခံနိုင်ပါက၊ သင်သည် မိုက်မဲနေခြင်းသာ ဖြစ်သည်။ သို့သော် အကယ်၍ သင်၏ ရည်ရွယ်ချက်များသည် မမှန်ကန်ကြဘဲ၊ သင်သည် ဘုရားသခင်ကို အစေခံသည်ဟု ဆိုနေသေးပါက၊ သင်သည် ဘုရားသခင်ကို ဆန့်ကျင်သောသူတစ်ဦး ဖြစ်ပြီး ဘုရားသခင်၏ အပြစ်ပေးခြင်းကို ခံထိုက်ပေသည်တကား။ ငါ၌ ထိုကဲ့သို့သောလူများအပေါ် သနားကြင်နာမှု မရှိလိုက်လေခြင်း။ ထိုသူတို့သည် ဘုရားသခင်၏အိမ်တော်တွင် ကပ်စားကြကာ ဇာတိပကတိနှင့်ဆိုင်သော ဇိမ်ခံစရာတို့ကို အစဉ်တပ်မက်ကြပြီး ဘုရားသခင်၏အကျိုးများအတွက် ထည့်သွင်းစဉ်းစားခြင်း မရှိကြပေ။ ထိုသူတို့သည် အစဉ် မိမိကောင်းကျိုးရှာပြီး ဘုရားသခင်၏အလိုတော်ကို အလေးမပေးကြပေ။ ၎င်းတို့ ပြုသမျှတို့ကို ဘုရားသခင်၏ ဝိညာဉ်တော်က စိစစ်ခြင်းကို ၎င်းတို့လက်မခံကြပေ။ ၎င်းတို့သည် ၎င်းတို့၏ ညီအစ်ကိုမောင်နှမများကို အစဉ်ပင် အကွက်ဆင်ပြီး လှည့်ဖြားကြသည်။ ထို့အပြင် စပျစ်ခြံတစ်ခြံထဲရှိ မြေခွေးကဲ့သို့ မျက်နှာနှစ်ဘက်ရှိသောကြောင့်၊ စပျစ်သီးများကို အစဉ်ခိုးကာ စပျစ်ခြံကို ဖြတ်နင်းသွားကြသည်။ ထိုသို့သောသူများသည် ဘုရားသခင်၏ ရင်းနှီးသူများ ဖြစ်နိုင်သလော။ သင်သည် ဘုရားသခင်၏ ကောင်းချီးများကို ရရှိရန် သင့်လျော်သလော။ သင်သည် သင်၏အသက်နှင့် အသင်းတော်အတွက် မည်သည့်ဝန်ထုပ်ဝန်ပိုးကိုမျှ မယူပေ။ သင်သည် ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်ကို ရရှိရန် သင့်လျော်သလော။ သင်ကဲ့သို့သောသူကို မည်သူက ယုံကြည်စိတ်ချဝံ့မည်နည်း။ သင်သည် ထိုကဲ့သို့ အစေခံသောအခါ၊ ဘုရားသခင်သည် သင့်အား ပို၍ကြီးမားသော တာဝန်ကို အပ်နှံဝံ့မည်လော။ ဤသည်မှာ အမှုတော်ကို နှောင့်နှေးကြန့်ကြာမှုများ ဖြစ်စေမည် မဟုတ်လော။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်၏အလိုတော်နှင့် သဟဇာတရှိစွာ အစေခံနည်း

လက်ရှိတွင် သင့်အား အသင်းတော် အနည်းငယ်ကို ဦးဆောင်စေသော်လည်း သင့်ကိုယ်သင် မစွန့်လွှတ်သည်သာမက၊ “ငါတို့သည် အခြားသူများ၏ ချုပ်ထိန်းခြင်း မခံသင့်သည့်အပြင် ယနေ့ခေတ်တွင် ငါတို့ တွေးခေါ်မြော်မြင်မှု ကင်းမဲ့စွာ နာခံခြင်း မပြုသင့်ဟု ဘုရားသခင် မြွက်ဆိုထားသကဲ့သို့၊ ဤအရာကို ဤနည်းဖြင့် ပြုလုပ်သင့်သည်ဟု ငါထင်သည်” ဟူသကဲ့သို့သော အရာများကို ပြောဆိုကာ သင့်ကိုယ်ပိုင် အယူအဆများနှင့် ထင်မြင်ချက်များကိုပင် ဖက်တွယ်ထားကြသည်။ ထို့အတွက်ကြောင့် သင်တို့အယောက်စီတိုင်းက သင်တို့ကိုယ်ပိုင် ထင်မြင်ချက်ကို ဆုပ်ကိုင်ပြီး မည်သူမျှ အချင်းချင်း မနာခံကြပေ။ သင်၏ အစေခံခြင်းမှာ ချောင်ပိတ်မိသည်ကို ရှင်းရှင်းလင်းလင်း သိသော်လည်း သင်သည် “ငါမြင်သည့်အတိုင်းဆိုလျှင် ငါ့နည်းလမ်းမှာ ပစ်မှတ်နှင့် မဝေးပေ။ မည်သို့ဖြစ်စေ ငါတို့ တစ်ဦးစီတွင် သဘောထား ကိုယ်စီရှိသည်- သင့်သဘောထားကို သင်ပြောပြီး ငါ့သဘောထားကို ငါပြောမည်။ သင့်ရူပါရုံများ အကြောင်းကို သင် မိတ်သဟာယပြုပြီး ငါ့ဝင်ရောက်မှု အကြောင်းကို ငါပြောမည်” ဟု သင်ပြောနေသေးသည်။ ကိုင်တွယ်ဖြေရှင်းသင့်သည့်အရာ မြောက်မြားစွာအတွက် သင် လုံးဝ တာဝန်ယူခြင်းမရှိ၊ သို့မဟုတ် သင်တို့ကိုယ်စီက မိမိကိုယ်ပိုင် ထင်မြင်ချက်များကို ရင်ဖွင့်နေပြီး မိမိကိုယ်ပိုင် အဆင့်အတန်း၊ ဂုဏ်သတင်းနှင့် မျက်နှာကို နှိုင်းချင့်စွာ ကာကွယ်နေကြကာ အမှန်ပင် ကြံဖန် လုပ်ဆောင်ကြသည်။ သင်တို့အနက်မည်သူမျှ မိမိကိုယ်ကိုယ် နှိမ့်ချလိုစိတ် မရှိသည့်အပြင်၊ အသက်တာသည် ပို၍မြန်ဆန်စွာ တိုးတက်နိုင်ရန်အလို့ငှာ မိမိကိုယ်ကိုယ် စွန့်လွှတ်ပြီး တစ်ဦးနှင့်တစ်ဦး၏ ပျော့ကွက်များကို ထေမိစေဖို့ရာ မည်သည့်ဘက်ကမျှ အစပျိုးလိမ့်မည်မဟုတ်ချေ။ သင်တို့ အတူတကွ ပူးပေါင်းလုပ်ဆောင်ကြသောအခါ၊ သမ္မာတရားကို ရှာဖွေဖို့ သင်ယူသင့်ကြ၏။ သင်တို့က၊ “ကျွန်ုပ်သည် သမ္မာတရား၏ ဤရှုထောင့်နှင့်ဆိုင်သော ရှင်းလင်းသည့် သိနားလည်မှု မရှိပါ။ ယင်းနှင့် ပတ်သက်၍ သင် မည်သည့်အတွေ့အကြုံ ရှိပါသနည်း။” ဟု ပြောနိုင်သည်၊ သို့မဟုတ် “ဤရှုထောင့်နှင့်စပ်လျဉ်း၍ သင်သည် ကျွန်ုပ်ထက် အတွေ့အကြုံ ပိုရှိသည်။ ကျေးဇူးပြု၍ လမ်းညွှန်ချက်တစ်ချို့ ကျွန်ုပ်ကို ပေးနိုင်မည်လော” ဟု သင် ပြောနိုင်သည်။ ယင်းသည် ထိုအကြောင်းနှင့် ပတ်သက်၍ လုပ်ဆောင်ရမည့် နည်းလမ်း ကောင်းဖြစ်မည် မဟုတ်လော။ သင်သည် တရားဒေသနာများစွာ နားထောင်ပြီးဖြစ်ကာ အစေခံမှုလုပ်ဆောင်ခြင်းနှင့်ပတ်သက်၍ အတွေ့အကြုံအချို့ ရှိထားပြီးဖြစ်သည်။ အသင်းတော်များတွင် အလုပ် လုပ်ဆောင်နေချိန်တွင် သင်သည် အချင်းချင်းထံမှ သင်ယူခြင်းမရှိ၊ အချင်းချင်း ကူညီခြင်းမရှိ၊ အချင်းချင်း၏ အားနည်းချက်များကို ထေမိစေခြင်း မရှိပါက၊ သင်ခန်းစာ တစ်ခုတလေကို သင်မည်သို့ သင်ယူနိုင်မည်နည်း။ တစ်စုံတစ်ခုကို ကြုံတွေ့သောအခါတိုင်း သင်တို့၏ အသက်တာများက အကျိုးရရှိနိုင်ရန်အတွက် သင်တို့အချင်းချင်း မိတ်သဟာယ ပြုပေးသင့်သည်။ ထို့ပြင် သင်တို့သည် မည်သည့် ဆုံးဖြတ်ချက်ကိုမျှ မချခင် မည်သည့်အမှုအရာမျိုးနှင့် ပတ်သက်၍မဆို ဂရုတစိုက် မိတ်သဟာယပြုပေးသင့်သည်။ ထိုသို့ပြုခြင်းဖြင့်သာလျှင် ဝတ်ကျေတမ်းကျေမျှသာ လုပ်ဆောင် နေခြင်းထက် အသင်းတော်အတွက် တာဝန်ယူနေခြင်းဖြစ်သည်။ အသင်းတော်များ အားလုံးကို လည်ပတ်ပြီးသောအခါ အတူတကွ စုဝေးပြီး သင်တွေ့ရှိထားသော အရေးကိစ္စများအားလုံးနှင့် သင့်အလုပ်တွင် ကြုံတွေ့ရသည့် ပြဿနာများ အကြောင်းတို့ကို မိတ်သဟာယပြုပြီးနောက် သင်ရရှိပြီးသည့် ဉာဏ်အလင်းရခြင်း နှင့် အလင်းပေးခြင်းအကြောင်းကို ပြောပြသင့်သည်၊ ဤသည်မှာ မရှိမဖြစ်လိုအပ်သည့် အစေခံခြင်း၏ လက်တွေ့လုပ်ဆောင်မှုပင် ဖြစ်သည်။ သင်တို့သည် ဘုရားသခင်၏အမှုအလို့ငှာ၊ အသင်းတော်၏ အကျိုးအတွက်နှင့် သင်တို့၏ ညီအစ်ကို မောင်နှမများကို ရှေ့သို့ လှုံ့ဆော်ပေးရန်အလို့ငှာ သဟဇာတကျသော ပူးပေါင်းဆောင်ရွက်မှုကို ရယူဖန်တီးရမည်။ သင်တို့သည် ဘုရားသခင်၏ အလိုတော်ကို ပြုစုရန်အလို့ငှာ တစ်ဦးက နောက်တစ်ဦးကို ပြုပြင်၍ ပိုမိုကောင်းမွန်သော အလုပ်၏အကျိုးရလဒ်သို့ ရောက်ရှိကာ အချင်းချင်း ညှိုနှိုင်းလုပ်ဆောင်သင့်သည်။ ဤသည်မှာ မှန်ကန်သော ပူးပေါင်းဆောင်ရွက်ခြင်း ဖြစ်ပြီး ယင်း၌ ပါဝင်သောသူများသာ စစ်မှန်သောဝင်ရောက်မှုကို ရရှိလိမ့်မည်။ ပူးပေါင်း ဆောင်ရွက်ရာတွင်၊ သင်ပြောသော စကားအချို့မှာ မသင့်လျော်နိုင်သော်လည်း ၎င်းမှာ အရေးမကြီးပေ။ ယင်းကို နောက်မှ မိတ်သဟာယပြုပြီး ယင်းအပေါ် ရှင်းလင်းသော နားလည်မှု ရယူလော့။ ယင်းကို လျစ်လျူမရှုနှင့်။ ဤသို့သော မိတ်သဟာယမျိုးနောက်တွင် ညီအစ်ကို သို့မဟုတ် မောင်နှမများ၏ ပျော့ကွက်များကို သင်ထေမိစေနိုင်မည်။ အလုပ်ထဲတွင် ဤကဲ့သို့ ပို၍နက်နဲစွာ ရွေ့လျားသွားခြင်း အားဖြင့်သာ ပိုမိုကောင်းမွန်သော ရလဒ်များကို ရရှိနိုင်မည်။ ဘုရားသခင်ကို အစေခံသောသူများအဖြစ် သင်တို့တစ်ဦးစီသည် မိမိအကျိုးကိုသာလျှင် ထည့်တွက်မည့်အစား၊ သင်ပြုသော အရာတိုင်းတွင် အသင်းတော်၏အကျိုးကို ကာကွယ်နိုင်ရမည်။ အချင်းချင်း အားလျော့စေလျက် တစ်ဦးတည်း လုပ်ဆောင်နေသည်မှာ လက်ခံနိုင်စရာမရှိပေ။ ထိုသို့ပြုမူသော လူများမှာ ဘုရားသခင်ကို အစေခံရန် မသင့်တော်ချေ။ ထိုကဲ့သို့သော လူများတွင် ဆိုးရွားသော စိတ်သဘောထားရှိကာ သူတို့အထဲ၌ လူ့သဘောသဘာဝ တစ်စက်မျှမရှိပေ။ သူတို့သည် ရာနှုန်းပြည့် စာတန်ဖြစ်ကြတကား။ သူတို့သည် သားရဲများတည်း။ ယခုပင်လျှင် ထိုကဲ့သို့သောအရာများမှာ သင်တို့အထဲတွင် ပေါ်ပေါက်ဆဲဖြစ်သည်။ ယိုးမယ်ဖွဲ့စရာများကို တမင်တကာ ရှာဖွေပြီး အသေးအဖွဲကိစ္စအချို့ကို ငြင်းခုံကြစဉ် မျက်နှာတစ်ခုလုံး နီမြန်းလာကာ၊ မည်သူမျှ မိမိကိုယ်ကိုယ် လက်လျှော့လိုစိတ်မရှိ၊ လူတိုင်း သူ့အတွင်းစိတ်ကူးများကို တစ်ပါးသူထံမှ ဖုံးကွယ်ထားလျက် တစ်ဖက်သားကို မမှိတ်မသုန် စောင့်ကြည့်ပြီး အမြဲတမ်း သတိထားနေလျက်၊ မိတ်သဟာယ ပြုစဉ် အချင်းချင်း တိုက်ခိုက်သည်အထိပင် ဖြစ်ကြသည်။ ဤသို့သော စိတ်သဘောထားမျိုးမှာ ဘုရားသခင်အတွက် အစေခံခြင်းနှင့် သင့်လျော်သလော။ သင်တို့၏အလုပ်ကဲ့သို့သော အလုပ်က ညီအစ်ကိုမောင်နှမများကို တစ်စုံတစ်ရာ ဖြည့်စွမ်းပေးနိုင်သလော။ လူတို့ကို မှန်ကန်သော အသက်တာ လမ်းကြောင်းဆီသို့ သင် လမ်းမညွှန် ပေးနိုင်သည်သာမက၊ သင်၏ ညီအစ်ကိုမောင်နှမများထဲ၌ သင့်ကိုယ်၌၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို အမှန်ပင် ထည့်သွင်းပေးနေသည်။ အခြားသူများကို သင်နာကျင်စေနေသည် မဟုတ်လော။ သင့်အသိစိတ်မှာ ကြောက်မက်ဖွယ်ကောင်းပြီး ယင်းသည် ရိုးတွင်းခြင်ဆီအထိ ပုပ်ပျက်သည်တကား။ သင်သည် စစ်မှန်မှုထဲသို့ မဝင်ရောက်သည့်အပြင် သမ္မာတရားကိုလည်း သင် လက်တွေ့မကျင့်သုံးပေ။ ထို့ထက်မက အခြားသူများအား သင်၏ ဆိုးယုတ်သောသဘာဝကို အရှက်မရှိ ထုတ်ပြနေသည်။ သင်သည် အရှက်တရားကို တကယ်ပင် မသိချေ။ ဤညီအစ်ကို မောင်နှမများကို သင့်အား အပ်နှံထားသော်လည်း သင်သည် သူတို့ကို ငရဲသို့ ပို့ဆောင်နေသည်။ သင်သည် အသိစိတ် ပုပ်ပျက်သွားသောသူတစ်ဦး မဟုတ်ပေသလော။ သင်၌ အရှက်တရား လုံးဝမရှိချေ။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဣသရေလအမျိုးသားများ အစေခံခဲ့သကဲ့သို့ အစေခံလော့

လူအချို့သည် ၎င်းတို့၏ တာဝန်ကို ဆောင်ရွက်သည့် ပုံစံတွင် တာဝန်မဲ့ကြသည်။ ဤအရာ၏ရလဒ်သည် အမြဲ ပြန်လုပ်ရမည့် ဖြစ်ကတတ်ဆန်းအလုပ် ဖြစ်ပြီး၊ ယင်းသည် ရှေ့ဆက် တိုးတက်မှုအပေါ် ပြင်းထန်သော သက်ရောက်မှုတစ်ခု ရှိလေသည်။ ဤအရာအတွက် အတွေ့အကြုံ မလုံလောက်ခြင်းနှင့် အတတ်ပညာ ဆိုင်ရာ မပြည့်စုံခြင်းများအပြင် အခြားအကြောင်းပြချက် တစ်ခုတစ်လေ ရှိသလော။ အတတ်ပညာနှင့် အတွေ့အကြုံတို့ကို တဖြည်းဖြည်း လေ့လာ၍ စုဆောင်းနိုင်၏၊ သို့သော် လူတို့အနေဖြင့် မိမိတို့၏ စိတ်သဘောထားနှင့် ပတ်သက်သည့် ပြဿနာများ ရှိပါက၊ ဤပြဿနာကို မည်သို့ ဖြေရှင်းသင့်သနည်း။ လူတို့အနေဖြင့် ပြုပြင်ခံရပြီး ကိုင်တွယ်ဖြေရှင်းခံရဖို့ လိုအပ်သည်။ အချင်းချင်း စောင့်ကြည့်စစ်ဆေးပြီး သမ္မာတရားကို လိုက်စားဖို့ လိုအပ်သည်။ တာဝန်ကို ဆောင်ရွက်ရာတွင် အမြဲပြန် လုပ်ဆောင်ရမည့် အလုပ်ဖြစ်စေသည့် အကြီးမားဆုံးသော ပြဿနာမှာ အတတ်ပညာဆိုင်ရာ မပြည့်စုံမှု မဟုတ်သည့်အပြင် မလုံလောက်သော အတွေ့အကြုံလည်း မဟုတ်ပေ။ ယင်းမှာ လူတို့သည် မိမိကိုယ်ကိုယ် မှန်သည်ဟုမှတ်ယူကြပြီး အလွန့်အလွန် မာနထောင်လွှားကြကာ တစ်စုံတစ်ရာကို ၎င်းတို့ ပြီးစီးအောင် လုပ်ဆောင်သည့်အခါ ၎င်းတို့၏ အလုပ်က ကိုယ်ပိုင် အရည်အသွေးဖြင့် မရပ်တည်နိုင်သောကြာင့် အားထုတ်မှု အချည်းနှီးဖြစ်ရသည့် အကျိုးဆက်ဖြင့်၊ ၎င်းတို့သည် လိုက်ဖက်ညီစွာ ပူးပေါင်းလုပ်ဆောင်ခြင်းမရှိဘဲ တစ်ကိုယ်တည်း နှင့် ထင်ရာမြင်ရာ လုပ်ဆောင်တတ်ကြခြင်းသာ ဖြစ်သည်။ ဤအရာ၏ နောက်ကွယ်က အဆိုးရွားဆုံး ပြဿနာမှာ အဘယ်နည်း။ (လူသား၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားဖြစ်ပါသည်။) ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခုသည် ၎င်းနှင့်အတူ ကြီးမားသည့် အတားအဆီးများ ယူဆောင်လာသည်။ ၎င်းတို့၏ တာဝန်များ လူတို့ ဆောင်ရွက်ခြင်း အကျိုးကို ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခု၏ မည်သည့်ကဏ္ဍများက ထိခိုက်သနည်း။ (မာနထောင်လွှားခြင်းနှင့် မိမိကိုယ်ကိုယ် မှန်ကန်သည်ဟု မှတ်ယူခြင်းဖြစ်ပါသည်။) အပြုအမူတွင် မာနထောင်လွှားခြင်းနှင့် မိမိကိုယ်ကိုယ်မှန်ကန်သည်ဟု မှတ်ယူခြင်းတို့ကို အဘယ်သို့ ပြသနည်း။ တစ်ကိုယ်တည်း ဆုံးဖြတ်ချက်များခြင်း၊ အခြားသူများကို နားမထောင်ခြင်း၊ အခြားသူများနှင့် မတိုင်ပင်ခြင်း၊ လိုက်ဖက်ညီစွာ ပူပေါင်းမလုပ်ဆောင်ခြင်းနှင့် အမှုအရာများကို အမြဲ နောက်ဆုံးအဆုံးအဖြတ် ပေးလိုခြင်း တို့ဖြစ်သည်။ အသီးသီးက မိမိတို့၏ ကိုယ်ပိုင်အလုပ်ကို အာရုံစိုက်လျက်၊ ကောင်းမြတ်သော ညီအစ်ကို မောင်နှမများ အနည်းငယ်သည် သီးသန့်တာဝန်တစ်ခုကို ဆောင်ရွက်ဖို့ ပူးပေါင်း လုပ်ဆောင်ကောင်း လုပ်ဆောင်နိုင်သော်လည်း၊ အဖွဲ့ခေါင်းဆောင် သို့မဟုတ် ကြီးကြပ်ကွပ်ကဲသည့်လူက နောက်ဆုံးအဆုံးအဖြတ် အမြဲပေးချင်လေသည်။ မည်သည့်အရာကို ၎င်းတို့ လုပ်ဆောင် နေကြပါစေ၊ အခြားသူများနှင့် လိုက်ဖက်ညီစွာ ဘယ်သောအခါမျှ ၎င်းတို့ ပူးပေါင်းမလုပ်ဆောင်သကဲ့သို့ မိတ်သဟာယတွင် မပါဝင်ကြပေ၊ ပြီးလျှင် ပထမဦးစွာ အခြားသူများနှင့်အတူ အများသဘော ယူခြင်းမရှိဘဲ အမှုအရာများကို မဆင်မခြင် စတင်လုပ်ဆောင်ကြသည်။ ၎င်းတို့သည် မိမိတို့ကိုသာ အယောက်တိုင်းအား နားထောင်စေပြီး ဤတွင် ပြဿနာ ရှိလေသည်။ ထို့အပြင်၊ အခြားသူများက ပြဿနာကို မြင်ကြသော်လည်း ကြီးကြပ်ကွပ်ကဲသည့်လူကို တားဆီဖို့ ထွက်မလာသည့်အခါ၊ နောက်ဆုံးတွင် ပါဝင်သည့် အယောက်တိုင်းက လုပ်ငန်းစဉ်တွင် မိမိတို့ကိုယ်ကိုယ် ခြေကုန်လက်ပန်းကျစေလျက် မိမိတို့၏ အလုပ်ကို ပြန်လုပ်ဖို့ ဖြစ်ရသည့် အခြေအနေတစ်ခုထဲ ရောက်ရှိရသည့် အကျိုးဆက် ဖြစ်ပေါ်လေသည်။ သို့ဆိုလျှင်၊ အခြားလူများသည်လည်း တာဝန် ရှိပါသလော။ (ရှိပါသည်။) တစ်နည်းအားဖြင့်၊ ကြီးကြပ် ကွပ်ကဲသူသည် ၎င်းတို့၏ နည်းလမ်းအတိုင်း အမှုအရာများကို မရမက လုပ်ဆောင်ရင်း တစ်ကိုယ်တည်းနှင့် ထင်ရာမြင်ရာ ပြုမူပြီး အခြားသူများက ၎င်းတို့ကို ရပ်တန့်ဖို့ ဘာမျှ မလုပ်ဆောင်ကြပေ၊ ပို၍ဆိုးရွားသည့်အရာမှာ ၎င်းတို့က ရှေ့ဆက် လိုက်ပါ၍ပင် သွားကြလေသည်။ ဤအရာက ၎င်းတို့ကို ကြံရာပါများဖြစ်စေသည် မဟုတ်လော။ ဤလူကို သင့်အနေဖြင့် ကန့်သတ်ခြင်းမရှိ၊ တားဆီးခြင်းမရှိ၊ သို့မဟုတ် ဖော်ထုတ်ခြင်းမရှိဘဲ ယင်းအစား ၎င်းတို့နောက်လိုက်ပြီး သင့်ကို ကြိုးကိုင်ခြယ်လှယ်ခွင့်ပေးပါက၊ စာတန်၏ နှောင့်ယှက်ခြင်း အလုပ်ကို သင် ဇက်ပုံပေးလိုက်ခြင်း ဖြစ်သည် မဟုတ်လော။ ဤသည်မှာ သေချာပေါက် သင်၏ ပြဿနာဖြစ်သည်။ အခြားတစ်ဘက်တွင်၊ ပြဿနာတစ်ခုကို သင်မြင်သော်လည်း သတင်းမပို့၊ ယင်းအစား ထောက်ခံသည့် လူတစ်ဦး၏ ကဏ္ဍမှ ပါဝင်နေသည့်အခါ၊ ဤသည်မှာ သစ္စာမစောင့်သိခြင်းနှင့်ဆိုင်သည့် ထုတ်ဖော်ပြသမှုတစ်ခု ဖြစ်သည် မဟုတ်လော။ ဟုတ်ပေ၏၊ ဤအရာသည်- ဘုရားသခင်အပေါ် သစ္စာစောင့်သိမှုမရှိခြင်းနှင့်ဆိုင်သော ထုတ်ဖော်ပြသမှုတစ်ခု- အတိအကျဖြစ်သည်။ ဤပြဿနာကို အလွန်ဆိုးရွားစေသည်မှာ စာတန်၏ ကြံရာပါအဖြစ် သင် အမြဲ ပြုမူ၏၊ ၎င်း၏ ဧည့်ကြိုနှင့် နောက်လိုက်အဖြစ် သင် အစေခံပြီး သင်၏ တာဝန်နှင့် ဝတ္တရားအပေါ် သင်သည် သစ္စာစောင့်သိခြင်း စိုးစဉ်းမျှမရှိဘဲ၊ စာတန်ကို အတော် သစ္စာရှိခြင်း ဖြစ်သည်။ အတတ်ပညာဆိုင်ရာ မပြည့်စုံခြင်းနှင့် စပ်လျဉ်း၍၊ အလုပ်လုပ်နေစဉ်တွင် စဉ်ဆက်မပြတ် သင်ယူဖို့နှင့် သင်၏ အတွေ့အကြုံကို အတူတကွ ရယူဖို့မှာ ဖြစ်နိုင်၏။ ထိုသို့သော ပြဿနာများကို အလွယ်တကူ ဖြေရှင်း၍ ရသည်။ ဖြေရှင်းဖို့ အခက်ခဲဆုံးသော အရာမှာ လူသား၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ဖြေရှင်းဖို့ ဖြစ်သည်။ ဤအရာကို မဖြေရှင်းပါက၊ သမ္မာတရားကို သင်မလိုက်စားဘဲ၊ အမြဲ အရှုံးပေးကာ ထောက်ခံသောလူအဖြစ် ပါဝင်နေပါက၊ ပြီးလျှင် တာဝန်ဝတ္တရားကို သင် မသယ်ပိုးပါက၊ အကယ်၍ တစ်စုံတစ်ယောက်က တစ်စုံတစ်ရာ အမှားလုပ်မိသည့်အခါ သင်က ထိုအရာနှင့်ပတ်သက်၍ မရှင်းပြ သို့မဟုတ် မဖော်ထုတ်သကဲ့သို့ ၎င်းတို့ကို ကိုင်တွယ်ဖြေရှင်းခြင်း မရှိပါက၊ ပြီးလျှင် ဘုရား အိမ်တော်၏ အလုပ်ကို ပြက်လုံးတစ်ခု၊ ကစားပွဲတစ်ခုအဖြစ် သင် မှတ်ယူပါက၊ ထို့အပြင် သင်၏ တာဝန်နှင့် ဝတ္တရားကို သင် မဖြည့်ဆည်းပါက၊ အလုပ်၏ တိုးတက်မှုသည် အကြိမ်ကြိမ် နှောင့်နှေးလိမ့်မည်ဖြစ်သည်။ တာဝန်ကို ထိုသို့သော ထမ်းဆောင်ခြင်းသည် သစ္စာမရှိပေ။

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ“လျော်ကန်သော တာဝန်ဖြည့်ဆည်းခြင်းသည်လိုက်ဖက်ညီသော ပူးပေါင်းလုပ်ဆောင်ခြင်း လိုအပ်သည်” မှ

လူအချို့က တာဝန်ယူထမ်းရွက်ဖို့ကို အထူးသဖြင့် ကြောက်ရွံ့ကြသည်။ ဘုရားအိမ်တော်က ၎င်းတို့အတွက် အလုပ်ချပေးပါက ယင်းအလုပ်၌ တာဝန်ယူရခြင်း ပါမပါကို သိလိုကြသည်။ တစ်စုံတစ်ယောက်က ၎င်းတို့အား “တာဝန်အချို့ကို သေချာပေါက် ယူရလိမ့်မည်၊ ထို့ပြင် အလုပ်ကောင်းကောင်းမလုပ်လျှင် အပြစ်ပေးခြင်းကို ဧကန်မုချ ခံရလိမ့်မည်” ဟု ပြောသည့်အခါ၊ ၎င်းတို့က “သို့ဆိုလျှင် ကျွန်ုပ်အရင်စဉ်းစားပါရစေဦး” ဟု ပြောကြသည်။ ၎င်းတို့က တစ်ညတာ စဉ်းစားပြီး နောက်တစ်နေ့တွင် “ကျွန်ုပ် အမှန်တကယ်ပင် သေသေချာချာ ထည့်တွက်စဉ်းစားပြီးပါပြီ၊ ဤတာဝန်က ကျွန်ုပ်နှင့် သိပ်မသင့်တော်ဟု ခံစားရသည်။ အခြားတစ်ယောက်ကို သင်ရှာသင့်သည်ဟု ကျွန်ုပ်ထင်သည်” ဟု ပြောလျက် ငြင်းဆိုကြသည်။ ဤပုဂ္ဂိုလ်သည် မည်သည့်အရာကို ငြင်းဆိုနေသနည်း။ တာဝန်ပေးစေခိုင်းချက်တစ်ခုကို ငြင်းဆိုနေခြင်း ဖြစ်သည်။ အလုပ်တစ်ခု ပေးအပ်ခြင်း ခံရသည့်အခါ မယုံကြည်သူများ အကြားတွင် အနည်းငယ်သော ကြိုးစားအားထုတ်မှုမျှဖြင့် ပြီးဆုံးနိုင်သည့် အလုပ်တစ်ခုကို လုပ်နေသည့်အလား ယင်းအလုပ်သည် လွယ်ကူလိမ့်မည်ဟု အစပိုင်းတွင် စိတ်ကူးကြသည့် လူအချို့ရှိကြသည်။ ထို့နောက်တွင် အလုပ်က ၎င်းတို့စိတ်ကူးထားသကဲ့သို့ မလွယ်ကူသည်ကို တွေ့လိုက်ရသည့်အခါ ၎င်းတို့က လှည့်ကွက်တစ်ခုကို ဉာဏ်ဆင်ကြသည်။ “တာဝန်ယူရခြင်းကို ခေါင်းရှောင်ရန်အတွက် ပေါ်လာသည့် မည်သည့်ပြဿနာကိုမဆို ချက်ချင်းအစီအရင်ခံပြီး ခေါင်းဆောင်ကိုသာ သွားဖြေရှင်းခိုင်းမည်။ ခေါင်းဆောင်က စိတ်တိုင်းကျ ဖြေရှင်းနိုင်သည်ပင်။ မည်သို့ဖြစ်ဖြစ် ငါ့အစီရင်ခံစာကို ပြင်ထားနှင့်လိုက်မည်၊ သို့ဆိုလျှင် ယင်းကို ဖြေရှင်းရန်မှာ ခေါင်းဆောင်၏သဘောသာ ဖြစ်လိမ့်မည်။ ငါ့အနေနှင့် တာဝန်ယူစရာ မလိုတော့။ ယင်းကိစ္စကို သူတို့သေချာကိုင်တွယ်လိုက်လျှင် ဤအလုပ်ကို ငါဆက်လုပ်နိုင်မည်၊ သူတို့သေချာမကိုင်တွယ်လျှင်လည်း ယင်းက ငါနှင့် လုံးဝမသက်ဆိုင်။ ငါကိုင်တွယ်ဖြေရှင်းခံရမည် မဟုတ်၊ အဆိုးဆုံးဖြစ်လာလျှင်ပင် အသင်းတော်ထဲမှ ထုတ်ပယ်ခံရမည့်အရေးကို မဆိုထားနှင့်၊ ငါအလုပ်ဖြုတ်ခံရသည်အထိပင် ဆိုးလိမ့်မည်မဟုတ်။” ဤသည်မှာ ၎င်းတို့၏ ရည်ရွယ်ချက်ဖြစ်သည်။ ရလဒ်အနေဖြင့် ၎င်းတို့က ပြဿနာအချို့ကို တွေ့ကြုံခံစားရသည်နှင့်တစ်ပြိုင်နက် ၎င်းတို့လုပ်သည့် တစ်ခုတည်းသောအရာမှာ ခေါင်းဆောင်ကို ဖုန်းဆက်ပြီး သူတို့ဘာသာ မကိုင်တွယ်နိုင်ကြောင်းကို ပြောခြင်းသာဖြစ်သည်။ ခေါင်းဆောင်က ၎င်းတို့လုပ်သင့်သည့်အရာကို ပြောလာလျှင် ၎င်းတို့က ယင်းကို မလုပ်ဆောင်နိုင်ရခြင်းအတွက် အခြားဆင်ခြေအချို့ကိုပေးပြီး ယင်းကိစ္စကို ခေါင်းဆောင်အား ဖြေရှင်းခိုင်းလေသည်။ ပြဿနာတစ်ခုကို ရင်ဆိုင်ရသည့်အခါ၊ ၎င်းတို့သည် ယင်းပြဿနာကို သုံးသပ်ခြင်းမရှိသကဲ့သို့ ယင်းနောက်ကွယ်က သမ္မာတရား အခြေခံသဘောတရားများကို မရှာဖွေသည်သာမက ကိုင်တွယ်ဖြေရှင်းရန် နည်းလမ်းကို ရှာတွေ့ဖို့ ကြိုးစားခြင်းလည်း မရှိပေ။ ထိုအစား ၎င်းတို့သည် မိမိတို့၏တာဝန်အား မိမိတို့ဘာသာ မည်သို့ဖြေရှင်းနိုင်မည်ကို စဉ်းစားခြင်းမရှိဘဲ တာဝန်ကို ဖယ်ရှားဖို့သာ အစဉ်ကြိုးစားရင်း ယင်းကို ဖြေရှင်းပေးမည့် ခေါင်းဆောင်ကို ရှာဖွေရန် အတတ်နိုင်ဆုံး ကြိုးစားကြသည်။ ၎င်းတို့၏တာဝန်ကို ဤနည်းလမ်းဖြင့် ထမ်းဆောင်ခြင်းသည် ဘုရားသခင်အတွက် ဆက်ကပ်အပ်နှံခြင်းကို ပြနေသလော။ (မပြပါ။) ဤသည်မှာ တာဝန်ကို ဖယ်ရှားခြင်းနှင့် မိမိတို့၏တာဝန်ကို လျစ်လျူရှုခြင်းဟု ခေါ်သည်။ ၎င်းတို့သည် လှည့်ဖြားတတ်သောဟန်ပန်ဖြင့် ပြုမူပြီး တာဝန်ယူဖို့ ငြင်းပယ်ကြသည်။ ၎င်းတို့သည် မိမိတို့၏အားထုတ်မှုကိုသာ ပေးပြီး မိမိတို့၏စိတ်နှလုံးကို မပေးပေ။ “ဤအရာကို ငါတာဝန်ယူလိုက်ပြီး အဆုံး၌ အမှားလုပ်မိသွားပါက မည်သို့လုပ်မည်နည်း” ဟု တွေးကြသည်။ ဤသည်မှာ ၎င်းတို့စိုးရိမ်မှုများ၏ အချက်အချာ၌ ရှိနေသည်။ ကောင်းပြီ၊ အမှားများ မလုပ်မိဖို့ သင်ကြိုးစားနိုင်သလော။ လူတိုင်း အမှားများ လုပ်ကြသည်။ ၎င်းတို့၏ရည်ရွယ်ချက်များက မှန်ကန်သော်လည်း ၎င်းတို့၌ အတွေ့အကြုံမရှိပါက၊ ၎င်းတို့က အလားတူပြဿနာကို ယခင်က တစ်ခါမျှ မကိုင်တွယ်ဖူးသော်လည်း အစွမ်းကုန် ကြိုးစားလုပ်ဆောင်ပါက ဘုရားသခင်သည် ယင်းကို တွေ့လိမ့်မည်ဟု သင်ထင်သလော။ သူတွေ့မြင်လိမ့်မည်ဟု ၎င်းတို့က မထင်ကြပေ။ ၎င်းတို့က “မဟုတ်ပါ၊ အချိန်ကျလာသည့်အခါ မည်သည့်အမှားအတွက်မဆို ကျွန်ုပ် တာဝန်ခံရမည်ပင်။ အစွမ်းကုန် ကြိုးစားနေ၍ ဘာအကျိုးထူးမည်နည်း။ အစွမ်းကုန် ကျွန်ုပ်ကြိုးစားခဲ့ကြောင်းကို မည်သူသိမည်နည်း။ မည်သူ မြင်သနည်း။ ကိုင်တွယ်ဖြေရှင်းခံရသူသည် ကျွန်ုပ်ပင် ဖြစ်လိမ့်မည် မဟုတ်လော။ ကျွန်ုပ်၌ အဓိကတာဝန်ရှိလိမ့်မည် မဟုတ်လော။ ကျွန်ုပ်ခံရသည့် မတရားမှုများအကြောင်းကို မည်သည့်အရပ်၌ သွားပြော၍ရမည်နည်း” ဟု ပြောကြသည်။ ဘုရားသခင်၏အိမ်တော်၌ မည်သို့လျှင် မတရားမှုတို့ ရှိနိုင်မည်နည်း။ တစ်စုံတစ်ဦးက သင့်ကို မတရားသဖြင့် ကိုင်တွယ်ဖြေရှင်းလျှင်ပင် ဘုရားသခင်က ယင်းကို မြင်နိုင်သည်။ ထိုအရာကို သင်ယုံကြည်ရမည်။ ဘုရားသခင်သည် အရာအားလုံးကို စစ်ဆေးပြီး လူတို့၏စိတ်နှလုံးကိုလည်း သူစစ်ဆေးသည်။ သင့်အနေဖြင့် ထိုအရာကိုပင် မယုံကြည်ပါက သင်၏တာဝန်ကို သင်ထမ်းဆောင်သည်ဖြစ်စေ၊ မထမ်းဆောင်သည်ဖြစ်စေ ဘာမျှထူးမည် မဟုတ်။ တာဝန်ယူထမ်းရွက်ရန် ကြောက်ရွံ့သဖြင့် ပြဿနာ ပေါ်ပေါက်သည့်အခါတိုင်း ၎င်းတို့ဦးစွာလုပ်ဆောင်သည့်အရာမှာ ခေါင်းဆောင်တစ်ဦးကို ရှာဖွေခြင်းဖြစ်သည်။ ၎င်းတို့အနေဖြင့် ပြဿနာကို မိမိတို့ဘာသာ ဦးစွာကိုင်တွယ်ပြီး ဖြေရှင်းမည့်အစား ပြဿနာအကြောင်း ခေါင်းဆောင်ကို ပြောပြကြသည်။ ပြဿနာကို မိမိတို့ဘာသာလည်း ဖြေရှင်းနေပြီး ခေါင်းဆောင်ကိုလည်း အကြောင်းကြားကြသည့် လူအချို့ရှိသည်မှာ မှန်ပေ၏၊ သို့သော်လည်း အခြားသူများက ထိုသို့မလုပ်ကြပေ- ခေါင်းဆောင်ကို အကြောင်းကြားပြီးသည့်နောက်တွင် ၎င်းတို့က ပြဿနာကို စတင်စီမံခန့်ခွဲမည့်အစား ထိုင်စောင့်နေကြသည်။ အမိန့်များကိုသာ မလှုပ်မယှက် စောင့်စားနေကြသည်။ ခေါင်းဆောင်က လမ်းကို ညွှန်ပြသည့်အခါမှသာ ၎င်းတို့လုပ်ဆောင်ကြပြီး ခေါင်းဆောင်လုပ်ခိုင်းသည့် အရာလောက်ကိုသာ လုပ်ဆောင်ကြသည်။ ၎င်းတို့ကို လမ်းညွှန်ချက်များ မပေးမချင်း မည်သည့်အရာကိုမျှ မလုပ်ကြဘဲ၊ ထိုအစား ၎င်းတို့ကို အော်မည့်၊ သို့မဟုတ် ၎င်းတို့ကို အတင်းအကျပ် စေခိုင်းမည့်သူကို စောင့်ဆိုင်းနေလျက် အချိန်ဆွဲကြသည်။ ဤလူစားမျိုးသည် မိမိ၏တာဝန်ကို အမှန်တကယ် ထမ်းဆောင်နေခြင်း ဟုတ်သလော။ ဤသည်မှာ ဆက်ကပ်အပ်နှံခြင်းဖြင့် အစေခံမှုပေးခြင်းပင် မဟုတ်ပေ။ ၎င်းတို့သည် တာဝန်ထမ်းဆောင်ဖို့ မထိုက်တန်ပေ။ လူအချို့သည် မိမိတို့၏တာဝန်ကို ထမ်းဆောင်ရာ၌ ဤသဘောထား ရှိခဲ့သောကြောင့် ၎င်းတို့သည် ဖယ်ရှားခြင်းကို ခံရပြီးဖြစ်သည်။ ယခုအချိန်တွင်ပင် ၎င်းတို့သည် နားမလည်နိုင်သေးပေ။ “ငါ၏တာဝန်ကို အလွန်စိတ်အားထက်သန်စွာဖြင့် ခေါင်းမဖော်ဘဲ ငါလုပ်နေချိန်တွင် အဘယ်ကြောင့် ငါသည် အလွန်အေးတိအေးစက်နှင့် ထုတ်ပစ်ခြင်းကို ခံခဲ့ရသနည်း။” ယခုအချိန်တွင်ပင် ၎င်းတို့နားမလည်ကြသေးပေ။ သမ္မာတရားကို မလိုက်စားသည့်သူများသည် ယင်းကို နားမလည်ဘဲ ထိုအစား ၎င်းတို့၏ ကိုယ်ပိုင်ဆင်ခြင်တွေးခေါ်မှုဖြင့် ယင်းကို ရှင်းပြလျက် တစ်သက်လုံး ဆက်သွားနေမည်မှာ သေချာသလောက်ရှိသည်။ ၎င်းတို့က “ကိုယ့်ကိုယ်ကိုယ် ကာကွယ်ခြင်းက ပင်ကိုအသိစိတ်ဖြစ်ပြီး ငါတို့လုပ်သင့်သည့် အရာတစ်ခုဖြစ်သည်။ မည်သူကများ ကိုယ့်ကိုယ်ကိုယ် မကာကွယ်ဘဲ နေသနည်း။ မည်သူကများ ကိုယ့်ကိုယ်ကိုယ် ဂရုမစိုက်ဘဲနေသနည်း။ မည်သူကများ ကိုယ့်အတွက်ကိုယ် လွတ်လမ်းမချန်ထားဘဲ နေသနည်း” ဟု တွေးကြသည်။ သင့်ကိုယ်သင် ကာကွယ်ပြီး သင့်အတွက်သင် လွတ်လမ်းချန်ထားပါက သင်သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နေခြင်း ဟုတ်သလော။ သင်သည် ယခု ဘုရားအိမ်တော်၌ သင်၏တာဝန်ကို ထမ်းဆောင်နေခြင်း ဖြစ်သည်။ တာဝန်ထမ်းဆောင်ခြင်း၏ ပထမဆုံး အခြေခံသဘောတရားမှာ အဘယ်နည်း။ ယင်းမှာ ဘုရားအိမ်တော်၏ အကျိုးစီးပွားကို ကာကွယ်နိုင်ဖို့အလို့ငှာ အစွမ်းကုန်ကြိုးစားလျက် စိတ်နှလုံးအကြွင်းမဲ့ဖြင့် မိမိတာဝန်ကို ဦးစွာထမ်းဆောင်ရမည့်အချက် ဖြစ်သည်။ ဤသည်မှာ သမ္မာတရား အခြေခံသဘောတရားဖြစ်သည်၊ သင့်အနေဖြင့် လက်တွေ့လုပ်ဆောင်သင့်သည့် အရာဖြစ်သည်။ ကိုယ့်အတွက်ကိုယ် လွတ်လမ်းချန်ထားပြီး ကိုယ့်ကိုယ်ကိုယ် ကာကွယ်ခြင်းက မယုံကြည်သူများ လိုက်နာသည့် လက်တွေ့လုပ်ဆောင်ခြင်း အခြေခံသဘောတရား၊ ၎င်းတို့၏ အမြင့်မားဆုံး အတွေးအမြင် ဖြစ်သည်။ အရာရာ၌ မိမိအရေးကို ဦးစွာထည့်တွက်ခြင်းနှင့် အခြားအရာအားလုံးထက် မိမိအကျိုးစီးပွားကို ရှေ့တန်းတင်ခြင်း၊ အခြားသူများအတွက် မတွေးခြင်း၊ ဘုရားအိမ်တော်၏ အကျိုးစီးပွား၊ အခြားသူများ၏ အကျိုးစီးပွားနှင့် မည်သည့်ဆက်နွှယ်မှုမျှ မရှိခြင်း၊ မိမိ၏အကျိုးစီးပွားအတွက်သာ ဦးစွာတွေးပြီးနောက် မိမိ၏လွတ်လမ်းအတွက် တွေးခြင်း- ယင်းက မယုံကြည်သူတစ်ဦး၏ ဖြစ်ခြင်းပင် မဟုတ်လော။ ဤသည်မှာ သာမန် မယုံကြည်သူတစ်ဦး အတိအကျပင် ဖြစ်သည်။ ဤကဲ့သို့သော လူသည် တာဝန်ထမ်းဆောင်ဖို့ မသင့်တော်ပေ။

အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၌ “၎င်းတို့သည် အခြားသူများအား သမ္မာတရားသို့မဟုတ် ဘုရာသခင်ကို မနာခံစေဘဲ၊ ၎င်းတို့ကိုသာ နာခံစေသည် (၁)” မှ

တာဝန်မဲ့သောစိတ်သဘောထားသည် မည်သည့်အရာနည်း။ ၎င်းသည် ဉာဏ်နီဉာဏ်နက်များခြင်းဖြစ်သည်။ အသက်ရှင်သန်ဖို့အတွက် လူသား၏ အတွေးအခေါ်များထဲတွင် အပေါ်လွင်ဆုံးဖြစ်သောအချက်သည် ဉာဏ်နီဉာဏ်နက်များခြင်းပင်ဖြစ်၏။ လူတို့သည် ၎င်းတို့ဉာဏ်နီဉာဏ်နက်မများလျှင် သူတို့ကိုယ်သူတို့ ကာကွယ်နိုင်မည်မဟုတ်ဘဲ အခြားသူများအား စိတ်မကျေမနပ်ဖြစ်စေတတ်သောသူဖြစ်မည်ဟု တွေးထင်ကြ၏။ ၎င်းတို့သည် မည်သူ့ကိုမှ မနာကျင်စေဘဲ သို့မဟုတ် စိတ်မပျက်စေဘဲ အတော်အသင့် ဉာဏ်နီဉာဏ်နက်များရမည်။ ထိုသို့အားဖြင့် သူတို့ကိုယ်သူတို့ လုံခြုံအောင် ထိန်းသိမ်းကြကာ သူတို့၏ အသက်မွေးဝမ်းကျောင်းအား ကာကွယ်ကြပြီး လူထုကြားတွင် ခိုင်ခံ့သောအခြေကုပ် ရယူနိုင်ကြသည်ဟု သူတို့ထင်မှတ်ကြ၏။ ဤသည်မှာ မယုံကြည်သူများ၏လောကထဲ၌ လူတို့၏ပြုမူပုံဖြစ်၏။ အဘယ်ကြောင့် ရားသခင်၏အိမ်တော်ထဲရှိ အချို့သောလူတို့သည် ဤနည်းဖြင့် ပြုမူနေကြသေးသနည်း။ ဘုရားသခင့်အိမ်တော်၏အကျိုးကို ထိခိုက်နစ်နာစေသော တစ်စုံတစ်ရာကို ရှာဖွေတွေ့ရှိဖို့ရန် သူတို့သည် ဘာမျှမပြောကြ။ “ဤအကြောင်းအရာအား အခြားသူ တစ်စုံတစ်ယောက်ပြောလိုလျှင် သူတို့ကိုပြောစေပါ။ ကျွန်ုပ်ပြောမည်မဟုတ်။ မည့်သူ့ကိုမျှ ကျွန်ုပ်စိတ်ပျက်စေမည်မဟုတ် သို့မဟုတ် ကျွန်ုပ်လည်စင်းမခံလိုပါ” ဟူ၍ ကောင်းမွန်စွာ ၎င်းတို့ပြောကောင်းပြောနိုင်ပေသည်။ ဤအရာသည် ဉာဏ်နီဉာဏ်နက်များခြင်းနှင့် တာဝန်မဲ့ခြင်းပင်ဖြစ်ပြီး ၎င်းကဲ့သို့သောလူတို့သည် မယုံကြည်ရပေ။ သူတို့၏ ကိုယ်ကျိုး၊ ဂုဏ်သတင်း၊ ဂုဏ်သိက္ခာ၊ ဣန္ဒြေ တို့ကို ကာကွယ်ဖို့ရန်အတွက် သူတို့ပိုက်ဆံကို ၎င်းပိုင်ရှင်ထံသို့ သူတို့ပြန်ပေးကြလိမ့်မည်။ တစ်ပါးသူကို ကူညီရာ၌ ကျေနပ်မှုရှာဖွေကြလိမ့်မည်။ တရားမျှတမှုအတွက် သူတို့ဘဝကို အလျှော့ပေးကြလိမ့်မည်။ အခြားသူအတွက် မည်သည့်အရာမဆို သူတို့လုပ်ဆောင်ကြလိမ့်မည်။ အဖိုးအခတစ်စုံတစ်ရာပေးဆပ်ဖို့ရန်အတွက် သူတို့တွန့်ဆုတ်ကြမည်မဟုတ်ပေ။ မည်သို့ပင်ဖြစ်စေ ဘုရားသခင့်အိမ်တော်၏ အကျိုးကျေးဇူးကိုကာကွယ်ဖို့ရန် လိုအပ်လာသည့်အခါတွင် သမ္မာတရားကိုကာကွယ်ဖို့ရန်၊ တရားမျှတခြင်းကိုကာကွယ်ဖို့ရန်စသည့် ဤအရာများအားလုံးပျောက်ပျက်သွားပြီး ၎င်းတို့သည် သမ္မာတရားကိုလက်တွေ့မကျင့်သုံးကြတော့ပေ။ အကြောင်းရင်းသည် ဘာဖြစ်သနည်း။ သမ္မာတရားကို ရွံရှာမုန်းတီးသော စိတ်သဘောထားလွှမ်းမိုးမှု တစ်ခုရှိ၏။ အဘယ်ကြောင့် သူတို့၌ သမ္မာရားကို ရွံရှာမုန်းတီးသည့် စိတ်သဘောထားရှိသည်ဟု ကျွန်ုပ်ပြောရသနည်း။ ဤအရာသည် အပြုသဘောဆောင်သည့်အရာများ၏ စစ်မှန်မှုအပေါ် တစ်စုံတစ်ခုထိခိုက်လာသည့်အခိုက်အတန့်မှ လူများ အဝေးသို့ရှောင်ဖယ်ခြင်း၊ ထွက်ပြေးခြင်းစသည့်အချက်များမှ ဖြစ်ပေါ်ခြင်းဖြစ်သည်။ သူတို့သည် သူတို့အတွင်း၌ ပြစ်တင်ရှုတ်ချသည့် ပမာဏတစ်ခု ခံစားကောင်း ခံစားနိုင်ကြနိုင်သော်လည်း ၎င်းကို သူတို့မသိကျိုးကျွန်ပြုကြ၏။ ၎င်းကို ဖုံးဖိလိုကြ၏။ ထို့‌နောက် “ထိုအရာကို ကျွန်ုပ်လုပ်မည်မဟုတ်၊ ၎င်းသည် မိုက်မဲရာကျပေလိမ့်မည်” ဟူ၍ သူတို့ထင်မှတ်ကြ၏ သို့မဟုတ် ၎င်းသည် အရေးကြီးသည့် အကြောင်းအရာမဟုတ်။ ဤအကြောင်းအရာအား တစ်ခြားသောအချိန်တွင် လွယ်ကူရိုးရှင်းစွာ သူတို့ပြောဆိုနိုင်ကြသည်ဟု ထင်မှတ်ကြ၏။ အပြေုသဘောဆောင်ခြင်း၊ တရားမျှတခြင်းအား ထိန်းသိမ်းဖို့အချိန်ရောက်လာသည့်အခါ ၎င်းတို့ထွက်ပြေးတိမ်းရှောင်ကာ တာဝန်ယူဖို့ ပျက်ကွက်ကြ၏။ မှားမှန်းသိလျက်ပင် မသိယောင်ဆောင်ကာ ၎င်းကိစ္စအား အလေးအနက်မခံယူကြပေ။ ဤအရာသည် သမ္မာတရားကို ရွံရှာမုန်းတီးခြင်းနှင့် အပြုသဘောဆောင်သည့်အရာများအတွက် ချစ်ခြင်းမေတ္တာမရှိခြင်း၏ ပုံဥပမာပင်ဖြစ်ပေသည်။ ထို့ကြောင့် ဤပြဿနာများဖြစ်ပေါ်လာသည့်အခါ မည်ကဲ့သို့ သင်ပြုမူသင့်သနည်း။ အခြေခံသဘောတရားများသည် မည်သည့်အရာများနည်း။ ကိစ္စတစ်ရပ်သည် ဘုရားသခင့်အိမ်တော်၏အကျိုးကျေးဇူး သို့မဟုတ် ဘုရားသခင်အတွက် သက်သေခံခြင်းနှင့် သက်ဆိုင်လျှင် သင်၏ ကိုယ်ပိုင်အကျိုးကဲ့သို့၎င်း၊ အစွမ်းအစရှိသမျှဖြင့် အလေးအနက်ပြုမူဆက်ဆံရမည်။ သင်တို့သည် ဤသဘောထားအား မပိုင်ဆိုင်ကြလျှင် သင်တို့ကိုင်တွယ်သည့် အကြောင်းအရာများ၌ ပေါ့ပေါ့ဆဆကိုင်တွယ်ခြင်းမှလွဲ၍ သင်တို့၌ဘာမျှမရှိကြ။ ထို့နောက် “ငါသည် ငါ၏ကိုယ်ပိုင်တာဝန် အတိုင်းအတာအတွင်းသာ ငါလုပ်မည်။ တစ်ခြားအရာအားလုံးအား ငါဂရုမစိုက်။ အကယ်၍ ငါ့အား သင်တစ်စုံတစ်ခုတောင်းဆိုပါက ငါ့စိတ်ကြည်လင်သည့်အချိန်တွင် သင့်ကိုငါအဖြေပေးမည်။ သို့မဟုတ်လျှင် ငါအဖြေပေးမည်မဟုတ်” ဟူ၌သင်ထင်မှတ်၏။ ထိုသို့ဆိုလျှင် ဤအရာသည် သင်၌ရှိသော စိတ်သဘောထားအမျိုးအစားပင်ဖြစ်၏။ လူတစ်ယောက်သည် လူတစ်ယောက်၏ကိုယ်ပိုင်အနေအထား၊ ဂုဏ်သတင်း၊ အကျိုး ကိုသာကာကွယ်ခြင်းနှင့် လူတစ်ယောက်၏ကိုယ်ပိုင်အကျိုးနှင့်သက်ဆိုင်သည့် ကိစ္စများကိုသာကာကွယ်ခြင်းဖြင့် တရားမျှတခြင်းကို ကာကွယ်နေသလော။ အပြုသဘောဆောင်သည့်အရာများကို သူတို့ကာကွယ်ကြသလော။ ဤ သဘောထားသေးသိမ်ခြင်း၊ အတ္တကြီးခြင်းတို့သည် သမ္မာတရားကို ရွံရှာမုန်းတီးသော စိတ်သဘောထားပင်ဖြစ်သည်။ သင်တို့အများစုသည် ဤအပြုအမူမျိုးကိုမကြာခဏဖော်ပြလေ့ရှိပြီး ဘုရားသခင့်မိသားစု၏ အကျိုးကျေးဇူးနှင့်သက်ဆိုင်သော တစ်စုံတရာကိုသင်တို့ကြုံတွေ့ရသည့်အခါတွင် သင်တို့သည် မလိမ့်တပတ်လုပ်ကာ “ငါမမြင်ခဲ့ဘူး။ ငါမသိဘူး။ ငါမကြားဘူး” ဟူ၍သင်တို့ပြောဆို၏။ မည်သို့ပင်ဖြစ်စေ သင်သည် အမှန်တကယ်တစ်စုံတစ်ရာကိုမသိသည်ဖြစ်စေ၊ မဟန်ဆောင်လို၍ဖြစ်စေ အချုပ်အားဖြင့်ဆိုရလျှင် ဤနေရာတွင် လွှမ်းမိုးထားသည့် စိတ်သဘောထားရှိပေ၏။

ဘုရားသခင်၏ မိတ်သဟာယဖွဲ့ခြင်း မှ

လူအများစုသည် သမ္မာတရားကို လိုက်စားပြီး လက်တွေ့လုပ်ဆောင်ရန် ဆန္ဒရှိကြသော်လည်း၊ များသောအားဖြင့် ၎င်းတို့သည် ထိုသို့ လုပ်ဆောင်ရန် ဆုံးဖြတ်ချက်နှင့် စိတ်ဆန္ဒ ရှိရုံမျှရှိကြလေသည်။ ၎င်းတို့အတွင်းတွင် သမ္မာတရားနှင့်ဆိုင်သော အသက် မပိုင်ဆိုင်ကြ။ အကျိုးဆက်အနေဖြင့်၊ ဆိုးယုတ်သော အင်အားစုများကို ၎င်းတို့ အမှတ်မထင်တွေ့ရသည့်အခါ သို့မဟုတ် ကောက်ကျစ်စဉ်းလဲပြီး ဆိုးသွမ်းသော လူတို့က ဒုစရိုက်မှုများ ကျူးလွန်နေသည် သို့မဟုတ် ခေါင်းဆောင် အတုအယောင်များနှင့် အန္တိခရစ်တို့က အခြေခံသဘောတရားများကို ချိုးဖောက်သည့် နည်းလမ်းဖြင့် အမှုအရာများ လုပ်ဆောင်နေကြ၍ ထိုသို့ဖြင့် ဘုရားသခင်၏အိမ်တော်၏ အမှုကို ဆုံးရှုံးမှုများဖြစ်စေပြီး ဘုရားသခင်ရွေးကောက်ထားသူတို့ကို အန္တရာယ်ဖြစ်စေသည်ကို ကြုံရသည့်အခါ၊ ၎င်းတို့သည် ထရပ်ပြီး ထုတ်ပြောဖို့သတ္တိ မရှိတော့ပေ။ သင်တို့ သတ္တိမရှိသည့်အချိန်ဆိုသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ သင်တို့ ကြောက်တတ်သည် သို့မဟုတ် စိတ်ထဲရှိသမျှ မဖော်ပြတတ်ဟု ဆိုလိုသလော။ သို့မဟုတ် သင်က စေ့စေ့စပ်စပ် နားလည်ခြင်းမရှိသောကြောင့် ဖြစ်သလော။ ဤအရာများထဲမှ မည်သည့်အရာမျှ မဟုတ်ပေ။ ယင်းမှာ သင်သည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား အမျိုးအစား အချို့၏ ထိန်းချုပ်ခြင်းကို ခံရနေခြင်း ဖြစ်သည်။ ဤစိတ်သဘောထားများထဲမှ တစ်ခုမှာ ကလိမ်ကကျစ်အပြုအမူ ဖြစ်သည်။ သင်က၊ “ကျွန်ုပ် ထုတ်ပြောလိုက်လျှင်၊ ကျွန်ုပ်ကို မည်သို့ အကျိုးပြုမည်နည်း။ ကျွန်ုပ် ထုတ်ပြောလိုက်ပြီး တစ်စုံတစ်ဦးကို သဘောမကျဖြစ်စေပါက၊ အနာဂတ်တွင် ကျွန်ုပ်တို့ မည်သို့ အဆင်ပြေမည်နည်း” ဟု တွေးရင်း၊ သင့်ကိုယ်သင် ဦးစွာပထမ စဉ်းစားလေသည်။ ဤသည်မှာ ကလိမ်ကကျစ် စိတ်နေစိတ်ထားဖြစ်၏၊ မှန်သည်လော။ ဤသည်မှာ ကလိမ်ကကျစ် စိတ်သဘောထား၏ အကျိုးဆက်မဟုတ်လော။ နောက်ထပ်တစ်ခုမှာ တစ်ကိုယ်ကောင်းဆန်ပြီး ခက်ထန်သော စိတ်သဘောထားတစ်ခု ဖြစ်သည်။ သင်က၊ “ဘုရားအိမ်တော်၏ အကျိုးစီးပွားများ ဆုံးရှုံးခြင်းတစ်ခုသည် ငါနှင့် အဘယ်ပတ်သက်စရာ ရှိသနည်း။ အဘယ်ကြောင့် ငါ ဂရုစိုက်သင့်သနည်း။ ထိုအရာသည် ငါနှင့် မည်သို့မျှ မပတ်သက်ပါ။ ယင်းကို ငါမြင်ကာ ဖြစ်ပျက်နေသည်ကို ကြားလျှင်ပင်၊ မည်သည့်အရာကိုမျှ လုပ်ဆောင်ဖို့ မလိုအပ်ပါ။ ယင်းသည် ငါ၏ တာဝန် မဟုတ်- ငါသည် ခေါင်းဆောင်တစ်ဦး မဟုတ်”ဟု တွေးသည်။ ထိုသို့သော အရာများသည် သင်၏ မသိစိတ်မှ ပေါက်ဖွားသည့်အလား၊ ပြီးလျှင် သင်၏ စိတ်နှလုံးတွင် ယင်းတို့က အမြဲတမ်းနေရာများ ယူထားကြသည့်အလား- သင်၏ အတွင်းတွင် ရှိကြလေသည်၊ ယင်းတို့သည် လူသား၏ ဖောက်ပြန်ပျက်စီးသည့် စာတန်ဆန်သော စိတ်သဘောထားများ ဖြစ်သည်။ ဤဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားများက သင်၏ အတွေးများကို ထိန်းချုပ်ပြီး သင်၏ လက်များနှင့် ခြေများကို ချည်နှောင်ကာ သင်၏ နှုတ်ကို ထိန်းချုပ်လေသည်။ သင်၏ စိတ်နှလုံးထဲရှိ တစ်စုံတစ်ရာကို သင် ပြောလိုသည့်အခါတွင်၊ စကားလုံးများက သင်၏ နှုတ်ခမ်းများဆီသို့ ရောက်ရှိသော်လည်း သင် မပြောပေ၊ သို့မဟုတ် သင် ပြောဆိုပါက၊ သင်၏ စကားများသည် သင်လှည့်ပတ်လမ်းကြောင်းစရာ နေရာပေးလျက် ဝေ့လည်ကြောင်ပတ် ဖြစ်လေသည်- သင်သည် လုံးဝ ရှင်းရှင်းလင်းလင်း မပြောဆိုပေ။ သင့်ကို ကြားပြီးသည့်နောက်တွင် အခြားသူများသည် မည်သည့်အရာမျှ မခံစားရကြသကဲ့သို့၊ သင် ပြောပြီးသည့် အရာက ပြဿနာကို မဖြေရှင်းသေးပေ။ သင်က၊ “ကောင်းပြီ၊ ငါ ထုတ်ပြောခဲ့သည်။ ငါ၏ အသိစိတ်က အေးချမ်းသည်။ ငါ၏ တာဝန်ကို ငါ ဖြည့်ဆည်းပြီးပြီ” ဟု မိမိကိုယ်ကိုယ် တွေးလေသည်။ အမှန်တွင်၊ သင်ပြောသင့်သည့် အရာအားလုံး သင် မပြောသေးသည်ကို၊ သင် ပြောပြီးသည့်အရာသည် အကျိုးသက်ရောက်မှုရှိသကဲ့သို့၊ ဘုရားအိမ်တော်၏ အမှုအပေါ် ထိခိုက်နစ်နာစေခြင်း ရှိနေသေးသည်ကို သင်၏ စိတ်နှလုံးထဲတွင် သင် သိပေသည်။ သင်၏ တာဝန်ကို သင် မဖြည့်ဆည်းသေးပေ၊ သို့သော် သင်က သင်၏ တာဝန်ကို သင် ဖြည့်ဆည်းပြီးဖြစ်သည်၊ သို့မဟုတ် ဖြစ်ပျက်နေခဲ့သည့်အရာသည် သင့်အဖို့ မရှင်းလင်းခဲ့ပါဟု ပေါ်ပေါ်ထင်ထင် ဆိုသည်။ ထိုသို့ဆိုလျှင် သင်သည် သင်၏ ဖောက်ပြန်ပျက်စီးသည့် စာတန်ဆန်သော စိတ်သဘောထားများ၏ ထိန်းချုပ်မှုအောက်တွင် လုံးဝ ရှိနေသည် မဟုတ်လော။ သင်၏စိတ်နှလုံးထဲတွင် သင်တွေးထင်သောအရာနှင့် မှန်ကန်သည်ဟု သင်ယုံကြည်ထားသည့် အရာများသည် အပြုသဘောဆောင်ပြီး သမ္မာတရားနှင့် ကိုက်ညီလျှင်ပင် သင်သည် သင့်နှုတ်၏သခင် မဟုတ်သကဲ့သို့ သင်ပြောသည့်အရာသည် သင်၏စိတ်နှလုံးထဲရှိသည့်အရာနှင့် မည်သည့်အခါမျှ မကိုက်ညီပေ။ သင်၏စကားများကို ထုတ်မပြောမီ သင်၏စိတ်နှင့် သင်၏အတွေးများအားဖြင့် အစဉ်စီမံပြုပြင်နေရမည် ဖြစ်သည်။ ယင်းတို့၏နောက်ကွယ်မှ အဓိပ္ပာယ်ကို အခြားသူများက မသိနိုင်၍ သင်သည် သင့်ကိုယ်သင် အလွန်ကျေနပ်လျက်ရှိသည်။ အလုပ်ကို ဆောင်ရွက်ပြီးသည်ဖြစ်စေ၊ မပြီးသည်ဖြစ်စေ သင်တကယ်ဂရုမစိုက်ချေ— ဤသည်မှာ သင်၏စိတ်နေစိတ်ထား ဖြစ်သည်။ သင်၏ စာတန်ဆန်ပြီး ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားက သင့်ကို ထိန်းချုပ်နေ၏။ သင်သည် သင့်နှုတ်၏ အရှင်သခင်ပင် မဟုတ်ချေ။ ရိုးသားသော စကားများကို သင် ဖွင့်ဟလိုလျှင်ပင်၊ သင်သည် ၎င်းတို့ကို ပြောရန် မတတ်နိုင်သကဲ့သို့ စိုးရွံ့ခြင်းလည်းဖြစ်လေသည်။ သင် လုပ်ဆောင်သင့်သည့်အရာများ၊ သင် ပြောသင့်သည့်အရာများနှင့် သင် ယူသင့်သည့်တာဝန်တို့၏ တစ်သောင်းပုံ တစ်ပုံပင် သင် မလုပ်ဆောင်နိုင်ပေ။ သင်၏လက်များနှင့် ခြေများသည် သင်၏ စာတန်ဆန်ကာ ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထား၏ ချည်နှောင်ခြင်းကို ခံရကြ၏။ သင်သည် ကြီးကြပ်ကွပ်ကဲရန် အခွင့်အာဏာ လုံးဝ မရှိပေ။ သင်၏ ဆိုးယုတ် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားက မည်သို့ စကားပြောဆိုရမည်ကို သင့်အား ပြောသည်၊ ထို့ကြောင့် ထိုနည်းလမ်းဖြင့် သင် ပြောဆိုသည်၊ မည်သည့်အရာ လုပ်ဆောင်ရမည်ကို သင့်အား ပြောပြီး၊ ထို့ကြောင့် ယင်းကို သင် လုပ်ဆောင်၏။ သင်၏စိတ်နှလုံးထဲတွင် သင်က “ဤတစ်ကြိမ်တွင် ငါကြိုးစားလုပ်ပြီး ဘုရားသခင်ထံ ဆုတောင်းမည်။ ဘုရားအိမ်တော်၏အလုပ်ကို နှောင့်ယှက်သည့်၊ မိမိတို့၏တာဝန်၌ တာဝန်မဲ့သည့်သူများအား ငါ၏ထင်မြင်ချက်ကို ထုတ်ဖော်ပြောပြီး အပြစ်ဖော်ဆုံးမဖို့ လိုသည်။ ဤတာဝန်ကို ငါယူရမည်” ဟု တွေးသည်။ ထို့ကြောင့် ကြီးစွာသော အခက်အခဲဖြင့် သင်သည် သတ္တိမွေးပြီး ရဲရဲတင်းတင်း ထုတ်ပြောခဲ့သည်။ အကျိုးဆက်အနေဖြင့် အခြားသူက ဒေါသထွက်သည်နှင့်တစ်ပြိုင်နက် သင်သည် တုံ့ဆိုင်းရပ်တန့်သွားပြီး နောက်ပြန်တွန့်သွားလေသည်။ သင်သည် အမှန်တကယ် ကြီးကြပ်သူရော ဟုတ်၏လော။ သင့်သတ္တိက အဘယ်အသုံးတည့်နေခဲ့သနည်း။ သင့်သန္နိဋ္ဌာန်နှင့် စိတ်ကြံ့ခိုင်မှုတို့က အဘယ်အသုံးတည့်နေခဲ့သနည်း။ ယင်းတို့သည် အသုံးတည့်မနေခဲ့ချေ။ သင်တို့အားလုံးသည် အလားတူ အခြေအနေများကို အကြိမ်ပေါင်းများစွာ သေချာပေါက် ကြုံတွေ့ပြီးဖြစ်ကာ အဆုံး၌ သင်တို့အားလုံးသည် “ဇာတ်သိမ်းသွားလေပြီ။ ကျွန်ုပ်သည် သမ္မာတရားကို မချစ်ပါ၊ ကြည့်ရသည်မှာ ကျွန်ုပ်သည် ဖယ်ရှားခံရပြီး ကျွန်ုပ်၌ သမ္မာတရားကို လိုက်စားနိုင်စွမ်း မရှိပုံပေါ်နေပါတကား” ဟု ပြောလျက် ချမ်းသာပေးပါရန် အသနားခံကြသည်။ သင်သည် သမ္မာတရားကို မချစ်သည်မှာ မှန်သော်လည်း သင်သည် သမ္မာတရားကို လိုက်စားနေခဲ့သလော။ သင်သည် သမ္မာတရားကို လိုက်စားနေခဲ့သလော။ သင်သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ဖို့ မဆိုထားနှင့်၊ သမ္မာတရားကို ရှာဖွေခြင်းပင်မရှိပေ။ သင်၏ စိတ်ပိုင်းဖြတ်ချက်များကို တိုးမြှင့်ရင်း၊ စိတ်ဆုံးဖြတ်ချက်များကို ပြုလုပ်ရင်းနှင့် ကျမ်းသစ္စာများ ကျိန်ဆိုရင်း၊ ဆုတောင်းမြဲ ဆုတောင်းနေသည်။ ထို့ကြောင့် ဤအရာများအားလုံးမှ မည်သည့်အရာ ဖြစ်လာပြီနည်း။ သင်သည် မှန်ပါ့သမားဖြစ်နေဆဲ ဖြစ်သည်- “ကျွန်ုပ် မည်သူ့ကိုမျှ ရန်စမည်မဟုတ်သကဲ့သို့၊ မည်သူ့ကိုမျှ စိတ်အနှောင့်အယှက် ပေးမည်မဟုတ်။ ကိစ္စတစ်ခု ငါနှင့်မဆိုင်လျှင်၊ ငါ ဝေးဝေးနေမည်။ ငါနှင့် မည်သို့မျှ မသက်ဆိုင်သည့် အရာများနှင့် ပတ်သက်၍ မည်သည့်အရာကိုမျှ ငါ ပြောမည်မဟုတ်သည့်အပြင်၊ ဤအရာသည် ခြွင်းချက်မရှိ ဖြစ်သည်။ မည်သည့်အရာမဆိုက ငါ၏ အကျိုးစီးပွားများ၊ ငါ၏မာန၊ သို့မဟုတ် ငါ၏ မိမိကိုယ်ကိုယ် လေးစားမှုကို ထိခိုက်စေပါက၊ ငါသည် မည်သို့မျှ အရေးထားမည် မဟုတ်ဆဲရှိမည် ဖြစ်ပြီး၊ ထိုအရာအားလုံးကို သတိရှိရှိ ချဉ်းကပ်မည်ဖြစ်သည်။ ငါ မဆင်မခြင် ပြုရမည်မဟုတ်။ ထောင်ထွက်သည့် သံချောင်းက ဦးစွာပထမ ထိုးနှက်ခံရတတ်၏၊ ငါသည် ဤမျှမိုက်မဲခြင်း မရှိ။” သင်သည် ဆိုးသွမ်းမှု၊ ကလိမ်ကကျစ်ကျခြင်း၊ တင်းမာခြင်းနှင့် သမ္မာတရားကို စက်ဆုပ်ခြင်းနှင့်ဆိုင်သော သင်၏ ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထား၏ ထိန်းချုပ်မှုအောက်တွင် လုံးဝ ရှိနေ၏။ ၎င်းတို့သည် သင့်ကို ဖျက်ဆီးနေပြီး မျောက်ဘုရင် ဝတ်ဆင်ခဲ့သည့် ရွှေကွင်းထက်ပင် သင့်အတွက် ခံရပ်ရန် သာ၍ ခက်ခဲစေပြီဖြစ်သည်။ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား၏ ထိန်းချုပ်မှုအောက်တွင် အသက်ရှင်ခြင်းသည် အလွန် ခြေကုန်လက်ပန်းကျစရာဖြစ်ပြီး ဒုက္ခကြီးလှပေသည်။ ဤအရာကို သင် အဘယ်သဘောရသနည်း။ သင်သည် သမ္မာတရားကို မလိုက်စားပါက၊ သင်၏ ဖောက်ပြန်ပျက်စီးခြင်းကို ဖယ်ရှားဖို့ လွယ်ကူသလော။ ဤပြဿနာကို ဖြေရှင်း၍ရနိုင်သလော။ သင်တို့ကို ငါပြောမည်၊ သင်တို့သည် သမ္မာတရားကို မလိုက်စားဘဲ၊ သင်တို့၏ ယုံကြည်မှု၌ နားဝေတိမ်တောင် ဖြစ်နေပါက၊ ဒေသနာများကို နှစ်ပေါင်းမည်မျှ နားထောင်ခဲ့ပါစေ အသုံးမတည့်ပေ၊ ပြီးလျှင် သင်တို့သည် တကယ့် အဆုံးတိုင် ဤသို့ မလျှော့တမ်း ဆက်လုပ်ပါက၊ အများဆုံး သင်သည် ဘာသာရေး အယောင်ဆောင်တစ်ဦးနှင့် ဖာရိရှဲတစ်ဦး ဖြစ်လိမ့်မည် ဖြစ်ပြီး၊ ယင်းက အဆုံးသတ် ဖြစ်လိမ့်မည်။ သင်က ဤသည်ထက် သာ၍ဆိုးပါက၊ သင်သည် စုံစမ်းသွေးဆောင်ခြင်းထဲ ကျရောက်သည့် အဖြစ်အပျက် တစ်ခု ဖြစ်လာနိုင်ပြီး၊ သင်သည် သင်၏တာဝန်ကို ဆုံးရှုံးကာ ဘုရားသခင်ကို သစ္စာဖောက်လိမ့်မည်။ သင်သည် ကျရှုံးပြီးဖြစ်လိမ့်မည်။ သင်သည် ချောက်ကမ်းပါး အစွန်းပေါ်တွင် အမြဲရှိနေလိမ့်မည်။ ယခုအခါတွင် သမ္မာတရားကို လိုက်စားခြင်းထက် မည်သည့်အရာမျှ အရေးမကြီးပေ။ အခြားအရာများကို လိုက်စားခြင်းသည် အသုံးမတည့်ပေ။

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ“သမ္မာတရားကို လက်တွေ့လုပ်ဆောင်သောသူတို့သာဘုရားသခင်ကို ကြောက်ရွံ့ကြသော သူများ ဖြစ်သည်” မှ

လူအများစုသည် ကျွမ်းကျင်မှုအနည်းငယ် ရလာသည့်အခါ မာနထောင်လွှားလာကြပြီး ၎င်းတို့၌ တစ်စုံတစ်ခုအတွက် အားသာချက် တစ်စုံတစ်ရာသည့်အခါ၊ မိမိတို့ကိုယ်ကို ထူးခြားသည်ဟု တွေးထင်ကာ တက်မထောင်ကြလေသည်။ ထိုကိစ္စနှင့်စပ်လျဉ်းပါက ၎င်းတို့သည် ပြိုင်ဘက်ကင်းသည်ဟု ခံစားရလျက် အခြားမည်သူတစ်ဦးတစ်ယောက် ပြောသည်ကိုမျှ နားမထောင်ကြပေ— ဤသည်မှာ မည်သည့် စိတ်သဘောထား ဖြစ်သနည်း။ ဤသည်မှာ မာနထောင်လွှားခြင်းနှင့် အကျိုးသင့်အကြောင်းသင့် မဟုတ်ခြင်း ဖြစ်သည်။ တစ်စုံတစ်ဦးက သူ၏တာဝန်ကို ဆောင်ရွက်နေပြီး ယင်းအတွက် အခြားတစ်ယောက်က သူ့အား အစီအစဉ် ချပေးသည် ဆိုပါစို့။ ထိုအချိန်တွင် ၎င်းတို့က အလွန်ကောင်းမွန်စွာ တုံ့ပြန်ပြီး ရေးချမှတ်သားထားကြသော်လည်း၊ ယင်းကို လုပ်ဆောင်ဖို့ မည်သည့်ရည်ရွယ်ချက်မျှ မရှိဘဲ ၎င်းတို့၏စိတ်ထဲတွင် ချောင်ထိုးထားလျက် သူကျောခိုင်းလိုက်သည်နှင့် တစ်ပြိုင်နက် မေ့သွားလေသည်။ ဤသည်မှာ မည်သည့်သဘောထားဖြစ်ပြီး မည်သည့်စိတ်သဘောထားမျိုး ဖြစ်သနည်း။ ယင်းသည် မိမိကိုယ်ကို မှန်သည်ဟု မှတ်ယူကာ မာနထောင်လွှားသော စိတ်သဘောထားဖြစ်သည်။ ယင်းအတွင်းတွင် မာကျောခြင်း ရှိသလော။ လူတစ်ယောက်ချင်းစီတိုင်း အတွင်းတွင် မာကျောခြင်းနှင့် မာနထောင်လွှားခြင်းအချို့ ရှိကြသည်။ တစ်စုံတစ်ဦးက အခြားလူတစ်ဦးထံမှ မှန်ကန်ပြီး အကျိုးအကြောင်းသင့်သည့် အရာတစ်ခုကို ကြားသည့်အခါ၊ ထိုကိစ္စကို ပုံမှန်လူ့သဘာဝ၏ ဆင်ခြင်တုံတရားဖြင့် ချဉ်းကပ်ပါက၊ ၎င်းတို့အနေဖြင့် အကြံပေးချက်ကို လက်ခံသင့်သည်ဟု ခံစားရလိမ့်မည်။ ယင်းက ၎င်းတို့အနေဖြင့် ထိုအရာကို လက်တွေ့လုပ်ဆောင်နိုင်လိမ့်မည်ဟု သေချာပေါက် ဆိုလိုသလော။ ထိုအရာကို လုပ်ဆောင်ဖို့အလို့ငှာ မည်သည့်သဘောထားမျိုးနှင့် စိတ်အခြေအနေမျိုးကို ၎င်းတို့လိုအပ်သနည်း။ ပထမဦးစွာ ၎င်းတို့သည် တင်ကူးမှန်းဆထားသော စိတ်ကူးများ၊ အကဲဖြတ်ခြင်းများ၊ သို့မဟုတ် အထင်လွဲခြင်းများကို စွန့်လွှတ်ဖို့ လိုအပ်ပြီး ထို့နောက်တွင် မှန်ကန်သည့်အရာများကို ကောက်နုတ်ကာ ယင်းတို့ကို စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးဖို့နှင့် သေချာစွာ ချင့်ချိန်စဉ်းစားဖို့၊ ယင်းတို့အတိုင်း လိုက်နာပြီး ယင်းတို့ကို လက်တွေ့လုပ်ဆောင်ဖို့ လိုအပ်သည်။ ဤသည်မှာ မာနထောင်လွှားသည့် သဘောထားမဟုတ်ဘဲ၊ တာဝန်သိသော၊ တာဝန်ယူတတ်သော သဘောထားဖြစ်သည်။ ယင်းက သမ္မာတရားကို လက်ခံသည့်၊ အပြုသဘောဆောင်သောအရာများကို ချစ်သည့် သဘောထား ဖြစ်သည်။ အခြားလူတစ်ဦး၏ အကြံပေးချက်က ထိုအချိန်တွင် ကောင်းသည့်ပုံရနေပြီး ၎င်းတို့အနေဖြင့် ထိုအခိုက်အတန့်တွင် မျက်နှာမပျက်လိုသောကြောင့်ဖြစ်စေ၊ အနည်းငယ် နားလည်သောကြောင့်ဖြစ်စေ ယင်းကို သဘောတူလိုက်ကြသည်။ ထို့နောက်တွင် နောက်ပိုင်း၌ ၎င်းတို့အလုပ်လုပ်သည့်အခါ၊ ၎င်းတို့ စိတ်ကြိုက်လုပ်ဆောင်ပြီး ထိုအကြံပေးချက်ကို ဘေးဖယ်လျက်၊ လုပ်ဖို့လိုအပ်သည့်အရာကိုသာ လုပ်ဆောင်ပါက၊ ဤသည်မှာ သမ္မာတရားကို လက်တွေ့လုပ်ဆောင်သည့် သဘောထားတစ်ခု ဖြစ်သလော။ ဤသဘောထားမျိုးသည် ရွံရှာဖွယ်ရာဖြစ်၏။ အပြင်ပန်းတွင် ၎င်းတို့က ခေါင်းညိတ်ပြီး ယင်းကို လက်ခံကြသည်၊ “ကျွန်ုပ်တာဝန်သာ ထားလိုက်ပါ။ ဘာကိုမျှ စိတ်မပူပါနှင့်၊ ကျွန်ုပ်ကြည့်လုပ်လိုက်မည်ဟု ကတိပေးပါသည်။ ကျွန်ုပ်ကို မယုံသလော။ ကျွန်ုပ်သည် မည်သို့သော လူစားမျိုးဖြစ်ကြောင်း သင်မသိသလော” ဟု ပြောလျက် လှိုက်လှိုက်လှဲလှဲပင် သဘောတူကြသေးသည်။ ၎င်းတို့၌ ကြီးစွာသော ယုံကြည်လေးစားခံရမှုနှင့် တည်ကြည်မှုတို့ ရှိပုံပေါ်သော်လည်း၊ အရေးကိစ္စများကို ၎င်းတို့ကိုင်တွယ်ရမည့်အချိန် ရောက်လာသည့်အခါတွင်မူ ၎င်းတို့၏သဘောထားက ပြောင်းလဲသွားပြီး ၎င်းတို့၏ကိုယ်ပိုင် အကြံဉာဏ်များက ရှေ့ထွက်လာကြလေသည်— “ကျွန်ုပ်အနေနှင့် ဤကဲ့သို့ သဘောရ၏၊ ထို့ပြင် ကျွန်ုပ်အမြင်အရ ဤနည်းလမ်းက ကောင်း၏၊ ထို့ကြောင့် ကိုယ့်နည်းကိုယ့်ဟန်နှင့် လုပ်တော့မည်။” အခြားသူ တစ်ယောက်က ၎င်းတို့အား မည်သည့်အရာ ပြောထားသည်ကို ၎င်းတို့မမှတ်မိ၊ သမ္မာတရားကို ၎င်းတို့လက်တွေ့လုပ်ဆောင်ခြင်း မရှိ၊ ထိုအစား ယင်းကို ၎င်းတို့၏စိတ်ထဲတွင် ချောင်ထိုးထားလိုက်သည်။ ဤသည်မှာ မာနထောင်လွှားခြင်းနှင့် ပုန်ကန်ခြင်းဖြစ်သည်။ ယင်းက ၎င်းတို့၏ထင်ရာစိုင်းစိတ်ကို ဦးစားပေးလျက် သမ္မာတရားကို လက်ခံရန် ပျက်ကွက်ခြင်း ဖြစ်သည်။ ၎င်းတို့၏ကိုယ်ပိုင်အကြံဉာဏ်များနှင့် အမြင်ရှုထောင့်များက ကြီးစိုးသွားကာ သမ္မာတရား အခြေခံသဘောတရား၊ အပြုသဘောဆောင်သည့် အရာများနှင့် ဘုရားနှုတ်ကပတ်တော်များတို့ကို ၎င်းတို့၏စိတ်ထဲတွင် ချောင်ထိုးထားလိုက်ကြသည်။

လူအချို့သည် အခြားသူများရှေ့တွင် မိမိတို့၏တာဝန်နှင့်စပ်လျဉ်း၍ အလွန်သဘောတူလွယ်ကြသော်လည်း၊ နောက်ပိုင်းတွင် ၎င်းတို့က “အခြေခံသဘောတရားများနှင့်အညီ အရေးကိစ္စများကို ကိုင်တွယ်ခြင်းသည် အလွန်ဒုက္ခများလှပြီး ခြေကုန်လက်ပန်းကျလှ၏။ အကယ်ပင် အချိန်စားပြီး ဆွေးနွေးမှုများစွာလည်း လိုအပ်၏။ ပြဿနာနည်းအောင် ဤနည်းဖြင့် ငါလုပ်လိုက်မည်။ သူတို့သဘောမတူကြလျှင်ပင် လူတိုင်းက ငါ့နည်းလမ်းနှင့် လုပ်ကြရမည်ပင်။ ငါပြောသည့်အတိုင်း လိုက်နာကြရမည်ပင်” ဟု တွေးလျက် သဘောတူထားသည့်အတိုင်း အမှုအရာများကို အမှန်တကယ် မပြုလုပ်ကြပေ။ ဤသည်မှာ မည်သည့်သဘောထား ဖြစ်သနည်း။ ယင်းသည် ပါးနပ်သည်။ ၎င်းတို့အနေဖြင့် ထိုအချိန်တုန်းက တစ်စုံတစ်ခုကို သဘောတူလက်ခံသည့်အခါ ရိုးသားပုံ၊ သစ္စာရှိပုံ၊ မာယာကင်းပြီး ဘာသာတရားကိုင်ရှိုင်းပုံပေါ်သကဲ့သို့ အမြင်အားဖြင့် အခြားသူများ၏ အကြံပေးချက်များနှင့် သမ္မာတရားတို့ကို လက်ခံပုံလည်း ရကြသည်။ သို့ရာတွင် ၎င်းတို့အလုပ်လုပ်ဖို့ အချိန်ကျလာသည့်အခါ၊ ယင်းက ပြောင်းလဲသွား၏။ အဘယ့်ကြောင့် ပြောင်းလဲရသနည်း။ ၎င်းတို့၏ သဘောထားသည် အဘယ့်ကြောင့် ရုတ်ခြည်းပြောင်းလဲသွားရသနည်း။ မည်သည့်အရာက ဤသို့ဖြစ်စေသနည်း။ ထိုသို့ပြုခြင်းက ဇာတိခန္ဓာ ဒုက္ခဆင်းရဲများစွာခံစားရသည်၊ များစွာစိတ်ရှုပ်ရသည်ဟု ၎င်းတို့ ခံစားကြရသည်။ ၎င်းတို့၌ လိုလားမှု မရှိတော့ဘဲ၊ လုပ်ချင်ကိုင်ချင်စိတ်လည်း မရှိတော့ပေ။ ထိုအချိန်က ၎င်းတို့လုပ်ဆောင်ဖို့ ကတိပေးထားသည့်အရာကို ဖြစ်စေ၊ သဘောတူထားသည့်အရာကိုဖြစ်စေ လုံးဝဂရုမစိုက်တော့ပေ၊ သို့မဟုတ် အရေးကိစ္စများကို သမ္မာတရား အခြေခံသဘောတရားနှင့်အညီ ၎င်းတို့ကိုင်တွယ်နေခြင်း ရှိမရှိကို လုံးဝ ဂရုမစိုက်ကြတော့ပေ။ ၎င်းတို့၏ ဇာတိခန္ဓာကို ဖြည့်ဆည်းဖို့က ပဓာနကျလာလေသည်— ယင်းက ဦးစားပေးနေရာ ယူသွားသည်။ ဘုရားသခင်၏ တာဝန်ပေး စေခိုင်းချက်များကို နောက်ပိတ်ဆုံးနေရာတွင် ထားလိုက်ပြီး အလေးမထားတော့ပေ။ ဤသည်မှာ တာဝန်ယူတတ်သည့် လူတစ်ဦး ဖြစ်သလော။ ဤသည်မှာ ယုံကြည်လေးစားခံရမှု ရှိသည့်သူတစ်ဦး ဖြစ်သလော။ ဤသည်မှာ သမ္မာတရားကို ချစ်သည့်သူတစ်ဦး ဖြစ်သလော။ အခြားသူတစ်ဦးအား စိတ်အေးလက်အေး ဖြစ်စေဖို့ရန် ၎င်းတို့အနေဖြင့် လုပ်ငန်းဆောင်တာကို ကောင်းစွာလုပ်ဆောင်နိုင်ပါသည်ဟု ထိုသူ့ရှေ့တွင် အာမခံကြမည့်သူအချို့လည်း ရှိသည်။ ၎င်းတို့က ယင်းကို ကိုင်တွယ်ဖို့ အခြေခံသဘောတရားများကို မှတ်မိသည်ဟု ပြောကြသည်။ သို့သော်လည်း ၎င်းတို့စတင်လုပ်ဆောင်သည်နှင့်တစ်ပြိုင်နက် ပြဿနာများက ရုတ်တရက် တက်လာတော့သည်။ စစချင်းတွင် ၎င်းတို့က “ဤနည်းဖြင့် လုပ်လျှင် ဆုံးရှုံးမှုအချို့ကို ငါကြုံရလိမ့်မည်၊ ငါ့သိက္ခာလည်း ကျလိမ့်မည်၊ အခြားသူများကလည်း ငါ့ကို အထင်သေးကြလိမ့်မည်။ ငါ၏ဂုဏ်၊ ကိုယ့်ကိုယ်ကိုယ် လေးစားမှု၊ အဆင့်အတန်းနှင့် သိက္ခာတို့က အကဲစမ်းခံရလိမ့်မည်၊ ထို့ပြင် ငါ့အနေဖြင့် ဤလုပ်ငန်းဆောင်တာကို ကောင်းစွာလုပ်လိုပါက၊ လုံ့လများစွာ စိုက်ထုတ်ရမည်ဖြစ်ပြီး တွေးတောကြံဆမှုများစွာ လုပ်ရလိမ့်မည်။ ရက်အတန်ကြာ ငါ စားဝင်အိပ်ပျော်နိုင်မည် မဟုတ်။ ဤအခေါက်၌ ငါထကြွလုံ့လစိုက်သင့်ပြီး အားကြိုးမာန်တက်လုပ်သင့်၏။ ငါအံကြိတ်၍ ယင်းကို လွန်မြောက်သင့်၏။ ဤအရာကို သမ္မာတရား အခြေခံသဘောတရားများနှင့်အညီ ငါလုပ်ရန် လိုသည်၊ ငါ့မာနကိုလည်းကောင်း၊ ငါ့ဂုဏ်သတင်းကိုလည်းကောင်း အလေးထားမနေဘဲ ဘုရားအိမ်တော်၏ အကျိုးစီးပွားကို ပထမဦးဆုံး ထိန်းသိမ်းရမည်” ဟု တွေးကြသည်။ တစ်ရက်နှစ်ရက် ကြာပြီးသည့်နောက် ၎င်းတို့က မှန်ကြည့်ကာ “ငါမျက်တွင်းများ အလွန်ချောင်နေပါရော့လား။ ပြီးခဲ့သည့် နှစ်ရက်အတွင်း ငါခြေကုန်လက်ပန်းကျလွန်းသဖြင့် ကိုယ်အလေးချိန်လည်း ကျသွား၏။ ဤအတိုင်း ဆက်သွားနေ၍ကား မရ၊ မဟုတ်လျှင် ငါပိုဆိုးလာလိမ့်မည်။ ဖြတ်လမ်းနည်းကို ငါရှာမှရမည်။ ဤအရာကို ဆုံးခန်းတိုင်အောင် ငါလုပ်နိုင်သေး၏၊ သို့သော် လုပ်နေစဉ်တွင် ငါ့အနေနှင့် ဒုက္ခခံမည်ကား မဟုတ်။ နောက်ဆုံးတွင် အိုးနင်းခွက်နင်းနှင့် ပြီးမြောက်သွားအောင် ငါလုပ်နိုင်မည်ပင်၊ လွတ်ပေါက်လွတ်လမ်းကို ငါထွင်နိုင်မည်ပင်” ဟု တွေးကြသည်။ ထိုအချိန်မှစ၍ ၎င်းတို့သည် ကြိုးစားလုပ်ဆောင်ခြင်းကို ရပ်လိုက်ပြီး ဘုရားအိမ်တော်၏ အကျိုးစီးပွားကို ကာကွယ်ဖို့ ကြိုးစားအားထုတ်ခြင်းများကိုလည်း လက်လျှော့လိုက်ကြသည်။ ၎င်းတို့က “ရေလိုက်ငါးလိုက်သာ ငါနေမည်။ ငါ့ကိုယ်ပိုင်အကျိုးစီးပွား မထိခိုက်သရွေ့ ဘာမျှမဖြစ်” ဟု တွေးကြသည်။ ၎င်းတို့၏သဘောထားက ပြောင်းသွားသည် မဟုတ်လော။ ၎င်းတို့သည် ဆက်ကပ်အပ်နှံထားဆဲ ဟုတ်သလော။ (မဟုတ်ပါ။) ၎င်းတို့သည် မိမိတို့၏တာဝန်၌ အလုံးစုံ နှစ်မြှုပ်ထားနိုင်စွမ်း ရှိသေးသလော။ အစွမ်းကုန် ကြိုးစားနိုင်စွမ်း ရှိသေးသလော။ မိမိကိုယ်ကိုချစ်သည့် ၎င်းတို့၏စိတ်နှလုံးက ထုတ်ဖော်ခံရသည်။ ၎င်းတို့၏ကိုယ်ပိုင်အကျိုးစီးပွား ခြိမ်းခြောက်ခြင်း ခံရပါက ၎င်းတို့ရပ်လိုက်ကြသည်။ သမ္မာတရားက မည်မျှမှန်ကြောင်း ၎င်းတို့သိထားပါစေ ဒုက္ခခံစားခြင်းမှ ကိုယ်လွတ်ရုန်းရန် ၎င်းတို့အတွက် သာ၍ အရေးကြီးနေသည်။ ၎င်းတို့၏ကိုယ်ပိုင်အကျိုးစီးပွားထက် မည်သည့်အရာမျှ မသာလွန်နိုင်ပေ။ ၎င်းတို့၏အကျိုးစီးပွားကို ခြိမ်းခြောက်နိုင်သည့်အရာ တစ်စုံတစ်ခု ပေါ်လာသည်နှင့်တစ်ပြိုင်နက် ၎င်းတို့က ယင်းကို လက်လျှော့လိုက်ကြသည်— ဤသည်မှာ လူတစ်ယောက် ဖြစ်ခြင်းအတွက် ၎င်းတို့၏အမြင့်မားဆုံး စံနှုန်းဖြစ်လေသည်။ ဤသည်မှာ တာဝန်ယူတတ်သော သဘောထားဖြစ်သလော။ ဤသည်မှာ မှားယွင်းသော လမ်းကြောင်းကို လျှောက်ခြင်း မဟုတ်လော။ ၎င်းတို့သည် ဆိုးရွားသည့် အရာများကို လုပ်ဆောင်မည် မဟုတ်လော။ အခြားသူများအတွက် ၎င်းတို့သည် မိမိတို့၏အလုပ်ပြီးဆုံးဖို့ နေ့ညမပြတ် အလုပ်လုပ်နေပုံရပြီး ကောင်းစွာလုပ်နေပုံပေါက်သည်။ ဘုရားသခင်အတွက်မူ ယင်းက မည်သည့်ပုံပေါက်နေသနည်း။ ဘုရားသခင်သည် ဤအပြုအမူမျိုးကို အမှတ်ရသလော။ ဘုရားသခင်သည် လူတို့၏စိတ်နှလုံးနှင့် စိတ်များကို စိစစ်သလော။ (စိစစ်ပါသည်။) ဤစိစစ်ခြင်းမှတစ်ဆင့် ဘုရားသခင်က မည်သည့်အရာကို ရှာတွေ့သနည်း။ လူများက မိမိတို့၏တာဝန်၌ ဈေးဆစ်ဖို့ ကြိုးစားနေသည်ကို သူတွေ့ရသည်၊ လူတို့၏စိတ်နှလုံးများသည် လှည့်စားတတ်ပြီး ကောက်ကျစ်သည်ကို သူတွေ့ရသည်၊ ၎င်းတို့က ဇာတိပကတိ၏အကျိုးစီးပွားကို တောင့်တကြောင်း၊ သမ္မာတရားကို ၎င်းတို့မချစ်ဘဲ ထိုအစား သမ္မာတရားအား စိတ်ကုန်နေကြကြောင်းကို သူတွေ့ရသည်။ လူများသည် ဤအရာများကို မိမိတို့ဘာသာ သတိမူမိနိုင်သလော။ (မဟုတ်ပါ၊ သတိမမူမိနိုင်ကြပါ။) အဘယ့်ကြောင့် သတိမမူမိနိုင်ကြသနည်း။ ၎င်းတို့ရှင်သန်ခြင်းအတွက် မှီခိုအားထားသည့် ၎င်းတို့အတွင်းမှ အရာများသည် စာတန်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများဖြစ်ပြီး ၎င်းတို့၏အနှစ်သာရသည် စာတန်၏ အနှစ်သာရဖြစ်သည်။ လူတို့သည် ၎င်းတို့၏အသက်တာများတွင် ဤအရာများကို မှီခိုကြသည်၊ ပြီးလျှင် ၎င်းတို့၏မျက်နှာ၊ ဂုဏ်အဆင့်အတန်း၊ သိက္ခာနှင့် ၎င်းတို့၏ဇာတိကပတိ အကျိုးစီးပွားတို့ကို ထိန်းသိမ်းခြင်းသည် ၎င်းတို့၏ အရိုးစွဲအကျင့်ဖြစ်လာကြသည်။ ထို့ကြောင့် ဘုရားသခင်၏ သတ်မှတ်ချက်များနှင့် သမ္မာတရား အခြေခံသဘောတရားများနှင့်အညီ အရေးကိစ္စများကို ကိုင်တွယ်ဖို့၊ ဘုရားအိမ်တော်၏ အကျိုးစီးပွားကို ထိန်းသိမ်းဖို့၊ ဘုရားသခင်ကို နာခံဖို့၊ ဘုရားနှုတ်ကပတ်တော်များကို လုံးဝလိုက်နာဖို့၊ ဘုရားသခင်၏ အလိုတော်နှင့်အညီ၊ သမ္မာတရား၏ သတ်မှတ်ချက်များနှင့် စံနှုန်းများနှင့်အညီ ပြုမူဖို့ ၎င်းတို့အား သမ္မာတရားကို လက်တွေ့လုပ်ဆောင်စေခြင်းသည် ၎င်းတို့အတွက် အလွန် ကြိုးပမ်းအားထုတ်ရခြင်း ဖြစ်သည်— ယင်းမှာ အလွန် ခက်ခဲပင်ပန်းလေသည်။

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ“လူတစ်ယောက်၏စိတ်သဘောထားကိုသိခြင်းသည် ၎င်းပြောင်းလဲခြင်း၏ အခြေခံအုတ်မြစ်ဖြစ်၏” မှ

သင်၏တာဝန်ကို သင်ထမ်းဆောင်သည့်အခါ သင်သည် ပြဿနာတစ်ခုကို ရှာဖွေတွေ့ရှိပါက ယင်းကို သင်ဖြေရှင်းရမည်။ မဖြေရှင်းသည့် ပြဿနာများသည် ထာဝရ တည်ရှိနေပြီး အချိန်ကြာလာသည်နှင့်အမျှ သာ၍ ဆိုးရွားလာလိမ့်မည်။ သာ၍ ဆိုးရွားလာသည်ဟုဆိုရာ၌ မည်သည့်အရာကို ငါဆိုလိုသနည်း။ သင်၏ပြဿနာကို သင်မဖြေရှင်းပါက သင်၏အခြေအနေကို ယင်းက ထိခိုက်လိမ့်မည်ဖြစ်ပြီး အခြားသူများကိုလည်း ထိခိုက်လိမ့်မည်ဟု ငါဆိုလိုသည်။ အချိန်ကြာလာသည်နှင့်အမျှ သင်၏ပြဿနာက သင်၏တာဝန်ကို ကောင်းစွာထမ်းဆောင်ခြင်း၊ သမ္မာတရားကို နားလည်သဘောပေါက်ခြင်းနှင့် ဘုရားသခင်၏ ရှေ့မှောက်သို့ လာခြင်းတို့မှ သင့်အား တားဆီးလိမ့်မည်။ ဤသည်တို့မှာ ပြဿနာများ ဖြစ်ကြသည် မဟုတ်လော။ ဤသည်မှာ စိုးရိမ်ရသော ပြဿနာဖြစ်သည်၊ အသေးစားပြဿနာ မဟုတ်ပေ။ ဘုရားသခင်အပေါ် လူတစ်ဦး၏ ညည်းညူချက်များ၊ မကျေမချမ်းဖြစ်ခြင်းများနှင့် အထင်လွဲခြင်းများ၊ ဘုရားသခင်၏မိသားစုနှင့် စပ်လျဉ်းသည့် နားလည်မှုလွဲခြင်းများ၊ အခြားသူများနှင့် ပတ်သက်သည့် အာဃာတအစွဲအလမ်းများနှင့် အခြားသူများနှင့် စိတ်ဝမ်းကွဲခြင်းများ— တဖြည်းဖြည်းနှင့် အတွင်း၌ ဤအရာများသည် တစ်စတစ်စ သာ၍ ကြီးထွားလာသည်နှင့်အမျှ ယင်းတို့၏အကျိုးဆက်များမှာ အဘယ်နည်း။ ယင်းတို့က သင့်ကို သမ္မာတရား စစ်မှန်မှုထဲသို့ ဝင်ရောက်ခြင်း လမ်းကြောင်းသို့ ဦးတည်စေသလော၊ သို့မဟုတ် ယင်းတို့က သင့်ကို ဆိုးယုတ်သောလူများ၏ လမ်းကြောင်းပေါ်သို့ ဦးတည်စေသလော။ ထိုလမ်းကြောင်းပေါ်တွင် သင်သည် သာ၍ သာ၍ ကောင်းလာမည်လော၊ သို့မဟုတ် သာ၍ သာ၍ ဆိုးလာမည်လော။ (သာ၍ သာ၍ ဆိုးလာပါမည်။) မည်မျှ သာ၍ ဆိုးလာမည်နည်း။ ဤအရာများသည် လူများထဲ၌ အချိန်ကာလအတော်ကြာ တစ်စတစ်စ ကြီးထွားလာသည့်အခါ ၎င်းတို့၏ ယုံကြည်မှုသည် ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားသည်။ ၎င်းတို့၏ ထိုယုံကြည်မှုဟုခေါ်သည့်အရာ ပျောက်ကွယ်သွားသည့်အခါ ၎င်းတို့၏ စိတ်အားထက်သန်မှုသည်လည်း ပျောက်ကွယ်သွားပေသည်။ ၎င်းတို့၏စိတ်အားထက်သန်မှု ပျောက်ဆုံးသွားသည်နှင့် ၎င်းတို့၏ တာဝန်များကို ဖြည့်ဆည်းဖို့ အင်အားနှင့် ဆန္ဒစွမ်းအားတို့သည် သာ၍ သာ၍ နည်းလာသည် မဟုတ်လော။ ၎င်းတို့သည် ဘုရားသခင်၌ယုံကြည်ခြင်း၏ ဝမ်းမြောက်ခြင်းကို ခံစားနိုင်ခြင်းမရှိ ဖြစ်လာကြသကဲ့သို့ ၎င်းတို့၏တာဝန်များကို ထမ်းဆောင်စဉ်တွင် သူ၏ကောင်းချီးမင်္ဂလာများကို ခံစားနိုင်ခြင်းလည်း မရှိကြတော့ပေ။ ထိုသို့ဖြင့် ၎င်းတို့သည် ၎င်းတို့၏ စိတ်အတွင်း၌ အင်အားမရှိတော့ဘဲ ၎င်းတို့၌ ညည်းညူချက်များ၊ အပျက်သဘောဆောင်ခြင်းများ၊ အယူအဆများနှင့် အထင်လွဲမှုများဖြင့် ပြည့်နှက်လာပြီး ယင်းတို့အားဖြင့် ထိန်းချုပ်ခြင်းခံကြရလေသည်။ ဤအရာများအတွင်း ၎င်းတို့ရှင်သန်ပြီး ယင်းတို့၏ လုံးလုံး ဖုံးလွှမ်းခြင်းနှင့် ထိန်းချုပ်ခြင်းကို ခံကြရသည့်အခါ ၎င်းတို့၏တာဝန်များကို ထမ်းဆောင်ရာတွင် ၎င်းတို့လုပ်ဆောင်နိုင်သည့်အရာမှာ ကြိုးပမ်းအားထုတ်ကြခြင်း၊ တောင့်ခံခြင်းနှင့် ဟန်ပြလုပ်ဆောင်ခြင်းတို့သာ ဖြစ်လေသည်။ ၎င်းတို့လုပ်ဆောင်သမျှတွင် ၎င်းတို့သည် လုံ့လဝီရိယနှင့် မိမိကိုယ်ကို ချုပ်တည်းခြင်းတို့ပေါ်တွင်သာ မှီခိုရမည် ဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင်၏လမ်းညွှန်မှု၊ သို့မဟုတ် သူ၏ကောင်းချီးမင်္ဂလာများကို မြင်နိုင်စွမ်း မရှိကြပေ။ ထို့ကြောင့် ယင်းနောက်တွင် မည်သည့်အရာ ဖြစ်လာမည်နည်း။ ၎င်းတို့၏တာဝန်များကို ၎င်းတို့ မည်သို့လုပ်ဆောင်သည်ဖြစ်စေ ၎င်းတို့သည် အခြေခံသဘောတရားများကို ရှာနိုင်ခြင်းမရှိကြ။ ၎င်းတို့ဆက်လက်လုပ်ဆောင်သည်နှင့်အမျှ ၎င်းတို့သည် သာ၍သာ၍ စိတ်ရှုပ်ထွေးလာပြီး ရှေ့ဆက်လမ်းအတွက် မည်သည့်အရာကို လုပ်ဆောင်ရမည်မှန်း မသိကြဘဲ ၎င်းတို့၏တာဝန်များကို ထမ်းဆောင်ခြင်းအတွက် စိတ်အားထက်သန်မှုအားလုံး ဆုံးရှုံးကြရလေသည်။

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ“သင်၏တာဝန်ကို ကျေပွန်အောင်ထမ်းဆောင်ရာ၌ သင်၏စိတ်နှလုံး၊ဉာဏ်နှင့် ဝိညာဉ်တို့ကို အသုံးပြုသည့်အခါမှသာ သင်၌လူသားပုံသဏ္ဌာန်ရှိလိမ့်မည်” မှ

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။