၁၈။ ကျွန်မ၏ မိဘများက အသင်းတော်မှ အထုတ်ခံရသောအခါ

အိုက်ယီး တရုတ်နိုင်ငံ

၂၀၁၈၊ အောက်တိုဘာလရဲ့ နေ့တစ်နေ့မှာ ကြီးကြပ်ရေးမှူးတစ်ယောက်က ညီမကိုပြောတယ်။ “ညီမ မိဘတွေက အသင်းတော်ကနေ ဖယ်ရှားခံရတယ်။ အသင်းတော်အလုပ်ကို နှောင့်ယှက်လို့ဆိုပြီး ကြားတယ်” လို့ ပြောတယ်။ ဒီသတင်းကိုကြားတော့ ညီမ ကြက်သေသေသွားတယ်။ ညီမနားတွေကို ယုံကို မယုံရဲဘူး။ ညီမမိဘတွေက အနှောင့်အယှက်ဖြစ်တာတွေ တချို့ကို လုပ်ခဲ့တယ်။ အရင်က ဒါကို ညီမသတိထားမိတယ်။ ဒါပေမဲ့ သူတို့ ဖယ်ထုတ်ခံရလောက်အောင် ဆိုးမယ်လို့ မထင်ခဲ့ဘူး။ အဲဒီအချိန်မှာ ကျွန်မ စိတ်နှလုံးက ယောက်ယက်ခတ်နေရင်းနဲ့ အဲဒီမှာပဲ ထိုင်နေမိတယ်။ အရင်တုန်းက ညီမရဲ့ အစ်မက အန္တိခရစ်ရဲ့ ကြံရာပါဖြစ်ပြီး မိတ်သဟာယဘယ်လောက်ဖွဲ့ဖွဲ့ နောင်တရဖို့ ငြင်းဆန်တယ်။ အသင်းတော်ကနေ ဖယ်ထုတ်ခံလိုက်ရတယ်။ အခု ကျွန်မ မိဘတွေလည်း အသင်းတော်ကနေ ဖယ်ရှားခံရတော့။ ဒီတော့ ညီမက တစ်မိသားစုလုံးမှာ တစ်ယောက်တည်းပဲ ကျန်ခဲ့တဲ့ ယုံကြည်သူတစ်ယောက်ပဲ။ အဲဒီအချိန်ခဏမှာ ညီမ အရမ်းကို အထီးကျန်သလို ခံစားရတယ်။ ညီမတို့တစ်မိသားစုလုံးက ယုံကြည်ခြင်းမှာ ပါဝင်လာတာ ဆယ်စုနှစ်နှစ်ခုကျော်ကြာပြီ။ ပြီးတော့ တစ်ချိန်လုံး စီစီပီက ဖိနှိပ်တာကို ခံရတယ်။ ညီမအဖေက ဧဝံဂေလိမျှဝေလို့ နှစ်ခါ အဖမ်းခံရတယ်။ ငါးနှစ် ထောင်ကျခဲ့တယ်။ ညီမအမေ၊ အစ်မနဲ့ ညီမက ရဲက ဖမ်းတာကို ရှောင်ဖို့အတွက် တကယ့်အိမ်မရှိဘဲ နေရာတကာ လှည့်သွားရတယ်။ ဒီနှစ်တွေအားလုံးမှာ အတက်အကျတွေ အများကြီးရှိခဲ့တယ်။ ဘုရားရဲ့ အမှုတော်က အဆုံးသတ်ခါနီးနေပြီ။ သူတို့က အသင်းတော်ကနေ ဘယ်လို ဖယ်ထုတ်ခံရတာလဲ။ ဒီနှစ်တွေတစ်လျှောက်မှာ သူတို့တွေက တကယ်ကို ခက်ခဲတဲ့ အချိန်တွေရှိခဲ့တယ်။ အများကြီး ဒုက္ခခံခဲ့ရတယ်။ အားလုံးက တကယ်ပဲ အလကားဖြစ်သွားတာလား။ ဒီလိုတွေးမိပြီး ညီမ မျက်ရည်တွေ မထိန်းနိုင်ခဲ့ဘူး။ ပြီးတော့ စိတ်နှလုံးထဲကနေ ဘုရားကို ကျိုးကြောင်းပြပြောဆိုဖို့ ကြိုးစားတယ်။ ညီမ မိဘတွေက သိပ်မပါဝင်ခဲ့တာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ သူတို့က ကောင်းကောင်ဒုက္ခခံပြီးပြီ။ သူတို့အနစ်နာခံတဲ့နှစ်တွေအားလုံးကို ထည့်တွက်ရင် နောင်တရဖို့ နောက်ထပ် အခွင့်အရေးတစ်ခု မရနိုင်ဘူးလား။ သူတို့က အစေခံသူတွေအနေနဲ့တောင် အသင်းတော်မှာ နေနိုင်ကြပါတယ်။ ညီမ ဒီလိုစဉ်းစာလေလေ၊ ညီမအတွက် နာကျင်ပြီး မှောင်မိုက်လေလေပဲ။ ပြီးတော့ ညီမတာဝန်အတွက် အားမရှိတော့ဘူး။ ညီမနဲ့တွဲလုပ်ရတဲ့ အစ်မက ညီမကို သတိပေးတယ်။ “ဒီလိုဟာမျိုးကို ကြုံရရင် ညီမက ဘုရားသခင်ဆီကနေ လက်ခံရမယ်။ စောဒကတက်လို့မရဘူး။ ဘုရားသခင် လုပ်သမျှက ဖြောင့်မတ်တယ်” တဲ့။ အဲဒီအချိန်က ဒီအကြောင်းပြချက်ကို နားလည်ပေမဲ့ ညီမစဉ်းစားပုံကို မပြောင်းနိုင်နေဘူး။

နှစ်ပတ်ကြာတော့ မိဘတွေ ဖယ်ထုတ်ခံရတဲ့ စာကို ဖတ်တယ်။ ညီမအဖေက အရမ်း မာနကြီးတယ်။ သူက အထွေထွေကိစ္စတွေကို ကိုင်တွယ်တဲ့အခါမှာ အမြဲတမ်း သူ့ကိုယ်ပိုင်နည်းလမ်းအတိုင်းလုပ်ပြီး သူ့တာဝန်ကို စည်းမျဉ်းနဲ့အညီ မလုပ်ဘူး။ ညီအစ်ကိုမောင်နှမတွေရဲ့ အကြံတွေကို လက်မခံဘူး။ ဒါကြောင့် လှူဖွယ်ပစ္စည်းတွေ တော်တော်ဆုံးရှုံးတာတွေ ဖြစ်သွားတယ်။ ပြီးတော့လည်း သူက သူ့လုံခြုံရေးအတွက ်အန္တရာယ်ရှိတာကို သိတဲ့အချိန်မှာ ဘုရားနှုတ်ကပတ်တော်စာအုပ်တွေကို ပို့တုန်းပဲ။ ညီအစ်ကိုမောင်နှမတွေပြောတာကို တစ်ခုမှ နားမထောင်ဘဲ သူ့သဘောအတိုင်းပဲ လုပ်တယ်။ အဲဒါနဲ့ နောက်ဆုံးကျ အဖမ်းခံရပြီး စာအုပ်တွေ ပို့လို့ဆိုပြီး ပြစ်ဒဏ်ချခံရတယ်။ ဘုရားနှုတ်ကပတ်တော်စာအုပ်တွေကို ရဲက သိမ်းသွားတယ်။ ဒါက အသင်းတော်အကျိုးစီးပွားအတွက် တကယ့် ထိုးနှက်ချက်တစ်ခုပဲ။ ပြီးတော့လည်း ညီမအစ်မက အထုတ်ခံရတဲ့အခါ ညီမအဖေက လိမ်လည်ပြီးပြောတယ်။ ခေါင်းဆောင်က သူ့ကို မကြည်လို့လုပ်တာကြောင့် ဖြစ်တာလို့ပြောတယ်။ ခေါင်းဆောင် ဖော်ပြတဲ့ တချို့ ဖောက်ပြန်ပျက်စီးမှုကိုလည်း သူက ပုံကြီးချဲ့ပြောပြီး သူ့ကို ဝေဖန်ပြီး ပြိုလဲစေဖို့ ခြိမ်းခြောက်တယ်။ ညီမအဖေက ညီအစ်ကိုမောင်နှမတွေရှေ့မှာ သူ့ကိုယ်သူ ဂုဏ်တင်ပြီး သက်သေခံတတ်တယ်။ ရလဒ်အနေနဲ့ သူတို့က သူ့ကို အထင်ကြီးလေးစားကြတယ်။ ဒါကြောင့် သူက ဒီလိုမျိုးတွေပြောတော့ တခြားလူတွေထဲက တချို့က အထင်မှားကြတာပေါ့။ သူတို့က သူ့ဘက်ကနေပြီး ခေါင်းဆောင်ကို အမြင်စောင်းလာကြတယ်။ ဒါကြောင့် အသင်းတော်အလုပ်က ရှေ့ဆက်မသွားတော့ဘူး။ ညီမအဖေရဲ့ အပြုအမူက အသင်းတော်အလုပ်ကို တော်တော်အနှောင့်အယှက်ဖြစ်တယ်။ သူက သူလုပ်ခဲ့တဲ့ မကောင်းမှုတွေအားလုံးအတွက် လုံးဝ နောင်တရတာမရှိဘူး။ နောက်ဆုံးတော့ မကောင်းမှုပြုသူအဖြစ် သတ်မှတ်ခံရပြီး အသင်းတော်က ဖယ်ရှားခံရတယ်။ ညီမအမေ ဖယ်ထုတ်ခံရတာက အဓိကက သူက ညီမအစ်မထုတ်ခံရတာကို မကျေမနပ်နဲ့ပြောနေတာ မရပ်လို့ဘဲ။ သူက ခေါင်းဆောင်နဲ့ပတ်သက်ပြီး သူမကျေနပ်တာတွေကို ညီအစ်ကိုမောင်နှမတွေကြားမှာ ဆက်ဖြန့်နေတယ်။ ပြီးတော့ သူက အမှန်တွေကို မလိမ့်တပတ်လုပ်တယ်။ နှင်အထုတ်ခံရတဲ့ တချို့လူတွေရဲ့ အမှုတွေကို စုဝေးပွဲတွေမှာ အမြဲတမ်း ငြင်းတယ်။ ခေါင်းဆောင်က သူတို့အပေါ် မမျှတဘူးလို့ပြောတယ်။ ဒါကြောင့် အသင်းတော်ရဲ့ အသက်တာကို တော်တော်အနှောင့်အယှက်ဖြစ်တယ်။ သူ့ကို သူများတွေက ခဏခဏ မိတ်သဟာယဖွဲ့ပြီးတဲ့နောက်မှာ သူက နောင်တမရဘူး။ နောက်ဆုံးတော့ သူ့ကို မကောင်းမှုပြုသူလို့ သတ်မှတ်ပြီး အသင်းတော်ကနေ ဖယ်ရှားလိုက်တယ်။ ညီမရဲ့ အမေနဲ့ အဖေရဲ့ မကောင်းမှုတွေကို ကြည့်ရင် စည်းမျဉ်းတွေကို အခြေခံပြီး သူတို့ကို ဖယ်ထုတ်သင့်တယ်ဆိုတာ ညီမ မြင်နိုင်ပါတယ်။ ဒါပေမဲ့ တကယ်ဖြစ်လာတာကို ညီမ တွေးမိတော့ ဘယ်လိုခံယူရမှန်းမသိဘူး။ တော်တော်နာကျင်နေရတယ်။ သူတို့ကို ဖယ်ရှားတဲ့အချက်တွေကိုဖတ်တဲ့အချိန်မှာ မလှုပ်မရှားနိုင်၊ အားနည်းပြီး။ ပြီးတော့ ဆက်တိုက်ငိုနေမိတယ်။ ဘုရားကိုလည်း စပြီးတော့ ကျိုးကြောင်းပြပြောဆိုတယ်။ “ဘုရားသခင် ကိုယ်တော်က လူသားတွေကို ချစ်ပါတယ်။ သမီးမိဘတွေက ယုံကြည်သူဖြစ်တာ နှစ် ၂၀၊ ၃၀ ကြာခဲ့ပြီး အများကြီး ဒုက္ခခံခဲ့ပါတယ်။ ကိုယ်တော်က သူတို့ပေးဆပ်ခဲ့တာမှန်သမျှကို တကယ် မအောက်မေ့တော့ဘူးလား” ပေါ့။ ညီမက အပျက်သဘောနဲ့ နားလည်မှုလွဲတာတွေထဲမှာ အသက်ရှင်နေခဲ့တယ်။ မိသားစုတွေ အကုန် ဖယ်ထုတ်ခံရတော့၊ ယုံကြည်သူအဖြစ် ညီမတစ်ယောက်တည်းနဲ့ ဒီလမ်းကြောင်းပေါ်မှာ ညီမ ဘယ်လိုနေနိုင်မလဲလို့ ခံစားမိတယ်။ အဲဒါနဲ့ နှစ်နှစ်ကျော်တဲ့အထိ ဒီ ဖရိုဖရဲဖြစ်နေတဲ့ အခြေအနေမှာ အသက်ရှင်ခဲ့တယ်။ နောက်ဆုံးတော့ ညီမတာဝန်မှာ ဘာမှမအောင်မြင်လို့ အထုတ်ခံလိုက်ရတယ်။ အဲဒီအချိန်မှာ ညီမက စိတ်ထဲမှာ အရမ်းနာကျင်ခံစားနေရတယ်။ မျက်ရည်တွေကျပြီး ထပ်ခါထပ်ခါ ဆုတောင်းတယ်။“ဘုရားသခင် သမီးမိဘတွေ အသင်းတော်က ဖယ်ရှားခံရတဲ့အပေါ်မှာ ကိုယ်တော့်အပေါ် အယူအဆတွေ၊ အထင်လွဲမှုတွေ ဖြစ်ခဲ့ပါတယ်။ ဒါ အန္တရာယ်ရှိတဲ့ အခြေအနေဆိုတာ သမီးသိပါတယ်။ ဒါပေမဲ့ ဒါကို လွတ်ချဖို့ ခွန်အားမရှိပါဘူး။ ဘုရားသခင် သမီးကို လမ်းပြကယ်တင်တော်မူပါ” ဆိုပြီးတော့။

နောက်တော့ တစ်ကြိမ်မှာ ညီမ ဘုရားဝတ်ပြုနေတုန်း ဒီဘုရားနှုတ်ကပတ်တော်အပိုဒ်ကို ဖတ်တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “ဘုရားသခင်က လူသားမျိုးနွယ်ကို ချစ်ကြောင်း သိသည့်အခါ၊ သူတို့က သူ့အား ချစ်ခြင်းမေတ္တာ၏ သင်္ကေတတစ်ခုအဖြစ် အဓိပ္ပာယ်ဖွင့်ကြသည်- လူတို့ မည်သည့်အရာကို လုပ်ပါစေ၊ ၎င်းတို့ မည်ကဲ့သို့ ပြုမူပါစေ၊ ဘုရားသခင်ကို ၎င်းတို့ မည်ကဲ့သို့ ပြုမူဆက်ဆံပြီး ၎င်းတို့သည် မည်မျှ မနာခံတတ်ကြပါစေ၊ ထိုအရာတစ်ခုမျှ အမှန်တကယ် အရေးမကြီးပေ၊ အကြောင်းမှာ ဘုရားသခင်၌ ချစ်ခြင်းမေတ္တာရှိပြီး သူ၏ ချစ်ခြင်းမေတ္တာသည် အကန့်အသတ်မဲ့ကာ တိုင်းတာ၍မရသောကြောင့် ဖြစ်သည်။ ဘုရားသခင်၌ ချစ်ခြင်းမေတ္တာ ရှိသောကြောင့်၊ သူသည် လူတို့ကို သည်းခံနိုင်ခြင်း ဖြစ်သည်၊ ထို့ပြင် ဘုရားသခင်၌ ချစ်ခြင်းမေတ္တာ ရှိသောကြောင့်၊ သူသည် လူတို့အပေါ် သနားကရုဏာ ရှိနိုင်ခြင်း၊ ၎င်းတို့၏ မရင့်ကျက်ခြင်းအပေါ် သနားကရုဏာရှိနိုင်ခြင်း၊ ၎င်းတို့၏ ပညာမဲ့ခြင်းအပေါ် သနားကရုဏာ ရှိနိုင်ခြင်းနှင့် ၎င်းတို့၏ နာခံမှုမရှိခြင်းအပေါ် သနားကရုဏာရှိနိုင်ခြင်းပင် ဖြစ်သည်။ ဤသည်မှာ အမှန်တကယ် ထိုကဲ့သို့ဖြစ်သလော။ အချို့လူ အတွက်မူကား ဘုရားသခင်၏ စိတ်ရှည်ခြင်းကို သူတို့ တစ်ကြိမ် သို့မဟုတ် အကြိမ်အနည်းငယ် ခံစားဖူးသောအခါ၊ သူသည် ၎င်းတို့အပေါ် ထာဝစဉ်သည်းခံပြီး သနားခြင်းကရုဏာ ထားလိမ့်မည်ဟု ယုံကြည်လျက်၊ သူတို့သည် ဘုရားသခင် အပေါ် ၎င်းတို့ကိုယ်တိုင်၏ သိနားလည်ခြင်းတွင် ဤအတွေ့အကြုံများကို အရင်းအဖြစ် သဘောထားကြမည်ဖြစ်ပြီး၊ ထို့နောက် ၎င်းတို့၏ ဘဝ တစ်လျှောက်လုံး သူတို့သည် ဘုရားသခင်၏ ဤစိတ်ရှည်ခြင်းကိုယူကာ ယင်းအား ဘုရားသခင် ၎င်းတို့ကိုဆက်ဆံသော စံနှုန်းအဖြစ် သတ်မှတ်ကြသည်။ ဘုရားသခင်၏ သည်းခံခြင်းကို တစ်ကြိမ်ခံစားပြီးနောက်တွင် ဘုရားသခင်ကို သည်းခံခြင်းအဖြစ် အစဉ်အမြဲအဓိပ္ပာယ်ဖွင့်ပြီး သူတို့၏စိတ်ထဲတွင် ဤသည်းခံခြင်းမှာ အကန့်အသတ်မဲ့၊ အကြွင်းမဲ့၊ လုံးလုံးလျားလျား မူမရှိခြင်းပင် ဖြစ်သည်ဟု အဓိပ္ပာယ်ဖွင့်ကြသော လူများလည်းရှိသည်။ ဤကဲ့သို့သော ယုံကြည်ချက်များမှာ မှန်ကန်သလော။(နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ ဘုရားသခင်၏ စိတ်နေသဘောထားနှင့် သူ့အမှုတော်မှရရှိမည့် ရလဒ်များကို သိနားလည်ပုံ)ဘုရားသခင်သည် လူအယောက်စီတိုင်းအပေါ် သူ၏ဆက်ဆံမှု၌ ဖြောင့်မတ်ပေသည်၊ ပြီးလျှင် လူတို့အား သိမ်းပိုက်ခြင်းနှင့် ကယ်တင်ခြင်း အမှုတို့အတွက် သူ၏လုပ်ကိုင်ပုံ၌ အလွန်စိတ်အားထက်သန်သည်။ ဤသည်မှာ သူ၏စီမံခန့်ခွဲမှု ဖြစ်သည်။ သူသည် လူတစ်ဦးချင်းစီကို နောက်ပြောင်ကျီစယ်စရာ အိမ်မွေးတိရစ္ဆာန် တစ်ကောင်ကဲ့သို့ မဟုတ်ဘဲ၊ အလေးအနက်ထား၍ ဆက်ဆံသည်။ လူသားများအတွက် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာမှာ ပိုးမွေးသကဲ့သို့သော သို့မဟုတ် အလိုလိုက်ပြီး ပျက်စီးစေသော ချစ်ခြင်းမေတ္တာမျိုး မဟုတ်သကဲ့သို့ လူသားမျိုးနွယ်အပေါ် သူ၏ သနားခြင်းကရုဏာနှင့် သည်းခံခြင်းမှာ အလိုလိုက်ခြင်း သို့မဟုတ် အမှုမဲ့အမှတ်မဲ့ပြုခြင်း မဟုတ်ပေ။ ဆန့်ကျင်ဘက်အနေဖြင့် လူသားများအပေါ် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာမှာ အမြတ်တနိုးထားခြင်း၊ သနားကြင်နာခြင်းနှင့် ဘဝကို အလေးထားခြင်းတို့ ပါဝင်သည်၊ သူ၏ သနားခြင်းကရုဏာနှင့် သည်းခံခြင်းသည် လူအပေါ် သူ၏မျှော်မှန်းချက်များကို သိရှိစေပြီး၊ ယင်းတို့မှာ လူသားတို့ အသက်ဆက်ရန်အတွက် လိုအပ်သောအရာပင် ဖြစ်သည်။ ဘုရားသခင်သည် အသက်ရှင်ပြီး အမှန်တကယ် တည်ရှိသည်၊ လူသားမျိုးနွယ်အပေါ် သူ၏သဘောထားမှာ စည်းစနစ်ကျပြီး တရားသေ စည်းမျဉ်းများ တစ်ပွေ့တစ်ပိုက် လုံးဝမဟုတ်ဘဲ၊ ၎င်းမှာ ပြောင်းလဲနိုင်သည်။ လူသားတို့အပေါ် သူ၏ ရည်ရွယ်ချက်များသည် အချိန်နှင့်အမျှ၊ အခြေအနေ ဖြစ်ပေါ်လာသည့်အပေါ် မူတည်ပြီး လူအယောက်စီတိုင်း၏ သဘောထားအလိုက် တဖြည်းဖြည်း ပြောင်းလဲလျက် အသွင်ပြောင်းနေ၏။ ထို့ကြောင့် သင်သည် ဘုရားသခင်၏ အနှစ်သာရမှာ ပြောင်းလဲခြင်းမရှိကြောင်း နှင့် သူ၏ စိတ်သဘောထားသည် မတူညီသော အချိန်များနှင့် မတူညီသော အခြေအနေများတွင် ထွက်ပေါ်လာလိမ့်မည် ဖြစ်ကြောင်းကို သင်၏ စိတ်နှလုံးထဲတွင် လုံးလုံးလျားလျား ရှင်းလင်းပြတ်သားမှုဖြင့် သိထားသင့်သည်။ ဤအရာမှာ လေးနက်သော ကိစ္စတစ်ခုဖြစ်သည်ဟု သင် ထင်ကောင်းထင်မည် မဟုတ်သည့်အပြင်၊ ဘုရားသခင်က အမှုအရာတို့ကို မည်ကဲ့သို့ ပြုသင့်ကြောင်း စိတ်ကူးရန် သင်၏ကိုယ်ပိုင် တစ်ကိုယ်ရေ အယူအဆများကို သင်အသုံးပြုကောင်း ပြုမည်။ သို့သော်လည်း သင့်ရှုထောင့်နှင့် ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်သည့်အရာသည် မှန်ကန်သည့် အချိန်များရှိပြီး ဘုရားသခင်ကို ကြိုးစား၍ တွက်ချက်ရန် သင်၏ကိုယ်ပိုင် တစ်ကိုယ်ရေ အယူအဆများကို အသုံးပြုခြင်းဖြင့် သင်သည် သူ့ကို ဒေါသထွက်စေပြီးပြီ ဖြစ်သည်။ ဤသည်မှာ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်သည် သူပြုမည်ဟု သင်ထင်သည့်နည်းအတိုင်း စီမံခန့်ခွဲခြင်း မဟုတ်သည့်အပြင်၊ ဤအကြောင်းအရာကို ဤသို့သူမှတ်ယူမည်ဟု သင်ပြောသည့်အတိုင်း မမှတ်ယူခြင်းကြောင့် ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ ဘုရားသခင်၏ စိတ်နေသဘောထားနှင့် သူ့အမှုတော်မှရရှိမည့် ရလဒ်များကို သိနားလည်ပုံ) ဘုရားသခင်က ချစ်တတ်တယ်။ ဒါပေမဲ့ လူသားအပေါ် ဘုရားသခင်ရဲ့ ချစ်ခြင်းက စည်းမျဉ်းရှိတယ်ဆိုတာ ဘုရားနှုတ်ကပတ်တော်ကို ဖတ်ပြီးတဲ့နောက်မှာ ကျွန်မ နားလည်သွားတယ်။ ဒါက လူတွေမှာရှိသလိုမျိုး မျက်ကန်းဖြစ်တဲ့၊ စည်းမရှိတဲ့အချစ်မျိုးမဟုတ်ဘူး။ ဘုရားသခင်က ဖြောင့်မတ်တဲ့ ဘုရားဖြစ်တယ်။ လူတစ်ယောက်ချင်းစီရဲ့ လုပ်ရပ်တွေအပေါ်မှာ ရပ်တည်ချက်ရှိတယ်။ သမ္မာတရားကို ချစ်ပေမဲ့ ပြစ်မှားမှုတွေ ရှိသေးတဲ့ သူတွေအပေါ် ဘုရားသခင်က ချစ်ခြင်း၊ ညှာတာခြင်းရှိတယ်။ ဒါပေမဲ့ သမ္မာတရားကို စိတ်ကုန်ပြီး မုန်းတီးတဲ့၊ ဘုရားအမှုတော်ကို နှောင့်ယှက်တဲ့ အဲဒီမကောင်းတဲ့လူတွေအတွက်တော့ သူတို့ကို ရှုတ်ချပြီး ထုတ်ပစ်တယ်။ ဘုရားသခင်က ချစ်တတ်တယ်ဆိုတာနဲ့ သူက မကောင်းမှုပြုသူတွေကို သနားကရုဏာနဲ့ သည်းခံမှုပြနိုင်သလို၊ အသင်းတော်အလုပ်ကို နှောင့်ယှက်ခွင့်ပြုတယ်လို့ မဆိုလိုဘူး။ ညီမက ဘုရားရဲ့ အနှစ်သာရကို နားမလည်ခဲ့ဘဲ ဘုရားကို ကိုယ့်အယူအဆတွေနဲ့ ဘောင်ခတ်နေခဲ့တာပါ။ ဘုရားက လူသားတွေကို ချစ်တယ်၊ ဒါကြောင့် ဘုရားကို ယုံကြည်ပြီး နာခံသရွေ့၊ သူ့အတွက် အနစ်နာခံတာတွေလုပ်သရွေ့ ဘယ်လောက်ပဲ မကောင်းမှုလုပ်ပါစေ နောင်တရဖို့ အခွင့်အရေးတွေ ဆက်ပေးသင့်တယ်လို့ ညီမ ထင်ခဲ့တယ်။ ဒါကြောင့် ညီမ မိဘတွေ ဖယ်ထုတ်ခံရတော့ လက်မခံနိုင်ဘူး။ ဘုရားကို ကျိုးကြောင်းပြပြောဆိုပြီး အတိုက်အခံလုပ်တယ်။ အသင်းတော်ကနေ ညီမ မိဘတွေ ဖယ်ထုတ်မခံရခင်မှာ အသင်းတော်က သူတို့ကို အခွင့်အရေးတွေ အများကြီးပေးတယ်။ ဒါပေမဲ့ သူတို့က လုံးဝ နောင်တမရတော့ ဒီအခြေအနေကို ရောက်သွားတာပဲ။ ဘုရားရဲ့ စိတ်သဘောထားက ဖြောင့်မတ်ပြီး သန့်ရှင်းပါတယ်။ လူတွေက သူတို့ပြစ်မှားမှုတွေနဲ့ ဖောက်ပြန်ပျက်စီးမှုကို ပြသတာတွေကနေ နောင်တရချင်စိတ်ရှိသရွေ့ ဘုရားသခင်က အရမ်းညှာတာတတ်ပြီး သည်းခံပါတယ်။ ဒါပေမဲ့ ညီမရဲ့ မိဘတွေလို တကယ်နောင်တမရဘဲ မကောင်းမှုတွေအများကြီးလုပ်တဲ့၊ သူတို့မကောင်းမှုကို ပိုပြီးတော့တောင် အရှိန်မြှင့်တဲ့ လူတွေက တကယ်ကို အန္တိခရစ်တွေ၊ မကောင်းတဲ့လူတွေပဲ။ ဘုရားသခင်က ဒီလိုလူမျိုးတွေကို ဆက်ပြီး သက်ညှာမှု၊ သည်းခံမှုတွေ မပြနိုင်ဘူး။ အထူးသဖြင့်သူတို့က ယုံကြည်သူဖြစ်တာ ကြာနေတဲ့သူတွေဖြစ်ပြီး အများကြီးဒုက္ခခံတာကြောင့်အတွက်နဲ့ ညှာတာပြီး မဆက်ဆံနိုင်ဘူး။

နောက်ထပ် ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ညီမ ဖတ်တယ်။ “လူများက ဘုရားသခင်သည် ဖြောင့်မတ်သော ဘုရားသခင် ဖြစ်ပြီး လူသည် အဆုံးထိ ဘုရားသခင်နောက်သို့ လိုက်သမျှ ကာလပတ်လုံး၊ ဘုရားသခင်သည် အဖြောင့်မတ်ဆုံး ဖြစ်သည့်အတွက်၊ သူသည် လူသားအပေါ် ဧကန်မုချ သမာသမတ်ကျလိမ့်မည်ဟု ဆိုကြသည်။ လူသည် အဆုံးထိ သူ့နောက်သို့ လိုက်ပါက၊ ဘုရားသခင်သည် လူသားကို ဘေးဖယ်ထားနိုင်မည်လော။ ငါသည် လူသားအားလုံးအပေါ် သမာသမတ်ကျကာ လူအားလုံးအား ငါ၏ ဖြောင့်မတ်သော စိတ်သဘောထားဖြင့် တရားစီရင်သည်၊ သို့သော် လူသားနှင့်သက်ဆိုင်သည့် ငါပြုသော သတ်မှတ်ချက်များအဖို့ သင့်လျော်သည့် အခြေအနေများရှိပြီး၊ ၎င်းတို့ မည်သူဖြစ်သည်ကို ပဓာနမထားဘဲ၊ ငါတောင်းဆိုသောအရာကို လူသားအားလုံး ပြီးမြောက်ရမည်။ သင်၏ အရည်အချင်းများ မည်သို့ရှိသည် သို့မဟုတ် ယင်းတို့ကို သင် မည်မျှကြာ ကိုင်စွဲပြီးဖြစ်သည် ဆိုသည်ကို ငါ ဂရုမစိုက်ပေ။ သင်သည် ငါ၏ လမ်းခရီး၌ လျှောက်လှမ်းခြင်း ရှိမရှိဆိုသည်နှင့် သမ္မာတရားကို သင်ချစ်ခြင်း သို့မဟုတ် ဆာငတ်ခြင်း ရှိမရှိဆိုသည်တို့ကိုသာ ငါ ဂရုစိုက်သည်။ သင်သည် သမ္မာတရားမရှိဘဲ၊ ယင်းအစား ဂရုစိုက်ခြင်း သို့မဟုတ် အလေးထားခြင်းမရှိဘဲ လိုက်လျှောက်ရုံမျှ လိုက်လျှောက်ရင်း၊ ငါ၏ အမည်နာမကို အရှက်ရစေကာ ငါ၏လမ်းခရီးအတိုင်း မပြုမူပါက၊ ထိုအချိန်တွင် ငါသည် သင့်ကို ဒဏ်ခတ်မည်ဖြစ်ပြီး၊ သင်၏မကောင်းမှုအတွက် သင့်ကို ငါ အပြစ်ပေးမည်၊ ထိုအခါ သင်သည် ပြောစရာ မည်သည့်အရာ ရှိလိမ့်မည်နည်း။ ဘုရားသခင်သည် မဖြောင့်မတ်ဟု သင်ပြောနိုင်လိမ့်မည်လော။ ယနေ့တွင် ငါပြောပြီးသော စကားများကို သင် အသုံးပြုပါက၊ သင်သည် ငါလက်ခံသော လူစားမျိုးဖြစ်လိမ့်မည်။ ဘုရားသခင် နောက်လိုက်စဉ်တွင်၊ သင်သည် အမြဲ ဒုက္ခဆင်းရဲ ခံစားရသည်၊ သင်သည် သူ့နောက်သို့ အေးအတူပူအမျှ လိုက်လျှောက်ပြီး ဖြစ်ကာ၊ သူနှင့် အကောင်း အဆိုး အတူဝေမျှခံစားပြီးဖြစ်သည်ဟု သင်ဆိုသော်လည်း၊ သင်သည် ဘုရားသခင်ပြောခဲ့သည့် စကားများကို အသက်ရှင်နေထိုင်ခြင်း မရှိလေပြီ။ နေ့ရက်တိုင်းတွင် သင်သည် ဘုရားသခင်အတွက် အလုပ်များကာ ဘုရားသခင်အတွက် သင့်ကိုယ်သင် အသုံးခံရန်သာ ဆန္ဒရှိပြီး၊ အဓိပ္ပာယ်ရှိသော အသက်တာကို အသက်ရှင်နေထိုင်ရန် ဘယ်သောအခါမျှ သင် မစဉ်းစားဖူးပေ။ သင်က ‘မည်သို့ဆိုစေ၊ ဘုရားသခင်သည် ဖြောင့်မတ်သည်ဟု ကျွန်ုပ် ယုံကြည်သည်။ ကျွန်ုပ် သူ့အတွက် ဒုက္ခဆင်းရဲခံပြီးဖြစ်သည်၊ သူ့အတွက် အလုပ်များပြီးဖြစ်သကဲ့သို့၊ ကျွန်ုပ်ကိုယ်ကျွန်ုပ် သူ့အတွက် ဆက်ကပ် အပ်နှံထားပြီးဖြစ်ကာ၊ မည်သည့် အသိအမှတ်ပြုခြင်းကိုမျှ မရရှိသော်လည်း၊ ကျွန်ုပ် ကြိုးစားလုပ်ဆောင်ပြီးဖြစ်သည်။ သူသည် ကျွန်ုပ်ကို အောက်မေ့သတိရမည်မှာ သေချာပါသည်’ ဟုလည်း သင်ပြောသည်။ ဘုရားသခင် ဖြောင့်မတ်သည်မှာ အမှန်ဖြစ်၏။ သို့သော် ဤ ဖြောင့်မတ်ခြင်းသည် မည်သည့် မစင်ကြယ်ခြင်းနှင့်မျှ မစွန်းထင်းသကဲ့သို့၊ ယင်းသည် လူသားတို့၏ အလိုဆန္ဒ မပါရှိပေ၊ ပြီးလျှင် ဇာတိပကတိ သို့မဟုတ် လူသား၏ ကိစ္စတို့ဖြင့် စွန်းထင်းခြင်း မရှိပေ။ ပုန်ကန်တတ်ပြီး ဆန့်ကျင်သောသူအားလုံး၊ သူ၏လမ်းခရီးကို မလိုက်နာသောသူအားလုံးသည် အပြစ်ပေးခံရလိမ့်မည်။ မည်သူမျှ ခွင့်လွှတ်ခြင်းကို မခံရသကဲ့သို့၊ မည်သူ့ကိုမျှ ချမ်းသာမပေးပေ။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ပေတရု၏ အတွေ့အကြုံများ- ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့နှင့်သက်ဆိုင်သည့် သူ၏အသိပညာ) ဘုရားရဲ့ဖြောင့်မတ်ခြင်းက ညီမတို့ ထင်ထားသလို၊ ကိုယ်အသုံးခံတဲ့အတိုင်း ပြန်ရတယ်ဆိုတာမျိုး မဟုတ်မှန်း ဘုရားနှုတ်ကပတ်တော်ကနေသိရတယ်။ အလုပ်များတဲ့၊ ကိုယ့်ကိုယ်ကိုယ် အသုံးခံတဲ့၊ အလုပ်လုပ်ပြီး ဒုက္ခခံတဲ့ သူတွေကို ဘုရားက မျက်နှာသာပေးစရာမလိုပါဘူး။ ဘုရားသခင်အတွက်က “အလုပ်ကြိုးစားမှုအားလုံး အသိအမှတ်ပြုခံရဖို့ ထိုက်တန်တယ်” ဆိုတာမျိုးမရှိဘူး။ သူ့ရဲ့ ဒုက္ခနဲ့ လုပ်သက်က ဘယ်လောက်ကြီးတယ်ဆိုတာကို အခြေခံပြီး ဘုရားက လူတစ်ယောက်ရဲ့ ရလဒ်ကို မဆုံးဖြတ်ဘူး။ အပေါ်ယံ အနစ်နာခံတဲ့ ပမာဏကို ဘုရားက မကြည့်ဘူး။ အဓိကကျတာက သမ္မာတရားကို သူတို့ လိုက်စားပြီး လက်တွေ့လုပ်ဆောင်မှုရှိမရှိနဲ့ အသက်စိတ်သဘောထား ပြောင်းလဲသလားဆိုတာပဲ။ ဘုရားနှုတ်ကပတ်တော်ကို လုံးဝ လက်တွေ့မလုပ်ရင် ဘယ်လောက်ပဲ အတွေ့အကြုံရှိပါစေ၊ ဘယ်လောက်ဒုက္ခခံပါစေ ဘုရားချီးမွမ်းတာကို လုံးဝ ရမှာမဟုတ်ဘူး။ သူတို့လုပ်ခဲ့တဲ့ အမှားတွေအတွက် ဘုရားသခင်က ဖြောင့်မတ်စွာ အပြစ်ဒဏ်ပေးတာကို ခံရမှာပဲ။ ညီမက ဘုရားသခင်ရဲ့ ဖြောင့်မတ်ခြင်းကို အပေးအယူလုပ်တဲ့ စိတ်ထားနဲ့ တိုင်းတာနေတာပဲ။ ညီမမိဘတွေက သူတို့ယုံကြည်တဲ့နှစ်တွေမှာ အနစ်နာခံတာတွေလုပ်ပြီး တော်တော်လေး ဒုက္ခခံခဲ့တယ် ဒါကြောင့် ဘယ်လောက်ပဲ မကောင်းမှုလုပ်ခဲ့ပါစေ ဘုရားက သူတို့ကို နောင်တရဖို့ အခွင့်အရေးပိုပေးသင့်ပြီး ဖယ်ထုတ်မပစ်သင့်ဘူး၊ ဒါ သူတို့အပေါ် မမျှတဘူးလို့ ညီမက ထင်ခဲ့တယ်။ ညီမက အမှန်နဲ့အမှားကို တကယ် မခွဲခြားနိုင်ခဲ့ဘူး။ သခင်ရဲ့ ဧဝံဂေလိကို ဖြန့်ဖို့ ဥရောပတစ်ခုလုံး လှည့်လည်သွားလာခဲ့တဲ့ ပေါလုကို ညီမ တွေးမိတယ်။ သူက ခဏခဏ အဖမ်းခံရပြီး တော်တော်ဒုက္ခခံရတယ်။ ဒါပေမဲ့ သူ့အလုပ်မှာ သူက အမြဲတမ်း သူ့ကိုယ်သူ ဂုဏ်တင်ပြီး သက်သေခံတယ်။ အဆုံးမှာ သူက ခရစ်တော်လို အသက်ရှင်ခဲ့တယ်၊ သေခြင်းက ရရှိခြင်းပဲလို့ ပြောတယ်။ ရလဒ်အနေနဲ့ လူတွေက သူ့ကို နှစ်နှစ်ထောင်ကြာတဲ့အထိ တော်တော်မြှောက်စားခဲ့တယ်။ သူက လူတွေရဲ့ စိတ်နှလုံးထဲမှာ သခင်ယေရှုထက်မြင့်တဲ့နေရာမှာ နေရာယူထားတယ်။ ဒါကြောင့် သူက ဘုရားသခင်ရဲ့ စိတ်သဘောထားကို ပုန်ကန်ပြစ်မှားပြီး ဘုရားသခင်က အပြစ်ပေးတာကို ခံရတယ်။ ဘုရားသခင်က လူတွေရဲ့ အပြင်ပန်းအားထုတ်မှုပမာဏကို မကြည့်ဘဲ မကောင်းမှုလုပ်ပြီး နောင်တမရဘဲနဲ့ သူ့စိတ်သဘောထားကို ပုန်ကန်ပြစ်မှားတဲ့သူတွေအားလုံးကို သူတို့လုပ်ရပ်တွေနဲ့အညီ ဒဏ်ခတ်တယ်ဆိုတာ ဒီကနေ ညီမ မြင်ခဲ့တယ်။ ဥပမာ ညီမမိဘတွေက အများကြီးအားစိုက်ပြီး သူတို့ကိုယ်သူတို့ အများကြီး အသုံးခံတယ်။ ဒါပေမဲ့ သူတို့လုပ်သမျှက အသင်းတော်အလုပ်အတွက် အနှောင့်အယှက်ဖြစ်တယ်။ ကောင်းမွန်တဲ့ အသင်းတော်အသက်တာကို တမင်ဖျက်ဆီးတယ်။ ဒီလိုနဲ့ ညီအစ်ကိုမောင်နှမတွေရဲ့အသက်တာတွေက နစ်နာပြီး အသင်းတော်အကျိုးစီးပွားကို ထိခိုက်တယ်။ သူတို့ကို အသင်းတော်ကနေ ဖယ်ရှားတာက ဘုရားရဲ့ ဖြောင့်မတ်ခြင်းပဲ။ ဘုရားသခင်ရဲ့ ဖြောင့်မတ်ခြင်းကို ညီမ နားမလည်ခဲ့ဘူး။ အလုပ်ကြိုးစားတာက အသိအမှတ်ပြုခံရဖို့ ထိုက်တန်တယ်ဆိုတဲ့ အပေးအယူစိတ်ထားကိုပဲ ဖက်တွယ်ပြီး ဘုရားကို ကျိုးကြောင်းပြပြောဆိုတယ်။ မကျေမနပ်ပြောတယ်။ အချိန်အကြာကြီး အပျက်သဘောဆောင်တဲ့ အခြေအနေမှာ အသက်ရှင်ပြီး ဘုရားသခင်ကို ဆန့်ကျင်တယ်။ ညီမက တော်တော်ပုန်ကန်တတ်တာပဲ။ ဒါကို သဘောပေါက်ပြီး ညီမ စိတ်ညစ်ပြီး နောင်တတွေအများကြီးရပြီး ငိုရင်းနဲ့ ဆုတောင်းခဲ့တယ်။ “ဘုရားသခင် သမီးက ကိုယ်တော်ကို လုံးဝ မသိဘဲ ဒီနှစ်တွေအားလုံးမှာ ကိုယ်တော်ကို ယုံကြည်ခဲ့ပါတယ်။ သမီးက ကိုယ်တော်ရဲ့ ချစ်ခြင်းနဲ့ ဖြောင့်မတ်ခြင်းကို ကိုယ့်အယူအဆတွေ၊ စိတ်ကူးတွေနဲ့ တိုင်းတာခဲ့တယ်။ ကိုယ်တော်ကို ကျိုးကြောင်းပြပြောဆိုရင်း၊ စကားကတ်ပြောရင်းနဲ့ အမြဲတမ်း အငြင်းပွားခဲ့တယ်။ ဘုရားသခင်၊ သမီး မိဘတွေ ဖယ်ရှားခံရတာက ကိုယ်တော်ရဲ့ ဖြောင့်မတ်ခြင်းဖြစ်တယ်ဆိုတာ သမီး အခုမြင်နိုင်ပါတယ်” ဆိုပြီးတော့။ ဆုတောင်းပြီးတော့ ညီမ တော်တော်ပိုပြီး တည်ငြိမ်သွားသလို ခံစားရတယ်။

နောက်ပိုင်းမှာ ညီမက မိဘတွေအပေါ် ညီမရဲ့ ခံစားချက် ပြင်းလွန်းတာကြောင့် အသင်းတော်ကနေ သူတို့ဖယ်ထုတ်ခံရတာကို ပြန်သုံးသပ်ကြည့်မိတယ်။ ဒါကြောင့်ပဲ သူတို့ဖယ်ရှားခံရတဲ့သတင်းကို လက်ခံဖို့ ခက်နေခဲ့တာ။ အဲဒါနဲ့ ဘုရားနှုတ်ကပတ်တော်တချို့ကို ညီမစဉ်းစားမိသွားတယ်။ “ဘုရားသခင်သည် ဤကမ္ဘာကြီးကို ဖန်ဆင်းခဲ့ပြီး၊ အသက်ကို သူအပ်နှင်းပေးခဲ့သည့် သက်ရှိသတ္တဝါဖြစ်သော လူသားကို ထိုအထဲသို့ ခေါ်ဆောင်ခဲ့သည်။ ထို့နောက် လူသားသည် မိဘဆွေမျိုးများရှိလာပြီး တစ်ဦးတည်း မဟုတ်တော့ပေ။ လူသားသည် ဤရုပ်ဝတ္ထုကမ္ဘာကြီးကို စတင်တွေ့မြင်သည့်အချိန်မှစကာ သူသည် ဘုရားသခင်၏ စီမံမှု အတွင်းတွင်သာ တည်နေရန် သတ်မှတ်ခြင်းခံခဲ့ရသည်။ ဘုရားသခင်ထံမှ ဇီဝအသက်သည် သက်ရှိတစ်ဦးချင်းစီတိုင်းကို အရွယ်ရောက်သူအဖြစ် ကြီးထွားလာရန် တောက်လျှောက်ပံ့ပိုးပေးသည်။ ဤဖြစ်စဉ်အတွင်းတွင် လူသားသည် ဘုရားသခင်၏ စောင့်ရှောက်မှုအောက်၌ ကြီးထွားနေသည်ဟု မည်သူမျှ မခံစားရကြပေ၊ ယင်းအစား လူသားသည် သူ့မိဘ၏ ချစ်ခင်ကြင်နာသည့် စောင့်ရှောက်မှုအောက်တွင် ကြီးထွားလာပြီး၊ သူ၏ကြီးထွားမှုကို သူ့အသက်၏ပင်ကိုအသိစိတ်က လမ်းပြပေးသည်ဟု ၎င်းတို့ယုံကြည်ကြသည်။ အကြောင်းရင်းမှာ လူသားသည် သူ့အား အသက်ကို အပ်နှင်းပေးခဲ့သောသူကို မသိသောကြောင့်၊ သို့မဟုတ် ထိုအသက်သည် မည်သည့်အရပ်မှ လာသည်ကို မသိသောကြောင့် ဖြစ်သည်၊ အသက်၏ပင်ကိုအသိစိတ်က အံ့ဖွယ်တို့အား မည်ကဲ့သို့ ဖန်တီးပေးသည်ကို သာ၍ပင် မသိကြသောကြောင့်လည်းဖြစ်သည်။ လူသားသည် အစားအစာမှာ အသက်ဆက်ရန် အခြေခံဖြစ်ကြောင်း၊ ဇွဲရှိခြင်းသည် သူတည်ရှိနေခြင်း၏ အရင်းအမြစ်ဖြစ်ကြောင်းနှင့် သူ့စိတ်ထဲရှိ ယုံကြည်မှုများသည် သူဆက်လက်ရှင်သန်နိုင်ရန် မှီခိုနေရသည့် အရင်းအနှီးဖြစ်သည်ဟုသာ သိရှိကြသည်။ ဘုရားသခင်၏ ကျေးဇူးတော်နှင့် ထောက်မမှုတို့ကို လူသားသည် လုံး၀ သတိမမူမိပေ၊ ထို့ကြောင့် သူ့အပေါ် ဘုရားသခင်အပ်နှင်းပေးထားသော အသက်ကို သူဖြုန်းတီးပစ်သည်...ဘုရားသခင်က နေ့ရောညပါ စောင့်ရှောက်သည့် ဤလူသားတို့အထဲမှ တစ်ဦးတစ်ယောက်မျှပင် မိမိအသိနှင့်မိမိ ဘုရားသခင်ကို မဝတ်ပြုမကိုးကွယ်ကြပေ။ ဘုရားသခင်သည် သူမျှော်လင့်ချက်မထားထားသော လူသားအပေါ် သူစီစဉ်ထား သည့်အတိုင်း ဆက်လက် လုပ်ဆောင်လျက်ရှိသည်။ သူထိုသို့ ပြုလုပ်ရခြင်းမှာ တစ်နေ့တွင် လူသားသည် သူ၏အိပ်မက်မှ နိုးထကာ ဘဝ၏တန်ဖိုးနှင့် အဓိပ္ပာယ်၊ ဘုရားသခင်က သူ့ကိုပေးထားသည့် အရာအားလုံးအတွက် ပေးဆပ်ခဲ့ရသည့် အဖိုးအခနှင့် လူသားအနေဖြင့် သူ့ထံပြန်လှည့်လာစေရန် ဘုရားသခင်သည် စိတ်ထက်သန်သော ဂရုစိုက်မှုဖြင့် စောင့်ဆိုင်းနေသည်ကို ရုတ်တရက် နားလည်စေရန် ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်သည် လူ့အသက်၏ အရင်းအမြစ်ဖြစ်သည်)ဘုရားသခင်တစ်ပါးရှိသည်၊ သို့မဟုတ် ဘုရားသခင်က ကောင်းကင်၊ မြေကြီးနှင့် အရာခပ်သိမ်းကို ဖန်ဆင်းခဲ့သည်၊ သို့မဟုတ် လူသားကို ဘုရားသခင်က ဖန်ဆင်းခဲ့သည်ဟု မည်သည့်မယုံကြည်သူကမျှ ယုံကြည်ခြင်းမရှိပေ။ ‘လူသားအား အသက်ကို မိဘများက ပေးသည်။ သူသည် မိဘများအား လေးစားဂုဏ်ပြုသင့်သည်’ ဟု ပြောသောသူအချို့ပင် ရှိသည်။ ဤသို့သော အတွေးအမြင်သည် ဘယ်က လာသနည်း။ စာတန်ဆီက လာသလော။ လူသားကို ဤနည်းဖြင့် ပညာသင်ကြားပြီး ထင်ယောင်ထင်မှားဖြစ်စေကာ ဘုရား၏ ဖန်ဆင်းခြင်းနှင့် အချုပ်အခြာအာဏာကို ငြင်းဆန်စေခဲ့သည်မှာ နှစ်ထောင်ချီကြာနေပြီဖြစ်သော ရိုးရာယဉ်ကျေးမှုပင် ဖြစ်သည်။ စာတန်၏ လှည့်စားမှုနှင့် ထိန်းချုပ်မှုမရှိလျှင် လူသားမျိုးနွယ်သည် ဘုရားသခင်၏ အမှုတော်ကို စူးစမ်းစစ်ဆေးမည်ဖြစ်ပြီး သူ၏ နှုတ်ကပတ်တော်များကို ဖတ်ကြလိမ့်မည်။ ၎င်းတို့ကို ဘုရားသခင်က ဖန်ဆင်းထားကြောင်း၊ ၎င်းတို့၏ အသက်ကို ဘုရားသခင်က ပေးထားကြောင်း သိကြလိမ့်မည်။ ၎င်းတို့တွင် ရှိသမျှကို ဘုရားသခင်က ပေးထားခြင်းဖြစ်ပြီး ၎င်းတို့ကျေးဇူးတင်သင့်သည်မှာ ဘုရားသခင်ဖြစ်သည်ကို ၎င်းတို့သိကြလိမ့်မည်။ တစ်စုံတစ်ယောက်က ငါတို့ကို ကူညီစောင်မပေးလျှင် ငါတို့သည် ယင်းကို ဘုရားသခင်ထံမှ လက်ခံသင့်သည်။ အထူးသဖြင့် ငါတို့မိဘများသည် ငါတို့ကို မွေးဖွားပြီး ပျိုးထောင်ပေးခဲ့သည်။ ဤအရာအားလုံးကို ဘုရားသခင်က စီစဉ်ထားခြင်းဖြစ်သည်။ ဘုရားသခင်သည် အရာအားလုံးကို အုပ်စိုး၏။ လူသားသည် အစေခံခြင်းအတွက် တန်ဆာပလာတစ်ခုသာဖြစ်သည်။ လူတစ်ယောက်သည် ဘုရားသခင်အတွက် မိမိကိုယ်ကို အသုံးခံရန် သူ၏မိဘများကို ဘေးဖယ်ထားနိုင်လျှင်ဖြစ်စေ၊ သူ၏ အမျိုးသား (သို့မဟုတ် အမျိုးသမီး) နှင့် သားသမီးများကို ဘေးဖယ်ထားနိုင်လျှင်ဖြစ်စေ ထိုသူသည် ပိုမိုခိုင်မာလိမ့်မည်ဖြစ်ပြီး ဘုရားသခင်ရှေ့တွင် ပိုမိုကြီးမားသော ဖြောင့်မတ်ခြင်း အသိစိတ် ရှိလိမ့်မည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ မိမိ၏ကိုယ်ပိုင်လွဲမှားသောအမြင်များကို သတိပြုခြင်းဖြင့်သာ အမှန်တကယ် ပြောင်းလဲနိုင်သည်) ဘုရားက လူ့အသက်ရဲ့ ဇာစ်မြစ်ဖြစ်ပြီး ညီမတို့ ပိုင်ဆိုင်သမျှကို ဘုရားသခင်ကပေးတယ်ဆိုတာ ဘုရားနှုတ်ကပတ်တော်ကနေ ညီမ သဘောပေါက်သွားတယ်။ ဘုရားသခင်ရဲ့စောင့်ရှောက်မှု၊ ကွယ်ကာမှုကြောင့်သာ ညီမတို့က ဒီနေ့ဒီအခြေအနေကို ရောက်လာတာပါ။ ညီမတို့အပေါ် ယဉ်ကျေးသိမ်မွေ့တဲ့၊ ကူညီပေးခဲ့တဲ့သူတိုင်းကိုတော့ ဘုရားသခင်ဆီကလာတယ်လို့ မှတ်ယူသင့်ပါတယ်။ ညီမက ဘုရားနှုတ်ကပတ်တော်အတိုင်း မလုပ်ခဲ့ဘူး။ ညီမမိဘတွေက ညီမအပေါ် ဘယ်လောက်ကောင်းတယ်ဆိုတာပဲ စဉ်းစားနေခဲ့တယ်။ ညီမမိဘတွေလုပ်သမျှတိုင်းရဲ့ နောက်ကွယ်မှာ ဘုရားရဲ့ အုပ်စိုးမှုနဲ့ အစီအစဉ်တွေရှိတာ၊ ဒီနေ့အထိ ညီမကို သယ်ဆောင်ပေးလာတာက ဘုရားရဲ့ ဂရုစိုက်မှု၊ ကွယ်ကာမှုနဲ့ လမ်းပြမှုဖြစ်တယ်ဆိုတာ ညီမ မမြင်ခဲ့ဘူး။ ဘုရားသခင်ကို သူ့ရဲ့ ဂရုစိုက်မှု၊ ကွယ်ကာမှုအတွက် ညီမ ကျေးဇူးမတင်ခဲ့ဘူး၊ သူ့ချစ်ခြင်းကို ပြန်မပေးဆပ်ခဲ့ဘူး။ ညီမမိဘတွေအပေါ် ခံစားချက်တွေကို ဘေးချမထားနိုင်လို့ ဘုရားကို အာခံပြီး သစ္စာဖောက်ခဲ့တယ်။ ညီမရဲ့ ယုံကြည်ခြင်းလမ်းကြောင်းကို ဆက်မလျှောက်နိုင်တော့တဲ့အထိပဲ။ ဒါကို ပြန်သုံးသပ်ကြည့်လေလေ၊ ညီမက အသိတရားမရှိဘဲ ဘုရားအပေါ် အရမ်းအကြွေးတင်တယ်လို့ ခံစားရလေလေပဲ။

နောက်ပိုင်းမှာ နောက်ထပ် ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ညီမ ဖတ်တယ်။ “ဘုရားသခင်၌ မယုံကြည်သည့် ခုခံသူများ မဟုတ်ပါက၊ မည်သူသည် စာတန်ဖြစ်သနည်း၊ မည်သူတို့မှာ မကောင်းဆိုးဝါးများ ဖြစ်ပြီး၊ မည်သူတို့မှာ ဘုရားသခင်၏ ရန်သူများ ဖြစ်သနည်း။ ၎င်းတို့သည် ဘုရားသခင်ကို မနာခံသောသူများ ဖြစ်ကြသည် မဟုတ်လော။ ၎င်းတို့သည် ယုံကြည်ခြင်း ရှိသည်ဟု အခိုင်အမာ ပြောဆိုသော်လည်း သမ္မာတရား ကင်းမဲ့သောသူများ မဟုတ်လော။ ၎င်းတို့သည် ကောင်းချီးမင်္ဂလာများ ရရန်မျှ ကြိုးစားကြသော်လည်း၊ ဘုရားသခင်အတွက် သက်သေမခံနိုင်သူများ ဖြစ်ကြသည် မဟုတ်လော။ သင်သည် ယနေ့ ထိုမကောင်းဆိုးဝါးများနှင့် ရောနှောဆဲဖြစ်ပြီး ၎င်းတို့အပေါ် အသိတရားနှင့် ချစ်ခြင်းမေတ္တာ ထားရှိနေနိုင်ဆဲ ဖြစ်သည်၊ သို့သော် ဤကိစ္စတွင် သင်သည် စာတန်အပေါ် ကောင်းသော ရည်ရွယ်ချက်များကို လက်ကမ်း ပေးနေခြင်း မဟုတ်လော။ သင်သည် မကောင်းဆိုးဝါးများနှင့် တစ်တန်းတစ်စားတည်း မဟုတ်လော။ အကယ်၍ ဤနေ့ရက်များတွင် လူတို့သည် အကောင်းနှင့်အဆိုးကို ခွဲခြားနိုင်ခြင်း မရှိသေးသကဲ့သို့၊ ဘုရားသခင်၏အလိုကို ရှာဖွေရန် မည်သည့်ရည်ရွယ်ချက်မျှ မရှိဘဲ သို့မဟုတ် ဘုရားသခင်၏ ရည်ရွယ်ချက်များကို မိမိတို့ကိုယ်ပိုင်အဖြစ် မည်သည့်နည်းနှင့်မျှ လက်သင့်ခံနိုင်ခြင်း မရှိဘဲ၊ ဆက်လက်၍ ကျိုးကြောင်းမမြင်ဘဲ ချစ်တတ်ပြီး သနားကရုဏာစိတ်ရှိနေပါက၊ ၎င်းတို့၏ အဆုံးသတ်များသည် ပို၍ပင် စုတ်ချာလိမ့်မည်။ လူ့ဇာတိ၌ ရှိသော ဘုရားသခင်ကို မယုံကြည်သောသူ မည်သူမဆိုသည် ဘုရားသခင်၏ ရန်သူ ဖြစ်သည်။ သင်သည် ရန်သူအပေါ် အသိစိတ်နှင့် ချစ်ခြင်းမေတ္တာ ထားရှိနိုင်ပါက၊ သင်၌ ဖြောင့်မတ်ခြင်းသဘော ကင်းမဲ့သည် မဟုတ်လော။ ငါ စက်ဆုပ်ရွံရှာပြီး ငါ သဘောမတွေ့သော သူတို့နှင့် သင်သည် သဟဇာတ ဖြစ်ပြီး၊ ၎င်းတို့အပေါ် ချစ်ခြင်းမေတ္တာ သို့မဟုတ် ပုဂ္ဂိုလ်ရေး ခံစားချက်များ ထားရှိနေသေးပါက၊ သင်သည် မနာခံသောသူဖြစ်သည် မဟုတ်လော။ သင်သည် တမင်တကာ ဘုရားသခင်ကို ဆန့်ကျင်နေခြင်း မဟုတ်လော။ ထိုသို့သော လူတစ်ဦးသည် သမ္မာတရားကို ပိုင်ဆိုင်သလော။ လူတို့သည် ရန်သူများအပေါ် အသိစိတ်၊ မကောင်းဆိုးဝါးများအတွက် ချစ်ခြင်းမေတ္တာနှင့် စာတန်အတွက် သနားကရုဏာ ထားရှိပါက၊ ၎င်းတို့သည် ဘုရားသခင်၏အမှုကို တမင်တကာ နှောင့်ယှက်နေကြသည် မဟုတ်လော။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်နှင့် လူသားသည် ငြိမ်သက်ခြင်းချမ်းသာထဲသို့ အတူတကွ ဝင်ရောက်ကြလိမ့်မည်) ဘုရားနှုတ်ကပတ်တော်က ညီမရဲ့ အခြေအနေ အတိအကျကို ဖွင့်ပြတယ်။ ဘုရားသခင်က ညီမတို့ကို သူချစ်တာကို ချစ်ဖို့၊ သူမုန်းတာကို မုန်းဖို့ အလိုရှိပါတယ်။ သမ္မာတရားကို မုန်းပြီး ဘုရားသခင်ကို အာခံတဲ့သူတွေက အခြေခံအားဖြင့် ဘုရားကို မုန်းတီးစက်ဆုပ်တဲ့ မကောင်းတဲ့လူတွေပဲ။ ဒါကြောင့် ညီမတို့လည်း သူတို့ကို မုန်းတီးသင့်တယ်။ ညီမက ညီမမိဘတွေရဲ့ အနှစ်သာရကို ဘုရားနှုတ်ကပတ်တော်နဲ့အညီ ပိုင်းခြားသိမြင်ခြင်းမရှိဘူး။ အသင်းတော်အလုပ်ကို သူတို့ဘယ်လောက် ထိခိုက်ပါစေ ညီမက သူတို့ဘက်ကနေ ရပ်တည်တယ်၊ ဘုရားကို ကျိုးကြောင်းပြပြောဆိုပြီး အတိုက်အခံလုပ်တယ်။ ညီမတာဝန်ကိုတောင် စိတ်မပါတော့ဘူး။ ဒီအချိန်မှာ ဘုရားက ဘာလို့ အခုလိုပြောတယ်ဆိုတာ ညီမ နားလည်သွားတယ်။ “စိတ်ခံစားချက်သည် ဘုရားသခင်၏ ရန်သူ ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ စကြဝဠာတစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့်သက်ဆိုင်သော နက်နဲမှုများကို အနက်ဖွင့်ဆိုချက်၊ အခန်း (၂၈)) ညီမက မကောင်းမှုပြုသူတွေအပေါ် ချစ်ခင်ပြီး ညှာတာနေတာက ဘာကြောင့်လဲဆိုရင် ညီမက စိတ်ခံစားချက်ထဲမှာပိတ်မိနေလို့ပဲ။ ဘုရားသခင်က သူတို့ကို နောင်တရဖို့အတွက် နောက်ထပ် အခွင့်အရေးပေးဖို့၊ အသင်းတော်မှာ နေခွင့်ပေးဖို့တောင် မျှော်လင့်နေခဲ့တယ်။ ညီမက အရမ်းကို မိုက်မဲခဲ့တာပါ။ မကောင်းတဲ့လူတွေက ဘာကိုပဲလုပ်လုပ် လုံးဝတကယ်နောင်တရမှာမဟုတ်ဘူး။ ဒါကို သူတို့အနှစ်သာရက သတ်မှတ်ထားတာ။ သူတို့ကို အသင်းတော်မှာထားတာက သူတို့ကို မကောင်းမှုဆက်လုပ်ဖို့၊ အသင်းတော်အလုပ်ကို နှောင့်ယှက်ဖို့ ခွင့်ပြုတာဖြစ်မှာပဲ။ ဒါဆိုရင် မကောင်းမှုပြုသူတွေဘက်ကရပ်ပြီး ဘုရားသခင်ကို ဆန့်ကျင်တာဖြစ်မှာပဲ။

နောက်ပိုင်းမှာ ညီမကို နည်းနည်း ဉာဏ်အလင်းဖွင့်ပေးတဲ့ ညီမဖတ်တဲ့ နောက်ထပ် ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ရှိတယ်။ ဘုရားသခင်၏ နှုတ်ကပတ်တော်၌ ပြောထားသည်- “တစ်နေ့တွင် သမ္မာတရားအချို့ကို သင်နားလည်သွားသောအခါ သင်၏မိခင်က အကောင်းဆုံးသောပုဂ္ဂိုလ်ဖြစ်သည်၊ သို့မဟုတ် သင့်မိဘများက အကောင်းဆုံးသောသူများဖြစ်သည်ဟု ထင်မြင်တော့မည် မဟုတ်ပေ။ ၎င်းတို့သည်လည်း ဖောက်ပြန်ပျက်စီးသည့် လူသားမျိုးနွယ်ဝင်များ ဖြစ်သည်ကိုလည်းကောင်း၊ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများမှာ အားလုံးအတူတူပင် ဖြစ်သည်ကိုလည်းကောင်း သင်သဘောပေါက်လိမ့်မည်။ ၎င်းတို့ကို ခွဲခြားပေးသောအရာမှာ သင်နှင့် ရုပ်ပိုင်းဆိုင်ရာ သွေးသားဆက်နွှယ်မှုသာ ဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင်ကို မယုံကြည်လျှင် မယုံကြည်သူများနှင့် အတူတူပင်ဖြစ်၏။ သင်သည် ၎င်းတို့ကို မိသားစုဝင်ရှုထောင့်မှ၊ သို့မဟုတ် သွေးသားဆက်နွှယ်မှုရှုထောင့်မှ ကြည့်တော့မည်မဟုတ်ဘဲ သမ္မာတရားဘက်မှ ကြည့်မည်ဖြစ်သည်။ သင်ကြည့်ရှုသင့်သည့် အဓိကအချက်များမှာ အဘယ်အရာများနည်း။ ဘုရားသခင်ကို ယုံကြည်ခြင်းနှင့်ပတ်သက်၍ ၎င်းတို့၏ အမြင်များ၊ လောကအပေါ် ၎င်းတို့၏ အမြင်များ၊ အကြောင်းကိစ္စများကို ကိုင်တွယ်ရာတွင် ၎င်းတို့၏ အမြင်များ၊ အရေးကြီးဆုံးအနေဖြင့် ဘုရားသခင်အပေါ် ၎င်းတို့၏ သဘောထားများကို သင်ကြည့်ရှုသင့်သည်။ ဤအချက်များကို တိကျစွာကြည့်လျှင် ၎င်းတို့သည် လူကောင်းများလော၊ သို့မဟုတ် လူဆိုးများလောဆိုသည်ကို သင်ရှင်းလင်းစွာ မြင်နိုင်လိမ့်မည်။ ၎င်းတို့သည် သင်ကဲ့သို့ပင် ဖြစ်ကြောင်း၊ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားရှိသည့်သူများ ဖြစ်ကြောင်း၊ ထို့ထက်ပို၍ ၎င်းတို့သည် သင်စိတ်ကူးထင်မြင်ထားသကဲ့သို့ သင့်အပေါ် အမှန်တကယ်ချစ်သော ကြင်နာတတ်သူများ မဟုတ်ကြောင်း၊ ၎င်းတို့သည် သင့်ကို သမ္မာတရားထံသို့၊ သို့မဟုတ် ဘဝတွင် မှန်ကန်သော လမ်းကြောင်းဆီသို့ လုံးဝ မခေါ်ဆောင်ပေးနိုင်ကြောင်းတို့ကို တစ်နေ့တွင် သင်သည် ရှင်းရှင်းလင်းလင်း မြင်နိုင်ပါက၊ ထို့အပြင် သင့်အတွက် ၎င်းတို့လုပ်ဆောင်ပေးခဲ့သည့်အရာသည် သင့်အပေါ် ကြီးကြီးမားမား အကျိုးမပြုကြောင်း၊ ဘဝတွင် မှန်ကန်သော လမ်းကြောင်းကို လျှောက်လှမ်းဖို့အရေး၌ ထိုအရာက သင့်အတွက် လုံးဝ အရေးမပါကြောင်းတို့ကို သင်ရှင်းရှင်းလင်းလင်း မြင်နိုင်ပါက၊ ပြီးလျှင် ၎င်းတို့၏ လက်တွေ့လုပ်ဆောင်မှုနှင့် ထင်မြင်ချက်များစွာတို့သည် သမ္မာတရားနှင့် ဆန့်ကျင်နေကြောင်း၊ ၎င်းတို့သည် ဇာတိပကတိနှင့် သက်ဆိုင်ကြောင်း၊ ဤအတွက်ကြောင့် သင်သည် ၎င်းတို့ကို စက်ဆုပ်ရွံရှာကြောင်း၊ ၎င်းတို့အပေါ် မနှစ်သက်မှုနှင့် မုန်းတီးမှုတို့ ခံစားရကြောင်းတို့ကိုလည်း သင်တွေ့ရှိရပါက ဤအချက်အလက်များကို ထောက်ရှု၍ သင်သည် သင်၏ စိတ်နှလုံးတွင် ၎င်းတို့ကို မှန်မှန်ကန်ကန် ဆက်ဆံနိုင်လိမ့်မည်၊ ၎င်းတို့ကို သတိရလွမ်းဆွတ်တော့မည်မဟုတ်၊ စိုးရိမ်တော့မည်မဟုတ်၊ ၎င်းတို့နှင့် မခွဲနိုင်မခွာနိုင်ဖြစ်တော့မည်မဟုတ်ပေ။ ၎င်းတို့သည် မိဘများအဖြစ် ၎င်းတို့၏ တာဝန်ကို ပြီးမြောက်ခဲ့ပြီဖြစ်၍ သင်သည် ၎င်းတို့ကို အရင်းနှီးဆုံးလူများအဖြစ် ဆက်ဆံတော့မည်မဟုတ်၊ သို့မဟုတ် မြတ်နိုးကြည်ညိုတော့မည်မဟုတ်ပေ။ ထိုအစား သင်သည် ၎င်းတို့ကို သာမန်လူများအဖြစ် ဆက်ဆံလိမ့်မည်။ ထိုအချိန်တွင် သင်သည် စိတ်ခံစားမှုများ၏ ချည်နှောင်မှုမှ အပြည့်အဝ လွတ်မြောက်ပြီး သင်၏ စိတ်ခံစားမှုများနှင့် မိသားစုတွယ်တာမှုများမှ အမှန်တကယ် လွတ်မြောက်လာလိမ့်မည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ မိမိ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ဖြေရှင်းမှသာလျှင် စစ်မှန်‌သော ပြောင်းလဲခြင်းကို ဖြစ်စေနိုင်သည်) ဒါကို ဖတ်ရတာ ညီမအတွက် အရမ်းတို့ထိစရာဖြစ်တယ်။ ညီမ မိဘတွေအပေါ် ညီမခံစားချက်တွေက အရမ်းပြင်းတော့ သူတို့က ညီမအပေါ် ဘယ်လောက်ကောင်းတယ်ဆိုတာပဲမြင်တယ်။ သမ္မာတရားနဲ့ ဘုရားအပေါ် သူတို့သဘောထားကို မမြင်ခဲ့ဘူး။ သူတို့ရဲ့ အနှစ်သာရ၊ သူတို့ရောက်နေတဲ့လမ်းကြောင်းကို ညီမ ရှင်းရှင်းလင်းလင်း မမြင်နိုင်ခဲ့ဘူး။ ဒါကြောင့် သူတို့ဖယ်ရှားခံရတဲ့ကိစ္စကို ကောင်းကောင်းမကိုင်တွယ်နိုင်တာပဲ။ ညီမက စိတ်ခံစားချက်ထဲမှာ ပိတ်မိနေတယ်။ ဘုရားကို ကျိုးကြောင်းပြပြောဆိုတယ်။ နှစ်နှစ်ကျော် စိတ်ဓာတ်ကျပြီး အတိုက်အခံဖြစ်တယ်။ ညီမအသက်တာက အရမ်းထိခိုက်သွားပြီး ပြစ်မှားမှုတွေကို ကျူးလွန်တယ်။ ညီမရဲ့ မာကျောတဲ့၊ ပုန်ကန်တဲ့ စိတ်နှလုံးကို တဖြည်းဖြည်းချင်း နိုးထစေပြီး ညီမရဲ့ အယူအဆတွေနဲ့ ဘုရားသခင်အပေါ် အထင်လွဲမှုတွေကို ဖျက်ပေးတာက ဘုရားနှုတ်ကပတ်တော်ရဲ့ ရေလောင်းမှုနဲ့ အာဟာရပါပဲ။ အခု ညီမ တော်တော်ပိုလွတ်လပ်ပြီး ညီမတာဝန်အတွက် အားအင်ရှိလာတယ်။ ဘုရားရဲ့ ကယ်တင်ခြင်းအတွက် ကျေးဇူးတော်ပါပဲ။

အရှေ့သို့- ၁၇။ သိမ်ငယ်ခြင်း ခံစားချက်များနောက်ကွယ်တွင် မည်သည့်အရာ ကွယ်ဝှက်ထားသနည်း

နောက်တစ်ခုသို့- ၁၉။ ကျွန်မ ဖွင့်မပြောရဲခဲ့တဲ့ အကြောင်းရင်း

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

၃၆။ ကြွယ်ဝချမ်းသာမှုနှင့် အောင်မြင်ကျော်ကြားမှုတို့မှလွတ်မြောက်ခြင်း

ရှောင်မင် တရုတ်နိုင်ငံ လွန်ခဲ့သည့်တစ်နှစ်က ကျွန်မ အသင်းတော် ခေါင်းဆောင်အဖြစ် အရွေးခံရသည်။ ဤသည်မှာ ဘုရားသခင်၏ သနားကရုဏာနှင့်...

၂၁။ ကောလာဟလ ထောင်ချောက်မှ ချိုးဖျက်လွတ်မြောက်ခြင်း

ရှောင်ယွန်၊ တရုတ်နိုင်ငံကျွန်မ အမျိုးသမီး စစ်တပ်အရာရှိတစ်ဦး ဖြစ်ခဲ့ဖူးပါသည်။ ၁၉၉၉ခုနှစ် တစ်ရက်တွင်၊ ကိုရီယား သင်းအုပ်ဆရာတစ်ဦးက သခင်ယေရှု၏...

၁၉။ လူများကို မည်သို့ မှန်ကန်စွာ ဆက်ဆံရမည်ကို ကျွန်မ သိခဲ့ရပြီ

ဆီယွမ် ပြင်သစ်နိုင်ငံလွန်ခဲ့သည့်နှစ်နှစ်သုံးနှစ်က ကျွန်မ အသင်းတော် ခေါင်းဆောင် တာဝန်ကို ထမ်းဆောင်နေခဲ့သည်။ ထိုအသင်းတော်မှာ...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင်ကို ယုံကြည်သူများ ဝင်ရောက်ရမည့် သမ္မာတရားစစ်မှန်မှုများ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၁ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၃ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၄ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၅ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။