လူတို့က၊ “ကောင်းတာလုပ်ရင် ကောင်းတာရမယ်၊ မကောင်းတာ လုပ်ရင် မကောင်းတာရမယ်” ဟု မကြာခဏ ပြောဆိုကြသည်၊ သို့ဆိုလျှင်၊ ဘုရားသခင်က အဘယ်ကြောင့် ဆိုးညစ်သောလူအားလုံးကို ယခု မပယ်ရှင်းပါသနည်း။

06.01.2020

ကိုးကားရန် သမ္မာကျမ်းပိုဒ်များ-

“ခပ်သိမ်းသော အမှုအရာတို့သည် မိမိတို့အချိန် ရှိ၏။ မိုဃ်းကောင်းကင်အောက်၌ ကြံစည်သမျှ အသီးသီး ကို့ကို ပြုရသောအချိန်ရှိ၏။” (ဒေသနာကျမ်း ၃:၁)

“နောဧလက်ထက်၌ဖြစ်သကဲ့သို့ လူသားလက်ထက်၌ ဖြစ်လိမ့်မည်။ နောဧသည် သင်္ဘောထဲသို့ဝင်၍၊ ရေလွှမ်းမိုးခြင်းဖြစ်သဖြင့် လူခပ်သိမ်းတို့ကို သုတ်သင်ပယ်ရှင်းသည့် နေ့တိုင်အောင် လူများတို့သည် စားသောက်လျက်၊ ထိမ်းမြားစုံဘက်လျက်နေကြ၏။ ထိုနည်းတူ၊ လောတလက်ထက်၌ လူများတို့သည် စားသောက်ရောင်းဝယ်လျက်၊ စိုက်ပျိုးလျက်၊ အိမ် ဆောက်လျက်နေသကဲ့သို့၎င်း၊ လောတသည် သောဒုံမြို့မှထွက်သောနေ့၌ ကောင်းကင်မှ ကန့်နှင့်ရောသောမီးမိုဃ်းရွာ၍ ထိုလူ အပေါင်းတို့ကို သုတ်သင်ပယ်ရှင်းသကဲ့သို့၎င်း၊ လူသားပေါ်ထွန်းသောနေ့၌ ဖြစ်လိမ့်မည်။” (ရှင်လုကာခရစ်ဝင် ၁၇:၂၆-၃၀)

“လူသားသည် မိမိအဘခမည်းတော်၏ ဘုန်းအာနုဘော်ကိုဆောင်လျက်၊ ကောင်းကင်တမန် အခြံအရံ တို့နှင့် ကြွလာတော်မူလတံ့။ ထိုအခါ သူအသီးသီးကျင့်သောအကျင့်နှင့်အလျောက် အကျိုးအပြစ်ကို ဆပ်ပေး တော်မူလတံ့။” (ရှင်မဿဲခရစ်ဝင် ၁၆:၂၇)

“ငါသည်အလျင်အမြန်လာမည်။ ငါသည် အကျိုး အဖြစ်ကို ဆောင်ခဲ့သည်ဖြစ်၍၊ လူအသီးသီးတို့အား မိမိတို့အကျင့်အတိုင်း ဆပ်ပေး မည်။” (ဗျာဒိတ်ကျမ်း။ ၂၂:၁၂)

“ကြည့်ရှုလော့၊ မီးဖိုကဲ့သို့ လောင်မည့် နေ့ရက်ရောက်လာလိမ့်မည်၊ မာနကြီးသောသူအားလုံးနှင့် ဆိုးယုတ်စွာ လုပ်ဆောင်သူအားလုံး ခြောက်သွေ့ခြင်းသို့ ရောက်ကြလိမ့်မည်မှာ မှန်ပေ၏၊ ပြီးလျှင်၊ ရောက်လာသည့် နေ့ရက်သည် ၎င်းတို့ကို လောင်ကျွမ်းလိမ့်မည်၊ အမြစ်ဖြစ်စေ အကိုင်းအခက်ဖြစ်စေ ချန်ရစ်လိမ့်မည်မဟုတ်၊ ဟု ကောင်းကင်ဗိုလ်ခြေအရှင် ယေဟောဝါ မိန့်တော်မူ၏။...မတရားသော သူတို့ကိုလည်း နင်းကြလိမ့်မည်။ ထိုသို့ ငါစီရင်သော နေ့ရက်၌ သူတို့သည် သင်တို့ ခြေ ဘဝါးအောက်၌ မြေမှုန့်ကဲ့သိုပ ဖြစ်ကြလိမ့်မည်ဟု ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူ၏။” (မာလခိအနာဂတ္တိကျမ်း ၄:၁-၃)

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

ဘုရားသခင်လုပ်ဆောင်သည့် အရာအားလုံးသည် တိတိကျကျ စီစဉ်ထားခြင်းဖြစ်သည်။ ဘုရားသခင်သည် အမှုအရာတစ်ခုကို မြင်သည့်အခါ၊ သို့မဟုတ် အခြေအနေတစ်ခု ဖြစ်ပေါ်နေသည်ကို မြင်သည့်အခါ၊ သူ၏ အမြင်တွင် ယင်းကို တိုင်းတာဖို့ စံတစ်ခု ရှိပြီး၊ ဤစံနှုန်းက ယင်းကို ကိုင်တွယ်ဖြေရှင်းဖို့ အစီအစဉ် တစ်ခု သူ စတင်သည် မစတင်သည်၊ သို့မဟုတ် ဤအရာ သို့မဟုတ် အခြေအနေကို ကိုင်တွယ် ဖြေရှင်းရာတွင် မည်သည့်နည်းလမ်း ခံယူရမည်ဆိုသည်ကို အကြောင်းအရာများကို ဆုံးဖြတ်ပေးလေသည်။ သူသည် အရာရာအပေါ် စိတ်မဝင်စားခြင်း သို့မဟုတ် ခံစားချက်မရှိခြင်း မဟုတ်ပေ။ ယင်းသည် အမှန်တကယ်တွင် လုံးဝ ဆန့်ကျင်ဘက်ဖြစ်သည်။ ဤနေရာတွင် ဘုရားသခင်က နောဧကိုပြောခဲ့သည့် အရာကို ဖော်ပြသည့် ကျမ်းတစ်ချက် ရှိသည်- “သတ္တဝါအပေါင်းတို့၏ အဆုံးသည် ငါ့မျက်မှောက်တွင် ပေါ်လာပြီ။ သူတို့ကြောင့် မြေကြီးသည် အဓမ္မမှုနှင့် ပြည့်စုံလေ၏။ အကယ်စင်စစ် မြေကြီးနှင့်တကွ သူတို့ကို ငါဖျက်ဆီးမည်။” ဤအရာကို ဘုရားသခင် ပြောဆိုခဲ့ချိန်တွင်၊ သူသည် လူသားများကိုသာ ဖျက်ဆီးမည်ဟု ဆိုလိုခဲ့ပါသလော။ မဟုတ်ပေ။ ဘုရားသခင်က သူသည် အသွေးအသားရှိသည့် သက်ရှိသတ္တဝါအားလုံးကို ဖျက်ဆီးမည်ဟု ပြောခဲ့ပေသည်။ ဘုရားသခင်သည် အဘယ်ကြောင့် ဖျက်ဆီးခြင်းကို လိုချင်ခဲ့သနည်း။ ဤနေရာတွင် ဘုရားသခင်၏ စိတ်သဘောထားနှင့်သက်ဆိုင်သည့် နောက်ထပ် ဖွင့်ပြချက်ရှိပေသည်။ ဘုရားသခင်၏ အမြင်တွင် လူသား၏ ဖောက်ပြန်ပျက်စီးမှု၊ သတ္တဝါ အားလုံးတို့၏ ညစ်ညမ်းမှု၊ အဓမ္မအမှုနှင့် မနာခံမှုတို့အပေါ် သူ၏သည်းခံမှု အကန့်အသတ် တစ်ခုရှိပေသည်။ သူ၏ အကန့်အသတ်သည် မည်သည့်အရာဖြစ်သနည်း။ ဘုရားသခင်၊ “ဘုရားသခင်သည် မြေကြီးကို ကြည့်ရှုသောအခါ ပုပ်စပ်လျက်ရှိသည်ကို မြင်တော်မူ၏။ အကြောင်းမူကား မြေကြီးပေါ်မှာ လူအပေါင်းတို့သည် ဖေါက်ပြန်ခြင်းသို့ ရောက်ကြပြီ။” ဟု ပြောခဲ့သကဲ့သို့ ဖြစ်သည်။ “အကြောင်းမူကား မြေကြီးပေါ်မှာ လူအပေါင်းတို့သည် ဖေါက်ပြန်ခြင်းသို့ ရောက်ကြပြီ” ဟူသည့် စကားရပ်သည် မည်သည့်အရာကို ဆိုလိုသနည်း။ ယင်းက ဘုရားသခင်နောက် လိုက်ခဲ့ကြသူများ၊ ဘုရားသခင်၏ နာမကို ခေါ်ဆိုခဲ့ကြသူများ၊ တစ်ချိန်က ဘုရားသခင်ထံ မီးရှို့ရာယဇ်ကို ပူဇော်ခဲ့ကြသူများ၊ ဘုရားသခင်ကို နှုတ်အားဖြင့် ဝန်ခံပြီး ချီးမွမ်းပင် ချီးမွမ်းခဲ့ကြသူများအပါအဝင် မည်သည့် သက်ရှိ သတ္တဝါကိုမဆို ဆိုလိုပေသည်- ၎င်းတို့၏ အပြုအမူသည် ဖောက်ပြန်ပျက်စီးမှုတို့နှင့်ပြည့်ပြီး ဘုရားသခင်၏ မျက်မှောက်သို့ ရောက်ရှိသည်နှင့် တစ်ပြိုင်နက်၊ ၎င်းတို့ကို ဘုရားသခင် ဖျက်ဆီးရမည် ဖြစ်သည်။ ယင်းမှာ ဘုရားသခင်၏ အကန့်အသတ် ဖြစ်၏။ သို့ဆိုလျှင် ဘုရားသခင်သည် လူသားနှင့် သတ္တဝါအားလုံး၏ ဖောက်ပြန်ပျက်စီးခြင်းနှင့်ပတ်သက်၍ မည်မျှ အတိုင်းအတာထိ သည်းခံမြဲ သည်းခံခဲ့သနည်း။ ဘုရားသခင်၏ နောက်လိုက်များ ဖြစ်စေ သို့မဟုတ် မယုံကြည်သူများဖြစ်စေ လူအားလုံးသည် လမ်းမှန်ကို လျှောက်မနေခဲ့သည့် အတိုင်းအတာထိဖြစ်သည်။ လူသားသည် ကိုယ်ကျင့်တရားနှင့် ပတ်သက်၍ ဖောက်ပြန်ပျက်စီးကာ မကောင်းမှုနှင့်ပြည့်ရုံသာမက၊ ကမ္ဘာလောကကို ဘုရားသခင်က အုပ်စိုးပြီး၊ ဘုရားသခင်သည် လူတို့ကို အလင်းနှင့် မှန်ကန်သည့်လမ်းကြောင်းကို ယူဆောင်ပေးနိုင်သည်ဟု ယုံကြည်သူ တစ်ဦးတစ်လေ ရှိဖို့မဆိုထားနှင့်၊ ဘုရားသခင်၏ တည်ရှိမှုကို ယုံကြည်ခဲ့သူ တစ်ဦးမျှ မရှိခဲ့သည့် အတိုင်းအတာအထိ ဖြစ်သည်။ လူသားသည် ဘုရားသခင်၏ တည်ရှိမှုကို စက်ဆုပ်ရွံရှာပြီး ဘုရားသခင်ကို တည်ရှိခွင့်မပေးသည့် အတိုင်းအတာထိ ဖြစ်သည်။ လူသား၏ ဖောက်ပြန်ပျက်စီးခြင်းသည် ဤအခြေအနေကိုရောက်သည်နှင့်တစ်ပြိုင်နက်၊ ဘုရားသခင်သည် နောက်ထပ် သည်းမခံနိုင်တော့ပေ။ ယင်းကို မည်သည့်အရာက အစားထိုး မည်နည်း။ ဘုရားသခင်၏ အမျက်ဒေါသနှင့် ဘုရားသခင်၏ အပြစ်ဒဏ်ခတ်ခြင်းတို့ ကျရောက်လာခြင်း ဖြစ်သည်။ ယင်းမှာ ဘုရားသခင်၏စိတ်သဘောထား နှင့်သက်ဆိုင်သည့် တစ်ဝက်တစ်ပျက် ဖွင့်ပြခြင်းတစ်ခု မဟုတ်ခဲ့ပါသလော။ ဤလက်ရှိခေတ်ကာလတွင်၊ ဘုရားသခင်၏အမြင်၌ ဖြောင့်မတ်သည့်လူ မည်သူမျှ မရှိသလော။ ဘုရားသခင်၏အမြင်၌ စုံလင်သည့်လူ မည်သူမျှမရှိသလော။ ဤခေတ်သည် ကမ္ဘာပေါ်ရှိ သတ္တဝါအားလုံး၏ အပြုအမူက ဘုရားသခင်၏အမြင်တွင် ဖောက်ပြန်ပျက်စီးသည့် ခေတ်တစ်ခေတ်ဖြစ်သလော။ ဤနေ့ရက်နှင့် ခေတ်ကာလတွင်၊ ဘုရားသခင်က စုံလင်စေလိုသူများ၊ ဘုရားသခင်၏နောက်လိုက်နိုင်ပြီး သူ၏ကယ်တင်ခြင်းကို လက်ခံနိုင်သည့်သူများမှလွဲ၍- အသွေးအသားရှိသည့် လူအားလုံးသည် ဘုရားသခင်၏ သည်းခံမှုအကန့်အသတ်ကို စိန်ခေါ်နေကြသည် မဟုတ်လော။ သင်တို့၏ဘေးတွင် ဖြစ်ပျက်သည့်အရာရာတိုင်း- သင်တို့၏ မျက်စိများဖြင့် မြင်သည့်အရာနှင့် နားများဖြင့် ကြားရသည့်အရာများ၊ ပြီးလျှင် ဤလောကတွင် နေ့စဉ် သင်တို့ ကိုယ်တိုင်ကိုယ်ကျ ကြုံတွေ့ရသည့်အရာများသည် အဓမ္မ အမှုနှင့် ပြည့်သည် မဟုတ်လော။ ဘုရားသခင်၏ အမြင်တွင်၊ ထိုသို့သောကမ္ဘာ၊ ထိုသို့သောခေတ်သည် အဆုံးသတ်သင့်သည် မဟုတ်လော။ လက်ရှိခေတ်ကာလ၏ နောက်ခံသည် နောဧ၏ အချိန်ကာလ နောက်ခံနှင့် လုံးဝ မကွဲပြားသော်လည်း၊ လူသား၏ ဖောက်ပြန်ပျက်စီးမှုအပေါ် ဘုရားသခင်၏ ခံစားမှုများနှင့် အမျက်ဒေါသသည် အတိအကျ တူညီဆဲဖြစ်ပေသည်။ ဘုရားသခင်သည် သူ၏အမှုကြောင့် စိတ်ရှည်သည်းခံနိုင်သော်လည်း၊ အခြေအနေများနှင့် အနေအထားများအရ၊ ဘုရားသခင်၏ အမြင်တွင် ဤကမ္ဘာလောကသည် အချိန်ကြာမြင့်စွာက ဖျက်ဆီးခြင်းခံရသင့်ပြီး ဖြစ်သည်။ အခြေအနေများသည် ကမ္ဘာကြီးက ရေလွှမ်းမိုးခြင်းဖြင့် ဖျက်ဆီးခံခဲ့ရသည့် အချိန်ထက် များစွာ ကျော်လွန်ပေသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင် ကိုယ်တော်တိုင် (၁)

သို့သော်လည်း နောဧခေတ်တုန်းက လူများသည် သောက်စားနေခဲ့ကြပြီး လက်ထပ်ကြလျက်၊ ဘုရားသခင်အနေနှင့် မြင်တွေ့ရန် မခံမရပ်ခဲ့သည့် အတိုင်းအတာထိ အိမ်ထောင်ပြုခဲ့ကြသောကြောင့် သူသည် လူသားမျိုးနွယ်ကို ဖျက်ဆီးရန် ကြီးစွာသောရေလွှမ်းမိုးမှုကို စေလွှတ်လျက် လူရှစ်ဦးရှိသည့် နောဧမိသားစု၊ ငှက်များနှင့် သားရဲမျိုးစုံတို့ကိုသာ ချမ်းသာပေးခဲ့သည်ကို သင့်အား ငါပြောပြရမည်။ သို့သော်လည်း နောက်ဆုံးသောကာလတွင် ဘုရားသခင် ချမ်းသာပေးခဲ့သူအားလုံးတို့မှာ သူ့အပေါ် အဆုံးထိ သစ္စာရှိနေခဲ့သောသူတို့ပင်ဖြစ်သည်။ ခေတ်နှစ်ခေတ်စလုံးသည် ဘုရားသခင်အနေနှင့် မြင်တွေ့ရန် မခံမရပ်နိုင်သည့် အကြီးအကျယ် ဖောက်ပြန်ပျက်စီးခြင်း ကာလများဖြစ်ခဲ့ပြီး နှစ်ခေတ်စလုံးတွင် လူသားမျိုးနွယ်က ဘုရားသခင်သည် သူတို့၏သခင်ဖြစ်သည်ကို ငြင်းဆိုခဲ့သည်အထိပင် အလွန် ဖောက်ပြန်ပျက်စီးလာခဲ့သော်လည်း၊ ဘုရားသခင်သည် နောဧခေတ်တုန်းက လူတို့ကိုသာ ဖျက်ဆီးခဲ့လေသည်။ ခေတ်နှစ်ခေတ်စလုံးတွင် လူသားမျိုးနွယ်သည် ဘုရားသခင်အား ကြီးစွာသော ထိခိုက်နာကျင်မှု ပေးခဲ့စေကာမူ ဘုရားသခင်သည် ယခုထိ နောက်ဆုံးသောကာလ၌ရှိသော လူများကို ဆက်လက်၍ သည်းခံခဲ့ပြီဖြစ်သည်။ ဤသည်မှာ အဘယ့်ကြောင့်နည်း။ သင်တို့သည် အဘယ်ကြောင့်နည်းဟူသည်ကို မည်သည့်အခါမျှ မစဉ်းစားဖူးသလော။ သင်တို့ အမှန်တကယ် မသိပါက၊ သင်တို့ကို ငါပြောရမည်။ ဘုရားသခင်က နောက်ဆုံးသောကာလတွင် လူတို့ကို ကျေးဇူးတော် ပေးအပ်နိုင်သည့် အကြောင်းရင်းက သူတို့သည် နောဧခေတ်ကလူတို့ထက် လျော့၍ ဖောက်ပြန်ပျက်စီးသောကြောင့်၊ သို့မဟုတ် နောက်ဆုံးသောကာလ၌ စက်မှုနည်းပညာသည် လွန်စွာတိုးတက်နေသဖြင့် ဘုရားသခင်က သူတို့ကို ဖျက်ဆီးရန် ကိုယ့်ကိုကိုယ် မစေခိုင်းနိုင်ခြင်းမျိုး ဖြစ်ဖို့ဝေးစွ၊ သူတို့သည် ဘုရားသခင်အား နောင်တရခြင်းကို ပြခဲ့ကြပြီးသောကြောင့်လည်း မဟုတ်ပါ။ ထို့ထက် ယင်းမှာ ဘုရားသခင်သည် နောက်ဆုံးသောကာလတွင် လူအုပ်စုတစ်စုထဲ၌ အမှုပြုရန် ရှိသောကြောင့်ဖြစ်ပြီး ဘုရားသခင်သည် ဤအမှုကို မိမိကိုယ်တိုင် လူ့ဇာတိခံယူခြင်းအားဖြင့် လုပ်ဆောင်လိုသောကြောင့် ဖြစ်သည်။ ထိုမျှမက ဘုရားသခင်သည် ဤအုပ်စုထဲကတစ်ချို့ကို သူ့ကယ်တင်ခြင်းအတွက် ရည်စူးထားသူများနှင့် သူ့စီမံခန့်ခွဲမှုအစီအစဉ်၏ အသီးအပွင့်ဖြစ်လာရန် ရွေးချယ်ပြီးလျှင် ဤလူတို့ကို နောက်တစ်ခေတ်ထဲသို့ ခေါ်ဆောင်သွားလိုသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သင်သိခဲ့သလော ဘုရားသခင်သည် လူသားများကြား၌ ကြီးမားသောအမှုကို ပြုခဲ့ပြီးပြီ

ယနေ့တွင် ၎င်းတို့၏ လုပ်ရပ်များကို ပဓာနမထားဘဲ၊ ၎င်းတို့သည် ဘုရားသခင်၏ စီမံခန့်ခွဲမှုကို မပိတ်ဆို့သကဲ့သို့ ဘုရားသခင်၏ အမှုသစ်နှင့် ဘာမျှ မသက်ဆိုင်မှသာလျှင်၊ ဒေါသအမျက်ခံရာ နေ့ရက်ကာလ မရောက်သေးသည့်အတွက်၊ ထိုသို့သော လူတို့သည် လိုက်လျောညီထွေသော ပြစ်ဒဏ်ခတ်ခြင်းကို ခံရလိမ့်မည် မဟုတ်ပေ။ ဘုရားသခင်က ၎င်းတို့ကို ကိုယ်တွယ်ဖြေရှင်းနှင့်ပြီးဖြစ်သင့်ကာ၊ ထိုမကောင်းမှုပြုသူများသည် ဒဏ်ခတ်ခြင်းကို စောနိုင်သမျှ စောစွာ ခံရသင့်သည်ဟု များစွာသော လူတို့က ယုံကြည်ကြလေသည်။ သို့ရာတွင် ဘုရားသခင်၏ စီမံခန့်ခွဲခြင်း အမှုသည် အဆုံးသတ်သို့ မရောက်သေးသကဲ့သို့၊ ဒေါသအမျက်ခံရာ နေ့ရက်ကာလ ရောက်မလာသေးသောကြောင့်၊ မဖြောင့်မတ်သောသူများသည် ၎င်းတို့၏ မဖြောင့်မတ်သည့် လုပ်ဆောင်မှုများကို ဆက်လက်ဆောင်ရွက်နေကြဆဲ ဖြစ်သည်။...ယခုအချိန်သည် လူသား၏ အပြစ်ဒဏ်ပေးခြင်းအတွက် အချိန်ကာလ မဟုတ်သေးဘဲ၊ သိမ်းပိုက်ခြင်းအမှုကို ဆောင်ရွက်နေသည့်အချိန် ဖြစ်သည်၊ ၎င်းတို့သည် ဘုရားသခင်၏ စီမံခန့်ခွဲမှုကို ထိခိုက်စေသူများ မဟုတ်ပါက၊ ထိုကိစ္စတွင် ၎င်းတို့လုပ်ရပ်များ၏ ပြင်းထန်မှုအပေါ် အခြေခံ၍ အပြစ်ပေးခြင်းကို ၎င်းခံရကြလိမ့်မည်ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်၏ အမှုနှင့် လူ၏လက်တွေ့လုပ်ဆောင်မှု

လူသားအပေါ် ဘုရားသခင့်အမှု၏ ရည်ရွယ်ချက်မှာ ဘုရားသခင်၏အလိုကို ၎င်းတို့အား ဖြည့်ဆည်းနိုင်စေရန်ဖြစ်ပြီး ယင်းကို ၎င်းတို့ထံ ကယ်တင်ခြင်း ဆောင်ကြဉ်းဖို့ လုပ်ဆောင်ခြင်း ဖြစ်သည်။ ထို့ကြောင့် လူသားနှင့်ဆိုင်သည့် သူ၏ကယ်တင်ခြင်း အချိန်ကာလအတွင်းတွင်၊ သူသည် ၎င်းတို့အား အပြစ်ပေးခြင်းအမှုကို မလုပ်ဆောင်ပေ။ လူသားထံ ကယ်တင်ခြင်းကို ဆောင်ကြဉ်းနေစဉ်တွင်၊ ဘုရားသခင်သည် ဆိုးယုတ်သူများကိုလည်း အပြစ်မပေးသကဲ့သို့ ကောင်းသောသူများကို ဆုမချီးမြှင့်ဘဲ လူအမျိုးမျိုးတို့၏ ခရီးပန်းတိုင်များကိုလည်း ထုတ်ဖော်မပြပေ။ ထို့ထက်၊ သူ့အမှု၏ နောက်ဆုံးအဆင့် ပြီးစီးသည့်နောက်တွင်သာ ဆိုးယုတ်သူများကို အပြစ်ပေးခြင်းနှင့် ကောင်းသောသူများကို ဆုချီးမြှင့်ခြင်း အမှုကို သူလုပ်ဆောင်လိမ့်မည် ဖြစ်ပြီး၊ ထိုအခါမှသာ မတူကွဲပြားသော လူအမျိုးအစားအားလုံး၏ အဆုံးသတ်များကို သူထုတ်ဖော်ပြလိမ့်မည်။ အပြစ်ပေးခံရသူများသည် အမှန်တကယ် ကယ်တင်၍မရနိုင်သူများ ဖြစ်ကြလိမ့်မည် ဖြစ်သော်လည်း၊ ကယ်တင်ခြင်းခံရသူများသည် လူသားနှင့်ဆိုင်သည့် သူ၏ ကယ်တင်ခြင်း အချိန်ကာလအတွင်း ဘုရားသခင်၏ ကယ်တင်ခြင်းကို ရရှိပြီးသူများ ဖြစ်ကြလိမ့်မည်။ ဘုရားသခင်၏ ကယ်တင်ခြင်းအမှုကို ပြုနေစဉ်တွင် ကယ်တင်ခံရနိုင်သည့် လူတစ်ဦးစီတိုင်းသည် ဖြစ်နိုင်သမျှ ကယ်တင်ခံရလိမ့်မည် ဖြစ်ပြီး၊ ဘုရားသခင့်အမှု၏ ရည်ရွယ်ချက်မှာ လူကို ကယ်တင်ရန် ဖြစ်သည့်အတွက် ၎င်းတို့ထဲမှ မည်သူမျှ စွန့်ပစ်ခံရလိမ့်မည်မဟုတ်။ လူသားနှင့်ဆိုင်သည့် ဘုရားသခင်၏ ကယ်တင်ခြင်း အချိန်ကာလအတွင်း၊ ၎င်းတို့၏ စိတ်သဘောထား၌ ပြောင်းလဲမှုတစ်ခု မစွမ်းဆောင် မရရှိနိုင်ကြသူအားလုံး အပြင်— ဘုရားသခင်ထံ လုံးဝ ကျိုးနွံနာခံခြင်း မရှိနိုင်သူအားလုံးတို့သည်— အပြစ်ပေးခြင်း ခံရသူများ ဖြစ်လာကြလိမ့်မည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သင်တို့သည် အဆင့်အတန်းနှင့်ဆိုင်သော ကောင်းချီးမင်္ဂလာများကို ဘေးဖယ်ပြီး လူသားထံ ကယ်တင်ခြင်းကို ဆောင်ကြဉ်းဖို့ ဘုရားသခင်၏ အလိုကို နားလည်သင့်၏

လူသားများကို ကောင်းမှုနှင့် မကောင်းမှုအပေါ်တွင် အခြေခံ၍ ခွဲခြားသည်၊ ၎င်းတို့ အသက်ရှင်သည့် ခေတ်ကိုအခြေခံ၍ ခွဲခြားခြင်းမဟုတ်ပေ။ ထို့သို့ အမျိုးအစားခွဲခြားသည်နှင့်တစ်ပြိုင်နက်၊ ၎င်းတို့သည် ချက်ချင်း အပြစ်ပေးခြင်း သို့မဟုတ် ဆုလာဘ်ပေးခြင်း ခံရမည်မဟုတ်ပေ။ ယင်းထက် ဘုရားသခင်သည် နောက်ဆုံးကာလတွင် သူ၏သိမ်းပိုက်ခြင်းအမှုကို ဆောင်ရွက်ပြီးစီးသည့်နောက်တွင်သာ သူ၏ မကောင်းသောသူများကို အပြစ်ဒဏ်ပေးခြင်းနှင့် ကောင်းသောသူများကို ဆုလာဘ်ပေးခြင်းအမှုကို ဆောင်ရွက်လိမ့်မည်။ အမှန်တကယ်အားဖြင့်၊ သူသည် လူသားတို့အလယ်တွင် သူ၏အမှုကို စတင်လုပ်ဆောင်နေခဲ့ကတည်းက၊ ကောင်းသောသူနှင့် မကောင်းသောသူများအဖြစ်သို့ လူသားများကို ခွဲခြားနေခဲ့ပြီးဖြစ်သည်။ သူ၏အမှု အဆုံးသတ်သို့ ရောက်လာသည့်နောက်တွင်သာ သူသည် ဖြောင့်မတ်သူများကို ဆုလာဘ်ပေးလိမ့်မည် ဖြစ်ပြီး ဆိုးယုတ်သောသူတို့ကို အပြစ်ပေးလိမ့်မည်သာ ဖြစ်သည်။ သူသည် သူ၏ အမှု ပြီးပြည့်စုံသည်နှင့် ၎င်းတို့ကို အတန်းအစားထဲသို့ ခွဲခြားပြီးနောက် ချက်ချင်း ဆိုးယုတ်သူများကို အပြစ်ပေးခြင်းနှင့် ကောင်းသောသူများကို ဆုလာဘ်ချီးမြှင့်ခြင်း အလုပ်ကို စတင်မည် မဟုတ်ပေ။ မကောင်းသောသူများကို အပြစ်ဒဏ်ပေးခြင်းနှင့် ကောင်းသောသူများကို ဆုလာဘ်ပေးခြင်းဟူသည့် ဘုရားသခင်၏ အဆုံးစွန် အမှုနောက်ကွယ်က ရည်ရွယ်ချက် တစ်ခုလုံးမှာ သူသည် သန့်ရှင်းသော လူသားမျိုးနွယ် သက်သက်ကို ထာဝရ ငြိမ်သက်ခြင်း ချမ်းသာထဲသို့ ဆောင်ယူသွားနိုင်ဖို့အလို့ငှာ လူသားများ အားလုံးကို လုံးလုံးလျားလျား သန့်စင်စေရန် ဖြစ်သည်။ သူ့အမှု၏ ဤအဆင့်သည် အရေးကြီးဆုံး ဖြစ်သည်။ ယင်းသည် သူ၏ စီမံခန့်ခွဲခြင်း အမှုတစ်ခုလုံး၏ နောက်ဆုံးအဆင့် ဖြစ်သည်။ အကယ်၍သာ ဘုရားသခင်သည် ဆိုးယုတ်သူများကို မဖျက်ဆီးဘဲ၊ ယင်းအစား ၎င်းတို့ကို ကျန်ရှိခွင့်ပေးပါက၊ လူသားတိုင်းသည် ငြိမ်သက်ခြင်း ချမ်းသာထဲသို့ မဝင်ရောက်နိုင်သေးဘဲ ရှိမည်ဖြစ်သကဲ့သို့၊ ဘုရားသခင်သည် လူသားမျိုးနွယ် အားလုံးကို ပိုမိုကောင်းမွန်သော နယ်ပယ်တစ်ခုထဲသို့ ခေါ်ဆောင်သွားနိုင်မည် မဟုတ်ပေ။ ထိုသို့သော အမှုသည် ပြီးပြည့်စုံမည် မဟုတ်။ သူ၏အမှု ပြီးစီးသည့်အခါတွင် လူသားမျိုးနွယ် တစ်ခုလုံးသည် လုံးဝ သန့်ရှင်းကြလိမ့်မည်။ ဤနည်းဖြင့်သာ ဘုရားသခင်သည် ငြိမ်သက်ခြင်း ချမ်းသာ၌ ငြိမ်းချမ်းစွာ နေထိုင်နိုင်လိမ့်မည် ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်နှင့် လူသားသည် ငြိမ်သက်ခြင်းချမ်းသာထဲသို့ အတူတကွ ဝင်ရောက်ကြလိမ့်မည်

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

Leave a Reply

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။