ဘုရားသခင်ကို နာခံသင့်သည့်နည်းလမ်းနှင့် ဘုရားသခင်ကို နာခံသင့်သည့် လက်တွေ့လုပ်ဆောင်မှု အခြေခံသဘောတရားများမှာ အဘယ်နည်း

06.12.2021

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

လူ့ဇာတိ၌ရှိသည့် ဘုရားသခင်၏ အချိန်ကာလအတောအတွင်းတွင်၊ လူများထံမှ သူလိုအပ်သော ကျိုးနွံနာခံခြင်းသည် ၎င်းတို့စိတ်ကူးသကဲ့သို့ အကဲဖြတ်ဝေဖန်ခြင်းများ သို့မဟုတ် ခုခံခြင်းများကို ရှောင်ကြဉ်ခြင်း မပါဝင်ပေ။ ယင်းထက် လူတို့အနေဖြင့် သူ၏နှုတ်ကပတ်တော်များကို အသက်ရှင်ဖို့ ၎င်းတို့၏အခြေခံသဘောတရားနှင့် ၎င်းတို့၏ ရှင်သန်မှုနှင့်ဆိုင်သည့် အခြေခံအုတ်မြစ်အဖြစ် အသုံးပြုဖို့နှင့် သူ၏ နှုတ်ကပတ်တော်များ၏ အနှစ်သာရကို လုံးဝ လက်တွေ့လုပ်ဆောင်ပြီး သူ၏အလိုကို လုံးဝ ဖြည့်ဆည်းဖို့ သူ တောင်းဆိုပေသည်။ လူ့ဇာတိခံဘုရားသခင်ကို ကျိုးနွံနာခံရန် လူတို့ လိုအပ်ခြင်း၏ ရှုထောင့်တခုသည် သူ၏နှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်ခြင်းအား ရည်ညွန်းစဉ်တွင်၊ နောက်ထပ်ရှုထောင့်တခုက သူ၏ သာမန်ဖြစ်ခြင်းနှင့် လက်တွေ့ကျခြင်းတို့ကို ကျိုးနွံနာခံနိုင်ခြင်းအား ရည်ညွှန်းပေသည်။ ဤအရာများသည် နှစ်ခုလုံး အကြွင်းမဲ့ ဖြစ်ရမည်။ ဤရှုထောင့်နှစ်ခုလုံးကို စွမ်းဆောင်ရရှိနိုင်သူများအားလုံးသည် ၎င်းတို့၏ စိတ်နှလုံးများထဲ၌ ဘုရားသခင်အတွက် စစ်မှန်သော ချစ်ခြင်းမေတ္တာ သိုထားသူများ ဖြစ်သည်။ ၎င်းတို့အားလုံးသည် ဘုရားသခင်၏ ရယူခြင်းခံရပြီးဖြစ်သော လူများဖြစ်ပြီး ၎င်းတို့အားလုံးသည် ဘုရားသခင်ကို မိမိတို့ ကိုယ်ပိုင်ဘဝကို ချစ်သကဲ့သို့ ချစ်သောသူများ ဖြစ်သည်။ လူ့ဇာတိခံ ဘုရားသခင်သည် သူ၏ အမှုတွင် ပုံမှန်နှင့် လက်တွေ့ကျသော လူ့သဘာဝကို ဆောင်လေသည်။ ဤနည်းအားဖြင့် သူ၏ ပုံမှန်ဖြစ်ပြီး လက်တွေ့လည်းကျသော လူ့သဘာဝ၏ အပြင်ဘက် ပြင်ပအလွှာသည် လူတို့အတွက် အလွန်ကြီးမားသော စမ်းသပ်မှုတခု ဖြစ်လာလေသည်။ ယင်းသည် ၎င်းတို့၏ အကြီးမားဆုံးသော အခက်အခဲ ဖြစ်လာသည်။ သို့သော် ဘုရားသခင်၏ ပုံမှန်ဖြစ်ခြင်းနှင့် လက်တွေ့ကျခြင်းတို့ကို ရှောင်လွှဲ၍မရနိုင်ပေ။ သူသည် အဖြေတခု ရှာတွေ့ရန် အရာရာတိုင်းကို ကြိုးစားခဲ့သော်လည်း၊ အဆုံးတွင် သူ၏သာမန်လူ့သဘာဝနှင့်ဆိုင်သည့် ပြင်ပအလွှာမှ မိမိကိုယ်ကိုယ် မဖယ်ရှားနိုင်ခဲ့ပေ။ အမှန်မှာမူ ဤသည်မှာ အဘယ်ကြောင့်ဆိုသော် သူသည် လူ့ဇာတိခံယူသော ဘုရားသခင် ဖြစ်ပြီး၊ ကောင်းကင်ဘုံ၌ရှိသည့် ဝိညာဉ်တော် ဘုရားမဟုတ်သောကြောင့် ဖြစ်သည်။ သူသည် လူများ မမြင်နိုင်သော ဘုရားမဟုတ်ဘဲ ဖန်ဆင်းခြင်းအနွယ်ဝင်တစ်ဦး၏ အပြင်အလွှာကို ယူတင်ဝတ်ဆင်ထားသောဘုရားသခင် ဖြစ်သည်။ ထို့ကြောင့် သူ၏ ပုံမှန်လူ့သဘာဝ အပြင်အလွှာမှ မိမိကိုယ်ကိုယ် ဖယ်ရှားခြင်းသည် လုံးဝ လွယ်ကူမည်မဟုတ်။ ထို့ကြောင့် မည့်သို့ပင်ဆိုစေကာမူ သူသည် သူ လုပ်ဆောင်လိုသောအမှုကို လူ့ဇာတိ၏ ရှုထောင့်မှ လုပ်ဆောင်ဆဲဖြစ်သည်။ ဤအမှုသည် ပုံမှန်ဖြစ်ပြီး လက်တွေ့ကျသော ဘုရားသခင်၏ ဖေါ်ပြခြင်းဖြစ်သည်၊ သို့ဆိုလျှင် ယင်းသည် လူတို့အတွက် ကျိုးနွံနာခံခြင်း မရှိဖို့မှာ အဘယ်သို့ အဆင်ပြေနိုင်မည်နည်း။ လူတို့သည် ဘုရားသခင်၏ လုပ်ဆောင်မှုများနှင့်ပတ်သက်၍ မည်သည့်အရာကို လုပ်ဆောင်နိုင်သနည်း။ သူသည် သူလုပ်ချင်သောအရာ မည်သည့်အရာကိုမဆို လုပ်ဆောင်၏။ သူ ပျော်ရွှင်ရသည့် မည်သည့်အရာမဆိုသည် ထိုနည်း၎င်းသာ ဖြစ်ကြသည်။ လူတို့သည် ကျိုးနွံနာခံခြင်းမရှိပါက၊ ၎င်းတို့ထံတွင် အားထားယုံကြည်လောက်သော အခြားမည်သည့်အစီအစဉ်များ ရှိနိုင်ကြသနည်း။ ယခုထက်ထိ ကျိုးနွံနာခံခြင်းသာ လူများကို ကယ်တင်နိုင်ပေသည်။ မည်သူမျှ အခြားထက်မြက်သည့် မည်သည့် စိတ်ကူးများမျှ မရှိကြလေပြီ။ ဘုရားသခင်သည် လူတို့အား စစ်ဆေးချင်ပါက၊ ယင်းနှင့်ပတ်သက်၍ ၎င်းတို့ မည်သည့်အရာ လုပ်ဆောင်နိုင်သနည်း။ သို့သော် ဤအရာအားလုံးသည် ကောင်းကင်ဘုံ၌ရှိသော ဘုရားသခင်က အကြံထုတ် ထားခဲ့ခြင်းမဟုတ်ပေ။ ယင်းကို လူ့ဇာတိခံဘုရားသခင်က အကြံထုတ် ထားခဲ့ခြင်း ဖြစ်သည်။ သူသည် ဤအရာကို လုပ်ဆောင်ချင်သည်၊ ထို့ကြောင့် ယင်းကို မည်သူမျှ မပြောင်းလဲနိုင်ပေ။ ကောင်းကင်ဘုံ၌ရှိသော ဘုရားသခင်သည် လူ့ဇာတိခံ ဘုရားသခင် လုပ်ဆောင်သည့်အရာကို ဝင်ရောက်စွက်ဖက်ခြင်းမရှိပေ၊ ထို့ကြောင့် ဤသည်မှာ လူများအနေဖြင့် သူ့အား ကျိုးနွံနာခံသင့်သည့် အကြောင်းရင်း ပို၍ပင် ဖြစ်သည်မဟုတ်လော။ သူသည် လက်တွေ့ကျသကဲ့သို့ ပုံမှန်လည်းဖြစ်သော်လည်း၊ သူသည် လူ့ဇာတိခံ ဘုရားသခင် လုံးဝ ဖြစ်သည်။ သူ၏ကိုယ်ပိုင် ယူဆချက်များပေါ် အခြေခံ၍ သူ လုပ်ဆောင်ချင်သည့် မည်သည့်အရာကိုမဆို သူလုပ်ဆောင်သည်။ ကောင်းကင်ဘုံရှိ ဘုရားသခင်သည် သူ့အား တာဝန်အားလုံးကို လွှဲအပ်ပြီး ဖြစ်သည်၊ သင်သည် သူလုပ်ဆောင်သည့် မည်သည့်အရာကိုမဆို ကျိုးနွံနာခံရမည်။ သူသည် လူ့သဘာဝရှိပြီး အလွန် ပုံမှန်ဖြစ်သော်လည်း၊ ဤအရာအားလုံးကို သူ တမင်သက်သက် စီစဉ်ထားပြီးဖြစ်သည်၊ ထို့ကြောင့် လူများသည် သူ့အား သဘောမတူသော မျက်လုံးပြူးကြီးများဖြင့် မည်သို့ စိန်းစိန်းဝါးဝါး ကြည့်နိုင်ကြမည်နည်း။ သူသည် ပုံမှန်ဖြစ်ချင်သောကြောင့် ပုံမှန်ဖြစ်၏။ သူသည် လူ့သဘာဝအတွင်း၌ အသက်ရှင်ချင်သောကြောင့် လူ့သဘာဝအတွင်း၌ အသက်ရှင်သည်။ သူသည် ဘုရား၏ သဘောသဘာဝအတွင်း၌ အသက်ရှင်ချင်သောကြောင့် ဘုရား၏ သဘောသဘာဝအတွင်း၌ အသက်ရှင်သည်။ လူတို့သည် ယင်းကို ၎င်းတို့မြင်ချင်သလို မြင်နိုင်သော်လည်း၊ ဘုရားသခင်သည် အမြဲ ဘုရားသခင်ဖြစ်လိမ့်မည် ဖြစ်ပြီး လူသားများသည် အမြဲ လူသားများ ဖြစ်လိမ့်မည်ဖြစ်သည်။ သူ၏အနှစ်သာရကို အရေးမပါသော အသေးစိတ် အချက်အလက် အချို့ကြောင့် ငြင်းပယ်၍မရနိုင်သကဲ့သို့၊ သေးငယ်သောအရာ တစ်ခုကြောင့် ဘုရား၏ “ဇာတိအဖြစ်တော်” ပြင်ပသို့လည်း သူ့ကို တွန်းပို့၍မရနိုင်ပေ။ လူတို့သည် လူသားများနှင့်ဆိုင်သည့် လွတ်လပ်မှုရှိပြီး ဘုရားသခင်သည် ဘုရားသခင်နှင့်ဆိုင်သည့် ဂုဏ်သိက္ခာ ရှိသည်။ ဤအရာများသည် တစ်ခုနှင့်တစ်ခု ဝင်ရောက်စွက်ဖက်မှုမရှိပေ။ လူတို့သည် ဘုရားသခင်ကို အနည်းငယ်မျှသော လွတ်လပ်မှု မပေးနိုင်သလော။ ၎င်းတို့သည် ဘုရားသခင်၏ အနည်းငယ်ပို၍ သာမန်ကာလျှံကာဖြစ်ခြင်းကို သည်းမခံနိုင်သလော။ ဘုရားသခင်နှင့်ပတ်သက်၍ တင်းကျပ်လွန်းမနေနှင့်။ အသီးသီးသည် အချင်းချင်းအတွက် သည်းခံမှု ရှိသင့်၏။ ထိုအခါ အရာအားလုံး တည်ငြိမ်သွားမည် မဟုတ်လော။ ခပ်တန်းတန်းဖြစ်ခြင်းတစ်ခုတလေ ရှိသေးသလော။ တစ်ဦးတစ်ယောက်သည် ထိုသို့အရေးမပါလှသော ကိစ္စရပ် တစ်ခုကို သည်းမခံနိုင်လျှင်၊ ၎င်းတို့သည် “ဝန်ကြီးတစ်ဦး၏ စိတ်နှလုံးသည် ရွက်လှေတစ်စီးလွှင့်ဖို့ လုံလုံလောက်လောက် ကြီးမားပေ၏။” ကဲ့သို့ အရာတစ်ခုတစ်လေပင် မည်သို့လျှင် ပြောနိုင်သနည်း။ ၎င်းတို့သည် စစ်မှန်သော လူတစ်ဦး မည်သို့ဖြစ်နိုင်သနည်း။ လူသားမျိုးနွယ်ကို အခက်အခဲ ဖြစ်စေသည်မှာ ဘုရားသခင်မဟုတ်ဘဲ ဘုရားသခင်အတွက် အခက်အခဲဖြစ်စေသည်မှာ လူသားမျိုးနွယ်ဖြစ်သည်။ ၎င်းတို့သည် အမြဲ တစ်ဆိတ်ကို တစ်အိတ်လုပ်ခြင်းအားဖြင့် အမှုအရာများကို ကိုင်တွယ်ကြသည်။ ၎င်းတို့သည် ဘာမျှမရှိခြင်းမှ တစ်စုံတစ်ခုကို အမှန်တကယ် ဖန်တီးကြပြီး ယင်းသည် အလွန် မလိုအပ်ပေ။ ဘုရားသခင်သည် ပုံမှန်ဖြစ်ပြီး လက်တွေ့ကျသော လူ့သဘာဝအတွင်း၌ အမှုပြုချိန်တွင်၊ သူလုပ်ဆောင်သောအရာသည် လူသားမျိုးနွယ်၏အလုပ်မဟုတ်ဘဲ၊ ဘုရားသခင်၏အမှု ဖြစ်သည်။ သို့သော် လူသားများသည် သူ၏ အမှု၏ အနှစ်သာရကို မမြင်ကြပေ။ ၎င်းတို့သည် သူ၏လူ့သဘာဝ၏ အပြင်ဘက် အပြင်အလွှာကိုသာ အမြဲ မြင်ကြလေသည်။ ၎င်းတို့သည် ထိုသို့သော ကြီးမြတ်သည့်အမှုကို မမြင်ဖူးကြသော်လည်း၊ ဘုရားသခင်၏သာမန်နှင့် ပုံမှန်လူ့သဘာဝကို မြင်ခြင်းငှာ မရမက တောင်းဆိုပြီး ယင်းကို လက်လွှတ်ကြလိမ့်မည် မဟုတ်ပေ။ ဤအရာကို ဘုရားသခင်၏ရှေ့တွင် ကျိုးနွံနာခံခြင်းဟု အဘယ်သို့ ခေါ်ဆိုနိုင်မည်နည်း။ ကောင်းကင်ဘုံရှိဘုရားသခင်သည် ယခု မြေကြီးပေါ်ရှိ ဘုရားသခင်အဖြစ် “ပြောင်းလဲ” သွားပြီးဖြစ်ကာ မြေကြီးပေါ်ရှိ ဘုရားသခင်သည် ယခု ကောင်းကင်ဘုံရှိ ဘုရားသခင် ဖြစ်သည်။ ၎င်းတို့၏ပြင်ပအသွင်အပြင်များသည် တူညီခြင်း ရှိ မရှိဆိုသည်မှာ အရေးမကြီးသကဲ့သို့၊ ၎င်းတို့ မည်သို့ အတိအကျ အမှုပြုကြသည်ဆိုသည်မှာလည်း အရေးမကြီးပေ။ နောက်ဆုံးတွင် ဘုရားသခင် ကိုယ်တိုင်၏အမှုကို လုပ်ဆောင်သောသူသည် ဘုရားသခင် ကိုယ်တော်တိုင် ဖြစ်သည်။ သင် လိုချင်သည်ဖြစ်စေ၊ မလိုချင်သည်ဖြစ်စေ၊ ကျိုးနွံနာခံရမည် ဖြစ်သည်- ဤသည်မှာ သင် ရွေးချယ်စရာရှိသော ကိစ္စရပ်တစ်ခု မဟုတ်ပေ။ ဘုရားသခင်ကို လူသားတို့ နာခံရမည်ဖြစ်ပြီး၊ လူသားများသည် ဘုရားသခင်အား ဟန်ဆောင်မှု စိုးစဉ်းမျှမရှိဘဲ လုံးဝနာခံရမည်ဖြစ်သည်။

ယနေ့ လူ့ဇာတိခံ ဘုရားသခင် ရယူချင်သော လူစုမှာ သူ၏ အလိုနှင့်ကိုက်ညီသောသူများ ဖြစ်သည်။ ၎င်းတို့သည် သူ၏ အမှုကို ကျိုးနွံနာခံဖို့နှင့် မရေရာမှုတွင် အသက်ရှင်ရင်းနှင့် အမှုအရာများကို လူ့ဇာတိ၌ရှိသည့် ဘုရားသခင်အတွက် ခက်ခဲစေရင်း၊ ကောင်းကင်ဘုံရှိ ဘုရားသခင်၏ စိတ်ကူးများကို စဉ်ဆက်မပြတ် စိတ်ဝင်စားခြင်းအား ရပ်တန့်ဖို့သာ လိုအပ်ပေသည်။ သူ့ကိုနာခံနိုင်သောသူများသည် သူ့နှုတ်ကပတ်တော်များကို အကြွင်းမဲ့ နားထောင်သူများနှင့် သူ့အစီအစဉ်များကို ကျိုးနွံနာခံသောသူများ ဖြစ်သည်။ ထိုသို့သော လူများသည် ကောင်းကင်ဘုံရှိဘုရားသခင်သည် မည်သည့်အရာနှင့် အမှန်တကယ်တူမည် သို့မဟုတ် ကောင်းကင်ဘုံရှိဘုရားသခင်သည် လူသားမျိုးနွယ်အလယ်တွင် လတ်တလော မည်သည့်အမှုမျိုး လုပ်ဆောင်နေမည်ဆိုသည်တို့ကို လုံးဝ ဂရုမထားကြပေ။ ၎င်းတို့သည် မြေကြီးပေါ်ရှိ ဘုရားသခင်အား ၎င်းတို့၏ နှလုံးသားများကို အပြည့်အဝပေးပြီး သူ၏ရှေ့မှောက်တွင် ၎င်းတို့၏ ဖြစ်တည်ခြင်း တစ်ခုလုံးကို ထားရှိကြလေသည်။ ၎င်းတို့သည် မိမိတို့ကိုယ်တိုင်၏လုံခြုံမှုကို လုံးဝ မည်သို့မျှ ထည့်သွင်းမစဉ်းစားကြသကဲ့သို့၊ လူ့ဇာတိ၌ရှိသည့် ဘုရားသခင်၏ ပုံမှန်ဖြစ်ခြင်းနှင့် လက်တွေ့ကျခြင်းတို့ကို မည်သည့်အခါမျှ ရေးကြီးခွင်ကျယ်လုပ်ခြင်း မရှိကြပေ။ လူ့ဇာတိ၌ရှိသည့် ဘုရားသခင်ကို ကျိုးနွံနာခံသောသူများသည် သူ၏ စုံလင်စေခြင်းခံရနိုင်သည်။ ကောင်းကင်ဘုံရှိဘုရားသခင်ကို ယုံကြည်သောသူများသည် မည်သည့်အရာမျှ ရရှိကြလိမ့်မည်မဟုတ်ပေ။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် လူတို့အပေါ် ကတိတော်များနှင့် ကောင်းကြီးမင်္ဂလာများ အပ်နှင်းသူမှာ ကောင်းကင်ဘုံရှိ ဘုရားသခင် မဟုတ်ဘဲ မြေကြီးပေါ်ရှိဘုရားသခင် ဖြစ်သောကြောင့် ဖြစ်သည်။ လူတို့သည် မြေကြီးပေါ်ရှိ ဘုရားသခင်ကို သာမန်လူတစ်ဦးမျှအဖြစ် မြင်နေကြစဉ်တွင်၊ ကောင်းကင်ဘုံရှိဘုရားသခင်အား အမြဲ ချဲ့ကားပြောဆိုခြင်း မပြုသင့်ပေ။ ဤသည်မှာ မတရားပေ။ ကောင်းကင်ဘုံရှိ ဘုရားသခင်သည် ကြီးမြတ်ပြီး အံ့ဩဖွယ်ကောင်းသော ဉာဏ်ပညာဖြင့် ချီးကျူးလောက်စရာဖြစ်သော်လည်း၊ ဤသည်မှာ လုံးဝ မတည်ရှိပေ။ မြေကြီးပေါ်ရှိ ဘုရားသခင်သည် အလွန်သာမန်ဖြစ်ပြီး အရေးမပါသကဲ့သို့၊ သူသည် အလွန်လည်း ပုံမှန်ဖြစ်ပေသည်။ သူသည် သာမန်ထက်လွန်ကဲသော ဉာဏ် မရှိပေ၊ သို့မဟုတ် မြေကြီးကို တုန်လှုပ်စေသော လုပ်ဆောင်မှုများ မဆောင်ရွက်ပေ။ သူသည် အလွန်ပုံမှန်ဖြစ်ကာ လက်တွေ့ကျသော နည်းလမ်းဖြင့်သာ အမှုပြုကာ စကားပြောဆိုရုံလေသည်။ သူသည် မိုးချုန်းသံမှတစ်ဆင့် စကားမပြောသော်လည်း၊ သို့မဟုတ် လေနှင့်မိုးတို့အား ခေါ်ဖိတ်ခြင်း မပြုသော်လည်း၊ သူသည် ကောင်းကင်ဘုံရှိဘုရားသခင်၏ လူ့ဇာတိခံယူခြင်း အမှန်တကယ် ဖြစ်ကာ လူသားများအလယ် အသက်ရှင်နေသည့် ဘုရားသခင် အမှန်တကယ်ဖြစ်ပေသည်။ လူတို့သည် ၎င်းတို့ လက်မခံနိုင်သကဲ့သို့ လုံးဝ စိတ်မကူးနိုင်သောသူအား နိမ့်ကျသူအဖြစ် မြင်နေစဉ်တွင်၊ ၎င်းတို့နားလည်နိုင်ပြီး ဘုရားအဖြစ် ၎င်းတို့၏ ကိုယ်ပိုင်စိတ်ကူးများနှင့် ကိုက်ညီသော သူကို ချဲ့ကားပြောဆိုခြင်း ပြုရမည်မဟုတ်။ ဤအရာအားလုံးသည် လူတို့၏ ပုန်ကန်ခြင်းမှ လာပေသည်။ ယင်းမှာ ဘုရားသခင်ကို လူသားမျိုးနွယ်၏ ခုခံခြင်း အရင်းအမြစ်သာ ဖြစ်ပေသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်အား အမှန်တကယ်ချစ်သောသူများသည် ဘုရားသခင်၏ လက်တွေ့ကျခြင်းကို အကြွင်းမဲ့ ကျိုးနွံနာခံနိုင်သောသူများ ဖြစ်သည်

ဘုရားသခင်၏ နှုတ်ကပတ်တော်ကို နားထောင်ခြင်းနှင့် ဘုရားသခင်၏ သတ်မှတ်ချက်များကို လိုက်နာခြင်းသည် ကောင်းကင်ဘုံက စေလွှတ်သော လူသား၏အလုပ်တာဝန်ဖြစ်သည်။ ဘုရားသခင်ပြောသည့်အရာသည် လူသား၏ အရေးကိစ္စမဟုတ်ပေ။ မည်သည့်အရာကို ဘုရားသခင်ပြောသည်ဖြစ်စေ၊ လူသားနှင့်သက်ဆိုင်၍ မည်သည့်အရာကို ဘုရားသခင်တောင်းဆိုသည်ဖြစ်စေ၊ ဘုရားသခင်၏ ကိုယ်ပိုင်လက္ခဏာ၊ အနှစ်သာရနှင့် အဆင့်အတန်းတို့သည် မပြောင်းလဲပေ- သူသည် အစဉ် ဘုရားသခင်ဖြစ်၏။ သူသည် ဘုရားသခင်ဖြစ်သည်ဟု သင်သံသယမရှိသည့်အချိန်တွင်၊ သင်၏တစ်ခုတည်းသော တာဝန်၊ သင်လုပ်ဆောင်သင့်သည့် တစ်ခုတည်းသောအရာမှာ သူပြောသည့်အရာကို နားထောင်ဖို့ ဖြစ်သည်။ ဤသည်မှာ လက်တွေ့လုပ်ဆောင်ဖို့ လမ်းကြောင်း ဖြစ်၏။ ဘုရားသခင်၏ သတ္တဝါတစ်ဦးသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မလေ့လာသင့်၊ မစိစစ်သင့်၊ မစူးစမ်းမစစ်ဆေးသင့်၊ မငြင်းပယ်သင့်၊ ဆန့်ကျင်ဘက်မပြောသင့်၊ မနာခံဘဲမနေသင့်၊ သို့မဟုတ် ငြင်းဆိုသင့်ပေ။ ဤအရာကို ဘုရားသခင် စက်ဆုပ်သကဲ့သို့ လူသားထဲတွင် သူမြင်တွေ့ရန် ဆန္ဒရှိသည့်အရာ မဟုတ်ပေ။ သို့ဆိုလျှင် လက်တွေ့လုပ်ဆောင်ခြင်း လမ်းကြောင်းမှာ အဘယ်နည်း။ ယင်းသည် အမှန်တကယ်တွင် အလွန်ရိုးရှင်း၏။ နားထောင်ဖို့ သင်ယူလော့၊ သင်၏စိတ်နှလုံးဖြင့် နားထောင်လော့၊ သင်၏စိတ်နှလုံးဖြင့် လက်ခံလော့၊ သင်၏စိတ်နှလုံးဖြင့် နားလည်ကာ သဘောပေါက်လော့၊ ထို့နောက် သင်၏စိတ်နှလုံးဖြင့် သွား၍ လုပ်ဆောင်ကာ ဆောင်ရွက်ပြီး အကောင်အထည်ဖော်လော့။ သင်၏စိတ်နှလုံးထဲတွင် သင်ကြားပြီး သဘောပေါက်သည့်အရာသည် သင်လက်တွေ့လုပ်ဆောင်သည့်အရာနှင့် နီးစပ်စွာ ဆက်စပ်၏။ နှစ်ခုကို မခွဲခြားနှင့်။ အရာရာတိုင်း- သင်လက်တွေ့လုပ်ဆောင်သည့်အရာ၊ သင်နာခံသည့်အရာ၊ သင်ကိုယ်တိုင်၏ လက်ဖြင့် သင်လုပ်ဆောင်သည့်အရာ၊ သင်အလုပ်များနေရသည့် အရာရာတိုင်းသည်- သင်၏စိတ်နှလုံးထဲတွင် သင်ကြားပြီး သဘောပေါက်သည့်အရာနှင့် ဆက်စပ်၏၊ ဤအရာတွင်၊ သင်သည် ဖန်ဆင်းရှင်၏ နှုတ်ကပတ်တော်များကို နာခံမှုအား စွမ်းဆောင်ရရှိလိမ့်မည်။ ဤသည်မှာ လက်တွေ့လုပ်ဆောင်ခြင်း လမ်းကြောင်း ဖြစ်သည်။

အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၌ “အသေးစိတ်ရှင်းလင်းချက် ၃-နောဧနှင့် အာဗြဟံတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကိုနားထောင်ခဲ့ပြီး သူ့ကို လိုက်နာခဲ့ပုံ (အပိုင်း ၂)” မှ

လူတို့သည် မိမိတို့ကိုယ်တိုင်၏ စိတ်သဘောထားများကို မပြောင်းလဲနိုင်ကြပေ။ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်း၊ ဆင်းရဲဒုက္ခနှင့် စစ်ဆေးခြင်း၊ သို့မဟုတ် ဘုရားသခင်၏ နှုတ်ကပတ်တော်၏ ကိုင်တွယ်ဖြေရှင်းခြင်း၊ ဆုံးမပဲ့ပြင်ခြင်းနှင့် ပြုပြင်ခြင်းများကို ကြုံရမည်ဖြစ်သည်။ ထို့နောက်မှသာ ၎င်းတို့သည် ဘုရားသခင်ကို နာခံခြင်းနှင့် သစ္စာရှိခြင်းတို့အား ရရှိနိုင်ပြီး၊ သူ့အပေါ် ဝတ်ကျေတမ်းကျေ မဖြစ်နိုင်တော့ပေ။ လူတို့၏ စိတ်သဘောထားများ ပြောင်းလဲသည်မှာ ဘုရား နှုတ်ကပတ်တော်များ၏ စစ်ဆေးခြင်းအောက်တွင် ဖြစ်သည်။ သူ၏ နှုတ်ကပတ်တော်များ၏ ဖော်ထုတ်ခြင်း၊ တရားစီရင်ခြင်း၊ ဆုံးမပဲ့ပြင်ခြင်းနှင့် ကိုင်တွယ်ဖြေရှင်းခြင်းတို့မှ တစ်ဆင့်သာ ၎င်းတို့သည် မဆင်မခြင် မလုပ်ဆောင်ဝံ့တော့ဘဲ၊ ယင်းအစား တည်ငြိမ်ကာ ချုပ်တည်းလာကြမည်ဖြစ်သည်။ အရေးကြီးဆုံးအချက်မှာ ၎င်းတို့သည် ဘုရားသခင်၏ မျက်မှောက်နှုတ်ကပတ်တော်နှင့် သူ၏အမှုကို နာခံနိုင်ကြပြီး ယင်းသည် လူသား၏ အယူအဆများနှင့် မကိုက်ညီလျှင်ပင်၊ ၎င်းတို့သည် ဤအယူအဆများကို ဘေးဖယ်ထားနိုင်ကြကာ လိုလားစွာ နာခံနိုင်ကြခြင်း ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ မိမိတို့၏ စိတ်သဘောထားများ ပြောင်းလဲပြီးဖြစ်သည့် လူများသည် ဘုရားသခင်၏နှုတ်ကပတ်တော်များ၏ စစ်မှန်မှုထဲသို့ ဝင်ရောက်ပြီးသောသူများ ဖြစ်သည်

လူသား၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားသည် ၎င်းတို့၏ အတွေးတိုင်းနှင့် စိတ်ကူးအတွင်းတွင်၊ ၎င်းတို့ လုပ်ရပ်တိုင်း၏ နောက်ကွယ်က ရည်ရွယ်ချက်များအတွင်းတွင် ကွယ်ဝှက်နေ၏၊ ယင်းသည် အရာရာတိုင်းအပေါ် လူသား၌ရှိသော ရှုထောင့်အမြင်အားလုံးထဲနှင့် ဘုရားသခင် လုပ်ဆောင်သမျှကို ချဉ်းကပ်ရာတွင် ၎င်းတို့ရှိကြသည့် ထင်မြင်ချက်တိုင်း၊ နားလည်မှုတိုင်း၊ ရှုထောင့်အမြင်တိုင်းနှင့် စိတ်ဆန္ဒတိုင်းအတွင်း ကွယ်ဝှက်နေ၏။ ယင်းမှာ အတွင်းထဲ၌ ကွယ်ဝှက်ထားသည်။ ထို့ပြင် ဘုရားသခင်သည် မည်သည့်အရာပြုလုပ်သနည်း။ ဘုရားသခင်သည် လူသား၏ ဤအရာများကို မည်သို့ ချဉ်းကပ်သနည်း။ သင့်ကို ထုတ်ဖော်ပြဖို့ရန် အခြေအနေများကို သူ စီစဉ်၏။ သင့်ကို ထုတ်ဖော်ပြရုံသာမက၊ သင့်ကို တရားလည်း သူ စီရင်မည်ဖြစ်သည်။ သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို သင်ထုတ်ဖော်ပြသည့်အခါ၊ ဘုရားသခင်ကို အာခံသည့် အတွေးများနှင့် စိတ်ကူးများ သင်ရှိသည့်အခါ၊ ဘုရားသခင်နှင့် ပြိုင်ဆိုင်သည့် အခြေအနေများနှင့် ရှုထောင့်အမြင်များ သင် ရှိသည့်အခါ၊ ဘုရားသခင်ကို သင်နားလည်မှုလွဲသည့်၊ သို့မဟုတ် သူ့ကို အာခံပြီး ဆန့်ကျင်သည့် အခြေအနေများ သင်ရှိသည့်အခါ၊ ဘုရားသခင်သည် သင့်ကို ပြစ်တင်မောင်းမဲမည်၊ သင့်ကို တရားစီရင်ပြီး ပြစ်တင်ဆုံးမည်၊ ပြီးလျှင် တစ်ခါတစ်ရံ သင့်ကို သူ အပြစ်ပင်ပေးပြီး ပဲ့ပြင်ဆုံးမလိမ့်မည်။ သင့်ကို ပဲ့ပြင်ဆုံးမခြင်း၏ ရည်ရွယ်ချက်မှာ အဘယ်နည်း။ ယင်းမှာ သင် ပြုလုပ်သည့်အရာသည် မှားယွင်းကြောင်း သင့်ကို နားလည်စေရန်ဖြစ်သည်။ “ငါစဥ်းစားခဲ့တဲ့အရာတွေဟာ လူသားရဲ့ အယူအဆများဖြစ်ပြီး အဲဒါတွေဟာ မှားယွင်းခဲ့တယ်။ ငါ့ရဲ့ ရည်ရွယ်ချက်ဟာ စာတန်ဆီက၊ လူ့အလိုဆန္ဒထဲက လာခဲ့တာဖြစ်ပြီး အဲဒါက ဘုရားသခင်ကို ကိုယ်စားမပြုခဲ့ဘူး။ အဲဒါဟာ ဘုရားသခင်နဲ့ သဟဇာတမဖြစ်သလို ဘုရားသခင်ရဲ့ အလိုတော်ကို မဖြည့်ဆည်းနိုင်ခဲ့ဘူး။ အဲဒါကို ဘုရားသခင် စက်ဆုပ်တယ်၊ မုန်းတီးတယ်၊ ပြီးတော့ အဲဒါက သူ့ကို ဒေါသထွက်စေတာ အဲဒါကို သူ ကျိန်ဆဲတဲ့အထိအောင်ပဲ။ ငါ့ရဲ့ရည်ရွယ်ချက်ကို ငါပြောင်းလဲရမယ်။” ယင်းကို သင် မည်သို့ ပြောင်းလဲနိုင်သနည်း။ ပထမဦးစွာ၊ သင့်ကို ဘုရားသခင် ဆက်ဆံသည့် နည်းလမ်းနှင့် သင့်အတွက် သူ စီစဉ်သည့် ပတ်ဝန်းကျင်များ၊ လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများကို သင် နာခံရမည်။ သင်သည် နာခံမှုရှိရမည်ဖြစ်ပြီး အရာရာတိုင်းတွင် အပြစ်အနာအဆာ မရှာဖွေသင့်၊ ဓမ္မဓိဋ္ဌာန်ကျသော အကြောင်းရင်းများကို မရှာနှင့်၊ ပြီးလျှင် သင်၏ တာဝန်များကို ခေါင်းမရှောင်နှင့်။ ဤအရာအပြင်၊ ဘုရားသခင် လုပ်ဆောင်နေသည့် အရာထဲတွင် မည်သည့်သမ္မာတရားများကို သင် လက်တွေ့လုပ်ဆောင်သင့်ပြီး ဝင်ရောက်သင့်သည်ကို သင် ရှာဖွေဖို့လိုသည်။ ဤသည်မှာ ဘုရားသခင် သင့်ကို နားလည်စေလိုသည့်အရာ ဖြစ်သည်။ သင့်အတွက် ဘုရားသခင် စီစဉ်ပေးသည့် အခြေအနေများအပေါ် သင် နာခံမှုရှိနိုင်ဖို့ရန်နှင့် နောက်ဆုံးတွင် သူ၏ အလိုတော်နှင့်အညီ သူတောင်းဆိုသည့်အရာကို သင် လက်တွေ့လုပ်ဆောင်နိုင်ပြီး ဘုရားသခင်၏ အလိုတော်ကို ဖြည့်ဆည်းနိုင်စေဖို့ရန်၊ သူသည် သင့်ကို သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများနှင့် စာတန်ဆန်သည့် အနှစ်သာရတို့အား သတိပြုမိစေချင်သည်။ ဤသို့ဆိုလျှင် အတွေ့အကြုံဆိုးကြီးကို သင် ကျော်ဖြတ်ပြီးဖြစ်လိမ့်မည်။ ခုခံခြင်းနှင့် ဆန့်ကျင်ခြင်းတို့ကို သင်ရပ်တန့်လိုက်သည်နှင့်တစ်ပြိုင်နက်၊ ဤအရာများကို မည်သည့်အရာဖြင့် မကြာမီ အစားထိုးခံရသနည်း။ သင်သည် နာခံနိုင်ပြီး မငြင်းတော့ပေ။ ဘုရားသခင်က၊ “အချင်းစာတန်၊ ငါ့နောက်သို့ဆုတ်လော့” ဟု ပြောသည့်အခါ၊ သင်က၊ “ဘုရားသခင်က ကျွန်ုပ်ကို စာတန်ဟု ပြောပါက၊ ကျွန်ုပ်သည် စာတန်ဖြစ်၏။ ကျွန်ုပ် မည်သည့်အရာကို အမှားလုပ်မိသည်၊ သို့မဟုတ် ကျွန်ုပ်စာတန်ဖြစ်သည်ဟု ဘုရားသခင် အဘယ်ကြောင့်ပြောသည်ကို ကျွန်ုပ်နားမလည်သော်လည်း၊ သူကျွန်ုပ်ကို နောက်ဆုတ်စေရန် ဆန္ဒရှိပါက၊ ကျွန်ုပ်တုံ့ဆိုင်းမည်မဟုတ်ပါ။ ဘုရားသခင်၏ အလိုတော်ကို ကျွန်ုပ်ရှာဖွေရမည်” ဟု ပြန်ပြောလိမ့်မည်။ သင့်လုပ်ရပ်များ၏ သဘာဝမှာ ဆိုးယုတ်သည်ဟု ဘုရားသခင်ပြောသည့်အခါ၊ သင်က၊ “ဘုရားသခင်ပြောသည့် မည်သည့်အရာကိုမဆို ကျွန်ုပ်အသိအမှတ်ပြု၏၊ ကျွန်ုပ်အားလုံးလက်ခံသည်” ဟု သင်ပြောသည်။ ဤသည်မှာ မည်သည့်သဘောထား ဖြစ်သနည်း။ ဤသည်မှာ နာခံမှုဖြစ်သည်။ သင်သည် နတ်ဆိုး စာတန်ဖြစ်သည်ဟု ဘုရားသခင်ပြောခြင်းကို အင်တင်တင်ဖြင့် သင်လက်ခံနိုင်သော်လည်း သင်သည် သားရဲတစ်ကောင်ဖြစ်သည်ဟု သူပြောချိန်တွင် ယင်းကို သင် လက်မခံနိုင်သကဲ့သို့- နာခံနိုင်စွမ်းမရှိသည့်အခါတွင် ယင်းသည် နာခံမှုလော။ နာခံမှုဆိုသည်မှာ အကြွင်းမဲ့ လေးစားလိုက်နာခြင်း၊ လက်ခံခြင်းဖြစ်သည်၊ ငြင်းခုံခြင်းမဟုတ်သကဲ့သို့ သတ်မှတ်ချက်များကို ချမှတ်ခြင်း မဟုတ်ပေ။ ယင်းမှာ ဓမ္မဓိဋ္ဌာန်ကျသော အကြောင်းရင်းများကို ပဓာနမထားဘဲ၊ အကြောင်းတရားနှင့် အကျိုးတရားကို မစိစစ်ခြင်းနှင့် လက်ခံခြင်းကိုသာ စိတ်ဝင်စားခြင်းဖြစ်သည်ဟု ဆိုလိုသည်။ လူတို့သည် ဤသို့သော နာခံမှုကို ရရှိပြီးသည့်အချိန်တွင်၊ ၎င်းတို့သည် ဘုရားသခင်၌ စစ်မှန်သော ယုံကြည်ခြင်းနှင့် နီးစပ်လေသည်။ ဘုရားသခင် သာ၍ ဆောင်ရွက်လေ၊ အရာအားလုံးကို ဘုရားသခင် အုပ်စိုးသည်ဆိုသည့် သင်၏အသိစိတ်က သာ၍ ကြီးမားလေလေ ဖြစ်ပြီးနောက်၊ “ဘုရားသခင် လုပ်ဆောင်သမျှတိုင်းသည် ကောင်းမြတ်၏၊ မည်သည့်အရာမျှ မဆိုးပါ။ ငါသည် စံရွေးရမည်မဟုတ်ဘဲ နာခံသင့်သည်။ ငါ၏တာဝန်၊ ငါ၏ဝတ္တရား၊ ငါ၏အလုပ်- ယင်းမှာ နာခံဖို့ ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်၏ သတ္တဝါတစ်ဦးအဖြစ် ငါလုပ်ဆောင်သင့်သည့်အရာ ဖြစ်သည်။ ဘုရားသခင်ကိုပင် ငါမနာခံနိုင်ပါက၊ ငါသည် မည်သည့်အရာ ဖြစ်သနည်း။ ငါသည် သားရဲတစ်ကောင်ဖြစ်သည်၊ နတ်ဆိုးဖြစ်သည်” ဟု သင် သာ၍ ခံစားရလိမ့်မည်။ ဤအရာက ယခု သင်၌ စစ်မှန်သော ယုံကြည်ခြင်း ရှိသည်ဟု ပြသသည် မဟုတ်လော။ ဤအဆင့်ထိ သင်ရောက်ရှိပြီးသည်နှင့်တစ်ပြိုင်နက်၊ သင်၌ အစွန်းအထင်းရှိလိမ့်မည်မဟုတ်သကဲ့သို့၊ ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုများကို ကျိုးနွံနာခံဖို့လည်း သင့်အတွက် လွယ်ကူလိမ့်မည်ဖြစ်၏- ထို့နောက် သင့်ကို ကောင်းချီးပေးဖို့ ဘုရားသခင်အတွက် လွယ်ကူလိမ့်မည် မဟုတ်လော။ ထို့ကြောင့်၊ နာခံခြင်းမှ သင်ယူရမည့် သင်ခန်းစာများစွာ ရှိ၏။

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ“စစ်မှန်စွာနာခံမှသာလျှင် စစ်မှန်သောယုံကြည်ခြင်း ရှိနိုင်သည်” မှ

အဖန်ဆင်းခံ သတ္တဝါတစ်ဦးက သူ၏ဖန်ဆင်းရှင်အဖို့ ရှိသင့်သည့် တစ်ခုတည်းသော သဘောထားမှာ အကြွင်းမဲ့နာခံခြင်းတစ်ခု ဖြစ်သည့် နာခံခြင်းတစ်ခု ဖြစ်သည်။ ဤသည်မှာ ယနေ့လူအချို့ လက်ခံကောင်း လက်ခံနိုင်ခြင်း မရှိသည့် အရာတစ်ခု ဖြစ်သည်။ ဤသည်မှာ လူ၏ဝိညာဉ်ရင့်ကျက်မှုသည် အလွန်နုနယ်ပြီး ၎င်းတို့သည် သမ္မာတရား စစ်မှန်မှု မရှိသောကြောင့် ဖြစ်သည်။ ဤသည်က သင်၏အခြေအနေကို ဖော်ပြပါက၊ သင်သည် ဘုရားသခင်ကို နာခံနိုင်ခြင်းမှ အလှမ်းဝေးပေသည်။ လူသားသည် ဘုရားသခင်၏နှုတ်ကပတ်တော်များအားဖြင့် ထောက်ပံ့ခံရပြီး ရေလောင်းခံရစဉ်တွင်၊ လူသားသည် အမှန်အားဖြင့် တစ်ခုတည်းသောအရာကို ပြင်ဆင်နေပေသည်။ ယင်းမှာ နောက်ဆုံးတွင် ဘုရားသခင်ကို အကြွင်းမဲ့၊ လုံးဝ ကျိုးနွံနာခံမှုတစ်ခုကို စွမ်းဆောင်ရရှိနိုင်ရန် ဖြစ်သည်၊ ယင်းအခြေအနေတွင် ဤဖန်ဆင်းခြင်းဖြစ်သည့် သင်သည် သတ်မှတ်ထားသည့် စံနှုန်းကို ရောက်ရှိပြီးဖြစ်လိမ့်မည်။ တစ်ခါတစ်ရံတွင် ဘုရားသခင်သည် သင်၏အယူအဆများနှင့် မကိုက်ညီသည့်၊ သင် လိုချင်သည့်အရာကို ဆန့်ကျင်သည့်၊ သို့မဟုတ် အခြေခံသဘောတရားများနှင့်ပင် ဆန့်ကျင်ပုံရသည့်၊ သို့မဟုတ် လူ့ခံစားချက်များ၊ လူ့သဘာဝ သို့မဟုတ် သဘောထားများနှင့် ဆန့်ကျင်ပုံရသည့် အရာများကို တမင်တကာ လုပ်ဆောင်၍ သင့်အား ယင်းတို့ကို လက်မခံနိုင်ဖြစ်စေကာ နားမလည်နိုင် ဖြစ်စေရစ်သည်။ ယင်းကို မည်သည့်နည်းလမ်းဖြင့်မဆို သင် ကြည့်သည်ဖြစ်စေ၊ ယင်းသည် မှန်ကန်ပုံမရပေ၊ ယင်းကို သင် လက်မခံကို လက်မခံနိုင်ဘဲ၊ သူ လုပ်ဆောင်ပြီးသည့်အရာသည် တကယ်ကို ယုတ္တိမတန်ဟု သင် ခံစားရသည်။ သို့ဆိုလျှင် ဤအရာများကို လုပ်ဆောင်ခြင်းတွင် ဘုရားသခင်၏ ရည်ရွယ်ချက်မှာ အဘယ်နည်း။ ယင်းသည် သင့်ကို စစ်ဆေးရန် ဖြစ်သည်။ သင်သည် ဘုရားသခင် လုပ်ဆောင်ပြီးဖြစ်သည့် အရာနှင့် သက်ဆိုင်၍ လုပ်ဆောင်ပုံများနှင့် အကြောင်းပြချက်များအား ဆွေးနွေးဖို့ မလိုအပ်ပေ။ သင် လုပ်ဆောင်ဖို့ လိုအပ်သမျှမှာ သူသည် သမ္မာတရားဖြစ်သည်ဆိုသည့် သင်၏ ယုံကြည်ခြင်းကို ထိန်းသိမ်းဖို့နှင့် သူသည် သင်၏ ဖန်ဆင်းရှင်ဖြစ်သည်၊ သင်၏ ဘုရားသခင်ဖြစ်သည်ဆိုသည်ကို သတိပြုဖို့ ဖြစ်သည်။ ဤသည်မှာ သမ္မာတရားအားလုံးထက် မြင့်မားသည်၊ လောကီ ဉာဏ်ပညာအားလုံးထက်၊ လူသား၏ ကိုယ်ကျင့်တရား၊ လူ့ကျင့်ဝတ်များ၊ အသိပညာ၊ ပညာရေး၊ အတွေးအခေါ် သို့မဟုတ် ရိုးရာ ယဉ်ကျေးမှုဆိုသည့် အရာများထက် မြင့်မားပြီး ယင်းသည် ချစ်ခင်မှု သို့မဟုတ် ရဲဘော်ရဲဘက်စိတ် သို့မဟုတ် လူတို့ကြားက ချစ်ခြင်းမေတ္တာဟု ခေါ်ဆိုသောအရာထက်ပင် သာ၍ မြင့်မား၏၊ ယင်းသည် အခြားမည်သည့်အရာမဆိုထက် လုံးဝ သာ၍ မြင့်မားပေသည်။ ဤအရာကို သင် နားမလည်နိုင်ပါက၊ အနှေးနှင့်အမြန်၊ သင်၌ တစ်စုံတစ်ရာ ဖြစ်ပျက်သည့်အခါ၊ နောက်ဆုံး နောင်တရခြင်းနှင့် ဘုရားသခင်၏ ချစ်ဖွယ်ကောင်းခြင်းကို သတိပြုမိခြင်း၊ ပြီးလျှင် သင့်အပေါ် ဘုရားသခင်ဆောင်ရွက်သည့် အမှု၏ အဓိပ္ပာယ်ကို သတိပြုမိခြင်းမတိုင်မီ၊ ဘုရားသခင်ကို သင် ပုန်ကန်ပြီး လမ်းလွဲသွားဖွယ်ရှိပေသည်၊ သို့မဟုတ် သာ၍ ဆိုးသည်မှာ၊ သင်သည် ယင်းကြောင့် ခလုတ်တိုက်မိကာ လဲကျကောင်း လဲကျနိုင်သည်။ ဘုရားသခင် သင့်ကို တရားစီရင်သည်မှာ ထိတ်လန့်ဖွယ်ရာ ဖြစ်မည်မဟုတ်သကဲ့သို့၊ ဘုရားသခင် သင့်ကို ကျိန်ဆဲသည်၊ သို့မဟုတ် သင့်ကို ပြစ်တင်ဆုံးမသည်မှာလည်း ထိတ်လန့်ဖွယ်ရာ ဖြစ်မည်မဟုတ်ပေ- သို့ဆိုလျှင် မည်သည့်အရာသည် ထိတ်လန့်ဖွယ်ရာ ဖြစ်မည်နည်း။ သူက၊ “သင်ကဲ့သို့သော လူတစ်ဦးကို ငါကယ်တင်မည်မဟုတ်။ ငါလက်လျှော့သည်” ဟု ပြောပါက ထိတ်လန့်ဖွယ်ရာ ဖြစ်ပေမည်။ ထိုသို့ဆိုလျှင် သင်သည် ကိစ္စတုံးပေပြီ။ ထို့ကြောင့်၊ လူတို့သည် “ဤနှုတ်ကပတ်တော်များသည်- တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့သည်- အဆင်ပြေသည်၊ သို့သော် ဤနှုတ်ကပတ်တော်များက- ကျိန်ဆဲခြင်း၊ ဖျက်ဆီးခြင်း၊ ရှုတ်ချခြင်းတို့က- ကျွန်ုပ်၏ အဆုံးသတ်ကို ဆိုလိုမည် မဟုတ်ပါလား။ ယင်းနောက်တွင် ကျွန်ုပ်သည် မည်သည့်ဖန်ဆင်းခံသတ္တဝါမျိုး ဖြစ်နိုင်မည်နည်း။ ကောင်းပြီ၊ ကျွန်ုပ်ထွက်သည်။ ကိုယ်တော်သည် ရှေ့ဆက်တိုးပြီး ကျွန်ုပ်၏ဘုရားသခင် မဖြစ်၍လည်း ရသည်” ဟု ပြောရင်း ချစ်တီးခေါင်းသန်းရှာ မလုပ်သင့်ပေ။ သင်သည် သက်သေခံရပ်တည်ခြင်းမရှိဘဲ၊ ဘုရားသခင်ကို စွန့်ပစ်ဖို့ ဆုံးဖြတ်ပါက၊ သူသည် သင့်ကို မလိုတော့ဟု အမှန်တကယ် ဆုံးဖြတ်ကောင်း ဆုံးဖြတ်ပေမည်။ ယခင်က ဤအရာကို သင် စဉ်းစားပြီးပြီလော။ ဘုရားသခင်ကို လူတစ်ဦးက မည်မျှကြာကြာ ယုံကြည်ပြီးဖြစ်သည်၊ ၎င်းတို့ လမ်းခရီးတစ်လျှောက် မည်မျှရှည်ရှည် ခရီးသွားပြီးဖြစ်သည်၊ အလုပ်မည်မျှများများ ၎င်းတို့ လုပ်ဆောင်ပြီးကာ၊ တာဝန်များ မည်မျှများများ ၎င်းတို့ ထမ်းဆောင်ပြီးသည်ဆိုသည်တို့ကို ပဓာနမထားဘဲ၊ ဤအချိန်ကာလသည် ၎င်းတို့ကို- သင့်အနေဖြင့် ဘုရားသခင်ကို အကြွင်းမဲ့၊ လုံးဝ ကျိုးနွံနာခံခြင်းကို စွမ်းဆောင်ရရှိနိုင်ဖို့- တစ်ခုတည်းသောအရာအတွက်သာ ပြင်ဆင်နေခဲ့ခြင်းဖြစ်သည်။ သို့ဆိုလျှင် “အကြွင်းမဲ့” ဆိုသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ ယင်းက သင်၏ ကိုယ်ရေးကိုယ်တာ ကျိုးကြောင်းပြချက်များကို မသိကျိုးကျွန်ပြုခြင်း၊ သင်၏ ဓမ္မဓိဋ္ဌာန်ကျသော တွေးခေါ်မြော်မြင်မှုကို မသိကျိုးကျွန်ပြုခြင်းနှင့် မည်သည့်အရာပေါ်မျှ မငြင်းခုံခြင်းကို ဆိုလိုသည်- သင်သည် အဖန်ဆင်းခံ သတ္တဝါတစ်ဦး ဖြစ်ပြီး သင်သည် တန်ဖိုးမရှိပေ။ သင်သည် ဘုရားသခင်နှင့် ငြင်းခုံသည့်အခါ၊ သင်သည် မှားယွင်းသော အနေအထားတွင် ရှိပေသည်။ ဘုရားသခင်အား သင့်ကိုယ်သင် မှန်ကန်ကြောင်းပြဖို့ ကြိုးပမ်းသည့်အခါ၊ နောက်တစ်ဖန်၊ သင်သည် မှားယွင်းသော အနေအထားတွင် ရှိပြန်၏။ သင်သည် ဘုရားသခင်နှင့် ငြင်းခုံသောအခါ၊ မည်သည့်အရာ အမှန်တကယ် ဖြစ်ပျက်နေသည်ကို နားလည်သဘောပေါက်ရန် အဘယ်ကြောင့် ဆိုသည့် အကြောင်းရင်းကို သင် မေးလိုသည့်အခါ၊ ပထမဦးစွာ သိနားလည်မှုမရှိဘဲ သင် မနာခံနိုင်သကဲ့သို့ သင့်အဖို့ အရာရာ ရှင်းလင်းသွားသောအခါမှသာ သင် ကျိုးနွံနာခံပါက၊ သင်သည် နောက်တစ်ဖန် မှားယွင်းသော အနေအထားတွင် ရှိပြန်ပေသည်။ သင်ရှိသည့် အနေအထားသည် မှားယွင်းသည့်အခါ၊ ဘုရားသခင်ကို သင်၏ နာခံခြင်းသည် အကြွင်းမဲ့ ဖြစ်သလော။ သင်သည် ဘုရားသခင်၏ စိတ်ထဲ၌ အဖန်ဆင်းခံတစ်ဦး ဟုတ်သလော၊ မဟုတ်သလော။ သင်သည် ဘုရားသခင်ကို သူ အဆက်ဆံခံရသင့်သည်အတိုင်း ဆက်ဆံနေသလော။ သင်သည် သူ့အား ဖန်ဆင်းခြင်းအားလုံး၏ သခင်အဖြစ် ကိုးကွယ်သလော။ မဟုတ်၊ ထိုသို့ သင် ဆက်ဆံမနေပေ၊ ထိုကဲ့သို့ဖြစ်ခဲ့လျှင် ဘုရားသခင်သည် သင့်ကို အသိအမှတ်မပြုပေ။ မည်သည့်အရာက သင့်ကို ဘုရားသခင်အား လုံးဝ၊ အကြွင်းမဲ့ နာခံမှုကို စွမ်းဆောင်ရရှိစေနိုင်သနည်း။ ဤအရာကို မည်သို့ တွေ့ကြုံခံစားနိုင်သနည်း။ တစ်ဖက်တွင်၊ အသိတရားနှင့် ပုံမှန်လူ့သဘာဝနှင့်ဆိုင်သောအသိစိတ် အနည်းငယ် လိုအပ်သည်။ အခြားတစ်ဖက်တွင်၊ သင်၏ တာဝန်များကို သင် ဖြည့်ဆည်းသည်နှင့်အမျှ၊ ဘုရားသခင်၏ အလိုကို သင် နားလည်နိုင်ဖို့အလို့ငှာ သမ္မာတရား၏ ရှုထောင့်တစ်ခုစီတိုင်းကို နားလည်ရမည်။ တစ်ခါတစ်ရံ၊ လူသား၏ အရည်အချင်း မပြည့်မီသကဲ့သို့၊ သမ္မာတရားအားလုံးကို နားလည်ဖို့ လူသား၌ အစွမ်းအစ သို့မဟုတ် အားအင် မရှိချေ။ သို့သော် တစ်ခုရှိ၏- သင့်အပေါ် ကျရောက်ပြီး ဘုရားသခင်က စီစဉ်ထားသည့် ပတ်ဝန်းကျင်၊ လူများ၊ အဖြစ်အပျက်များနှင့် အမှုအရာများကို ပဓာနမထားဘဲ၊ သင်သည် နာခံတတ်သော သဘောထားတစ်ခု အမြဲ ရှိရမည်ဖြစ်ပြီး အကြောင်းရင်းကို မမေးနှင့်- သင်၌ ဤသဘောထားကို ထားရှိနိုင်ခြင်း မရှိလျှင်ပင်၊ ပြီးလျှင် သင်သည် ဘုရားသခင်ကို သတိထားခြင်း၊ ဘုရားသခင်နှင့် ပတ်သက်၍ ထင်ကြေးပေးခြင်း သို့တည်းမဟုတ် “ဘုရားသခင် လုပ်ဆောင်နေသည့်အရာက အမှန်တကယ် ဖြောင့်မတ်သည် မဖြောင့်မတ်သည်ကို ကျွန်ုပ် စဉ်းစားရမည်။ သူတို့က ဘုရားသခင်သည် ချစ်ခြင်းမေတ္တာဖြစ်သည်ဟု ပြောကြသည်၊ ကဲ၊ ကျွန်ုပ်နှင့်ပတ်သက်၍ သူ လုပ်ဆောင်နေသောအရာတွင် ချစ်ခြင်းမေတ္တာ ရှိမရှိဆိုသည်နှင့် ဤအရာက အမှန်တကယ် ချစ်ခြင်းမေတ္တာ ဟုတ်၊ မဟုတ် ဆိုသည်တို့ကို ကြည့်ကြစို့” ဟု သင့်ဘာသာ တွေးသည်အထိပင် လုပ်ဆောင်နိုင်စွမ်းရှိပါက၊ ဘုရားသခင် လုပ်ဆောင်နေသည့်အရာက သင်၏အယူအဆများနှင့် ကိုက်ညီခြင်း ရှိမရှိ သင်အမြဲဆန်းစစ်နေပါက၊ ဘုရားသခင် လုပ်ဆောင်နေသည့်အရာက သင်ကြိုက်နှစ်သက်သည့်အရာ ဟုတ်မဟုတ်၊ သို့မဟုတ် ယင်းသည် သမ္မာတရားအဖြစ် သင် ယုံကြည်သည့်အရာကို လိုက်နာခြင်း ရှိမရှိဆိုသည်ကိုပင် သင်ကြည့်နေပါက၊ သင်၏ အနေအထားသည် မှားယွင်းပြီး ဤအရာက သင့်ကို ဒုက္ခရောက်စေလိမ့်မည်၊ ပြီးလျှင် သင်သည် ဘုရားသခင်၏ စိတ်သဘောထားကို ပုန်ကန်ပြစ်မှားနိုင်ချေ ရှိလိမ့်မည်။

အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၌ “၎င်းတို့သည် အခြားသူများအား သမ္မာတရားသို့မဟုတ် ဘုရာသခင်ကို မနာခံစေဘဲ၊ ၎င်းတို့ကိုသာ နာခံစေသည် (၂)” မှ

ကျိုးနွံနာခံခြင်း သဘောထား၏ လက်တွေ့ကျသော ဘက်သည့် မည်သည့်အရာနည်း။ ယင်းမှာ ဤသို့ဖြစ်သည်- သင်သည် မိမိကိုယ်ကိုယ် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်ခံစေရမည်။ သင်၏ အသက်ဝင်ရောက်မှုသည် ပေါ့တန်ပြီး သင်သည် ဝိညာဉ်ရင့်ကျက်မှု စွမ်းဆောင်မရရှိသေးသကဲ့သို့ သမ္မာတရား စစ်မှန်မှုနှင့်ဆိုင်သော သင်၏ အသိပညာသည် လုံလောက်အောင် မနက်ရှိုင်းဘဲ၊ ထိုသို့သော အခြေအနေများတွင်ပင် သင်သည် ဘုရားသခင်နောက် လိုက်နိုင်ဆဲဖြစ်ပြီး သူ့ကို ကျိုးနွံနာခံနိုင်ဆဲ‌ဖြစ်ပါက၊ ယင်းမှာ ထားရမည့်သဘောထား ဖြစ်၏။ အကြွင်းမဲ့ ကျိုးနွံနာခံခြင်းကို သင် စွမ်းဆောင်မရရှိနိုင်မီ၊ သင်သည် ကျိုးနွံနာခံခြင်း သဘောထားတစ်ခုကို ပထမဦးဆုံး ခံယူရမည်၊ ယင်းသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များ မှန်ကန်သည်ဟု လက်ခံခြင်း၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သမ္မာတရားအဖြစ်၊ ပြီးလျှင် လက်တွေ့လုပ်ဆောင်ခြင်း အခြေခံသဘောတရားအဖြစ် သဘောထားခြင်းနှင့် အခြေခံသဘောတရားများကို ကောင်းစွာ သဘောပေါက်ခြင်း မရှိသည့်အချိန်တွင်ပင် ယင်းတို့ကို စည်းမျဉ်းများအဖြစ် ထိန်းသိမ်းနိုင်ခြင်း သဘောထားတစ်ခု ဖြစ်သည်။ ယင်းသည် သဘောထားတစ်မျိုး ဖြစ်၏။ ယခုတွင် သင်၏ စိတ်သဘောထားသည် မပြောင်းလဲသေးသောကြောင့်၊ ဤအရာကို သင်စွမ်းဆောင်ရရှိနိုင်ခြင်းနှင့် ဘုရားသခင်အဖို့ ထိုသို့သော သဘောထားတစ်ခုနှင့် ထိုသို့သော စိတ်နေစိတ်ထားတစ်ခု ရှိပုံရနိုင်ခြင်းနှင့် “ဘုရားသခင် မည်သည့်အရာ လုပ်ဆောင်သည်ကို ကျွန်ုပ် ဂရုမစိုက်သကဲ့သို့ သမ္မာတရား များစွာကို ကျွန်ုပ် နားမလည်ပါ။ ကျွန်ုပ် သိသမျှမှာ ဘုရားသခင် ကျွန်ုပ်အား လုပ်ဆောင်ဖို့ ပြောသမျှကို ကျွန်ုပ် လုပ်ဆောင်ခြင်း ဖြစ်သည်။ ကျွန်ုပ်အား ဘုရားသခင် ပြောသည့်အရာကို စစ်ဆေးရာတွင် ကူညီဖို့ လှည့်ကွက်တစ်စုံ ကျွန်ုပ်တွင် မရှိသကဲ့သို့ ယင်းသည် ကျွန်ုပ် လုပ်ဆောင်သင့်သည့်အရာ မဟုတ်ပါ” ဟု ပြောနိုင်ခြင်း၊ ယင်းသည် ကျိုးနွံနာခံသော စိတ်နေစိတ်ထားမျိုး ဖြစ်သည်။ “ယင်းသည် သင့်တော်မည်မဟုတ်။ သူ မှားသွားလျှင်ကော” ဟု ဆိုသော လူအချို့ရှိသည်။ ဘုရားသခင် မှားယွင်းနိုင်သလော။ သင်က “ဘုရားသခင် လုပ်ဆောင်သည့်အရာ မှန်သည်ဖြစ်စေ မှားသည်ဖြစ်စေ၊ ယင်းအတွက် ကျွန်ုပ်၌ တာဝန်မရှိပါ။ ကျွန်ုပ်သည် ဘုရားသခင်ကို နားထောင်ရုံနားထောင်သည်၊ ကျိုးနွံနာခံသည်၊ လက်ခံပြီး ဘုရားသခင်နောက် လိုက်ရုံသာလိုက်သည်။ ယင်းမှာ အဖန်ဆင်းခံသတ္တဝါတစ်ဦး လုပ်ဆောင်သင့်သည့်အရာ ဖြစ်သည်” ဟု ပြော၏။ ယင်းမှာ လူတစ်ဦး ကျိုးနွံနာခံသင့်သည့် စိတ်နေစိတ်ထားမျိုးဖြစ်ပြီး ထိုသို့သော စိတ်နေစိတ်ထားမျိုး ပိုင်ဆိုင်သော လူတို့သာ သမ္မာတရားကို ရရှိနိုင်သည်။ သင်၌ ဤစိတ်နေစိတ်ထားမျိုး မရှိဘဲ၊ “ကျွန်ုပ်အား နှစ်ပေါက်တစ်ပေါက်ရိုက်ဖို့ မည်သူ့ကိုမျှ ကျွန်ုပ် ခွင့်မပြုပါ။ ကျွန်ုပ်ကို မည်သူမျှ လှည့်စားမည် မဟုတ်။ ထိုစကားလုံးများဖြင့် လှည့်စားခံရပြီး တစ်စုံတစ်ရာကို ကျိုးနွံနာခံစေခြင်း ခံရဖို့ ကျွန်ုပ်သည် အလွန် လိမ္မာပါးနပ်လွန်း၏။ အောင်မြင်မည် မဟုတ်။ ကျွန်ုပ်၏ လမ်းတွင် မည်သည့်အရာ ရောက်လာသည်ဖြစ်စေ၊ ယင်းကို ကျွန်ုပ် စစ်ဆေးပြီး စိစစ်ရမည်။ တစ်စုံတစ်ရာကို ကျွန်ုပ်ကိုယ်တိုင် လက်ခံနိုင်ပြီး နားလည်နိုင်သည့်အခါ၊ ယင်းသည် ကျွန်ုပ် ကျိုးနွံနာခံမည့်အချိန် ဖြစ်သည်” ဟု ပြောပါက၊ ယင်းသည် ကျိုးနွံနာခံခြင်း သဘောထားတစ်ခု ဖြစ်သလော။ ယင်းသည် ကျိုးနွံနာခံခြင်း သဘောထားတစ်ခု မဟုတ်ပေ။ ယင်းသည် မိမိ၏ စိတ်နှလုံးတွင် ကျိုးနွံနာခံရန် ရည်ရွယ်ချက်မရှိဘဲ ကျိုးနွံနာခံသော စိတ်နေစိတ်ထားတစ်ခု ကင်းမဲ့ခြင်း ဖြစ်၏။ “ဘုရားသခင်လား။ ဘုရားသခင်ကို ကျွန်ုပ် စစ်ဆေးရဦးမည် ဖြစ်သည်။ ရှင်ဘုရင်များနှင့် မိဖုရားများသည်ပင် ကျွန်ုပ်၏ အလားတူ ဆက်ဆံခြင်း ခံရသည်။ သင်ပြောနေသည့်အရာသည် အချည်းနှီး ဖြစ်သည်။ ကျွန်ုပ်က အဖန်ဆင်းခံ သတ္တဝါတစ်ဦးဖြစ်သည်မှာ မှန်သော်လည်း ကျွန်ုပ်သည် ငတုံး မဟုတ်ပါ၊ ထို့ကြောင့် ငတုံးတစ်ဦးကဲ့သို့ ကျွန်ုပ်ကို မဆက်ဆံနှင့်။” ၎င်းတို့အတွက် ပြီးဆုံးသွားပြီဖြစ်သည်။ ၎င်းတို့သည် သမ္မာတရားကို လက်ခံဖို့ အခြေအနေများ ကင်းမဲ့ကြ၏။ ထိုသို့သော လူတစ်ဦးသည် ဆင်ခြင်တုံတရား ပိုင်ဆိုင်သလော။ ၎င်းတို့သည် သားရဲတစ်ကောင် ဖြစ်၏။ ဤဆင်ခြင်တုံတရားမျိုး မရှိဘဲနှင့်၊ လူတစ်ဦးသည် ကျိုးနွံနာခံခြင်း စွမ်းဆောင်မရရှိနိုင်ပေ။ ကျိုးနွံနာခံခြင်း စွမ်းဆောင်ရရှိဖို့၊ လူတစ်ဦးသည် ပထမဦးဆုံး ကျိုးနွံနာခံသော စိတ်နေစိတ်ထားတစ်ခု ပိုင်ဆိုင်ရမည်။

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ“မိမိ၏ အယူအဆများကို ဖြေရှင်းခြင်းအားဖြင့်သာဘုရားသခင်ကို ယုံကြည်ခြင်း၏ မှန်သော လမ်းကြောင်းထဲသို့ ဝင်ရောက်နိုင်သည် (၃)” မှ

မည်သည့်အရာကို သင်လုပ်သည်ဖြစ်စေ ၎င်း၌ရှိသည့် သမ္မာတရားကိုရှာဖွေရန်နှင့် နာခံရန် သင်ယူရမည်။ သင်သည် သမ္မာတရားနှင့်အညီ ပြုမူနေသရွေ့ မှန်ကန်စွာ လုပ်ဆောင်နေခြင်း ဖြစ်သည်။ အကယ်၍ ဤအရာကို အဆိုပြုသောသူသည် ကလေးတစ်ယောက် သို့မဟုတ် မထင်ရှားသော ညီငယ်၊ ညီမငယ် ဖြစ်ခဲ့သည့်တိုင် သူ၏ပြောဆိုမှုသည် သမ္မာတရားနှင့်ကိုက်ညီသ‌ရွေ့ သင်၏လုပ်ဆောင်မှုသည် ကောင်းမွန်သည့်အကျိုးရရှိပြီး ဘုရားသခင်၏အလိုတော်နှင့်လည်း ကိုက်ညီလိမ့်မည်။ ကိစ္စတစ်ခုကိုကိုင်တွယ်ခြင်းသည် သင်၏ပြင်းပြသောဆန္ဒနှင့် ၎င်းကိုကိုင်တွယ်ရန် သင်၏အခြေခံသဘောတရားများအပေါ်၌ မူတည်၏။ သင်၏အခြေခံသဘောတရားသည် လူ၏လိုအင်ဆန္ဒ၊ လူ၏အတွေးခေါ်များ၊ လူ၏အယူအဆများနှင့် စိတ်ကူးများမှ ပေါ်ပေါက်လျှင် သို့မဟုတ် လူသား၏ခံစားချက်များနှင့် ရှုထောင့်များမှပေါ်ပေါက်လျှင် ကိစ္စတစ်ခုအပေါ်၌ သင်၏ကိုင်တွယ်ပုံသည် မှားယွင်းပေလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် ၎င်း၏အရင်းအမြစ်သည် မှားယွင်းနေသောကြောင့် ဖြစ်သည်။ သင်၏အမြင်များသည် သမ္မာတရား၏ အခြေခံသဘောတရားများ၌ အခြေခံလျှင် ကိစ္စရပ်များကို သမ္မာတရားအခြေခံသဘောတရားနှင့်အညီ သင်ကိုင်တွယ်ပြီး ဖြစ်ပေါ်နေသည့် ထိုကိစ္စကို မှန်ကန်စွာဖြင့် သင်ကိုင်တွယ်ရန် သေချာပေသည်။ တစ်ခါတစ်ရံ အခြားသောလူတို့သည် ထိုကိစ္စအပေါ် သင်၏ကိုင်တွယ်မှုအား လောလောဆယ် လက်မခံနိုင်ဘဲ နေလိမ့်ဖြစ်ပြီး ထိုသို့သောအချိန်များတွင် ၎င်းတို့သည် ၎င်းတို့၏ ကိုယ်ပိုင်ယူဆချက်များ ရှိနိုင်သဖွယ်ရှိသည်၊ သို့မဟုတ် ၎င်းတို့၏ နှလုံးသားများသည် နေရခက်ပေလိမ့်မည်။ မည်သို့ပင်ဖြစ်စေ ခဏကြာအတွင် သင်မှန်ကန်ကြောင်း ထင်ရှားလာလိမ့်မည်။ ဘုရားသခင်၏အလိုတော်နှင့် ကိုက်ညီသည့်ကိစ္စရပ်များသည် အချိန်ကြာလာသည်နှင့်အမျှ ပိုမိုကြည့်ကောင်းလာမည်ဖြစ်သည်၊ ဘုရားသခင်၏အလိုတော်နှင့်မကိုက်ညီသည့် ကိစ္စရပ်များ၊ လူသား၏ အလိုဆန္ဒနှင့် လူသားလုပ်ဆောင်သည့် ကိစ္စရပ်များသည် မည်သို့ပင်ဖြစ်စေ အချိန်ကြာလာသည်နှင့်အမျှ ပိုမို ဆိုးရွားလာမည်ဖြစ်ပြီး ၎င်းတို့အားလုံးသည်လည်း ထိုသို့ဖြစ်ကြောင်း ထင်ရှားလာလိမ့်မည်။ သင်ပြုမူလုပ်ဆောင်သည့်အခါ မည်သူ၏လမ်းက သင့်ကိုဦးဆောင်သင့်သည် သို့မဟုတ် ဦးမဆောင်သင့်ဟူသည်ကို မပူပန်လေနှင့်။ ထို့အပြင် သင်၏ထင်မြင်ချက်များလည်း မပြုလေနှင့်။ ပထမဦးဆုံးအနေဖြင့် သင်သည် ရှာဖွေပြီး ဆုတောင်းသင့်သည်။ ထို့အပြင် သင်၏ရှေ့ခရီးကို စမ်း၍သွားပြီး လူတိုင်းနှင့် အတူတကွ မိတ်သဟာယဖွဲ့လော့။ မိသဟာယဖွဲ့ခြင်း၏ ရည်ရွယ်ချက်သည် အဘယ်နည်း။ ၎င်းသည် လူတစ်ဦးအား အမှုအရာများကို ဘုရားသခင်၏အလိုတော်နဲ့အညီ ရှင်းလင်းတိကျစွာ လုပ်ဆောင်စေပြီး ဘုရားသခင်၏အလိုတော်နဲ့ညီအောင် ပြုမူစေသည်။ ဤသည်မှာ ဤအရာအား အတော်ကလေး ကြီးကြီးကျယ်ကျယ် ပြောခြင်းဖြစ်သည်။ ဤအရာသည် အရေးကိစ္စများကို သမ္မာတရားအခြေခံသဘောတရားများနှင့်အညီ အတိအကျ ကိုင်တွယ်တတ်စေနိုင်သည်ဟု ဆိုကြပါစို့။ ဤသည်မှာ ပိုပြီးလက်တွေ့ကျလေသည်။ ဤအရာကို သင်ရရှိနိုင်မည်ဆိုလျှင် ယင်းသည် လုံလောက်ပေမည်။

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ“ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားကိုဖြေရှင်းရန် လမ်းကြောင်း” မှ

လက်တွေ့ဘဝ ပြဿနာများကို ရင်ဆိုင် ရသည့်အခါ ဘုရားသခင်၏ သြဇာအာဏာနှင့် သူ၏အချုပ်အခြာ အာဏာတို့ကို သင် မည်သို့သိပြီး နားလည်သင့်သနည်း။ ဤပြဿနာများနှင့် သင် ရင်ဆိုင်ရပြီး ၎င်းတို့ကို မည်သို့နားလည် ရမည်၊ ကိုင်တွယ်ရမည်၊ တွေ့ကြုံရမည်ကို သင်မသိသည့်အခါ၊ ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် အစီအစဉ်များကို ကျိုးနွံနာခံဖို့ သင်၏ ရည်ရွယ်ချက်၊ ဆန္ဒနှင့် သင်၏ ကျိုးနွံနာခံခြင်း နှင့်ဆိုင်သော စစ်မှန်မှုကို ပြသဖို့ရန် သင် မည်သို့ သဘောထားမျိုး ခံယူသင့်သနည်း။ ပထမဆုံးအနေဖြင့် စောင့်ဆိုင်းဖို့ သင် သင်ယူရပါမည်။ ထို့နောက် ရှာဖွေဖို့ သင်ယူရမည်။ ထို့နောက် ကျိုးနွံနာခံဖို့ သင်ယူရမည်။ “စောင့်ဆိုင်းခြင်း” က ဘုရားသခင်၏ အချိန်ကို စောင့်ခြင်းကို ဆိုလိုသည်။ သင့်အတွက် ဘုရားသခင် စီစဉ်ထားသည့် လူများ၊ အဖြစ်အပျက်များ၊ အမှုအရာများကို စောင့်ဆိုင်းခြင်းဖြစ်သည်။ သူ၏အလိုကို သင့်ဆီကို သူ့ဘာသာ တဖြည်းဖြည်း ထုတ်ဖော်ပြသဖို့ စောင့်ခြင်း ဖြစ်သည်။ “ရှာဖွေခြင်း” ဆိုသည်မှာ သူချပြပေးခဲ့သည့် လူများ၊ အဖြစ်အပျက်များ၊ အမှုအရာများမှ တစ်ဆင့် သင့်အတွက် ထောက်ထားသော ဘုရားသခင်၏ ရည်ရွယ်ချက်များကို လေ့လာခြင်းနှင့် သိနားလည်ခြင်း၊ ၎င်းတို့မှတစ်ဆင့် သမ္မာတရားကို သိနားလည်ခြင်း၊ လူသားက ပြီးမြောက်ရမည့် အရာနှင့် ၎င်းတို့ စောင့်ထိန်းလိုက်နာရမည့် လမ်းခရီးများကို သိနားလည်ခြင်း၊ ဘုရားသခင်က လူသားများထဲမှ မည်သည့်ရလဒ်များကို ရရှိရန် ရည်ရွယ်သည်၊ လူသားများထဲမှ မည်သည့် အောင်မြင်မှုများကို ရယူရန် ရည်ရွယ်သည်တို့ကို နားလည်ခြင်းအား ဆိုလိုသည်။ ဟုတ်ပေ၏၊ “ကျိုးနွံနာခံခြင်း” ဆိုသည်မှာ ဘုရားသခင် စီစဉ်ညွှန်ကြားသည့် လူများ၊ အဖြစ်အပျက်များ၊ အမှုအရာများကို လက်ခံခြင်း၊ သူ့၏ အချုပ်အခြာအာဏာကို လက်ခံခြင်းနှင့် ၎င်းမှတစ်ဆင့် ဖန်ဆင်းရှင်က လူသားကံကြမ္မာကို မည်သို့ ပြဋ္ဌာန်းသည်၊ သူ့၏အသက်ဖြင့် လူသားများကို သူ မည်သို့ထောက်ပံ့သည်၊ လူသားအတွင်း၌ သမ္မာတရားကို သူမည်သို့ လုပ်ဆောင်သည်ကို သိလာခြင်းအား ရည်ညွှန်းပေသည်။ ဘုရားသခင်၏ စီစဉ်မှုများနှင့် အချုပ်အခြာအာဏာ အောက်က အရာအားလုံးသည် သဘာဝနိယာမများကို နာခံသည်။ သင့်အတွက် အရာအားလုံးကို ဘုရားသခင် စီစဉ်ပြီး ပြဋ္ဌာန်းခွင့်ပြုဖို့ သင်စိတ်ပိုင်းဖြတ်ထားပါက၊ သင် စောင့်ဆိုင်းတတ်ဖို့ သင်ယူရ ပါမည်။ ရှာဖွေတတ်ဖို့ သင်ယူရမည်။ ကျိုးနွံနာခံတတ်ဖို့ သင်ယူရပေမည်။ ဤသည်မှာ ဘုရားသခင်၏ သြဇာအာဏာကို ကျိုးနွံနာခံချင်သည့် လူတိုင်း ခံယူရမည့် သဘောထား၊ ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် စီစဉ်မှုတို့ကို လက်ခံချင်သည့် လူတိုင်း ပိုင်ဆိုင်ရမည့် အခြေခံ အရည်အသွေးတို့ ဖြစ်၏။ ထိုသို့သောသဘောထားကို ထိန်းသိမ်းဖို့၊ ထိုသို့သော အရည်အသွေးတစ်ခုကို ပိုင်ဆိုင်ဖို့၊ သင်တို့ ပိုကြိုးစားရမည်။ ဤသည်မှာစစ်မှန်သည့် လက်တွေ့အရှိတရားထဲသို့ သင်တို့ ဝင်ရောက်နိုင်သည့် တစ်ခုတည်းသော နည်းလမ်းဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၃)

ဖန်ဆင်းခြင်း၏သခင်၏ ဖန်ဆင်းခံ သတ္တဝါများကို ပြုမူဆက်ဆံခြင်းနှင့်သက်ဆိုင်သည့် အဓိကကျသော ဥပဒေသတစ်ခု ရှိပြီး၊ ယင်းမှာ အမြင့်မားဆုံးသော ဥပဒေသလည်း ဖြစ်သည်။ ဖန်ဆင်းခံ သတ္တဝါများကို သူပြုမူဆက်ဆံပုံသည် သူ၏ စီမံခန့်ခွဲမှုအစီအစဉ်နှင့် သူ၏ သတ်မှတ်ချက်များအပေါ်တွင် လုံးလုံးလျားလျား အခြေခံသည်။ ကိုယ်တော်သည် မည်သည့် လူတစ်ဦးတစ်ယောက်နှင့်မျှ ဆွေးနွေးတိုင်ပင်စရာ မလိုသကဲ့သို့၊ သူသည် သူနှင့် သဘောတူညီမှု ရယူရန် မည်သည့် လူတစ်ဦးတစ်ယောက်ကိုမျှ မလိုအပ်ပေ။ သူသည် သူလုပ်ဆောင်သင့်သည့်အရာ မည်သည့်အရာမဆိုနှင့် လူတို့ကို သူပြုမူဆက်ဆံရမည့် မည်သည့်ပုံစံကိုမဆို လုပ်ဆောင်ပြီး၊ သူ မည်သည့်အရာကို လုပ်ဆောင်သည်ဖြစ်စေ သို့မဟုတ် လူတို့ကို သူ မည်သို့ ဆက်ဆံသည်ဖြစ်စေ အားလုံးသည် ဖန်ဆင်းခြင်း၏အရှင် အမှုပြုသည့် အခြေခံသဘောတရားများနှင့် ကိုက်ညီပေသည်။ အဖန်ဆင်းခံ သတ္တဝါတစ်ဦးအနေဖြင့်၊ လုပ်ဆောင်ရမည့် တစ်ခုတည်းသောအရာမှာ ကျိုးနွံနာခံရန်ဖြစ်သည်၊ အခြား ရွေးချယ်မှုတစ်ခုတစ်လေမျှ မရှိသင့်ပေ။ ဤအရာက ဘာကိုပြသနည်း။ ဖန်ဆင်းခြင်း၏ သခင်သည် အစဉ်အမြဲပင် ဖန်ဆင်းခြင်း၏ သခင်ဖြစ်လိမ့်မည်ကို ပြပေသည်။ သူသည် မည်သည့် ဖန်ဆင်းခံ သတ္တဝါအပေါ်မဆို သူသဘောတွေ့သလို စီစဉ်ညွှန်ကြားဖို့နှင့် အုပ်ချုပ်ဖို့ တန်ခိုးအာဏာနှင့် အရည်အချင်းများကို ပိုင်ဆိုင်ပြီး ထိုသို့ပြုရန် အကြောင်းပြချက် တစ်ခုမျှ မလိုအပ်ချေ။ ဤသည်မှာ သူ၏ ဩဇာအာဏာပင်ဖြစ်သည်။ ၎င်းတို့အနေဖြင့် ဖန်ဆင်းခံ သတ္တဝါများဖြစ်သရွေ့၊ အဖန်ဆင်းခံ သတ္တဝါများကြားတွင် ဖန်ဆင်းရှင် မည်သို့ ပြုမူသင့်သည် သို့မဟုတ် သူပြုသည့်အရာ မှန်သည်မှားသည်ဆိုသည့်အပေါ် စီရင်ချက်ချရန် တန်ခိုးအာဏာရှိသူ သို့မဟုတ် အရည်အချင်းမပြည့်မီသူ တစ်ဦးမျှမရှိသကဲ့သို့ မည်သည့်ဖန်ဆင်းခံ သတ္တဝါကမျှ ဖန်ဆင်းခြင်းသခင်၏ အုပ်ချုပ်ခြင်းခံရရန်၊ စီစဉ်ညွှန်ကြားခြင်းခံရရန် သို့မဟုတ် နေရာချခံရရန် သင့်မသင့်ဟူသည်ကို ရွေးချယ်ရန် အရည်အချင်း မပြည့်မီပါပေ။ အလားတူပင် မည်သည့် ဖန်ဆင်းခံ သတ္တဝါကမျှ ဖန်ဆင်းခြင်းအရှင်၏ အုပ်ချုပ်ခြင်းခံရပုံနှင့် နေရာချခံရပုံတို့ကို ရွေးချယ်ရန် အရည်အချင်းများ မရှိပါချေ။ ဤသည်မှာ အမြင့်ဆုံး အမှန်တရားပင် ဖြစ်သည်။ ဖန်ဆင်းခြင်း၏သခင်က သူ၏ ဖန်ဆင်းခံသတ္တဝါများအပေါ် မည်သည့်အရာ ပြုလုပ်ထားသည်ဖြစ်စေ၊ ထို့ပြင် သူ မည်သို့ပြုလုပ်ထားသည်ဖြစ်စေ သူဖန်ဆင်းခဲ့သည့် လူသားများအနေဖြင့် တစ်ခုတည်းသောအရာကိုသာ လုပ်ဆောင်သင့်၏- ဖန်ဆင်းခြင်း၏သခင်က နေရာတကျ တည်ထားစေသည့် ဤအဖြစ်မှန်ကို ရှာဖွေရန်၊ ကျိုးနွံနာခံရန်၊ သိနားလည်ရန်နှင့် လက်ခံရန်သာ ဖြစ်ပါသည်။ နောက်ဆုံးရလဒ်ကား သူ၏ စီမံခန့်ခွဲမှုအစီအစဉ်ကို မည်သည့် ဖျက်ဆီးပိတ်ဆို့မှုမှမရှိဘဲ တိုးတက်စေရင်း၊ ဖန်ဆင်းခြင်း၏ သခင်က သူ၏ စီမံခန့်ခွဲမှုအစီအစဉ်ကို ပြီးမြောက်ကာ သူ၏အလုပ်ကို ပြည့်စုံစေပြီးဖြစ်မည် ဟူသည့်အချက်ပင် ဖြစ်လိမ့်မည်။ ထိုအတောအတွင်း၌ ဖန်ဆင်းခံ သတ္တဝါများက ဖန်ဆင်းရှင်၏ အုပ်ချုပ်မှုနှင့် စီစဉ်မှုများကို လက်ခံကာ သူ၏ အုပ်ချုပ်မှုနှင့် စီစဉ်မှုများအား ကျိုးနွံနာခံထားပြီး ဖြစ်သောကြောင့်၊ သူတို့သည် သမ္မာတရားကို ရရှိပြီး ဖြစ်လိမ့်မည်၊ ဖန်ဆင်းရှင်၏ အလိုတော်ကို နားလည်ပြီးဖြစ်လိမ့်မည်၊ ထို့ပြင် သူ၏ စိတ်နေသဘောထားကို သိကျွမ်းလာပြီး ဖြစ်လိမ့်မည်ဖြစ်သည်။ သင်တို့ကို ငါ ပြောရမည့် နောက်ထပ် အခြေခံသဘောတရားတစ်ခု ရှိသေး၏- ဖန်ဆင်းရှင်က မည်သည့်အရာကို လုပ်ဆောင်သည်ဖြစ်စေ၊ သူမည်သည့်အရာကို ထင်ရှားစေသည်ဖြစ်စေ၊ ပြီးလျှင် သူလုပ်ဆောင်သည့် အရာသည် ကြီးမြတ်သည့် လုပ်ဆောင်ချက်ဖြစ်စေ သေးငယ်သည့်လုပ်ဆောင်ချက် တစ်ခု ဖြစ်စေ၊ သူသည် ဖန်ဆင်းရှင် ဖြစ်နေဆဲ ဖြစ်သည်။ သူဖန်ဆင်းထားသည့် လူသားမျိုးနွယ်အားလုံးမှာမူ၊ ၎င်းတို့ မည်သည့်အရာကို လုပ်ဆောင်ပြီးသည်ဖြစ်စေ၊ ပြီးလျှင် ၎င်းတို့အနေဖြင့် မည်မျှ ပါရမီရှိပါစေ သို့မဟုတ် မည်မျှအရေးပေးခံရပါစေ၊ အဖန်ဆင်းခံ သတ္တဝါများ ဖြစ်မြဲဖြစ်ကြလေသည်။ အဖန်ဆင်းခံ လူသားမျိုးနွယ်အတွက်မူ၊ ၎င်းတို့အနေဖြင့် ဖန်ဆင်းရှင်ထံမှ မည်မျှများပြားသော ကျေးဇူးတော်နှင့် မည်မျှများပြားသော ကောင်းချီးမင်္ဂလာများ ရရှိကြပြီးဖြစ်ပါစေ၊ သို့မဟုတ် သနားကရုဏာ၊ ကြင်နာမှု သို့မဟုတ် စေတနာ မည်မျှရရှိကြပြီးဖြစ်ပါစေ၊ ၎င်းတို့အနေဖြင့် လူစုများမှ သီးခြား ရပ်တည်ဖို့ မိမိတို့ကိုယ်ကိုယ် မယုံကြည်သင့်ပေ သို့မဟုတ် ဘုရားသခင်နှင့် အဆင့်အတန်းတူနိုင်ပြီး၊ အဖန်ဆင်းခံ သတ္တဝါများအလယ်တွင် ၎င်းတို့သည် အဆင့်မြင့်မားလာကြပြီးဖြစ်သည်ဟု မထင်မှတ်သင့်ပေ။ ဘုရားသခင်က သင့်အပေါ် ဆုကျေးဇူးများ မည်မျှ အပ်နှင်းပြီးဖြစ်ပါစေ၊ သို့မဟုတ် ကျေးဇူးတော် မည်မျှ သင့်ကို သူပေးပြီးဖြစ်ပါစေ၊ သို့မဟုတ် သူက သင့်ကို မည်မျှ ကြင်နာစွာ ဆက်ဆံပြီးဖြစ်ပါစေ၊ သို့မဟုတ် သင့်ကို အထူးပါရမီအနည်းငယ် ပေးပြီးပါစေ၊ ဤအရာများထဲမှ မည်သည့်အရာမျှ သင်၏အဖိုးတန် အရည်အချင်းများ မဟုတ်ပေ။ သင်သည် အဖန်ဆင်းခံ သတ္တဝါတစ်ဦးဖြစ်ပြီး၊ ထို့ကြောင့် အဖန်ဆင်းခံ သတ္တဝါတစ်ဦး အစဉ်အမြဲ ဖြစ်လိမ့်မည်။ သင့်အနေဖြင့်၊ “ငါသည် ဘုရားသခင်၏လက်ထဲက ချစ်ခင်မြတ်နိုးရသူလေးတစ်ဦး ဖြစ်သည်။ သူသည် ငါ့ကို ရန်မူမည်မဟုတ်။ ငါ့အပေါ် ဘုရားသခင်၏ သဘောထားမှာ နှစ်သိမ့်ပြီး ခွန်အားပေးသည့် နွေးထွေးသော တီးတိုးပြောဆိုသံဖြင့် ချစ်ခြင်းမေတ္တာ၊ စောင့်ရှောက်ခြင်းနှင့် နူးညံ့သော ကြင်နာစွာထွေးပိုက်ခြင်းနှင့် သက်ဆိုင်သောအရာတစ်ခု အမြဲဖြစ်လိမ့်မည်။” ဟု မည်သည့်အခါတွင်မျှ မတွေးရ။ ဆန့်ကျင်ဘက်အနေဖြင့်၊ ဖန်ဆင်းရှင်၏ အမြင်တွင်၊ သင်သည် အခြားအဖန်ဆင်းခံ သတ္တဝါအားလုံးနှင့် တူညီပေသည်။ လူများ၊ အဖြစ်အပျက်များနှင့် အမှုအရာမျိုးစုံအလယ်တွင် အခန်းကဏ္ဍတိုင်းကို သင် ပါဝင်လုပ်ဆောင်ဖို့ ဘုရားသခင်သည် သင့်ကို သူဆန္ဒရှိသည်အတိုင်း အသုံးပြုနိုင်ပြီး၊ သူဆန္ဒရှိသည်အတိုင်း သင့်ကို စီစဉ်ညွှန်ကြားနိုင်ကာ၊ သူဆန္ဒရှိသည်အတိုင်း စီစဉ်နိုင်ပေသည်။ ဤသည်မှာ လူတို့ ရှိသင့်သည့် အသိဖြစ်ပြီး၊ ၎င်းတို့ ပိုင်ဆိုင်သင့်သည့် ကောင်းမြတ်သော အသိစိတ်ဖြစ်သည်။ ဤနှုတ်ကပတ်တော်များကို နားလည်နိုင်ပြီး လက်ခံနိုင်ပါက၊ ဘုရားသခင်နှင့် ၎င်းတို့၏ ဆက်ဆံရေးသည် တိုး၍ ပုံမှန်ဖြစ်လိမ့်မည်ဖြစ်ပြီး၊ ၎င်းတို့သည် ဘုရားသခင်နှင့် အမျှတဆုံးသော ဆက်ဆံရေးတစ်ခုကို တည်ဆောက်လိမ့်မည်ဖြစ်သည်။ ဤနှုတ်ကပတ်တော်များကို နားလည်နိုင်ပြီး လက်ခံနိုင်ပါက၊ ၎င်းတို့သည် မိမိတို့၏ ရာထူးအဆင့်အတန်းကို ကောင်းကောင်းမွန်မွန် ရှာဖွေဖော်ထုတ်လိမ့်မည်၊ မိမိတို့၏ နေရာကို လက်ခံလိမ့်မည်ဖြစ်ပြီး မိမိတို့၏ တာဝန်ကို ထိန်းသိမ်းလိမ့်မည်ဖြစ်သည်။

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ“သမ္မာတရားကို ရှာဖွေခြင်းအားဖြင့်သာ ဘုရားသခင်၏လုပ်ဆောင်ချက်များကို သိနိုင်သည်” မှ

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။