၈၁။ ဆင်းရဲဒုက္ခများနှင့် စမ်းသပ်မှုများသည် ဘုရားသခင်၏ကောင်းချီးမင်္ဂလာများဖြစ်သည်

ဝမ်ဂန် တရုတ်နိုင်ငံ

၂၀ဝ၈ခုနှစ်၏ ဆောင်းရာသီ နေ့လည်ခင်းတစ်ခုတွင်၊ ကျွန်တော်နှင့် ညီအစ်မနှစ်ယောက်တို့သည် နောက်ဆုံးသောကာလ ဘုရားသခင်၏အမှုတော်ကို ဧဝံဂေလိ ရည်မှန်းချက်အဖို့ သက်သေခံနေခဲ့ချိန်တွင် မကောင်းသည့်လူများ၏ သတင်းပေးခြင်းကို ခံခဲ့ရသည်။ ရဲအရာရှိခြောက်ယောက်သည် ဧဝံဂေလိဟောကြားသည့် အိမ်ထဲသို့ ဝင်ရောက်ဖို့ ကျွန်တော်တို၏ နေထိုင်မှု ခွင့်ပြုချက်တွေကို စစ်ဆေးဖို့လိုအပ်သည်ဆိုသည့် ဆင်ခြေကို အသုံးပြုခဲ့သည်။ သူတို့ တံခါးကိုရောက်သည့်အခါ “မလှုပ်နဲ့” ဟု ကျယ်လောင်စွာအော်လိုက်သည်။ ရဲအရာရှိနှစ်ယောက်သည် ကျွန်တော့်အပေါ်ကို ခုန်အုပ်လိုက်သည်နှင့်အမျှ လုံးဝရူးသွပ်နေသည့်ပုံ ဖြစ်သည်။ တစ်ယောက်က ကျွန်တော့်ရင်ဘက်ပေါ်က အဝတ်ကို ဆုပ်ကိုင်ပြီး၊ ကျန်တစ်ယောက်က ကျွန်တော့်လက်မောင်းကို ဆုပ်ကိုင်ကာ ကျွန်တော့်လက်များကို နောက်ပစ်လိုက်ဖို့ သူ၏ ခွန်အားရှိသမျှအကုန် သုံးခဲ့သည်။ ထို့နောက် သူက “မင်းတို့ဘာလုပ်နေတာလဲ။ မင်းနာမည်ဘယ်လိုခေါ်လဲ။ မင်းဘယ်ကလဲ”ဟု ခက်ထန်စွာမေးသည်။ ကျွန်တော်ကလည်း “မင်းတို့ကဘာလုပ်တာလဲ။ ဘာလို့ငါ့ကိုဖမ်းတာလဲ” ဟု ပြန်မေးလိုက်သည်။ ကျွန်တော် ဤသို့ပြောသည်ကို ကြားသည့်အခါတွင် သူတို့ တကယ်ကိုစိတ်ဆိုးပြီး ရန်လိုစွာဖြင့်၊ “ဘာအကြောင်းဖြစ်ဖြစ် အရေးမကြီးဘူး။ မင်းက ငါတို့ လိုက်ရှာနေတဲ့သူဖြစ်တယ်၊ မင်းငါတို့နောက်လိုက်ရမယ်” ဟု ပြန်ပြောသည်။ ထို့နောက် ရဲအရာရှိများသည် ကျွန်တော်နှင့် ညီအစ်မနှစ်ယောက်ကို ခေါ်ပြီး ရဲကားပေါ် တွန်းတင်လိုက်ကြသည်။

ပြည်သူ့လုံခြုံရေး ဌာနကိုရောက်ပြီးနောက်တွင်၊ ရဲအရာရှိများသည် ကျွန်တော့်ကို အခန်းသေးလေးတစ်ခန်းထဲ ခေါ်သွားပြီး သော့ခတ် ထားလိုက်သည်။ သူတို့သည် ကျွန်တော့်ကို ကြမ်းပြင်ပေါ်မှာ ဝပ်နေဖို့ အမိန့်ပေးပြီး ကျွန်တော့်ကို စောင့်ကြည့်ဖို့ လူလေးယောက်ကို စီစဉ်ခဲ့သည်။ ကျွန်တော်သည် အချိန်အကြာကြီး ဆောင့်ကြောင့်ထိုင်ခဲ့ရပြီးဖြစ်သည့်အတွက် အလွန် ပင်ပန်းလာခဲ့သည်မှာ ကျွန်တော် မခံနိုင်တော့ပေ။ ကျွန်တော်ထဖို့ ကြိုးစားလိုက်သည်နှင့်၊ သူတို့ သုတ်သီးသုတ်ပျာ ပြေးလာပြီး၊ ကျွန်တော် မထအောင် အပေါ်ကနေ ကျွန်တော့်ခေါင်းကို ဖိထားသည်။ ထို့နောက်မကြာမီတွင် ဘေးခန်း၌ ညှဉ်းပန်းနှိပ်စက်ခံရ၍ တစ်စုံတစ်ယောက်၏ သွေးခဲသွားစေနိုင်သည့် အော်ဟစ်သံကိုကြားလိုက်ရပြီး၊ ထိုအချိန်တွင် ကျွန်တော် အလွန်ကြောက်လာခဲ့သည်။ သူတို့ ကျွန်တော့်အပေါ် နောက်ထပ် မည်သည့် ညှဉ်းပန်းနှိပ်စက်မှုပုံစံ အသုံးပြုမည်ဆိုသည်ကို ကျွန်တော်မသိပေ။ ကျွန်တော့်နှလုံးသားထဲတွင် ဘုရားသခင်ထံ အရေးတကြီး ကျွန်တော် စတင် ဆုတောင်းခဲ့သည်- “အိုးအနန္တတန်ခိုးရှင်ဘုရားသခင်၊ ကျွန်တော် အခု အရမ်းကြောက်နေပါတယ်။ ကျေးဇူးပြုပြီး ကျွန်တော့်ကို ယုံကြည်ခြင်းနဲ့ အစွမ်းတန်ခိုးပေးပြီး၊ ကျွန်တော့်ကို ခိုင်မာစေကာ သတ္တိပေးဖို့ တော်မူပါ။ ကျွန်တော် ကိုယ်တော့်အတွက် သက်သေရပ်တည်ဖို့ လိုလားနေပါတယ်။ တကယ်လို့ ဒီရက်စက်တဲ့နှိပ်စက်မှုကို ကျွန်တော်မခံနိုင်ရင် ကိုယ်တော့်ကို ယုဒလို သစ္စာဖောက်တာထက် ကိုယ့်လျှာကိုယ်ကိုက်ပြီး သေကြောင်းကြံစီလိုက်ချင်ပါတယ်။” ဆုတောင်းပြီးသည့်နောက်တွင် ကျွန်တော့် အထဲတွင် ခွန်အားထွက်ပေါ်လာသည်ကို ခံစားရပြီး ကျွန်တော့်၏ ကြောက်ရွံ့မှု လျော့ပါသွားခဲ့သည်။

ထိုညနေ ၇နာရီနောက်ပိုင်းတွင်၊ ရဲအရာရှိများသည် ကျွန်တော့် လက်များကို ကျွန်တော့် နောက်ကျောဘက်တွက် လက်ထိပ်ခတ်လိုက်သည်၊ ကျွန်တော့်ကို အပေါ်ထပ် စစ်ကြောရေးအခန်းသို့ ခေါ်သွားပြီး ကြမ်းပြင်ပေါ်တွန်းချခဲ့သည်။ ထိုအခန်းထဲတွင် ကြိုးများ၊ သစ်သားတုတ်များ၊ နံပါတ်တုတ်များ၊ ကြာပွတ်များ အစရှိသည့် ညှဉ်းပန်းနှိပ်စက်သည့် ကိရိယာအမျိုးမျိုးရှိသည်။ ရဲသားတစ်ယောက်သည် တဂျစ်ဂျစ်မြည်နေသည့် လျှပ်စစ်တုတ်တံကို သူ၏ လက်တွင် ကိုင်ဆောင်ထားကာ သတင်းအချက်အလက်အတွက် ခြိမ်းခြောက်သည့် တောင်းဆိုချက်များ ပြုလုပ်ခဲ့သည်- “မင်းတို့ဘုရားကျောင်းမှာ လူဘယ်နှစ်ယောက်ရှိလဲ။ မင်းတို့တွေ့တဲ့နေရာက ဘယ်မှာလဲ။ ဘယ်သူကတာဝန်ခံလဲ။ ဒီနေရာမှာ ဧဝံဂေလိဟောတဲ့ သူဘယ်နှစ်ယောက်ရှိလဲ။ ပြောစမ်း၊ မဟုတ်ရင် ဒါလာမယ်သိလား။” အာရုံကို စိုးမိုးနေသည့် လျှပ်စစ်တုတ်၏ အန္တရာယ်ကို ကျွန်တော် ကြည့်လိုက်ပြီး၊ နှိပ်စက်သည့်ကိရိယာများ ပြည့်နေသည့်အခန်းကို ကျွန်တော်ထပ်ကြည့်လိုက်သည်။ စိုးရွံ့ကြောက်လန့်မှုကို ကျွန်တော်မခံစားရပဲ မနေနိုင်ပါ။ ကျွန်တော် ဤညှဉ်းဆဲမှုကို ဖြတ်သန်းနိုင်ပါ့မလားဆိုသည်ကို ကျွန်တော်မသိခဲ့ပါ၊ ထို့ကြောင့် ဘုရားသခင်ထံ ကျွန်တော် အော်ခေါ်မြဲ အော်ခေါ်နေခဲ့သည်။ ကျွန်တော် မည်သည့်အရာမျှ မပြောပဲနေသည်ကို မြင်သောအခါ၊ ထိုရဲသည် ပျာယာခတ်လာခဲ့ပြီး၊ ကျွန်တော့် ရင်ဘတ်၏ ဘယ်ဘက်ကို လျှပ်စစ်တုတ်နှင့် ကြမ်းတမ်းစွာ ထိုးပစ်လိုက်သည်။ သူသည် ကျွန်တော့်ကို တစ်မိနစ်လောက် လျှပ်စစ်နှင့်တို့ခဲ့သည်။ ကျွန်တော့်ခန္ဓာကိုယ်ထဲက သွေးတွေ ဆူပွက်သွားသလိုမျိုး ချက်ချင်း ခံစားလိုက်ရသည်။ ကျွန်တော်သည် ခေါင်းကနေ ခြေထောက်အထိ မခံမရပ်နိုင်အောင် နာကျင်ခဲ့ပြီး၊ ကြမ်းပြင်ပေါ် မရပ်မနား အော်ဟစ်လူးလွန့်နေခဲ့သည်။ သူသည် ကျွန်တော့်အပေါ် လက်မလျှော့သေးဘဲ၊ ရုတ်တရတ် ကျွန်တော့်ကို ဒရွတ်တိုက်ဆွဲတင်ပြီး၊ တုတ်နှင့် ကျွန်တော့် ခေါင်းကို မတင်လိုက်ကာ၊ “ပြောစမ်း၊ ဘာကိုမှဝန်မခံဘူးလား”ဟု အော်ပြောသည်။ ဤမကောင်းဆိုးဝါးများ၏ ရူးသွပ်သည့်နှိပ်စက်မှုကို ရင်ဆိုင်နေရချိန်တွင်၊ ဤနှိပ်စက်မှုများကို ကျွန်တော်မခံနိုင်ဘဲ ဘုရားသခင်ကို သစ္စာဖောက်မိ မည်ကိုသာ ကျွန်တော် ကြောက်ရွံ့ခဲ့သည်၊ ထို့ကြောင့် ကျွန်တော့် စိတ်နှလုံးထဲတွင် ဘုရားသခင်ထံ အသည်းအသန် ဆုတောင်းမိသည်။ ဤအချိန်တွင် ဘုရားသခင်၏ နှုတ်ကပတ်တော်များအကြောင်းကို ကျွန်တော် စဉ်းစားမိခဲ့ပါသည်။ “အာဏာရှိသော သူတို့သည် အပြင်ပန်းအားဖြင့် ကြောက်စရာကောင်းသည်ဟု ထင်ရသော်လည်း ကြောက်ရွံ့ခြင်း မရှိနှင့်၊ အဘယ့်ကြောင့်ဆိုသော် ဤသည်မှာ သင်တို့တွင် ယုံကြည်မှု အနည်းငယ်သာ ရှိခြင်းကြောင့်ဖြစ်သည်။ သင်တို့၏ယုံကြည်ခြင်း ကြီးထွားသည့် ကာလပတ်လုံး မည်သည့်အရာမျှ အလွန်တရာ ခက်ခဲလိမ့်မည်မဟုတ်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ၊ အခန်း (၇၅)) ဘုရားသခင်၏ နှုတ်ကပတ်တော်များက ကျွန်တော့်ကို ယုံကြည်မှုနှင့် အစွမ်းတန်ခိုးကို တစ်ဖန် ပေးခဲ့ပြီး၊ ကျွန်တော့်ရှေ့က ဆိုးယုတ်သည့် ရဲအရာရှိများသည် ရူးသွပ်ပြီး ဇက်ကြိုးလွတ်နေသော်လည်း၊ သူတို့ကို ဘုရားသခင်၏ လက်တော်က စီစဉ်ထားခြင်း ဖြစ်သည်ဆိုသည်ကို ကျွန်တော်သတိပြုမိသည်။ ဘုရားသခင်၏ ခွင့်ပြုချက်မပါဘဲနှင့်၊ သူတို့သည် ကျွန်တော့်ကို သတ်နိုင်မည်မဟုတ်ပါ။ ယုံကြည်မှုအပေါ် မှီခိုပြီး၊ ဘုရားသခင်အပေါ် မှီတွယ်ကာ သူတို့ကို အရှုံးမပေးသရွေ့ သူတို့သည် အရှက်ကွဲခြင်းဖြင့် ကျရှုံးမည်မှာ မလွဲမသွေ ဖြစ်သည်။ ဤအရာကို စဉ်းစားမိလျက်၊ ကျွန်တော်သည် ကိုယ်ခန္ဓာထဲမှာရှိသည့် အားတွေအကုန်လုံးကို စုစည်းလိုက်ပြီး၊ “မင်းတို့ ငါ့ကို ဘာလို့ဒီကိုခေါ်လာတာလဲ။ ငါ့ကို လျှပ်စစ်တုတ်နဲ့ ဘာလို့ရိုက်တာလဲ။ ငါဘာပြစ်မှုကျူးလွန်ခဲ့လို့လဲ” ဟု ကျယ်လောင်သော အသံဖြင့် ပြန်ဖြေလိုက်သည်။ ဆိုးယုတ်သော ရဲသည် ချက်ချင်း မီးအလင်းရောင်ထဲက သမင်တစ်ကောင်လိုဖြစ်သွားပြီး အပြစ်ရှိသည့် အသိစိတ်ဖြင့် ဖိစီးသွားခဲ့သည်။ သူစကားထစ်သွားပြီး ဘာမှ ပြန်မပြောနိုင်ခဲ့ပါ။ ထို့နောက် သူတို့သည် အမြှီးကုပ်ကာ ထွက်သွားကြလေသည်။ ရှက်ဖွယ်ကောင်းသော စာတန်၏ အကျပ်အတည်း အခြေအနေတစ်ခုကို မြင်ရခြင်းဖြင့်၊ ကျွန်တော် မျက်ရည်ကျ စိတ်ထိခိုက်ခဲ့ရသည်။ ဤအကျပ်အတည်းတွင် အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ တန်ခိုးစွမ်းအားနှင့် ဩဇာအာဏာကို ကျွန်တော် အမှန်တကယ် ကြုံတွေ့ခံစားခဲ့ရသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကျွန်တော် လက်တွေ့ လုပ်ဆောင်သရွေ့၊ ဘုရားသခင်၏ လုပ်ဆောင်ချက်များကို တွေ့မြင်ရမည်ဖြစ်သည်။ နောက်ငါးမိနစ် ခြောက်မိနစ် အကြာတွင်၊ ရဲအရာရှိနှစ်ဦး ရောက်လာသည်၊ သို့သော် ဤတစ်ကြိမ်တွင်၊ သူတို့သည် ကျွန်တော့်ကို နောက်ထပ် နည်းလမ်းဖြင့် စမ်းကြည့်ခဲ့ကြသည်။ ပိန်ကပ်ကပ်ရဲတစ်ယောက်က ကျွန်တော်အား၊ “နည်းနည်းလောက် ကောင်းကောင်းနေပါ၊ ငါတို့ မေးတာကို ဖြေလိုက်၊ မဟုတ်ရင် ငါတို့ မင်းကို အလွတ်ပေးလို့ရမှာမဟုတ်ဘူး”ဟု တကယ်ကို နွေးထွေးစွာ ပြောခဲ့သည်။ ကျွန်တော် စကားတစ်ခွန်း မပြောခဲ့ပါ၊ ထို့ကြောင့် ထိုရဲသည် ကျွန်မ လက်မှတ်ထိုးဖို့ စာရွက်တစ်ရွက်ကို ယူလာသည်။ စာရွက်ပေါ်တွင် “အလုပ်မှတစ်ဆင့် ပြန်လည်ပညာပေးခြင်း” ဆိုသည့်စကားလုံး ရေးသားထားသည်ကို မြင်သည့်အခါ၊ ကျွန်တော် ငြင်းပယ်ခဲ့သည်။ အခြားသော ရဲတစ်ယောက်က ကျွန်တော့်ဘယ်ဘက်နားပေါ်ကို ရက်ရက်စက်စက်ရိုက်ပြီး ကျွန်တော်လဲကျလုနီးပါးဖြစ်ခဲ့သည်။ ကျွန်တော့်နားထဲက တစ်ခဏ မြည်ဟည်းနေခဲ့ပြီး၊ ရှင်းရှင်းလင်းလင်း ပြန်ကြားရဖို့ အချိန်အတော်အတန် ယူခဲ့ရသည်။ သူတို့သည် ကျွန်တော့်ကို တစ်ဖန် လက်ထိပ်ခတ်ပြီး အခန်းကျဉ်းထဲတွင် ချုပ်ထားလေသည်။

အခန်းကျဉ်းထဲကို ပြန်ရောက်ပြီးသည့်နောက်တွင်၊ ကျွန်တော် ရောင်ကိုင်းပြီး ကျိုးကြေနေခဲ့သည်၊ နာကျင်မှုက မခံမရပ်နိုင်အောင် ဖြစ်ခဲ့သည်။ ကျွန်တော် စိတ်မချမ်းမြေ့ဖြစ်ကာ အားမနည်းဘဲ မနေနိုင်ခဲ့ပါ။ ကျွန်တော်သည် ဧဝံဂေလိတရားကို ကောင်းမွန်သည့် ရည်ရွယ်ချက်များဖြင့် ဟောကြားခဲ့ပါသည်၊ ကယ်တင်ရှင်က ပြန်ကြွလာခဲ့ပြီးဖြစ်ကာ သူတို့အနေဖြင့် အလျင်အမြန်လုပ်ကာ သမ္မာတရားကို လိုက်စားပြီး ကယ်တင်ခံကြရမည်ဟု ကျွန်တော် လူတို့ကို ပြသခဲ့သည်၊ သို့သော် ဤညှဉ်းပန်းနှိပ်စက်ခြင်းကို မမျှော်လင့်ဘဲ ခံစားခဲ့ရပေပြီ။ ဤအရာနှင့်ပတ်သက်၍ စဉ်စားခြင်းဖြင့်၊ ကျွန်တော်မတရား ခံခဲ့ရသည်ဟု ပို၍ ကျွန်တော်ခံစားခဲ့ရသည်။ ကျွန်တော့်၏ ဆင်းရဲဒုက္ခထဲတွင်၊ “အို ဘုရားသခင်။ ကျွန်တော့် ဝိညာဉ်ရင့်သန်မှု သေးငယ်လွန်းတယ်။ ကျွန်တော် အရမ်း အားနည်းနေတယ်။ အို ဘုရားသခင်။ ကိုယ်တော့်ကို ကျွန်တော်အားကိုးပြီး သက်သေရပ်တည်လိုပါတယ်။ ကျွန်တော့်ကို လမ်းပြတော်မူပါ” ဟုဆိုရင်း ဘုရားသခင်ထံ ဆုတောင်းခြင်းဖြင့် ကျွန်တော် ဟစ်အော်ခဲ့သည်။ နောက်ပိုင်းတွင်၊ ကျွန်တော် ဘုရားနှုတ်ကပတ်တော်များ ဓမ္မသီချင်း၁ပုဒ်ကို တွေးမိခဲ့သည်- “စိတ်မပျက်နှင့်၊ အားမနည်းနှင့်၊ ထိုအခါ ငါသည် သင့်အတွက် အမှုအရာများကို ရှင်းလင်းစေမည်။ နိုင်ငံတော်သို့ သွားရာလမ်းသည် သိပ်ချောမွေ့ခြင်းမရှိ။ မည်သည့်အရာမျှ ထိုမျှ မရိုးရှင်းပေ။ ကောင်းချီးများ သင့်ထံ အလွယ်တကူ ရောက်လာသည်ကို သင် လိုချင်သည် မဟုတ်လော။ ယနေ့တွင် အယောက်တိုင်းသည် ခါးသီးသော စမ်းသပ်ခြင်းများ ရင်ဆိုင်ဖို့ ရှိလိမ့်မည်။ ထိုသို့သော စမ်းသပ်မှုများမရှိပါက၊ သင်တို့၌ ရှိသည့် ငါ့ကိုချစ်သော နှလုံးသားသည် တိုး၍ အားကောင်းလာလိမ့်မည် မဟုတ်သကဲ့သို့၊ သင်တို့သည် ငါ့အတွက် စစ်မှန်သော ချစ်ခြင်းမေတ္တာ ရှိလိမ့်မည်မဟုတ်။ ဤစမ်းသပ်မှုများတွင် အရေးမပါသော အခြေအနေများသာ ပါရှိလျှင်ပင်၊ အယောက်တိုင်း ၎င်းတို့ကို ကျော်ဖြတ်ရမည်။ စမ်းသပ်မှုများ၏ ခက်ခဲမှုက လူတစ်ဦးနှင့်တစ်ဦး ခြားနား လိမ့်မည်သာ ဖြစ်သည်။ စမ်းသပ်မှုများသည် ငါ့ထံမှလာသော ကောင်းချီးမင်္ဂလာများဖြစ်ပြီး၊ သင်တို့ထဲမှ မည်မျှသည် ငါ၏ ရှေ့သို့ မကြာခဏ လာပြီး ဒူးထောက်လျက် ကောင်းချီး မင်္ဂလာများကို တောင်းခံကြသနည်း။ အနည်းငယ်သော မင်္ဂလာရှိသည့် စကားများကို ငါ၏ ကောင်းချီးမင်္ဂလာများအဖြစ် သင်တို့ အမြဲ ယူဆ ကြသော်လည်း၊ ခါးသီးမှုသည် ငါ၏ ကောင်းချီးမင်္ဂလာများထဲမှ တစ်ခုဖြစ်သည်ကို သင်တို့ သတိမပြုမိကြပေ။(သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ “စမ်းသပ်ခံရခြင်းများ၏ ဝေဒနာသည် ဘုရားထံမှ ကောင်းချီးဖြစ်၏ကျူး”) ဤညှဉ်းပန်းနှိပ်စက်မှုနှင့် အခက်အခဲကို ရင်ဆိုင်ရခြင်းသည် သူက ကျွန်တော့်၏ ယုံကြည်ခြင်းနှင့် ချစ်ခြင်းကို စုံလင်စေဖို့ဖြစ်သည်ဟု ဘုရားသခင်၏ နှုတ်ကပတ်တော်များမှ ကျွန်တော် နားလည်ခဲ့ရသည်။ ထိုပတ်ဝန်းကျင်သည် ဘုရားသခင်၏ ကောင်းချီးမင်္ဂလာဖြစ်ခဲ့ပါသည်။ ကျွန်တော်သည် အဘယ်သို့ ဘုရားသခင်ကို စောဒကတက်ပြီး အပြစ်တင်နိုင်မည်နည်း။ ကျွန်တော် အဖမ်းခံခဲ့ရပြီး ညှဉ်းဆဲခံခဲ့ရသော်လည်း၊ တုန်လှုပ်ချောက်ချားဖွယ် အတွေ့အကြုံတစ်လျှောက်လုံးတွင် ဘုရားသခင်သည် သူ၏ နှုတ်ကပတ်တော်များဖြင့် ကျွန်တော့်ကို လမ်းပြနေခဲ့ပါသည်။ ဤသည်မှာ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာဖြစ်သည်။ ကျွန်တော့် စိတ်ထဲတွင် ထိုဓမ္မသီချင်းကို သီဆိုခဲ့ပြီး၊ ပိုကြာကြာဆိုလေ ခွန်အားပိုရလေလေခံစားခဲ့ရသည်။ ထိုသီချင်းက ကျွန်တော့် ယုံကြည်ခြင်းကို ပြန်လည်ထိန်းသိမ်းပေးပြီး၊ ဘုရားသခင်ထံ ကျွန်တော် သစ္စာဆိုခဲ့သည်- “ဘုရားသခင်၊ ရဲတွေက ကျွန်တော်ကို ဘယ်လိုပဲ ညှဉ်းဆဲပါစေ၊ ကျွန်တော် သက်သေရပ်တည်လိုပြီး ကိုယ်တော့်ကို လုံးဝ သစ္စာမဖောက်လိုပါဘူး။ ကိုယ်တော့်နောက် အဆုံးတိုင်အောင် လိုက်လျှောက်ဖို့ ကျွန်တော် ဆုံးဖြတ်ပါတယ်။”

ထိန်းသိမ်းရေးစခန်းတွင်၊ ရဲအရာရှိများက ကျွန်တော့်အပေါ် ညှဉ်းဆဲနည်းမျိုးစုံ ဆက်လက်အသုံးပြုခဲ့ပြီး၊ မကြာခဏဆိုသလို ထောင်သားများအား ကျွန်တော့်ကို ရိုက်နှက်ဖို့ သွေးထိုးခဲ့ကြသည်။ ဆောင်း၏ ချမ်းအေးလွန်းသည့် အအေးဒဏ်တွင်၊ သူတို့သည် ထောင်သားများကို ကျွန်တော့်အပေါ် ရေအေးများပါသည့် ရေပုံးများ လောင်းချဖို့ ညွှန်ကြားခဲ့ကြပြီး၊ ရေအေးဖြင့် ကျွန်တော့်ကို အတင်းရေချိုးခိုင်းခဲ့သည်။ ကျွန်တော်သည် ခေါင်းကနေခြေဖျားအထိ အအေးဒဏ်ဖြင့် ချမ်းတုန်နေခဲ့ပါသည်။ ရင်တုန်ပန်းတုန်ဖြစ်ခြင်းကို တွေ့ကြုံခြင်းနှင့် ချွေးများဖြင့် ဖုံးလွှမ်းသွားလျက်၊ ရင်ဘတ်နာလာသည်မှာ နောက်ကျောပါနာလာသည်အထိ ဖြစ်ခဲ့သည်။ ထိုနေရာက ထောင်သားများသည် တရုတ်ကွန်မြူနစ်ပါတီအတွက် ပိုက်ဆံလုပ်ပေးနေသည့် စက်များဖြစ်ပြီး၊ မည်သည့် တရားဝင်အခွင့်အရေးမျှ မရှိပါ။ သူတို့သည် ကျွန်များကဲ့သို့ ဖမ်းချုပ်ခံရကာ မတရားအမြတ်ထုတ်ခံရခြင်းကို သည်းခံဖို့မှလွဲ၍ အခြားရွေးချယ်စရာ မရှိခဲ့ကြပါ။ နေ့အချိန်တွင်၊ ထောင်စောင့်များသည် လူသေများအတွက် မီးရှို့ပူဇော်မှုများအဖြစ် အသုံးပြုသည့် စက္ကူပိုက်ဆံများကို အတင်းအကျပ် ထုတ်လုပ်ခိုင်းခဲ့သည်။ ပထမတွင်၊ သူတို့က ကျွန်တော့်ကို တစ်နေ့ စက္ကူအရွက် ၁၀ဝ၀ ထုတ်ဖို့ စည်းမျဉ်း သတ်မှတ်ကြပြီးနောက်၊ တစ်ရက်ကို ၁၈၀ဝ ရွက်အထိ တိုးခဲ့ပြီး၊ နောက်ဆုံးတွင် အရွက် ၃၀ဝ၀ အထိ တိုးခဲ့သည်။ ဤပမာဏသည် ကျွန်တော်ကဲ့သို့ အတွေ့အကြုံမရှိသည့် သူမဆိုထားနှင့် အတွေ့အကြုံရှိသည့် သူအတွက်ပင် မဖြစ်နိုင်ပါ။ အမှန်တွင်၊ သူတို့အနေဖြင့် ကျွန်တော့်ကို ညှဉ်းဆဲကာ ဖျက်ဆီးဖို့ ဆင်ခြေတစ်ခု ရှိနိုင်ဖို့အလို့ငှာ၊ ကျွန်တော်လုံးဝ မပြီးနိုင်အောင် တမင်လုပ်ခိုင်းခြင်း ဖြစ်သည်။ ကျွန်တော့် ခွဲတမ်းကို ကျွန်တော်ပြည့်မီနိုင်သရွေ့၊ ဆိုးယုတ်သော ရဲအရာရှိများသည် ကျွန်တော့် ခြေထောက်တစ်ဝိုက်တွင် ၅ကီလိုကျော်လေးသည့် ခြေချင်းများကို တပ်ပြီး၊ ကျွန်တော့် လက်များနှင့် ခြေထောက်များကို သံခြေချင်းများဖြင့် အတူ ချည်နှောင်ထားလိုက်ကြသည်။ ကျွန်တော်လုပ်နိုင်သမျှမှာ ထိုနေရာတွင် မလှုပ်ရှားနိုင်ဘဲ ထိုင်ကာ၊ ခေါင်းကိုငုံ့၊ ခါးကိုကုန်းထားဖို့ ဖြစ်သည်။ ပိုစက်ဆုပ်ဖွယ်ကောင်းသည်မှာ ဤလူမဆန်သကဲ့သို့ ခံစားချက်မဲ့သည့် ရဲအရာရှိများက ကျွန်တော့်၏ အခြေခံလိုအပ်ချက်များကို မမေးမြန်း သို့မဟုတ် ဂရုမစိုက်ခဲ့ကြခြင်း ဖြစ်သည်။ အိမ်သာသည် ထောင်ခန်းထဲတွင် ရှိသော်လည်း ကျွန်တော် လုံးဝ လျှောက်မသွားနိုင်သကဲ့သို့ အသုံးမပြုနိုင်ခဲ့ပါ။ ကျွန်တော့်၏ ထောင်အခန်းဖော်များကို ကျွန်တော့်အား အိမ်သာကိုမခေါ်သွားဖို့သာ တောင်းပန်နိုင်ခဲ့သည်။ သူတို့သည် အနည်းငယ်မျှ ပိုကောင်းသည့် ထောင်သားများဖြစ်ခဲ့မည်ဆိုပါက၊ ကျွန်တော့်ကို သူတို့ မချီသွားပေးမည်ဖြစ်သည်။ အကယ်၍ မည်သူမျှ ကျွန်တော့်ကိုမကူညီပါက၊ ကျွန်တော် အောင့်ထားဖို့မှလွဲ၍ ရွေးချယ်စရာ မရှိခဲ့ပါ။ အနာကျင်ဆုံးအချိန်မှ အစာစားချိန်ဖြစ်သည်၊ အဘယ့်ကြောင့်ဆိုသော် ကျွန်တော့်လက်များနှင့် ခြေများက အတူတကွ လက်ထိပ်ခတ်ခံထားရသောကြောင့် ဖြစ်သည်။ ကျွန်တော့်အနေဖြင့် ကျွန်တော့် ခွန်အားရှိသမျှဖြင့် ခေါင်းကိုငုံ့ပြီး၊ ကျွန်တော့် လက်များနှင့် ခြေထောက်များကို မရုံသာတတ်နိုင်ခဲ့သည်။ ဤသည်မှာ မုန့်ပေါင်းကို ကျွန်တော့်ပါးစပ်ထဲသို့ ထည့်ဖို့တစ်ခုတည်းသောနည်းလမ်း ဖြစ်သည်။ တစ်ခါကိုက်တိုင်း ကျွန်တော် အားအင် အလွန်သုံးခဲ့ရသည်။ ကျွန်တော့် လက်များနှင့် ခြေထောက်များကို ပွတ်တိုက်သည့် ခြေချင်းများက အလွန့်အလွန် ကြီးမားသော နာကျင်မှုကိုဖြစ်ပေါ်စေခဲ့သည်။ အချိန်ကြာလာသည့်နောက်၊ ကျွန်တော့် လက်ကောက်ဝတ်နှင့် ခြေချင်းဝတ်များတွင် မည်းမှောင်ပြီး တောက်ပြောင်သည့် အသားမာများ ဖြစ်ပေါ်လာခဲ့သည်။ တစ်ခါတစ်ရံတွင် ကျွန်တော့်ကို အခန်းသော့ပိတ်ထားချိန်တွင် ကျွန်တော်အစာမစားခဲ့ရသကဲ့သို့၊ ဖြစ်ခဲလှသည့် အခြေအနေများတွင် ထောင်သားများက ကျွန်တော့်ကို မုန့်ပေါင်းသေးသေးလေး နှစ်လုံးပေးတတ်ကြသည်။ အများအားဖြင့် ကျွန်တော့် ဝေစုကို သူတို့စားလိုက်ကြပြီး၊ ကျွန်တော်ကတော့ ဗိုက်ဟောင်းလောင်းသာ နေရပါတော့သည်။ သောက်စရာကို ပို၍ပင် နည်းပါးစွာ ကျွန်တော် ရရှိခဲ့သည်။ မူလက၊ အယောက်တိုင်းကို တစ်ရက် ရေနှစ်ခွက်သာ ပေးခဲ့သော်လည်း၊ ကျွန်တော် ပိတ်လှောင်ခံရပြီး လှုပ်ရှားမရခဲ့သောကြောင့်၊ မည်သည့်ရေကိုမဆို ကျွန်တော် သောက်နိုင်ခဲလှသည်။ ထိုသို့သော လူမဆန်သည့် ညှဉ်းဆဲမှုမျိုးကို စုစုပေါင်း ဆယ်ရက်ကြာ ကျွန်တော် ခံခဲ့ရသည်။ ထိုအခြေအနေများတွင်ပင်၊ ရဲအရာရှိများက ကျွန်တော့်ကို ညဆိုင်း အလုပ်လုပ်စေခဲ့သည်။ ဝအောင် ကျွန်တော် အစာမစားခဲ့ရသည်မှာ အချိန် ကြာမြင့်ခဲ့ပြီဖြစ်သည်။ ကျွန်တော့်၏ ဆာလောင်ခြင်းက ကျွန်တော့်ကို ရင်တုန်ပန်းတုန် ဖြစ်ကျန်ရစ်စေခဲ့သည်၊ မူးဝေအော့အန်စေပြီး၊ ရင်ဘတ်အောင့်လာစေရစ်ခဲ့သည်။ ကျွန်တော်လည်း အရိုးပေါ်အရေတင် အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။ ကျွန်တော့် ဆာလောင်မှုက မခံနိုငတော့သည့်အခြေအနေထိ ရောက်ခဲ့ချိန်တွင်၊ သခင်ယေရှုက သွေးဆောင်ဖြားယောင်းခြင်းအလယ်တွင် စာတန်ကို ပြန်ပြောခဲ့သည့် တစ်စုံတစ်ရာကို ကျွန်တော် တွေးမိခဲ့သည်- “လူသည် မုန့်အားဖြင့်သာ အသက်ကိုမွေးရမည်မဟုတ်။ ဘုရားသခင် မိန့်တော်မူ သမျှ အားဖြင့် အသက်ကိုမွေးရမည်။(ရှင်မဿဲခရစ်ဝင် ၄:၄) ယင်းက စိတ်သက်သာရာရသည့် ခံစားချက်တစ်ခု ပေးခဲ့ပြီး၊ ကျွန်တော့်နှလုံးသားဟာ လွတ်မြောက်မှုရလာပြီး၊ စာတန်၏ ကျွန်တော့်ကို ညှဉ်းပန်းနှိပ်စက်ခြင်း၌ ဘုရားသခင်ထံမှ ထိုနှုတ်ကပတ်တော်များကို ကိုယ်တိုင်ကိုယ်ကျ တွေ့ကြုံခံစားဖို့ ကျွန်တော် အဆင်သင့်ရှိသလို ခံစားခဲ့ရသည်။ ဆုတောင်းဖို့ ဘုရားသခင်ရှေ့ ကျွန်တော် မိမိကိုယ်ကိုယ် ငြိမ်သက်စေခဲ့ပြီး သူ၏ နှုတ်ကပတ်တော်များကို တွေးဆခဲ့သည်။ ကျွန်တော် မသိလိုက်မီတွင်၊ ကျွန်တော့်၏ နာကျင်မှုနှင့် ဆာလောင်မှုတို့ လျော့ပါးသွားခဲ့သည်။ တစ်ခါက အကျဉ်းသားတစ်ယောက်က ကျွန်တော့်ကို “လူငယ်တစ်ယောက် အရင်က မင်းလိုပဲ လက်ထိပ်ခတ်ခံရပြီး၊ ငတ်သေသွားဖူးတယ်။ မင်း ဒီရက်အတွင်းမှာ သိပ်များများ မစားခဲ့ရတာကို ငါမြင်တယ်၊ ပြီးတော့ မင်းက စိတ်ဓာတ်မြင့်မားနေတုန်း ပဲနော်” ဟုပြောပါသည်။ သူ၏စကားများကို ကြားရသည့်အခါ၊ ဘုရားသခင်ကို ကျွန်တော် တိတ်တဆိတ် ကျေးဇူးတင်ခဲ့သည်။ ဤသည်မှာ ကျွန်တော့်ကို ထောက်ပံ့ပေးနေသည့် ဘုရားနှုတ်ကပတ်တော်များထဲက အသက်တန်ခိုးဖြစ်ခဲ့သည်ကို ကျွန်တော် နက်နက်ရှိုင်းရှိုင်း ခံစားခဲ့ရသည်။ ဤအရာက ဘုရားသခင်၏ နှုတ်ကပတ်တော်သည် သမ္မာတရား၊ လမ်းခရီးနှင့် အသက် ဖြစ်ပြီး၊ အုတ်မြစ်ဖြစ်သည်ကို ကျွန်တော့်အား အမှန်တကယ် ခံစားစေခဲ့သည်။ ထို့ကြောင့်၊ ဘုရားသခင်၌ ကျွန်တော့်၏ ယုံကြည်ခြင်းသည် မသိလိုက်ပဲ တိုးပွားခဲ့သည်။ ဤဆင်းရဲဒုက္ခ ပတ်ဝန်းကျင်တွင် ကျွန်တော်သည် “လူသည် မုန့်အားဖြင့်သာ အသက်ကိုမွေးရမည်မဟုတ်။ ဘုရားသခင် မိန့်တော်မူ သမျှ အားဖြင့် အသက်ကိုမွေးရမည်။” ဟူသည့် သမ္မာတရား၏ စစ်မှန်မှုကို အမှန်တကယ် တွေ့ကြုံနိုင်ခဲ့ပါသည်။ ဤသည်မှာ ဘုရားသခင်က ကျွန်တော့်ကိုပေးအပ်သည့် ဘဝ၏ အမှန်တကယ် အတန်ဖိုးရှိဆုံး ကြွယ်ဝမှု ဖြစ်ပြီး၊ ကျွန်တော့်၏ တစ်မူထူးခြားသော ဆုလက်ဆောင်လည်း ဖြစ်သည်။ ထို့အပြင်၊ အစားအစာ သို့မဟုတ် အဝတ်အစားအတွက် ပူပန်စရာမလိုသည့် ပတ်ဝန်းကျင်တစ်ခုတွင် ဤအရာကို ကျွန်တော် လုံးဝ ရရှိနိုင်ခဲ့မည် မဟုတ်ပါ။ ဤဆင်းရဲဒုက္ခသည် အလွန်များစွာ အဓိပ္ပာယ်ရှိပြီး တန်ဖိုးရှိပါသည်။

ဤနှိပ်စက်ညှဉ်းပန်းခြင်းနှင့် ညှဉ်းဆဲခြင်း အတွေ့အကြုံသည် ကွန်မြူနစ်ပါတီအတွက် ကျွန်တော့် စိတ်နှလုံးထဲတွင် ရှိခဲ့သည့် အမုန်းတရားကို ပိုပြင်းထန်စေခဲ့သည်။ ဘုရားသခင်ကို ယုံကြည်ခြင်းထက် မည်သည့်အရာမျှမပိုသည့်အရာအတွက် ကျွန်တော် အဖမ်းခံခဲ့ရပြီး ညှဉ်းဆဲမှုမျိုးစုံကို ခံစားခဲ့ရသည်။ ယင်းမှာ အလွန်အမင်း ဆိုးယုတ်ပါသည်။ ယခင်က ဖတ်ခဲ့ဖူးသည့် ဘုရားနှုတ်ကပတ်တော်များ တစ်ပိုဒ်ကို ကျွန်တော် စဉ်းစားမိခဲ့သည်- “နက်နဲရာ၏ မျက်နှာပြင်သည် ပရမ်းပတာဖြစ်ကာ မှောင်မိုက်စဉ်တွင်၊ ထိုသို့သော ဒုက္ခဝေဒနာကို ခံစားနေရသော အများပြည်သူများသည် ကောင်းကင်ဘုံသို့ ဟစ်ကြွေးကြကာ ကမ္ဘာမြေကြီးကို တိုင်တန်းကြလေသည်။ မည်သည့်အချိန်တွင် လူသားသည် သူ၏ ဦးခေါင်းကို မြင့်မြင့် မော့နိုင်လိမ့်မည်နည်း။ လူသားသည် ပိန်လှီကာ ပိန်ချုံးချည့်နဲ့လေသည်၊ သူသည် ဤရက်စက်ပြီး ဖိနှိပ်ညှဉ်းပန်းသော နတ်ဆိုးနှင့် မည်သို့ ရင်ဆိုင်နိုင်မည်နည်း။ သူသည် တတ်နိုင်သည်နှင့် တစ်ပြိုင်နက် ဘုရားသခင်အား အဘယ်ကြောင့် သူ၏ အသက်တာကို မပေးရသနည်း။ အဘယ်ကြောင့် လူသားသည် ချီတုံချတုံဖြစ်သေးသနည်း။ ဘုရားသခင်၏ အမှုကို သူသည် မည်သည့် အချိန်တွင် ပြီးစီးနိုင်မည်နည်း။ ထိုသို့ဖြင့် ရောက်တတ်ရာရာ နှိပ်စက်ခံရာ ဖိနှိပ်ခံရလျက်၊ သူ၏ ဘဝ တစ်ခုလုံးသည် နောက်ဆုံးတွင် အချည်းနှီး ကုန်ဆုံးပြီးဖြစ်လိမ့်မည်။ အဘယ်ကြောင့် သူသည် ရောက်လာရန် ထိုသို့ အလောတကြီး ဖြစ်ပြီး၊ ထွက်ခွာသွားရန် ထိုသို့ အလျင်လိုရသနည်း။ ဘုရားသခင်အား ပေးရန် သူသည် အဘယ်ကြောင့် တန်ဖိုးရှိသောအရာ တစ်စုံတစ်ခုကို မသိမ်းထားရသနည်း။ နှစ်ထောင်ချီ မုန်းတီးခြင်းကို သူသည် မေ့လျော့လေပြီလော။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အမှုတော်နှင့် ဝင်ရောက်ခြင်း (၈)) ဤအတွေ့အကြုံကတစ်ဆင့် ကျွန်တော့်ကို ကွန်မြူနစ်ပါတီရဲ့ ဘုရားနဲ့ သမ္မာတရားက ဘုရားသခင်၏ ရန်သူ၊ သမ္မာတရား၏ ရန်သူတစ်ဦးအဖြစ် ကွန်မြူနစ်ပါတီ၏ စစ်မှန်သော အနှစ်သာရကို ကျွန်တော့်အား ပြသခဲ့သည်။ ထိုအရာက ဘုရားသခင်အတွက် သက်သေရပ်တည်ဖို့ ကျွန်တော့် စိတ်ဆုံးဖြတ်ချက်ကို အားကောင်းစေခဲ့သည်။

တစ်လကြာပြီးနောက်၊ တရုတ်ကွန်မြူနစ်ပါတီရဲများသည် ကျွန်တော့်ကို “လူမှုအဖွဲ့အစည်း ငြိမ်ဝပ်ပိပြားမှုကို နှောက်ယှက်ခြင်းနှင့် ဥပဒေအကောင်အထည်ဖော်မှုကို ဖျက်ဆီးခြင်း” ဟူသည့် အကြောင်းမဲ့ စွဲချက်ကို ကျွန်တော့်အပေါ် ညာချခဲ့ကြပြီး၊ ကျွန်တော် အလုပ်ကြမ်းနှင့် ပြုပြင်ရေး ထောင်ဒဏ် တစ်နှစ်ချမှတ်ခြင်း ခံခဲ့ရပါသည်။ အလုပ်စခန်းကို ကျွန်တော် ဝင်လိုက်သည်နှင့်၊ ရဲအရာရှိများက ကျွန်တော့်ကို နေ့တိုင်း အတင်းအလုပ်လုပ်ခိုင်းခဲ့ကြသည်။ အလုပ်ရုံထဲတွင် အိတ်များကို ရေတွက်ရင်း ကျွန်တော် ရှိနေခဲ့စဉ်တွင်၊ ကျွန်တော် အိတ်၁၀ဝလို့ရေတွက်ပြီး အတူတကွစုချည်လိုက်သည်။ ထောင်သားများသည် အမြဲ တမင်တကာ လာပြီး၊ ကျွန်တော်ရေတွက်ပြီးသားထဲက တစ်အိတ် သို့မဟုတ် အိတ်တစ်ချို့ကို ယူသွားပြီးနောက်၊ ကျွန်တော် မှန်မှန်ကန်ကန် မရေတွက်ပါဟု ပြောကာ ယင်းကို ကျွန်တော့်ကိုထိုးဖို့နှင့် ကန်ဖို့ အခွင့်အရေးတစ်ခုအဖြစ် ယူခဲ့ကြသည်။ ကျွန်တော် အရိုက်ခံရသည်ကို အဖွဲ့ခေါင်းဆောင်က မြင်ခဲ့ချိန်တွင်၊ ကျွန်တော့်ဆီလာပြီး သူတော်ကောင်းဟန်ဆောင်လျက် ဘာဖြစ်နေသည်ကို မေးမြန်းပြီး၊ ထောင်သားများက ကျွန်တော် အိတ်ကို လောက်ငအောင် မရေတွက်ခဲ့ပါဟူသည့် မမှန်ကန်သော သက်သေအထောက်ထားကို တင်ပြခဲ့ကြသည်။ ထို့နောက်တွင် အဖွဲ့ခေါင်းဆောင်၏ ခက်ထန်သည့် ဝေဖန်မှု တရစပ်ကို ကျွန်တော် သည်းခံရပါတော့သည်။ ကျွန်တော် မတရားခံရပြီး နာကျင်မှုဖြင့် ခံစားခဲ့ရချိန်တိုင်းတွင်၊ အလုပ်လုပ်ရင်း ဘုရားနှုတ်ကပတ်တော်များ ဓမ္မသီချင်းတစ်ပုဒ်ကို ကျွန်တော် ဆိုလေ့ရှိသည်- “ဤနောက်ဆုံးသောကာလအတောအတွင်း သင်တို့သည် ဘုရားသခင်ကို သက်သေခံကြရမည်။ သင်တို့၏ ဒုက္ခဝေဒနာက မည်မျှပင်ကြီးမားပါစေ သင်တို့သည် ဆုံးခန်းတိုင်အောင် လျှောက်သွားသင့်သည်၊ ထို့အပြင် သင်တို့၏နောက်ဆုံး ထွက်သက်၌ပင်လျှင် သင်တို့သည် ဘုရားသခင်ကို သစ္စာရှိပြီး ဘုရားသခင်၏စီစဉ်ညွှန်ကြားမှုကို ကျိုးနွံနာခံနေရမည်။ ဤအရာသည်သာလျှင် ဘုရားသခင်ကို အမှန်တကယ် ချစ်ခြင်းဖြစ်ပြီး၊ ဤအရာသည်သာလျှင် ခိုင်မာ၍ ထူးကဲသည့် သက်သေခံချက်ဖြစ်သည်။(သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ “သင်၏ ဒုက္ခမည်မျှပင်ကြီးပါစေ၊ ဘုရားကို ကြိုးစားချစ်ပါ”) ကျွန်တော် ဆိုရင်း ဆိုရင်းဖြင့်၊ တိုးထိခံရကာ အားပေးလှုံ့ဆော်မှုကို ခံစားရပြီး၊ ကျွန်တော့်ပါးပြင်များမှ မျက်ရည်များဆီးကျသည်ကို မတားလိုက်နိုင်ခဲ့ပါ။ ကျွန်တော် မည်မျှ ဆင်းရဲဒုက္ခခံရပါစေ၊ ဘုရားသခင်အတွက် သက်သေရပ်တည်မည်ဟု စိတ်ဆုံးဖြတ်ချက်ကို ကျွန်တော် ချလိုက်သည်။ ထိုအချိန်က ကျွန်တော်နှင့်အတူ တိုက်ပိတ်ခံခဲ့ရသည့် ကျွန်တော့် နေ့အချိန်အတောအတွင်း ကျွန်တော်တို့ အလုပ်လုပ်နေချိန်တွင် စကားပြောခွင့်မရှိခဲ့သော်လည်း၊ ညအချိန်တွင် ကျွန်တော်တို့ အလွတ်ကျက်မှတ်ခဲ့သည့် ဘုရားနှုတ်ကပတ်တော်များနှင့် ဓမ္မတေးသီချင်းများကို ရေးကြပြီး အချင်းချင်း ဖလှယ်ခဲ့ကြသည်။ တစ်ခဏကြာပြီးသည့်နောက်၊ ကျွန်တော်တို့ကို အလုပ်တူတူလုပ်ဖို့ တာဝန်ပေးခံခဲ့ရသောကြောင့်၊ ကျွန်တော်တို့ အချင်းချင်း ကူညီရင်းနှင့် အားပေးရင်း အလွန် သိုသိုသိပ်သိပ် မိတ်သဟာယဖွဲ့ခဲ့ကြသည်။ ထိုအရာက ဆင်းရဲဒုက္ခကို အမှန်တကယ် သက်သာစေခဲ့ပါသည်။

ထို့အပြင်၊ နံနက်တိုင်း “ကျင့်ဝတ်စည်းမျဉ်း” များကို ကျွန်တော့်အား အတင်းကျက်မှတ်ခိုင်းခဲ့ကြပြီး၊ ကျွန်တော်မမှတ်ပါက၊ အရိုက်ခံခဲ့ရသည်။ ကော်မြူနစ်ပါတီကိုချီးမွမ်းသည့် သီချင်းများကိုလည်း ကျွန်တော့်ကို အတင်းဆိုခိုင်းခဲ့ကြသည်။ ကျွန်တော်မဆိုသည်ကို သို့မဟုတ် ကျွန်တော့်နှုတ်ခမ်းများ မလှုပ်သည်ကို သူတို့တွေ့ပါက၊ ညတွင် ကျွန်တော် မလွဲမသွေ အရိုက်ခံခဲ့ရတော့သည်။ ကျွန်တော့်ကို ကြမ်းတိုက်စေခြင်းအားဖြင့်လည်း အပြစ်ပေးခဲ့ကြပြီး၊ အကယ်၍ သူတို့ စိတ်တိုင်းကျသည့်အထိ ကျွန်တော် မတိုက်ပါက၊ ကြမ်းတမ်းစွာ ကျွန်တော် အရိုက်ခံရမည်ဖြစ်သည်။ တစ်ကြိမ်တွင်၊ အချို့သော ထောင်သားများက ကျွန်တော့်ကို ရုတ်တရက် စတင်ရိုက်ကာ ကန်ကြောက်နေခဲ့ကြသည်။ ရိုက်ပြီးသည့်နောက်တွင်၊ သူတို့က ကျွန်တော့်ကို၊ “ကောင်လေး၊ မင်းဘာလို့အရိုက်ခံရတယ်ဆိုတာသိလား။ ဘာလို့လဲဆိုတော့ ထောင်မှူးလာတဲ့အခါမှာ မတ်တပ်ရပ်ပြီး မကြိုလို့ပဲ”ဟု ပြောခဲ့ကြသည်။ ကျွန်တော် အရိုက်ခံရပြီးသည့် အကြိမ်တိုင်းတွင် စိတ်တိုလာသော်လည်း၊ မည်သည့်အရာကိုမျှ မပြောဝံ့ခဲ့ပါ။ ကျွန်တော် ငိုကြွေးကာ၊ ကျွန်တော့် စိတ်နှလုံးထဲက မကျေမချမ်းမှုနှင့် နာကြည်းချက်တို့အကြောင်းကို သူ့အား ပြောပြရင်း၊ ဘုရားသခင်ထံ တိတ်တဆိတ် ဆုတောင်းရုံသာဆုတောင်းနိုင်ခဲ့သည်။ ဤဥပဒေမဲ့၊ ယုတ္တမရှိသော နေရာတွင် ဆင်ခြင်တုံတရားမရှိပါ၊ အကြမ်းဖက်မှုသာ ရှိသည်။ ဤနေရာတွင် လူများ မရှိပါ၊ ရူးသွပ်နေသော မကောင်းဆိုးဝါးများသာ ရှိခဲ့သည်။ ဤဒုက္ခတွင် အသက်ရှင်ရင်း နေ့စဉ် အလွန်များလှသည့် နာကျင်မှုနှင့် ဖိအားကို ကျွန်တော် ခံစားခဲ့ရသည်။ တစ်မိနစ်မျှ ပိုကြာကြာနေဖို့ ကျွန်တော် မလိုလားခဲ့ပါ။ အားနည်းမှုနှင့် နာကျင်မှု အခြေအနေထဲသို့ ကျွန်တော် ကျဆင်းချိန်တိုင်းတွင်၊ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော်များအကြောင်းကို ကျွန်တော် တွေးမိခဲ့သည်- “သင်တို့အား ပေးပြီးသော ကောင်းချီးမင်္ဂလာများကို သင်တို့ လက်ခံဖူးသလော။ သင်တို့အတွက် ပြုထားခဲ့သော ကတိများကို သင်တို့ ရှာကြဖူးသလော။ ငါ့အလင်း၏ လမ်းပြပို့ဆောင်မှုအောက်တွင် သင်တို့သည် အမှောင် အင်အားများ၏ လည်ညှစ်ခြင်းကို ဧကန် ထိုးဖောက်ကျော်လွှားနိုင်လိမ့်မည်။ သင်တို့အား လမ်းပြနေသော အလင်းကို အမှောင်ထု၏ အလယ်တွင် သင်တို့ ဧကန်မုချ ဆုံးရှုံးလိမ့်မည် မဟုတ်။ သင်သည် ဖန်ဆင်းခြင်းအားလုံး၏ အရှင်သခင် ဧကန်မုချ ဖြစ်လိမ့်မည်။ သင်သည် စာတန်၏ ရှေ့မှောက်တွင် အောင်မြင်သောသူတစ်ဦး ဧကန်မုချ ဖြစ်လိမ့်မည်။ အဆင်းနီသော နဂါးကြီး၏ နိုင်ငံကျရှုံးချိန်တွင် သင်သည် ငါ၏ အောင်မြင်မှုကို သက်သေခံရန် မြောက်မြားလှစွာသော လူအုပ်ကြီး၏ အလယ်တွင် ရပ်ရလိမ့်မည်။ သင်တို့သည် သိနိမ်ပြည်တွင် တည်ကြည်လျက် မယိမ်းယိုင်ဘဲ ဧကန် ရှိကြလိမ့်မည်။ သင်တို့ သည်းခံရသည့် ဆင်းရဲဒုက္ခများမှတစ်ဆင့်၊ သင်တို့သည် ငါ၏ ကောင်းချီးမင်္ဂလာများကို အမွေခံကြရလိမ့်မည် ဖြစ်ပြီး၊ စကြဝဠာ တစ်ခွင်လုံးတစ်လျှောက် ငါ၏ ဘုန်းအသရေကို ဧကန်မုချ တောက်ပစေကြလိမ့်မည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ စကြဝဠာတစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ အခန်း (၁၉)) ဘုရားသခင်၏ နှုတ်ကပတ်တော်များက ကျွန်တော့်ကို အားပေးခဲ့ပါသည်။ ကျွန်တော့်ထဲတွင် ဘုရားသခင် လုပ်ဆောင်ခဲ့ပြီးသည့်အရာတိုင်းသည် ကျွန်တော့်ကို ထောက်မဖို့နှင့် ကယ်တင်ဖို့ ဖြစ်သည်ကို ကျွန်တော်နားလည်ခဲ့သည်။ ထိုအရာမှာ ကျွန်တော့်အထဲသို့ သမ္မာတရားကို ထားရှိဖို့နှင့် သမ္မာတရားကို ကျွန်တော့်၏ အသက်ဖြစ်စေဖို့ ဖြစ်ခဲ့သည်။ ဘုရားသခင်သည် ကျွန်တော့်အပေါ် ညှဉ်းပန်းနှိပ်စက်မှုနှင့် ဆင်းရဲဒုက္ခ ရောက်လာဖို့ အခွင့်ပေးခဲ့ပြီး၊ ရုပ်ပိုင်းဆိုင်ရာ ဆင်းရဲဒုက္ခများစွာ ကျွန်တော် ခံစားခဲ့ရသော်လည်း၊ ယင်းက ကျွန်တော့်ကို အဆင်းနီသော နဂါးကြီး၏ ဘုရားကို ဆန့်ကျင်ခြင်းနှင့် မုန်းတီးခြင်း၏ အနှစ်သာရကို ရှင်းရှင်းလင်းလင်း တွေ့မြင်ခွင့်၊ ၎င်းကို ရွံမုန်းပြီး စွန့်ပစ်ခွင့်ပေးခဲ့သည်၊ စာတန်၏ စွမ်းအားကို လုံးဝလွတ်မြောက်ခွင့်ပေးခဲ့ပြီး၊ ဘုရားသခင်ဆီသို့ လုံးဝ လှည့်ကာ ဘုရားသခင်အားဖြင့် အောင်မြင်သောသူတစ်ဦးအဖြစ်သို့ လုံးဝ ဖြစ်ခွင့်ပေးခဲ့သည်။ ယင်းက ဘုရားသခင်သည် ကျွန်တော်နှင့်အတူ ရှိသည်ကို အမှန်တကယ် တွေ့ကြုံနိုင်ခွင့်လည်း ပေးခဲ့သည်။ ယင်းက ကျွန်တော့်အနေဖြင့် ဘုရားနှုတ်ကပတ်တော်များက ကျွန်တော့်ဘဝ၏ အစားအစာ၊ ကျွန်တော့်ခြေများအဖို့ ဆီမီးခွက်နှင့် ကျွန်တော့်ကို ဤမှောင်မိုက်သည့် ငရဲတွင်းတစ်လျှောက် တစ်လှမ်းချင်း ဦးဆောင်လမ်းပြရင်း၊ ကျွန်တော့် လမ်းကြောင်းအဖို့ အလင်းရောင်ဖြစ်လာခြင်းအား အမှန်တကယ် မွေ့လျော်စေခဲ့သည်။ ဤသည်မှာ နှိပ်စက်ညှဉ်းပန်းမှုနှင့် ဆင်းရဲဒုက္ခအတွင်းတွင်၊ ကျွန်တော် မွေ့လျော်ကာ ရရှိခဲ့သည့် ဘုရားသခင်၏ ချစ်ခြင်းနှင့် ကွယ်ကာခြင်း ဖြစ်ပါသည်။ ဤအချိန်တွင်၊ ကျွန်တော် အလွန် မျက်စိကန်းခဲ့သည်ကို မြင်နိုင်ခဲ့ပြီဖြစ်သည်။ ဘုရားသခင်ကို ယုံကြည်ခြင်းတွင်၊ ကျွန်တော်သည် ဘုရားသခင်၏ ကျေးဇူးတော်နှင့် ကောင်းချီးမင်္ဂလာကို မည်သို့ပျော်မွေ့ရမည်ကိုသာသိရှိခဲ့ပြီး၊ သမ္မာတရားနှင့် အသက်တာကို အတိုင်းအတာ အနည်းငယ်မျှ မလိုက်စားခဲ့ပါ။ ကျွန်တော့် အသွေးအသားက အခက်အခဲ အနည်းငယ်ခံစားခဲ့ရသည်နှင့်၊ ကျွန်တော် မရပ်မနား ညည်းခဲ့သည်။ ဘုရားသခင်၏ အလိုတော်ကို ကျွန်တော် တကယ် နားမလည်ခဲ့သကဲ့သို့၊ ဘုရားသခင်၏ အမှုတော်ကို နားလည်ဖို့ မကြိုးစားခဲ့ပါ။ ကျွန်တော်နှင့်ပတ်သက်၍ ဘုရားသခင်ကို အမြဲ ကျွန်တော် ဝမ်းနည်းကာ နာကျင်စေခဲ့သည်။ ကျွန်တော် တကယ်ကို အသိစိတ်မရှိခဲ့ပါ။ နောင်တနှင့် မိမိကိုယ်ကိုယ် အပြစ်တင်မှုကိုခံစားရခြင်းဖြင့်၊ ဘုရားသခင်ထံ ကျွန်တော် တိတ်ဆိတ်စွာ ဆုတောင်းခဲ့ပါသည်- “အို အနန္တတန်ခိုးရှင်ဘုရားသခင်၊ ကိုယ်တော်လုပ်ဆောင်တဲ့ အရာတိုင်းဟာ ကျွန်တော့်ကိုကယ်တင်ဖို့နဲ့ ရယူဖို့ဖြစ်တယ်ဆိုတာ ကျွန်တော်မြင်နိုင်ပါတယ်။ ကျွန်တော် အရမ်းပုန်ကန်တတ်ပြီး မျက်စိကန်းတာကို မုန်းမိပါတယ်။ ကျွန်တော်ဟာ ကိုယ်တော့်ကို အမြဲတမ်း နားလည်မှုလွဲခဲ့ပြီး၊ ကိုယ်တော့် အလိုတော်ကို မစဉ်းစားမိခဲ့ပါဘူး။ အို ဘုရားသခင်၊ ဒီနေ့ ကိုယ်တော့်ရဲ့ နှုတ်ကပတ်တော်က ကျွန်တော့်ရဲ့ ထုံနေတဲ့နှလုံးသားနဲ့ ဝိညာဉ်ကိုနိုးထစေပြီဖြစ်သလို၊ ကိုယ်တော်ရဲ့ အလိုတော်ကို နားလည်စေပါပြီ။ ကျွန်တော့် ကိုယ်ပိုင်ဆန္ဒတွေနဲ့ လိုအပ်ချက်တွေရှိဖို့ နောက်ထပ် ကျွန်တော် မလိုလားတော့ပါဘူး။ ကိုယ်တော့်ရဲ့ အစီအစဉ်တွေကိုပဲ ကျွန်တော် ကျိုးနွံနာခံပါမယ်။ ကျွန်တော် ဘယ်လောက်ပဲ ဆင်းရဲဒုက္ခခံရဖို့ ရှိပါစေ၊ စာတန်ရဲ့ နှိပ်စက်ညှဉ်းပန်းမှုတွေ တစ်လျှောက်မှာ ကိုယ်တော့အဖို့ သက်သေတွေ ကျွန်တော် ခံပါမယ်။” ဆုတောင်းပြီးသည့်နောက်တွင်၊ ဘုရားသခင်၏ ကောင်းမွန်သည့် ရည်ရွယ်ချက်များကို ကျွန်တော်နားလည်ခဲ့ပြီး၊ ဘုရားသခင်က ကျွန်တော့်ကို တွေ့ကြုံခွင့်ပေးသည့် ပတ်ဝန်းကျင်အသီးသီးမှာ ကျွန်တော့်အတွက် ဘုရားသခင်၏ အကြီးမားဆုံးသော ချစ်ခြင်းမေတ္တာနှင့် ကယ်တင်ခြင်းဖြစ်သည်ကို ကျွန်တော် သိခဲ့သည်။ ထို့ကြောင့် သူရဲဘောကြောင်ဖို့ သို့မဟုတ် ဘုရားသခင်ကို နားလည်မှုလွဲဖို့ ကျွန်တော် နောက်ထပ်မတွေးတော့ပါ။ အခြေအနေက မပြောင်းမလဲရှိနေဆဲ ဖြစ်သော်လည်း၊ ကျွန်တော့်နှလုံးသားက အမှန်တကယ် ပျော်ရွှင်မှုနှင့် ဝမ်းမြောက်ခြင်းတို့ဖြင့် ပြည့်ခဲ့သည်။ ဘုရားသခင်၌ ကျွန်တော့်၏ ယုံကြည်မှုအတွက် အခက်အခဲများနှင့် ညှဉ်းပန်းနှိပ်စက်မှုကို ခံရခြင်းသည် ဂုဏ်ယူစရာတစ်ခု ဖြစ်သည်ဟု ကျွန်တော်ခံစားခဲ့ရပြီး၊ ယင်းမှာ ဖောက်ပြန်ပျက်စီးသည့် လူတစ်ဦးဖြစ်သော၊ ကျွန်တော့်အတွက် တမူထူးခြားသည့် လက်ဆောင်တစ်ခု ဖြစ်ခဲ့သည်။ ယင်းမှာ ကျွန်တော့်အတွက် ဘုရားသခင်၏ ထူးခြားသော ကောင်းခြင်းမင်္ဂလာနှင့် ကျေးဇူးတော် ဖြစ်ခဲ့ပါသည်။

ထောင်ထဲတွင် တစ်နှစ်တာ အခက်အခဲကို တွေ့ကြုံနေခဲ့ပြီးသည့်နောက်၊ ကျွန်တော်သည် ဝိညာဉ်ရင့်ကျက်မှု အလွန်နည်းပါးပြီး၊ သမ္မာတရားများစွာ ကင်းမဲ့သည်ကို ကျွန်တော် မြင်ရသည်။ အနန္တတန်ခိုးရှင် ဘုရားသခင်သည် ဤတမူထူးခြားသည့် ပတ်ဝန်းကျင်မှတစ်ဆင့် ကျွန်တော့်၏ ချို့တဲ့မှုများအတွက် အမှန်တကယ် ထေမိစေခဲ့ပြီး၊ ကျွန်တော့်ကို ကြီးထွားခွင့်ပေးခဲ့ပါသည်။ ကျွန်တော့်၏ အခက်အခဲထဲတွင်၊ ဘဝ၌ တန်ဖိုးအရှိဆုံးသော ကြွယ်ဝမှုကို ကျွန်တော့်အား သူရရှိနိုင်စေခဲ့သည်၊ ယခင်က ကျွန်တော်နားမလည်ခဲ့သည့် သမ္မာတရားများစွာကို နားလည်နိုင်စေခဲ့ပြီး၊ ဘုရားသခင်ကို နှိပ်စက်ညှဉ်းပန်းခြင်းနှင့် ခရစ်ယာန်များကို ညှဉ်းဆဲခြင်းနှင့်ဆိုင်သည့် တရုတ်ကွန်မြူနစ်ပါတီ၏ အကျည်းတန်သော ပြစ်မှုများကို ရှင်းလင်းစွာတွေ့မြင်နိုင်စေခဲ့သည်။ နတ်ဆိုး၊ စာတန်၏ ရွံရှာဖွယ် ပုံပန်းနှင့် ဘုရားသခင်ကို ၎င်း၏ ဆန့်ကျင်ခြင်း အနှစ်သာရကို ကျွန်တော် သတိပြုမိပြီးဖြစ်သည်။ ဖောက်ပြန်ပျက်စီးသည့် လူတစ်ဦးဖြစ်သော၊ ကျွန်တော့်အတွက် အနန္တတန်ခိုးရှင် ဘုရားသခင်ရှိထားသည့် ကြီးမားသော ကယ်တင်ခြင်းနှင့် သနားကရုဏာကို ကျွန်တော် အလေးအနက် တွေ့ကြုံရပြီး ဖြစ်ကာ၊ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော်များရှိ တန်ခိုးနှင့် အသက်သည် ကျွန်တော့်ထံ အလင်း ယူဆောင်နိုင်ပြီး ကျွန်တော့်အသက် ဖြစ်နိုင်ပြီး၊ စာတန်အပေါ် အောင်နိုင်ရန်နှင့် သေမင်း၏ အရိပ်လွှမ်းမိုးသောချိုင့်မှ ကျားကုတ်ကျားခဲ ထွက်လျှောက်ရန် ကျွန်တော့်ကို ဦးဆောင်နိုင်သည်ကို ခံစားခဲ့ရပါသည်။ ဘုရားသခင်၏ ကျေးဇူးတော်ကို ချီးမွမ်းပါသည်။

အရှေ့သို့- ၈၀။ လူငယ်ဘဝ၏ အရွယ်ကောင်းချိန်ကို အကျဉ်းထောင်၌ ကုန်ဆုံးခြင်း

နောက်တစ်ခုသို့- ၈၂။ စစ်မေးခန်းထဲက ညှဉ်းပန်းနှိပ်စက်ခြင်း

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

၇၅။ ရောဂါနှင့်ဆိုင်သော တုန်လှုပ်ဖွယ် အတွေ့အကြုံတစ်ခု

ကျုံးရှင်း တရုတ်နိုင်ငံအနန္တတန်ခိုးရှိသော ဘုရားသခင် ပြောသည်မှာ- “ငါ၏ လုပ်ဆောင်ချက်များသည် ကမ်းခြေများရှိ သဲလုံးများထက် အရေအတွက်သာ၍...

၆၇။ လူသားပုံသဏ္ဌာန် အနည်းငယ် အသက်ရှင်နေထိုင်ခြင်းသည် ဧကန်အမှန် အလွန်ကောင်း၏

ထားရှီ ကနေဒါနိုင်ငံအနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “သူ၏ အနှစ်ခြောက်ထောင် စီမံခန့်ခွဲမှု အစီအစဉ် အဆုံးမသတ်မီ- လူ အတန်းအစား အသီးသီး၏...

၆၄။ မာနထောင်လွှားခြင်းသည် ကျရှုံးခြင်းမတိုင်မီ လာ၏

ရှင်းဂျီး တရုတ်နိုင်ငံအနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “မာနထောင်လွှားခြင်းသည် လူသား၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား၏...

၈။ အသက်တာတွင် ဘုရားသခင်၏ အချုပ်အခြာအာဏာကို သိခြင်း

ရှင့်ရှင်း အမေရိကန်နိုင်ငံအနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “ဘုရားသခင်၏ သြဇာအာဏာ၊ ဘုရားသခင်၏ တန်ခိုး၊ ဘုရားသခင်၏ ပင်ကိုလက္ခဏာနှင့်...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။