စစ်မှန်သည့် တစ်ဆူတည်းသော ဘုရားသခင်ကို သုံးပါးတစ်ဆူ ဘုရားသခင်အဖြစ် အဓိပ္ပာယ် ဖွင့်ဆိုခြင်းသည် ဘုရားသခင်ကို ပြစ်မှားပြောဆိုခြင်းဖြစ်ပြီး၊ ယင်းသည် အဓိပ္ပာယ်အမဲ့ဆုံးသော အတွေးမှား ဖြစ်သည်

06.12.2021

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

ယေရှု လူ့ဇာတိခံယူခြင်းနှင့် သက်ဆိုင်သည့် အမှန်တရား ဖြစ်တည်လာပြီးနောက်တွင် ကောင်းကင်ဘုံ၌ ခမည်းတော်သာ ရှိသည်မဟုတ်ဘဲ သားတော်လည်း ရှိပြီး ဝိညာဉ်တော်ပင် ရှိသည်ဟူ၍ လူက ယုံကြည်သွား၏။ ကောင်းကင်ဘုံ၌ ဤသို့သော ဘုရားသခင် တစ်ပါးရှိသည်- ခမည်းတော်၊ သားတော်နှင့် သန့်ရှင်းသော ဝိညာဉ်တော်တို့ ဖြစ်သည့် သုံးပါးတစ်ဆူ ဘုရားသခင်ရှိသည်ဟူသည်မှာ လူက ကိုင်စွဲထားသော သမားရိုးကျ အယူအဆ ဖြစ်သည်။ လူသားမျိုးနွယ် အားလုံးက ဤအယူအဆများရှိသည်- ဘုရားသခင်သည် တစ်ဆူတည်းသော ဘုရားသခင် ဖြစ်သော်လည်း၊ အစိတ်အပိုင်းသုံးခု ဖွဲ့စည်းထားသည်၊ သမားရိုးကျ အယူအဆများတွင် ဆိုးဆိုးရွားရွား အမြစ်တွယ်နေသော အရာအားလုံးမှာ ခမည်းတော်၊ သားတော်၊ သန့်ရှင်းသော ဝိညာဉ်တော်ဟူ၍ ဖြစ်သည်။ ထိုအစိတ်အပိုင်း သုံးခုက ဖန်တီးသည့် တစ်ပါးသည် ဘုရားသခင်၏ အလုံးစုံဖြစ်သည်။ သန့်ရှင်းသော ခမည်းတော်မပါဘဲနှင့်၊ ဘုရားသခင်သည် တစ်လုံးတစ်ဝတည်း မဖြစ်နိုင်။ အလားတူ၊ သားတော် သို့မဟုတ် သန့်ရှင်းသော ဝိညာဉ်တော် မပါဘဲနှင့်လည်း ဘုရားသခင်သည် တစ်လုံးတစ်ဝတည်း မဖြစ်နိုင်။ ၎င်းတို့၏ အယူအဆများထဲတွင် ခမည်းတော်တစ်ပါးတည်း သို့တည်းမဟုတ် သားတော်တစ်ပါးတည်းကို ဘုရားသခင်ကိုယ်တော်တိုင်အဖြစ် ယူဆ၍ မရဟု ၎င်းတို့ ယုံကြည်ကြသည်။ ခမည်းတော်၊ သားတော်နှင့် သန့်ရှင်းသော ဝိညာဉ်တော် အတူတကွ ဖြစ်မှသာလျှင် ဘုရားသခင် ကိုယ်တော်တိုင် ဖြစ်သည်ဟု မှတ်ယူနိုင်သည်။ ယခုတွင် ဘာသာရေး ယုံကြည်သူများ အားလုံးနှင့် သင်တို့အထဲမှ နောက်လိုက် အသီးသီးပင်လျှင် ဤယုံကြည်မှုကို စွဲကိုင်ထားကြသည်။ သို့သော် သင်တို့သည် ဘုရားသခင်ကိုယ်တော်တိုင်နှင့် သက်ဆိုင်သည့် ကိစ္စရပ်များနှင့်ပတ်သက်၍ ရှုပ်ထွေးခြင်း မြူထဲတွင် အမြဲရှိကြသည့်အတွက်၊ ဤယုံကြည်မှု မှန်ကန်ခြင်း ရှိ မရှိဆိုသည်အတွက်မူ၊ မည်သူမျှ ရှင်းမပြနိုင်ကြပေ။ သင်တို့သည် ဘာသာရေး အယူအဆများအားဖြင့် အလွန် ဆိုးဆိုးရွားရွား ကူးစက်ခံထားရသည့်အတွက်၊ ဤအရာများသည် အယူအဆများသာ ဖြစ်သော်လည်း၊ ယင်းတို့ မှန်သည်၊ သို့မဟုတ် မှားသည် ဆိုသည်ကို သင်တို့ မသိချေ။ သင်တို့သည် ဘာသာတရား၏ ဤသမားရိုးကျ အယူအဆများကို အလွန် နက်နက်ရှိုင်းရှိုင်း လက်ခံထားပြီးဖြစ်ကာ၊ ဤအဆိပ်အတောက်သည် သင်တို့အထဲတွင် အလွန် နက်နက်ရှိုင်းရှိုင်း စိမ့်ဝင်ပြီးဖြစ်သည်။ ထို့ကြောင့် သုံးပါးတစ်ဆူ ဘုရားသခင်သည် တကယ်ကို မတည်ရှိသည့်အတွက်၊ ဤကိစ္စတွင်လည်း သင်တို့သည် မသိမသာ ဖျက်ဆီးတတ်သည့် ဤလွှမ်းမိုးမှုကို မလွန်ဆန်နိုင်ကြလေပြီ။ ဆိုလိုသည်မှာ ခမည်းတော်၊ သားတော်နှင့် သန့်ရှင်းသော ဝိညာဉ်တော်တို့နှင့်ဆိုင်သည့် သုံးပါးတစ်ဆူ တကယ်ကို မတည်ရှိပေ။ ဤအရာ အားလုံးသည် လူ၏ သမားရိုးကျ အယူအဆများ သက်သက်ဖြစ်ပြီး၊ လူ၏ မှားယွင်းသော ယုံကြည်မှုများ ဖြစ်သည်။ များစွာသော ရာစုနှစ်များ တစ်လျှောက်တွင်၊ လူ၏စိတ်ထဲတွင် အယူအဆများဖြင့် ရုပ်လုံးဖော်ထားသော၊ လူက လုပ်ကြံဖန်တီးထားပြီး၊ ယခင်က လုံးဝ မမြင်ဖူးသည့် ဤသုံးပါးတစ်ဆူကို လူက ယုံကြည်ထားပြီး ဖြစ်သည်။ ဤများစွာသော နှစ်များတစ်လျှောက်တွင် သုံးပါးတစ်ဆူ၏ “စစ်မှန်သော အဓိပ္ပာယ်” ကို ရှင်းပြကြပြီးဖြစ်သည့် သမ္မာကျမ်းစာ ရှင်းလင်းဖော်ပြသူများစွာရှိထားပြီးဖြစ်သော်လည်း၊ ထိုသို့သော ထင်ရှားသော အနှစ်သာရတူညီသည့် ပုဂ္ဂိုလ်သုံးဦးအဖြစ် သုံးပါးတစ်ဆူ ဘုရားသခင်နှင့်ဆိုင်သည့် ရှင်းပြချက်များသည် မရေရာသကဲ့သို့ မရှင်းလင်းဘဲ၊ လူအားလုံးသည် ဘုရားသခင်၏ “တည်ဆောက်ပုံ” ကြောင့်၊ စိတ်ရှုပ်ထွေးခဲ့ကြသည်။ မည်သည့် ကြီးမြတ်သည့် ပုဂ္ဂိုလ်များကမျှ စေ့စပ်သေချာသော ရှင်းပြချက်များ ပေးနိုင်ခြင်း မရှိကြလေပြီ။ ရှင်းပြချက် အများစုသည် တွေးခေါ်မြော်မြင်မှုနှင့် စာဖြင့်ရေးသားချက်တို့အရ လက်သင့်ခံနိုင်ဖွယ်ဖြစ်သော်လည်း၊ မည်သည့် လူတစ်ဦးတစ်ယောက်ကမျှ ယင်း၏ အဓိပ္ပာယ်နှင့်သက်ဆိုင်သည့် ပြည့်ဝရှင်းလင်းသော သိနားလည်မှု မရှိကြပေ။ ဤသည်မှာ အဘယ်ကြောင့်ဆိုသော် လူက ၎င်း၏ နှလုံးသားထဲတွင် စွဲကိုင်ထားသော ဤကြီးမြတ်သည့် သုံးပါးတစ်ဆူ ဆိုသည်မှာ တကယ်ကို မတည်ရှိသောကြောင့် ဖြစ်သည်။...သုံးပါးတစ်ဆူ ဘုရားသခင်သည် ဤစကြဝဠာကြီးထဲ မည်သည့်နေရာတွင်မျှ တည်ရှိမနေဟု သင်တို့ကို ငါ ပြောပါရစေ။ ခမည်းတော်နှင့် သားတော်သည် သန့်ရှင်းသော ဝိညာဉ်တော်ကို တန်ဆာပလာတစ်ခုအဖြစ် အတူပူးတွဲ အသုံးပြုသည်ဆိုသည့် အယူအဆတစ်ခု ရှိဖို့မဆိုထားနှင့်၊ ဘုရားသခင်၌ ခမည်းတော်နှင့် သားတော်ဟူ၍ မရှိပေ။ ဤအရာအားလုံးသည် ဤလောကကြီးထဲတွင် အကြီးမားဆုံးသော အတွေးမှား တစ်ခုဖြစ်ပြီး အမှန်တကယ် တည်ရှိမနေပေ။ သို့သော်ငြားလည်း သင်တို့၏ စိတ်များသည် ရိုးစင်းလွန်းသည် မဟုတ်ဘဲ၊ သင်တို့၏ အတွေးအခေါ်များသည် ဆင်ခြင်တုံတရား မမဲ့သည့်အတွက်၊ ထိုသို့သော အတွေးမှားတွင်ပင် ယင်း၏ မူလရင်းမြစ်ရှိပြီး အခြေအမြစ် လုံးဝမရှိခြင်း မဟုတ်ပေ။ ထို့ထက် ယင်းတို့သည် အတော်အတန် သင့်လျော်ပြီး ထွင်ဉာဏ်ကောင်းသည့်အတွက် ၎င်းတို့အား မည်သည့် စာတန်ကမျှပင် မထိုးဖောက်နိုင်ပေ။ သနားဖွယ် ကောင်းသည်မှာ ဤအတွေးအခေါ်များ အားလုံးသည် အတွေးမှားများသာ ဖြစ်ပြီး တကယ်ကို တည်ရှိမနေပေ။ သင်တို့သည် စစ်မှန်သည့် အမှန်တရားကို လုံးဝ မမြင်ကြလေပြီ။ သင်တို့သည် မှန်းဆခြင်းများနှင့် စိတ်ကူးများကိုသာ ပြုနေကြခြင်း ဖြစ်ပြီး၊ အခြားသူများ၏ယုံကြည်မှုကို လှည့်ဖြားလျက် ရယူဖို့နှင့် ၎င်းတို့အနေဖြင့် သင်တို့၏ ကြီးမြတ်ပြီး ကျော်ကြားသော “ကျွမ်းကျင် သွန်သင်ချက်များ” ကို ၎င်းတို့ ယုံကြည်လာကြစေရန်အလို့ငှာ အသိဉာဏ် သို့မဟုတ် ဆင်ခြင်တုံတရား မရှိသည့် အမိုက်မဲဆုံးသော လူများအပေါ် လွှမ်းမိုးမှုရယူရန် ယင်းကို အဖြစ်အပျက်တစ်ခုထဲသို့ လုံးလုံး လုပ်ကြံဖန်တီးကြသည်။ ဤအရာသည် သမ္မာတရား ဖြစ်သလော။ ဤအရာသည် လူ လက်ခံရရှိသင့်သည့် အသက်၏ လမ်းခရီးလော။ ထိုအရာအားလုံး အဓိပ္ပာယ်မရှိချေ။ စကားလုံးတစ်လုံးမျှ သင့်လျော်ခြင်း မရှိပေ။ ဤနှစ်များစွာ တစ်လျှောက်တွင်၊ ဘုရားတစ်ပါးတည်းက ဘုရားသုံးပါးအဖြစ်သို့ ပွင့်ပွင့်လင်းလင်း ခွဲခြားခံရပြီးဖြစ်သည့် အတိုင်းအတာအထိ မျိုးဆက်အသီးသီးက သာ၍ အနုစိတ်သထက် အနုစိတ်အောင် ခွဲရင်းဖြင့် ဘုရားသခင်ကို သင်တို့က ဤနည်းဖြင့် ခွဲခဲ့ကြသည်။ ယခုတွင်မူ သင်တို့သည် ဘုရားသခင်ကို အနုစိတ်လွန်းစွာ ခွဲကြပြီးဖြစ်သည့်အတွက်၊ သူ့ကို တစ်ပါးတည်း အဖြစ်သို့ ပြန်လည် ပေါင်းစပ်ရန်ဆိုသည်မှာ လူသားအတွက် တကယ့်ကို မဖြစ်နိုင်ချေ။ အလွန် နောက်မကျခင် ငါ၏မဆိုင်းမတွ လုပ်ဆောင်ခြင်းကြောင့်သာ မဟုတ်ပါက၊ သင်တို့သည် ဤနည်းလမ်းအတိုင်း အရှက်မရှိ မည်မျှ ကြာကြာ ဆက်သွားကြမည်မှာ ပြောဖို့ခက်သည်။ ဤနည်းဖြင့် ဘုရားသခင်ကို ဆက်လက်ခွဲဖို့ရန်မှာ၊ သူသည် သင်တို့၏ ဘုရားသခင်အဖြစ် မည်သို့ ဆက်ဖြစ်နိုင်သေးသနည်း။ သင်တို့သည် ဘုရားသခင်အား အသိအမှတ်ပြုကြဦးမည်လော။ သင်တို့သည် သင်တို့၏ မူလဇာစ်မြစ်ကို ရှာတွေ့ကြဦးမည်လော။ ငါသည် အနည်းငယ် နောက်ကျ၍ ရောက်ရှိခဲ့ပြီး ဖြစ်မည်ဆိုပါက၊ သင်တို့သည် “ခမည်းတော်နှင့် သားတော်”၊ ယေဟောဝါနှင့် ယေရှုကို ဣသရေလသို့ ပြန်ပို့ပြီး၊ သင်တို့ကိုယ်တိုင်က ဘုရားသခင်၏ တစ်စိတ်တစ်ပိုင်း ဖြစ်သည်ဟု အခိုင်အမာ ပြောဆိုကြဖွယ် ရှိသည်။ ကံအားလျော်စွာ၊ ယခုသည် နောက်ဆုံးသော ကာလဖြစ်၏။ နောက်ဆုံးတွင် ငါရှည်ကြာစွာ စောင့်ခဲ့ရသော ဤနေ့ရက်သည် ရောက်လာပြီဖြစ်ပြီး၊ ငါ ကိုယ်တိုင်၏ လက်ဖြင့် အမှု၏ ဤအဆင့်ကို ငါဆောင်ရွက်ခဲ့သည့် နောက်ပိုင်းတွင်သာ သင်တို့၏ ဘုရားသခင် ကိုယ်တိုင်အား ခွဲခြင်းသည် ရပ်တန့်ပြီးဖြစ်ပေမည်။ ဤအတွက်ကြောင့် မဟုတ်ပါက၊ သင်တို့သည် သင်တို့အလယ်မှ စာတန်များ အားလုံးကိုပင် ဝတ်ပြုကိုးကွယ်ခြင်းအတွက် သင်တို့၏ စားပွဲများအပေါ် ထားရှိရင်း၊ သင်တို့ အရှိန်မြှင့်ကြပြီး ဖြစ်ပေမည်။ ဤသည်မှာ သင်တို့၏ လှည့်ဖြားမှု ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်ကို သင်တို့၏ ခွဲခြင်းနည်းလမ်း ဖြစ်သည်။ ယခု သင်တို့သည် ထိုသို့ ဆက်လုပ်မည်လော။ သင်တို့အား ငါမေးပါရစေ- ဘုရားသခင် မည်မျှရှိပါသနည်း။ အဘယ်ဘုရားသခင်သည် သင့်ထံ ကယ်တင်ခြင်း ဆောင်ကြဉ်း ပေးမည်နည်း။ သင်တို့ အမြဲ ဆုတောင်းလေ့ရှိသည်မှာ ပထမ ဘုရားသခင်လော၊ ဒုတိယလော သို့မဟုတ် တတိယလော။ မည်သူကို သင်တို့ အမြဲယုံကြည်သနည်း။ ခမည်းတော်လော။ သို့မဟုတ် သားတော်လော။ သို့မဟုတ် ဝိညာဉ်တော်လော။ သင်ယုံကြည်သောသူမှာ အဘယ်သူဖြစ်သည်ကို ငါ့အားပြောပြလော့။ ဘုရားသခင်အား ယုံကြည်သည်ဟု စကားလုံးတိုင်းဖြင့် သင် ပြောသော်ငြားလည်း၊ သင်တို့ အမှန်ယုံကြည်သောအရာမှာ သင်၏ ကိုယ်ပိုင် ဦးနှောက်များ ဖြစ်သည်။ သင်တို့သည် သင်တို့၏ နှလုံးသားများထဲတွင် ဘုရားသခင် တကယ်ကို မရှိပေ။ သို့သော်ငြားလည်း သင်တို့၏ စိတ်များထဲတွင် ထိုသို့သော သုံးပါးတစ်ဆူများ များစွာ ရှိကြ၏။ သင်တို့ သဘောမတူကြပါသလော။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သုံးပါးတစ်ဆူ တည်ရှိပါသလော

အကယ်၍ အမှု၏ အဆင့်သုံးဆင့်ကို သုံးပါးတစ်ဆူနှင့်ဆိုင်သည့် ဤအယူအဆနှင့်အညီ အကဲဖြတ်ပါက၊ အသီးသီး ဆောင်ရွက်ခဲ့သော အမှုများ မတူညီသည့်အတွက် ဘုရားသခင် သုံးပါးရှိရပေမည်။ အကယ်၍ သင်တို့အထဲတွင် သုံးပါးတစ်ဆူ အမှန်တကယ် တည်ရှိသည်ဟု ပြောဆိုသူရှိပါက၊ ပုဂ္ဂိုလ်သုံးပါးထဲရှိ ဤဘုရားသခင်တစ်ဆူသည် မည်သည့်အရာ အတိအကျဖြစ်သည်ကို ရှင်းပြလော့။ သန့်ရှင်းသော ခမည်းတော် ဆိုသည်မှာ အဘယ်နည်း။ သားတော်ဆိုသည်မှာ အဘယ်နည်း။ သန့်ရှင်းသော ဝိညာဉ်တော် ဆိုသည်မှာ အဘယ်နည်း။ ယေဟောဝါသည် သန့်ရှင်းသော ခမည်းတော်လော။ ယေရှုသည် သားတော်လော။ သို့ဆိုလျှင် သန့်ရှင်းသော ဝိညာဉ်တော်မှာ မည်သည့်အရာဖြစ်သနည်း။ ခမည်းတော်သည် ဝိညာဉ်တော်ဖြစ်သည် မဟုတ်လော။ သားတော်၏ အနှစ်သာရသည်လည်း ဝိညာဉ်တော် ဖြစ်သည် မဟုတ်လော။ ယေရှု၏ အမှုသည် သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုဖြစ်သည် မဟုတ်လော။ ထိုအချိန်က ယေဟောဝါ၏ အမှုကို ယေရှုကဲ့သို့ အလားတူ ဝိညာဉ်တော်က ဆောင်ရွက်ခဲ့သည် မဟုတ်လော။ ဘုရားသခင်သည် ဝိညာဉ်တော်များ မည်မျှရှိနိုင်သနည်း။ သင်၏ ရှင်းပြချက်အရ၊ ခမည်းတော်၊ သားတော်နှင့် သန့်ရှင်းသော ဝိညာဉ်တော် ပုဂ္ဂိုလ်သုံးပါးတို့သည် တစ်ဆူဖြစ်သည်၊ သို့ဆိုပါက ဝိညာဉ်တော် သုံးပါးရှိပေသည်၊ သို့သော် ဝိညာဉ်တော် သုံးပါးရှိခြင်းသည် ဘုရားသခင်သုံးဆူ ရှိသည်ဟု ဆိုလိုသည်။ ဤသည်မှာ စစ်မှန်သော ဘုရားသခင် တစ်ဆူမျှမရှိဟု ဆိုလိုပေသည်။ ဤသို့သော ဘုရားသခင်မျိုးသည် အဘယ်သို့ ဘုရားသခင်၏ ပင်ကိုအနှစ်သာရ ဆက်ရှိနိုင်ဦးမည်နည်း။ ဘုရားသခင် တစ်ဆူတည်းသာ ရှိသည်ဟု သင်လက်ခံပါက၊ သူသည် အဘယ်သို့ သားတော်တစ်ပါးနှင့် ခမည်းတော်တစ်ပါး ရှိနိုင်သနည်း။ ဤအရာအားလုံးသည် သင်၏ အယူအဆများ မဟုတ်လော။ ဘုရားသခင် တစ်ဆူတည်းသာ ရှိသည်၊ ဤဘုရားသခင်တွင် ပုဂ္ဂိုလ်တစ်ပါးတည်းနှင့် ဘုရားသခင်၏ ဝိညာဉ်တော် တစ်ပါးတည်း ရှိသည်မှာ သမ္မာကျမ်းစာထဲ၌ “သန့်ရှင်းသော ဝိညာဉ်တော် တစ်ပါးတည်းသာရှိ၍ ဘုရားသခင် တစ်ဆူတည်းသာ ရှိတော်မူ၏။” ဟူ၍ ရေးသားသကဲ့သို့ ဖြစ်ပေသည်။ သင်ပြောသည့် ခမည်းတော်နှင့်၊ သားတော် တည်ရှိသည်ဖြစ်စေ၊ မတည်ရှိသည်ဖြစ်စေ၊ စင်စစ်တွင် ဘုရားသခင် တစ်ဆူတည်းသာ ရှိပြီး၊ သင်တို့ယုံကြည်သော ခမည်းတော်၊ သားတော်နှင့် သန့်ရှင်းသော ဝိညာဉ်တော်၏ အနှစ်သာရသည် သန့်ရှင်းသော ဝိညာဉ်တော်၏ အနှစ်သာရ ဖြစ်သည်။ တစ်နည်းအားဖြင့်၊ ဘုရားသခင်သည် ဝိညာဉ်တော်ဖြစ်၏၊ သို့သော် သူသည် လူ့ဇာတိခံယူနိုင်ပြီး လူတို့အလယ် နေထိုင်နိုင်သည့်အပြင် အရာအားလုံး၏ အထက်၌ ရှိနေနိုင်သည်။ သူ၏ ဝိညာဉ်တော်သည် အလုံးစုံ အပါအဝင်ဖြစ်ပြီး နေရာတိုင်းတွင် ရှိသည်။ သူသည် ဇာတိခန္ဓာထဲနှင့် စကြဝဠာအထက်တွင် တစ်ပြိုင်နက်တည်း ရှိနေနိုင်သည်။ လူအားလုံးက ဘုရားသခင်သည် စစ်မှန်သော တစ်ဆူတည်းသော ဘုရားသခင် ဖြစ်သည်ဟု ပြောကြသည့်အတွက်၊ မည်သူမျှ စိတ်ထင်တိုင်း ခွဲ၍မရသည့် ဘုရားသခင်တစ်ဆူတည်း ရှိပေသည်။ ဘုရားသခင်သည် တစ်ပါးတည်းသော ဝိညာဉ်တော် ဖြစ်ပြီး၊ တစ်ပါးတည်းသော ပုဂ္ဂိုလ် ဖြစ်ကာ၊ ယင်းသည် ဘုရားသခင်၏ ဝိညာဉ်တော် ဖြစ်သည်။ အကယ်၍ သင်တို့ ပြောကြသည့်အတိုင်း၊ ခမည်းတော်၊ သားတော်နှင့် သန့်ရှင်းသော ဝိညာဉ်တော် ဟူ၍ ဖြစ်ပါက၊ ၎င်းတို့သည် ဘုရားသခင် သုံးဆူဖြစ်နေသည် မဟုတ်လော။ သန့်ရှင်းသော ဝိညာဉ်တော်က တစ်ပါးဖြစ်ပြီး၊ သားတော်က အခြားတစ်ပါး၊ ခမည်းတော်ကလည်း နောက်တစ်ပါး ဖြစ်နေပေသည်။ ၎င်းတို့၏ ဇာတိအဖြစ်တော်များသည် ကွဲပြားပြီး ၎င်းတို့၏ အနှစ်သာရများ ကွဲပြားပေသည်။ ထို့ကြောင့် ၎င်းတို့အသီးသီးသည် ဘုရားသခင် တစ်ဆူတည်း၏ အစိတ်အပိုင်းများ အဘယ်သို့ ဖြစ်နိုင်မည်နည်း။ သန့်ရှင်းသော ဝိညာဉ်တော်သည် ဝိညာဉ်တော် တစ်ပါး ဖြစ်သည်။ ဤသည်မှာ လူသားအတွက် နားလည်ရန် လွယ်ကူသည်။ ဤသို့ဖြစ်ပါက၊ ခမည်းတော်သည် ဝိညာဉ်တော်သည် သာ၍ပင် ဖြစ်သေးသည်။ သူသည် ကမ္ဘာမြေသို့ မည်သည့်အခါမျှ မဆင်းသက်ခဲ့သည် သာမက၊ မည်သည့်အခါမျှ လူ့ဇာတိ မခံယူဖူးပေ။ သူသည် လူ၏ နှလုံးသားထဲက ယေဟောဝါ ဘုရားသခင်ဖြစ်ပြီး၊ သေချာပေါက် ဝိညာဉ်တော်လည်း ဖြစ်၏။ သို့ဆိုလျှင် သူနှင့် သန့်ရှင်းသော ဝိညာဉ်တော် ကြားရှိ ဆက်နွှယ်မှုသည် အဘယ်နည်း။ ယင်းမှာ ခမည်းတော်နှင့် သားတော်ကြားရှိ ဆက်နွှယ်မှုလော။ သို့တည်းမဟုတ် သန့်ရှင်းသော ဝိညာဉ်တော်နှင့် ခမည်းတော်၏ ဝိညာဉ်တော်ကြားရှိ ဆက်နွှယ်မှုလော။ ဝိညာဉ်တော် အသီးသီး၏ အနှစ်သာရသည် အတူတူ ဖြစ်သလော။ သို့မဟုတ် သန့်ရှင်းသော ဝိညာဉ်တော်သည် ခမည်းတော်၏ တန်ဆာပလာ တစ်ခုလော။ ဤအရာအား မည်ကဲ့သို့ ရှင်းပြ၍ရနိုင်သနည်း။ ထို့နောက်တွင် သားတော်နှင့် သန့်ရှင်းသော ဝိညာဉ်တော်အကြားရှိ ဆက်နွှယ်မှုသည် အဘယ်နည်း။ ယင်းသည် ဝိညာဉ်တော်နှစ်ပါးကြားရှိ ဆက်နွှယ်မှုလော၊ သို့မဟုတ် လူသားတစ်ဦးနှင့် ဝိညာဉ်တော်တစ်ပါးကြားက ဆက်နွှယ်မှုလော။ ဤအရာအားလုံးသည် မည်သည့်ရှင်းပြချက်မျှမရှိသော ကိစ္စရပ်များဖြစ်သည်။ အကယ်၍ ၎င်းတို့ အားလုံးသည် ဝိညာဉ်တော် တစ်ပါးတည်း ဆိုပါက၊ ၎င်းတို့သည် ဝိညာဉ်တော်တစ်ပါးတည်းကို ပိုင်ဆိုင်ကြသည့်အတွက်၊ ပုဂ္ဂိုလ်သုံးပါးအကြောင်း ပြော၍မရနိုင်ပေ။ အကယ်၍ ၎င်းတို့သည် ကွဲပြားသော ပုဂ္ဂိုလ်သုံးပါးဖြစ်ပါက၊ ၎င်းတို့၏ ဝိညာဉ်တော်များသည် အစွမ်းခွန်အားတွင် ကွဲပြားမည် ဖြစ်ပြီး၊ ၎င်းတို့သည် တကယ်ကို ဝိညာဉ်တော် တစ်ပါးတည်း မဖြစ်နိုင်ပေ။ ခမည်းတော်၊ သားတော်နှင့် သန့်ရှင်းသော ဝိညာဉ်တော်တို့နှင့်သက်ဆိုင်သည့် ဤအယူအဆသည် အဓိပ္ပာယ်မရှိဆုံးဖြစ်သည်။ ဤအရာက ဘုရားသခင်အား ပိုင်းစိတ်ကာ သူ့ကို အသီးသီး အဆင့်အတန်းနှင့် ဝိညာဉ်တော်ပါရှိလျက် ပုဂ္ဂိုလ်သုံးပါးအဖြစ်သို့ ခွဲလိုက်သည်။ သို့ဆိုလျှင် သူသည် အဘယ်သို့ ဝိညာဉ်တော်တစ်ပါးနှင့် ဘုရားသခင် တစ်ဆူတည်း ဖြစ်နိုင်သေးသနည်း။ ငါ့ကိုပြောလော့၊ ကောင်းကင်၊ မြေကြီးနှင့် အရာခပ်သိမ်းကို ခမည်းတော်၊ သားတော် သို့မဟုတ် သန့်ရှင်းသော ဝိညာဉ်တော်က ဖန်ဆင်းခဲ့ခြင်း ဖြစ်သလော။ အချို့က ၎င်းတို့ အားလုံး အတူတကွ ဖန်ဆင်းခဲ့သည်ဟု ပြောကြသည်။ သို့ဆိုလျှင် လူသားမျိုးနွယ်အား မည်သူက ရွေးနုတ်ခဲ့သနည်း။ သန့်ရှင်းသော ဝိညာဉ်တော်လော၊ သားတော်လော၊ သို့တည်းမဟုတ် ခမည်းတော်လော။ လူသားမျိုးနွယ်အား ရွေးနုတ်ခဲ့သူမှာ သားတော်ဖြစ်သည်ဟု အချို့က ဆိုကြသည်။ သို့ဆိုလျှင် အနှစ်သာရအရ သားတော်သည် အဘယ်သူ ဖြစ်သနည်း။ သူသည် ဘုရားသခင် ဝိညာဉ်တော်၏ လူ့ဇာတိခံယူခြင်း ဖြစ်သည် မဟုတ်ပေလော။ လူ့ဇာတိခံယူခြင်းက ကောင်းကင်ဘုံရှိ ဘုရားသခင်ကို ခမည်းတော်၏ နာမဖြင့် ဖန်ဆင်းခံလူတစ်ဦး၏ ရှုထောင့်မှ ခေါ်ဆိုသည်။ ယေရှုသည် သန့်ရှင်းသော ဝိညာဉ်တော်၏ ပဋိသန္ဓေတည်ခြင်းမှတစ်ဆင့် မွေးဖွားခဲ့သည်ကို သင် သတိမပြုမိသလော။ သူ၏အတွင်းတွင် သန့်ရှင်းသော ဝိညာဉ်တော် ရှိသည်။ သင်မည်သည့်အရာ ပြောဆိုသည်ဖြစ်စေ၊ သူသည် ဘုရားသခင်၏ ဝိညာဉ်တော်၏ လူ့ဇာတိခံယူခြင်း ဖြစ်သည့်အတွက်၊ ကောင်းကင်ဘုံရှိ ဘုရားသခင်နှင့် တစ်လုံးတစ်ဝတည်း ဖြစ်နေဆဲဖြစ်သည်။ သားတော်နှင့်ဆိုင်သည့် ဤစိတ်ကူးသည် တကယ်ကို မမှန်ပေ။ အမှုအားလုံးကို ဆောင်ရွက်သူမှာ ဝိညာဉ်တော် တစ်ပါးတည်းသာ ဖြစ်သည်။ ဘုရားသခင်၏ ဝိညာဉ်တော် ဖြစ်သည့် ဘုရားသခင် ကိုယ်တိုင်သည်သာ သူ၏ အမှုကို ဆောင်ရွက်သည်။ ဘုရားသခင်၏ ဝိညာဉ်တော်သည် မည်သူနည်း။ ယင်းမှာ သန့်ရှင်းသော ဝိညာဉ်တော် ဖြစ်သည် မဟုတ်လော။ ယင်းမှာ ယေရှု၏ အထဲ၌ အလုပ်လုပ်သော သန့်ရှင်းသော ဝိညာဉ်တော် မဟုတ်လော။ အကယ်၍ အမှုအား သန့်ရှင်းသော ဝိညာဉ်တော်က (ယင်းမှာ ဘုရားသခင်၏ ဝိညာဉ်တော် ဖြစ်သည်) ဆောင်ရွက်ခဲ့ခြင်း မရှိပါက၊ သူ၏ အမှုသည် ဘုရားသခင် ကိုယ်တော်တိုင်အား ကိုယ်စားပြုနိုင်ခဲ့မည်လော။ ယေရှုသည် သူဆုတောင်းသည့်အခါ၊ ကောင်းကင်ဘုံရှိ ဘုရားသခင်ကို ခမည်းတော်၏ နာမဖြင့် ခေါ်ဆိုခဲ့ချိန်တွင်၊ ဘုရားသခင်၏ ဝိညာဉ်တော်သည် သာမန်နှင့် ရိုးရိုးဇာတိခန္ဓာကို ယူတင်ဝတ်ဆင် ထားခဲ့ပြီး၊ ဖန်ဆင်းခံ သက်ရှိတစ်ဦး၏ အပြင်ပန်းသဏ္ဌာန် ရှိခဲ့သောကြောင့်သာ၊ ဖန်ဆင်းခံ လူသားတစ်ဦး၏ ရှုထောင့်မှ ဤအရာကို လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။ သူ၏အတွင်း၌ ရှိသည်မှာ ဘုရားသခင်၏ ဝိညာဉ်တော် ဖြစ်ခဲ့လျှင်ပင်၊ သူ၏အပြင်ပန်း သွင်ပြင်သည် ပုံမှန်လူသား တစ်ဦး၏ သွင်ပြင်ဖြစ်နေဆဲ ဖြစ်ခဲ့သည်။ တစ်နည်းအားဖြင့်၊ သူသည် ယေရှုကိုယ်တိုင် အပါအဝင်၊ လူများအားလုံး ပြောဆိုကြသော “လူသား” ဖြစ်လာခဲ့ပြီးဖြစ်သည်။ သူ့ကို လူသားဟု ခေါ်ဆိုသည်ကို ထောက်ဆလျှင်၊ သူသည် သာမန်လူတို့၏ ပုံမှန်မိသားစုထဲတွင် မွေးဖွားလာခဲ့သော လူပုဂ္ဂိုလ်တစ်ဦး (ယောက်ျား ဖြစ်စေ၊ မိန်းမဖြစ်စေ၊ မည်သည့် အခြေအနေတွင်မဆို သက်ရှိလူသား၏ အပြင်ပန်း အကာနှင့်ဖြစ်သည်) ဖြစ်သည်။ ထို့ကြောင့် ယေရှုက ကောင်းကင်ဘုံရှိ ဘုရားသခင်ကို ခမည်းတော်ဟူသည့် နာမဖြင့် ခေါ်ဆိုခြင်းမှာ သင်တို့သည် ကနဦးတွင် သူ့အား ခမည်းတော်ဟု ခေါ်ဆိုခဲ့ခြင်းနှင့် တူပေသည်။ သူသည် ဖန်ဆင်းခံ လူသားတစ်ဦး၏ ရှုထောင့်မှ ထိုသို့ ခေါ်ဆိုခဲ့ခြင်း ဖြစ်သည်။ သင်တို့အား အလွတ်ကျက်မှတ်ရန် ယေရှုမှ သွန်သင်ပေးခဲ့သော ပဌာနာတော်ကို သင်တို့ မှတ်မိကြသေးသလော။ “ကောင်းကင်ဘုံ၌ ရှိတော်မူသော အကျွန်ုပ်တို့၏ အဖ...” သူသည် လူအားလုံးကို ကောင်းကင်ဘုံမှ ဘုရားသခင်အား ခမည်းတော်၏ နာမနှင့် ခေါ်ဆိုရန် စေခိုင်းခဲ့သည်။ သူသည်လည်း ဘုရားသခင်အား ခမည်းတော်ဟု ခေါ်ဆိုခဲ့သည့်အတွက်၊ သူသည် သင်တို့အားလုံးနှင့်တန်းတူ ရပ်တည်သူတစ်ဦး၏ ရှုထောင့်မှ ထိုသို့ လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။ သင်တို့သည် ကောင်းကင်ဘုံရှိ ဘုရားသခင်အား ခမည်းတော်ဟူသည့် နာမနှင့် ခေါ်ဆိုခဲ့သည့်အတွက် ယေရှုသည် မိမိကိုယ်ကို သင်တို့နှင့် အဆင့်အတန်းတူသည့်သူအဖြစ်နှင့် ကမ္ဘာပေါ်တွင် ဘုရားသခင်၏ ရွေးချယ်ခြင်းခံရသည့် လူသားတစ်ဦးအဖြစ် (ဆိုလိုသည်မှာ ဘုရားသခင်၏ သားတော်အဖြစ်) ရှုမြင်ခဲ့သည်။ သင်တို့သည် ဘုရားသခင်အား “ခမည်းတော်” ဟု ခေါ်ဆိုပါက၊ ဤသည်မှာ သင်တို့သည် ဖန်ဆင်းခံ သတ္တဝါတစ်ဦး ဖြစ်သောကြောင့် မဟုတ်လော။ ယေရှု၏ သြဇာအာဏာသည် ကမ္ဘာပေါ်တွင် မည်မျှ ကြီးမားစေကာမူ၊ ကားစင်တင်ခြင်း မတိုင်မီတွင်၊ သူ၏ အမှုကို မပြီးစီးသေးသည့်အတွက် သူသည် သန့်ရှင်းသော ဝိညာဉ်တော် (ယင်းမှာ ဘုရားသခင်ဖြစ်သည်) အုပ်စိုးသည့် လူသား တစ်ဦးမျှသာ ဖြစ်ပြီး၊ ကမ္ဘာမြေ၏ ဖန်ဆင်းခံ သတ္တဝါများထဲမှ တစ်ဦး ဖြစ်ခဲ့သည်။ ထို့ကြောင့် ကောင်းကင်ဘုံရှိ ဘုရားသခင်အား ခမည်းတော်ဟု သူ၏ခေါ်ဆိုခြင်းသည် လုံးဝဥဿုံ သူ၏ နှိမ့်ချခြင်းနှင့် နာခံခြင်း ဖြစ်ခဲ့သည်။ သို့သော် ဘုရားသခင်အား (ကောင်းကင်ဘုံမှ ဝိညာဉ်တော်ကို ဆိုလိုသည်) သူ၏ ထိုသို့ပုံစံဖြင့် ခေါ်ဆိုခြင်းက သူသည် ကောင်းကင်ဘုံရှိ ဘုရားသခင် ဝိညာဉ်တော်၏ သားတော်ဖြစ်ခဲ့သည်ဟု သက်သေမပြပေ။ ထို့ထက် ယင်းမှာ သူသည် မတူကွဲပြားသော လူတစ်ဦး ဖြစ်ခဲ့သည်မဟုတ်ဘဲ၊ သူ၏ ရှုထောင့်က သက်သက် ကွဲပြားခြားနားခဲ့ခြင်း ဖြစ်သည်။ ကွဲပြားသော ပုဂ္ဂိုလ်များ တည်ရှိခြင်းသည် အတွေးမှားတစ်ခု ဖြစ်သည်။ သူ၏ ကားစင်တင်ခံရခြင်း မတိုင်မီတွင်၊ ယေရှုသည် ဇာတိပကတိ၏ ကန့်သတ်ချက်များဖြင့် ဖွဲ့နှောင် ထားခံရသည့် လူသားတစ်ဦးမျှသာ ဖြစ်ခဲ့ပြီး၊ ဝိညာဉ်တော်၏ သြဇာအာဏာကို အပြည့်အဝ မပိုင်ဆိုင်ခဲ့ပေ။ ယင်းမှာ သူသည် အဖန်ဆင်းခံ သတ္တဝါတစ်ဦး၏ ရှုထောင့်မှသာ ခမည်းတော် ဘုရားသခင်၏ အလိုကို ရှာဖွေနိုင်ခဲ့သည့် အကြောင်းရင်းဖြစ်သည်။ ယင်းမှာ ဂေသရှေမန် ဥယျာဉ်တွင် သုံးကြိမ်သုံးခါ သူဆုတောင်းခဲ့သည့်အတိုင်း ဖြစ်သည်- “အကျွန်ုပ် အလိုရှိသည် အတိုင်း မဖြစ်ပါစေနှင့်။ ကိုယ်တော်အလိုရှိသည် အတိုင်း ဖြစ်ပါစေသော။” သူသည် ကားတိုင်ပေါ် အတင်မခံခဲ့ရမီတွင်၊ ယုဒလူမျိုးများ၏ ရှင်ဘုရင်မျှသာ ဖြစ်ခဲ့သည်။ သူသည် ခရစ်တော်၊ လူသားဖြစ်ခဲ့ပြီး၊ ဘုန်းအသရေနှင့်ဆိုင်သည့် ကိုယ်မဟုတ်ခဲ့ပေ။ ယင်းမှာ ဖန်ဆင်းခံ သတ္တဝါတစ်ဦး၏ ရပ်တည်ချက်မှ သူသည် ဘုရားသခင်အား ခမည်းတော်ဟု ခေါ်ဆိုခဲ့သည့် အကြောင်းရင်း ဖြစ်သည်။ ယခုတွင် ဘုရားသခင်ကို ခမည်းတော်ဟု ခေါ်ဆိုသူအားလုံး သားတော်ဖြစ်သည်ဟု သင်ပြော၍ မရနိုင်ပေ။ ဤအရာသည် မှန်ကန်ပါက၊ ယေရှုက သင်တို့ကို ပဌနာတော် သင်ပေးသည်နှင့်တစ်ပြိုင်နက်၊ သင်တို့ အားလုံးသည် သားတော် ဖြစ်လာကြပြီးဖြစ်မည် မဟုတ်လော။ သင်တို့ လက်မခံသေးပါက၊ ငါ့ကိုပြောကြလော့၊ ခမည်းတော် (အဖ)ဟု သင်တို့ ခေါ်ဆိုသူမှာ မည်သူနည်း။ အကယ်၍ သင်တို့သည် ယေရှုကို ရည်ညွှန်းနေပါက၊ သင်တို့အဖို့ ယေရှု၏ ခမည်းတော်သည် မည်သူဖြစ်သနည်း။ ယေရှု ထွက်ခွာသွားပြီး နောက်တွင်၊ ခမည်းတော်နှင့် သားတော်တို့နှင့် ဆိုင်သည့် ဤစိတ်ကူး မရှိတော့ပေ။ ဤစိတ်ကူးသည် ယေရှု လူ့ဇာတိခံယူသည့် နှစ်ကာလများအတွက်သာ သင့်လျော်ခဲ့သည်။ အခြား အခြေအနေ အားလုံးအောက်တွင်၊ သင်က ဘုရားသခင်အား ခမည်းတော်ဟု ခေါ်ဆိုသောအခါ၊ ဖန်ဆင်းခြင်း၏ သခင်နှင့် ဖန်ဆင်းခံ သတ္တဝါတို့အကြား ဆက်နွှယ်မှုတစ်ခု ဖြစ်သည်။ ခမည်းတော်၊ သားတော်နှင့် သန့်ရှင်းသော ဝိညာဉ်တော်နှင့်ဆိုင်သည့် ဤသုံးပါးတစ်ဆူ စိတ်ကူးရပ်တည်နိုင်သည့် အချိန်ကာလ မရှိပေ။ ယင်းသည် ခေတ်ကာလများ တစ်လျှောက် မြင်ရခဲသော အတွေးမှားတစ်ခုဖြစ်ပြီး မတည်ရှိပေ။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သုံးပါးတစ်ဆူ တည်ရှိပါသလော

အချို့က “ခမည်းတော်သည် ခမည်းတော်ဖြစ်ပြီး၊ သားတော်က သားတော်ဖြစ်သည်။ သန့်ရှင်းသော ဝိညာဉ်တော်သည် သန့်ရှင်းသော ဝိညာဉ်တော် ဖြစ်ပြီး၊ အဆုံးတွင် ၎င်းတို့သည် တစ်ဦးတည်း ဖြစ်ကြလိမ့်မည်။” ဟု ဆိုကောင်း ဆိုနိုင်သေးသည်။ သို့ဆိုလျှင် သင်သည် ၎င်းတို့ကို တစ်ဦးတည်းအဖြစ် မည်သို့ဖြစ်စေသင့်သနည်း။ ခမည်းတော်နှင့် သန့်ရှင်းသော ဝိညာဉ်တော်သည် အဘယ်ကဲ့သို့ တစ်ဦးတည်း ဖြစ်နိုင်မည်နည်း။ အကယ်၍ ၎င်းတို့သည် ပင်ကိုအားဖြင့် နှစ်ပါးဖြစ်ခဲ့သည်ဆိုပါက၊ ၎င်းတို့ကို မည်သို့ ပေါင်းစပ်သည်ဖြစ်စေ၊ အစိတ်အပိုင်းနှစ်ခု ဖြစ်ဆဲရှိကြမည် မဟုတ်လော။ သင်သည် ၎င်းတို့အား တစ်ဦးတည်း ဖြစ်စေခြင်းအကြောင်း ပြောဆိုရာတွင်၊ ယင်းမှာ ကွဲပြားသော အစိတ်အပိုင်းနှစ်ခုကို တစ်လုံးတစ်ဝတည်း ဖြစ်စေရန် ပေါင်းစည်းခြင်း သက်သက်ဖြစ်သည် မဟုတ်လော။ သို့သော် ၎င်းတို့သည် တစ်လုံးတစ်ဝတည်း မဖြစ်မီတွင် အစိတ်အပိုင်းနှစ်ခု ဖြစ်ခဲ့သည် မဟုတ်လော။ ဝိညာဉ်တော်အသီးသီးသည် ခြားနားသော အနှစ်သာရ တစ်ခုရှိပြီး၊ ဝိညာဉ်တော် နှစ်ပါးကိုလည်း တစ်ပါးတည်း အဖြစ်သို့ ပြုလုပ်၍ မရနိုင်ပေ။ ဝိညာဉ်တော်သည် ရုပ်ဝတ္ထုအရာတစ်ခု မဟုတ်သကဲ့သို့၊ ရုပ်ဝတ္ထု လောကကြီးထဲက မည်သည့်အရာနှင့်မျှ မတူပေ။ လူသားက မြင်သကဲ့သို့၊ ခမည်းတော်သည် ဝိညာဉ်တော် တစ်ပါးဖြစ်ပြီး၊ သားတော်သည် နောက်ထပ် တစ်ပါးဖြစ်ကာ၊ သန့်ရှင်းသော ဝိညာဉ်တော်သည်လည်း နောက်တစ်ပါး ဖြစ်ပြီး၊ ဝိညာဉ်တော် သုံးပါးကို ဖန်ခွက်သုံးခွက်ထဲမှ ရေများကဲ့သို့ တစ်လုံးတစ်ဝတည်းအဖြစ်သို့ ရောနှောလိုက်ခြင်း ဖြစ်သည်။ ထိုအခါ သုံးပါးသည် တစ်ပါးတည်းဖြစ်သွားသည် မဟုတ်လော။ ဤသည်မှာ မှားယွင်းပြီး အဓိပ္ပာယ်မရှိသော ရှင်းပြချက်သက်သက်ပင်တည်း။ ဤသည်မှာ ဘုရားသခင်အား ခွဲခြင်း ဖြစ်သည် မဟုတ်လော။ ခမည်းတော်၊ သားတော်နှင့် သန့်ရှင်းသော ဝိညာဉ်တော်တို့ကို အဘယ်သို့ တစ်ဦးတည်း ဖြစ်စေ၍ ရနိုင်သနည်း။ ၎င်းတို့သည် ကွဲပြားခြားနားသော သဘာဝများနှင့် အစိတ်အပိုင်း သုံးခု ဖြစ်ကြသည် မဟုတ်လော။ “ဘုရားသခင်က ယေရှုကို သူ၏ချစ်သောသားဟု ပွင့်လင်းစွာ ဖော်ပြခဲ့သည် မဟုတ်လော။” ဟု ဆိုကြသော အခြားသူများ ရှိကြသည်။ ယေရှုသည် ဘုရားသခင်၏ နှစ်သက်မြတ်နိုးရာ ချစ်သား ဖြစ်သည်- ဤအရာကို ဘုရားသခင် ကိုယ်တော်တိုင် သေချာပေါက် ပြောခဲ့ပေသည်။ ယင်းမှာ ဘုရားသခင်သည် မိမိကိုယ်ကိုယ် သက်သေခံခြင်း ဖြစ်သည်၊ သို့သော် ကောင်းကင်ဘုံရှိ ဝိညာဉ်တော်က သူကိုယ်တိုင်၏ လူ့ဇာတိခံယူခြင်းကို သက်သေခံနေခြင်း ဟူသည့် ကွဲပြားခြားနားသော ရှုထောင့်မှသာ ဖြစ်သည်။ ယေရှုသည် သူ၏ လူ့ဇာတိ ခံယူခြင်း ဖြစ်ပြီး၊ ကောင်းကင်ဘုံရှိ သူ၏ သားတော်မဟုတ်ပေ။ သင်နားလည်ပါ၏လော။ “ငါသည် ခမည်းတော်၌ရှိသည်ကို၎င်း၊ ခမည်းတော်သည် ငါ၌ ရှိတော်မူသည်ကို၎င်း၊” ဟူသော ယေရှု၏ စကားများသည် ၎င်းတို့မှာ ဝိညာဉ်တော် တစ်ပါးတည်း ဖြစ်သည်ကို ညွှန်းပြသည် မဟုတ်လော။ လူ့ဇာတိခံယူခြင်းကြောင့်သာ ၎င်းတို့သည် ကောင်းကင်နှင့် မြေကြီးကြားတွင် ခွဲခွာနေရခြင်း ဖြစ်သည် မဟုတ်လော။ လက်တွေ့အရှိတရားတွင်၊ ၎င်းတို့သည် တစ်ပါးတည်း ဖြစ်နေဆဲ ဖြစ်သည်။ မည်သို့ပင် ဖြစ်စေကာမူ၊ ယင်းသည် ဘုရားသခင်က မိမိကိုယ်ကိုယ် သက်သေခံခြင်း သက်သက် ဖြစ်သည်။ ခေတ်များထဲက အပြောင်းအလဲ၊ အမှု၏ သတ်မှတ်ချက်များနှင့် သူ၏ စီမံခန့်ခွဲမှု အစီအစဉ်၏ ကွဲပြားခြားနားသော အဆင့်များကြောင့်၊ သူ့ကို လူကခေါ်ဆိုသော နာမတော်သည်လည်း ကွဲပြားခြားနားပေသည်။ အမှု၏ ပထမအဆင့်အား ဆောင်ရွက်ရန် သူကြွလာခဲ့ချိန်တွင်၊ သူ့ကို ဣသရေလလူမျိုးများ၏ သိုးထိန်းရှင်ဖြစ်သူ ယေဟောဝါဟူ၍သာ ခေါ်၍ရနိုင်ခဲ့သည်။ ဒုတိယအဆင့်တွင်၊ လူ့ဇာတိခံ ဘုရားသခင်ကို သခင်နှင့် ခရစ်တော် ဟူ၍သာ ခေါ်ဆို၍ရနိုင်ခဲ့သည်။ သို့သော် ထိုအချိန်တွင်၊ ကောင်းကင်ဘုံရှိ ဝိညာဉ်တော်က သူသည် ဘုရားသခင်၏ ချစ်မြတ်နိုးသောသား ဟူ၍သာ ဖော်ပြခဲ့ပြီး၊ ဘုရားသခင်၏ တစ်ဦးတည်းသော သားတော်ဟူသော သူ၏ဖြစ်ခြင်းနှင့်ပတ်သက်၍ မည်သည့် ဖော်ပြချက်မှ မပြုခဲ့ပေ။ ဤသည်မှာ တကယ်ကို မဖြစ်ပျက်ခဲ့ပေ။ အဘယ်သို့ ဘုရားသခင်သည် ကလေးတစ်ဦးတည်းသာ ရှိနိုင်မည်နည်း။ သို့ဆိုလျှင် ဘုရားသခင်သည် လူသား ဖြစ်လာပြီးဖြစ်မည် မဟုတ်လော။ သူသည် လူ့ဇာတိခံယူခြင်း ဖြစ်ခဲ့သောကြောင့်၊ သူ့ကို ဘုရားသခင်၏ ချစ်သောသားဟု ခေါ်ဆိုခဲ့ပြီး၊ ဤအရာမှ ခမည်းတော်နှင့် သားတော်ကြားက ဆက်နွှယ်မှု ဖြစ်လာပေသည်။ ယင်းမှာ ကောင်းကင်နှင့် မြေကြီးကြားရှိ ခြားနားခြင်းကြောင့် သက်သက် ဖြစ်သည်။ ယေရှုသည် လူ့ဇာတိ၏ ရှုထောင့်မှ ဆုတောင်းခဲ့သည်။ သူသည် ထိုသို့သော ပုံမှန်လူသားသဘာဝ၏ ဇာတိပကတိကို ယူတင် ဝတ်ဆင်ထားခဲ့ပြီးဖြစ်သည့် အတွက်၊ “ငါ၏ အပြင်ပန်းအကာသည် ဖန်ဆင်းခံ သတ္တဝါတစ်ဦး၏ အရာသာ ဖြစ်သည်။ ငါသည် ဤကမ္ဘာမြေသို့ ကြွလာရန် လူ့ဇာတိအား ယူတင်ဝတ်ဆင်သည့်အတွက်၊ ယခုတွင် ငါသည် ကောင်းကင်ဘုံနှင့် အလွန့်အလွန် ဝေးကွာလျက်ရှိ၏။” ဟုသူပြောခဲ့သည်မှာ လူ့ဇာတိ၏ ရှုထောင့်မှ ဖြစ်သည်။ ဤအကြောင်းရင်းကြောင့်၊ သူသည် ခမည်းတော် ဘုရားသခင်အား ဇာတိပကတိ၏ ရှုထောင့်မှသာ ဆုတောင်းနိုင်ခဲ့သည်။ ဤသည်မှာ သူ၏တာဝန် ဖြစ်ခဲ့ပြီး၊ ယင်းမှာ လူ့ဇာတိခံ ဘုရားသခင်၏ ဝိညာဉ်တော်က ဖြည့်ဆည်းထားသင့်သည့် အရာ ဖြစ်သည်။ သူသည် ခမည်းတော်အား လူ့ဇာတိ၏ ရှုထောင့်မှ ဆုတောင်းခဲ့သောကြောင့်သာ၊ သူသည် ဘုရားသခင် မဟုတ်ဟု ပြော၍မရနိုင်ပေ။ သူသည် ဝိညာဉ်တော်၏ လူ့ဇာတိခံယူခြင်းသာ ဖြစ်ပြီး၊ သူ၏ အနှစ်သာရသည် ဝိညာဉ်တော် ဖြစ်နေဆဲ ဖြစ်သည့်အတွက်၊ သူသည် ဘုရားသခင်၏ ချစ်သားဟု ခေါ်ဆိုခံခဲ့ရသော်လည်း၊ ဘုရားသခင် ကိုယ်တော်တိုင် ဖြစ်ဆဲဖြစ်ခဲ့သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သုံးပါးတစ်ဆူ တည်ရှိပါသလော

လူ၏ ရှင်းပြချက်များတွင် ဆန့်ကျင်ကွဲလွဲမှု များစွာရှိသည်။ အမှန်တွင် ဤအရာအားလုံးသည် လူ၏ အယူအဆများသာ ဖြစ်သည်။ နောက်ထပ် စေ့စေ့စပ်စပ် စစ်ဆေးခြင်း မရှိဘဲနှင့်၊ ယင်းတို့ မှန်ကန်သည်ဟု သင်တို့အားလုံး ယုံကြည်ပေမည်။ သုံးပါးတစ်ဆူ ဘုရားသခင်ဟူသော ထင်မြင်ယူဆချက်များသည် လူ၏ အယူအဆများသာဖြစ်သည်ကို သင်တို့မသိလေသလော။ လူနှင့်သက်ဆိုင်သည့် မည်သည့် အသိပညာမျှ ပြည့်ဝပြီး စေ့စပ်သေချာခြင်း မရှိပေ။ အမြဲ မစင်ကြယ်မှုများရှိပြီး၊ လူသည် ထင်မြင်ယူဆချက် အလွန်များလှပေသည်။ ဤအရာက ဖန်ဆင်းခံ သတ္တဝါတစ်ဦးသည် ဘုရားသခင်၏ အမှုအား တကယ်ကို မရှင်းပြနိုင်သည်ကို ဖော်ပြပေသည်။ လူ၏ စိတ်ထဲတွင် များစွာရှိနေပြီး အားလုံးသည် သမ္မာတရားနှင့် သဘောကွဲလွဲသော တွေးခေါ်ဆင်ခြင်မှုနှင့် အတွေးများမှ လာခြင်း ဖြစ်သည်။ သင်၏ ဆင်ခြင်တွေးခေါ်မှုစနစ်သည် ဘုရားသခင်၏ အမှုကို စေ့စေ့စပ်စပ် ပိုင်းခြားစိတ်ဖြာနိုင်သလော။ သင်သည် ယေဟောဝါ၏ အမှုအားလုံးထဲသို့ ထိုးထွင်းသိမြင်မှုတစ်ခု ရရှိနိုင်သလော။ ယင်းကို လုံးဝ ရိပ်စားမိနိုင်သူမှာ လူသားအနေဖြင့် သင်ဖြစ်သလော၊ သို့မဟုတ် ကမ္ဘာအဆက်ဆက် မြင်နိုင်သောသူမှာ ဘုရားသခင် ကိုယ်တိုင်ဖြစ်သလော။ ထာဝရကြာမြင့်သော ရှေးပဝေသဏီကာလမှ ကောင်းကင်၊ မြေကြီးနှင့် အရာခပ်သိမ်းတို့၏ ထာဝရကာလတိုင်အောင် မြင်နိုင်သောသူမှာ သင်ဖြစ်သလော၊ သို့တည်းမဟုတ် ထာဝရကြာမြင့်သော ရှေးပဝေသဏီကာလမှ နောင်လာမည့် ထာဝရကာလတိုင်အောင် မြင်နိုင်သောသူမှာ ဘုရားသခင်ပေလော။ သင်မည်သို့သဘောရသနည်း။ ဘုရားသခင်အကြောင်း ရှင်းပြရန် သင် မည်သို့ထိုက်တန်ရသနည်း။ သင့်ရှင်းပြချက်သည် မည်သည်အခြေခံအကြောင်းရင်းပေါ်တွင် ရှိသနည်း။ သင်သည် ဘုရားသခင်လော။ ကောင်းကင်၊ မြေကြီးနှင့် ထိုအထဲရှိ အရာခပ်သိမ်းကို ဖန်ဆင်းထားခဲ့သူမှာ ဘုရားသခင် ကိုယ်တော်တိုင် ဖြစ်သည်။ ဤအရာကို လုပ်ဆောင်ခဲ့သူမှာ သင်မဟုတ်၊ ထို့ကြောင့် သင်သည် မမှန်ကန်သော ရှင်းပြချက်များကို အဘယ်ကြောင့် ပေးနေရသနည်း။ ယခုတွင် သင်သည် သုံးပါးတစ်ဆူ ဘုရားသခင်ကို ဆက်ယုံကြည်သေးသလော။ ဤနည်းလမ်းသည် အလွန် ကိုယ်ရောစိတ်ပါ ပင်ပန်းသည်ဟု သင် မထင်သလော။ ဘုရားသခင် သုံးပါးမဟုတ်ဘဲ၊ တစ်ပါးတည်းကိုသာ ယုံကြည်ရန်မှာ သင့်အတွက် အကောင်းဆုံး ဖြစ်မည်။ သခင်၏ ဝန်သည်ပေါ့သည့်အတွက်၊ ပေါ့ပါးရသည်မှာ အကောင်းဆုံး ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သုံးပါးတစ်ဆူ တည်ရှိပါသလော

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

Leave a Reply

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။