လူတွေက အပြစ်ရှိကြတယ်။ ဒါပေမဲ့ သခင်ယေရှုရဲ့ အပြစ်ဖြေရာယဇ်က ထာဝရအကျိုးရှိပါတယ်။ ကျွန်တော်တို့အပြစ်တွေကို သခင့်ကို ဝန်ချသရွေ့ ကိုယ်တော်ဟာ ကျွန်တော်တို့ကို ခွင့်လွှတ်မယ်။ ကျွန်တော်တို့ဟာ သခင့်အမြင်မှာ အပြစ်မရှိဘူး။ ဒါကြောင့် ကောင်းကင်နိုင်ငံတော်ကို ဝင်ရောက်နိုင်တယ်။

23.12.2019

အဖြေ- သခင်ယေရှုဟာ လူသားမျိုးနွယ်ရဲ့ အပြစ်တွေကို ခွင့်လွှတ်ပြီးဖြစ်ပါတယ်။ ဒါပေမဲ့ ဒါက လူဟာ အပြစ်မရှိတော့ဘူးလို့ မဆိုလိုပါဘူး။ ဒါက လူဟာ သူတို့အပြစ်တွေရဲ့ ထိန်းချုပ်မှုကနေ လွတ်ပြီ ဒါမှမဟုတ် သန့်စင်မှုကို ရရှိပြီလို့ မဆိုလိုပါဘူး။ သခင်ယေရှုဟာ လူသားရဲ့အပြစ်တွေကို ခွင့်လွှတ်တယ်။ ဒီနေရာမှာ “အပြစ်” ဟာ တကယ်တမ်းက ဘာကို ရည်ညွှန်းတာလဲ။ မတရားသောမေထုန်ပြုခြင်း၊ ခိုးခြင်းကို ရည်ညွှန်းပါတယ်။ ဥပဒေ၊ ပညတ်တော်တို့ သို့မဟုတ် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တို့ကို ချိုးဖောက်တဲ့ ဘယ်အရာမဆို အပြစ်ပဲ။ ဘုရားသခင်ကို ဆန့်ကျင်တဲ့၊ ရှုတ်ချတဲ့ ဒါမှမဟုတ် ဝေဖန်တဲ့ ဘယ်အပြုအမူမဆိုကလည်း အပြစ်ပါပဲ။ ဘုရားသခင်ကို ဘယ်လို ထိခိုက်စော်ကားမှုမဆို အပြစ်ဖြစ်တယ်။ ခွင့်လွှတ်လို့မရနိုင်တဲ့ အပြစ်ဖြစ်ပါတယ်။ ကျေးဇူးတော်ခေတ်မှာ သခင်ယေရှုဟာ လူသားမျိုးနွယ်အတွက် အပြစ်ဖြေရာယဇ်အဖြစ် ဆောင်ရွက်တယ်။ သခင်ကို ဆုတောင်းပြီး နောင်တရသူတွေသာ အပြစ်ဒဏ်ခံရခြင်း သို့မဟုတ် သေခြင်းကို မခံရဘူး။ ဆိုလိုတာကတော့ ဘုရားသခင်ဟာ သူတို့ကို အပြစ်ပြုသူတွေအဖြစ် မမြင်တော့ဘူး။ သူတို့ရဲ့အပြစ်တွေကို ခွင့်လွှတ်ခြင်းခံရတဲ့ လူဟာ သခင်ကို တိုက်ရိုက်ဆုတောင်းနိုင်ပြီး သခင်ရဲ့ကျေးဇူးတော်ကို ဝေမျှနိုင်တယ်။ ဒါဟာ “အပြစ်တွေ ခွင့်လွှတ်ခြင်းခံရတယ်” ဆိုတဲ့ စစ်မှန်တဲ့အဓိပ္ပါယ်ဖြစ်ပါတယ်။ သခင်ယေရှုရဲ့ အပြစ်ဖြေရာယဇ်ကြောင့် လူရဲ့အပြစ်ဟာ ခွင့်လွှတ်ခြင်းခံရပြီးဖြစ်ပေမဲ့ ဒါက လူတွေဟာ အပြစ်လုပ်ပြီးဘုရားသခင်ကို ဆန့်ကျင်ခြင်း ရပ်တန့်သွားပြီလို့ အဓိပ္ပါယ်မရပါဘူး။ လူရဲ့ အပြစ်လုပ်တဲ့သဘောသဘာဝက ကျန်ရှိနေပါသေးတယ်။ ဒါကြောင့် သူတို့ဟာ ဘုရားသခင်ကို ဆန့်ကျင်ပြီး သစ္စာဖောက်နိုင်သေးတယ်။ ဘုရားကို သူတို့ရဲ့ရန်သူအဖြစ် မှတ်ယူနိုင်သေးတယ်။ ဒီလိုလူတွေက ကောင်းကင်နိုင်ငံတော်ကို ဝင်ရောက်ဖို့ ဘယ်လိုလုပ် အရည်အသွေးပြည့်မှီမှာလဲ။ ဒါဟာ အနန္တတန်ခိုးရှင်ဘုရားသခင် ပြောသလိုပါပဲ။ “သို့သော်လည်း အတိအကျအားဖြင့် သူမည်သို့ဆင်းသက်လာမည်နည်း။ ရွေးနုတ်ခြင်းခံရပြီးစဖြစ်ပြီး မပြောင်းလဲသေးသော၊ သို့မဟုတ် ဘုရားသခင်အားဖြင့် စုံလင်ခြင်းသို့ မရောက်သေးသော သင်တို့ကဲ့သို့ အပြစ်သားတစ်ဦးအနေနှင့် သင်သည် ဘုရားသခင်၏ စိတ်နှလုံးနှင့် ညီညွတ်နိုင်သလော။ လူဟောင်းအတိုင်း ရှိနေဆဲဖြစ်သည့် သင့်အတွက်ဆိုလျှင် သင့်ကို ယေရှုက ကယ်တင်ခဲ့ပြီး ဘုရားသခင်၏ ကယ်တင်ခြင်းကြောင့် သင့်ကို အပြစ်သားအဖြစ် မရေတွက်သည်မှာ မှန်သော်လည်း ၎င်းက သင်သည် အပြစ်ကင်းပြီး မသန့်ရှင်းသူမဟုတ်ကြောင်း သက်သေပြခြင်း မဟုတ်ပေ။ သင်သည် မပြောင်းလဲသေးပါက မည်ကဲ့သို့လျှင် သန့်ရှင်းစင်ကြယ်ခြင်း ရှိနိုင်မည်နည်း။ အတွင်း၌ သင်သည် မစင်ကြယ်ခြင်း၊ အတ္တနှင့် ဆိုးရွားယုတ်မာခြင်းတို့ဖြင့် ပတ်ချာဝိုင်းနေသည့်တိုင်အောင် သင်သည် ယေရှုနှင့်အတူ ဆင်းသက်လိုနေဆဲဖြစ်သည်၊ ကံကောင်းလိုက်မည့် ဖြစ်ခြင်း။ သင်သည် ဘုရားသခင်၌ သင်၏ယုံကြည်ခြင်းတွင် အဆင့်တစ်ခု ပျောက်ဆုံးခဲ့ပြီ။ သင်သည် ရွေးနုတ်ခြင်း ခံရရုံသာ ရှိသေးသည်၊ သို့သော် သင်သည် မပြောင်းလဲသေး။ သင်သည် ဘုရားသခင်၏ စိတ်နှလုံးနှင့် ညီညွတ်ရန်အလို့ငှာ ဘုရားသခင်သည် သင့်ကို ပြောင်းလဲစေခြင်းနှင့် သန့်စင်စေခြင်းအမှုကို ကိုယ်တိုင်လုပ်ရမည်။ သင်သည် အကယ်၍ ရွေးနုတ်ခြင်းကို ခံရရုံသာဖြစ်ပါက သင်သည် မွန်မြတ်သန့်ရှင်းခြင်းကို ရယူရန် စွမ်းဆောင်နိုင်လိမ့်မည် မဟုတ်ပေ။ ပြောင်းလဲခြင်းနှင့် စုံလင်စေခြင်း၏ အဓိကအဆင့်ဖြစ်သော လူကို စီမံခန့်ခွဲသည့် ဘုရားသခင်၏အမှုတွင် အဆင့်တစ်ဆင့်ကို သင်လွတ်သွားခဲ့သည့်အတွက် ဤနည်းလမ်းအားဖြင့် သင်သည် ဘုရားသခင်၏ ကောင်းမြတ်သော ကောင်းချီးများကို ဝေမျှရန် အရည်အသွေးပြည့်မီလိမ့်မည် မဟုတ်ပေ။ သို့ဖြစ်ရာ မကြာသေးမီက ရွေးနုတ်ခံရသော အပြစ်သားတစ်ဦးဖြစ်သည့် သင်သည် ဘုရားသခင်၏ အမွေအနှစ်ကို တိုက်ရိုက်အမွေဆက်ခံရန် စွမ်းဆောင်နိုင်မည်မဟုတ်ပေ။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အမည်နာမများနှင့် ကိုယ်ပိုင်လက္ခဏာတို့နှင့် ပတ်သက်၍) သခင်ယေရှုရဲ့ ရွေးနှုတ်ခြင်းအမှုဟာ လူရဲ့အပြစ်ကို ခွင့်လွှတ်ခြင်းသာဖြစ်တယ်။ သူတို့ရဲ့ အကျင့်ပျက်စီးတဲ့ စိတ်သဘောထားဟာ ရှင်းလင်းမသွားပါဘူး။ လူရဲ့ အတွှုင်းမာနကြီးမှု၊ တစ်ကိုယ်ကောင်းဆန်မှု၊ လောဘ၊ လှည့်စားမှုနဲ့ သူတို့ရဲ့ စာတန်စိတ်သဘောထားဖြစ်တဲ့ တခြားအချက်အလက်တွေ ကျန်ရှိနေဆဲပါပဲ။ ဒီ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားဟာ အပြစ်ထက်ပိုပြီး နက်ရှိုင်းပါတယ်။ အပြစ်ထက်ပိုပြီး စွဲမြဲတယ်။ ဒါဟာ ကျွန်တော်တို့ရဲ့ အပြစ်ပြုခြင်းနဲ့ ဘုရားသခင်ကို ဆန့်ကျင်ခြင်းရဲ့ အရင်းအမြစ်ဖြစ်ပါတယ်။ ဒီ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားဟာ ရှင်းလင်းမသွားရင် လူဟာ သူတို့ရဲ့ကိုယ်ပိုင်စိတ်ကူးထင်မြင်ချက်တွေ၊ အယူအဆတွေအရ ဆက်ပြီးအပြစ်ပြုမယ်။ ဘုရားသခင်ကို ဆန့်ကျင်ပြီး ရှုတ်ချပါဦးမယ်။ သူတို့ဟာ ဒုက္ခခံရပြီး ဖိနှိပ်ခံရရင် ဘုရားသခင်ကို ငြင်းပယ်နိုင်ပြီး ယုဒလုပ်ခဲ့သလို ဘုရားကို သစ္စာတောင်ဖောက်နိုင်ပါတယ်။ သူတို့ဟာ အာဏာရှိတဲ့နေရာမှာရှိတဲ့အခါ ဘုရားသခင်ကို ဆန့်ကျင်တဲ့ တသီးတခြားနိုင်ငံတွေ ထူထောင်နိုင်တယ်။ တချိုကလူတွေဟာ ဘုရားသခင်ရဲ့ ပူဇော်ရာယဇ်တို့ကိုတောင် ခိုးယူနိုင်ပြီး ကိုယ်တော်ရဲ့စိတ်သဘောထားကို ပုန်ကန်ပြစ်မှားနိုင်တယ်။ သူတို့ဟာ ဘုရားသခင်ရဲ့ ပြစ်ဒဏ်ခတ်ခြင်း၊ ချေမှုန်းခြင်းကို ခံရလိမ့်မယ်။ အခု ဘာသာရေးအသိုင်းအဝိုင်းမှာရှိတဲ့ သင်းအုပ်ဆရာနဲ့ခေါင်းဆောင်အများစုဟာ သခင်ယေရှုရဲ့ နှုတ်ကပတ်တော်တို့ကို လိုက်နာခြင်းမရှိဘူး။ သူတို့ဟာ သမ္မာကျမ်းစာကို သူတို့ကိုယ်တိုင်ရဲ့အယူအဆတို့ကို အခြေခံပြီး အဓိပ္ပါယ်ပြန်ဆိုကြတယ်။ သူတို့ဟာ သမ္မာကျမ်းစာထဲက လူတို့ရဲ့ စကားလုံးတွေကို ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်အဖြစ် မှတ်ယူကြတယ်။ သူတို့ဟာ သခင်ယေရှုရဲ့ နှုတ်ကပတ်တော်တို့ကို သက်သေခံရမယ့်အစား လူတို့ရဲ့စကားတွေကို မြှင့်တင်ကြတယ်။ ဒါဟာ ယုံကြည်သူတွေကို လူတို့ကို ကိုးကွယ်စေပြီး လူနောက်ကို လိုက်စေတယ်။ သခင်ယေရှုအတွက် သူတို့နှလုံးသားမှာ နေရာမရှိဘူး။ ဒီယုံကြည်သူတွေဟာ ဘာသာရေးခေါင်းဆောင်တွေရဲ့အရိပ်အောက်မှာ ပိတ်မိပြီး ထိန်းချုပ်ခံလာရတယ်။ သခင်ယေရှုဟာ တရားစီရင်ခြင်းအမှုကိုပြုဖို့ ပြန်ကြွလာတဲ့အခါမှာ ဒါဟာ အထူးသဖြင့် မှန်ကန်တယ်။ အဲဒီ သင်းအုပ်ဆရာတွေနဲ့ ခေါင်းဆောင်တွေဟာ ဘုရားသခင်ရဲ့အလုပ်ကို လိုက်လျှောက်ခြင်း သို့မဟုတ် လေ့လာခြင်း မရှိဘူး။

နာကြည်းဖွယ်ရာ အမှတ်တရများ ၏ ရုပ်ရှင် ဇာတ်ညွှန်း မှ

အရှေ့သို့- သင်က လူတို့သည် ဘုရားသခင်၏ နောက်ဆုံးသော ကာလ တရားစီရင်ခြင်းအမှုကို လက်ခံလျှင်သာ ၎င်းတို့ သန့်စင်ခံရနိုင်ပြီး အပြည့်အဝ ကယ်တင်ခံရနိုင်သည်ဟု သက်သေခံသည်။ ထိုသို့ ကျွန်ုပ်တို့ မယုံကြည်ပါ။ သမ္မာကျမ်းစာက၊ “ဖြောင့်မတ်ရာသို့ ရောက်ခြင်းငှာ စိတ်နှလုံးဖြင့် ယုံကြည်ရ၏။ ကယ်တင်ခြင်းသို့ ရောက်ခြင်းငှာ နှုတ်ဖြင့် ဝန်ခံရ၏။” (ရောမသြဝါဒစာ ၁၀:၁၀-၁၁) “ဘုရားသခင်ကယ်လွှတ်တော်မူသောကြောင့် ယေရှုခရစ်၌တည်၍။” (ရောမ ၈:၁) ဟု ဆိုပါသည်။ ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ အပြစ်များ ခွင့်လွှတ်ခံရနှင့်ပြီးဖြစ်ကာ သခင်ယေရှု၌ယုံကြည်ခြင်းအားဖြင့် ကျွန်ုပ်တို့၏ ယုံကြည်ခြင်းဖြင့် ဖြောင့်မတ်ရာသို့ရောက်ကြသည်။ ကျွန်ုပ်တို့သည် တစ်ကြိမ်နှင့် ထာဝရ ကယ်လွတ်ခံရပြီးဖြစ်ကာ သခင် ပြန်ကြွလာချိန်တွင်၊ ကောင်းကင်ဘုံသို့ တိုက်ရိုက် ကျွန်ုပ်တို့ ဆောင်ယူခံရကြလိမ့်မည်ဖြစ်သည်။ သို့ဆိုလျှင် သင်က အပြည့်အဝ ကယ်တင်ခံရဖို့အလို့ငှာ နောက်ဆုံးသော ကာလထဲက ဘုရားသခင်၏ တရားစီရင်ခြင်း အမှုတော်ကို ကျွန်ုပ်တို့ လက်ခံရမည်ဟု အဘယ်ကြောင့် ဆိုသနည်း။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

၃။ လူတို့၏ အသက်တာများသည် လျှပ်တစ်ပြက်၊ နှစ်အနည်းငယ်အတွင်း ကုန်လွန်သွားသည်။ ပြန်ကြည့်လျက်၊ ၎င်းတို့သည် ၎င်းတို့၏ အသက်တာများကို ပြန်လည်သတိရမိကြသည်- ကျောင်းသွားရင်း၊ အလုပ်လုပ်ရင်း၊ အိမ်ထောင်ပြုရင်း၊ သားသမီးများရှိရင်း၊ သေခြင်းကို စောင့်ဆိုင်းရင်း၊ ၎င်းတို့၏ အသက်တာများတစ်ခုလုံးသည် လူသား တည်ရှိမှု၏ မှန်ကန်သော ဦးတည်ချက်နှင့် ရည်မှန်းချက်များ လုံးဝ ကင်းမဲ့ပြီး ရှင်သန်ခြင်းတွင် မည်သည့် တန်ဖိုး သို့မဟုတ် အဓိပ္ပါယ်မျှ မရှာတွေ့နိုင်ဘဲလျက်၊ မိသားစု၊ ငွေကြေး၊ အဆင့်အတန်း၊ အခွင့်အလမ်းနှင့် သိက္ခာတရားအတွက် မအားမလပ် ဟိုဟိုသည်သည် ပြေးလွှားရင်း ကုန်လွန်ခဲ့ကြသည်။ ထို့ကြောင့် လူတို့သည် မျိုးဆက် တစ်ဆက်ပြီးတစ်ဆက် ဤ နာကျင်စရာဖြစ်ပြီး အနှစ်မဲ့သည့် နည်းလမ်းဖြင့် အသက်ရှင်ကြလေသည်။ လူတို့၏ အသက်တာများသည် အဘယ်ကြောင့် အလွန် နာကျင်ဖွယ်ဖြစ်ပြီး အနှစ်မဲ့ပါသနည်း။ ပြီးလျှင် လူသား တည်ရှိခြင်း၏ နာကျင်မှုနှင့် အနှစ်မဲ့ခြင်းတို့ကို မည်သို့ ဖြေရှင်းနိုင်သနည်း။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-လူသားတို့ ကြံ့ကြံ့ခံကြရသည့် မွေးဖွားခြင်း၊ သေဆုံးခြင်း၊ ဖျားနာခြင်းနှင့် အိုမင်းသောအသက်အရွယ်တို့မှ...

၁။ သင်က သခင်ယေရှု ပြန်ကြွလာပြီးဖြစ်ကာ သူသည် သူ၏ အမှုတော်ကို ဆောင်ရွက်ဖို့ လူ့ဇာတိခံလာပြီးဖြစ်သည်ဟု သက်သေခံသည်။ ဤသည်မှာ အဘယ်သို့ ဖြစ်နိုင်သနည်း။ သမ္မာကျမ်းစာက၊ “အိုဂါလိလဲလူတို့၊ အဘယ်ကြောင့်ကောင်းကင်သို့ ကြည့်မျှော်လျက်နေကြသနည်း။ သင်တို့နှင့်ခွါ၍ ကောင်းကင်သို့ဆောင်ယူခြင်းကို ခံတော်မူသောထိုယေရှုသည် သင်တို့မျက်မှောက်၌ ကောင်းကင်သို့ ကြွသွား တော်မူသည်နည်းတူ တဖန်ကြွလာတော်မူလတံ့။” (တမန်တော်ဝတ္ထု ၁:၁၁) ဟု ဆိုပါသည်။ သခင်ယေရှုက ကားစင်တင်ခံရခြင်းအမှု ပြီးစီးပြီးနောက်တွင်၊ သူသည် သေရာမှ ထမြောက်ခဲ့ပြီး သူ၏ တပည့်တော်များထံ ကိုယ်ထင်ပြခဲ့သည်။ သူသည် ဘုန်းကြီးသည့် ဝိညာဉ်ခန္ဓာတစ်ခု ဖြစ်လာခဲ့ပြီး ကောင်းကင်သို့ တက်ကြွသွားခဲ့သည်။ သခင်ယေရှု ပြန်ကြွလာသည့်အခါလည်း၊ သူသည် သေရာမှထမြောက်ခဲ့သည့် ဝိညာဉ်ခန္ဓာတစ်ခုအဖြစ် ကျွန်ုပ်တို့ထံ ပေါ်ထွန်းသင့်သည်။ သင်က ဘုရားသခင်သည် နောက်ဆုံးသော ကာလတွင် လူသားအဖြစ် လူ့ဇာတိခံလာကာ ပေါ်ထွန်းပြီး အမှုပြုရမည်ဟု အဘယ်ကြောင့် ပြောပါသနည်း။

ကိုးကားရန် သမ္မာကျမ်းပိုဒ်များ-“ထိုကြောင့် သင်တို့သည် ပြင်ဆင်လျက်နေကြလော့။ အကြောင်းမူကား၊ သင်တို့မထင်မှတ်သောအချိန် ၌ လူသားသည်...

၃။ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နောက်ဆုံးသော ကာလအမှုတော်ကို ကျွန်ုပ်တို့ လက်ခံပါက၊ ထာဝရအသက်လမ်းခရီးကို ကျွန်ုပ်တို့ ရရှိဖို့အလို့ငှာ မည်သည့်အရာကိုသာ ကျွန်ုပ်တို့ လိုက်စားသင့်သနည်း။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-နောက်ဆုံးသောကာလ ခရစ်တော်သည် လူသားကို သွန်သင်ရန်၊ လူသား၏အနှစ်သာရကို ဖော်ထုတ်ရန်နှင့် လူသား၏...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။