ဘုရားသခင်ကို နာခံခြင်းသည် အဘယ်အရာဖြစ်ပြီး ဘုရားသခင်ကို နာခံခြင်း၏ တိကျသော သရုပ်သကန်များမှာ အဘယ်နည်း

06.12.2021

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

ဘုရားသခင်သည် လူသားများကို ဖန်ဆင်းခဲ့ပြီး ကမ္ဘာမြေကြီးပေါ်တွင် ထားရှိခဲ့ကာ ထိုအချိန်ကတည်းက ၎င်းတို့ကို ဦးဆောင်ပြီးဖြစ်သည်။ ထို့နောက် သူသည် ၎င်းတို့ကို ကယ်တင်ခဲ့ပြီး လူသားမျိုးနွယ်အတွက် အပြစ်ဖြေရာယဇ် အဖြစ် အစေခံခဲ့သည်။ အဆုံးတွင် သူသည် လူသားမျိုးနွယ်ကို သိမ်းပိုက်ရဦးမည်၊ လူသားများကို လုံးဝ ကယ်တင်ရဦးမည် ဖြစ်ပြီး၊ ၎င်းတို့ကို ၎င်းတို့၏ မူလ ပုံသဏ္ဌာန်သို့ ပြန်ဖြစ်စေရဦးမည် ဖြစ်သည်။ ဤသည်မှာ အစအဦးကတည်းက သူပါဝင်လုပ်ဆောင်ပြီးဖြစ်သည့် အမှု- လူသားမျိုးနွယ်ကို ၎င်း၏မူရင်း ပုံသဏ္ဌာန်နှင့် ရုပ်ဆင်းသဏ္ဌာန်သို့ ပြန်ဖြစ်စေခြင်း- ဖြစ်သည်။ ဘုရားသခင်သည် သူ၏နိုင်ငံတော်ကို တည်ထောင်လိမ့်မည် ဖြစ်ပြီး လူသားများ၏ မူလရုပ်ဆင်းသဏ္ဌာန်ကို နဂိုအတိုင်း ပြန်ဖြစ်စေလိမ့်မည်၊ ဆိုလိုသည်မှာ ဘုရားသခင်သည် ကမ္ဘာမြေကြီးပေါ်နှင့် ဖန်ဆင်းခြင်းအားလုံး အလယ်တွင် သူ၏ ဩဇာအာဏာကို နဂိုအတိုင်း ပြန်ဖြစ်စေမည် ဖြစ်သည်။ လူသားမျိုးနွယ်သည် စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်း ခံရပြီးနောက်တွင် ဘုရားသခင်ကို ကြောက်ရွံ့ခြင်း စိတ်နှလုံးအပြင်၊ ဘုရားသခင်၏ ဖန်ဆင်းခံသတ္တဝါများ တာဝန်ရှိသည့် အလုပ်တာဝန်ကိုလည်း ဆုံးရှုံးခဲ့ပြီး၊ ထိုသို့ဖြင့် ဘုရားသခင်ကို မနာခံသော ရန်သူတစ်ဦး ဖြစ်လာခဲ့သည်။ ထို့နောက် လူသားမျိုးနွယ်သည် စာတန်၏ အုပ်စိုးမှုအောက်တွင် အသက်ရှင်ခဲ့ပြီး စာတန်၏အမိန့်များကို လိုက်နာခဲ့သည်။ ထို့ကြောင့် ဘုရားသခင်သည် သူ၏ဖန်ဆင်းခံသတ္တဝါများ ကြားတွင် အလုပ်လုပ်ရန် နည်းလမ်း မရှိခဲ့သကဲ့သို့၊ ၎င်းတို့၏ ကြောက်ရွံ့တတ်သော ကြည်ညိုမှုကို သာ၍ပင် မရရှိနိုင် ဖြစ်လာခဲ့သည်။ လူသားများသည် ဘုရားသခင်၏ ဖန်ဆင်းခြင်း ခံခဲ့ရပြီး ဘုရားသခင်ကို ကိုးကွယ်သင့်သော်လည်း၊ ၎င်းတို့သည် ဘုရားသခင်ကို အမှန်တကယ် ကျောခိုင်းခဲ့ကြကာ ယင်းအစား စာတန်ကို ကိုးကွယ်ခဲ့ကြသည်။ စာတန်သည် ၎င်းတို့ စိတ်နှလုံးများထဲတွင် အသည်းကြော် ဖြစ်လာခဲ့သည်။ သို့ဖြစ်ရာ ဘုရားသခင်သည် ၎င်းတို့၏ စိတ်နှလုံးများတွင် သူ၏ရပ်တည်မှုကို ဆုံးရှုံးခဲ့ရ၏၊ ယင်းမှာ သူသည် လူသားမျိုးနွယ်အား ဖန်ဆင်းခြင်း နောက်ကွယ်က အဓိပ္ပာယ်ကို ဆုံးရှုံးခဲ့သည်ဟု ဆိုရပေမည်။ ထို့ကြောင့် လူသားမျိုးနွယ်ကို သူဖန်ဆင်းခြင်း နောက်ကွယ်က အဓိပ္ပာယ်ကို ပြန်လည်ရယူရန်၊ သူသည် ၎င်းတို့၏ မူလရုပ်ဆင်းသဏ္ဌာန်ကို နဂိုအတိုင်း ပြန်ဖြစ်စေရမည်ဖြစ်ပြီး လူသားမျိုးနွယ်ကို ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများမှ ဖယ်ရှားပစ်ရမည် ဖြစ်သည်။ စာတန်ထံမှ လူသားများကို ပြန်လည်ရယူရန်၊ သူသည် ၎င်းတို့ကို အပြစ်မှ ကယ်တင်ရမည်။ ဤနည်းလမ်းဖြင့်သာ ဘုရားသခင်သည် ၎င်းတို့၏ မူလရုပ်ဆင်းသဏ္ဌာန်နှင့် လုပ်ငန်းဆောင်တာကို တဖြည်းဖြည်း နဂိုအတိုင်း ပြန်ဖြစ်စေနိုင်ပြီး၊ နောက်ဆုံးတွင် သူ၏နိုင်ငံတော်ကို နဂိုအတိုင်း ပြန်ဖြစ်စေနိုင်ပေသည်။ လူသားများကို ဘုရားသခင်အား သာ၍ ကောင်းစွာ ဝတ်ပြုကိုးကွယ်ခွင့်ပေးရန်နှင့် ကမ္ဘာမြေကြီးပေါ်တွင် ပိုမိုကောင်းမွန်စွာ ရှင်သန်ခွင့်ပေးရန် ငြင်းဆန်သောသူတို့ကို အဆုံးစွန် ဖျက်ဆီးခြင်းကိုလည်း ဆောင်ရွက်လိမ့်မည် ဖြစ်သည်။ ဘုရားသခင်သည် လူသားများကို ဖန်ဆင်းခဲ့သောကြောင့်၊ သူသည် ၎င်းတို့ကို သူ့အား ကိုးကွယ်စေမည် ဖြစ်သည်။ သူသည် လူသားမျိုးနွယ်၏ မူလ လုပ်ငန်းဆောင်တာကို နဂိုအတိုင်းပြန်ဖြစ်စေလိုသောကြောင့်၊ ယင်းကို လုံးဝ နဂိုအတိုင်းပြန်ဖြစ်စေမည် ဖြစ်ပြီး မည်သည့် မစင်ကြယ်မှုမျှ ရှိစေမည် မဟုတ်ပေ။ သူ၏ ဩဇာအာဏာကို နဂိုအတိုင်းပြန်ဖြစ်စေခြင်း ဆိုသည်မှာ လူသားများအား သူ့ကို ကိုးကွယ်စေကာ ကျိုးနွံနာခံစေခြင်း ဖြစ်သည်။ ယင်းမှာ ဘုရားသခင်သည် လူသားများကို သူ့ကြောင့် အသက်ရှင်စေလိမ့်မည် ဖြစ်ပြီး သူ၏ဩဇာအာဏာ၏ အကျိုးဆက်အနေဖြင့် သူ၏ရန်သူများကို ပျက်စီးစေလိမ့်မည်ဟု ဆိုလိုသည်။ ယင်းမှာ ဘုရားသခင်သည် မည်သူထံကမျှ ခုခံမှုမရှိစေဘဲ သူနှင့် ပတ်သက်သည့် အရာရာတိုင်းကို လူသားများအလယ်တွင် ဖြစ်ပေါ်စေမြဲ ဖြစ်ပေါ်စေလိမ့်မည်ဟု ဆိုလိုသည်။ သူတည်ထောင်လိုသော နိုင်ငံတော်သည် သူ၏ကိုယ်ပိုင် နိုင်ငံတော် ဖြစ်သည်။ သူအလိုရှိသော လူသားမျိုးနွယ်သည် သူ့ကို ကိုးကွယ်မည့်သူ၊ သူ့ကို လုံးဝ ကျိုးနွံနာခံမည့်သူနှင့် သူ၏ဘုန်းအသရေကို ထင်ရှားစေမည့်သူ ဖြစ်သည်။ ဘုရားသခင်သည် ဖောက်ပြန်ပျက်စီးနေသော လူသားမျိုးနွယ်ကို မကယ်တင်ပါက၊ လူသားမျိုးနွယ်ကို သူဖန်ဆင်းခြင်း နောက်ကွယ်က အဓိပ္ပာယ်သည် ပျောက်ဆုံးလိမ့်မည် ဖြစ်သည်။ သူသည် လူသားများအလယ်တွင် နောက်ထပ် ဩဇာအာဏာ ရှိတော့မည် မဟုတ်သကဲ့သို့၊ သူ၏ နိုင်ငံတော်သည် ကမ္ဘာမြေပေါ်တွင် တည်ရှိနိုင်တော့မည် မဟုတ်ပေ။ သူ့ကို မနာခံသော ရန်သူများကို ဘုရားသခင် မဖျက်ဆီးပါက၊ သူသည် မိမိ၏စုံလင်သော ဘုန်းအသရေကို ရရှိနိုင်လိမ့်မည် မဟုတ်သကဲ့သို့၊ ကမ္ဘာမြေကြီးပေါ်တွင် သူ၏နိုင်ငံတော်ကိုလည်း တည်ထောင်နိုင်လိမ့်မည် မဟုတ်ပေ။ ဤသည်တို့မှာ သူ၏အမှု စုံလင်ခြင်းနှင့်- လူသားမျိုးနွယ် အလယ်ရှိ သူ့ကို မနာခံသည့် သူများကို လုံးဝဖျက်ဆီးရန်နှင့် စုံလင်စေခြင်း ခံရပြီးသူများကို ငြိမ်သက်ခြင်း ချမ်းသာထဲသို့ ဆောင်ကြဉ်းဖို့ ဖြစ်သည်- သူ၏ ကြီးမားသည့် အောင်မြင်ခြင်း အမှတ်လက္ခဏာများ ဖြစ်လိမ့်မည်။ လူသားများကို ၎င်းတို့၏ မူလ ရုပ်ဆင်းသဏ္ဌာန်အတိုင်း ပြန်ဖြစ်စေပြီးသည့်အချိန်နှင့်၊ ၎င်းတို့သည် ၎င်းတို့၏ သက်ဆိုင်ရာ တာဝန်များကို ဖြည့်ဆည်းနိုင်ချိန်၊ ၎င်းတို့၏ ကိုယ်ပိုင် မှန်ကန်သော နေရာများကို ထိန်းသိမ်းပြီး ဘုရားသခင်၏ အစီအစဉ်များ အားလုံးကို ကျိုးနွံနာခံသည့်အချိန်တွင်၊ ဘုရားသခင်သည် သူ့ကို ကိုးကွယ်သည့် ကမ္ဘာမြေကြီးပေါ်ရှိ လူတစ်စုကို ရရှိပြီးဖြစ်လိမ့်မည် ဖြစ်ကာ ကမ္ဘာမြေကြီးပေါ်ရှိ သူ့ကို ကိုးကွယ်သော နိုင်ငံတော်တစ်ခုကိုလည်း တည်ထောင်ပြီးဖြစ်လိမ့်မည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်နှင့် လူသားသည် ငြိမ်သက်ခြင်းချမ်းသာထဲသို့ အတူတကွ ဝင်ရောက်ကြလိမ့်မည်

ဘုရားသခင်ပြုသော အမှုသည် အချိန်ကာလကိုလိုက်၍ ကွဲပြား၏။ အကယ်၍ သင်သည် ကဏ္ဍအဆင့်တစ်ခု၌ ကြီးစွာသောနာခံမှု ရှိသော်လည်း၊ နောက်ကဏ္ဍအဆင့်တစ်ခုတွင် သူ၏အမှုအပေါ် သင်၏နာခံမှု အလွန်နည်းလျှင်၊ သို့မဟုတ် သင်သည် နာခံနိုင်စွမ်းမရှိလျှင် ဘုရားသခင် သင့်ကို စွန့်ခွာသွားလိမ့်မည်။ ဘုရားသခင် ဤအဆင့်ကို တက်သည်နှင့်အမျှ သင်မီအောင်လိုက်လျှင်၊ နောက်တစ်ဆင့်သို့ သူတက်သောအခါတွင်လည်း သင်သည် ဆက်၍ မီအောင်လိုက်ရမည်။ သို့မှသာ သင်သည် သန့်ရှင်းသော ဝိညာဉ်တော်ကို နာခံသောသူ ဖြစ်လိမ့်မည်။ သင်သည် ဘုရားသခင်ကို ယုံသောကြောင့်၊ တစ်သမတ်တည်း နာခံရမည်။ သင်စိတ်ပါလျှင် နာခံလိုက်၊ သင်စိတ်မပါလျှင် မနာခံဘဲနေလိုက် လုပ်၍မရပေ။ ဤနာခံမှုမျိုးသည် ဘုရားသခင်၏ ချီးမွမ်းခြင်းကို မခံရပေ။ သင်သည် ငါမိတ်သဟာယပြုသော အမှုသစ်ကို မီအောင်မလိုက်နိုင်ဘဲ၊ ယခင်က ဆိုရိုးစကားများကို ဆက်လက်စွဲကိုင်နေလျှင်၊ သင့်အသက်တာ၌ တိုးတက်မှု မည်သို့ရှိနိုင်မည်နည်း။ ဘုရားသခင်၏အမှုမှာ သူ၏ နှုတ်ကပတ်တော်များ မှတစ်ဆင့် သင့်ကို ထောက်ပံ့ပေးဖို့ဖြစ်သည်။ သူ၏ နှုတ်ကပတ်တော်များကို သင်နာခံပြီး လက်ခံသောအခါ၊ သန့်ရှင်းသော ဝိညာဉ်တော်သည် သင့်အထဲ၌ ဧကန်အမှန် အမှုပြုလိမ့်မည်။ သန့်ရှင်းသော ဝိညာဉ်တော်သည် ငါပြောသည့်အတိုင်း တစ်သဝေမတိမ်း အမှုပြုသည်။ ငါပြောထားသည့် အတိုင်း လုပ်ဆောင်လော့၊ ထိုအခါ သန့်ရှင်းသော ဝိညာဉ်တော်သည် သင့်အထဲ၌ မဆိုင်းမတွ အမှုပြုလိမ့်မည်။ သင်တို့ မြင်တွေ့ရန်အတွက် အလင်းသစ်ကို ငါစေလွှတ်ကာ၊ ပစ္စုပ္ပန်၏ အလင်းထဲသို့ သင်တို့ကို ငါခေါ်ဆောင်နေပြီး၊ ဤအလင်းထဲသို့ သင်လှမ်းဝင်လာသောအခါ သန့်ရှင်းသော ဝိညာဉ်တော်သည် သင့်အထဲ၌ ချက်ချင်းအမှုပြုလိမ့်မည်။ “သင်ပြောတဲ့အတိုင်း ငါလုပ်ဆောင်မည် မဟုတ်။” ဟု ပြောပြီး ဆိုဆုံးမရ ခက်ကောင်းခက်နိုင်သောသူ အချို့ရှိသည်။ ထိုကိစ္စမျိုးတွင် သင် ယခု လမ်းဆုံးသို့ ရောက်နေပြီ၊ သင်သည် သွေ့ခြောက်နေပြီး နောက်ထပ် အသက်မရှိတော့ဟု သင့်ကို ငါပြောသည်။ ထို့ကြောင့် သင်၏ စိတ်သဘောထား ပြောင်းလဲလာသည်ကို တွေ့ကြုံရာ၌ ပစ္စုပ္ပန်ကာလ၏ အလင်းကို မီအောင်လိုက်ခြင်းထက် မည်သည့်အရာမျှ ပိုအရေးပါသည်မဟုတ်ပေ။ သန့်ရှင်းသော ဝိညာဉ်တော်သည် ဘုရားသခင် အသုံးပြုခြင်းခံရသည့် လူအချို့၌သာ အလုပ်လုပ်သည်သာမက၊ ထို့ထက်ပို၍ အသင်းတော်၌ အလုပ်လုပ်သည်။ သူသည် မည်သူ့အထဲ၌မဆို အလုပ်လုပ်နေနိုင်သည်။ သူသည် ပစ္စုပ္ပန်ကာလ၌ သင့်အထဲမှာ အလုပ်လုပ်ကောင်း လုပ်လိမ့်မည်ဖြစ်ပြီး ဤအမှုကို သင်တွေ့ကြုံရလိမ့်မည်။ နောက်ထပ်ကာလအတွင်း၌ သူသည် အခြားလူတစ်ယောက်အထဲ၌ အလုပ်လုပ်ကောင်းလုပ်နိုင်ပြီး၊ ထိုအခြေအနေတွင် သင်မြန်မြန်လိုက်ရမည်။ ပစ္စုပ္ပန်ကာလ၏ အလင်းကို သင် ပို၍နီးကပ်စွာ လိုက်လေလေ၊ သင်၏အသက်တာ ပို၍ ကြီးထွားနိုင်လေလေ ဖြစ်သည်။ လူတစ်ဦးသည် မည်သည့်ပုဂ္ဂိုလ်အမျိုးအစား ဖြစ်ပါစေ၊ သူ့အထဲ၌ သန့်ရှင်းသောဝိညာဉ်တော် အလုပ်လုပ်ပါက သင်လိုက်ရမည်။ သူတို့၏ အတွေ့အကြုံများကို သင့်အတွေ့အကြုံများမှတစ်ဆင့် ခံစားလော့၊ ထိုအခါ သင်သည် ပို၍ပင် အဆင့်မြင့်သော အရာများကို ရရှိလိမ့်မည်။ ထိုသို့လုပ်ခြင်းဖြင့် သင်သည် ပိုမိုလျင်မြန်စွာ တိုးတက်လာလိမ့်မည်။ ဤသည်မှာ လူသားအတွက် စုံလင်ခြင်း၏ လမ်းကြောင်းဖြစ်ပြီး အသက်တာ ကြီးထွားသည့် နည်းလမ်းဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်ကို စစ်မှန်သော နှလုံးသားနှင့် နာခံသောသူတို့သည် ဘုရားသခင်၏ ပိုင်ဆိုင်ခြင်းကို ဧကန်အမှန် ခံကြရလိမ့်မည်

လူတို့သည် ဘာသာရေး အယူအဆများကို လက်လွှတ်နိုင်ပါက၊ ၎င်းတို့သည် ဘုရားသခင်၏ ယနေ့ နှုတ်ကပတ်တော်များနှင့် အမှုကို စဉ်းစားချင့်ချိန်ဖို့ မိမိတို့၏ ဉာဏ်များကို အသုံးပြုလိမ့်မည်မဟုတ်ဘဲ၊ ယင်းအစား တိုက်ရိုက်နာခံကြလိမ့်မည်။ ဘုရားသခင်၏ ယနေ့ အမှုသည် အတိတ်ကနှင့် သိသိသာသာကို မတူညီသော်လည်း၊ သင်သည် အတိတ်၏ အမြင်များကို လက်လွှတ်ကာ ဘုရားသခင်၏ ယနေ့ အမှုကို တိုက်ရိုက် မနာခံနိုင်သေးပေ။ အတိတ်၌ ဘုရားသခင် မည်သို့ အမှုပြုခဲ့စေကာမူ၊ ဘုရားသခင်၏ ယနေ့ အမှုကို သင် အသားပေးထားရမည်ဟူသော သိနားလည်နိုင်စွမ်းရှိပါက၊ သင်သည် မိမိ၏အယူအဆများကို လက်လွှတ်ပြီးသူ၊ ဘုရားသခင်ကို နာခံသူနှင့် ဘုရားသခင်၏အမှုနှင့် နှုတ်ကပတ်တော်များကို နာခံနိုင်ကာ သူ၏ ခြေလှမ်းများနောက် လိုက်သောသူတစ်ဦး ဖြစ်ပေသည်။ ဤအရာတွင်၊ သင်သည် ဘုရားသခင်ကို အမှန်တကယ် နာခံသူတစ်ဦး ဖြစ်လိမ့်မည်။ သင်သည် ဘုရားသခင်၏ အမှုကို မစိစစ် သို့မဟုတ် စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးခြင်း မပြုပေ။ ယင်းမှာ ဘုရားသခင်သည် သူ၏ယခင်အမှုကို မေ့လျော့ပြီးဖြစ်ကာ သင်သည်လည်း ထိုအရာကို မေ့လျော့ပြီးဖြစ်သည့်အလား ဖြစ်သည်။ ပစ္စုပ္ပန်သည် ပစ္စုပ္ပန်ဖြစ်ပြီး အတိတ်သည် အတိတ်ဖြစ်ကာ ယနေ့တွင် ဘုရားသခင်သည် အတိတ်က သူပြုခဲ့သည့်အမှုကို ဘေးဖယ်ထားပြီးဖြစ်သည့်အတွက်၊ သင်သည် ထိုအရာကို တဝဲလည်လည် မတွေးသင့်ပေ။ ထိုသို့သော လူတစ်ဦးသည်သာ ဘုရားသခင်ကို လုံးဝ နာခံကာ ၎င်းတို့၏ဘာသာရေး အယူအဆများကို လုံးဝ လက်လွှတ်ပြီးသူတစ်ဦး ဖြစ်ပေသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်၏ ယနေ့အမှုကို သိသောသူများသာလျှင် ဘုရားသခင်ကို အစေခံနိုင်သည်

ဘုရားသခင်၏အမှုကို ကျိုးနွံနာခံခြင်းသည် စစ်မှန်ပြီး အမှန်တကယ် ဖြစ်ရမည်ဖြစ်ပြီး၊ ယင်းကို အသက်ရှင်နေထိုင်ရမည်။ အပေါ်ယံ ကျိုးနွံနာခံခြင်းမျှသာဖြင့် ဘုရားသခင်၏ ချီးမွမ်းခြင်းကို မရရှိနိုင်သည့်အပြင်၊ မိမိ၏စိတ်သဘောထား၌ ပြောင်းလဲခြင်းကို မရှာဖွေဘဲ၊ ဘုရားသခင့် နှုတ်ကပတ်တော်၏ အပေါ်ယံကဏ္ဍများကို နာခံရုံမျှသည် ဘုရားသခင်၏ စိတ်နှလုံးနှင့် မညီညွတ်ပါပေ။ ဘုရားသခင်ကို နာခံခြင်းနှင့် ဘုရားသခင်၏ အမှုကို ကျိုးနွံနာခံခြင်းဟူသည် တစ်ခုတည်းဖြစ်ပြီး အတူတူပင်ဖြစ်သည်။ အမှန်တကယ် ကျိုးနွံနာခံခြင်းမရှိဘဲ၊ အပေါ်ယံ၌ ခယဝယလုပ်တတ်သော သူများကို မဆိုထားနှင့်၊ ဘုရားသခင်ကိုသာ ကျိုးနွံနာခံပြီး သူ၏အမှုကို ကျိုးနွံနာခံခြင်း မရှိသောသူများကို နာခံတတ်သည်ဟု မမှတ်ယူနိုင်ပေ။ ဘုရားသခင်ကို အမှန်တကယ် ကျိုးနွံနာခံသောသူ အားလုံးတို့သည် ထိုအမှုမှ အကျိုးရရှိနိုင်ကြပြီး ဘုရားသခင်၏ စိတ်သဘောထားနှင့် အမှုအား နားလည်ခြင်းကို ရရှိနိုင်ကြသည်။ ထိုကဲ့သို့သော လူတို့သာလျှင် ဘုရားသခင်ကို အမှန်တကယ် ကျိုးနွံနာခံကြသည်။ ထိုကဲ့သို့သော လူတို့သည် အမှုသစ်မှနေ၍ အသစ်သော သိကျွမ်းခြင်းကို ရယူနိုင်ပြီး အသစ်သော ပြောင်းလဲမှုများကို ကြုံတွေ့နိုင်သည်။ ဤလူတို့သာလျှင် ဘုရားသခင်၏ ချီးမွမ်းခြင်းကို ခံရသည်၊ ဤလူတို့သာလျှင် စုံလင်အောင်ပြုလုပ်ပေးခြင်း ခံရပြီး၊ ဤလူတို့သာလျှင် မိမိ၏ စိတ်သဘောထား ပြောင်းလဲပြီးသောသူများ ဖြစ်ကြသည်။ ဘုရားသခင်၏ ချီးမွမ်းခြင်းကိုခံရသူများသည် ဘုရားသခင်ကို သာမက သူ၏ နှုတ်ကပတ်တော်နှင့် အမှုကို ဝမ်းမြောက်စွာ ကျိုးနွံနာခံသောသူများ ဖြစ်ကြသည်။ ထိုကဲ့သို့သော လူတို့သာလျှင် တရားနည်းလမ်းကျသည်၊ ထိုကဲ့သို့သော လူတို့သာလျှင် ဘုရားသခင်ကို စိတ်ရင်းဖြင့် လိုလားတောင့်တပြီး၊ ဘုရားသခင်ကို စိတ်ရင်းဖြင့် ရှာဖွေကြသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်ကို စစ်မှန်သော နှလုံးသားနှင့် နာခံသောသူတို့သည် ဘုရားသခင်၏ ပိုင်ဆိုင်ခြင်းကို ဧကန်အမှန် ခံကြရလိမ့်မည်

လူ့ဇာတိ၌ရှိသည့် ဘုရားသခင်၏ အချိန်ကာလအတောအတွင်းတွင်၊ လူများထံမှ သူလိုအပ်သော ကျိုးနွံနာခံခြင်းသည် ၎င်းတို့စိတ်ကူးသကဲ့သို့ အကဲဖြတ်ဝေဖန်ခြင်းများ သို့မဟုတ် ခုခံခြင်းများကို ရှောင်ကြဉ်ခြင်း မပါဝင်ပေ။ ယင်းထက် လူတို့အနေဖြင့် သူ၏နှုတ်ကပတ်တော်များကို အသက်ရှင်ဖို့ ၎င်းတို့၏အခြေခံသဘောတရားနှင့် ၎င်းတို့၏ ရှင်သန်မှုနှင့်ဆိုင်သည့် အခြေခံအုတ်မြစ်အဖြစ် အသုံးပြုဖို့နှင့် သူ၏ နှုတ်ကပတ်တော်များ၏ အနှစ်သာရကို လုံးဝ လက်တွေ့လုပ်ဆောင်ပြီး သူ၏အလိုကို လုံးဝ ဖြည့်ဆည်းဖို့ သူ တောင်းဆိုပေသည်။ လူ့ဇာတိခံဘုရားသခင်ကို ကျိုးနွံနာခံရန် လူတို့ လိုအပ်ခြင်း၏ ရှုထောင့်တခုသည် သူ၏နှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်ခြင်းအား ရည်ညွန်းစဉ်တွင်၊ နောက်ထပ်ရှုထောင့်တခုက သူ၏ သာမန်ဖြစ်ခြင်းနှင့် လက်တွေ့ကျခြင်းတို့ကို ကျိုးနွံနာခံနိုင်ခြင်းအား ရည်ညွှန်းပေသည်။ ဤအရာများသည် နှစ်ခုလုံး အကြွင်းမဲ့ ဖြစ်ရမည်။ ဤရှုထောင့်နှစ်ခုလုံးကို စွမ်းဆောင်ရရှိနိုင်သူများအားလုံးသည် ၎င်းတို့၏ စိတ်နှလုံးများထဲ၌ ဘုရားသခင်အတွက် စစ်မှန်သော ချစ်ခြင်းမေတ္တာ သိုထားသူများ ဖြစ်သည်။ ၎င်းတို့အားလုံးသည် ဘုရားသခင်၏ ရယူခြင်းခံရပြီးဖြစ်သော လူများဖြစ်ပြီး ၎င်းတို့အားလုံးသည် ဘုရားသခင်ကို မိမိတို့ ကိုယ်ပိုင်ဘဝကို ချစ်သကဲ့သို့ ချစ်သောသူများ ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်အား အမှန်တကယ်ချစ်သောသူများသည် ဘုရားသခင်၏ လက်တွေ့ကျခြင်းကို အကြွင်းမဲ့ ကျိုးနွံနာခံနိုင်သောသူများ ဖြစ်သည်

သို့ဆိုလျှင် ဤအရာသုံးခုအပေါ်- ဘုရားသခင်၊ သူ၏လူ့ဇာတိခံခန္ဓာနှင့် သမ္မာတရားတို့အပေါ်- လူတို့၏သဘောထားသည် မည်သည့်အရာ ဖြစ်သင့်သနည်း။ မှန်ပေ၏။ မည်သည်အရာမျှ သာ၍မရိုးရှင်းပေ- နားထောင်နိုင်ခြင်းနှင့် နာခံနိုင်ခြင်း ဖြစ်သည်။ နားထောင်ပြီးနောက်၊ သင်၏စိတ်နှလုံးတွင် လက်ခံရမည်။ သင်သည် တစ်စုံတစ်ရာကို လက်မခံနိုင်ပါက၊ ယင်းကို သင်လက်ခံနိုင်သည်အထိ သင်ရှာဖွေမြဲ ရှာဖွေရမည်၊ ထို့နောက် ယင်းကို သင်လက်ခံလျှင်လက်ခံချင်း၊ သင်နာခံရမည်။ နာခံဖို့ဆိုသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ ယင်းမှာ ဆောင်ရွက်ဖို့ကို ဆိုလို၏။ အမှုအရာများကို ကြားပြီးနောက်တွင် ယင်းတို့ကို မပယ်ချနှင့်။ အပြင်ပန်းအားဖြင့်၊ ယင်းတို့ကို လုပ်ဆောင်ဖို့ သင်ကတိပေးပြီး ယင်းတို့ကို သင်ရေးမှတ်သည်၊ ယင်းတို့ကို သင်ရေးသားသည်၊ သင်၏နားများဖြင့် ယင်းတို့ကို သင်နာယူ၏- သို့သော် ယင်းတို့သည် သင်၏စိတ်နှလုံးတွင် မရှိသကဲ့သို့၊ ဆောင်ရွက်ဖို့ အချိန်ကျလာသည့်အခါ၊ သင်ရေးချထားသည့်အရာကို အတွေးချောင်ထဲသို့ ပို့လိုက်၍ ယင်းတို့ကို အရေးမကြီးသကဲ့သို့ သဘောထားလျက် သင်လုပ်ချင်သည့်အရာကို လုပ်ဆောင်လေသည်။ ဤသည်မှာ နာခံခြင်း မဟုတ်ပေ။ စစ်မှန်သော နာခံခြင်းဆိုသည်မှာ သင်၏စိတ်နှလုံးဖြင့် နားထောင်ခြင်းနှင့် နားလည်ခြင်းကို ဆိုလိုသည်၊ ယင်းမှာ စစ်မှန်သော လက်ခံမှု၊ အလုပ်တစ်ခုအဖြစ်၊ အမိန့်တစ်ခုအဖြစ်၊ ဆောင်ရွက်ရန် တာဝန်ရှိသော အမိန့်တစ်ခုနှင့် တာဝန်တစ်ခုအဖြစ် လက်ခံခြင်းကို ဆိုလိုသည်။ ယင်းသည် သင်၏စိတ်နှလုံးထဲတွင် တစ်စုံတစ်ခုကို လက်ခံခြင်းသာ မဟုတ်ပေ။ သင်သည် ယင်းကို ခိုင်မာသော ဆောင်ရွက်ချက်အဖြစ်သို့ ပြောင်းလဲရမည်။ သင်လျှောက်လှမ်းသည့် လမ်းကြောင်းအပြင် သင်ရှေးရှုပြေးသည့် ရည်မှန်းချက်နှင့် ဦးတည်ချက်တို့သည် ဘုရားသခင်ထံမှ သင်ကြားပြီးဖြစ်သော သတ်မှတ်ချက်များ ဖြစ်သည်။ ပြီးလျှင် သင်၏လက်ဖြင့် လုပ်ဆောင်သည့်အရာ၊ သင်၏စိတ်နှလုံးက ဆန္ဒရှိသည့်အရာနှင့် သင်၏စိတ်ဖြင့် တွေးတောသည့်အရာ၊ ပြီးလျှင် သင်ပေးသည့် အဖိုးအခတို့သည် သင့်ကို ဘုရားသခင်တောင်းဆိုသည့်အရာအတွက် ဖြစ်သည်။ ဤသည်မှာ “ဆောင်ရွက်ခြင်း” ဖြစ်သည်။ နာခံခြင်း၏ သွယ်ဝိုက်ညွှန်းဆိုသော အဓိပ္ပာယ်မှာ အဘယ်နည်း။ အကောင်အထည်ဖော်ခြင်း၊ ဆောင်ရွက်ခြင်း၊ တစ်စုံတစ်ရာကို လက်တွေ့အမှန်တကယ် ဖြစ်စေခြင်း ဖြစ်သည်။ ဘုရားသခင်ပြောပြီး စေခိုင်းသည့်အရာကို ရေးသားခြင်းဖြင့် မှတ်သားရင်း၊ စာရွက်တစ်ရွက်တွင် သင်ရေးမှတ်သော်လည်း၊ ယင်းသည် သင်၏စိတ်နှလုံးထဲတွင် မရှိသကဲ့သို့၊ ဆောင်ရွက်ဖို့ အချိန်ကျလာသည့်အခါ၊ သင်လုပ်ချင်သည့်အရာကို သင်လုပ်ဆောင်၏။ အပြင်ပန်းအားဖြင့်၊ သင်လုပ်ဆောင်ပြီးသကဲ့သို့ ထင်ရသည်၊ သို့သော် သင်သည် သင်၏ကိုယ်ပိုင်အခြေခံမူများအတိုင်း ထိုသို့လုပ်ဆောင်ပေသည်။ ဤသည်မှာ နာခံခြင်းလော။ ဤသည်မှာ နားထောင်ခြင်းလော။ ယင်းမှာ အဘယ်အရာနည်း။ ယင်းသည် သမ္မာတရားကို ပမာမထားခြင်းဟု ခေါ်သည်၊ ယင်းသည် အခြေခံသဘောတရားကို ပေါ်တင်ချိုးဖောက်ခြင်းဖြစ်သည်၊ ဘုရားအိမ်တော်၏ အစီအစဉ်များကို အရေးမလုပ်ခြင်း ဖြစ်သည်။ ဤသည်မှာ နာခံခြင်း မဟုတ်၊ ပုန်ကန်ခြင်း ဖြစ်၏။

အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၌ “အသေးစိတ်ရှင်းလင်းချက် ၃-နောဧနှင့် အာဗြဟံတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကိုနားထောင်ခဲ့ပြီး သူ့ကို လိုက်နာခဲ့ပုံ (အပိုင်း ၂)” မှ

ဘုရားသခင် ညွှန်ကြားခဲ့သကဲ့သို့ နောဧလုပ်ဆောင်ခဲ့ချိန်တွင်၊ ဘုရားသခင်၏ ရည်ရွယ်ချက်များက မည်သည့်အရာဖြစ်သည်ကို သူ မသိခဲ့ပေ။ ဘုရားသခင်က မည်သည့်အရာ ပြီးမြောက်လိုခဲ့သည်ကို သူမသိခဲ့ပေ။ ဘုရားသခင်သည် သူ့ကို အမိန့်တစ်ခုသာပေးခဲ့ပြီး တစ်စုံတစ်ရာကို လုပ်ဆောင်ဖို့ ညွှန်ကြားခဲ့ကာ၊ ရှင်းပြချက် သိပ်မရှိဘဲ နောဧသည် ရှေ့ဆက်ပြီး လုပ်ဆောင်ခဲ့သည်။ သူသည် ဘုရားသခင်၏ရည်ရွယ်ချက်များကို နားလည်ဖို့ တိတ်တဆိတ် မကြိုးစားခဲ့သကဲ့သို့၊ ဘုရားသခင်ကို မခုခံခဲ့ပေ သို့မဟုတ် သစ္စာမရှိခြင်းကို မပြသခဲ့ပေ။ သူသည် ဖြူစင်ပြီး ရိုးရှင်းသည့် စိတ်နှလုံးနှင့် လျော်ညီစွာ သွားရောက်၊ လုပ်ဆောင်ခဲ့ခြင်းသာ ဖြစ်သည်။ ဘုရားသခင်က သူ့ကို မည်သည့်အရာ လုပ်ဆောင်စေခဲ့သည်ဖြစ်စေ၊ သူ လုပ်ဆောင်ခဲ့ပြီး၊ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို နာခံခြင်းနှင့် နားထောင်ခြင်းတို့သည် သူ လုပ်ဆောင်ခဲ့သည့် အရာ၌ သူ၏ ယုံကြည်မှုကို ကျောထောက် နောက်ခံပြု ခဲ့ပေသည်။ ယင်းမှာ ဘုရားသခင် ပေးအပ်သည့်အရာနှင့် ပတ်သက်၍ ရိုးရိုးတန်းတန်းနှင့် ရိုးရှင်းစွာ သူကိုင်တွယ်ခဲ့သည့်ပုံ ဖြစ်သည်။ သူ၏ အနှစ်သာရ- သူ၏အပြုအမူများ၏ အနှစ်သာရသည် နာခံခြင်းဖြစ်ပြီး၊ ဝေဖန်သုံးသပ်ခြင်း မဟုတ်၊ ခုခံခြင်း မဟုတ်သည့်အပြင်၊ မိမိ၏ ပုဂ္ဂိုလ်ရေး အကျိုးအမြတ်များ သို့မဟုတ် သူ၏ အမြတ်အစွန်းများ နှင့် ဆုံးရှုံးမှုများကို တွေးခြင်း မဟုတ်ပေ။ ထို့အပြင် ဘုရားသခင်သည် ကမ္ဘာလောကကို ရေလွှမ်းမိုးခြင်းဖြင့် ဖျက်ဆီးမည်ဟုပြောသည့်အချိန်တွင်၊ မည်သည့် အချိန်တွင် ဖြစ်မည် သို့မဟုတ် မည်သည့်အရာများ ဖြစ်လာမည် ဆိုသည်ကို နောဧ မမေးခဲ့သကဲ့သို့၊ ကမ္ဘာလောကကို ဘုရားသခင်က မည်သို့ ဖျက်ဆီးမည် ဆိုသည်ကို ဘုရားသခင်အား သူ သေချာပေါက် မမေးခဲ့ပေ။ ဘုရားသခင် ညွှန်ကြားခဲ့သည့်အတိုင်းသာ သူလုပ်ဆောင်ခဲ့သည်။ ဘုရားသခင်က ထိုအရာကို မည်သို့မည်ပုံ လုပ်စေလိုသည်ဖြစ်စေ၊ မည်သည့်အရာနှင့် လုပ်စေလိုသည်ဖြစ်စေ၊ ဘုရားသခင် စေခိုင်းခဲ့သည့် အတိုင်း အတိအကျ သူလုပ်ခဲ့ပြီး ချက်ချင်း စတင် လုပ်ဆောင်ခဲ့သည်။ ဘုရားသခင်ကို ကျေနပ်စေလိုသည့် သဘောထားတစ်ခုဖြင့် သူသည် ဘုရားသခင်၏ ညွှန်ကြားချက်များအတိုင်း ပြုမူခဲ့သည်။ ကပ်ဘေးမှ မိမိကိုယ်ကိုယ် ရှောင်လွှဲစေဖို့ ထိုအရာကို သူလုပ်ခဲ့ခြင်း ဖြစ်သလော။ မဟုတ်ပေ။ ကမ္ဘာကြီး ဖျက်ဆီးခြင်းမခံရမီတွင် မည်မျှကြာမည်ဆိုသည်ကို ဘုရားသခင်အား သူမေးခဲ့သလော။ မမေးခဲ့ပေ။ သင်္ဘောကို တည်ဆောက်ဖို့ အချိန်မည်မျှ ကြာမည်ဆိုသည်ကို ဘုရားသခင်အား သူမေးခဲ့သလော သို့မဟုတ် သူ သိခဲ့သလော။ ယင်းကိုလည်း သူမသိခဲ့ပေ။ သူသည် ရိုးရိုးရှင်းရှင်း နာခံခဲ့သည်၊ နားထောင်ခဲ့ပြီး လျော်ညီစွာ ဆောင်ရွက်ခဲ့ခြင်းသာဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင် ကိုယ်တော်တိုင် (၁)

ပညတ်တော်ခေတ်တွင် ဘုရားသခင်သည် အာဗြဟံကို သားတစ်ဦးပေးမည်ဟု ပြောခဲ့သည်။ အာဗြဟံက မည်သို့ပြန်ပြောခဲ့သနည်း။ သူဘာမျှမပြောခဲ့ပေ၊ ဘုရားသခင်ပြောသောအရာသည် ပြည့်စုံလိမ့်မည်ဟု သူယုံကြည်ခဲ့သည်။ ဤသည်မှာ အာဗြဟံ၏ သဘောထားပင်ဖြစ်သည်။ သူ့အနေဖြင့် ထင်မြင်ချက်တစ်စုံတစ်ရာ ချခဲ့သလော။ သူသရော်ခဲ့သလော။ ခိုးကြောင်ခိုးဝှက် သူလုပ်ခဲ့သလော။ (မလုပ်ခဲ့ပါ။) ဤအရာကို နာခံခြင်းဟုခေါ်သည်၊ မိမိနေရာကို မြဲမြံစွာ ဆုပ်ကိုင်ထားခြင်း၊ မိမိတာဝန်ကို မြဲမြံစွာ ဆုပ်ကိုင်ထားခြင်းဟု ခေါ်သည်။ သူ၏ဇနီးဖြစ်သူ စာရာမူကား အာဗြဟံနှင့် ခြားနားခဲ့သည် မဟုတ်လော။ ဘုရားသခင်အပေါ်ထားသော သူ၏သဘောထားမှာ အဘယ်အရာဖြစ်ခဲ့သနည်း။ သူသည် မေးခွန်းထုတ်ကာ သရော်ပြီး မယုံကြည်ခဲ့ချေ၊ ထို့ပြင် သူသည်ထင်မြင်ချက်ပေးကာ သိမ်ဖျင်းသော လှည့်ကွက်ကို အသုံးပြု၍ အာဗြဟံအား သူ၏ကျွန်မကို ကိုယ်လုပ်တော်အနေနှင့် ပေးလိုက်သဖြင့် အဆုံး၌ အဓိပ္ပာယ်မရှိသောအရာများ များစွာဖြစ်ပေါ်လာခဲ့သည်။ ဤသည်မှာ လူသား၏ဆန္ဒမှ ဖြစ်ပေါ်လာသည်။ စာရာသည် သူ၏ကိုယ်ပိုင်နေရာကို မြဲမြံစွာ ဆုပ်ကိုင်ထားခြင်း မရှိခဲ့ချေ၊ ထိုသို့ဖြင့် ဘုရားသခင်နှင့်ပတ်သက်၍ သူ၏မေးခွန်းများနှင့် ဘုရားသခင်ကို သူ၏မယုံကြည်ခြင်းတို့ ပေါ်ပေါက်လာခဲ့သည်။ သူ၏မယုံကြည်ခြင်း၏ အကြောင်းရင်းမှာ အဘယ်အရာနည်း။ ၎င်း၌ အကြောင်းရင်းအချို့နှင့် ဆက်စပ်အကြောင်းအရာအချို့ ရှိသည်၊ တစ်ချက်မှာ ထိုအချိန်တွင် အာဗြဟံအနေဖြင့် အတန်ငယ် အိုမင်းနေ၏၊ နောက်တစ်ချက်မှာ စာရာကိုယ်တိုင်သည်လည်း အတန်ငယ် အိုမင်းနေပြီး ကလေးမမွေးနိုင်ပေ။ ဤအချက်များကြောင့် ဘုရားသခင်ပြောသည့်ကိစ္စမှာ မဖြစ်နိုင်သည့်အရာဖြစ်ကြောင်း၊ ကလေးများအပေါ် ကျီစားခြင်းဖြစ်ကြောင်း သူယုံကြည်သွားသည်။ ဘုရားသခင်ပြောသည့်အရာကို သမ္မာတရားအဖြစ် သူလက်မခံခဲ့၊ မယုံကြည်ခဲ့ဘဲ မုသား၊ သို့မဟုတ် ပြက်လုံးတစ်ခုအဖြစ်သာ သူမှတ်ယူခဲ့သည်။ ဤသည်မှာ မှန်ကန်သော သဘောထားဖြစ်သလော။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လူလိမ်တစ်ယောက်၏ မုသားများကဲ့သို့ မှတ်ယူခြင်း၊ ဤသည်မှာ ဖန်ဆင်းခြင်း၏သခင်ကို ဆက်ဆံသင့်သည့် သဘောထားဖြစ်သလော။ (မဟုတ်ပါ။) ဤသို့လျှင် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ပြက်လုံးအဖြစ်၊ လူလိမ်တစ်ယောက်၏ မုသားများအဖြစ် သူမှတ်ယူပြီး သမ္မာတရားများအဖြစ် မမှတ်ယူခဲ့သောကြောင့်၊ ထို့ပြင် ဘုရားသခင် ပြောသောအရာ၊ သို့မဟုတ် ဘုရားသခင်ပြုမည့်အရာကို သူမယုံကြည်ခဲ့သောကြောင့် အကျိုးဆက်တသီတသန်း ဖြစ်ပေါ်လာခဲ့ပြီး၊ ယင်းအကျိုးဆက်အားလုံးသည် လူသား၏ဆန္ဒနှင့် စာရာ၏မယုံကြည်မှုမှ ထွက်ပေါ်လာသည်။ အချုပ်အားဖြင့် “ဘုရားသခင်သည် ဤအရာကို လုပ်နိုင်သလော။ အကယ်၍ ဘုရားသခင်မလုပ်နိုင်ပါက ကိုယ်တော်၏နှုတ်ကပတ်တော်များ ပြည့်စုံအောင် ကူညီပေးရန် ငါ့အနေဖြင့် လှုပ်ရှားမှရပေမည်” ဟု သူပြောဆိုနေခဲ့ခြင်းဖြစ်သည်။ သူ့အထဲ၌ နားလည်မှုလွဲခြင်းများ၊ ထင်မြင်ချက်များ၊ မှန်းဆချက်များနှင့် မေးခွန်းများ ရှိနေခဲ့ပြီး၊ ဖောက်ပြန်သော စိတ်သဘောထားရှိသည့် လူပုဂ္ဂိုလ်တစ်ဦး၏ ဘုရားသခင်အား ပုန်ကန်သည့်လုပ်ရပ်ကို ယင်းတို့အားလုံးက စုပေါင်း၍ အကျိုးသက်ရောက်စေသည်။ အာဗြဟံသည် ဤအရာများကို မလုပ်ခဲ့ပေ၊ ထို့ကြောင့် သူသည် ဤကောင်းချီးကို နှင်းအပ်ခံခဲ့ရခြင်းဖြစ်၏။ ဘုရားသခင်သည် သူ့အပေါ် အာဗြဟံ၏ ကြည်ညိုသောစိတ်နှလုံး၊ သစ္စာစောင့်သိမှုနှင့် သဘောထားတို့ကို မြင်ခဲ့၏၊ ထို့ပြင် အာဗြဟံအနေဖြင့် တိုင်းနိုင်ငံများစွာ၏ ဖခင်ဖြစ်နိုင်ရန် ဘုရားသခင်က သူ့အား သားတစ်ဦး ပေးသနားခဲ့ပေလိမ့်မည်။ ဤသည်မှာ အာဗြဟံကို ကတိပေးထားသည့် အရာဖြစ်ပြီး စာရာအပေါ် ဘုရားသခင်၏ အထူးအရေးပေးခြင်း ဖြစ်သည်။ ထို့ကြောင့် နာခံခြင်းသည် အလွန်အရေးပါ၏။ နာခံခြင်းထဲ၌ မေးခွန်းထုတ်ခြင်း ရှိသလော။ ရှိသည်ဆိုလျှင် ၎င်းကို စစ်မှန်သော နာခံခြင်းအဖြစ် မှတ်ယူ၍ ရသလော။ ၎င်းအထဲ၌ ဆန်းစစ်ခြင်းနှင့် အကဲဖြတ်ခြင်းတို့ ရှိသည်ဆိုလျှင် ၎င်းကို နာခံခြင်းအဖြစ် မှတ်ယူ၍ ရသလော။ (မရပါ။) အမှားများကိုရှာရန် ကြိုးစားပါက နာခံခြင်းအဖြစ် သာ၍ပင် မှတ်ယူ၍မရပေ။ ထိုသို့ဆိုလျှင် စစ်မှန်သည်ဟု အပြည့်အဝ သက်သေပြ၍ရသည့် နာခံခြင်းအထဲ၌ မည်သည့်အရာက ပေါ်လွင်ပြီး ဖော်ထုတ်ခြင်းကို ခံရသနည်း၊ ပြုမူလုပ်ဆောင်ပုံက မည်သို့ဖြစ်သနည်း။ (ယုံကြည်ခြင်းဖြစ်ပါသည်။) စစ်မှန်သော ယုံကြည်ခြင်းက တစ်ခုဖြစ်၏။ တစ်ဦးတစ်ယောက်အနေဖြင့် ဘုရားသခင်ပြောသောအရာနှင့် ပြုသောအရာတို့ကို မှန်ကန်စွာ နားလည်ရမည်ဖြစ်ပြီး ဘုရားသခင်ပြုသမျှတို့သည် မှန်ကန်ကြောင်းနှင့် သမ္မာတရားဖြစ်ကြောင်းကို အတည်ပြုပေးရမည်၊ ယင်းကို မေးခွန်းထုတ်နေစရာ မလိုသကဲ့သို့ အခြားသူများကို ယင်းအကြောင်း မေးစရာမလိုသည့်အပြင် ယင်းကို လေ့လာချိန်ဆပြီး သုံးသပ်ဆင်ခြင်ရန်၊ သို့တည်းမဟုတ် မိမိ၏စိတ်နှလုံးအတွင်း၌ ခွဲခြမ်းစိတ်ဖြာကြည့်ရန်လည်း မလိုအပ်ပေ။ ဤသည်မှာ နာခံခြင်း၏ ရှုထောင့်တစ်ခုဖြစ်သည်။ ဘုရားသခင်ပြုလေသမျှ အရာခပ်သိမ်းသည် မှန်ကန်ကြောင်း ယုံကြည်လော့။ လူပုဂ္ဂိုလ်တစ်ဦးအနေဖြင့် တစ်စုံတစ်ရာကို ပြုသည့်အခါ မည်သည့်ပုဂ္ဂိုလ်က ထိုအရာကို လုပ်ခဲ့ကြောင်း၊ ထိုသူ၏နောက်ခံနှင့် အကျင့်စရိုက်တို့ကို ငါတို့ကြည့်ကောင်း ကြည့်ကြမည်ဖြစ်သည်။ ဤအရာများသည် ခွဲခြမ်းစိတ်ဖြာကြည့်ရန် လိုအပ်သည်။ အကယ်၍ အခြားတစ်ဖက်တွင် တစ်စုံတစ်ရာသည် ဘုရားသခင်ထံမှလာပြီး သူပြုထားသည့်အရာ ဖြစ်သည်ဆိုပါက၊ ငါတို့အနေဖြင့် မိမိတို့၏နှုတ်များကို ချက်ချင်းပိတ်ထားရပေမည်၊ မေးခွန်းမထုတ်နှင့်၊ စောဒကတက်ခြင်းများ မပြုဘဲ၊ ထိုအရာအလုံးစုံကို လက်ခံလော့။ ထို့နောက်တွင် လုပ်စရာဘာရှိသနည်း။ ဤနေရာ၌ လူတို့သိပ်နားမလည်သည့် သမ္မာတရားတချို့ ရှိပြီး၊ ၎င်းတို့သည် ဘုရားသခင်နှင့် အလှမ်းဝေးနေကြ၏။ ဤအရာကို ဘုရားသခင် ပြုထားခြင်းဖြစ်ကြောင်း ၎င်းတို့ယုံကြည်ကြပြီး နာခံနိုင်စွမ်းနှင့် အသိအမှတ်ပြုနိုင်စွမ်းတို့ ရှိကြသော်လည်း၊ ဤအချက်ကို ၎င်းတို့အသိအမှတ်ပြုမှုသည် အယူဝါဒသဘော အတော်အတန် ဆန်နေသေး၏၊ ထို့ပြင် ၎င်းတို့သည် စိတ်နှလုံး၌ မငြိမ်မသက်ဖြစ်ကြ၏။ ထိုသို့သောအချိန်မျိုးတွင် လူတစ်ဦးအနေဖြင့် “ဤအထဲ၌ မည်သည့်သမ္မာတရား ရှိသနည်း။ ငါ့အတွေးအခေါ်၏ မည်သည့်နေရာ၌ အမှားပါနေသနည်း။ ဘုရားသခင်နှင့် ငါမည်ကဲ့သို့အလှမ်းဝေးသွားသနည်း။ ငါ၏မည်သည့်အမြင်များက ဘုရားသခင်ပြောသည့်အရာနှင့် ကွဲလွဲဆန့်ကျင်နေသနည်း” ဟူ၍ မေးမြန်းကာ ရှာဖွေသင့်သည်။ ထိုသို့သောအဖြေများကို ရှာဖွေနိုင်ခြင်းသည် နာခံခြင်းသဘောထားနှင့် လက်တွေ့လုပ်ဆောင်မှုဖြစ်၏။ နာခံပါသည်ဟု ပြောပြီးနောက် နောင်သောအခါ တစ်စုံတစ်ခုက ၎င်းတို့အပေါ် ကျရောက်လာသည့်အချိန်၌ “ဘုရားသခင်ပြုသည်မှာ အဘယ်အရာဖြစ်ကြောင်း မည်သူသိသနည်း။ ဖန်ဆင်းခံသတ္တဝါများဖြစ်သည့် ငါတို့သည် ဝင်ရောက်စွက်ဖက်၍ မရနိုင်။ ဘုရားသခင်ကို သူ့စိတ်ကြိုက် ဘာမဆိုလုပ်ခွင့်ပေးကြစို့” ဟုပြောသောသူများ ရှိကြသည်။ ဤသည်မှာ နာခံခြင်းဖြစ်သလော။ ဤသည်မှာ မည်သို့သောသဘောထားဖြစ်သနည်း။ ယင်းသည် တာဝန်ယူခြင်းကို မနှစ်မြို့ခြင်းဖြစ်၏၊ ဘုရားသခင်ပြုသည့်အရာကို အလေးထားမှု ကင်းမဲ့ခြင်းဖြစ်၏၊ အေးစက်စက်နိုင်သော ဥပေက္ခာပြုခြင်းဖြစ်၏။ အာဗြဟံသည် အခြေခံသဘောတရားအချို့ကို စောင့်ထိန်းသောကြောင့် နာခံနိုင်ခဲ့ခြင်းဖြစ်သည်၊ ထို့ပြင် ဘုရားသခင်ပြောသောအရာသည် ဖြစ်မြောက်လာမည်ဖြစ်ပြီး ပြည့်စုံလာမည်ဖြစ်ကြောင်းကို သူ၏ယုံကြည်မှုသည် ခိုင်မာခဲ့၏။ ထို့ကြောင့် သူ၌ မည်သည့်မေးခွန်းမျှ မရှိခဲ့၊ မည်သည့်အကဲဖြတ်မှုကိုမျှ သူမချခဲ့သကဲ့သို့ သိမ်ဖျင်းသော မည်သည့်လှည့်ကွက်ကိုမျှ သူမသုံးခဲ့ပေ။ သူပြုမူခဲ့ပုံမှာ ဤကဲ့သို့ဖြစ်လေ၏။

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ“ဘုရားသခင်အပေါ် လူသားထားရှိသင့်သည့် သဘောထား” မှ

လူသားအဖို့ ဘုရားသခင်သည် နားမလည်နိုင်ဖွယ်ဖြစ်သကဲ့သို့၊ မယုံကြည်နိုင်ဖွယ်ပင်ဖြစ်သည့် အရာများစွာ လုပ်ဆောင်သည်။ ဘုရားသခင်က တစ်စုံတစ်ယောက်ကို စီစဉ်ညွှန်ကြားလိုသောအခါ၊ ဤစီစဉ်ညွှန်ကြားခြင်းသည် လူသား၏ အယူအဆများနှင့် မကြာခဏ သဘောကွဲလွဲပြီး၊ လူသားအဖို့ နားမလည်နိုင်ဖွယ် ဖြစ်သော်လည်း၊ လူနှင့်သက်ဆိုင်သည့် ဘုရားသခင်၏ စမ်းသပ်မှုနှင့် စစ်ဆေးခြင်းသည် ဤသဘောထား ကွဲလွဲမှုနှင့် နားမလည်နိုင်ဖွယ်ခြင်းတို့ အတိအကျ ဖြစ်ပေသည်။ ထိုအတောအတွင်းတွင် အာဗြဟံသည် ဘုရားသခင်၏ သတ်မှတ်ချက်ကို ဖြည့်ဆည်းနိုင်ဖို့ အခြေခံအကျဆုံး အခြေအနေဖြစ်သည့် ဘုရားသခင်အား နာခံမှုကို သူ့ကိုယ်တိုင်အတွင်း၌ ပြနိုင်ခဲ့သည်။ ထို့နောက်တွင်မှ အာဗြဟံသည် ဘုရားသခင်၏ သတ်မှတ်ချက်ကို နာခံနိုင်သောအခါ၊ ဣဇာက်ကို ပူဇော်လိုက်သည့်အခါတွင်၊ ဘုရားသခင်သည် လူသားမျိုးနွယ်အပေါ်- သူရွေးချယ်ထားသည့် အာဗြဟံအပေါ်- စိတ်ချမှုနှင့် လက်ခံမှုတို့ကို အမှန်တကယ် ခံစားခဲ့ရသည်။ ထို့နောက်မှသာ ဘုရားသခင်သည် သူရွေးချယ်ထားသည့် ဤလူမှာ သူ၏ကတိတော်နှင့် သူ၏နောက်ဆက်တွဲ စီမံခန့်ခွဲမှု အစီအစဉ်ကို လက်ခံဆောင်ရွက်နိုင်မည့် မရှိမဖြစ် ခေါင်းဆောင်ဖြစ်သည်ဟု သေချာခဲ့သည်။ ယင်းသည် စမ်းသပ်မှုတစ်ခုနှင့် စစ်ဆေးခြင်းတစ်ခု ဖြစ်ခဲ့သော်လည်း၊ ဘုရားသခင်သည် ကျေနပ်နှစ်သက်မှုကို ခံစားခဲ့ရသည်၊ သူ့အတွက် လူသား၏ ချစ်မေတ္တာကို ခံစားခဲ့ရပြီး ယခင်က လုံးဝမရှိဖူးသကဲ့သို့သော နှစ်သိမ့်မှုကို လူသားအားဖြင့် သူ ခံစားခဲ့ရသည်။ အာဗြဟံက ဣဇာက်ကို သတ်ဖို့ ဓားထုတ်သည့်အခိုက်တွင်၊ ဘုရားသခင်က သူ့ကို တားခဲ့သလော။ ဘုရားသခင်က ဣဇာက်အသက်ကို နုတ်ယူဖို့ တကယ်ကို မရည်ရွယ်ခဲ့သည့်အတွက်၊ အာဗြဟံကို ဣဇာက်အား ပူဇော်ခွင့်မပြုခဲ့ပေ။ ထို့ကြောင့် ဘုရားသခင်က အာဗြဟံကို အချိန်မီ တားခဲ့သည်။ ဘုရားသခင်အတွက် အာဗြဟံ၏ နာခံမှုက စမ်းသပ်မှုကို အောင်မြင်နှင့်ခဲ့ပြီ ဖြစ်သည်၊ သူလုပ်ခဲ့သည့်အရာမှာ လုံလောက်ပြီး ဘုရားသခင်က သူ လုပ်ဆောင်ရန် ရည်ရွယ်ထားသည့်အရာ၏ ရလဒ်ကို မြင်နှင့်ပြီး ဖြစ်သည်။ ဤရလဒ်သည် ဘုရားသခင်ဖို့ ကျေနပ်ဖွယ်ဖြစ်ခဲ့ပါသလော။ ဤရလဒ်သည် ဘုရားသခင်ဖို့ ကျေနပ်ဖွယ်ဖြစ်သည်၊ ယင်းမှာ ဘုရားသခင် လိုချင်ခဲ့သည့်အရာဖြစ်ပြီး၊ ကြာမြင့်စွာက ဘုရားသခင် မြင်ချင်ခဲ့သည့်အရာ ဖြစ်သည်ဟု ပြော၍ရသည်။ မှန်ပါသလော။ အခြေအနေအမျိုးမျိုးတွင် ဘုရားသခင်သည် လူအသီးသီးကို မတူညီသည့် စစ်ဆေးခြင်း နည်းလမ်းများ အသုံးပြုသော်လည်း၊ အာဗြဟံ၌ သူအလိုရှိခဲ့သည့်အရာကို ဘုရားသခင် မြင်ခဲ့သည်၊ အာဗြဟံ၏ နှလုံးသားသည် မှန်ကန်ပြီး သူ၏နာခံမှုက အကြွင်းမဲ့ဖြစ်သည်ကို သူ တွေ့ခဲ့သည်။ ဘုရားသခင် လိုချင်ခဲ့သည်မှာ ဤ “အကြွင်းမဲ့” သောအရာ အတိအကျ ဖြစ်ပေသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင် ကိုယ်တော်တိုင် (၂)

သူ၏ ဘုရားသခင်ကို ယုံကြည်ခြင်းတွင်၊ ပေတရုသည် အရာရာ၌ ဘုရားသခင်ကို ကျေနပ်စေရန် ကြိုးစားခဲ့ပြီး၊ ဘုရားသခင်ထံမှလာသော အရာအားလုံးကို နာခံရန် ကြိုးစားခဲ့သည်။ စိုးစဉ်းမျှ စောဒကတက်ခြင်း မရှိဘဲ၊ သူသည် ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းအပြင်၊ စစ်ဆေးခြင်း၊ အတိဒုက္ခနှင့် သူ့အသက်တာတွင် ချို့တဲ့မှုများဖြင့် အသက်ရှင်ခြင်းတို့ကို လက်ခံနိုင်ခဲ့သည်၊ ယင်းတို့အထဲမှ မည်သည့်အရာကမျှ သူ၏ ဘုရားသခင်အား ချစ်ခြင်းအား မပြောင်းလဲနိုင်ခဲ့ပေ။ ဤသည်မှာ ဘုရားသခင်ကို အဆုံးစွန် ချစ်ခြင်း မဟုတ်လော။ ဤသည်မှာ ဘုရားသခင်၏ ဖန်ဆင်းခံသတ္တဝါတစ်ဦးနှင့်ဆိုင်သည့် တာဝန်ကို ဖြည့်ဆည်းခြင်း မဟုတ်လော။ ပြစ်တင်ဆုံးမခြင်း၌ဖြစ်စေ၊ တရားစီရင်ခြင်း၌ ဖြစ်စေ၊ သို့မဟုတ် အတိဒုက္ခ၌ ဖြစ်စေ၊ သင်သည် သေသည်အထိ နာခံခြင်းကို စွမ်းဆောင်ရရှိနိုင်စွမ်း ရှိပြီး၊ ဤသည်မှာ ဘုရားသခင်၏ ဖန်ဆင်းခံ သတ္တဝါတစ်ဦးက စွမ်းဆောင်ရရှိသင့်သည့် အရာဖြစ်သည်၊ ဤသည်မှာ ဘုရားသခင်ကို ချစ်ခြင်း၏ စင်ကြယ်မှု ဖြစ်သည်။ အကယ်၍ လူသည် ဤမျှ စွမ်းဆောင် ရရှိနိုင်ပါက၊ သူသည် ဘုရားသခင်၏ အရည်အချင်းပြည့်မီသော ဖန်ဆင်းခံသတ္တဝါတစ်ဦး ဖြစ်ပြီး၊ ဖန်ဆင်းရှင်၏ စိတ်ဆန္ဒကို ဤအရာထက် သာ၍ကျေနပ်စေသည့်အရာ မည်သည့်အရာမျှမရှိချေ။ သင်သည် ဘုရားသခင်အတွက် အလုပ်လုပ်နိုင်သော်လည်း၊ ဘုရားသခင်ကို မနာခံသကဲ့သို့၊ ဘုရားသခင်အား အမှန်တကယ် ချစ်နိုင်စွမ်းမရှိဟု စိတ်ကူးကြည့်လော့။ ဤနည်းဖြင့် သင်သည် ဘုရားသခင်၏ ဖန်ဆင်းခံ သတ္တဝါတစ်ဦး၏ တာဝန်ကို မဖြည့်ဆည်းမည် သာမက၊ သင်သည် သမ္မာတရားကို မပိုင်ဆိုင်သူ၊ ဘုရားသခင်ကို နာခံနိုင်စွမ်း မရှိသကဲ့သို့၊ ဘုရားသခင်ကို မနာခံသောသူတစ်ဦး ဖြစ်သည့်အတွက်၊ ဘုရားသခင်၏ ပြစ်တင်ရှုတ်ချခြင်းကိုလည်း သင် ခံရမည် ဖြစ်သည်။ ဘုရားသခင်အတွက် အလုပ်လုပ်ရန်သာ သင် အရေးစိုက်ပြီး၊ သမ္မာတရားအား လက်တွေ့လုပ်ဆောင်ခြင်း သို့မဟုတ် မိမိကိုယ်ကိုယ် သိရှိခြင်းကို အရေးမစိုက်ပေ။ သင်သည် ဖန်ဆင်းရှင်ကို နားမလည် သို့မဟုတ် မသိသကဲ့သို့၊ ဖန်ဆင်းရှင်ကို မနာခံ သို့မဟုတ် မချစ်ပေ။ သင်သည် ဘုရားသခင်အား မွေးရာပါ မနာခံသူတစ်ဦး ဖြစ်သည်၊ ထို့ကြောင့် ထိုသို့သော လူများသည် ဖန်ဆင်းရှင်၏ နှစ်သက်မြတ်နိုးခြင်းကို မခံရပေ။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အောင်မြင်မှု သို့မဟုတ် ရှုံးနိမ့်မှုသည် လူလျှောက်သော လမ်းကြောင်းအပေါ်တွင် မူတည်သည်

ဘုရားသခင်အတွက် ထူးကဲသည့် သက်သေတစ်ခုကိုသက်သေခံခြင်းသည်၊ သင်က လက်တွေ့ကျသော ဘုရားသခင်နှင့်ဆိုင်သည့် သိနားလည်မှု ရှိ မရှိဆိုသည်နှင့် သာမန်ဖြစ်သည် သာမက ပုံမှန်လည်းဖြစ်သည့် ဤလူ၏ ရှေ့တွင် သင် ကျိုးနွံနာခံနိုင်ပြီး သေသည်အထိ ကျိုးနွံနာခံနိုင်ခြင်း ရှိ မရှိ ဆိုသည်တို့နှင့် အဓိကအားဖြင့် ဆက်နွှယ်ပေသည်။ ဤကျိုးနွံနာခံခြင်းနည်းလမ်းအားဖြင့်၊ သင်သည် ဘုရားသခင်အတွက် အမှန်တကယ် သက်သေခံပါက၊ ယင်းမှာ သင့်ကို ဘုရားသခင်က ရရှိပြီဟု ဆိုလိုပေသည်။ သင်သည် သေသည့်တိုင်အောင် ကျိုးနွံနာခံနိုင်ပြီး သူ၏ ရှေ့မှောက်တွင် ညည်းညူမှုများ ကင်းနိုင်ပါက၊ အကဲဖြတ်ဝေဖန်မှုများ မပြု၊ အသရေပျက်အောင် လုပ်ကြံပြောဆိုခြင်းမရှိ၊ မည်သည့် အယူအဆမျှမရှိသကဲ့သို့၊ မည်သည့် ဖုံးကွယ်ထားသော ရည်ရွယ်ချက်များမျှ မရှိပါက၊ ဤနည်းလမ်းဖြင့် ဘုရားသခင်သည် ဘုန်းအသရေ ရရှိလိမ့်မည်။ လူက အထင်အမြင်သေးခံရသည့် သာမန်လူတစ်ဦးရှေ့တွင် ကျိုးနွံနာခံခြင်းနှင့် မည်သည့်အယူအဆမျှ မရှိဘဲ သေသည့်တိုင်အောင် ကျိုးနွံနာခံနိုင်ခြင်း- ဤသည်မှာ စစ်မှန်သော သက်သေခံချက် ဖြစ်သည်။ လူတို့ဝင်ရောက်ရန် ဘုရားသခင် တောင်းဆိုသည့် လက်တွေ့အရှိတရားဆိုသည်မှာ သင်သည် သူ၏ နှုတ်ကပတ်တော်များကို နာခံနိုင်ခြင်း၊ ယင်းတို့ကို လက်တွေ့လုပ်ဆောင်နိုင်ခြင်း၊ လက်တွေ့ကျသော ဘုရားသခင်၏ ရှေ့တွင် ပျပ်ဝပ်ဦးညွှတ်နိုင်ခြင်းနှင့် သင်၏ ဖောက်ပြန်ပျက်စီးခြင်းကို သိရှိခြင်း၊ သူ၏ရှေ့မှောက်တွင် သင်၏ စိတ်နှလုံးကို ဖွင့်ဟနိုင်ကာ နောက်ဆုံးတွင် သူ၏ ဤနှုတ်ကပတ်တော်များမှတစ်ဆင့် သူ၏ရယူခြင်းကို ခံရခြင်းတို့ ဖြစ်သည်။ ဤမိန့်မြွက်ချက်များက သင့်ကို သိမ်းပိုက်ပြီး၊ သူ့ကို အပြည့်အဝနာခံစေသည့်အခါ၊ ဘုရားသခင်သည် ဘုန်းအသရေ ရရှိလေသည်။ ဤအရာမှတစ်ဆင့် သူသည် စာတန်ကို အရှက်ရစေပြီး သူ၏ အမှုကို ပြည့်စုံစေသည်။ သင်သည် လူ့ဇာတိခံ ဘုရားသခင်၏ လက်တွေ့ကျခြင်းနှင့်ပတ်သက်၍ မည်သည့်အယူအဆမျှ မရှိသည့်အခါတွင်- ယင်းမှာ သင်သည် ဤစမ်းသပ်မှုတွင် ခိုင်မာစွာ ရပ်တည်ပြီးသည့်အခါ- သင်သည် ဤသက်သေခံချက်ကို ကောင်းကောင်း သက်သေခံပြီးဖြစ်သည်။ သင်သည် လက်တွေ့ကျသော ဘုရားသခင်နှင့်ဆိုင်သည့် ပြည့်ဝသော သိနားလည်မှုရှိပြီး၊ ပေတရုကဲ့သို့ သေသည့်တိုင်အောင် ကျိုးနွံနာခံနိုင်သောနေ့တစ်နေ့ ရှိလာပါက၊ သင်သည် ဘုရားသခင်၏ ရယူခြင်းခံရပြီး စုံလင်စေခြင်း ခံရလိမ့်မည်။ သင်၏ အယူအဆများနှင့် မကိုက်ညီသော ဘုရားသခင် လုပ်ဆောင်သည့် မည်သည့်အရာမဆိုသည် သင့်အတွက် စမ်းသပ်မှုတစ်ခု ဖြစ်သည်။ ဘုရားသခင်၏ အမှုသည် သင်၏ အယူအဆများနှင့် ကိုက်ညီခဲ့မည်ဆိုပါက၊ ယင်းမှာ သင့်အနေဖြင့် ဆင်းရဲဒုက္ခခံဖို့ သို့မဟုတ် စစ်ဆေးခြင်းခံဖို့ လိုအပ်မည်မဟုတ်ပေ။ ယင်းမှာ အဘယ့်ကြောင့်ဆိုသော် သူ၏အမှုသည် အလွန်လက်တွေ့ကျပြီး သင်၏ အယူအဆများနှင့် ကိုက်ညီမှုမရှိသောကြောင့်၊ သင့်အနေဖြင့် ထိုသို့သော အယူအဆများကို လက်လွှတ်ရန် လိုအပ်ခြင်း ဖြစ်ပေသည်။ ဤသည်မှာ ယင်းသည် သင့်အတွက် စမ်းသပ်မှုတခု ဖြစ်ရသည့် အကြောင်းရင်း ဖြစ်သည်။ လူအားလုံး စမ်းသပ်မှုများအလယ်တွင် ရှိကြသည်မှာ ဘုရားသခင်၏ လက်တွေ့ကျခြင်းကြောင့် ဖြစ်သည်။ သူ၏အမှုသည် လက်တွေ့ကျ၏၊ သဘာဝလွန်ခြင်း မရှိပေ။ မည်သည့် အယူအဆမျှ မရှိဘဲ၊ သူ၏လက်တွေ့ကျသော နှုတ်ကပတ်တော်များနှင့် သူ၏လက်တွေ့ကျသော မိန့်မြွက်ချက်များကို အပြည့်အဝ နားလည်ခြင်းနှင့် သူ၏ အမှုက ယခင်ထက် တိုး၍ လက်တွေ့ကျသည်နှင့်အမျှ သူ့ကို သာ၍ စစ်မှန်စွာ ချစ်နိုင်ခြင်းအားဖြင့်၊ သင်သည် သူ၏ ရယူခြင်း ခံရလိမ့်မည်ဖြစ်သည်။ ဘုရားသခင် ရယူမည့် လူစုမှာ ဘုရားသခင်ကို သိကျွမ်းသောသူများဖြစ်သည်။ ယင်းမှာ သူ၏ လက်တွေ့ကျခြင်းကို သိသောသူများ ဖြစ်၏။ ထို့အပြင် ၎င်းတို့သည် ဘုရားသခင်၏လက်တွေ့ကျသောအမှုကို ကျိုးနွံနာခံနိုင်သောသူများ ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်အား အမှန်တကယ်ချစ်သောသူများသည် ဘုရားသခင်၏ လက်တွေ့ကျခြင်းကို အကြွင်းမဲ့ ကျိုးနွံနာခံနိုင်သောသူများ ဖြစ်သည်

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။