ဘုရားသခင်၏ လူတို့ဆိုသည်မှာ အဘယ်အရာဖြစ်ပြီး အစေခံသူများဆိုသည်မှာ အဘယ်နည်း

12.03.2021

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

ယခုအခြေအနေသည် တစ်ချိန်ကဖြစ်ခဲ့သကဲ့သို့ မဟုတ်သကဲ့သို့၊ ငါ၏ အမှုသည် အသစ်သော စမှတ်တစ်ခုသို့ ဝင်ရောက်ခဲ့ပြီဖြစ်သည်။ ထိုသို့ဖြစ်နေသဖြင့်၊ အသစ်သော ချဉ်းကပ်နည်းတစ်ခု ရှိလိမ့်မည်- ငါ၏ နှုတ်ကပတ်တော်ကို မြင်ပြီး ယင်းကို ၎င်းတို့၏ တကယ့်အသက်ကဲ့သို့ လက်ခံသောသူအားလုံးသည် ငါ၏ နိုင်ငံတော်ထဲက လူများဖြစ်ကြပြီး၊ ငါ၏ နိုင်ငံတော်ထဲတွင် ရှိနေသဖြင့်၊ ၎င်းတို့သည် ငါ၏ နိုင်ငံတော်သားများ ဖြစ်ကြပေသည်။ ၎င်းတို့သည် ငါ၏နှုတ်ကပတ်တော်များ၏ လမ်းပြမှုကို လက်ခံကြသောကြောင့်၊ ၎င်းတို့သည် ငါ၏ လူများအဖြစ် ရည်ညွှန်းခံရသော်လည်း၊ ဤအမည်နာမသည် ငါ၏ “သားများ” ဟု ခေါ်ဝေါ်ခံရခြင်းလောက် အရေးမကြီးမဟုတ်ပေ။ ဘုရားသခင်၏လူများအဖြစ်သို့ ဖန်တီးခြင်းခံရပြီးနောက်၊ အားလုံးသည် ငါ၏နိုင်ငံတော်ထဲတွင် အဆုံးစွန်သော ဆက်ကပ်မှုဖြင့် အစေခံရမည်ဖြစ်ပြီး ငါ၏ နိုင်ငံတော်ထဲတွင် ၎င်းတို့၏ တာဝန်များကို ဖြည့်ဆည်းရမည်ဖြစ်သည်။ ငါ၏ စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များကို ပုန်ကန်ပြစ်မှားသောသူ မည်သူမဆို ငါ၏အပြစ်ပေးခြင်းကို ရရှိရပေမည်။ ဤသည်မှာ အားလုံးအဖို့ ငါ၏ အကြံပေးချက် ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ စကြဝဠာတစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ အခန်း (၁)

သင်တို့သည် ငါ၏လူများဟု ခေါ်ဆိုခံကြရသည့်အတွက်၊ သင်တို့အနေဖြင့် ငါ့နာမကို ဘုန်းထင်ရှားစေနိုင်သင့်ပေသည်။ ဆိုလိုသည်မှာ စမ်းသပ်မှုအလယ်တွင် သက်သေခံရပ်တည်ခြင်း ဖြစ်သည်။ လူတစ်ဦးသည် ငါ့အား မြှောက်ထိုးပင့်ကော် လုပ်ဖို့နှင့် ငါ့ထံမှ သမ္မာတရားကို ဖုံးကွယ်ထားရန် ကြိုးပမ်းပါက သို့မဟုတ် ငါ့နောက်ကွယ်တွင် သိက္ခာမဲ့သော ဆက်ဆံရေးများတွင် ပါဝင်ပတ်သက်ပါက၊ ထိုသို့သော လူများသည် ခြွင်းချက်မရှိ မောင်းထုတ်ခံရမည် ဖြစ်ကာ ၎င်းတို့အား ငါကိုင်တွယ်ဖြေရှင်းသည်ကို စောင့်ဆိုင်းရန် ငါ့အိမ်မှ မောင်းထုတ်ခံရမည်၊ ပြီးလျှင် ဖယ်ရှားခံရလိမ့်မည်။ အတိတ်တွင် ငါ့အပေါ် သစ္စာမရှိသကဲ့သို့ သားသမီးတို့၏ ချစ်ခင်မှုမရှိသူ၊ ပြီးလျှင် ယနေ့တွင် ငါ့အား ပွင့်ပွင့်လင်းလင်း ဝေဖန်ရန် တစ်ဖန် ထကြွ သူတို့သည်လည်း ငါ့အိမ်မှ မောင်းထုတ်ခံရလိမ့်မည်။ ငါ၏လူများဖြစ်သော သူတို့သည် ငါ၏ဝန်ထုပ်များကို စဉ်ဆက်မပြတ် စာနာထောက်ထားမှု ပြရမည်ဖြစ်သည့်အပြင် ငါ၏နှုတ်ကပတ်တော်များကို သိရှိဖို့ ကြိုးစားရမည်ဖြစ်သည်။ ဤသို့သော လူများကိုသာ ငါသည် ဉာဏ်ပွင့်လင်းစေမည် ဖြစ်ပြီး၊ ၎င်းတို့သည် ပြစ်တင်ဆုံးမမှုကို မည်သည့်အခါတွင်မျှ မရင်ဆိုင်ရဘဲ၊ ငါ၏လမ်းပြမှုနှင့် ဉာဏ်ပွင့်လင်းစေခြင်း အောက်တွင် ဧကန်မုချ အသက်ရှင်ကြလိမ့်မည်။ ငါ၏ဝန်ထုပ်များကို စာနာထောက်ထားမှု မပြနိုင်ဘဲလျက်၊ မိမိတို့ကိုယ်တိုင်၏ အနာဂတ်များအတွက် စီစဉ်ခြင်းအပေါ် အာရုံစိုက်သူများ- ဆိုလိုသည်မှာ၊ ၎င်းတို့၏ လုပ်ဆောင်ချက်များကို ငါ၏ စိတ်နှလုံးကို ကျေနပ်စေရန် ရည်ရွယ်ခြင်း မရှိဘဲ၊ ယင်းထက် ပေးစာကမ်းစာများကို ရှာဖွေသူများ- ၎င်းတို့သည့် မွေးဖွားခဲ့သည့်အချိန်မှ ငါ၏ဝန်ထုပ်များအပေါ် စာနာထောက်ထားမှု ပြဖို့ဆိုသည်မှာ မည်သည့်အရာ ဆိုသည်ကို ဘာမျှမသိရှိကြလေသောကြောင့်၊ ဤသူတောင်းစားကဲ့သို့သော သတ္တဝါများကို အသုံးပြုဖို့ ငါ လုံးဝ ငြင်းပယ်လေသည်။ ၎င်းတို့သည် ပုံမှန်အသိစိတ်မဲ့သော လူများဖြစ်သည်။ ထိုသို့သောလူများသည် ဦးနှောက် “အာဟာရချို့တဲ့မှု” ကို ခံစားရပြီး “အာဟာရ” တချို့အတွက် အိမ်ပြန်ရန်လိုအပ်သူများ ဖြစ်သည်။ ထိုသို့သော လူများကို ငါမသုံးပေ။ ငါ၏လူများအလယ်၊ အဆုံးတွင် ငါ့ကိုသိကျွမ်းခြင်းသည် အစာစားခြင်းကဲ့သို့ ကျွမ်းကျင်သောလက်ဖြင့် သင် သက်သောင့်သက်သာ လုပ်လေ့ ရှိသော အရာတစ်ခုကဲ့သို့ တရင်းတနှီး ဖြစ်လာဖို့အလို့ငှာ အယောက်တိုင်းသည် တစ်ခဏပင် လုံးဝ မေ့လျော့ခြင်း မရှိသောအရာတစ်ခုဖြစ်သည့် စားခြင်း၊ ဝတ်ခြင်းနှင့် အိပ်ခြင်းကဲ့သို့ ငါ့အား သိကျွမ်းခြင်းကို အဆုံးထိ ကျေပွန်ရမည့် တာဝန်ဝတ္တရားတစ်ခုအဖြစ် အလေးထားရန် လိုအပ် ပေလိမ့်မည်။ ငါပြောဆိုသော နှုတ်ကပတ်တော်များ အတွက်မူ၊ တစ်ခုစီတိုင်းကို အဆုံးစွန် ယုံကြည်မှုနှင့် ခံယူရမည်ဖြစ်ပြီး၊ အပြည့်အဝ စွဲမှတ်ရမည်။ ဝတ်ကျေတန်းကျေ တစ်ဝက်တစ်ပျက် ဆောင်ရွက်ခြင်း ရှိ၍ မဖြစ်ပေ။ ငါ၏နှုတ်ကပတ်တော်များကို အာရုံမစိုက်သောသူ မည်သူမဆိုသည် ငါ့အား တိုက်ရိုက်ခုခံနေခြင်းအဖြစ် မှတ်ယူခံ ရလိမ့်မည်။ ငါ့နှုတ်ကပတ်တော်များကို စားသုံးခြင်း မပြုသောသူ မည်သူမဆို သို့မဟုတ် ယင်းတို့ကို သိရှိရန် မကြိုးစားသောသူ မည်သူမဆိုသည် ငါ့ကို အာရုံစိုက်နေခြင်း မရှိသကဲ့သို့ မှတ်ယူခံရမည်ဖြစ်ပြီး ငါ၏အိမ်တံခါးပြင်ပသို့ တိုက်ရိုက် ဖယ်ရှားခံရလိမ်မည်။ ဤသည်မှာ အဘယ်ကြောင့်ဆိုသော် ယခင်က ငါပြောခဲ့သည့်အတိုင်း၊ ငါအလိုရှိသည်မှာ အရေအတွက်များပြားသော လူများမဟုတ်ဘဲ၊ ထူးကဲသာလွန်မှု ဖြစ်သည်။ လူတစ်ရာတွင် ငါနှုတ်ကပတ်တော်များမှတစ်ဆင့် ငါ့ကို သိနိုင်သူ တစ်ဦးသာရှိပါက၊ ဤသူတစ်ဦးတည်းကို အသိဉာဏ် ပွင့်လင်းစေခြင်းနှင့် အလင်းပေးခြင်းတို့အပေါ် အာရုံစိုက်ဖို့ အခြားသူအားလုံးကို ငါ လိုလိုလားလား စွန့်ပယ်မည် ဖြစ်သည်။ ဤအရာမှ အရေအတွက်များခြင်း တစ်ခုတည်းက ငါ့ကို ထင်ရှားစေနိုင်ပြီး ငါ့အားဖြင့် အသက်ရှင် နေထိုင်နိုင်သည်ဆိုသည်မှာ သေချာပေါက် မမှန်ကန်သည်ကို သင်တို့ တွေ့နိုင်ပေသည်။ ငါအလိုရှိသည်မှာ (အစေ့အနှံများ မပြည့်ဝသည့်တိုင်) ဂျုံစပါးဖြစ်ပြီး (အစေ့အနှံများမှာ အထင်ကြီးစဖွယ် ပြည့်ဝချိန်တွင်ပင်) တောပင်များ မဟုတ်ပေ။ ရှာဖွေခြင်းကို အရေးမထားဘဲ၊ ယင်းအစား လျော့ရဲသည့် ပုံစံဖြင့် ပြုမူသူများအနေနှင့်မူ၊ မိမိတို့ သဘောအလျောက် ထွက်ခွာသွားသင့်သည်။ ၎င်းတို့သည် ငါ့နာမကို ဆက်လက် ဂုဏ်အသရေပျက်စေမည်စိုး၍၊ ၎င်းတို့ကို ငါနောက်ထပ် မမြင်လိုပေ။ ငါ၏လူများကို ငါတောင်းဆိုသည့်အရာနှင့် စပ်လျဉ်း၍၊ ဤပညတ်ချက်များတွင် ယခု ငါရပ်ထားမည် ဖြစ်ပြီး၊ အခြေအနေများ ပြောင်းလဲပုံပေါ် မူတည်ပြီး နောက်ထပ် အရေးယူမှုများ ပြုလုပ်ရန် စောင့်ဆိုင်းမည်ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ စကြဝဠာတစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ အခန်း (၅)

ဘုရားသခင်၏ မျက်မှောက်တွင် အမှန်တကယ် ငြိမ်သက်ခြင်း ရှိနိုင်သူသည် အလုံးစုံသော လောကီချည်နှောင်မှုများမှ ရုန်းထွက်နိုင်ပြီး ဘုရားသခင်၏ ပိုင်ဆိုင်ခြင်းကို ခံရနိုင်ပေသည်။ ဘုရားသခင် မျက်မှောက်တွင် ငြိမ်းချမ်းနေနိုင်စွမ်း မရှိသူ အားလုံးသည် ဧကန်မုချ ကိုယ်ကျင့်တရား ပျက်ပြားပြီး အထိန်းအကွပ်မဲ့လေသည်။ ဘုရားသခင်၏ ရှေ့မှောက်တွင် ငြိမ်းချမ်းစွာနေနိုင်စွမ်း ရှိသူအားလုံးသည် ဘုရားသခင်ရှေ့တွင် ဘုရားတရား ကိုင်းရှိုင်းသူများနှင့် ဘုရားသခင်ကို တမ်းတသူများဖြစ်ကြသည်။ ဘုရားသခင် ရှေ့မှောက်တွင် ငြိမ်းချမ်းနေသူတို့သာ ဘဝကို တန်ဖိုးထားကြသည်၊ စိတ်ဝိညာဉ်၌ မိတ်သဟာယပြုခြင်းကို တန်ဖိုးထားသည်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဆာငတ်ပြီး၊ သမ္မာတရားကို လိုက်စားကြလေသည်။ ဘုရားသခင်ရှေ့မှောက်တွင် ငြိမ်းချမ်းနေခြင်းကို တန်ဖိုးမထားသူနှင့် ဘုရားသခင်ရှေ့မှောက်တွင် ငြိမ်းချမ်းနေခြင်းကို လက်တွေ့မလုပ်ဆောင်သောသူ မည်သူမဆိုသည် စိတ်ကြီးဝင်နေပြီး အပေါ်ယံသာဖြစ်ကာ လောကကို စွဲလမ်းပြီး အသက်မရှိသူများ ဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင်အား ယုံကြည်သည်ဟု ပြောလျှင်ပင် ၎င်းတို့၏ နှုတ်ဖျားဖြင့် အစေခံခြင်းသာ ဖြစ်သည်။ နောက်ဆုံးတွင် ဘုရားသခင်က စုံလင်စေကာ ပြည့်စုံစေသူတို့မှာ ဘုရားသခင် ရှေ့မှောက်တွင် ငြိမ်းချမ်းနေနိုင်သူများသာ ဖြစ်သည်။ ထို့ကြောင့်၊ ဘုရားသခင် ရှေ့မှောက်တွင် ငြိမ်းချမ်းနေသူများသည် ကြီးမြတ်သည့် ကောင်းချီး မင်္ဂလာများဖြင့် ကျေးဇူးပြုခြင်း ခံရပေသည်။ တစ်နေ့လုံး ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်ဖို့ အချိန်ယူခဲသောလူများ၊ ပြင်ပကိစ္စများဖြင့် အလုပ်များလှစွာ နစ်မြုပ်နေပြီး အသက်တာထဲဝင်ရောက်ခြင်းအပေါ် တန်ဖိုးအနည်းငယ်သာထားသည့် လူများ- ဤသူအားလုံးတို့သည် အနာဂတ်တွင် ကြီးထွားရန် အလားအလာမရှိသည့် သူတော်ကောင်း ယောင်ဆောင်သူများ ဖြစ်သည်။ ဘုရားသခင် ရှေ့မှောက်တွင် ငြိမ်းချမ်းနေနိုင်ပြီး ဘုရားသခင်နှင့် စစ်မှန်စွာ မိတ်သဟာယ ပြုနိုင်သူများသည် ဘုရားသခင်၏ လူများဖြစ်ကြသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်ရှေ့မှောက်တွင် သင်၏ စိတ်နှလုံးအား ငြိမ်သက်စေခြင်းနှင့် ပတ်သက်၍

ဘုရားသခင်၏ အိမ်တော်နှင့် နိုင်ငံတော်၏ အဖွဲ့ဝင်တစ်ဦးဟူသည့် ဤအမည်နာမသည် မည်သည့်နေရာမှ လာသနည်း။ ယင်းကို လူတို့က မည်သို့ ရရှိကြသနည်း။ ယင်းသည် အဖိုးအခတစ်ခု ပေးပြီးနောက်လာပြီး၊ သမ္မာတရားကို သိနားလည်မှုမှတစ်ဆင့် လာပြီး၊ သင်သည် သမ္မာတရားကို လိုက်စားပြီးဖြစ်ကာ သင်၏ စိတ်သဘောထားတွင် ပြောင်းလဲမှု အဆင့်တစ်ခုထိ ရောက်ရှိပြီးဖြစ်သည်။ ယခု သင်သည် ဘုရားသခင်ထံ ကျိုးနွံနာခံနိုင်ပြီး သူ့ကို ကြောက်ရွံ့နိုင်သည်၊ ပြီးလျှင် သင်သည် သူ၏ အိမ်တော်သားတစ်ဦး ဖြစ်လာပြီး ဖြစ်သည်။ ယောဘနှင့် ပေတရုတို့ကဲ့သို့၊ သင်သည် စာတန်၏ နှိပ်စက်ညှဉ်းပန်းခြင်းနှင့် ဖောက်ပြန်ပျက်စီးစေခြင်းတို့ကို ကြုံဖို့ မလိုအပ်တော့ပေ။ သင်သည် ဘုရားသခင်၏ အိမ်တော်နှင့် သူ၏ နိုင်ငံတော်ထဲတွင် လွတ်လပ်စွာ အသက်ရှင်နိုင်ပြီး သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို တိုက်ခိုက်တွန်းလှန်စရာ မလိုအပ်တော့ပေ။ သင်သည် ဘုရားသခင်၏ အမြင်တွင် စစ်မှန်သည့် ဖန်ဆင်းခံအရာတစ်ခု ဖြစ်ပြီး စစ်မှန်သော လူသားတစ်ဦး ဖြစ်သည်။ ဤအရာက စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်းခံရပြီးဖြစ်သည့် လူတစ်ဦးက ခံခဲ့ရသည့် ခက်ခဲသည့်နေ့ရက်များ လုံးဝ ပြီးဆုံးသွားပြီဟု ဆိုလိုပေသည်။ ယခုသည် လူတစ်ဦးက ဖန်ဆင်းရှင်၏ မျက်နှာအလင်းတွင် အသက်ရှင်နိုင်ပြီး ဘုရားသခင်ဘေးတွင် အသက်ရှင်နိုင်သည့် ငြိမ်သက်ခြင်း၊ ဝမ်းမြောက်ခြင်းနှင့် ပျော်ရွှင်ခြင်း အချိန်ကာလ ဖြစ်သည်။

အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၌ “၎င်းတို့သည် မိမိတို့ကိုယ်ကိုယ် ထင်ရှားကျော်ကြားမှု ရစေဖို့... ၎င်းတို့၏တာဝန်ကို ထမ်းဆောင်ခြင်းဖြစ်သည်။... (၉)” မှ

နိုင်ငံတော်ခေတ်တွင် လူသားသည် စုံလင်စေခြင်း အပြည့်အဝ ခံရလိမ့်မည်။ သိမ်းပိုက်ခြင်း အမှုနောက်တွင်၊ လူသားသည် စစ်ဆေးခြင်းနှင့် အတိဒုက္ခကို ခံရလိမ့်မည်။ ဤဒုက္ခဆင်းရဲခြင်း အတောအတွင်းတွင် အောင်မြင်ကျော်လွှားနိုင်ပြီး သက်သေ ရပ်တည်နိုင်သူတို့သည်၊ နောက်ဆုံးတွင် စုံလင်စေခြင်း ခံရမည့်သူများ ဖြစ်သည်။ ၎င်းတို့သည် အောင်မြင်သောသူများ ဖြစ်ကြသည်။ ဤဒုက္ခဆင်းရဲခြင်းအတောအတွင်းတွင်၊ လူသားသည် ဤစစ်ဆေးခြင်းကို လက်ခံရန်လိုအပ်ပြီး၊ ဤစစ်ဆေးခြင်းသည် ဘုရားသခင် အမှု၏ နောက်ဆုံး ဖြစ်စဉ်ဖြစ်သည်။ ဘုရားသခင်၏ စီမံခန့်ခွဲခြင်း အမှုအားလုံး အဆုံးမသတ်မီတွင် လူသားက စစ်ဆေးခြင်း ခံရလိမ့်မည်မှာ နောက်ဆုံးအကြိမ်ဖြစ်ပြီး၊ ဘုရားသခင်နောက် လိုက်သည့်သူအားလုံးသည် ဤနောက်ဆုံးစမ်းသပ်ခြင်းနှင့် စစ်ဆေးခြင်းကို လက်ခံရမည်ဖြစ်သည်။ ဒုက္ခဆင်းရဲ၏ ပတ်ချာ ဝိုင်းခံရသော သူများသည်၊ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်နှင့် ဘုရားသခင်၏ လမ်းပြခြင်း မရှိသူများ ဖြစ်ကြသည်၊ သို့သော် အမှန်တကယ် သိမ်းပိုက်ခံရပြီးဖြစ်ကာ ဘုရားသခင်ကို အမှန်တကယ် ရှာဖွေသူတို့သည် နောက်ဆုံးတွင် မားမားမတ်မတ် ရပ်တည်နိုင်ကြလိမ့်မည်။ ၎င်းတို့သည် လူ့သဘာဝကို ပိုင်ဆိုင်သူများနှင့် ဘုရားသခင်ကို အမှန်တကယ် ချစ်မြတ်နိုးသူများ ဖြစ်ကြသည်။ ဘုရားသခင် မည်သည့်အရာကိုပင် လုပ်ဆောင်သည်ဖြစ်စေ၊ ဤအောင်နိုင်သူတို့သည် ရူပါရုံများ ကင်းမဲ့လိမ့်မည် မဟုတ်သကဲ့သို့၊ ၎င်းတို့၏ သက်သေခံချက်များတွင် ကျရှုံးခြင်းမရှိဘဲ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ဆဲ ဖြစ်လိမ့်မည်။ ၎င်းတို့သည် နောက်ဆုံးတွင် ဒုက္ခဆင်းရဲမှ ထွက်ပေါ်လာမည့်သူများ ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်၏ အမှုနှင့် လူ၏လက်တွေ့လုပ်ဆောင်မှု

“အစေခံသူများ” ဟူသော စကားရပ်ကို လူသား ဘာသာစကားနှင့်ဆိုင်သော ဝေါဟာရအတိုင်း နားလည်ဖို့ တိုက်ရိုက်ရှုထောင့်အမြင်မှ ကြည့်ပါက၊ ယင်းမှာ စက်မှုလုပ်ငန်းတစ်ခုခုတွင် သို့မဟုတ် အလုပ်တစ်ခုခုတွင် ယာယီဝန်ဆောင်မှုများ ပေးပြီး ကြုံရကျပန်း အခြေခံစနစ်ဖြင့် လိုအပ်သည့် ယာယီအလုပ်သမားများကို ဆိုလိုပေသည်။ ဘုရားသခင်၏ အိမ်တော်တွင်၊ သူ၏ စီမံခန့်ခွဲမှု အစီအစဉ်နှင့် သူ၏ အမှုတွင်၊ အစေခံသူများအဖြစ် ရည်ညွှန်းထားသော လူစုသည် လုံးဝ မရှိမဖြစ် ဖြစ်ပေသည်။ ထိုသို့သော လူများ ဘုရားသခင်၏ အိမ်တော်သို့ ရောက်ရှိပြီး ဘုရားသခင်၏ လုပ်ငန်းခွင်သို့ လာကြချိန်တွင်၊ ဘုရားသခင်နှင့်ပတ်သက်၍ သို့မဟုတ် ယုံကြည်ခြင်းနှင့်ပတ်သက်၍ မည်သည့်အရာမျှ မသိကြသကဲ့သို့၊ သူ၏အမှု သို့မဟုတ် သူ၏စီမံခန့်ခွဲမှု အစီအစဉ်နှင့်ပတ်သက်၍ မည်သည့်အရာကိုမျှ လုံးဝ မသိကြချေ။ ၎င်းတို့ မည်သည့်အရာမျှ မသိကြချေ။ ၎င်းတို့သည် သာမန်လူများသာ ဖြစ်ကြသည်။ ဘုရားသခင်၏ အိမ်တော်တွင် သာမန်လူများကို မည်သို့ ခေါ်သနည်း။ မယုံကြည်သူများဟု ခေါ်သည်။ ဘုရားသခင်၏ အမြင်တွင် မယုံကြည်သူများဖြစ်သည့် လူများသည် ဘုရားသခင်၏ အိမ်တော်သို့ လာကြချိန်တွင်၊ မည်သည့်အရာကို ၎င်းတို့ လုပ်ဆောင်နိုင်ကြသနည်း။ ၎င်းတို့ထံမှ မည်သည့်အရာကို ဘုရားသခင်က အတိအကျ လိုအပ်သနည်း။ လူတို့၌ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ရှိကြသောကြောင့်၊ ပြီးလျှင် ၎င်းတို့၏ သဘာဝအနှစ်သာရကြောင့်၊ ၎င်းတို့ လုပ်ဆောင်နိုင်သည့်အရာမှာ ၎င်းတို့ကို ပြောထားသည့်အတိုင်း လုပ်ဆောင်ဖို့၊ ၎င်းတို့ကို ဘုရားသခင်ပေးသည့် မည်သည့် ညွှန်ကြားချက်များကိုမဆို ဆောင်ရွက်ဖို့၊ သူ၏အမှုက ၎င်းတို့ကို ခေါ်ဆောင်သည့် မည်သည့်နေရာကိုမဆို သွားဖို့နှင့် သူ၏ နှုတ်ကပတ်တော်များက ၎င်းတို့ကို သိခွင့်ပေးသည့် မည်သည့်အရာကိုမဆို သိရှိဖို့ ဖြစ်သည်။ ၎င်းတို့ လုပ်ဆောင်နိုင်သမျှမှာ သိရှိဖို့ ဖြစ်သည်။ ၎င်းတို့သည် သဘောပေါက်နားလည်နိုင်စွမ်းကို ကြိုးပမ်းမရရှိနိုင်ကြချေ။ ဘုရားသခင်လိုအပ်သည့် သူ၏အမှု အစိတ်အပိုင်းတိုင်းတွင်၊ လူတို့သည် မလှုပ်မယှက် ပူးပေါင်းလုပ်ဆောင်ရုံ လုပ်ဆောင်ကြသည်။ မည်သည့် ပဏာမခြေလှမ်းမျှ ၎င်းတို့ မလှမ်းကြချေ။ သင်သည် အမှန်တကယ် ပဏာမခြေလှမ်းအချို့ လှမ်းခဲ့ပါက၊ သင်သည် သမ္မာတရားနှင့် ဘုရားသခင်၏ အလိုကို နားလည်ပြီး ဖြစ်ပေမည်။ ဤတွင် “မလှုပ်မယှက်” ဆိုသည်မှာ ဘုရားသခင်က မည်သည့်အရာ လုပ်ဆောင်လိုသည်ကို သင် မသိ၊ သင့်ကို သူ လုပ်ဆောင်စေလိုသည့်အရာ၏ အဓိပ္ပါယ် သို့မဟုတ် ယင်း၏တန်ဖိုး မည်သည့်နေရာတွင် တည်ရှိသည်ကို သင် မသိသကဲ့သို့၊ မည်သည့်လမ်းကြောင်းမျိုးကို သင် လျှောက်လှမ်းသင့်သည်ကို သင် မသိချေ။ ဘုရားသခင်၏ အိမ်တော်သို့ သင် လာသည့်အခါ၊ သင်သည် စက်တစ်ခုကဲ့သို့ ဖြစ်သည်။ ဘုရားသခင် သင့်ကို အလုပ်လုပ်စေသည့် မည်သည့်နည်းလမ်းမဆိုသည် သင် အလုပ်လုပ်သည့် နည်းလမ်း ဖြစ်သည်။ ဘုရားသခင်သည် မည်သည့်အရာအတွက် သင့်ကို လိုအပ်သနည်း။ (လူသားမျိုးနွယ်ကို တရားစီရင်ဖို့ ဘုရားသခင်၏ သမ္မာတရား ဖော်ပြခြင်းအတွက် အရာဝတ္ထုတစ်ခုအဖြစ် ဖြစ်ပါသည်။) မှန်ပေ၏။ သင်သည် ဘုရားသခင်က သူ၏ နှုတ်ကပတ်တော်များကို ပြောဆိုဖို့အတွက် အရာဝတ္ထုတစ်ခု ဖြစ်သည်။ အခြားမည်သည့်အရာ ရှိသေးသနည်း။ သင်၏ ဆုကျေးဇူးများဖြစ်သည်၊ မှန်ပါ၏လော။ (မှန်ပါသည်။) ပုံမှန် လူသားအတွေးသည် အရေးပါသလော။ (အရေးပါပါသည်။) ပုံမှန် လူသားအတွေးကို သင် ပိုင်ဆိုင်မှသာ ဘုရားသခင်က သင့်ကို အသုံးပြုမည် ဖြစ်သည်။ သင်၏ စိတ်အခြေအနေသည် ပုံမှန်မဟုတ်ပါက၊ သင်သည် အစေခံတစ်ဦးဖြစ်ဖို့ပင် အရည်အချင်း မပြည့်မီပေ။ အခြား မည်သည့်အရာ ရှိသေးသနည်း။ (မိမိ၏ ကျွမ်းကျင်မှုများနှင့် အစွမ်းအစများဖြစ်သည်။) တစ်နည်းအားဖြင့်၊ လူတို့ ပိုင်ဆိုင်သော ကျွမ်းကျင်မှုမျိုးစုံ ဖြစ်သည်။ အခြားမည်သည့်အရာ ရှိသနည်း။ (ဘုရားသခင်နှင့် ပူးပေါင်းလုပ်ဆောင်ဖို့ စိတ်ဆုံးဖြတ်ချက် ဖြစ်ပါသည်။) ဤသည်မှာလည်း သူ လိုအပ်သည့်အရာတစ်ခု ဖြစ်သည်။ ယင်းသည် နားထောင်ကာ ကျိုးနွံနာခံဖို့ဖြစ်သော လူတို့ထဲက ပြင်းပြသောဆန္ဒ တစ်မျိုးဖြစ်ပြီး၊ ယင်းကို အပြုသဘောဆောင်သော အရာများနှင့် အလင်းကို ချစ်ဖို့ စိတ်ဆန္ဒအဖြစ် ပြော၍လည်းရနိုင်ပေသည်။ ယင်းကို စိတ်ဆုံးဖြတ်ချက်တစ်ခုဟု ကျွန်ုပ်တို့ ခေါ်ပါက၊ ယင်းသည် ထိုအရာကို ငုံမိခြုံမိစေဖို့ အနည်းငယ် ကျဉ်းမြောင်းလွန်းမည် ဖြစ်သည်။ ပြင်းပြသောဆန္ဒများသည် သာ၍ကျယ်ပြန့်သော အပိုင်းအခြားတစ်ခုကို ခြုံငုံပြီး ယင်းတို့သည် ယင်းတို့၏ လက်လှမ်းမီမှုအရ စိတ်ဆုံးဖြတ်ချက်များထက် သာ၍ သေးငယ်ပေသည်။ ဆိုလိုသည်မှာ သင်သည် ပြင်းပြသောဆန္ဒတစ်ခုဖြင့် အစပြုပြီး ပြင်းပြသောဆန္ဒတစ်ခု ရှိပြီးနောက်တွင်သာ သင်သည် အမျိုးမျိုးသော စိတ်ဆုံးဖြတ်ချက်များ တဖြည်းဖြည်း ဖြစ်ပေါ်စေလိမ့်မည် ဖြစ်သည်။ စိတ်ဆုံးဖြတ်ချက်များက သာ၍ ခိုင်လုံပြီး၊ ပြင်းပြသောဆန္ဒများမှာမူ သာ၍ ကျယ်ပြန့်သော အပိုင်းအခြားတစ်ခုကို ခြုံငုံမိပေသည်။ ဖောက်ပြန်ပျက်စီးသော လူသားများနှင့်ပတ်သက်၍၊ ဖန်ဆင်းရှင်၏ ရှုထောင့်အမြင်မှ၊ ဤသည်တို့မှာ ဘုရားသခင်က သင့်ကို လိုအပ်သည့် အရာများ ဖြစ်သည်။ ဆိုလိုသည်မှာ၊ ဘုရားသခင်၊ သူ၏ စီမံခန့်ခွဲမှု၊ သူ၏ အနှစ်သာရ၊ သူ၏ မိန့်မြွက်ချက်များ သို့မဟုတ် သူ၏ စိတ်သဘောထားနှင့်ဆိုင်သည့် အသိပညာ လုံးဝမရှိသည့် သာမန်လူတစ်ဦးသည် ဘုရားသခင်၏ အိမ်တော်သို့ လာသည့်အခါ၊ ထိုသူသည် စက်တစ်ခုနှင့် တူပေသည်။ ဘုရားသခင်အတွက် ထိုသူလုပ်ဆောင်နိုင်သည့်အရာနှင့် ဘုရားသခင်၏အမှုနှင့် ၎င်းတို့ ပူးပေါင်းလုပ်ဆောင်ပုံသည် အခြေခံအားဖြင့် ဘုရားသခင် သတ်မှတ်ထားသည့် စံနှုန်း (သမ္မာတရား) နှင့် ဆက်နွှယ်မှု မရှိပေ။ ဘုရားသခင် အသုံးချနိုင်သည့် လူတစ်ဦး၏ အမှုအရာများသည် ယခုတင် ဖော်ပြထားခဲ့သည့် အရာများ ဖြစ်သည်- ပထမဦးစွာ၊ တစ်ဦးတစ်ယောက်သည် ဘုရားသခင် စကားပြောဆိုဖို့ အရာဝတ္ထုတစ်ခု ဖြစ်လာသည်။ ဒုတိယအနေဖြင့်၊ လူတစ်ဦးပိုင်ဆိုင်သည့် ဆုကျေးဇူးအမျိုးမျိုး ဖြစ်သည်။ တတိယအနေဖြင့်၊ ပုံမှန်လူသားအတွေး ပိုင်ဆိုင်ခြင်း။ စတုတ္ထအနေဖြင့်၊ လူတစ်ဦး ပိုင်ဆိုင်သည့် ကျွမ်းကျင်မှုအမျိုးမျိုးနှင့် ပဉ္စမအနေဖြင့် အရေးကြီးဆုံးဖြစ်သည့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို နားထောင်ပြီး ကျိုးနွံနာခံဖို့ ပြင်းပြသော ဆန္ဒ ရှိခြင်း ဖြစ်သည်။ ဤအရာများသည် အဓိကသော့ချက်ဖြစ်၏။ လူတစ်ဦးသည် ဤအရည်အချင်းများ ပိုင်ဆိုင်သည့်အခါ၊ ၎င်းတို့သည် ဘုရားသခင်၏ အမှုနှင့်ဆိုင်သည့် အစေခံမှုနှင့် သူ၏စီမံခန့်ခွဲမှု အစီအစဉ်တွင် စတင် အလုပ်လုပ်ကြလေသည်။ ထိုအခါ ၎င်းတို့သည် မှန်ကန်သော လမ်းကြောင်းပေါ် တရားဝင် စတင်ကြပြီးဖြစ်သည်၊ ဆိုလိုသည်မှာ၊ ၎င်းတို့သည် ဘုရားသခင်၏ အိမ်တော်တွင် အစေခံသူများ တရားဝင် ဖြစ်လာကြပြီ ဖြစ်သည်။

ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ သမ္မာတရားနှင့် ဘုရားသခင်၏အလိုကို သိနားလည်ခြင်းမတိုင်မီ၊ ပြီးလျှင် ဘုရားသခင်အတွက် ရိုသေလေးမြတ်မှု အနည်းငယ်မျှပင် ဖြစ်ပေါ်စေခြင်းမတိုင်မီတွင်၊ လူတိုင်း ပါဝင်သည့် အခန်းကဏ္ဍသည် အစေခံသူတစ်ဦး၏ အခန်းကဏ္ဍသာ ဖြစ်နိုင်ပြီး အခြားမည်သည့်အရာမျှ မဖြစ်နိုင်ပေ။ ဆိုလိုသည်မှာ၊ သင်ဖြစ်ချင်သည်ဖြစ်စေ၊ မဖြစ်ချင်သည်ဖြစ်စေ၊ သင်သည် အစေခံသူတစ်ဦး ဖြစ်ပေသည်။ ဤအမည်နာမမှ သင် မလွတ်မြောက်နိုင်ပေ။ လူအချို့က “သို့သော် ဘုရားသခင်ကို ကျွန်ုပ်၏ တစ်သက်တာလုံး ယုံကြည်ခဲ့သည်။ ယေရှုကို ကျွန်ုပ် စတင်ယုံကြည်သည့် အချိန်မှစ၍ ဆယ်စုနှစ်အချို့ ရှိပြီးဖြစ်သည်။ ကျွန်ုပ်သည် အစေခံသူတစ်ဦးသာ အလေးအနက်ပင် ဖြစ်နေဆဲလော။” ဟူဆိုကြ၏။ ဤမေးခွန်းနှင့်ပတ်သက်၍ သင် မည်သည့်အရာ တွေးထင်သနည်း။ မည်သူ့ကို သင် မေးမြန်းနေသနည်း။ သင်သည် ဤအရာကို သင့်ကိုယ်သင် မေးဖို့ လိုအပ်သည်- ဘုရားသခင်၏ အလိုကို သင် နားလည်ပြီလော။ သင်သည် လောလောဆယ်တွင် အားထုတ်မှုအချို့ကို ပြုနေခြင်းသာ ဖြစ်သလော၊ သို့မဟုတ် သမ္မာတရားကို သင် လက်တွေ့လုပ်ဆောင်နေသလော။ သမ္မာတရားကို လိုက်စားခြင်းနှင့် သိနားလည်မှု လမ်းကြောင်းပေါ် သင် ခြေချပြီးပြီလော။ သမ္မာတရား စစ်မှန်မှုထဲသို့ သင် ဝင်ရောက်ပြီးပြီလော။ သင်၏ စိတ်နှလုံးထဲတွင် ဘုရားသခင်ကို သင် ကြောက်ရွံ့သလော။ သင်သည် ဤအရည်အချင်းများကို ပိုင်ဆိုင်ပါက၊ ဘုရားသခင်၏ စမ်းသပ်မှုများနှင့် ကြုံနေရချိန်တွင် ခိုင်ခိုင်မာမာ ရပ်တည်နိုင်ပြီး၊ ဘုရားသခင်၏ ကြောက်ရွံ့ကာ မကောင်းမှုကို ရှောင်ကြဉ်နိုင်သည်၊ ထို့နောက် သင်သည် အစေခံသူတစ်ဦး မဟုတ်တော့သည်မှာ အမှန်ဖြစ်၏။ သို့သော် သင်သည် ဤအရည်အချင်းများကို ပိုင်ဆိုင်ပါက၊ သင်သည် အစေခံသူတစ်ဦး ဧကန်မုချ ဖြစ်နေဆဲ ဖြစ်သည်။ ဤအရာသည် ရှောင်လွှဲ၍မရသောအရာ ဖြစ်ပြီး၊ မလွဲဧကန် ဖြစ်သည့်အရာလည်း ဖြစ်ပေသည်။

အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၌ “၎င်းတို့သည် မိမိတို့ကိုယ်ကိုယ် ထင်ရှားကျော်ကြားမှု ရစေဖို့... ၎င်းတို့၏တာဝန်ကို ထမ်းဆောင်ခြင်းဖြစ်သည်။... (၉)” မှ

လူတို့သည် ဘုရားသခင်၏ အိမ်တော်ထဲသို့ ဝင်ရောက်ပြီး သမ္မာတရားကို နားမလည်ကြဘဲ ပြင်းပြသော ဆန္ဒအမျိုးမျိုးသာ ရှိသည့်အခါ၊ သို့မဟုတ် ပူးပေါင်းလုပ်ဆောင်ဖို့ စိတ်ဆုံးဖြတ်မှုအချို့ ဖြစ်ပေါ်စေကြသည့်အခါတွင်၊ ဤကာလအတောအတွင်း ၎င်းတို့ ဖြည့်ဆည်းနိုင်သည့် အခန်းကဏ္ဍမှာ အစေခံသူများ၏ အခန်းကဏ္ဍသာ ဖြစ်ပေသည်။ ဟုတ်ပေ၏၊ “အစေခံမှုကို ပေးခြင်း”သည် ကြားကောင်းသည့် စကားရပ်တစ်ခု မဟုတ်ပေ။ တစ်နည်းအားဖြင့် ပြောရလျှင်၊ ယင်းသည် လူတို့က ဘုရားသခင်၏ စီမံခန့်ခွဲမှု အစီအစဉ်နှင့်ဆိုင်သည့် အမှုအတွက် အစေခံကာ အလုပ်ကို ပင်ပင်ပန်းပန်းလုပ်သည်ဟု ဆိုလိုသည်၊ ဆိုလိုသည်မှာ ယင်းအတွက် ၎င်းတို့ မိမိတို့ကိုယ်ကိုယ် အသုံးပြုပေသည်။ ၎င်းတို့သည် မည်သည့်အရာကိုမျှ သဘောမပေါက် သို့မဟုတ် နားမလည်ကြသော်လည်း၊ ကျွမ်းကျင်မှုများနှင့် ဆုကျေးဇူးများ အနည်းငယ်ရှိကြပြီး အခြားသူများ ပြောသည့်အရာကို သင်ယူနိုင်ကာ လက်ဆင့်ကမ်းနိုင်ကြပြီး၊ အထွေထွေ အရေးကိစ္စများနှင့်ဆိုင်သည့် အလုပ်အချို့ကို တာဝန်ယူနိုင်ကြသည်၊ သို့သော် တိကျသည့် ဘုရားသခင်၏ ကယ်တင်ခြင်း အမှုနှင့် လူသားမျိုးနွယ်ကို စီမံခန့်ခွဲမှု၏ သွင်ပြင်လက္ခဏာအမျိုးမျိုးအပြင်၊ သမ္မာတရားနှင့် ဆက်နွှယ်သည့် အမှု၏ သွင်ပြင်လက္ခဏာအမျိုးမျိုးနှင့် ပတ်သက်လာသည့်အခါ၊ ၎င်းတို့သည် မည်သည့်အားထုတ်မှုမျှ မဆက်ကပ်နိုင်ပေ၊ သို့မဟုတ် လုံးဝ ပူးပေါင်းမလုပ်ဆောင်နိုင်ပေ။ ၎င်းတို့သည် အထွေထွေ အရေးကိစ္စများနှင့်ဆိုင်သည့် အလုပ်အချို့ကို လုပ်ဆောင်နေစဉ်တွင် အားထုတ်မှု အနည်းငယ်မျှ ပြုကြပြီး၊ အနည်းငယ်မျှ ပြောကာ၊ အဓိကမဟုတ်သည့် ဝန်ဆောင်မှုနှင့်ဆက်နွှယ်သော အလုပ်အချို့ကို လုပ်ဆောင်ကြသည်။ ဤသည်မှာ လူတို့၏ တာဝန်များ သို့မဟုတ် ၎င်းတို့ လုပ်ဆောင်သည့် အခန်းကဏ္ဍနှင့် ဘုရားသခင်၏ အိမ်တော်ထဲတွင် ၎င်းတို့ လုပ်ဆောင်သည့်အလုပ်၏ အနှစ်သာရတို့၏ ဖြစ်နေပုံ ဖြစ်ပါက၊ ၎င်းတို့သည် “အစေခံသူများ”ဟူသည့် အမည်နာမကို အရေးမစိုက်ဘဲထားခြင်းငှာ ခက်ခဲပေလိမ့်မည်။ ၎င်းတို့သည် ဤသည်ကို အရေးမစိုက်ဘဲထားခြင်းငှာ အဘယ်ကြောင့် ခက်ခဲလိမ့်မည်နည်း။ ယင်းသည် ဤအမည်နာမ ဆိုလိုဖို့ ဘုရားသခင် သတ်မှတ်ထားသည့်အရာနှင့် ပတ်သက်သလော။ အားထုတ်မှုအနည်းငယ် ထုတ်ပြပြီး၊ အမှုအရာများကို ၎င်းတို့၏ မွေးရာပါ အစွမ်းအစများ၊ ပါရမီများနှင့် အသိဉာဏ်တို့ဖြင့် လုပ်ဆောင်ဖို့ လူတို့အတွက် အတော်အတန် လွယ်ကူပေသည်။ သို့သော် သမ္မာတရားအားဖြင့် အသက်ရှင်ခြင်း၊ သမ္မာတရားစစ်မှန်မှုအတွင်း ဝင်ရောက်ခြင်း၊ ဘုရားသခင်၏ အလိုနှင့်အညီ ပြုမူခြင်း၊ ဤအရာများကိုမူ အလွန် အားသွန်ခွန်စိုက်လုပ်ရပေသည်။ ယင်းတို့သည် အချိန်လိုအပ်သည်၊ ဦးဆောင်ဖို့ လူများ လိုအပ်သည်၊ ဘုရားသခင်ထံမှ အသိဉာဏ်ပွင့်လင်းစေခြင်း လိုအပ်ပြီး ဘုရားသခင်၏ ပဲ့ပြင်ဆုံးမမှု လိုအပ်ပေသည်။ ထို့အပြင်၊ ဘုရားနှုတ်ကပတ်တော်များ၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမမှုတို့ ရောက်လာခြင်း လိုအပ်သည်။ ထို့ကြောင့်၊ ဤရည်မှန်းချက်ကို ရောက်ရှိဖို့ အချိန်ယူသည့် ကာလအတောအတွင်းတွင်၊ လူအများစု လုပ်ဆောင်နိုင်စွမ်းရှိပြီး ထောက်ပံ့ပေးနိုင်စွမ်း ရှိသည်မှာ ထိုလက်တစ်ဆုပ်စာ အရာများအထိ ကန့်သတ်ထားပေသည်- ဘုရားသခင် စကားပြောဖို့အတွက် အရာဝတ္ထုများ၏ အခန်းကဏ္ဍများကို ဖြည့်ဆည်းခြင်း၊ အချို့သော ပါရမီများကို ပိုင်ဆိုင်ခြင်းနှင့် ဘုရားသခင်၏ အိမ်တော်၌ အသုံးဝင်မှုအချို့ ရှိခြင်း၊ ပုံမှန်လူ့သဘာဝက တွေးသည့်နည်းလမ်းဖြင့် တွေးခြင်းနှင့် သင့်ကို ခွဲဝေသတ်မှတ်ပေးထားသည့် မည်သည့်အလုပ်များကိုမဆို သဘောပေါက်နိုင်ပြီး ဆောင်ရွက်နိုင်ခြင်း၊ အချို့သော ကျွမ်းကျင်မှုများဖြင့် ပြင်ဆင်ထားခြင်းနှင့် ဘုရားသခင်၏အိမ်တော်၌ သင့်ကို လုပ်ဆောင်ဖို့ ပေးထားသည့် မည်သည့်အလုပ်ကိုမဆို သင်၏ အစွမ်းအစများဖြင့် ဆောင်ရွက်နိုင်ခြင်း၊ ပြီးလျှင် အရေးကြီးဆုံးမှာ၊ နားထောင်ပြီး ကျိူးနွံနာခံဖို့ ပြင်းပြသော ဆန္ဒရှိခြင်းဖြစ်သည်။ ဘုရားသခင်၏ အိမ်တော်၌ အစေခံနေချိန်တွင်နှင့် ဘုရားသခင်၏အမှုအတွက် အားထုတ်မှုများပြုနေချိန်တွင်၊ သင်သည် နားထောင်ပြီး ကျိူးနွံနာခံဖို့ လိုအင်ဆန္ဒ အနည်းငယ်ရှိပါက၊ သင်သည် ထွက်ပြေးနိုင်လိမ့်မည်မဟုတ်၊ သို့မဟုတ် ပြဿနာ မွှေနိုင်လိမ့်မည် မဟုတ်ပေ။ ထို့ထက်၊ သင်သည် မိမိကိုယ်ကိုယ် ချုပ်တည်းဖို့ အကောင်းဆုံး လုပ်ဆောင်လိမ့်မည်ဖြစ်ပြီး၊ သာ၍ နည်းပါးသည့် မကောင်းသော လုပ်ဆောင်ချက်များနှင့် သာ၍များသည့် ကောင်းသော လုပ်ဆောင်ချက်များကို လုပ်ဆောင်လိမ့်မည်။ ဤသည်မှာ လူအများစု၏ အခြေအနေနှင့် အနေအထား ဖြစ်သည်၊ ဟုတ်သည် မဟုတ်လော။

အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၌ “၎င်းတို့သည် မိမိတို့ကိုယ်ကိုယ် ထင်ရှားကျော်ကြားမှု ရစေဖို့... ၎င်းတို့၏တာဝန်ကို ထမ်းဆောင်ခြင်းဖြစ်သည်။... (၉)” မှ

“အစေခံခြင်း” ဆိုသည်မှာ ကြားရသည်မှာ ရည်မွန်လှသောစကားလုံး မဟုတ်သကဲ့သို့၊ အ‌ယောက်တိုင်း၏ စိတ်ဆန္ဒများနှင့် မကိုက်ညီသော်လည်း၊ ယင်းသည် မည်သူ့ကို ရည်ရွယ်သည်ကို ငါတို့ကြည့်သင့်သည်။ ဘုရားသခင်၏ အစေခံသူများ တည်ရှိနေခြင်းသည် အထူး အရေးပါမှုတစ်ရပ် ရှိ၏။ ၎င်းတို့သည် ဘုရားသခင်၏ ရွေးချယ်ထားခြင်း ခံခဲ့ရသည့်အတွက် အခြားမည်သူမျှ ၎င်းတို့၏အခန်းကဏ္ဍကို မဆောင်ရွက်နိုင်ပေ။ ပြီးလျှင် ဤအစေခံသူများ၏ အခန်းကဏ္ဍမှာ အဘယ်နည်း။ ဘုရားသခင်၏ ရွေးချယ်ခံရသူများကို အစေခံရန်ဖြစ်၏။ အများအားဖြင့်၊ ၎င်းတို့၏အခန်းကဏ္ဍမှာ ဘုရားသခင်၏ အမှုကို အစေခံရန်၊ ဘုရားသခင်၏ အမှုတွင် ပူးပေါင်းလုပ်ဆောင်ရန်နှင့် ဘုရားသခင် ရွေးချယ်ထားသူများကို သူစုံလင်စေခြင်းအမှုကို ကူညီဆောင်ကြဉ်းပေးရန်တို့ ဖြစ်သည်။ ၎င်းတို့အနေဖြင့် အားထုတ်ကြိုးပမ်းနေကြခြင်း ရှိမရှိ၊ အမှု၏ ရှုထောင့်အချို့ကို ဆောင်ရွက်နေခြင်း ရှိမရှိ၊ သို့မဟုတ် အချို့သော အလုပ်များကို တာဝန်ယူခြင်း ရှိမရှိဆိုသည်ကို ပဓာနမထားဘဲ၊ ဤအစေခံသူများနှင့်ပတ်သက်၍ ဘုရားသခင်၏ သတ်မှတ်ချက်မှာ အဘယ်နည်း။ ၎င်းတို့နှင့်သက်ဆိုင်သည့် သူ၏သတ်မှတ်ချက်များမှာ အလွန်မညှာမတာ ဖြစ်လွန်းနေသလော။ (မဟုတ်ပါ။ ၎င်းတို့ကို သစ္စာစောင့်သိရန်သာ ဘုရားသခင် တောင်းဆိုပါသည်။) အစေခံသူများသည်လည်း သစ္စာစောင့်သိရမည်ဖြစ်၏။ သင်၏ဇာစ်မြစ် သို့မဟုတ် ဘုရားသခင်သည် သင့်ကို အဘယ်ကြောင့် ရွေးချယ်သည်ကို ပဓာနမထားဘဲ၊ သင်သည် ဘုရားသခင်ကိုလည်းကောင်း၊ သင့်ကို ဘုရားသခင် အပ်နှံသည့် မည်သည့် စေခိုင်းချက်တာဝန်များကိုမဆို၊ ပြီးလျှင် သင် တာဝန်ရှိသည့် အလုပ်နှင့် သင်ထမ်းဆောင်သည့် တာဝန်များကိုလည်းကောင်း သစ္စာစောင့်သိရမည်။ ဘုရားသခင်ကို သစ္စာစောင့်သိခြင်းနှင့် ကျေနပ်စေခြင်းငှာ တတ်စွမ်းနိုင်သည့် အစေခံသူများအတွက်၊ ၎င်းတို့၏အဆုံးသတ်မှာ မည်သည့်အရာ ဖြစ်လိမ့်မည်နည်း။ ၎င်းတို့ ဆက်လက်တည်ရှိနိုင်ကြလိမ့်မည်။ ဆက်လက်တည်ရှိသော အစေခံသူများဖြစ်ဖို့ရန်မှာ ကောင်းချီးမင်္ဂလာ တစ်ခုလော။ ဆက်လက်တည်ခြင်းသည် မည်သည့်အရာကို ဆိုလိုသနည်း။ ဤကောင်းချီးမင်္ဂလာ၏ အဓိပ္ပာယ်မှာ အဘယ်နည်း။ အဆင့်အတန်းတွင်၊ ၎င်းတို့သည် ဘုရားသခင်၏ရွေးချယ်ခံရသူများနှင့် တူပုံမရပေ။ ၎င်းတို့သည် ကွဲပြားပုံရ၏။ သို့သော် အမှန်တွင်၊ ဤဘဝတွင် ၎င်းတို့ မွေ့လျော်သည့် အရာသည် ဘုရားသခင်၏ ရွေးချယ်ခံသူတို့ မွေ့လျော်သည့်အရာနှင့် တူညီသည် မဟုတ်လော။ အနည်းဆုံးအနေဖြင့်၊ ယင်းသည် ဤဘဝတွင် တူညီပေသည်။ ဤအရာကို သင်တို့ မငြင်းကြပေ၊ ဟုတ်သည်မဟုတ်လော။ ဘုရားသခင်၏ မိန့်မြွက်ချက်များ၊ ဘုရားသခင်၏ ကျေးဇူးတော်၊ ဘုရားသခင်၏ ထောက်ပံ့မှု၊ ဘုရားသခင်၏ ကောင်းချီးမင်္ဂလာများ- ဤအရာများကို မည်သူ မမွေ့လျော်ဘဲ နေသနည်း။ ထိုသို့သော အလျှံပယ်ရှိခြင်းကို အယောက်တိုင်း မွေ့လျော် ခံစားကြ၏။ အစေခံသူတစ်ဦး၏ ကိုယ်ပိုင်လက္ခဏာသည် အစေခံမှုကို လုပ်ဆောင်သူတစ်ဦး ဖြစ်သော်လည်း၊ ဘုရားသခင်အဖို့၊ ၎င်းတို့သည် သူဖန်ဆင်းခဲ့သော အရာအားလုံးထဲမှ တစ်ဦးသာ ဖြစ်၏။ ၎င်းတို့၏ အခန်းကဏ္ဍမှာ အစေခံသူ၏ အခန်းကဏ္ဍသာ ဖြစ်သည်။ ၎င်းတို့နှစ်ဦးစလုံးသည် ဘုရားသခင်၏ ဖန်ဆင်းခံသတ္တဝါများ ဖြစ်သည့်အတွက်၊ အစေခံသူတစ်ဦးနှင့် ဘုရားသခင်၏ရွေးချယ်ခံရသူတစ်ဦးတို့အကြား ကွာခြားချက် တစ်ခုတစ်လေ ရှိသလော။ လက်တွေ့အားဖြင့် မရှိပေ။ အမည်ခံအားဖြင့် ပြောရလျှင် ကွာခြားချက်ရှိ၏၊ အနှစ်သာရနှင့် ၎င်းတို့ပါဝင်သည့် အခန်းကဏ္ဍအရ ကွာခြားချက်ရှိ၏- သို့ရာတွင် ဘုရားသခင်သည် ဤလူစုကို မမျှမတ မဆက်ဆံပေ။ ထို့ကြောင့် ဤလူများသည် အစေခံသူများဟု အဘယ်ကြောင့် သတ်မှတ်ခံထားရသနည်း။ သင်တို့သည် ဤအရာနှင့် သက်ဆိုင်၍ သိနားလည်မှုတစ်ခု ရှိရပေမည်။ အစေခံသူများသည် မယုံကြည်သူများထဲမှ လာကြ၏။ မယုံကြည်သူများထဲမှ ၎င်းတို့လာသည်ဟု ငါတို့ ဖော်ပြသည်နှင့် တစ်ပြိုင်နက်၊ ၎င်းတို့တွင် တူညီသည့် မကောင်းသည့် နောက်ခံသမိုင်း ရှိကြသည်မှာ သိသာပေသည်- ၎င်းတို့အားလုံးသည် ဘုရားမဲ့ဝါဒီများဖြစ်ကြပြီး၊ အတိတ်တွင်လည်း ထိုသို့ ဖြစ်ခဲ့ကြ၏။ ၎င်းတို့သည် ဘုရားသခင်ကို မယုံကြည်ကြသကဲ့သို့၊ ဘုရားသခင်၊ သမ္မာတရားနှင့် အပြုသဘောဆောင်သော အရာအားလုံးကို ရန်လိုခဲ့ကြသည်။ ၎င်းတို့သည် ဘုရားသခင်ကို သို့မဟုတ် ဘုရားသခင်တည်ရှိခြင်းကို မယုံကြည်ကြချေ။ ထိုသို့ဖြစ်သဖြင့်၊ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို နားလည်ခြင်းငှာ တတ်စွမ်းနိုင်ကြပါသလော။ ကြီးမားသော အတိုင်းအတာအထိ ၎င်းတို့ နားလည်နိုင်စွမ်းမရှိဟု ပြောသည်မှာ တရားပေသည်။ တိရစ္ဆာန်များသည် လူ့စကားများကို နားလည်နိုင်စွမ်း မရှိကြသကဲ့သို့၊ အစေခံသူများသည် ဘုရားသခင် မည်သည့်အရာ ပြောနေသည်၊ မည်သည့်အရာကို သူ တောင်းဆိုသည်၊ သို့မဟုတ် ထိုသို့သော တောင်းဆိုချက်များကို သူ အဘယ်ကြောင့် ပြုသည်တို့ကို နားမလည် နိုင်ကြပေ။ ၎င်းတို့ နားမလည်ပေ။ ၎င်းတို့အဖို့ ဤအရာများသည် နားမလည်နိုင်ဖွယ်ရာ ဖြစ်ပြီး၊ ၎င်းတို့ ဉာဏ်အလင်းမရဘဲ ရှိနေကြ၏။ ဤအကြောင်းကြောင့်၊ ဤလူတို့သည် ငါတို့ပြောဆိုခဲ့သည့် အသက်ကို မပိုင်ဆိုင်ကြပေ။ အသက်မရှိဘဲနှင့်၊ သမ္မာတရားကို လူတို့ နားလည်နိုင်ကြသလော။ ၎င်းတို့သည် သမ္မာတရားဖြင့် ပြင်ဆင်ထားပါသလော။ ဘုရားသခင်၏နှုတ်ကပတ်တော်နှင့် သက်ဆိုင်သည့် အတွေ့အကြုံနှင့် အသိပညာတို့ကို ၎င်းတို့ ရှိကြပါသလော။ (မရှိပါ။) ယင်းမှာ အစေခံသူတို့၏ ဇာစ်မြစ်များဖြစ်၏။

—နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၁၀)

“အစေခံသူများ” သည် လူသားများကို ခေါ်ဖို့ ဘုရားသခင်၏ ခွဲခြားဆက်ဆံသော နည်းလမ်းတစ်ခုလော။ သူသည် လူတို့ကို သေးသိမ်စေဖို့ သို့မဟုတ် လူတို့ကို ဖော်ထုတ်ပြီး စမ်းသပ်မှုတစ်ခုကို ဖြတ်သန်းစေဖို့ ဤအမည်နာမကို တမင်သက်သက် အသုံးပြုလေပြီလော။ (မဟုတ်ပါ။) သို့ဆိုလျှင်၊ ဘုရားသခင်က လူတို့အား ၎င်းတို့ မည်သည့်အရာဖြစ်သည်ကိုသာ သိနားလည်စေဖို့ ဤအမည်နာမကို အသုံးပြုချင်သည်လော။ ဘုရားသခင်သည် ဤရည်ရွယ်ချက် အရိပ်အယောင်မျှပင် ရှိသလော။ အမှန်တွင်၊ ဘုရားသခင်သည် ထိုသို့သော ရည်ရွယ်ချက် မရှိပေ။ လူတို့ကို ဖော်ထုတ်ဖို့ သို့မဟုတ် ၎င်းတို့ကို သေးသိမ်စေဖို့ သို့မဟုတ် ၎င်းတို့နှင့် ပတ်သက်၍ ထိခိုက်နာကြည်းစေသော မှတ်ချက်များ ပြုဖို့သည် သူ၏ ရည်ရွယ်ချက် မဟုတ်သကဲ့သို့ လူတို့အား စမ်းသပ်မှုတစ်ခုကို ဖြတ်သန်းစေဖို့ ဤဝေါဟာရကို အသုံးပြုရန်မှာလည်း သူ၏ ရည်ရွယ်ချက် မဟုတ်ပေ။ တစ်ခုတည်းသော အဓိပ္ပါယ်မှာ ဤသို့ဖြစ်သည်- လူသားမျိုးနွယ်၏ အပြုအမူနှင့် အနှစ်သာရအပြင်၊ သူ့အမှု၏ ဤအဆင့်တွင် လူသားများ ဖြည့်ဆည်းနေကြသည့် အခန်းကဏ္ဍများ၊ ၎င်းတို့ တတ်စွမ်းနိုင်သည့်အရာနှင့် ၎င်းတို့ ပူးပေါင်းလုပ်ဆောင်နိုင်ပုံတို့အပေါ် အခြေခံ၍ ဤအမည်နာမ ထွက်ပေါ်ခဲ့ပြီး ဘုရားသခင်က သတ်မှတ်ထားခြင်း ဖြစ်သည်။ ဤအဓိပ္ပါယ်မှ ယင်းကို ကြည့်ပြီးသည့်နောက်တွင်၊ ဘုရားသခင်၏ အိမ်တော်သားတိုင်းသည် ဘုရားသခင်၏ စီမံခန့်ခွဲမှုအစီအစဉ်အတွက် အစေခံကြပြီး၊ ဤအခန်းကဏ္ဍမျိုးကို ယခင်က ဖြည့်ဆည်းခဲ့ကြပြီး ဖြစ်သည်။ ယင်းကို ဤနည်းဖြင့် ပြော၍ရသလော။ (ရပါသည်။) ရသည်မှာ သေချာ၏။ ဘုရားသခင်သည် မည်သူမဆို၏ အပြုသဘောဆောင်ခြင်းကို တိုက်ခိုက်ဖို့ သို့မဟုတ် သင်၏ ယုံကြည်ခြင်း သို့မဟုတ် ဘုရားသခင်၌ သင်၏ စစ်မှန်သော ယုံကြည်မှုကို စစ်ဆေးခံရစေဖို့ ဤအမည်နာမကို အသုံးမပြုလိုပေ၊ သင့်ကို သေးသိမ်စေဖို့၊ သင့်ကို သာ၍ လိမ္မာစေဖို့၊ သင့်ကို သာ၍ နာခံတတ်စေဖို့ သို့မဟုတ် သင်၏ ကိုယ်ပိုင်လက္ခဏာနှင့် အဆင့်အတန်းတို့ကို သင့်အား သိစေဖို့ သာ၍အသုံးမပြုချင်ပေ။ လူတို့အား အဖန်ဆင်းခံအရာများအနေဖြင့် ၎င်းတို့၏ တာဝန်ကို ၎င်းတို့၏ ဖြည့်ဆည်းပိုင်ခွင့်အား ပိတ်ပင်ထားရန် “အစေခံသူများ”ဟူသည့် အမည်နာမကို အသုံးပြုဖို့ ရည်ရွယ်ချက်တစ်ခုတစ်လေ သာ၍ပင် မရှိပေ။ ဤအမည်နာမသည် လူတို့၏ အခြေအနေများနှင့် အနှစ်သာရများ၊ ပြီးလျှင် ဘုရားသခင်နောက် ၎င်းတို့ လိုက်စဉ် ဘုရားသခင်၏ အမှု ဖြစ်စဉ်တစ်လျှောက် ၎င်းတို့ ရှိကြသည့် အခြေအနေမျိုး၏ ရလဒ် လုံးဝ ဖြစ်ပေသည်။ ထို့ကြောင့်၊ ဤအမည်နာမသည် ဘုရားသခင်၏ စီမံခန့်ခွဲခြင်း အမှု လုပ်ဆောင်ပြီးသည့်နောက် လူတို့၌ ရှိမည့် ကိုယ်ပိုင်လက္ခဏာ၊ ရပ်တည်ချက်၊ အနေအထား သို့မဟုတ် ခရီးပန်းတိုင်းမျိုးနှင့် မည်သို့မျှ မပတ်သက်ပေ။ ဤအမည်နာမ၏ ဇာစ်မြစ်သည် ဘုရားသခင်၏ စီမံခန့်ခွဲမှု အစီအစဉ်နှင့် သူ၏ စီမံခန့်ခွဲခြင်း အမှု၏ သတ်မှတ်ချက်များတွင် လုံးလုံးလျားလျား တည်ရှိကာ၊ ယင်းသည် ထိုအမှု ဆက်လက်လုပ်ဆောင်နေစဉ် လူတို့၌ ရှိကြသည့် အခြေအနေမျိုး တစ်ခု ဖြစ်သည်။ လူတစ်ဦးက ဘုရားသခင်၏ အိမ်တော်အတွက် အစေခံမှုကို ပေးနေသည့် အစေခံသူတစ်ဦးဖြစ်ပြီး စက်တစ်ခုကဲ့သို့ အသုံးပြုခြင်းခံရသည့် ဤအခြေအနေသည် တကယ့်အဆုံးထိ ဆက်ဖြစ်မည် မဖြစ်မည် သို့မဟုတ် လမ်းတစ်လျှောက် တိုးတက်နိုင်ခြင်း ရှိမရှိဆိုသည်ကမူ၊ လူတစ်ဦး၏ လိုက်စားမှုအပေါ် မူတည်ပေသည်။ လူတစ်ဦးသည် သမ္မာတရားကို လိုက်စားပါက၊ ၎င်းတို့၏ စိတ်သဘောထားတွင် ပြောင်းလဲမှု စွမ်းဆောင်ရရှိနိုင်ပြီး၊ ဘုရားသခင်ကို ကြောက်ရွံ့ကာ ကျိုးနွံနာခံနိုင်ပါက၊ ထိုလူသည် “အစေခံသူ”ဟူသည့် အမည်နာမကို လုံးလုံးလျားလျား ဖယ်ရှားပြီးဖြစ်ပေလိမ့်မည်။ ထိုအမည်နာမကို ဖယ်ရှားပြီးသည့်နောက်တွင်၊ လူတို့သည် မည်သည့်အရာ ဖြစ်လာကြသနည်း။ ၎င်းတို့သည် ဘုရားသခင်၏ စစ်မှန်သောနောက်လိုက်များ၊ သူ၏ လူများ၊ နိုင်ငံတော်၏ လူများ၊ ဆိုလိုသည်မှာ ဘုရားသခင်၏ နိုင်ငံတော်ထဲက လူများ ဖြစ်လာကြပေသည်။ ထိုဖြစ်စဉ်တွင် သင်သည် အဖိုးအခတစ်ခုကို ပေးခြင်း၊ ဆင်းရဲဒုက္ခခံခြင်းနှင့် အားထုတ်ခြင်းတို့အတွက်သာ မကျေမနပ်နှင့် လက်ခံရသော်လည်း သမ္မာတရားကို မလိုက်စားပါက သို့မဟုတ် ယင်းကို လက်တွေ့မလုပ်ဆောင်ပါက၊ ပြီးလျှင် သင်၏ စိတ်သဘောထားသည် အနည်းငယ်မျှ မပြောင်းလဲဘဲ သင် လုပ်ဆောင်သည့် မည်သည့်အရာမဆိုတွင် ဘုရားအိမ်တော်၏ အခြေခံသဘောတရားများနှင့်အညီ မဆောင်ရွက်သကဲ့သို့ နောက်ဆုံးတွင် ဘုရားသခင်ကို ကျိုးနွံနာခံခြင်းနှင့် သူ့ကို ကြောက်ရွံ့ခြင်းအား စွမ်းဆောင်မရရှိနိုင်ပါက၊ ဤ “အစေခံသူ” ဟူသည့် အမည်နာမ၊ ဤ “အောင်ဆုများ၏သရဖူ” သည် သင့်ခေါင်းပေါ်တွင် အတိအကျ ရှိနေလိမ့်မည်ဖြစ်ပြီး ယင်းကို ထာဝရ သင် ပယ်ရှားနိုင်လိမ့်မည် မဟုတ်ပေ။ ဘုရားသခင်၏ အမှုကို ပြီးစီးသည်နှင့်တစ်ပြိုင်နက် သင်သည် ဤအခြေအနေမျိုးတွင် ရှိနေဆဲဖြစ်ကာ သင်၏ စိတ်သဘောထားသည် မပြောင်းလဲသေးပါက၊ သင်သည် “ဘုရားသခင်၏ နိုင်ငံတော်နှင့်ဆိုင်သော လူများ” အမည်နာမ ရရှိလိမ့်မည် မဟုတ်ပေ။ ဤစကားများကို မည်သို့ နားလည်နိုင်သနည်း။ သင်တို့ နားလည်သလော၊ နားမလည်သလော။ ဘုရားသခင်၏ အမှု ပြီးလျှင်ပြီးချင်း၊ ဆိုလိုသည်မှာ သူကယ်တင်မည့်သူအယောက်တိုင်း ကယ်တင်ခံရပြီးသည့်အချိန်၊ ဘုရားသခင် လုပ်ဆောင်သည့် အမှု အပြီးသတ်သည့်အချိန်၊ လူတို့ကို သူ စကားမပြောတော့သည့်အချိန် သို့မဟုတ် လမ်းမပြတော့သည့်အချိန် သို့မဟုတ် လူသားများအတွက် ကယ်တင်ခြင်းအမှုကို မည်သို့မျှနောက်ထပ် မလုပ်ဆောင်တော့သည့်အချိန်၊ အရာအားလုံး ပြီးဆုံးသည့်အချိန်ဖြစ်ပြီး ထိုအခိုက်အတန့်တွင် ဘုရားသခင်၏ အမှု ပြီးဆုံးပေသည်၊ ယင်းက အယောက်တိုင်း လျှောက်လှမ်းသည့် ဘုရားသခင်၌ ယုံကြည်ခြင်း လမ်းကြောင်းသည်လည်း အဆုံးသတ်လိမ့်မည်ဟု ဆိုလိုသလော ငါ့ကို ပြောလော့။ “မတရားသောသူကသည် မတရားသဖြင့် ပြုစေ ဦး။ ညစ်ညူးသော သူသည် ညစ်ညူးစေဦး။ ဖြောင့်မတ် သောသူသည် ဖြောင့်မတ်စေဦး။ သန့်ရှင်းသောသူသည် သန့်ရှင်းစေဦး။” (ဗျာဒိတ်ကျမ်း ၂၂:၁၁) ဟု ဆိုသည့် စာတစ်ကြောင်းရှိ၏။ ဤနှုတ်ကပတ်တော်များသည် မည်သည့်အရာကို ဆိုလိုသနည်း။ ယင်းတို့က သူ၏ အမှု အဆုံးသတ်ပြီဟု ဘုရားသခင် ပြောသည့်အခိုက်အတန့်မှာ သူသည် လူတို့အား ကယ်တင်ခြင်း သို့မဟုတ် လူတို့အား ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းနှင့်ဆိုင်သည့် နောက်ထပ်အမှု တစ်ခုတစ်လေကို လုပ်ဆောင်လိမ့်မည် မဟုတ်သည်ကို ဆိုလိုပေသည်။ သူသည် သင့်ကို အသိဉာဏ်ပွင့်လင်းစေတော့မည် မဟုတ်၊ သို့မဟုတ် သင့်ကို လမ်းပြတော့မည်မဟုတ်၊ သို့မဟုတ် သင့်ကို တိုက်တွန်းခြင်းနှင့်ဆိုင်သည့် အပင်ပန်းခံသော နှုတ်ကပတ်တော်များ သို့မဟုတ် သင့်ကို ပြုပြင်ကာ ကိုင်တွယ်ဖြေရှင်းသည့် နှုတ်ကပတ်တော်များကို နောက်ထပ် ပြောတော့မည် မဟုတ်ပေ။ သူသည် ဤအရာများကို နောက်ထပ် လုပ်ဆောင်တော့မည် မဟုတ်။ ဤအရာက မည်သည်ကို ဆိုလိုသနည်း။ ယင်းမှာ အရာခပ်သိမ်း၏ ရလဒ်များ ထုတ်ဖော်ပြခံရပြီး ဖြစ်လိမ့်မည်ဖြစ်ကာ လူသားမျိုးနွယ်၏ နိဂုံးကို အပြီးသတ်ပြီး ဖြစ်လိမ့်မည်ဟု ဆိုလိုပေသည်။ ဤအရာကို လူတစ်ဦးကမျှ ပြောင်းလဲနိုင်လိမ့်မည်မဟုတ်။ သင်သည် နောက်ထပ် အခွင့်အရေးများ ရှိလိမ့်မည်မဟုတ်။ ယင်းမှာ ဤအရာ ဆိုလိုသည့်အရာ ဖြစ်သည်။

အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၌ “၎င်းတို့သည် မိမိတို့ကိုယ်ကိုယ် ထင်ရှားကျော်ကြားမှု ရစေဖို့... ၎င်းတို့၏တာဝန်ကို ထမ်းဆောင်ခြင်းဖြစ်သည်။... (၉)” မှ

အရှေ့သို့- ကမ္ဘာလောကအနှံ့အပြားတွင် ကပ်ဘေးများ မကြာခဏ ဖြစ်ပျက်နေပြီး၊ ၎င်းတို့သည် နောက်ဆုံးသော ကာလ ရောက်ရှိခြင်းကို ကြေညာရင်း၊ အတိုင်းအတာအားဖြင့် ကြီးထွားနေသည်။ သမ္မာကျမ်းစာထဲမှာ- “ခပ်သိမ်းသောအမှုအရာတို့သည် အဆုံးသို့ရောက်လုသည် ဖြစ်သောကြောင့်၊ သမ္မာသတိရှိကြလော့။” (ရှင်ပေတရုဩဝါဒစာပဌမစောင် ၄:၇)ဟု ဆိုထားသည်။ နောက်ဆုံးသော ကာလအတွင်း သခင် ပြန်ကြွလာချိန်တွင် သူသည် ကောင်းသောသူများကို ဆုချီးမြှင့်မည်ဖြစ်ပြီး ဆိုးယုတ်သောသူတို့ကို အပြစ်ပေးကာ လူတို့၏ အဆုံးသတ်များကို ဆုံးဖြတ်မည်ကို ကျွန်ုပ်တို့ သိပါသည်။ သို့ဆိုလျှင် သူသည် ကောင်းသောသူများကို မည်သို့ ဆုပေးပြီး ဆိုးယုတ်သောသူများကို မည်သို့ အပြစ်ပေးမည်ဖြစ်ကာ၊ လူတို့၏ အဆုံးသတ်များကို သူသည် မည်သို့ ဆုံးဖြတ်လိမ့်မည်နည်း။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

မည်သူတို့ကို ဘုရားသခင် ကယ်တင်ပြီး မည်သူတို့ကို သူ သုတ်သင်ဖယ်ရှင်းပါသနည်း

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ- ယနေ့ခေတ်တွင် ရှာဖွေသောသူတို့နှင့် မရှာဖွေသောသူတို့သည် ၎င်းတို့၏ ခရီးပန်းတိုင်များလည်း အလွန်...

ကမ္ဘာလောကအနှံ့အပြားတွင် ကပ်ဘေးများ မကြာခဏ ဖြစ်ပျက်နေပြီး၊ ၎င်းတို့သည် နောက်ဆုံးသော ကာလ ရောက်ရှိခြင်းကို ကြေညာရင်း၊ အတိုင်းအတာအားဖြင့် ကြီးထွားနေသည်။ သမ္မာကျမ်းစာထဲမှာ- “ခပ်သိမ်းသောအမှုအရာတို့သည် အဆုံးသို့ရောက်လုသည် ဖြစ်သောကြောင့်၊ သမ္မာသတိရှိကြလော့။” (ရှင်ပေတရုဩဝါဒစာပဌမစောင် ၄:၇)ဟု ဆိုထားသည်။ နောက်ဆုံးသော ကာလအတွင်း သခင် ပြန်ကြွလာချိန်တွင် သူသည် ကောင်းသောသူများကို ဆုချီးမြှင့်မည်ဖြစ်ပြီး ဆိုးယုတ်သောသူတို့ကို အပြစ်ပေးကာ လူတို့၏ အဆုံးသတ်များကို ဆုံးဖြတ်မည်ကို ကျွန်ုပ်တို့ သိပါသည်။ သို့ဆိုလျှင် သူသည် ကောင်းသောသူများကို မည်သို့ ဆုပေးပြီး ဆိုးယုတ်သောသူများကို မည်သို့ အပြစ်ပေးမည်ဖြစ်ကာ၊ လူတို့၏ အဆုံးသတ်များကို သူသည် မည်သို့ ဆုံးဖြတ်လိမ့်မည်နည်း။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-ခေတ်ကို အဆုံးသတ်ခြင်းနှင့်ဆိုင်သည့် သူ၏ နောက်ဆုံး အမှုတွင်၊ ဘုရားသခင်၏ စိတ်သဘောထားသည် လူအားလုံးကို...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။