လူသားသည် ဘုရားသခင်ကို ဆန့်ကျင်ပုန်ကန်ပြီး ခုခံရခြင်း၏ အရင်းအမြစ်မှာ အဘယ်နည်း

06.12.2021

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

လူသား စာတန်၏ဖျက်ဆီးခြင်းကို ခံရခြင်းသည် လူသား ဘုရားသခင်ကို အတိုက်အခံပြုခြင်းနှင့် ပုန်ကန်ခြင်း၏ အရင်းအမြစ်ဖြစ်သည်။ စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်းကြောင့်၊ လူ့အသိစိတ် တိုး၍ ထုံသွားကာ၊ သူသည် အကျင့်ပျက်ပြီး သူ၏အတွေးအခေါ်များ ဆုတ်ယုတ်၍ သူ့၌ နောက်ပြန်ဆွဲသော စိတ်ပိုင်းဆိုင်ရာ သဘောထားအမြင်လည်း ရှိသည်။ စာတန်၏ ဖျက်ဆီးခြင်းမခံရမီ၊ လူသားသည် သဘာဝအားဖြင့် ဘုရားသခင်နောက်လိုက်ကာ သူ၏နှုတ်ကပတ်တော်များကို ကြားပြီးနောက် ၎င်းတို့ကို နာခံခဲ့သည်။ သူ့၌ ပင်ကိုအားဖြင့် အကောင်းပကတိ အသိစိတ်နှင့် အသိတရားရှိခဲ့ပြီး ပုံမှန်လူ့သဘာဝ ရှိခဲ့သည်။ စာတန်၏ ဖျက်ဆီးမှုကိုခံရပြီးနောက် လူသား၏နဂိုအသိစိတ်၊ နဂိုအသိတရားနှင့် လူ့သဘာဝတို့သည် ထုံထိုင်းသွားကာ စာတန်၏ ထိခိုက်စေခြင်းကို ခံခဲ့ရသည်။ ထိုကြောင့် သူသည် ဘုရားသခင်ကို နာခံခြင်းနှင့် ဘုရားသခင်အပေါ်ချစ်ခြင်း ဆုံးရှုံးသွားခဲ့သည်။ လူ့အသိစိတ် မူမမှန်ဖြစ်သွားကာ၊ သူ၏စိတ်သဘောထားသည် တိရစ္ဆာန်၏ စိတ်သဘောထား နည်းတူဖြစ်သွားသည်၊ ပြီးလျှင် ဘုရားသခင်ကို သူ၏ပုန်ကန်ခြင်းသည် သာ၍ပင် အကြိမ်ရေစိပ်လာကာ သာ၍ပြင်းထန်လာသည်။ သို့ပါလျက် လူသားသည် ဤအရာကို သိခြင်း သို့မဟုတ် အသိအမှတ်ပြုခြင်းမရှိဘဲ၊ ကျိုးကြောင်းမမြင် ဆန့်ကျင်ပုန်ကန်ခြင်းသာ ပြုလေသည်။ လူသား၏ စိတ်သဘောထားကို သူ၏အသိစိတ်၊ ထိုးထွင်းအမြင်နှင့် အသိတရားတို့ကို ဖော်ပြခြင်း၌ ထုတ်ဖော်ပြလေသည်၊ ထို့ပြင် သူ၏အသိစိတ်နှင့် ထိုးထွင်းအမြင်တို့သည် စိတ်မချရသည့်အပြင်၊ သူ၏အသိတရားသည် အလွန်အမင်း ထိုင်းမှိုင်းသွားခြင်းကြောင့်၊ သူ့စိတ်သဘောထားသည် ဘုရားသခင်ကို ဆန့်ကျင်ပုန်ကန်ခြင်းဖြစ်သည်။ အကယ်၍ လူသား၏ အသိစိတ်နှင့် ထိုးထွင်းသိမြင်စွမ်း မပြောင်းလဲနိုင်ပါက၊ သူ့စိတ်သဘောထား ပြောင်းလဲမှုများမှာ မဖြစ်နိုင်သကဲ့သို့ပင် ဘုရားသခင်၏အလိုတော်နှင့် ကိုက်ညီဖို့လည်း မဖြစ်နိုင်ချေ။ လူ့အသိစိတ်သည် စိတ်မချရပါက၊ သူသည် ဘုရားသခင်ကို အစေခံနိုင်မည် မဟုတ်ဘဲ၊ ဘုရားသခင်က အသုံးပြုရန်လည်း မသင့်တော်ပေ။ “ပုံမှန်အသိစိတ်” ဟူသည်မှာ ဘုရားသခင်ကို နာခံခြင်းနှင့် သူ့ကို သစ္စာရှိခြင်း၊ ဘုရားသခင်ကို တမ်းတခြင်း၊ ဘုရားသခင်အပေါ် အကြွင်းမဲ့ ဖြစ်ခြင်း၊ ဘုရားသခင်နှင့်ပတ်သက်၍ အသိစိတ်ရှိခြင်း တို့ကို ရည်ညွှန်းသည်။ ဘုရားသခင်နှင့် တစ်စိတ်တစ်ဝမ်းတည်းဖြစ်ပြီး ဘုရားသခင်ကို တမင်တကာ မဆန့်ကျင်ခြင်းကို ရည်ညွှန်းသည်။ မူမမှန်သော အသိစိတ် ရှိခြင်းသည် ဤသို့မဟုတ်။ လူသားသည် စာတန်၏ ဖျက်ဆီးခြင်းကို ခံခဲ့ရသော သူဖြစ်သည့်အတွက်၊ ဘုရားသခင်နှင့်သက်ဆိုင်သည့် အယူအဆများ ဖြစ်ပေါ်ကာ၊ ဘုရားသခင်နှင့်ပတ်သက်၍ အသိစိတ်ရှိခြင်း မဆိုထားဘိ၊ ဘုရားသခင်ကို သစ္စာမရှိသကဲ့သို့ တမ်းတခြင်းလည်း မရှိပေ။ လူသားသည် ဘုရားသခင်ကို တမင်တကာဆန့်ကျင်ပြီး သူ့ကို ဝေဖန်အကဲဖြတ်သည်၊ ထို့အပြင် သူ၏ နောက်ကွယ်တွင် ဘုရားသခင်ကို ဆဲရေးခြင်းများ ပြုလုပ်သည်။ သူသည် ဘုရားသခင် ဖြစ်ကြောင်းကို ရှင်းရှင်းလင်းလင်း သိလျက်၊ လူသားသည် သူ၏ နောက်ကွယ်တွင် ဘုရားသခင်ကို ဝေဖန်အကဲဖြတ်ကာ ဘုရားသခင်ကို နာခံဖို့ ရည်ရွယ်ချက် မရှိပေ၊ ပြီးလျှင် သူ့ကို ကျိုးကြောင်းမမြင် တောင်းဆိုခြင်းနှင့် တောင်းခံခြင်းတို့ကိုသာ ပြုလုပ်သည်။ မူမမှန်သော အသိစိတ် ရှိသည့်- ဤကဲ့သို့လူများသည် မိမိကိုယ်တိုင်၏ စက်ဆုပ်ရွံရှာဖွယ် အပြုအမူကို သိနိုင်စွမ်း သို့မဟုတ် မိမိ၏ ပုန်ကန်မှုအတွက် နောင်တရနိုင်စွမ်း မရှိပေ။ အကယ်၍ လူတို့သည် မိမိတို့ကိုယ်ကိုယ် သိနိုင်စွမ်းရှိသော်၊ ၎င်းတို့၏ အသိစိတ် အနည်းငယ်မျှ ပြန်လည် ရရှိလာပြီးဖြစ်သည်။ မိမိတို့ကိုယ်ကို မသိနိုင်သေးသည့်လူများသည် ဘုရားသခင်ကို ပုန်ကန်လေလေ၊ မိမိတို့ကိုယ်ကိုယ် မသိလေလေ၊ ၎င်းတို့တွင် ခြေခြေမြစ်မြစ်ရှိသော အသိစိတ် နည်းပါးလေလေ ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ မပြောင်းလဲသော စိတ်သဘောထား ရှိခြင်းသည် ဘုရားသခင်ကို ရန်ဘက်ပြုခြင်းဖြစ်သည်

နှစ်ထောင်ပေါင်းများစွာ ဖောက်ပြန်ပျက်စီးခဲ့ပြီးနောက် လူသားသည် ထုံတေပြီး နုံအသည်၊ လူသား၏ ဘုရားသခင်ကို တော်လှန်ပုန်ကန်မှုသည် သမိုင်းစာအုပ်များတွင် မှတ်တမ်းတင်ရပြီး လူသားကိုယ်တိုင်ပင် မိမိ၏ပုန်ကန်သည့် အပြုအမူနှင့် ပတ်သက်သည့် ဖြစ်စဉ်ကို ကုန်စင်အောင် ဖော်ပြနိုင်စွမ်း မရှိသည့်အတိုင်းအတာအထိ ဘုရားသခင်ကို ဆန့်ကျင်သော နတ်ဆိုးဖြစ်လာခဲ့သည်- အဘယ်ကြောင့်ဆိုသော် လူသားသည် စာတန်၏ အကြီးအကျယ် ဖျက်ဆီးခြင်းကို ခံခဲ့ရပြီး စာတန်၏ လမ်းလွဲသွားစေခြင်းကို ခံရပြီးဖြစ်သည်မှာ သူသည် မည်သည့်အရာကို ရှေ့ဆက်လုပ်ရမည်ကို လုံးဝ မသိသောကြောင့် ဖြစ်သည်။ ယနေ့ပင်လျှင် လူသားသည် ဘုရားသခင်ကို သစ္စာဖောက်လျက်ရှိသည်- လူသားသည် ဘုရားသခင်ကို တွေ့မြင်သောအခါ၊ သူ့ကို သစ္စာဖောက်သည်၊ ဘုရားသခင်ကို မမြင်မတွေ့နိုင်သောအခါတွင်လည်း၊ သူ့ကို သစ္စာဖောက်သည်။ ဘုရားသခင်၏ ကျိန်ဆဲခြင်းနှင့် အမျက်တော်ကို မျက်မြင်တွေ့ခဲ့ရပြီးနောက်၊ ဘုရားသခင်ကို သစ္စာဖောက်ဆဲဖြစ်သည့်သူများပင် ရှိသေးသည်။ ထို့ကြောင့် လူ့အသိစိတ်သည် ယင်း၏နဂိုအသုံးဝင်မှု ပျောက်ဆုံးကာ လူ့အသိတရားသည်လည်း နဂိုအသုံးဝင်မှု ပျောက်ဆုံးလေပြီဟု ငါဆိုသည်။ ငါကြည့်မျှော်သော လူသားသည် လူအရေခြုံထားသော သားရဲတစ်ကောင်၊ အဆိပ်ပြင်းသော မြွေတစ်ကောင်ဖြစ်သည်၊ ပြီးလျှင် ငါ့မျက်စိရှေ့တွင် သနားဖွယ်ဖြစ်ပုံပေါက်ဖို့ သူ မည်မျှကြိုးစားသော်လည်း၊ ငါသည် သူ့ကို မည်သည့်အခါမျှ သနားကရုဏာ ထားရှိမည်မဟုတ်၊ အဘယ်ကြောင့်ဆိုသော် လူသားသည် အဖြူနှင့်အမဲကြားရှိ ခြားနားချက်ကို နားလည်ခြင်းမရှိ၊ သမ္မာတရားနှင့် သမ္မာတရား မဟုတ်ခြင်းကြားရှိ ခြားနားချက်ကို နားလည်ခြင်း မရှိသောကြောင့် ဖြစ်သည်။ လူသား၏အသိစိတ်သည် ထုံထိုင်းလှသော်လည်း၊ ကောင်းချီးမင်္ဂလာများကို ရရှိရန် သူ တောင့်တဆဲဖြစ်သည်။ သူ၏ လူ့သဘာဝသည် အလွန်ဂုဏ်အသရေမဲ့သော်လည်း၊ သူသည် ရှင်ဘုရင်၏ အချုပ်အခြာအာဏာကို ပိုင်ဆိုင်ရန် ဆန္ဒရှိဆဲဖြစ်သည်။ ထိုကဲ့သို့သော အသိစိတ်ဖြင့် သူသည် မည်သူတို့၏ ရှင်ဘုရင် ဖြစ်နိုင်မည်နည်း။ ထိုသို့သော လူ့သဘာဝဖြင့် ရာဇပလ္လင်ပေါ်တွင် သူ မည်သို့တက်ထိုင်နိုင်မည်နည်း။ လူသားသည် အကယ်စင်စစ်ပင် အရှက်မရှိပေတကား။ သူသည် စိတ်ကြီးဝင်နေသော အကောင်ယုတ် ဖြစ်ပေသည်။ သင်တို့အထဲတွင် ကောင်းချီးမင်္ဂလာများကို ရယူလိုသူများအတွက် ကြည့်မှန်တစ်ခုကို အရင်ရှာပြီး အကျည်းတန်သော မိမိ၏ ပုံရိပ်ကို ရှုစားကြရန် ငါအကြံပြုသည်။ သင့်တွင် ရှင်ဘုရင်ဖြစ်ရန်အရည်အသွေး ရှိသလော။ ကောင်းချီးမင်္ဂလာများကို ခံစားနိုင်သူ၏မျက်နှာကို ပိုင်ဆိုင်ခြင်း ရှိသလော။ သင်၏ စိတ်သဘောထားထဲ၌ ပြောင်းလဲခြင်း စိုးစဉ်းမျှ မရှိဘဲ၊ သင်သည် မည်သည့် သမ္မာတရားကိုမျှလည်း လက်တွေ့လုပ်ဆောင်ခြင်း မရှိသော်လည်း၊ အံ့မခန်းဖွယ် မနက်ဖြန်ကို တောင့်တနေသေးသည်။ သင်သည် မိမိကိုယ်ကိုယ် လှည့်ဖြားနေ၏။ ဤမျှညစ်ညမ်းသောမြေတွင် မွေးဖွားလာလျက်၊ လူသားသည် လူ့အဖွဲ့အစည်း၏ ပြင်းထန်စွာ ထိခိုက်ဖျက်ဆီးခြင်းကို ခံခဲ့ရပြီးဖြစ်သည်၊ သူသည် ရှေးဆန်သော လူ့ကျင့်ဝတ်များ၏ လွှမ်းမိုးခြင်းခံရပြီးဖြစ်ကာ “အဆင့်မြင့် ပညာသင်ကျောင်းများ” တွင် သင်ယူခဲ့ပြီးဖြစ်သည်။ ခေတ်နောက်ကျသော စဉ်းစားတွေးတောခြင်း၊ ဖောက်ပြန်ပျက်စီးသော အကျင့်စာရိတ္တ၊ ဘဝနှင့်ပတ်သက်သည့် နုံချာသော အမြင်ရှုထောင့်၊ အသက်ရှင်သန်ခြင်းအတွက် စက်ဆုပ်ဖွယ် အတွေးအခေါ်၊ လုံးဝဥဿုံ တန်ဖိုးမရှိသော တည်ရှိမှု၊ စာရိတ္တပျက်ပြားသော အသက်ရှင်နေထိုင်ပုံနှင့် ဓလေ့စရိုက်များ- ဤအရာများအားလုံးသည် လူ့စိတ်နှလုံး အတွင်းသို့ ပြင်းပြင်းထန်ထန် ကျူးကျော်ဝင်ရောက်ကာ လူသား၏ အသိစိတ်ကို ပြင်းထန်စွာ အားလျော့စေခဲ့၍ တိုက်ခိုက်ခဲ့သည်။ အကျိုးဆက်အနေဖြင့် လူသားသည် ဘုရားသခင်နှင့် ဝေးသည်ထက် ဝေးသွားသည့်အပြင် သူ့ကို ယခင်ကထက် ပိုမို ဆန့်ကျင်လာသည်။ လူ့စိတ်သဘောထားသည် တစ်နေ့ပြီးတစ်နေ့ ပိုမို ဆိုးယုတ်လာကာ ဘုရားသခင်အတွက် မည်သည့်အရာကိုမဆို လိုလိုလားလား စွန့်လွှတ်လိုသည့်သူနှင့် ဘုရားသခင်ကို လိုလိုလားလား နာခံလိုစိတ်ရှိသူ တစ်ဦးတစ်လေမျှ မရှိသည့်အပြင် ဘုရားသခင်၏ ပေါ်ထွန်းမှုကို လိုလိုလားလား ရှာဖွေလိုသော ဆန္ဒရှိသူလည်း တစ်ဦးတစ်လေမျှ မရှိပေ။ ထိုအစား လူသားသည် ရွှံ့မြေထဲ၌ ဇာတိပကတိ၏ ဖောက်ပြန်ပျက်စီးခြင်းထံ မိမိကိုယ်ကိုယ် လုံးလုံးပေးအပ်ထားလျက်၊ စာတန်၏ အုပ်စိုးမှုအောက်တွင် မည်သည့်အရာကိုမှ လုပ်ဆောင်ခြင်းမရှိဘဲ အပျော်အပါးကို လိုက်စားပေသည်။ အမှောင်ထုတွင် နေထိုင်ကြသော လူသားတို့သည် သမ္မာတရားကို ကြားသောအခါ၌ပင်၊ လက်တွေ့လုပ်ဆောင်ရန် မတွေးတောကြသကဲ့သို့၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းကို ဖူးမြင်ခဲ့ရလျှင်ပင် ဘုရားသခင်ကို ရှာဖွေလိုခြင်း မရှိကြပေ။ ထိုမျှလောက် စာရိတ္တပျက်ပြားသော လူသားမျိုးနွယ်တစ်ရပ်သည် ကယ်တင်ခြင်းရရှိရန် အခွင့်အရေး မည်သို့ ရှိနိုင်မည်နည်း။ ထိုမျှ ယိုယွင်းသော လူသားမျိုးနွယ်တစ်ရပ်သည် အလင်းထဲတွင် မည်သို့နေနိုင်မည်နည်း။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ မပြောင်းလဲသော စိတ်သဘောထား ရှိခြင်းသည် ဘုရားသခင်ကို ရန်ဘက်ပြုခြင်းဖြစ်သည်

လူ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ထုတ်ဖော်ပြခြင်းသည် သူ၏ထုံထိုင်းသော အသိတရားမှ လာခြင်းသာ ဖြစ်သည်၊ သူ၏ မလိုမုန်းထားသော သဘာဝနှင့် သူ၏ စိတ်မချရသော အသိစိတ်တို့ကလွဲ၍ အခြားမဟုတ်ပေ။ အကယ်၍ လူသား၏ အသိတရားနှင့် အသိစိတ်သည် ပုံမှန်သို့ ပြန်ဖြစ်လာနိုင်ပါက၊ ဘုရားသခင်ရှေ့တွင် အသုံးခံထိုက်သူ တစ်ဦး ဖြစ်လာပေမည်။ လူသားသည် ဘုရားသခင်ကို တိုး၍ပုန်ကန်လာသည်မှာ ယေရှုကိုပင် ကားတိုင်တွင် သံမှိုရိုက်ပြီး သူ့အိမ်သို့ နောက်ဆုံးသောကာလ၌ ဘုရားသခင်၏ လူ့ဇာတိခံ ဝင်ရောက်ခြင်းအား ငြင်းခဲ့သည်သာမက၊ ဘုရားသခင်၏ ဇာတိခန္ဓာကို ရှုတ်ချကာ၊ ဘုရားသခင်၏ ဇာတိခန္ဓာကို အရေးမပါဟု မြင်လာခြင်းသည် လူ့အသိတရား ထုံမြဲထုံခြင်း၊ လူ့အသိစိတ်သည် တစ်ခါမျှ အကောင်းပကတိ မဟုတ်သည့်အပြင် တိုး၍ ထိုင်းမှိုင်းခြင်းကြောင့်သက်သက် ဖြစ်သည်။ အကယ်၍ လူသား၌ လူ့သဘာဝ အနည်းငယ်မျှ ရှိခဲ့သော်၊ လူ့ဇာတိခံယူသော ဘုရားသခင်၏ ဇာတိခန္ဓာကို သူ၏ ဆက်ဆံမှုတွင် အလွန် ကြမ်းကြုတ်ရက်စက်မည် မဟုတ်ပေ၊ အကယ်၍ သူ၌ အသိစိတ် အနည်းငယ်ရှိခဲ့သော်၊ လူ့ဇာတိခံယူသော ဘုရားသခင်၏ ဇာတိခန္ဓာအပေါ် သူ၏ ဆက်ဆံမှုတွင် အလွန်ရက်စက်ခဲ့လိမ့်မည် မဟုတ်ပေ၊ အကယ်၍ သူ့၌ အသိတရား အနည်းငယ်မျှ ရှိခဲ့လျှင်၊ လူ့ဇာတိခံ ဘုရားသခင်ကို ဤနည်းဖြင့် အလွန် “ကျေးဇူးတင်” ခဲ့လိမ့်မည် မဟုတ်ပေ။ လူသားသည် ဘုရားသခင် လူ့ဇာတိခံယူသော ခေတ်တွင် အသက်ရှင်နေထိုင်သော်လည်း၊ ဤမျှကောင်းမွန်သော အခွင့်အရေးကို ပေးခဲ့သူ ဘုရားသခင်အား ကျေးဇူးတင်နိုင်စွမ်းမရှိဘဲ၊ ယင်းအစား ဘုရားသခင် ကြွလာခြင်းကို ကျိန်ဆဲ၏၊ သို့မဟုတ် ဘုရားသခင် လူ့ဇာတိခံယူခြင်းနှင့် သက်ဆိုင်သည့် အမှန်တရားကို လုံးဝ လျစ်လျူရှုသည့်အပြင်၊ အမြင်အားဖြင့် ယင်းကို ဆန့်ကျင်ပြီး ငြီးငွေ့ပေသည်။ ဘုရားသခင် ကြွလာခြင်းကို လူသားသည် မည်သို့သဘောထားသည် ဖြစ်စေ၊ လူသားသည် ဘုရားသခင်ကို စိုးစဉ်းမျှ ကြိုဆိုခြင်း မရှိဘဲ၊ သူ့ထံမှ မဆင်မခြင် တောင်းဆိုခြင်းမျိုးကို ပြုလုပ်သော်ငြားလည်း၊ တိုတိုပြောရလျှင် ဘုရားသခင်သည် အစဉ်အမြဲ မိမိအမှုတော်ကို အစဉ် စိတ်ရှည်လက်ရှည် ဆောင်ရွက်ခဲ့သည်။ လူ့စိတ်သဘောထားသည် အလွန့်အလွန် ရက်စက်သွားပြီးဖြစ်ကာ၊ သူ့အသိစိတ်သည် အလွန့်အလွန် ထိုင်းမှိုင်းသွားပြီး၊ သူ၏အသိတရားသည်လည်း နတ်ဆိုး၏ လုံးဝနင်းခြေမှုကို ခံရပြီးဖြစ်ကာ ကြာမြင့်စွာကတည်းကပင် လူသား၏နဂိုအသိတရား မဟုတ်တော့ပေ။ လူသားသည် လူ့ဇာတိခံယူသော ဘုရားသခင်က လူသားမျိုးနွယ်အပေါ် အသက်နှင့် ကျေးဇူးတော်များစွာ ပေးအပ်နှင်းသည်ကို ကျေးဇူးမတင်သည်သာမက၊ သူ့ကို သမ္မာတရား ပေးခြင်းအတွက် ဘုရားသခင်အား မကျေမချမ်းပင် ဖြစ်သွားခဲ့ပေပြီ။ အကြောင်းမှာ လူသားသည် သမ္မာတရားကို စိုးစဉ်းမျှ စိတ်မဝင်စားသောကြောင့်၊ ဘုရားသခင်ကို တိုး၍ မကျေမချမ်း ဖြစ်ရခြင်း ဖြစ်သည်။ လူသားသည် လူ့ဇာတိခံယူသော ဘုရားသခင်အတွက် မိမိအသက်ကို စတေးနိုင်စွမ်း မရှိသည်သာမက၊ သူ့ထံမှ မျက်နှာသာပေးမှုများကို နှိုက်ယူဖို့ကိုလည်း ကြိုးစားအားထုတ်ကာ ဘုရားသခင်ကို လူသားကပေးသည့်အရာထက် ဆယ်ဆမကသော အကျိုးအမြတ်ကို တောင်းဆိုသည်။ ထိုကဲ့သို့သော အသိတရားနှင့် အသိစိတ်ရှိသည့် လူတို့သည် ဤအရာကို ကြီးကြီးမားမားကိစ္စ မဟုတ်ဟု ထင်မှတ်ပြီး၊ ၎င်းတို့သည် ဘုရားသခင်အတွက် မိမိတို့ကိုယ်ကို များစွာ အသုံးခံပြီး ဖြစ်ကြောင်းနှင့် ဘုရားသခင်မှ သူတို့ကို ပေးခဲ့သည်မှာ နည်းလွန်းကြောင်း ယုံကြည်ဆဲ ဖြစ်ကြသည်။ ငါ့ကို ရေတစ်ခွက်ပေးပြီးနောက် ၎င်းတို့၏ လက်များဖြန့်ပြီး နွားနို့နှစ်ခွက်အတွက် ၎င်းတို့အား ငါ အခပေးရန် တောင်းဆိုသောသူများ ရှိသည်၊ သို့မဟုတ် ငါ့အတွက် တစ်ညတာ တည်းခိုရန် အခန်းတစ်ခန်း ပြင်ဆင်ပေးကာ ညအချို့အတွက် တည်းခိုခ ပေးရန် တောင်းဆိုသော သူများရှိသည်။ သင်တို့သည် ထိုသို့သော လူ့သဘာဝနှင့် အသိစိတ်တစ်ခု ရှိလျက် အသက်ကို ရလိမ့်မည်ဟု မည်သို့ မျှော်လင့်နိုင်ကြသေးသနည်း။ သင်တို့သည် အလွန်စက်ဆုပ်ဖွယ်ကောင်းသော အကောင်ယုတ်များ ဖြစ်ကြသည်တကား။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ မပြောင်းလဲသော စိတ်သဘောထား ရှိခြင်းသည် ဘုရားသခင်ကို ရန်ဘက်ပြုခြင်းဖြစ်သည်

ငါပြောသော ဘုရားသခင်ကို ဆန့်ကျင်ခြင်းသည် ဘုရားသခင်ကို မသိသောသူများ၊ ဘုရားသခင်ကို ၎င်းတို့၏ နှုတ်များဖြင့် အသိအမှတ်ပြုသော်လည်း၊ သူ့ကို မသိသောသူများ၊ ဘုရားသခင် နောက်လိုက်သော်လည်း၊ သူ့ကို မနာခံကြသူများနှင့် ဘုရားသခင်၏ ကျေးဇူးတော်၌ အကြိုက်တွေ့သော်လည်း၊ ဘုရားသခင်အဖို့ သက်သေမရပ်တည်နိုင်ကြသူများကို ရည်ညွှန်းပေသည်။ ဘုရားသခင်၏အမှု၏ ရည်ရွယ်ချက်ကို သိနားလည်ခြင်း သို့မဟုတ် လူသား၌ ဘုရားသခင် ပြုသော အမှုကို သိနားလည်ခြင်းမရှိဘဲ၊ သူသည် ဘုရားသခင်၏အလိုနှင့် မကိုက်ညီနိုင်သကဲ့သို့၊ ဘုရားသခင်အဖို့လည်း သက်သေမရပ်တည်နိုင်ပေ။ တစ်ဘက်၌ လူသားသည် ဘုရားသခင်ကို ဆန့်ကျင်သည့်အကြောင်းရင်းမှာ သူ၏ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားမှ အစပြုပြီး၊ အခြားတစ်ဘက်တွင် ဘုရားသခင်ကို မသိနားလည်ခြင်းနှင့် ဘုရားသခင် အမှုပြုသည့် အခြေခံသဘောတရားများနှင့် လူသားအတွက် သူ၏အလိုကို သိနားလည်မှုကင်းမဲ့ခြင်းတို့မှ အစပြုပေသည်။ အတူတကွကြည့်သည့်အခါ၊ ဤရှုထောင့်နှစ်ခုသည် ဘုရားသခင်ကို လူသား၏ ခုခံခြင်းသမိုင်းတစ်ခု ဖြစ်၏။ ယုံကြည်ခြင်း၌ လူသစ်များသည် ၎င်းတို့၏ သဘာဝ၌ ထိုသို့သော ဆန့်ကျင်မှု တည်ရှိသောကြောင့် ဘုရားသခင်ကို ဆန့်ကျင်ကြသော်လည်း၊ ယုံကြည်ခြင်း နှစ်ပေါင်းများစွာ ရှိသောသူတို့၏ ဘုရားသခင်ကို ဆန့်ကျင်ခြင်းမှာ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးနေသော စိတ်သဘောထားအပြင် ဘုရားသခင်ကို ၎င်းတို့ မသိနားမလည်မှု၏ အကျိုးဆက်ဖြစ်ပေသည်။ ဘုရားသခင် လူ့ဇာတိမခံယူမီ အချိန်တွင်၊ လူတစ်ဦးက ဘုရားသခင်ကို ဆန့်ကျင်မှုပြုသည်၊ မပြုသည်ကို တိုင်းတာမှုမှာ သူသည် ကောင်းကင်ဘုံ၌ရှိသော ဘုရားသခင် ချမှတ်ထားသည့် အမိန့်များကို လိုက်နာခြင်းရှိ၊ မရှိဆိုသည့်အပေါ် အခြေခံပေသည်။ သာဓကအားဖြင့်၊ ပညတ်တော်ခေတ်တွင်၊ ယေဟောဝါ၏ ပညတ်တရားများကို မလိုက်နာခဲ့သည့် မည်သူမဆိုကို ဘုရားသခင်အား ဆန့်ကျင်သူအဖြစ် မှတ်ယူခဲ့သည်။ ယေဟောဝါထံ ယဇ်ပူဇော်မှုများကို ခိုးယူသောသူမည်သူမဆို၊ သို့မဟုတ် ယေဟောဝါ မျက်နှာသာ ပေးသောသူတို့ကို ဆန့်ကျင်သောသူ မည်သူမဆိုသည် ဘုရားသခင်အား ဆန့်ကျင်သူတစ်ဦးအဖြစ် မှတ်ယူခံခဲ့ရပြီး သေသည်အထိ ကျောက်ခဲဖြင့်ပစ်ခံခဲ့ရမည်ဖြစ်သည်။ မိမိ၏ဖခင်နှင့်မိခင်တို့ကို မရိုသေသောသူ မည်သူမဆိုနှင့် သူတစ်ပါးကို ရိုက်နှက်သောသူ သို့မဟုတ် ကျိန်ဆဲသောသူ မည်သူမဆိုသည် ပညတ်တရားများကို မစောင့်ထိန်းသောသူအဖြစ် မှတ်ယူခြင်းခံခဲ့ရသည်။ ပြီးလျှင် ယေဟောဝါ၏ ပညတ်တရားများကို မစောင့်ထိန်းသောသူ အားလုံးသည် သူ့ကို ဆန့်ကျင်နေကြသကဲ့သို့ မှတ်ယူခံခဲ့ရသည်။ ယေရှုကို ဆန့်ကျင်သူ မည်သူမဆိုကို ဘုရားသခင်အား ဆန့်ကျင်သူအဖြစ် မှတ်ယူပြီး ယေရှု မိန့်မြွက်သော နှုတ်ကပတ်တော်များကို မနာခံသောသူ မည်သူမဆိုကို ဘုရားသခင်အား ဆန့်ကျင်သူအဖြစ် မှတ်ယူသည့်အချိန်ဖြစ်သော ကျေးဇူးတော်ခေတ်ထဲတွင် ထိုသို့ မဟုတ်တော့ပေ။ ဤအချိန်ကာလတွင်၊ ဘုရားသခင်အား ဆန့်ကျင်ခြင်းအား အနက်ဖွင့်သည့် နည်းလမ်းသည် သာ၍ တိကျလာပြီး သာ၍လည်း လက်တွေ့ကျလာခဲ့သည်။ ဘုရားသခင် လူ့ဇာတိမခံယူခဲ့သေးသည့် အချိန်ကာလတွင်၊ ဘုရားသခင်ကို လူသားက ဆန့်ကျင်ခြင်း ရှိ၊ မရှိဆိုသည်ကို တိုင်းတာမှုမှာ ကောင်းကင်ဘုံ၌ရှိသော မမြင်နိုင်သည့် ဘုရားသခင်ကို လူသားက ကိုးကွယ်ကာ ကြည်ညိုခြင်း ရှိ၊ မရှိဆိုသည့်အပေါ် အခြေခံခဲ့ပေသည်။ ထိုအချိန်က လူသားသည် ဘုရားသခင်ကို မမြင်နိုင်သကဲ့သို့ ဘုရားသခင်၏ ပုံသဏ္ဌာန် မည်သည့်အရာနှင့်တူသည် သို့မဟုတ် သူမည်သို့ စကားပြောဆိုခဲ့ပြီး အမှုပြုခဲ့သည်ကို မသိခဲ့ကြသောကြောင့်၊ ဘုရားသခင်အား ဆန့်ကျင်ခြင်းကို အနက်ဖွင့်သည့် နည်းလမ်းမှာ လုံးဝ လက်တွေ့မကျခဲ့ပေ။ လူသားသည် ဘုရားသခင်နှင့်ပတ်သက်၍ မည်သည့် အယူအဆမျှ လုံးဝ မရှိခဲ့သကဲ့သို့၊ ဘုရားသခင်သည် လူသားထံ မပေါ်ထွန်းသေးသောကြောင့် ဘုရားသခင်၌ မရေမရာ ယုံကြည်ခဲ့သည်။ ထို့ကြောင့်၊ လူသားသည် ဘုရားသခင်ကို မိမိ၏ စိတ်ကူးစိတ်သန်းဖြင့် မည်သို့ ယုံကြည်သည်ဖြစ်စေ၊ လူသားသည် ဘုရားသခင်ကို လုံးဝ မမြင်နိုင်ခဲ့သောကြောင့်၊ ဘုရားသခင်သည် လူသားကို ပြစ်တင်ရှုတ်ချခြင်း မပြုသကဲ့သို့ လူသားအပေါ် များလှစွာသော တောင်းဆိုချက်များ မပြုခဲ့ပေ။ ဘုရားသခင်သည် လူ့ဇာတိကို ခံယူပြီး၊ လူသားတို့ကြား အမှုပြုရန် ကြွလာသောအခါ အားလုံးသည် သူ့ကို ရှုမြင်ကြရပြီး၊ သူ၏ နှုတ်ကပတ်တော်များကို ကြားကြရကာ၊ သူ၏ လူ့ဇာတိခန္ဓာအတွင်းမှ ဘုရားသခင် ပြုသော လုပ်ဆောင်ချက်များကို မြင်ကြရ၏။ ထိုအခိုက်အတန့်တွင်၊ လူသား၏ အယူအဆအားလုံးသည် အမြှုပ်ဖြစ်သွားသည်။ လူ့ဇာတိ၌ ဘုရားသခင် ပေါ်ထွန်းသည်ကို မြင်ပြီးသောသူများအတွက်မူ၊ သူ့ကို လိုလားစွာ နာခံကြပါက၊ ၎င်းတို့ ရှုတ်ချခံရလိမ့်မည်မဟုတ်၊ သူ့ကို တမင်တကာ ဆန့်ကျင်သောသူတို့မှာမူ ဘုရားသခင်၏ ရန်ဘက်အဖြစ် သတ်မှတ်ခံရလိမ့်မည်။ ထိုသို့သောလူများသည် အန္တိခရစ်များ၊ ဘုရားသခင်ကို တမင် ဆန့်ကျင်သော ရန်သူများ ဖြစ်ကြလေသည်။ ဘုရားသခင်နှင့် စပ်လျဉ်း၍ အယူအဆများ သိုထားသော်လည်း၊ သူ့ကို နာခံရန် အဆင်သင့်ရှိပြီး လိုလားနေသူများသည် ပြစ်တင်ရှုတ်ချခြင်းကို ခံကြရလိမ့်မည်မဟုတ်။ ဘုရားသခင်သည် လူသားကို သူ၏အတွေးများနှင့် စိတ်ကူးများအတွက် ဘယ်သောခါမျှ ပြစ်တင်ရှုတ်ချခြင်း မပြုဘဲ၊ လူသား၏ ရည်ရွယ်ချက်များနှင့် လုပ်ရပ်များပေါ် အခြေခံ၍ ပြစ်တင်ရှုတ်ချလေသည်။ အကယ်၍သာ သူသည် လူသား၏ ၎င်း၏ အတွေးများနှင့် စိတ်ကူးများပေါ် အခြေခံ၍ စီရင်မည်ဆိုပါက၊ လူတစ်ဦးမျှ ဘုရားသခင်၏ အမျက်ဒေါသနှင့်ပြည့်သော လက်များမှ လွတ်မြောက်နိုင်မည် မဟုတ်ပေ။ လူဇာတိခံ ဘုရားသခင်ကို တမင် ဆန့်ကျင်သော သူတို့သည် ၎င်းတို့၏ မနာခံမှုအတွက် အပြစ်ဒဏ်ပေးခံကြရမည် ဖြစ်သည်။ ဘုရားသခင်ကို တမင် ဆန့်ကျင်သောသူတို့နှင့် စပ်လျဉ်း၍၊ ၎င်းတို့၏ ဆန့်ကျင်ခြင်းသည် ဘုရားသခင်နှင့်ပတ်သက်၍ အယူအဆများ ၎င်းတို့ သိုထားသည့်အချက်မှ အစပြု၏၊ ယင်းကတစ်ဆင့် ဘုရားသခင်၏ အမှုကို နှောင့်ယှက်သည့် လုပ်ရပ်များသို့ ၎င်းတို့ကို သွေးဆောင်လေသည်။ ဤလူများသည် ဘုရားသခင်၏အမှုကို တမင်သက်သက် ခုခံကာ ဖျက်ဆီးကြလေသည်။ ၎င်းတို့သည် ဘုရားသခင်နှင့်ပတ်သက်၍ အယူအဆများရှိသည်သာ မဟုတ်ဘဲ၊ သူ၏အမှုကို နှောင့်ယှက်သည့် လုပ်ဆောင်ချက်များတွင်လည်း ပါဝင်ပတ်သက်ကြကာ၊ ဤအကြောင်းကြောင့် ဤလူစားမျိုးများသည် ပြစ်တင်ရှုတ်ချခံရပေလိမ့်မည်။ ဘုရားသခင်၏အမှုကို တမင် နှောင့်ယှက်ခြင်း မရှိသူတို့သည် ရည်ရွယ်ချက်ရှိရှိ နာခံနိုင်ကြပြီး အနှောင့်အယှက်များနှင့် အတားအဆီးများ ဖြစ်စေသည့် လုပ်ဆောင်ချက်များတွင် ပါဝင်ပတ်သက်ခြင်း မရှိကြသောကြောင့် အပြစ်သားများကဲ့သို့ ပြစ်တင်ရှုတ်ချခံရလိမ့်မည် မဟုတ်ပေ။ ဤကဲ့သို့သော လူတို့သည် ပြစ်တင်ရှုတ်ချခံရလိမ့်မည် မဟုတ်။ သို့သော်၊ လူတို့သည် ဘုရားသခင်၏အမှုကို နှစ်ပေါင်းများစွာ တွေ့ကြုံပြီးသည့်အချိန်တွင်၊ ဘုရားသခင်နှင့် ပတ်သက်၍ အယူအဆများ ၎င်းတို့ သိုထားဆဲဖြစ်ပြီး၊ လူ့ဇာတိခံ ဘုရားသခင်၏ အမှုကို မသိနိုင်မြဲရှိပါက၊ ပြီးလျှင် သူ၏အမှုကို နှစ်ပေါင်းမည်မျှ ၎င်းတို့ ကြုံတွေ့ပြီးသည်ဖြစ်စေ၊ ဘုရားသခင်နှင့်ပတ်သက်၍ အယူအဆများဖြင့် ၎င်းတို့ ဆက်လက် ပြည့်နှက်ကြကာ သူ့ကို မသိလာနိုင်ကြသေးပါက၊ အနှောင့်အယှက် ပေးသော လုပ်ဆောင်ချက်များတွင် ၎င်းတို့ ပါဝင်ပတ်သက်ခြင်း မရှိလျှင်ပင်၊ ၎င်းတို့၏ စိတ်နှလုံးများသည် ဘုရားသခင်နှင့်ပတ်သက်သော အယူအဆများစွာဖြင့် ပြည့်နှက်ကြပြီး၊ ဤအယူအဆများသည် သိသာလာခြင်း မရှိသော်လည်း၊ ဤကဲ့သို့သော လူများသည် ဘုရားသခင်၏အမှုအဖို့ မည်သို့မျှ အကူအညီမဖြစ်ပေ။ ၎င်းတို့သည် ဘုရားသခင်အတွက် ဧဝံဂေလိတရားကို မဖြန့်ဝေနိုင်ကြပေ၊ သို့မဟုတ် သူ့အဖို့ သက်သေမရပ်တည်နိုင်ကြပေ။ ဤသို့သော လူများသည် အသုံးမကျသကဲ့သို့ ဉာဏ်မရှိသူများ ဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင်ကို မသိကြသည့်အပြင် ဘုရားသခင်နှင့် ပတ်သက်သည့် ၎င်းတို့၏ အယူအဆများကို လုံးလုံးလျားလျား မစွန့်ပစ်နိုင်ကြသောကြောင့်၊ ၎င်းတို့ ပြစ်တင်ရှုတ်ချခံကြရ၏။ ယင်းကို ဤသို့ဆိုနိုင်၏- ယုံကြည်ခြင်း၌ လူသစ်များအတွက် ဘုရားသခင်နှင့် ပတ်သက်သည့် အယူအဆများ ကိုင်စွဲခြင်း သို့မဟုတ် သူနှင့်ပတ်သက်၍ ဘာမျှမသိခြင်းသည် ပုံမှန်ဖြစ်သော်လည်း၊ နှစ်ပေါင်းများစွာ ဘုရားသခင်၌ ယုံကြည်ပြီးဖြစ်ကာ သူ၏အမှုကို များစွာတွေ့ကြုံရပြီးသူတစ်ဦးအတွက်၊ အယူအဆများကို ဆက်လက်ကိုင်စွဲဖို့မှာ ထိုသို့သောလူတစ်ဦးအတွက် ပုံမှန်မဟုတ်သကဲ့သို့၊ ဘုရားသခင်နှင့် သက်ဆိုင်သော အသိပညာ မရှိဖို့ဆိုသည်မှာ ဤကဲ့သို့သော လူတစ်ဦးအတွက် သာ၍ပင် ပုံမှန်မဟုတ်ပေ။ ဤသည်မှာ ပုံမှန်အခြေအနေတစ်ခု မဟုတ်သောကြောင့် ၎င်းတို့ ပြစ်တင်ရှုတ်ချခြင်း ခံရကြပေသည်။ ဤပုံမှန်မဟုတ်သော လူများသည် အမှိုက်သာဖြစ်၏။ ၎င်းတို့သည် ဘုရားသခင်ကို အဆန့်ကျင်ဆုံးသော သူများနှင့် ဘုရားသခင်၏ ကျေးဇူးတော်ကို အချည်းနှီး မွေ့လျော်ကြသူများ ဖြစ်၏။ ထိုသို့သော လူအားလုံးသည် အဆုံးတွင် ဖယ်ရှားခံကြရပေမည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်ကို မသိသောသူ အားလုံးသည် ဘုရားသခင်ကို ဆန့်ကျင်သောသူများ ဖြစ်ကြသည်

သင်တို့သည် ဘုရားသခင်၏အမှု၏ အခြေခံသဘောတရားများကို မသိသောကြောင့်၊ ပြီးလျှင် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို သင်တို့၏ မဆင်မခြင် သဘောထားမှုကြောင့်၊ ဘုရားသခင်၏ အမှုကို ဆန့်ကျင်ခြင်း၊ သို့မဟုတ် ယနေ့အမှုကို တိုင်းတာရန် သင်တို့၏ကိုယ်ပိုင် အယူအဆများကို အသုံးပြုခြင်း ဖြစ်သည်ကို သိကြလော့။ ဘုရားသခင်ကို သင်တို့၏ဆန့်ကျင်ခြင်းနှင့် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို သင်တို့၏ ဟန့်တားပိတ်ဆို့ခြင်းသည် သင်တို့၏ အယူအဆများနှင့် ပင်ကို မာနထောင်လွှားမှုအားဖြင့် ဖြစ်သည်။ ယင်းမှာ ဘုရားသခင်၏ အမှုသည် မှားယွင်းသောကြောင့် မဟုတ်ဘဲ၊ သင်တို့သည် သဘာဝအားဖြင့် နာခံမှုမရှိလွန်းသောကြောင့် ဖြစ်သည်။ ဘုရားသခင်၌ ၎င်းတို့၏ယုံကြည်မှုကို ရှာတွေ့ပြီးနောက်တွင်၊ လူအချို့သည် လူသားက မည်သည့်နေရာမှ လာသည်ကိုပင် သေချာမှုဖြင့် ပြောဆိုနိုင်ခြင်း မရှိသော်လည်း သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုနှင့်ဆိုင်သည့် အမှန်များနှင့် အမှားများကို သုံးသပ်သည့် လူသိရှင်ကြား ဟောပြောမှုများကို လုပ်ဝံ့ကြလေသည်။ ၎င်းတို့သည် မှတ်ချက်များ ပေးရင်းနှင့် အလှည့်မရောက်မီ ပြောဆိုရင်း၊ သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုသစ်ရှိသော တမန်တော်များကို ဆုံးမခြင်းပင်ပြုကြလေသည်။ ၎င်းတို့၏ လူ့သဘာဝသည် အလွန် နိမ့်ကျပြီး၊ ၎င်းတို့ထဲတွင် အသိစိတ် အနည်းငယ်မျှ မရှိပေ။ ထိုသို့သော လူများကို သန့်ရှင်းသော ဝိညာဉ်တော်၏အလုပ်က ငြင်းပယ်ပြီး ငရဲ၏မီးများဖြင့် လောင်ကျွမ်းစေခြင်း ခံရမည့်နေ့ ရောက်လာလိမ့်မည် မဟုတ်လော။ ၎င်းတို့သည် ဘုရားသခင်၏အမှုကို မသိကြဘဲ၊ ယင်းအစား သူ၏အမှုကို ဝေဖန်ကာ ဘုရားသခင်အား မည်သို့အမှုပြုရမည်ကို ညွှန်ကြားရန်လည်း ကြိုးစားကြ၏။ ထိုသို့သော မလျော်ကန်သည့် လူတို့သည် ဘုရားသခင်ကို မည်သို့ သိနိုင်မည်နည်း။ လူသားသည် ဘုရားသခင်ကို ရှာဖွေခြင်းနှင့် တွေ့ကြုံခြင်း ဖြစ်စဉ်အတွင်း သိလာကြပေသည်။ လူသားသည် သန့်ရှင်းသော ဝိညာဉ်တော်၏ အသိဉာဏ်ပွင့်လင်းစေခြင်းမှတစ်ဆင့် ဘုရားသခင်ကို သိလာခြင်းမှာ စိတ်ကူးပေါက်သည်အတိုင်း ဝေဖန်ခြင်းမှတစ်ဆင့် မဟုတ်ပေ။ ဘုရားသခင်နှင့်ဆိုင်သည့် လူတို့၏ အသိပညာ သာ၍ တိကျမှန်ကန်လေလေ၊ သူ့ကို ၎င်းတို့ ဆန့်ကျင်မှု လျော့နည်းလေလေ ဖြစ်၏။ ဆန့်ကျင်ဘက်အနေဖြင့် ဘုရားသခင်ကို လူတို့ အသိနည်းလေလေ၊ သူ့ကိုဆန့်ကျင်ရန် အလားအလာများလေလေ ဖြစ်၏။ သင်၏ အယူအဆများ၊ သင်၏ သဘာဝဟောင်းနှင့် သင်၏လူ့သဘာဝ၊ စရိုက်လက္ခဏာနှင့် ကိုယ်ကျင့်တရား အမြင်သဘောထားတို့သည် သင့်အနေနှင့် ဘုရားသခင်ကို ခုခံရာတွင် အသုံးပြုသည့် “အရင်းအနှီး” ဖြစ်ပြီး၊ သင်၏ကိုယ်ကျင့်တရားသည် သာ၍ ဖောက်ပြန်ပျက်စီးကာ၊ သင်၏အရည်အသွေးများက စက်ဆုပ်ဖွယ်ဖြစ်ပြီး သင်၏လူ့သဘာဝက နိမ့်ကျလာလေလေ၊ ဘုရားသခင်၏ရန်သူ ဖြစ်လေလေ ဖြစ်၏။ အားကောင်းသော အယူအဆများ ပိုင်ဆိုင်ပြီး၊ မိမိကိုယ်ကိုယ် မှန်ကန်သည်ဟု ယူမှတ်သော စိတ်သဘောထား ရှိသူများသည် လူ့ဇာတိခံ ဘုရားသခင်နှင့်ဆိုင်သည့် ရန်လိုမှုတွင် သာ၍ ရှိကြလေသည်။ ထိုသို့သောလူများသည် အန္တိခရစ်များ ဖြစ်ကြ၏။ သင်၏အယူအဆများကို ပြုပြင်ခြင်း မရှိပါက၊ ယင်းတို့သည် ဘုရားသခင်ကို အစဉ် ဆန့်ကျင်နေလိမ့်မည်။ သင်သည် ဘုရားသခင်နှင့် မည်သည့်အခါမျှ သဟဇာတရှိလိမ့်မည် မဟုတ်သကဲ့သို့၊ သူ့ထံမှ အမြဲ ဝေးကွာလိမ့်မည် ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်၏ အမှုအဆင့် သုံးဆင့်ကို သိခြင်းသည် ဘုရားသခင်ကို သိခြင်း၏ လမ်းကြောင်းဖြစ်သည်

သင်သည် ဘုရားသခင်ထံမှ အလင်းသစ်ကို လက်မခံနိုင်သကဲ့သို့၊ ယနေ့ ဘုရားသခင် ပြုသည့် အရာအားလုံးကို နားမလည်နိုင်ဖြစ်ကာ ယင်းကို မရှာဖွေပါက၊ သို့မဟုတ် ယင်းကို သံသယဖြစ်ပါက၊ ယင်းနှင့်ပတ်သက်၍ ဝေဖန်ပါက သို့မဟုတ် ယင်းကို စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးကာ စိစစ်ပါက၊ သင်သည် ဘုရားသခင်ကို နာခံချင် စိတ်မရှိပေ။ ယခုအချိန်၏ အလင်းပေါ်ထွန်းသည့်အခါ၊ သင်သည် ယမန်နေ့၏ အလင်းကို တန်ဖိုးထားဆဲဖြစ်ပြီး၊ ဘုရားသခင်၏ အမှုသစ်ကို ဆန့်ကျင်ပါက၊ သင်သည် အဓိပ္ပာယ်မဲ့သောသူ တစ်ဦးသာဖြစ်၏- သင်သည် ဘုရားသခင်ကို တမင်သက်သက် ဆန့်ကျင်သူများထဲမှတစ်ဦး ဖြစ်သည်။ ဘုရားသခင်ကို နာခံခြင်း၏ အဓိကသော့ချက်မှာ အလင်းသစ်ကို အသိအမှတ်ပြုခြင်းနှင့် ယင်းကို လက်ခံကာ လက်တွေ့လုပ်ဆောင်နိုင်ခြင်း ဖြစ်သည်။ ဤတစ်ခုတည်းသာ စစ်မှန်သော နာခံခြင်း ဖြစ်သည်။ ဘုရားသခင်အား တမ်းတရန် အလိုဆန္ဒ ကင်းမဲ့သူများသည် သူ့ကို တမင်တကာ နာခံခြင်းငှာ မတတ်စွမ်း နိုင်ကြသကဲ့သို့၊ ရှိရင်းစွဲအခြေအနေကို ၎င်းတို့ စိတ်ကျေနပ်ခြင်း၏ ရလဒ်တစ်ခုအဖြစ် ဘုရားသခင်ကို ဆန့်ကျင်ရုံသာ ဆန့်ကျင်နိုင် ကြပေသည်။ လူသားသည် ဘုရားသခင်ကို မနာခံနိုင်သည်မှာ ၎င်းသည် ယခင်က လာခဲ့သည့်အရာကို စိတ်စွဲနေသောကြောင့် ဖြစ်သည်။ ယခင်က လာခဲ့သည့် အရာများသည် လူတို့ကို ဘုရားသခင်နှင့် ပတ်သက်၍ အယူအဆများနှင့် စိတ်ကူးမျိုးစုံတို့ကို ပေးပြီးဖြစ်ကာ ဤအရာများသည် ၎င်းတို့၏ စိတ်များထဲ၌ ဘုရားသခင်၏ ပုံရိပ် ဖြစ်လာပြီးဖြစ်သည်။ ထို့ကြောင့်၊ ၎င်းတို့ ယုံကြည်သည့် အရာများသည် ၎င်းတို့၏ ကိုယ်ပိုင်အယူအဆများဖြစ်ပြီး၊ ၎င်းတို့၏ ကိုယ်ပိုင် စိတ်ကူးများ နှင့်ဆိုင်သော စံနှုန်းများ ဖြစ်သည်။ ယနေ့တွင် တကယ့်အမှုကိုပြုသော ဘုရားသခင်နှင့် သင်၏စိတ်ကူး၌ရှိသည့် ဘုရားသခင်ကို ယှဉ်၍ သင် တိုင်းတာပါက၊ သင်၏ယုံကြည်ခြင်းသည် စာတန်ထံမှလာပြီး၊ သင်၏ ကြိုက်နှစ်သက်မှုများဖြင့် စွန်းထင်းနေပေသည်- ဘုရားသခင်သည် ဤသို့သော ယုံကြည်ခြင်းမျိုးကို မလိုလားပေ။ ၎င်းတို့၏ အရည်အချင်းများ မည်မျှမြင့်မားသည်ကို ပဓာနမထားဘဲ၊ ပြီးလျှင် ၎င်းတို့၏ ဆက်ကပ်မှုများကို ပဓာနမထားဘဲ- ၎င်းတို့သည် ဘုရားသခင်၏အမှုအဖို့ တစ်သက်တာ အားထုတ်မှုများကို ဆက်ကပ်ပြီးဖြစ်ကာ မိမိတို့ကိုယ်ကိုယ် အသက်စတေးပြီးဖြစ်လျှင်ပင်- ဘုရားသခင်သည် ဤကဲ့သို့သော ယုံကြည်ခြင်းရှိသည့် မည်သူကိုမျှ မထောက်ခံပေ။ သူသည် ၎င်းတို့အပေါ် ကျေးဇူးတော် အနည်းငယ်မျှသာ အပ်နှင်းပြီး၊ ယင်းကို အချိန်တစ်ခုကြာ မွေ့လျော်ခွင့်ပေးလေသည်။ ဤသို့သော လူများသည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်စွမ်း မရှိကြပေ။ သန့်ရှင်းသော ဝိညာဉ်တော်သည် ၎င်းတို့အတွင်းတွင် အလုပ် မလုပ်သကဲ့သို့၊ ဘုရားသခင်သည် ၎င်းတို့အသီးသီးကို တစ်ယောက်တစ်လဲ ဖယ်ရှားမည်ဖြစ်သည်။ အသက်ကြီးသောသူများဖြစ်စေ၊ အသက်ငယ်သော သူများ ဖြစ်စေ၊ ၎င်းတို့၏ ယုံကြည်ခြင်းတွင် ဘုရားသခင်ကို မနာခံသကဲ့သို့၊ မှားယွင်းသော ရည်ရွယ်ချက်များရှိသူတို့သည် ဆန့်ကျင်သူများနှင့် နှောင့်ယှက်သူများဖြစ်ပြီး၊ ထိုသို့သောလူများသည် ဘုရားသခင်၏ မလွဲမသွေ ဖယ်ရှားခြင်း ခံရလိမ့်မည်ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်၌ သင်၏ယုံကြည်ခြင်းတွင် သင်သည် ဘုရားသခင်ကို နာခံသင့်သည်

ယောဘသည် ထိုစဉ်အချိန်က ဘုရားသခင်ကို မသိခဲ့သော်လည်း၊ သူသည် ဘုရားသခင်ကို ဘုရားသခင်အဖြစ် ဆက်ဆံခဲ့ပြီး သူ့အား ကောင်းကင်၊ မြေကြီးနှင့် အရာခပ်သိမ်းတို့၏ အရှင်သခင်အဖြစ် မှတ်ယူခဲ့သည်။ ယောဘသည် ဘုရားသခင်အား ရန်သူတစ်ဦးအဖြစ် သဘောထားခဲ့ခြင်းမရှိပေ။ ယင်းထက်၊ သူသည် ဘုရားသခင်အား အရာခပ်သိမ်း၏ ဖန်ဆင်းရှင်အဖြစ် ကိုးကွယ်ခဲ့သည်။ ယနေ့ခေတ် လူတို့သည် ဘုရားသခင်ကို အဘယ်ကြောင့် အလွန်ပင် ဆန့်ကျင်ကြသနည်း။ ဘုရားသခင်ကို သူတို့ အဘယ်ကြောင့် မကြောက်ရွံ့နိုင်သနည်း။ အကြောင်းရင်းတစ်ခုမှာ ၎င်းတို့သည် စာတန်၏ အလွန်အမင်း ဖျက်ဆီးခြင်းကို ခံထားရပြီး အလွန်အမင်း အရိုးစွဲနေသည့် ဆိုးယုတ်သော သဘာဝနှင့်အတူ သူတို့သည် ဘုရားသခင်၏ ရန်သူများ ဖြစ်လာကြပြီဖြစ်သည်။ ထို့ကြောင့် ၎င်းတို့သည် ဘုရားသခင်ကို ယုံကြည်ပြီး လက်ခံကြသော်လည်း၊ ၎င်းတို့သည် ဘုရားသခင်ကို အတိုက်အခံပြုပြီး ၎င်းတို့ကိုယ်ကို ဘုရားသခင်အား ဆန့်ကျင်သည့် အခြေအနေတွင် ရောက်နိုင်ကြသေးကြသည်။ ဤအရာကို လူသား သဘာဝအားဖြင့် ဆုံးဖြတ်ထားခြင်း ဖြစ်သည်။ အခြားသော အကြောင်းရင်းမှာ ဘုရားသခင်၌ သူတို့၏ယုံကြည်မှု ရှိလင့်ကစား လူတို့သည် ဘုရားသခင်ကို ဘုရားသခင်အဖြစ် တကယ့်ကို သဘောမထားကြပေ။ ယင်းအစား၊ သူတို့က ဘုရားသခင်ကို လူ၏ ဆန့်ကျင်ဘက်အဖြစ် သဘောထားကြသည်၊ သူ့ကို သူတို့၏ ရန်သူအဖြစ် မှတ်ယူကြပြီး ၎င်းတို့သည် ဘုရားသခင်နှင့် မကျေအေးနိုင်ကြပေ။ ၎င်းမှာ ရိုးရှင်းပါသည်။...သင်၌ ဘုရားသခင်အကြောင်း အနည်းငယ်သော သိနားလည်ခြင်း ရှိနိုင်သော်လည်း၊ ဤသိနားလည်ခြင်းက မည်သည့်အရာကို ဖြစ်ပေါ်စေသနည်း။ ဤအရာမှာ အယောက်တိုင်းက ပြောနေသော အရာဖြစ်သည် မဟုတ်သလော။ ၎င်းမှာ ဘုရားသခင် သင့်အား ပြောခဲ့သောအရာ ဖြစ်သည် မဟုတ်သလော။ သင်သည် အယူအဆဆိုင်ရာနှင့် သြဝါဒဆိုင်ရာ ရှုထောင့်များကိုသာ အကျွမ်းတဝင် ရှိသည်၊ သို့သော် သင်သည် ဘုရားသခင်၏ စစ်မှန်သော ရှုထောင့်ကို နားလည်သက်ဝင်ဖူးသလော။ သင်၌ ပုဂ္ဂလဓိဌာန်ကျသော သိနားလည်ခြင်းရှိသလော။ သင်၌ လက်တွေ့ကျသော သိနားလည်ခြင်းနှင့် အတွေ့အကြုံ ရှိသလော။ အကယ်၍ ဘုရားသခင်သည် သင့်အား မပြောထားခဲ့ပါက၊ သင် သိနိုင်ခဲ့မည်လော။ သင်၏ အယူအဆဆိုင်ရာ သိနားလည်ခြင်းသည် စစ်မှန်သော သိနားလည်ခြင်းကို ကိုယ်စားမပြုပေ။ အချုပ်အားဖြင့် ယင်းကို သင် မည်မျှပင်သိပြီး သို့မဟုတ် သင် မည်သို့ပင် သိလာခဲ့သည်ဖြစ်စေ၊ ဘုရားသခင်အကြောင်း စစ်မှန်သော သိနားလည်ခြင်း တစ်ခုကို သင် မရမီတိုင်အောင် ဘုရားသခင်သည် သင်၏ ရန်သူဖြစ်လိမ့်မည် ဖြစ်ပြီး သင်သည် ဘုရားသခင်ကို အမှန်တကယ် ဘုရားသခင်ကဲ့သို့ စတင်ဆက်ဆံရသည်တိုင်အောင် သင်သည် စာတန်၏ ပြယုဂ်တစ်ခု ဖြစ်သောကြောင့် သင် အမှန်တကယ် သဘောမထားမီ သူသည် သင်ကို ဆန့်ကျင်ပေလိမ့်မည်။

သင်သည် ခရစ်တော်နှင့်အတူ ရှိသည့်အချိန်တွင် သင်သည် သူ့အား တစ်နေ့သုံးကြိမ် ထမင်းကျွေးခြင်း၊ သို့မဟုတ် သူ့အား လက်ဘက်ရည် တည်ခင်းပေးခြင်းနှင့် သူ၏ ဘဝလိုအပ်ချက်များကို ကူညီလုပ်ဆောင်ပေးခြင်း ရှိကောင်းရှိနိုင်ပြီး ခရစ်တော်ကို ဘုရားသခင်အဖြစ် သဘောထားသည့်ပုံ ပေါက်မည်ဖြစ်သည်။ တစ်စုံတစ်ခု ဖြစ်သည့်အခါတိုင်း၊ လူတို့၏ ရှုထောင့်များမှာ ဘုရားသခင်၏ ရှုထောင့်များနှင့် အမြဲဆန့်ကျင်ဘက် ဖြစ်သည်။ လူတို့သည် ဘုရားသခင်၏ရှုထောင့်ကို နားလည်ရန်နှင့် လက်ခံရန် အမြဲပျက်ကွက်ကြသည်။ လူတို့သည် ဘုရားသခင်နှင့် အပေါ်ယံအားဖြင့် အဆင်ပြေကောင်း ပြေနိုင်သော်လည်း၊ ဤသည်မှာ ၎င်းတို့သည် သူနှင့် သဟဇာတဖြစ်သည်ဟု မဆိုလိုပါ။ တစ်စုံတစ်ခု ဖြစ်လျှင်ဖြစ်ချင်း လူသားတို့၏ မနာခံခြင်း အမှန်တရားသည် ထွက်ပေါ်လာပြီး လူသားများနှင့် ဘုရားသခင်ကြား၌ရှိသော ရန်လိုမှုကို ခိုင်မာစေလျက်ရှိသည်။ ဤရန်လိုမှုမှာ ဘုရားသခင်က လူကို ဆန့်ကျင်နေခြင်း သို့မဟုတ် ဘုရားသခင်က လူအပေါ် ရန်လိုရန် ဆန္ဒရှိနေခြင်းမျိုး မဟုတ်သည့်အပြင်၊ ယင်းမှာ သူက လူတို့ကို သူ၏ ဆန့်ကျင်ဘက်၌ထားပြီး သူတို့ကို ထိုကဲ့သို့ ဆက်ဆံနေခြင်းမျိုးလည်း မဟုတ်ပေ။ ထို့ထက် လူသားများ၏ ပုဂ္ဂလဓိဌာန်ကျသော အလိုဆန္ဒနှင့် သူတို့၏ မသိစိတ်ထဲတွင် ဖြစ်ပေါ်နေသည့် ဘုရားသခင်အား ဆန့်ကျင်ဘက်ပြုသော ဤအနှစ်သာရကိစ္စပင် ဖြစ်သည်။ လူတို့သည် ဘုရားသခင်ထံမှလာသည့် အရာခပ်သိမ်းကို သူတို့၏ သုတေသနပြုစရာများအဖြစ် မှတ်ယူခြင်းကြောင့် ဘုရားသခင်ထံမှ လာသည့်အရာအပေါ်နှင့် ဘုရားသခင် ပါဝင်ပတ်သက်သော အရာတိုင်းအပေါ် သူတို့၏ တုံ့ပြန်မှုမှာ အဓိကအားဖြင့် မှန်းဆခြင်း၊ သံသယဖြစ်ခြင်းနှင့်၊ ဘုရားသခင်ကိုဆန့်ကျင်ပြီး ပုန်ကန်တတ်သော သဘောထားတစ်ခုကို အလျင်အမြန် ခံယူခြင်းတို့ပင် ဖြစ်သည်။ များမကြာမီတွင် လူတို့သည် အပျက်သဘောဆောင်သော စိတ်နေစိတ်ထားတစ်ခုကိုယူကာ ထိုကဲ့သို့သော ဘုရားသခင်ကို နောက်လိုက်ဖို့ ထိုက်တန်မထိုက်တန် သံသယဖြစ်သည့် အဆင့်အထိ ဘုရားသခင်နှင့် ငြင်းခုံခြင်းများ သို့မဟုတ် ယှဉ်ပြိုင်ခြင်းများသို့ ရောက်ရှိကြသည်။ သူတို့၏ ဆင်ခြင်တုံတရားက သူတို့သည် ဤပုံစံအတိုင်း ရှေ့မဆက်သင့်ကြောင်း ပြောသော်လည်း၊ သူတို့သည် အလိုလို ထိုသို့လုပ်ရန် ရွေးချယ်လိမ့်မည်ဖြစ်ပြီး အဆုံးတိုင်အောင် တွန့်ဆုတ်ခြင်းမရှိဘဲ ရှေ့ဆက်ဦးမည့် သဘောဖြစ်သည်။ ဥပမာအားဖြင့်၊ လူအချို့သည် ဘုရားသခင် နှင့်ပတ်သက်သည့် ကောလာဟလများ သို့မဟုတ် မဟုတ်မမှန် ပြောသောစကားကို ကြားသည့်အခါ ၎င်းတို့ ပြုလုပ်တတ်သည့် ပထမဆုံးတုံ့ပြန်ချက်မှာ အဘယ်နည်း။ သူတို့၏ ပထမဆုံး တုံ့ပြန်ချက်မှာ ဤကောလာဟလများ မှန်မမှန်နှင့် ဤကောလာဟလများ တကယ်ရှိမရှိကို စဉ်းစားရန်နှင့် စောင့်ကြည့်တတ်သည့် စိတ်ထားကို ခံယူရန်ပင် ဖြစ်သည်။ ထို့နောက် သူတို့သည် “ဤအရာကို မှန်ကန်ကြောင်း အတည်ပြုရန် စစ်ဆေးမည့် နည်းလမ်းမရှိပေ။ ၎င်းမှာ အမှန်တကယ် ဖြစ်ပျက်သလော။ ဤ ကောလာဟလက မှန်သလော သို့မဟုတ် မမှန်သလော” ဟူ၍ စတင် စဉ်းစားကြသည်။ ဤကဲ့သို့သော လူတို့သည် အပေါ်ယံတွင် ဤသို့ မဖော်ပြသော်လည်း၊ ၎င်းတို့၏ စိတ်နှလုံးထဲက စတင်သံသယရှိထားပြီဖြစ်ပြီး ဘုရားသခင်ကို စတင်၍ ငြင်းပယ်ထားပြီး ဖြစ်သည်။ ဤကဲ့သို့သော သဘောထားနှင့် ဤကဲ့သို့သော ရှုထောင့်၏ အနှစ်သာရမှာ အဘယ်နည်း။ ၎င်းမှာ သစ္စာဖောက်ခြင်းပင် မဟုတ်လော။ ဤအကြောင်းအရာကို ၎င်းတို့ မရင်ဆိုင်ရမချင်း ဤလူတို့၏ ရှုထောင့်များမှာ အဘယ်အရာဖြစ်ကြောင်းကို သင်မမြင်နိုင်ပေ။ ၎င်းတို့သည် ဘုရားသခင်နှင့် ကွဲပြားဆန့်ကျင်မှု မရှိသကဲ့သို့၊ ထို့ပြင် ၎င်းတို့သည် ဘုရားသခင်ကို ရန်သူတစ်ဦးအဖြစ် မှတ်ယူခြင်း မရှိသကဲ့သို့ ထင်ရသည်။ သို့သော်လည်း ၎င်းတို့သည် ပြဿနာတစ်ခုကို ရင်ဆိုင်ရလျှင်ရချင်း စာတန်ဘက်၌ ချက်ချင်း ရပ်တည်ကာ ဘုရားသခင်ကို ပုန်ကန်ကြလေသည်။ ဤအရာက မည်သည့်အရာကို ညွှန်ပြသနည်း။ ၎င်းမှာ လူနှင့် ဘုရားသခင်သည် ဆန့်ကျင်ဘက် ဖြစ်ကြောင်းကို ညွှန်ပြပေသည်။ ဘုရားသခင်က လူသားမျိုးနွယ်ကို ရန်သူအဖြစ် မှတ်ယူသည် မဟုတ်သော်လည်း၊ လူ၏အနှစ်သာရ ကိုယ်၌က ဘုရားသခင်အပေါ် ရန်လိုခြင်းပင် ဖြစ်သည်။ တစ်စုံတစ်ဦးသည် ဘုရားသခင်နောက်သို့ မည်မျှကြာကြာ လိုက်ခဲ့ပြီးပါစေ သို့မဟုတ် ၎င်းတို့သည် မည်မျှကြီးမားစွာ ပေးဆပ်ခဲ့ပြီးပါစေ၊ ထို့ပြင် သူတို့က ဘုရားသခင်ကို မည်သို့ပင် ချီးမွမ်းပါစေ၊ သူတို့က ဘုရားသခင်ကို အတိုက်အခံမပြုမိရန် မိမိကိုယ်ကိုယ် မည်သို့ရှောင်ပါစေ၊ သူတို့က ဘုရားသခင်ကို ချစ်ရန် မိမိကိုယ်ကိုယ် မည်သို့ပင် အစွမ်းကုန်နှိုးဆော်ပါစေ၊ သူတို့သည် ဘုရားသခင်ကို ဘုရားသခင်အဖြစ် မည်သည့်အခါမျှ ဆက်ဆံနိုင်ခြင်း မရှိပေ။ ဤအရာကို လူတို့၏ အနှစ်သာရအားဖြင့် အဆုံးအဖြတ်ပေးသည် မဟုတ်လော။

—နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ ဘုရားသခင်၏ စိတ်နေသဘောထားနှင့် သူ့အမှုတော်မှရရှိမည့် ရလဒ်များကို သိနားလည်ပုံ

သင်တို့သည် အမြဲပင် ခရစ်တော်ကို တွေ့လိုကြသည်၊ သို့သော်လည်း သင်တို့အနေဖြင့် မိမိကိုယ်ကို လွန်စွာ အထင်မကြီးကြရန် ငါတိုက်တွန်း၏။ မည်သူမဆို ခရစ်တော်ကို မြင်ကောင်းမြင်နိုင်သော်လည်း မည်သူမျှ ခရစ်တော်ကိုမမြင်ထိုက်ဟု ငါဆိုသည်။ လူသား၏သဘောသဘာဝသည် ဆိုးယုတ်ခြင်း၊ မောက်မာခြင်း၊ ပုန်ကန်လိုခြင်းတို့နှင့် ပြည့်နေသောကြောင့် သင်သည် ခရစ်တော်ကို မြင်သောအခိုက်တွင် သင်၏သဘောသဘာဝသည် သင့်ကို ဖျက်ဆီးပြီး သေခြင်းသို့ စီရင်ချက်ချမှတ်လိမ့်မည်။ ညီအစ်ကို (သို့မဟုတ် ညီအစ်မ) တစ်ဦးနှင့် သင်၏ပေါင်းသင်းဆက်ဆံမှုတွင် သင့်အကြောင်း များစွာပေါ်လွင်မည် မဟုတ်သော်လည်း သင့်အနေဖြင့် ခရစ်တော်နှင့် ပေါင်းသင်းဆက်ဆံသည့်အခါ ဤမျှမလွယ်ကူပါ။ မည်သည့်အချိန်တွင်မဆို သင်၏အယူအဆများ အမြစ်စွဲလာနိုင်ပြီး သင်၏မောက်မာမှု အပင်ပေါက်လာကာ သင်၏ပုန်ကန်မှုသည်လည်း သဖန်းသီးကို သီးစေလိမ့်မည်။ ဤကဲ့သို့သော လူ့သဘာဝ ရှိနေသည့်သင်သည် ခရစ်တော်နှင့် ပေါင်းသင်းဆက်ဆံရန် မည်သို့ ထိုက်တန်နိုင်မည်နည်း။ သင်သည် နေ့တိုင်းအချိန်တိုင်း သူ့ကို အမှန်တကယ်ပင် ဘုရားသခင်အဖြစ် ဆက်ဆံနိုင်မည်လော။ ဘုရားသခင်ကို ကျိုးနွံနာခံမှု၏ စစ်မှန်မှု သင်၌ရှိလိမ့်မည်လော။ သင်တို့သည် မိမိတို့စိတ်နှလုံးများထဲရှိ မြင့်မြတ်သောဘုရားကို ယေဟောဝါအဖြစ် ကိုးကွယ်ကြသော်လည်း မြင်နိုင်သည့်ခရစ်တော်ကိုမူ လူသားတစ်ဦးအဖြစ် မှတ်ယူကြ၏။ သင်တို့၏အသိစိတ်သည် နိမ့်ကျလွန်းပြီး သင်တို့၏ လူ့သဘာဝသည်လည်း ယုတ်ညံ့လွန်း၏။ သင်တို့သည် ခရစ်တော်ကို ဘုရားသခင်အဖြစ် အမြဲတစေ မှတ်ယူနိုင်ခြင်းမရှိ၊ ရံဖန်ရံခါ သင်တို့သဘောတွေ့သည့်အခါမှသာလျှင် သူ့ကို ဖမ်းဆွဲဆုပ်ကိုင်၍ ဘုရားသခင်အဖြစ် ကိုးကွယ်ကြ၏။ ဤအကြောင်းကြောင့် သင်တို့သည် ဘုရားသခင်ကို ယုံကြည်သူများမဟုတ်၊ ခရစ်တော်ကို ဆန့်ကျင်တိုက်ခိုက်သည့် ကြံရာပါလူတစ်စုဖြစ်၏ဟု ငါဆို၏။ တစ်ပါးသူများကို ကြင်နာမှုပြသသောသူများပင်လျှင် ကျေးဇူးဆပ် ခံရသည်၊ သို့သော် သင်တို့အကြားတွင် ထိုသို့သောအမှုကို ဆောင်ရွက်ခဲ့သည့် ခရစ်တော်ကမူ လူသား၏ ချစ်ခြင်းကိုလည်းမရ၊ သူ၏ တုံ့ပြန်မှုဆုလာဘ်နှင့် ကျိုးနွံနာခံမှုကိုလည်း မရခဲ့ပေ။ ဤသည်မှာ ကြေကွဲဖွယ်ကောင်းသော အရာတစ်ခုမဟုတ်သလော။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ခရစ်တော်နှင့် သဟဇာတမဖြစ်သောသူများသည် အကယ်စင်စစ် ဘုရားသခင်၏ ရန်ဘက်များဖြစ်ကြသည်

ယနေ့ လူ့ဇာတိခံ ဘုရားသခင် ရယူချင်သော လူစုမှာ သူ၏ အလိုနှင့်ကိုက်ညီသောသူများ ဖြစ်သည်။ ၎င်းတို့သည် သူ၏ အမှုကို ကျိုးနွံနာခံဖို့နှင့် မရေရာမှုတွင် အသက်ရှင်ရင်းနှင့် အမှုအရာများကို လူ့ဇာတိ၌ရှိသည့် ဘုရားသခင်အတွက် ခက်ခဲစေရင်း၊ ကောင်းကင်ဘုံရှိ ဘုရားသခင်၏ စိတ်ကူးများကို စဉ်ဆက်မပြတ် စိတ်ဝင်စားခြင်းအား ရပ်တန့်ဖို့သာ လိုအပ်ပေသည်။ သူ့ကိုနာခံနိုင်သောသူများသည် သူ့နှုတ်ကပတ်တော်များကို အကြွင်းမဲ့ နားထောင်သူများနှင့် သူ့အစီအစဉ်များကို ကျိုးနွံနာခံသောသူများ ဖြစ်သည်။ ထိုသို့သော လူများသည် ကောင်းကင်ဘုံရှိဘုရားသခင်သည် မည်သည့်အရာနှင့် အမှန်တကယ်တူမည် သို့မဟုတ် ကောင်းကင်ဘုံရှိဘုရားသခင်သည် လူသားမျိုးနွယ်အလယ်တွင် လတ်တလော မည်သည့်အမှုမျိုး လုပ်ဆောင်နေမည်ဆိုသည်တို့ကို လုံးဝ ဂရုမထားကြပေ။ ၎င်းတို့သည် မြေကြီးပေါ်ရှိ ဘုရားသခင်အား ၎င်းတို့၏ နှလုံးသားများကို အပြည့်အဝပေးပြီး သူ၏ရှေ့မှောက်တွင် ၎င်းတို့၏ ဖြစ်တည်ခြင်း တစ်ခုလုံးကို ထားရှိကြလေသည်။ ၎င်းတို့သည် မိမိတို့ကိုယ်တိုင်၏လုံခြုံမှုကို လုံးဝ မည်သို့မျှ ထည့်သွင်းမစဉ်းစားကြသကဲ့သို့၊ လူ့ဇာတိ၌ရှိသည့် ဘုရားသခင်၏ ပုံမှန်ဖြစ်ခြင်းနှင့် လက်တွေ့ကျခြင်းတို့ကို မည်သည့်အခါမျှ ရေးကြီးခွင်ကျယ်လုပ်ခြင်း မရှိကြပေ။ လူ့ဇာတိ၌ရှိသည့် ဘုရားသခင်ကို ကျိုးနွံနာခံသောသူများသည် သူ၏ စုံလင်စေခြင်းခံရနိုင်သည်။ ကောင်းကင်ဘုံရှိဘုရားသခင်ကို ယုံကြည်သောသူများသည် မည်သည့်အရာမျှ ရရှိကြလိမ့်မည်မဟုတ်ပေ။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် လူတို့အပေါ် ကတိတော်များနှင့် ကောင်းကြီးမင်္ဂလာများ အပ်နှင်းသူမှာ ကောင်းကင်ဘုံရှိ ဘုရားသခင် မဟုတ်ဘဲ မြေကြီးပေါ်ရှိဘုရားသခင် ဖြစ်သောကြောင့် ဖြစ်သည်။ လူတို့သည် မြေကြီးပေါ်ရှိ ဘုရားသခင်ကို သာမန်လူတစ်ဦးမျှအဖြစ် မြင်နေကြစဉ်တွင်၊ ကောင်းကင်ဘုံရှိဘုရားသခင်အား အမြဲ ချဲ့ကားပြောဆိုခြင်း မပြုသင့်ပေ။ ဤသည်မှာ မတရားပေ။ ကောင်းကင်ဘုံရှိ ဘုရားသခင်သည် ကြီးမြတ်ပြီး အံ့ဩဖွယ်ကောင်းသော ဉာဏ်ပညာဖြင့် ချီးကျူးလောက်စရာဖြစ်သော်လည်း၊ ဤသည်မှာ လုံးဝ မတည်ရှိပေ။ မြေကြီးပေါ်ရှိ ဘုရားသခင်သည် အလွန်သာမန်ဖြစ်ပြီး အရေးမပါသကဲ့သို့၊ သူသည် အလွန်လည်း ပုံမှန်ဖြစ်ပေသည်။ သူသည် သာမန်ထက်လွန်ကဲသော ဉာဏ် မရှိပေ၊ သို့မဟုတ် မြေကြီးကို တုန်လှုပ်စေသော လုပ်ဆောင်မှုများ မဆောင်ရွက်ပေ။ သူသည် အလွန်ပုံမှန်ဖြစ်ကာ လက်တွေ့ကျသော နည်းလမ်းဖြင့်သာ အမှုပြုကာ စကားပြောဆိုရုံလေသည်။ သူသည် မိုးချုန်းသံမှတစ်ဆင့် စကားမပြောသော်လည်း၊ သို့မဟုတ် လေနှင့်မိုးတို့အား ခေါ်ဖိတ်ခြင်း မပြုသော်လည်း၊ သူသည် ကောင်းကင်ဘုံရှိဘုရားသခင်၏ လူ့ဇာတိခံယူခြင်း အမှန်တကယ် ဖြစ်ကာ လူသားများအလယ် အသက်ရှင်နေသည့် ဘုရားသခင် အမှန်တကယ်ဖြစ်ပေသည်။ လူတို့သည် ၎င်းတို့ လက်မခံနိုင်သကဲ့သို့ လုံးဝ စိတ်မကူးနိုင်သောသူအား နိမ့်ကျသူအဖြစ် မြင်နေစဉ်တွင်၊ ၎င်းတို့နားလည်နိုင်ပြီး ဘုရားအဖြစ် ၎င်းတို့၏ ကိုယ်ပိုင်စိတ်ကူးများနှင့် ကိုက်ညီသော သူကို ချဲ့ကားပြောဆိုခြင်း ပြုရမည်မဟုတ်။ ဤအရာအားလုံးသည် လူတို့၏ ပုန်ကန်ခြင်းမှ လာပေသည်။ ယင်းမှာ ဘုရားသခင်ကို လူသားမျိုးနွယ်၏ ခုခံခြင်း အရင်းအမြစ်သာ ဖြစ်ပေသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်အား အမှန်တကယ်ချစ်သောသူများသည် ဘုရားသခင်၏ လက်တွေ့ကျခြင်းကို အကြွင်းမဲ့ ကျိုးနွံနာခံနိုင်သောသူများ ဖြစ်သည်

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။