လူတစ်ယောက်သည် မိမိ၏တာဝန်ကို မည်သို့ ပြည့်ပြည့်ဝဝ ထမ်းဆောင်နိုင်သနည်း

06.12.2021

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

“ပြည့်မီသော တာဝန်ထမ်းဆောင်မှု” ဟူသည့် စကားရပ်တွင် “ပြည့်မီသော” ဟူသည့် စကားပေါ် အလေးပေးထား၏။ သို့ဆိုလျှင်၊ “ပြည့်မီသော” ဟူသည်ကို မည်သို့အဓိပ္ပာယ်ဖွင့်ဆိုသင့်သနည်း။ ဤအရာတွင်လည်း ရှာဖွေဖို့ သမ္မာတရားတစ်ခုရှိ၏။ အသင့်အတင့်ဖြစ်သော အလုပ်တစ်ခုကို လုပ်ဆောင်ရုံမျှသည် ပြည့်မီသလော။ “ပြည့်မီသော” ဟူသည့် စကားလုံးကို မည်သို့နားလည်ပြီး မှတ်ယူရမည်ဆိုသည်နှင့်သက်ဆိုင်သည့် တိကျသော အသေးစိတ်အချက်လက်များအတွက်၊ သင်သည် သမ္မာတရားများစွာကို နားလည်ရမည်ဖြစ်ပြီး သမ္မာတရားအပေါ် သာ၍မိတ်သဟာယပြုရမည်။ သင်၏တာဝန်ကို ဖြည့်ဆည်းရာတွင်၊ သမ္မာတရားနှင့် ယင်း၏အခြေခံမူများကို သင်နားလည်ရမည်။ ထိုအခါတွင်သာ ပြည့်မီသော တာဝန်ထမ်းဆောင်မှုတစ်ခုသို့ သင်ရောက်ရှိနိုင်သည်။ လူတို့သည် ၎င်းတို့၏ တာဝန်များကို အဘယ်ကြောင့် ဖြည့်ဆည်းသင့်သနည်း။ ဘုရားသခင်ကို ၎င်းတို့ယုံကြည်ပြီး သူ၏တာဝန်ပေးစေခိုင်းချက်ကို လက်ခံပြီးလျှင်ပြီးချင်း လူတို့၌ ဘုရားအိမ်တော်၏အမှုနှင့် ဘုရားသခင့်အမှု၏အလုပ်ခွင်ရှိ တာဝန်၊ ဝတ္တရားတို့နှင့်သက်ဆိုင်သည့် ၎င်းတို့၏ဝေစုရှိကြကာ အပြန်အလှန်အနေဖြင့်၊ ၎င်းတို့၏တာဝန်နှင့် ဝတ္တရားကြောင့်၊ ၎င်းတို့သည် ဘုရားသခင်၏အမှုတွင် လိုအပ်ချက်တစ်ခု- ဘုရားသခင်အမှုပြုမည့်အရာများ၏ လိုအပ်ချက်တစ်ခုနှင့် ဘုရားသခင်ကယ်တင်မည့်အရာများ၏ လိုအပ်ချက်တစ်ခု ဖြစ်လာပြီး ဖြစ်သည်။ ထို့ကြောင့်၊ လူတို့၏ ကယ်တင်ခြင်းနှင့် ၎င်းတို့၏ တာဝန်များကို ၎င်းတို့ဖြည့်ဆည်းပုံ၊ ယင်းတို့ကို ၎င်းတို့ကောင်းမွန်စွာ လုပ်ဆောင်နိုင်ခြင်း ရှိမရှိနှင့် ယင်းတို့ကို ၎င်းတို့ပြည့်မီစွာ လုပ်ဆောင်နိုင်ခြင်း ရှိမရှိတို့ကြား အတောအတန် အဓိကကျသော ဆက်နွှယ်မှုတစ်ခုရှိ၏။ သင်သည် ဘုရားအိမ်တော်၏ အစိတ်အပိုင်းဖြစ်လာပြီးဖြစ်ကာ သူ၏တာဝန်ပေးစေခိုင်းချက်ကို လက်ခံပြီးဖြစ်သည့်အတွက်၊ ယခု သင်၌ တာဝန်တစ်ခုရှိ၏။ ဤတာဝန်ကို သင်မည်သို့ဖြည့်ဆည်းသင့်သည်မှာ သင့်သဘောအတိုင်း မဟုတ်ပေ။ ယင်းသည် ဘုရားသခင်၏သဘောဖြစ်ပြီး ယင်းကို သမ္မာတရား၏ စံနှုန်းများက သတ်မှတ်ထားပေသည်။ ထို့ကြောင့် အမှုအရာများကို ဘုရားသခင်က မည်သို့တိုင်းတာသည်ဆိုသည့်အပေါ် လူတို့နားလည်ကာ ရှင်းလင်းသင့်ကြပေသည်- ဤသည်မှာ ရှာဖွေရန် အကျိုးရှိသောအရာတစ်ခု ဖြစ်သည်။ ဘုရားသခင်၏ အမှုတွင်၊ မတူကွဲပြားသော လူတို့သည် မတူကွဲပြားသော တာဝန်များ ရရှိကြသည်။ ဆိုလိုသည်မှာ၊ လူတို့သည် ၎င်းတို့၏ ဆုကျေးဇူးများ၊ အစွမ်းအစများ၊ အသက်အရွယ်များ၊ အခြေအနေများနှင့် ခေတ်ကာလများအပေါ် မူတည်လျက် ကွဲပြားသည့် တာဝန်များကို လက်ခံရရှိကြသည်။ သင့်ကို မည်သည့်တာဝန်ပေးထားသည်ဖြစ်စေ၊ ပြီးလျှင် ယင်းကို မည်သည့်ခေတ်ကာလ၊ သို့မဟုတ် မည်သည့်အခြေအနေများတွင် သင်လက်ခံရရှိနေသည်ဖြစ်စေ၊ တာဝန်တစ်ခုသည် တာဝန်တစ်ခုသာ ဖြစ်၏။ ယင်းသည် လူတစ်ဦးစီမံခန့်ခွဲသည့် တစ်စုံတစ်ရာ မဟုတ်။ နောက်ဆုံးတွင်၊ သင့်ကို ဘုရားသခင် တောင်းဆိုသည့် စံနှုန်းမှာ သင်၏တာဝန်ကို ပြည့်မီစွာ ထမ်းဆောင်ဖို့ ဖြစ်သည်။ “ပြည့်မီစွာ” ဟူသော စကားလုံးကို မည်သို့ ရှင်းပြသင့်သနည်း။ ယင်းမှာ သင်သည် ဘုရားသခင်၏ သတ်မှတ်ချက်များကို ပြည့်မီရမည်ဖြစ်ပြီး သူ့ကို စိတ်ကျေနပ်စေရမည်ဖြစ်ကာ သင်၏အလုပ်ကို ပြည့်မီသည်ဟု ဘုရားသခင်က ခေါ်ဆိုရမည်ဖြစ်ပြီး သူ၏လက်ခံခေါင်းညိတ်မှုကို သင်ရရှိရမည်ဟု ဆိုလိုသည်။ ထိုအခါတွင်သာ သင်သည် သင်၏တာဝန်ကို ပြည့်မီစွာ ဖြည့်ဆည်းပြီး ဖြစ်လိမ့်မည်။ သင်၏အလုပ်သည် ပြည်မီခြင်းမရှိဟု ဘုရားသခင်ပြောပါက၊ သင်သည် သင်၏တာဝန်ကို ကောင်းမွန်စွာ မဖြည့်ဆည်းလေပြီ။ သင်သည် သင်၏တာဝန်ကို လုပ်ဆောင်ကောင်း လုပ်ဆောင်နေနိုင်ပြီး ယင်းကို သင်လုပ်ဆောင်ပြီးဖြစ်သည်ကို သူအသိအမှတ်ပြုသော်လည်း၊ ယင်းကို ပြည့်မီစွာ သင်မလုပ်ဆောင်ပါက၊ အကျိုးဆက်များက မည်သည့်အရာ ဖြစ်လိမ့်မည်နည်း။ ကြီးလေးသော ကိစ္စများတွင်၊ လူတို့၏ ကယ်တင်ခြင်း မျှော်လင့်ချက်များ ပျောက်ကွယ်ကောင်း ပျောက်ကွယ်သွားမည်ဖြစ်ပြီး တစ်ကြိုးတည်းလစ်သွားပေမည်။ သာ၍ မကြီးလေးသော ကိစ္စများတွင်၊ ၎င်းတို့၏တာဝန်များကို ၎င်းတို့၏ဖြည့်ဆည်းပိုင်ခွင့် ပိတ်ပင်ခံရကောင်း ခံရပေမည်။ ထိုသို့သော အခွင့်အရေးများ ပိတ်ပင်ခံရပြီးနောက်တွင်၊ လူအချို့သည် ဘေးဖယ်ထားခံရသည်၊ ယင်းနောက် ၎င်းတို့သည် သီးသန့် ဂရိုစိုက်ခံရပြီး စီစဉ်ခံရကြသည်။ သီးသန့် ဂရုစိုက်ခံရခြင်းနှင့် စီစဉ်ခံရခြင်းမှာ ၎င်းတို့ဖယ်ရှားသုတ်သင်ခံရသည်ဟု ဆိုလိုသလော။ ထိုသို့လည်း ယတိပြတ်မဟုတ်ပေ။ ဘုရားသခင်သည် ဤလူများ မည်သို့ပြုမူကြသည်ကို စောင့်ဆိုင်းကာ ကြည့်ရှုလိမ့်မည်။ ထို့ကြောင့် တစ်ဦးတစ်ယောက်က မိမိ၏တာဝန်ကို ဖြည့်ဆည်းပုံသည် အချက်အချာကျပေသည်။ လူတို့သည် ယင်းကို ပညာသတိရှိရှိဖြင့် ဆက်ဆံသင့်ပြီး လေးလေးနက်နက် သဘောထားသင့်ကာ၊ ယင်းကို ၎င်းတို့၏ အသက်ဝင်ရောက်မှုနှင့် ၎င်းတို့၏ ကယ်တင်ခြင်းကို ကြိုးပမ်းရရှိခြင်းတွင် ကြီးမားသော အရေးပါမှုရှိသည့် ကိစ္စရပ်တစ်ခုအဖြစ် မှတ်ယူသင့်ပေသည်။ ယင်းကို ၎င်းတို့ ပေါ့ပေါ့ဆဆ မဆက်ဆံရ။

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ“ပြည့်မီသော တာဝန်ထမ်းဆောင်မှုဆိုသည်မှာ အဘယ်နည်း။” မှ

ဘုရားသခင်ကို ယုံကြည်သောသူတိုင်း သူ၏ အလိုတော်ကို နားလည်သင့်၏။ ၎င်းတို့၏ တာဝန်များကို မှန်မှန်ကန်ကန် ဖြည့်ဆည်းသော သူတို့သာ ဘုရားသခင်ကို စိတ်ကျေနပ်စေနိုင်ကြပြီး၊ ၎င်းတို့ကို သူ အပ်နှံသည့် အလုပ်တာဝန်များကို ဖြည့်ဆည်းခြင်းအားဖြင့်သာ ၎င်းတို့၏ တာဝန်များကို ၎င်းတို့ ဖြည့်ဆည်းခြင်းက စံချိန်မီလိမ့်မည်ဖြစ်သည်။ ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်အား ပြီးမြောက်စေခြင်းအတွက် စံနှုန်းများရှိသည်။ သခင်ယေရှုက၊ “သင်၏ဘုရားသခင် ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့၊ ဉာဏ်ရှိသမျှ၊ ကိုယ်စွမ်းရှိသမျှနှင့်ချစ်လော့” ဟု ပြောခဲ့သည်။ ဘုရားသခင်ကို ချစ်ခြင်းမှာ လူတို့အပေါ် ဘုရားသခင် သတ်မှတ်ထားသောအရာထဲမှ ရှုထောင့်တစ်ခုဖြစ်၏။ အမှန်အားဖြင့် ဘုရားသခင်သည် လူတို့အား တာဝန်ပေးစေခိုင်းချက်တစ်ခုကို ပေးသောအခါ၊ ၎င်းတို့သည် ၎င်းတို့၏တာဝန်ကို ယုံကြည်ခြင်းဖြင့် ထမ်းဆောင်သောအခါ၊ ၎င်းတို့အား ကိုယ်တော်သတ်မှတ်ထားသော စံနှုန်းများမှာ ဤအရာများဖြစ်ကြ၏- သင်၏စိတ်နှလုံးအကြွင်းမဲ့၊ ဉာဏ်ရှိသမျှ၊ ကိုယ်စွမ်းရှိသမျှဟူ၍ ဖြစ်သည်။ အကယ်၍ သင်သည် ရောက်လာသော်လည်း သင်၏စိတ်နှလုံးမပါသော်၊ သင်၏ဦးခေါင်းဖြင့် အလုပ်များအကြောင်းကို တွေးပြီး မှတ်ဉာဏ်၌ မှတ်သားသော်လည်း သင်၏စိတ်နှလုံးကို ၎င်းတို့ထဲ၌ မထားသော်၊ သင်၏ကိုယ်ပိုင်အစွမ်းအစများကို အသုံးပြု၍အမှုအရာများကို လုပ်ဆောင်ပြီးစီးလျှင် ယင်းမှာ ဘုရားသခင်၏တာဝန်ပေးစေခိုင်းချက်ကို ပြီးပြည့်စုံစေခြင်းဖြစ်သလော။ ထို့ကြောင့် သင်၏တာဝန်ကို မှန်မှန်ကန်ကန် ထမ်းဆောင်ရန်နှင့် သင့်ကို ဘုရားသခင် အပ်နှံထားသောအရာ ဖြစ်မြောက်စေရန်နှင့် သင်၏တာဝန်ကို သစ္စာရှိရှိ ထမ်းဆောင်ရန်အတွက် မည်သည့်စံနှုန်း ပြည့်မီရမည်နည်း။ ယင်းမှာ သင်၏တာဝန်ကို သင်၏စိတ်နှလုံးအကြွင်းမဲ့၊ ဉာဏ်ရှိသမျှ၊ ကိုယ်စွမ်းရှိသမျှဖြင့် လုပ်ဆောင်ခြင်းဖြစ်၏။ ဘုရားသခင်ကို ချစ်သော စိတ်နှလုံးတစ်ခု သင်၌မရှိလျှင်၊ သင်၏ တာဝန်ကို မှန်မှန်ကန်ကန် ဖြည့်ဆည်းရန် ကြိုးပမ်းခြင်းက အလုပ်ဖြစ်လိမ့်မည် မဟုတ်။ ဘုရားသခင်အတွက် သင်၏ ချစ်ခြင်းမေတ္တာ ပိုတိုး၍ ခိုင်မာလာပြီး ပို၍ပို၍ စစ်မှန်လာလျှင်၊ သင်၏ တာဝန်ကို သင့်စိတ်နှလုံး၊ သင့် ဝိညာဉ်၊ သင့် စိတ်နှင့် ခွန်အား အားလုံးတို့ဖြင့် အလိုအလျောက် သင်ဆောင်ရွက်နိုင်လိမ့်မည် ဖြစ်သည်။

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ“လူတို့ အသက်ရှင်ဖို့ မှီခိုနေခဲ့ကြသည့် အရာအတိအကျ” မှ

သင်မည်သည့်တာဝန်ကို ထမ်းဆောင်သည်ဖြစ်ပါစေ၊ သင်၏တာဝန်နှင့်ပတ်သက်၍ ဘုရားသခင်၏အလိုတော်နှင့် ကိုယ်တော်၏ သတ်မှတ်ချက်များကို နားလည်သဘောပေါက်ရန် အစဉ်ကြိုးစားရမည်၊ သို့မှသာ အမှုကိစ္စများကို ကိုယ်ကျင့်တရားနှင့်အညီ ကိုင်တွယ်ဖြေရှင်းနိုင်မည် ဖြစ်သည်။ သင်၏တာဝန်ကို ထမ်းဆောင်ရာတွင် သင်ပြုလိုသည်အတိုင်း ပြုခြင်း၊ သင် လုပ်၍ပျော်သည့်အရာနှင့် လုပ်ဆောင်ရန် သက်သောင့်သက်သာရှိသော အရာမှန်သမျှ၊ သို့မဟုတ် သင့်ကို အကောင်းမြင်စေမည့် အရာမှန်သမျှကိုသာ လုပ်ဆောင်ခြင်းဖြင့် သင်၏ ကိုယ်ပိုင်နှစ်သက်မှုများအရ လုံး၀ မပြုနိုင်ပေ။ အကယ်၍ သင်သည် သင်၏ကိုယ်ပိုင်နှစ်သက်မှုများကို ဘုရားသခင်အပေါ် အတင်းအကျပ် သတ်မှတ်ခြင်း သို့မဟုတ် ၎င်းတို့အား သမ္မာတရားကဲ့သို့ လက်တွေ့လုပ်ဆောင်ပါက၊ ၎င်းတို့မှာ သမ္မာတရား အခြေခံသဘောတရားများဖြစ်သည့်အလား ၎င်းတို့အား လိုက်နာပါက၊ ၎င်းမှာ သင်၏တာဝန်ကို ကျေပွန်အောင် ထမ်းဆောင်နေခြင်း မဟုတ်၊ ထို့အပြင် သင်၏တာဝန်ကို ဤကဲ့သို့ ထမ်းဆောင်နေခြင်းကို ဘုရားသခင်မှ အမှတ်ရမည် မဟုတ်ပေ။ လူအချို့တို့သည် သမ္မာတရားကို နားမလည်ကြသကဲ့သို့၊ ၎င်းတို့၏ တာဝန်များကို ကောင်းစွာ ဖြည့်ဆည်းခြင်းမှာ မည်သည့်အရာကို ဆိုလိုသည်ကို သူတို့ မသိကြ။ ၎င်းတို့၏ စိတ်နှလုံးနှင့် အားထုတ်မှုတို့ကို ယင်းတွင် ထားရှိပြီးဖြစ်ကာ၊ မိမိတို့၏ ဇာတိပကတိကို စွန့်လွှတ်ပြီး ဆင်းရဲဒုက္ခခံစားပြီး ဖြစ်သည့်အတွက်၊ ၎င်းတို့၏ တာဝန်များကို ဖြည့်ဆည်းခြင်းသည် စံချိန်မီသင့်သည်ဟု ၎င်းတို့ ခံစားကြသည်- သို့ဆိုလျှင်၊ ဘုရားသခင်သည် အဘယ်ကြောင့် အစဉ်အမြဲ စိတ်မကျေမနပ်ဖြစ်နေသနည်း။ ဤလူတို့သည် မည်သည့်နေရာတွင် မှားယွင်းခဲ့ကြပြီနည်း။ ၎င်းတို့၏ အမှားမှာ ဘုရားသခင်၏ သတ်မှတ်ချက်များကို ရှာဖွေရန် မကြိုးစားဘဲ၊ ယင်းအစား မိမိတို့၏ ကိုယ်ပိုင် စိတ်ကူးအတိုင်း ပြုမူကြခြင်း ဖြစ်သည်၊ ၎င်းတို့၏ ကိုယ်ပိုင် စိတ်ဆန္ဒများ၊ နှစ်သက်မှုများနှင့် တစ်ကိုယ်ကောင်းဆန်သော ရည်ရွယ်ချက်များကို သမ္မာတရားအဖြစ် ၎င်းတို့ သဘောထားကြသည်။ ပြီးလျှင် သူတို့သည် ထိုအရာများကို ဘုရားသခင် နှစ်သက်သည့် အရာဖြစ်သကဲ့သို့၊ သူ၏ စံနှုန်းများနှင့် သတ်မှတ်ချက်များ ဖြစ်သည့်အလား သဘောထားကြသည်။ သူတို့သည် မှန်ကန်၊ ကောင်းမြတ်ပြီး လှပသည်ဟု သူတို့ ယုံကြည်သည့်အရာများကို သမ္မာတရားအဖြစ် မြင်ကြလေသည်။ ဤသည်မှာ မှားယွင်း၏။ အမှန်တွင်၊ လူတို့သည် တစ်စုံတစ်ရာ မှန်ကန်သည်၊ ပြီးလျှင် ယင်းသည် သမ္မာတရားနှင့် ကိုက်ညီသည်ဟု တစ်ခါတစ်ရံ ထင်ကောင်းထင်ကြမည် ဖြစ်သော်လည်း၊ ယင်းသည် ဘုရားသခင်၏ အလိုတော်နှင့် ကိုက်ညီသည်ဟု သေချာပေါက် မဆိုလိုပေ။ တစ်စုံတစ်ရာ မှန်ကန်သည်ဟု လူတို့ တွေးထင်လေလေ၊ ၎င်းတို့အနေဖြင့် သတိရှိသင့်လေလေဖြစ်ပြီး၊ ၎င်းတို့ စဉ်းစားနေသည့်အရာသည် ဘုရားသခင်၏ သတ်မှတ်ချက်များနှင့် ပြည့်မီခြင်းရှိမရှိ သိဖို့ရန် သမ္မာတရားကို ရှာဖွေသင့်လေလေ ဖြစ်သည်။ ယင်းသည် သူ၏ သတ်မှတ်ချက်များနှင့် ဆန့်ကျင်ပြီး သူ၏ နှုတ်ကပတ်တော်များနှင့် ဆန့်ကျင်လျက်ရှိပါက၊ ထိုအရာမှန်ကန်သည်ဟု သင် တွေးထင်သည်လျှင်ပင်၊ ယင်းက လက်ခံနိုင်ဖွယ် မရှိပေ၊ ယင်းသည် လူသားအတွေးသာ ဖြစ်ပြီး၊ သင် မှန်ကန်သည်ဟု မည်သို့ တွေးထင်ပါစေ သမ္မာတရားနှင့် သေချာပေါက် ကိုက်ညီလိမ့်မည်မဟုတ်ပေ။ အမှန်၊ အမှားတို့နှင့်ဆိုင်သော သင်၏ စိတ်ပိုင်းဖြတ်ခြင်းသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များပေါ်တွင် လုံးဝဥဿုံ အခြေခံရမည်ဖြစ်ပြီး၊ တစ်စုံတစ်ရာကို သင် မှန်ကန်သည်ဟု မည်မျှ တွေးထင်ပါစေ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များထဲတွင် ယင်းအတွက် အခြေပြုချက် မရှိပါက၊ ယင်းကို သင် စွန့်ပစ်ရမည်။ တာဝန်ကား အဘယ်နည်း။ ယင်းမှာ လူတို့ကို ဘုရားသခင် အပ်နှံထားသည့် တာဝန်ပေးစေခိုင်းချက်တစ်ခု ဖြစ်သည်။ ဤသို့ဆိုလျှင် သင်၏တာဝန်ကို သင် အဘယ်သို့ ဖြည့်ဆည်းသင့်သနည်း။ လူသား၏ ဓမ္မဓိဋ္ဌာန်မကျသော စိတ်ဆန္ဒများအပေါ် အခြေခံသည်ထက် ဘုရားသခင်၏ သတ်မှတ်ချက်များနှင့် စံနှုန်းများနှင့်အညီ ပြုမူခြင်းနှင့် သမ္မာတရား အခြေခံသဘောတရားများပေါ် သင်၏ အပြုအမူကို အခြေခံခြင်းအားဖြင့် ဖြစ်သည်။ ဤနည်းအားဖြင့် သင်၏ တာဝန်များကို ဖြည့်ဆည်းခြင်းမှာ စံချိန်မီလိမ့်မည်ဖြစ်သည်။

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ“သမ္မာတရား၏အခြေခံသဘောတရားများကို ရှာဖွေခြင်းဖြင့်သာမိမိ၏တာဝန်ကို ကောင်းစွာ ထမ်းဆောင်နိုင်သည်” မှ

သင်၏ တာဝန်ကို ဖြည့်ဆည်းသည့်အခါ၊ ကိုယ်ကျင့်တရားအရ အမှုအရာများကို ဆောင်ရွက်နေခြင်း ရှိမရှိ၊ သင်၏ တာဝန်ကို ထမ်းဆောင်ခြင်းတွင် စံနှုန်းမီမမီ၊ တာဝန်ကို ဝတ်ကျေတမ်းကျေ ထမ်းဆောင်ခြင်း သက်သက် ဟုတ်မဟုတ်၊ သင်၏ တာဝန်ဝတ္တရားများကို ရှောင်ရှားရန် ကြိုးစားခြင်း ပြုမပြု၊ နှင့် သင်၏ သဘောထားနှင့် သင်တွေးပုံခေါ်ပုံတို့တွင် ပြဿနာများ ရှိမရှိတို့ကို သင့်ကိုယ်သင် အမြဲတမ်း စစ်ဆေးသင့်သည်။ သင်သည် မိမိကိုယ်ကိုယ် ပြန်လည်သုံးသပ်ပြီး၊ ဤအရာများသည် သင့်အတွက် ရှင်းလင်းလာသည်နှင့် တစ်ပြိုင်နက်၊ သင်၏တာဝန်ကို ဖြည့်ဆည်းရာတွင် ပို၍လွယ်ကူသော အချိန်တစ်ခု ရှိလာလိမ့်မည်။ သင်၏တာဝန်ကို ထမ်းဆောင်နေစဉ်တွင်- အပျက်သဘောဆောင်ခြင်း နှင့် အားနည်းချက်ဖြစ်စေ၊ ကိုင်တွယ်ဖြေရှင်းခံရပြီးနောက် မကောင်းသော စိတ်ခံစားမှု တစ်ခုတွင် ရှိနေခြင်းဖြစ်စေ- သင် မည်သည့်အရာကို ကြုံတွေ့ရပါစေ၊ ယင်းကို သင် သင့်တော်စွာ သဘောထားသင့်ပြီး၊ သင်သည် သမ္မာတရားကိုလည်း ရှာဖွေကာ၊ ဘုရားသခင်၏ အလိုတော်ကိုလည်း နားလည်ရမည်။ ဤအမှုအရာများကို လုပ်ဆောင်ခြင်းအားဖြင့်၊ လက်တွေ့လုပ်ဆောင်ဖို့ လမ်းကြောင်းတစ်ခု သင်၌ရှိလိမ့်မည်။ သင်၏တာဝန်ကို ဖြည့်ဆည်းရာတွင် ကောင်းမွန်စွာ ဆောင်ရွက်လိုပါက၊ သင်၏ စိတ်ခံစားမှု၏ သက်ရောက်မှုကို ခံ၍ မဖြစ်ပေ။ သင်သည် အပျက်သဘောဆောင်ခြင်း သို့မဟုတ် အားနည်းခြင်းတို့ကို မည်မျှခံစားနေရပါစေ၊ သင်လုပ်သမျှတွင် ကိုယ်ကျင့်တရားများကို မြဲမြံစွာ လိုက်နာလျက်၊ လုံးဝ တိကျခြင်းဖြင့် သမ္မာတရားကို လက်တွေ့လုပ်ဆောင်သင့်သည်။ ဤအရာကို သင်ပြုလုပ်ပါက အခြားသူများက သင့်ကို လက်ခံရုံသာမက၊ ဘုရားသခင်ကလည်း သင့်ကို နှစ်သက်တော်မူလိမ့်မည်။ ဤသို့ဖြစ်သဖြင့် သင်သည် တာဝန်ရှိပြီး ဝန်ထုပ် ထမ်းရွက်သောသူ ဖြစ်လိမ့်မည်။ သင်သည် သင်၏တာဝန်ကို စံချိန်မီ အမှန်တကယ် ဖြည့်ဆည်းပြီး၊ စစ်မှန်သော လူတစ်ယောက်၏ ပုံသဏ္ဌာန်အတိုင်း အပြည့်အဝ အသက်ရှင်နေထိုင်သည့်သူ တကယ့် လူကောင်းတစ်ယောက် ဖြစ်ပေလိမ့်မည်။ ထိုကဲ့သို့ လူများသည် ၎င်းတို့၏ တာဝန်များကို ဖြည့်ဆည်းနေသည့်အခါ သန့်စင်ခြင်းခံရပြီး စစ်မှန်သည့် ပြောင်းလဲခြင်းကို ရရှိကြကာ၊ ၎င်းတို့သည် ဘုရားသခင်၏ အမြင်တွင် ရိုးသားသည်ဟု ခေါ်ဆို၍ ရနိုင်ပေသည်။ ရိုးသားသောလူများသာလျှင် သမ္မာတရားကို လက်တွေ့လုပ်ဆောင်းခြင်းအား အပတ်တကုတ် လုံ့လထုတ်ပြီး ကိုယ်ကျင့်တရားဖြင့် ပြုမူကျင့်ကြံရာတွင် အောင်မြင်နိုင်သည်၊ ပြီးလျှင် ၎င်းတို့၏ တာဝန်များကို စံချိန်မီ ဖြည့်ဆည်းနိုင်ပေသည်။ ကိုယ်ကျင့်တရားဖြင့် ပြုမူသည့်လူများသည် ၎င်းတို့ ကောင်းသော စိတ်ခံစားမှုရှိနေချိန်တွင် ၎င်းတို့၏ တာဝန်များကို စေ့စေ့စပ်စပ် ဖြည့်ဆည်းကြသည်။ ၎င်းတို့သည် ဝတ်ကျေတမ်းကျေပုံစံဖြင့် အလုပ်မလုပ်ဘဲ၊ အခြားသူများက ၎င်းတို့အား အထင်ကြီးစေဖို့ မိမိတို့ကိုယ်ကိုယ် မာနမထောင်လွှားကြသကဲ့သို့၊ ကိုယ်ရည်သွေးလည်းမပြကြပေ။ သို့သော် ၎င်းတို့သည် မကောင်းသော စိတ်ခံစားမှုတစ်ခု ရှိနေသည့် အချိန်၌၊ ၎င်းတို့၏ နေ့စဉ် လုပ်ဆောင်ချက် တာဝန်များကို ဤသို့ပင် စိတ်ပါလက်ပါနှင့် တာဝန်ရှိစွာ ပြီးမြောက်စေပြီး၊ ၎င်းတို့၏တာဝန်များကို ဖြည့်ဆည်းခြင်းကို ထိခိုက်နစ်နာ စေသည့်အရာ တစ်ခုခုကိုဖြစ်စေ၊ ၎င်းတို့ကို ဖိအားအနည်းငယ် ပေးသည့်အရာတစ်ခုခု သို့မဟုတ် ၎င်းတို့၏ တာဝန်များကို ထမ်းဆောင်နေစဉ်တွင် အနှောင့်အယှက် ဖြစ်ပေါ်စေသည့်အရာတစ်ခုခုကို ၎င်းတို့ ကြုံတွေ့ရလျှင်ပင်၊ ၎င်းတို့သည် “ကျွန်ုပ် မည်မျှ ကြီးမားသည့် ပြဿနာကို ရင်ဆိုင်ရပါစေ— ကောင်းကင်ကြီးတစ်ခုလုံး ပြိုကျလျှင်ပင်ဘု— ရားသခင်သည် ကျွန်ုပ်ကို အသက်ဆက် ရှင်သန်ခွင့်ပေးသမျှ ကာလပတ်လုံး၊ ကျွန်ုပ်သည် မိမိ၏ တာဝန်ကို ဖြည့်ဆည်းဖို့ အစွမ်းကုန်ကြိုးစားရန် သန္နိဌာန်ချထားပါသည်။ ဘုရားသခင် ပေးအပ်သည့် ဤတာဝန်နှင့် ကျွန်ုပ်ထိုက်တန်ဖို့၊ ထို့အပြင် ကျွန်ုပ်၏ ခန္ဓာကိုယ်ထဲ ကိုယ်တော် ထည့်ထားပြီးဖြစ်သည့် ဤထွက်သက်ဝင်သက်နှင့် ကျွန်ုပ်ထိုက်တန်ဖို့အလို့ငှာ၊ ကျွန်ုပ် အသက်ရှင်ခွင့်ရသည့် နေ့တိုင်းသည် ကျွန်ုပ်တို့၏ တာဝန်ကို ထမ်းဆောင်ဖို့ အလွန်အလုပ်ကြိုးစားမည့် နေ့ရက်တစ်ရက် ဖြစ်ပါသည်။ ကျွန်ုပ်သည် မည်မျှ အခက်အခဲကြုံကောင်း ကြုံနေရသည်ဖြစ်ပါစေ၊ ကျွန်ုပ်၏ တာဝန်ကို ထမ်းဆောင်ခြင်းသည် အရေးအကြီးဆုံးအရာဖြစ်သည့်အတွက် ယင်းကို ဘေးဖယ်ထားပါမည်။” ဟု ပြောလျက်၊ ဘုရားသခင်၏ ရှေ့မှောက်တွင် ၎င်းတို့၏ စိတ်နှလုံးကို ငြိမ်သက်စေနိုင်ပြီး၊ ဆုတောင်းနိုင်ဆဲ ဖြစ်ပေသည်။ မည်သည့် လူ၊ အဖြစ်အပျက်၊ အမှုအရာ သို့မဟုတ် ပတ်ဝန်းကျင်တစ်စုံတစ်ရာအားဖြင့် ထိခိုက်ခြင်းကို မခံရသည့်သူများ၊ မည်သည့်စိတ်ခံစားမှု သို့မဟုတ် အပြင်ပန်းအခြေအနေ တစ်စုံတစ်ရာအားဖြင့် ထိန်းချုပ်ခြင်းကို မခံသူများနှင့် ၎င်းတို့ကို ဘုရားသခင် ယုံကြည်စွာပေးအပ်ထားသည့် ၎င်းတို့၏တာဝန်များနှင့် တာဝန်ပေးစေခိုင်းချက်များကို ရှေ့တန်းတင်ထားသူများ— ၎င်းတို့သည် ဘုရားသခင်ကို သစ္စာရှိသူများနှင့် သူ့ကို စစ်မှန်စွာ နာခံသူများဖြစ်သည်။ ဤကဲ့သို့သော လူများသည် အသက်ဝင်ရောက်ခြင်းကို ရရှိပြီးဖြစ်ကာ၊ သမ္မာတရားလက်တွေ့အရှိတရားထဲသို့ ဝင်ရောက်ပြီးဖြစ်ပေသည်။ ဤသည်မှာ သမ္မာတရားကို အသက်ရှင်နေထိုင်ခြင်းနှင့် သက်ဆိုင်သည့် လက်တွေ့အကျဆုံးနှင့် အစစ်မှန်ဆုံးသော ဖော်ပြချက်များ ပင်တည်း။

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ“အသက်အတွင်း ဝင်ရောက်ခြင်းသည်မိမိ၏တာဝန်များကို ထမ်းဆောင်ခြင်း အတွေ့အကြုံဖြင့် စတင်ရမည်” မှ

တာဝန်ကို ပေါ့ပေါ့ဆဆနှင့် ဝတ်ကျေတမ်းကျေ ထမ်းဆောင်ခြင်းသည် သိသာထင်ရှားကာ ဖြစ်လေ့ရှိသော ပြဿနာတစ်ခုဖြစ်သော်လည်း ကိုင်တွယ်ပြုပြင်ရ ခက်သကဲ့သို့ ဖြေရှင်းရလည်း ခက်ပေသည်။ ဖြည်းဖြည်းမှန်မှန် အောင်ပွဲခံလျက် သင်၏လုပ်ရပ်များတွင် လေးနက်တည်ကြည်ဖို့၊ ပြည့်စုံစေ့စပ်ဖို့၊ တာဝန်သိတတ်ဖို့၊ အလွန်စိတ်ထက်သန်ဖို့နှင့် ကျိုးကြောင်းဆင်ခြင်တတ်ဖို့ ဦးစွာသင်ယူလော့။ အမှုကိစ္စကို မလုပ်လျှင်လည်း လုံးဝ မလုပ်နှင့်၊ လုပ်လျှင်လည်း ယင်းနှင့်ပတ်သက်၍ သင်စိတ်ကျေနပ်ပြီး စံပြည့်မီသည်အထိ ကောင်းစွာ လုပ်ဆောင်လော့။ ထို့ထက်ကား အမှုကိစ္စ၏ အခြေခံသဘောတရားများကို ရှာဖွေနိုင်ပြီး ထိုအခြေခံသဘောတရားများအရ လုပ်ဆောင်နိုင်ခြင်း ရှိလော့။ ဤအရာက အားထုတ်ကြိုးပမ်းမှုကို ပို၍ လိုကောင်းလိုနိုင်ပြီး အစာစားချိန်လွတ်နိုင်သကဲ့သို့ အပန်းဖြေမှုအချို့ပါ လွတ်နိုင်သော်လည်း ထိုအမှုကိစ္စကို မည်သို့ပင်ဖြစ်စေ ပေါ့ဆခြင်း၊ သို့မဟုတ် ဝတ်ကျေတမ်းကျေပြုခြင်း မရှိဘဲ လုပ်ဆောင်လော့— အမှုကိစ္စကို သင်နားမလည်လျှင် နားလည်ယောင်မဆောင်ဘဲ သင်နားလည်သည့် အတိုင်းအတာအထိ ယင်းကို ဆောင်ရွက်လော့— ပေါ့ဆခြင်းနှင့် ဝတ်ကျေတမ်းကျေပြုခြင်းတို့က ဖြေရှင်းဖို့ လွယ်ကူသလော။ နေ့စဉ်နေ့တိုင်း သင်၏တာဝန်ကို မဆောင်ရွက်မီ ဘုရားသခင်ထံ ဆုတောင်းလော့။ “ဘုရားသခင်၊ ကျွန်ုပ်၏တာဝန်ကို ကျွန်ုပ် စတင်နေပါပြီ။ ကျွန်ုပ်သည် ပေါ့ဆကာ ဝတ်ကျေတမ်းကျေပြုပါက ကိုယ်တော် ကျွန်ုပ်ကို ဆုံးမပဲ့ပြင်ပြီး ကျွန်ုပ်၏စိတ်နှလုံးထဲတွင် ပြစ်တင်မောင်းမဲဖို့ တောင်းလျှောက်ပါသည်။ ကျွန်ုပ်၏တာဝန်ကို ကောင်းစွာ ထမ်းဆောင်ပြီး ပေါ့ဆခြင်း မရှိသကဲ့သို့ ဝတ်ကျေတမ်းကျေ မပြုဖို့ ကိုယ်တော်ဦးဆောင်ပေးပါရန်လည်း တောင်းလျှောက်ပါသည်” ဟု ပြောလော့။ နေ့စဉ် ဤနည်းဖြင့် လက်တွေ့လုပ်ဆောင်ပြီး သင်၏တာဝန်ကို ပေါ့ပေါ့ဆဆနှင့် ဝတ်ကျေတမ်းကျေ ထမ်းဆောင်ခြင်း၏ ပြဿနာကို ဖြေရှင်းဖို့ မည်မျှကြာသည်၊ သင်၏တာဝန်ကို ထမ်းဆောင်ခြင်း၌ သင်သည် မကြာခဏ ပေါ့ဆခြင်းနှင့် ဝတ်ကျေတမ်းကျေပြုခြင်း နည်းသည်ထက် နည်းလာခြင်းမရှိမီ မည်မျှကြာသည်၊ ယင်းကို ရောထွေးခြင်းများ တိုး၍ နည်းပါးစွာဖြင့်၊ သာ၍ ကောင်းမွန်သည့် လက်တွေ့လုပ်ဆောင်ခြင်း ရလဒ်များနှင့် သာ၍ ကြီးမားသော အကျိုးဖြစ်ထွန်းခြင်းတို့ဖြင့် ထမ်းဆောင်ခြင်းမရှိမီ မည်မျှကြာသည်တို့ကို ကြည့်လော့။ သင်၏တာဝန်ကို ပေါ့ဆခြင်း၊ သို့မဟုတ် ဝတ်ကျေတမ်းကျေပြုခြင်း မရှိဘဲ ထမ်းဆောင်ခြင်း— ဤသည်ကို သင့်ဘာသာသင် လုပ်ဆောင်နိုင်သလော။ ယင်းမှာ သင့်ဘာသာသင် ထိန်းချုပ်နိုင်သည့် အရာတစ်ခု ဖြစ်သလော။ (ယင်းက ထိန်းချုပ်ရန် မလွယ်ကူပါ။) ယင်းမှာ ဒုက္ခပေးသည့်အရာ ဖြစ်၏။ ယင်းက ထိန်းချုပ်ရန် အမှန်ပင် ခက်ခဲပါက သင်တို့၏ပြဿနာများသည် အမှန်တကယ်ကို ကြီးမားပေသည်။ သို့ဆိုလျှင် သင်တို့သည် ပေါ့ဆခြင်း၊ သို့မဟုတ် ဝတ်ကျေတမ်းကျေ ပြုခြင်း မရှိဘဲ မည်သည့်အရာကို လုပ်ဆောင်နိုင်သနည်း။ အစာစားခြင်းလော။ ကစားခြင်းလော။ ဝတ်ကောင်းစားလှဝတ်ပြီး မိတ်ကပ်လိမ်းကျံခြင်းလော။ အမျိုးသမီးအချို့ မိမိတို့ကိုယ်ကို ဖြီးလိမ်းပြင်ဆင်သောအခါ ၎င်းတို့သည် ၎င်းတို့၏မျက်ခုံးမွေး၊ သို့မဟုတ် ဆံပင်မွေးတစ်ချောင်းမျှ မလွတ်ကြပေ။ သင်တို့သည် ထိုကဲ့သို့ တာဝန်သိသည့် သဘောထားဖြင့် ပြုမူပါက သင်တို့လည်း အလားတူပင် ပေါ့ဆနိုင်ခြင်းဖြစ်စေ၊ ဝတ်ကျေတမ်းကျေ ပြုနိုင်ခြင်းဖြစ်စေ ရှိလိမ့်မည် မဟုတ်ပေ။ ပေါ့ဆခြင်းနှင့် ဝတ်ကျေတမ်းကျေပြုခြင်း ပြဿနာကို ဦးစွာ ဖြေရှင်းလော့၊ ထို့နောက် သင့်စိတ်ဆန္ဒအရ ပြုမူခြင်း ပြဿနာကို ဖြေရှင်းလော့။ မိမိတို့၏ စိတ်ဆန္ဒအရ ပြုမူခြင်းသည်လည်း ဖြစ်လေ့ရှိပြီး မိမိကိုယ်နှိုက်တွင် ယင်းကို သတိပြုမိဖို့လည်း လွယ်ကူပေသည်။ တစ်ခါတစ်ရံတွင် သင်၏စိတ်နှင့် အတွေးအခေါ်များကို တစ်ချက် စစ်ဆေးခြင်းဖြင့်ပင် သင်သည် ယင်းကို သတိမူမိနိုင်ပြီး “ငါပြုနေသည့်အရာသည် ငါ၏ကိုယ်ပိုင်ဆန္ဒနှင့် ကိုက်ညီနေသည်။ အခြေခံသဘောတရားများအရ ငါပြုသင့်သည့်အရာကို ငါသိသော်လည်း ယင်းကို ငါလုပ်ဆောင်မနေ” ဟု ပြောနိုင်မည် ဖြစ်သည်။ ဤသည်မှာ သတိမူမိဖို့ လွယ်ကူသည့် အရာမဟုတ်လော။ (ဟုတ်ပါသည်။) သို့ဆိုလျှင် ယင်းက ဖြေရှင်း၍ ရနိုင်ကောင်းသည်။ ပေါ့ဆခြင်းနှင့် ဝတ်ကျေတမ်းကျေ ပြုခြင်း ပြဿနာကို ဖြေရှင်းခြင်းက တစ်ခု၊ ပြီးလျှင် သင်၏စိတ်ဆန္ဒအရ ပြုမူခြင်းက တစ်ခု၊ ဤပြဿနာနှစ်ခုကို ဦးစွာ စတင်ဖြေရှင်းလော့။ တစ်နှစ် နှစ်နှစ်ကြာပြီးသည့်နောက် သင်လုပ်သမျှ အရာမှန်သမျှတွင်— ပေါ့ဆခြင်း၊ သို့မဟုတ် ဝတ်ကျေတမ်းကျေပြုခြင်း မရှိဖို့ဖြစ်စေ၊ သင်၏စိတ်ဆန္ဒအရ ပြုမူခြင်း မရှိဖို့ဖြစ်စေ ကြိုးစားအားထုတ်လော့။ ဤပြဿနာနှစ်ခု ပြေလည်သွားသည်နှင့်တစ်ပြိုင်နက် သင်တို့သည် သင်တို့၏တာဝန်ကို ကျေနပ်ဖွယ်ရာ ထမ်းဆောင်ခြင်းမှ ဝေးတော့မည် မဟုတ်။ ယင်းတို့ကို သင်တို့မဖြေရှင်းနိုင်ပါက သင်တို့သည် ဘုရားသခင်ကို နာခံခြင်း၊ သို့မဟုတ် သူ၏အလိုတော်ကို အရေးထားခြင်းတို့မှ ဝေးကွာနေဆဲဖြစ်သည်။ သင်တို့သည် အပေါ်ယံ အပယိကကိုမျှပင် မဖြေရှင်းနိုင်ကြသေး။

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ“အယောင်ဆောင်ခေါင်းဆောင်များကို ခွဲခြားဖော်ထုတ်ခြင်း (၅)” မှ

မည်သည့် တာဝန်မျိုးကို သင် ထမ်းဆောင်နေသည်ဖြစ်စေ သို့မဟုတ် မည်သည့် ပညာရပ်ဆိုင်ရာ ကျွမ်းကျင်မှုကို သင် လေ့လာနေသည်ဖြစ်စေ အချိန်ကြာလာသည်နှင့်အမျှ ထိုအရာ၌ သင်သည် ပိုမိုကျွမ်းကျင်လာလိမ့်မည်။ သင်သည် တိုးတက်ရန် ဆက်၍ကြိုးစားနေပါက သင်သည် ထိုအရာ၌ ပို၍ ပို၍ ကျွမ်းကျင်လာလိမ့်မည်။ သင်သည် မည်သည့်အရာကိုမျှ အလေးအနက်မထားလျှင် သင် သင်ယူခဲ့ပြီးသော အရာများပင်လျှင် အသုံးမဝင် ဖြစ်လိမ့်မည်။ သင် အသုံးပြုနိုင်သောအရာများကိုပင် အလေးအနက်မထားဘဲ ထိုအရာတို့သည် မည်သို့ ဖြစ်လာလိမ့်မည်ဆိုသည်ကို လုံးဝ မသိရှိပါက၊ ပြီးလျှင် သင့်အား လမ်းပြပေးရန် နားလည်သောသူ မည်သူမျှမရှိပါက သင်သည် မည်သည့်တိုးတက်မှုမျှ ရရှိလိမ့်မည် မဟုတ်ဘဲ၊ သင် သင်ယူတတ်မြောက်ခဲ့သော ကျွမ်းကျင်မှုများသည် အချည်းနှီးဖြစ်လိမ့်မည်။ မည်သည့်အရာကိုမဆို သင်ယူခြင်းတွင် ထိုအရာ၏ သီအိုရီကို သင်ယူရန် လွယ်ကူသည်။ သို့သော် လက်တွေ့လုပ်ဆောင်ရန် သိပ်မလွယ်ကူပေ။ သင်သည် လက်တွေ့လုပ်ဆောင်ရန်အတွက် သီအိုရီကို မြှင့်တင်ပြီး လက်တွေ့လုပ်ဆောင်မှုကို အခြေခံကာ တစ်စုံတစ်ခုအား ရရှိခြင်းအားဖြင့် ပို၍ပင် မြင့်သောအဆင့်သို့ တက်ရောက်ကာ သင်၏ အားသာချက်များကို ပို၍ အသုံးချလျက် သို့မဟုတ် လက်တွေ့လုပ်ဆောင်ရာ၌ သင် သင်ယူရရှိခဲ့သောအရာကို အကောင်အထည်ဖော်လျက် အကျိုးရလဒ်များကို ရရှိလိုလျှင် သင် မည်သည့်အရာကို ပြုလုပ်ရမည်နည်း။ ပညာရပ်ဆိုင်ရာ ကျွမ်းကျင်မှုများအား လေ့လာခြင်း၊ ထိုပညာရပ်များနှင့်ပတ်သက်သည့် အချက်အလက် ကုန်ကြမ်းမျိုးစုံအား ရှာဖွေခြင်းဖြင့် အချိန်ကို ပို၍ သုံးရမည်။ ၎င်းတို့၏ ရှုထောင့်အားလုံးတွင်၊ သင်သည် အဆက်မပြတ် လေ့လာရမည်။ အဆက်မပြတ် ရှာဖွေရမည်။ အခြားလူများထံမှ သင် သင်ယူရမည့်အရာနှင့် သင်ယူသင့်သည့်အရာကို သင်ယူလျက် သူတစ်ပါး၏ အားသာချက်များဖြင့် သင့်အားနည်းချက်များကို အဆက်မပြတ် ပံ့ပိုးပေးရမည်။ ဤနည်းအားဖြင့် သင်၏ ပညာရပ်ဆိုင်ရာ ကျွမ်းကျင်မှုများက အစဉ်မပြတ် တိုးတက်လိမ့်မည်။ အခြားလူများက သင့်ကို တစ်စုံတစ်ရာအား မည်သို့လုပ်ဆောင်ရမည်ကို ပြောပြလျှင် သင်သည် နားလည်ရန် ကြိုးစားပြီး ယင်းကို စဉ်းစားတွေးတောရမည်။ တစ်စုံတစ်ဦးက သင့်ကို တစ်စုံတစ်ရာ ပြောပြသည့်အခါ၊ ထိုသူတို့ ပြောသည့်အရာကို သင် သိပြီး ယင်းသည် အမှုအရာတို့ကို ဆောင်ရွက်ရာတွင် ကောင်းမွန်သည့် နည်းလမ်းတစ်ခု ဖြစ်သည်ဟု သင် အသိအမှတ်ပြုသော်လည်း ထို့နောက်တွင် သင်သည် အနည်းငယ် တွေးတောလျက် “နီးစပ်ပါသည်။” ဟု ဆိုလျှင် သင့်၌ မည်သို့သော သဘောထားမျိုး ရှိနေသနည်း။ အတတ်ပညာရပ်ဆိုင်ရာ ကျွမ်းကျင်မှုနှင့် အထူးပြုမှုအပေါ် ဖြစ်စေ၊ သင့် ယုံကြည်ခြင်းတွင် သမ္မာတရားအား သင် လိုက်စားမှုအပေါ်ဖြစ်စေ သင်၏ သဘောထားက မကောင်းပေ။ ဤသည်မှာ ဝတ်ကျေတမ်းကျေ ပြုလုပ်ခြင်း တစ်မျိုးဖြစ်သည်။ ဤသည်မှာ မည်သို့သော စိတ်သဘောထားမျိုးဖြစ်သနည်း။ ယင်းမှာ မာနထောင်လွှားခြင်းဖြစ်သည်။ အပြုသဘောဆောင်သောအရာများကို မချစ်မြတ်နိုးခြင်းဖြစ်သည်။ တင်းမာခြင်းဖြစ်သည်။ ဤသို့သောအရာများသည် သင်တို့၌ ပေါ်လွင်နေသလော။ (ပေါ်လွင်နေပါသည်။) ယင်းတို့သည် မကြာခဏ၊ ရံဖန်ရံခါ သို့မဟုတ် အချို့ကိစ္စရပ်များတွင်သာ ပေါ်လွင်သလော။ (မကြာခဏ ပေါ်လွင်သည်။) ဤစိတ်သဘောထား အမျိုးအစားအား အသိအမှတ်ပြုခြင်းအပေါ် သင်တို့၏သဘောထားသည် အလွန်ပင် စစ်မှန် ရိုးသားသည်။ သို့သော် အသိအမှတ်ပြုရုံမျှသည် မလုံလောက်ပေ။ သင်သည် အသိအမှတ်ပြုခြင်းထက် မည်သည့်အရာမျှပို၍ မလုပ်သော် ပြောင်းလဲရန် မဖြစ်နိုင်ပေ။ ဤသို့ဆိုလျှင် သင် မည်သို့ပြောင်းလဲနိုင်သနည်း။ မာနထောင်လွှားသော စိတ်သဘောထားသည် လူတို့တွင် ပေါ်လွင်သောအခါ၊ လူတို့၏ သဘောထားသည် ဝတ်ကျေတမ်းကျေပြုခြင်း၊ အထင်အမြင်သေးခြင်း၊ ပေါ့ဆခြင်း ဖြစ်သောအခါ ၎င်းတို့သည် ဘုရားသခင်ရှေ့သို့ အသေအချာလာရောက်ပြီး ချက်ချင်း ဆုတောင်းကာ ဘုရားသခင်၏ ကိုင်တွယ်ဖြေရှင်းခြင်း၊ ဆုံးမပဲ့ပြင်ခြင်းတို့ကို ခံယူရမည်။ ဘုရားသခင်၏ စစ်ဆေးခြင်းနှင့် ဘုရားသခင်၏ ဆုံးမပဲ့ပြင်မှုတို့ကို လက်ခံရမည်။ ထို့အပြင် ၎င်းတို့၏ ဤ စိတ်သဘောထား ရှုထောင့်သည် မည်သို့ ဖြစ်ပေါ်လာသည်နှင့် ယင်းကို မည်သို့ ပြောင်းလဲနိုင်သည်တို့ကို သိရမည်။ သိခြင်း၏ ရည်ရွယ်ချက်သည် ပြောင်းလဲခြင်းဖြစ်သည်။ ထို့ကြောင့် ဤသို့သော ပြောင်းလဲမှုကို မည်သို့ ရရှိနိုင်သနည်း။ ပထမခြေလှမ်းမှာ မည်သည့်အရာ ဖြစ်သင့်သနည်း။ လူတို့သည် ရှေးဦးစွာ ဆုတောင်းရမည်။ ရှေးဦးစွာ ဘုရားသခင်ရှေ့မှောက်သို့ လာရောက်ရမည်။ ဘုရားသခင်၏ စစ်ဆေးခြင်းကို လက်ခံပြီး သူ၏ ဆုံးမပဲ့ပြင်ခြင်းကို လက်ခံရမည်။ ဤအရာပြီးသည့်နောက်တွင် ၎င်းတို့သည် တက်ကြွစွာ ပူးပေါင်းဆောင်ရွက်ရမည်။ မည်သို့ ပူးပေါင်းဆောင်ရွက်သင့်သနည်း။ ၎င်းတို့သည် မိမိတာဝန်ကို ထမ်းဆောင်နေသည့်အခါတွင် “နီးစပ်ပါသည်။” ဟု တွေးမိသည်ကို ၎င်းတို့ ကိုယ်တိုင်သိရှိသည်နှင့် တစ်ပြိုင်နက် ကိုယ့်ကိုယ်ကိုယ် ပြုပြင်ပြီး ဤသို့ မတွေးရပေ။ သင်တို့၏ စိတ်နှလုံးတွင် မာနထောင်လွှားသော စိတ်သဘောထား ဖြစ်ပေါ်လာသောအခါ သင်တို့သည် အပြစ်တင်ခြင်းကို ခံစားရမည်။ ဘုရားသခင်၏ အပြစ်တင်ခြင်းနှင့် ဆုံးမခြင်းကို ခံစားရမည်။ “ယခုပင် ငါ မှားယွင်းခဲ့ပြီ။ ငါသည် နောက်တစ်ဖန် ဖောက်ပြန်ပျက်စီးသော၊ ဆိုးယုတ်သော စိတ်သဘောထားကို ဖွင့်ပြတော့မည်ဖြစ်သည်။ ဆိုးယုတ်သော စိတ်သဘောထားအားဖြင့် ညွှန်ကြားခံရတော့မည်ဖြစ်သည်။ စာတန်ကို အုပ်စိုးခွင့်ပြုတော့မည်ဖြစ်သည်။ ဝတ်ကျေတမ်းကျေ ပြုတော့မည်ဖြစ်သည်။ ငါ ဆုံးမပဲ့ပြင်ခံရသင့်သည်။” ဟူ၍ သင် ချက်ချင်း ပြောင်းလဲသင့်သည်။ အပြစ်တင်ခြင်းကို သင် ခံစားရလျှင် ဘုရားသခင်ရှေ့တွင် သင်၏ အပြစ်ကို ဝန်ခံပြီး နောက်ပြန်လှည့်လော့။ သင်၏ အပြစ်တို့ကို မည်သို့ ဝန်ခံသင့်သနည်း။ လေးနက်သော သဘောထားကို ခံယူပြီး ဒူးထောက်ရန်၊ ကိုယ့်ကိုယ်ကိုယ် ပျပ်ဝပ်ပြီး ဘုရားသခင်ကို ဆုတောင်းရန် မလိုအပ်ပေ။ ဤသို့လုပ်ဆောင်ရန် မလိုအပ်ပေ။ သင်၏ စိတ်နှလုံးတွင် ဘုရားသခင်နှင့် ဆက်သွယ်ပြီး “ဘုရားသခင် ကျွန်ုပ် မှားခဲ့သည်။ ကျွန်ုပ်သည် နောက်တစ်ဖန် ဂရုမစိုက်ဘဲ ဝတ်ကျေတမ်းကျေ ပြုတော့မည်ဖြစ်သည်။ ကျွန်ုပ်အား ကြည့်ရှုရန် ကိုယ်တော့်ကို တောင်းပန်ပါသည်။ ကျွန်ုပ်၏ ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားက ကျွန်ုပ်၏ အတွင်းတွင် ထိန်းချုပ်ခြင်း သို့မဟုတ် ကျွန်ုပ်အား အလုံးစုံ အုပ်ချုပ်ခြင်းကို အလိုမရှိပါ။ ဘုရားသခင်၏ အမိန့်ပေးခြင်းကို ကျွန်ုပ် ခံယူလိုပါသည်။ သမ္မာတရားနှင့်အညီ လက်တွေ့လုပ်ဆောင်လိုပါသည်။ ကျွန်ုပ်အား စောင့်ကြည့်ရန် ကိုယ်တော့်ကို တောင်းပန်ပါသည်။” ဟူ၍ ပြောဆိုလော့။ ဤသို့ သင် ဆုတောင်းသည့်အခါ သင်၏ အတွင်း၌ရှိသော အခြေအနေသည် ပြောင်းလဲလိမ့်မည်။ သင်၏ အခြေအနေကို ပြောင်းလဲခြင်း၏ ရည်ရွယ်ချက်ပန်းတိုင်သည် အဘယ်နည်း။ သင့်ကိုယ်သင် အောင်မြင်စွာ ပြောင်းလဲစေဖို့အတွက် ဖြစ်သည်။ သစ္စာရှိစေဖို့၊ နာခံစေဖို့နှင့် အလျော့အတင်းပြုခြင်း မရှိဘဲ ဘုရားသခင်၏ အပြစ်တင်ခြင်းနှင့် ဆုံးမပဲ့ပြင်ခြင်းကို လက်ခံစေဖို့ ဖြစ်သည်။ ဤသည်မှာ သင့်ကိုယ်သင် ပြောင်းလဲပုံဖြစ်သည်။ သင်သည် နောက်တစ်ဖန် ဝတ်ကျေတမ်းကျေ ပြုတော့မည့်အခါ၊ နောက်တစ်ကြိမ် သင်၏ တာဝန်ကို ပေါ့ဆစွာ သဘောထားတော့မည့်အခါ၊ ဘုရားသခင်၏ ဆုံးမပဲ့ပြင်မှုနှင့် အပြစ်တင်မှုတို့ကြောင့် သင့်ကိုယ်သင် ချက်ချင်း ပြောင်းလဲနိုင်မည်ဖြစ်သည်။ ဤသို့အားဖြင့် သင်သည် သင်၏ပေါ့ဆမှုမှ ကယ်တင်ခံရမည် မဟုတ်လော။ သင်၏ ပြစ်မှားခြင်းသည် ရွေးနုတ်ခံရမည် မဟုတ်လော။ ဤသည်မှာ ကောင်းသည့်အရာလော၊ ဆိုးသည့်အရာလော။ ဤသည်မှာ ကောင်းမွန်သည့်အမှုအရာ ဖြစ်သည်။

တစ်ခါတစ်ရံတွင် အလုပ်တစ်ခု ပြီးဆုံးပြီးနောက်တွင် သင့်စိတ်နှလုံး၌ အနည်းငယ် စိတ်မအေးနိုင်ဖြစ်သည်။ အနီးကပ် စစ်ဆေးကြည့်သည့်အခါတွင် အမှန်တကယ်ပင် ပြဿနာတစ်ခုရှိနေသည်ကို သင် တွေ့ရသည်။ ၎င်းကို ပြုပြင်ရမည်။ ပြီးနောက်တွင် သင် စိတ်သက်သာရရမည်ဖြစ်သည်။ သင် အချိန်ကို ပို၍ သုံးရန်လိုအပ်သော၊ သင် ပို၍ အာရုံစိုက်သင့်သော ပြဿနာတစ်ခု ရှိနေသည်ဆိုသည်ကို သင်၏ စိတ်မသက်မသာဖြစ်နေခြင်းက သက်သေပြသည်။ ဤသည်မှာ တာဝန်ကို ထမ်းဆောင်ရာ၌ အရေးကြီးသော၊ တာဝန်ခံယူမှုရှိသော သဘောထားဖြစ်သည်။ လူတစ်ဦးသည် အလေးအနက်ထားနိုင်သောအခါ၊ တာဝန်သိနိုင်သောအခါ၊ ဆက်ကပ်နိုင်သောအခါ၊ ကြိုးစားနိုင်သောအခါတွင် အလုပ်သည် သင့်လျော်စွာ ပြီးမြောက်မည်ဖြစ်သည်။ တစ်ခါတစ်ရံတွင် သင့်၌ ဤသို့သော စိတ်နှလုံး မရှိပေ။ အလွန်ရှင်းလင်းသော အမှားတစ်ခုကို သင် ရှာဖွေ တွေ့ရှိနိုင်ခြင်း မရှိပေ။ လူတစ်ဦးသည် ဤသို့သော စိတ်နှလုံးရှိလျှင် သန့်ရှင်းသောဝိညာဉ်တော်၏ လှုံ့ဆော်မှုနှင့် လမ်းပြမှုအားဖြင့် ဤပြဿနာကို ဖော်ထုတ်နိုင်လိမ့်မည်။ သို့သော် သန့်ရှင်းသောဝိညာဉ်တော်က ထိုသို့သော သိမြင်မှုကို သင့်အား လမ်းပြပြီး ပေးအပ်ခဲ့ကာ၊ တစ်ခုခုလွဲမှားနေသည်ကို သင့်အား သိမြင်စေသည့်တိုင်အောင် သင်က ထိုသို့သောစိတ်နှလုံး မရှိလျှင် ပြဿနာကို သင်ဖော်ထုတ်နိုင်စွမ်း မရှိဆဲ ဖြစ်လိမ့်မည်။ ဤသို့ဆိုလျှင် ဤအခြင်းအရာက မည်သည်ကို ပြသနည်း။ လူတို့မှ ပူးပေါင်းဆောင်ရွက်ရန် အလွန်အရေးကြီးသည်ကို ပြသည်။ ၎င်းတို့၏ စိတ်နှလုံးသည် အလွန်အရေးကြီးသည်။ ပြီးလျှင် ၎င်းတို့၏ အတွေးများနှင့် ရည်ရွယ်ချက်များကို အဘယ်နေရာသို့ ဦးတည်သည်မှာ အလွန်အရေးကြီးသည်။ လူတို့သည် မိမိတာဝန်ကို ထမ်းဆောင်ရာတွင် ၎င်းတို့၏ စိတ်နှလုံး၌ မည်သည့်အရာကို စွဲကိုင်ထားသည်၊ စွမ်းအင်မည်မျှကို ၎င်းတို့ အသုံးချသည်တို့ကို ဘုရားသခင်မှ စိစစ်ပြီး မြင်နိုင်သည်။ လူတို့သည် ၎င်းတို့လုပ်သည့်အရာ၌ စိတ်နှလုံးနှင့်ခွန်အား အလုံးစုံကို အသုံးပြုရန်မှာ အလွန်အရေးပါသည်။ ပူးပေါင်းဆောင်ရွက်ခြင်းသည်လည်း အရေးပါသော အစိတ်အပိုင်းတစ်ခု ဖြစ်သည်။ လူတို့သည် ၎င်းတို့ ပြီးမြောက်ခဲ့သော တာဝန်များနှင့် ၎င်းတို့ လုပ်ဆောင်ခဲ့သော အရာများအပေါ်တွင် နောင်တမရရှိရန် ကြိုးပမ်းမှသာလျှင်၊ ဘုရားသခင်အား အကြွေးတင်ခြင်း မရှိမှသာလျှင် ၎င်းတို့သည် မိမိတို့၏ စိတ်နှလုံးနှင့်ခွန်အား အလုံးစုံဖြင့် ပြုမူဆောင်ရွက်မည် ဖြစ်သည်။ ယနေ့တွင် သင်သည် သင်၏ စိတ်နှလုံးနှင့် ခွန်အားအလုံးစုံအား မပေးလျှင် နောက်ပိုင်းတွင် တစ်ခုခု မှားယွင်းသည့်အခါ၊ အကျိုးဆက်များ ဖြစ်ပေါ်သည့်အခါ၊ နောင်တရရန် အလွန်နောက်ကျလိမ့်မည် မဟုတ်လော။ သင်သည် ထာဝရ အကြွေးတင်လိမ့်မည်။ ယင်းသည် သင့်အပေါ်တွင် အစွန်းအထင်းတစ်ခု ဖြစ်လိမ့်မည်။ မိမိ၏တာဝန် ထမ်းဆောင်မှုတွင် အစွန်းအထင်းတစ်ခုသည် ပြစ်မှားခြင်းဖြစ်သည်။ ထို့ကြောင့် သင်၏ စိတ်နှလုံး၊ ခွန်အားအလုံးစုံဖြင့် သင် ပြုလုပ်ရမည်ဖြစ်သော၊ လုပ်သင့်သော အမှုအရာအစိတ်အပိုင်းကို သင့်လျော်စွာ လုပ်ဆောင်ရန် ကြိုးပမ်းရမည်။ ထိုအမှုအရာများကို ပေါ့ဆစွာ သို့မဟုတ် ဝတ်ကျေတမ်းကျေ မလုပ်ဆောင်ရပေ။ မည်သည့်နောင်တမျှ သင် မရှိရပေ။ ဤနည်းအားဖြင့် ဤအချိန်၌ သင် ထမ်းဆောင်သော တာဝန်များကို ဘုရားသခင်က အမှတ်ရလိမ့်မည်။ ဘုရားသခင်မှ အမှတ်ရသော အရာများသည် ကောင်းမှုများ ဖြစ်သည်။ ဤသို့ဆိုလျှင် အမှတ်ရခြင်းမခံရသော အရာများသည် အဘယ်အရာနည်း။ ၎င်းတို့သည် ပြစ်မှားမှုများဖြစ်သည်။ ဤသို့အားဖြင့် လက်ရှိအချိန်တွင် မကောင်းမှုများကို ဖော်ပြပါက ယင်းတို့သည် မကောင်းမှုများ ဖြစ်သည်ကို လူတို့ လက်ခံချင်မှ လက်ခံပေလိမ့်မည်။ သို့သော် ထိုအရာများအပေါ်တွင် အရေးကြီးသော အကျိုးဆက်များဖြစ်ပေါ်လာသည့် နေ့တစ်နေ့ ရောက်လာလျှင်၊ ပြီးလျှင် ယင်းတို့သည် အပျက်သဘောဆောင်သော လွှမ်းမိုးမှုတစ်ခု ဖြစ်လာလျှင် ဤအရာတို့သည် အပြုအမူဆိုင်ရာ ပြစ်မှားမှုသက်သက်သာ မဟုတ်ဘဲ မကောင်းမှုများဖြစ်သည်ကို သင် ခံစားမိလိမ့်မည်။ ဤအရာကို သင် နားလည်သဘောပေါက်သည့်အခါ သင်သည် နောင်တရမည်ဖြစ်ပြီး ငါ ကာကွယ်မှု အနည်းငယ် ပြုလုပ်သင့်ခဲ့သည်။ အနည်းငယ်ပို၍ တွေးတောပြီး အားထုတ်လျှင် ဤပြဿနာ ဖြစ်လိမ့်မည်မဟုတ် ဟူ၍ တွေးမိလိမ့်မည်။ သင့်စိတ်နှလုံးရှိ ဤထာဝရ အစွန်းအထင်းကို မည်သည့်အရာကမျှ ဖယ်ရှားပေးလိမ့်မည် မဟုတ်။ ထို့အပြင် ယင်းသည် သင့်အား ထာဝရ အကြွေးတင်စေလျှင် ဒုက္ခရောက်စေလိမ့်မည်။ ထို့ကြောင့် ယနေ့ သင့်တာဝန်ကို ထမ်းဆောင်သည့် သို့မဟုတ် စေခိုင်းချက်တစ်ခုကို လက်ခံသည့် အချိန်တိုင်းတွင် သင်၏ ခွန်အား၊ စိတ်နှလုံး အလုံးစုံဖြင့် လုပ်ဆောင်ရန် ကြိုးပမ်းရမည်။ သင့်၌ အပြစ်နှင့်နောင်တ ကင်းလွတ်သည်အထိ လုပ်ဆောင်ရမည်။ ထိုမှသာ ဘုရားသခင်မှ အမှတ်ရမည်ဖြစ်ပြီး ယင်းသည် ကောင်းမှုတစ်ခုဖြစ်ပေသည်။ မျက်လုံးတစ်ဖက်ကိုပိတ်ပြီး တစ်ဖက်ကိုဖွင့်လျက် ဂရုမစိုက်စွာ၊ ဝတ်ကျေတမ်းကျေ မပြုမူနှင့်။ သင် နောင်တရလိမ့်မည်ဖြစ်ပြီး ပြုပြင်ရန် မတတ်နိုင် ဖြစ်လိမ့်မည်။ ယင်းသည် ပြစ်မှားခြင်း ဖြစ်လိမ့်မည်ဖြစ်ပြီး၊ အဆုံးတွင် သင့်စိတ်နှလုံး၌ အပြစ်၊ အကြွေးတင်မှုနှင် စွပ်စွဲချက်တို့ အစဉ် ရှိနေလိမ့်မည်။ ဤလမ်းကြောင်းနှစ်ခုတွင် မည်သည့်လမ်းကြောင်းက အကောင်းဆုံးဖြစ်သနည်း။ မည်သည့်လမ်းကြောင်းက မှန်ကန်သည့် လမ်းဖြစ်သနည်း။ မည်သည့်နောင်တမျှ မရှိဘဲ သင်၏ စိတ်နှလုံး၊ ခွန်အားအလုံးစုံဖြင့် သင့်တာဝန်ကို ထမ်းဆောင်ခြင်း၊ ကောင်းမှုများကို ပြင်ဆင်ပြီး စုဆောင်းခြင်းဖြစ်သည်။ သင်၏ ပြစ်မှားခြင်းများအား မစုစည်းမိစေနှင့်။ ယင်းတို့အား နောင်တ မရနှင့်။ ထို့အပြင် အကြွေးမတင်စေနှင့်။ လူတစ်ဦးက ပြစ်မှားမှုများကို အလွန်အမင်း ကျူးလွန်မိပါက မည်သို့ဖြစ်သနည်း။ ၎င်းတို့သည် ဘုရားသခင်၏ ရှေ့မှောက်တွင် ၎င်းတို့အပေါ် ဘုရားသခင်၏ ဒေါသကို ဆက်လက် တိုးပွားလာနေစေခြင်းဖြစ်သည်။ သင်သည် အစဉ်သဖြင့် ဆက်လက်ပြစ်မှားနေပြီး သင့်အပေါ် ဘုရားသခင်၏ အမျက်ဒေါသသည် အစဉ် ကြီးမားလာလျှင် အဆုံး၌ သင်သည် အပြစ်ဒဏ်ပေးခြင်း ခံရမည်ဖြစ်သည်။

ဘုရားသခင်၏ မိတ်သဟာယဖွဲ့ခြင်း မှ

လူများက ၎င်းတို့၏တာဝန်ကို ထမ်းဆောင်သည့်အခါတွင် အမှန်တကယ်ပင် ၎င်းတို့သည် ၎င်းတို့လုပ်ဆောင်သင့်သည့်အရာကို လုပ်ဆောင်နေကြသည်။ သို့သော် သင်သည် ဘုရားသခင် ရှေ့မှောက်တွင် ယင်းကို လုပ်ဆောင်ပါက၊ သင်၏တာဝန်ကို ရိုးသားသည့် သဘောထားနှင့် စိတ်နှလုံးပါလျက် ထမ်းဆောင်ပါက ဤသဘောထားသည် သာ၍ မှန်ကန်လိမ့်မည် မဟုတ်လော။ ထို့ကြောင့် သင်သည် သင်၏နေ့စဉ်အသက်တာတွင် ဤသဘောထားကို မည်သို့ လက်တွေ့ကျင့်သုံးသင့်သနည်း။ သင်သည် “ဘုရားသခင်ကို စိတ်နှလုံးပါလျက် ရိုးသားမှုဖြင့် ဝတ်ပြုကိုးကွယ်ခြင်း” ကို သင်၏လက်တွေ့အရှိတရား ဖြစ်စေရမည်။ သင်ခိုကပ်ချင်ပြီး ဟန်ပြသာ လုပ်ချင်သည့်အချိန်တိုင်း၊ စိတ်မချရသည့်နည်းလမ်းနှင့် ပြုမူချင်ပြီး အပျင်းထူချင်သည့် အချိန်တိုင်းနှင့် သင့်ကိုယ်သင် အာရုံပျံ့လွင့်ခွင့် ပေးသည့်အချိန်တိုင်းတွင် ထိုအရာကို ခြေသိမ်းခေါင်းပိုက် သင်စဉ်းစားဆင်ခြင်သင့်၏- “ဤသို့ပြုမူခြင်းဖြင့် ငါသည် ယုံကြည်စိတ်ချ၍မရ ဖြစ်နေသလော။ ဤသည်မှာ ငါ၏တာဝန်ကို စိတ်ပါလက်ပါ လုပ်ဆောင်ခြင်းလော။ ဤအရာကို လုပ်ဆောင်ခြင်းဖြင့် ငါသစ္စာပျက်နေသလော။ ဤအရာကို လုပ်ဆောင်ခြင်းဖြင့် ငါ့ကို ဘုရားသခင်အပ်နှင်းထားသည့် တာဝန်ပေးစေခိုင်းချက်နှင့်လျော်ညီအောင် အသက်ရှင်ဖို့ ငါပျက်ကွက်နေခြင်းလော။” ဤသည်မှာ သင့်ကိုယ်သင် သုံးသပ်ဆင်ခြင်သင့်သည့်ပုံ ဖြစ်သည်။ ထိုသို့ပြုမူခြင်းက သစ္စာမဲ့ပြီး ဘုရားသခင်ကို စိတ်ထိခိုက်စေသဖြင့် အဘယ်အရာကို သင်လုပ်သင့်သနည်း။ သင့်အနေဖြင့် “ဤကိစ္စကို ကျွန်ုပ်အလေးအနက် မထားခဲ့ပါ။ ထိုစဉ်က ပြဿနာတစ်ခုရှိသည်ဟု ကျွန်ုပ်ခံစားခဲ့ရသော်လည်း ယင်းကို စိုးရိမ်ရသည့်အရာအဖြစ် ကျွန်ုပ်သဘောမထားခဲ့၊ ယင်းကို ကျွန်ုပ်ပေါ့ပေါ့ဆဆနှင့် ဖော့ပြောခဲ့သည်။ ပြဿနာတစ်ခုရှိသည်ဟု ကျွန်ုပ်အာရုံရသည့် အချိန်တိုင်းတွင် ယင်းကို ကျွန်ုပ်အရေးမထားခဲ့။ ယခု ဤပြဿနာက မပြေလည်သေး။ ကျွန်ုပ်သည် အကယ်ပင် အသုံးမကျပါတကား” ဟု ပြောသင့်၏။ သင်သည် ပြဿနာကို ဖော်ထုတ်ပြီး မိမိကိုယ်ကို အနည်းငယ် သိလာလိမ့်မည်။ အနည်းငယ်သိခြင်းက လုံလောက်သလော။ သင်၏အပြစ်များကို ဝန်ချခြင်းက လုံလောက်သလော။ သင်နောင်တရရမည်ဖြစ်ပြီး ပြောင်းလဲရမည်။ သင့်ကိုယ်သင် မည်သို့ပြောင်းလဲနိုင်သနည်း။ ယခင်က သင်၏တာဝန် ထမ်းဆောင်ခြင်းအပေါ် သင်၌ မှားယွင်းသော သဘောထားနှင့် စိတ်နေစိတ်ထားတို့ရှိခဲ့သည်၊ ယင်းတွင် သင်စိတ်မပါခဲ့ဘဲ မှန်ကန်သည့် အမှုအရာများကို မည်သည့်အခါမျှ အာရုံစိုက် လုပ်ဆောင်ခြင်းမရှိခဲ့။ ယနေ့တွင် သင်သည် သင်၏တာဝန်ကို ထမ်းဆောင်ခြင်းအပေါ် သင်၏သဘောထားကို မှန်ကန်အောင် တည့်မတ်ရမည်၊ ဘုရားသခင်ရှေ့မှောက်တွင် သင်ဆုတောင်းရမည်၊ ပြီးလျှင် သင်၏ယခင်က အတွေးအခေါ်များနှင့် သဘောထားများ တစ်ဖန်ပြန်ပေါ်လာသည့်အခါ သင့်ကို ဆုံးမပဲ့ပြင်ပြီး ပြစ်တင်ဆုံးမဖို့ ဘုရားသခင်ကို တောင်းလျှောက်ရမည်။ ဖြစ်ကတတ်ဆန်းနှင့် ဝတ်ကျေတမ်းကျေ သင်ပြုခဲ့ဖူးသည့် နယ်ပယ်များကို အလျင်အမြန် ဖော်ထုတ်လော့။ ယင်းတို့ကို သင်မည်သို့ပြုပြင်နိုင်မည်ကို တွေးကာ ယင်းတို့ကို ပြုပြင်ပြီးသည့်နောက် တစ်ဖန်ရှာဖွေပြီး ဆုတောင်းလော့၊ ထို့နောက်တွင် သင်သည် မှန်ကန်သည့် အမှုအရာကို လုပ်ဆောင်ပြီးဖြစ်ကြောင်း လူတိုင်းသဘောတူလာသည်အထိ သင်၏ညီအစ်ကိုမောင်နှမများတွင် သာ၍ကောင်းသည့် အကြံပြုချက်များနှင့် ထောက်ခံချက်များ တစ်ခုတလေရှိမရှိကို ၎င်းတို့အား မေးလော့။ သို့မှသာလျှင် သင်သည် အတည်ပြုခြင်း ခံရလိမ့်မည်။ ဤတစ်ကြိမ်တွင် သင်သည် သင်၏တာဝန်ကို စံနှုန်းပြည့် ဆောင်ရွက်ပြီးဖြစ်ကာ အကောင်းဆုံးကို လုပ်ဆောင်ထားပြီး စိတ်နှစ်၍ အစွမ်းကုန် လုပ်ဆောင်ထားသည်ဟု ခံစားရလိမ့်မည်။ သင်သည် သင်တတ်နိုင်သမျှ အစွမ်းကုန် လုပ်ဆောင်ပြီးဖြစ်သည်ဟု ခံစားရလိမ့်မည်၊ လိပ်ပြာမလုံခြင်းမှ ကင်းဝေးလိမ့်မည်။ ဘုရားသခင်ရှေ့မှောက်တွင် စစ်ကြောခြင်းကို ခံရသည့်အခါ သင်သည် လိပ်ပြာသန့်လိမ့်မည်ဖြစ်ပြီး သင်က “ဘုရားသခင်က ကျွန်ုပ်၏တာဝန်ကို ၆၀ ရာခိုင်နှုန်းအဖြစ်သာ အမှတ်ပေးကောင်း ပေးနိုင်သော်လည်း ကျွန်ုပ်၏ခန္ဓာရှိ ခွန်အားရှိသမျှကို ယင်း၌ ကျွန်ုပ်ထည့်ခဲ့သည်၊ ကျွန်ုပ်၏စိတ်နှလုံးတစ်ခုလုံးကို ယင်း၌ ကျွန်ုပ်ထည့်ခဲ့သည်၊ ကျွန်ုပ်သည် ပျင်းရိမနေခဲ့ပါ။ ကျွန်ုပ်သည် စိတ်မချရသည့် နည်းလမ်းဖြင့် ပြုမူဖို့ မကြိုးစားခဲ့ပါ၊ ပြီးလျှင် ကျွန်ုပ်သည် မည်သည့်အရာကိုမျှ ထိမ်ချန်မထားခဲ့ပါ” ဟု ပြောလိမ့်မည်။ ဤသည်မှာ သင်၏တာဝန်ထဲ၌ သင်၏စိတ်နှလုံးအကြွင်းမဲ့၊ သင်၏ဉာဏ်စွမ်းရှိသမျှနှင့် သင်၏ခွန်အားအကြွင်းမဲ့တို့ ထည့်ခြင်း၏ စစ်မှန်မှုများယူပြီး သင်၏နေ့စဉ်အသက်တာတွင် လက်တွေ့ကျင့်သုံးခြင်း မဟုတ်လော။ ဤသည်မှာ သမ္မာတရား၏ ဤစစ်မှန်မှုများကို အသက်ရှင်နေထိုင်ခြင်း မဟုတ်သလော။ သင်သည် ဤစစ်မှန်မှုများကို အသက်ရှင်နေထိုင်သည့်အခါ သင်၏စိတ်နှလုံးထဲတွင် မည်သည့်အရာကို ခံစားရသနည်း။ သင်သည် လူသားဆန်မှုအချို့ကို ရှင်သန်နေပြီး လမ်းလျှောက်နေသည့် လူသေကောင်နှင့် မတူတော့ဟု သင်မခံစားရပေလော။

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ“လမ်းကြောင်းသည် သမ္မာတရားကို သမ္မာတရားကို မကြာခဏ တွေးဆခြင်း” မှ

သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်သော သူများသည် အမှုအရာများကို လုပ်ဆောင်နေချိန်တွင် ဘုရားသခင်၏စိစစ်ခြင်းကို လက်ခံနိုင်ကြသည်။ သင်သည် ဘုရားသခင်၏စိစစ်ခြင်းကို လက်ခံသောအခါ၊ သင်၏စိတ်နှလုံးသည် အမြင်မှန်ရစေခြင်း ခံရသည်။ အကယ်၍ သင်သည် အခြားသူများ မြင်စေရန်အတွက်သာ လုပ်ဆောင်ပြီး ဘုရားသခင်၏စိစစ်ခြင်းကို လက်မခံပါက၊ သင်၏စိတ်နှလုံးထဲ၌ ဘုရားသခင် ရှိသေးသလော။ ဤကဲ့သို့သောလူများမှာ ဘုရားသခင်ကို ကြောက်ရွံ့ခြင်း မရှိကြချေ။ သင်၏အကျိုးအတွက်သာ အစဉ်မလုပ်ဆောင်နှင့်၊ ပြီးလျှင် သင်၏ ကိုယ်ပိုင် အကျိုးစီးပွားကို စဉ်ဆက်မပြတ် ထည့်သွင်းမစဉ်းစားနှင့်။ သင်၏ ကိုယ်ပိုင်အဆင့်အတန်း၊ သိက္ခာ၊ သို့မဟုတ် ဂုဏ်သတင်းကို မစဉ်းစားနှင့်။ လူ၏ အကျိုးစီးပွားများကိုလည်း ထည့်သွင်းမစဉ်းစားနှင့်။ သင်သည် ပထမဦးစွာ ဘုရားသခင်၏အိမ်တော်၏အကျိုးများကို စဉ်းစားရမည်ဖြစ်ပြီး ယင်းတို့ကို သင်၏ဦးစားပေးချက် ဖြစ်စေရမည်၊ သင်သည် ဘုရားသခင်၏အလိုတော်ကို အရေးထားသင့်ပြီး၊ သင်၏ တာဝန်ကို ဖြည့်ဆည်းရာတွင် သင်သည် မစင်ကြယ်မှု ရှိခဲ့သည် မရှိခဲ့သည်၊ သစ္စာရှိဖို့ သင် အစွမ်းကုန် လုပ်ဆောင်ပြီးခြင်း ရှိမရှိ၊ သင်၏ တာဝန်များကို ဖြည့်ဆည်းရန် အကောင်းဆုံး သင် လုပ်ဆောင်ပြီး သင်၏အရာအားလုံး ပေးပြီးခြင်း ရှိမရှိဆိုသည်အပြင်၊ သင်၏ တာဝန်နှင့် ဘုရားအိမ်တော်၏ အမှုကို စိတ်နှလုံးအကြွင်းမဲ့ဖြင့် ဆင်ခြင်ခဲ့ခြင်း ရှိမရှိ ဆိုသည်တို့ကို ချင့်ချိန်စဉ်းစားခြင်းဖြင့် အစပြုသင့်သည်။ ဤအရာများကို သင် ထည့်သွင်းစဉ်းစားရမည်။ ယင်းတို့ကို မကြာခဏ တွေးလော့၊ ပြီးလျှင် သင်၏တာဝန်ကို ကောင်းစွာ ထမ်းဆောင်ရန် သင့်အတွက် သာ၍ လွယ်ကူလိမ့်မည်။ သင်၏အရည်အချင်း ညံ့ဖျင်းပါက၊ သင်၏အတွေ့အကြုံ ပေါ့တန်ပါက သို့မဟုတ် သင်၏ အသက်မွေးမှု အလုပ်တွင် မကျွမ်းကျင်ပါက၊ သင်၏အလုပ်၌ အမှားအယွင်းများ သို့မဟုတ် အပြစ်အနာအဆာများ အချို့ ရှိကောင်းရှိနိုင်ပြီး၊ ရလဒ်များမှာလည်း အလွန်ကောင်းချင်မှ ကောင်းပေမည်- သို့သော် သင်သည် သင်၏ အကောင်းဆုံး အားထုတ်မှုကို ပေးပြီးဖြစ်ပေလိမ့်မည်။ သင် လုပ်ဆောင်သောအရာများ၌ သင်၏ ကိုယ်ပိုင် တစ်ကိုယ်ကောင်းဆန်သော စိတ်ဆန္ဒများကို စဉ်းစားခြင်းမရှိ သို့မဟုတ် သင်၏အကျိုးကို ထည့်သွင်းစဉ်းစားခြင်း မပြုသကဲ့သို့၊ ထိုသို့ပြုမည့်အစား ဘုရားသခင်၏အိမ်တော်၏ အလုပ်ကို စဉ်ဆက်မပြတ် ထည့်သွင်းစဉ်းစားပြီး၊ ယင်း၏ အကျိုးများကို စဉ်းစားနေကာ၊ သင်၏တာဝန်ကို ကောင်းစွာထမ်းဆောင်သောအခါ၊ သင်သည် ဘုရားသခင်ရှေ့၌ ကောင်းသောအကျင့်များကို စုဆောင်းနေခြင်း ဖြစ်လိမ့်မည်။ ဤကောင်းသော လုပ်ဆောင်ချက်များ ရှိကြသောလူများသည် သမ္မာတရား စစ်မှန်မှုကို ပိုင်ဆိုင်သောသူများ ဖြစ်သည်၊ ထိုသို့ဖြင့် ၎င်းတို့သည် သက်သေခံကြပြီး ဖြစ်သည်။

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ“သင်၏စစ်မှန်သော စိတ်နှလုံးကို ဘုရားသခင်ထံ ပေးပြီး သမ္မာတရားကို သင် ရရှိနိုင်သည်” မှ

တာဝန်ထမ်းဆောင်မှုတွင် ပြည့်မီမှုကို စွမ်းဆောင်ရရှိဖို့၊ ပထမဦးဆုံး ယင်း၏ထမ်းဆောင်မှုတွင် သဟဇာတဖြစ်သော ပူးပေါင်းဆောင်ရွက်ခြင်းကို စွမ်းဆောင်ရရှိဖို့ လိုအပ်သည်။ ဤလမ်းကြောင်းတွင် လတ်တလော လက်တွေ့လုပ်ဆောင်နေသူ အချို့ရှိ၏၊ ဆိုလိုသည်မှာ သမ္မာတရားကို နားထောင်ပြီးသည့်နောက်တွင် ၎င်းတို့သည် သမ္မာတရားကို တစ်ရာရာခိုင်နှုန်းအပြည့်အဝ လက်တွေ့လုပ်ဆောင်ခြင်းအရာ၌ မအောင်မြင်နိုင်သော်လည်း ဤအခြေခံမူနှင့်အညီ စတင်အလုပ်လုပ်ကြပြီး ဖြစ်သည်။ ပြုလုပ်ခိုက် ပြုလုပ်ဆဲတွင်၊ ၎င်းတို့သည် ကျရှုံးကောင်း ကျရှုံမည်၊ သို့မဟုတ် တိုး၍ အားနည်းကောင်း အားနည်းမည်ဖြစ်ပြီး သွေဖည်ကောင်း သွေဖည်မည်ဖြစ်ကာ၊ မကြာခဏ အမှားများ ပြုမိမည်ဖြစ်သော်လည်း၊ ၎င်းတို့လျှောက်လှမ်းသည့် လမ်းကြောင်းသည် ဤအခြေခံမူနှင့်အညီ ပြုမူနိုင်ရန် ကြိုးပမ်းခြင်းလမ်းကြောင်းတစ်ခု ဖြစ်သည်။ ဥပမာအားဖြင့်၊ တစ်စုံတစ်ရာကို သင်၏လုပ်ဆောင်ခြင်းနည်းလမ်းသည် မှန်ကန်သည်ဟု တစ်ခါတစ်ရံ သင်ခံစားကောင်း ခံစားရမည်ဖြစ်သော်လည်း၊ လက်တစ်ကမ်းရှိ အလုပ်ကို နှောင့်နှေးစေလိမ့်မည်မဟုတ်သည့် အခြေအနေတစ်ခုတွင် သင်ရှိပါက၊ သင်သည် ယင်းကို အတူဆွေးနွေးဖို့ သင်၏အလုပ်လက်တွဲဖော်များ၊ သို့မဟုတ် အဖွဲ့ဝင်များကိုလည်း ရှာတွေ့ကောင်း ရှာတွေ့ပေမည်။ နည်းလမ်းတစ်ခုခုဖြင့် ယင်းကို လုပ်ဆောင်ခြင်းသည် အကောင်းဆုံးသော ရလဒ်များကို စွမ်းဆောင်ရရှိနိုင်ကြောင်း၊ အခြေခံမူ၏နယ်ပယ်ကို မပိုလွန်ကြောင်း၊ ဘုရားသခင့်အိမ်တော်၏ အကျိုးအတွက်ဖြစ်ပြီး ဘုရားသခင့်အိမ်တော်၏ အကျိုးစီးပွားများကို ကာကွယ်ခြင်းအား အကောင်းဆုံး အသုံးချနိုင်ကြောင်း တွေးရာတွင် အများသဘောတစ်ခုကို ရသည်အထိ၊ ကိစ္စရပ်အပေါ် ရှင်းလင်းသည်အထိ မိတ်သဟာယပြုလော့။ အဆုံးသတ်ရလဒ်မှာ တစ်ခါတစ်ရံတွင် စိတ်ကျေနပ်စရာဖြစ်မည် မဟုတ်သော်လည်း၊ သင့်အလုပ်၏နည်းလမ်း၊ ဦးတည်ချက်နှင့် ရည်မှန်းချက်တို့သည် မှန်ကန်၏။ သို့ဆိုလျှင် ဘုရားသခင်သည် ဤအရာကို မည်သို့မြင်လိမ့်မည်နည်း။ ဤကိစ္စရပ်ကို သူမည်သို့သတ်မှတ်လိမ့်မည်နည်း။ သင်သည် ဤတာဝန်ကို ပြည့်မီစွာ ဖြည့်ဆည်းနေသည်ဟု သူပြောလိမ့်မည်။

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ“ပြည့်မီသော တာဝန်ထမ်းဆောင်မှုဆိုသည်မှာ အဘယ်နည်း။” မှ

သင်၏ တာဝန်ကို ပြည့်ပြည့်ဝဝ ထမ်းဆောင်ဖို့၊ ဘုရားသခင်ကို သင် နှစ်ပေါင်းမည်မျှ ယုံကြည်ပြီးသည်ဖြစ်စေ၊ သင်၏ တာဝန် မည်မျှ သင် လုပ်ဆောင်ပြီးဖြစ်ပါစေ၊ ဘုရားသခင်၏ အိမ်တော်အဖို့ ပံ့ပိုးမှုများ သင် မည်မျှ ပြုလုပ်ပြီးသည်ဖြစ်စေ အရေးမကြီးသကဲ့သို့၊ သင်၏ တာဝန်တွင် သင် အတွေ့အကြုံမည်မျှ ရှိခဲ့သည်မှာလည်း အရေးမကြီးပေ။ ဘုရားသခင် ကြည့်ရှုသည့် အဓိကအရာမှာ လူတစ်ဦး သွားသည့် လမ်းကြောင်း ဖြစ်သည်။ တစ်နည်းအားဖြင့်၊ သမ္မာတရားအပေါ် လူတစ်ဦး၏ သဘောထားနှင့် လူတစ်ဦး၏ လုပ်ဆောင်ချက်များ နောက်ကွယ်က အခြေခံသဘောတရားများ၊ ဦးတည်ချက်၊ ဇာစ်မြစ်နှင့် တွန်းအားတို့ကို သူ ကြည့်လေသည်။ ဤအရာများအပေါ် ဘုရားသခင် အာရုံစိုက်၏။ ယင်းတို့သည် သင် လျှောက်လှမ်းသည့် လမ်းကြောင်းကို ဆုံးဖြတ်သည့် အရာဖြစ်သည်။ သင်၏ တာဝန်ကို သင်ဖြည့်ဆည်းခြင်း ဖြစ်စဉ်တွင် ဤအရာများကို သင့်အထဲတွင် လုံးဝ မတွေ့ရသကဲ့သို့၊ သင်၏ အလုပ် ဇာစ်မြစ်မှာ သင်၏ အတွေးများဖြစ်ပါက၊ သင်၏ တွန်းအားမှာ သင်၏ ကိုယ်ပိုင် အကျိုးစီးမွားများကို ကာကွယ်ဖို့နှင့် သင်၏ နာမည်ဂုဏ်သတင်းနှင့် ရာထူးကို ကာကွယ်ပေးဖို့ ဖြစ်ပါက၊ သင်၏ လုပ်နည်းလုပ်ဟန်သည် သမ္မာတရားကို ရှာဖွေဖို့ မဆိုထားနှင့်၊ အမှုအရာများကို အခြားသူများနှင့် မည်သည့်အခါမျှ ဆွေးနွေးခြင်းမရှိဘဲ သို့မဟုတ် သဟဇာတဖြစ်စွာ ပူးပေါင်းလုပ်ဆောင်ခြင်းမရှိဘဲ ဆုံးဖြတ်ချက်များ ပြုလုပ်ဖို့နှင့် တစ်ကိုယ်တည်း လုပ်ဆောင်ကာ အဆုံးအဖြတ်ပေးဖို့ဖြစ်ပါက၊ ဘုရားသခင်သည် သင့်ကို မည်သို့ မြင်မည်နည်း။ သင်၏ တာဝန်ကို ထိုသို့ သင် ထမ်းဆောင်ပါက သင်သည် အဆင့်အတန်းမမီသေးပေ။ သင်သည် သင်၏ တာဝန်ကို လုပ်ဆောင်သည်နှင့်အမျှ သမ္မာတရား၏ အခြေခံသဘောတရားများကို ရှာဖွေခြင်းမရှိသကဲ့သို့ သင် ဆန္ဒရှိသည်အတိုင်း အမြဲလုပ်ဆောင်သောကြောင့် သင်သည် သမ္မာတရားကို လိုက်စားခြင်း လမ်းကြောင်းပေါ် ခြေမချသေးပေ။ ဤသည်မှာ လူအများစုက ၎င်းတို့၏ တာဝန်များကို ကျေနပ်ဖွယ်ရာ မထမ်းဆောင်ကြသည့် အကြောင်းရင်း ဖြစ်သည်။ ယင်းကို ယခုကြည့်ရှုရာတွင်၊ မိမိ၏ တာဝန်ကို ပြည့်ပြည့်ဝဝ ဖြည့်ဆည်းဖို့ ခက်ခဲသလော။ အမှန်တွင်၊ မခက်ခဲပေ။ လူတို့အနေဖြင့် နှိမ့်ချခြင်းသဘောတစ်ခုသာ ခံယူနိုင်ရမည်၊ အသိစိတ်အနည်းငယ် ပိုင်ဆိုင်နိုင်ရမည်ဖြစ်ပြီး သင့်တော်သော အနေအထားတစ်ခု ခံယူနိုင်ရမည်ဖြစ်သည်။ သင် မည်မျှ ပညာတတ်သည်ဟု သင် ထင်ပါစေ၊ မည်သည့် ဆုများကို သင် ရရှိပြီးဖြစ်ပါစေ၊ သို့မဟုတ် သင် မည်မျှ စွမ်းဆောင်ရရှိပြီးဖြစ်ပါစေ၊ ပြီးလျှင် သင်၏ အရည်အချင်းနှင့် အဆင့်အတန်း မည်မျှမြင့်မားသည်ဟု သင် ယုံကြည်ပါစေ၊ ဤအရာအားလုံးကို လက်လွှတ်ခြင်းအားဖြင့် သင် စတင်ရမည်၊ အဘယ့်‌ကြောင့်ဆိုသော် ၎င်းတို့သည် မည်သို့မျှ အရေးမပါသောကြောင့် ဖြစ်သည်။ ဘုရားသခင်၏ အိမ်တော်တွင် ထိုအရာများသည် မည်သို့ ကြီးမြတ်ကာ ကောင်းမြတ်ကြပါစေ၊ သမ္မာတရားထက် မမြင့်မားနိုင်ကြပေ။ ထိုအရာများသည် သမ္မာတရား မဟုတ်သကဲ့သို့ သမ္မာတရား၏ နေရာကို မယူနိုင်ပေ။ ဤသည်မှာ သင့်အနေဖြင့် အသိစိတ်ဟု ခေါ်သော အရာကို ပိုင်ဆိုင်ရမည်ဟု ငါ ပြောရသည့် အကြောင်းရင်း ဖြစ်သည်။ သင်က “ကျွန်ုပ်သည် အလွန်ပါရမီရှိသည်၊ ကျွန်ုပ်၌ အလွန်ထက်မြက်သည့်ဉာဏ် ရှိသည်၊ ကျွန်ုပ်၏ တုန့်ပြန်မှုသည် အလွန်မြန်သည်၊ ကျွန်ုပ်သည် မြန်မြန်ဆန်ဆန် သင်ယူနိုင်သူတစ်ဦး ဖြစ်ပြီး အလွန့်အလွန် ကောင်းမွန်သော မှတ်ဉာဏ်ရှိသည်” ဟုဆိုပြီး ဤအရာများကို အရင်းအနှီးအဖြစ် သင် အမြဲ အသုံးပြုပါက၊ ဤအရာက ပြဿနာဖြစ်စေလိမ့်မည်။ ဤအရာများကို သမ္မတရားအဖြစ် သို့မဟုတ် သမ္မာတရားထက် မြင့်မားသကဲ့သို့ သင် မြင်ပါက၊ သင့်အတွက် သမ္မာတရားကို လက်ခံဖို့နှင့် ယင်းကို လက်တွေ့လုပ်ဆောင်ဖို့ ခက်ခဲလိမ့်မည်ဖြစ်သည်။ သူတစ်ပါးထက် သာလွန်သကဲ့သို့ အမြဲပြုမူသည့် မာန်တက်ပြီး မာနထောင်လွှားသော လူတို့သည် သမ္မာတရားကို လက်ခံဖို့ အခက်ခဲဆုံးဖြစ်ပြီး၊ လဲကျတတ်လေ့ အရှိဆုံး ဖြစ်သည်။ လူတစ်ဦးသည် မိမိ၏ မာနထောင်လွှားမှု ပြဿနာကို ဖြေရှင်းနိုင်ပါက၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ဖို့ လွယ်ကူလာလေသည်။ ထို့ကြောင့်၊ သင်သည် အပေါ်ယံတွင် ကောင်းမွန်ကာ မြင့်မြတ်ပုံရပြီး၊ အခြားသူများ၏ မနာလိုမှုကို လှုံ့ဆော်သော အရာများကို ဦးစွာပစ်ချကာ ငြင်းပယ်ရမည်ဖြစ်သည်။ ထိုအရာများသည် သမ္မာတရား မဟုတ်ပေ။ ယင်းထက်၊ ၎င်းတို့သည် သမ္မာတရားထဲသို့ ဝင်ရောက်ခြင်းမှ သင့်ကို ပိတ်ဆို့နိုင်ပေသည်။ ယခု လုပ်ဆောင်ဖို့ အရေးကြီးဆုံးသော အရာမှာ သမ္မာတရားကို ရှာဖွေဖို့၊ သမ္မာတရားနှင့်အညီ လက်တွေ့လုပ်ဆောင်ဖို့နှင့် သင်၏ တာဝန်ကို ပြည့်ပြည့်ဝဝ ဖြည့်ဆည်းဖို့ဖြစ်သည်၊ အဘယ့်ကြောင့်ဆိုသော် ပြည့်မီသော တာဝန်ထမ်းဆောင်မှုသည် အသက်ဝင်ရောက်မှု လမ်းကြောင်းပေါ် တစ်ခုတည်းသော ပထမခြေလှမ်းဖြစ်သောကြောင့် ဖြစ်သည်၊ ယင်းမှာ အစဖြစ်သည်ဟု ဆိုလိုပေသည်။ ကိစ္စရပ်တိုင်းတွင်၊ အဓိကအကျဆုံး၊ အခြေခံအကျဆုံးအရာ၊ သင်၏ ခြေကို တံခါးသို့ ရောက်စေသော အရာတစ်ခုရှိပြီး၊ သင်၏ တာဝန်ကို ပြည့်ပြည့်ဝဝ ဖြည့်ဆည်းခြင်းသည် သင့်ကို အသက်ထဲသို့ ဝင်ရောက်ခြင်း တံခါးကို ဖြတ်သန်းစေမည့် လမ်းခရီးတစ်ခု၊ လမ်းကြောင်းတစ်ခု ဖြစ်ပေသည်။ သင်၏ တာဝန်ဖြည့်ဆည်းခြင်းသည် ဤ “ပြည့်ဝမှု” လုံးဝ မပါဝင်ပါက၊ သင် အားထုတ်ကြိုးပမ်းဖို့ လိုအပ်ပေသည်။ သင် မည်သို့ အားထုတ်ကြိုးပမ်းသင့် သနည်း။ ယင်းမှာ သင့်အနေဖြင့် သင်၏ စရိုက်ကို ပြောင်းလဲဖို့ သို့မဟုတ် သင်၏ ပါရမီများနှင့် အတတ်ပညာဆိုင်ရာ အားသာချက်များကို စွန့်လွှတ်ဖို့ လိုအပ်သည် မဟုတ်ပေ။ သင့်အနေဖြင့် သမ္မာတရားကို ရှာဖွေပြီး သမ္မာတရား၏ အခြေခံသဘောတရားများနှင့်အညီ လုပ်ဆောင်နေသည့် တစ်ချိန်လုံးတွင် သင်၏ တာဝန်ကို ဖြည့်ဆည်းသည်နှင့်အမျှ ဤအားသာချက်များနှင့် သင် သင်ယူပြီးဖြစ်သည့် အရာများကို သင်နှင့်အတူ သယ်ဆောင်နိုင်သည်။ သင်၏ တာဝန်ကို လုပ်ဆောင်နေစဉ် အသက်ထဲ ဝင်ရောက်မှုကို သင် ရရှိပါက၊ သင်၏ တာဝန်ကို သင် ပြည့်ပြည့်ဝဝ ဖြည့်ဆည်းနိုင်ပေသည်။

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ“ပြည့်မီသော တာဝန်ထမ်းဆောင်မှုဆိုသည်မှာ အဘယ်နည်း။” မှ

သင်၏တာဝန်ကို ဖြည့်ဆည်းခြင်း ဖြစ်စဉ်တွင်၊ အမှုအရာများ၏ အပြုသဘောဆောင်သောဘက်တွင်၊ မည်သည့်အခြေအနေကို သင်ကြုံရသည်ဖြစ်စေ ယင်းအပေါ် လက်လျှော့ခြင်းမရှိဘဲ၊ သင်၏တာဝန်ကို မှန်ကန်စွာ သင်ဆက်ဆံနိုင်သည်။ အခြားအယောက်တိုင်းက မယုံကြည်တော့ဘဲ ၎င်းတို့၏ တာဝန်များကို ထမ်းဆောင်ခြင်းအား ရပ်တန့်ကြလျှင်ပင်၊ သင်သည် ဆက်လက်လုပ်ဆောင်မြဲလုပ်ဆောင်နိုင်ပြီး လက်မလျှော့နိုင်ပေ။ ဆိုလိုသည်မှာ၊ သင်သည် အစမှ ပြီးစီးသည်အထိ အပတ်တကုတ်ကြိုးစားရင်းနှင့် အဆုံးထိ ဆည်းကပ်မြဲဆည်းကပ်နေရင်း၊ သင်၏တာဝန်ကို မစွန့်လွှတ်အောင် သင်ထိန်းထားနိုင်သည်။ ဤနည်းဖြင့်၊ သင်သည် သင်၏တာဝန်ကို တာဝန်တစ်ခုအဖြစ် အမှန်တကယ် သဘောထားပြီး ဖြစ်သည်။ ဤအရာကို သင်စွမ်းဆောင်ရရှိနိုင်ပါက၊ သင်သည် အခြေခံအားဖြင့် သင်၏တာဝန်ကို ထမ်းဆောင်ရာတွင် ပြည့်မီမှုကို စွမ်းဆောင်ရရှိပြီး ဖြစ်သည်။ ဤသည်မှာ အမှုအရာများ၏ အပြုသဘောဆောင်သောဘက်ဖြစ်သည်။ သို့သော်၊ ဤအရာကို စွမ်းဆောင်မရရှိမီတွင်၊ အမှုအရာများ၏ အပျက်သဘောဆောင်သောဘက်တွင်၊ လူတို့သည် စုံစမ်းနှောင့်ယှက်မှုမျိုးစုံကို ကြံ့ကြံ့ခံနိုင်ရမည်။ မိမိ၏တာဝန်ကို ဖြည့်ဆည်းခြင်း ဖြစ်စဉ်တွင်၊ လူတစ်ဦးသည် စုံစမ်းနှောင့်ယှက်မှုများကို ကြံ့ကြံ့မခံနိုင်သကဲ့သို့ မိမိ၏တာဝန်ကို စွန့်လွှတ်ကာ ကျောခိုင်းပြီးဖြစ်ပါက၊ သူသည် ကယ်တင်ခြင်းနှင့် တစ်ခုတလေ ပတ်သက်မှုရှိလိမ့်ဦးမည်လော။ ထိုလူအတွက် မျှော်လင့်ချက်အားလုံး ဆုံးရှုံးသွားလိမ့်မည်ဖြစ်ပြီး ပြည့်မီခြင်း၊ သို့မဟုတ် မပြည့်မီခြင်းသည် လုံးဝမဆီမဆိုင်ဖြစ်ပေလိမ့်မည်။ ကယ်တင်ခြင်းသည် သူနှင့် မည်သည့်ပတ်သက်မှုမျှ ရှိလိမ့်မည်မဟုတ်။ ထို့ကြောင့်၊ တစ်ဦးတစ်ယောက်သည် မိမိ၏တာဝန်ကို ခိုင်မာစွာ ဆုပ်ကိုင်ရမည်။ ထိုသို့လုပ်ဆောင်ရန်၊ ပထမဦးဆုံးအနေဖြင့်၊ အယောက်တိုင်း ရင်ဆိုင်ရသည့် အကြီးမားဆုံးသော အခက်အခဲမှာ စုံစမ်းနှောင့်ယှက်ခြင်းများနှင့် ကြုံရချိန်တွင် မြဲမြံစွာ ရပ်တည်နိုင်ခြင်း ရှိမရှိဆိုသည့်အရာ ဖြစ်သည်။ မည်သည့်စုံစမ်းနှောင့်ယှက်ခြင်း အမျိုးအစားများ ရှိသနည်း။ ငွေ၊ အဆင့်အတန်း၊ ဆန့်ကျင်ဘက်လိင်နှင့် ဆက်ဆံရေးများ၊ စိတ်ခံစားချက်များ ဖြစ်၏။ အခြားမည်သည့်အရာ ရှိသေးသနည်း။ အချို့သော တာဝန်များသည် စွန့်စားမှု အနည်းငယ် ယူရခြင်း ပါဝင်ပါက၊ သို့မဟုတ် အသက်အန္တရာယ်ပင်ပြုနိုင်ပါက၊ ပြီးလျှင် ယင်းတို့ကို သင်ထမ်းဆောင်ရာတွင် ထောင်ကျကောင်း ကျနိုင်သည်၊ သို့မဟုတ် သေဆုံးကောင်း သေဆုံးနိုင်သည်ဆိုပါက၊ ယင်းတို့ကို သင်လုပ်ဆောင်ဦးမည်လော။ ယင်းတို့ကို သင်မည်သို့ထမ်းဆောင်မည်နည်း။ ထိုသို့သော အရာများအားလုံးသည် စုံစမ်းနှောင့်ယှက်ခြင်းများ ဖြစ်သည်။ ဤစုံစမ်းနှောင့်ယှက်ခြင်းများသည် အောင်မြင်ကျော်လွှားရန် လွယ်ကူသလော၊ မလွယ်ကူသလော။ ယင်းတို့အားလုံးသည် သမ္မာတရားအား သင်လိုက်စားသည်ကို လိုအပ်၏။ သမ္မာတရားကို လိုက်စားခြင်း ဖြစ်စဉ်တွင်၊ သင်ကြုံရသည့် ဤစုံစမ်းနှောင့်ယှက်ခြင်းများအားလုံးဖြင့်၊ သင်သည် ချင့်ချိန်နိုင်စွမ်းကို တဖြည်းဖြည်း ကျင့်သုံးနိုင်လိမ့်မည်ဖြစ်ပြီး အသိပညာ ရရှိနိုင်လိမ့်မည်။ ယင်းတို့၏ အနှစ်သာရကို သတိပြုလော့၊ ယင်းတို့၏ စရိုက်မှန်များကို နားလည်လော့၊ ပြီးလျှင် သင်၏ကိုယ်ပိုင်အနှစ်သာရနှင့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတို့ကို သိလော့။ သင်၏ကိုယ်ပိုင် အားနည်းချက်များကို သိလော့၊ ထို့ပြင် သင့်ကို ကာကွယ်ဖို့နှင့် ဤစုံစမ်းနှောင့်ယှက်ခြင်းများအား ကြံ့ကြံ့ခံနိုင်အောင် သင့်ကိုပြုပေးဖို့ ဘုရားသခင်ကို မကြာခဏ အနူးအညွှတ်တောင်းပန်လော့။ သင့်ကိုယ်သင် မည်သည့်အခြေအနေတွင် သင်ရောက်နေသည်ဖြစ်စေ၊ သင်၏တာဝန်ကို ကျောခိုင်းခြင်းမရှိသကဲ့သို့ ထိုတာဝန်မှ ထွက်ပြေးခြင်းလည်း မရှိဘဲ၊ ထိုစုံစမ်းနှောင့်ယှက်မှုတို့ကို သင်ကြံ့ကြံ့ခံနိုင်ပြီး၊ သင်၏တာဝန်ကို ခိုင်မာစွာ ဆုပ်ကိုင်ထားနိုင်ပါက၊ သင်သည် ကယ်တင်ခြင်းဆီသို့သွားရာ လမ်းတစ်ဝက်တွင် ရှိလိမ့်မည်။ ဤလမ်းတစ်ဝက် အမှတ်အသားသည် ရောက်ရှိဖို့ လွယ်ကူသလော။ သင်လျှောက်လှမ်းသည့် ခြေလှမ်းတိုင်းတွင် ကြိုလင့်နေသော ဖြစ်နိုင်ဖွယ် အန္တရာယ်များရှိ၏။ လမ်းကြောင်းသည် အန္တရာယ်ဖြင့် အတိပြီး၏။ ယင်းသည် မလွယ်ကူပေ။ သို့ဆိုလျှင်၊ ယင်းက မည်မျှခက်ခဲသည်ကို တစ်ချက်ကြည့်ပြီး ဘဝသည် အလွန်အမင်း ခြေကုန်လက်ပန်းကျစရာကောင်း၍ သေဆုံးလိုက်သည်ကသာ ပို၍ကောင်းမည်ဟု ခံစားရသည့်လူတစ်ဦးတလေ ရှိသလော။ ၎င်းတို့သည် ကောင်းချီးမင်္ဂလာများ လိုချင်ကြသော်လည်း၊ ဆင်းရဲဒုက္ခ မခံချင်ကြပေ။ ၎င်းတို့သည် မည်သည့်လူစားမျိုးများ ဖြစ်သနည်း။ ၎င်းတို့သည် သတ္တိမရှိသည့်၊ အသုံးမကျသူများ ဖြစ်ကြသည်။ မိမိတို့၏ တာဝန်များကို မည်သို့ပြည့်မီစွာ ထမ်းဆောင်ရမည်၊ ပြည့်မီခြင်း၏ အဓိပ္ပာယ်ဖွင့်ဆိုချက်က မည်သည့်အရာဖြစ်သည်၊ ပြည့်မီခြင်းအတွက် စံများမှာ မည်သည့်အရာများဖြစ်သည်၊ ပြည့်မီခြင်း၏ ဤစံနှုန်းအတွက် ဘုရားသခင်ပေးထားသည့် အကြောင်းရင်းများနှင့် မိမိ၏တာဝန်ကို ပြည့်မီစွာ ထမ်းဆောင်ခြင်းနှင့် အသက်ဝင်ရောက်မှုတို့ကြား ဆက်နွှယ်မှုနှင့် ပတ်သက်၍မူ၊ ဤအရာများကို လူတို့နားလည်လာကြရမည်ဖြစ်သည်။ သင်၏တာဝန်အပေါ် လက်လျှော့ခြင်းမရှိဘဲလျက်၊ အချိန်ကာလ၊ သို့မဟုတ် နေရာကို ပဓာနမထားဘဲ သင်၏တာဝန်ကို ခိုင်မာစွာ ဆုပ်ကိုင်နိုင်ပြီး၊ စုံစမ်းနှောင့်ယှက်မှုမျိုးစုံကို သင်ကြံ့ကြံ့ခံနိုင်ပြီးနောက် သင့်အတွက် ဘုရားသခင်စီစဉ်ပေးသည့် မတူကွဲပြားသော အခြေအနေအားလုံးတွင် ဘုရားသခင်တောင်းဆိုသည့် အမျိုးမျိုးသော သမ္မာတရားအားလုံးနှင့်သက်ဆိုင်သော အသိပညာကို သင်ရရှိပြီး နားလည်နိုင်ပါက၊ သင်သည် အခြေခံအားဖြင့် ပြည့်မီမှုကို စွမ်းဆောင်ရရှိပြီးဖြစ်သည်။ သင်၏တာဝန်ကို ထမ်းဆောင်ရာတွင် ပြည့်မီမှုကို စွမ်းဆောင်ရရှိဖို့ အခြေခံကျသည့် ပါဝင်သောအရာ သုံးခုရှိ၏- တစ်ခုမှာ သင်၏တာဝန်ကို သင်ဆက်ဆံသည့် သဘောထားဖြစ်သည်၊ နောက်တစ်ခုမှာ ယင်းကို ဖြည့်ဆည်းခြင်း ဖြစ်စဉ်တွင် စုံစမ်းနှောင့်ယှက်ခြင်းမျိုးစုံကို ကြံ့ကြံ့ခံနိုင်ခြင်းဖြစ်ပြီး၊ အခြားတစ်ခုမှာ သင်၏တာဝန်ကို ထမ်းဆောင်စဉ်တွင် သမ္မာတရားတိုင်းကို နားလည်နိုင်ခြင်း ဖြစ်သည်။

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ“ပြည့်မီသော တာဝန်ထမ်းဆောင်မှုဆိုသည်မှာ အဘယ်နည်း။” မှ

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

Leave a Reply

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။